YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Great.S03E07.1080p.(CM).mp4

826.9 MB N/A video/mp4 73 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Sandlot
7.5

Imdb 7.8/10 rottentomatoes 65% ၁၉၉၃ ခုနှစ်ကထွက်ရှိထားတဲ့ The Sandlot ဟာဆိုရင်  ရပ်ကွက်လေးတစ်ခုကိုပြောင်းလာတဲ့ ကောင်လေးတစ်ယောက်နဲ့ သူရဲ့ အဲ့က သူငယ်ချင်းတွေနဲ့အတူ ဘေ့စ်ဘောဆော့လေရှိတဲ့ ကွင်းပြင်လွတ်ကြီးထဲကသူတို့လေးတွေရဲ့ ပျော်စရာကောင်းလှတဲ့ စွန့်စားခန်းတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားထဲမှာ ဘေ့စ်ဘောရဲ့ သဘောသဘာဝတွေလည်းပါဝင်သလို ကလေးတွေရဲ့ ကိုယ့်အားကိုယ် ကိုးပြီးကြိုးစားကြတာလေးကိုပြထားပါသေးတယ်။ ဒီ ကားထဲမှာပါတဲ့ ဇာတ်ကောင်တွေကတော့ Scotty Smalls, Benny Rodriguez, Yeah-Yeah, Squints, Hamilton,စတဲ့ ကလေးတွေကိုအခြေခံပြီးရိုက်ကူးထားတဲ့ကားပဲဖြစ်ပါတယ်။ Slice of Life, Comedy, Drama, Sport အမျိုးအစားဖြစ်တဲ့အပြင် ကြည့်သူတိုင်းကို ရင်ထဲနွေးသွားအောင်ပြုလုပ်ပေးနိုင်တဲ့ဇာတ်ကားမလို့ ကြည့်သင့်တဲ့ ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(1.5 GB)/(776 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:41:00 Genre...Family, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phyo Phill

Action • Crime • Mystery • Thriller
7.5 1993 101 mins
The Sandlot
Doraemon: Nobita's Treasure Island
7.1

အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko

Comedy • Fantasy
7.1 2018 109 mins
Doraemon: Nobita's Treasure Island
Love Hotel
6.5

Love Hotel (1985) မှောင်နေတဲ့ထဲမှာ အမှောင်ခန်းတွေပါတဲ့ အချစ်ဇာတ်ကားလေးဖြစ်ပါတယ်။ အချစ်ဟိုတယ်ဆိုတဲ့နာမည်အတိုင်း မင်းသားနဲ့ မင်းသမီးက အချစ်ဟိုတယ်မှာ စတွေ့ကြပါတယ်။ မင်းသမီးကတော့ အချိန်ပိုင်း ဖျော်ဖြေတဲ့သူဖြစ်ပြီးတော့ မင်းသားကတော့ အကြွေးတွေများလို့ စိတ်ဓာတ်ကျပြီး တစ်ယောက်တည်းသတ်သေရမှာပျင်းလို့ အဖော်ခေါ်သွားချင်တာနဲ့ ဖျော်ဖြေရေးခေါ်ရာကနေ တွေ့ကြပါတယ်။ သတ်သေဖို့စီစဉ်ထားပေမဲ့ ကောင်မလေးမျက်နှာမြင်ပြီး စိတ်ပြောင်းသွားလို့ ကောင်မလေးကို ခုတင်ပေါ်မှာ ပစ်ထားပြိး လစ်ပြေးသွားပါတယ်။ နောက်တော့ မင်းသားက တက္ကစီဒရိုက်ဘာလုပ်နေရင်း မင်းသမီးကို ပြန်တွေ့ပါတယ်။ မင်းသမီးက ဖျော်ဖြေရေးမလုပ်တော့ဘဲ တခြားအလုပ်လုပ်နေပေမဲ့ အတိတ်က အရိပ်ဆိုးရဲ့ ဖုံးလွှမ်းမှုကို ခံနေရပါတယ်။ တက္ကစီဒရိုက်ဘာမင်းသားက သူ့ကိုယ်သူသတ်မသေအောင် စိတ်ပြောင်းပေးနိုင်တဲ့ မင်းသမီးကိုကြွေသွားပြီး မင်းသမီးကလည်း သူ့ကို မုဒိမ်းကျင့်သတ်ဖို့ စီစဉ်ပေမဲ့ မလုပ်ဖြစ်တဲ့ မင်းသားကို ကြိုက်သွားပါတယ်။ဒါပေမဲ့ သူတို့အချစ်ခရီးလမ်းက အိမ်ထောင်ရေးဖောက်ပြန်မှုလမ်းခွဲတွေ အများကြီး ကွေ့ဝင်ထားတာကြောင့် စိတ်ဝင်စားစရာ ဇာတ်ကွက်လေးတွေကို တဝကြီးကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို s မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 750MB Quality - 1080p, 720p IMDb Rating - 6.5/10 Format - mp4 Duration - 1H 28Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by s Encoded by RGB

Crime • Drama • Thriller
6.5 1985 88 mins
Love Hotel
Marriage Story
7.8

ဒီရုပ်ရှင်ကတော့ နာမည်ကျော်ပဲမို့ စောင့်နေတဲ့သူတွေရှိမှာပါ။ စကားလက်ဂျိုဟန်ဆန် နဲ့ အဒမ်ဒရိုင်ဘာတို့ သရုပ်ဆောင်စွမ်းရည်ပြထားတဲ့ကားဆိုလည်း မမှားပါဘူး။ ဆုတွေအတော် ဆန်ကာတင်မယ့် ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းကတော့ နာမည်အတိုင်းပါပဲ။ အိမ်ထောင်ရေးဇာတ်လမ်းလေး တစ်ပုဒ်ပါ။ အရမ်းသဘာဝကျပြီး ယုတ္တိဆန်လွန်းပါတယ်။ အရာရာကို စိတ်တိုင်းကျလုပ်တတ်တဲ့ ချာလီဆိုတဲ့ ယောကျာ်းတစ်ယောက်နဲ့ ကိုယ်ဘာလိုချင်လို့လိုချင်မှန်းမတွေးတတ်တော့တဲ့ နီကိုး ဆိုတဲ့ မိန်းကလေးတစ်ယောက် လက်ထပ်မိခဲ့တယ်။ ချာလီက ပြဇာတ်ဒါရိုက်တာ၊ နီကိုးက ပြဇာတ်သရုပ်ဆောင်ပေါ့။ ချာလီရဲ့သဘောအတိုင်း နယူးယောက်မှာ အခြေချခဲ့ပြီး ဟင်နရီဆိုတဲ့ သားလေး တစ်ယောက်ရှိလာခဲ့ပါပြီ။ ဒါပေမယ့် နီကိုးအတွက် လော့စ်အိန်ဂျလိ ဟောလိဝုဒ်မှာ ဇာတ်လမ်းတွဲတစ်ခု ခေါင်းဆောင်မင်းသမီးနေရာ ရသွားချိန်မှာ နယူးယောက်နဲ့ အယ်လ်အေ အခြေချမှုတွေ၊ ကလေးအုပ်ထိန်းခွင့်တွေနဲ့ ပတ်သတ်ပြီး အငြင်းပွားလာကြတယ်။ ဇာတ်လမ်းက သဘာဝအကျဆုံးနဲ့ ဇာတ်ရှိန်တွေ တက်လာပုံက အတော်ကောင်းတယ်ပြောရမှာပါပဲ။ ကွာရှင်းတဲ့ကိစ္စအတွက်ရှေ့နေက ပြောသလိုပေါ့ ‘ ရာဇဝတ်မှုရှေ့နေတွေက လူဆိုးတွေကို သူတို့အကောင်းဆုံးလုပ်နေချိန်မှာ တွေ့ရပြီး အိမ်ထောင်ကွဲရှေ့နေတွေကတော့ လူကောင်းတွေကို သူတို့အဆိုးဆုံးလုပ်မယ့်အချိန်မှာ တွေ့ရတာပါပဲ’ တဲ့။ ခံစားကြည့်လိုက်ပါ။

Drama
7.8 2019 137 mins
Marriage Story
30 Jours Max

30 Jours Max (2020) =============== IMDb Rating – 5.4/10 ဒီဟာသဇာတ်ကား​လေးနာမည်က အလွန်ဆုံး ရက် ၃၀ပါပဲ။ ကျန်းကျန်းမာမာနဲ့ ဘဝကိုဖြတ်သန်း​နေရင်း ရုတ်တရက်ကြီးအသက်ရှင်သန်ရဖို့ ရက်၃၀ပဲကျန်​တော့ မယ်ဆိုရင် ကျွန်​​တော်တို့​ရော ဘာ​တွေလုပ်မိကြမလဲ။ ရာယန်းက ကပျက်ကျ​ချော် နိုင်တဲ့ရဲဝန်ထမ်းတစ်​ယောက်၊ အ​​​ဖေဖြစ်သူကိုဂုဏ်ယူ​စေဖို့ ရဲတပ်ဖွဲ့ထဲဝင်ခဲ့ပြီး ကြိတ်ကြိုက်​နေရတဲ့ တွဲဖက်​ရဲ​မေကိုလည်း အထင်ကြီး​အောင် လုပ်ပြချင်​နေတဲ့သူ​ ပေါ့။ ကံဆိုးချင်​တော့ သူရဲ့​ပေါ့တိ​ပေါ့ပျက်နိုင်မှု​တွေ​ကြောင့် အ​ရေးကြီးတဲ့စစ်ဆင်​ ရေးတစ်ခုမှာ အမှားလုပ်မိပြီး ရဲဌာနက ရဲ​ဘော်ရဲဖက်​တွေရဲ့ဖယ်ကျဥ်ခြင်းကို ခံရ တယ်။ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကလည်း သူ့ကိုရှိတယ်လို့​တောင် မထင်ဘဲ ချိုး နှိမ်ဆက်ဆံကြတယ်။ သူကိုယ်တိုင်ကလည်း တဖက်သားအ​ပေါ် လိုတာထက်ပိုပြီး သည်းခံတတ်တာလည်းပါတာ​ပေါ့။ ဘယ်​လောက်သည်းခံလဲဆိုရင် ပြတ်သွားတာ တစ်နှစ်​လောက်ရှိနေပြီဖြစ်တဲ့ ရည်း စား​​ဟောင်းက သူငှား​နေတဲ့အိမ်​ပေါ်တက်​နေပြီး လူပါးဝတာကိုမှ ​ငြိမ်ခံပြီး ဆက်​နေ ခိုင်းတယ်။ အဲဒီ​နောက် ကြွက်တစ်​ကောင်နဲ့ဆရာဝန်တစ်​​ယောက်​ကြောင့် သူရဲ့ဘဝ က အကြီးအကျယ်​ပြောင်းလဲဖို့ဖြစ်လာတယ် ဘာ​တွေဘယ်လို​ပြောင်းလဲကုန်မလဲသိ ရဖို့ အ​ပြေး​လေး ကြည့်လိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.17 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy, Crime Translator……ZWT Encoder……….SWM

0 2020 87 mins
30 Jours Max
Dune: Part Two
8.8

Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024) ********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး….. File size… (7.3 GB)/ (1.77 GB) / (928MB) Quality…WEB-DL 4K HEVC/1080p / 720p Format…mp4 Duration….2h 46m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Ka Naung Translated by Mr. Andreson

Drama
8.8 2024
Dune: Part Two
A Tale of Two Sisters
7.2

A Tale Of Two Sisters (2003) IMDb: 7.1/10 Genre: Drama/Horror/Mystery မွန်ဂိုယောင်းပါဝင်ထားပြီးနာမည်ကြီးတဲ့ ဒီရုပ်ရှင်ကသရဲကားဆိုပေမဲ့ သာမန်ကြည့်နေကျ သရဲကားပုံစံတွေနဲ့ကွဲထွက်နေပြီး ဇာတ်လမ်းရဲ့လှည့်ကွက်တွေကြားထဲမှာ ဟင်ကနဲ ဟာကနဲဖြစ်နေမယ့် ရုပ်ရှင်မျိုးပါ။ ကြောက်ရွံ့မှုတွေ ဝမ်းနည်းမှုတွေခံစားရမယ့်အပြင် တကယ်ကိုစိတ်ထဲမှာစွဲကျန်နေမဲ့ သရဲကားဆိုလည်းမမှားပါဘူး။ ဇာတ်လမ်းအကျဉ်းကတော့ စိတ်ကျန်းမာရေးဆေးရုံမှာ ရက်ရှည်ဆေးကုပြီး အဖေနဲ့မိထွေးရှိတဲ့ အိမ်ကိုပြန်လာတဲ့ ဆူယွန်းနဲ့ဆူမီတို့ညီအစ်မ၊ သူတို့အိမ်ပြန်လာပြီးနောက်ပိုင်းမှာ အရာရာကအရင်လိုမဟုတ်နေတော့ပဲ အိမ်ကြီးမှာလည်း ထူးဆန်မှုတွေဖြစ်လာပါတော့တယ်။ ပြောင်းလဲမှုတွေက ဘယ်လိုမျိုးပြောင်းလဲမှုမျိုးလဲ ထူးဆန်းတဲ့အရာတွေကရော ဘာတွေဖြစ်နေမလဲဆိုတာကို ဇာတ်လမ်းအစကနေအဆုံးထိပဟေဠိဆန်ဆန်ကြည့်ရှုခံစားရမှာဖြစ်ပြီး ဝမ်းနည်းမှုကြောက်ရွံ့မှုစတဲ့ခံစားချက်များစွာကို ခံစားရမှာဖြစ်ပြီး ညီအစ်မနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကိုပါပုံဖော်ရိုက်ကူးပေးထားတာကြောင့် ကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 54m Genre ….. Drama/Horror/Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

7.2 2003 115 mins
A Tale of Two Sisters
Summer of 85
6.9

ဒီဇာတ်လမ်းလေးကိုအခေခံထားတာကတော့ ၁၉၈၅ခုနစ်ရဲ့ နွေရာသီတစ်ခုမှာပါ စာမေးပွဲ‌ဖြေပြီး ကြားကာလအချိန်ဆိုတော့ လူငယ်သဘာဝအချိန်ပိုင်းအလုပ်လေးလုပ်ပြီး ပျော်လိုက်ပါးလိုက်နေချိန်ပေါ့ အဲဒီလို‌လူငယ်ထဲမှာ အဲလက်စီလို့ခေါ်တဲ့ခပ်နွဲ့နွဲ့ကောင်လေးလည်းပါပါတယ် သူတို့မိသားစုကကမ်းခြေနားကိုပြောင်းလာပြီးနေတာသိပ်မကြာသေးပါဘူး ဒါပေမဲ့ အဲလက်စီကတော့သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေ လှေအပျော်လွင့်ဖို့သွားတတ်ပါတယ် တစ်နေ့မှာတော့ သူ့သူငယ်ချင်းမအားလို့ လှေကိုတစ်ယောက်ထဲရွက်လွင့်ရင်းနဲ့ လှေမှောက်ပါတော့တယ် ဒါပေမဲ့ကံကောင်းချင်တော့ ဒေးဗစ်ဆိုတဲ့သူနဲ့သက်တူရွယ်တူကောင်ချောလေးက အဲဒီနားမှာရှိနေပြီးသူ့ကိုကယ်နိုင်လိုက်ပါတယ် ပြီးတော့သူ့အိမ်ကိုခေါ်သွားပြီး သူ့အမေနဲ့မိတ်ဆက်ပေးကာ သူငယ်ချင်းတွေဖြစ်သွားကြပါတယ် ဒီလိုဂရုစိုက်ခံလိုက်ရတော့ ‌အဲလက်စီကဒေးဗစ်ကိုစကြွေလာပါတော့တယ် ဒီလိုနဲ့သူတို့နှစ်ယောက်အချိန်တွေတူတူကုန်ဆုံးကြရင်းလိင်တူအတွဲလေးလိုဖြစ်လာကြပါတယ် ဒီလိုနဲတစ်နေ့မှာတော့အ‌ရာအားလုံးကတစ်ခဏတွင်းပြောင်းလဲသွားပြီး သူတို့ကြားထဲက ကိတ် ဆိုတဲ့ကောင်မလေးတစ်ယောက်ကရောက်လာခဲ့ပါတယ် ဒီလိုနဲ့ပဲ ဘာတွေဆက်ဖြစ်သွားမလဲ ဒေးဗစ်နဲ့အဲလက်စီတို့ကရောလက်တွဲမြဲပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.7 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

Science Fiction • Crime • Thriller
6.9 2020 101 mins
Summer of 85
Borderlands
5.8

ဂိမ်းလောကရဲ့လူကြိုက်အများဆုံး ဂိမ်းတွေထဲက တစ်ခုဖြစ်တဲ့ ဘော်ဒါလန်းကို ရုပ်ရှင်အဖြစ် ရိုက်ကူးထားတာဖြစ်ပါတယ်။ Knock Knock ရဲ့ ဒါရိုက်တာ Eli Roth ရိုက်ကူးထားပြီး၊ ကိတ်ဘလန့်ချက် နဲ့ ကယ်ဗင်ဟာ့တို့ ပါဝင်ထားပါတယ်။ စက်ရုပ်လေး ကလပ်ထရပ် နေရာမှာတော့ ဂျက်ဘလက်က အသံသရုပ်ဆောင်ပေးထားတာပါ။ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ဟာသ အမျိုးအစားမို့ အပန်းဖြေလို့ ကောင်းမှာပါ။ ဇာတ်လမ်းအကျဉ်း *************** ပန်ဒါရာဂြိုလ်ပေါ်က အီရီဒီရန်မျိုးနွယ်တွေဟာ ဂလက်ဆီတစ်ခုလုံးကို အုပ်စိုးနိုင်ခဲ့တဲ့ အသိဉာဏ်မြင့် နည်းပညာမြင့် မျိုးနွယ်စုတွေ ဖြစ်ပါတယ်။ သူတို့တွေ မျိုးတုံးပျောက်ကွယ်သွားပြီးတဲ့နောက်မှာ ပန်ဒိုရာဂြိုလ်ကြီးတစ်ခုလုံးမှာ အီရီဒီရန်နည်းပညာလက်ကျန်လေး တွေကို ရှာနေတဲ့မုဆိုးတွေ၊ ဓားပြတွေ၊ အဖွဲ့အစည်းကြီးတွေ ခြေရှုပ် နေကြပါပြီ။ အားလုံးရဲ့ အကြီးဆုံးရည်မှန်းချက်ကတော့ အီရီဒီရန်တွေရဲ့ လျှို့ဝှက်အလုံခန်းပါပဲ။ အဲဒီအလုံခန်းထဲမှာအဆင့်အမြင့်ဆုံး နည်းပညာ လျှို့ဝှက်ချက်တွေရှိနေပြီး ပိုင်ဆိုင်တဲ့သူဟာ တန်ဖိုးမဖြတ် နိုင်လောက်အောင် ချမ်းသာပြီး စွမ်းအားကြီးသွားမှာပါ။ အဲဒီ အလုံခန်းရှာတဲ့အရှုပ်တော်ပုံကြီးထဲကိုမှ စစ်သားဟောင်းတစ်ယောက် ၊ ကြေးစားမုဆိုးတစ်ယောက်၊ ကော်ပိုရိတ်ကြီးတစ်ခုရဲ့ ခေါင်းဆောင်ရဲ့ သမီးတစ်ယောက်၊ စိတ္တဇဂိုဏ်းဝင်တစ်ယောက် ကြားညပ်ပြီး ပူးပေါင်းမိ ကြတဲ့ခါ အလုံခန်းခန်းကို မသမာသူတွေလက်ထဲမရောက်ဖို့ တိုက်ခိုက်ကြရ ပါတော့တယ်။ File size…4.33GB / 2.06GB / 1.08GB Quality…WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….1h 41m Genre ….. Action , Adventure, Sci-Fi , Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

5.8 2024
Borderlands
The Assassin Next Door Kirot
5.7

The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။ သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။ အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမက သူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။ Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Thriller Duration….01:48:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Drama
5.7 2009 102 mins
The Assassin Next Door Kirot
The Croods
7.2

The Croods (2013) IMDb Rating (7.1) / Rotten Tomatoes (71%) Croods 2 ထွက်တော့မှာဆိုတော့ Croods ကို ပြန်နွေးတဲ့ အနေနဲ့ ကြည့်မိတယ်။ ဂရုစ် ဆိုတဲ့ ဂူအောင်းလူသားကြီးကသူ့မိသားစု ၆ ယောက်ကို ဘေးရန်တွေကကာကွယ်ပေးပြီး စောင့်ရှောက်လာတာ နှစ်တွေကြာခဲ့ပြီးသမီးလေး အိဗ်တောင် အရွယ်ရောက်ခဲ့ပြီပေါ့။ ဒီအချိန်မှာပဲ ဂိုင်း ဆိုတဲ့ ကျောက်ခေတ်လူသားကောင်လေး တစ်ယောက်က ပေါက်ချလာပြီးကမ္ဘာကြီး ပျက်မယ့် အကြောင်းတွေ ပြောပြပြီးမီးကို စတင် ဖန်တီးပြတော့တာပဲဂိုင်း က သူတို့ နဲ့ မတူတဲ့ အချက် ရှိတယ်။ သူက မကြောက်တက်သလို တီထွင်ဖန်တီးတက်တယ်။ ဂရုစ် တို့ အုပ်စု ကြ တစ်ခုခုဆို ဂူထဲ ပဲ ပြေးအောင်းတက်ကြတာ ဒီမှာပဲ ဂရုစ် သဘောမကျပေမဲ့ သူ့မိသားစု က ဂိုင်း ရဲ့ လမ်းပြမှုနဲ့ကမ္ဘာပျက်ဘေးက လွတ်မယ့်နေရာကို စတင် ထွက်ကြတော့တာပဲ။ ဒီဇာတ်လမ်းမှာ ဘာတွေ တွေ့ရလဲ ဆိုတော့ မိသားစု စိတ်ဓါတ်ရယ် အဖေတစ်ယောက် ရဲ့ စိုးရိမ်မှုတွေ ပူပန်မှုတွေ အပြင် အသက်ရှင်နေထိုင်ဖို့ ဘာက အရေးကြီးလဲ ဆိုတဲ့ သော့ချက်ကိုပြသွားတာ အကြိုက်ဆုံးပါပဲ။ ကျနော် ရုပ်ရှင်တွေ ကြည့်ဖြစ်ရင် ဒီရုပ်ရှင်က ဘာပေးလဲ ဆိုတဲ့ဟာကို ရှာမနေပဲ စိတ်အပန်းဖြေဖို့ အတွက်ပဲ ကြည့်လေ့ ရှိပါတယ်။ ဒီ Croods ကတော့ စိတ်အပန်းဖြေဖို့ အပြင် လူရဲ့ စိတ်အဟာရကိုဖြည့်ဆည်းပေးလို့ ကလေးရော လူကြီးပါ ကြည့်သင့်ပါတယ်။ (ရုပ်ရှင်ကားကို Esher Van Sui Par က ဘာသာပြန်ပေးထားပြီး Thit San Khant မှ Review ရေးပေးထားပါတယ်။) File size…(5.5 GB) / (1.7 GB) / (1.1 GB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Animation,Family Duration….01:38:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Esther Van Sui Par

7.2 2013 98 mins
The Croods
Niko: Beyond the Northern Lights

မိသားစု၊စွန့်စား ကားလေးဖြစ်ပြီး ၂၀၂၄ နှစ်ကုန်ပိုင်းမှ ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ နီကိုဆိုတဲ့ သမင်ပျံလေးရဲ့ ဆန်တာရဲ့လက်ဆောင်လှည်းပြန်ရဖို့ ခရီးစဉ်တလျှောက် စွန့်စားမှုတွေ နဲ့ တခြား ရသမျိုးစုံခံစားရစေမဲ့ ကလေးတွေသာမက လူကြီးတွေအတွက်ပါ ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း နီကိုဆိုတဲ့ သမင်ပျံလေးက သူ့ရဲ့အဖေလို ဆန်တာရဲ့ ပျံသန်းအဖွဲ့ဝင် ဖြစ်ချင်တယ်။ ဒါပေမဲ့ ကံကြမ္မာက သူ့ကို ဆန်တာ လက်ဆောင်လှည်းကြီး ပျောက်သွားအောင် လုပ်လိုက်တယ်။ ဒီလက်ဆောင်လှည်းကို ပြန်ရဖို့အတွက် နီကိုက သူ့သူငယ်ချင်းတွေ အပေါင်းအဖော်တွေနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(966 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Animation, Family, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Eaint Phoo Khin

Drama • Thriller • Crime
0 2024
Niko: Beyond the Northern Lights
Animal Within
5.5

လူသားတွေဟာ ခံစားချက်ပေါင်းများစွာကို ထွေးပိုက်ထားပြီး အသက်ရှင်သန်ဖို့အတွက် ရုန်းကန်နေကြတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေ ဖြစ်ကြပါတယ်.. တချို့က အင်အားကြီးကြတဲ့အထိုက်လျောက် တခြားသူတွေကို အနိုင်ယူတတ်ကြပြီး တချို့သူတွေကျတော့ အနိုင့်ကျင့်တာကို ခံကြရပါတယ် စိတ်ဖိစီးမှုဒဏ်တွေ များလာပြီး ထွက်ပေါက်မရှိတော့တဲ့ အခါကျရင် ကိုယ့်အနီးအနားကလူတွေကိုလည်း ရန်လုပ်ပြီတော့ ပြဿနာရှာတတ်ကြပါသေးတယ်.. ဒီဇာတ်လမ်းကတော့ လူတွေရဲ့သဘောသဘာဝကို စောင့်ကြည့်လေ့လာတဲ့ပုံစံမျိုးနဲ့ ရိုက်ကူးထားတာပါ.. ဇာတ်လမ်းအကျဉ်း +++++++++ တွမ် နဲ့ အန်နီတို့စုံတွဲဟာ အန်နီရဲ့ဦးလေးဖြစ်သူ ပိုင်ဆိုင်တဲ့ အိမ်တစ်လုံးမှာ အတူနေထိုင်ကြပါတယ်… အန်နီက ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ပြီး တွမ်ကတော့ ဇာတ်ညွှန်းရေးသားသူတစ်ယောက် ဖြစ်ဖို့အတွက် ကြိုးစားနေသူဖြစ်ပါတယ်.. တစ်နေ့မှာ အန်နီရဲ့ အလုပ်ရှင်သူဌေးအပြောင်းအလဲ ဖြစ်သွားပြီးတော့ အလုပ်ရှင်အသစ်က အန်နီကို လိင်ပိုင်းဆိုင်ရာကိစ္စတွေမှာ အမြတ်ထုတ် စော်ကား လာပါတော့တယ်.. အဲဒီအကြောင်အရာတွေကို တွမ်လည်း သိရှိနေပါတယ် အန်နီရဲ့ သူဌေးက တစ်နေ့တခြား ပိုပြီးတော့ အတင့်ရဲလာတဲ့ အခါမှာ တွမ်တစ်ယောက် အန်နီနဲ့အဆင်မပြေဖြစ်လာ ပါတော့တယ်. ကိုယ်တိုင်က ဝင်ငွေအတည်တကျမရှိဘဲနဲ့ မသေချာမရေရာတဲ့ လမ်းကြောင်းတစ်ခုအပေါ်မှာ လျှောက်လှမ်းနေတဲ့သူ ဖြစ်တာကြောင့် အခြေနေ တွေကိုပြောင်းလဲနိုင်စွမ်းလည်း မရှိတဲ့အခါမှာ လူ့သဘာဝအရအရိုင်းဆန်တဲ့ စိတ်ဓာတ်တွေပေါ်ထွက် လာပြီးတော့ ဘယ်လိုမျိုးနည်းလမ်းတွေနဲ့ ထွက်ပေါက်ရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်….. File size… (1.44GB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 41m Genre …..Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Okka

5.5 2025 101 mins
Animal Within
Love Forecast
6.5

Love Forecast (2015) ********************* ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးတို့အတွက် .. Friend Zone ထဲမှာပဲ ပိတ်မိနေကြတဲ့ လူနှစ်ယောက်အကြောင်းကို ရိုက်ကူးပုံဖော်ထားတဲ့ romantic-comedy ရုပ်ရှင်ကားလေးကို ကွာလတီအမိုက်စားနဲ့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် .. Cast တွေကတော့ မင်းသားချော Lee Seung-Gi နဲ့ မမလှလှ Moon Chae-Won တို့ အဓိကပါဝင်ထားပြီး Lee Seo-Jin ၊ Kim Kap-Soo စတဲ့သရုပ်ဆောင်ကြီးများပါ ပါဝင် အားဖြည့်ထားတဲ့ ရုပ်ရှင်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** မူလတန်းကျောင်းဆရာလေးဖြစ်တဲ့ ဂန်ဂျွန်းဆူ (Lee Seung-Gi) က ချစ်မိပြီဆိုတာနဲ့ သူချစ်ရတဲ့မိန်းကလေးအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးတတ်သူဖြစ်ပေမဲ့လည်း တွဲလိုက်တိုင်း ရက် ၁၀၀ မပြည့်ခင် လမ်းခွဲခံရစမြဲ ဖြစ်ပါတယ်။ ဂန်ဂျွန်းဆူရဲ့ငယ်သူချင်းဖြစ်သူ ဂင်ဟျွန်းအူ (Moon Chae-Won) ကတော့ မိုးလေဝသ သတင်း ကြေညာသူဖြစ်ပြီး လှပတဲ့ရုပ်ရည်ကြောင့် ရာသီဥတုနတ်သမီးလို့ နာမည်ကြီးပြီး ပုရိသတိုင်းရဲ့ အချစ်ကို ခံရသူဖြစ်ပါတယ်။ ဒါပေမဲ့လည်း မချစ်သင့်တဲ့လူကို သွားချစ်မိရာကနေ စိတ်ဒဏ်ရာ ရသွားပြီးနောက်မှာတော့ … ဂင်ဟျွန်းအူတစ်ယောက် အမြဲတမ်း အရိပ်တကြည့်ကြည့်နဲ့ သူ့အနောက်မှာရှိနေခဲ့တဲ့ ပြောမနာဆိုမနာ သူငယ်ချင်း ဂန်ဂျွန်းဆူကို သတိထားမိသွားမလား ။ ဂန်ဂျွန်းဆူကရော သူ့ကို အမြဲတမ်းရိုက်ပြီး အနိုင်ကျင့်နေတဲ့ သူငယ်ချင်း ဂင်ဟျွန်းအူအပေါ် သူငယ်ချင်းထက်ပိုတဲ့ခံစားချက် ရှိလာမလားဆိုတာကိုတော့…. သွားအတူ ,စားအတူ ,အသည်းကွဲရင်လည်းအတူ အရက်သောက်ဖော်သောက်ဖက်ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းနှစ်ယောက် Friend Zone ထဲကနေ လွတ်မြောက်နိုင်မလားဆိုတာကို ရယ်မောရင်း ပေါ့ပေါ့ပါးပါး ကြည့်ရှုခံစားလိုက်ကြပါဦးနော် .. ။ (အညွှန်းကို Su Sandi မှ ရေးသားထားပါတယ်) File size…1.72GB / 918MB Quality… BluRay 1080p/ 720p Format…mp4 Duration….2 hr. 1 min. Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

Comedy • Romance
6.5 2015 118 mins
Love Forecast