YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Great Raid (2005)720p.mp4(CM).mp4

1.49 GB N/A video/mp4 910 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Unheard
5.1

Horror ပရိသတ်တွေအတွက် ပူပူနွေးနွေးထွက်ရှိထားတဲ့ The Unheard ရုပ်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ နားမကြားရတဲ့ခလိုဝီတစ်ယောက် စမ်းသပ်ဆဲ နားကြားကုထုံးတစ်ခုမှာ ဝင်ရောက်အစမ်းသပ်ခံခဲ့ပါတယ်။ ခလိုဝီဟာ သူ့အသက် ၈ နှစ်မှာ သူ့အမေပျောက်သွားပြီးနောက်ပိုင်း ဘာသံမှမကြားနိုင်တော့တာပါ။ နားထိုင်းသွားရင် ပြန်ကောင်းဖို့မဖြစ်နိုင်ပေမယ့် ဒီစမ်းသပ်ချက်က အောင်မြင်ခဲ့ပြီး အသံတွေပြန်ကြားသွားပါတယ်။ ‌ငှက်ကလေးတွေစကားပြောသံ၊ ရေစက်ကျတဲ့အသံ၊ သီချင်းသံတွေအားလုံးကိုပြန်ကြားရတဲ့အခါ တိတ်ဆိတ်ခြင်းနဲ့နေသားကျနေတဲ့ ခလိုဝီ အတိုင်းထက်အလွန် ပျော်ရပါပြီ။ ဒါပေမဲ့ အသံတွေအကြားလွန်ပြီး လူတွေမကြားနိုင်တဲ့အသံတွေကိုကြားရတဲ့အခါမှာတော့ မပျော်နိုင်တော့ပါဘူး။ တကယ့်အပြင်ကအသံတွေလား သူ့စိတ်ထဲကအသံတွေလား ဝေခွဲမရဖြစ်တဲ့အထိ နားထဲမှာအသံတွေဆူညံလာပါတော့တယ်။ ဒီဆူညံသံတွေက တကယ်ရှိရဲ့လား သူပဲစိတ်ထင်နေတာလား ‌အဖြေရှာရင်းနဲ့ သူနေထိုင်တဲ့မြို့မှာလည်း အမျိုးသမီးတွေထူးထူးဆန်းဆန်းပျောက်ဆုံးသွားရတဲ့ အကြောင်းအရင်းကို သိလာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ တခြား Horror ဇာတ်ကားတွေလို Jump scare တွေ အများကြီးထည့်မသုံးထားဘဲ ရင်တလှပ်လှပ်နဲ့ကြည့်ရမယ့်ကားမျိုးပါ။ တချို့အသံတွေကလည်း နားမကြားတဲ့ခလိုဝီနေရာကနေထည့်သွင်းထားတာကြောင့် အသံပါမှကြောက်စရာကောင်းတာမဟုတ်ဘဲ အသံမပါလည်းကျောချမ်းစရာကောင်းနေပါတယ်။ တစိမ့်စိမ့်ကျောချမ်းရတဲ့ Horror ကားမျိုးကို ကြိုက်တဲ့လူတွေကတော့ စမ်းကြည့်သင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.90GB, 930MB Quality - 1080p, 720p Format - mp4 Duration - 2H 5Min Genre - Drama, Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama • Family • Romance
5.1 2023 124 mins
The Unheard
Sanguine Craving
2

ခပ်ကြမ်းကြမ်းပြကွက်ဆန်းတွေ ဘွင်းဘွင်းရှင်းရှင်း ဖေါ်ပြချက်တွေနဲ့ ပြင်သစ်ကားတစ်ကား DS Fans တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် အီဗာမှာ မူမမှန်တဲ့ လိင်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဆက်တိုက်ရနေပါတယ် အဲဒါက အရမ်းကိုထူးဆန်းတယ် မိတ်ဖက်မပါပဲနဲ့ စိတ်မပါပဲနဲ့ သူ့အလိုလို နေရာမရွေး အချိန်မရွေးထကြွပြီး ကိုယ့်ဘာသာကိုပဲ ဖြေရှင်းမှ အားရတဲ့ ရောဂါတစ်ခု စွဲကပ်နေပါတယ် အဲဒါက တဖြေးဖြေးပိုဆိုးလာပြီး အလုပ်ပြုတ်တဲ့အထိဖြစ်လာပါတော့တယ် သူမဖြေရှင်းဖို့က ကာမကုထုံး ဆရာဆီသွားမှပဲ အဆင်ပြေမယ့်အခြေမျိုး ရောက်လာတာကြောင့် ဆရာဆီရောက်သွားချိန်မှတော့ သူ့လို မူမမှန်တဲ့ သူတွေအများကြီးထပ်ရှိနေပါတော့တယ် ဆရာက မူမမှန်တဲ့သူတွေ စုပြီး ကုထုံးတစ်ခု တီထွင်လိုက်တဲ့အခါမှတော့... လူတွေဟာတစ်ယောက်တစ်မျိုးစီ ရူးနေကြတယ် အဲဒီအရူးတွေနောက်ပဲ ဆက်လိုက်မလား အဲဒီအရူးတွေကနေ ရုန်းထွက်မလား မိမိ စိတ်အပေါ်ပဲ မူတည်တယ်ဆိုတဲ့အကြောင်း မီးမောင်းထိုးပြထားတဲ့ ဇာတ်လမ်းကောင်းလေးပါပဲ File size…1.54 GB / 800MB Quality…1080p HEVC /720p Format…mp4 Duration….1h 30mins Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Drama • Romance
2 2014 13 mins
Sanguine Craving
Everything Everywhere All at Once
7.8

Swiss Army Man လို ငစားကားတွေ ရိုက်ခဲ့တဲ့ Dan Kwa နဲ့ Daniel Scheinert တို့ ဒါရိုက်တာအတွဲရဲ့ နောက်ထပ် ပြောင်မြောက်တဲ့ ရုပ်ရှင်ကြီးလာပါပြီ။ ခေါင်းစားမလားဆိုတော့ စားလည်းစားပါတယ်၊ မစားလည်းမစားပါဘူး။ သိပ္ပံစိတ်ကူးယဉ် အပြိုင်စကြဝဠာတွေအကြောင်းကို ဟာသတွေ ကွန်ဖူးတွေနဲ့ အခြေခံထားတဲ့ မိသားစုဇာတ်လမ်းလေးပါ။ အက်ဒ်မင်တော့ အတော်ကြိုက်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း အနန္တစကြဝဠာပါပဲ။ အပြိုင်စကြဝဠာတွေ အများကြီးရှိပါတယ်။ Quantum superposition ဆိုတဲ့သဘောတရားလိုပဲ ဒြပ်မှုန်တွေဟာ ဖြစ်တည်မှုအခြေအနေမျိုးစုံမှာတပြိုင်တည်းရှိနေတဲ့သဘောပါ။ မာဗယ်ရဲ့ Multiverse တွေလိုပဲ လူတစ်ယောက်ရဲ့ ရွေးချယ်မှုကနေ အပြိုင်စကြဝဠာတွေ အဆုံးမရှိအောင်ခွဲထွက်သွားတာပဲ။ ဒီရုပ်ရှင်ထဲမှာတော့ လူတစ်ယောက်ရဲ့ ရွေးချယ်မှု သေးသေးလေးတွေကအစ အပြိုင်စကြဝဠာတစ်ခု ရှိသွားနိုင်ပါတယ်။ အဓိကမင်းသမီးကြီးဖြစ်တဲ့ မီရှဲယိုကတော့ စကြဝဠာတစ်ခုထဲက အက်ဗလင်း ဆိုတဲ့ နာမည်နဲ့ ပင်မင်းဆိုင်ပိုင်ရှင်လေးပေါ့။ အရမ်းရိုးအေးတဲ့ ယောကျာ်းတစ်ယောက်ရယ် မိန်းကလေးချင်း ချစ်ကြိုက်နေတဲ့ သမီးတစ်ယောက်ရယ်ရှိတယ်။ ဒါပေမဲ့ အခြားစကြဝဠာက မီရှဲယိုကတော့ ဆရာမကြီးပါ။ အပြိုင်စကြဝဠာတွေကို ဖျက်မယ့် မိစ္ဆာကြီးကို ရင်ဆိုင်ရင် သေသွားခဲ့တာပါ။ ဒီတော့ အဲဒီမိစ္ဆာကို ယှဉ်နိုင်လောက်မယ့် အက်ဗလင်းကို အက်ဗလင်းပေါင်းထောင်ပေါင်းများစွာထဲက လိုက်ရှာနေခဲ့ကြတာပါ။ ဒါပေမဲ့ ပင်မင်းဆိုင်ပိုင်ရှင် ရိုးရိုးအေးအေးကြီး အက်ဗလင်းကမှ ဘာလို့ Matrix ထဲကလို The One ဖြစ်လာပြီး အပြိုင်စကြဝဠာတွေကို ကယ်တင်မလဲဆိုတာ... ပွင့်ပွင့်လင်းလင်းပြောရရင်တော့ Doctor Strange Multiverse of Madness ထဲ ပိုကြိုက်ပါတယ်။ IMDb 8.7 ရထားပါပြီ။ မယုံရင်ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။ File size…(5.4 GB)/(2.7GB)/(1.29GB)/(668MB) Quality…. WEB-DL 4K HEVC/1080p/720p / 480p Format…mp4 Duration….02:19:00 Genre...Action /Aventure/ comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Mr. Anderson

Comedy • Drama
7.8 2022 140 mins
Everything Everywhere All at Once
Godless: The Eastfield Exorcism
8.8

Godless: The Eastfield Exorcism (2023) " အတော်ကြမ်းတဲ့ကားမို့ ကြည့်စေချင်လို့ မရမက ရှာတင်ပေးလိုက်ပါတယ်။ အကြည်ဖြစ်ပေမဲ့ 1xBet လိုဂိုတွေပါနေတုန်းပါပဲ။ လုံးဝအရှင်းဗားရှင်းထွက်လာတဲ့အချိန်ကျရင်လည်း ပြန် Update သွားပါမယ် " ~ IMDb - 6.3/10, Rotten Tomatoes - 100% ~ ၁၉၉၃ ခုနှစ်က ဩတြေးလျမှာဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတဲ့ Horror ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Horror ရုပ်ရှင်တွေမှာ မကောင်းဆိုးဝါးနှင်တယ်ဆိုတာ အမြဲလိုလို ပါနေကျဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒါကို တခြားရှုထောင့်တစ်ခုကနေ ချဉ်းကပ်ထားတဲ့သဘောမျိုးရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ လာရာ ဟာ ‌ထင်ယောင်ထင်မှားစိတ်ဝေဒနာကို ခံစားနေရတဲ့လူနာတစ်ယောက်ပါ။ စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန်ပြနေပေမဲ့ ဘာမှမထူးလာတာကြောင့် သူ့ယောက်ျားဖြစ်တဲ့ ရွန်က ဆေးသိပ္ပံပညာကို သံသယဝင်လာပါတော့တယ်။ သူ့မိန်းမက မိစ္ဆာပူးကပ်နေတာဖြစ်ကြောင်း သူ့သဘောနဲ့သူယူဆပြီး ဆရာဝန်နဲ့ပြတာရပ်လိုက်ပါတယ်။ လာရာကတော့ သူ့စိတ်ရောဂါကြောင့် စားမဝင်အိပ်‌မပျော်ဖြစ်ပြီး ရွန်စိတ်တိုင်းကျလုပ်ဖို့ ခွင့်ပြုလိုက်ရပါတယ်။ ဒီနေရာမှာ သူတို့နေတဲ့နေရာဟာ ဘာသာရေးကိုင်းရှိုင်း‌သူတွေများတဲ့ မြို့ငယ်လေးတစ်ခုပါ။ ဘာသာရေးနဲ့ပတ်သက်ရင် အဆုံးစွန်ယုံကြည်ကြတဲ့နေရာမျိုးပေါ့။ ရွန်ကလည်း သူ့မိန်းမ မိစ္ဆာပူးကပ်နေတာကို မြင်လာရင်း ကြံရာမရတဲ့အဆုံး ပယောဂထုတ်တဲ့နေရာမှာ ‌နာမည်ကြီးတဲ့ ဒန်နီ ဆိုတဲ့လူကို အားကိုးရာရှာလိုက်ပါတယ်။ ဒန်နီကို ဘုရားသခင်ရဲ့ တူရိယာလို့ လူတွေကနာမည်ပြောင်ပေးထားပြီး သူကိုယ်တိုင်ကလည်း ဘုရားသခင်နဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်လို့ ယူဆထားတဲ့သူပါ။ ဒီလိုတွေဖြစ်လာတဲ့အချိန်မှာ လာရာကို သူတို့တွေ ပယောဂနှင်ပါတော့တယ်။ လာရာမှာပူးကပ်နေတဲ့ မိစ္ဆာတွေက တစ်ကောင်တည်းမဟုတ်ဘဲ အဖွဲ့လိုက်ဖြစ်နေတာပါ။ Legion ဆိုတာ သာမန်အားဖြင့် အစုအဖွဲ့လို့အဓိပ္ပာယ်ယူနိုင်ပေမယ့် ဓမ္မသတ်ကျမ်းသစ် မြန်မာပြန် Mark 5:9 မှာ လေဂေါင် လို့ ပြန်ဆိုထားတာကြောင့် လေဂေါင်အဖြစ်ပဲ ရေးထားပါတယ်။ ဒါကြောင့် လာရာကိုပူးကပ်နေတာက လေဂေါင်(မိစ္ဆာအဖွဲ့) ဖြစ်ပါတယ်။ ဒီလေဂေါင်တွေကို သူတို့တတွေ အစွမ်းကုန်နှင်ကြပါတော့တယ်။ ဒီရုပ်ရှင်ဟာ ဇာတ်သိမ်းကိုမှ ရင်ခုန်ရတာမဟုတ်ပါဘူး။ ဇာတ်လမ်းကြည့်နေရင်း တွေးစရာတွေ တပြုံကြီးပေးမယ့် ရုပ်ရှင်တစ်ခုပါ။ Jumpscare တွေသိပ်မပါဘဲ ပယောဂနှင်တာနဲ့ စိတ်ရောဂါကို‌အခြေတည်ရိုက်ကူးထားတာကြောင့် Psychological Horror ပိုဆန်ပါတယ်။ ဒါကကြောက်ရရင်ပြီးရော ကြည့်သင့်တဲ့ကားမျိုးမဟုတ်ပါဘူး။ ဇာတ်လမ်းစကတည်းက ဆုံးတဲ့အထိ ဘယ်သူမှန်လဲ၊ ဘယ်သူမှားလဲ။ လူတွေဟာ ယုံကြည်ရာနဲ့ပတ်သက်ရင် ဘယ်လောက်ထိအဆုံးစွန်သွားတတ်ကြသလဲ။ ဆေးသိပ္ပံပညာဟာ မှန်လား။ ဘာသာရေးဟာမှန်လား။ ကျွန်တော်တို့ဟာ ယုံကြည်ရာပိုက်ကွန်တွေထဲ ရုန်းထွက်မရသူချင်းတူတူ ဘယ်အရာမှန်သလဲ မှားသလဲ ယုံကြည်ရာအပေါ်မူတည်ပြီးဆုံးဖြတ်တတ်ကြပါတယ်။ ဘယ်အရာမဆို အစွန်းရောက်ရင် မကောင်းပါဘူး။ ဒီရုပ်ရှင်ကရော အဲဒါကို ဘယ်လိုပုံစံချပြထားသလဲဆိုတာကို Jumpscare နည်းနည်း တွေးစရာများများနဲ့ သည်းထိတ်ရင်ဖို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကျွန်တော့်တစ်ကိုယ်ရည်အမြင်အရဆိုရင် Exorcism နဲ့ပတ်သက်တဲ့အကောင်းဆုံးရုပ်ရှင်တွေကို ပြတိုက်တစ်ခုမှာထားမယ်ဆို ဒီရုပ်ရှင်က နေရာလွတ်တစ်ခုဦးထားပြီးသားဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 766MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
8.8 2023 92 mins
Godless: The Eastfield Exorcism
Hell’s Garden
6.4

Hell’s Garden (2021) ဒီတစ်ခါမှာတော့ Imdb 6.4/10 ရရှိထားတဲ့ ဂျပန်ဟာသအက်ရှင်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် သာမန်ကားတွေနဲ့ မတူတာကတော့ မိန်းကလေးတွေ တိုက်ခိုက်နေကြတာကိုပဲ မြင်ရမှာဖြစ်ပါတယ်။ ဘယ်နယ်ပယ်မှာမဆို ဝန်ထမ်းအမျိုးသမီးတွေရဲ့ အုပ်စုတွေရှိကြပါတယ်။ ကုမ္ပဏီတစ်ခုထဲမှာလည်း အုပ်စုတွေအများကြီးရှိနိုင်သလို အုပ်စုရဲ့ ဘော့စ်ကိုတိုက်လို့နိုင်သွားတာနဲ့ တစ်အုပ်စုလုံး အနိုင်ရတဲ့သူလက်အောက်ရောက်မှာပါ။ အဲဒီလိုနဲ့အုပ်ချုပ်နေကြပါတယ်။ တာနာခနာအိုကိုဆိုတဲ့ မိန်းကလေးကတော့ အဲဒီကိစ္စတွေစိတ်မဝင်စားဘဲ သာမန်ရုံးအလုပ်လေးပဲ လုပ်နေချင်တဲ့သူပါ။ ဒါပေမဲ့ တစ်နေ့ ရုံးကို အသစ်ရောက်လာတဲ့ ဟိုဂျိုရန်ဆိုတဲ့ ဝန်ထမ်းသစ်က ကုမ္ပဏီကို လက်ရှိအုပ်ချုပ်နေတဲ့ အုပ်စု ၃ စုလုံးကိုအနိုင်ရသွားတဲ့အခါ … ဒါ့အပြင် နာအိုနဲ့လည်း အရမ်းခင်မင်သွားတဲ့အခါမှာတော့ … ပါဝင်ပတ်သတ်မိတဲ့ နာအိုတစ်ယောက် သူလိုချင်တဲ့သာမန်ဘဝလေးကို ဆက်လက်ထိန်းသိမ်းနိုင်ပါ့မလား? (ဇာတ်လမ်းအညွှန်းကို ကို Shin Rina က ရေးပေးထားပါတယ်။) File Size : 3.7GB, 1.1GB, 542MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr 42mins Genre : Comedy, Drama Translated by Shin Rina Encoded by Kinnov

Drama • History • Romance
6.4 2021
Hell’s Garden
Diabolik – Ginko Attacks
5.5

Diabolik – Ginko Attacks (2022) ၂၀၂၁ ခုနှစ်မှာထွက်ခဲ့တဲ့ Diabolik ရုပ်ရှင်ရဲ့ အဆက်ပါ။ ဇာတ်လမ်းကတော့ ဖောက်ထွင်းဝိဇ္ဇာ Diabolik ဟာ အာမန်သရဖူကိုခိုးပြီး အာမန်‌ကျောက်မျက်အားလုံးကို ခိုးဖို့ ကြံစည်တာကနေ စတင်ထားပါတယ်။ ဒါပေမဲ့လည်း ရတနာတွေဟာ စုံထောက်ဂျင်ကိုရဲ့ ငါးစာတွေဖြစ်နေတဲ့အခါ Diabolik တစ်ယောက် ဒုက္ခရောက်ပါတော့တယ်။ ဒုက္ခရောက်ရတဲ့အထဲ ချစ်ရသူဖြစ်တဲ့ အေဗာကပါ ကျောခိုင်းသွားပြီး Diabolik ရဲ့ ပိုင်ဆိုင်မှုအားလုံးကို ရဲတပ်ဖွဲ့က သိမ်းယူသွားခဲ့ပါတယ်။ Diabolik ဟာ ပြေးပေါက်ပိတ်နေပါပြီ။ ဒီလိုခက်ခဲတဲ့အခြေ‌အနေတွေကြားထဲမှာ စုံထောက်ကြီးဂျင်ကိုကပဲ အနိုင်ရပြီး Diabolik ကိုဖမ်းမိသွားမလား။ Diabolik ကပဲ လက်မတင်လေး လွတ်သွားဦးမလားဆိုတာကို စုံထောက်ကားပီပီ လှည့်ကွက်တွေနဲ့ ကြည့်ရှုရမှာပါ။ ဒီဇာတ်ကားမှာတော့ ပုရိသတွေအားလုံးရဲ့ အသည်းစွဲ ဂန္ထဝင်မမကြီး Monica Bellucci ကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.15GB, 930MB Quality – 1080p, 720p IMDb Rating – 5.5/10 Format – mp4 Duration – 1H 56Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Adventure • Comedy • War
5.5 2022
Diabolik – Ginko Attacks
Harkara
9.3

Harkara (2023) IMDb-9.7/10 ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ် အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့….လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ်

9.3 2023 125 mins
Harkara
Neon Cactus

Neon Cactusက neo-noir styleနဲ့ indie ရုပ်ရှင်ကားဖြစ်ပါတယ်။ 50s တုန်းကလိုမျိုး retro ပုံစံမျိုး ရိုက်ထားပါတယ်။ ဇာတ်လမ်းကတော့ Stanley Cooper ဆိုသူက သော့ဆိုင်တစ်ခုကို လည်ပတ်လုပ်ကိုင်နေတဲ့သူပါ။ ထုံပေပေနဲ့ဆိုပေမယ့် စိတ်ထားက ရိုးသားဖြောင့်စင်းပါတယ်။ သူ့မိန်းမဖြစ်သူ Maureenကတော့ သူ့ကိုမချစ်ပါဘူး။ သူ့ရဲ့ သေသွားတဲ့အရင်ယောကျ်ား JR ဆိုတဲ့သူကိုပဲ တမ်းတမ်းစွဲဖြစ်နေပြီး Stanley နဲ့ တစ်ချိန်လုံး နှိုင်းယှဥ်နေခဲ့ပါတယ်။ မသာယာတဲ့ သူတို့ နှစ်ယောက်ရဲ့ အိမ်ထောင်ရေးထဲကို မြို့ခံဖြစ်တဲ့ Johnny Rocket ဆိုတဲ့ ဒုစရိုက်အလုပ်နဲ့ ချမ်းသာနေတဲ့ သူဌေးကြီး ရောက်လာပါတယ်။ Johnny ဘက်က Stanley နဲ့ မိတ်ဆွေဖြစ်အောင် ချဥ်းကပ်လာခဲ့ပါတယ်။ တစ်နေ့မှာ မိန်းမဖြစ်သူက အကြိမ်ကြိမ် သူ့ကိုမတော်တဆမှုနဲ့ သေအောင် ကြံစည်နေကြောင်း သိလိုက်ရတဲ့အခါမှာ Stanley တစ်ယောက် Johnny Rocketဆီ ရောက်သွားခဲ့ပြီး မိန်းမကို သတ်ပေးဖို့ အကူအညီတောင်းခဲ့ပါတယ်။ အဲ့နောက်မှာ ဆက်ဖြစ်သမျှကတော့ ရုပ်ရှင်ထဲကအတိုင်းပါပဲ။ File size…(1.8 GB)/(800 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre…Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

Horror
0 2022
Neon Cactus
Good Egg
5.6

Good Egg (2023) မကြာခင် အသက်၄၀ပြည့်တော့မယ့် ဂျက်ဆီကာက သူ့အရွယ်အမျိုးသမီးတို့ထုံးစံအတိုင်း ကလေးယူဖို့ခက်ခဲတာကို ကြိုးပမ်းရင်း ခင်ပွန်းဖြစ်သူနဲ့အတူ မမျှော်လင့်ဘဲ စွန့်စားခန်းကြုံလိုက်ရတဲ့ ဟာသရုပ်ရှင်ဖြစ်ပါတယ်။ ဂျက်ဆီကာက ဆရာမဖြစ်ပြီး ခင်ပွန်းဂေါ်ဒန်ကတော့ ဘဏ်တစ်ခုက အိုင်တီသမားဖြစ်ပါတယ်။ သူတို့လင်မယားက ကလေးယူဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ဂျက်ဆီကာရဲ့အသက်ကြောင့် အဆင်မပြေခဲ့ပါဘူး။ ဆရာ၀န်ရော ဂေါ်ဒန်ကပါ အလှူရှင်ဆီက မျိုးဥ၀ယ်ဖို့ တိုက်တွန်းပေမဲ့ ဂျက်ဆီကာက သူတို့ကလေးကို အမျိုးကောင်းသားလေးဖြစ်ချင်တာရော စာရွက်စာတမ်းပေါ်က အချက်အလက်ပဲသိရပြီး အပြင်မှာ မရင်းနှီးတဲ့သူဆီက မလိုချင်တာကြောင့်ပါ ကြန့်ကြာနေခဲ့ပါတယ်။ နောက်တော့ မထင်မှတ်ဘဲ ဘရစ်ဂျစ်ဆိုတဲ့မိန်းကလေးကို လူဆိုးတွေလက်က ကယ်မိရာကနေ သူ့ဆီက မျိုးဥ၀ယ်ဖို့ဖြစ်သွားပါတယ်… ဘရစ်ဂျစ်က ငွေ အရေးတကြီးလိုနေပြီး တရား၀င်မျိုးဥ၀ယ်ရင် အရမ်းဈေးကြီးတာကြောင့်ပါ။ ကံဆိုးတာကတော့ ဂျက်ဆီကာတစ်ယောက် ဘရစ်ဂျစ်နဲ့ပတ်သက်မိရာက သူ့ပြဿာနာထဲ‌ ရောပါသွားပြီး လူဆိုးတွေပြန်ပေးဆွဲတာခံရပါတော့တယ်။ တစ်ဖက်မှာလည်း ဂေါ်ဒန်က မိန်းမပျောက်လို့လိုက်ရှာရင်း လူဆိုးတွေလက်ကနေ ဂျက်ဆီကာကို ကယ်ထုတ်တာကို ဟာသလေးတွေနဲ့အတူ ရှုစားရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 955MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 33Min Genre – Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Thriller • Drama • Mystery • Crime
5.6 2023 93 mins
Good Egg
The Hand that Rocks the Cradle
6.7

ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့ စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်း ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံ လေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OG အသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ် သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီး ဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကို တက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီး ဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင် ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာ ကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန် တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Comedy • Adventure
6.7 1992 110 mins
The Hand that Rocks the Cradle
Klaus & Barroso
5.9

ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Drama • Comedy
5.9 2024 87 mins
Klaus & Barroso
The Door in the Floor

သားလေးနှစ်ယောက်နဲ့ သာယာပျော်ရွှင်သောဘဝလေးကို ဖြတ်သန်းနေတဲ့ စာရေးဆရာတက်ဒ်ကိုးလ်တို့ မိသားစုဟာ သားနှစ်ယောက် မတော်တဆမှုနှင့်သေဆုံးပြီးနောက်မှာတော့ အေးစက်သွားခဲ့ပါတယ်။ လင်မယားနှစ်ယောက် တစ်ယောက်တစ်လှည့်စီ သမီးဖြစ်သူနှင့်နေထိုင်ရင်း ဖြတ်သန်းလာရာမှ တစ်နေ့ သားဖြစ်သူနှင့် ရုပ်ချင်းဆင်သော အက်ဒ်ဝပ်ဆိုသူ လူငယ်လေးတစ်ယောက်မှ နွေရာသီကျောင်းပိတ်ရက်အတွင်း စာရေးဆရာကိုးလ်ရဲ့အိမ်တွင် လက်ထောက်အဖြစ် အလုပ်သင် လုပ်ကိုင်ရန် အကြာင်းဖန်လာပါတော့တယ်။ အက်ဒ်ဝပ်ရောက်ရှိလာမှုက မိသားစုအတွင်း ဘယ်လိုအပြောင်းအလဲတွေဖြစ်လာမလဲ သူတို့ အိမ်ထောင်ရေး ဘာကြောင့် ယခုလိုအေးစက်သွားရသလဲ စသည်တို့ကို အေးအေးငြိမ့်ငြိမ့်လေးနဲ့ဆွဲခေါ်သွားမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(837 MB) Quality….Webrip 720p Format…mp4 Duration….01:51:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

0 2004
The Door in the Floor
A Normal Family
7.3

A Normal Family (2024) ************************* IMDb… 7.3 Sky Castle , Penthouse တို့လို vibe မျိုးရစေမဲ့ Family, Thriller ရုံတင်ဇာတ်ကားသစ်ကြီးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ ၂၀၁၇ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ အမေရိကန်ရုပ်ရှင် The Dinner ကို remake ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး The Last Princess ၊ Forbidden Dream တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာ Hur Jin-ho က ရိုက်ကူးထားပြီး အားလုံးနဲ့မစိမ်းတဲ့ ဝါရင့်သရုပ်ဆောင်ကြီးများဖြစ်ကြတဲ့ Sul Kyung-Ku ၊ Jang Dong-Gun ၊ Kim Hee-Ae နဲ့ Claudia Kim တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအကျဉ်း – ယန်းဂျယ်ဝမ် (Sul Kyung-Ku) ကတော့ ကိုယ့်လောဘတစ်ဖို့စာသာ သိပြီး လူသတ်သမားတွေကို ရှေ့နေလိုက်ပေးဖို့လည်း တွန့်ဆုတ်‌မနေသူပါ။ ဂျီဆူး (Claudia Kim) နဲ့ လက်ထပ်ထားပြီး ဂျီဆူးနဲ့မယူခင် အရင်အိမ်ထောင်နဲ့ရတဲ့ သမီးလေးတစ်ယောက် ရှိပါတယ်။ ယန်းဂျယ်ဂယူ (Jang Dong-Keon) ကတော့ စည်းမျဉ်းစည်းကမ်းများကို အလေးထားတဲ့ ကလေးအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ယွန်း‌ဂယောင်း (Kim Hee-Ae) နဲ့ လက်ထပ်ပြီး သားလေးတစ်ယောက်ရှိပါတယ်။ တစ်ယောက်နဲ့တစ်‌ယောက် ခံယူချက်တွေ မတူညီကြပေမဲ့ အပြစ်အနာအဆာမရှိတဲ့ သာမန်မိသားစုလေးဖြစ်ခဲ့တဲ့ သူတို့လေးဦး… တစ်နေ့မှာ သားနဲ့သမီးဖြစ်သူတို့ ပြစ်မှုကျူးလွန်နေတဲ့ မြင်ကွင်းကို ရိုက်မိထားတဲ့ စီစီတီဗီကို အမှတ်မထင် မြင်သွားတဲ့အခါ… လေးယောက်ကြား အထင်အမြင်တွေ ကွဲလွဲပြီး အေးချမ်းနေခဲ့တဲ့ မိသားစုလေး စတင်လဲပြိုလာတဲ့အခါမှာတော့… ကိုယ့်သွေးသားကိုပဲ ကာကွယ်ပေးမလား.. လူ့ကျင့်ဝတ်ကိုပဲ လိုက်နာမလား… သူတို့လေးဦး ဘယ်လိုရွေးချယ်မှုတွေ လုပ်ကြမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ ဝါရင့်သမ္ဘာရင့် ထိပ်ထိပ်ကြဲသရုပ်ဆောင်ကြီးတွေ ဖြစ်တဲ့အလျောက် သရုပ်ဆောင်ချက်တွေကအစ မိမိုက်နေတာဖြစ်လို့ ကြည့်ရှုသင့်ပါကြောင်း…။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 1.16GB/ 480MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 49m Genre ….. Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo & Stary

Comedy • Romance
7.3 2024 116 mins
A Normal Family