YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Girl.on.the.Mountain.2022.1080p.WEBRip.x264-RARBG_new.mp4

1.66 GB N/A video/mp4 1070 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Reality
6.3

Reality (2023) ~ IMDb - 6.6/10, Rotten Tomatoes - 97% ~ ခရမ်းချဉ်သီးပုပ် 97% ရရှိထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတာကတော့ FBI အေးဂျင့်တွေ လက်တွေ့မှာ အဲဒီအမှုကိုစစ်မေးထားတဲ့ အသံဖမ်းစက်ထဲက စကားတွေအတိုင်း ဒိုင်ယာလော့တွေကို တစ်သဝေမတိမ်း သုံးထားတာပါပဲ။ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ Reality Winner နေရာကနေ သရုပ်ဆောင်ထားတာကတော့ Euphoria နဲ့ The White Lotus စီးရီးတွေမှာ အရေးပါတဲ့နေရာတွေကနေပါဝင်ထားတဲ့ Sydney Sweeney ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ဟာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆု ၂ နေရာအတွက် ဆန်ကာတင်စာရင်းဝင်ထားပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရထားတာကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 620MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
6.3 2023 83 mins
Reality
The Murderer
8

The Murderer (2023) နာမည်ကျော် ထိုင်းဟာသမင်းသားကြီး Phetthai Vongkumlao ပါဝင်ထားတဲ့ ဟာသကားအသစ်ထွက်လာပါပြီ။ မင်းသမီးကတော့ Bad Genius ထဲက ဂရေ့စ်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Eisaya Hosuwan ပါပဲ။ ဇာတ်လမ်းအကျဉ်း ထိုင်းနိုင်ငံတစ်နေရာက လယ်တောအိမ်လေးတစ်ခုထဲမှာ ၇ လောင်းပြိုင်လူသတ်မှုကြီး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအတွက် သံသယတရားခံကတော့ အဲလ်လို့ခေါ်တဲ့ ဗြိတိန်သားတစ်ယောက်ပါပဲ။ သူဟာ သေသွားတဲ့မိသားစုရဲ့ သမီး ဆိုင် နဲ့ လက်ထပ်ထားတာဖြစ်ပြီး ယောက္ခမတွေအိမ်မှာ ညလာအိပ်တဲ့ညမှာ ပြဿနာတွေရှုပ်ကုန်တာဖြစ်ပါတယ်။ အသတ်ခံရတဲ့ သူ ၇ ယောက်ကလည်း သေပုံသေနည်းတစ်မျိုးစီဖြစ်နေပြီး ဇာတ်လမ်းကိုယ်စီရှိနေပြန်ပါတယ်။ အသက်ရှင်ကျန်ခဲ့တဲ့ အဲလ် နဲ့ ဆိုင်၊ သူတို့ရဲ့ တူမလေး ဇွန် တို့ကို စခန်းမှူးက စစ်ဆေးရင်း သူတို့တစ်ယောက်တစ်ပေါက်ပြောပြတာတွေကနေ တရားခံအစစ်ကို ဘယ်လိုဖော်ထုတ်မလဲဆိုတာ ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။

Drama
8 2023 120 mins
The Murderer
Arctic
6.5

IMDb...7.2,,,,Rotten...89% ရေခဲပြင်ပတ်လည်ဝိုင်းနေတဲ့နေရာမှာ လူတစ်ယောက်ဟာရေခဲထဲကငါးတွေဖမ်းလိုက် အချက်ပြစက်ကိုလှည့်လိုက် ရေခဲတောထဲကနေ မြေသားတွေတူးထုတ်လိုက်နဲ့ အလုပ်ရှုပ်နေတယ် .... သူမြေကြီးတွေတူးပြီးရေးနေတာက SOS ဆိုတဲ့ ကယ်ဆယ်ရေးသင်္ကေတပါ.. .. တကယ်တော့ သူဟာ အာတိတ်ရဲ့ အအေးဆုံး ရာသီဥတုဒဏ်အဆိုးလို့ဆိုရမယ့်ရေ ခဲပြင်နေရာပေါ်ကို ရဟတ်ယာဉ်ပျက်ကျပြီးရောက်နေတဲ့သူတစ်ယောက်..... သူနေ့တိုင်းအချက်ပြစက်ကလေးကိုလှည့်တဲ့လုပ်ရပ်ကြောင့် တစ်ရက်တော့သူ့ ကိုကယ်ဖို့ရဟတ်ယာဉ်တစ်စီးရောက်လာတယ် .. ဒါပေမယ့် ရာသီဥတုကဆိုးရွားလွန်းလို့ သူ့အနားကိုရောက်အောင်မကပ်နိုင်ခဲ့တဲ့အပြင် အဲ့ဒီရဟတ်ယာဉ်ပါ ပျက်ကျသွားတယ် ..... ယာဉ်မောင်းသေဆုံးသွားပြီး  အသက်ရှင်ကျန်တဲ့အမျိုးသမီးကလည်း ဒဏ်ရာအပျင်းအထန်ရထားတယ်... သူ့အတွက် ရွေးချယ်စရာသိပ်မရှိပါဘူး...မြေပုံအကူအညီနဲ့ မြောက်ဖျားပိုင်းက အဆော်အဦးတစ်ခုဆီကို ဒဏ်ရာရအမျိုးသမီးနဲ့အတူသွားမလား... ဒီနေရာမှာပဲအသေခံမလား...ထပ်လာကယ်တဲ့သူရှိလေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ဆက်စောင့်နေမလား... သူတို့အသက်ရောရှင်နိုင်ကြပါ့မလား.... ကိုင်း သူတို့ဘာလုပ်မလဲခံစားကြည့်လိုက်ပါဦး....IMDbရော Rotten ရော အကောင်းဆုံးအနေအထားမှာရှိလို့ ကြည့်သင့်ပါကြောင်းသတင်းကောင်းပါးပါရစေ.......ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးသူက Cynthiaပါ... File Size : (832 MB) and (304 MB) Quality : HD-Rip 720p, Format…mp4 Duration…01:30:00 Genre : Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Cynthia Encoded by Phyo Pyae

Crime
6.5 2018 98 mins
Arctic
The Fury of a Patient Man
6.7

နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့ Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက် ၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့ လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိက တွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့ သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့ လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီ လူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲက ထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေ ပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2016 92 mins
The Fury of a Patient Man
Iron Mask
8

Iron Mask (2023) ဝူယောင်းဝူတို့ ဇာတ်ကားထဲက ရှေ့နေဂွမ်မင်ဝူးကို ကာရိုက်တာအသစ်တစ်မျိုးနဲ့ကြည့်ရှုရမယ့် Iron Mask (2023) ထွက်ရှိလာပါပြီ။ Kendo အားကစားလောကကို အခြေတည်ပြီး အစ်ကိုဖြစ်သူရဲ့ သေဆုံးမှုအတွက် လက်စားချေမယ့် ကောင်လေးတစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဖြစ်ပါတယ်။ နိုင်ငံ့လက်ရွေးစင် Kendo ကစားသမားဖြစ်လာဖို့ ယှဉ်ပြိုင်ခွင့်ရမယ့် Survival ပွဲစဉ်တစ်ခုကို ဂင်ဂျယ်ဝူ ရောက်ရှိလာခဲ့တာဟာ သဘောရိုးနဲ့မဟုတ်ဘဲ အစ်ကိုဖြစ်သူရဲ့သေဆုံးမှုအတွက် ဟွမ်ထယ်ဆူဆိုတဲ့ ကစားသမားကို လက်စားချေဖို့ပါ။ ဒါပေမဲ့ သူ့ရဲ့စိတ်ခံစားချက်တွေကို မထိန်းချုပ်နိုင်ဘဲ တဖြည်းဖြည်း သူ့ရဲ့အရည်အချင်းတွေပါ ကျဆင်းလာခဲ့တဲ့အခါမှာတော့ ဂျယ်ဝူတစ်ယောက် အဲဒီအခြေအနေကို ကျော်ဖြတ်ပြီး လက်စားချေသွားနိုင်ပါ့မလား ဒါမှမဟုတ် သူ့ဘဝကြီးကပဲ ရေစုန်မြောသွားမလား ဆိုတာကိုတော့ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Hmwe က ရေးးသားထားပြီးးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Fantasy Quality…. 1080p | 720p File size… 890MB | 348MB Format… mp4 Duration…. 1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

8 2023 100 mins
Iron Mask
Peace in the Valley

အက်ရှလေနဲ့ ဂျွန်တို့ဟာ သားလေးဖြစ်သူ ဂျက်ဆီနဲ့အတူနေကြပြီး ပျော်ရွှင်တဲ့မိသားစုလေးပါ။ တစ်နေ့မှာ မိသားစုလိုက် ဈေးဝယ်သွားကြရင်း ကုန်တိုက်ကို ဓားပြတိုက်တာနဲ့တိုးသွားခဲ့ပြီး ခင်ပွန်းဖြစ်သူ ဂျွန်တစ်ယောက်လည်း ‌ေ-သနတ်မှန်ကာ ဆုံးပါးသွားခဲ့ပါတယ်။ ကုန်တိုက်မှာရှိနေတဲ့လူတွေကို ကယ်တင်နိုင်ခဲ့လို့ လူစွမ်းကောင်းတစ်ယောက်အနေနဲ့ သတ်မှတ်ခဲ့ကြပေမဲ့ ကျန်ရစ်ခဲ့တဲ့ ဇနီးသည် အက်ရှလေနဲ့ သားဖြစ်သူ ဂျက်ဆီတို့ဖြတ်ကျော်ရတဲ့နေ့ရက်တွေကတော့ မလွယ်ကူခဲ့ပါဘူး။ ခင်ပွန်းဖြစ်သူဆုံးပါးသွားပြီးနောက်ပိုင်း အက်ရှ‌လေတစ်‌ယောက် သားလေး ဂျက်ဆီကို ဘယ်လိုဆက်ပျိုးထောင်သွားမလဲ၊ သူကိုယ်တိုင်ရော ရှေ့ဆက်နိုင်ပါ့မလား၊ ရှင်ကျန်သူတို့ရဲ့ အပြစ်စိတ်ကိုရော ဘယ်လို ကျော်လွှားဖို့ ကြိုးစားရမလဲဆိုတာကို ဆက်လက် ခံစားကြည့်ရှုလိုက်ကြပါဦးဗျ။ File size…(1.2 GB)/(638 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMTT

0 2022
Peace in the Valley
City of Wind
6.7

ဒီတစ်ခါတော့ထူးထူးခြားခြားလေးဖြစ်သွားအောင် မွန်ဂိုးလီးယား ရုပ်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ မွန်ဂိုးလီးယားဆိုတာနတ်တွေ ဘိုးဘေးဝိညာဉ်တွေကိုအယုံ အကြည်ရှိကြတဲ့နိုင်ငံတစ်ခုဖြစ်ပြီး နတ်ဝင်သည်တွေဆိုတာလည်း နေရာတော်တော်များများမှာရှိပါတယ်။ အခုတင်ဆက်ပေးမဲ့ IMDb Rating 6.7 အထိရရှိထားတဲ့ Ser Ser Salhi (City Of Wind) လို့ခေါ်တဲ့ဇာတ်ကားလေးထဲမှာလည်း ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးတစ်ယောက်နဲ့သူ့ရဲ့စိတ်ဝင်စားစရာ ကောင်းတဲ့ ဘ၀ဇာတ်ကြောင်းကိုရိုက်ကူးတင်ဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ ဇဲလို့ခေါ်တဲ့အသက် ၁၇ နှစ်အရွယ်နတ်ဝင်သည်လေးက အဖိုးဝိညာဉ်လို့ ခေါ်တဲ့ ဝိညာဉ်ကိုအကူအညီတောင်းလာတဲ့အခါမှာဆင့်ခေါ်ပေးရတာ ဖြစ်ပြီး သူ့မိသားစုအပြင်အိမ်နီးနားချင်းတွေတော်တော်များများက အဲ့လိုအရာတွေကိုယုံကြည်ကြပါတယ်။ တခြားအချိန်တွေမှာတော့ ဇဲကသာမန်ကျောင်းသားတစ်ယောက်ဖြစ်ပြီး သူ့ရဲ့ နတ်ဝင်သည်အလုပ်ကြောင့် ကျောင်းမှာစနောက်ခြင်းကိုအမြဲ ခံနေရပါတယ်။ တစ်နေ့မှာတော့ ဇဲရဲ့ကမ္ဘာကြီးကို ပြောင်းလဲသွားစေမဲ့လူတစ်ယောက်နဲ့ တွေ့ဆုံခဲ့ရပါတော့တယ်။အဲ့ဒါကတော့မာရာလာလို့ခေါ်တဲ့ကောင်မလေး တစ်ယောက်ဖြစ်ပြီး ဆယ်ကျော်သက်အရွယ်လူငယ်တွေဆိုတော့ မကြာခင်မှာပဲ အိုးချင်းထားအိုးချင်းထိ ကြိုးချင်းထားကြိုးချင်းငြိသွားကြ ပါတော့တယ်။ဒါပေမယ့်မာရာလာနဲ့တွေ့ပြီးကတည်းကဇဲရဲ့နတ်ခေါ်တဲ့ အာရုံတွေက အရင်လိုမကောင်းတော့ပဲအားနည်းနေခဲ့ပါတော့တယ်။ တစ်ဖက်မှာ ကြည့်ပြန်ရင်ကျတော့လည်း သူ့ဘ၀ကအရင်နဲ့လုံး၀ မတူအောင် ပျော်စရာကောင်းလို့နေခဲ့ပါတယ်။ ဒီလိုနဲ့ သူတို့လူငယ်လေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းနဲ့ ဇဲရဲ့ စိတ်ဝင်စားစရာဘ၀အကြောင်းအပြင် မွန်ဂိုးလီးယားရိုးရာတွေကိုပါ တွေ့ရမှာဖြစ်လို့ စိတ်ဝင်စားစရာကောင်းတဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.99GB / 809MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2023 104 mins
City of Wind
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
The Ceremony Is About to Begin
5

ဒီကားကတော့ ဒါရိုက်တာ Sean Nichols Lynch ရိုက်ကူးထားပြီး Chad Westbrook Hinds, John Laird, Raul Delarosa တို့က အဓိကပါဝင် သရုပ်ဆောင်ထားတဲ့ Psychological Thriller အမျိုးအစားဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ ရှေးဟောင်းအီဂျစ်လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို အခြေခံထားတဲ့ ကိုးကွယ်မှုအသစ်ကို ယုံကြည်သက်ဝင်သူတွေဆီ သွားပြီးတော့ မှတ်တမ်းဗီဒီယို ရိုက်ကူးမယ့် Youtuber တစ်ဦးအကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ကိဒ်ဆိုတဲ့ Youtuber တစ်ယောက်က လက်ထပ်ပြီးတာတောင် မမေ့နိုင်သေးတဲ့ ရည်းစားဟောင်းဆီကနေ အီးမေးလ်တစ်စောင်ရခဲ့ပါတယ်။ ဒါပေမယ့် စာကိုရပြီးနောက်မှာတော့ ရုတ်တရက်အဆက်အသွယ် ပြတ်သွားခဲ့ပါတယ်။ သူမက သူ့ကိုပစ်သွားခဲ့ပြီးတော့ ရှေးဟောင်း အီဂျစ်သက်ဝင်ယုံကြည်တဲ့အဖွဲ့ထဲကို ဝင်သွားခဲ့တဲ့သူပါ။ သူမရဲ့စာထဲမှာ‌ အနူးဘစ်လို့ခေါ်တဲ့လူအကြောင်းရေးထားခဲ့ပြီးတော့ ကိဒ်ကကောင်မလေးအန္တရာယ်ကြုံနေပြီလို့ ထင်နေတဲ့အပြင် အနူးဘစ်ကိုပါ သံသယဝင်နေခဲ့ပါတယ်။ အဲဒီနောက်မှာ အနူးဘစ်ဆီကနေ သူတို့အဖွဲ့နေထိုင်ရာဆီကို မှတ်တမ်း လာရိုက်ဖို့ ဖိတ်ခေါ်စာရောက်လာတဲ့အချိန်မှာတော့ ရည်းစားဦးကို မမေ့နိုင်သေးတဲ့ကိဒ်တစ်ယောက် ကောင်မလေးအတွက်စွန့်စားပြီး သွားရောက်ရိုက်ကူးဖို့ ဖြစ်လာပါတယ်။ အီဂျစ်ယဉ်ကျေးမှုတွေကို ကိုးကွယ်နေတဲ့ဒီအဖွဲ့မှာ ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေ ရှိနေတာများလဲ….. လူတွေပျောက်သွားတာရော ဘာကြောင့်ဖြစ်နေမလဲ…. ဒါတွေကိုအဖြေရှာရမယ့်အပြင် ဒဏ္ဍာရီလာမမ်မီတွေနဲ့ ပတ်သက်တာတွေလည်း ထည့်သွင်းရိုက်ကူးထားလို့ ထိတ်လန့် ခြောက်ခြားဖွယ်ရာကြည့်ရှုရမှာပါ။ File size… (1.43 GB) / (735 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 10m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

Drama • Action • Thriller • Science Fiction
5 2024 70 mins
The Ceremony Is About to Begin
iPossessed
5

iPossessed (2025) ကိစ္စတွေအကုန်လုံးက စစ်မှုထမ်းဟောင်းဖြစ်ပြီး အိမ်ကို ပြန်ရောက်လာခဲ့တဲ့ တက်ဒ်ဗိုလို ကို ဂုဏ်ပြုပွဲ ကျင်းပပေးရာက စပါတယ်။ တက်ဒ်ရဲ့ ညီမဖြစ်သူ ဇိုဝီ ကို ဝင်ပူးရာကနေ မနက် ၆နာရီထိ အိမ်ထဲက ထွက်မသွားဖို့ မကောင်းဆိုးဝါး နဲ့ အပေးအယူလုပ်ခဲ့ရပါတယ်။ ၆နာရီထိ တက်ဒ်၊ ဇိုဝီ၊ တက်ဒ်ရဲ့ ရည်းစားဖြစ်တဲ့ ဒန်နီ ၊ ဒန်နီရဲ့အမ တာရာနဲ့ သူငယ်ချင်းဖြစ်တဲ့ ဘက်ကလီတို့ ၅ယောက် တညလုံး ဘယ်လိုတောင့်ခံပြီး ဘယ်လိုဖြတ်သန်းရမလဲ ဆိုတာ မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ တက်ဒ် ရဲ့ အိမ်ကကော ဘယ်လိုကြောင့် ဒီလို ခြောက်လှန့်မှုတွေခံနေရတာလဲဆိုတာကို ဇာတ်ကားအဆုံးမှာ မြင်တွေ့သွားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Eaint Phu Khin ဖြစ်ပါတယ်။) File size… (1.3 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Horror, Thriller Duration…. 01:45:53 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Eaint Phu Khin

5 2025 104 mins
iPossessed
Thunderbolts*
7.7

Thunderbolts* (2025) IMDb Rating (7.7) / Rotten Tomatoes (88 %) (4K WEB-DL ကြည်တောက် Update ) ဒါရိုက်တာ Jake Schreier ဖြစ်ပြီး Beef စီးရီးတို့ Paper Town, Skeleton Crew တို့ရဲ့ ဖန်တီးရှင်ပီပီ ဒရာမာရော ဟာသရော အက်ရှင်ရော ကောင်းကောင်းပိုင်ပိုင်နိုင်နိုင်ရိုက်ကူးထားပါတယ်။ မင်းသားမင်းသမီးတွေကလည်း လူဟောင်းတွေချည်းပဲမို့ ဇာတ်ကောင်အသားကျပြီးသားဖြစ်ပြီး ကွက်တိသရုပ်ဆောင်နိုင်ကြပါတယ်။ ဘော့ နေရာမှာသရုပ်ဆောင်တဲ့ Lewis Pullman ကလည်း Top Gun မှာကတည်းက ဘော့နေရာမှာ ပါထားတဲ့သူဖြစ်ပြီး ဒီကားမှာလည်း အလားအလာအများကြီး ပြသွားပါပြီ။ အညွှန်း မာဗယ်ရုပ်ရှင်ရဲ့ ၃၆ ကားမြောက် ရုပ်ရှင်ဖြစ်ပြီး အဆင့်-၅ ရုပ်ရှင်တွေရဲ့ နောက်ဆုံးရုပ်ရှင်ဖြစ်ပါတယ်။ မာဗယ်ရုပ်ရှင်တွေထဲမှာ ကောင်းတယ်လို့ ပြောရတဲ့ အဆင့်ထဲကိုတော့ ရောက်တဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ Winter Soldier တို့ Iron Man တို့ကို မမီပေမဲ့ The Marvels တို့ Antman 3 တို့လောက်တော့ မညံ့ပါဘူး။ ဇာတ်လမ်းအနေနဲ့တော့ အိမ်ဖြည့် မိတ်ဆက်သဘောမျိုးရယ် မျိုးဆက်သစ်စုတဲ့သဘောမျိုးရယ်မို့ အရမ်းမဆန်းသလို၊ နောင်တတွေနဲ့ လူမိုက်ကြီးတွေ ပြန်အဖက်ဆယ်တာတို့၊ အလင်းစိတ် အမှောင်စိတ် လွန်ဆွဲတဲ့ စိတ်ထဲက တိုက်ပွဲတို့ကတော့ မဲပြာပုဆိုးဖြစ်ပါသေးတယ်။ သို့ပေမဲ့ အတင်းလုပ်ယူထားတဲ့ ဟာသတွေမပါဘဲ သဘာဝကျကျလေး ဇာတ်လမ်းဆင်ထားတာရယ်၊ နောက်လာမဲ့ ဇာတ်လမ်းတွေနဲ့အချိတ်အဆက်မိတာရယ်ကြောင့် ရုပ်ရှင်ကောင်းစာရင်းတော့ ဝင်သွားပါပြီ။ ဇာတ်လမ်းအကျဉ်း စီအိုင်အေ ညွှန်ချုပ် ဗယ်လန်တီနာဟာ စွမ်းအားရှင် စီမံကိန်းအသစ်တစ်ခုကို စမ်းသပ်နေရာကနေ တရားမဝင် လူသားတွေနဲ့ စမ်းသပ်တာတွေ လူသေမှုတွေကြောင့် ပိတ်ချလိုက်ရပါတယ်။ ဒါကို အစိုးရကလည်း စစ်ဆေးလာချိန်မှာတော့ သဲလွန်စအကုန် ဖျောက်ပစ်ဖို့ သူ့ရဲ့ ဘလက်အေးဂျင့်တွေဖြစ်တယ် ယယ်လီနာတို့ ဂို့စ်တို့ ဆွဲခန့် ကပ္ပတိန်အမေရိက ဝေါ်ကာတို့ကို တာဝန်ပေးပါတော့တယ်။ ဒါပေမဲ့ အဲဒီတာဝန်တွေကနေ သူဖျက်သိမ်းလိုက်တဲ့ စီမံကိန်းရဲ့ နောက်ဆက်တွဲတွေရှုပ်လာပြီး လူသားတွေအတွက် အန္တရာယ် ဖြစ်လာပါတော့တယ်။ ဒါကိုတားဆီးဖို့နဲ့ ဗယ်လန်တီနာကို ဖမ်းနိုင်ဖို့ သင်းကွဲလူမိုက်တွေ စုပေါင်းပြီး အဖွဲ့တစ်ဖွဲ့ ဖြစ်လာပါတော့တယ်။

7.7 2025 127 mins
Thunderbolts*
The Gingerbread Man

IMDb – 5.7/10 RT – 60% ဇ ာတ်လမ်းအကျဉ်းကို ပြောပြရရင် အောင်မြင်နေတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ရစ်ခ် မက်ဂရူဒါ (Kenneth Branagh) ဟာ ဇနီးသည် လီယန် (Famke Janssen)နဲ့ ကွာရှင်းထားရသလို လုပ်ဖော်ကိုင်ဖက်တွေနဲ့ပါမကျန် ဇာတ်ရှုပ်ချင်သူဖြစ်ပါတယ်။ တစ်ညမှာတော့ စားပွဲထိုးမလေး မယ်လိုရီ (Embeth Davidtz) ကို အိမ်ပြန်လိုက်ပို့ပေးရင်း ငြိသွားကြပါတယ်။ နောက်ပိုင်းမှာတော့ မယ်လိုရီကို သူမရဲ့အဖေ ဒစ်ဆင် (Robert Duvall)က လိုက်နှောက်ယှက်ပြီး စိတ်ဒုက္ခပေးနေတာကို သိရတော့ ဒစ်ဆင်ကို စိတ်ကျန်းမာရေးဆေးရုံရောက်အောင် သူတတ်နိုင်တဲ့နည်းနဲ့ လုပ်လိုက်ပါတယ်။ ဒါပေမယ့် ခေသူမဟုတ်တဲ့ ဒစ်ဆင်ကလည်း ဆေးရုံကနေ ထွက်ပြေးလာပြီး ရစ်ခ်နဲ့ သူနဲ့ပတ်သတ်သူတွေကို အန္တရာယ်ပြုပါတော့တယ်။ သူခေတ်သူ့အခါက နာမည်ကျော် သရုပ်ဆောင်တွေ ဖြစ်တဲ့ ဆာဘွဲ့ရ Kenneth Branagh ၊ စနိုက်ပါ မင်းသားကြီး Tom Berenger ၊ Daryl Hannah ၊ Embeth Davidtz ၊ Robert Duvall တို့အပြင် MCU ရဲ့ သခင်ကြီး RDJ ရဲ့ ငယ်နုစဉ်က သရုပ်ဆောင်ပုံတွေကိုပါ ရှုစားရမှာပါ။ အဖော်အချွတ်အချို့ပါလို့ R-rated ပါ။ ဇာတ်ညွှန်း‌ရေးသားသူ John Grisham နဲ့ Clyde Hayes ဖြစ်ပြီး ဒါရိုက်တာ Robert Altman ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူ Thompson ဖြစ်ပါတယ်။ File size…(2.8 GB)/(1.5 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

TV Movie • Drama • Thriller
0 1998
The Gingerbread Man
Rainbow High: Rainbow World Movie
6.8

Rainbow World(2024) ဟာဆိုရင် နာမည်ကြီး youtube cartoon series ဖြစ်တဲ့ rainbow high seriesရဲ့ spin off version ပဲဖြစ်ပါတယ်။ Rainbow Highရဲ့ ဇာတ်လိုက်(Bella, Ruby, Poppy, Sunny, Jade, Skyler, Violet, Amaya) တိုက တစ်နေ့မှာတော့ Rainbow Worldဆိုတဲ့ သက်တံ့တွေနဲ့ပြည့်နေတဲ့မှော်ကမ္ဘာတစ်ခုထဲကိုရောက်သွားပါတယ်။ နောက်တော့သူတိုက Miss Morton နဲ့တွေ့ပြီး ဒီ Rainbow Worldထဲက ယုံကြည်မှုပျောက်ဆုံးနေတဲ့သူတွေကို ပြန်လည်ပျော်ရွှင်နိုင်အောင် ကူညီပေးကြရမယ့် Shimmerတွေဖြစ်လာပါတော့တယ်။ သူတိုတွေ Shimmerဖြစ်လာဖို လေ့ကျင့်တဲ့နေရာမှာရော ဘာအခက်အခဲတွေတွေ့ရမလဲ… ကူညီတဲ့မစ်ရှင်မှာ ဘာတွေကြုံလာရမလဲဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ သူငယ်ချင်းသံယောဇဥ်ကိုအလေးပေးတဲ့ ​animation လေးတွေနဲ့အတူ musical ဆန်ဆန်တွေ့မြင်ရမှာမို Rainbow High ရဲ့ ပရိတ်သက်တွေအနေနဲ့ သေချာပေါက်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File Size… (2.43 GB) / (1.18 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….. Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Shiki

6.8 2025 92 mins
Rainbow High: Rainbow World Movie
Like Father, Like Son
7.7

Like Father, Like Son (2013) ****************************** ဒီဇာတ်ကားလေးကတော့ မင်းသားကြီး Masaharu Fukuyama ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဇာတ်ကားလေးဖြစ်ပါတယ်။ ရိုတ (Masaharu Fukuyama) အလုပ်အကိုင်ကောင်းကောင်းရယ် ဇနီးချောလေးအပြင် သားလေးတစ်ယောက်ပါ ပိုင်ဆိုင်ထားပါတယ်။ သူ့သားကို သူ့ခြေရာနင်းစေချင်ပြီး အမြဲစည်းကမ်းတကျထားတဲ့ ရိုတကို .. တစ်နေ့မှာတော့ သူ့သားက ကလေးချင်း လဲခံထားရတယ်ဆိုတာကို ဆေးရုံကနေ အကြောင်းကြားလာပါတော့တယ်။ ၆နှစ်တာလုံးလုံး သူ့သားအရင်းအနေနဲ့ ပြုစုစောင့်ရှောက်ခဲ့တဲ့ကလေးဟာ သူ့သွေးသားမဟုတ်မှန်း သိလာတဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။ သားအရင်းရယ် သားအရင်းကို မွေးစားထားတဲ့ မိသားစုရယ်နဲ့ပါ တွေ့ဆုံဆွေးနွေးပြီး နေရာမှန် ပြန်ဖြစ်အောင် ကလေးချင်းပြန်လဲဖို့ လိုလာတဲ့အခါမှာတော့ ဘာကိုရွေးချယ်ကြမလဲ…ဆိုတာကို ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ rating ကလည်း ကောင်းတာမိုလို့ တစ်ခါလောက်တော့ ကြည့်ကြည့်ဖို့ cm ပရိသတ်ကြီးကို တိုက်တွန်းလိုက်ပါတယ်နော် .. ။ (အညွှန်းကို Ji yeon မှ ရေးသားထားပါတယ်) File size…1.75GB / 939MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Life, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Ji yeon Encoded by AHtet

Romance
7.7 2013 120 mins
Like Father, Like Son