YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

the.gilded.age.s02e04.1080p.(CM).mp4

921.02 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
(18+) The Scarlet Letter
6.6

ဒီဇာတ်ကားရဲ့နာမည်ကို The Scarlet Letter ဆိုတဲ့စာအုပ်ကို အစွဲပြုပြီး ​ပေးထားတာဆို​ပေမယ့် ဇာတ်လမ်းနဲ့ အလိုက်ဖက်ဆုံးနာမည်ကို ​စဉ်းစားရရင် "အချစ်​ကြောင့် ပျက်သုဉ်းရသူများ"လို့ ကင်ပွန်းတပ်ရင် မှားမယ်မထင်ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ထွက်ခဲ့တဲ့ Mystery Drama ရုပ်ရှင်ဖြစ်ပြီး တစ်​ခေတ်တစ်ခါက အ​တော်​ရေပန်းစားခဲ့တဲ့ ကိုရီးယားရုပ်ရှင်ပါ၊ IMDb 6.4အထိရရှိထားပြီး ဇာတ်လမ်းသွားနဲ့ plot twist​တွေက အ​တော်​လေးမိုက်ပါတယ်၊ အ​​​ဖော်အပြလည်း ကြမ်းသလို ​သွေးသံရဲရဲ​တွေလည်း ပါဝင်လို့ 18+လို့ ​ပြောလို့ရပါတယ်။ မထင်ထားတဲ့plot twistအဆန်း​​တွေကြိုက်ရင် ဒီဇာတ်ကားကို ​သေချာ​ပေါက် ညွှန်းလို့ရပါတယ်။ သရုပ်​ဆောင်​​တွေအ​​နေနဲ့ အားလုံးရင်းနှီးပြီးသား Dr. Romantic ထဲက မင်းသားကြီး Han Suk Kyu နဲ့ တချိန်က နာမည်ကြီးခဲ့တဲ့ မင်းသမီး Lee Eun Juတို့ အဓိကပါဝင်ထားသလို ဒီဘက်​ခေတ် ဒရာမာ​တွေမှာ မကြာခဏတွေ့​နေကျ မင်းသား၊မင်းသမီးကြီး​တွေ ပါဝင်ထားပါ​သေးတယ်၊ ဒီဇာတ်ကားက မင်းသမီးLee Eun Juရဲ့ ​နောက်ဆုံးဇာတ်ကား ဖြစ်ပြီး ​အညွန့်တလူလူနဲ့ ​ အောင်မြင်ကာစ ၂၄နှစ်အရွယ်မှာပဲ Suicide caseနဲ့ ဆုံးပါးသွားခဲ့ပါတယ်။ ဇာတ်လမ်းအစကို ဓါတ်ပုံတိုက်ပုံရှင်အသတ်ခံရမှုနဲ့ စဖွင့်ထားပြီး စုံ​ထောက်အီဂီဟွန်းက ဒီအမှုကို ဦး​​ဆောင် စုံစမ်းစစ်​​​ဆေးရသူပါ၊ ​​သေဆုံးသူမှာ ဇနီးတစ်​ယောက်ကျန်ခဲ့ပြီး အသက်အာမခံ​ကြေးက ဝမ်သန်း၆၀၀​​အထိဖြစ်​နေလို့ ဇနီးသည်ကို သံသယတရားခံအ​ဖြစ် သတ်မှတ်ထားခဲ့ကြတာပါ၊ စုံ​ထောက်အီဂီဟွန်းကလည်း လူမှု​ရေး ​ဖောက်ပြန်နေသူဖြစ်ပြီး ကိုယ်ဝန်သည်ဇနီးရှိရဲ့သားနဲ့ တခြားသူနဲ့ ​နောက်မီးလင်း​နေခဲ့တာပါ၊ ဆိုးတာက ဇနီးဖြစ်သူနဲ့ ​မယားငယ်က အထက်တန်း​ကျောင်း သူငယ်ချင်း​တွေ ဖြစ်​နေတာပါ။ မိန်းမဖြစ်သူမှာလည်း လျှို့ဝှက်ချက်​တွေရှိ​နေပြီး အီဂီဟွန်းမသိဘဲ ကိုယ်ဝန်ဖျက်ချဖူးတဲ့သူပါ၊ ဒီလိုနဲ့ တစ်​နေ့မှာ အ​​မြှောင်မယားကပါ ကိုယ်ဝန်ရှိလာတဲ့​နောက် အီဂီဟွန်းအ​နေနဲ့ သူငယ်ချင်းနှစ်​ယောက်၊ မယားကြီးနဲ့မယားငယ်ကြား ၂​ယောက်စလုံးကိုချစ်၊ ၂​ယောက်လုံး ကလည်း ပြန်ချစ်တဲ့ကိန်း ဆိုက်လာသလို တစ်ဖက်က လူသတ်မှုကလည်း လွယ်မ​ယောင်နဲ့ခက်၊ တိမ်မ​ယောင်နဲ့နက်​နေတဲ့အခါ.... အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Mystery, Thriller Quality….1080p | 720p| 480p File size…2.1GB | 901MB | 281MB Format…mp4 Duration….1h 55min Subtitle….Myanmar Subtitle (Hardsub) Translator .....JimX Encoder .....Blank

Drama • Thriller
6.6 2004 115 mins
(18+) The Scarlet Letter
Wolfwalkers
8.3

IMDb..8.3 Wolfwalkers ဇာတ်ကားလေးက စိတ်ကူးယဉ် စွန့်စားခန်း animation ရုပ်ရှင်လေးပဲ ဖြစ်ပါတယ် လူသားနဲ့ ဝံပုလွေကြားမှာတဲ့ တင်းမာတဲ့ ဆက်ဆံရေးတွေ ၊ မိန်းကလေးငယ်ငယ်လေး နှစ်ယောက်ရဲ့ ခိုင်မာတဲ့ သံယောဇဉ် အကြောင်းလေး နဲ့ မိဘနဲ့ သားသမီး ကြားမှာရှိတဲ့ ချစ်ခြင်း မေတ္တာတို့ကို တစ်ခန်းနဲ့ တစ်ခန်း မရိုးသွားအောင် ရိုက်ပြထားတဲ့ Drama ဆန်ဆန်ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အေဒီ နှောင်းပိုင်းကာလမှာ လူသားတွေက ဝံပုလွေကို အရမ်း မုန်းတီးနေကြပါတယ်။ မိန်းကလေးဆိုရင် အိမ်မှူ ကိစ္စပဲ လုပ်ရမယ်ဆိုတဲ့ ခေတ်ကြီးမှာ ရောဘင်လို့ ခေါ်တဲ့ ကလေးမလေးက သူ့အဖေနဲ့ အတူ ဝံပုလွေေတွေကို လိုက်သတ်ချင်တယ်။ အဲ့ဒါနဲ့ တစ်နေ့မှာ အဖေ့နောက် ခိုးလိုက်ရင်း တောထဲမှာ သူနဲ့အသက်သိပ်မကွာတဲ့ မေ့ဆိုတဲ့ ဝံပုလွေစောင့်ရှောက်သူနဲ့ ခင်သွားတယ်။ တစ်တိုင်းပြည်လုံးက ဝံပုလွေတွေကို မုန်းတီးနေတာကြောင့် အန္တရာယ်ကင်းအောင် ထွက်သွားဖို့မေ့ကပြောပါတယ်... အဲ့ဒီနောက် ရောဘင် လေးဟာ မမျှော်လင့်ဘဲသိလိုက်ရတာက မေ့ရဲ့အမေဟာ ပြန်မလာတော့ဘဲ ထူးဆန်းစွာနဲ့ပျောက်ဆုံးသွားပါတယ်... မနေနိုင်လွန်းတဲ့ ရောဘင်ဟာ မေ့ရဲ့ အမေကို ပြန်ရှာပေးဖို့ ကတိပေးလိုက်တယ်။  အဲ့ဒီနောက်တော့ ဘာတွေဆက်ြဖစ်မလဲဆိုတာကိုတော့.....ဇာတ်လမ်းကောင်းကောင်းနဲ့ စွန့်စားခန်း  Animation ကားတွေကိုမှသဘောကျတဲ့သူတွေအတွက် လက်မလွှတ်သင့်ပါကြောင်း... ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Theint Theint ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:43:00 Genre :  Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Encoded by Phyo Pyae

Romance
8.3 2020 103 mins
Wolfwalkers
Jolt
6.6

ဒီနေ့အတွက် Action အလန်းစားလေးတင်ပေးချင်ပါတယ်၊ မင်းသမီးကတော့ Underworld မှာ အသေအလဲကြမ်းခဲ့တဲ့ အားလုံးသိတဲ့ Kate Beckinsale က လင်ဒီအဖြစ် အဓိကပါဝင်သရုပ်ဆောင်ပြီး . ဒီကားမှာလည်း အပြတ်အသတ်ကြမ်း ပြထားပါတယ်။ လင်ဒီဆိုတဲ့ကောင်မလေးဟာ မွေးရာပါရောဂါတစ်ခုကြောင့် လူတစ်ယောက်မဟုတ်တာလုပ်တာနဲ့ လုံးဝသည်းမခံနိုင်ဘဲ ကောက်ကာငင်ကာဒေါသထွက်ပြီး ဇိုးခနဲဇက်ခနဲထလုပ်တတ်တဲ့ကောင်မလေးပါ။ လူကိုယ်တိုင်ကလည်း အရမ်းသန်ပြီး သူ့ဒေါသကြောင့် လူသတ်တဲ့အထိဖြစ်သွားနိုင်တာမို့ သူ့ကိုယ်သူကျဥ်စက်နဲ့တို့ပြီး ဒေါသ ထိန်းရရှာပါတယ်။ ဘယ်လိုတောင်ဒေါသကြီးလဲဆို ဂျင်းဘောင်းဘီနဲ့ခြေညှပ်ဖိနပ်တွဲဝတ်တဲ့လူ၊ ပါးစပ်ထဲအစာပလုတ်ပလောင်းနဲ့စကားပြောတဲ့လူ အဲလိုလူတွေမြင်ရင်တောင် ဒေါသထွက်လာလို့ လူ့အသိုင်းအဝိုင်းနဲ့ကင်းအောင်နေပါတယ်တဲ့။ ပြီး​​တော့ လင်ဒီစရိုက်​ကြောင့် ကောင်​လေး​တော်​တော်များများကကြောက်ရွံ့ပြီး မချဥ်းကပ်ရဲကြတော့ အချစ်​ရေးမှာလည်း အနုတ်ပြ​ပြီး သူ့အတွက် ဘယ်အရာမှ အဆင်ပြေမ​နေခဲ့တာပါ။ ဒါပေမယ့်တစ်နေ့ လင်ဒီ့လိုကောင်မလေးမျိုးကိုမှ စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ ကောင်လေးမျိုးနဲ့ဆုံပါတယ်။ အဲ့​ကောင်​လေးက လင်ဒီ့ကို တော်​တော်​​လေးချစ်ပေးရှာပါတယ် အဲ့​တော့ လင်ဒီတစ်​ယောက်  သူ့ဘ၀​လေးအဆင်​ပြေလာပြီဆိုပြီး ပျော်ရွှင်​နေတုန်းမှာ ကောင်​လေးက ရက်ရက်စက်စက်ကို အသတ်ခံလိုက်ရပါ​တော့တယ်။ ဇာတ်လမ်းကလည်း အခုမှစတာပါ  လင်ဒီတစ်​ယောက် လူသတ်သမားကို ခြေရာခံလိုက်ရင်း မ​​မျှော်လင့်ထားတဲ့ဖြစ်ရပ်​တွေ ရက်စက်မှု​တွေနဲ့ ကြုံလာရ​တော့ ဒါ​တွေကို သူဘယ်လိုရင်ဆိုင်မလဲ၊ လူသတ်သမားက ဘယ်သူလဲ၊ ဘာလို့သူ့​ကောင်​လေးကိုသတ်သွားရတာလဲ စတဲ့​မေးခွန်း​ပေါင်းများစွာကို လင်ဒီနဲ့အတူ အ​ဖြေရှာရင်း အတူပါဝင်စီး​မြောခံစားသွားရမှာပါ။ အကြမ်းလွန်​နေတဲ့ action scene တွေပါတာမို့ အသည်းငယ်တတ်ရင် ကြိုတင်ပြင်ဆင်ပြီးမှကြည့်​ပါလို့ပြောချင်ပါတယ်။ ဒီကားကိုကြည့်ရတာ အတန်ဆုံးအချက်က မင်းသမီးရဲ့ ချော​မောလှပမှုတွေကို မျက်စိအစာ​ကြွေးရတာပါပဲ . အဲ့တော့ CM ပရိသတ်ကြီး သ​​ဘောကျမယ်လို့ မျှော်လင့်မိ ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို MTA  မှ ရေးသားပေးပြီး၊ CM Translate Team မှ ဘာသာပြန်ရေးသားပေးထားပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 31min Subtitle – Myanmar Hardsub Format – Mp4 Genre : Action, Comedy Source : 1080p.WebDL Translator – MTA, Shwe Pyae, Thet Hnin Su, Amelia Encoder – Nyein Saeya Aung, SWM

Comedy • Crime • Drama
6.6 2021 91 mins
Jolt
The Laundromat
6

၂၀၁၆လောက်တုန်းကလို့ထင်တယ် ပနားမားစာတမ်းဆိုပြီး စာရင်းရှင်းတမ်းတွေထွက်ပေါ်လာခဲ့ပါသေးတယ် မြန်မာတောင်မှပါပါသေးတယ်။ ဒီကားကပနားမားစာတမ်းထဲကအကြောင်းအရာတစ်ချို့ကို ရိုက်ပြထားတာပါ။ စီးပွားရေးပိုင်းဆိုင်ရာတွေ တရားဥပဒေပိုင်းဆိုင်ရာတွေ ငွေကြေးခဝါချတာတွေ ငွေဖြုငွေမည်းကိစ္စတွေ များစွာပါဝင်နေပါတယ်။ ချမ်းသာတဲ့သူတွေ သူတို့ရဲ့ပိုင်ဆိုင်မှုစာရင်းဇယားတွေကိုသာအမှန်တိုင်းပြထားမယ်ဆိုရင် တကယ်တမ်းပေးရမဲ့အခွန်တွေကမနည်းမနောပဲလေ ။ဒါကိုသူတို့ကိုတိမ်းရှောင်ချင်ကြတယ်။ ၏ဒီတော့ ဒီလိုတိမ်းရှောင်ဖို့ဘယ်လိုလုပ်ရင်ဖြစ်နိုင်မလဲ?? ခင်ပွန်းသည်ကို မတော်တဆမှုမှာ ဆုံးရှုံးလိုက်ရတဲ့အယ်လင်ရယ် မတော်တဆမှှုဖြစ်ပွားတဲ့သဘောၤပိုင်ရှင်ရယ် သူတို့တွေကရောဘယ်လိုဆက်စပ်နေလဲဆိုတာကို ကြည့်ရှုရမှာပါဗျ။ Netflixမှာအခုရက်ပိုင်းတော်တော်လေးလူကြိုက်များနေတဲ့ဇာတ်ကားတစ်ကားလဲဖြစ်ပါတယ်။

Action • Horror
6 2019 96 mins
The Laundromat
Let Love Grow
6

Let Love Grow (2023) ================ IMDb Rating – 6.0/10 အပင်တွေကို ချစ်မြတ်နိုးသူ. ရှုခင်းဗိသုကာ တစ်ယောက်အဖြစ်နဲ့လည်း အသက်မွေးနေသူ အီဗီတစ်ယောက်ဟာ သူ့ရဲ့ သူငယ်ချင်းကလဲရ်နဲ့အတူ ကိုစတာဒယ်မာ ဆိုတဲ့ မြို့ငယ်လေးမှာ ရှုခင်းဒီဇိုင်းဆွဲတဲ့ လုပ်ငန်းလေး ဖွင့်ထားသူ ဖြစ်ပါတယ်။ စိမ်းလန်းအေးချမ်းတဲ့ သူ့ဘဝလေးကို သူ့ရဲ့အ ကြိုက်ဆုံးလမ်းဖြစ်တဲ့ ငယ်စဉ်က အမှတ်တရတွေလည်း များစွာရှိနေတဲ့ ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် အခွင့်အရေးက တံခါးခေါက်လာပါတော့တယ်။ အောင်မြင်မှုလမ်းစကို ရှာဖွေဖို့ ကိုစတာဒယ်မာကို သမီးလေး (၂) ယောက် နှင့် အတူ ပြောင်းလာခဲ့တဲ့ သတ္တဗေဒ ပညာရှင် ရိုင်ယန်နဲ့ နယ်ခံပျိုးပင်အ ရောင်းဆိုင်လေးမှာ တွေ့ဆုံပြီးချိန်မှာတော့ သူ့ရဲ့ဘဝတစ်ဆစ်ချိုး အချိန်ကို ရောက်ရှိလာခဲ့တယ်ပေါ့။ ပုလဲလမ်းကို ပြင်ဆင်ခွင့် အခွင့်အရေးမှာ ရိုင်ယန့် နောက်ဖေးခြံကို ဒီဇိုင်းပြင်ဆင်ဖို့က သော့ချက် ဖြစ်နေတာကို သိပြီးချိန်မှာ တော့ ခေါင်းမာတဲ့ဖခင် ရိုင်ယန် နဲ့ သူ့ကို ခင်တွယ်ရှာသူ သမီးလေး(၂)ယောက် ကို နောက်ဖေးခြံက ဥယျာဉ်လေးကို အကောင်အထည်ဖော်ဖို့ စည်းရုံးပြီး သူ့ရဲ့ အိပ်မက်ကို ပိုင်ဆိုင်နိုင်အောင် ကြိုးစားရပါတော့တယ်။ တစ်ဖက်မှာလည်း ရည်းစားဖြစ်သူ မာ့ခ်က ဂျပန်ကို ရာထူးတိုးနဲ့ သွားရမှာဖြစ် တဲ့ အကြောင်းနဲ့ အီဗီ့ကိုလည်းလိုက်စေချင်တဲ့အကြောင်း ပြောလာချိန်မှာတော့ အီဗီတစ်ယောက် ဘယ်အရာကို ရွေးချယ်ရမှန်းမသိ ဖြစ်နေခဲ့ရပါပြီ။ သူ့ရဲ့ အိမ် မက်ဖြစ်တဲ့ ပုလဲလမ်းကို ဒီဇိုင်းပြင်ဆင်ခွင့် ရမလား၊ ရိုင်ယန်နဲ့သမီးလေး (၂) ယောက်ကိုရော ကိုစတာဒယ်မာမှာ အခြေကျအောင်ကူညီနိုင်မလား၊ ဝါသနာ ကိုစွန့်လွှတ်ပြီး ရည်းစားဖြစ်သူနဲ့အတူ ဂျပန်မှာ စွန့်စားခန်းအသစ်တွေ ရှာဖွေ နိုင်မလားဆိုတာကတော့ . . . ဇာတ်လမ်းလေးရဲ့အမည်အတိုင်းပဲ “အချစ်တွေကို ရှင်သန်ကြီးထွားစေနိုင်မလား” ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ အဖြေရှာဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Sumali ဖြစ်ပါတယ်) File Size……….(1.61 GB) / (819 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Family, Romance Translator…….Sai Sumali Encoder……….SWM

6 2023
Let Love Grow
Spy Kids: Armageddon

Spy Kids: Armageddon (2023) 5 ကားမြောက် Spy Kids မူဗီ ထွက်လာပါပြီ။ ဒီရုပ်ရှင်ကိုတော့ Spy Kids ရုပ်ရှင်တွေရဲ့ ဒါရိုက်တာ Robert Rodriguez က ရိုက်ကူးထားတာပါ။ 90 ဖွားတွေအတွက်တော့ ဒီရုပ်ရှင်တွေက ငယ်ငယ်တုန်းက တစ်ခါနှစ်ခါတော့ ကြည့်ဖူးကြမယ်ထင်ပါတယ်။ သိပ္ပံ ကိရိယာအသစ်အဆန်းတွေနဲ့ လူဆိုးတွေကို ချတဲ့ စပိုင်ကလေးတွေ အကြောင်းပါပဲ။ မိသားစုကြည့်ဖို့ ကလေးတွေကို ပြဖို့ အသင့်တော်ဆုံး franchise ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုနီနဲ့ပတ်တီဆိုတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးစပိုင်နှစ်ယောက်ရဲ့ သားနဲ့သမီးပါပဲ။ သူတို့ဟာ ဂိမ်းဝါသနာအိုးတွေဖြစ်ပြီး ဂိမ်းကစားတဲ့နေရာမှာလည်း အတော်ကျွမ်းကျင်ပါတယ်။ သူတို့ရဲ့အမေနဲ့အဖေက သူတို့ကို ဖုန်းတွေဂိမ်းစက်တွေ နာရီပိုင်းနဲ့ပဲ သုံးခွင့်ပေးပြီး ကန့်သတ်ထားပါတယ်။ အကြောင်းကတော့ ကမ္ဘာပေါ်က ဘယ်စနစ်ကိုမဆိုဟက်လို့ရတဲ့ အာမက်ဂက်ဒန်ဆိုတဲ့ဆော့ဝဲကို အိမ်မှာ လျို့ဝှက်သိမ်းထားပြီး ကလေးတွေရဲ့ဂိမ်းကနေ အဟက်ခံရမှာစိုးလို့ပါပဲ။ ဒါပေမဲ့ ဒီဆော့ဝဲကိုလိုချင်နေတဲ့ နည်းပညာသမားလူဆိုးက ကလေးတွေကို ဂိမ်းနဲ့မျှားပြီး ဂိမ်းထဲကနေ တဆင့် ခိုးသွားပါတော့တယ်။ အဲဒီဆော့ဝဲကိုအသုံးချပြီး ကမ္ဘာကြီးကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အပြင် ကလေးတွေရဲ့ အဖေနဲ့အမေကိုပါ ဖမ်းထားနိုင်လိုက်ပါတယ်။ ဒီတော့မှ မိဘတွေ စပိုင်မှန်းသိရတဲ့ မောင်နှမနှစ်ယောက်ဟာ သူတို့မိဘတွေရဲ့ နည်းပညာတွေကိုသုံးပြီး ကမ္ဘာကြီးကိုကယ်တင်ဖို့ကြိုးစားရပါတော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Family Quality…. 1080p | 720p File size… 1.9GB | 911MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mr.Anderson Encoder ….. Aaron

0 2023 94 mins
Spy Kids: Armageddon
24 Weeks
7.2

24 Weeks (2016) လူ့ဘဝဆိုတာ နတ်ပြည်ကအပ်တစ်ချောင်နဲ့ငရဲပြည်ကအပ်တစ်ချေင်း ထိပ်ချင်းတိုက်ပြီးဆုံဖို့ကလွယ်လိမ့်မယ် လူ့ဘဝကရဖို့မလွယ်ဘူးဆိုပြီး ပြောကြဟောကြခဲ့တာကို ကြားဖူးကြမှာပါ။ ဒါပေမဲ့ ဒီလူ့ဘဝဆိုတာလဲ သန္ဓေတည်တဲ့အချိန်ကစပြီး အချိန်တိုင်းဟာ သေခြင်းတရားကိုရင်ဆိုင်နေကြရတာပဲလေ။ အထူးသဖြင့် ခုခေတ်လို ကလေးတွေကိုလွယ်လွယ်မွေးပြီး လွယ်လွယ်စွန့်ပစ်တာတွေ ကိုယ်ဝန်ဖျက်ချတာတွေ ဒီလိုတွေများလာတော့ ဘဝတွေဟာ စတောင်မစရသေးဘူး အဆုံးသတ်သွားကြရတာများလာပါတယ်။ ဒါတွေက တာဝန်ယူလိုစိတ်နည်းပါးလာမှုတွေကြောင့် ဖြစ်လာတဲ့အကျိုးဆက်တွေပါ။ ဒါပေမဲ့လဲ ဒါတွေကိုအပြစ်တွေလိုက်ပြောနေမဲ့အစား ဒီလိုတွေမဖြစ်အောင် အသိပညာပေးမှ အလုပ်ဖြစ်မှာပါ။ လူတိုင်းဟာ ကိုယ်တိုင်မကြုံရသရွေ့ ကိုယ်ချင်းစာစိတ်ဆိုတာ ဘယ်လိုမှ ပေါ်မလာနိုင်ပါဘူးတဲ့။ ကိုယ်ချင်းစာတယ်ဆိုတာ အပြောနဲ့တင်မဟုတ်ပဲ ကိုယ်တိုင်ကြုံဖူးမှ ကိုယ်ချင်းစာနိုင်တာပါ။ တခြားနိုင်ငံတွေမှာတော့ မလိုချင်တဲ့ကိုယ်ဝန်ရသွားပြီဆိုရင် ဖျက်ချပိုင်ခွင့်ရှိပါတယ်။ ဒါကတော့ နောက်ဆုံးနည်းလမ်းပေါ့။ ဘယ်လိုပဲဖြစ်ဖြစ်ပါ လူ့ဘဝဟာရဖို့မလွယ်သလို လူစဉ်မှီအောင်မွေးလာဖို့ဆိုတာလဲ မလွယ်ပါဘူး။ လူစဉ်မှီဦးတော့ မွေးရာပါ ရောဂါတွေနဲ့ဆို မွေးပေးတဲ့ မိဘတွေကိုဒုက္ခပေးသလိုတောင်ဖြစ်နေပါသေးတယ်။ ဒီလို ပုံမှန်လူတစ်ယောက်အဖြစ်မွေးဖွားလာတဲ့အတွက်ကို ကံတော်တော်ကောင်းနေပါပြီ။ ဒီလိုဘဝမျိုးကို လိုချင်မဲ့သူတွေ သူများတွေလို လူတန်းစေ့နေနိုင်ချင်သူတွေ ဒုနဲ့ဒေးဆိုတာ သတိရပြီး ကိုယ့်ဘဝကို ကျေးဇူးတင်ရမှာပါပဲ။ ခုတင်ဆက်ပေးတဲ့ ဂျာမနီဇာတ်ကားလေးကိုကြည့်ရင်းနဲ့ လူ့ဘဝမှာ လူစဉ်မှီပြီး ခုချိန်ထိအသက်ရှင်ကာ လူ့ဘဝရဲ့ ဒုက္ခသုခတွေခံစားနေရတာကို ကျေးဇူးတင်မိကြမှာအမှန်ပါပဲ။ ဇာတ်လမ်းအကျဉ်း အက်စ်ထရစ်ဆိုတာ အောင်မြင်နေတဲ့ ဟာသပညာရှင်တစ်ယောက်ပါ။ သူ့အလုပ်မှာလဲ အောင်မြင်နေသလို လူချစ်လူခင်လဲများပါတယ်။ ကိုယ့်ကိုချစ်တဲ့ ယောကျာ်းနဲ့ ချစ်ရတဲ့သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားတဲ့သူပေါ့။ အေးချမ်းပျော်ရွှင်ရတဲ့ မိသားစုလေးပါ။ ဒုတိယကိုယ်ဝန်ကိုလဲ လွယ်ထားပြီး အမျိုးသမီးတိုင်းအားကျရတဲ့ စံပြအမျိုးသမီးတစ်ယောက်ပေါ့။ ဒါပေမဲ့ ကိုယ်ဝန်ကို အာထရာဆောင်းရိုက်ပြီး စစ်ကြည့်တဲ့အချိန်မှာ သန္ဓေသားရဲ့ နှလုံးမှာ မွေးရာပါ အပေါက်ပါလာပါတယ်။ ဒီနှလုံးကို မွေးပြီးပြီးချင်းခွဲစိတ်မှသာ ကလေးဟာဆက်လက်အသက်ရှင်မှာပါ။ ဒါနဲ့တင်မပြီးသေးပါဘူး ကလေးကိုအမြဲစောင့်ကြည့်ပြီး ခွဲစိတ်မှုတွေက လိုအပ်တိုင်းလုပ်မှအသက်ရှင်မှာပါ။ ပြောရရင် မွေးကတည်းကဆေးရုံမှာပဲ အသက်ရှင်နိုင်မဲ့အခြေအနေပေါ့။ ဒါကိုက တော်တော်ကိုအခြေနေကောင်းမှ ခွဲနေတုန်းတင်လဲ သေသွားနိုင်တယ်။ ဒီလိုအဖြစ်ဆိုးကြီးကို ကြုံရမဲ့မိခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ကလေးကို ဆေးရုံမှာပဲနေပြီး ဒုက္ခခံခိုင်းရမလား စောစောစီးစီးအဆုံးသတ်လိုက််ရမလား တော်တော်ကိုမှကျဉ်းထဲကြပ်ထဲ အခြေအနေပါ။ ကိုယ့်ရဲ့ကလေးကို သေမလားရှင်မလားရွေးရမဲ့ မိခင်တစ်ယောက်ရဲ့ အဖြစ်ကို စာနာပြီးကြည့်ရှုအားပေးလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 677MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

Romance • Comedy • Drama
7.2 2016
24 Weeks
How Is Katia?
6.9

ယူကရိန်းသရုပ်ဆောင်မင်းသမီး အန်နာစတေးရှားက ဒီရုပ်ရှင်ထဲမှာ သမီးလေးအတွက်ရုန်းကန်ရတဲ့ အမေတစ်ယောက်အဖြစ်ရော၊လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေမှာ ရှင်သန်ရုန်းကန်နေရတဲ့ ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်အဖြစ်ရောကို အကောင်းဆုံးပီပြင်စွာ ခံစားသက်ဝင်နိုင်ခဲ့တဲ့အတွက် ၂၀၂၂ခုနှစ် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရခဲ့ပါတယ်။ ကာတီယာဆိုတဲ့ ဆယ့်တစ်နှစ်သမီးလေးရဲ့ ကိုယ်ပိုင်တိုက်ခန်းနဲ့နေချင်တဲ့အိပ်မက်ကို ဖြည့်ဆည်းဖို့ အလုပ်သုံးလေးခုလုပ်ရင်း ကြိုးစားနေတဲ့ မိခင်ဖြစ်သူ အာနီယာ။ အာနီယာတို့သားအမိက စိတ်အခြေအနေသိပ်မကောင်းတော့တဲ့ မိခင်အိုကြီးရယ်၊ အစ်မဖြစ်သူရယ်နဲ့ အတူနေနေပေမဲ့ ဘဏ်ကြွေးယူပြီး သားမိနှစ်ယောက်အတူနေဖို့ တိုက်ခန်းဖိုးကြေအောင်ဆပ်နေရသူ။ တစ်ရက်မှာ သမီးဖြစ်သူ ကျောင်းအသွား ကားတိုက်ခံလိုက်ရတာကနေ အာနီယာရဲ့ဘ၀က ပြိုလဲပျက်စီးဖို့ အစပြုလာပါတော့တယ်။ သမီးဖြစ်သူရဲ့ ကျန်းမာရေးစရိတ်၊ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ရာကနေ တရားမျှတမှုရရှိဖို့၊ တိုက်ခန်းဖိုးဆက်မသွင်းနိုင်လို့ ဘဏ်ကနေ တိုက်ခန်းကိုသိမ်းဖို့အကြောင်းကြားတာတွေ။ ဒီလိုအဖြစ်အပျက်တွေကြားမှာ ရုန်းကန်ရတဲ့ အာနီယာရဲ့ဘ၀ကို ပီပီပြင်ပြင်ရိုက်ကူးပြထားလို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Pyae Phyo

6.9 2022 101 mins
How Is Katia?
Murder Company

ဒီဇာတ်ကားလေးက ဒုတိယကမ္ဘာစစ်အတွင်း D-Day ကျုးကျော်မှုကာလာမှာ ဇာတ်အိမ်တည်ထားတာပါ၊ဇာတ်ကားလေးကတော့ နာဇီအကြီးတန်းအရာရှိကို လုပ်ကြံသတ်ဖြတ်တဲ့ကားလေးပါ၊ ကျုးကျော်မှုရဲ့ရှေ့ပြေးအ‌ဖြစ်နဲ့ အမေရိကန်လေထီးတပ်သားတွေဝင်ရောက်လာကြပါတယ်၊ စီစဉ်ထားတဲ့အတိုင်းမဖြစ်လာခဲ့ဘဲ အဖွဲ့တွေကကွဲပြီး အင်းအားမစုစည်းမိပဲဖြစ်ခဲ့ကြပါတယ်၊ ဒီမှာ မတူညီတပ်ရင်းတွေက အမေရိကန်စစ်သားတွေဖြစ်တဲ့ ဒုဗိုလ် Dean Smith၊ ဆာဂျင် Southern၊ တပ်သား Stubbs နဲ့ Coolidge နဲ့ ဆေးတပ်သား Miller တို့ဟာ တပ်စုတခုအနေနဲ့ စုစည်းမိခဲ့ကြပါတယ်၊ ရှေ့ပြေးကျုးကျော်မှုဟာထင်သလိုမဖြစ်လာတဲ့အခါ ဂျင်နရယ် Haskel ဟာ Smith တို့ကို တာဝန်တခုပေးပါတော့တယ်၊ ဒီတာဝန်ဟာ ပြင်သစ်နယ်မြေအတွက် အရေးပါတဲ့ နာဇီ ထိပ်တန်းအရာရှိတယောက်ဖြစ်တဲ့ Ramsey ကိုလုပ်ကြံဖို့ပါ၊ ဒီလိုလုပ်ကြံဖို့အတွက် Smith တို့ဟာ ၊Ramsey ရဲ့အကြောင်းကိုသိနေတယ့် ပြင်သစ်‌တော်လှန်‌ရေး တပ်သားတယောက်ဖြစ်တဲ့ Daquin ကိုအရင်ကပ်ထုတ်ခဲ့ရပြီး Ramsey ကိုလုပ်ကြံမဲ့အစီအစဉ်စခဲ့ကြပါတော့တယ်၊ Smith တို့အဖွဲ့ရဲ့တာဝန်ကိုပြီးမြောက်သွားကြမလားဆိုတာကို ဒီဇာတ်ကားကဆက်ပြီးပြောပြပါလိမ့်မယ် ၊ ဒုတိယကမ္ဘာကစစ်သားတို့ရဲ့ အိမ်ပြန်ချိန်ကိုလွမ်းဆွတ်ရပုံတွေ၊ ရဲဘော်ရဲဖက်စိတ်ဓာတ်အပြည့်နဲ့တိုက်ပွဲဝင်ခဲ့ကြပုံတွေကို ဖော်ကျူးထားပြီး အသက်ဝင်တဲ့ သရုပ်ဆောင်မှုတွေအတွက် ချီးကျူးမှုတွေရထားတဲ့ ဇာတ်ကားကောင်းလေးတကားပါ File size…(1.4 GB)/(762 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… War, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw

0 2024
Murder Company
Scooby-Doo! Curse of the Lake Monster

Scooby-Doo live action လေး လာပါပြီ။ နွေကျောင်းပိတ်ရက်မှာ ပျော်ပါးဖို့တွေးနေတဲ့ ရှက်ဂီနဲ့စကူဘီတို့ ပျော်ဖို့ဆိုတာ ဝေး၊ ဒက်ဖနီရဲ့အန်ကယ်ဆီမှာ အလုပ်သွားလုပ်ရပါတယ်။ နွေပိတ်ရက်လေးဆိုတော့ အလုပ်တစ်ဖက် အပန်းဖြေတစ်ဖက်ပေါ့လေ။ ဒါနဲ့ ရေကန်မကောင်းဆိုးဝါး ရှိတယ်လို့ ဒဏ္ဍာရီရှိတဲ့ မြို့ငယ်လေးကို ‌သွားကြတာပေါ့။ ဒီလိုနဲ့ ရေကန်မကောင်းဆိုးဝါး ပဟေဠိပြဿနာ ဖြေရှင်းဖို့ သူတို့တာဝန်ဖြစ်လို့လာပါတယ်။ live action မှာလည်း စကူဘီဒူးအတွက် ပင်တိုင်အသံသရုပ်ဆောင်ကြီး Frank Welker ကပဲ အသံသရုပ်ဆောင်ပေးထားတဲ့အပြင် စကူဘီဒူး CGI လည်း အတော်လေးကောင်းပါတယ်။ ရှက်ဂီနေရာမှာ မင်းသား Nick Palatas ၊ ဗယ်မာအဖြစ် Hayley Kiyoko တို့က တကယ့်ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာတဲ့အတိုင်း သရုပ်ဆောင်ထားကြပါတယ်။ ဟာသတွေအပြင် ရိုမန့်တွေပါ ထည့်ထားလို့ ကြည့်ရတာ ပျင်းရမှာမဟုတ်ပါဘူး။ ဒီတစ်ခါက်တော့ live action လေး ပြောင်းကြည့်လို့ရအောင် စကူဘီဒူးဖန်တွေအတွက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.8 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

0 2010 80 mins
Scooby-Doo! Curse of the Lake Monster
Shutter Island
8.2

Shutter Island (2010) IMDb Rating (8.1) / Rotten Tomatoes (69 %) Shutter Island က ဒါရိုက်တာ Martin Scorsese အကောင်းဆုံးကားတွေထဲက တစ်ကားပါ။ Shutter Island လို့ခေါ်တဲ့ကျွန်းတစ်ကျွန်းက အရူးဆေးရုံကို Teddy ( Leonardo ) နဲ့ Chuck ( Mark Ruffalo ) အရာရှိ ၂ ယောက် ရောက်လာတယ်။ သူတို့အလုပ်က Rachel Solando လို့ခေါ်တဲ့ လူနာပျောက်သွားတဲ့အမှုကို လာစစ်ဆေးဖို့။ အဲဒီအရုးဆေးရုံ တစ်နည်းအားဖြင့် စိတ်ဝေဒနာရှင်အပြင်းစားတွေကို ကုတဲ့ဆေးရုံမှာ Dr. John Cawley စိတ်ရောဂါအထူးကု ဆရာ၀န်ခေါင်းဆောင်။ သူ့အထက်မှာ ဆေးရုံအုပ်နဲ့ ဘုတ်အဖွဲ့ပဲ ရှိတော့တယ်။ မာရှယ်အရာရှိဖြစ်တဲ့ Teddy ( Leo ) က ပျောက်သွားတဲ့လူနာ Rachel Solando ကို ရှာဖွေဖို့ Chuck က သူ့လက်ထောက်အဖြစ် အနီးကပ်လိုက်ပါ ကူညီပေးရတယ်။ Spoiler Alert* ဒီကားဟာ Plot Twist နဲ့ ကြည့်တဲ့သူကို ရှုတ်ထွေးသွားစေတယ်။ သေချာမကြည့်ရင် နားလည်မှာမဟုတ်ဘူး။ ဒီကားမှာ Teddy ( Leo ) က ရူးနေတာပါ။ သူရူးသွားတဲ့အကြောင်းရင်းလည်း ရှိတယ်။ အဲဒီရူးသွားတဲ့အကြောင်းကိုပဲ Plot Twist လုပ်ထားတာဖြစ်ပါတယ်။ Teddy ရူးနေတဲ့အကြောင်းကို သူ မီးပြတိုက်သွားပြီး Dr. John Cawley နဲ့ တွေ့သွားချိန်မှာ အားလုံးရှင်းရှင်း လင်းလင်း ပြောပြသွားပြီးပါပြီ။ ဇတ်ကားက အဲမှာတင် ရှင်းနေပြီးပါပြီ။ Teddy ( Leo ) ဘာကြောင့်ရူးသွားလဲ။ Teddy ( Leo ) ရဲ့ နာမည်အရင်းက Andrew Laeddis ပါ။ သူ့မှာ Dolores Chanal လို့ခေါ်တဲ့ မိန်းမနဲ့ သားသမီး ၃ ယောက်ရှိတယ်။ သူ မရူးခင်ကတည်းက သူ့မိန်းမ Dolores Chanal က စိတ်ဖောက်ပြီးအရင်ရူးနေတာပါ။ ရူးသွားတဲ့ သူ့မိန်းမဟာ တစ်နေ့မှာ သူ့တို့အိမ်၀င်းထဲက ကန်ထဲမှာ သူ့သားသမီး ၃ ယောက်လုံးကို ရေနစ်သတ်လိုက်ပါတယ်။ သူပြန်လာချိန်မှာ သူ့ကလေးတွေ ရေထဲနစ်သေနေတာတွေ့ပြီး ဒေါသနဲ့ သူ့မိန်းမကိုပါ ပစ်သတ်လိုက်တယ်။ သူကိုယ်တိုင်လည်း စိတ်အကြီးအကျယ်ထိခိုက်၊ စ်ိတ်ဒဏ်ရာရ Trauma ဖြစ်ပြီး ရူးသွားပါတယ်။ သူ့နာမည်ရင်းနဲ့ သူ့မိန်းမ၊ သူ့သားသမီး အားလုံးကိုလည်း မေ့သွားပါတယ်။ တစ်ခါတခါတော့သတိရတတ်ပါတယ်။ သူရူးတာက အများနဲ့မတူ အန္တရာယ်ရှိတဲ့အတွက် Shutter ကျွန်းပေါ်က Ashecliffe လို့ခေါ်တဲ့ အရူးဆေးရုံ၊ စိတ္တဇဆေးရုံကို ပို့ခံရတာပါ။ ဒါပေမယ့် သူ့ကို ဒီအတိုင်းတန်းပို့လို့မရပါဘူး။ ဇတ်လမ်းတစ်ခုထွင်ပြီး သူ့ကိုယ်သူ ဘယ်သူဆိုတာ သိလာအောင် ပြန်ရှာခိုင်းတာပါ။ သူ့အတွက် ဆရာ၀န်တွေ ထွင်လိုက်တဲ့လုပ်ဇတ်(ဇတ်လမ်း) ကိုလည်း ကြည့်ပါဦး။ ဆေးရုံက ပျောက်သွားတဲ့လူနာရဲ့ နာမည်က Rachel Solando တဲ့ Rachel ဆိုတာ သူ့သမီးရဲ့ နာမည် ဖြစ်နေတယ်။ Leonardo ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Leonardo ဟာ သူ့ရဲ့ စိတ်ကူးယဉ်ကမ္ဘာ Fantasy World မှာ အသက်ရှင်နေတာပါ။ ဒါကို ဆ၇ာ၀န်တွေက သူပြန်အမှတ်ရလာအောင် Reality လက်တွေ့ကမ္ဘာထဲရောက်လာအောင် ကူညီပေးနေတာပါ။ စိတ်ကူးယဉ်ကမ္ဘာထဲကလူတွေနဲ့ စကားပြောမယ် လက်တွေ့ဘ၀ကလူတွေနဲ့လည်း ပေါင်းမယ်ဆိုတဲ့ စ်ိတ်ဝေဒနာရှင်တစ်မျိုးပါ။ ကြုံလို့ ပြောရရင် ပြီးခဲ့တဲ့ သူစိမ်းအိမ် ဇတ်ကားကြည့်နေုတုန်းက လူသတ်မိသားစု ဖြစ်ပျက်နေပုံကို ကြည့်ပြီး ချက်ချင်းသွားသတိရတာ Shutter Island နဲ့ A Beautiful Mind ဇတ်ကားကပါ။ မရှိတာ ( စိတ်ကူးကမ္ဘာ )ကို အရှိ ( reality ) ဆိုပြီး ယုံကြည်နေတဲ့ psycho character ချင်း အတူတူပါပဲ။ ဇတ်ကားအကြောင်း ပြန်ဆက်မယ်။ Leo ရဲ့ စိတ်ကူးယဉ်ကမ္ဘာထဲမှာ သူ့ကိုယ်သူ Teddy Daniels အဖြစ် ခံယူထားပြီး သူန့ တတွဲတွဲ သွားလာနေတဲ့ ( သူ့ကို အနီးကပ်စောင့်ကြည့်ဖို့ထားတဲ့ ) ဆရာ၀န် Sheehan ကိုတော့ Chuck အဖြစ်ပဲ သိထားတယ်။ သူ့မိန်းမဟာ သူ့အိမ်မက်မှာဖြစ်စေ၊ သူ့စိတ်ကူးကမ္ဘာမှာ ဖြစ်စေ တစ်ခါတရံပေါ်လာတတ်ပြီး သူ့မိန်းမနာမည် ဘယ်သူဆိုတော့ မေ့နေတယ်။ သူ့စိတ်ကူးမ္ဘာမှာ သူ့မိန်းမက အသတ်ခံရတယ်လို့ ပုံဖော်ထားပြီး သတ်လိုက်တဲ့သူက Andrew Laeddis ( သူမဟုတ်ဘူး တစ်ခြားတစ်ယောက် ) လို့ မှတ်ယူထားပြန်တယ်။ သူ့စိတ်ကူးမှာ သူ့မိန်းမကို မီးတောက်လောင်နေတဲ့ ပုံစံနဲ့ တွေ့တွေ့နေရတာက သူ့မိန်းမ Dolores Chanal က သူတို့နေအိမ်ကို စိတ်ဖောက်ပြီး မီးရှို့ခဲ့တဲ့အတွက်ကြောင့်ပါ။ ဒီအကြောင်းကို မီးပြတိုက်မှာ Chuck က ပြောသွားပါတယ်။ ဇတ်အိမ်အရ ဆက်စပ်၊ ဆီလျော်မှုလည်း ရှိပါတယ်။ Teddy ( Leo ) ရူးနေကြောင်း အခန်းတော်တော်များမှာ သတိထားကြည့်ရင် သိနိုင်ပါတယ်။ ဆရာ၀န် John Cawley နဲ့ ပထမဆုံး တွေ့တော့ ပျောက်သွားတဲ့ Rachel Solando အကြောင်းရှင်းပြချိန်မှာ Teddy က သူ့စိတ်ကူးထဲ ပုံဖော်ပြီး ခေါင်းကိုက်သွားလို့ အက်စ်ပရင် တောင်းပါတယ်။ နောက်ဒါရိုက်တာက အရိပ်အမွက်တစ်ခု ထပ်ပြပါတယ်။ Solando အခန်းထဲရှာတော့ “The law of 4; who is 67? ဆိုတဲ့စာတွေ့တယ်။ ဆေးရုံမှာ စိတ္တဇ လူနာ ၆၆ ယောက်ရှိတယ်။ Who is 67? တဲ့။ ၆၇ ယောက်မြောက်လူနာက သူ့ကိုယ်သူ Andrew Laeddis လို့မသိဘဲ Teddy ထင်နေတဲ့ Leo ကိုယ်တိုင်ပါပဲ။ သူရူးနေကြောင်း ပိုသိသာတာက မီးပြတိုက်မှာ Dr. John Cawley ကို သေနတ်နဲ့ ပစ်လိုက်တဲ့အခန်းပါ။ သူကတော့ သူ့စ်ိတ်ကူးနဲ့ သေနတ်အစစ်ထင်ပြီး ပစ်လိုက်တာ သွေးတွေတောင်ထွက်သွားတယ်။ တကယ်တမ်းက သေနတ်က ကလေးကစားစရာ သေနတ်ဖြစ်နေတာ သိသွားမှ Reality ကို ပြန်ရောက်လာတယ်။ နောက်ပြီး မီးပြတိုက်မသွားခင် ကားအနီကို မီးရှို့လိုက်တာလည်း သူရူးနေတယ်ဆိုတာကို ဖော်ပြနေတာပဲ။ မီးပြတိုက်မှာ ဟိုဒေါက်တာ John Cawley က စိတ်မရှည်တော့ဘဲ Leo ကို White Board က နာမည်တွေသေချာကြည့်လို့ပြောပြီး သေချာရှင်းပြလိုက်တော့မှ သူ့စိတ်ဖောက်နေတာ နားလည်သွားတော့တယ်။ ဒါပေမယ့် သိပ်မကြာဘူး။ နောက်နေ့ရောက်တော့ ဒုံရင်းပြန်ဆိုက်သွားတာပဲ။ ဘာလို့အဲလိုပြောရတာလဲဆိုရင် Leo က ဒေါက်တာ Sheehan ကို chuck လို့ခေါ်လိုက်တာကြောင့် ဒေါက်တာ Sheehan က အခြေအနေ မထူးဘူးဆိုတဲ့အထာနဲ့ ခေါင်းခါပြပါတယ်။ဒါပေမယ် နောက်ဆုံး Leo ပြောသွားတဲ့ စကားတစ်ခွန်းကြောင့် ဒေါက်တာ Sheehan ရော ကြည့်နေတဲ့ပရိတ်သတ်ရော ခေါင်းစားသွားပါတယ်။ သူပြောသွားတာက “Which would be worse to live as a monster or to die as a good man.” စိတ်တ္တဇလူသတ်ကောင် မကောင်းဆိုးဝါလို အသက်ရှင်နေတာနဲ့ လူကောင်းတစ်ယောက်လို သေသွားတာ ဘယ်ဟာက ပိုဆိုးမလဲ။ တဲ့။ သူဆက်ရူးနေတာဆိုရင် သူ့ကို Lobotomized လုပ်တော့မှာပါ။ သူ့ကို ၂ နှစ်တာ အချိန်ပေးပြီး အနီးကပ်စောင့်ကြည့်ပြီးခဲ့ပြီးပြီလေ။ IMDb 8.1 , Rotten Tomatoes 68% Metacritic 63% Mind Fuck Level 6/10 ( Cinemanto ) Written by TMA #Shutter_island #Mind_Blowing_movie #Cinemanto (ရုပ်ရှင်အညွှန်းကို Cinemanto FB Page မှ ကူးယူဖော်ပြပါသည်။)

Crime • Drama • Thriller
8.2 2010 138 mins
Shutter Island
Holiday Hold-Up
5.6

ဒီတစ်ခါမှတော့ Rating တန်းဝင်တဲ့ထဲက အခွီကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ လူတိုင်းပျော်ရတဲ့ ခရစ်စမတ်ကာလကြီးမှာမှ စားသောက်ဆိုင်ပိတ်ပြီး ရုတ်တရက် အလုပ်ထုတ်ခံလိုက်ရတဲ့ ဝန်ထမ်းတစ်စု… အလုပ်ပြုတ်သွားလို့ မကျေနပ်ကြဘဲ စားသောက်ဆိုင်ပိုင်ရှင် ဘော့စ်ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ လက်စားချေဖို့ ဇာတ်လမ်းတွေ ဆင်ကြတာကို မှုခင်းဟာသအရောလေးနဲ့ ရင်ခုန်စွာကြည့်ရှုရမှာပါ… ဘော့စ်ရဲ့ စားသောက်ဆိုင်ပိတ်ရခြင်း နောက်ကွယ်မှာရော ဘယ်လိုမျိုးလျှို့ဝှက်ချက်တွေရှိနေလဲဆိုတာကိုလည်း ကိုယ်တိုင်ခံစားကြည့်ရှုပေးဖို့ ညွှန်းပေးလိုက်ပါတယ်။ File size… (1.25 GB) / (710 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 29m Genre ….. Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

5.6 2024 89 mins
Holiday Hold-Up
#Viral Prapancham
6.3

Viral Prapancham” (2025) အွန်လိုင်းကမ္ဘာ၏ လျှို့ဝှက်အန္တရာယ်များ မျက်စိတစ်မှိတ်အတွင်း ပြောင်းလဲနေတဲ့ ဒီဂျစ်တယ်ကမ္ဘာကြီးထဲမှာ အွန်လိုင်းယုံကြည်မှုရဲ့ နောက်ကွယ်က လျှို့ဝှက်အန္တရာယ်တွေကို စူးစမ်းချင်ပါသလား ဒါဆိုရင်တော့ ဒါရိုက်တာဘရီဂျက်ရှ်တန်ဂီရဲ့ လက်ရာ “Viral Prapancham” က ကြည့်ရှုသူတို့ကို ဗိုင်းရပ်စ်ကမ္ဘာထဲ ရင်တထိတ်ထိတ်နဲ့ ဆွဲဆောင်သွားပါလိမ့်မယ် ဒီဇာတ်ကားက ခေတ်မီဆန်းသစ်တဲ့ “screenlife thriller” ပုံစံနဲ့ တင်ဆက်ထားတာကြောင့် ဇာတ်လမ်းတစ်ခုလုံးကို ကွန်ပျူတာမျက်နှာပြင်တွေ၊ ဗီဒီယိုခေါ်ဆိုမှုတွေနဲ့ ဆိုရှယ်မီဒီယာ ပို့စ်တွေကနေတစ်ဆင့် ပုံဖော်ထားတာကြောင့် တကယ့်ကို ထူးခြားတဲ့ အတွေ့အကြုံကို ပေးနိုင်မှာပါ ဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင်တွေကတော့ ဆွာပနာနဲ့ အာဒီတီဆိုတဲ့ အမျိုးသမီးနှစ်ဦးပါ ဆွာပနာ အမေရိကန်မှာနေထိုင်တဲ့ ချစ်သူရာဗီ နဲ့ LDRS ချစ်သူဘဝကို လေးနှစ်ကြာအောင် ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားနေသူပေါ့ တစ်ဖက်မှာလည်း ညီမဖြစ်သူ အာဒီတီက တစ်ယောက်တည်းနေထိုင်ရင်း ပရာဗင်န်ဆိုသူနဲ့ အွန်လိုင်းကနေ အဆက်အသွယ်တွေ လုပ်နေပါတယ် သူတို့နှစ်ဦးစလုံးက အွန်လိုင်းရည်းစားအပေါ် ယုံကြည်မှုအပြည့်အဝထားရှိခဲ့ကြပေမဲ့ မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုက သူတို့ရဲ့ဘဝတွေကို လုံးဝပြောင်းလဲပစ်လိုက်တဲ့အခါ မထင်မှတ်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရပါတော့တယ် ဒါက ဘာများဖြစ်မလဲဒီဇာတ်ကားက အွန်လိုင်းပလက်ဖောင်းတွေက လူမှုဆက်ဆံရေးအပေါ် ဘယ်လိုနက်နက်ရှိုင်းရှိုင်း သက်ရောက်မှုရှိတယ်ဆိုတာကို လက်တွေ့ဆန်ဆန် ပုံဖော်ပြထားပါတယ် အွန်လိုင်းကိုယ်ရေးကိုယ်တာ လုံခြုံရေးချိုးဖောက်မှုတွေ ဆိုက်ဘာရာဇဝတ်မှုတွေလိုမျိုး ဒီဂျစ်တယ်ခေတ်ရဲ့ အမှောင်ဘက်ခြမ်းကိုလည်း မီးမောင်းထိုးပြထားတာကြောင့် ပရိသတ်ကို စဉ်းစားစရာတွေ အများကြီး ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

Science Fiction • Action • Adventure
6.3 2025 95 mins
#Viral Prapancham