YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Fast and the Furious.2001.BLU-RAY1080P5.1CH.mp4

2.06 GB 1080p video/mp4 977 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Step Up 3D
6.8

Genre – Drama, Music, Romance IMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။ File size…2.70GB / 1.55GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Drama, Music, Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Comedy • Drama
6.8 2010 107 mins
Step Up 3D
The School for Good and Evil
7.1

(1080p ရပါပြီ) နက်ဖလစ်ရဲ့ သရုပ်ဆောင်အစုံနဲ့ နှစ်နာရီခွဲကြာတဲ့ မှော်စိတ်ကူးယဉ်ရုပ်ရှင်အသစ်လာပါပြီ။ ဟိုးရှေးရှေးတုန်းက ပုံပြင်ကမ္ဘာထဲမှာ အရမ်းအစွမ်းထက်တဲ့ ညီအစ်ကိုနှစ်ယောက်ဟာ သူတော်ကောင်းနဲ့မိစ္ဆာကြားမှာ ဟန်ချက်ညီစေဖို့ မှော်ကျောင်းတစ်ကျောင်းကို တည်ထောင်ခဲ့ပါတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာကြာလာတဲ့အခါ မိစ္ဆာညီဟာ စိတ်ပြောင်းပြီး စွမ်းအားအကုန်လုံးကို သိမ်းပိုက်ဖို့ သူ့အစ်ကိုကို သတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ဘဲ သေဆုံးသွားခဲ့ပါတယ်။ အဲဒီကတည်းက သူတော်ကောင်းနဲ့မိစ္ဆာအတွက်ကျောင်းမှာ သူတော်ကောင်းတွေဘက်ကပဲ အရေးသာခဲ့တာ နှစ် ၂၀၀ လောက်ကြာခဲ့ပါပြီ။ အဲဒီကျောင်းမှာ မိစ္ဆာဆိုရင်လည်း ပုံပြင်တွေထဲက နာမည်ကြီး လူဆိုးကြီးတွေရဲ့ သားသမီးတွေတက်ရောက်နေတာဖြစ်ပြီ သူတော်ကောင်းတွေဘက်မှာလဲ ဘုရင်အာသာရဲ့သားတို့၊ စနှိုးဝိုက်ရဲ့သမီးတို့ စသည်ဖြင့် ပုံပြင်ဇာတ်လိုက်တွေရဲ့ မျိုးဆက်တွေ တက်နေကြတာဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့ဆီမှာ စာဖတ်သူဆိုတဲ့ ပုံပြင်မျိုးရိုးမဟုတ်တဲ့ အပြင်လောကက သူတွေလည်း တက်ခွင့်ရတတ်ပါတယ်သေးတယ်။ တစ်နေ့မှာတောာ့ အဲဒီကျောင်းကို ဆိုဖီဆိုတဲ့ စိတ်ထားကောင်းတဲ့ကောင်မလေးနဲ့ အက်ဂ်သာဆိုတဲ့ ဂျစ်ကန်ကန်ကောင်မလေးတစ်ယောက် စာဖတ်သူအဖြစ် ရောက်လာခဲ့တယ်။ အဲဒီနောက်ပိုင်းမှာ သူတော်ကောင်းနဲ့မိစ္ဆာအားပြိုင်မှုတွေဘယ်လိုပြောင်းလဲလာမလဲဆိုတာ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Mr.Anderson ပါ။) File Size          : 3.5GB, 1.4GB, 789MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr & 27mins Genre              : Action, Drama, Fantasy Translated by Mr.Anderson Encoded by Kinnov

Comedy • Mystery
7.1 2022 146 mins
The School for Good and Evil
The Last Thing Mary Saw
6.4

ဇာတ်လမ်းကို 1840 တုန်းက မေရီဆိုတဲ့ကောင်မလေးတစ်ယောက် အဖမ်းခံရပြီး သူ့ရဲ့နောက်ကြောင်းကိုပြန်ပြောင်းပြောပြတာကနေစတာပါ။ မေရီဟာ မိန်းကလေးချင်းပဲသဘောကျတဲ့ ကောင်မလေးတစ်ယောက် ဖြစ်ပြီးတော့ သူ့အိမ်မှာရှိတဲ့အိမ်ဖော်မလေးနဲ့ချစ်ကြိုက်နေတယ်။ ဒါပေမယ့် သူ့ရဲ့မိဘတွေက ဘာသာရေးအရမ်းကိုင်းရှိုင်းတာကြောင့် အဲ့တာကိုလက်မခံကြပဲ မေရီတို့နှစ်ယောက်ကို ခွဲဖို့ကြိုးစားကြတယ်။ သူတို့နှစ်ယောက် အဲ့လိုအတားအဆီးတွေကိုဘယ်လိုကျော်လွှားမလဲ ဆိုတာကို မထင်မှတ်ထားတဲ့ သရဲခြောက်တဲ့အခန်းတွေပါတာမို့ ရင်တထိတ်ထိတ်နဲ့ကြည့်ရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်... (အညွှန်းနဲ့ဘာသာပြန်ကတော့ Kasashi ဖြစ်ပါတယ်) File size…646MB / 251MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 29m Genre ..... Horror , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Kasashi

Drama • War
6.4 2021 88 mins
The Last Thing Mary Saw
One and Four
5.9

ဆောင်းရာသီအေးအေးလေးမှာ နှင်းတောထဲက တွေးစရာတွေအပြည့်နဲ့ suspenseဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ နှင်းတွေဖုံးလွှမ်းနေတဲ့ တောထဲကသစ်လုံးအိမ်လေးမှာ တစ်ယောက်ထဲစိတ်ညစ်ညစ်နဲ့အရက်မူးနေတဲ့ သစ်တောထိန်းသိမ်းရေးသမားတစ်ယောက်…… သူမနက်နိုးလာတဲ့အချိန်မှာ လူတစ်ယောက်ဟာသေနတ်တစ်လက်နဲ့ အိမ်ထဲကိုအတင်းဝင်လာပါတယ်။ သူဟာသစ်တောဆိုင်ရာရဲအရာရှိတစ်ယောက်ဖြစ်ပြီး တားမြစ်သားကောင်တွေကိုအမဲပစ်တဲ့ တရားခံကိုဖမ်းရင်းရောက်လာပါတယ်လို့ပြောပြီး သူ့ကိုတရားမဝင်မုဆိုးကူဖမ်းပေးဖို့ပြောလာတယ်။ အဲဒီမတိုင်ခင် မနက်မိုးမလင်းခင်မှာသစ်လုံးအိမ်ကိုရောက်လာပြီး မိန်းမရဲ့ကွာရှင်းစာနဲ့ အရက်ပုလင်းတွေယူလာပေးတဲ့ တစ်ရွာတည်းသား သူငယ်ချင်းတစ်ယောက်…… သူဟာပြန်သွားချိန်မှာ တောထဲမှာလမ်းပျောက်သွားခဲ့လို့ သစ်လုံးအိမ်ကိုပြန်လာတာလို့ပြောပြန်တယ်။ အဲဒီနောက် သေနတ်တစ်လက်နဲ့ရဲအရာရှိတစ်ယောက်ရောက်လာပြန်တယ် သူကလဲ တရားမဝင်မုဆိုးကိုလိုက်ဖမ်းနေတာလို့ပြောပြန်တယ်။ တကယ်ပဲ ဘယ်သူပြောတဲ့ဇာတ်လမ်းကအမှန်ဖြစ်နေမလဲ…… ဘယ်သူကတရားမဝင်မုဆိုးဖြစ်မလဲ……. နှင်းတောထဲကလျှို့ဝှက်ချက်ရဲ့အဖြေဟာဘာဖြစ်နေမလဲ…….

5.9 2023
One and Four
A Bride for Rip Van Winkle
7.2

CM ပရိသတ်ကြီးတို့ကို လူတစ်ယောက်ရဲ့ လက်တွေ့ဘဝကို အသားပေးရိုက်ကူးထားတဲ့ ဂျပန်ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ A bride for Rip Van Winkle လို့ ခေါပြီးတော့ ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ နာနာမီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝအကြောင်းကို လက်တွေ့နဲ့ထင်ဟပ်အောင် ရိုက်ကူးပြထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောရရင်တော့ နာနာမီဆိုတဲ့ ကောင်မလေးက စားဝတ်နေရေးအတွက် အချိန်ပိုင်းဆရာမအဖြစ် လုပ်ကိုင်နေသူ တစ်ဦးပါ။ သူဟာ အွန်လိုင်းဒိတ်တင်း app ကနေ ကောင်လေးတစ်ယောက်နဲ့ စတွေ့ခဲ့တယ်။ နှစ်ယောက်အတူ ချိန်းတွေ့ဖြစ်ကြပြီး အဆင့်တွေတက်သွားရင်းနဲ့ နောက်ဆုံးမှာ နှစ်ဦးဟာ မင်္ဂလာဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ နာနာမီဟာ အွန်လိုင်းကတွေ့တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ရတာ မယုံကြည်နိုင်စရာလို့ ထင်ပေမဲ့ လက်တွေ့မှာ သူဟာ ဒီအိမ်ထောင်ကို တန်ဖိုးထားသူပါ။ အိမ်ထောင်မှုနိုင်ဖို့အတွက် နာနာမီဟာ ဆရာမအလုပ်ကနေတောင် ထွက်ခဲ့ပြီးတော့ အိမ်ရှင်မကောင်းပီသအောင် နေထိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ ယောက်ျားဖြစ်သူက တစ်ပတ်ကို နှစ်ရက်လောက် အပြင်မှာ ထမင်းထွက်စားတာမျိုးရှိလာသလို အိမ်ထဲမှာလည်း မိန်းကလေးနားဆွဲတစ်ဖက်ကိုပါ တွေ့ခဲ့တယ်။ ဒါကို သိခဲ့တဲ့ နာနာမီဟာ သူ့ယောက်ျားအကြောင်းကို စုံစမ်းဖို့ လူတစ်ယောက်ကို စေခိုင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ နာနာမီ မထင်မှတ်ထားတဲ့ အပြောင်းအလဲတွေ ရောက်လာမှာ ဖြစ်ပါတယ်။ ဘယ်လိုမျိုး plot twist တွေ ရောက်လာမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ကိုယ်တိုင် ကြည့်ရှုလိုက်ပါ။ ဒီဇာတ်ကားက နာနာမီရဲ့ ဘဝအပိုင်းအခြားတစ်ခုမှာ ကြုံတွေ့ရတဲ့ လောကဓံတွေကို ရိုက်ပြထားတာ ဖြစ်တာမလို့ သူ့ရဲ့ စားဝတ်နေရေးအတွက် ရုန်းကန်ရပုံတွေ၊ အချစ်ရေးရဲ့ အတက်အကျတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ ဘဝမှာ ဝင်လာသူတွေလည်းရှိသလို ထွက်လာသူတွေလည်း ရှိတယ်။ အရင်းနှီးဆုံးလို့ထင်ရသူတွေက သူစိမ်းဖြစ်နေသလို သူစိမ်းလို့ထင်ရသူတွေ အရင်းနှီးဆုံးလူ ဖြစ်နေတတ်ပြန်တယ်။ ဒီလိုမျိုး လူ့သဘောသဘာဝတွေကို ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုရမှာမလို့ လက်တွေ့ဆန်တဲ့ ဇာတ်လမ်းမျိုးတွေကို ကြည့်ရှုရတာ ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတွေ လက်မလွှတ်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size… 2.4 GB / 1.1 GB Quality… BluRay director’s cut 1080p / 720p Format… mp4 Duration…. 2h 59m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.2 2016 179 mins
A Bride for Rip Van Winkle
Pusher 3

Pusher 3 2005 ဒါရိုက်တာ Nicolas Winding Refn က သူ့ရဲ့လက်ရာမြောက်လှတဲ့ Pusher trilogy ကို သေမင်းတမန်လို့အမည်ပေးထားတဲ့ ‌တတိယမြောက်ဇာတ်ကားနဲ့ လှလှပပပိတ်သိမ်းခဲ့ပါတယ်။ ဒီကားလည်း IMDb 7.3 ပါပဲ။ Pusher 3 ထဲမှာပြန်အလှည့်ကျလာတဲ့ဇာတ်ကောင်ကတော့ ဘိန်းဖြူရောင်းရင်းရတဲ့ငွေမည်းတွေကို ငွေဖြူပြောင်းဖို့ ဟင်းမချက်တတ်ဘဲ စားသောက်ဆိုင်ဗန်းပြဖွင့်ထားတဲ့ မူးယစ်ဆေးဒိုင်ကြီး မီလို ပါပဲ။ ဒီတတိယမြောက်ရုပ်ရှင်မှာက ရှေ့နှစ်ကားထဲကလို အောက်ခြေကအချာပင်လေးတွေအကြောင်းမဟုတ်ဘဲ သူတို့အထက်က သူတို့ထက်ပိုပြီးဆရာကျတဲ့ခေါင်ကြီးတွေအကြောင်းကိုမြင်ရမှာပါ။ ဇာတ်လမ်းအစမှာတော့ စားသောက်ဆိုင်ပိုင်ရှင် မီလိုကြီးက သူ့သမီးရဲ့ ၂၅ နှစ်ပြည့်မွေးနေ့အတွက် ပါတီကြီးတစ်ခုကျင်းပပေးဖို့ရာစီစဉ်နေပါတယ်။ သမီးကိုတုန်နေအောင်ချစ်တဲ့ မီလိုကြီးက ပါတီပွဲကို တဆွေလုံးတမျိုးလုံးကိုဖိတ်ထားပြီး ဧည့်ခံကျွေးမွေးမယ့်အစားအသောက်တွေကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြင်ဆင်ပေးဖို့ရာ တာ၀န်ယူထားပါတယ်။ ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ မူးယစ်ဆေးအရောင်းအ၀ယ်တစ်ခုကိုလုပ်ဖို့ရာ တပည့်တစ်‌ယောက်ကိုခိုင်းလိုက်မိပြီး တလွဲတချော်တွေဖြစ်ကုန်ပါတော့တယ်။ သမီးရဲ့‌မွေးနေ့ပါတီပွဲကိုလည်းမပျက်သွားစေချင်တဲ့ မီလိုကြီးတစ်ယောက် ဧည့်ခံကျွေးမွေးတဲ့ကိစ္စကတစ်ဖက် ချွတ်ချော်သွားတဲ့အရောင်းအ၀ယ်ကိစ္စကို စုံစမ်းဖြေရှင်းဖို့ကတစ်ဖက်နဲ့ အလုပ်တွေများကုန်ပြီး မူးယစ်ရာဇာ ဒုစရိုက်သမားတို့ထုံးစံအတိုင်း အနုနည်းနဲ့မရရင် အကြမ်းနည်းနဲ့ဖြေရှင်းဖို့လုပ်ရပါတော့တယ်။ ရှေ့နှစ်ကားတုန်းက မန်းရှင်းဖို့မေ့သွားတဲ့ pusher trilogy ရဲ့ထူးခြားချက်တွေကတော့ ဒီရုပ်ရှင်တွေထဲကဇာတ်ကောင်အများစုက အပြင်လောကမှာလည်း ရာဇ၀တ်သားအစစ်တွေပါ။ ဒီကားထဲက မူးယစ်ဆေးစွဲ‌နေသူ ပြန်လည်ထူထောင်ရေး အစည်းအဝေးတွေကိုတက်ခဲ့ကြတဲ့သူတွေကလည်း တကယ်ဆေးစွဲနေတဲ့သူတွေပါ။ မူဟာမက်ဇာတ်ကောင်ကို သရုပ်ဆောင်ခဲ့တဲ့ Ilyas Agac ဟာဆိုရင် ဒီရုပ်ရှင်အပြီးမှာ ထောင်ထဲကိုပြန်၀င်ခဲ့ရတာမလို့ ဒါရိုက်တာ Nicolas က ‌ရုပ်ရှင်ကိုအပြီးသတ်ရိုက်ကူးပြီးတဲ့အချိန်မှာ Ilyas Agac အတွက် ထောင်ထဲအထိလိုက်လံပြသ‌ပေးခဲ့ရပါတယ်တဲ့။ ဆိုတော့ကာ Pusher သုံးကားထဲမှာ ဒီကားကအကောင်းဆုံးလို့ပြောရပါမယ်။ ဆေးဖြန့်တဲ့ တရားမ၀င်လုပ်ငန်းကို ပရော်ဖက်ရှင်နယ်ဆန်ဆန်ကိုင်တွယ်နေတဲ့ အလယ်အလတ်တန်းစား သူဌေးတစ်ယောက်အနေနဲ့ အောက်ခြေကငချွတ်လေးတွေနဲ့မတူဘဲ သက်ဆိုးရှည်နေတဲ့အချက်ကတော့ ပြဿနာတွေ ကွိုင်တွေတက်လာရင်လည်း ပရော်ဖက်ရှင်နယ်ဆန်ဆန်ဖြေရှင်းတာလို့ပြောရပါမယ်။ ဖြေရှင်းဖို့အတွက်လည်း လူအင်အားကော ငွေကြေးပါပြည့်စုံတာကိုး။ ဒီကားထဲမှာတော့ ရှေ့ကားတွေထက်ပိုကြမ်းတဲ့ အလောင်းဖျောက်တာ ဘာညာတွေကို သေချာ စ လယ် ဆုံး ရိုက်ကူးပြထားတာမလို့ သွေးသံရဲရဲဇာတ်၀င်ခန်းတချို့ကိုလည်းမြင်ရမှာပါ။ မီလိုကြီးတစ်ယောက် မိသားစုကိစ္စနဲ့ စီးပွားရေးကိစ္စကို တညတည်းမှာဘယ်လိုကိုင်တွယ်မလဲဆိုတာကိုတော့ ကိုယ်တိုင်ရှုစားလိုက်ပါဦး။ File size…(2.8 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

Horror
0 2005
Pusher 3
Second Life
6

တရုတ်အက်ရှင်ကားကြိုက်တဲ့သူတွေအတွက် ကားကောင်းလေးလာပါပြီ။ ဇာတ်လမ်းရဲ့အစကတော့ ရဲအရာရှိဖြစ်တဲ့ယောင်္ကျားဖြစ်သူကို ဂိုဏ်းစတားခေါင်းဆောင်ကြီးကလုပ်ကြံလိုက်တဲ့အတွက် တရုတ်တိုင်းရင်းဆေးဆရာမကြီးကတစ်ချက်ထဲ ကန်သတ်ပစ်လိုက်တဲ့အခန်းနဲ့ ခပ်ကြမ်းကြမ်းစခဲ့တယ်။ လူဆိုးကိုသတ်တာဆိုပေမယ့်လဲ လူသတ်မှုဖြစ်တဲ့အတွက်ထောင်ကျခဲ့ပါတယ်။ ဖြစ်ချင်တော့ သူ့မှာကိုယ်ဝန်ရှိနေတဲ့အတွက် ကလေးကို ထောင်ထဲမှာပဲမွေးခဲ့ရပြီးတော့ ၁နှစ်ပြည့်တဲ့အချိန်မှာ မိဘမဲ့ဂေဟာကိုပို့လိုက်ရပါတယ်။ သက်တမ်းစေ့လို့ထောင်ကထွက်လာတဲ့အခါ သားလေးကိုပြန်ရှာဖို့ကြိုးစားပါတယ်။ အဲ့ဒီအချိန်မှာ တစ်ဖက်ဂိုဏ်းကလဲ အဖေကိုကန်သတ်သွားတဲ့တရားခံကို လက်စားချေဖို့ဆိုပြီး ကလေကချေတစ်ယောက်ကိုလွှတ်လိုက်တဲ့အခါ အဖွားကြီးနားမှာ သူ့သားအယောင်ဆောင်ပြီး အယုံသွင်းလုပ်ကြံဖို့ကြိုးစားတဲ့ဇာတ်လမ်းပဲဖြစ်ပါတယ်။ အဖွားကြီးနဲ့လူမိုက်လေးကြားမှာဘယ်လိုတွေဖြစ်လာမလဲ…… အဖွားကြီးရဲ့သားအရင်းကရော ဘယ်သူဖြစ်နေမလဲ……

6 2024
Second Life
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
7

“ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ် သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့” အမေဆိုတာအဲလိုလူမျိုးပါ။ ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။ အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလို လူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ “အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်” ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာ တောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီး ဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ ဒီဇာတ်ကားက တောင်ကိုရီးယားမှာ အကောင်းဆုံး Animation ဆု အပါအဝင် ဆုပေါင်းများစွာ ရရှိထားတာဖြစ်ပြီး မိသားစုတွေအတွက် သင်ခန်းစာကောင်းတွေနဲ့ ကလေးတွေတင်မကပဲ လူကြီးတွေပါ ကြည့်ရှုနိုင်မယ့် အရည်သွေးမြင့် Animation ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ ဇာတ်ညွှန်း လီဖီဆိုတဲ့ ကြက်မလေးဟာ စိုက်/မွေး ခြံတစ်ခုထဲက ဥစားကြက်မတစ်ကောင်ဖြစ်ပါတယ်။ သူ(မ)ဟာ ခြံဝန်းကြီးထဲကိုစိုက်ကြည့်ပြီး အပြင်ကိုသွားမယ်၊ ကမ္ဘာကြီးကိုထိတွေ့မယ်ဆိုတဲ့ စိတ်ကူးအမြဲရှိတဲ့ ကြက်မလေးတစ်ကောင်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူ(မ)တောင်းဆုပြုသလိုမျိုး အပြင်ဖက်ကိုရောက်သွားပါတော့မယ်။ လောကကြီးကို ပထမဦးဆုံးရောက်သွားတဲ့အချိန်မှာ သူ(မ)အသက်ကို အန္တရာယ်ပြုမယ့် အသားစားဖျံကောင်နဲ့ကြုံလိုက်ရပါတယ်။ သို့သော်လည်း ဘဲရိုင်းတစ်ကောင်က သူ(မ)ကိုလာကယ်ခဲ့ပါတယ်။ ဒီလိုနဲ့ လီဖီတစ်ယောက် တောထဲကိုရောက်သွားပြီး လောကကြီးရဲ့ အလှအပကိုတစ်ဝကြီးခံစားနေပါတော့တယ်။ တစ်ဖက်မှာလည်း ဘဲရိုင်းက ဘဲမလေးတစ်ကောင်နဲ့ အကြောင်းပါပြီး ဥလေးတစ်ဥ ဥခဲ့ပါတယ်။ ကံဆိုးချင်တော့ မိဘနှစ်ပါးကွယ်လွန်ခဲ့ပြီး ဘဲလေးဟာ ကြက်မလေးကို အမေလို့မှတ်ယူခဲ့ပါတယ်။ ဒီလိုနဲ့ မျိုးစိတ်မတူတဲ့ အကောင်နှစ်ကောင်၊ နေထိုင်မှုပုံစံက လုံးဝမတူတဲ့ သားအမိ နှစ်ယောက်လောကကြီးထဲမှာ ဘယ်လိုများရပ်တည်မှာလဲ လွတ်လပ်မှုအတွက် ဘယ်လိုတွေ ရုန်းကန်သွားမလဲဆိုတာတွေအပြင် မိခင်တစ်ယောက်ရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေကို လှပတဲ့ Animation တွေနဲ့ ကြည့်ရှု ခံစားနိုင်မှာပါ။ (တစ်ခု ကြိုတင်အသိပေးချင်တာက ဒီဇာတ်လမ်းဟာ Ending နှစ်မျိုးရှိပါတယ် 1080p Version ကတော့ Sad Ending ဖြစ်ပြီး 720p ကတော့ ပုံမှန်အတိုင်းဖြစ်ပါတယ် ကိုယ့်စိတ် အခြေအနေပေါ် မူတည်ပြီး ကြည့်ရှုနိုင်ပါတယ်) File Size : 1.7 GB, 843 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

Comedy
7 2010 93 mins
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild
Peranmai
7.1

Peranmai ( 2009 ) “သူရဲကောင်းတို့ရဲ့ဂုဏ်သိက္ခာ” ဒီဇာတ်ကားကတော့ ၂၀၀၉ ခုနှစ်ထွက် တမီးလ်စကားပြော Action / Adventure ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဇာတ်ကားအကျဉ်းကတော့ တက္ကသိုလ်ကျောင်းသူတစ်စုဟာ စခန်းသွင်းလေ့ကျင့်ရေးအတွက် တောထဲက တက္ကသိုလ်မှာ လာနေပြီး ချီတက်ပွဲအတွက် အပြိုင်အဆိုင်လေ့ကျင့်ရမှာဖြစ်ပါတယ်။ ကျောင်းသူတွေထဲမှာ သူတို့ကိုယ်သူတို့ ဒီစခန်းရဲ့ မဏ္ဍိုင်ကြီးငါးခုအဖြစ် ကြေညာသတ်မှတ်ထားတဲ့ ခပ်ကဲကဲကျောင်းသူအလန်းလေး ၅ ယောက်ပါလာပါတယ်။ ဘယ်သူ့ကိုမှလည်းမကြောက်သလို မြို့သူလေးတွေလည်းဖြစ်ပြန်တော့ ဘာကိုမှအလေးအနက်မထားတတ်ဘဲ အစားအသောက်ကအစ ကလေးဆန်ဆန်ချေးများလို့နေပါတော့တယ်။ မင်းသားဖြစ်တဲ့ ဒူရူဗန်ကတော့ သူတို့အားလုံးကို လေ့ကျင့်ပေးရတဲ့ဆရာတစ်ယောက်ဖြစ်ပြီး တောရိုင်းလူမျိုးစုတစ်စုက ဆင်းသက်လာသူဖြစ်ပါတယ်။ လေ့ကျင့်ကွင်းထဲမှာ စည်းကပ်အလွန်တင်းကျပ်ပေမဲ့ သာမာန်အချိန်မှာ ပျော်ပျော်နေတတ်သူဖြစ်တာကြောင့် ကျောင်းသူတွေကိုလည်း သူငယ်ချင်းလိုပဲဆက်ဆံပါတယ်။ ဒါပေမဲ့ အပျိုချောတို့ကတော့ သူ့မျိုးနွယ်စုကြောင့် အထင်တသေးလှောင်ပြောင်ချင်စိတ်ပဲရှိနေကြပါတယ်။ ဒီလိုနဲ့ စည်းကမ်းကျပ်တဲ့လေ့ကျင့်ရေးဆရာနဲ့ ဘာကိုမှအလေးအနက်မထားတတ်တဲ့ကျောင်းသူတစ်စုတို့ ဘယ်လိုတွေစခန်းသွားကြမလဲ.. Action / Adventure Genre ဖြစ်လာဖို့ ဇာတ်ကြောင်းလှည့်ကွက်တွေ ဘယ်လိုဆက်ရှိမလဲဆိုတာကိုတော့ ဇာတ်ကားတလျှောက် ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်။)

7.1 2009
Peranmai
Burning Stars
5.9

ဒီကားကတော့ ၁၉၂၀ ကာလရှန်ဟိုင်းမှာဖြစ်ပျက်ခဲ့တဲ့ သမိုင်း၀င်အဖြစ်အပျက်တွေကိုအခြေခံထားပါတယ်။ ရှန်ဟိုင်းတက္ကသိုလ်ကို 1922 မှာတည်ထောင်ခဲ့ပေမယ့် ကော်မင်တန်ကနေ ကွန်မြူနစ်တွေကိုသုတ်သင်မှုနဲ့စပ်လျဉ်းပြီး 1927 မှာအပိတ်ခံခဲ့ရပါတယ်။ ရှန်ဟိုင်းကျောင်းသားလေးတွေကလည်း ဆန္ဒပြမှုနဲ့တစ်ကွဲတစ်ပြားစီရောက်ကုန်ကြပြီး သူတို့ဆရာဟောင်းရဲ့ ပေးအပ်လိုက်တဲ့တာ၀န်တစ်ခုကြောင့် အ ရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကို ရှန်ဟိုင်းကထွက်နိုင်ဖို့ကူညီပေးဖို့ဖြစ်လာပါတယ်။ ကောင်းကင်ကကြယ်ပွင့်လေးတွေရဲ့အလင်းကသေးငယ်ပေမယ့် အမှောင်ထဲမှာဆို ဘယ်လိုအလင်းရောင်ငယ်ဖြစ်ပါစေ လူတွေရဲ့မျှော်လင့်ချက်ကိုဆောင်ကျဉ်းပေးနိုင်ပါတယ်တဲ့။ နေရာပေါင်းစုံက ကျောင်းသားလေးတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ ရှိတဲ့အင်အားလေးတွေစုပေါင်းပြီး ဘယ်လိုကူညီသွားကြမလဲဆိုတာတော့ ကြည့်ကြည့်လိုက်ကြပါ။ Cast တွေအနေနဲ့ကတော့ အားလုံးနဲ့မစိမ်းတဲ့ TFBoys က ၀မ်ယွမ်က လီယီမင်အဖြစ် ၊ ကျန်းရွှယ်ယင်က တင်းမုန့်ဟွား ၊လီချန်က ဆရာဟိုအဖြစ် ၊ လျန်ကျန်းခန်က ရွှီထျန်းဖင်အဖြစ်အသီးသီးပါ၀င်ထားပါတယ်။

Drama
5.9 2024
Burning Stars
Versus
6.3

Versus (2000) IMDb Rating (6.3) / Rotten Tomatoes (75%) ဒီဇာတ်ကားမှာတော့ ကမ္ဘာနဲ့ တခြားတစ်ဖက်ကို ချိတ်ဆက်ထားတဲ့ပေါ်တယ် တံခါး 666 ခုရှိပါတယ်။ အဲ့ဒါတွေကို လူသားတွေ မသိအောင် တားမြစ်ထားပါတယ်။ ဂျပန်နိုင်ငံက ပြန်လည်ရှင်သန်ခြင်းတောအုပ်ထဲမှာ 444 ခုမြောက် ပေါ်တယ်တံခါး ရှိနေပါတယ်။ ဒါပေမဲ့လည်း အဲ့ဒီ့ တံခါးတွေ ရှိနေတာကို သတိထားမိတဲ့ လူအချို့လည်း ရှိကြပါတယ်။ သူတို့တွေက အဲ့ဒီတံခါးတွေကို ဖြတ်ပြီး အမှောင်ထုရဲ့ စွမ်းအားကို ရယူဖို့ ကြိုးစားပါတော့တယ်။ အဲ့ဒီ့အထဲမှာ မင်းသားနဲ့ ဗီလိန်တို့လည်း ပါဝင်ပါတယ်။ ဘယ်သူက အမှောင်ထုရဲ့ စွမ်းအားကို ရရှိသွားမလည်းဆိုတာ ပြီးတော့ ပြန်လည်ရှင်သန်ခြင်းတောအုပ်ဆိုတဲ့ အတိုင်း ဘယ်လိုအရာတွေ ‌စောင့်ကြိုနေကြမလဲဆိုတာ ကြည့်ရှု့ခံစားကြည့်ကြပါခင်ဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Dee ဖြစ်ပါတယ်။) File size…(3.3 GB) / (1.7 GB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Action,Adventure,Fantasy,Horror,Thriller Duration….02:01:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Ko Dee

Action • Comedy • War • Horror
6.3 2000 120 mins
Versus
Grave Encounters
6.1

Grave Encounters (2011) IMDB – 6.1/10 ဇာတ်လမ်းကတော့ ရိုးရှင်းပါတယ် ပရလောကဖြစ်ရပ်မှန်ဆိုပြီး ဂျင်းပါးပါးပုတ် ဆေးရုံ သချိုင်းစသဖြင့် နေရာတွေမှာရိုက်ကူးနေတဲ့ တီဗီအစီအစဉ်အုပ်စုရဲ့ မတည်းဖြတ်ရသေးတဲ့ စိတ်ကျန်းမာရေးဆေးရုံက ၇၆ နာရီကျော်ကြာ ဗီဒီယိုမူကြမ်းတွေကို ရရှိထားတဲ့ ထုတ်လုပ်သူက ပြန်ပြပေးတဲ့အနေနဲ့ တင်ဆင်ထားတာပါ။ အဖွဲနာမည်က Grave Encounters (သေခြင်းတရားနဲ့ ဆုံတွေ့သူများ) အဖွဲဝင်က ခေါင်းဆောင် Lance၊ ကင်မရာသမား Sash နဲ့ TC၊ နည်းပညာသမား Mike ရယ် စိတ်စွမ်းအားရှင်လို ဘာလိုလို Houston တို့ ပါဝင်ပါတယ်။ ဒီဇာတ်ကားမှာဖြစ်ပျက်သွားတာက အပိုင်း ၆ ပိုင်း ရိုက်ကူးဖို စိတ်ကျန်းမာရေးဆေးရုံပျက်ကြီးမှာ ၈ နာရီကျော် Lockdown ချ ညအိပ်ရင်း မယုံကြည်သူတွေကို ဘယ်လိုသက်သေပြခံရမလဲ စောင့်ကြည့်ရမှာပါ။ ဒီကားကလည်း Documentary Horror အမျိုးအစားဆိုပေမယ့် ဇာတ်လမ်းကသွက်တယ်၊ Plot မပါပေမယ့် ကြည့်ရှုသူကို ဆွဲခေါ်သွားနိုင်တယ် Runtime နာရီဝက်လောက်ကနေစပြီး တစ်ကားလုံးကြမ်းတော့တာပဲ (ရှေ့ပိုင်းပျိုးထားတာတွေလည်း စိတ်ဝင်စားဖိုကောင်းပါတယ်)။ ပုံမှန်သရဲကားတွေလိုမျိုး Jump Scare သုံးတာလည်းရှားပြီး ကင်မရာရှုထောင့်တွေ ညကြည့်မြင်ကွင်းတွေကလည်း ခြောက်ချားစရာဖြစ်နေမှာတော့ အမှန်ပဲ။ ခြောက်တဲ့သရဲတွေ နေရာတွေကလည်း ဖြစ်ကတတ်ဆန်းခြောက်နေတာမဟုတ်ပဲ သူ့ဇာတ်ကွက် သူ့ဇာတ်လမ်းသူ ဖြစ်နေတော့ စိတ်ဝင်စားဖို့လည်းကောင်းတယ်။ နောက်ပြီးတော့ တောခြောက်တယ်ဆိုတာ အားလုံးကြားဖူးကြမှာပါ ခုဟာကလည်း ဒီလိုမျိုး ခပ်ဆင်ဆင်ဇတ်ကွက် တစ်မျိုးလည်းဖြစ်လို့ စောင်ခြုံကွေးရင်း ခံစားနိုင်ကြပါစေဗျာ… (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2.4 GB/ 1.4 GB Quality… Bluray 1080p/ 720p Format… mp4 Audio… AAC Duration…. 1:34:00 Genre ….. Horror, Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

6.1 2011 93 mins
Grave Encounters
BASEketball
6.5

BASEketball (1998) IMDb Rating (6.5) / Rotten Tomatoes (41%) အမေရိကန်နိုင်ငံမှာ baseball ပြိုင်ပွဲအလွန်နာမည်ကြီးခဲ့တဲ့ကာလပေါ့။ အဲ့ဒီအချိန်မှာအားကစားဟာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့အချိန်။ Baseball World Series ရဲ့ပြိုင်ပွဲတစ်ခုကို Joe Cooper နဲ့ Doug Remer တို့သူငယ်ချင်းနှစ်ယောက်ဟာ လာရောက်ကြည့်ရှု့နေခဲ့ပါတယ်။ အဲ့ဒီ့နေ့မှပဲ Reggie Jackson ကလည်းမှော်ဝင်နေသလိုကိုကောင်းရော။ တစ်ပွဲတည်း home run သုံးခါရိုက်ခဲ့တယ်။ ကံကောင်းချင်တော့ နောက်ဆုံးရိုက်ချက်ဟာ Coop ဆီကိုကျလာခဲ့တယ်။ ငယ်ရွယ်တဲ့ Coop ဟာ တစ်နေ့ငါလည်းသူ့လိုအားကစားသမားကြီးဖြစ်ရမယ်ပေါ့။ တကယ်တမ်းကြီးလာတဲ့အခါ Coop နဲ့ Remer တို့နှစ်ယောက်သား ဘာမှအလုပ်မယ်မယ်ရရမရှိ။ အလေလိုက်ကောင်းနေခဲ့ပါတယ်။ Remer ကကျောင်းတုန်းက Crush လေး ပါတီပွဲလုပ်တယ်ဆိုလို့ အဖော်ဆွယ်ပြီး Coop ကိုပါခေါ်လာခဲ့ပါတော့တယ်။ ဒါပေမဲ့ လူကုံထံအသိုင်းဝိုင်းကြားမှာမလို့ ဘယ်သူမှသူတို့ကို အဖက်မလုပ်ချင်ခဲ့ပါဘူး။ ဒါနဲ့ပဲပျင်းလို့ Basketball လေးဆော့နေတုန်း သူ့crush လေးရဲ့ဘဲက နှစ်ယောက်ချင်းကစားဖို့ စိန်ခေါ်ပါတော့တယ်။ Coop ကလည်းလူလည်ဆိုတော့ မနိုင်မှာသိတဲ့အတွက် လျှောက်ဖောလိုက်ပြီး ကစားနည်းအသစ်ကိုထွင်မိသွားပါတယ်။ Basketball ကို Baseball စည်းမျဉ်းနဲ့ဆော့ရတာပါ။ ဒါနဲ့ပဲကစားနည်းကတွင်ကျယ်လာပြီး နိုင်ငံအဆင့်ပါဖြစ်သွားပါတော့တယ်။ ဒီကနေမှတဆင့် Coop နဲ့ Remer တို့နှစ်ယောက်ကြုံရမယ့်အရာတွေကို ဟာသဆန်ဆန်လေးတင်ဆက်ထားပါတယ်။ သရော်တာတွေလည်းအများကြီးပါတဲ့အပြင် အူတက်အောင်ရယ်ရမဲ့ဟာသဇာတ်ဝင်ခန်းတွေလည်းအများကြီးပါတာမလို့ White Chicks လိုဇာတ်ကားမျိုးကိုကြိုက်တဲ့သူတွေဆိုရင် ကြည့်ကြည့်ဖို့အကြံပေးချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(3.8 GB) / (1.9 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:43:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama • Romance • Mystery
6.5 1998 103 mins
BASEketball