YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Fable.S01E09.You.Mean.a.Hitman.1080p.WEB DL(CM).mp4

217.93 MB N/A video/mp4 413 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tin & Tina
6.1

Tin & Tina (2023) ဒီဇာတ်ကားလေးကတော့ Psychological Thriller & Horror အမျိုးအစား စပိန်ကားလေး ဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာရေးအစွဲအလမ်းကြီးမှုရဲ့ အကျိုးဆက်တွေအကြောင်းကို ရိုက်ပြထားတာပါ။ အဒေါ့ဖိုနဲ့ လိုလာတို့ လင်မယားနှစ်ယောက်က ခရစ်ယာန် သီလရှင်မိဘမဲ့ကျောင်းကနေ ကလေးမွေးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာခင်မှာပဲ သူတို့ရဲ့ ဆုံးဖြတ်ချက်က နောင်တရစရာ ဖြစ်လာတယ်။ သူတို့မွေးစားလိုက်တဲ့ တင်နဲ့တီနာတို့ မောင်နှမနှစ်ယောက်က ဘုရားသခင်နဲ့ သမ္မာကျမ်းစာအပေါ်မှာ ယုံကြည်မှုပြင်းထန်လွန်းပြီး ကျမ်းစာထဲပါသမျှကို တဖက်စွန်းရောက်တဲ့အထိ အလေးအနက် ကျင့်သုံးတတ်ပါတယ်။ ထူးဆန်းတဲ့ ဒီကလေးတွေ အိမ်ကိုရောက်လာပြီး မကြာခင်မှာပဲ လိုလာမွေးထားတဲ့ ခွေးကြီးက ဗိုက်ပွင့်ပြီး သေသွားရတယ်။ နောက်ထပ် ကျောင်းမှာ သူတို့ကို အနိုင်ကျင့်တဲ့ ကောင်လေးကလဲ သေသွားရပြန်တယ်။ တင်နဲ့တီနာက လိုလာ့ခေါင်းကို အဝတ်နဲ့အုပ်ပြီး အသက်ရှူကျပ်သွားအောင် လုပ်ပစ်တဲ့အထိ ဘုရားသခင်ကို အယုံအကြည်ပြင်းကြတယ်။ ဒါ့အပြင် ကုတင်ပေါ်မှာ လိုလာ့ကို ကြိုးနဲ့ချည်၊ သူ့ခြေအတုကို ဖြုတ်ယူပြီး ကိုယ်ဝန်ရှိတဲ့ဗိုက်ထဲကို ဆေးထိုးအပ်နဲ့ ထိုးဖို့ကြိုးစားတယ်။ ဒါတွေအားလုံးကို သူတို့က ရယ်စရာဟာသလို လုပ်နေကြတာပါ။ ဒီလောက်ဖြစ်နေတာတောင်၊ လိုလာတစ်ယောက် အသည်းအသန် ကြောက်ရွံ့နေတာတောင်မှ အဒေါ့ဖိုဟာ အရာအားလုံးကို မတော်တဆ ဒါမှမဟုတ် အမှားတစ်ခုလို့သာ မြင်နေပြီး ကလေးတွေကို လုံးဝ အပြစ်မတင်ဘူး။ အဒေါ့ဖို ထင်နေသလိုမျိုး ဒီကလေးတွေက တကယ်ပဲ အပြစ်ကင်းသလား... မကောင်းတဲ့အရာတွေက ဘယ်လိုဖြစ်လာတာလဲ... ဒီကလေးတွေကို ဘယ်လိုရပ်တန့်နိုင်မှာလဲ... ဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnyun Yadanar Myintmo Htun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.3GB, 560MB Quality - 1080p, 720p Format - mp4 Duration - 1H 59Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Hnyun Yadanar Myintmo Htun Encoded by Y

Crime • Drama • Mystery
6.1 2023 119 mins
Tin & Tina
Assassin
6

ခင်ဗျားတို့ရဲ့ ဘဝမှာ တစ်ရက်လောက် တခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ ပြောင်းလဲပြီး နေလို့ရမယ်ဆိုရင် ဘာတွေလုပ်ချင်မိကြမလဲ။ အရင်ဆုံးဗျာ ဘယ်သူ့ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ချင်မိကြမလဲ။ ပြီးရင် အဲဒီလူရဲ့ ခန္ဓာကိုယ်နဲ့ ဘာတွေကို လုပ်ကြည့်ချင်မိလဲ။ ကျွန်တော် ကတော့ အေးချမ်းမှုတွေရှိတဲ့ နိုင်ငံတစ်နိုင်ငံဆီက ရိုးရှင်းတဲ့လူ တစ်ယောက်နဲ့ လဲလှယ်ချင်မိမယ် ထင်တယ်။ ဘဝမှာ ကိုယ်နေ ပျော်ဖို့က အဓိပဲလေ ဟုတ်တယ်မလား။ ဒါပေမဲ့ ဒီဇာတ်လမ်းကတော့ ကျွန်တော့်စိတ်ကူးနဲ့ လုံးဝဆန့်ကျင် ဖက်ပဲ။ တခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ယူသုံးပြီး လူတွေ လိုက်သတ်ရတယ်တဲ့ဗျာ။ စစ်ဆင်ရေးတစ်ခုမှာ မတော်တဆမှု တစ်ခုဖြစ်ပြီး ကိုမာဝင်သွားတဲ့ အမျိုးသားဖြစ်သူ ဒရုန်းတပ်လေ ယာဉ်မှူးကို ပြန်ခေါ်နိုင်ဖို့ရာအတွက် တခြားခန္ဓာကိုယ်တွေကို ကူးပြောင်းပြီး လူသတ်၊စစ်ဆင်ရေးတွေလုပ်ရတဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အကြောင်းပေါ့။ "ဘယ်အခြေအနေပဲရောက်ရောက် မင်းနဲ့အတူရှိနေပါ့မယ်" ဆိုတဲ့ သစ္စာစကားတစ်ခွန်းက အန္တရာယ်များလွန်းတဲ့ စစ်ဆင် ရေးတွေဆီ အကြောက်အလန့်မရှိ တိုးဝင်သွားနိုင်ပုံတွေကို ရိုက်ပြထားတဲ့ action and crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မင်းသားတွေကတော့ တစ်ခြားသူတွေမဟုတ်ဘူး ခင်ဗျားတို့အချစ်တော်နှစ်ယောက် Bruce Willis နဲ့ Dominic Purcell တို့ပေါ့ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (431 MB) / (244 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 28Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Crime, Thriller Translator.......May Thet Khine Soe Encoder..........SWM

Action • Drama • History • War
6 2023 88 mins
Assassin
83
7

အခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေ ဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ် အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။ သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ် တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ဖြစ်တဲ့အတွက် အားလုံးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်... (ဇာတ်လမ်းအညွှန်းကိုတော့ Thar Htet က ရေးပေးထားပါတယ်) File Size          :  3.1GB, 1.7GB, 859MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 42mins Genre              : Biography, Drama, History Translated by  Thar Htet & Kit Encoded by Kinnov

Comedy • Drama • Family
7 2021 163 mins
83
Dark Cloud
6.3

ခေတ်ကြီးက တိုးတက်လာပြီ။ ကျွန်တော်တို့ငယ်ငယ်ကလို ညတွေဟာ အိပ်စက်ဖို့ရာမဟုတ်တော့ဘူး။ မကုန်နိုင်တဲ့ရုပ်ရှင်တွေ ဆိုရှယ်မီဒီယာတွေ ဂိမ်းတွေနဲ့ ညတွေဟာ ပိုစည်းကားလာကြပြီ။ အိပ်ချိန်တွေ မမှန်ကြတော့ဘူး။ ဒီလို အိပ်ချိန်မမှန်ရာကနေ အိပ်မပျော်တဲ့ရောဂါတွေပါ ရလာတယ်။ အစမှာတော့ သိပ်မသိသာပေမဲ့ အိပ်ချိန်မမှန်တဲ့အခါ စိတ်ဓာတ်တွေကျလာမယ်။ အသားအရေတွေ မကောင်းဖြစ်လာမယ်။ ၀က်ခြံတွေပေါက်လာမယ်။ ဘာမှကိုအကောင်းမရှိပါဘူး။ ဒါကြောင့် အများသူငါအတွက်မျှော်တွေးပြီး ဆယ်မိနစ်လောက်ကြည့်ရုံနဲ့ အိပ်ပျော်သွားစေမယ့် Sci-Fi ရုပ်ရှင်ကားသစ်ကြီးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့ အတိတ်ခဏခဏမေ့ပြီး ဘာမှမမှတ်နိုင်ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက် A.I အိမ်ကြီးထဲ စမ်းသပ်နေထိုင်ကြည့်တဲ့ အကြောင်းပါ။ A.I က ထကြောင်ပြီး ပြဿနာရှာရာက ခြောက်ခြားစရာတွေ ဖြစ်လာတဲ့ရုပ်ရှင်ပေါ့။ ဒါပေမဲ့ ဘာအဓိပ္ပာယ်မှလည်းရှိမနေသလို ကောင်းကွက်တစ်ကွက်မှလည်း မတွေ့ပါဘူး။ အားလုံးပဲ ဒီရုပ်ရှင်လေးကြည့်ပြီး အိပ်ပျော်နိုင်ကြပါစေ... Size - 800MB, 390MB Quality - 1080p, 720p Format - mp4 Duration - 1H 21Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • History • Romance
6.3 2022 81 mins
Dark Cloud
I Met a Girl
6.4

ကိုယ့်စိတ်ကိုယ်တောင် အနိုင်နိုင် ထိန်းနေရတဲ့ကြားထဲကနေ မိုင်ပေါင်း ၂၄၀၀ ကျော် ခရီးကြမ်း ဖြတ်သန်းပြီး ချစ်တဲ့လူကို သွားတွေ့မယ့် ဂေါက်သီးလေးတစ်ယောက်အကြောင်းပေါ့။ ဟုတ်ပါတယ် မင်းသားက ဂေါက်သီးလေးပါ စိတ်ကစဉ့်ကလျား ရောဂါကို ငယ်စဉ်ကတည်းက ခံစားနေရပြီး သူ့ ခေါင်းထဲမှာ လူ ၂ ယောက် လာလာ စကားပြောနေကြပါတယ် တစ်ယောက်က မစ္စတာရော့ကတ်ဖြစ်ပြီး သဘောကောင်းတဲ့ စူပါဟီးရိုးကြီးပါ လမ်းကောင်းကိုသာ ညွန်ပေးပါတယ် နောက်တစ်ယောက်ကတော့ မစ္စနီဒယ်ဆိုတဲ့ ကြောက်စရာဘွားတော်ကြီးပါ သူကတော့ ဆန့်ကျင်ဖက်ဖြစ်ပြီး မကောင်းတာတွေပြော စိတ်ဓာတ်ကျ အောင်လုပ်ပြီး သေဖို့အထိပါ တိုက်တွန်းတတ်သူပါ။ ဒါပေမဲ့ ရောဂါအခြေအနေက အရမ်းမဆိုးတဲ့အတွက် ဆေးလေးပဲ သောက်ရင် နေလို့ရတယ်ပေါ့လေ ပတ်ဝန်းကျင်နဲ့ ဝင်ဆန့်တယ်ပေါ့။ အဲဒီလိုပြောလို့လည်း မရပြန်တာက အစ်ကို့ မင်္ဂလာဆောင်မှာ အချစ်တွေပေးချင်တယ်ဆိုပြီး ပုလင်းကွဲနဲ့ ရင်ဘတ်ကို ထိုးပစ်တာတို့ အလုပ်လုပ်နေတဲ့ အိမ်မွေးတိရစ္တာန်ဆိုင်က ငှက်လေးကို နှိပ်စက်နေ ကြပါတယ်ဆိုပြီး လွှတ်ပေးပစ်တာတို့တွေလည်း ရှိတာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ အဆုံးစီရင်ဖို့ထိ တွေးမိသွားပြီး သေကြောင်းကြံ လိုက်တဲ့အခါမှာတော့ ထူးခြားစွာနဲ့ လူစီ ဆိုတဲ့ မိန်းကလေးတစ်ယောက် ပေါ်လာပြီး သူ့ကို ကယ်တင်ပေးသွားပါတယ်။ သူ့ဘဝကို ပြောင်းလဲ ပေးသွားတယ် သူနဲ့ ရှိနေရတာကို ပျော်ရွှင်လာတယ် နောက်ဆုံး သူ ချစ်မိသွားတယ် ဒါတောင် တစ်ရက် တစ်ညပဲ တူတူ ရှိလိုက်ကြတာနော် ဒါပေမဲ့ မနက်နိုးလာတော့ကြ ကောင်မလေးဟာ မရှိတော့ပဲ ပျောက်ဆုံး သွားတော့ လိုက်ရှာဖို့ ကြုံဆုံလာပါတော့တယ်… စိတ်ကျန်းမာရေး မကောင်းတဲ့လူ ဖြစ်နေတဲ့အတွက် ဒီကောင်မလေးဟာ တကယ်ရော ရှိရဲ့လား စိတ်ကနေ ထင်နေတာလားဆိုတာတော့ ဆက်လက်ပြီး ခံစားကြည့်လိုက်ကြပါ။ မင်းသားနေရာက Pirate of the Carribean ရေသူမကားတို့ Gods of Egypt တို့မှာ ပါဝင်ထားပြီး Titan စီးရီးမှာ Nightwing နေရာက သရုပ်ဆောင်ထားတဲ့ သြစတြီးယားမင်းသားချော Brenton Thwaites ဖြစ်ပြီး မင်းသမီးကတော့ မကြာခင်ထွက်ထားတဲ့ Evil Dead နောက်ဆုံး ကားထဲမှာ သရဲမကြီး ညီမနေရာက သရုပ်ဆောင်ထားတဲ့ Lily Sullivan ဖြစ်ပါတယ်။ ဇာတ်ရုပ်က အနုပညာ ဂီတသမားဆိုတော့ ဇာတ်ကားထဲမှာ ပါဝင်တဲ့ သီချင်းလေးတွေကလည်း တော်တော်ကောင်းတာကို တွေ့ရမှာပါ။ ဘယ်လောက်ပဲ စိတ်ကျန်းမာရေး မပြည့်စေကာမူ အချစ်ဆိုတာ လူမရွေးပါဘူးဆိုတာလေးကို မီးမောင်းထိုးပြသွားတဲ့ အချစ်နဲ့ ဒရမ်မာကားလေး ဖြစ်ပါတယ်။ မင်းသားရဲ့ အစ်ကိုကြီး သံယောဇဉ် မေတ္တာတရားကိုလည်း ဖော်ပြထားတာ တော်တော်ကောင်းပါတယ်။

Drama • Romance • TV Movie • Thriller
6.4 2020 108 mins
I Met a Girl
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
[18+] Love Actually… Sucks!
4.1

Love Actually Sucks(2011) ======================= လူရယ်လို့ဖြစ်လာရင် အချစ်ဆိုတာ တသက်လုံးကြုံတွေရမယ့် ခံစားချက်တခုဆိုရင် မမှားပါဘူး… လူတိုင်း ဆယ်ကျော်သက်ကနေ သေတဲ့အထိ အချစ်ဆိုတဲ့ခံစားချက်က တောက်လျှောက်အရိပ်တခုလို လိုက်နေပြီး အဲ့ဒီခံစားချက်ကနေပဲ အမုန်း အလွမ်း စိတ်ဒဏ်ရာ ပျော်ရွှင်မှု ၀မ်းနည်းမှုစတဲ့ ခံစားချက်တွေပါ ပါ၀င်လာမှာပါ … အချစ်ကြောင့် ဘ၀တွေချိုသာပြီး ပျော်ရွှင်သွားရတဲ့လူတွေရှိသလို အချစ်ကြောင့်ပဲ ဘ၀က ကော်ဖီခါးခါးထဲ အခါးမှုန့်ထပ်ထည့်မိသလို ပိုခါးသွားတဲ့လူတွေ ရှိပါတယ် ဒီဇာတ်လမ်းကတော့ အချစ်ကြောင့်ဘဝပျက်သွားသူတွေ‌ပေါ့ ချိုလှလို့ မက်မောမိတဲ့အရာက အဆင်မပြေမှုတွေပေးတဲ့အခါ အချစ်ဟာခါးလှပါတယ်ဆိုပြီး အချစ်ကို ရွံစရာ မခင်တွယ်စရာခံစားချက်အဖြစ်ပစ်ပယ်သွားရတဲ့ သူတို့ဘ၀တွေကို အရှိတိုင်းဖွင့်ဟပြသသွားမှာပါ

Adventure • Drama • Fantasy • Science Fiction
4.1 2011 83 mins
[18+] Love Actually… Sucks!
Adiyae!
6.4

Adiyae (2023) IMDb-6.6/10 ဒီတစ်ခါမှာတော့ ထူးချွန်ဆုတွေရဖူးပြီး Nominations များစွာဝင်ခဲ့ကြဖူးတဲ့ လူငယ်နှစ်‌‌ယောက် ဒါရိုက်တာ Vignesh Karthick နဲ့ တေးရေးJustin Prabhakaran တို့ လက်စွမ်းပြထားကြတဲ့ကားပါ တစ်ကမ္ဘာထဲအတူရှိနေတာတောင် သူမနဲ့မဆုံစည်းနိုင်‌သေးတဲ့လူတွေ နည်းနာနိဿယယူနိုင်ဖို့အတွက် IMDb 6.6 ရထားတဲ့ သိပ္ပံစိတ်ကူးယဉ်အချစ်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီ။ သာမန်အချစ်ကားတွေလို ချစ်ကြိုက်ညားကွဲလောက်မဟုတ်ဘဲ parallel universe နဲ့ time travel သဘောတရားလေးတွေ ခပ်ပါးပါးထည့်ထားတာဆိုတော့ တမူထူးခြားတဲ့ရသမျိုးရစေမှာပါ။ ဇာတ်လမ်းအကျဉ်း ဆီသာဇ်ဟီနီဆိုတဲ့မိန်းကလေးကို ကျောင်းသားဘဝထဲက တိတ်တခိုးcrushခဲ့ရတဲ့ ဂျီဗာဆိုတဲ့ ကောင်လေးတစ်ယောက် နှစ်တွေကြာလို့ ဆီသာဇ်ဟီနီက နာမည်ကျော်အဆိုတော်ဘဝကို ရောက်ခဲ့ချိန်မှာတော့ တိတ်တခိုးချစ်ရသူဘဝကနေ အဆင့်တက်ဖို့ ပိုပြီးအလှမ်းဝေးခဲ့ရပါပြီ။ ဒီအချိန်မှာပဲ မတော်တဆမှုတစ်ခုကြောင့် တခြားကမ္ဘာကိုကူးသွားတဲ့အခါ… ကမ္ဘာကူးသွားပေမဲ့ ခွက်ရှ်လေးနဲ့ညားတဲ့အပြင် အောင်မြင်တဲ့ဂီတဒါရိုက်တာတစ်ယောက်ဘဝကိုပါ ပိုင်ဆိုင်ထားတဲ့ အာဂျွန်ဆိုတဲ့ဘဝမှာ ယစ်မူးနေတဲ့ဂျီဗာတစ်ယောက် အချိန်စေ့လို့ ဒီဘက်ကမ္ဘာကိုပြန်ရောက်လာတဲ့အခါမှာတော့ သာယာတဲ့အိပ်မက်ကနေ မနိုးထချင်ဘဲ လန့်နိုးလိုက်ရတဲ့အပြင် ဒီဘက်ကမ္ဘာမှာလည်း အဖြစ်ဆိုးကြီးက စောင့်ကြိုနေပါသတဲ့။ ခွက်ရှ်နဲ့ညားရတဲ့အရသာကို ဂျီဗာတစ်ယောက်သိပြီးပြီဖြစ်လို့ ဆီသာဇ်ဟီနီကိုပိုင်ဆိုင်ရရေးအတွက် ကမ္ဘာတွေခြား အချိန်တွေခြားနေတဲ့ကြားကနေ ဘယ်လိုကြိုးစားသွားမလဲဆိုတာ ရှုစားနည်းယူလိုက်ကြပါစို့လား။ အညွှန်းနဲ့ ဘာသာပြန်သူတွေကတော့ Alex ~ BpL ~ Zwe ~ ToMo ~ KKKZ တို့ပဲဖြစ်ပါတယ်

6.4 2023
Adiyae!
Siksa Neraka or Hell Torture

Siksa Neraka or Hell Torture (2023) လူ့ပြည်မှာ ကိုယ့်အပြစ်အတွက် ထုတ်ဖော်မပြောနိုင်ရင် ငရဲကျမှ အပြစ်ဒဏ်နဲ့တူညီတဲ့ညှင်းပန်းနှိပ်စက်မှုမျိုး တွေ့ကြုံရတတ်တာကို ရိုက်ကူးတင်ဆက်ပြထားပါတယ်။ ဖာဂျာ၊ အာဇီ၊ ဆာလတ်နဲ့ တယာဆိုတဲ့ မောင်နှမလေးယောက်ရှိပါတယ်။ ဒီ၄ယောက်ထဲမှာ တယာက ထူးဆန်းတဲ့ကလေးတစ်ယောက်ပါ။ သူ့ရဲ့ထူးခြားပုံကတော့ သေလွန်လို့ငရဲရောက်သွားတဲ့လူကို မြင်နိုင်စွမ်းရှိတာပါပဲ။ ငရဲမှာ ခံစားရပုံတွေကိုမြင်နေတွေ့နေတဲ့ တယာက သူ့ဘဝမှာမကောင်းတာတစ်ခုလေးတောင်မလုပ်ခဲ့ဘဲ ကြီးပြင်းလာခဲ့တာပေါ့။ နှစ်တွေကြာပြီးတဲ့နောက် ကျောင်းကိုယ်စီတက်နေကြတဲ့ ဒီမောင်နှမလေးယောက်ပြန်ဆုံမိကြပါတယ်။ အာဇီကအသံလေးကောင်းပြီး သီချင်း‌ဆိုတော်သူလေးဆိုတော့ အဖေကမကြိုက်လို့တားထားတဲ့ကြားက သီချင်းဆိုပြိုင်ပွဲကို ခိုးပြီးသွားပြိုင်ရင်း ဖိုင်နယ်ထိတောင်ရောက်သွားလေရဲ့။ ဖိုင်နယ်ပြိုင်ဖို့ညမှာ လူကြီးတွေမရှိတုန်းခိုးထွက်ကြတဲ့သူတို့၄ယောက် ဖိုင်နယ်ပွဲကမြစ်တစ်ဖက်မှာဖြစ်လို့ ဒီမြစ်ကိုဖြတ်ရင်း သူတို့ကြုံတွေ့သွားရမဲ့ငရဲက အသည်းငယ်သူတွေအတွက်တော့ အော့နှလုံးနာစရာမြင်ကွင်းတွေပါပြီး အဖန်တလဲလဲဖြစ်နေတဲ့ငရဲဆိုတာဒါပါလားလို့ စိတ်ကူးနိုင်တဲ့အထိ ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ်။ အမှားတွေကိုအတတ်နိုင်ဆုံးမလုပ်ကြဖို့ ဒီဇာတ်ကားလေးက ရည်ညွှန်းရိုက်ကူးထားတာမို့ ခံစားကြည့်ရှုကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ aungmo3han ပဲ ဖြစ်ပါတယ်။ Genre….. Horror, Thriller Quality…. 1080p | 720p File size… 1.1GB | 561MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. aungmo3han Encoder ….. Aaron

0 2023
Siksa Neraka or Hell Torture
[18+] Emmanuelle
5.2

================== Erotic Literature တွေကိုအခြေပြုအောင်မြင်ခဲ့တဲ့ ရုပ်ရှင် တွေနဲ့ပတ်သက်ရင်အများကြီးပြေးမြင်စရာရှိသလိုချန်ထားလို့မရခဲ့တဲ့အထဲမှာ Lady Chatterley’s Lover (1981), Lolita (1997) တို့ဟာအထင်ကရဖြစ်ပါတယ်။ အခုမိတ်ဆက်ပေးချင်တာကတော့ Lady Chatterley’s Lover (1981) လို အဲ့ဒီခေတ်ကာလနာမည်ကျော်ဝတ္ထုကိုအခြေခံခဲ့တဲ့အောင်မြင်ခဲ့တဲ့ ပြင်သစ်ရဲ့ Emmanuelle Franchise ကြီးနဲ့ပါပဲ။ ၁၉၆၇ မှာထွက်ရှိခဲ့တဲ့ Emmanuelle Arsanရဲ့ Erotic novel တစ်အုပ်ဖြစ်တဲ့(Emmanuelle: The Joys of a Woman) ကိုအခြေခံရိုက်ကူးခဲ့တဲ့ Emmanuelle ပထမရုပ်ရှင်ဟာမင်းသမီး Sylvia Kristel ကိုဇာတ်ကောင်နဲ့တစ်သားတည်းကျသွားစေတဲ့အထိ သြဇာကြီးခဲ့ပြီး အခုချိန်ထိပြင်သစ်ရဲ့အအောင်မြင်ဆုံးရုပ်ရှင်တွေစာရင်းမှာလည်းပါဝင်နေတုန်းပဲဖြစ်ပါတယ်။နောက်ပိုင်း နောက်ဆက်တွဲရုပ်ရှင်တွေရိုက်ခဲ့သလို အီတလီ၊ဂျပန်၊အမေရိကန်၊ဟောင်ကောင်တို့ကပါ ဒီဇာတ်ကောင်ကိုယူပြီး ဇာတ်လမ်းတွေအမျိုးမျိုးရိုက်ခဲ့တဲ့အထိပေါက်ရောက်ခဲ့ပါတယ်။အဲ့ဒါတွေထဲက အီတာလျံမူဖြစ်တဲ့ “Black Emanuelle” ဇာတ်ကားတွဲတွေဟာ ထင်ရှားပါသေးတယ်။ ဒီကားတွေထဲကမှဇာတ်လမ်းကောင်း ရုပ်ရှင်ကွာလတီကောင်းကောင်းရှိတဲ့ကားတွေပဲရွေးချယ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ အခု ပထမဆုံးဒီ franchise ကြီးရဲ့မြစ်ဖျားခံရာ ပထမဆုံးကားမှာတော့ အီမန်နျူရယ်ကိုပြင်သစ်သံအမတ်တစ်ယောက်ရဲ့ပျင်းရိနေတဲ့အိမ်ရှင်မတစ်ယောက်အဖြစ်တွေ့မြင်ရမှာပါ။ သူ့ခင်ပွန်းသည်တာဝန်ကျရာထိုင်းနိုင်ငံကိုလိုက်သွားခဲ့တဲ့ အီမန်နျူရယ်လေယာဉ်ပေါ်မှာတွေ့တဲ့ သူစိမ်းနှစ်ယောက်နဲ့အချစ်စွန့်စားခန်းဖွင့်ခဲ့ပုံ၊ ခင်ပွန်းသည်တာဝန်ကျနေရာမှာကြုံတွေ့ရတဲ့ မိန်းမလှလေးတွေနဲ့လိင်တူချင်းအချစ်ကိုရှာဖွေစူးစမ်းကြတာတွေ၊ သူ့ခင်ပွန်းသည်ကိုယ်တိုင်ရဲ့အားပေးတိုက်တွန်းမှုနဲ့ ဒီကိစ္စမှာ မိန်းမငယ်လေးလိုဖြစ်နေရာကနေ ရင့်ကျက်ပြီးမိန်းမတစ်ယောက်အဖြစ် အတွေ့အကြုံရင့်သန်လာအောင်သင်ယူလေ့ကျင့်ပုံတွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ အဲ့ဒီခေတ်ကာလမင်းသမီးတွေရဲ့အလှအပကိုအဖုံးအကွယ်မရှိ ပကတိအတိုင်းတွေ့မြင်ရမှာဖြစ်တဲ့အတွက် X-rating ရဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုတော့ Lady Chatterley’s Lover (1981) ရဲ့ဒါရိုက်တာ Just Jaeckin ကတာဝန်ယူပေးထားတာပါ။ စိတ်မကောင်းစရာတစ်ခုက ဒီဇာတ်ကားကို Léa Seydoux နဲ့ပြန်အသက်သွင်းဖို့ကြံရွယ်ထားခဲ့ပေမယ့် မင်းသမီးနူတ်ထွက်သွားခဲ့တဲ့အတွက်အခုတော့သူ့နေရာကို Noémie Merlant အဖြစ်ပြောင်းလဲလျာထားတယ်လို့သိရပါတယ်။ ဇာတ်ကားအသစ်ထွက်မလာခင် မူရင်းဂန္ဓဝင်ဇာတ်ကားကြီးကိုလေ့လာကြည့်ကြပါဦး။ (ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(3GB)/(1.5GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:34:00 Genre_Adult , Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Horror • Thriller
5.2 1974
[18+] Emmanuelle
Scooby-Doo! Adventures: The Mystery Map
5.2

ဒီဇာတ်လမ်းမှာတော့ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ပီဇာဝယ်စားရင်း ပီဇာမုန့်ထဲက ရတနာသိုက်မြေပုံတစ်ခု ရလာပြီး အဲဒီမြေပုံအတိုင်း ရတနာသိုက်ကို လိုက်ရှာဖို့ ပြင်ဆင်ကြပါတော့တယ်။ အဲဒီမြေပုံက နာမည်ကျော် ပင်လယ်ဓါးပြကြီးတစ်ယောက်ရဲ့ မြေပုံကြီးဖြစ်နေတာမို့ ရတနာတွေအများကြီးရှိမယ်ဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ရှာပုံတော်ဖွင့်ကြတာပါ။ ဒါပေမဲ့ သူတို့ရဲ့ရှာပုံတော်ခရီးမှာ ပင်လယ်ဓါးပြကြီးနဲ့ သူ့လက်စွဲတော် ကြက်တူရွေးကြီးရဲ့ ဝိညာဉ်တွေရဲ့ နှောင့်ယှက်မှုတွေ၊ သူတို့လိုပဲ ရတနာသိုက် လာရှာတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ စသဖြင့် အနှောင့်အယှက် မျိုးစုံကြားကနေ ရတနာသိုက်ကြီးကို ရှာတွေ့သွားမလား၊ ဘယ်လိုပြဿနာမျိုး ပဟေဠိမျိုးတွေ ကြုံရဦးမလဲဆိုတာ Stop Motion Puppet အန်နီမေးရှင်းပုံစံမျိုးနဲ့ ကြည့်ရှုရမှာပါ။ File Size : 998 MB, 473 MB Quality : WEB-DL 1080p / 720p Running Time : 44min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.2 2013 42 mins
Scooby-Doo! Adventures: The Mystery Map
The Mystic Nine: Qing Shan Hai Tang
6.3

TU ထဲက မုန့်ယောင်လေးရဲ့ The Mystic Nine: Qing Shan Hai Tang (2022) ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… The Mystic Nine ဆိုတဲ့နာမည်ကို C-drama ဖန်တွေစိမ်းနေမယ်မထင်ပါဘူး… ဟုတ်ပါတယ် 2016 မှာ အတော်လေး နာမည်ကြီးခဲ့တဲ့ The Mystic Nine ဒရာမာကို ပြန်ပြီး adaptထားတဲ့ ရုပ်ရှင်ကားလေးပါ… The Mystic Nine (2016) မှာ ကျန်းချီရှန်းနဲ့ အာ့ယွဲ့ဟုန်ကြားက ဂျင်းချိုတွေ စားခဲ့သူရှိပေမယ့် ဘယ်သူမှ သူတို့နှစ်ယောက် ဘယ်လိုဆုံပြီး ဘယ်လို မိတ်ဆွေဖြစ်ခဲ့ကြတယ်ဆိုတာ မသိခဲ့ကြဘူး… ဒီအဖြေကို ဒီရုပ်ရှင်ကားလေးက ဖြေပေးပါလိမ့်မယ်… ကျန်းချီရှန်းဟာ အဖေ့အတွက် လက်စားချေပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ချန်ရှားကိုရောက်လာခဲ့ပါတယ်… ဒါပေမယ့် ချန်ရှားမှာ အာဏာရနေသူ ကျော်ချန်ကျီးက သူလက်စားချေရမယ့်သူဖြစ်နေတာကြောင့် ခိုင်မာတဲ့သက်သေကို ရှာရင်း အာ့ယွဲ့ဟုန်နဲ့ အမှတ်မထင်ဆုံခဲ့ရာကနေ… ကျန်းချီရှန်းရဲ့ ပထမဆုံးသော မိတ်ဆွေအဖြစ်ထိ ဖြစ်လာခဲ့ပါတယ်… တစ်ဖက်က အာ့ယွဲ့ဟုန်အတွက်လည်း ကျန်းချီရှန်းက အတော်လေး ထူးခြားတဲ့သူဖြစ်နေပေမယ့် သူလက်စားချေမယ့် ကျော်ချန်းကျီးဟာ အာ့ယွဲ့ဟုန် အဖေနဲ့ ရင်းနှီးသူဆိုတာထက်ပိုတဲ့ တစ်လှေတည်းစီးနေတဲ့ သေဖော်သေဖက်တွေဖြစ်နေတော့… ကျန်းချီရှန်းတစ်ယောက် ကျော်ချန်းကျီရဲ့ အပြစ်ကို သက်သေပြရမယ့် ပစ္စည်းသက်သေ စာရင်းစာအုပ်ကို လက်ဝယ်ရဖို့ အခက်တွေ့သလို… အာ့ယွဲ့ဟုန်မှာလည်း တစ်သက်လုံး သားလိမ်မာအနေနဲ့နေပေးခဲ့တာကြောင့် အဖေနဲ့ ပထမဆုံးခင်မင်တဲ့ မိတ်ဆွေ ကြား အတော်လေး ဗျာများနေရတာပေါ့…အဆုံးသတ်မှာ မိတ်ဆွေကောင်းတွေဖြစ်သွားမှာ သိပြီးသားဆိုတော့… လက်စားချေနိုင်မှာလား…ပစ္စည်းသက်သေ တကယ် ရနိုင်ခဲ့မှာလား… ဒါ့အပြင် ဒီရန်ငြိုးတွေနောက်မှာ ဘာဖုံးကွယ်ထားတာရှိဦးမလဲ…ဆက်လက်ခံစားကြည့်ရှုပါ

6.3 2022
The Mystic Nine: Qing Shan Hai Tang
Jolly O Gymkhana
5.5

Jolly O Gymkhana 2025 ထူးဆန်းတဲ့ညီအစ်မသုံးဖော်ရဲ့အရှုပ်တော်ပုံ IMDb – 7.5/10 ဘောလိဝုဒ်အချစ်တော် ယိုဂီဘာဘူရဲ့ indian-tamilဇာတ်ကားလေးထွက်ရှိလာပြီဖြစ်လို့ ပရိသတ်ကြီးတို့အတွက်အခုပဲတင်ဆက်ပေးလိုက်ပါပြီ။ အမြဲဗရုတ်သုတ်ခ ဟာသဇာတ်ရုပ်နဲ့မြင်နေကြ ယိုဂီဘာဘူကို ဒီတစ်ခါတော့ လိပ်ခေါင်းထွက်နေလို့ တိုင်ပတ်နေတဲ့ ဖာသာအဖြစ် မြင်တွေ့ရမှာပါ။ ဖာသာမာတင်လူသာကင်းတစ်ယောက် လိပ်ခေါင်းဝေဒနာနှိပ်စက်လို့ ထိုင်မရထမရ ဆေးရုံပြေးဖို့ ကွတတနဲ့ထွက်လာချိန်မှာဘာဗာနီဆိုတဲ့မိန်းကလေးက လာအကူအညီတောင်းတာခံရပါတယ်။ ကိုယ်တိုင် ကွတီးကွတနဲ့မလို့ဖာသာကနားမထောင်ချင်ပေမဲ့ ဘာဗာနီက ဇွတ်အသနားခံနေတာမလို့ ဒီလိုနဲ့ပဲ သူ့ရဲ့ပြဿနာကို နားထောင်ပေးဖို့ဖြစ်လာပါတော့တယ်။ ဘာဗာနီတို့ညီအစ်မ 3 ယောက်မှာ ထူးခြားတဲ့စွမ်းရည်ကိုယ်စီရှိကြပြီး အမေဖြစ်သူ ချယ်လာမာနဲ့ အဘိုးဖြစ်သူသန်ဂါဆွာမိနဲ့အတူ ဗယ်လီကာရန်ဆိုတဲ့ဟိုတယ်မှာ ဒံပေါက်ချက်ရောင်းတဲ့အလုပ်လုပ်ကြပါတယ်။ ဒီလိုနဲ့တစ်နေ့ လမ်းကြောင်းအပြောင်းအလဲနဲ့ ဟိုတယ်ရှိတဲ့လမ်းက ပျက်သွားတဲ့အတွက် အဘိုးဟိုတယ်လည်း အရှုံးပေါ်ပြီး လမ်းဘေးရောက်ရတော့တာပေါ့။ ဒါကိုမကြည့်ရက်တဲ့ ဘာဗာနီတို့ညီအစ်မတွေက ရော့ကတ်ရာဗီဆိုတဲ့ ငွေတိုးချေးစားတဲ့လူဆီကနေ 15 သိန်းချေးပြီးဟိုတယ်လုပ်ငန်းပြန်လုပ်ဖို့ကြံတော့သူတို့ရဲ့ပထမဆုံး အော်ဒါအကြီးမှာတဲ့သူက အန်ဒါပရာကက်ရှ်ရဲ့ဝန်ကြီးချုပ်အသစ်စက်စက်လေး အာအဒိုင်ကယ်ရာ့ဂ်ျ ဒါပေမဲ့ နိုင်ငံရေးသမားတို့ထုံးစံ ကျွေးမွေးလို့ပြီးတော့မှ ဒံပေါက်ဖိုးရှင်းဆိုတော့ လူလည်ကျ အာဏာသုံးဖို့ကြိုးစားရင်း အဘိုးဖြစ်သူ သန်ဂါဆွာမိနဲ့ပြဿနာတက်ကြတော့တာပေါ့။ အဲဒီမှာ အဘိုးကြီးလည်း ဆေးရုံရောက်သွားပြီးအသည်းအသန်တွေဖြစ် အရေးပေါ်ခွဲရမလိုတွေဖြစ် တစ်ဖက်ကလည်း အာအဒိုင်ကယ်ရာ့ဂ်ျက အကျင့်ပျက်နိုင်ငံရေးသမားပီပီ ဖြောင့်မတ်တဲ့ရှေ့နေလေး ပိုဂန်ဒရန်ရဲ့ တရားစွဲတာခံရလို့ ပိုဂန်ဒရန်ကိုရှင်းဖို့ပြင်ဆင်နေတာပေါ့။ ဒီလိုနဲ့ ဘာဗာနီက ငွေ 25 သိန်းထပ်လိုလာပြန်တော့ ဘာဗာနီတစ်ယောက် ရော့ကတ်ရာဗီဆီ ထပ်အကြွေးသွားယူရင်း သူ့အကောင့်ထဲကို 25 သိန်းရောက်လာပါသတဲ့။ ဒါပေမဲ့ ဒီငွေ 25 သိန်းက ဘာဗာနီကိုချေးတဲ့ငွေမဟုတ်ဘဲ ပိုဂန်ဒရန်ကိုသတ်ဖို့ လူသတ်သမားငှားတဲ့ငွေဖြစ်နေတဲ့အခါ…. သပွတ်အူလိုရှုပ်နေတဲ့ ဒီပြဿနာထဲကနေ ဘာဗာနီတို့ညီအစ်မတွေ သူတို့ရဲ့ ထူးခြားတဲ့စွမ်းရည်ကိုအသုံးချလို့ ဘယ်လိုရုန်းထွက်မလဲ ရှုစားကြပါဦးစို့။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)

Action • Drama • History • Thriller
5.5 2025 129 mins
Jolly O Gymkhana