YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Fable - 04 1080p(CM).mp4

192.79 MB N/A video/mp4 683 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Elephant

ဒီကားနာမည်ကိုကြည့်ပြီး ဆင်လေးတွေအကြောင်းရိုက်ထားတယ်ထင်ပြီး လာတယ်ဆိုရင်တော့ မှားပါမယ်။ ဒီလိုပါပဲ ဆင်တွေအကြောင်းမို့ မကြည့်ချင်လို့ ကျော်သွားမယ်ဆိုလည်း မှားမှာပါပဲ။ ဘာကြောင့် ဒီနာမည်ပေးထားမှန်း မသိပေမယ့် ကားအစ ကားအဆုံး ဆင်တစ်ကောင်မှ မပါ,ပါဘူး။ ကိုင်း ဒါဖြင့် ဘာအကြောင်းများလဲ...။ လူအတော်များများကတော့ ရုပ်ရှင်တွေထဲမှာ အမေရိကန် အထက်တန်းကျောင်းတွေ၊ ဆယ်ကျော်သက်အိပ်မက်တွေကို ရင်းနှီးကြမှာပါ။ ဒါပေမဲ့ ကြိမ်ဖန်များစွာဖြစ်နေကြတဲ့ ကျောင်းတွင်းပစ်ခတ်မှုတွေအကြောင်းရော… ရုပ်ရှင်တွေထဲ အကျွမ်းတဝင်ရှိကြပါပြီလား။ ဟုတ်ပါတယ်...။ လက်နက်ကိုင်ဆောင်ခွင့် မတင်းကြပ်ထားတဲ့ အမေရိကန်နိင်ငံမှာ ကျောင်းက ကလေးတွေအပစ်ခံရတာကို သတင်းတွေမှာ မကြာခဏတွေ့ဖူးမှာပါ။ ၂၀၂၂ ခုနှစ် တစ်နှစ်တည်းမှာတင် ကျောင်းတွင်းသေနတ်ပစ်ခတ်မှုပေါင်း ၃၀၂ ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီ ၂၀၂၃ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကတောင် မီချီဂန်က တက္ကသိုလ်မှာပစ်သွားလို့ ၃ယောက် ဆုံးသွားပါသေးတယ်။ အခုတော့ ရုပ်ရှင်အနေနဲ့ ကြည့်လိုက်ကြတာပေါ့။ ဖြစ်ရပ်မှန်ကို ပြန်ရိုက်တဲ့ကားတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ဖြစ်ရပ်တွေကိုတော့ အခြေခံထားမှာပါ။ ဒီကားထဲမှာတွေ့ရမှာကတော့ အပစ်ခံရမယ့် နေ့မှာ ဟိုနားဒီနား ဟိုတစ်စု ဒီတစ်စုသော ကျောင်းသား ကျောင်းသူလေးတွေရဲ့ နေ့စဉ်(ဒါမှမဟုတ် နောက်ဆုံး) လှုပ်ရှားမှုလေးတွေပါ။ ဂုဏ်သရေရှိ ရုပ်ရှင်ပွဲတော်ကြီးဖြစ်တဲ့ Cannes ရုပ်ရှင်ပွဲတော်မှာလည်း အမြင့်ဆုံးဆု Palme d’Or ကိုလည်း ရထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.80GB, 800MB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 1H 21Min Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Horror
null 2003 81 mins
Elephant
Tetris
7.8

IMDb Rating - 7.4/10 တက်ထရစ်ဂိမ်းကို လူအတော်များများဆော့ဖူးပြီး မဆော့ဖူးရင် တောင် မြင်ဖူးကြမှာပါ။ သန်း ၅၂၀ ကျော် ရောင်းချခဲ့ရပြီး မိုဘိုင်း ဂိမ်းအဖြစ် သန်း ၆၅၀ ကျော် ဒေါင်းလုတ်ဆွဲခံရတဲ့ ဂိမ်းတစ်ခုဖြစ် ပါတယ်။ ၂၀၂၀ အထိ သမိုင်းတလျှောက်အရောင်းရဆုံးဂိမ်းဖြစ် ခဲ့ပြီး အဲဒီနောက်မှာမှ Minecraft (2009) က ကျော်တက်သွား ခဲ့တာပါ။ လက်ရှိမှာတော့ Minecraft ကပထမ၊ Grand Theft Auto V (2013) က ဒုတိယနဲ့ Tetris က တတိယဖြစ်နေပါပြီ။ ဒါပေမဲ့ ဂိမ်းစက်နဲ့ကော်ပီရောင်းရနှုန်းက သန်း ၅၀၀ ကျော်တာမို့ မာရီယိုပြီးရင် ဒုတိယအရောင်းရဆုံး ဂိမ်းဖရန်ချိုက်စ်လည်း ဖြစ် နေပါတယ်။ အရာတစ်ခုခုကို အချိန်အကြာကြီး အာရုံစူးစိုက်ပြီး လုပ်လိုက်ရင် အဲဒီအရာက လူတွေရဲ့ အတွေးတွေ အိပ်မက်တွေ စိတ်ပုံရိပ်တွေကို လွှမ်းမိုးသွားတဲ့ သက်ရောက်မှုကိုတောင် စိတ် ပညာရှင် Jeffrey Goldsmith က Tetris Effect လို့ နာမည်ပေး ခဲ့တဲ့အထိပါပဲ။ ဒီရုပ်ရှင်ကတော့ စစ်အေးတိုက်ပွဲကာလမှာ တက် ထရစ်ဂိမ်း ကမ္ဘာကျော်လာပုံရဲ့ နောက်ခံဇာတ်လမ်းတွေကို ရိုက် ကူးထားတာပါ။ ဒါပေမဲ့ ပျင်းစရာ ဒရာမဟုတ်ပါဘူး Thriller ပုံစံရိုက်ကူးထားတာဖြစ်လို့ သည်းထိတ်ရင်ဖိုကြည့်ရမှာပါပဲ။ ဒါရိုက်တာ Jon S. Baird ရိုက်ကူးထားပြီး Kingsmen မင်းသား Taron Egerton အဓိကပါဝင်ထားပါတယ်။ အဓိကကတော့ Kingsmen တွေရဲ့ ပရိုဂျူဆာ Matthew Vaughn ကြောင့်ပါပဲ။ တက်ထရစ်ဂိမ်းရဲ့ မူပိုင်ခွင့်ကို ကုမ္ပဏီကြီးတွေ လုကြတဲ့အကြောင်း ဆိုပေမဲ့ ဂိမ်းတီထွင်သူဟာ ရုရှားကဖြစ်ပြီး စစ်အေးတိုက်ပွဲကာလ ဖြစ်နေတာကြောင့် KGB ထောက်လှမ်းရေးတွေပါ ပတ်သတ်နေပြီး မော်စကိုမှာ သူလျိုစစ်ဆင်ရေးလုပ်နေသလိုကို ကြည့်ရမှာပါ။ ရုရှားဟာ ကွန်မြူနစ်နိုင်ငံဖြစ်လို့ ဂိမ်းတီထွင်သူဟာ မူပိုင်ခွင့်မရှိပါဘူး ငွေလည်းမရပါဘူး။ မူပိုင်ခွင့်ငွေကို အစိုးရကပဲ ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲခါနီးအချိန် ကွန်မြူနစ်အစိုးရ တစ်ခုလုံး ချစားနေတဲ့အချိန်ဖြစ်တာကြောင့် မရိုးရှင်းခဲ့ပါဘူး။ နိုင်ငံ အတွက်ရမယ့်ငွေကို အိတ်ထဲထည့်ချင်လို့ လာဘ်စားပြီး ဈေးနှိမ်တဲ့ ကုမ္ပဏီကိုပဲ ရောင်းချင်တဲ့ အကျင့်ပျက်နိုင်ငံ့ခေါင်းဆောင်တွေပါမယ် လူလည်စီးပွားရေးသမားတွေပါမယ် အစုံပါပဲ။ ဒီတော့ စပိုင် thriller ကြိုက်တဲ့သူတွေ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ အားလုံး ကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(1.38 GB) / (611 MB) / (356 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 58Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, History Translator.......Mr.Anderson Encoder..........Zin Phyo Aung

Horror
7.8 2023 118 mins
Tetris
Wendell & Wild
6.8

IMDb Rating - 6.5/10 ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌ စက်စက်လေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း မိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။ အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(2.32 GB) / (925 MB) / (550 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......CM Team Encoder..........Zin Phyo Aung

Crime • Drama • Thriller
6.8 2022 107 mins
Wendell & Wild
Duyen Ma

ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ My Boyfriend Is A Ghost လို့အမည်ရတဲ့ Vietnam ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ မင်န်ဆိုတဲ့ တစ်ကိုယ်တော် ရိုးသားကြိုးစားတဲ့ ကောင်လေးက ကံအကြောင်းမလှဘဲ ကားအက်ဆီးဒင့်တစ်ခုကြောင့် သေဆုံးသွားပါတော့တယ်။ သေဆုံးခါစ ဝိဉာဉ်အဖြစ်နဲ့ သွားစရာမရှိဖြစ်နေတဲ့ မင်န့်ကို နော့ ဆိုတဲ့ ဝိဉာဉ်တွေ သရဲတွေကိုမြင်ရပြီး ခင်မင်ရတဲ့ဝိဉာဉ်တစ်ချို့နဲ့အတူတူနေထိုင်နေတဲ့ ကောင်မလေးက သူ့အိမ်က ဝိဉာဉ်တွေနဲ့အတူတူ‌ လာနေထိုင်ဖို့ခေါ်လာခဲ့ရာက စတင်ခဲ့တဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သေဆုံးသွားတဲ့အဖြစ်ကိုလက်မခံနိုင်ဖြစ်နေတဲ့ မင့်န်ကို ဝိဉာဉ်ဘဝနဲ့နေသားကျသွားအောင် ကူညီပေးနေရင်း သူတို့နှစ်ယောက်ကြားမှာ သံယောဇဉ်တွေ ၊ အချစ်တွေ ဖြစ်ပေါ်လာပါတော့တယ်။ ကမ္ဘာနှစ်ခုခြားနေတဲ့ သူတို့အချစ်ရဲ့ခက်ခဲမှုတွေနဲ့အတူ ဘယ်လိုမျိုး အနှောင့်အယှက်တွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်းကိုတော့ Cali က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Cali နဲ့ Shin ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Horror, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 622MB | 306MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August

Action • Drama
0 2022 96 mins
Duyen Ma
Taal
6.4

မင်းသမီး Aishwarya Rai အဓိကပါဝင်ထားပြီး Anil Kapoor နဲ့ Akshaye Khanna တို့လို မင်းသားကြီးတွေနဲ့ ဒီရုပ်ရှင်ကားက အချစ်ရိုမန့် အလွမ်းအဆွေးရသစုံတဲ့ ရုပ်ရှင်ကားကြီးပါ။ "Taal" ဆိုတာ သိပ်ကိုနူးညံ့တဲ့စကားလုံးလေး "ဂီတသံစဉ်" တစ်နည်းအားဖြင့် "နှောင်ကြိုး" လူသားရဲ့စိတ်ဖြေရာ အချစ်တို့မွေးဖွားရာ ခံစားချက်တွေ ပေါင်းဆုံရာကို ဂီတလို့ခေါ်နိုင်မလား... ဂီတငြိစွန်းလာတဲ့အခါ လူ့ရဲ့စိတ်ကနူးညံ့လာပြီး နှလုံးသားချင်း စကားပြောလာတတ်ပါတယ် အဲ့ဒီစကားလုံးတွေကပဲ နှလုံးသားကို အချစ်လမ်းသွယ်လေးဆီ ခေါ်ဆောင်လာတတ်တယ်... ဟုတ်ပါတယ် ဒီနှောင်ကြိုးလေးက မာနဗ် မာန်ဆီ ဗစ်ကရန်းဆိုတဲ့ ဘဝသုံးခုနဲ့ ချိတ်တွယ်ထားပါတယ် ဘဝရဲ့လမ်းသွယ်လေးတွေမှာ ကျွန်မတို့ လူတော်တော်များများနဲ့ ဆုံဖြစ်ကြပါလိမ့်မယ် ကိုယ့်စိတ်နဲ့ ထပ်တူမကျတာရှိနိုင်သလို ကိုယ့်နှလုံးသားနဲ့ အဲ့ဒီလူကို ငြိတွယ်သွားတာလည်း ဖြစ်နိုင်ပါတယ် နိုင်ငံခြားပြန် မြေပြန့်သားလေး မာနဗ်ဟာ ဖခင်ဖြစ်သူရဲ့ အလုပ်ကိစ္စနဲ့ တောင်ပေါ်ဒေသကို အလည်လာရင်း ရိုးသားတဲ့တောင်ပေါ်သူလေး မာန်ဆီနဲ့ သံယောဇဉ်ငြိတွယ်ခဲ့ပါတယ်... အခြေအနေအချင်းက အရမ်းကွာဟတာကြောင့် ဒီနှောင်ကြိုးကို မြဲအောင်မထားနိုင်ခဲ့ပါဘူး... ဘဝရဲ့အခန်းကဏ္ဍတစ်ခုပြီးဆုံးသွားတဲ့အခါ တခြားကဏ္ဍတစ်ခုက ပေါ်လာတတ်စမြဲပဲဆိုတာ ကြားဖူးကြတယ်မလား... အဲ့ဒီအခန်းကဏ္ဍနဲ့အတူ မာန်ဆီရဲ့ဘဝထဲကို ထပ်မံဝင်ရောက်လာသူကတော့ အောင်မြင်ကျော်ကြားတဲ့ သီချင်းဒါရိုက်တာကြီး..ထုတ်လုပ်သူကြီး ဗစ်ကရန်းကပူရ်ပါပဲ "လက်ထပ်တယ်ဆိုတာ ဘဝနှစ်ခု ပေါင်းဆုံဆည်းတာ" "လက်ထပ်တယ်ဆိုတာ နှလုံးသားနှစ်ခု ထပ်တူကြတာ" "အတူတူသေမယ် အတူတူရှင်သန်မယ်" တဲ့...။ ကဲ..သူတို့သုံးဦးရဲ့ဘဝနှောင်ကြိုးတွေက ဘယ်ကိုဦးတည်သွားမလဲ ဒီနှောင်ကြိုးလွန်ဆွဲပွဲမှာ ဘယ်သူ့အချစ်က အနိုင်ရပြီး ဘယ်သူနဲ့ဆုံဆည်းရမလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုပြီး လူသားတိုင်း အချစ်နဲ့ဘဝထပ်တူကျပါစေလို့ တောင်းဆိုပေးလိုက်ပါတယ်...။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Taylor မှ ခံစားတင်ဆက်ထားပါတယ်။) File size…(3.3 GB)/(1.8 GB) Quality….WEB-DL 1080p HEVC / 720p Format…mkv/mp4 Duration….02:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor

Comedy • Drama • Science Fiction
6.4 1999 177 mins
Taal
Wish You Were The One
6.3

Wish You Were The One (2023) ~ IMDb – 6.3/10, MyDramaList – 7.5/10 ~ လိုက်ကာနဲ့ယူနီဖောင်းချုပ်တဲ့ ကိုယ်ပိုင်စီးပွား‌ရေးလုပ်ငန်းအသေးလေးရဲ့ ပိုင်ရှင်ဖြစ်သူ “အက်စရွတ်” ဆိုတဲ့မိန်းမချောလေးဟာ ငယ်ရွယ်စဉ်ကလေးဘဝက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကြောင့် ဘဝမှာမြင့်သထက် အမြင့်ရောက်အောင် အမြဲကြိုးစားနေသူတစ်ဦးဖြစ်ပါတယ်။ အက်စရွတ်ရဲ့ရာဇဝင်ကို အတိုချုံ့ပြောရရင် သူငယ်စဥ်မှာပဲ သူ့ရဲ့အမေဟာ ယောက်ျားကဖောဖောသီသီမထားပေးနိုင်တဲ့ဘဝကို စိတ်ကုန်သွားလို့ သမီးနဲ့လင်ယောက်ျားကိုကျော်ပြီး သူ့ကိုယ်သူ တစ်ကိုယ်ကောင်းဆန်ဆန်ရွေးချယ် အိမ်ကထွက်သွားခဲ့တာကြောင့် အဲဒီအမေကို တစ်သက်လုံးမုန်းတီးနေခဲ့ပါတယ်။ ဒီလိုစိတ်ဒဏ်ရာကြီးရခဲ့တဲ့ အက်စရွတ်အဖို့ သူကိုယ်တိုင်လည်းအလားတူအဖြစ်နဲ့ကြုံရမှာကို အတော်လေး ကြောက်နေမိတာကြောင့် ပုံမှန်ဝင်ငွေရှိပြီး ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့က သူ့ရဲ့မဆုံးသောပန်းတိုင်ဖြစ်နေခဲ့ပါတယ်။ “အဲလစ်”ဆိုတဲ့ ဥယျာဉ်ခင်းကျင်းသူကောင်လေးဟာလည်း သူ့ရဲ့အထက်တန်းလွှာလူကုံထံရည်းစားအချောအလှ‌လေးရဲ့မျက်လုံးထဲမှာ လိုအပ်ချက်တွေအများကြီးရှိနေတဲ့ယောက်ျားတစ်ယောက်လို ခံစားနေရသူတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့ အဲလစ် စေ့စပ်ခွင့်တောင်းတာကို‌ အငြင်းခံလိုက်တဲ့ညဟာ သူနဲ့အက်စရွတ်တို့ဆုံတွေ့ဖို့ ဇာတ်လမ်းအစလေးဖြစ်လာပါတော့တယ်။ အဲဒီနေ့ညဟာ အက်စရွတ်တစ်ယောက် သူ့ရည်းစားစားဖိုမှူးကို ကိတ်တစ်လုံးနဲ့ မွေးနေ့စပရိုက်လုပ်ဖို့ အသွားမှာ ဖောက်ပြန်နေတာကို ပက်ပင်းမိခဲ့တဲ့နေ့လည်းဖြစ်ပါတယ်။ အက်စရွတ် စိတ်ပျက်ပျက်နဲ့ ခုံတန်းပေါ်မှာ အတိုင်းသားချန်ထားခဲ့တဲ့ ကိတ်မုန့်ကိုကြိတ်လိုက်တဲ့သူ‌ကတော့ အခြားသူမဟုတ်ပဲ စေ့စပ်ခွင့်တောင်းတာကိုငြင်းခံလိုက်ရတဲ့ “အဲလစ်”ပါပဲ။ ကံကြမ္မာရယ် ဆန်းကြယ်ပုံကိုပြောရရင် “အဲလစ်” ဒေါကန်ပြီး လွှင့်ပစ်လိုက်တဲ့ စေ့စပ်လက်စွပ်ကိုကောက်ရသွားတဲ့သူဟာလည်း “အက်စရွတ်”ဖြစ်နေခဲ့တာပါပဲ။ ကမ္ဘာကြီးရဲ့ကျဉ်းပုံများကတော့ သူတို့အချင်းချင်းတောင်မသိလိုက်ဘဲ လောကကြီးရဲ့ချည်နှောင်ပေးခြင်းကိုခံလိုက်ရတဲ့ သူတို့၂ဦးဟာ သူငယ်ချင်းမင်္ဂလာဆောင်မှာ နှစ်ဖက်ရည်းစားဟောင်းအစုံအလင်နဲ့ တစ်ဖန်ပြန်လည်ဆုံတွေ့ရဖို့ဖြစ်လာခဲ့ပြန်တာပါပဲ။ သူတို့နှစ်ယောက် အတိတ်ကလူတွေကိုယ်စီနဲ့ ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲ… သူတို့နှစ်ဦးရဲ့ဇာတ်ထုပ်ကရော ဘယ်လိုဖြေချဦးမှာလဲ… ဆိုတာကိုတော့ လက်မလွှတ်တမ်း စိတ်ဝင်စားဖွယ် စောင့်မျှော်ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 625MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 49Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

6.3 2023 109 mins
Wish You Were The One
Body of Lies
7

IMDb 7.1 ရတဲ့ကားလဲဖြစ် လီယိုနာဒိုရဲ့ကားလည်းဖြစ်နေတဲ့အတွက်အထူးတလည်ညွှန်းစရာမလိုဘဲ ဘယ်လောက်ကောင်းလဲ မှန်းကြည့်နိုင်ပါတယ်။ အကြမ်းဖက်အဖွဲ့ခေါင်းဆောင်နောက်ကို လိုက်နေတဲ့ စီအိုင်အေ အေးဂျင့်(လီယိုနာဒို) ဟာ သူ့ရဲ့ အမေရိကန် အထက်အရာရှိရဲ့ သံသယဖြစ်ဖွယ်အမိန့်တွေနဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေ ရောထွေးနေတဲ့အချိန်မှာ အခက်အခဲတွေကြားထဲကနေ ဇာတ်ကားဟာ လှည့်ကွက်ကောင်းကောင်းနဲ့ ဇာတ်အိမ်ခိုင်ခိုင်နဲ့ ကြည့်လို့ ကောင်းလွန်းတဲ့အတွက် အညွှန်းနဲ့ spoiler ဖြစ်အောင် မလုပ်တော့ပါဘူး။ ကြည့်လိုက်ကြပါဦး။ (အညွန်းရေးသူကတော့ Little Neo ပဲ ဖြစ်ပါတယ်) File size…(3 GB)/(2 GB) Quality….Web-DL 1080p / 720p Format…mp4 Duration….02:08:00 Genre…Action, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

7 2008
Body of Lies
The Diving Bell and the Butterfly Le scaphandre et le papillon
8

The Diving Bell and the Butterfly (2007) ဘဝတစ်လျှောက်လုံး တစ်ခါမှရှုံးနိမ့်မှုကိုမခံစားရဘဲ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလာခဲ့တဲ့ ဂျွန်ဒိုမီနစ်ခ်ဘူဘီတစ်ယောက် တစ်နေ့မှာ ရုတ်တရက် လေဖြတ်သွားပါတော့တယ်။ တစ်ဘဝလုံး ကိုယ့်စိတ်တိုင်းကျနေလာခဲ့တဲ့ ဂျွန်ဒိုတစ်ယောက် လေဖြတ်ပြီး မျက်လုံးတစ်ဖက်ကလွဲလို့ ဘယ်အရာမှစိတ်တိုင်းကျမလှုပ်ရှားနိုင်တဲ့အတွက် စိတ်ဓာတ်ကျလာပါတယ်။ ဒါပေမဲ့ မိသားစုဝင်တွေ ဆရာဝန်တွေရဲ့အကူအညီနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပြီးနောက်မှာတော့ ဘဝကိုအရှုံးမပေးဘဲ လုပ်ချင်ခဲ့တဲ့အရာတွေ ပြန်လုပ်ဖို့ ကြိုးစားလာပါတယ်။ ဒီလိုနဲ့ သူနာပြုမလေးအကူအညီနဲ့ စာအုပ်ရေးဖို့ဖြစ်လာခဲ့ပြီး ဒီစာအုပ်ထဲကတစ်ဆင့် သူပြောချင်တာတွေကို ထုတ်ပြောနိုင်ခဲ့ပါတယ်။ အခုဇာတ်ကားလေးက ဂျွန်ဒိုမီနစ်ခ်ရေးခဲ့တဲ့ The Diving Bell and the Butterflyဆိုတဲ့ စာအုပ်ကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး လေဖြတ်နေတဲ့ရောဂါသည်တစ်ယောက်ရဲ့ ခံစားချက် အတွေးအမြင်တွေကို သိရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Rating အနေနဲ့လည်း IMDb မှာ 8/10 နဲ့ Rotten Tomatoes မှာ 94%ရထားတဲ့အပြင် ၂၀၀၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအဖြစ် မှတ်တမ်းဝင်ထားတဲ့ကားလေးပဲဖြစ်ပါတယ်။ File size… 2.8 GB / 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

8 2007
The Diving Bell and the Butterfly Le scaphandre et le papillon
Son of Batman

Son of Batman (2014) IMDb: 6.7/10 Rotten Tomatoes: 64% Genre: Animation/Action/Adventure Son of Batmanဟာ ၂၀၁၄ ခုနှစ်ထွက် DC Animated Original Movies ရဲ့ အခု ၂၀ မြောက် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်ထွက် “Batman and Son” comic ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘတ်မန်းရဲ့ သားဖြစ်တဲ့ ဒေမီယမ်ဝိန်း ကိုမိတ်ဆက်တဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ အဖေနဲ့သားရဲ့ချစ်စဖွယ် ဇာတ်လမ်းလေးပေါ့ဗျာ ? ဇာတ်ညွှန်း League of Assassins ဦးဆောင်နေသူဟာ ရေရှယ်ဂူးလ် ဖြစ်တယ်ဆိုတာကို ဘတ်မန်းနဲ့ မစိမ်းသူတိုင်းသိပါတယ်။ ဘရုစ်ဝိန်းဆိုတဲ့ လူတစ်ယောက်မရောက်လာခင်အထိ ဆလိတ်ဝီဆင်လ်(Deathstroke) ဟာ ရေရှယ်ဂူးလ် ရဲ့ ညာလက်ရုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘရုစ်ဝိန်းရောက်လာတဲ့အချိန်မှာတော့ ဆလိတ်ကို လက်လွှတ်လိုက်တာသိကြမှာပါ။ တစ်ရက်မှာတော့ ဆလိတ်ဝီဆင်လ်ဟာ ရေရှယ်ဂူးလ်တို့တည်ရှိနေတဲ့နေရာကိုလာရောက်တိုက်ခိုက်ခဲ့ပါတယ်။ သေမင်းကိုခဏခဏကလိမ်ကျပြီး အသက်ရှင်ခဲ့တဲ့ ရေရှယ်ဂူးလ် ဟာ ဒီတစ်ကြိမ်မှာတော့ အသက်ဆုံးခဲ့ပါတယ်။ ဒါပေမယ့် မသေပဲလွတ်သွားတဲ့လူနှစ်ယောက်ရှိခဲ့ပါတယ်။ သူတို့နှစ်ယောက်ကတော့ တာလီယာနဲ့ ဒေမီယမ်တို့နှစ်ယောက် ဖြစ်ပါတယ်။ တာလီယာကတော့ရေရှယ်ဂူးလ်ရဲ့သမီးဖြစ်ပြီး ဒေမီယမ်ကတော့ တာလီယာရဲ့သားဖြစ်ပါတယ်။ ဒေမီယမ်ရဲ့အဖေကတော့ ဘရုစ်ဝိန်းဖြစ်ပါတယ်။ League of Assassins ပျက်စီးသွားချိန်မှာတော့ တာလီယာဟာ ဒေမီယမ်ကို ဘရုစ်လက်ထဲထည့်ဖို့အကြောင်းဖန်လှပါတော့တယ်။ ဂျစ်ကန်ကန် ကောင်လေးတစ်ယောက်၊ ငယ်ငယ်ထဲက လုပ်ကြံသတ်ဖြတ်ရေးသမားတစ်ယောက်ဖြစ်ဖို့ လေ့ကျင့်ခံထားပေးရတဲ့ကောင်လေးတစ်ယောက်နဲ့ စည်းကမ်းတင်းကြပ်လှတဲ့ သခင်ကိုယ်တော်ဆရာဘတ်တို့နှစ်ယောက် ဘယ်လိုနှစ်ပါးသွားမှာလဲ။ League of Assassins ကိုဖြုတ်ချတာထက်ပိုတဲ့ ရည်ရွယ်ချက်တွေရှိနေတဲ့ Deathstroke ကိုသားအဖနှစ်ယောက်ပေါင်းပြီး ဘယ်လိုတိုက်မှာလဲ။ File size… 979 MB / 414 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Animation/Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by LuciferMaximoff

Horror • Mystery • Thriller
0 2014
Son of Batman
Ribbon
6.9

Ribbon 2017 (နှောင်ကြိုးလေး) ကာရန်နဲ့ ဆာဟာနာတို့ဟာ မိသားစုတာဝန်တွေကို ထမ်းဆောင်ရင်း အလုပ်ကိုယ်စီနဲ့ ကြိုးစားရုန်းကန်နေရတဲ့ ဇနီးမောင်နှံနှစ်ယောက်ပေါ့၊ ဒီလိုနဲ့ တစ်ရက်မှာ မမျှော်လင့်ဘဲ ဆာဟာနာ့မှာ ကိုယ်ဝန်ရှိလာပါတော့တယ်။ သာမာန်မိသားစုတွေဖြစ်တဲ့အပြင် အလုပ်မှာ အရမ်းကြိုးစားပြီးတော့ နေရာတစ်နေရာရနေတဲ့ ဆာဟာနာဟာ ဒီကလေးကို မလိုချင်ခဲ့ပါဘူး။ ကိုယ်ဝန်ရတာကို သိသွားပြီးတဲ့နောက်မှာတော့ ကလေးအရမ်းလိုချင်တဲ့ ကာရန်တစ်ယောက်ကတော့ အပျော်ကြီးပျော်ခဲ့ပေမယ့် ကလေးမလိုချင်လို့ ဖျက်ချမယ်ဆိုတဲ့ ဆာဟာနာပြောတဲ့စကားသံကို ကြားပြီးနောက်မှာတော့ ကာရန်နဲ့ ဆာဟာနာတို့ဟာ ပြဿနာတွေ တက်ပါတော့တယ်။ ဒီလိုနဲ့ လင်မယားနှစ်ယောက်လုံး ရုန်းကန်နေရတဲ့ကြား အိမ်ချေးငွေတွေ, ဆာဟာနာရဲ့ဖခင်ဖြစ်သူ ဆိုင်အသစ်ဖွင့်တဲ့အတွက် ကူညီလုပ်ကိုင်ပေးနေရတာတွေအပြင် ကလေးတစ်ယောက်ကို ပျိုးထောင်ရဖို့ မလွယ်လှတဲ့ ခေတ်ကြီးမှာ ကာရန်နဲ့ ဆာဟာနာတို့ ဒီကိုယ်ဝန်ကို ဘယ်လို ဆုံးဖြတ်ချက်ချမလဲ ……. သူတို့ရဲ့ ဘဝကို ဘယ်လိုတွေ နပန်းလုံးရင်း နှစ်ပါးသွားကြမလဲဆိုတာတွေကို ကြည့်ရှုရမယ့် မိသားစုဒရာမာဇာတ်လမ်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

TV Movie • Thriller • Drama • Crime
6.9 2017
Ribbon
Dragon Wars: D-War
6.1

Dragon Wars ============ King Kong တို့ Gozilla တို့ ကြိုက်တဲ့ သူတွေအဖို့ ဒီနဂါးကားကလည်း အကြိုက်တွေ့စေမယ့်ကားထဲပါပါတယ် ကိုရီးယားတွေရဲ့ ဒဏ္ဍာရီအရ လွန်ခဲ့တဲ့နှစ်ပေါင်း ထောင်နဲ့ချီက အသက်ရှင်ခဲ့တဲ့ နဂါးမျိုးဆက်ဟာ ကမ္ဘာကိုပြန်ပြီးကြီးစိုးမယ်လို ဟောကိန်းထုတ်ခဲ့ပါတယ်။ ဒဏ္ဍာရီအရ အီမူဂီလိုခေါ်တဲ့ မျိုးရိုးမြင့်မွေတစ်ကောင်ဟာ လူမိန်းမတစ်ယောက်ရဲ့ ကိုယ်ထဲက ဝိညာဉ်အစွမ်းကိုစုပ်ယူပြီး စကြဝဠာနဂါးအဖြစ်အသွင်ပြောင်းဖို အဲဒီအမျိုးသမီးကို မြေလှန်ရှာဖွေတဲ့အခါမှာတော့…. ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:45:00 Genre_Action, Drama, Fantasy, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

Drama
6.1 2007
Dragon Wars: D-War
The Three Stooges Go Around the World in a Daze
6.2

ဘဝအမောတွေပြေစေဖို့ 1963 ခုနှစ်မှာထွက်ရှိခဲ့တဲ့ The Three Stooges ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ပါတယ်။ The Three Stooges ဆိုတာနဲ့ကို ဇာတ်ဝင်ခန်းတိုင်းမှာ အလွဲလွဲအချော်ချော်နဲ့ ရယ်ရယ်မောမောကြည့်ရှုကြရမယ်ဆိုတာ သိကြပြီးသားဖြစ်မှာပါ။ ဒီရုပ်ရှင်ကတော့ ကမ္ဘာပတ်လည် ရက် ၈၀ စာအုပ်ကို ပြန်ရိုက်ထားတာဖြစ်ပြီး ဖီးလီးယက်စ် ဖော့ဂ်ရဲ့ မြစ်ဖြစ်သူ တတိယ ဖိးလီးယက်စ် ဖော့ဂ်ရဲ့ ရက် ၈၀ အတွင်း ကမ္ဘာပတ်ခရီးစဉ်ကို ကြည့်ရှုကြရမှာပါ။ Three Stooges ကတော့ ဖော့ဂ်ရဲ့ အစေခံတွေနေရာကနေ သရုပ်ဆောင်ထားပြီး သူတို့သခင်လေးရဲ့ခရီးစဉ်မှာ ဘယ်လိုလိုက်လံကူညီကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 2.5 GB, 1.9 GB Quality : WEB-DL 1080p / 720p Running Time : 1hr 34min Format : Mp4 Genre : Adventure, Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

6.2 1963 94 mins
The Three Stooges Go Around the World in a Daze
You Will Die in 6 Hours
7.6

You Will Die in 6 Hours (2024) ******************************* IMDb… 7.6 NCT အဖွဲ့ဝင် Jaehyun နဲ့ Mouse ၊ Perfect Family တို့မှ မင်းသမီး Park Ju-Hyun တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ကားသစ်လေး ထွက်ရှိလာပါပြီ။ တစ်ချိန်က အသက် ၃၀ ပြည့်ရင်တော့ တစ်ခုခုပြောင်းလဲသွားတဲ့ ဘဝမှာ နေရလိမ်မယ်လို့ ထင်ထားခဲ့တဲ့ အီဂျောင်ယွန်း…(Park Ju-Hyun) အသက် ၃၀ ပြည့်မွေးနေ့ဖြစ်တဲ့ ယနေ့မှာလည်း ဘာမှမထူးခြားလာဘဲ ဒုံရင်းကဒုံရင်းဖြစ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဂျောင်ယွန်းက သူ့သူငယ်ချင်းကို တွေ့ဖို့အသွား လမ်းဖြတ်ကူးစဉ်မှာ ဂင်ဂျွန်အူ (Jaehyun) က ဂျောင်ယွန်းနားကပ်လာပြီး ပြောလိုက်တဲ့ စကားလေးတစ်ခွန်းက “မင်း နောက် ၆ နာရီကြာရင် သေရမယ်”တဲ့… အဓိပ္ပာယ်မရှိတဲ့စကားမို့ ဂျောင်ယွန်းလည်း အစက မယုံနိုင်ဖြစ်နေခဲ့ပေမဲ့ သူ့ကံကြမ္မာကို ပြောင်းလဲဖို့အတွက် ဂျွန်အူနဲ့နှစ်ယောက်အတူ သူ့ကိုသတ်မဲ့ လူသတ်သမားကို အတူလိုက်ရှာကြတဲ့အခါမှာတော့….. ဂျောင်ယွန်းက သူ့ကံကြမ္မာကို ပြောင်းလဲလိုက်နိုင်မလား… ဂျွန်အူက ဂျောင်ယွန်းရဲ့ကံကြမ္မာကို ကြိုမြင်နိုင်ရတာရဲ့ နောက်ကွယ်မှာလည်း ဘယ်လိုအကြောင်းအရင်းတွေ ရှိနေမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size… 2.11GB/ 610MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Thriller, Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hnin Wai Oo, Stary & Treasure Htet

Comedy • Romance
7.6 2024 91 mins
You Will Die in 6 Hours
127 Hours
7.5

127 Hours (2010) IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။ အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ? ငါးရက်ကြာအောင် ချောက်ထဲမှာ ပိတ်မိနေတဲ့ အေရွန်တစ်ယောက် ၁၂၇ နာရီ ကြာပြီးတဲ့နောက်မှာ လွတ်မြောက်သွားတော့မှာလား? အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ခဲ့ရပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Biography, Drama, Thriller Duration….01:34:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Science Fiction • Thriller
7.5 2010 94 mins
127 Hours
The Blackcoat’s Daughter

American Horror Story/Scream Queen တို့နဲ့လူသိများပြီး Horror Princess လို့တောင်တင်စားခံရတဲ့ မင်းသမီး Emma Robertsရယ်၊ မကြာသေးမီက ထွက်ရှိထားတဲ့ Red One ဇာတ်ကားထဲက ဗီလိန်မင်းသမီး Kiernan Shipka အပြင် နာမည်ကျော်ဇာတ်ကားများစွာမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lucy Boyntonတို့ရဲ့ 2015ခုနှစ်ထွက် Horror ရုပ်ရှင်ကားတစ်ကားကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ၊ အမျိုးသမီးသီးသန့် ကတ်သလစ်ဘော်ဒါကျောင်းတစ်ခုမှာ ဆောင်းရာသီကျောင်းပိတ်ရက်ရောက်တော့ ကျောင်းသူတွေအားလုံး ကိုယ်စီ အိမ်ပြန်ကြရပါတယ်။ ဒါပေမဲ့ ကတ်သရင်းနဲ့ ရို့စ်ဆိုတဲ့ကျောင်းသူလေးနှစ်ယောက်ကတော့ ဘု‌ရားကျောင်းဆစ်စတာတွေနဲ့အတူ ကျောင်းမှာ ကျန်ခဲ့ကြပါတယ်။ ရို့စ်ကတော့ မိဘတွေကိုလာခေါ်ရမဲ့ရက်မှားပြောလိုက်လို့ နောက်ကျနေတာဆိုပေမဲ့ ကတ်သရင်းကတော့ သူမိဘတွေကသူ့ကိုလာမခေါ်တော့ဘူး၊ ကျောင်းမှာပဲနေမယ်လို့ ထူးထူးဆန်းဆန်းတွေပြောလာပါတယ်။ မိဘတွေလာခေါ်မှာကိုစောင့်နေကြရင်း ကတ်သရင်းဟာ တ‌ဖြည်းဖြည်းနဲ့ မူမမှန်တော့ဘဲ ခြောက်ခြားစရာကိစ္စတွေ ဖြစ်ပျက်ကုန်ပါတော့တယ်။ တစ်ဖက်မှာလည်း လင်မယားနှစ်ယောက်နဲ့အတူ ကားကြုံလိုက်စီးဖြစ်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းကိုလည်း အပြိုင်အနေနဲ့ ပြသထားပါသေးတယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းတည်ဆောက်ပုံက အစပိုင်းတော့ “ဘာကြီးမှန်းမသိဘူး”လို့ထင်ကောင်းထင်နိုင်ပေမဲ့ ကြည့်ရင်းနဲ့မှ တဖြည်းဖြည်း ဇာတ်ရည်လည်ပြီး ကြောက်စရာကောင်းလာတာမျိူးပါ။ ကွက်ကွက်ကွင်းကွင်း Jump scares တွေထက် ဒိုင်ယာလော့နည်းနည်းနဲ့ တွေးတွေးပြီးကြောက်နေရမဲ့ slow burn ပုံစံ horrorဇာတ်ကားပါ။ ဘော်ဒါဆောင်မှာ နှစ်ယောက်တည်းကျန်ခဲ့တဲ့ ကောင်မလေးနှစ်ယောက်ရယ်၊ လမ်းမှာကားကြုံလိုက်စီးတဲ့ကောင်မလေးရယ်က ခြောက်ခြားစရာကိစ္စတွေနဲ့ ဘယ်လိုတွေ သက်ဆိုင်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size… 1 GB / 364 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror/ Mystery/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Muse

Drama
0 2015 93 mins
The Blackcoat’s Daughter