YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Eternaut (2025) S01 E03 720p [RMC].mp4

463.82 MB 720p video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Romantic Adventures
2

အချစ်ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ မမျှတတဲ့အိမ်ထောင်ရေးတစ်ခုဟာ တည်မြဲဖို့မလွယ်ပါဘူး။ တီခယ့်ဟာစီးပွားရေးအရာမှမဖြစ်ထွန်းပဲ သူ့ရဲ့မိန်းမကတော့လုပ်ငန်းပိုင်းမှာအရမ်းအောင်မြင်တာမလို့ တီခယ့်ဟာ အိမ်ထောင်ရှင်ယောင်္ကျားတစ်ယောက်တာဝန်ကို အပြည့်အဝယူရပါတယ်။ သူကအိမ်မှာနေ ထမင်းဟင်းချက် အိမ်မှုကိစ္စတွေလုပ်ပြီးနေရတာကိုမပျော်ပါဘူး ယောင်္ကျားတစ်ယောက်အနေနဲ့အပြင်ထွက်ပြီးအလုပ်လုပ်ချင်ပါတယ်။ ဒါကိုသူ့ရဲ့မိန်းမကခါးခါးသီးသီးငြင်းဆန်ပါတယ်။ ဒီလိုနဲ့ပဋိပက္ခတွေဖြစ်ပြီး ကွာရှင်းဖို့အထိပါဖြစ်လာပါတယ်။ လုပ်ငန်းမှာအရမ်းအောင်မြင်ပြီး ယောင်္ကျားကိုအထင်မကြီးတဲ့မိန်းမကို ပညာပေးဖို့အတွက် တီခယ့်ကလူတစ်စုနဲ့အတူပူးပေါင်းပြီး အပြိုင်ကမ္ဘာကတီခယ့်ဆိုပြီးဖန်တီးလိုက်ပါတယ်။ သူ့မိန်းမကိုလဲပြန်ခံစားရစေမယ်ဆိုပြီး ဟစ်ကြွေးလို့ပေါ့...... သူ့တို့ဆင်တဲ့ဇာတ်လမ်းကြောင့်လင်မယာကြားပြန်သင့်မြတ်သွားမလား...... ဒါမှမဟုတ်ပြဿနာတွေပဲပိုဆိုးလာမလားဆိုတာကိုတော့.... Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama Runtime : 1h 29 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK

Drama • History • Romance
2 2023 89 mins
Romantic Adventures
Human Resources
6

ဆေးကျောင်းတက်နေတဲ့ ကောင်လေးတစ်ယောက် ကျောင်းစရိတ်လိုချင်လို့ စတိုးဆိုင်မှာ အရောင်းစာရေးလေးလာလုပ်တယ် ဂျာကြီးကတော့သဘောကောင်းပါရဲ့ မန်နေဂျာချုပ်ကတော့ လေတိုက်တိုင်းစိတ်တို အဲဗားပတ်ဖြဲနေတယ် ဆိုင်ကလဲ သောက်တလွဲ ရောင်းလဲမကောင်းဘူး ဖွင့်ကဖွင့်ထားသေးတယ် ဆိုင်ဝန်ထမ်းတွေကလဲ ခဏခဏပျောက်နေတယ် ဒေါက်တာလောင်းလေးက ပဟေဠိပေါင်းများစွာကို အဖြေရှာဖို့အတွက် လိုက်ရင်းလိုက်ရင်းနဲ့ အရှုပ်ထုပ်တစ်ခုကို တူးဆွမိသွားတဲ့အခါ..... Suspense Horror စတိုင်မျိုးဖြစ်လို့ သိချင်စိတ်နဲ့ ကြောက်စိတ်ကို တစ်ပြိုင်တည်း ရသပေးမယ့် ဒီကားလေးကို ကြည့်ရှုအားပေးဖို့တင်ဆက်ပေးလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ်။ Genre..... Horror, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.2GB | 676MB | 331MB Format… mp4 Duration…. 1h 48min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Sai Thurein Lynn Encoder ..... August

Adventure • Animation • Comedy • Fantasy
6 2021 108 mins
Human Resources
Super Machi
9

အိန္ဒိယအက်ရှင်ကားတွေကို ငြီးငွေ့ပြီးတော့ ပေါ့ပေါ့ပါးပါးကားလေးတွေကို ကြည့်ရှုချင်လာပြီဆိုရင်တော့ ကြည့်ကိုကြည့်သင့်တဲ့ ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယကားတွေ တော်ကီကြွယ်ရင် တခြားဘယ်နိုင်ငံကားမှ လိုက်မမီဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီ Super Machi movie လေးမှာလည်း အဓိကဇာတ်ဆောင်တွေအပြင် အရန်ဇာတ်ဆောင်တွေကပါ တော်ကီတစ်ပေါက် လျှမ်းလျှမ်းတောက်ပြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အိန္ဒိယနိုင်ငံရဲ့ ထိပ်တန်းဆော့ဖ်ဝဲကုမ္ပဏီ Infosys မှာ အလုပ်လုပ်တဲ့ ဆော့ဖ်ဝဲအင်ဂျင်နီယာမလေး မီနာရှီတစ်ယောက်... ဘားမှာ အဆိုတော်အဖြစ်အလုပ်လုပ်ပြီး သူငယ်ချင်းတွေနဲ့ပဲပျော်ပါးနေတတ်တဲ့ သာမညကောင်လေးရာဂျူးကို ချစ်မိသွားလေတော့... ကိုယ့်ဘဝအတွက် အရေးအကြီးဆုံး presentation ကိုတောင် လက်လွှတ်ပြီး ရာဂျူးရှိရာနေရာကိုသွား၊ ရာဂျူးနောက်ပဲ တကောက်ကောက် လိုက်နေခဲ့ပါတယ်။ ရာဂျူးကလည်း အခုမှ တွေ့ဖူးပြီး ဘယ်သူမှန်းမသိ ဘာကြောင့်မှန်းမသိ မိန်းကလေးတစ်ယောက် ကိုယ့်ကိုဖွင့်ပြောတဲ့အခါ လက်မခံဘဲ ငြင်းဆိုပစ်လိုက်ပါတယ်။ စကားနဲ့ ငြင်းဆိုရုံတင်မရလို့ အမျိုးမျိုးဒုက္ခပေးပြီး ငြင်းဆိုပေမဲ့ ကောင်မလေးကတော့ တကောက်ကောက်ဆက်လိုက်နေတုန်းပါပဲ (အားကျကုန်လော့)။ ကောင်မလေးမီနာရှီကို တစ်ဖက်သတ်သဘောကျနေသူကလည်း ရှိနေပြန်တော့ သုံးပွင့်ဆိုင်ဇာတ်လမ်းတွေပါ ဖြစ်လာပါလေရော။ ဒါပေမဲ့ အောင်မြင်နေတဲ့သူ မီနာရှီက ဘာမဟုတ်တဲ့ သာမညကောင်လေးရာဂျူးကို ရူးရူးမူးမူး လိုက်နေရတဲ့ နောက်ကွယ်ကအကြောင်းအရင်းက ဘာဖြစ်မလဲ။ ရာဂျူးကရော ခါးခါးသီးသီး ငြင်းဆိုနေတဲ့နောက်ကွယ်မှာ အကြောင်းအရင်းများရှိမလား။ သုံးပွင့်ဆိုင် ဇာတ်လမ်းကရော ဘာဆက်ဖြစ်မလဲ။ Romantic comedy-drama လေးဖြစ်ပြီးတော့ နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Kalyaan Dhev နဲ့ Rachita Ram အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb 9.2/10 အထိ ရရှိထားပြီး တော်ကီအလန်းစားတွေ တွေ့ရမှာဖြစ်လို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါလို့ ညွှန်းဆိုပါရစေနော်။ File size…2.8GB / 1.5GB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Myo Myo Htet & Lai Laii

Horror • Thriller
9 2022 132 mins
Super Machi
Toolsidas Junior
7.6

ဒီတစ်ခါမှာတော့ အိန္ဒိယကားကောင်းတွေကိုပဲ စောင့်မျှော်ကြည့်ရှုတတ်တဲ့သူတွေအဖို့ အားကစားနဲ့ပတ်သက်တဲ့ ကားကောင်းလေးထပ်မံ ထွက်ရှိလာပါပြီ။ ဒီဇာတ်ကားကတော့ ဘိလိယက်အားကစားကိုအခြေခံတဲ့ စနူကာကစားသမားတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ နာမည်ကြီးဇာတ်ကားဖြစ်တဲ့ "Dangal" တို့လို မိဘကတိုက်တွန်းလို့ မဖြစ်မနေ စလုပ်ရတာမျိုးမဟုတ်ဘဲ သားအဖကြားမှာရှိတဲ့ မေတ္တာကြောင့် ကိုယ်တိုင်ကိုက လိုလိုချင်ချင်နဲ့ ကြိုးစားနေတဲ့ ကောင်လေးတစ်ယောက်ပုံစံကို တွေ့မြင်ရမှာဖြစ်လို့ သားအဖကြားကအချစ်အပြင် ဆရာနဲ့တပည့်ကြားက ၅၂၈ မေတ္တာကိုပါ အေးအေးငြိမ့်ငြိမ့်လေးနဲ့ ထိထိမိမိ ခံစားရမှာဖြစ်ပါတယ်။ "ငါ့သားအတွက်ပဲ ငါပြိုင်ပွဲဝင်နေတာ" လို့ကြွေးကြော်တတ်တဲ့ စနူကာကစားသမားတစ်ယောက်ဖြစ်သူ "တူလ်ဆီးဒက်စ်"၊ သူကြွေးကြော်သလိုပဲ သူပြိုင်သမျှပွဲတွေဆို မလွတ်တမ်းလိုက်စောင့်ကြည့်တတ်တဲ့ သူ့ရဲ့သားငယ်လေး "မီဒီ" ... ၁၉၉၄ ခုနှစ် ပြိုင်ပွဲစဉ်မှာတော့ ကတိပေးထားသလို သူ့အဖေက ဆုဖလားကို မရယူနိုင်တဲ့အကြောင်းရင်းဟာ ပြိုင်ဖက်ဖြစ်သူက ၅ နှစ်ဆက်တိုက်ချန်ပီယံဖြစ်နေတဲ့ "ဂျင်မီ တန်ဒန်" ရဲ့စနက်ဆိုတာကို မီဒီလေးသိသွားတဲ့အခါ ... သူကိုယ်တိုင် အဖေဖြစ်သူအတွက် ဆုဖလားယူပေးချင်စိတ်တွေဖြစ်ပေါ်လာပြီး "တူလ်ဆီးဒက်စ် ဂျူနီယာ" အဖြစ် စနူကာ ကစားဖို့အတွက်ကြံပေမဲ့ အဖေဖြစ်သူကစားတဲ့ကလပ်မှာ ၁၆ နှစ်အောက်တွေကို ပေးမကစားတာကြောင့် အစ်ကိုဖြစ်သူ "ဂိုတီ" နဲ့ပေါင်းပြီး စနူကာလေ့ကျင့်လို့ရမဲ့ အားကစားကလပ်ကို ရှာဖုံတော်ဖွင့်ရပါတော့တယ်။ အဲလိုအခက်အခဲတွေကြားကနေပဲ ရှာပုံတော်ဖွင့်ရာက စုတ်တီးစုတ်ပြတ် အားကစားကလပ်တစ်ခုကို ရှာတွေ့သွားပြီး အဲမှာရှိနေတဲ့ စနူကာချန်ပီယံဟောင်းတစ်ဦးဖြစ်သူ "ဆလန်း ဘာအီ" နဲ့တွေ့ဆုံပါတော့တယ်။ ဘယ်သူ့ကိုမှ စကားမပြောဘဲ အချိန်ပြည့်မာထန်နေတတ်တဲ့ "ဆလန်း ဘာအီ" ကို မီဒီလေးက သူ့ဆရာဖြစ်လာအောင် စပြီးကြိုးပမ်းရင်းနဲ့ "ဆလန်း ဘာအီ" ကရော မီဒီဖြစ်စေချင်သလို စနူကာ ကစားနည်းကိုသင်ပေးပါ့မလား ? မီဒီလေးရဲ့ အဖေ့အတွက် ဆုဖလားယူပေးချင်တဲ့အိပ်မက်ကရော တကယ်ဖြစ်မြောက်လာပါ့မလား? ဆိုတာကို ဇာတ်ကားလေးနဲ့အတူ စီးမြောကြည့်ရှုနိုင်ဖို့ Channel Myanmar ကနေ တင်ဆက်ပေးလိုက်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chothet_mlmt ပါ။) File Size : 2.1GB, 879MB, 449MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 2hr & 12mins Genre : Drama, Family, Sport Translated by Chothet_mlmt & Kit Encoded by Kinnov

Action
7.6 2022 130 mins
Toolsidas Junior
On your own street, We are
4

On your own street, we (너만의 거리에서, 우리는) (2022) Squid Game မှာတုန်းက တစ်ခန်းထဲပါပြီး Scene Stealer လုပ်သွားတဲ့ Lee Jung Joon နဲ့ WSJN ထဲက အချောလေး Eun Seo တို့ရဲ့ မူဗီအသစ်လေး ရပါပြီ ဝူယောင်းဝူလေးကို အပတ်တိုင်းစောင့်ကြည့်ခဲ့သူတွေအဖို့ကတော့ မသန်စွမ်းကလေးတွေရဲ့အမူအကျင့်တွေ၊ သူတို့ရဲ့သဘောသဘာဝတွေနဲ့စိမ်းမှာမဟုတ်ပါဘူး။ ဒီနေ့မှာတော့ မွေးရာပါ Autism ရောဂါသည်လေး “ဆွန်းမို” နဲ့မိတ်ဆက်ပေးချင်ပါတယ်။ အထက်တန်းကျောင်းသားအရွယ် မွေးရာပါမသန်စွမ်းကောင်လေး “ဆွန်းမို” .. တစ်ဦးတည်းသောသားတစ်ယောက်ဖြစ်တာမို့ မိဘတွေကလည်း ဆွန်းမိုကိုအရမ်းချစ်ကြသလို “မသန်စွမ်းကလေးရဲ့မိဘတွေမို့ ကိုယ့်ကလေးထက် တစ်ရက်လေးပဲ အသက်ပိုရှည်ချင်တဲ့ ဆန္ဒပဲ ရှိတာပါ” လို့ ပြောရအောင် ဆွန်းမိုရဲ့အနာဂတ်အရေးကိုပူပန်နေကြသူတွေပါ။ အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ် ဆွန်းမို ကျောင်းပြီးလို့ အသက်မွေးဝမ်းကျောင်းအလုပ်လုပ်ရတဲ့အခါ သူများကလေးတွေနဲ့တန်းတူမလုပ်နိုင်မှာကိုလည်း မိဘတွေခမျာ ပူပန်နေရတာပေါ့။ “မသန်ပေမယ့် စွမ်းတဲ့” ဆွန်းမိုကတော့ ကော်ဖီဖျော်တဲ့နေရာမှာ ဆရာကြီးပါ။ ကော်ဖီစေ့အမျိုး ၅၀လောက်ကို အနံ့ခံရုံနဲ့အမျိုးအစားခွဲနိုင်ပြီး ကော်ဖီဖျော်တာကိုကျွမ်းကျင်ပေမယ့် သူတကယ်ဝါသနာပါတာက Barista အလုပ်မဟုတ်ဘဲ ပန်းချီဆွဲတာဖြစ်နေတဲ့အခါ ..။ တစ်နေ့မှာတော့ ဆွန်းမိုတို့ဦးလေးရဲ့ကော်ဖီဆိုင်ကို “ဘတ်ချာယောရာ” လို့ခေါ်တဲ့ အချိန်ပိုင်းအလုပ်သမလေး ရောက်လာပါတော့တယ်။ နာမည်ကအစထူးဆန်းနေတဲ့ ဘတ်ချာယောရာက အမြဲလွတ်လပ်ပေါ့ပါးနေတတ်ပြီး ကိုယ်မှန်တယ်ထင်ရင်ဘယ်သူ့ကိုမှမကြောက်သူ .. သူတစ်ပါးရဲ့ကိစ္စကိုလည်း ဝင်စွက်ဖက်တတ်ပြီး လမ်းမှားရောက်နေရင်လည်း လမ်းမှန်ပေါ်ပြန်ရောက်အောင်တည့်မတ်ပေးတတ်ပြန်တဲ့ “မစပ်စုလေး” ဖြစ်နေတဲ့အခါ ..။ ဘတ်ချာယောရာတစ်ယောက် ဆွန်းမိုရဲ့ဘဝကို ဘာတွေပြောင်းလဲပေးလိုက်နိုင်မလဲ .. သူကိုယ်တိုင်ကရော ဘယ်လိုအဖြစ်မျိုးတွေကြုံခဲ့ပြီး လက်ရှိပုံစံနဲ့ကောင်မလေးအဖြစ်ရှင်သန်နေရတာလဲ ..။ ဆွန်းမိုအဖြစ် “Lee Jung Joon” ကပါဝင်သရုပ်ဆောင်ထားပြီး ဘတ်ချာယောရာအဖြစ် မကြာသေးခင်ကကျင်းပခဲ့တဲ့ “Queendom S2” မှာအနိုင်ရရှိခဲ့တဲ့ WJSN အဖွဲ့က အလှလေး “Eunseo” ကပါဝင်သရုပ်ဆောင်ထားသလို လူငယ်တွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ “ဝါသနာ နဲ့ အသက်မွေးဝမ်းကြောင်း” ကြားက ဒွိဟတွေ .. ကိုယ်ရွေးချယ်စရာမရှိဘဲ ရလာတဲ့ဘဝမှာဘယ်လိုမျိုးအကောင်းဆုံး အပျော်ရွှင်ဆုံးနေထိုင်သွားကြမလဲ .. စတာတွေကို ပုံဖော်ထားတဲ့ ပညာပေးဇာတ်လမ်းလေးမို့ ကြည့်ရတန်တဲ့ကားကောင်းလေးဖြစ်ကြောင်းညွှန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre…..Drama, Family Quality…. 1080p | 720p | 480p File size…673MB | 372MB | 172MB Format… mp4 Duration….1h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lai Laii Encoder ….. August

Action • Adventure • Crime • Thriller
4 2022
On your own street, We are
Goodbye, Dragon Inn
7.1

Goodbye, Dragon Inn ( 2003 ) —————————- Directed by Tsai Ming Liang Breathless ရုပ်ရှင်ထဲက Godard ရဲ့ ဒိုင်ယာလော့တစ်ကြောင်းရှိတယ်။ ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်က immortal ဖြစ်လာပြီးမှ သေဖို့ပဲတဲ့။ ဒီလိုမသေမျိုးဖြစ်လာပြီးမှ သေသွားတဲ့လူတွေ ရှိတော့ရှိပါတယ်။ ဗန်ဂိုး , မိုးဇက် , ဟိုးမား , မိုက်ကယ်အိန်ဂျလို , တာကော့စကီး…။ လွယ်တော့မလွယ်လှဘူးပေါ့။ အခက်ဆုံးအရာလို့ ပြောရင်တောင်ရမလားပဲ။ ဂွတ်ဘိုင်ဒရာဂွန်အင်း တစ်ကားလုံးက ရုပ်ရှင်ရုံဟောင်းတစ်ခုမှာ တစ်ချိန်က legenကြီး ကင်းဟူရဲ့ ဒရာဂွန်အင်းကားပြနေတဲ့ အချိန်တစ်ခုကို ရိုက်ထားရုံသက်သက်ပဲ။ ဒီလိုရိုက်တာ Tsai Ming Liangပထမဆုံးတော့ မဟုတ်ဘူးပေါ့။ ရုပ်ရှင်ကို ရုပ်ရှင်ပိုဆန်စေခဲ့တဲ့ အင်ဂမာဘတ်မန်းတို့ အီရန်ရုပ်ရှင်က ဆရာတစ်ဆူဖြစ်တဲ့Abbas Kiraostami တို့လည်း ရိုက်ခဲ့ဖူးတယ်။ ဒါပေမဲ့ Tsai Ming Liangကလည်း Tsai Ming Liangပါပဲ။ သူ့ကားက ရုပ်ရှင်ကြည့်တဲ့သူတွေအကြောင်းကားလား ရုပ်ရှင်တကယ်မကြည့်တဲ့သူတွေအကြောင်းကားလားတော့ မသည်းကွဲဘူး။ ရုပ်ရှင်ရုံက လူတော့သိပ်မများလှဘူး။ အကုန်လုံးနီးပါးက ရုပ်ရှင်တကယ်ကြည့်နေတာမဟုတ်ဘဲ ကြောင်လာပျောက်နေတဲ့သူတွေချည်း။ ဒါကြောင့်ပဲနေပါမယ် ဒီဒရာမာကားကို Tsai Ming Liangပြန်ကြည့်တော့ ဟာသကားကြည့်သလို ခွက်ထိုးခွက်လန်ရယ်မိသတဲ့။ တော်တော်ရယ်ရတဲ့ကားပဲလို့ဖြေဖူးတယ်။ သူကလည်းသူကိုး။ ဒရာမာအခြေအနေတွေကို humour ဆန်ဆန်ပါ အငွေ့အသက်ရအောင် လုပ်နေကျပဲ။ ခုနပြောသလို ရုပ်ရှင်မကြည့်တဲ့သူတွေအကြောင်းရိုက်ထားတယ်ဆိုပေမဲ့ ကားထိုးတဲ့သူရယ် လက်မှတ်ရောင်းတဲ့မိန်းမရယ် ကာရိုက်တာကိုလည်း အထူးတလည်ပြထားသေးတယ်။ ကားထိုးတဲ့သူကတော့ သူ့ကားတွေရဲ့ အမြဲတမ်းမင်းသား Lee Kang-sheng။ ဒီရုပ်ရှင်မကြည့်နေတဲ့လူတွေကြားမှာမှ တကယ်ကြည့်တဲ့လူနှစ်ယောက်ပါတယ်။ သူတို့က Chun Shihနဲ့ Miao Tien။ ကင်းဟူရဲ့ ဒရာဂွန်အင်းရုပ်ရှင်ရဲ့ အဓိကသရုပ်ဆောင်ရယ် အရေးပါတဲ့သရုပ်ဆောင်ရယ်ပေါ့။ ရုပ်ရှင်အပြီး ထပြန်ကြတော့ သူတို့တွေ့ကြတော့ သူတို့ပြောတဲ့စကားက ” ရုပ်ရှင်ရုံကို ဘယ်သူမှမလာကြတော့ဘူး ကျွန်တော်တို့ကို ဘယ်သူမှမမှတ်မိကြတော့ဘူး”တဲ့။ သူတို့ဘဝရဲ့အကြီးကျယ်ဆုံးပန်းတိုင်ကလည်း မသေမျိုးဖြစ်လာပြီးမှ သေဖို့ပဲထင်ပါတယ်။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့လော့ဂျစ်မှာတော့ သူတို့ဖြစ်လာကြပုံမရဘူး။ ဒီလိုပဲ ရုပ်ရှင်ကြည့်မနေတဲ့သူတွေကို ရုပ်ရှင်ကြည့်ရင်း ကြေကြေကွဲကွဲမြင်ခဲ့ရတယ်။ ရုပ်ရှင်လည်းပြီးရော မိုးလည်းမဲပြီ။ ရုပ်ရှင်တကယ်မကြည့်ခဲ့တဲ့သူတွေလည်း ပြန်ကြတယ်။ ရုပ်ရှင်ကြည့်ခဲ့တဲ့ အဘိုးကြီး၂ယောက်လည်း ပြန်ကြတယ်။ နောက်ဆုံးမှာ ရုပ်ရှင်ရုံက အလုပ်သမားတွေလည်းပြန်ကြတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးကတော့ ကျန်နေခဲ့တယ်။ မိုးတွေလည်းရွာနေတယ်။ ရုပ်ရှင်ရုံအဟောင်းကြီးမှာ နက်ဖြန်ပြမယ့်ကားက ဒရာဂွန်အင်း မဟုတ်လောက်တော့ဘူး။ ဒရာဂွန်အင်းကတော့ မကျန်ခဲ့ဘူးပဲ ပြောရမလားပဲ။ သူတို့ထွက်မလာခင်ကတည်းက ထွက်သွားနှင့်ပြီ။ အဘိုးကြီး၂ယောက်အတွက်တော့ ကျန်ရင်ကျန်နေမှာပေါ့။ ဘာပဲဖြစ်ဖြစ် Goodbye, Dragon Inn ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(2.9GB) / (700MB) Quality__BluRay_1080p, 720p IMDb Rating__7.1/10 Format__mp4 Duration__01:23:00 Type__Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Adventure • Family • Fantasy
7.1 2003
Goodbye, Dragon Inn
[21+] My Lovely Teacher (MIDE-582 )

ချစ်စဖွယ်မျက်နှာလေးဆိုပေမဲ့ တစ်ချိန်တည်းမှာပဲ စိတ်အားထက်သန်လှတဲ့ မျက်နှာပေးလေးနဲ့ ရှိုကိုလေးကို ဆရာမလေးနေရာကနေကြည့်ရှုရမှာဖြစ်ပါတယ် တည်ငြိမ်ရင့်ကျက်တဲ့နေရာတစ်ခုနေ အလှကြောင့် ကံဆိုးသွားပုံကို ရှိုကိုလေးရဲ့ ချစ်စဖွယ်အလှတွေနဲ့အတူ ခံစားကြည့်ရှုရမှာဖြစ်ပါတယ် ငယ်ငယ်ကတည်းက ဆရာမတယောက်ဖြစ်ချင်ခဲ့တဲ့ Shoko Takahashiတယောက် ဆရာမတယောက်အနေနဲ့ ကျောင်းသားတွေရဲ့ အနာဂတ်ကိုလည်း စိတ်ပူ။အိမ်ကမိဘတွေစကားကို နားမထောင်ပဲသူ့အိပ်မက်ဖြစ်တဲ့ ဆရာမဆက်လုပ်ဖို့အရေးကို ဘယ်လိုတွေကြိုးစားပြီး ဆိုးမိုက်နေတဲ့ကျောင်းသားတွေကို ပညာသင်ကြားပေးသွားမလဲဆိုတာကိုတော့….

0 1900
[21+] My Lovely Teacher (MIDE-582 )
Dope
7.2

မယ်လ်ကွန်း အက်ဒဲကန်ဘီဆိုတာက လူမည်းဂိတယောက်။ ကယ်လီဖိုးနီးယားပြည်နယ်က အင်ဂယ်ဝုဒ်ဆိုတဲ့မြို့လေးမှာ နေတယ်။ သူ့ရဲ့ရပ်ကွက်ကတော့The Bottoms လို့သိကြတဲ့ လမ်းသရဲလူမည်းဂိုဏ်းတွေ ဒုစရိုက်မှုတွေနဲ့ပြည့်နေတဲ့နေရာလေး။ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းတွေက ဂျစ်ဘ်နဲ့ ဒစ်ဂီ။ သူတို့သုံးယောက် စလုံးက ဂိတွေလည်းဖြစ်သလို ၉၀ခုနှစ်တွေရဲ့ ဟစ်ဟော့ ရွှေခေတ်ကို လွမ်းဆွတ်တမ်းတနေတဲ့ ဟစ်ဟော့ခေတ်အလွန် လူငယ်လေးတွေ။ တနေ့မှာ ဒွန်းဆိုတဲ့ ရပ်ကွက်ထဲက မူးယစ်ဆေးရောင်းတဲ့ ဂိုဏ်းသားတယောက်ရဲ့ပါတီကို ကောင်မလေး တ‌ယောက် မျက်နှာလုပ်ဖို့သွားရင်း မူးယစ်ဆေးအထုပ်လိုက်ကြီးနဲ့ သေနတ်တလက်က မယ်လ်ကွန်းရဲ့လွယ်အိတ်ထဲ ပါလာခဲ့ပါတော့တယ်။ ဒီအထုပ်လိုက်ကြီးနဲ့ ဂိုဏ်းတွေကြားထဲကပြေးရင်းလွှားရင်း မယ်လ်ကွန်း တို့တသိုက် ဘာတွေဆက်ဖြစ်သွားမလဲ။ မယ်လ်ကွန်းရဲ့ ဟားဗတ်ကိုတက် ဖို့အစီအစဉ်က ဒီမူးယစ်‌ဆေးထုပ်ကြီးရောင်းထွက်ဖို့အပေါ်မူတည်လာခဲ့တဲ့ အချိန်မှာ သူတို့သူငယ်ချင်းတသိုက် ဘာတွေဆက်လုပ်ကြမလဲ။ အဆုံးမှာတော့ မယ်လ်ကွန်းတို့ကလေးတသိုက်ရဲ့စွန့်စားခန်းလေး ဘယ်လိုအဆုံးသတ်သွားမလဲဆိုတာကို Dope ဆိုတဲ့ လူငယ်ဟာသ ဒရာမာဇာတ်ကားလေးမှာ ရှုစားအားပေးကြပါဦး။ ဒီကားမှာကတော့ ရင့်သီးတဲ့စကားလုံးတွေ လိင်အသားပေးခန်းတချို့ ပါ၀င်တဲ့အတွက်မိသားစုနဲ့ကြည့်ဖို့မသင့်လျော်ပါဘူး။ ဟစ်ဟော့လောကရဲ့ အငွေ့အသက်တွေ သီချင်းတွေ ဝေဝေဆာဆာနဲ့ဖြစ်တဲ့အတွက်ကြောင့် ဟစ်ဟော့ ပရိသတ်ကြီးအတွက် ကားကောင်းလေးတကားဖြစ်မှာပါပဲခင်ဗျ။ File size…1.82 GB / 743 MB Quality…Blu Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 43m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

7.2 2015 103 mins
Dope
The Hunter
6.7

Rotten tomatoes – 72% IMDb – 6.7 မာတင်ဟာ မုဆိုးတစ်ယောက်ဖြစ်ပြီး ကုမ္ပဏီကြီးတွေကလိုချင်တဲ့ အကောင်ကိုမှရွေးပြီး အမဲလိုက်ပေးတဲ့ကြေးစားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သစ်ရွက်နီ လို့ခေါ်တဲ့ စက်ဖက်ဆိုင်ရာ ဇီဝနည်းပညာကုမ္ပဏီတစ်ခုက အလုပ်ကမ်းလှမ်းလာ‌တာကြောင့် တက်စမေးနီးယန်း ဒေသကိုသွားခဲ့ပါတယ်။ သစ်ရွက်နီလိုချင်နေတာကတော့ မျိုးသုဉ်းသွားခဲ့ပြီလို့ ယူဆထားကြတဲ့ တက်စမေးနီးယန်း ကျားရဲ့ ဒီအန်အေပါပဲ။ ဒီလိုနဲ့ မာတင်တစ်ယောက် တက်စမေးနီးယန်း တောင်တန်းတွေပေါ်မှာမှာ ရှိဖို့တောင်မှအာမခံချက်မရှိတဲ့ ကျားကို သုတေသနပညာရှင်ဟန်ဆောင်ပြီးလိုက်ရှာရင်း ဒေသခံတွေနဲ့ရင်းနှီးလာခဲ့ပါတော့တယ်။ ဒီလိုနဲ့ သစ်ရွက်နီ ကုမ္ပဏီက တက်စမေးနီး ကျားရဲ့ ဒီအန်အေကို လိုချင်တဲ့အကြောင်းပြချက်နဲ့ ဒေသခံတွေသေဆုံးမှုတစ်ချို့ကို မာတင်သိသွားခဲ့တဲ့အချိန်မှာတော့ မာတင်တစ်ယောက် ဘယ်လိုမျိုးအန္တရာယ်တွေနဲ့ရင်ဆိုင်လာရမလဲဆိုတာကို ဆင်လက်ကြည့်ရှုလိုက်ကြပါဦး။ မာတင်ရဲ့နေရာမှာသရုပ်ဆောင်ထားတာကတော့မင်းသားကြီး Willem Dafoe ဖြစ်ပြီး တောတွင်းအမဲလိုက်ရုပ်ရှင်တွေကို သဘောကျတဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ကားတစ်ကားပါပဲဗျ။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:42:00 Genre…Drama, Thriller, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by TMMT

6.7 2011
The Hunter
Dahanam
8.8

Dahanam (2023) “အနိစ္စ” IMDb-8.8/10 ၁၉၈၄ အန်ဒရာပရာဒတ်ရှ်ပြည်နယ်ရဲ့ မြောက်ပိုင်းကမ်းခြေတစ်နေရာက ဘုရားကျောင်းဗိမာန်တော်မှာ နေထိုင်ခဲ့တဲ့ ဘုန်းတော်ကြီး ဘာရက်ဒ်ဝါဂျာဆက်စ်ထရီအကြောင်းကို ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ အရှင်သျှီ၀ကို ဆည်းကပ်ယုံကြည်ပြီး သူ့တဘ၀လုံးကို အရှင်သျှီ၀အတွက်သာသနာပြုနေတဲ့ ဘုန်းတော်ကြီး ဆက်စ်ထရီ။ သူနဲ့မိသားစု အတူနေထိုင်ရာ ဘုရားကျောင်းက ရွာထဲကသူဌေးအမွေရပိုင်ခွင့်ထဲမှာပါလာတဲ့အခါမှာတော့ တရားရုံးမှာ ဘုရားကျောင်းကိုပိတ်ပစ်မယ့်အရေးကနေ ကာကွယ်ရပါတော့တယ်။ ဘုရားကျောင်းနဲ့ မလှမ်းမကမ်းမှာနေတာကတော့ သုဘရာဇာယစ်ထုတ်ကြီးတို့လင်မယားပါ။ အချိန်ပြည့်မူးနေပေမယ့် မိန်းမကို ကြင်ကြင်နာနာနဲ့ ရှာဖွေကျွေးမွေးနေတဲ့သူ။ ဘုန်းတော်ကြီးရဲ့ ကလေးတွေ စားစရာမလုံလောက်လို့ငိုယိုဂျီကျနေသံကြားနေရတော့ ယစ်ထုတ်ကြီးကတွေးတယ် “သူတို့တွေ ဘုရားရှိခိုးရင်း ငတ်နေကြပြီ ငါတို့ကတော့ အလောင်းတွေမြေမြှုပ်ပေးရင်း စားသောက်နေကြတာ တကယ်တော့ ဘုရားထက် အလောင်းတွေကမှငါတို့ကို ထမင်းကျွေးထားသေးတယ်” ဆိုပြီး။ ဒီလိုမျိုးရိုးဇာတ် အနိမ့်အမြင့်တွေကြားက ကွာဟမှုတွေ၊လူ့ဘောင်လူလောကကြားက မညီမျှမှုတွေကို မီးမောင်းထိုးတင်ဆက်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8.8 2023
Dahanam
Legend Of The Immortal
5.9

ဆန်းဆန်းပြားပြား သဘာဝလွန်ဇာတ်ကားကြိုက်သူတို့အတွက် ဇာတ်ကားကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… လူသားလောကကို ကိုယ့်အသက်တစ်ချောင်းစတေးလိုက်လို့ ကယ်တင်လို့ရရင် ကယ်တင်မှာလား… ကိုယ့်အသက်ကို စတေးရမယ်ဆို လူတိုင်း တွံ့ဆုတ်သွားမှာပါပဲ… ဒါပေမယ့် တကယ်လို့ ကပ်ဆိုးကြီးရဲ့ အစက ကိုယ်ကိုယ်တိုင်ဆိုရင်ရော လူသားလောကကို ပစ်ထားနိုင်ဦးမှာလား… ဒီဇာတ်လမ်းထဲက ယုံဖန်းကတော့ လူသားလောကကို ရှင်းထုတ်ဖို့ မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် ဖန်တီးခဲ့တဲ့ ဟွမ်ဖန်းကြယ်စွမ်းအားကို လက်ခံရရှိထားတဲ့ သူထဲက တစ်ယောက်ပေါ့… ဒါကြောင့်လည်း မိစ္ဆာလောကအသစ်ကို တည်ဆောက်ဖို့အတွက် သူ့ကို အဖွဲ့အားလုံးက လိုက်ရှာနေလို့ ဘဝတစ်လျှောက် လူ့မိစ္ဆာ လူထူးဆန်းအနေနဲ့ ထွက်ပြေးနေခဲ့ရသူတစ်ယောက်ပေါ့… ဒီတော့ ယုံဖန်းအနေနဲ့တော့ လူသားတွေအပေါ် မေတ္တာမရှိသလို မိစ္ဆာတွေကိုလည်း ကူညီဖို့ ဆန္ဒမရှိဘူးပေါ့… ဆိုတော့ တွေဝေနေတဲ့ ယုံဖန်းတစ်ယောက် ဘယ်လိုရွေးချယ်မှာလဲ… လူသားတွေကြောက်နေတဲ့ မိစ္ဆာဆိုတာ တကယ်ပဲ ကြောက်စရာကောင်းတာလား… ဇာတ်ကားလေးက စိတ်ဝင်စားစရာ အဖြေတစ်ခုပေးမှာမို့ ကြည့်ဖြစ်အောင် ကြည့်လိုက်ကြပါဦး….

Comedy • Romance
5.9 2023
Legend Of The Immortal
Varshangalkku Shesham
7.2

Valshangakku shesham 2024 (ရုပ်ရှင်အိပ်မက်လေးတစ်ခု) ရုပ်ရှင်ဝါသနာအိုးလေးတွေ ရှိကြလား ရှိကြတယ်ဆိုရင်တော့ ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကို လက်မလွှတ်တမ်း ကြည့်ရှုအားပေးကြဖို့ တိုက်တွန်းပေးချင်ပါတယ် အခုတစ်ခါ ကျွန်တော်တို့ Channel Myanmar ကနေ တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Valshangakku shesham ဆိုတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်ဖြင့် IMDb rating မှာ 7.2 အထိတောင် ရရှိထားတာမလို့ အရမ်းကိုမှ စိတ်ဝင်စားဖွယ်ကောင်းမှာကတော့ အသေအချာပါပဲ ဒီဇာတ်ကားလေးကို Vineeth Sreenivasan ရိုက်ကူးပေးထားပြီး သရုပ်ဆောင်တွေအနေနဲ့ကတော့ Dhyan Sreenivasan, Pranav Mohanlal တို့က အဓိကထားပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်တော့ ၁၉၇၀ ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားပြီး သူငယ်ချင်းနှစ်ယောက်ဖြစ်တဲ့ ဗီနူနဲ့ မိုရာလီတို့ဟာ သူတို့ရဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ဇာတိမြေဖြစ်တဲ့ ကီရာလာကနေ မာဒရက်စ်(ယခု ချန်နိုင်း) မှာ ရှိတဲ့ ကိုဒမ်ဘက်ကမ်ကို ရောက်လာခဲ့ကြတယ်။ အဲဒီအချိန်တုန်းက ကိုဒမ်ဘက်ကမ်ဟာ တောင်အိန္ဒိယရဲ့ ရုပ်ရှင်လောကအချက်အချာနေရာဖြစ်နေသလို ဗီနူနဲ့ မူရာလီတို့ဟာလည်း ဆန်းကြယ်လှတဲ့ ရုပ်ရှင်လောကမှာ နေရာတစ်ခု ရဖို့အတွက် စိတ်အားထက်သန်စွာ ကြိုးပမ်းကြပါတော့တယ်။ ဒီဇာတ်လမ်းလေးမှာဆိုရင် သူတို့နှစ်ယောက်ကြုံတွေ့ရတဲ့ အခက်‌အခဲတွေ သူတို့နှစ်ယောက်ကြားက သူငယ်ချင်းဆက်ဆံရေးအပြင် ရုပ်ရှင်လောကရဲ့ စိန်ခေါ်မှုတွေ အခွင့်‌အရေးတွေ ရှာဖွေကြပုံကို မြင်တွေ့ရမှာပါ။ သက်တမ်းရှည်ကြာလှတဲ့ ရုပ်ရှင်လောကရဲ့ အဆင့်ဆင့် တိုးတက်ပြောင်းလဲမှုတွေအပြင် သူတို့နှစ်ဦးရဲ့ character development တွေကိုလည်း စိတ်ဝင်စားဖွယ် ရှူစားရင်း ရသစုံ ဒရာမာ အချစ် စတာတွေလည်း ပါတာမလို့ ဒီခရီးလမ်းမှာ တောင်အိန္ဒိယရုပ်ရှင်လောကရဲ့ ရွှေတစ်ခေတ်ကို မြင်တွေ့ရမဲ့အပြင် ဗီနူနဲ့ မူရာလီတို့နှစ်ယောက် သူတို့ရဲ့ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ကြပါ့မလားဆိုတာ ဆက်လက်စောင့်မျှော်ကြည့်ရှု အားပေးကြပါဦးဗျာ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပါ)

7.2 2024
Varshangalkku Shesham
Marrowbone
6.7

Marrowbone (2017) IMDb Rating (6.7) ပုလဲမ Mia Goth ရယ် Anya Taylor Jay ရယ် George MacKay ရယ် Strangers Things က Charlie ရယ်စတဲ့ တက်သစ်စလူငယ်သရုပ်ဆောင်တွေနဲ့ ပွဲထွက်ခဲ့ပြီးတော့ ဒါရိုက်တာ Sergio G. Sanchez ရိုက်ကူးခဲ့တဲ့ Marrowbone အမည်ရ Drama/Horror ကားကို နာမည်ကျော်ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Universal မှ 2017 October မှာ ထုတ်လွှင့်ခဲ့ပါတယ်။ အမေဖြစ်သူနဲ့ သားသမီးလေးယောက်တို့ဟာ လူတစ်ယောက်ရဲ့ရန်ကိုကြောက်ရွံ့တာကြောင့် အင်္ဂလန်မှ အမေရိကန်မှာရှိတဲ့ မဲရိုးဘုန်းလို့အမည်ရတဲ့အိမ်ကြီးတစ်အိမ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကာ ဘဝအသစ်ကိုစတင်ခဲ့ပါတယ်။ ရောဂါကြောင့် အမေဖြစ်သူသေဆုံးသွားတဲ့အခါမှာတော့ ညီငယ် ညီမငယ်တွေကို စောင့်ရှောက်ဖို့တာဝန်ဟာ သားအကြီးဖြစ်သူ ဂျက်ပခုံးပေါ်ကျရောက်လာပါတယ်။ ဒါ့အပြင်မဲရိုးဘုန်းအိမ်ကြီးရဲ့နံရံအတွင်းမှာ အမျိုးအမည်မသိတဲ့အန္တရာယ်တစ်ခုဟာလည်းတည်ရှိနေပါတယ်။ ဂျက်ဟာ သူ့အမေကိုကတိပေးခဲ့သလိုမျိုး သူ့မိသားစုကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူတို့အိမ်ရဲ့နံရံအတွင်းမှာရှိနေတဲ့ အရာကဘာလဲစတဲ့ သည်းထိတ်ရင်ဖိုစိုးရွံ့စရာတွေနဲ့ ဇာတ်လမ်းဟာ Horror ထက် Mystery ဘက်ကိုပိုကဲတဲ့အတွက် ဘာမှသိပ်မသိပဲကြည့်ရတာပိုပြီးအရသာရှိပါလိမ့်မယ်

Drama
6.7 2017
Marrowbone
Straight S
6.1

Straight (2024) IMDb Rating (6.1) ၂၀၁၆ ခုနှစ်မှာဖျော်ဖြေခဲ့တဲ့ “ Straight “လို့အမည်ရတဲ့ ပြဇာတ်ကို ၂၀၂၃မှာပဲ “ Straight “ ဆိုပြီး ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့တဲ့ မက္ကဆီကိုရုပ်ရှင်တစ်ပုဒ်ပဲဖြစ်ပါတယ်။ Roberto ကဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ သိပ္ပံပညာရှင် Elia ဖြစ်သူနဲ့ တွဲခုတ်နေခဲ့တာ ခြောက်နှစ်တာတောင်ရှိသွားပါပြီ။ သို့ပေမယ့်လည်း သူဟာ dating app ကနေတစ်ဆင့် တွေ့လာခဲ့တဲ့ Chris ဆိုသူကောင်လေးတစ်ယောက်နဲ့လည်းတိတ်တိတ်ပုန်းခိုးတွဲနေခဲ့ပါတယ်။ အဲ့ဒီကနေတစ်ဆင့် ခြောက်နှစ်တာသူထိန်းသိမ်းလာခဲ့တဲ့ ” ငါဟာအဖြောင့် ” ဆိုတဲ့ဂုဏ်ပုဒ်ဟာ တဖြည်းဖြည်း လျော့ရိလာပါတော့တယ်။သူကိုယ်တိုင်က Homosexual တစ်ယောက်ဖြစ်သော်ငြားလည်း ပတ်ဝန်းကျင်ရဲ့အလိုအရ သူဟာ လိင်တူတစ်ယောက်ကိုစုံမက်တယ်ဆိုတဲ့အတွေးကို ငြင်းဆန်နေသူတစ်ယောက်ပါ။ တစ်ဖက်က Chris ကိုလည်းချစ်သလို တစ်ဖက်က Elia ကလည်း သူနဲ့အတူတွဲလာတာကြာနေပြီဖြစ်တဲ့အတွက်ကြောင့် အတူတူနေကြရင်မကောင်းဘူးလား ဆိုတဲ့တောင်းဆိုချက်ကို လန့်ကြောက်ရှောင်ကွင်းနေသူတစ်ယောက်ပါ။ ဒါကြောင့် Robertoအနေနဲ့ အချစ်ကိုကျော်လွန်ပြီး Eliaကို အားနာစိတ် ပတ်ဝန်းကျင်ကိုကြောက်စိတ် ပုံစံခွက်ထဲမှာပဲနေချင်စိတ်များကြောင့် Eliaကိုပဲ ရွေးချယ်သွားမလား? သူတကယ်ချစ်မြတ်နိုးတဲ့ Chrisကိုပဲ ရွေးချယ်သွားမလား? ဆိုတာကို ယုတ္တိဆန်ဆန် ရိုက်ချက်လှလှနှင့် ရိုက်ကူးဖော်ပြထားတဲ့ မက္ကဆီကန်ရုပ်ရှင်ကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Ya Mone ဖြစ်ပါတယ်။) File size…(1.3 GB) / (620 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:25:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Ya Mone

History • Drama
6.1 2024 93 mins
Straight S
The Problem with People

ပေါ့​ပေါ့ပါး​ပါး ကြည့်ရှု​လို့​ရမဲ့ ဟာသ​ရုပ်ရှင်​လေး​တစ်ခု​ ဖြစ်​တဲ့ ဒီဇာတ်ကားလေးက buddy comedy အမျိုး​အစား​ဖြစ်​ပြီး​ ဇာတ်​ဝင်​ခန်း​အများ​စုကို အိုင်​ယာ​လန်​နိုင်ငံ​ ကျေး​လက်ဒေသတွေမှာ​ပဲ ရိုက်ကူး​ထားတာဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ Ciaran နဲ့ Berry တို့​ဟာ​ တစ်ဝမ်းကွဲ​ညီအစ်ကို​တွေ​ ဖြစ်​ကြပေမဲ့ တစ်ယောက်​ကို​ တစ်ယောက်​ တစ်ခါမှ​ မမြင်ဖူးသူတွေပါ။ ဒီလို​ဖြစ်​ရတာ​က ဆယ်စုနှစ်​များစွာ​ ကြာမြင့်​ခဲ့ပြီ​ဖြစ်တဲ့ မိသားစု​တစ်​ခုတည်းက မျိုး​ဆက်​နှစ်​စုအကြား ပဋိပက္ခ​ကြောင့်​ဖြစ်​ပါတယ်။ မျိုး​ဆက်​တစ်​ခုက​ အမေရိက​မှာ​ အခြေ​ချ​ပြီး​ ကျန်​တစ်​ခုက​ အိုင်​ယာ​လန်​မှာပဲ အခြေ​စိုက်​ပါတယ်​။ ဒီလို​နဲ့​ Ciaran ရဲ့အ​ဖေ ဆန္ဒ​အတိုင်း​ နယူးယောက်​က Berry တစ်ယောက်​ အိုင်​ယာ​လန်​ကို​ ရောက်လာပါတော့တယ်။ အစပိုင်းမှာ Ciaran​ နဲ့ Berry တို့​ အချင်း​ချင်း​ အဆင်​ပြေ​ပေမဲ့​ နောက်​ပိုင်း​မှာ အမွေ​ကိစ္စ​ကြောင့် နှစ်​ယောက်​သား ခွာ​ပြဲ​သွား​ကြပြီ​ တစ်ယောက်​ကို​တစ်ယောက်​ ဒုက္ခ​ပေး​ကြပါ​တော့​တယ်​။ ဇာတ်လမ်း​အမျိုး​အစားက ပေါ့​ပေါ့ပါး​ပါး​ ဟာသ​ရုပ်ရှင်​ ဖြစ်​ပြီး​ ဇာတ်​အိမ်​ရိုး​ရှင်း​သလို​ အိုင်း​ရစ်​ရှ်နောက်ခံဂီတတွေနဲ့ အပျင်းပြေကြည့်ရှုလို့ကောင်းမဲ့ ဇာတ်​ကား​တစ်​ကား​ဖြစ်​ပါတယ်​။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Wolfenheim

0 2024
The Problem with People