YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Envoys.S01E05.SPANISH.720p.WEBRip-CM.mp4

259.92 MB N/A video/mp4 151 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Man of Tai Chi
6

ကျွန်တော်တို့ရဲ့ ကိုကျော်ဝင်းတစ်ယောက် John Wick မလုပ်ခင် တရုတ်ပြည်မှာ ကောင်လေးတွေ မွေးမွေးပြီး စားတဲ့အကြောင်းပါ။ နောက်နေတာပါ ဒီသိုင်းကားကဆိုရင် မင်းသား ကီနူးရိဗ်တစ်ယောက် သူ့ရဲ့ Matrix ဇာတ်ကားထဲက ကွန်ဖူးဆရာကို မြေတောင်မြှောက်ပေးတဲ့ကားဆိုရင် မမှားပါဘူး ဘာလို့လဲဆိုတော့ သူကိုယ်တိုင် ဒါရိုက်တာလုပ်ထားတာ ဖြစ်ပြီး သူကိုယ်တိုင် ဗီလိန်အဖြစ် ပါထားလို့ပဲ ဖြစ်ပါတယ်။ တခြားနာမည်ကြီး တရုတ်သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါသေးတယ်။ ဇာတ်လမ်းက အဓိက အခြေခံထားတာကတော့ ကျွန်တော်တို့ ထိုက်ချိသိုင်းအကြောင်းပဲ ဖြစ်ပါတယ် သူကပြောရမယ်ဆို ရေနဲ့မီး အလင်းနဲ့အမှောင် စတဲ့ဆန့်ကျင်ဖက်တွေ အတူတည်ရှိနေသလိုမျိုး မာကျောတဲ့အရာကို ပျော့ပျောင်းမှုနဲ့ သိမ်းသွင်းတဲ့ ကိုယ်ခံပညာတစ်ခုပါ (နာမည်ကြီးဆို မင်းသားကြီး ဂျက်လီချတာတွေ ရှိပါမယ်)။ ဇာတ်လမ်းအကျဉ်းကတော့ ကိုကျော်ဝင်းဟာ ဟောင်ကောင်မှာ လုံခြုံရေးကုမ္ပဏီ ဟန်ပြလုပ်ပြီး မြေအောက်တိုက်ခိုက်ပွဲတွေ ကျင်းပနေတဲ့လူတစ်ဦး၊ တစ်နေ့ သူ့ဖိုက်တာကောင် အားမရလို့ သတ်ပစ်ပြီး လူသစ်ရှာနေတဲ့အချိန်ပေါ့။ မင်းသား တိုက်ဂါးဆိုတာကျ ထိုက်ချိပညာအမွေယူနေတဲ့ လူတစ်ယောက် လမ်းကြောင်းမှန်မရောက်သေးပဲ ကြိုးစားနေရဆဲပေါ့။ တစ်ဖက်မှာလည်း ကိုကျော်ဝင်းကို ဖမ်းချင်နေကြတဲ့ ရဲမေတစ်သိုက်တို့က ရှိကြပါသေးတယ်။ တစ်ရက်ကျ တိုက်ဂါးအရည်အချင်းတွေကို ကိုကျော်ဝင်း သဘောကျပြီး သူ့ဖိုက်တာလုပ်ဖို့ ဖိတ်ခေါ်ပါတယ် ဒါပေမဲ့ ကိုယ်ခံပညာဟာ ပိုက်ဆံရှာစရာမဟုတ်ဘူးဆိုပြီး ငြင်းခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ သူ့ဆရာနေတဲ့ ဘုရားကျောင်းအတွက် ပိုက်ဆံတွေ အများကြီး လိုအပ်လာတဲ့အချိန်မှာတော့ တိုက်ဂါးတစ်ယောက်…. ဒီလောကထဲ ဝင်ရောက်ပြီး ဘာတွေဆက်ဖြစ်မလဲ ကိုကျော်ဝင်းရဲ့ ရည်ရွယ်ချက်အမှန်ကရော ဘာလဲ ဘယ်လိုတွေ အဆုံးသတ်မလဲဆိုတာ သိုင်းတွေအမိုက်ချတာကြည့်ပြီး တရုတ်မလေးတွေ ငမ်းရမှာပါ။ (ရဲမေမဟုတ်တဲ့ တရုတ်မင်းသမီးလေးဆို အတော်ချောပါတယ် မင်းသားနဲ့တောင် သိပ်မတန်ချင်ပါဘူး ကြည့်ရတာ တန်စေရပါမယ် ဒါက စကားချပ်…) File size…1.48GB / 639MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 45m Genre ..... Action, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Crime • Drama
6 2013 105 mins
Man of Tai Chi
Naan Mirugamaai Maara

အခုတစ်ခါမှာတော့ IMDb 5.8 အထိရရှိထားတဲ့ Action-Thriller တမီလ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဘွန်မီနာသန်ဆိုတဲ့လူဟာ သူ့ဘဝကို အေးအေးဆေးဆေးဖြတ်သန်းနေခဲ့ပြီး မိသားစုကိုသိတတ်တဲ့ လူတစ်ယောက်လည်း ဖြစ်ပါသေးတယ်။ သို့ပေမယ့် သူ့ညီလေးအသတ်ခံလိုက်ရတဲ့အချိန်မှာတော့ ဒါတွေအားလုံးဟာ သူ့အတွက် မှေးမှိန်သွားခဲ့ပါတယ်။ ဆုံးသွားတဲ့ညီဖြစ်သူ တရားမျှတမှုရရှိရေးအတွက် အပတ်တကုတ်ကြိုးစားခဲ့ပေမယ့် တရားဥပဒေရဲ့လျှော့ကြိုးတွေကို သူ အယုံအကြည်မရှိခဲ့ပါဘူး။ ဒီလိုနဲ့ သူကိုယ်တိုင်ပဲ ညီဖြစ်သူတရားမျှတမှုရရှိရေးအတွက် ကလဲ့စားချေဖို့ထွက်လာခဲ့တဲ့အခါ သူ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ...။ အောင်မြင်နိုင်ပါ့မလား..။ သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်လာမလဲဆိုတာကိုတော့ ဆက်လက်ရှုစားပေးကြပါဦးနော်...။ File size…1.83GB / 778MB Quality… 1080p WEB DL / 720p Format…mp4 Duration….2h 8min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL ~ Taylor ~ Yunni

Action • Thriller
0 2022 128 mins
Naan Mirugamaai Maara
Naane Varuvean
6.6

6.7/ 10 IMDb ဒီတစ်ခါတော့အားလုံးရဲ့အချစ်တော် ဒါနုရှ်(Dhanush) ရဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားသစ်လေးလာပါပြီ... ပရာဘူ (Dhanush) နဲ့ကာသီရ်တို့က အမွှာညီအကိုနှစ်ယောက်ပါ အမွှာလို့ဆိုပေမယ့် ပရာဘူကစိတ်ထားနူးညံ့သလောက် ကာသီရ်ကတော့ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ပါ... အဲ့တာကြောင့်ကာသီရ်ရဲ့အပြုအမူတွေက ပရာဘူ့အပေါ်လွမ်းမိုးလာမှာကို သူတို့အဖေကစိုးရိမ်နေခဲ့ပါတယ်.. သူတော်စင်တစ်ပါးကလဲ သူတို့ညီအကိုဟာအတူတူရှိမနေသင့်ဘူးဆိုပြီးပြောတော့ မိခင်ဖြစ်သူက ကာသီရ်ကိုဘုရားကျောင်းမှာစွန့်ပစ်ပြီး ပရာဘူနဲ့အတူထွက်ပြေးခဲ့ကြပါတယ် နှစ်တွေအတော်ကြာပြီးနောက်မှာ ပရာဘူက ဇနီးဖြစ်သူနဲ့အတူ ချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်ရခဲ့ပါတယ်.. တစ်ဦးတည်းသောသမီးလေးမို့သည်းသည်းလှုပ်အချစ်တွေပိုခဲ့တာပေါ့.. ဒီလိုနဲ့တစ်နေ့ကြတော့ သမီးလေးရဲ့ထူးဆန်းတဲ့အပြုအမူကို အဖေဖြစ်သူပရာဘူသတိထားမိခဲ့ပါတယ်..သမီးဖြစ်သူက တစ်ယောက်ယောက်နဲ့စကားပြောနေသလို သူတစ်ယောက်တည်းစကားပြောနေတာကိုသိရှိသွားချိန်မှာ... သမီးလေးကဘာကြောင့်ဒီလိုထူးဆန်းတဲ့အပြုအမူတွေလုပ်နေတာလဲ... သူနဲ့စကားပြောနေတာကရော ဘယ်သူလဲ.... ဒီလိုအရာတွေရဲ့နောက်ကွယ်ကအကြောင်းရင်းကရော ဘာများဖြစ်မလဲဆိုတာကို ဒါနုရှ်ပရိတ်သတ်ကြီးက ရင်တမမနဲ့စောင့်မျှော်ကြည့်ရှုအားပေးလိုက်ကြပါဦး... File size…1.5GB / 700MB Quality…1080p HQ WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko & HayMan & Poe & OeliuJ

Comedy
6.6 2022 122 mins
Naane Varuvean
Santaman
7

Santaman (2022) ပူလောင်ခြင်းတွေမပါဘဲ ငယ်ဘဝကာတွန်းကား အနှစ်သာရကို ခံစားချင်ပါသလား မိတ်ဆွေ... အဲ့ဒါဆိုရင် ဒီကားလေးက သင့်အတွက်ပါပဲနော်... ဇာတ်လမ်းအကျဥ်း ခရစ္စမတ်တိုင်းရဲ့ ဇာတ်လိုက်ကျော် ဆန်တာကလော့စ်ဟာ ခရစ္စမတ်နေ့မှာ လက်ဆောင်ထုတ်တွေပို့ရင်း သူ့ရဲ့ လက်ဆောင်အိတ်ကို သူခိုးတွေ လုတာခံလိုက်ရပါတယ်။ ထာဝရအသက်ရှင်နေသမျှ ကာလပတ်လုံး လူကောင်းတွေအတွက် လက်ဆောင်တွေကို နှစ်စဥ်ပို့နေပေမယ့် လူဆိုး အမည်ပျက်စာရင်းဝင်တဲ့သူတွေအတွက် ဘာမှမလုပ်ပေးနိုင်တာမို့ အားမလိုအားမရဖြစ်နေတာပေါ့။ အဲ့လိုနဲ့ ဆန်တာတစ်ယောက် လူဆိုးတွေကို ဖမ်းဆီးဖို့ ဆန်တာမန်းအဖြစ် အလုပ်တွေကြိုးစားပါတော့တယ်။ ဒါပေမဲ့ တခြားတစ်ဖက်မှာ ဆန်တာရဲ့ထာဝရအသက်ရှင်နိုင်စွမ်းကိုလိုချင်နေတဲ့လူဆိုးတစ်ယောက်ရှိနေပြန်တယ်။ လူဆိုးရဲ့ ရည်ရွယ်ချက်အထမြောက်သွားနိုင်မလား...? ဆန်တာကို ဘယ်သူတွေကူညီကြမလဲ...? လူဆိုးကရော ဘယ်သူလဲ...? ကဲ... ဆျာဘတ်ဗားရှင်း ဆန်တာမန်းကို ခံစားကြည့်ရှုကြပါဦး... File size…(1.92GB)/(990MB)/(506MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Animation / Adventure /  Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by ...Northener

Drama • Thriller
7 2022 88 mins
Santaman
Incantation
6.2

Netflix က ဖြန့်ချီပြီး 2022ခုနှစ်အတွင်း ထိုင်ဝမ်ရဲ့ ရုံဝင်ငွေ အကောင်းဆုံး ရုပ်ရှင်ကားလည်းဖြစ်၊ ထိုင်ဝမ်သမိုင်း တစ်လျှောက် ရုံဝင်ငွေအကောင်းဆုံး horror ကားတစ်ကားလည်းဖြစ်နေပြီး၊ ကောင်းမွန်တဲ့ သုံးသပ်ချက်တွေ ရရှိထားတဲ့ ထိတ်လန့်သည်းဖို horror ကားတစ်ကားပါ။ လီရိုနန်ဟာ မိဘမဲ့ဂေဟာကို ပေးခဲ့တဲ့ ငါးနှစ်အရွယ် သူ့သမီးလေး ဒိုဒိုကို အုပ်ထိန်းခွင့်ပြန်လည်ရရှိဖို့အတွက် စောင့်ကြည့်ကာလအတွင်းမှာ သူ့အိမ်ကိုခေါ်ထားခွင့်ရလိုက်ပါတယ်။ အချိန်အတော်ကြာ ခွဲခွာခဲ့ရတာလည်းဖြစ်ပြန်၊ အတိတ်က ဖြစ်ရပ်တွေရဲ့ ခြောက်လှန့်မှုဒဏ်တွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ခဲ့ရတဲ့ တစ်ကိုယ်တော် မိခင်တစ်ယောက်လည်းဖြစ်နေရှာတော့ အုပ်ထိန်းခွင့်ပြန်ရဖို့ကို ကောင်းကောင်းလုပ်နိုင်ပါ့မလားဆိုပြီး ရိုနန်တစ်ယောက် စိုးရိမ်နေရရှာပါတယ်။ စောင့်ကြည့်ကာလ ဖြစ်တာကြောင့် ပိုပြီး အဆင်ပြေအောင် နေပြရပါမယ်ဆိုမှ သမီးလေးဒိုဒိုမှာ ထိတ်လန့်စရာ ဖြစ်ရပ်တွေ ကြုံနေရပါတယ်။ သူ့သမီး ကြုံနေရတဲ့ ဖြစ်ရပ်တွေဟာ လွန်ခဲ့တဲ့ခြောက်နှစ်က တားမြစ်ထားတဲ့ အရာတစ်ခုကို သူလုပ်ခဲ့မိတဲ့ အကျိုးဆက်ရဲ့ ကျိန်စာတွေ ဖြစ်နေပြီး အဲ့အရာကို သိရှိသူတိုင်းဟာ ကြမ္မာဆိုးနဲ့ အဆုံးသတ်ရစမြဲဖြစ်တာကြောင့် ကျိန်စာဆိုးကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ကြိုးစားရင်း ... ဇာတ်လမ်း‌ကောင်းကောင်းနဲ့ သေသပ်တဲ့ သရုပ်ဆောင်ချက်တွေကို ကောင်းမွန်တဲ့ ဖန်တီးမှုနဲ့အတူ ဇာတ်လမ်းကို ဆွဲခေါ်သွားတာဖြစ်လို့ သာမာန်သရဲကားတွေထက်တော့ သေချာပေါက်ပိုမဲ့ Horror ကားကောင်းတစ်ကားပါပဲ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Moe Lay ပါ။) File Size : 2.9GB, 1GB & 444MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL & 480p Format : mp4 Duration : 1hr & 50mins Genre : Horror Translated by Moe Lay Encoded by Kinnov

Action
6.2 2021 80 mins
Incantation
My Boyfriend in Orange
6.3

My Boyfriend in Orange (2022) L.DK တို့၊ P to JK တို့၊ Heroine Disqualified လိုမျိုး အထက်တန်းကျောင်းရဲ့ ရင်ခုန်သံဇာတ်လမ်းလှလှလေး နောက်ထပ်တစ်ပုဒ်ကို ကြည့်ဖို့ရှာနေတယ်ဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။ မီးသတ်သမားတွေရဲ့အကြောင်းကိုလည်း ထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ ဒီလိုဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်လည်း အကြိုက်တွေ့မှာပါ။ Support Role မှာဆိုရင်လည်း ယာကူဇာကြီး Yuuta Furukawa ကလည်း ချစ်စရာကောင်းတဲ့ဇာတ်ရုပ်လေးနဲ့ ပါဝင်ထားပါသေးတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မိုအဲလို့ခေါ်တဲ့ အထက်တန်းကျောင်းသူလေးက သူ့အဖေဆုံးပါးသွားပြီးတဲ့နောက်မှာ မြို့ငယ်လေးတစ်မြို့ဆီ ပြောင်းရွှေ့လာခဲ့ပါတယ်။ မိုအဲက သူ့အမေနဲ့ မောင်လေးတို့နဲ့အတူ နေထိုင်တာဖြစ်ပြီးတော့ စိတ်ဒဏ်ရာလေးတွေကြောင့် သူငယ်ချင်းအသစ်ဖွဲ့ဖို့ကိုလည်း ခက်ခဲနေသူပါ။ သရုပ်ပြပွဲလုပ်တဲ့နေ့မှာတော့ ကျောင်းခေါင်မိုးပေါ်မှာရပ်နေခဲ့တဲ့ သူ့ပုံစံက သတ်သေတော့မဲ့သူနဲ့ တူတာကြောင့် မီးသတ်သမားဖြစ်တဲ့ ခရောဆုကဲက လာကယ်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်ဟာ ကျောင်းသူလေး မိုအဲအတွက်တော့ ရှက်စရာကောင်းပေမဲ့ စိတ်လှုပ်ရှားစရာလည်း ကောင်းနေပြန်ပါတယ်။ နောက်နေ့မှာလည်း အိမ်မီးရှို့ဖို့ကြိုးစားတဲ့သူတစ်ယောက်ကို တားရင်း ပိတ်မိသွားတဲ့မိုအဲကို ခရောဆုကဲကပဲ ထပ်လာကယ်ခဲ့ပါတယ်။ ကယ်တင်ရှင် တဖြစ်လဲ နွေးထွေးတဲ့ရင်ခွင်ရှိတဲ့ မီးသတ်သမားလေး ခရောဆုကဲကို မိုအဲကတော့ အပီကြွေသွားပါပြီ။ ခရောဆုကဲကတော့ ခပ်အေးအေးနေတတ်ပြီး အလုပ်ကြိုးစားတဲ့ စည်းကမ်းကြီးတဲ့သူမျိုးဖြစ်ပါတယ်။ အရင်ကအဖြစ်အပျက်တစ်ခုကြောင့် ရည်းစားလည်းထပ်မထားဘဲ အလုပ်ကိုပဲ စိတ်နှစ်ပြီး တာဝန်ကျေပွန်ချင်တဲ့ မီးသတ်သမားကောင်းပါ။ မိုအဲတစ်ယောက် ရေခဲတုံးကြီးကို ဘယ်လို အရည်ဖျော်ပစ်မလဲဆိုတာကတော့ ဇာတ်လမ်းထဲမှာ ရင်ခုန်စွာ ရှုစားနိုင်ပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 830MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 38Min Genre – Romance Subtitle – Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Romance • Drama
6.3 2022 97 mins
My Boyfriend in Orange
Teri Baaton Mein Aisa Uljha Jiya
7.1

Teri Baaton Mein Aisa Uljha Jiya (2024) “ချစ်သူရဲ့ စကားသည်သာ… ” IMDb – 7.1/10 အားလုံးစောင့်မျှော်နေကြတဲ့ ဘတ်ဂျတ် ရူပီး ၇၅ကုဋေ အသုံးပြုထားပြီး နှစ်ဆပြန်ဝင်ခဲ့တဲ့ ရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ခင်ဗျားတို့သိပ်ကြိုက်ကြတဲ့ မင်းသားရှာဟစ်ကပူးနဲ့ ကျွန်တော်သိပ်ကြိုက်တဲ့ မင်းသမီးလေး ကရီသီးတို့ ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ အာယန်ဆိုတာ အိန္ဒိယရဲ့ အတော်ဆုံးပရိုဂရမ်မာတွေထဲက တစ်ယောက်ပေါ့။ မိခင်ဖြစ်သူရဲ့ အိမ်ထောင်ပြုဖို့ တဂျီဂျီနားပူနားဆာလုပ်သမျှ အကြောင်းအမျိုးမျိုးပြရှောင်နေရင်း ဇီဇာကြောင်တဲ့ လူပျိုကြီးဘ၀ကိုဖြတ်သန်းနေတဲ့သူ။ အမေရိကက အဒေါ်ဖြစ်သူပိုင်တဲ့ စက်ရုပ်ကုမ္ပဏီရဲ့ အိန္ဒိယရုံးခွဲတစ်ခုမှာ အလုပ်လုပ်နေတဲ့သူ။ တစ်ရက် ပရောဂျက်အသစ်တစ်ခုအတွက် အမေရိကကိုလာဖို့ အဒေါ်ဖြစ်သူကလှမ်းခေါ်တော့ အမေ့ရဲ့မိန်းမယူဖို့နားပူနားဆာလုပ်တဲ့ရန်က ဝေးပြီဆိုပြီး ဝမ်းသာအားရပြေးပါတယ်။ အိန္ဒိယမှာနေတုန်းက သူ့ဆီမှာအလုပ်လုပ်ဖို့ အိမ်အကူမရှိတော့အထိ ဇီဇာကြောင်လွန်းတဲ့ အာယန်တစ်ယောက် အဒေါ့်ဆီရောက်တဲ့အခါမှာတော့ အဒေါ်ဖြစ်သူရဲ့ မန်နေဂျာဆိုသူ စီဖရာရဲ့ လုပ်ပုံကိုင်ပုံတွေကို သဘောအကျကြီးကျရာကနေ သိလိုက်ရတာက စီဖရာက စက်ရုပ်မလေး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒီကနေ အာယန်ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုဖြစ်တည်လာမယ်ဆိုတာကတော့ ဒီသိပ္ပံခေတ်လွန်ရုပ်ရှင်ကားကြီးမှာ စီးမျောခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲ ဖြစ်ပါတယ်)

7.1 2024 143 mins
Teri Baaton Mein Aisa Uljha Jiya
Fate/Grand Order: First Order
5.7

Fate/Grand Order: First Order(2016) ရင်းနှီးပြီးသားဖြစ်တဲ့ Fate/Grand Order ဂိမ်းရဲ့ Live action ဖြစ်တဲ့ Fate/Grand Order ရုပ်ရှင်စီးရီးတွေထဲက ပထမဆုံး prequel ပါ။ လူသားမျိုးနွယ် ဆက်တည်တံ့ဖို့ Chaldea အဖွဲ့အစည်းဟာ ပညာရှင်တွေစုစည်းပြီးတော့ အချိန်ခရီးသွားခြင်း(ရေးရှစ်ဖ်)နဲ့ လူသားမျိုးနွယ်မပျက်သုဉ်းသွားအောင်ကာကွယ်ဖို့ကြိုးစားနေတာပါ။ မာစတာဖြစ်နိုင်တဲ့ လူသားတွေကိုစုစည်းပြီးတော့ အချိန်ခရီးသွားစေပြီး လူသားမျိုးနွယ်ပျက်သုဉ်းစေတဲ့အကြောင်းရင်းကို ဖြေရှင်းတဲ့နည်းလမ်းကိုသုံးတာပါ။ ပထမဆုံးစမ်းသပ်တဲ့မစ်ရှင်မှာပဲ မတော်တဆပေါက်ကွဲမှုဖြစ်ပြီး စီစဉ်ထားသလိုမဖြစ်လာခဲ့ပါဘူး။ ပေါက်ကွဲမှုထဲမပါဘဲ ကျန်ခဲ့တဲ့မာစတာဖြစ်နိုင်သူ ဖူဂျီမာရုနဲ့ သူရဲကောင်းဝိဉာဉ်နဲ့ပေါင်းပြီး အစေခံတစ်ပိုင်းဖြစ်သွားတဲ့ မက်ရှ်တို့နှစ်ယောက် ရေးရှစ်ဖ်နဲ့ အချိန်ခရီးသွားမိသွားပြီး မစ်ရှင်ကိုဆက်လုပ်ဖို့ဖြစ်လာပါတော့တယ်။ ဖူဂျီမာရု နဲ့ မက်ရှ်တို့ မစ်ရှင်အောင်ပြီးတော့ လူသားမျိုးနွယ်ကိုထိန်းသိမ်းနိုင်မှာလား ဘယ်လိုအခက်အခဲတွေနဲ့ရင်ဆိုင်ရပြီးတော့ ဘယ်လိုမြင့်မြတ်တဲ့ သူရဲကောင်းတွေက‌ရော မစ်ရှင်မှာဝင်ကူညီမှာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရမှာပါ။ File size… 1 GB / 490 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 14m Genre ….. Aniamtion/Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jia

5.7 2016
Fate/Grand Order: First Order
The Clearing

The Clearing ဆိုတဲ့ ၂၀၀၄ ခုနှစ်ထွက် ဇာတ်ကားဟာ ခံစားမှုများပြားတဲ့ စိတ်ကူးယဉ်သည့် ဇာတ်လမ်းဖြစ်ပြီး သည်းထိတ်ရင်ဖိုအမျိုးအစားဖြစ်ပါတယ်။ ဇာတ်လမ်းအနေနဲ့ Wayne Hayes (Robert Redford) ဟာ လောဘမပါဘဲ အောင်မြင်မှုရနေသူတစ်ဦးဖြစ်ပြီး၊ သူ့ဇနီး Eileen Hayes (Helen Mirren) နဲ့အတူ ချမ်းသာကျေနပ်စွာနေထိုင်ပါတယ်။ တစ်နေ့မှာတော့ Wayne ကို Arnold Mack (Willem Dafoe) ဆိုတဲ့ လူဆိုးတစ်ဦးက အတင်းဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့အခါမှာ Eileen နဲ့ မိသားစုဟာ ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှုများပြားတဲ့ အခြေအနေကို တွေ့ကြုံရပါတယ်။ “The Clearing” ရုပ်ရှင်ဟာ စိတ်ကူးယဉ်နဲ့ ထင်မြင်ချက်တွေကို လှုံ့ဆော်ပေးပြီး ရင်ဖိုစရာအချိန်တွေနဲ့ ပြည့်နှက်နေပါတယ်။ကိုယ်တိုင်ကြည့်ရှုခံစားပေးပါဦး။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre… Drama, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Ye Htut

0 2004
The Clearing
The Truman Show
8.2

The Truman Show (1998) =============== IMDb Rating (8.2) Rotten Tomatoes (95%) Metacritic 90% Movie Type-Sci-fi/Drama သင့်ဘဝကြီးတခုလုံးက Show တခုဖြစ်နေပြီး သင်ကဇာတ်လိုက်ဖြစ်နေမယ်လို့တွေးဖူးလား? ဒီကားက သင့်ကိုအတွေးပေါက်စေမယ့်ကားမျိုးပါ။ Sci-fi ဆိုပေမယ့် လေဆာတွေပစ် ယာဥ်ပျံတွေပါတဲ့ကားမျိုးမဟုတ်ပါဘူး။ သင်ဒီကားကြည့်ရင်းမျက်ရည်ဝဲမယ်။ နောက်ဆုံးခန်းကိုကြည့်နေရင်းမှာ လက်ကတခုခုကိုဆုပ်မှန်းမသိဆုပ်နေမိလိမ့်မယ်။ ပြီးတော့ အဆုံးမှာ ဇာတ်ကားထဲက လူတွေလိုပဲ သင်အရမ်းကိုကျေနပ်ပြီးမျက်ရည်တွေကျလာလိမ့်မယ်။ မယုံမရှိပါနဲ့။ မင်းသားက ရှားမှရှား Jim Carrey ပါ။ သူလိုလူနောက်ပေါ်လာဖို့ဆိုတာ တော်တော်မဖြစ်နိုင်တာပါ။ ဒါပေမယ့် ကျွန်တော်တို့မြင်နေကျ ပေါတောတော ဟာသ ကောင်ကြီးအဖြစ်နဲ့ ဒီကားမှာမြင်တွေ့ရမှာမဟုတ်ပါဘူး။ တကယ့် တခြား Jim Carrey တစ်ယောက်ကိုကြည့်နေရသလိုခံစားစေမှာပါ။ Oscar တန်းဝင်ကားပါ။ Truman ဆိုတာက ဘဏ်မှာအလုပ်လုပ်တဲ့ဝန်ထမ်းတစ်ယောက်။ သူ့ဘဝကြီးကအစစအရာရာသာယာတယ်။ မိန်းမတစ်ယောက်ရှိတယ်။ မိန်းမကလည်းချောတယ်။ အရမ်းချစ်တဲ့သူငယ်ချင်းတစ်ယောက်လည်းရှိတယ်။ ဒါပေမယ့် သူနေနေတဲ့ကမ္ဘာကြီးမှာသူတစ်ယောက်ကလွဲ ပြီးကျန်တဲ့လူတွေကအတုတွေ နေရာတွေအကုန်လုံးက အတုတွေဆိုတာ တဖြည်းဖြည်း နဲ့ရိပ်မိလာတယ်။ Seaheaven ကျွန်းလေးဟာအတုအယောင်ဆိုတာသူတဖြည်းဖြည်းရိပ်မိလာတယ်။ သူဒီကထွက်ဖို့ကြိုးစားတော့မယ်…. ဒါပေမယ့်အောင်မြင်ပါ့မလား? Truman ဟာမိန်းမမရခင်မှာ Laurenဆိုတဲ့ကောင်မလေးနဲ့တွေ့တယ်ကြိုက်ခဲ့တယ်။ သူမကလည်းအတုအယောင်ပဲ။ ဒါပေမယ့် Lauren က Truman ကို ဒါကြီးကအတုအယောင် အကုန်လုံးကအတုတွေဆိုတာကိုမခွဲခွာခင်မှာပြောခဲ့တယ်။ သူတို့ကရှင်နဲ့တွေ့တာမကြိုက်ဘူး ဆိုတာကိုလည်းပြောခဲ့တယ်။ ပြီးတော့သူမဟာ Fijiတောင်တန်းတွေဘက်ကိုအရွေ့ခံလိုက်ရတယ်။ တကယ်တော့သူမကို Show ပွဲကနေထုတ်လိုက်တာပါ။ Trumanတစ်ယောက် Fijiဆိုတာကိုရှာမယ်။ သူမကိုတွေ့အောင်ရှာမယ်။ ဒါပေမယ့် အချစ်က တကယ်ပဲသူ့ကို ဒီအိမ်မက်ဆိုးကြီးကလွတ်မြောက်အောင်ဆောင်ရွက်ပေးမှာလား။ သူကလွဲပြီးအကုန်အတုအယောင်တွေဆိုတာကိုသူသိသွားမှာလား။ တကယ်ပဲလွတ်မြောက်သွားမှာလား။ တကယ့်ကိုရုပ်ရှင်ချစ်တဲ့လူဆို ဒီကားကိုကြည့်ပြီး အကောင်းဆုံးတွေထဲကတခုအဖြစ်သတ်မှတ်မှာသေချာပါတယ်။ ကြည့်ကိုကြည့်ရမယ့်ကားပါ။ PG ရုပ်ရှင်ဖြစ်တာနဲ့အညီဟာသလေးတွေနဲ့မပျင်းရအောင်ဆွဲခေါ်ထားပါတယ်။ ဒါပေမယ့်တကယ်တွေးကြည့်ရင်ဇာတ်ကားကနက်နဲ ပြီးကြောက်စရာကောင်းပါတယ်။ ကြောက်စရာအကောင်းဆုံးရုပ်ရှင်တွေထဲကတခုအဖြစ်သတ်မှတ်ထားပါတယ်။ Coraline လိုမျိုးပါပဲ။ ဖြဲမခြောက်ပဲကိုကြောက်စရာကောင်းတဲ့ကားမျိုးပါ။ မျက်ရည်ဝဲရင်းကျေနပ်မှုအပြည့်အဝပေးမယ့်ကားလေးပါ။ ဇာတ်ကားကလည်း 1 နာရီနဲ့43မိနစ်ဆိုတော့အရမ်းမကြာပါဘူး။ စလာထဲကဘာဖြစ်မလဲ ဘာဖြစ်မလဲနဲ့ ပြီးတဲ့အထိမထပဲ ကြည့်ချင်မယ့်ကားမျိုးပါ။ မင်းသားအနေနဲ့ အချစ်တော် Jim Carreyက အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ Show ပွဲကိုစီစဥ်သူအနေနဲ့ Ed Harris က ပါဝင်အားဖြည့်ထားပါတယ်။ Jim Carrey အနေနဲ့ Golden Globe အကောင်းဆုံးမင်းသားဆု Ed Harris အနေနဲ့ Golden Globe အကောင်းဆုံးဇာတ်ပို့မင်းသားဆုအပြင်ဆုတွေအများအပြားသိမ်းပိုက်ထားတဲ့ကားပါ။ ကြည့်ဖြစ်အောင်ကြည့်ပါ။ (ရုပ်ရှင်အညွှန်းကို Myat P Kyaw Fb မှ ကူးယူဖော်ပြပါသည်။)

8.2 1998
The Truman Show
Fuchsia Libre
5.5

Fusha Libre ဟာ အက်ရှင်၊ ဟာသအမျိုးအစားဖိလစ်ပိုင် ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ မိခင်ဆုံးပါးပြီးတဲ့နောက် တစ်ဦးကိုတစ်ဦးမှီခိုနေထိုင်လာကြတဲ့ဒန်နီနဲ့အိုလီဗာတို့ဟာ သိပ်ချစ်ကြတဲ့သားအဖတွေဖြစ်ပါတယ်။ ငယ်ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ်ဂေးမှန်းသိနေခဲ့တဲ့ အိုလီဗာဟာ ယောကျ်ားပီသစေချင်တဲ့ဖခင်ရဲ့ဆန္ဒကြောင့် သူ့ပုံစံမှန်ကိုမျိုသိပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ လူပျိုအရွယ်ရောက်လာတဲ့အခါမှာတော့ အိုလီဗာက ယောကျ်ားလေးချင်းရည်းစားထားနေတာကိုသိသွားတဲ့ဒန်နီက အိုလီဗာကိုစိတ်ဆိုးပြီး သားအဖဆက်ဆံရေးကိုလည်းဖြတ်ပစ် ခဲ့ပါတယ်။ အိုလီဗာက ဘဝကိုကြိုးစားရုန်းကန်ရင်း သူတည်ထောင်ထားတဲ့ အားကစားခန်းမလေးကိုကယ်တင်နိုင်ဖို့ ကြေးကြီးတဲ့ မြေအောက် လက်ဝှေ့ကြိုးဝိုင်းတစ်ခုမှာ ဝင်ထိုးဖို့ဖြစ်လာခဲ့ပါတယ်။ အိုလီဗာထင်မထားခဲ့တာက သူ့အဖေဒန်နီဟာ လက်ဝှေ့ပွဲကျင်းပ သူတွေထဲကတစ်ယောက်ဖြစ်နေတဲ့အပြင် သူပတ်သက်ခဲ့မိတာက သာမန်တရားမဝင်လက်ဝှေ့ကြိုးဝိုင်းလေးတစ်ခုမဟုတ်ဘဲ ရက်စက်တဲ့ လူသတ်မှုတွေ၊ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ဂိုဏ်းကြီးတစ်ခု ဖြစ်နေပါတော့တယ်။ File size…2.41GB / 1.16GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 52m Genre ….. Action , Comedy , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Mystery • Drama • TV Movie
5.5 2024 113 mins
Fuchsia Libre
Citizen Kane
8.3

Citizen Kane (1941) ~ IMDb – 8.3/10, RT – 99%, Meta – 100% ~ ( I ) One of the Greatest Films of All Time လို့ ရည်ညွှန်းခံရတဲ့ ရုပ်ရှင်တွေက ရုပ်ရှင်ကောင်းတွေ ဖြစ်နေတတ်တာတော့ ကျွန်တော်တို့ ငြင်းမရပါဘူး။ Citizen Kane ဟာ One of the Greatest Films of All Time မဟုတ်တဲ့ The Greatest Film of All Time ဘွဲ့ကို ဒီ၂၁ရာစုအထိ ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ Greatest Films ဆိုတဲ့ Lis‌t‌ တွေရဲ့ ထိပ်ဆုံးမှာ အမြဲရပ်တည်နေခဲ့တယ်။ တစ်နှစ်ကတော့ Rotten Tomatoes 100% ရထားတဲ့ Paddington 2 က 99% ရထားတဲ့ Citizen Kane ကို ကျော်ပြီး ဒီဘွဲ့ရသွားပြီလို့ မျက်ခွက်ပြောင်ခဲ့ကြသေးတယ်။ ဒီအချက်ကတော့ ဟာသမှန်းအားလုံးသိကြပေမဲ့ ကိန်းဟာ တကယ့် Greatest Film of All Time ဟုတ်မဟုတ်တော့ တချို့အတွက် အငြင်းပွားစရာဖြစ်နေခဲ့တယ်။ Rating အရကြည့်ရင်တော့ ကျွန်တော်ကတော့ IMDb ကို လုံးဝမယုံသလို Rotten Tomatoes ကိုလည်း နည်းနည်းပဲယုံပြီး Metacritic ကို ပိုယုံတယ်ဆိုတော့ IMDb – 8.3/10, RT – 99% , Meta – 100% ရထားတဲ့ ကိန်းရဲ့ Rating အခြေအနေက လက်ခံချင်စရာတော့ကောင်းတယ်။ တချို့ကတော့ လက်ရှိခေတ်ရုပ်ရှင်တွေကို ဖြတ်သန်းပြီးမှ ကိန်းကို ပြန်ကြည့်မယ်ဆိုရင် ကောင်းတော့ကောင်းပေမဲ့ ဒီဘွဲ့ကြီးကတော့ မဟုတ်သေးပါဘူးကွာလို့ ပြောကောင်းပြောလိမ့်မယ်။ ကျွန်တော်တို့ ထည့်စဉ်းစားရမယ့်အချက်က ကိန်းဟာ ၁၉၄၁တုန်းက ရုပ်ရှင်ဆိုတာပါပဲ။ သူ့မှာသုံးခဲ့တဲ့ အရင်ကမရှိဖူးခဲ့တဲ့ ဆန်းသစ်မှုတွေအကုန် မဆန်းတော့တာတွေ ဖြစ်ကုန်ပါပြီ။ ရယ်ရတာကတော့ အဲဒီလိုမဆန်းတော့တာတောင် လူတစ်ယောက်အကြောင်း ဒီလိုပုံဖော်ထားတဲ့ထဲ ကိန်းလောက် အရသာရှိတဲ့ပုံစံမျိုး ကျွန်တော်တော့ မကြည့်ဖူးဘူး။ ( II ) သူ့မှာ သုံးထားတဲ့ Storytelling စတိုင်ကလည်း သူ့ခေတ်အနေနဲ့ဆို ဆန်းသစ်မှုတစ်ခုဖြစ်နေသလို ကျွန်တော်ကြည့်ဖူးသလောက်ထဲလည်း ဒီလောက်သပ်ရပ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ဟန်မျိုးတော့ မတွေ့ဖူးဘူး။ ပြောရရင် သူ့ဇာတ်ကောင်က ဂတ်စ်ဘီ၊ ဂျော်ဒန်ဘဲဖို့ဒ်နဲ့ ဟောင်းဝတ်ဟုဒ်ကို ပေါင်းထားသလိုမျိုးပဲ။ ဒါပေမဲ့ အဲဒီကားတွေကိုရိုက်ခဲ့တဲ့ဆရာကြီးတွေရဲ့ Storytelling စတိုင်တောင် ဒီလောက်သပ်ရပ်နေတာမျိုးတော့ မဟုတ်ခဲ့ဘူး။ သူ့ခေတ်သူ့အခါမှာ ဆန်းသစ်ခဲ့သလို အခုထိလည်း ခေတ်မီနေသေးတဲ့ ကိန်းရဲ့ Storytelling စတိုင်ဟာ ဒီရုပ်ရှင်ကို အစ ၅မိနစ်လောက်ဖွင့်လိုက်တာနဲ့ အဆုံးထိကို အရှိန်တင်ပေးနိုင်တဲ့ အရည်အသွေးမျိုးရှိတယ်။ စီနီမာတိုဂရပ်ဖာဖြစ်တဲ့ Gregg Toland ရဲ့ စီနီမာတိုကလည်း အဲဒီခေတ်အနေနဲ့ ထူးခြားခဲ့သလို တည်းဖြတ်ပိုင်းကလည်း အပြစ်ပြောစရာမရှိအောင် သေသပ်ခဲ့တယ်။ နှုတ်ခမ်းမွှေးသစ်ပင်ကြီးလို မထော်မနန်းတွေလည်း ကင်းတယ်။ ( III ) ဒီဇာတ်လမ်းဟာ အမေရိကရဲ့ ကူဘလိုင်ခန်လို့ နာမည်ကျော်တဲ့ သတင်းစာလုပ်ငန်းပိုင်ရှင် ရွှေတွင်းသူဌေးကြီး ချားလ်ဖော်စတာကိန်း သေပြီးနောက်မှာ အစပြုခဲ့တယ်။ သူသေခါနီး သူနောက်ဆုံးပြောသွားတဲ့စကားကတော့ “ရို့စ်ဘတ်”တဲ့။ နာမည်တစ်ခုလို့တော့ထင်ရပေမဲ့ ဒီနာမည်ပိုင်ရှင်က ဘယ်သူလဲ၊ ဒီနာမည်က ဘာလဲဆိုတာကို ဘယ်သူမှမသိခဲ့ကြဘူး။ ဒါပေမဲ့ လုပ်သမျှအကုန် သတင်းစာခေါင်းစီးမှာပါနေတဲ့ ကိန်းကိုယ်တိုင် နောက်ဆုံးပြောသွားတဲ့စကားဆိုတော့ ဒါကသတင်းဖြစ်ဖို့လုံလောက်ခဲ့တယ်။ ( IV ) ကိန်းဟာ ကမ္ဘာပေါ်မှာ ဆဠမအချမ်းသာဆုံးသူဌေးဖြစ်ခဲ့သလို တစ်နှစ်ကို အဲဒီခေတ်တန်ကြေး ဒေါ်လာတစ်သန်းရှုံးနေတဲ့ သတင်းစာတိုက်ကို နှစ်ပေါင်းများစွာ ဦးစီးခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ လုပ်ငန်းပေါင်းများစွာပိုင်တဲ့ ခရိုနီတစ်ယောက်ဖြစ်ခဲ့သလို အလုပ်သမားလူတန်းစားဘက်က ရပ်တည်သူလည်းဖြစ်ခဲ့တယ်။ နိုင်ငံရေးသမားတွေကို ရှုံ့ချခဲ့သူဖြစ်သလို နိုင်ငံရေးသမားလုပ်ခဲ့တဲ့သူလည်းဟုတ်ခဲ့တယ်။ ကိန်းဟာ လူအားလုံးကို ရက်ရက်ရောရော ပေးနေကမ်းနေတဲ့လူဖြစ်ခဲ့သလို ဘယ်သူ့ကိုမှ ဘာမှမပေးခဲ့တဲ့သူလည်း ဟုတ်ခဲ့တယ်။ ကိန်းဟာ အများအကျိုးကြည့်သူဖြစ်ခဲ့သလို အတ္တကြီးလွန်းသူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ စစ်ကိုဆန့်ကျင်ခဲ့သလို စစ်ကိုလည်း အားပေးခဲ့တယ်။ ကိန်းဟာ သူချစ်တဲ့မိန်းမအတွက် အားလုံးကိုစွန့်လွှတ်ခဲ့ပြီး အော်ပရာဇာတ်ရုံကြီးဆောက်ပေးခဲ့သူဖြစ်သလို ကိန်းဟာ ဘယ်သူ့ကိုမှ မချစ်ခဲ့သူလည်းဖြစ်ခဲ့တယ်။ ကိန်းဟာ အားလုံးကိုလုပ်ခဲ့သလို ဘာကိုမှမပြီးမြောက်ခဲ့သူလည်းဟုတ်တယ်။ ကိန်းဟာ အားလုံးရဲ့အချစ်ကိုရခဲ့သလို အားလုံးရဲ့အမုန်းကိုလည်းရခဲ့တယ်။ ကိန်းဟာ အမှန်ဘက်က ရပ်တည်ချင်သူဖြစ်ခဲ့သလို အမှားတွေကို လုပ်နေသူလည်း ဖြစ်ခဲ့တယ်။ ကိန်းဟာ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ရသူဖြစ်ခဲ့သလို အရာအားလုံးကို ဆုံးရှုံးသူလည်းဖြစ်ခဲ့တယ်။ ဒီလိုလူရဲ့သမိုင်းကို ခြေရာပြန်ကောက်ဖို့ ဖြစ်လာတဲ့ သတင်းသမားတွေဟာ “ရို့စ်ဘတ်”ဆိုတဲ့ နာမည်ရဲ့ ဇစ်မြစ်ကိုရှာခဲ့ကြတယ်။ ( V ) သွမ်ဆန်ဆိုတဲ့ သတင်းထောက်တစ်ယောက်က ကိန်းနဲ့ပတ်သက်တဲ့လူတွေကို တစ်ယောက်ချင်း လိုက်တွေ့ရင်း “ရို့စ်ဘတ်”ဆိုတာကို လိုက်မေးရင်း ကိန်းရဲ့ဘဝကို ကိန်းကိုသိခဲ့တဲ့သူတွေရဲ့ အမြင်ကနေ မတူတဲ့ရှထောင့်ပေါင်းစုံနေ ကြားခဲ့ရတယ်။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားသူ၊ ရိုးသားသူ၊ ရက်ရောသူ။ တစ်ယောက်ရဲ့အမြင်မှာ ကိန်းဟာ ကြီးကျယ်ခမ်းနားချင်ယောင်ဆောင်သူ၊ ရိုးသားချင်ယောင်ဆောင်သူ၊ ရက်ရောချင်ယောင်ဆောင်သူ။ ဒါကို ကျွန်တော်တို့ ခေါ်ကြတာက Rashomon Effect ပေါ့။ ကိန်းဟာ ရာရှိုးမွန်ထက် ဆယ်စုနှစ်တစ်ခုစောတဲ့အတွက် ဒါကို ကိန်းအဖက်လို့ ပြောရလိမ့်မယ်။ ဒါပေမဲ့ ရာရှိုးမွန်ကလည်း ပိုပြည့်စုံအောင်လုပ်ပေးခဲ့တယ်ဆိုလည်း ငြင်းမရပါဘူး။ ဒါကလည်း သူ့ခေတ်အရ တော်တော်ဆန်းသစ်တဲ့ တင်ဆက်ပုံထဲပါတယ်။ ဒါပေမဲ့ ကိန်းက ဒီ Effect ရဲ့ သက်ရောက်မှုလို တစ်လမ်းတည်းမသွားဘဲ ပိုရှုပ်ထွေးတယ်လို့တော့ ပြောရမယ်။ ( VI ) သူ့ဇာတ်လမ်းကိုသိရပုံဟာ သတင်းထောက်က သတင်းလိုက်တာဖြစ်တဲ့အတွက် ဒီထဲက ကိန်းရဲ့ဘဝဖြစ်စဉ်ကို သတင်းထောက်သိရပုံက Linear အတိုင်းမဟုတ်ခဲ့ဘူး။ ဒါတော့ သူ့ရှေ့မှာလည်း ရှိတော့ရှိခဲ့တယ်။ ဒါပေမဲ့ သိပ်တော့အသုံးမများသေးဘူး။ တည်းဖြတ်မှုပိုင်းမှာလည်း အရိပ်တွေ အမှောင်တွေကိုအဓိကထားသုံးပြီး Transition လုပ်သွားတာတွေက ထူးခြားခဲ့တယ်။ သူ့တင်ဆက်ပုံမှာ သတင်းထောက်နဲ့ ကျွန်တော်တို့က အတူတူပဲသိရလိမ့်မယ်။ စစချင်းမှာ ကိန်းရဲ့ကြီးကျယ်ခမ်းနားမှုတွေအကြောင်းကို ဇာတ်ကြောင်းပြောသွားပုံကလည်း ဩချရလောက်တယ်။ လုပ်ဆောင်ဆဲသတင်းရဲ့ နမူနာဗီဒီယိုကိုပြရင်းနဲ့ပဲ အပြင် Narrative ကို သုံးသွားတာမဟုတ်ဘဲ Narrative မဟုတ်တဲ့ Narrative ကို သုံးသွားသလို ဖြစ်နေတယ်။ သတင်းထောက်ဖွင့်ပြတဲ့ အဲဒီဗီဒီယိုမှာ ကျွန်တော်တို့က သတင်းထောက်သိထားတဲ့ ကိန်းအကြောင်းကို သတင်းထောက်နဲ့ ထပ်တူသိရလိမ့်မယ်။ သတင်းထောက်မသိသေးတာတွေကို သတင်းထောက်မေးမြန်းတဲ့အခါမှာ သတင်းထောက်သိတဲ့အချိန်မှာပဲ ကျွန်တော်တို့သိရလိမ့်မယ်။ ဆိုပေမဲ့ ခုနပြောခဲ့သလို ဒီသိရတာတွေက ပုဂ္ဂိုလ်စွဲအမြင်တွေမကင်းဘူး။ ဒီဇာတ်လမ်းမှာ ကျွန်တော်တို့အတွက် ရာနှုန်းပြည့်မှန်ကန်တဲ့အဖြစ်မှန်မရှိဘူး။ ဒီကြားရတာတွေကို သတင်းထောက်က သူ့ဉာဏ်နဲ့သူ ကောက်ချက်ချပြီး ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး ကိန်းအပေါ် သူ့အမြင်ကို သူတည်ဆောက်ခဲ့တယ်။ ပြောရရင် သတင်းထောက်နဲ့ ကျွန်တော်တို့ကြည့်နေတဲ့လူတွေ သိထားသိလာတာတွေက အတူတူပဲ။ သတင်းထောက်က သူ့အမြင်သူတည်ဆောက်ခဲ့သလို ကျွန်တော်တို့ကိုလည်းကျွန်တော်တို့အမြင်တည်ဆောက်ခွင့်ပေးထားတယ်။ ဘယ်လိုမြင်မလဲက ကျွန်တော်တို့အတာပေါ့။ ဒီStorytelling စတိုင်က ခြောက်ပြစ်ကင်းတဲ့ ပုံစံလို့ ကျွန်တော်တော့မြင်တယ်။ ( VII ) ဒီလိုနဲ့ “ရို့စ်ဘတ်”ဆိုတဲ့ အရာနောက်ကို လိုက်ရင်း ကိန်းအကြောင်းကို စကားလုံးတွေကနေ သိလာတဲ့ သတင်းထောက်ဟာ လူတစ်ယောက်ရဲ့ဘဝကို ဘယ်လိုစကားလုံးနဲ့မှ သရုပ်ဖော်ပြလို့မရဘူးလို့ သတင်းထောက်ဟာ နှောင်းပိုင်းမှာ ပြောခဲ့တယ်။ “ရို့စ်ဘတ်”ဆိုတဲ့အရာဟာ ဒီဇာတ်လမ်းရဲ့ ကျောရိုးဖြစ်ခဲ့သလို ဒီဇာတ်လမ်းထဲ ကိန်းကလွဲ ဘယ်သူမှမသိခဲ့တဲ့အရာလည်းဖြစ်ခဲ့တယ်။ သတင်းထောက်တောင်မသိခဲ့ရတဲ့ “ရို့စ်ဘတ်”ကို ကျွန်တော်တို့ပရိသတ်တွေကို သိခွင့်ပေးထားခဲ့တယ်။ “ရို့စ်ဘတ်”ဟာ ကိန်းကို ကျွန်တော်တို့ တကယ်နားလည်စေမယ့်အရာလည်း ဟုတ်ခဲ့သလို ဘာမှမထူးခြားတဲ့ အရာလည်းဟုတ်ခဲ့တယ်။ သတင်းထောက်ကတော့ “ရို့စ်ဘတ်”ကိုသိရလည်း ဘာမှမထူးသွားဘူးလို့ ထင်ခဲ့သလို တကယ်လည်း ဘာမှမထူးတဲ့အရာလည်း ဟုတ်ခဲ့တယ်။ ဘာလို့ဆို သတင်းထောက်ဟာ ကိန်းကို နားလည်သွားခဲ့လို့ပါပဲ။ သတင်းထောက်ဟာ “ရို့စ်ဘတ်”ဟာ အရာရာကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့ကိန်း မပိုင်လိုက်ရတဲ့အရာလို့ ကောက်ချက်ချခဲ့တယ်။ သူ့ကောက်ချက်ချခြင်းကလည်း မှန်ခဲ့ပါတယ်။ “ရို့စ်ဘတ်”ဟာ ကိန်းရဲ့ အရာရာကိုရရှိခဲ့ခြင်းကို ရည်ညွှန်းသလို ကိန်းရဲ့ အရာရာကို ဆုံးရှုံးခဲ့ခြင်းကိုလည်း ရည်ညွှန်းထားတယ်။ အနုပညာလက်ရာတစ်ခုမှာ မက်ဆေ့တော့ ဘယ်တော့မှမလိုပေမဲ့ အမြင်တစ်ခုတော့ အမြဲလိုပါတယ်။ Citizen Kane ဟာ အဲဒီအမြင်တစ်ခု ခံယူချက်တစ်ခုလည်း ခိုင်ခိုင်မာမာရှိခဲ့တဲ့ ရုပ်ရှင်ဆိုတာကို “ရို့စ်ဘတ်”က ကျွန်တော်တို့ကို သက်သေပြထားတယ်။ ( VIII ) ဒီ Citizen Kane ရုပ်ရှင်ကို Orson Welles ကိုယ်တိုင် ဒါရိုက်တာ သရုပ်ဆောင်လုပ်ခဲ့ပြီး ဇာတ်ညွှန်းပိုင်းကိုတော့ Herman J. Mankiewicz နဲ့ တွဲဖက်ပြီး ရေးခဲ့တယ်။ သေချာသိချင်ရင်တော့ ဒေးဖစ်ဖင်ချာရဲ့ Mank (2020) မှာ ဒီရုပ်ရှင်ဇာတ်ညွှန်း ဖြစ်တည်လာပုံကို အသေးစိတ်ကျကျ မြင်နိုင်တယ်။ ကြည့်လည်းကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ ကိန်းဇာတ်ကောင်ကိုတော့ အမေရိကန်သတင်းစာထုတ်ဝေသူနဲ့ မီဒီယာလုပ်ငန်းရှင် နိုင်ငံရေးသမားဖြစ်တဲ့ William Randolph Hearst ကို အဓိကမှီးပြီး တည်ဆောက်ထားခဲ့တယ်။ သူ့ချည်းတော့မဟုတ်ဘူးပေါ့။ Herman ဟာ Hearst ကို တကယ်သိခဲ့သလို သူ့ကိုသူ့အသိုင်းအဝိုင်းထဲက နှင်ထုတ်လိုက်တဲ့အတွက် မုန်းတီးနေသူလည်းဖြစ်ခဲ့တယ်။ စစကတော့ ဒီဇာတ်ညွှန်းကို The American ဆိုပြီး နာမည်ပေးထားခဲ့တယ်။ ဒါလည်း ဆီလျော်တဲ့နာမည်ပဲဆိုတာ ကြည့်ပြီးရင်သိမှာပါ အခုလောက်တော့ ဂန္ထဝင်မဆန်ပေမဲ့ပေါ့။ ( IX ) ရိုက်ကူးရေးဘက်မှာလည်း Citizen Kane ဟာ အော်ဆန်ဝဲလ် ပထမဆုံးရိုက်တဲ့ ရုပ်ရှင်လည်းဟုတ်ခဲ့ပါတယ်။ အရင်းတောင်မကြေတဲ့အထိ ဘတ်ဂျက်သုံးခဲ့သလို Frank Capra, René Clair, Fritz Lang နဲ့ Jean Renoir တို့ရဲ့ ရုပ်ရှင်တွေကိုကြည့်ပြီး လေ့လာခဲ့တယ်။ John Ford ရဲ့ Stagecoach ကိုဆို အကြိမ်လေးဆယ်အထိကြည့်ပြီး လေ့လာခဲ့တယ်။ နည်းနည်းကြာပြီးမှ Greatest Film of All Time ဆိုပြီး ဖြစ်လာခဲ့တဲ့ Citizen Kane ဟာ အော်စကာမှာ ကိုးဆုထိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ Best Original Screenplay တစ်ခုတည်းရခဲ့သလို ဝင်ငွေအရလည်းရှုံးနိမ့်ခဲ့တယ်။ ( X ) Citizen Kane ဟာ အခုထိ Greatest Film of All Time ဟုတ်မဟုတ်က တချို့အတွက်တော့ အငြင်းပွားစရာကိစ္စဖြစ်နေတုန်းပါပဲ။ ဒါပေမဲ့လည်း သူ့ခေတ်အခါမှာ သူသုံးခဲ့တဲ့ တက္ကနစ်တွေနဲ့ ဒီလိုကြီးကျယ်ခမ်းနားတဲ့ ဇာတ်လမ်းအရတော့ မဟုတ်ဘူးလို့ပြောရတော့ခက်ပါတယ်။ သေချာတာတော့ Citizen Kane ဟာ The Greatest Film of All Time ဘွဲ့ကို ပေးမယ်ဆိုလည်း ထိုက်တန်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.5GB, 1.75GB Quality – BluRay 1080p, 720p IMDb Rating – 8.3/10 Format – mp4 Duration – 1H 59Min Genre – Epic, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
8.3 1941 119 mins
Citizen Kane
Beetlejuice Beetlejuice
7

Beetlejuice Beetlejuice (2024) IMDb Rating (7.0) / Rotten Tomatoes (77%) Wednesday မင်းသမီး Jenna Ortega ပါဝင်ထားတဲ့ သဘာဝလွန် ဟော်ရာ ဟာသ စိတ်ကူးယဉ် ရုပ်ရှင်အသစ်ကြီး ရပါပြီ။ ဒါရိုက်တာကတော့ Wednesday, 9, Beetlejuice, Edward Scissorhands, Copse Bride စတဲ့ ကမ္ဘာကျော် ဟော်ရာကားတွေရဲ့ ဖန်တီးရှင် တင်မ် ဘာတန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Beetlejuice (1988) ရဲ့ sequel အနေနဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဘီတယ်ဂျုစ်အဖြစ် မင်းသားကြီး Michael Keaton က ပါဝင်ထားပါတယ်။ မမ Monica Bellucci , Willem Dafoe , Winona Ryder တို့လို ဝါရင့်သရုပ်ဆောင်တွေလဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့… လစ်ဒီရာဆိုတဲ့ အမျိုးသမီးဟာ သရဲတွေကို မြင်နိုင်တွေ့နိုင် စကားပြောနိုင်တယ်လို့ နာမည်ကြီးပြီး သူ့ရဲ့ ရှိုးအစီအစဉ်တွေကလည်း အရမ်းကိုလူကြိုက်များပါတယ်။ သူ့ရဲ့အစွမ်းကိုအလိမ်အညာတွေလို့ပဲ သတ်မှတ်ထားတဲ့ သူ့ရဲ့သမီးနဲ့တော့ သိပ်မသင့်မြတ်ပါဘူး။ လစ်ဒီရာရဲ့ ခင်ပွန်းကလည်း သေသွားတာကြာပြီဖြစ်ပေမဲ့ လစ်ဒီရာက သူ့ကိုမမြင်ရဘူး ရှာမတွေ့ဘူးဆိုတာကြောင့်လည်း သူ့ရဲ့သမီး အက်စထရစ်က မယုံတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ လစ်ဒီရာရဲ့ အဖေ ဆုံးသွားတာကြောင့် ဈာပနလုပ်ဖို့ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ လစ်ဒီရာတစ်ယောက် သူ့ကို လက်ထပ်ချင်နေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရသလို လစ်ဒီရာရဲ့သမီး အက်စထရစ်ကလည်း ကောင်လေးတစ်ယောက်နဲ့ ခင်မင်ပြီး ချိန်းတွေ့မိရင်း တမလွန်လောကကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အက်စထရစ်ကို ကယ်ဖို့နဲ့ နတ်ဆိုးလက်ကနေ အလွတ်ရုန်းဖို့ လစ်ဒီရာတစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7 2024 105 mins
Beetlejuice Beetlejuice
The House of the Spirits
6.9

IMDb – 6.9/10 ရရှိထားတဲ့ Romance/Drama ဇာတ်ကားကောင်းလေးတစ်ကား ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၈၂ ခုနှစ်ထုတ် လက်တင်ဝတ္ထုတစ်ပုဒ်ကို ရုပ်ရှင်အဖြစ် ပြန်လည်အသက်သွင်းထားတာပါ။ ထွက်ထွက်ချင်းမှာပဲ တစ်နှစ်တာအကောင်းဆုံးဆုရရှိခဲ့တဲ့ အဆိုပါဝတ္ထုဟာ ဘာသာစကားပေါင်း ၂၀ ကျော်အထိ ပြန်ဆိုထုတ်ဝေခဲ့ရပြီး နေ့ချင်းညချင်း ရောင်းအားအကောင်းဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ရုပ်ရှင်အနေနဲ့လည်း Jeremy Irons, Antonio Banderas တို့အပါအဝင် အခြားဟောလိဝုဒ်ဂန္ထဝင်သရုပ်ဆောင်များကို အသုံးပြုထားပြီး ဆုပေါင်း ၁၂ ဆုထိရရှိခဲ့ကာ ဥရောပတစ်လွှားမှာ အတော်လေးအောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ • ဇာတ်လမ်းအကျဉ်း • ဇာတ်အိမ်က ၁၉၂၀ – ၁၉၇၀ ဝန်းကျင်ကာလ ချီလီနိုင်ငံမှာ တည်ပါတယ်။ “ကလယ်ရာ” ဆိုတဲ့ သူဋ္ဌေးသမီးလေးဟာ မွေးရာပါအကြားအမြင်စွမ်းအားတစ်မျိုး ရထားသူပါ။ အရွယ်ရောက်လာတော့ “အက်စ်တဘန်” ဆိုတဲ့ ရိုးသားကြိုးစားလူငယ်တစ်ယောက်နဲ့ အကြောင်းပါပြီး “ဘလန်ကာ” ဆိုတဲ့ သမီးလေးတစ်ဦးထွန်းကား‌လေရဲ့။ “အက်စ်တဘန်” ဟာလည်း မိန်းမ မရခင်ရော ရပြီးနောက်ပိုင်းရော အလုပ်ကိုကြိုးစားပြီးရင်းကြိုးစားလိုက်တာ တစ်စထက်တစ်စ ပိုပိုချမ်းသာလာပြီး နောက်ဆုံးမှာ ကွန်‌ဆာဗေးတစ်လွှတ်တော်အမတ်ပါ ဖြစ်သွားပါတယ်။ အဲဒီအချိန်မှာ သမီးဖြစ်သူက သူ့အိမ်က သူရင်းငှားတစ်ဖြစ်လည်း နောင်မှာ အတိုက်အခံပါတီ‌ခေါင်းဆောင်ဖြစ်လာမယ့် “ပီဒရို” ဆိုတဲ့သူငယ်နဲ့ ကြိုက်ပါလေရော။ ဆိုတော့ကာ ထုံးစံအတိုင်း “အက်စ်တဘန်” မှာ သူ့သမီး “ဘလန်ကာ” နဲ့ ဆင်းရဲသားနိုင်ငံရေးသမား “ပီဒရို” တို့ရဲ့ချစ်ခြင်းကို နည်းလမ်းမျိုးစုံသုံးပြီး အသည်းအသန်လိုက်ခွဲပါတယ်။ ဒါပေမယ့် သမီးရည်းစားနှစ်ယောက်ကလည်း ဘယ်လိုခွဲခွဲ မကွဲတဲ့အပြင် “ဘလန်ကာ” က ဗိုက်ကြီးပြီး ကလေးပါမွေးသွားတဲ့အခါ… ကွန်ဆာဗေးတစ်ပါတီနဲ့ဆက်နွယ်နေတဲ့ ချီလီစစ်တပ်ကလည်း အာဏာ ထ သိမ်းပြီး အတိုက်အခံပါတီဝင် “ပီဒရို” ကို အ‌ေ-သရရ အရှင်ရရ လိုက်ဖမ်းတဲ့အခါ… ခေါင်းမာလွန်းတဲ့ “အက်စ်တဘန်” တစ်ယောက် အခက်အခဲတွေကြားမှာ နိုင်ငံရေးကိုရွေးမလား မိသားစုကိုရွေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုပေးကြပါဦးခင်ဗျာ။ ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ရုပ်ရှင်ဖြစ်တာမို့ ကြည့်ရတာ “လေထန်ကုန်း” ၊ “မျှော်တလင့်လင့်” အစရှိတဲ့ ဂန္ထဝင်ဝတ္ထုတစ်ပုဒ်ကို ဖတ်နေရသလိုခံစားမှုမျိုး ရစေမှာပါ။ ဝုန်းဒိုင်းကြဲအက်ရှင်ကားတွေကနေ ခဏရုန်းထွက်ပြီး ရသစုံ drama ကားကောင်းလေးတွေကို ငြိမ့်ငြိမ့်လေးဇိမ်ခံကြည့်ချင်သူတွေအတွက်တော့ လက်မလွှတ်သင့်တဲ့ ရုပ်ရှင်တစ်ခုဖြစ်ပါတယ်ခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန် Random Guy ပါ) File size…(2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Random Guy

6.9 1993 140 mins
The House of the Spirits
I Kill Giants
6.7

ဒီကားလေးကို Trailer စကြည့်ကတည်းက မျော်လင့်မိနေတာ ဟယ်ရီပေါ်တာကားထုတ်လုပ်သူတွေကရိုက်ထားတဲ့ကားဆိုပြီး monster giant တွေပါတယ်ဆိုတော့ ကိုယ့်အကြိုက်ပေါ့ ;p ဒီဇာတ်ကားကိုအညွှန်းရေးရမယ်ဆိုရင်တော့ဖြင့် လူတိုင်းမှာရင်မဆိုင်ရဲတာမျိုး ကြောက်ရွံနေတာမျိုးရှိတတ်ကြပါတယ် အဲ့ဒီအရာကိုရှောင်ပြေးနေရင်း ဖြစ်လာတဲ့ပုံစံမျိုးလေးရိုက်ထားတာပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဘာဘရာသော်ဆင် ဆိုတဲ့ကောင်မလေးက ကျောင်းမှာဆို ရူးကြောင်ကြောင်အဖြစ်သတ်မှတ်ခံရပြီး အပေါင်းအသင်းမရှိတဲ့လူတစ်ယောက် သူကိုယ်တိုင်ကလည်း သူ့အရွယ်ကလေးတွေက ခပ်ပိန်းပိန်းတွေလို့သဘောထားတယ် ပြီးတော့ သူ့မှာလည်းလျို့ဝှက်ချက်တစ်ခုရှိနေတယ် ဘာလဲဆိုတော့ မြို့ကို Giant တွေအန္တရာယ်ကကာကွယ်ပေးနေရတာ အပေါင်းအသင်းမရှိတဲ့ ဘာဘရာတစ်ယောက် လန်ဒန်ကနေပြောင်းလာတဲ့ ဆိုဖိယာဆိုတဲ့ကောင်မလေးနဲ့ တွေ့တွေ့ချင်းပဲ ခင်သွားတယ်ပြီး သူ့လျို့ဝှက်ချက်တွေကိုပြောပြလိုက်တယ် ဇာတ်လမ်းရဲ့ ၂/၃လောက်ထိက ဘာဘရာတစ်ယောက်ဘာလို့ထူးဆန်းနေရတာလဲ Giantတွေကဘယ်လိုလာဖျက်ဆီးမလဲ ဆိုတာတွေနဲ့ စိတ်ဝင်စားစရာကောင်းနေပြီး ဇာတ်လမ်းပြီးခါနီးလာလေလေ တစ်ကယ့်ဖြစ်ရပ်မှန်တွေပေါ်လာလေလေပါ အများကြီးရေးချင်ပေမယ့် Spoiler ဖြစ်သွားမှာဆိုးလို့ ဒေါင်းပြီးပဲကြည့်လိုက်ကြပါတော့နော် File size… 1.4 GB, 791 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Drama, Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Thriller
6.7 2018 106 mins
I Kill Giants