YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Empire.Ep15.720p(CM).mp4

356.15 MB N/A video/mp4 372 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How to Steal a Dog
7.3

"လောကကြီးမှာ ရှင်သန်နေထိုင်ရတာ ခက်ခဲပင်ပန်းနေရင်တောင် ဒါက မင်းတစ်ယောက်ထဲ ရင်ဆိုင်နေရာတမဟုတ်ပါဘူး။ မင်းထက် ပိုဆိုးတဲ့ အခြားသူတွေလည်းရှိနေနိုင်ပါတယ်" တဲ့ ကမ္ဘာကျော် Storyteller Aesop ရဲ့ "The hares and the fogs" ဆိုတဲ့ ​ပုံပြင်လေးနဲ့ ဇာတ်လမ်းကို စထားပါတယ်။ ဒီဇာတ်လမ်းမှာ ဂျီဆူဆိုတဲ့ကလေးမလေးတို့ မိသားစုက အိမ်ခြေရာမဲ့အနေနဲ့ ကားထဲမှာ နေထိုင်ရင်း ဘဝကို ဖြတ်သန်းနေရပုံကို ဦးစားပေးရိုက်ကူးထားပါတယ်။ ကားထဲမှာနေရတဲ့ဂျီဆူက ဝမ်၅သန်းနဲ့ အိမ်တစ်လုံးရနိုင်တယ်လို့ထင်သွားတဲ့အခါမှာတော့ ဝမ်၅သန်းရဖို့အတွက် ခွေးတစ်ကောင်ကို သူမရဲ့သူငယ်ချင်းနဲ့အတူ ခိုးဖို့ ကြံစည်ပါတော့တယ်။ ခွေးကိုခိုးပြီးတဲ့နောက် ပိုင်ရှင်က ခွေးပျောက်ကြော်ငြာဝေပြီး ဆုကြေးငွေ ဝမ်၅သန်း ချီးမြင့်မယ်ဆိုရင် ခွေးကို ပြန်ပေးဖို့အတွက် စဉ်းစားခဲ့ပါတယ်။ ဒါပေမဲ့ သူခိုးလာခဲ့တဲ့ခွေးက သူ့အမေအလုပ်လုပ်ဖူးတဲ့ မာရစ်ချယ်စားသောက်ဆိုင်ပိုင်ရှင်ရဲ့ ခွေးဖြစ်နေတဲ့အခါ... အခြေအနေတွေက သူမထင်သလို ရိုးရှင်းမနေတဲ့အခါမှာတော့ သူမဘယ်လိုဖြေရှင်းပြီး ကျော်လွှားမလဲ? နောက်ဆုံး သူမလိုချင်တဲ့ ဝမ်၅သန်းကိုရပြီး အိမ်တစ်လုံးပိုင်ဆိုင်နိုင်မှာလားဆိုတာကို ရသစုံလင်စွာနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ P&D ပဲ ဖြစ်ပါတယ်။ Genre..... Crime, Drama, Family Quality…. 1080p | 720p | 480p File size… 1.73GB | 925MB | 406MB Format… mp4 Duration….1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... P&D Encoder ..... August

Action • Adventure • Comedy • Crime
7.3 2014 109 mins
How to Steal a Dog
Dreams
7.7

~ IMDb - 7.7/10, Rotten Tomatoes - 66% ~ ကူရိုဆာဝါဟာ ရုပ်ရှင်ရဲ့မဏ္ဍိုင်တစ်ခုလို့ဆိုကြတာနဲ့အညီ လက်ရှိနာမည်ကျော် အမေရိကန် ဒါရိုက်တာတွေအပေါ် အတော်လွှမ်းမိုးမှုကြီးတဲ့ဒါရိုက်တာပါ။ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ မာတင်စကောဆေးစိတို့လို လူတွေတောင် ကူရိုဆာဝါရဲ့ အရိပ်အငွေ့နဲ့မကင်းပါဘူး။ Dreams ကိုတော့ စပီးဘာ့ဂ်က ပရိုဂျူဆာလုပ်၊ သူရဲ့ကုမ္ပဏီ Amblin က ဖြန့်ပေးထားပြီး ရုပ်ရှင်ရဲ့ VFX Effects တွေကိုတော့ လူးကတ်စ်ရဲ့ ILM က လုပ်ပေးထားသလို မာတင်စကောဆေးစိကလည်း ဗင်းဆင့်ဗန်ဂိုးအဖြစ် သရုပ်ဆောင်ပေးထားပါတယ်။ Dreams ဟာ ထူးထူးခြားခြားပဲ ကူရိုဆာဝါကိုယ်တိုင် သူထပ်ခါထပ်ခါမက်နေတဲ့ အိပ်မက်တွေကနေ ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ သူ့ရုပ်ရှင်ရိုက်သက်ရှည်ကြီးရဲ့ ရှားရှားပါးပါး သူတစ်ယောက်တည်းဇာတ်လမ်းဇာတ်ညွှန်းရေးထားတဲ့ ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ တစ်နည်းပြောရင် Dreams ဟာ သူ့အိပ်မက်တွေကို ရိုက်ထားတဲ့ရုပ်ရှင်လည်းဟုတ်သလို သူမပြောဖြစ်ခဲ့တဲ့စကားတွေ သူပြောပြချင်တာတွေကို ရိုက်ပြထားတဲ့ရုပ်ရှင်လည်း ဟုတ်ပါတယ်။ ( ၁ ) မိုးစက်စီးကြောင်းကြား စီးဆင်းနေသောနေရောင်များ မိုးစက်တွေကြား နေရောင်စီးဆင်းနေတဲ့တစ်နေ့မှာ အမေက ငါ့ကို လျှောက်မသွားဖို့ ပြောတယ်။ အခုနေ ပြန်တွေးကြည့်ရင် ဘယ်လိုနေ့မျိုးတွေဖြစ်မလဲတော့ ငါလည်းမသိပါဘူး။ ဒီဘဝထဲ ဒီလိုနေ့တွေ ငါဘယ်နှခါကြုံခဲ့ရဖူးလဲ ငါမရေရာ။ တစ်ဘဝလုံးလည်း ဖြစ်ကောင်းဖြစ်မှာ။ သေချာတာတစ်ခုက ငါ အခုထက်ထိ အမေ့စကားကို နားမထောင်ဖြစ်ခဲ့ဘူး။ အမှားတွေ အမှားတွေနဲ့ငါ အဲဒီသက်တန့်ကြီးဆီ ရောက်လာခဲ့တယ်။ အဲဒီသက်တန့်ကြီးရဲ့အဆုံးမှာ ဘာတွေရှိနေမလဲ။ ဘယ်ဆီကိုရောက်မလဲ ငါမသိနိုင်ခဲ့၊ ဘယ်ဆီကိုရောက်မလဲ ငါမသိသေးဆဲ။ ငါတို့အတူကူးခတ်ခဲ့ကြတဲ့မြစ်ကြီးထဲလည်း အမှားတွေဟာစီးဆင်းဆဲ... (၂) မက်မွန်ခြံ သစ်ခုတ်သမားတွေဟာ သူတို့ရဲ့ကိန်းဂဏန်းတွေသက်သက်နဲ့ မက်မွန်ပင်ကြီးကို လှဲသတ်ပစ်ကြတယ်။ ငါတို့ရဲ့မသိတတ်သေးတဲ့စိတ်မှာ မျက်ရည်တွေနဲ့။ မအောင်မြင်ခဲ့တဲ့အသီးတွေကြောင့်လား၊ အောင်မြင်ခဲ့တဲ့အပွင့်တွေကြောင့်လား။ မရှိတော့တဲ့ မက်မွန်ပွင့်တွေဟာ ငါတို့ရဲ့သညာမှာ လင်းနေဆဲ။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာခဲ့တယ်။ မက်မွန်ပင်အသစ်ကလေးဟာ နေရာဟောင်းမှာ ပြန်ပွင့်လာခဲ့တယ်။ ပြန်လှပခဲ့တယ်။ သစ်ခုတ်သမားရဲ့ ပုဆိန်တွေကိုတော့ ငါတို့မတွေ့ရတော့ဘူး။ ( ၃ ) နှင်းမုန်တိုင်း နှင်းလွှာတွေ သည်းကြီးမည်းကြီးပေါ့။ တစ်ခါတလေကျ လူဟာပန်းတိုင်ကို သိပေမဲ့ လမ်းကိုမမြင်ရဘူး။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ တာထွက်ဟာနောက်ကျခဲ့တယ်။ အအိပ်လည်း မက်ခဲ့ကြတယ်။ ငါတို့ဆက်လျှောက်ခဲ့ကြတယ်။ နာရီလက်တံတွေ ရွေ့နေဆဲပဲ။ နှင်းပွင့်တစ္ဆေ၊ မခံနိုင်အောင်ပေါ့ပါးသော ဘဝနေ့ညများ၊ ကမ်းမမြင်လမ်းမမြင်သူတစ်ယောက်ရဲ့ ပြန်မရောက်တော့တဲ့ ဟိုးတုန်းက ညနေခင်းများ။ ချစ်စိတ်ရဲ့ကျောချင်းကပ်မှာ အခါနှောင်းနှင့်တဲ့ခရီးဟာ ရောက်နှင့်ပြီးသားဆိုတာ ငါတို့မမြင်နိုင်ခဲ့ကြဘူး။ ( ၄ ) လှိုဏ်ခေါင်း ဂျပန်တွေဟာ စိတ်တော့တော်တော်ကြီးတယ် ပြောရမလား ဘယ်လိုစကားလုံးနဲ့ သုံးရမလဲတော့မသိဘူး။ နှောင်းအတော်ကြာအောင်ထိ ဂျပန်တွေဟာ ဒုတိယကမ္ဘာစစ်ရဲ့ စိတ်ပိုင်းဆိုင်ရာရိုက်ခတ်မှုတွေကို ခံစားနေရတုန်းဆိုတာကို ဂျပန်အနုပညာပစ္စည်းတွေမှာ သိသိသာသာကို ထည့်သွင်းဖော်ပြတတ်တယ်။ ဒီဇာတ်လမ်းတွေဟာ ဆိုခဲ့သလို ကူရိုဆာဝါဟာ သူ့အိပ်မက်တွေကို ကျောရိုးပြုပြီး အသက်သွင်းထားတာပါ။ ဒီအိပ်မက်ကတော့ ဒုတိယကမ္ဘာစစ်အစမှာ အသက်၂၉ရှိနေခဲ့ပြီဖြစ်တဲ့ ကူရိုဆာဝါရဲ့ လိပ်ပြာမလုံခြင်းတွေအကြောင်း မြင်မက်ခြင်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ရှင်ကျန်ရခြင်းဟာလည်း တစ်ခါတလေ ရှင်လျက်နဲ့ သေခြင်းတစ်မျိုးပဲပေါ့။ ( ၅ ) ကျီးကန်းများ အချစ်တွေကို တို့အတွက်လို့ပဲ သိမ်းဆည်းထားလိုက်ဖို့ကျ သိပ်လေးလံလွန်းခဲ့တယ်။ ရှိသမျှအင်အားနဲ့ရွေ့ရတဲ့ စက်ခေါင်းလို တို့ရွေ့ခဲ့တာပေါ့။ စတာရီနိုက် ဂျုံခင်းထဲက ကျီးကန်းများ ကိုယ်တိုင်ရေးပုံတူ အာလူးစားသူများ တားရေ့ကဖေးည ဆိုက်ပရပ်စ်သစ်ပင် ဗန်ဂိုးရဲ့ကုလားထိုင် ဂေါ်ဂင့်ကုလားထိုင် နေကြာပန်းများ အဝါရောင်အိမ်ကလေးထဲ အဆုံးမဲ့ အချစ်တို့ စီးဆင်းဆဲ... ကူရိုဆာဝါဟာ ဂျပန်ရဲ့အထင်ကရ ဒါရိုက်တာ၊ ရုပ်ရှင်ရဲ့ မဏ္ဍိုင်ကြီးတစ်ခုအဖြစ် ကမ္ဘာကျော်ပေမဲ့ ငယ်ငယ်ကတော့ ကူရိုဆာဝါဟာ ပန်းချီဆရာဖြစ်ချင်ခဲ့ဖူးတယ်။ ကူရိုဆာဝါဟာ ဒါရိုက်တာဖြစ်လာပေမဲ့လည်း သူ့အိပ်မက်တွေကို လုံးဝကျောခိုင်းပစ်ခဲ့တာတော့မဟုတ်ဘူး။ သူ့စတိုရီဘုတ်တွေကို ကြည့်ရင် သူ့ရဲ့ပန်းချီစွမ်းရည်ကို မြင်နိုင်သေးသလို သူရိုက်ခဲ့တဲ့ကာလာဖလင်တွေမှာလည်း ပန်းချီကားတော်တော်ဆန်တဲ့ အရောင်အသွေး စီနီမာတိုဂရပ်ဖီတွေကို သုံးထားခဲ့တယ်။ ရုပ်ရှင်အဖြစ်အသက်မသွင်းနိုင်ခင်မှာ သူပြောချင်ပြချင်တာတွေကို ပန်းချီအဖြစ် ဒီအရင်အသက်သွင်းတာတွေလည်းရှိခဲ့တယ်။ နောက်ဆုံး သူဆွဲထားတဲ့ သူ့ရုပ်ရှင်ရဲ့ ပုံကြမ်းတွေက ပိုစတာဖြစ်လာတာတွေလည်း ရှိတတ်တယ်။ ဒီအိပ်မက်ကတော့ ကူရိုဆာဝါရဲ့ ပန်းချီချစ်စိတ်အကြောင်း၊ ဗန်ဂိုးသို့တမ်းတခြင်းနဲ့ ပန်းချီအပေါ် သူ့အမြင်တွေအကြောင်းပေါ့။ မလွယ်တာကိုမှ ရွေးချစ်မိတယ် အသက်ရယ် - သုခမိန်လှိုင် (မိုးတိမ် - ၅) ( ၆ ) ( ၇ ) ( ၈ ) အနီရဲရဲဖူဂျီ၊ နတ်ဆိုးငိုချင်းနဲ့ ရေရဟတ်ရွာကလေး ဒီ၃ပုဒ်က ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်၃ပုဒ်ပါပဲ။ ဒီ၃ပုဒ်ရဲ့ အကြောင်းအရာဟာ ချွတ်စွပ်မဟုတ်ပေမဲ့ သူပြောချင်တာတော့ တူနေတယ်လို့ ပြောရမယ်။ သူမြင်ခဲ့တဲ့ကမ္ဘာကြီး သူမြင်ခဲ့တဲ့လူတွေ သူမြင်ခဲ့တဲ့အမှားတွေကနေ သူယုံကြည်တဲ့ကမ္ဘာကြီးဆီ ဦးတည်သွားတယ်။ Short Films စုဆိုတော့ ဒီ၈ပုဒ်လုံးကို ခွဲကြည့်လို့ရကောင်းရပေမဲ့ Dreams ဟာ ဆိုခဲ့သလို ကူရိုဆာဝါရဲ့ အိပ်မက်တွေကို ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က အဓိကဇာတ်ကောင်တွေကလည်း ကူရိုဆာဝါရဲ့ ကိုယ်ပွားတွေပါပဲ။ ဒါကိုလည်း ကူရိုဆာဝါက သူ့အမှတ်သညာဖြစ်တဲ့ ဦးထုပ်ဝိုင်းဝိုင်းကြီးနဲ့အတူ သိသိသာသာကို တွဲဖက်တင်ပြထားတယ်။ Dreams ဟာ ကူရိုဆာဝါရိုက်ခဲ့တဲ့ ကားပေါင်းများစွာထဲမှာမှ သူ့ Personal အဖြစ်ဆုံး ရုပ်ရှင်လို့ တစ်ထစ်ချဆိုလို့ရပါတယ်။ စိတ်ပညာရှင် ဆစ်ဂမန်ဖရွိုက်စကားအရတော့ အိပ်မက်ဆိုတာ လူတွေရဲ့ ချုပ်တည်းထားရတဲ့ ဆန္ဒတွေကို မြင်မက်ခြင်းပဲတဲ့။ လူ့စိတ်နဲ့ အိပ်မက် ဆက်စပ်နေတယ်လို့ ယုံကြည်လို့ ဖရွိုက်ကိုယ်တိုင်တောင် အိပ်မက်တွေကို လေ့လာခဲ့ဖူးတယ်။ ကူရိုဆာဝါရဲ့ အိပ်မက်တွေကို သူ့အတွေးအမြင်တွေနဲ့ တန်ဆာဆန်ပြီး ဖြစ်လာတဲ့ ဒီရုပ်ရှင်ရဲ့ အရှေ့ငါးပုဒ်မှာ ကျွန်တော်တို့ ကူရိုဆာဝါရဲ့အတိတ်က အမှားတွေ၊ ချစ်စိတ်‌တွေ၊ လျှောက်လာခဲ့ခြင်းတွေ၊ ဆန္ဒတွေကို စီးကူးမြင်နေရတယ်။ ဒီနောက်ဆုံးသုံးပုဒ်က ပထမနှစ်ပုဒ်မှာတော့ ကူရိုဆာဝါဟာ ပစ္စုပ္ပန် သူမြင်ခဲ့တဲ့ကမ္ဘာကြီးပေါ်က ငို့ဘတွေ လောဘတွေ ရေလိုက်ငါးလိုက်လွဲမှုတွေ စေတနာအမှားတွေကနေ မျှော်ရင်းမြင်တဲ့ ဂျပန်ရဲ့ခေတ်သစ်နဲ့ပတ်သက်တဲ့ သူ့အကြောက်တရားကို စီးကူးမြင်နေရသလို နောက်ဆုံးအပုဒ်ဖြစ်တဲ့ ရေရဟတ်ရွာကလေးမှာတော့ ကူရိုဆာဝါဟာ သူယုံကြည်မျှော်လင့်တဲ့ ကမ္ဘာကြီးရဲ့အနာဂတ်ကို ကျွန်တော်တို့ကို ခေါ်ဆောင်သွားတယ်။ ၁၉၉၀ကနေ အခုဆို နှစ်၃၀ကျော်ကြာခဲ့ပြီ။ ကမ္ဘာကြီးမှာ ကူရိုဆာဝါရဲ့ အနီရဲရဲဖူဂျီနဲ့ နတ်ဆိုးငိုချင်းထဲကလိုအဖြစ်မျိုး‌တွေ သွယ်ဝိုက်သောနည်းတွေနဲ့ ဖြစ်လာခဲ့ပြီးပါပြီ။ ဘဝတွေဟာ သူရဲ့နောက်ဆုံးအိပ်မက်ဖြစ်တဲ့ ရေရဟတ်ရွာကလေးထဲကလို မငြိမ်းချမ်းနိုင်တော့တာလည်း သေချာနေခဲ့ပြီ။ ဘာပဲဖြစ်ဖြစ်ပါ ကူရိုဆာဝါရဲ့ နောက်ဆုံးအိပ်မက်ရဲ့ နောက်ဆုံးအပိတ်မှာ အသက်၁၀၃နှစ်အထိ ဖြတ်သန်းပြီးတဲ့ အဘိုးအိုပြောသွားခဲ့သလိုပေါ့... " ရှင်သန်နေရတာကိုက အရသာရှိပါတယ် " P.S - ဆရာသုခမိန်လှိုင်ဆီရောက်တော့ ဆရာ့ဆီက ဆရာဖြတ်သန်းခဲ့တဲ့ခေတ်တွေ လူတွေ အရာတွေအကြောင်း၊ ကဗျာတွေ သီချင်းတွေ ရုပ်ရှင်တွေ ပန်းချီတွေအကြောင်း အများကြီးနားထောင်ခဲ့ရတယ်။ ဆရာ့မှတ်ဉာဏ်က အဖြစ်တွေကို ခုနှစ်အတိအကျနဲ့ လုံးစေ့ပတ်စေ့ပြောပြနိုင်သလို လေးနာရီလောက်ဆက်တိုက် စပ်စုသမျှပြောပြနေရပေမဲ့ ဆရာ့ပါးစပ်ကထွက်သမျှ စကားလုံးတွေက ကဗျာဆန်ပြီး လှပလွန်းတယ်။ Y ပြောတဲ့စကားပြန်ယူသုံးရရင် ဆရာသုခမိန်လှိုင်ဟာ အနုပညာအားကြီးပြီး ဦးနှောက်ကပါ နှလုံးသားဖြစ်သွားတဲ့လူမျိုးပေါ့။ ဒီရုပ်ရှင်ဟာ ဆရာနဲ့အန်တီယံယံတို့ပြောခဲ့တဲ့ သူတို့ချစ်တဲ့ရုပ်ရှင်များစွာထဲက တစ်ကားပါပဲ။ ကျွန်တော်တို့အတူ ပြန်တမ်းတထားတဲ့ ဒီရုပ်ရှင်ဟာ Dedicated to U Hlaing & Aunty Yan Yan... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung နဲ့ Phoo Lin တို့က ပြန်ဆို ရေးသားထားပါတယ်) Size - 2.45GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 59Min Genre - Drama, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung & Phoo Lin Encoded by Y

Horror
7.7 1990 119 mins
Dreams
Novoland - Floating Heart
2

Novoland (ကျိုကျိုး) ဆိုတာဒဏ္ဍာရီလာ အလွန်လှပတဲ့လောကတစ်ခု ။ အတောင်ပံပါတဲ့မျိုးနွယ်စု ၊ ရေသူမျိုးနွယ်စု၊ ဝိဉာဉ်မျိုးနွယ်စုနဲ့ လူပုလေးမျိုးနွယ်စုတို့ဟာ ကျိုကျိုးမှာနေထိုင်ကြပါတယ်။ ဇာတ်လမ်းကတော့ မင်းဆရာကြီးရဲ့သမီးဖြစ်သူ နန်ရှင်းဟာ မင်္ဂလာပွဲမတိုင်ခင် တစ်ညအလိုမှာထူးဆန်းစွာသေဆုံးသွားတာကနေစပါတယ် ။ မင်းဆရာကြီးကတော်ကလည်းအရူးတစ်ပိုင်းဖြစ်သွားပြီး အိမ်တော်တစ်ခုလုံး အရှုပ်အထွေးနဲ့ကြုံတွေ့နေရချိန်မှာ... မျိုးနွယ်စုအသီးသီးကလူတွေ၊ ကျောင်းတော်အသီးသီးက လူတွေဟာလည်း နန်ရှင်းရဲ့သေဆုံးမှုကိုစုံစမ်းဖို့ပါဝင်လာတဲ့အခါ... နန်ရှင်းရဲ့သေဆုံးမှုမှာဘာလျို့ဝှက်ချက်တွေရှိနေမလဲ။ ဘာလို့မျိုးနွယ်စုအသီးသီးကလူတွေရောပါဝင်လာတာလဲ။ နန်ရှင်းဟာ တကယ်ပဲသေသွားတာရေဟုတ်ရဲ့လား။ ဒီလိုဇာတ်လမ်းမျိုးကတဖြည်းဖြည်းချင်းကြည့်ပြီးမှ ရုပ်လုံးပေါ်လာတာမျိုးမို့ spoiler ဖြစ်သွားမှာစိုးလို့ ဇာတ်လမ်းကိုအများကြီးမပြောပြတော့ပါဘူး။ Novo land စီးရီး တွေရဲ့ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခိုင်နဲ့ ရိုက်ကူးထားတာကြောင့် ဇာတ်လမ်းထဲကလျို့ဝှက်ချက်တွေကို ကိုယ်တိုင်ကြည့်ရှုပြီးရှာဖွေဖော်ထုတ်ကြည့်ကြရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Fantasy Runtime : 1h 25min Subtitle : Myanmar Subtitle ( hardsub ) Translated by Chu Chu , Yin Wai Phyo , Moon Encoded By LK

Comedy • Drama
2 2022 85 mins
Novoland - Floating Heart
The Vanished
6

ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။

Drama
6 2020 115 mins
The Vanished
The Prey
6.4

ဖရန့်ခ် အေဒရီယန်ဟာ ဘဏ်ဓားပြမှုနဲ့ ထောင်ကျ‌ နေတာဖြစ်ပြီး ဓားပြမှုကနေရလာတဲ့ ပိုက်ဆံ တွေဝှက်ထားတဲ့နေရာကိုလည်း သူကလွဲရင်ဘယ်သူမှမသိပါဘူး။ ဒီလိုကြောင့်လည်း ထောင်ထဲက သူ့ရဲ့တွဲဖက်တွေ ပစ်မှတ်ထားရန်ရှာတာကို ခံနေရသူပါ။ သူ့ရဲ့ထောင်တွင်းအခန်းဖော်ကတော့ ဂျင်း လူးဝစ် မူရေးဖြစ်ပြီး ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ကို စော်ကားမှုနဲ့ ထောင်ကျနေသူပါ။ တနေ့မှာ မူရေးကို တခြားထောင်သားတွေက ပညာပေးနေချိန် ဖရန့်ခ်ကကြည့်မနေနိုင်တော့ပဲ ဝင်ကယ်ပေးလိုက်ရင်း မူရေးနဲ့ရင်းနှီးသွားခဲ့ပါတယ်။ မူရေးကတော့ အမှုမခိုင်လုံမှုကြောင့် ကွင်းလုံးကျွတ်လွတ်သွားခဲ့ပြီး ဖရန့်ခ်ရဲ့မိသားစုကိုလည်းစောင့်ရှောက်ပေးပါ့မယ်လို့ ပြောခဲ့ပြီး ထောင်ကထွက်သွားခဲ့ပါတယ်။ ဒါပေမဲ့လည်း ကာဂါလို့ခေါ်တဲ့ ပြင်သစ်အထူးတပ်ဖွဲ့ခေါင်းဆောင်က ဖရန့်ခ်ဆီကိုလာပြီး မူရေးအကြောင်းတွေမေးမြန်းတဲ့အခါမှာတော့ မူရေးကသူထင်ထားသလိုမဟုတ်ပဲ အမှောင်ဘက်ခြမ်းကြီးစိုးတဲ့ စိတ္တဇတယောက်ဖြစ်နေတာကိုသိလိုက်ရတဲ့အခါ ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။ ပြင်သစ်နောက်ခံစကားပြောဇာတ်ကားကောင်းလေးဖြစ်တဲ့အပြင် Rating တွေလည်း ကောင်းတာမလို့ သည်းထိပ်ရင်ဖိုအက်ရှင်ကားချစ်သူတွေ အကြိုက်‌တွေ့စေမှာပါ။

Drama • Romance • War
6.4 2011 102 mins
The Prey
Robust
5.7

Robust (2021) ============ IMDb Rating – 5.7/10 သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(960 MB) / (400 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 35Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….EL Encoder……….SWM

5.7 2021 95 mins
Robust
Raquel 1:1
6.8

Raquel 1:1 (2022) ~ IMDb – 6.8/10, Rotten Tomatoes – 80% ~ ဒီရုပ်ရှင်ကို ဘယ်လိုရုပ်ရှင်မျိုးလဲ ဒြပ်ခွဲဖို့တော့ နည်းနည်းတော့ခက်လိမ့်မယ်။ ဘာလို့ဆို ဒီရုပ်ရှင်က Concept ကောင်းကောင်းကိုအခြေတည်ပြီးမှ အဲဒီ Concept ကို အခြေတည်ပြီး ရင်းမြစ်ကို အများကြီးပြန်ဖြန့်ပစ်လိုက်တဲ့ ရုပ်ရှင်မျိုးလို့ပြောရမလားပဲ။ နည်းနည်းလည်းဆန်းတော့ဆန်းတယ်။ တခြားဘာသာရေးတွေရဲ့ အမျိုးသမီးဖိနှိပ်မှုတွေအကြောင်း ရုပ်ရှင်တွေကို ကျွန်တော်တို့ တော်တော်များများကြည့်ဖူးကြပေမဲ့ ခရစ်ယာန်ဘာသာရေးမှာလည်း ဒါမျိုးရှိတာကို ကျွန်တော်တော့ မကြည့်ခဲ့ဖူးဘူး။ ကြားလည်းမကြားဖူးခဲ့ဘူး။ ဒီရုပ်ရှင်ရဲ့ Concept က ခရစ်ယာန်ဘာသာရေးက အမျိုးသမီးဖိနှိပ်မှုတွေအကြောင်းလို့ ပြောလို့ရတယ်။ ဒါပေမဲ့ သူက ဒါကြီးကို ဒါပါလို့ ဒဲ့တော့မသွားဘူး။ စစချင်း အမေသေသွားပြီး အဖေနဲ့ အဖေ့ဇာတိမြို့မှာ သွားနေတဲ့ကောင်မလေးတစ်ယောက်အကြောင်းကိုပြတယ်။ နောက် သူကြုံရတဲ့ ဘာသာရေးလိုက်စားတဲ့ မြို့ခံလူတွေပေါ့။ သူလည်း အဲဒီလိုလူတွေထဲက တစ်ယောက်ဖြစ်လာတယ်။ ဒါပေမဲ့ သူ့မှာ စိတ်ဒဏ်ရာကရှိနေတယ်။ သူ့အမေသေတာက သမားရိုးကျသေတာမဟုတ်ဘဲ သူ့အမေရဲ့ ရည်းစားဟောင်းကြောင့်သေတာကိုး။ ဒီလိုနဲ့ ဒီစိတ်ဒဏ်ရာရယ် သူ့ပတ်ဝန်းကျင်ကမြင်ရတဲ့ ဖိနှိပ်မှုတွေရယ် ထိပ်တိုက်တိုးသွားတဲ့အခါ သူကျမ်းစာထဲက ဖိနှိပ်မှုတွေကို ဆန်ကျင်ချင်စိတ်ပေါ်လာပြီး ကျမ်းစာကို ပြန်ပြင်ရေးဖို့ ကြံကြတယ်။ ဒီလိုနဲ့ ဒီဇာတ်ဖြစ်လာတယ်။ ဒီဇာတ်က ဘယ်ကို ဆက်သွားမလဲတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ကြပေါ့။ Mystery Drama ဇာတ်ပေမဲ့ Thriller လိုလို အရသာလည်း ပေါင်းထားပေးလို့ တော်တော်တော့ သို့လောသို့လောနဲ့ ကြည့်ကောင်းမယ့် ဇာတ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို M မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 680MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 30Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by M Encoded by Y

6.8 2022 90 mins
Raquel 1:1
[18+] Ikaw Lang Ang Mahal
6

Ikaw Lang Ang Mahal (2022) မှတ်တမ်းရုပ်ရှင် ရိုက်တဲ့ ဒါရိုက်တာပေါက်စတစ်ယောက်… အနားယူသွားတဲ့ နာမည်ကြီး ဒါရိုက်တာကြီး သုံးယောက်ကို အင်တာဗျူးဖို့ နယ်မြို့လေးတစ်မြို့ကိုရောက်လာတယ်။ တည်းခိုခန်းကို ရောက်တဲ့ညမှာပဲ အဲဒီကိုအရင်ရောက်နှင့်နေတဲ့ ဒါရိုက်တာ ပေါက်စမလေးတစ်ယောက်နဲ့ ဘုတယ်။ နောက်နေ့ အင်တာဗျူးသွားရင်း အဲဒီဒါရိုက်တာရဲ့ တူမနဲ့ စာရေးဆရာမနဲ့ တွေ့တယ်။ ကြိုက်သွားတယ်။ နောက်နေ့ပါတီလုပ်ပြီး ပစ္စည်းသိမ်းရင်း ဘုတယ်။ ဒါရိုက်တာမကြီး ပန်းချီဆရာမကို သွားအင်တာဗျူးရင်း ဘုတယ်။ ဇာတ်လမ်းကတော့ အဲဒီလိုပဲ။ အတော်လေးကို အားပါးတရရှိလွန်းလှပါတယ်။ ဖိလစ်ပိုင်သူလေးတွေရဲ့ အလှအပကို စပယ်ရှယ်ခံစားရင်း ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 830MB Quality – 1080p, 720p IMDb Rating – 6/10 Format – mp4 Duration – 1H 50Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

6 2022
[18+] Ikaw Lang Ang Mahal
Yule Log

ဒီရုပ်ရှင်ကတော့ ခရစ်စမတ်အကြိုနေ့မတိုင်ခင်မှာ ကျရောက်တဲ့ထုံးတမ်းဓလေ့တခုဖြစ်တဲ့ Yule Log ဆိုတဲ့ ဒဏ္ဍာရီတခုအကြောင်းကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားပါတယ်။ သူငယ်ချင်းသုံးယောက်ဟာ ခရစ်စမတ်အားလပ်ရက်ကို ဝေးလံခေါင်ဖျားတဲ့နေရာတခုက သစ်လုံးအိမ်မှာဖြတ်သန်းဖို့အတွက် ကားတစီးနဲ့ထွက်လာခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့ဟာ လမ်းမှာမိန်းမတယောက်ကို ဖြတ်ခနဲမြင်လိုက်ရတာကြောင့် တွေဝေနေကြပါတယ်။ လမ်းက ဓာတ်ဆီဆိုင်မှာ ဆီဖြည့်ရင်း စားစရာ၀င်၀ယ်တော့လည်း အဲဒီဆိုင်က ဒေသခံက သူတို့ကို တောထဲမှာသတိထားကြဖို့အတွက် သတိပေးလိုက်ပါတယ်။ ဒီလိုနဲ့တောထဲရောက်တဲ့အချိန်မှာတော့ ဆိုးဝါးတဲ့အဖြစ်အပျက်တွေကို စတင်ကြုံတွေ့လာရပြီး ကျော်ဖြတ်ဖို့ကြိုးစားကြရပါတော့တယ်။ File size…(2.0 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:11:00 Genre…Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
Yule Log
Nothing Lasts Forever
7.1

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 1.2 GB / 593 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.1 2022 87 mins
Nothing Lasts Forever
Mean Girls
6.1

အားလုံးပဲစောင့်မျှော်နေကြမယ့် Mean Girls (2024) ဇာတ်ကားသစ်လေးလာပါပြီ။ အားလုံးသိကြမယ့်အတိုင်း ဒီဇာတ်ကားလေးကတော့ ၂၀၀၄ တုန်းက ထွက်ရှိခဲ့ပြီးအားလုံးရဲ့ မှတ်ဉာဏ်ထဲမှာ မှတ်မှတ်ရရဖြစ်ခဲ့ကြတဲ့ နာမည်ကြီး Mean Girls ဇာတ်ကားလေးကိုမှ adapation သဘောမျိုး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီတစ်ခေါက် ဇာတ်ကားလေးမှာ ထူးခြားတာကတော့ အရင်ဇာတ်လမ်းကျောရိုးကိုမှ Gen-Z အသုံးအနှုန်း၊ စတိုင်လ်တွေ ထပ်မံအားဖြည့်ထားပြီး Musical ဘက်သွားထားတဲ့အတွက် သစ်လွင်တဲ့ခံစားချက်မျိုးနဲ့ အတိတ်ကို ပြန်တမ်းတပြီး ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအကျဉ်း ကေဒီဟာ ကန်ညာမှာ သုတေသနလုပ်နေတဲ့မိဘတွေနဲ့ အတူနေရာကနေ ကျောင်းပြောင်းလာတဲ့အခါမှာတော့ မကြုံဖူးတာတွေ ကြုံရပါတော့တယ်။ ကျောင်းမှာ သူ့အဖွဲ့အုပ်စုနဲ့ သူရှိတာ၊ တစ်ယောက်နဲ့ တစ်ယောက်ပြိုင်ဆိုင်ကြတာ၊ သမီးရည်းစားကိစ္စတွေ၊ အတင်းအုပ်တာတွေကို ကြုံတွေ့ရတဲ့အခါမှာ အထူးအဆန်းဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ သူတို့ကျောင်းမှာ နာမည်ကြီးတဲ့ အလှပဂေး ပလတ်စတစ်မလေး သုံးယောက်က သူ့ကိုသတိထားမိသွားပြီး သူတို့အဖွဲ့ထဲပါဖို့ ဖိတ်ခေါ်ပါတော့တယ်။ ဒီလိုနဲ့ ဘုမသိ ဘမသိ ကေဒီတစ်ယောက် သူတို့အဖွဲ့ထဲပါသွားပြီး သူတို့လို ဝတ်တတ်စားတတ် သမီးရည်းစားကိစ္စ စိတ်ဝင်စားလာပြီး ကောင်လေးတစ်ယောက်ကို စကြိုက်မိရာကနေ ဘယ်လိုတွေ ဇာတ်လမ်းရှုပ်ကြမလဲဆိုတဲ့ ကျောင်းတွင်းအရှုပ်တော်ပုံကို ဟာသဇာတ်မြူးအနေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(3.1 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Comedy, Musical Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by Act Molemy and Matteo

6.1 2024 113 mins
Mean Girls
Last Straw
5.5

2023 မှာထွက်ရှိထားပြီး Jessica Belkin , Taylor Kowalski , Jeremy Sisto တို့ပါဝင်သရုပ်ထားပြီးတော့ ဒါရိုက်တာ Alan Scott Neal ကရိုက်ကူးထားပါတယ်….. စားသောက်ဆိုင်ငယ်လေးရဲ့ မန်နေဂျာဖြစ်သူ Nancy တစ်ယောက် သူ့အဖေအပြင်သွားတဲ့အတွက် ညဆိုင်းဆင်းရမဲ့ညမှာ အတူဆင်းရမဲ့ ဝန်ထမ်းဖြစ်သူ Jake နဲ့ပြဿနတက်လို့ Jake ကိုအလုပ်ထုတ်လိုက်ရာ ညဆိုင်းကို တစ်ယောက်တည်းဆင်းရပါတော့တယ်။ ကံမကောင်းစွာနဲ့ပဲ နေ့ခင်းတုန်းက စားသောက်ဆိုင်မှာ ပြဿနာလာရှာထားကြတဲ့ ဆက်ကျော်သက်တစ်အုပ်က ညဖက်ဆိုင်မှာ နန်စီတစ်ယောက်တည်း ရှိနေတဲ့အချိန် လာနှောင့်ယှက်ကြတဲ့အခါ…. File size…1GB / 590MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 23m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aerin

5.5 2023
Last Straw
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
7.1

Three Kilometres to the End of the World (2024) IMDb Rating (7.1) / Rotten Tomatoes (65%) ကိန်းမှာ ပွဲဦးထွက်ပြခဲ့တဲ့ ရိုမေးနီးယန်းရုပ်ရှင်ပါ။ Palme d’Or ဆု ပြိုင်ဖို့ အရွေးခံခဲ့ရပြီး Queer Palm ဆုရခဲ့တယ်။ ဒီနှစ်အော်စကာမှာ ရိုမေးနီးယန်း ကိုယ်စားပြုအဖြစ် အရွေးခံထားရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ ကိန်းမှာပြခဲ့တဲ့ကားပီပီသသ အန်ဒီဆန်ဆန် ရိုးရိုးရှင်းရှင်းကိုပဲ အခြေအနေတစ်ခုကို ပေါ်လွင်အောင်ပြထားတယ်ပဲ ပြောရမယ်။ ခေတ်ရဲ့ပြင်ပက အစွန်းရောက်တဲ့ ရွာလေးတစ်ရွာနဲ့ ခေတ်ထဲကိုဝင်ပြီး ရွာလေးကို ပြန်လာခဲ့တဲ့ လူငယ်လေးတစ်ယောက်ရဲ့ ကတောက်ကဆတ်တွေ။ အဲဒီရွာကလူတွေရဲ့အစွန်းရောက်ခြင်းတွေနောက်မှာ သူ့အကြောင်းပြချက်နဲ့သူ အကြမ်းဖက်ခြင်းတွေပါလာတာတွေ။ အဲဒီနောက်မှာ ဥပဒေရေးရာတွေပေါ့။ တရားမျှတမှုဆိုတာမျိုးတွေ ရှိရင်တောင် တကယ်မရှိတဲ့ သဘောသဘာဝရဲ့နောက်မှာ သူ့လွတ်မြောက်လမ်းကို အဲဒီလူငယ်လေး ဘယ်လိုရှာသွားလဲ ကြည့်ရမယ့်ရုပ်ရှင်လို့လည်း ပြောလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.3 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:44:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Romance
7.1 2024 105 mins
Three Kilometres to the End of the World Trei kilometri pâna la capatul lumii
Tom and Huck
5.5

ဒီဇာတ်ကားက Disneyကထုတ်ထားတဲ့ Family/Adventure ဇာတ်ကားဖြစ်ပြီး Disney themeနဲ့ ကွဲထွက်နေတဲ့ပုံစံမျိုး ရိုက်ကူးထားတဲ့ စိတ်ကူးယဉ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံကတော့ အဒေါ့်အိမ်မှာ ကပ်နေနေတဲ့ တွမ်ဆိုတဲ့ ကောင်လေးက အိမ်ကနေအမြဲထွက်ပြေးဖို့ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အဲဒီလိုထွက်ပြေးရင်း ဟက်ခ်ဆိုတဲ့ကောင်လေးတစ်ယောက်နဲ့ တွေ့ခဲ့ပါတယ်။ သူတို့၂ယောက်အဖွဲ့ကျရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုနဲ့ ကြုံလိုက်ရပါတယ်။ ဒါကတော့ ရတနာသိုက်တူးရင်း လူသတ်မှုဖြစ်သွားတဲ့အမှုပဲဖြစ်ပါတယ်။ တွမ်တို့ ၂ယောက်က လူသတ်တရားခံအစစ်ကိုမြင်လိုက်ပေမဲ့ တရားခံက အင်မတန်ဆိုးတဲ့ ဓါးဝိဇ္ဇာကြီးဖြစ်နေလို့ သူတို့မြင်ခဲ့တဲ့အတိုင်း ထုတ်မပြောဖို့သစ္စာဆိုလိုက်ကြပါတယ်။ သူတို့ရဲ့မြို့နေလူထုက တရားခံအစစ်မဟုတ်တဲ့သူကို စွပ်စွဲကားစင်တင်ဖို့ လုပ်လာတဲ့အချိန်မှာစိတ်ရင်းမှန်တဲ့တွမ်တစ်ယောက် အမှန်တရားကို ထုတ်ပြောလိုက်မိသွားပါတယ်။ အဲဒါကြောင့်ပဲ တရားခံအစစ်ဖြစ်တဲ့ဓါးဝိဇ္ဇာကြီးက တွမ်တို့ကို အငြိုးထားပြီး လိုက်သတ်ဖို့ကြိုးစားလာလို့ သူတို့၂ယောက် သက်စွန့်စံဖျား လူဆိုးကြီးနဲ့ထိပ်တိုက်ရင်ဆိုင်ပုံကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ File size… 1.74 GB / 797 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 37m Genre ….. Adventure / Drama / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thaung Htike Zaw

Family • Fantasy • Adventure • Comedy
5.5 1995 97 mins
Tom and Huck
Snow White and The Huntman
6.1

၂၀၁၂ က Hit ဖြစ်ခဲ့တဲ့ Snow White and the Huntsman ကတော့ နာမည်ကျော်စနိုးဝှိုက်ပုံပြင်ကိုအခြေခံထားပြီး Kristen Stewart ၊ Charlize Theron ၊ Chris Hemsworth ၊ Sam Claflin နဲ့ Bob Hoskins တို့လိုအကျော်အမော်တွေက ပါဝင်သရုပ်ဆောင်ပေးထားကြပါတယ်။ ရှေးရှေးတုန်းက တိုင်းပြည်တစ်ခုမှာ ဘုရင်မကမွေးဖွားတဲ့ သမီးတော်လေးစနိုးဝှိုက်ဟာ ပြိုင်ဘက်ကင်းတဲ့အလှအပကြောင့် ကျော်ကြားပါတယ်။ တစ်ရက်မှာတော့ စနိုးဝှိုက်ရဲ့မယ်တော် ဘုရင်မဆုံးပါးသွားပြီးတဲ့နောက် ပူဆွေးသောကရောက်နေတဲ့ဘုရင်ကြီးကို စုန်းမရာဗန်းနားက မြူဆွယ်နိုင်ခဲ့ပြီး ဘုရင်မဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရာဗန်းနားက ဘုရင်ကြီးကိုသတ်၊ သမီးတော်လေးစနိုးဝှိုက်ကို ရဲတိုက်ကြီးထဲမှာ ဖမ်းဆီးချုပ်နှောင်ပြီး တိုင်းပြည်ကိုသိမ်းပိုက်အုပ်စိုးခဲ့ပါတယ်။ အချိန်တွေကြာလာတာနဲ့အမျှ ရာဗန်းနားရဲ့စွမ်းအားတွေယုတ်လျော့ လာပြီး ရာဗန်းနားရဲ့မှော်မှန်ချပ်က စနိုးဝှိုက်ရဲ့နှလုံးသားကိုစားမှသာ ထာဝရရှင်သန်နိုင်မယ်လို့ဆိုလာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ စနိုးဝှိုက်ဟာ ထွက်ပြေးလွတ်မြောက်သွားခဲ့တာကြောင့် ရာဗန်းနားက မုဆိုးတစ်ယောက်ငှားရမ်းပြီး စနိုးဝှိုက်ကိုလိုက်လံဖမ်းဆီးပါတော့တယ်။ File size…7.17GB / 3.04GB / 1.46GB Quality…Blu-Ray 4K HEVC 1080p / 720p Format…mp4 Duration….2h 7m Genre …..Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

TV Movie • Comedy • Romance
6.1 2012
Snow White and The Huntman