YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Elegant.Empire(2023)S01EP48.WEB-DL.1080p(CM).mp4

623.15 MB N/A video/mp4 51 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
August 16, 1947
5

August 16 1947(2023) ရဲကား ရှေ့နေကား အမတ်ကား စသဖြင့် ရိုးရိုးအိန္ဒိယကားပေါင်းစုံ ကြည့်ရတာကို ငြီး‌ငွေ့နေလောက်မဲ့ ပရိသတ်တွေအတွက် IMDb 6.9 အထိ ရရှိထားတဲ့ တောင်ပိုင်းတမီလ်ရုံတင်ကားလေး တစ်ကားကို တင်ဆက်ပေးလိုပါတယ် အိန္ဒိယနိုင်ငံဟာလည်း ကျွန်တော်တို့မြန်မာတွေလိုပဲ ဗြိတိသျှသခင်ကြီးများရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုကို ခံခဲ့ရတဲ့ ကိုလိုနီနိုင်ငံတွေပါ ဒီဇာတ်လမ်းလေးမှာတော့ လွတ်လပ်ရေးအရယူခါနီး အိန္ဒိယနိုင်ငံက သယံဇာတတွေကို ရသလောက် အမြတ်ထုတ်သွားတဲ့ သခင်ကြီးများရဲ့ဇာတ်လမ်းကို ‌အခြေပြုထားပါတယ် အိန္ဒိယတောင်ပိုင်း ဝေးလံခေါင်ဖျားရွာလေးတစ်ရွာမှာ ဝါဂွမ်းအထွက်ကောင်းလွန်းလို့ ဗြိတိန်တွေအတွက် အမြတ်ငွေ စတာလင်ပေါင်သိန်းရာနဲ့ချီ ဝင်နေပါတယ် လွတ်လပ်ရေးပေးရတော့မဲ့အချိန်မှာလည်း သခင်ကြီးများက သံယောဇဉ်မပြတ် အဲ့လုပ်ငန်းကို ဆက်မောင်ပိုင်စီးချင်ပါသေးတယ် အဲ့ရွာကို တာဝန်ယူအုပ်ချုပ်နေတဲ့ ဗိုလ်ချုပ်ရောဘတ်နဲ့သူ့ရဲ့သား ဂျက်စတင်တို့ကလည်း လွတ်လပ်ရေးပေးခါနီးကိုတောင် ရွာသားတွေကို သတင်းအမှောင်ချ နှိပ်စက်နေတဲ့အခါ သူ့ကျွန်မခံနိုင်တော့တဲ့သူတွေရဲ့ တော်လှန်ပုန်ကန်ကြပုံကို သဘာဝကျကျ ဇာတ်အိမ်ခိုင်ခိုင်မာမာနဲ့ ကြည့်ရှုကြရမှာဖြစ်လို့ ပရိသတ်ကြီးအနေနဲ့ အိုဗာအက်ရှင်တွေမပါပဲနဲ့ ဇာတ်လမ်းဇာတ်ကွက်လန်းတဲ့ ရုပ်ရှင်မျိုးကြည့်ချင်ရင်တော့ ဒီကားလေးက ပရိသတ်တွေအတွက်ပါပဲဆိုတာ ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.67GB / 1.15GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Sai~Yunni~BpL~Khin

Action • Romance
5 2023 144 mins
August 16, 1947
The Trial of the Chicago 7
7.7

တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ... နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD... ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။ Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။ ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP - Yippy လို့လည်းခေါ်ပါတယ်) ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။ သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။ ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။ သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။ ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။ သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။ တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။ "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်"တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။ သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။ မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ "မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်" ဆိုတဲ့စကားလေးပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။ ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။ တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…) File Size : (1.80 GB) , (950 MB) and (480 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 2hr 09min Format : Mp4 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.h264-PALEALE Translated by d3mon Encode by Thanhtike Zaw

Action & Adventure • Crime • Drama
7.7 2020 130 mins
The Trial of the Chicago 7
Sarmasik
7.9

Sarmasik(2015) ************** ၂၀၁၅ ခုနှစ်မှာထွက်ရှိထားတဲ့ ဆုတံဆိပ်အောင်မြင်မှုများနဲ့ IMDb 7.9/10 အထိရရှိထားပြီး Sarmasil(IVY)ဆိုတဲ့သင်္ဘောပေါ်က ပရိပက္ခတွေပြဿနာတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ IVY ဆိုတဲ့သင်္ဘောဟာ အီဂျစ်မှာကုန်အတင်အချလုပ်ပြီး အန်ဂိုလာကိုပို့ဖို့ရည်ရွယ်ခုတ်မောင်းခဲ့ပါတယ်။ ဒါပေမယ့် အဲ့လိုသွားနေတုန်းမှာပဲ သင်္ဘောရဲ့ပိုင်ရှင်တွေဟာသင်္ဘောသားတွေကို လစာမပေးနိုင်တဲ့အပြင် ကုမ္ပဏီပါဒေဝါလီခံသွားရပါတယ်။ အီဂျစ်ကိုရောက်တဲ့အခါမှာလည်း ပိုင်ဆိုင်မှုပြဿနာတွေကြောင့် သင်္ဘောသားတွေဟာ ကမ်းပေါ်ကိုတက်လို့မရဘဲပိုင်ရှင်ကဖြေရှင်းပေးမှာကိုစောင့်ကြရပါတော့တယ်။ အဲ့လိုစောင့်နေရင်း ရက်တွေလတွေ ကြာလာပြီး ရိက္ခာတွေကုန်သလောက်ဖြစ်လာတဲ့အခါမှာတော့… File Size :(1.5GB) and (622MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…01:44:00 Genre : Fantasy ,Thriller ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated APP Encoded by Phyo Pyae

7.9 2015
Sarmasik
The Girl from Monday
5.5

ဒီဇာတ်ကားလေးကတော့ အနာဂတ်ကိုစိတ်ကူးယဉ်ပြီး ရိုက်ကူးထားတဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးပါ။ စတော့ရှယ်ယာတွေအနေနဲ့ ပိုက်ဆံကိုမလှဲလှယ်ကြတော့ဘဲ လူတွေကို လှဲလှယ်တဲ့အချိန်‌ကို ရောက်သွားပါပြီ။ လူတွေဟာ ပိုက်ဆံလိုမျိုးနေရာကို ရောက်သွားပြီး တစ်ယောက်ချင်းစီရဲ့တန်ဖိုးကိုတော့ လိင်ဆက်ဆံတဲ့အကြိမ်ရေနဲ့ သတ်မှတ်ပါတယ်။ လိင်ဆက်ဆံမှုများလေ တန်ဖိုးမြှင့်လာလေလေပါ။ လူတွေဟာ လိင်မှုဆက်ဆံတာကို သူတို့တန်ဖိုးမြှင့်အောင်ပဲလုပ်ကြပြီးတော့ အချစ်တွေ၊ ကြင်နာမှုတွေ၊ နူးညံ့မှုတွေကို ရှာမတွေ့နိုင်တော့ပါဘူး။ အဲဒီဈေးကွက်ကို Triple M ဆိုတဲ့မာတီမီဒီယာကုမ္ပဏီတစ်ခုကနေထိန်းချုပ်ပြီးတော့ လူတွေကို အမြဲမော်နီတာကနေ စောင့်ကြည့်နေတာဖြစ်ပါတယ်။ Jack ဆိုတဲ့သူဟာ အဲဒီကုမ္ပဏီမှာ အမှုဆောင်အရာရှိတစ်ဦးဖြစ်ပါတယ်။ သူဟာ သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဆီစီးလ်ကိုသ‌ဘောကျမိနေပေမဲ့ သူနဲ့ဆက်ဆံရေး တစ်ခုကိုထူထောင်ဖို့ တွေဝေနေပါတယ်။ ဒါပေမဲ့ ဆီစီးလ်ဟာ ဝီလီယံဆိုတဲ့သူနဲ့ တရားမဝင်လိင်ဆက်ဆံမိခဲ့တဲ့အတွက် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံလိုက်ရပါတယ်။ ဒါကြောင့် ဆီစီးလ်နဲ့ဝီလီယံဟာ ဒီစနစ်ကိုဆန့်ကျင်ဖို့ကြိုးစားကြပါတော့တယ်။ File size…1.67GB / 757MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 24m Genre ….. Action , Comedy , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2005 84 mins
The Girl from Monday
Old Flame
5.5

ဒီဇာတ်ကားက ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ပဲနဲ့ တစ်မူထူးခြားနေတဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဘယ်လိုထူးခြားတာလဲဆိုရင် ဇာတ်ကားတစ်ကားလုံးမှာ သရုပ်ဆောင်တွေ အများကြီးမပါဝင်ပဲ နှစ်ယောက်ပဲပါဝင်တဲ့အပြင် ဇာတ်ဝင်ခန်းတွေအများကြီးမပါပဲ သုံးခန်းပဲ ပါဝင်တာဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ ကယ်လ်ဗင်ဆိုတဲ့ လူတစ်ယောက်ကကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲ လုပ်ဖို့အတွက် ပြင်ဆင်စရာရှိတာတွေကိုပြင်ဆင်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ ရေချယ်လာနာဆိုတဲ့သူ့ရဲ့ကျောင်းတုန်းကရည်းစားဟောင်းနဲ့ တွေ့ခဲ့ပါတော့တယ်။ဒီလိုနဲ့ သူတို့လဲရှေးဟောင်းနှောင်းဖြစ် စကားတွေပြော ဖြစ်ကြပါတော့တယ်။ဒီဇာတ်ဝင်ခန်းအထိကတော့ ဘာမှထူးထူးခြားခြားမရှိ သေးပါဘူး။ဒါပေမယ့် ဒုတိယဇာတ်ဝင်ခန်းမှာ ရေချယ်နဲ့ကယ်လ်ဗင်တို့က ဘားတစ်ခုဆီရောက်သွားခဲ့ပြီး စကားပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီမှာ ရေချယ်ရဲ့ စကားတွေက တောင်ရောက်မြောက်ရောက်တွေ ဖြစ်ပြီး တဖြည်းဖြည်းနဲ့ မူမမှန် ဖြစ်လာတာကို ကယ်ဗင်တစ်ယောက်သတိထားမိလာပါတော့တယ်။ အမှန်တော့ ကယ်ဗင်က ရေချယ်ကိုကျောင်းမှာတုန်းက မုဒိမ်းကျင့်ခဲ့တယ်လို့ ရေချယ်က ထင်နေတာဖြစ်ပါတယ်။ အဲ့ဒါကြောင့် မလို့လဲသူတို့တွေလမ်းခွဲဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ဒီလိုနဲ့သူတို့လဲအဲ့ဒီအကြောင်းကို အချေအတင်ပြောဖြစ်ခဲ့ကြပြီး ဇာတ်ဝင်ခန်း သုံးကို ရောက်တဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစရာကောင်းစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…1.52GB / 575MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 31m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2022
Old Flame
Anatomy of a Fall
7.8

အခုတင်ဆက်ပေးမှာကတော့ ရွှေကမ္ဘာလုံးဆုပေးပွဲမှ ဆု ၄ဆုအပါအဝင် ဆုပေါင်း ၅၂ဆု ရရှိခဲ့ပြီး ၁၂၇ဆု ဇကာတင်စာရင်းဝင်ခဲ့တဲ့ ကားလေးပါ…အရင်က 720p တမျိုးတည်းသာတင်ဆက်ထားရာက အခုအခါ 1080p အပြင်လိုအပ်ချက်များကို ပြန်လည်ပြင်ဆင်တင်ဆက်ပေးထားပါတယ်….. ဇာတ်လမ်းလေးကတော့………ဆန်တာဗွိုင်တာ နဲ့ ဆင်မြူရယ်မော်လက်စကီ တို့မှာ သားလေး ဒန်နီရယ်တစ်ယောက်ရှိပါတယ်…..သူတို့သားလေးက တနေ့ ဆိုင်ကယ်မတော်တဆမှုကြောင့် မျက်လုံးကွယ်သွားခဲ့ပါတယ်…..အဲဒါကို ဆင်မြူရယ်က သူ့ကြောင့်ပါဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်နေတာပေါ့ ဒီလိုနဲ့ လင်မယားကြားကတောက်ကဆလေးတွေရော သားဖြစ်သူဆေးကုစရိတ်ကြောင့် ငွေကြေးပြဿနာတွေကြောင့်ပါ သူတို့ အိမ်တွင်းရေးက သိပ်အဆင်မပြေဖြစ်နေခဲ့တာပေါ့….. တနေ့တော့ အမျိုးသားဖြစ်သူ ဆင်မြူရယ်တစ်ယောက် သူ့နေအိမ်ခြံထဲမှာပါ ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးသွားပါတယ်……အဲဒီမှာပဲ သူ ဘယ်လိုပုံစံပြုတ်ကျခဲ့တာလဲ……သွေးရိုးသားရိုးမှဟုတ်ရဲ့လာ……..သူတို့ကြားမှရှိနေတဲ့ ပြဿနာနဲ့ရောဆိုင်နေမလား စသည် စသည် သံသယများစရာတွေနဲ့ အမှုကို စစ်ဆေးတဲ့အခါ ဇနီးသည် ဗွိုင်တာနဲ့ သူတို့သားလေး ဒန်နီရယ်တို့ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.9 GB)/(1.3 GB) Quality….Blu-ray 1080p/720p Format…mp4 Duration….02:31:00 Genre…Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoded & Translated by Garfield

Action • Adventure • Science Fiction
7.8 2023
Anatomy of a Fall
Requiem for the American Dream
8

Requiem for the American Dream (2015) IMDb 8.0/10 အေဗရမ် နွန်ချန့်စကီး ဟာ ဂျူးလူမျိုး အမေရိကန်နိုင်ငံသားတစ်ယောက်ဖြစ်ပြီး နာမည်ကြီးလူသိများတဲ့ ဘာသာဗေဒ ပညာရှင် တက်ကြွလှုပ်ရှားသူနဲ့ ဝေဖန် ရေးသမား တစ်ယောက်ပါ။ ခေတ်သစ်ဘာသာဗေဒ ပညာရပ်ရဲ့ဖခင်ကြီးလို့တောင် ပြောစမှတ်ပြုကြပါတယ်။ မက်ဆာချူးဆက် နည်ပညာကျောင်းရဲ့ ဂုဏ်ထူးဆောင်ပါမောက္ခအဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေပြီး ပညာရပ်ဆိုင်ရာစာအုပ်တွေ နဲ့ နိုင်ငံရေးမူဝါဒဆိုင်ရာ စာအုပ်ပေါင်း ၁၅၀ ကျော်ကိုလည်းရေးသားပြုစုခဲ့ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ယောက်အနေနဲ့တော့ အလုပ်သမားတွေရဲ့ အရေးကို အလေးထားဆောင်ရွက်ပေးခဲ့ပြီး အလုပ်သမားတွေကြားမှာ လွတ်လပ်စွာပြောဆိုခွင့် နဲ့ အသင်းအဖွဲ့ထူထောင်ခွင့်ရှိရမယ်ဆိုတဲ့ မူဝါဒကို စွဲကိုင်ထားသူပါ။ ပြီးတော့ နိုင်ငံရေးလောကကြီးကို ဓနရှင် လုပ်ငန်းရှင် လူနည်းစုက နည်မျိုးစုံသုံးကာ လက်ဝါးကြီးအုပ်ချယ်လှယ်ထားတယ်လို့ တစိုက်မတ်မတ်ပြောဆိုခဲ့ပါတယ်။ အဲဒီအချက်ကိုဒီရုပ်ရှင်ထဲမှာလည်း အချက်အလက်စုံစုံလင်လင်နဲ့ ဖော်ပြထားပါတယ်။ အဲဒီလို လူနည်းစုကလုပ်ချင်တိုင်းလုပ်နေတာကို လူထုကသိရှိပြီး စုပေါင်းအင်အားနဲ့ တွန်းလှန်မှသာ ဖိနှိပ်ခံရတာ ဆင်းရဲတွင်းနက်တာ နဲ့တန်းတူညီမျှမှု မရှိတာ စတဲ့ အခက်အခဲတွေပြေလည်နိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။ ဒီမှတ်တမ်းရုပ်ရှင်ဟာဆိုရင် ချန့်စကီးကို လေးနှစ်ကျော်လောက် အင်တာဗျူးတွေလုပ်ခဲ့ပြီး အဲဒီထဲကမှ ကောက်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။ အထက်က ပြောခဲ့တဲ့သူ့ရဲ့အယူအဆတွေကို ကွက်ကွက်ကွင်းကွင်းမြင်နိုင်အောင်ဖော်ပြထားပြီး လူတွေသိပ်မသိတဲ့ နိုင်ငံရေးလောကရဲ့လှည့်ကွက်တွေ နဲ့ သူတို့ရဲ့ဦးတည်ချက်တွေ သူတို့ကြောက်လန့်တဲ့အကြောင်းတရားတွေက ဘာတွေပါဆိုတာကို သိမြင်လာမှာပါ။ အမေရိကန်နိုင်ငံလို လွတ်လပ်မှုအရှိဆုံးလို့ကြွေးကြော်ထားတဲ့နိုင်ငံမှာတောင် ဓနရှင်တွေရဲ့ ပြည်သူအပေါ်ဖိနှိပ်မှုက ပုံစံမျိုးစုံနဲ့ ခေတ်အဆက်ဆက်တည်ရှိခဲ့ပါတယ်။ ဥပဒေကို လိုတစ်မျိုး မလိုတစ်မျိုး အလျှော့အတင်းလုပ်ကြတာတွေ ကိုယ်ကျိုးကိုပဲ ရှေ့တန်းတင်ကြတာတွေ နဲ့ နိုင်ငံမှာအခက်အခဲကြုံရတဲ့အခါ ပြည်သူကိုချနင်းဖို့ပဲ ကြိုးစားကြတာမျိုး‌တွေပါ။ နိုင်ငံရေးကို စိတ်ဝင်စားတဲ့သူတွေ စိတ်ဝင်စားရတော့မှာပါလားလို့ အတွေးပေါ်လာတဲ့သူတွေ မဖြစ်မနေကြည့်ရှုသင့်ပါတယ်။ သူပြောတဲ့ အယူအဆတွေ သူ့ခံယူချက်တွေကို သဘောမကျဘူးဆိုရင်တောင် ကြည့်မိလို့နောင်တမရစေရဘူးလို့ အာမခံပါတယ်။ 2015 ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး IMDb rating 8 ရှိထားပါတယ်။ 2017 ခုနှစ်မှာတော့ အဆိုပါနာမည်နဲ့ပဲ စာအုပ်အဖြစ်ရိုက်နှိပ်ထုတ်ဝေခဲ့ပါတယ်။ File size… 1.6 GB / 693 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ….. Biography/Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Sophie

8 2015
Requiem for the American Dream
Cinnamon
6.5

ဘဝမှာ ကိုယ်ဖြစ်ချင်တဲ့ အိပ်မက် စိတ်ကူးတွေနဲ့ တကယ့်လက်တွေ့ဘဝ တကယ်လုပ်နေရတဲ့အလုပ်တွေက ထပ်တူမကျတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေရတဲ့ဘဝက တဖြည်းဖြည်းနဲ့ ပျော်ရွှင်မှုတွေကင်းမဲ့လာပါတယ် ။ တချို့သောသူတွေအတွက်ကတော့ ဘဝပေးအခြေအနေကြောင့် ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ ဆန္ဒနဲ့ဘဝထပ်တူမကျဘဲ လက်ရှိနေရာကနေ ရုန်းမထွက်နိုင်တဲ့သူတွေ ရှိနေပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ Jodi ဆိုတဲ့ ကောင်မလေးတယောက် သူ့အိပ်မက်က အဆိုတော်နဲ့သရုပ်ဆောင်ဖြစ်ချင်တယ် ဒါပေမယ့် လက်ရှိသူ့ဘဝအခြေအနေအရ ဓာတ်ဆီဆိုင်မှာ အရောင်းဝန်ထမ်းလုပ်ပြီး ဘဝရဲ့နေ့ရက်တွေကို စိတ်ညစ်ညစ်နဲ့ ကုန်ဆုံးနေတဲ့သူတယောက် တရက်မှာတော့ အဲဒီဘဝထဲကနေ သူ့ကိုဆွဲထုတ်ပေးမယ့်သူတယောက်နဲ့ ကြုံဆုံလာပါတော့တယ်။ ဒါပေမဲ့ တကယ့်တကယ် သူ့အိပ်မက်တွေအမှန်တကယ်ဖြစ်ပေါ်လာဖို့ ထင်သလောက်မလွယ်တဲ့အခါမှာ သူတို့၂ ယောက်ပေါင်းကာ သူအလုပ်လုပ်နေတဲ့ဆိုင်ကို ဓားပြတိုက်ပြီး ထွက်ပြေးဖို့ကြံစည်ကြပါတော့တယ် ။ ဒါပေမယ့် ကြံစည်ထားသလိုဖြစ်မလာဘဲ ၂ ယောက်လုံး အသက်ဘေးအန္တရာယ်နဲ့ ကြုံလာရတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးမှာ ကြည့်ရှုအားပေးကြပါဦးခင်ဗျာ ။ File size…(650 Mb) Quality….Webrip 720p Format… mp4 Duration…. 01:31:00 Genre… Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thaw Ko Ko Zin

Drama • Comedy
6.5 2023
Cinnamon
Home Sweet Home
6

Home Sweet Home ဆိုပြီး တစ်ကွက်မှ Sweet မပါတဲ့ စိတ်ဝင်စားဖွယ် ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးက ဘယ်လို စိတ်ဝင်စားဖို့ကောင်းပြီး ဦးနှောက်စားစေတာလဲဆိုရင်တော့… ဇာတ်လမ်းအစမှာ ကျောင်းကားမှောက်အောင်လုပ်တဲ့ ကျောင်းကားယာဉ်မောင်း ယွီခွန်ချောင်ကို ဝမ်လူကြီးမင်းတို့မိသားစုရဲ့ မြေအောက်ခန်းထဲ ပိတ်ထားတဲ့ကိစ္စနဲ့ အစပျိုးထားတယ်။ ယာဉ်မောင်းကြောင့်လို့ သေချာနေပေမယ့် တရားဥပဒေရဲ့ အဆုံးအဖြတ်ကတော့ မဟုတ်ဘူးဖြစ်နေလို့ ယာဉ်မောင်းကို တရားဥပဒေအရ အပြစ်ပေးမရတော့ သေသွားတဲ့ ကျောင်းသားမိဘတွေက ကိုယ်ပိုင်နည်းနဲ့ ရှင်းဖို့ကြိုးစားပြီး လိုက်ရှာနေခဲ့တာပေါ့။ ဒီအကြောင်းကိုသိလို့ ယွီခွန်ချောင်ကလည်း ဝမ်လူကြီးမင်းရဲ့ မြေအောက်ခန်းမှာ အသာတကြည်နဲ့ အဖမ်းခံနေတာ ၃ နှစ်ကြာခဲ့ပြီပေါ့။ ဝမ်လူကြီးမင်းတို့ မိသားစုအကြောင်းပြောရမယ်ဆိုရင် ဝမ်လူကြီးမင်းနဲ့ ဝမ်ကတော်ရယ်။ ဝမ်ခြူးထုံဆိုတဲ့ သမီးရယ် ဝမ်ခြူးချီဆိုတဲ့ သားလေးတစ်ယောက်ရှိတယ်။ ဝမ်ခြူးချီဆိုတာ ကျောင်းကားမတော်တဆမှာပါဝင်ထားပြီး အဲ့မတော်တဆကြောင့် ခြေထောက်က ဒုက္ခိတဖြစ်သွားခဲ့ပြီး ခြေတုနဲ့နေနေရသူဖြစ်တယ်။ ဒါပေမယ့် မတော်တဆမှာ သူလည်းမကင်းရှင်းပါဘူး။ ဘာလို့လဲဆိုတော့ သူက ငွေ ၁၀၀ ပေးပြီး ယွီခွန်ချောင်ကို သူ့ဖိနပ်ကြိုးချည်ဖို့ပြောလို့ ယွီခွန်ချောင်က ကားကိုဘေးထိုးရပ်ပြီး ချည်ပေးတဲ့အခါမှာ ကားက တောင်အောက်ပြုတ်ကျသွားခဲ့ကြတာကြောင့်ပါ။ ဒီလိုပြောလို့ ဝမ်ခြူးထုံကလည်း သာမန်မဟုတ်ဘူး။ ယာဉ်မောင်းကို မမုန်းတဲ့အပြင် အမြဲ ယာဉ်မောင်းကိုချုပ်ထားတဲ့ မြေအောက်ခန်းထဲသွားပြီး အတူပုံဆွဲလေ့ရှိတယ်။ ဒီလိုသာမန်မဟုတ်တဲ့ မိသားစု မရိုးရှင်းတဲ့ အိမ်မှာ မူမမှန်တဲ့ကိစ္စတွေတစ်ခုပြီးတစ်ခုဖြစ်လာခဲ့တယ်။ နောက်ပြီး ဝမ်ကတော်ကလည်း တခြားယောက်ျားတစ်ယောက်နဲ့ ဖောက်ပြန်ပြီးရတဲ့ ကိုယ်ဝန်ကိစ္စလည်းပေါ်လာပြန်တယ်။ ဒါကြောင့် ဦးနှောက်စားရတာကြိုက်တဲ့ပရိသတ်တွေအတွက် လက်မလွတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ

6 2021
Home Sweet Home
Swan Song

IMDb – 7.6/10 Swan Lakeဆိုတာ ရုရှားဂီတစာဆိုကြီး Pyotr Ilyich Tchaikovskyရဲ့ ဘဲလေးပြဇာတ်တစ်ပုဒ်ပေါ့။ ဘဲလေးအကမှာတော့ ထင်ရှားတဲ့ပြဇာတ်တွေထဲက တစ်ခုအဖြစ် အမျိုးမျိုးဖျော်ဖြေကပြကြတာပေါ့။ ဒီရုပ်ရှင်ကတော့ ကနေဒါရဲ့ နာမည်အကျော်ကြားဆုံး ဘဲလေးအကမယ်ဟောင်း Karen Kainတာဝန်ယူဦးစီးပြီး အဓိကဘဲလေးမယ်အဖြစ် ရုရှား-လစ်သူယေးနီးယားဘဲလေးမယ် Jurgita Droninaကပြခဲ့တဲ့ ကမ္ဘာ့အဆင့်ဖျော်ဖြေတဲ့ပွဲရဲ့ Swan Lakeပြဇာတ်မှာ နောက်ကွယ်က ဖြစ်ရပ်တွေကိုရိုက်ကူးပုံဖော်ထားတဲ့ မှတ်တမ်းရုပ်ရှင်တစ်ပုဒ်ပါပဲ။ ကမ္ဘာ့အဆင့်ပွဲတစ်ခုဖြစ်တဲ့အတွက် သူတို့တွေ ခက်ခက်ခဲခဲကြိုးစားကြပုံတွေ၊ အဲဒီခေတ်အနေအထားမှာ ဘဲလေးအကမယ်တွေကြားက လူမျိုးရေးခွဲခြားမှုနဲ့ အဆင်မပြေမှုတွေ၊ တစ်မူထူးခြားစွာတင်ဆက်ပြချင်တဲ့အတွက် ဘဲလေးအကအစဉ်အလာတွေကနေ ဖောက်ထွက်ဖို့ကြိုးစားကြပုံတွေကို ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane

0 2024
Swan Song
Suzume Suzume no Tojimari
7.8

Suzume (2022) IMDb Rating (7.6) / Rotten Tomatoes (96%) နိုဝင်ဘာလ၊ ၂၀၂၂မှာ စတင်ပြသခဲ့တဲ့ဒီကားဟာ နာမည်​ကျော်anime films​တွေဖြစ်တဲ့ 5 Centimeters per Second၊ The Garden of Words၊ Your Name၊ Weathering with Youတို့ကိုဖန်တီးသူ ဆရာMakoto Shinkaiရဲ့​နောက်ဆုံးထွက်လက်ရာဖြစ်ပြီး CoMix Wave Films and Story Incက​နေပဲ ထုတ်လုပ်​ပေးတာပါ။ ဝတ္ထုအ​နေနဲ့လည်း ဆရာShinkaiက ရုပ်ရှင်မထွက်မီထုတ်​ဝေခဲ့ပါ​သေးတယ်။ ဒီကားကို၂၀၂၀နှစ်စပိုင်းကတည်းက စဖန်တီးခဲ့ပြီး ၂၀၂၂ ​အောက်တိုဘာမှအပြီးသတ်ခဲ့ပြီး အချိန်၂နှစ်​တောင် ယူခဲ့တာမလို့ ကွာလတီပိုင်းမှာ အ​ကောင်းဆုံးဖြစ်​နေမယ်ဆိုတာကို ​ပြောဖို့​တောင်မလိုဘူးထင်ပါတယ်။ ဆရာMakoto Shinkaiဟာ ဂျပန်နိုင်ငံအနှံ့ခရီး​တွေထွက်ရင်း လူမရှိတဲ့​နေရာ​တွေ၊ အ​ဆောက်အဦး​တွေကိုမြင်ခဲ့ရာက​နေ Suzumeဇာတ်လမ်းကိုဖန်တီးဖို့အကြံရခဲ့တာပါ။ ဇာတ်လမ်းထဲမှာလည်း ၂၀၁၁ခုနှစ်တုန်းကလှုတ်ခတ်ခဲ့တဲ့ တိုဟိုခု ငလျှင်နဲ့ဆူနာမီ​တွေအ​ကြောင်းပါထည့်သွင်းခဲ့ပါ​သေးတယ်။ ဇာတ်ဝင်​တေး​ကိုလည်း Your nameနဲ့weathering with youတို့က သီချင်း​တွေကိုသီဆို​ပေးခဲ့တဲ့ Radwimps bandကပဲ တာဝန်ယူ​ပေးထားတာမလို့ ​ရှေ့နှစ်ကားက သီချင်း​တွေကြိုက်ခဲ့တဲ့သူ​တွေအတွက် အချို​ပေါ်သကာ​လောင်းသလိုဖြစ်​နေမှာ​သေချာပါတယ်။ ဝင်​ငွေပိုင်းအ​နေနဲ့လည်း အခုအချိန်အထိ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ​ဒေါ်လာ၂၉၇သန်းဝင်ထားပြီး ဂျပန်တစ်နိုင်ငံထဲ ဝင်​ငွေဟာ ယန်း ယန်းသန်း၁၄၀၀(အ​မေရိကန် ၁၃သန်း)အထိဝင်ထားတာမလို့ ဂျပန်နိုင်ငံရဲ့ ၂၀၂၂ခုနှစ်စတုတ္ထ​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအ​နေနဲ့ရပ်တည်​နေသလို anime films​တွေထဲမှာ အဌမ​​မြောက်ဝင်​ငွေအ​ကောင်းဆုံးကားအဖြစ်လည်း တည်ရှိ​နေပြီး ဂျပန်နိုင်ငံရဲ့တသက်တာဝင်​ငွေအ​ကောင်းဆုံးကား​တွေထဲမှာ ၁၄​နေရာအထိပါရရှိထားပါတယ်။ (နံပါတ် ၁က ​ရောင်စုံဓါးသမား၊ နံပညတ် ၂က spirited awayပါ) ဇာတ်လမ်းအကျဥ်းကို​ပြောရရင်​တော့ Suzumeဟာ အ​ဒေါ်နဲ့အတူ​နေထိုင်တဲ့ မိဘမဲ့တစ်​​ယောက်ပါ။ သူငယ်စဥ်တုန်းက အ​မေ​သေချိန်မှာ အ​မေကိုလိုက်ရှာရင်း ​လမ်း​ပျောက်သွားခဲ့ဖူးပြီး ဘာ​တွေဖြစ်ပျက်ခဲ့တာလဲဆိုတာကိုမမှတ်မိတဲ့သူလည်းဖြစ်ပါတယ်။ တ​နေ့မှာ​တော့ ​ကျောင်းကိုသွားရင်း လမ်းမှာ လူငယ်တစ်​ယောက်နဲ့ဆုံခဲ့ပြီး လူမရှိတဲ့​နေရာကိုလိုက်ရှာ​နေ​ကြောင်း၊ တံခါးတစ်ချပ်အ​ကြောင်း​​မေးသွားခဲ့ပါတယ်။ ​နောက်​တော့ Suzumeဟာ သိလိုစိတ်ပြင်းလာပြီး အဆိုပါလူငယ်သွား​လောက်တဲ့လူမရှိတဲ့​နေရာ​ဆီကိုလိုက်သွားရင်း တံခါးတစ်ချပ်ကို​တွေ့သွားခဲ့ပါတယ်။ အဆိုပါတံခါးကို Suzumeဟာ ဖွင့်လိုက်တဲ့အခါမှာ​တော့…… File size…(3.9 GB) / (1.7 GB) / (900 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Adventure,Animation Duration….02:01:43 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Dr Nyan

7.8 2022 121 mins
Suzume Suzume no Tojimari
Bright Sky
5

Bright Sky (2025) လူခြေနည်းတဲ့ မြိုငယ်လေးရဲ့အစွန်မှာ Sam ဆိုတဲ့ သားလေးတစ်ယောက်နဲ့အတူနေတဲ့ Single mom Maria က အတိတ်က အရိပ်မည်းတွေကိုဖုံးပြီး တိတ်ဆိတ်အေးချမ်းတဲ့ ဘဝတစ်ခုကိုတည်ထောင်ဖိုကြိုးစားနေတဲ့ သူတစ်ယောက်။ တစ်ညမှာတော့ ဘဏ်ဓားပြတိုက်ရင်း ရဲတွေပေါ်လာလို ထွက်ပြေးခဲ့ရတဲ့ William ဆိုတဲ့ ဝရမ်းပြေးတစ်ယောက်က Maria အိမ်ကိုရောက်လာပြီး ခဏတည်းခိုဖို အကူအညီတောင်းလာတယ်။ ဝရမ်းပြေးမှန်း မသိတဲ့ Maria က စိတ်ကောင်းရှိပြီး William ကို သူ့အိမ်နဲ့လယ်ကွင်းက အလုပ်တွေကို ကူလုပ်ပေးသရွေ့ ဆက်နေခွင့်ပေးခဲ့တယ်။ William ကလည်း သူ့ရဲ့အတိတ်တွေကို အတိတ်မှာထားခဲ့ပြီး လူကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားလာတယ်။ ဒီလိုနဲ့ တဖြည်းဖြည်း သူတိုနှစ်ယောက်ကြားမှာ အားပေးမှု၊ ယုံကြည်မှုနဲ့ သံယောဇဉ်အသစ်တစ်ခု ပေါ်ပေါက်လာပါတော့တယ်။ Bright Sky က လူတစ်ယောက်ရဲ့ အတိတ်ကဘာပဲဖြစ်ခဲ့ပါစေ အတိတ်ကိုစွန့်လွှတ်ပြီး ပိုကောင်းမွန်နဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားနိုင်မှု၊ ပြန်လည်ပြုပြင်ခြင်းနဲ့ ချစ်ခြင်းမေတ္တာတိုကို နူးညံ့သိမ်မွေ့စွာပြသပေးတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (1.2 GB) / (530 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Romance Duration…. 01:25:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Thwal Htoo Zin

5 2025 85 mins
Bright Sky
Becoming Led Zeppelin
7.5

Becoming Led Zeppelin (2025) IMDb Rating (7.5) / Rotten Tomatoes (84%) Stairway to Heavenတို့ Whole Lotta Loveတို့ Ramble Onတို့ Misty Mountain Hopတို့ What Is and What Should Never Beတို့ကို ဖန်တီးခဲ့တဲ့ Led Zeppelin တီးဝိုင်းအကြောင်း ဒိုကူမန်ထရီက သူ့နာမည်Becoming Led Zeppelinနဲ့ လိုက်အောင်ပဲ သူတို့ ဖြစ်တည်လာခြင်းအကြောင်းကို အသေးစိတ် ပြပေးထားတယ်။ တစ်ချက်ရှိတာက ပုံမှန်ဒိုကူတွေ ဒိုကူဒရာမာတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ အတင်းအဖျင်းတွေ ဘာတွေကို ပြတတ်ပေမဲ့ ဒီထဲမှာတော့ ဂီတနဲ့ ဂီတကို ချစ်တဲ့အကြောင်းတွေ ဂီတကို ယုံယုံကြည်ကြည် အသစ်တွေ ဖန်တီးခဲ့တဲ့အကြောင်းတွေကလွဲ ဘာမှမပါဘူး။ သူတို့အဖွဲ့က အတင်းအဖျင်းတော်တော်များခဲ့တဲ့ အဖွဲ့နဲ့မလိုက်အောင်ပဲ ဘာမှမပါဘူး။ ဂျင်မီပေ့စ်က ၁၄နှစ်သမီးလေးနဲ့တွဲခဲ့တာတို့။ နတ်ဆိုးကို ကိုးကွယ်တာတို့။ Stairway to Heavenသီချင်းကို Reverseလုပ်ပြီး နားထောင်ရင် Satanic Messages ကို ကြားရတာတို့ မနည်းပေမဲ့ ဒီမှာ ဘာမှမပါဘူး။ ဘာမှ ထည့်မရှင်းသွားဘူး။ သူတို့ကလဲ ပေးမထည့်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဒါကပဲ ဒီဒိုကူမန်ထရီကို ဂီတဒိုကူမန်ထရီ စစ်စစ်ဖြစ်အောင် လုပ်ပေးလိုက်ပုံပဲ။ အရသာကတော့ ဘန်တွေအကြောင်းတွေ စိတ်ဝင်စားရင် ဂေါ်တယ်။ ပုံစံကတော့ သူတို့နဲ့အင်တာဗျူးတယ်။ အရင်ကဗီဒီအဟောင်း ပုံအဟောင်းတွေပြတယ်။ သူတို့ငယ်ကတည်းက ဂီတကို ဘယ်လိုစလုပ်ဖြစ်တယ်ဆိုတာတွေကနေ စတယ်။ တော်တော်ချီးကျူးစရာကောင်းတဲ့လူတွေဆိုတဲ့ အပိုင်းတွေပေါ့။ နောက် သူတိုအပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့လူတွေ ဂီတအမျိုးအစားတွေကိုပြတယ်။ သူတို့က လူထက် ဂီတအမျိုးအစားတွေကို ပိုအသားပေးပြောသလိုလိုပါပဲ။ သူတို့ပြောတဲ့ ဂီတအမျိုးအစားတွေက ကျွန်တော်တော့ မသိတာက ခပ်များများ။ ဆန်းတော့လည်း မဆန်းပါဘူး။ ဂီတအမျိုးအစားက Sub- Genreခွဲရင် ၁၆၀၀က အနည်းဆုံးလို့ ပြောကြသကိုး။ သူတို့ပြောတာတွေကို လိုက်နားထောင်ရင်းတော့ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လေ့လာအားက အားကျစရာကောင်းနေတယ်။ ဒီဘန်ရဲ့ထူးခြားချက်တွေထဲက တစ်ခုက The Lord of the Ringsစာရေးဆရာ J.R.R. Tolkienရဲ့ Refတွေကို သီချင်းတွေထဲ ထည့်ပုံဖော်တတ်တာပါပဲ။ “Ramble On,” “The Battle of Evermore,” and “Misty Mountain Hop”နဲ့ ” Stairway to Heaven”သီချင်းက စာသားတွေမှာ မြင်သာတယ်။ နောက် “Zeppelin is not a nostalgia band”ဆိုတဲ့ အတိုင်း အသစ်အသစ်တွေကို ရှာဖွေဖန်တီးကြတာတွေကိုလည်း ပြောပြထားတယ်။ ဒီဒိုကူမန်ထရီမှာ ကျွန်တော့်အတွက် ကြည့်ရတာ အရသာရှိခဲ့တဲ့ တစ်ချက်က စစချင်းမှာ သူတို့ဝိုင်းပေါင်းစုံ ဟိုရောက် ဒီရောက် လိုက်တီးရာကနေ သူတို့လူစုမိသွားတာတွေ သူတို့နဲ့ သူတို့ဖန်တီးချင်တဲ့ပုံစံကို အတူတူဖန်တီးနိုင်တဲ့ ဝိုင်းတွေဆီ ကူးလိုက်ပြောင်းလိုက် လုပ်ရင်း နောက်ဆုံးမှ နေရာမှန် တွေ့သွားတာတွေပေါ့။ ဒီမှာလည်း လက်ရှိဝိုင်းတော်တော်များများကြား ခပ်ဆင်ဆင်လေးတွေဖြစ်နေတာတွေဆိုတော့ ဒီကလူတွေကိုတောင် ပိုနားလည်သွားသလိုလိုတော့ ခံစားရတယ်။ Pink Nationဘန်က လွင်ဦးမောင်က Lwin Iz Elephantဆိုပြီး တစ်ကိုယ်တော် မတူတဲ့ဂီတပုံစံနဲ့ သက်သက်လုပ်တာတို့, Pseudo Humanနဲ့ The Peacistsက front man ၂ယောက်ပေါင်းပြီး Double Troubleဆိုတဲ့နာမည်နဲ့ ဘန်တစ်ခု သီးသန့်ထားထားပြီး မတူတဲ့ပုံစံတွေ ဖန်တီးတာတို့ , Square Lake Piratesက တုံတုံနဲ့ Papillons The Bandထဲက ကိုပလောင်နဲ့ Pink Nationက မဏ္ဍိုင်တို့ Mountain Peak Tunesဆိုပြီး မတူတဲ့ပုံစံလုပ်တာတွေ, Talking Dogsတို့ Abnormal Decemberတို့လည်း ဘန်နာမည်ပြောင်းတာတို့ လူပြောင်းတာတို့ လုပ်ရတာတွေမြင်နေရသလို Square Lake Piratesကလူတွေ Orpheus Revivalထဲ ရောက်သွားနိုင်တဲ့ ပုံတွေ မြင်နေရတော့ ဒီဒိုကူကြည့်ရင်း လက်ရှိဝိုင်းတွေနဲ့တောင် ပိုနီးသွားသလိုလို ခံစားချက်တော့ရတယ်။ ဒိုကူထဲတော့ အရင်က စာပေလောကရဲ့ လေထန်ကုန်းလို ဂီတသမားတွေ တီးဖို့ ဝိုင်းလိုက်ရှာလို့ကောင်းတဲ့ နေရာတစ်နေရာရှိတာလေးက သဘောကျစရာတော့ကောင်းတယ်။ ဂီတသမားတွေရဲ့ အရွေ့တွေ လှုပ်ရှားမှုတွေ ဖြစ်တည်လာပုံတွေအကြောင်း ကြည့်ရတာ ကြိုက်ရင်တော့ ဒီဒိုကူက ခြောက်ပြစ်ကင်းတယ်။ မဟုတ်ရင်တော့ ဓာတ်မတည့်လောက်ဘူး။ ဒီမှာလည်း ဒါမျိုးပုံစံလုပ်ကြရင်တော့ ရတော့ရတယ်။ ဝိုင်းအဟောင်းတွေအကြောင်းပေါ့။ မဇ္စိုမလှိုင်းက လူတွေထဲ ကိုနေဝင်းပဲ ကျန်ပေမဲ့ သူ့ကိုနည်းနည်းဗျူးပြီး ရှေ့ကလူတွေ ဖြေပြီးသားတွေ ပုံတွေ သူတို့နဲ့ဆက်စပ်တဲ့ တခြားအင်တာဗျူးတွေနဲ့ တည်းဖြတ်ပြီး လုပ်ရင်တော့ ရတော့ရတယ်။ ဘယ်ဝိုင်းကိုပဲဖြစ်ဖြစ် လုပ်ခဲ့ကြရင်လည်း ကြည့်ချင်ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size… (4.4 GB) / (2.5 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary,Music Duration…. 02:02:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by WiRa Aung

Drama
7.5 2025 122 mins
Becoming Led Zeppelin