YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Devils.Wedding.Night.1973.720p.BluRay {CM}.mp4

1.01 GB N/A video/mp4 378 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
How to Train Your Dragon 2
7.7

IMDb - 7.8/10_____Rotten - 91% နဂါးတွေနဲ့ ပြေလည်မှုရသွားပြီး နဂါးတွေရဲ့ လုပ်အားနဲ့ ပြန်လည်တိုးတက်လာခဲ့တဲ့ Berk ရွာလေးဟာ နဂါးပြိုင်ပွဲ ကျင်းပနေပါတယ်။ ဒါပေမယ့် Hiccup ကတော့ သူရဲ့ နဂါးလေး Toothless နဲ့အတူ နယ်မြေသစ် ရှာဖွေမှုတွေ ပြုလုပ်ရင်း အေးအေးလူလူပဲ နေထိုင်ကြပါတယ်။ ဒါပေမယ့် အရွယ်လွန်လာပြီဖြစ်တဲ့ Stoick ကတော့ သူ့သား Hiccup ကို ရွာသူကြီးလုပ်ဖို့ ဖိအားပေးစ ပြုနေပါပြီ။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသေးတဲ့ Hiccup အတွက်တော့ ဒီကိစ္စဟာ အကြီးမားဆုံး စိန်ခေါ်မှုတစ်ခုပါပဲ။ အပြောကျယ်တဲ့ မြေကမ္ဘာမှာ လျှောက်သွားရင်း Hiccup နဲ့ Astrid တို့ဟာ အလွန်ကြီးမားတဲ့ အစိမ်းရောင် ရေခဲတုံးကြီး တစ်ခုကို တွေ့ပါတယ်။ အဲဒီရေခဲတုံးကို လေ့လာနေဆဲမှာ Eret လို့ခေါ်တဲ့ နဂါးဖမ်းတဲ့မုဆိုးတစ်ယောက်က သူတို့ရဲ့ နဂါးတွေကို ဖမ်းဖို့ ကြိုးစားပါတယ်။ Eret ဟာ သူ့ရဲ့ ရွာပျက်သွားတာကြောင့် နဂါးတွေကို ကြည့်မရသူဖြစ်ပြီး Drago Bludvist လို့ခေါ်တဲ့ နဂါးနိုင်မင်းတစ်ယောက်အတွက် နဂါးတွေ လိုက်ဖမ်းပေးနေတာပါ။ ဒီကိစ္စကို အသိပေးဖို့ Hiccup နဲ့ Astrid တို့ဟာ ရွာကို ပြန်ခဲ့ကြပါတယ်။ Hiccup နဲ့ Astrid တို့ဆီက သတင်းစကား ကြားရပြီးနောက်မှာတော့ Stoick က တစ်ရွာလုံးကို တပ်လှန့်လိုက်ပါတယ်။ Stoick ဟာ အရင်က Drago နဲ့ ရင်ဆိုင်ဖူးပြီး ရူးသွပ်နေတယ်လို့ ဆိုပါတယ်။ Drago ဟာ ရွာကို နဂါးတွေနဲ့ မီးလောင်တိုက်သွင်းဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့် Hiccup ကတော့ အဲဒီ သုံးသပ်ချက်ကို လက်မခံပဲ Drago ကို သူဖြောင်းဖြရင် ရနိုင်မယ်လို့ ယုံကြည်ပြီး Eret ဆီမှာ သွားအဖမ်းခံလိုက်ပါတယ်။ အဲဒီလို အဖမ်းခံပေမယ့်လည်း Hiccup ကို တကယ်တမ်း မဖမ်းနိုင်ပဲ လွတ်မြောက်သွားပြီး Hiccup နဲ့ Astrid တို့ဟာ တခြားသူတစ်ယောက် ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ ဖမ်းလိုက်တဲ့သူကတော့ တခြား နဂါးစီးသူ တစ်ယောက်ဖြစ်ပြီး Valka လို့ အမည်ရပါတယ်။ သူဟာ Alp့ha အမျိုးအစား ဧရာမ နဂါးကြီးကို နိုင်နင်းသူဖြစ်ပြီး အဲဒီ Alpha နဂါးကြီးဟာ ကျန်တဲ့ နဂါးလေးတွေကို စောင့်ရှောက်သူ ဖြစ်ပါတယ်။ နောက်မှ သိရတာက Valka က Hiccup ရဲ့ မိခင်ဖြစ်ပြီး သူငယ်စဉ်က နဂါးတွေနဲ့အတူ ရွာကနေ ထွက်သွားခဲ့တာပါ။ Hiccup ဟာ သူ့မိခင်ကို ပြန်တွေ့ရပေမယ့် Drago ရဲ့ အန္တရာယ်ကနေ လွတ်မြောက်ခြင်း မရှိသေးပါဘူး။ ဗိုက်ကင်းကြီး Stoick ကလည်း Hiccup နောက်ကို လိုက်လာပါတယ်။ Hiccup တို့ မိသားစု ပြန်လည်ဆုံတွေ့ကြမှာလား။ Drago ကရော ဘာတွေ ကြံစည်ထားလဲ ဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ။ Kung Fu Panda ကနေ တောက်လျှောက် 3D နဲ့ အောင်မြင်မှု ရခဲ့တဲ့ DreamWorks Animation ဟာ ၂၀၁၀ ပြည့်နှစ်က အောင်မြင်ခဲ့တဲ့ How to Train Your Dragon ရဲ့ ဒုတိယမြောက် ဇာတ်ကားကို ဆက်လက်ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ စာရေးဆရာမ Cressida Cowell ရဲ့ How to Train Your Dragon ဝတ္ထုကို သုံးပိုင်းခွဲ ရိုက်ကူးတဲ့ထဲက ဒုတိယမြောက် ဇာတ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Dean DeBlois ရိုက်ကူးပြီး Jay Baruchel ၊ Cate Blanchett ၊ Gerald Butler ၊ Craig Ferguson ၊ America Ferrera နဲ့ Djimon Hounsou တို့က အသံနဲ့ ပါဝင်သရုပ်ဆောင်ပေးထားပါတယ်။ IMDb မှာ Rating 7.8 ရရှိထားပြီး Rotten Tomatoes မှာတော့ Tomatometer 91% ထိ ရရှိထားပါတယ်။ နဂါးတွေ အရောင်စုံနဲ့ ရုပ်ထွက်လှပမှုကလည်း Rio 2 နဲ့ အပြိုင်ပါပဲ။ ဗိုက်ကင်းတွေရဲ့ ဇာတ်အိမ်နဲ့ ခိုင်မာတဲ့ ဇာတ်ကြောင်းကိုလည်း ပရိသတ်နှစ်သက်မှာပါ။ (အညွှန်းကို myanmar movie guide မှ ကူးယူပါသည် ) Filesize : 4.1GB /2.04GB / 1.07GB Quality : 1080p BluRay AAC5.1CH / 720p Format : mp4 Running Time : 1h 42 min Translator - V Subtitle : Myanmar Subtitle (Hardsub ) Encoder : Thit San Khant

Comedy
7.7 2014 102 mins
How to Train Your Dragon 2
The Hobbit: The Battle of the Five Armies
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.4 GB) and (3.9 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….02:44:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Reality
7.3 2014 144 mins
The Hobbit: The Battle of the Five Armies
Frost/Nixon
7.3

၁၉၇၂ မှာ​ အမေရိကန်​ပြည်ထောင်​စုနဲ့​ ကမ္ဘာ့သမိုင်းအတွက် အချိုးအကွေ့ဖြစ်ရပ်တစ်ခု​ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒါကတော့ Watergate ဖြစ်ရပ်ပါ။ ဒီကိစ္စ​ကိုနောက်ကွယ်ကနေ ကြိုး​ကိုင်​ခဲ့တဲ့​ အမေရိကန်​သမ္မတ​ Richard Nixon ဟာ​ မကြာခင်​မှာပဲ​ ရာထူးကဆင်းပေးလိုက်ရပါတယ်။ Nixon အိမ်​ဖြူ​တော်​က​ ထွက်​ခွာနေတဲ့အခမ်းအနားကို ဗြိတိသျှ​ရုပ်သံ​တင်ဆက်​သူတစ်ဦးဖြစ်တဲ့ David Frost က​ TV ကနေကြည့်ရင်း နစ်​ဆင်နဲ့ အင်တာဗျူးလုပ်ဖို့ အကြံရခဲ့ပါတယ်။ ၂၀၀၈ မှာထွက်ရှိခဲ့တဲ့ Frost/Nixon ဇာတ်ကားက​ ၁၉၇၇ မှာပြုလုပ်ခဲ့တဲ့ ဒီအင်တာဗျူးကို​ အခြေတည်ထားတာဖြစ်ပြီး Political​ Drama အမျိုး​အစားဖြစ်ပါတယ်။ Frost က​ ဖျော်​ဖြေရေး Talk Show တွေတင်ဆက်ရတာကို ငြီးငွေ့​လာပြီး​ ပိုပြီးလေးနက်တဲ့ နိုင်ငံ​ရေးအင်တာဗျူးတွေ​ကို​ တင်ဆက်​ချင်လို့​ ဒီကိစ္စ​ကိုအကောင်အထည်ဖော်ခဲ့တာဖြစ်ပြီး Nixon ဘက်ကလည်း​ သူ့ရဲ့ကျဆင်းသွားတဲ့ နိုင်ငံ​ရေး​ဂုဏ်​သိက္ခာ​ကို​ ဒီအင်​တာဗျူးက​နေ​တဆင့်​ လူထုကိုစည်းရုံးရင်း ပြန်တည်ဆောက်ချင်တာဖြစ်ပါတယ်။ Frost လို​ နိုင်ငံ​ရေးအကင်းမပါးတဲ့​ ရုပ်​သံ​တင်​ဆက်ဖျော်ဖြေသူတစ်ယောက်နဲ့ အင်တာဗျူး​ပြီး​ Nixon က​ သူ့ကိုယ်ကျိုးအတွက်အမြတ်ထုတ်ချင်သလို Frost ဘက်ကလည်း​ ဝါးတားဂိတ်​အပါအဝင်​ Nixon ကျူး​လွန်ခဲ့တဲ့​အခြားကိစ္စတွေကို ဒီအင်တာဗျူးမှာဝန်ခံခိုင်းပြီး ပြည်​သူလူထုကို တောင်းပန်စေချင်တာဖြစ်ပါတယ်။ ရည်ရွယ်​ချက်ချင်းမတူတဲ့ သူတို့​နှစ်ယောက်​ အင်​တာဗျူးမှာ​ထိပ်တိုက်တွေ့ချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက်​ အသာစီးရဖို့၊ အနိုင်​ပိုင်းဖို့ကြိုးစားကြရင်း အားပြိုင်ကြတာကို ဒီရုပ်ရှင်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။ ဒီ​ဇာတ်ကားက​ Tony ဆုရရှိခဲ့တဲ့ Frost/Nixon ပြဇာတ်ကို​ ရုပ်​ရှင်အဖြစ်အသက်သွင်းထားတာဖြစ်ပြီး အောင်​မြင်​တဲ့ဇာတ်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Michael Sheen နဲ့​ Frank Lagella တို့က​ Frost နဲ့​ Nixon အဖြစ်​သရုပ်ဆောင်ထားပါတယ်။ ဇာတ်ကား​ဆု၊ ဒါရိုက်တာ​ဆုနဲ့ သရုပ်ဆောင်​ဆုအပါအဝင် အော်​စကာ​ဆုငါးဆုအထိ​ ဆန်ခါတင်ရွေးချယ်ခံခဲ့ရတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဖြစ်ရပ်​မှန်​နိုင်​ငံရေး​ဇာတ်​လမ်း​ဆိုပေမဲ့​ ဒရာမာအငွေ့အသက်တွေ​ ထည့်သွင်းထားတဲ့အတွက် ငြီးငွေ့​စရာ​မဆန်ဘဲ ပရိတ်သတ်​ရဲ့အာရုံကိုဆွဲဆောင်နိုင်တဲ့ရုပ်ရှင်မျိုးလည်းဖြစ်သလို Nixon နဲ့​ Frost အကြား​အား​ပြိုင်​မှုကို​ လက်​ဝှေ့ပွဲတစ်ပွဲယှဥ်ပြိုင်နေရတဲ့ tension​ မျိုး​ ထည့်သွင်းတင်ဆက်ထားပါတယ်။ သမိုင်း​ထဲက​ ပုဂ္ဂိုလ်​နှစ်ဦးရဲ့ character​ ကို​ ကောင်းမွန်​စွာဖော်ကျူးထားနိုင်တဲ့အတွက်​ ရုပ်​ရှင်ဝေဖန်သူတွေ ချီးကျူး​ခြင်းကိုခံခဲ့ရပါတယ်။ Nixon နေရာမှာ​ သရုပ်ဆောင်​တဲ့​ Lagella ဟာ အော်စကာ Best Actor​ ဆုအတွက် nominee ဝင်ခဲ့ပါတယ်။ နိုင်​ငံ​ရေး​ဒရာမာ​ရုပ်ရှင်​မျိုး​ နှစ်သက်သူတွေအတွက်​ မဖြစ်​မနေကြည့်သင့်တဲ့​ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဝါးတားဂိတ်​လို​ အထင်​ကရဖြစ်ရပ်အကြောင်းကို​လည်း​ အဓိက​ Element အနေနဲ့ထည့်သွင်းထားတဲ့အတွက် သမိုင်း​စိတ်​ဝင်စား​သူတွေလည်း​ ကြည့်ရှုသင့်ပါတယ်။ File size…(2.9 GB)/(980 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:02:00 Genre...Drama, History, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Drama • Sci-Fi & Fantasy
7.3 2008 122 mins
Frost/Nixon
The Pagemaster
6.1

ကဲ… ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ ပျော်စရာလည်းကောင်းမယ်။ ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူး အရမ်းကောင်းတယ် ကြည့်… ဒါပဲ… ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့် အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီး ကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့ သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်း သံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီး ကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်…. File size… 2.3 GB / 615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre ….. Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va

6.1 1994 75 mins
The Pagemaster
You Get Me

You Get Me (2017) ဒီကားလေးကတော့ မင်းသမီးချောလေး”ဘယ်လာသွန်း”က အဓိကဇာတ်ကောင် “ဟိုလီ” အဖြစ်ပါဝင်ထားတဲ့ Crime Mystery ရုပ်ရှင်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ “ဟိုလီ” ဟာ ဒီမြို့မှာ သူ့မိထွေးနဲ့အတူအခြေချခါစ ကောင်မလေးတစ်ယောက်ဖြစ်တယ်။ တစ်နေ့ “ဟိုလီ”ပါတီတက်ရင်း “တိုင်လာ”ဆိုတဲ့ကောင်လေးနဲ့တွေ့ပြီး တစ်ညနဲ့ နောက်နေ့တစ်ဝက်တာအချိန်ကို ပျော်ပျော်ပါးပါး အတူကုန်ဆုံးခဲ့ကြတယ်။ “ဟိုလီ”အတွက် သူတို့အတူကုန်ဆုံးခဲ့တဲ့အချိန်ဟာထူးခြားပေမဲ့လို့ “တိုင်လာ”အတွက်တော့ ပျော်ခဲ့ရတဲ့သာမန်အချိန်တွေပဲဖြစ်ခဲ့ဟန်တူပါတယ်။ “တိုင်လာ”ဟာ ပါတီမှာတုန်းက သူ့ကောင်မလေး”အယ်လီ”နဲ့ ကတောက်ကဆတ်ဖြစ်ခဲ့တာကြောင့် သူတို့ ၂ဦးကိစ္စပြတ်သွားပြီလို့ထင်နေခဲ့ပေမဲ့ ကောင်မလေးရဲ့ ဖြေရှင်းချက်တွေကို နားထောင်အပြီးမှာတော့ သူတို့ချစ်သူ၂ဦး ပြန်လည်ပေါင်းထုပ်သွားခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းဖွင့်ချိန်ရောက်လာတဲ့အခါမှာ အသစ်ရောက်လာတဲ့ကျောင်းသူဟာ အခြားသူမဟုတ်၊ “တိုင်လာ”နဲ့ နီးစပ်ဖို့ ကြိုးစားနေတဲ့ “ဟိုလီ”ပဲဖြစ်ပါတယ်။ တဖြည်းဖြည်း “ဟိုလီ”တစ်ယောက် သူတို့သူငယ်ချင်းအုပ်စုထဲကို ဝင်ရောက်လာပြီး “အယ်လီ”နဲ့ လက်ပွန်းတတီး ခင်မင်လာခဲ့တယ်။ “တိုင်လာ”ကတော့ “အယ်လီ”နောက်ကွယ်မှာ မှားမိထားတာကို ထုတ်မပြောနိုင်ဖြစ်နေခဲ့တယ်။ အလန်းဇယားလေး”ဟိုလီ”က Social Media မသုံးတာဟာ “အယ်လီ့”သူငယ်ချင်းအတွက် အထူးအဆန်းဖြစ်နေခဲ့တယ်။ တစ်နေ့တော့ အဲဒီသူငယ်ချင်းဟာ ကျောင်းမှာ ရုတ်တရက်ကြီး သူနဲ့မတည့်တာကိုသောက်မိပြီး တက်ကာ သတိလစ်သွားခဲ့တယ်။ “ဟိုလီ”ဟာ “တိုင်လာ”နဲ့နီးစပ်ဖို့ကို နည်းမျိုးစုံသုံး ကြိုးစားနေပြီး သူလိုချင်ရဖို့အတွက် ဘေးလူထိခိုက်တာကိုလည်း မမှုတဲ့သူဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ “တိုင်လာ”တစ်ယောက် “ဟိုလီ့”နာမည်အပြည့်အစုံကိုသိလိုက်ရပြီး အွန်လိုင်းမှာရှာကြည့်တဲ့အခါမှာတော့ “ဟိုလီ”ဟာ အန္တရာယ်ရှိတဲ့ပြဿနာအိုးတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတော့တယ်။ ဒီအချိန်မှာတော့ “တိုင်လာ”ဟာ အသိနောက်ကျသွားပြီလား… “ဟိုလီ”တစ်‌ယောက် ဘယ်လောက်အထိ လက်လွန်ကြက်သွန်လိုက်ပြီလဲ… ဆိုတာ‌ကိုတော့ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Jina မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 710MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by Jina Encoded by Y

TV Movie • Comedy • Romance
0 2017 89 mins
You Get Me
The Searchers
7.8

The Searchers (1956) ~ IMDb – 7.8/10, Rotten Tomatoes – 87% ~ ဂျွန်ဖို့ဒ်ဟာ ဟောလိဝုဒ်ရွှေခေတ်က အအောင်မြင်ဆုံးဒါရိုက်တာတွေထဲက တစ်ယောက်ပါပဲ။ အဓိကကတော့ သူ့ကို Western ကားတွေနဲ့ လူသိပိုများပါတယ်။ Western ကားတွေရဲ့ Icon တစ်ယောက်ဖြစ်တဲ့ ဂျွန်ဝိန်းနဲ့တွဲဖက်ပြီးတော့လည်း သိကြတယ်။ Western လိုင်းရဲ့ ထိတ်ထိတ်ကြဲ ဒါရိုက်တာနဲ့ မင်းသားအတွဲပေါ့။ သူ့ဒါရိုက်တာသက်တမ်း အနှစ်၅၀ ၁၉၁၇ကနေ ၁၉၆၅အတွင်းမှာ ရုပ်ရှင်ပေါင်း ၁၄၀ရိုက်ခဲ့ပြီး Best Director ဆု လေးဆုရထားတဲ့ ဒါရိုက်တာပါပဲ။ သူရိုက်ခဲ့တဲ့အသံတိတ်ရုပ်ရှင်တွေကတော့ ပျောက်ရှကုန်ပါပြီ။ ဂျွန်ဝိန်း၊ ဟင်နရီဖွန်ဒါ၊ မော်ရန်အိုဟာရာနဲ့ ဂျိမ်းစတီးဝတ်တို့လို ထိတ်ထိတ်ကြဲတွေနဲ့ပဲ အရိုက်များခဲ့တယ်။ ဖို့ဒ်ရဲ့ထူးခြားချက်ကတော့ သူ့ခေတ်ပြိုင်ဒါရိုက်တာတွေအပါအဝင် ကျွန်တော်တို့ သိသမျှ ထိတ်ထိတ်ကြဲဒါရိုက်တာတွေဟာ ဖို့ဒ်ကို ချီးကျူးကြတာပါပဲ။ Frank Capraဆို “King of Directors” လို့ပြောဖူးတယ်။ Jean-Luc Godard ဆို The Searchers ရဲ့ ဇာတ်သိမ်းခန်းကို Ulysses နဲ့ Telemachus ပြန်ပေါင်းစည်းကြတဲ့အခန်းနဲ့ နှိုင်းယှဉ်ကြည့်ခဲ့ဖူးတယ်ဆိုတယ်။ Alfred Hitchcock ဆို ဂျွန်ဖို့ဒ် ရုပ်ရှင်တွေရဲ့အပြဟာ အရာရာလှပတယ်လို့ပြောဖူးတယ်။ ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံးရုပ်ရှင်လို့ သမုတ်ခဲ့ကြဖူးတဲ့ Citizen Kane ရဲ့ ဒါရိုက်တာနဲ့မင်းသား Orson Welles ကို တစ်ခါသား သူအကြိုက်ဆုံး ဒါရိုက်တာသုံးယောက်နာမည်မေးတော့ “ကျွန်တော်က ဆရာ့ဆရာကြီးတွေကို ကြိုက်တာဗျ။ ဥပမာဆို ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ် ဂျွန်ဖို့ဒ်ရယ်ပေါ့” လို့တောင် ဖြေဖူးတယ်။ Andrei Tarkovsky ကလည်း ဖို့ဒ်က သူ့အကြိုက်ဆုံး ဒါရိုက်တာတွေထဲပါတယ်လို့ ဖြေဖူးတယ်။ သူတို့လိုလူတွေအပြင် ဂျွန်ဖို့ဒ်ကိုကြိုက်တဲ့ထဲ Satyajit Ray တို့၊ Jean Renoir တို့၊ Federico Fellini တို့၊ Francois Truffautတို့၊ Ingmar Bergman တို့၊ Stanley Kubrick တို့၊ Sergio Leone တို့လို ရုပ်ရှင်သမိုင်းရဲ့ထိတ်ထိတ်ကြဲတွေတောင်ပါပါတယ်။ သူတို့ထက် နှောင်းတဲ့ စပီးဘာ့ဂ်တို့ လူးကတ်စ်တို့ စတိုရှိခွန်တို့ စကောဆဲစီတို့လိုလူ‌တွေလည်း မနည်းဘူး။ David Lean ရဲ့ ဂန္ထဝင်ဖြစ်တဲ့ Lawrence of Arabia ကလည်း The Searchers ကို Inspiration ယူခဲ့တယ်လို့ David Lean ကိုယ်တိုင်ပြောဖူးတယ်။ Landscape တွေကို ဘယ်လိုရိုက်ရမလဲဆိုတာကို ဒီကားကို ကြည့်ပြီးလေ့လာခဲ့တာပါတဲ့။ နောက်ထူးခြားတဲ့အချက်ကတော့ ဂျွန်ဖို့ဒ်ဟာ ဒီလောက်ဆရာကျတဲ့ ဒါရိုက်တာဖြစ်ခဲ့ပေမဲ့ စတိုရီဘုတ်လုံးဝမသုံးပါဘူး။ သရုပ်ဖော်ထားတာရော စာနဲ့ရေးထားတာရော မသုံးခဲ့ပါဘူး။ ဒိုင်ယာလော့စာရွက်သက်သက်လောက်ပဲ သုံးခဲ့တယ်။ ဒါက ဝေါင်ကာဝေးလည်း ဒီလိုလုပ်တယ်ကြားဖူးပေမဲ့ ဝေါင်ကာဝေးရဲ့ ကာရိုက်တာတည်ဆောက်ပုံနဲ့ မသုံးတာက ဆန်းတောင် မဖြစ်နိုင်တဲ့ကိစ္စမဟုတ်ပေမဲ့ ဂျွန်ဖို့ဒ် ကာရိုက်တာတည်ဆောက်ပုံနဲ့ စတိုရီဘုတ်လုံးဝမသုံးဘဲ ဒီလိုပုံစံထွက်တာက ဂျွန်ဖို့ဒ်က လူလွန်မသားပါလို့ ပြောနေသလိုပါပဲ။ အခု ဒီ The Searchers ကတော့ ဂျွန်ဝိန်းနဲ့ ဖို့ဒ်တွဲဖက်ထားတဲ့၊ Lawrence of Arabia ကားရဲ့ မြစ်ဖျားခံရာဖြစ်တဲ့၊ ဖို့ဒ်ရဲ့အကောင်းဆုံးတွေထဲက တစ်ကားပါပဲ။ ဖို့ဒ်ဟာ Western ကားတွေကို အခန်းတိုင်းမလွတ်လှနေအောင် ရိုက်ပြနိုင်တဲ့အချက်နဲ့လည်း ကျော်ကြားပါတယ်။ အခုကားကိုလည်း Western ကားတွေရိုက်ရင် သူအကြိုက်ဆုံးလိုကေးရှင်းတွေထဲက တစ်ခုဖြစ်တဲ့ Monument Valley မှာပဲရိုက်ထားတယ်။ နောက် ဒီထဲကဇာတ်ကောင် အီသန်ဟာ ဂျွန်ဝိန်းသရုပ်ဆောင်ဖူးသမျှထဲ အကြိုက်ဆုံးဇာတ်ကောင်ဖြစ်ခဲ့ပြီး သူ့သားနာမည်ကိုပါ ဒီဇာတ်ကောင်နာမည်ပေးထားခဲ့ပါတယ်။အမေရိကန်ဖလင်အင်စတီကျူ့ကလည်း Greatest American Western လို့ သမုတ်ခံခဲ့ရတဲ့ ရုပ်ရှင်လည်းဟုတ်ပါတယ်။ ဇာတ်ကတော့ Texas–Indian စစ်ပွဲကာလမှာ တည်ထားတယ်။ တက္ကဆက်သားတွေနဲ့ အင်ဒီးယန်းတွေ သူသတ်ကိုယ်သတ်လုပ်နေကြတဲ့ ကာလပေါ့။ အဓိကဇာတ်ကောင်ကတော့ အဲဒီကာလက ပြည်တွင်းစစ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ အီသန်။ စစ်ကြီးပြီးတာတောင် စစ်ရှုံးသွားတာတောင် အရှုံးပေးချင်စိတ်မရှိတဲ့ ဘုကလန့်စစ်ပြန်ကြီးတစ်ယောက် ညီနဲ့ညီမ တူတွေတူမတွေရှိတဲ့ အိမ်ကလေးကို ပြန်လာတာကနေ ဇာတ်ကိုစထားတယ်။ သူရောက်ပြီးသိပ်မကြာခင်မှာပဲ အင်ဒီးယန်းတွေက သူတို့မြို့ကို လာတိုက်ခိုက်ပြီး ထွက်ပြေးသွားတယ်။ ဒီလိုနဲ့ သူအပါအဝင်တက္ကဆက်ရိန်းဂျားတွေက အဲဒီလူနီရိုင်းတွေကို သတ်ဖို့လိုက်ကြတယ်။ ဒါပေမဲ့ သူတို့မျှားခေါ်ခံလိုက်ရတာဖြစ်နေပြီး သူ့ညီအိမ်ကို ဖျက်ဆီးပြီး သူ့ညီတစ်မိသားစုလုံး အသတ်ခံခဲ့ရတယ်။ သူ့တူမလေးတွေလည်း အဖမ်းခံခဲ့ရတယ်။ ဒီလိုနဲ့အီသန်ဟာ သူ့တူမလေးတွေကို ပြန်ကယ်ဖို့ရော ကလဲ့စားချေဖို့ရော နေရာအတည်တကျမရှိဘဲ လှည့်ပတ်နေထိုင်နေတဲ့ လူနီရိုင်းတွေနောက်ကို ခြေရာကောက်တဲ့အကြောင်းကို ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ The Searchers ဟာ ဂျွန်ဖို့ဒ် ပီပီသသ အခန်းတိုင်းလှနေတဲ့ Landscape စီနီမာတိုဂရပ်ဖာအလန်းစားတွေနဲ့ကြည့်ရမယ့် အကောင်းဆုံး Western ကားတွေထဲက တစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.6GB, 1.31GB Quality – BluRay 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 59Min Genre – Adventure, Drama, Western Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 1956 119 mins
The Searchers
The Vanishing Soldier
6.5

စစ်တပ်တွေမှာ ဘယ်ရာထူးမဆို ကြီးလေးတဲ့ ပြစ်မှုတစ်ခု ရှိပါတယ်။အဲ့ဒီ ပြစ်မှုကတော့ တပ်ပြေးတဲ့ပြစ်မှုပါပဲ။ အဲ့ဒီပြစ်မှုအတွက် အခြေအနေအလိုက် ထောင်ကျခံရတာ ကနေ သေဒဏ်ပေးခံရတဲ့အထိပြစ်ဒဏ်ချမှတ်လို့ရပါတယ်။ အခုတင်ဆက်ပေးမဲ့ ဇာတ်ကားထဲမှာ တပ်ပြေးလာတဲ့ ၁၈ နှစ်သားစစ်သားတစ်ယောက်အကြောင်းနဲ့ အဲ့လို တပ်ပြေးတဲ့အတွက် ဘယ်လိုနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာမယ်ဆိုတာကိုစိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမှာ ပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ The Vanishing Soldier (ပျောက်ဆုံးနေသောစစ်သား) ဖြစ်ပြီး IMDb Rating 6.5 အထိရရှိထားပါတယ်။ ဇာတ်လမ်းအစမှာ ရှလိုမီလို့ခေါ်တဲ့စစ်သားတစ်ယောက် တပ်ကနေ ထွက်ပြေးလာတာကို တွေ့ရမှာဖြစ်ပြီး သူတပ်ပြေးလာရတဲ့ အကြောင်းအရင်းကတော့ တခြားမဟုတ်ဘဲ သူ့ကောင်မလေးနဲ့ တွေ့ချင်လို့ သက်သက်ဖြစ်ပါတယ်။ဒါပေမယ့် သူ့တပ်ကတော့ အဲ့ဒါကိုမသိဘဲ အဲ့ဒီနေ့မတိုင်ခင်မနေ့ကဖြစ်ခဲ့တဲ့စစ်ပွဲမှာ ရန်သူတွေရဲ့ ဖမ်းဆီးခြင်းကိုခံလိုက်ရပြီလို့ပဲ သိထားတာဖြစ်ပါတယ်။ ရှလိုမီကတော့ အဲ့ဒါကိုမသိဘဲ သူ့ကောင်မလေးနဲ့သွားတွေ့ မိဘတွေနဲ့သွားတွေ့ပြီး ပျော်ပါးနေခဲ့ပါတော့တယ်။ဒါပေမယ့် နောက်ပိုင်းမှာတော့ ရန်သူတွေသူ့ကိုဖမ်းသွားပြီလို့ထင်နေတဲ့ သူ့တပ်ကတော့ ရန်သူတွေကို လက်နက်ကြီးတွေနဲ့ ဗုံးကြဲပြီး သူ့ကိုပြန်ပေးဖို့တောင်းဆိုနေကြောင်းကို တီဗီကနေသိလိုက် ရပါတော့တယ်။ အဲ့ဒီအချိန်မှာသူထွက်ပြေးလို့ဖြစ်လာတဲ့အကျိုးဆက်တွေက အရမ်းကြီးမားလာတဲ့အတွက် ဆက်ပဲပြေးနေရမလိုလို တပ်ထဲပဲ ပြန်သွားရမလိုလိုနဲ့ ဆုပ်လည်းစူး စားလည်းရူးအခြေအနေတွေ ဖြစ်ပြီး နောက်ပိုင်းမှာဘယ်လိုအဆုံးသတ်သွားမယ်ဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ဖို့တင်ဆက်ပေးလိုက်ပါတယ်။ File size…2.08GB / 997MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 45m Genre ….. Drama , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.5 2023 92 mins
The Vanishing Soldier
Helen
7.7

Helen (2019)”ဟယ်လန်” =================== ၂၀၁၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မာလျာလမ်စကားပြော သည်းထိတ်ရင်ဖိုရုပ်ရှင်ကောင်းတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေက ဘာမှတရားဝင်မပြောထားပေမဲ့ ဒီရုပ်ရှင်ဟာ ဖြစ်ရပ်မှန်တွေအပေါ်မှာအခြေခံရိုက်ကူးထားတာလို့ ပရိသတ်တွေကဆိုကြပါတယ်။ ဇာတ်လမ်းကတော့.. အဖေတစ်ခု သမီးတစ်ခုဘဝမှာနေရင်း သူနာပြုဘွဲ့ရထားပြီး ကနေဒါကိုအလုပ်သွားလုပ်ဖို့ကြိုးစားနေတဲ့ ဟယ်လန်ဆိုတဲ့ သာမန်ကောင်မလေးတစ်ယောက်။ သူဟာ ကနေဒါကိုမသွားနိုင်ခင် ကြက်ကြော်ဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်နေရင်း ရုတ်တရက် ခြေရာလက်ရာမရှိပျောက်ဆုံးသွားတဲ့အခါမှာတော့..။ တိုက်ပွဲတစ်ခုကို တစ်ယောက်တည်းရင်ဆိုင်နေရတဲ့ ဟယ်လန်ရဲ့ ရုန်းကန်မှုတွေ၊ ဖခင်ဖြစ်သူရဲ့ ပူပင်သောကတွေ၊ ဗျာများရပုံတွေကို အချိတ်အဆက်မိမိနဲ့ မွန်းကျပ်စရာကောင်းလောက်အောင် ပုံဖော်ပြထားတာမလို့ သည်းထိတ်ရင်ဖိုရုပ်ရှင်ကြိုက်ကြတဲ့ပရိသတ်တွေအတွက် အချိန်ပေးရတာတကယ်တန်စေမယ့် ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.7 2019 117 mins
Helen
OK Baytong
6.5

Ok Baytong (2003) ****************** ထန်ဆိုတဲ့ လူငယ်တစ်ယောက်ဟာ ငယ်ငယ်ကတည်းက သာသနာ့ဘောင်ဝင်ပြီး ‌ဘုန်းကြီးကျောင်းမှာပဲ နေထိုင်ခဲ့ပါတယ်… တစ်နေ့မှာတော့ အစ်မဖြစ်သူရဲ့ သေဆုံးမှုသတင်းကိုကြားပြီး အစ်မဖြစ်သူနေထိုင်တဲ့ ဘေသုန်မြို့ကို လိုက်သွားခဲ့ပါတယ်… ထန်ရဲ့ အစ်မမှာ သမီးလေးတစ်ယောက်ကျန်ခဲ့ပြီး တစ်ဦးတည်းသောတူမလေးကို အုပ်ထိန်းမဲ့သူမရှိတာကြောင့် ထန်တစ်ယောက် ဘုန်းကြီးဘဝကနေ လူဝတ်လဲခဲ့ရပါတယ်…တူမလေးကို စောင့်ရှောက်ရင်းနဲ့ အစ်မဖြစ်သူရဲ့ လုပ်ငန်းတွေကိုပါ ဆက်လက်ထိန်းသိမ်း‌ပေးဖို့ဖြစ်လာခဲ့တယ်…ဒါပေမဲ့ ငယ်စဉ်ကတည်းက သာသနာ့ဘောင်မှာကြီးပြင်းခဲ့တာကြောင့် သာမာန်လူတွေနဲ့ ရင်ဘောင်တန်းရတဲ့ လောကီရေးရာတွေမှာ အခက်အခဲတွေ အများကြီးတွေ့ကြုံတွေ့ခဲ့ရပါတယ်… အစ်မဖြစ်သူရဲ့ သေဆုံးမှုကရော ပုံမှန်ဟုတ်ရဲ့လား… လူတွေရဲ့ စိတ်နေသဘောထားတွေ ယုံကြည်ကိုးကွယ်မှုတွေ အတွေးအမြင်အယူအဆတွေ စသဖြင့်… ရှုပ်ထွေးလှတဲ့ လူ့ဘောင်လောကမှာ ဘုန်းကြီးလူထွက်လေး ထန်တစ်ယောက် ဘယ်လိုနေထိုင်သွားမှာလဲ… ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုကြပါရှင်… File Size : 3.04GB / 1.05GB Quality : WEB-DL 1080p / 720p Duration: 1 hr. 45 min. Genres: Drama, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Bear Encoded by Heather Oo

Animation • Family • Comedy • Music
6.5 2003 98 mins
OK Baytong
Art of the Devil 3
6.7

Art Of The Devil III (2008) *************************** ဒီကားကတော့ အရှေ့မှာ Art of the devil I နဲ့ II ရဲ့အဆက် III ပါ… တာ့ရဲ့ အဖေက သူ့မိန်းမ သေဆုံးပြီးနောက်မှာ နောက်မိန်းမယူခဲ့ပါတယ်… အမေဖြစ်သူကို တွယ်တာလွန်းတဲ့ တာက အရွယ်ရောက်လာတော့ သေသွားတဲ့သူ့အမေကို ပြန်ခေါ်နိုင်ဖို့အတွက် အောက်လမ်းပညာနဲ့ကြိုးစားကြပါတော့တယ်… တာ့ရဲ့အမေတကယ်ပဲ ပြန်လာလို့ရမလား သူ့မိထွေးနဲ့ရော ဘာတွေဆက်ပြီးဖြစ်ကြမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်… ငယ်ငယ်က ကြားဖူးတဲ့ မြန်မာပုံပြင်တွေထဲကလို ရိုးရာမစိမ်းတဲ့ အောက်လမ်းပညာတွေနဲ့ အသည်းတယားယား ကြည့်ရှုရမှာဖြစ်ပါတယ်… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Jiyeon ဖြစ်ပါတယ်… File Size : 2.56GB / 820MB Quality : WEB-DL 1080p / 720p Duration : 01:56:00 Genres : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Jiyeon Encoded by Heather Oo

6.7 2008 85 mins
Art of the Devil 3
The 39 Steps
7.6

ဂန္ထဝင်ရုပ်ရှင်တွေ အကြောင်းပြောမယ်ဆိုရင် Alfred Hitchcock ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေကို ချန်ထားလို့ မရပါဘူး။ သူရိုက်ထားတဲ့ The 39 Steps movie. ကလည်း တစ်ကားလုံး ပဟေဠိဆန်ဆန်ကြည့်ရမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Best Director award ဆုကို 2nd place ကနေရရှိထားတဲ့ movie လေးလည်းဖြစ်ပါတယ်။ အညွှန်း ဇာတ်လမ်း ထဲမှာ ကနေဒါ နိုင်ငံသား ရစ်ချက်ဟန်နေးက လန်ဒန်ကိုလာရောက်နေထိုင်တုန်းမှာ ထူးဆန်းတဲ့ အဖြစ်အပျက်ကြုံခဲ့ရပါတယ် ။ ဗော်ဒါဗယ်လီ ပြပွဲကအပြန်မှာ ရစ်ချက်ဟန်နေးက အန်နာဘယ်လာစမစ် ဆိုတဲ့ ထူးဆန်းတဲ့ မိန်းမတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ စမစ်က သူ့သူ့ကိုယ်သူလည်း နိုင်ငံခြားစုံ‌‌ထောက် အေးဂျင့်တွေ လိုက်ဖမ်းတဲ့ စပိုင် ထောက်လှမ်းရေးတစ်ယောက်လို့လည်းပြောခဲ့တယ်။ အဲ့ညမှာပဲ သူက ဟန်နေးရဲ့ ‌အခန်းမှာ သတ်ခံခဲ့ရတယ်။ စမစ်သတ်ခံရမှုအတွက် ဟန်နေးကို လူသတ်တရားခံအဖြစ် သတ်မှတ်လိုက်ကြတယ်။ ဟန်နေးက သူစမစ်ကို သတ်တာမဟုတ်ကြောင်း သက်သေဖို့နဲ့ ဗြိတိသျှ လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့ရန်အတွက် ဟန်နေးက စကော့တလန်ကို သွားခဲ့တယ် ။ အဲကိုသွားတဲ့လမ်းမှာ သူက ပက်မလာ ဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ တွေ့ခဲ့တယ် ။ ဟန်နေးအနေနဲ့ ခြေလှမ်း ၃၉ လှမ်း ဆိုတဲ့အဖွဲ့ ရဲ့ ပဟေဠိကဘာလဲဆိုတာ ဖြေရှင်းဖို့အတွက် တာဝန်ရှိလာပြီး သူအပြစ်မရှိကြောင်း ဘယ်လိုပြသနိုင်မလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရှုရမယ့်ကားလေးပဲဖြစ်ပါတယ်ရှင့်။ ရစ်ချက် ဟန်နေးအဖြစ် Robert Donat ပတ်မလာ အဖြစ် Madeleine Carroll အန်နာဘယ်လာ စမစ် အဖြစ် Lucie Mannheim ပရော်ဖက်ဆာ ဂျော်ဒန်အဖြစ် Godfrey Tearle တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nway Nway Aung ဖြစ်ပါတယ်။) File size… 4.7 GB / 1.88 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Crime/Thriller/ Mystery Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Nway Nway Aung

Drama • Romance
7.6 1935 86 mins
The 39 Steps
Savior

Savior.1998. ဇာတ်ကားဟာ စစ်ပွဲကြောင့် လူသားများ၏ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ၊ အကြမ်းဖက်မှုများ၏ သံသရာနှင့် လူသားတို့ မျှော်လင့်ချက်ကို ဖော်ပြထား တဲ့ ဒါရိုက်တာ ပီထရက်ဂ် အန်တိုနီယေဗစ် (Predrag Antonijević) ရိုက်ကူးထားပြီး နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ ဒင်နစ်စ် ကွိတ် (Dennis Quaid) နဲ့ စတဲလန် စကာစ်ဂတ် (Stellan Skarsgård) တို့ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဥ်း——- အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိ ဂျော့ရှ် ရို့စ် ကပဲရစ်မြို့ (Paris) ရှိ အမေရိကန်သံရုံးတွင် တာဝန်ထမ်းဆောင်နေစဉ် အစ္စလာမ္မစ် အကြမ်းဖက်သမားများ၏ ဗုံးခွဲတိုက်ခိုက်မှုကြောင့် သူ့ရဲ့ဇနီး မာရီယာ နှင့် သားလေးတို့ကို ဆုံးရှုံးလိုက်ရတဲ့ ဖြစ်ရပ်ကြောင့် ဂျော့ရှ်က ဒေါသမီးတောက်ပြီး အနီးအနားရှိ ဗလီထဲမှာ ဘာသာရေးဝတ်ပြုနေသူ အများအပြားကို ပစ်သတ်လိုက်ခဲ့တယ်။ သူ့သူငယ်ချင်း ပီတာ က ဂျော့ရှ်ကို ဖမ်းဆီးရာမှ တိမ်းရှောင်ဖို့နဲ့သူ့အသက်ကိုကယ်ဖို့ နောက်ထပ် လူတစ်ဦးကိုပါ ပစ်သတ်လိုက်ရပြီးနောက် နှစ်ဦးသား ပြင်သစ် နိုင်ငံခြားရေးတပ်ထဲသို့ ဝင်ရောက်ခဲ့ကြပြီး ဂျော့ရှ်ကဂိုင် အဖြစ် နာမည်ပြောင်းပြီး နောက်နှစ် အနည်းငယ်ကြာပြီးနောက် ဂိုင်က ဘော့စနီးယား စစ်ပွဲ တွင်ပါဝင်ပြီး စစ်ပွဲရဲ့ ကြမ်းကြုတ်မှူတွေကြောင့် လူသားဆန်မှူ ကင်းမဲ့လာပြီး သူ့သူငယ်ချင်း ပီတာကိုလည်း စစ်ပွဲအတွင်းမှာ ဆုံးရှူံးလိုက်ရပါတော့တယ်။ အဲ့ဒီနောက် ဂိုင်လည်း ဂိုရန်ဆိုတဲ့ ဆာ့ဘ် ဘာစနီးယားစစ်သားတစ်ယောက်နဲ့ စစ်မီးသင့်နေတဲ့ မြို့ထဲ ဝင်ရောက်စီးနင်းရာမှ အဖမ်းခံထားရတဲ့ ဆာ့ဘ်လူမျိိူး ဗီရာဆိုတဲ့ ကိုယ်ဝန်သည်တစ်ယောက်ကို တွေ့ပြီးဗီရာက မွတ်ဆလင် မုဒိန်းကျင့်ခံထားရတာကြောင့် ကလေးကို မလို ချင်ကြောင်း ပြောပြီး ဂိုင်က တော့ ဆာ့ဘ်လူမျိုးတစ်ယောက် အနေနဲ့ သတ်ပစ်မယ်လုပ်တာကြောင့် ဂိုရန်က ပဲ ဂိုင်ကိုသတ်လိုက်ရပြီး ကလေးကို မွေးဖွားစေပြီး ဘေးကင်းရာ ကုလသမဂ္ဂ ဒေသသို့ ပို့ဆောင်ပေးလိုက်ပါတော့တယ်။ စစ်ပွဲ၏ အမှန်တကယ် ရက်စက်မှုများကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီး လူသားချင်း စာနာထောက်ထားမှုနှင့် ကရုဏာစိတ်ကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပုံကို ပုံဖော်ထားတဲ့ ဇာတ်ကားလေး မလို့ ပေးရတဲ့ အချိန်နဲ့ တန်မှာမလို့ ကြည့်ရှုခံစားလိုက်ပါ။ File size…(1.9 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…History, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Htet Naing Lin

Thriller • Adventure • Mystery • Fantasy • Horror • Science Fiction
0 1998
Savior
Saint Clare
5.8

အမေရိကန်နိုင်ငံ ပစ်မန်းဖလက်စ်ဆိုတဲ့ မြို့ငယ်လေးမှာ ကလဲရ် ဘလီကာဆိုတဲ့ ဆယ်ကျော်သက် ကက်သလစ်ကျောင်းသူလေးရဲ့ ဘဝကို အဓိကထားပုံဖော်ထားတယ်။ ပုံပန်းသွင်ပြင်အရ သာမန်ကျောင်းသူ၊ တိရစ္ဆာန်ချစ်သူ၊ သက်သတ်လွတ်စားတဲ့ ကလဲရဟာ သူရဲ့ အဖွားဂီဂီနဲ့အတူ နေထိုင်ပြီး ဘာသာရေးကိုင်းရှိုင်းသူတစ်ဦးလို ထင်ရပေမယ့် သူမှာ လျှို့ဝှက်ဘဝတစ်ခု ရှိနေတယ်။ ကလဲရဟာ စိတ်နှစ်ကိုယ်ခွဲရောဂါ (dissociative identity disorder) ရှိသူဖြစ်ပြီး သူရဲ့ ခေါင်းထဲမှာ ကြားနေရတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အသံတွေက သူကို “မကောင်းတဲ့ရည်ရွယ်ချက်ရှိသူတွေ” ကို လုပ်ကြံသတ်ဖြတ်ဖို့ လမ်းညွှန်ပေးတယ်။ ဒီအသံတွေကို ဘုရားသခင်ရဲ့ အလိုတော်လို့ ယုံကြည်ထားတဲ့ ကလဲရဟာ သူရဲ့ လုပ်ရပ်တွေကို ဘုရားသခင်ရဲ့ တရားမျှတမှုလို့ မြင်ပြီး တစ်မြို့ပြီးတစ်မြို့ ပြောင်းရွှေ့ရင်း လူဆိုးတွေကို အပြစ်ပေးနေခဲ့တယ်။ ဒါပေမယ့် ကလဲရရဲ့ နောက်ဆုံးလုပ်ကြံမှုမှာ ဂျိုး မော်တန်ဆိုတဲ့ မြို့ထဲက လူဆိုးတစ်ဦးကို သတ်ဖြတ်လိုက်တဲ့အခါ…..ဘယ်လိုလျှို့ဝှက်ချက်တွေကို ရှာတွေ့သွားမလဲဆိုတာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး File Size… (1.24 GB) / (724 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32m Genre ….Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub)

Drama • Romance
5.8 2024 92 mins
Saint Clare