YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Devildom Elephant Man ( 2023 ) 480p WEB-DL CM.mp4

389.03 MB N/A video/mp4 495 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee and Grand Canal Dragon
3

ယခုတစ်ခေါက် မှုခင်းစုံထောက်ကားတွေကြိုက်တတ်တဲ့သူတွေအတွက် စုံထောက်ကြီးဒီးရန်ကျယ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ချွေကုန့်ခုနှစ်မှာ ဝူကျဲထျန်းဟာ လုံမိန်သို့ တိုင်းခန်းလှည့်လည်ရာမှာ စီးမာချိန်ကျန်းနဲ့ မူးမတ်ရာကျော် လိုက်ပါလာခဲ့ပါတယ်။ ညအချိန် လော့ယန်က လူသောင်းချီတဲ့ လမ်းတွေပေါ်ကနေ လုံမိန်သုံး အပြေးလာကြပြီး မင်းကြီးကို လာရောက်ဖူးမြော်ကြပါတယ် အဲ့အချိန်မှာ တူးမြောင်းကြီးထဲကနေ နဂါးသဏ္ဍာန်တိရိစ္ဆာန်ကြီးက တော်ဝင်သင်္ဘောကို တိုက်ခိုက်ခဲ့ပါတယ်။ လော့ယန်မှ ပြည်သူတွေက နိမိတ်ဆိုးအဖြစ်နဲ့ ပြောဆိုနေကြတဲ့အတွက် ဝူကျဲထျန်းက ဒေါသူပုန်ထပြီး ဒီးရန်ကျယ်ကို နဂါးမင်းအမှုကို စစ်ဆေးဖို့ ပြန်လည်ဆင့်ခေါ်ခဲ့တယ်။ လော့ယန်တစ်မြို့လုံးမှာ ကောလာဟလတွေနဲ့ ပြည်သူအားလုံး ကြောက်လန့်နေကြပါတယ်။ ဒီးရန်ကျယ်တစ်ယောက် နဂါးမင်းအမှုကို ၇ ရက်အတွင်း အဖြေထွက်အောင် စုံစမ်းစစ်ဆေးဖို့ အမိန့်ကျလာတဲ့အခါမှာ အခက်အခဲတွေ အန္တရာယ်တွေကြားက အမှန်တရားကို ဘယ်လိုဖော်ထုတ်မလဲဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားအဖြေရှာလိုက်ကြရအောင်နော်။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Thriller , Drama Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated & Reviewed By Moon Encoded by LK

3 2023 70 mins
Detective Dee and Grand Canal Dragon
Howling Village
5.9

ဒီဇာတ်လမ်း ဇာတ်အိမ်တည်ထားတဲ့ အိနုနခိလှိုဏ်ခေါင်းက ဂျပန်နိုင်ငံ ဖူကုအိုကာစီရင်စုမှာ အမှန်တကယ်ရှိနေတဲ့နေရာတစ်ခုပါ။ သရဲခြောက်တဲ့နေရာမှာ နာမည်ကြီးပြီး ကြမ်းတဲ့နေရာတစ်ခုလို့ ဆိုလို့ရပါတယ်။ လှိုဏ်ခေါင်းထဲမှာရော အနီးတဝိုက်မှာပါ လူသတ်မှုတွေဖြစ်ခဲ့ပြီး ဂျပန်ရဲ့ကြောက်စရာအကောင်းဆုံးနေရာလို့ ပြောကြရတဲ့အထိပါပဲ။ သရဲခြောက်တဲ့ဇာတ်လမ်းတွေ ယုံတမ်းစကားတွေ လည်း ဂလူထုကြားထဲမှာ အများကြီးပြန့်နှံ့နေခဲ့တာပါ။အပြင်က အိနုနခိရွာကလည်း ဇာတ်လမ်းထဲကအတိုင်းပဲ ဆည်တည်ဆောက်မှုကြောင့်‌ ရေအောက်ကိုရောက်ရှိသွားပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ စုံတွဲတစ်တွဲက အိနုနခိလှိုဏ်ခေါင်းရှိတဲ့နေရာကို ည၂နာရီမှာရောက်ပြီး ဗီဒီယိုရိုက်နေကြပါတယ်။ လှိုဏ်ခေါင်းနားက ဖုန်းရုံက ည၂နာရီတိတိမှာ ဖုန်းမြည်လာတာကြောင့် ကောင်မလေးဖြစ်တဲ့ အခိနက ဖုန်းကို ကိုင်လိုက်ပါတယ်။ တစ်ဖက်ကပြောလိုက်တဲ့စကားကြောင့် ကောင်မလေးနဲ့ကောင်လေးလည်း ချက်ချင်းပဲ လှိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။ ဒါပေမဲ့ ခြောက်ခြားစရာတွေ တွေ့ကြုံလိုက်ရပြီး သွေးရူးသွေးတန်းနဲ့ အိမ်ပြန်ပြေးလာကြပါတယ်။ နောက်နေ့မှာတော့ အခိနက ကြောင်တောင်တောင်ဖြစ်နေပါပြီ။ မကြာခင်မှာပဲ အခိနဟာ ရေစင်အမြင့်ကြီးကနေ ခုန်ချပြီးသေဆုံးသွားခဲ့ပါတယ်။ ချစ်သူသေဆုံးသွားလို့ ဝမ်းနည်းနေတဲ့ကောင်လေးဖြစ်သူ ယုမက မကျေနပ်ချက်ကြောင့် လှိုဏ်ခေါင်းထဲကို နောက်တစ်ခေါက်ထပ်သွားရင်း ပျောက်ဆုံးသွားပါတယ်။ အဲဒီလှိုဏ်ခေါင်းရှေ့ကဖုန်းရုံမှာ ဖုန်းဝင်လာတာကို ကိုင်မိတဲ့သူတိုင်း ရေနစ်တဲ့လက္ခဏာတွေနဲ့ ထူးဆန်းစွာ သေဆုံးကုန်ပါတယ်။ ယုမရဲ့အစ်မဖြစ်သူ စိတ်ရောဂါကုဆရာဝန် ခနအဲက သူ့မောင်လေးကိုပြန်ရှာဖို့ လှိုဏ်ခေါင်းနဲ့ပတ်သက်တာတွေကို လိုက်စုံစမ်းရာက သူတို့မျိုးရိုးရဲ့အတိတ်တွေကိုပါသိလိုက်ရပါတော့တယ်။အစ်မဖြစ်သူလည်း မောင်လေးကိုကယ်ဖို့အတွက် လှိုဏ်ခေါင်းထဲကိုဝင်ပြီး လိုက်ရှာတဲ့အခါမှာတော့.. Ju-On:The Grudge,Suicide Forest villageနဲ့ Ox-Head villageတို့ကိုရိုက်ကူးတဲ့ဒါရိုက်တာရဲ့ 2020ထွက် Horrorကားကောင်းတစ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူက‌တော့ Ingyin San ပါ ) File Size__(1GB) Quality__BluRay_720p IMDb Rating__5/10 Format__mp4 Duration__01:45:00 Type__Horror, Mystery, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Adventure • Fantasy
5.9 2020 108 mins
Howling Village
Ghosts of Christmas Always
7.6

Ghosts of Christmas Always (2022) စာရေးဆရာကြီး Charles Dickens ရဲ့ Christmas Carole ကိုမသိသူရှိမယ် မထင်ပါဘူး စာအုပ်နဲ့တဖုံ ရုပ်ရှင်တွေနဲ့ တလှည့် version မျိုးစုံထွက် ခဲ့ပါတယ် Christmas Carole နဲ့ Christmas Day ဟာ အနောက်နိုင်ငံမှာတော့ ခွဲလို့တောင် မရပါဘူး သီချင်းတွေလဲ များစွာထွက်ခဲ့ပြီး Christmas vibe ကို အမျိုးမျိုးပုံဖော်ကြပါတယ် ဒါပေမယ့် ထွက်ခဲ့သမျှ Christmas ရုပ်ရှင်တွေမှာ မူလဇစ်မြစ်ဖြစ်တဲ့ Christmas အကြိုနေ့မှာ လူတယောက်ဆီ တစ္ဆေသုံးကောင် ရောက်လာတယ်ဆိုတာတော့ မပြောင်းလဲသေးပါဘူး အခုဒီကားမှာလဲ ပီတာဘယ်ရွန်ဆိုတဲ့ ကောင်လေးဆီ အတိတ် ပစ္စုပ္ပန်နဲ့ အနာဂတ် တစ္ဆေ ၃ကောင် အစွဲချွတ်ဖို့ ရောက်လာကြတယ် ဒါပေမယ့် ခက်တာက ပီတာတယောက်က မူရင်း ဝတ္ထုထဲက main character Scrooge လို ကပ်စီးနည်းကော်တရာ တချိန်လုံး အလုပ်ပဲလုပ်ဘာမှ ပေးကမ်းရကောင်းမှန်းမသိတဲ့ လူ့ဂွစာတယောက် မဟုတ်ပဲ တကယ်ကိုကြင်နာတတ် အပေးကမ်းရက်ရော တတ်တဲ့သူတယောက်ဖြစ်နေပါတယ် အဲ့လိုလူနဲ့မှ တစ္ဆေ ၃ကောင်တွေ့ပီး ဘယ်လိုဆက်ဖြစ်မလဲကတော့ ကိုယ့်ဟာကိုယ်သာကြည့်လိုက်ကြပါ Christmas ရာသီဒီဇင်ဘာလဲရောက်ပီဆိုတော့ Christmas vibe ကိုရမယ့် အရာလေးတွေလဲပိုပိုမြင်ရလာပါပြီ ကိုယ့်မိသားစု သူငယ်ချင်းမိတ်ဆွေတွေနဲ့အတူ ဒီဇင်ဘာဆောင်းညလေးမှာ ပေါက်ပေါက် အတူစားရင် ကြည့်မယ်ဆိုရင်တော့ တကယ်ကိုကောင်းတဲ့ Charles Dickens Christmas Carole ရဲ့ Another Version of Christmas ကားလေးပဲဖြစ်ပါတယ် အဲ့ထက်ပိုပြီးမညွှန်းတော့ပါဘူး ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ ) File Size__(1.7GB) / (850MB) Quality__WEB-DL_1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:30:00 Type__Comedy, Drama, Family Subtitle__Myanmar Subtitle (Hardsub) Translated by Hein That Naing Encoded by Naing Aung Latt

Drama • Horror • Science Fiction • Thriller
7.6 2022 84 mins
Ghosts of Christmas Always
[18+] Snow Woman

ရွာထဲက ယောကျ်ားတွေကိုသတ်ပစ်တယ်ဆိုပြီး နာမည်ကြီးနေတဲ့နှင်းမိစ္ဆာ… တစ်ရွာလုံးက ယောက်ျားတွေမုန်းနေကြတဲ့ နှင်းမိစ္ဆာ… နှင်းမိစ္ဆာက ယောက်ျားတွေကိုစားသတဲ့… ယောက်ျားတွေက နှင်းမိစ္ဆာကိုပလစ်ကြတာကိုတော့ ဘယ်သူမှမပြောကြဘူး.. နှင်းမိစ္ဆာကိုကစားခဲ့ကြတာကိုလည်း ပြန်မပြောခဲ့ကြဘူး။ တကယ်တော့ နှင်းမိစ္ဆာက ဘယ်သူ့ကိုမှမစားပါဘူး… သူ့ကိုလာချစ်ကြတဲ့ယောက်ျားလေးတွေရဲ့ ငယ်ပါကိုပဲ အေးခဲသွားအောင်လုပ်တာပါ။ ဒါပေမဲ့ထူးခြားတာတစ်ခုက နှင်းမိစ္ဆာကလည်း ခံစားချက်နဲ့မို့လို့ ကောင်းရင်ကောင်းသလောက် သူလည်းသေလုနီးပါးဖြစ်တတ်ပါတယ်။ ဒါကိုမသိတဲ့ လူလိမ်နီအဲတစ်ယောက် အရမ်းလှတဲ့နှင်းမိစ္ဆာနဲ့ မတော်တဆစိတ်ပါပြီး ချစ်မိကြပြီးနောက် တစ်ရွာလုံးက သူ့အိမ်မှာနှင်းမိစ္ဆာကိုလာဖမ်းတဲ့အခါ…. အချစ်လွန်ထားကြတဲ့ သူတို့နှစ်ယောက် ရွာသားတွေရဲ့လက်ကနေ လွတ်နိုင်မလား? နှင်းမိစ္ဆာရဲ့သနားစရာဘဝကိုပဲ နားလည်သွားကြမလားဆိုတာ နားကြပ်လေးတပ် မီးလေးပိတ်ပြီး နှင်းမိစ္ဆာကိုခံစား (မှားလို့) ဇာတ်လမ်းကိုခံစားလိုက်ပါဦးဗျာ….

0 2009
[18+] Snow Woman
Dear Jo: Almost is Never Enough
8.4

Dear Jo: Almost is Never Enough (2023) ဒီသံသရာလောကကြီးမှာ ကျွန်တော်တို့ဘဝတွေဟာ ကံဇာတ်ဆရာညွှန်းရာ အလိုကျကပြနေကြရတဲ့ ဇာတ်ကောင်တွေပဲလေ ဖယောင်းလမ်းလို့ ထင်ခဲ့တဲ့ ဘဝ‌ခရီးတွေဟာ အချိုးအကွေ့တွေမှာ ဆူးခင်းလမ်းဖြစ်သွားနိုင်အောင် ကြမ်းတမ်းသွားနိုင်တာပါပဲ ဘဝခရီးမှာ အဆုံးထိအပြုံးမပျက် လျှောက်လှမ်းဖို့အတွက် ဘယ်အရာက အလိုအပ်ဆုံးဖြစ်မလဲ……. အဲ့မေးခွန်းလေးကို ဒီ Dear Jo: Almost is Never Enough ဆိုတဲ့ အင်ဒိုကားလေးထဲမှာပဲ အေးဆေးငြင်သာစွာ ခံစားအ‌ဖြေရှာကြည့်ကြတာပေါ့ လူတစ်ကိုယ်အဖြေတစ်မျိုးတော့ ရလာကြမှာပါပဲ ဘာအဖြေမှမရခဲ့လဲ တွေးစရာတွေတော့ ကျန်ခဲ့ကြပါလိမ့်မယ် အင်ဒိုကားတွေထဲမှာ အက်ရှင်ကား ဖိုက်တင်ကား သရဲကားတွေပဲကြည့်ဖူးရာကနေ ခုဇာတ်ကားလေးကြည့်လိုက်မှပဲ အင်ဒိုတွေရဲ့ ဒရာမာနိုင်နင်းမှုကို ချီးကျူးရပါတော့မယ် ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် ကြိုမှန်းရင်လဲမှန်းကြည့်လို့ရပါတယ် ဒါပေမဲ့ အားလုံးခံစားရမှာကတော့ ဒါက ဇာတ်လမ်းတစ်ခုမဟုတ်ပါဘူး ကိုယ့်ဘဝကိုထင်ဟပ်ပြမဲ့ ကြေးမုံပြင်တစ်ခုပါ မိဘအိမ်နဲ့ဝေးခဲ့တဲ့ သားသမီးတစ်ယောက်လား ချစ်ရသူနဲ့ အိမ်မက်တွေမပြည့်စုံတဲ့လူငယ်လေးတစ်ယောက်လား ကိုယ့်အချစ်ဆုံးသူကို ဆုံးရှုံးခဲ့ရသူလား ဘယ်လိုပဲဖြစ်ဖြစ် ဒီဇာတ်လမ်းလေးကိုကြည့်ရှုရင်း တိုက်ဆိုင်တာလေးတွေရှိရင် တွေး‌ရင်းငေးရင် ဆွေးကြရအောင်…. အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p | 720p File size… 1.5GB | 710MB Format… mp4 Duration…. 1h 46min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

8.4 2023
Dear Jo: Almost is Never Enough
JFK: What The Doctors Saw
7.5

JFK: What The Doctors Saw (2023) ~ IMDb – 7.5/10, Rotten Tomatoes – 83% ~ Q: “ကနေဒီ” ကို ဘယ်သူသတ်သလဲ။ Me: “ကနေဒီ” ကို အမေရိကန်အစိုးရက သတ်လိုက်ပါတယ်။ ကျွန်တော်တို့တတွေ ဇာတ်ကားတွေတိုင်းမှာ ကမ္ဘာပျက်လုနီးအဖြစ်တွေကို ကယ်တင်နေကျ FBI အေးဂျင့်တွေ လျှို့ဝှက်ထောက်လှမ်းရေးသမားတွေက နိုင်ငံတော်အဆင့် လုပ်ကြံမှုကြီးကို စစ်တပ်နဲ့ တွဲဖက်ပြီး လုပ်ဆောင်ခဲ့တယ်ဆိုတော့ အဖြစ်မှန်က ဇာတ်ကားနဲ့ မတူဘူးလို့ပဲ ပြောရမလား။ ကနေဒီ ကို ပစ်သတ်ခဲ့တဲ့ သေနတ်သမား “လီ ဟာဗေး အောက်စ်ဝဲလ်” ဆိုတာ နယ်ရုပ်လေးတစ်ခုပဲလား။ သေနတ်သမားတစ်ယောက်တည်းပါဆိုပြီး ကျားကျားမီးယပ်ပြောနေတဲ့ အစိုးရအဖွဲ့ဝင်တွေ ရင်ခွဲစစ်ဆေးခဲ့တဲ့ ရေတပ်က ဆရာဝန်တွေဟာ သမိုင်းတွင်လောက်တဲ့ အမှားအယွင်းကြီးကို ရိုးရိုးသားသားလုပ်မိတာလား၊ ဆန်းဆန်းပြားပြားလုပ်ခဲ့တာလား။ ယုတ်စွအဆုံး လုပ်ကြံမှုစုံစမ်းရေးအတွက် ဖွဲ့စည်းခဲ့တဲ့ ဩဇာတိက္ကိမရှိသူတွေပါဝင်တဲ့ ဝါရန် ကော်မရှင်ကလည်း ဒီပုတ်ထဲကဒီပဲ အရသာပဲထွက်လာတဲ့ ဟင်းတစ်ခွက်ပဲလား။ သမ္မတ ကနေဒီက သေနတ်ဒဏ်ရာ သုံးခုနဲ့ သေဆုံးခဲ့တယ်။ နောက်ကျော ပုခုံးညပ်ရိုးပေါ်မှာတစ်ခု၊ လည်ပင်းအရှေ့ဘက် လေပြွန်နားမှာတစ်ခု၊ ဦးခေါင်းညာဘက် ပွင့်ထွက်ဒဏ်ရာတစ်ခု။ ဒါပေမဲ့ လုပ်ကြံမှုစုံစမ်းရေးသမားတွေက ဦးခေါင်းကို ပြန်ချုပ်ပြီး အကောင်းပတိဟန်ပန်လုပ်၊ နောက်ကျောက ကျည်ဆံဝင် လည်ပင်းက ပြန်ထွက်ပါတယ်ဆိုပြီး ကျည်တစ်တောင့်တည်းသီအိုရီတွေပါ တွက်ပြလာတော့ အမှန်ကို သိတဲ့၊ ကနေဒီ မသေခင်မှာ ပြုစုကုသခွင့်ရလိုက်တဲ့ ပါ့ခ်လန်းဒ်ဆေးရုံက ဆရာဝန်တွေ ခေါင်းတစ်ခါခါဖြစ်ရတာပေါ့။ ဒါပေမဲ့ ဘယ်သူမှ တစ်ခွန်းမှ မဟရဲပါဘူးလေ။ ထောက်လှမ်းရေးသမားတစ်ယောက် အနားကပ်လာပြီး “ကိုယ့်လူ မဆိုင်တာတွေ ထင်ရာမြင်ရာ လျှောက်ပြောမနေနဲ့၊ ခင်ဗျားအကျိုးအတွက်ပြောတာ” ဆိုပြီး စေတနာဗရပွနဲ့ သတိပေးသွားတော့ အခုလက်ရှိအချိန်အထိ ရေငုံနှုတ်ပိတ်ကြပေါ့လေ။ ဒီတော့ ဒါဟာ လူကြီးမင်းတို့အနေနဲ့ သမ္မတကနေဒီ ဘယ်လိုဆုံးပါးခဲ့သလဲ… ဘယ်သူလုပ်ကြံခဲ့သလဲ… လုပ်ကြံသူကို ဖုံးဖိဖို့ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် ကြိုးစားခဲ့ကြသလဲ… ဒီကြားထဲကမှ အဖြစ်မှန်က မလူးသာ မလွန့်သာ ရိုးတိုးရိပ်တိပ် ပေါ်လာပုံတွေကို ဗဟုသုတရဖွယ် ကြည့်ရှုရမယ့် ရုပ်သံမှတ်တမ်းတစ်ခုဖြစ်ပါကြောင်း။ (ဒီမှတ်တမ်းရုပ်ရှင်နဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 770MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 32Min Genre – Documentary, History Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

7.5 2023
JFK: What The Doctors Saw
Orion and the Dark
6.7

Orion and the Dark (2024) ~ IMDb – 6.7/10, RT – 87%, Meta – 74% ~ ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။ လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ အကြောက်တရားမျိုးလည်းရှိတယ်။ ဒီကာတွန်းကတော့ အရာရာကို ကြောက်နေတဲ့ အိုရီယွမ်ဆိုတဲ့ ကောင်လေးတစ်ယောက်အကြောင်းပေါ့။ အိုရီယွမ်က ခြင်ကိုက်တာကအစ အိမ်သာဆို့ပြီး တစ်ကျောင်းလုံးရေမြုပ်မှာအဆုံး အရာအားလုံးကို ကြံဖန်ကြောက်နေတဲ့ကောင်လေးပေါ့။ ယုတ်စွအဆုံး သူချစ်တဲ့ကောင်မလေးကို စကားသွားပြောဖို့ပါ ကြောက်နေတဲ့ကောင်။ သူအကြောက်ဆုံးအရာကတော့ သူ ညတိုင်း ကြုံနေရတဲ့အရာ… အမှောင်ထု။ အမှောင်ကို သူကြောက်တာကတော့ အမှောင်ကို သူနားမလည်လို့ ကြောက်တယ်ပြောရမယ်။ အမှောင်ထုက သူထင်သလောက်ဆိုးနေတဲ့ကောင်တော့ မဟုတ်ဘူး။ ဆိုးဖို့ဝေးစွ ခင်တတ်မင်တတ်တဲ့ တော်တော်ကောင်းတဲ့လူလို့ပြောရမယ်။ အမှောင်ထုက အိုရီယွမ်ကို သူ့ကို မကြောက်ဖို့ပြောပြီး ကမ္ဘာကြီးအတွက် သူဘယ်လိုတာဝန်တွေ ထမ်းဆောင်နေလဲပြဖို့ ညကမ္ဘာကြီးကိုလိုက်ပြတယ်။ ဒါပေမဲ့ သိပ်ကြောက်တတ်တဲ့ အိုရီယွမ်ကတော့ ကြောက်နေမြဲပဲ။ ဒီတော့ အမှောင်ထုက အိီုရယွမ်ကို ညကမ္ဘာကြီးထဲက တခြားညဖြစ်တည်မှုတွေဆီ ခေါ်သွားတယ်။ အဲဒီအရာတွေကတော့… အိပ်မက်ကောင်း, အိပ်စက်ခြင်း, အိပ်မပျော်ခြင်း, တိတ်ဆိတ်ခြင်း, အမျိုးအမည်မသိဆူညံသံများ တို့တတွေပေါ့။ တစ်နည်းပြောရရင် ညဘက်မှာပဲ ရှိနေတတ်တဲ့ အရာတွေပါပဲ။ အမှောင်ထုဟာ အိုရီယွမ်တစ်ယောက် သူတို့အုပ်စုတွေ ညဘက်မှာ ကမ္ဘာကြီးအတွက် ဘယ်လိုတာဝန်တွေ ဘယ်လိုပုံနဲ့ ထမ်းဆောင်နေလဲကြည့်ရင်း သူတို့ကို အကောင်းမြင်လာပြီး သူ့အကြောက်တရားကို သူကျော်လွှားပြီး ပျော်ပျော်ကြီးရှင်သန်သွားနိုင်စေဖို့ ရည်ရွယ်ခဲ့တာပေါ့။ ဒီလောက်ပဲ ဖတ်ရင်ကို ဒီကား ဘာဆက်ဖြစ်မလဲ ခင်ဗျားတို့မှန်းမိနေလောက်ပြီ။ ကလေးကြည့် ကာတွန်းကားပဲလေ။ ထုံးစံအတိုင်း အိုရီယွမ်လေးတစ်ယောက် အမှောင်ကို မကြောက်တော့ဘဲ အကြောက်တရားကို ကျော်လွှားနိုင်သွားပြီး ဇာတ်ကောင်တွေအတူတူပျော်ပျော်ပါးပါးနဲ့ ပြီးပါပြီ စာတန်းထိုးသွားမှာပေါ့။ ဒီလိုထင်ရင် ခင်ဗျား အမှားကြီးမှားပါလိမ့်မယ်။ မှားဆို ဇာတ်ညွှန်းဆရာက Charlie Kaufman ကိုး။ Eternal Sunshine of the Spotless Mind ကို ရေးခဲ့တဲ့သူ… Being John Malkovich နဲ့ Adaptation တို့ကိုရေးခဲ့တဲ့သူ… I’m Thinking of Ending Things ကို ရေးခဲ့ရိုက်ခဲ့တဲ့သူပါပဲ။ သူ့အကြောင်းသိတဲ့လူတွေကတော့ Charlie Kaufman ရေးတာဆိုတာနဲ့တင် ဒီကာတွန်းကားကို ပြေးကြည့်ကြမှာပဲ။ ဒီဇာတ်လမ်းဟာ ကျွန်တော်ထင်သလို မြင်နေကျ ကာတွန်းဇာတ်လမ်းမျိုး မဟုတ်ခဲ့သလို ကာတွန်းကားတွေရဲ့စံကိုလည်း အများကြီး ကျော်မသွားဘူး။ လတ်တလောထွက်ထားတဲ့ထဲ ကောင်းတာလည်း မရှိသေးတော့ လတ်တလောထဲတော့ အကောင်းဆုံးအမေရိကန်ကာတွန်းကားလို့ပြောရမှာပဲ။ Wish တို့ ဘာတို့ထက်လည်း အများကြီးသာတယ်။ ဘာတွေဆက်ဖြစ်မလဲတော့ မသိတာပိုကောင်းလိမ့်မယ်။ Charlie Kaufman ဟာ ကလေးကာတွန်းကိုမှ ဖြစ်တည်မှုဒဿနလို ဖလော်စာသားတွေကိုတော့ အဆစ်ထည့်သွားသေးတော့ ကာတွန်းကားသက်သက်ဆိုပြီး သိပ်တော့ အထင်သေးမရဘူး။ တစ်ခု ကျွန်တော်သေချာတာက Charlie Kaufman ဟာ ဒီဘက်ခေတ်ကလေးတွေကို ကောင်းကောင်းနားလည်တယ်ဆိုတာပဲ။ ဘာလို့လဲတော့ ကားကြည့်ရင်သိလိမ့်မယ်။ အိုရီယွမ်ကို သူ့အဖေနဲ့အမေပြောခဲ့တဲ့စကားလိုပေါ့… လူတိုင်း ကြောက်တတ်ကြတာပဲ ကြောက်တတ်တာက ဘာမှမဖြစ်ဘူး ရတယ် ကြောက်နေလို့ ဘာမှမလုပ်မှဘဲ မှားသွားမှာတဲ့။ ဒီဇာတ်လမ်းဟာ “လူတိုင်းကြောက်တတ်ကြတဲ့အကြောင်း” ပါပဲ။ Orion and the Dark ဟာ ကျွန်တော်တို့ကို ညခင်းရဲ့ အလှတရားတွေအကြောင်း ပြောပြပေးမယ့် ဇာတ်လမ်းတစ်ပုဒ်လို့ဆိုလည်းမမှားပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 715MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 30Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2024 90 mins
Orion and the Dark
Strange Tales from a Chinese Studio: Pupil’s Language
5.7

တစ်ခါက ယုံအန်းမှာ ပန်းချီဆွဲတော်တဲ့ ဖန်းသုန်းလို့ခေါ်တဲ့ သခင်လေးတစ်ပါးရှိပါတယ် ။ သူက အိမ်ကအလုပ်တွေကိုကူညီလုပ်ပေးလေ့မရှိဘဲ အမြဲတမ်းဆောင်ကြာမြိုင်ပဲသွားသွားနေပြီး ဖခင်ဖြစ်သူဆီက အမြဲလိုလိုလိုက်အရိုက်ခံနေရတဲ့သူတစ်ယောက်ပေါ့ ။ တကယ်တော့ သူဆောင်ကြာမြိုင်ကိုသွားတာကလည်း အကြောင်းအရင်းရှိပါတယ် ဆောင်ကြာမြိုင်က မိန်းကလေးလင်အာကို စောင်းတီးခိုင်းပြီး သူကပန်းချီဆွဲဖို့ပါ ။ ဒါပေမဲ့ တစ်နေ့ကျ မိန်းကလေးလင်အာက သူ့ပုံတူပန်းချီကို မျက်စံမခြယ်ဖို့တားမြစ်ခဲ့ပါတယ် ။ ဒါပေမဲ့ သခင်လေးဖန်းသုန်း အိမ်ပြန်ရောက်လာတဲ့ အခါမှာ သိချင်စိတ်နဲ့ မျက်စံကိုခြယ်သလိုက်ချိန်မှာတော့ မထင်မှတ်ထားပဲ နေရာမှာတင် မေ့လဲသွားခဲ့ပါတယ် ။ သခင်လေးဖန်းသုန်းမေ့လဲသွားတာက မိန်းကလေးလင်အာနဲ့သက်ဆိုင်နေမလား ? ယုံအန်းကလူပျောက်မှုတွေကတော့ ဘယ်သူနဲ့သက်ဆိုင်နေလဲ ? သခင်လေးဖန်းသုန်းရဲ့အိမ်က မွေးစားညီမလေးကရော သူ့အစ်ကိုရောဂါကုဖို့ ဘယ်လိုတွေစတေးသွားမလဲဆိုတာကို ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုပေးကြပါအုံးရှင် ။

5.7 2024
Strange Tales from a Chinese Studio: Pupil’s Language
The Birds
7.6

Classic Films တွေကြိုက်တဲ့သူဆို Alfred Hitchcock ကို သိကြမယ်ထင်ပါတယ်။ ဒီဇာတ်ကားက England က Sir ဘွဲ့ရထားတဲ့ directior တစ်ယောက်ဖြစ်သလို Film လောကမှာ influential အဖြစ်ဆုံးတွေထဲက တစ်ယောက်ဖြစ်တဲ့ Alfred Hitchcockရဲ့ လက်ရာဖြစ်ပါတယ်။ ‌ ထပ်ဆင့်အနေနဲ့ နာမည်ကြီး စာရေးဆရာမ Daphne Du Maurier ရဲ့ ‘The Birds’ အမည်ရ ၀တ္ထုကို ရုပ်ရှင် ပြန်ရိုက်ထားတာဖြစ်ပါတယ်။ 1963 က ထွက်တာဆိုပေမည့် ခုထိ မဟောင်းသွားဘဲ ကောင်းနေဆဲပါပဲ။ IMDb မှာ 7.6 ရရှိထားပါတယ်။ ဇာတ်လမ်းအကြောင်းတော့ အများကြီးပြောမနေတော့ပါဘူး။ ဒီတိုင်း ဘာမှမသိထားဘဲ ကြည့်လိုက်တာ ပိုကောင်းမယ် ယူဆပါတယ်။ File size…(2.7 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:59:00 Genre…Drama, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by BB

7.6 1963
The Birds
Jattu Nikhattu
7.8

Jattu Nikhattu 2023 (ဂျီတန်ဒရာဆင်းဂ်ဂျပ်တူ) ကိုယ်ရေးအတ္ထုပတ္တိဆိုရင် နာမည်ကြီးပြီး ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ ဇာတ်လမ်းကိုပဲ ရေးလေ့ရှိပေမယ့် အခုတစ်ခါမှာတော့ သာမန်လူတစ်ယောက်ရဲ့ဘဝကို ဖော်ပြထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဂျီတန်ဒရာဆင်းဂ်ဂျပ်တူဆိုတဲ့သူတစ်ယောက်ရဲ့ ကိုယ်ရေးအတ္ထုပတ္တိလေးပေါ့။ ဂျပ်တူဟာ ဘဝကို အေးအေးဆေးဆေး ပျော်ပျော်ရွှင်ရွှင်ပဲ မိဘတွေနဲ့အတူ ဖြတ်သန်းနေရင်းနဲ့ပဲ တစ်နေ့မှာတော့ ကောင်မလေးတစ်ယောက်ကို မြင်မိပြီးတော့ မြင်မြင်ချင်းမှာပဲ ချစ်မိလို့သွားပါတော့တယ်။ မာနီဆိုတဲ့ နာမည်လေးတစ်ခုပဲ သိပြီးတော့ မာနီရှာပုံတော်ဖွင့်ပါတော့တယ်…. ဒီလိုနဲ့ ဂျပ်တူ့ဘဝရဲ့ အချစ်အလွမ်း, ပျော်ရွှင်မှု, ဝမ်းနည်းမှု, ဖြတ်သန်းကျော်ဖြတ်ခဲ့ရတဲ့ ဘဝအခြေအနေတွေကို တင်ဆက်ပြသထားတဲ့ ကိုယ်ရေးအတ္ထုပတ္တိဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Romance • Drama
7.8 2023 145 mins
Jattu Nikhattu
Ikaw Pa Rin Ang Pipiliin Ko
5.8

ဂီတမှူးတစ်ဖြစ်လဲ သံစုံသီဆိုတဲ့တေးအဖွဲ့တွေမှာ အစီအစဉ် ချပေးရတဲ့အလုပ်ကို လုပ်ကိုင်နေတဲ့ “မိုက်ကယ်”ဂီတအလုပ်တွေနဲ့ပဲ နစ်မြုပ်နေလို့ တစ်နေ့တစ်နေ့ အေးစက်လာနေတဲ့ မိန်းမဖြစ်သူနဲ့ ဆက်ဆံရေးကနေမှ… လက်ရှိနေနေတဲ့ မနီလာကနေ အဝေးမှာ သွားလုပ်ရမယ့် အလုပ်တစ်ခုကို လက်ခံပြီးနောက် လင်မယားကွဲဖို့ဖြစ်လာပါတော့တယ်… အဲဒီသူပြောင်းရွှေ့မယ့်ဒေသမှာ ရှိနေတာကတော့ ဂျက်ဇ် ရော့ဒရီဂက်ဇ်ဆိုတဲ့ ကောင်မလေးပါ အဲဒီကောင်မလေးကလည်း သီချင်းဆိုရတာကိုအရမ်းချစ်လွန်းလို့ အဲဒါကို နားလည်မပေးနိုင်တဲ့ ကောင်လေးဖြစ်သူနဲ့ပါ ပြတ်စဲပြီး အသည်းကွဲနေခဲ့တာဖြစ်ပါတယ်.. အဲဒီလိုနှစ်ယောက်က သံစုံတေးဂီတအဖွဲ့တစ်ခုမှာ ဂီတမှူးနဲ့ သံစုံအဖွဲ့ဝင် အနေနဲ့ စတွေ့တဲ့အချိန်မှာပဲ အချင်းချင်းကတောက်ကဆဖြစ်ကြပါတယ် ဂီတကြောင့်ပဲ မိန်းမဖြစ်သူနဲ့ကွဲပြီး ကောင်လေးနဲ့ပါ လမ်းခွဲလိုက်ရတဲ့သူတို့… ဂီတကနေတစ်ဆင့် ပြန်ပြီး ဘယ်လိုဆက်နွှယ်မိသွားကြမလဲဆိုတာကို ဒီကားလေးမှာကြည့်ရှုရမှာဖြစ်ပါတယ်…. Musical ပါဝင်တဲ့ဇာတ်ကားဖြစ်တာမို့လို့ သီချင်းစာသားတွေကိုလည်း သိပ်နားမလည်ပေမဲ့ တတ်နိုင်သလောက် အကောင်းဆုံးဘာသာပြန် ပေးထားပါတယ်… သီချင်းလေးတွေကလည်း အေးအေးလေးနဲ့ နားဝင်ချိုတာမို့လို့ ဇာတ်လမ်းကြည့်ရင်း သီချင်းလေးပါ နားဆင်ကြည့်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်…. File size…1.27GB / 733MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chothet_mlmt

Horror • Thriller • Comedy • TV Movie
5.8 2024
Ikaw Pa Rin Ang Pipiliin Ko
State of Emergency/ Vyjimecny Stav

စစ်ပွဲရပ်ဝန်းတစ်ခုမှာ သတင်းပို့ပြီးနောက် ပရာ့ဂ်မြို့ကိုပြန်လာတဲ့ သတင်းထောက် Karel Beran အကြောင်း ချက်နိုင်ငံမှဟာသကားဖြစ်ပါတယ်။ သေနတ်ပစ်ခတ်တာတွေပြီးသွားတဲ့နောက်မှာတော့ အိမ်ကနေ သတင်းပို့ဖို့ ဟန်ဆောင်တဲ့အခါမှာ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်ရတယ်။ ရုပ်ရှင်က ရယ်စရာကောင်းပြီး မီဒီယာက အမှန်တရားကို ဘယ်လိုဘယ်ပုံနဲ့လှည့်စားနိုင်ကြောင်းပြထားတာပါ။ Karelကပရမ်းပတာအခြေအနေကလွတ်မြောက်ဖို့ မုသားနှင့်ဟာသကိုအသုံးပြုခဲ့ပါတယ်။ လူအချို့က ဟာသဖျော်ဖြေမှုတစ်ခုအနေနဲ့ကြိုက်ကြပေမယ့်အချို့က တော့ဒီဇာတ်ကားကိုနက်နဲတယ်လို့မထင်ကြပါဘူး။ အမှန်တရားနှင့် မီဒီယာပိုင်းဆိုင်တဲ့ အရေးကြီးတဲ့အကြောင်းအရာတွေပါတာကိုပေါ့ပေါ့ပါးပါးရိုက်ကူးထားတာမလို့ အေးဆေးကြည့်လို့ရတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ba Nyar Aung

0 2024
State of Emergency/ Vyjimecny Stav
Joe Crist
5.5

၂၀၂၄ ခုနှစ်ကထွက်ရှိထားတဲ့ Joe Crist ကတော့ ကောင်းဘွိုင်တွေရဲ့ Comedy ဇာတ်လမ်းအမျိုးအစားပဲ ဖြစ်ပါတယ်။ တစ်ချိန်က မြို့ထဲကလူဆိုးတွေဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ ဆုငွေမုဆိုး Joe Crist ဟာ သုံးနှစ် ကြာအောင်ပျောက်ကွယ်သွားပြီးနောက်မှာ မြို့ကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။ မိတ်ဆွေဟောင်းဒဲလ်ကိုလာတွေ့ရင်း အရက်ဘားက စားပွဲထိုးမလေးမက်ဂီကိုလည်း ချစ်မိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ Joe ကိုအမှတ်မထင်တွေ့လိုက်တဲ့ အမျိုးသမီးတစ်ဉီးက သူ့သမီးလေးကိုရှာပေးဖို့ အကူအညီ တောင်းခဲ့ပါတယ်။ မြို့မှာခဏလောက်ဆက်နေဖို့ဆုံးဖြတ် လိုက်တဲ့ Joe ဟာ ဟိုတယ်အခန်းထဲဝင်ဝင်ချင်းမှာတင် လုပ်ကြံသတ်ဖြတ်ခံလိုက်ရပါတယ်။ ပြောင်းချောသေနတ်ရဲ့ အားကြောင့် ဟိုတယ်ခန်းထဲကနေတောင်လွင့်ထွက်သွားခဲ့တဲ့ Joe ဟာ ထူးထူးဆန်းဆန်း အသက်မသေဘဲ ရက် ၄၀ ကြာလို့ သတိပြန်ရလာချိန်မှာ ထူးခြားတဲ့အစွမ်းတွေတောင် ပိုင်ဆိုင် ထားတာကို သိလိုက်ရပါတော့တယ်။ လူသေကိုတောင်ပြန်ရှင်စေနိုင်တဲ့အစွမ်းတွေနဲ့ Joe တစ်ယောက် သူ့ကိုလုပ်ကြံခဲ့တဲ့မြို့ခံလူမိုက်ဂိုဏ်းကို ဘယ်လိုဖြိုခွင်းသွားမှာလဲ…. ပျောက်ဆုံးနေတဲ့ကောင်မလေးတွေကို ရှာဖွေပေးနိုင်မှာလား… သနားစရာကောင်းတဲ့ဒေသခံတွေကို ဘယ်လိုကယ်တင် ပေးမှာလဲဆိုတာ ပေါ့ပေါ့ပါးပါးဟာသတွေနဲ့အတူ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (728 MB) / (355 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….53m Genre …. Wastern Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Horror • Thriller
5.5 2024 53 mins
Joe Crist
Goodbye Mom
6.7

Goodbye Mom (2009) ************************ IMDb….. 6.7 Goodbye Mom ကတော့ ၂၀၀၉ခုနှစ်မှာထွက်ခဲ့ပြီး အမေနဲ့သမီးကြားက ဆက်ဆံရေးကို ဦးစားပေးရိုက်ကူးထားတဲ့ မိသားစုကိုရီးယားဟာသကားလေး တစ်ကားဖြစ်ပါတယ်။ ၂၀၁၀ ခုနှစ် ရှန်ဟိုင်းနိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ Best Director for Asian New Talent ဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်လို့ တစ်ကားလုံးရသအပြည့်နဲ့ကြည့်ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Cast တွေအနေနဲ့ကတော့ သမီးအဖြစ် Good casting, Hello Me တို့ထဲက ဝါရင့်မင်းသမီးကြီး တစ်ယောက်ဖြစ်တဲ့ Choi Kang Hee ရဲ့ ငယ်စဉ်အရွယ်ကို မြင်တွေ့ရမှာဖြစ်ပြီး အမေအဖြစ်အနေနဲ့ကတော့ မင်းသမီးကြီး Kim Young Ae က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း- အယ်ဂျာ (Choi Kang Hee) ကတော့ စာရေးတဲ့နေရာမှာပါရမီပါပြီး ကျောင်းပညာရေးမှာပါထူးချွန်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ လိမ္မာတဲ့စံပြကျောင်းသူပုံစံမျိုးမဟုတ်ဘဲ ဂျစ်ကန်ကန်နဲ့ အမြဲတမ်း ပြဿနာရှာနေတတ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်နေတယ်။ အယ်ဂျာရဲ့ အမေဖြစ်သူ (Kim Young Ae) ကတော့ အယ်ဂျာ ရှာသမျှ ပြဿနာတွေကို နောက်ကနေ လိုက်ရှင်းရင်း ခေါင်းပူနေရသူပေါ့။ ငယ်စဉ်ကတည်းက အမေနဲ့ တကျက်ကျက် စကားများနေရတဲ့ အယ်ဂျာဟာ အရွယ်ရောက်တော့လည်း တစ်ပုံစံတည်းဖြစ်နေပြီး အိမ်ကိုတောင်ပြန်မလာဘဲ တခြားမြို့မှာပဲ တစ်ယောက်တည်း အခြေချရင်းစာရေးဆရာမဖြစ်ချင်တဲ့ အိပ်မက်ကိုလည်း အကောင်အထည်ဖော်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါပေမဲ့အမေဖြစ်သူရဲ့ ရောဂါဟောင်းကပြန်ထလာပြီး စောင့်ကြည့်မယ့်သူမရှိဘဲ နေလို့မရတဲ့အခြေအနေဖြစ်လာတဲ့အခါမှာတော့ အယ်ဂျာဟာ အမေကိုပြုစုဖို့ အိမ်ကိုပြန်လာခဲ့ရတော့တယ်။ မတည့်အတူနေ သားအမိနှစ်ယောက် ဘယ်လိုအတူတူနေရင်း ဖြတ်သန်းသွားကြမှာလဲ… အယ်ဂျာကရော ဘယ်လိုပြဿနာတွေဆက်ရှာနေဦးမှာလဲ… အမေကရော ရောဂါနဲ့ဘယ်လိုရင်ဆိုင်သွားမလဲ.. ဆိုတာကိုတော့ Goodbye Mom ဇာတ်ကားလေးထဲမှာ မင်းသမီးကြီးနှစ်ယောက်ရဲ့ Chemistry မိတဲ့ သရုပ်ဆောင်ချက်တွေနဲ့ ခံစားကြည့်လိုက်ပါဦးနော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Vanessa ပဲ ဖြစ်ပါတယ်။) File Size : 1.69GB/ 780MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:51:02 Genre : Life, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Vanessa Encoded by Tiff

Crime • Drama • Romance
6.7 2009 111 mins
Goodbye Mom
Warriors of the Dawn
6.4

Warriors of the Dawn (2017) ************************** IMDb… 6.4 CM ပရိသတ်တွေ ပိတ်ရက်မှာ ဇာတ်ကားကောင်းလေးကြည့်ပြီး နှပ်နိုင်ဖို့ Lee Jung Jae, Yoo Jin Goo, Kim Moo Yeol စတဲ့ သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ ၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းအညွှန်း ဂျပန်တွေရဲ့ကျူးကျော်မှုကို ကြုံလာရတဲ့အခါ ဂျိုဆွန်းပြည်ရဲ့မင်းကြီးဟာ ပြည်သူတွေကို မကာကွယ်ဘဲ​ တရုတ်ပြည်ကို ထွက်ပြေးတိမ်းရှောင်သွားပါတယ်။ အဲဒီမှာ ဂွမ်ဟယ်ဆိုတဲ့ အသက် ၁၈ နှစ်ပဲရှိသေးတဲ့ အိမ်ရှေ့စံမင်းသားက အကုန်တာဝန်ယူဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ စစ်တပ်အင်အားနဲ့ လက်နက်တွေက မလုံလောက်တဲ့အခြေအနေမှာ ရှိနေတာကြောင့် အခက်အခဲတွေကြုံလာတဲ့အချိန်မှာ သူ့ဘက်က ကူညီပေးဖို့ ထိုအူဆိုတဲ့ အစားထိုးတပ်သားခေါင်းဆောင်ကို အကူအညီတောင်းခဲ့ပါတယ်။​ အစားထိုးတပ်သားဆိုတာ တပ်သားအစစ်မဟုတ်ဘဲ တပ်သားမလုံလောက်တဲ့အချိန်မှာ စစ်အင်အားဖြည့်ဖို့ အသုံးပြုခံရတာပါ။ အိမ်ရှေ့စံမင်းသားဂွမ်ဟယ်က ထိုအူနဲ့ သူ့လူတွေရဲ့အကူအညီကိုယူပြီး ဂျပန်တွေရဲ့ရန်ကို ရှောင်ရှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုခံစားလိုက်ပါဦးခင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Yee Wai မှ ရေးသားထားပေးပါတယ်။) File Size : 3.26GB/ 1.59GB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:10:32 Genre : Historical, War Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai, Yati Naing & Lai Laii Encoded by Tiff

Romance • Comedy
6.4 2017 129 mins
Warriors of the Dawn