YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Devil.S01E09.1080p.WEB-DL.CM.mp4

1.09 GB 1080p video/mp4 23 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Women of the White Buffalo

အ​မေရိကကို ဒီမိုက​ရေစီဘိုး​တော်နိုင်ငံ၊ လူ့အခွင့်အ​ရေးကို တန်ဖိုး အထားဆုံး နိုင်ငံ​တွေထဲက တစ်ခုအဖြစ်ပြောကြလျှင် လူတချို့က ရယ်ကြလိမ့်မည်၊ ထိုလူ​တွေက တခြားမဟုတ် အ​မေရိကန်နိုင်ငံမှာ ​နေထိုင်ကြတဲ့ ယူအက်စ်နိုင်ငံသား​​တွေလို့ ​ပြောရင် နည်းနည်း​တော့ ဆန်း​နေလိမ့်မည်၊ နိုင်ငံသားဟုဆိုရာ​တွင် ကိုလံဘတ်စ်​ရောက်ပြီး ​​နောက်ပိုင်း တစ်စတစ်စ​ ရောက်လာသည့် ဥ​ရောပမျိုးစပ်များကို ​ပြောတာမဟုတ်​ပေ၊ အင်ဒီးယန်းအပါအဝင် ​အ​မေရိကတိုက်ဟူ၍ ရှိကတည်း​က ​နေထိုင်လာကြသည့် ​ဒေသခံ တိုင်းရင်းသားများကို ဆိုလိုခြင်းဖြစ်သည်။ အင်ဒီးယန်းသားတို့ ဤသို့ ခံစားရသည်မှာ အ​​ကြောင်းရှိသည်၊ ကိုလံဘတ်စ် အ​မေရိကတိုက်ကို စတင်​တွေ့ရှိခဲ့သည့် ၁၄၉၂တွင် သန်း၈၀​ကျော်ရှိခဲ့​သော ​​​ဒေသခံတိုင်းရင်းသားများသည် ၂၁ရာစု အ​စောပိုင်း​တွင် ၉၀%​ကျော် ဆုံးရှုံးသွားပြီး ​​သိန်းဂဏန်းခန့်သာ ကျန်ရစ်​​တော့သည်အထိ ဥ​ရောပမျိုးစပ် - အ​မေရိကန်များသည် ​ဒေသခံ အ​မေရိကန်နိုင်ငံသား စစ်စစ်များအ​ပေါ် ဖိနှပ်ချိုးနှိမ်မှု ​ပေါင်းစုံ ကျူးလွန်ခဲ့သည်၊ နယ်​မြေများကို သိမ်းပိုက်ပြီး သီးသန့် နယ်​မြေငယ်များ ဖွဲ့စည်းပြီး ပြည်မပြည်သူများနှင့် အဆက်ဖြတ် ခဲ့သည်၊ ဒါတင်မကဘဲ နိုင်ငံသားစာရင်းက​နေ ​ဖျောက်ပစ်ဖို့အထိ စနစ်တကျ​ဆောင်ရွက်ခဲ့သည်၊ စာအဖြစ်သာ​ပြောရရင် ယုံနိုင်စရာမရှိ​​ပေမယ့် အင်ဒီးယန်းနွယ် ဖြစ်သည့် လာကိုတာမျိုးနွယ်များသည် ဒီလိုဖိနှိပ်မှုဒဏ်များကို အဆိုးဆုံး ခံစားခဲ့ရသူ​တွေဖြစ်သည်၊ ယခုDocumentaryတွင် အထက်ပါ ဖိနှိပ်မှုများအပြင် အ​မေရိကန်သမိုင်း၏ အရုပ်ဆိုး အကျည်းတန်ဆုံးWounded Knee လူမျိုးတုံးသတ်ဖြတ်မှုနှင့် လာကိုတာလူမျိုးများနှင့် တခြားအင်ဒီးယန်းတို့ ခံစားခဲ့ရသည့် နိုင်ထက်စီးနင်းမှုများအ​ကြောင်း စိတ်ဝင်စားဖွယ်​တွေ့ရှိရမှာပဲ ဖြစ်ပါတယ်။ File size…1.46GB / 633MB Quality…1080p AMZ WEB DL AAC5.1CH / 720p Format…mp4 Duration….1h 26m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by JimX

Comedy • Romance
0 2022 86 mins
Women of the White Buffalo
Sound of Metal
7.7

ဟီရိုအင်းဆေးသမားဖြစ်ခဲ့တဲ့ Punk-Metalတီးဝိုင်းတစ်ခုရဲ့ ဒရမ်သမား ရူဘင်စတုန်းအတွက်တော့ ဒီအလုပ်က တော်တော်လေးကောင်းတဲ့အစားထိုးမှုတစ်ခုပါ။ ဒီလိုနဲ့ ဆေးလိပ်၊မူးယစ်ဆေးတွေဖြတ်လိုက်ပြီး လေးနှစ်ကြာသွားတယ်။ ဒီအလုပ်ကိုလည်း သူ့ရည်းစား(လူ)နဲ့ ပျော်ပျော်ကြီး ဆက်လုပ်ရင်းပေါ့။ ဒါပေမယ့် သူ့အကြားအာရုံ ချို့ယွင်းလာတာကို တဖြည်းဖြည်းသတိထားမိလာတယ်။ ဆရာဝန်ဆီသွားပြကြည့်တော့ ရက်အနည်းငယ်အတွင်းမှာပဲ သူ့အကြားအာရုံ ၇၀%ကနေ ၈၀%အထိ ဆုံးရှုံးနေတာကို သိလိုက်ရတယ်။ ဆရာဝန်က အသံကျယ်ကျယ်ကြီးတွေကို ရှောင်ဖို့ပြောပေမယ့် Music Industry ထဲကလူဖြစ်နေတဲ့အပြင် Metal Bandတစ်ခုက ဒရမ်သမားလည်းဖြစ်နေတာကြောင့် ဘာမှ မတတ်နိုင်လိုက်ဘူး။ စိတ်ဖိစီးမှုတွေကြောင့် ရူဘင်က မသောက်တာလေးနှစ်ရှိပြီဖြစ်တဲ့ ဆေးလိပ်ကိုပါ ပြန်သောက်နေလို့ လူက စိတ်ပူလာတယ်။ ဒါကို ကုဖို့ အနည်းဆုံး ဒေါ်လာလေးသောင်းလိုတာကြောင့် မကုတော့ဘဲ လူက ရူဘင်ကို (နားမကြားတဲ့လူတွေအတွက်)ပြန်လည်ထူထောင်ရေးစခန်းဆီ ပို့တယ်။ ရူဘင်တစ်ယောက် အဲ့စခန်းမှာ“နားမကြားသူဖြစ်ရခြင်း”အကြောင်းသင်ယူသွားပြီး ဘဝအသစ်စဖို့ ပြင်မှာလား မပြင်ဘူးလား ဆိုတာကိုတော့……… ============================ “Much like heavy metal music, Sound of Metal isn't trying to give us warm, pleasant feelings.” -Emily Clark(plugged in) ဒီကားကိုကြည့်ပြီး ခံစားချက်တွေ စုံနေအောင် ရတယ်။ နားမကြားတဲ့သူတစ်ယောက်ဖြစ်လာတာနဲ့ ရူဘင်ဆီကနေ အကြောက်တရား၊ စိတ်ဖိစီးမှု၊ ဝမ်းနည်းမှုတွေ ခံစားလာရတယ်။ Emily Clarkပြောထားခဲ့တဲ့အတိုင်းပဲ ဒီဇာတ်ကားက Heavy Metal သီချင်းတစ်ပုဒ်နားထောင်နေရတာနဲ့တူတယ်။ နွေးထွေးမှုတွေမပါတာ မဟုတ်ပေမယ့် ဒါတွေကို ပြချင်တာ မဟုတ်ဘူး။ လူတစ်ယောက် သူ့ရဲ့ စွဲလမ်းမှုကို ကျော်ဖြတ်ရပုံတွေ၊ လုံးဝပြောင်းလဲသွားတဲ့ ဘဝအသစ်နေထိုင်မှုအသစ်မှာ ကြိုးစားနေကြည့်ရပုံတွေကို ပြသွားတာ။ Drummer ဘဝက ဆူညံသံတွေနဲ့ Deafဘဝက တိတ်ဆိတ်မှုတွေကို ယှဉ်ပြသွားတယ်။ Deaf Communityကြီးလည်း ချပြသွားပြီး Community ထဲကလူတွေအချင်းချင်း ဖေးမတာတွေ၊ Deafဖြစ်တာက အားနည်းချက်မဟုတ်ဘူးဆိုတာကိုပါ လှလှပပပြသွားတယ်။ ဒီဇာတ်ကားမှာတော့ Deaf Personတစ်ယောက်ရဲ့ခံစားချက်တွေကို ကြည့်ရှုသူတွေပါ ခံစားမိအောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ Riz Ahmedကို ချီးကျူးရမှာပါ။ အော်စကာစုနဲ့ လွဲခဲ့ပေမယ့် သူ့သရုပ်ဆောင်ချက်ကိုတော့ အသိအမှတ်ပြုသင့်ပါတယ်။ Sound of Metalဇာတ်ကားဟာ အော်စကာဆန်ခါတင်ခြောက်ဆုဝင်ခဲ့ပြီး နှစ်ဆု(Best Sound & Best Editing)ရရှိခဲ့ပါတယ်။ အခြား ဆုပေါင်း ၈၀ နဲ့ အခြားရုပ်ရှင်ပွဲတော်တွေရဲ့ ဆန်ကာတင်စာရင်းမှာ ၁၆၃ ခါ ဝင်ခဲ့ပါတယ်။ Reviewed and Translated by Daniel Lawwai Encoded by : August File Size : 2,3 GB and 1.4GB Quality : 1080p and 720p Subtitle : Myanmar (Hard Sub) Genre : Drama, Music Duration : 2h

Comedy
7.7 2020 121 mins
Sound of Metal
Home for Rent
7

Home for Rent (2023) ~ IMDb - 6.9/10, MyDramaList - 7.8/10 ~ ထိုင်းတို့ အင်ဒိုးနီးရှားတို့က ဟော်ရာရုပ်ရှင်တွေက နိုင်ငံတကာနဲ့ယှဉ်ပြီးကို အဆင့်တစ်ဆင့်ရှိတယ်ဆိုတာ တော်တော်များလက်ခံထားပြီးသား ကိစ္စပါပဲ။ ဒါပေမဲ့ ဒီရုပ်ရှင်ကလည်း အဲဒီအစဉ်အလာကို အိုးမည်းမသုတ်ခဲ့တဲ့ ရုပ်ရှင်ပါပဲ။ ပိုစိတ်ဝင်စားဖို့ကောင်းတဲ့အချက်ကတော့ ဒီရုပ်ရှင်ဟာ အကျည်းတန်ရုပ်ဆိုးတဲ့ ဖြစ်ရပ်မှန်တစ်ခုအပေါ် အခြေခံထားတာပါ။ အောက်လမ်းအဖွဲ့တစ်ဖွဲ့ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ အိမ်ငှားတွေက အိမ်ရှင်ကိုအကြမ်းဖက်ခဲ့တဲ့ ယဇ်ပူဇော်စရာသားကောင်တွေရှာခဲ့တဲ့ဖြစ်ရပ်တစ်ခုကို အခြေတည်ရိုက်ကူးထားတာပါ။ ကိုယ့်ဖြစ်နိုင်ချေနဲ့နီးစပ်လေ အကြောက်တရားကို ပိုအသက်ဝင်စေနိုင်လေဆိုတော့ ဒီရုပ်ရှင်က ဖြစ်ရပ်မှန်တစ်စိတ်တစ်ဒေသဖြစ်ခဲ့တယ်ဆိုတဲ့အသိက ဒီရုပ်ရှင်ကို ပိုအရသာရှိစေမှာပါပဲ။ နင်၊ ကာဝင်နဲ့ သမီးဖြစ်သူ အင်တို့က သာမန်လူလတ်တန်းစားမိသားစုတစ်ခုဖြစ်ပြီး တစ်နေ့မှာတော့ ငွေကြေးအခက်အခဲတစ်ခုကြောင့် နေထိုင်ရာအိမ်ကိုအိမ်ငှားတင်ပြီး ကွန်ဒိုမှာပဲပြောင်းနေဖို့ ဆုံးဖြတ်ခဲ့တယ်။ အိမ်ငှားဖြစ်သူ ခွန်ရတီက အငြိမ်းစားပင်စင်ယူထားတဲ့ ဆရာဝန်တစ်ယောက်ဖြစ်ပြီး သမီးဖြစ်သူ ဒေါက်တာနွတ်နဲ့ ငြိမ်းချမ်းတဲ့အိမ်နေရာလေးတစ်ခုကို ရှာငှားနေချင်သူတစ်ယောက်ပါ။ အိမ်ငှားလုံးဝမတင်ချင်တဲ့ ကာဝင်က ခွန်ရတီတို့သားအမိကိုမှ ချက်ချင်းငှားဖို့သဘောတူပေးလိုက်တာမို့ နင်တစ်ယောက် ထူးဆန်းနေတဲ့အပြင် ဘေးအိမ်ကပါ အိမ်ငှားတွေက မနက်၄နာရီတိုင်း မကောင်းတဲ့အစီအရင်တွေလုပ်နေတယ်လို့ သတင်းပေးလာတဲ့အခါမှာတော့... ခွန်ရတီတို့သားအမိရဲ့ သရုပ်မှန်က ဘာများလဲ... ခင်ပွန်းဖြစ်သူ ကာဝင်ကရော ဘာကြောင့် အရင်နဲ့မတူပြောင်းလဲလာရတာလဲ... ထိတ်လန့်စရာဆန်းကြယ်မှုတွေက နင်နဲ့အင်တို့သားအမိအပေါ် သက်ရောက်မှုတွေရှိလာနိုင်မလား... ဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Kyi Nue Zin မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 920MB Quality - 1080p, 720p IMDb Rating - 6.9/10 Format - mp4 Duration - 2H 4Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Kyi Nue Zin Encoded by Y

Comedy • Horror • Mystery • Science Fiction • Thriller
7 2023 124 mins
Home for Rent
Jailbreak Pact
7

Jailbreak Pact (2020) ~ IMDb – 7/10, Rotten Tomatoes – 89% ~ ၂၀၂၀ခုနှစ်ရဲ့ နှစ်ဆန်းပိုင်းမှာထွက်ရှိခဲ့ပြီး ချီလီနိုင်ငံမှာ ရိုက်ကူးပြသခဲ့တဲ့ စပိန်စကားပြော ရုပ်ရှင်ကားဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကို မိတ်မဆက်ခင်မှာ ဇာတ်အိမ်တည်ရာ ချီလီနိုင်ငံရဲ့ နောက်ခံသမိုင်းကို နည်းနည်းပြောမှ ဖြစ်ပါလိမ့်မယ်။ ၁၉၇၃ ခုနှစ်၊ တောင်အမေရိကတိုက်၊ ချီလီနိုင်ငံမှာ ပြည်သူတွေက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ လက်ဝဲယိမ်းဆိုရှယ်လစ်အစိုးရကို ဗိုလ်ချုပ်ကြီး ဩဂတ်စတို ပီနိုရှေး ဆိုသူက ဖြုတ်ချပြီး စစ်အာဏာသိမ်းလိုက်ပါတယ်။ မှတ်တမ်းတွေအရတော့ အဲဒီအာဏာသိမ်းမှုကို အမေရိကန်အစိုးရက ကျောထောက်နောက်ခံပြုပေးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကာလတုန်းကတော့ အမေရိကန်ဟာ ကွန်မြူနစ်ဝါဒမပြန့်ပွားရင်ပြီးစတမ်းဆိုတဲ့ သဘောထားနဲ့ လက်ဝဲယိမ်းသူမှန်သမျှ ဖြုတ်ချဖို့အားပေးနေခဲ့တဲ့ စစ်အေးကာလ ဖြစ်ပါတယ်။ လက်ဝဲသမားတွေမဟုတ်ရင်ပြီးရော။ မင်းတို့ဘာသာ စစ်ဖိနပ်နဲ့ ဘယ်သူ့တက်နင်းနင်းပေါ့လေ။ ပီနိုရှေးစစ်အစိုးရဟာ ၁၉၇၃ ကနေ ၁၉၉၀ အထိ အုပ်ချုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ပီနိုရှေးဟာ အာဏာရှင်တို့ရဲ့ textbook အတိုင်း သဘောထားကွဲလွဲသူမှန်သမျှကို ကျကျနန နှိပ်ကွပ်ပါတယ်။ စစ်ထောက်လှမ်းရေးဆိုတဲ့ လက်စောင်းထက်လှတဲ့ အဖွဲ့အားကိုးနဲ့ပေါ့။ သူက သူ့အစိုးရမူဝါဒကို National Reconstruction ဆိုတဲ့ စကားလုံးနဲ့ သရုပ်ဖော်ပါတယ်။ “နိုင်ငံတော် ပြန်လည်တည်ဆောက်ရေး” ပေါ့လေ။ မခံမရပ်နိုင်တဲ့ တော်လှန်ရေးသမားလေးတွေက သူ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကံမကောင်းစွာဘဲ မအောင်မြင်လိုက်ပါဘူး။ သူ့ကိုလုပ်ကြံရာမှာ မအောင်မြင်ဘဲ အဖမ်းခံလိုက်ကြရတဲ့ တော်လှန်ရေးတပ်ဦးအဖွဲ့က တရားခံတွေကို ထောင်တစ်ခုထဲမှာ သာမန်အကျဉ်းသားတွေနဲ့မရောဘဲ သီးခြားအဆောင်တွေနဲ့ ချုပ်နှောင်ထားပါတယ်။ အဲဒီအကျဉ်းသားအများစုကို စစ်ခုံရုံးက သေဒဏ်ပေးပြီးသားပါ။ တရားဥပဒေစိုးမိုးတယ်ဆိုတဲ့ ဟန်ပြသဘောနဲ့ နိုင်ငံတော်တရားရုံးချုပ်ဆိုတဲ့ အရပ်ဘက်တရားရုံးက စစ်ဆေးနေဆဲဖြစ်ပေမယ့် သေဒဏ်ကျမယ်ဆိုတာ အကျဉ်းသားတွေက သိပြီးသားပါ။ အဲဒီအချိန်မှာပဲ ဒီဇာတ်လမ်း စတင်ပေါက်ဖွားလာခဲ့တာ ဖြစ်ပါတယ်။ ဘယ်တော့မှအရှုံးမပေးလိုတဲ့ နိုင်ငံရေးအကျဉ်းသားတစ်စုဟာ အဲဒီထောင်ကနေ ဥမင်လိုဏ်ခေါင်းတူးပြီး ‌ထွက်ပြေးကြဖို့ စစ်ဆင်ရေးတစ်ခုလိုသတ်မှတ်ပြီး အကောင်အထည်ဖော်ကြပါတော့တယ်။ သူတို့နေကြရတဲ့အကျဉ်းခန်းကနေ ထောင်အပြင်ရောက်တဲ့အထိ မီတာ ၆၀ (ပေ ၂၀၀နီးပါး) ရှိတဲ့ လိုဏ်ခေါင်းကို ဘယ်လိုဖောက်ကြမှာလဲ။ ဘာနဲ့ဖောက်မှာလဲ။ ဘယ်လောက်ကြာမှာလဲ။ လိုဏ်ခေါင်းတူးရင်းထွက်လာတဲ့ မြေစာတွေကို ဘယ်သူမှမမြင်အောင် ဘယ်နားမှာ သွားပစ်ကြရမှာလဲ။ စိတ်မထင်ရင်မထင်သလို ဝုန်းဒိုင်းကြဲအောင် တလာစီ (ရှာဖွေစစ်ဆေးရေးဝင်) တတ်ကြတဲ့ ထောင်မှူးနဲ့အစောင့်တွေ မမြင်အောင် လိုဏ်ခေါင်းဝင်ပေါက်ကို ဘယ်လိုဖုံးကြဝှက်ကြရမှာလဲ။ တွေးကြည့်ရတာနဲ့တင် မောချင်စရာကြီးပါ။ အဲဒါ သူတို့ဖြတ်ကျော်ရမယ့်အခက်အခဲတွေထဲက အမြည်းသဘောလောက်ပဲ ရှိပါသေးတယ်။ ထောင်အာဏာပိုင်တွေက မွေးထားတဲ့ ဒလန်တွေမရိပ်မိအောင် ကြိုးစားနေရတာလည်း တမှောင့် ပေါ့။ လိုဏ်ခေါင်းပေါက်သွားလို့ ထောင်အပြင်ရောက်ပါပြီတဲ့။ သူတို့ ဘယ်ကိုဆက်ပြေးကြမှာလဲ။ ဘယ်လောက်ကြာအောင် ပြေးနိုင်မှာလဲ။ ဒီဇာတ်ကားဟာ Hollywood က ထုတ်လုပ်တဲ့ကား မဟုတ်လို့ The Shawshank Redemption တို့ Escape from Alcatraz တို့လို မပေါက်ခဲ့ပေမယ့် အဲဒီကားတွေလိုပဲ ကြည့်ရတာ ရင်တထိတ်ထိတ်နဲ့ဖြစ်ရမယ့် thriller အရသာအပြင် ရဲဘော်ရဲဘက်တွေရဲ့ ညီအစ်ကိုဆက်ဆံရေးမျိုး၊ အင်ဂျင်နီယာပညာရပ်လို ကိုယ်တတ်ထားတဲ့ပညာကို လက်တွေ့ဘဝအတွက် အကျိုးရှိရှိအသုံးချသွားပုံကို တင်ပြတဲ့ ပညာပေးပြကွက်တွေ၊ ကိုယ်ကျိုးအတ္တနဲ့ တော်လှန်ရေး ဘယ်အရာကို ဦးစားပေးမလဲဆိုတဲ့မေးခွန်းမျိုးတွေ အများကြီး တွေ့ရနိုင်ပါတယ်လေ။ ဒီတော့ ဒီကားက အဲဒီလို ရသမျိုးစုံကိုပါ ပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါကြောင်း ညွှန်းဆိုချင်ပါတယ် ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားထားပါတယ်) Size – 2GB, 1.1GB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 15Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Thaman Myint Encoded by Y

Action • Adventure • Science Fiction
7 2020
Jailbreak Pact
Matilda
6.9

Matilda (1996) Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။ မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာ​ရေးတတ် ဖတ်တတ်​နေသလို အသက်၄နှစ်မှာ မိဘ​တွေမသိ​​အောင် စာကြည့်တိုက်ကို ခိုးသွားပြီး က​လေးစာအုပ်​တွေသာမက သုတရသစာအုပ်​တွေပါ ထုံးလို​မွှေ ​ရေလို​နှောက် ဖတ်နိုင်တဲ့ ​တောက်မည့်မီးခဲ တရဲရဲ​လေး​ပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်​လေ​တော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံ​ပေးတဲ့ မိဘ​တွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါ​သေးတယ်။ ဒီလိုပါရမီရှင်​လေးကို ထိန်းမနိုင်​တဲ့အဆုံး ​ကျေးဇူးရှင်​ဖေ​ဖေနဲ့ ​မေ​မေခမျာ မတေးဒါကို ​ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ​ကျောင်းထား​ပေးလိုက်ပါတယ်။ ​မွေးလာကတည်းက ​ဆရာကြီး​တွေနဲ့​တွေ့လာတဲ့ မတေးဒါ​ဟာ ​​ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွား​တွေ့ပါ​တော့တယ်။ အ​ပေါက်ကဆိုး အ​ပြောကကြမ်း လက်သံက​ပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်​ဟောင်းဖြစ်တဲ့ ​ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါ​လေးကို ​ဆီးကြို​နေတာပါ။ ကျောင်းအုပ်ကြီးလက်​အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သ​ဘောမ​နော​ကောင်း စိတ်သ​ဘောထားဖြူစင်တဲ့ ဆရာမ​​လေးတစ်​ယောက်လည်း ရှိ​နေပါတယ်။ မတေးဒါ​က ဆရာမ​လေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါ​ပေမဲ့ဆရာမ​လေးမှာ ​ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်​ကြောင်း​တွေ ရှိ​​နေတာ​​ကြောင့် မတေးဒါ​လေးဟာ သူချစ်တဲ့ဆရာမ​လေးကို ကူညီဖို့ ​ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 893MB | 280MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Crime • Thriller
6.9 1996
Matilda
Doraemon the Movie: Nobita’s Little Star Wars 2021
6.5

Doraemon the Movie: Nobita’s Little Star Wars 2021 (2022) ========================================== CM ပရိတ်သတ်ကြီးတို့ထဲမှာ ဒိုရေမွန်နဲ့ နိုဘိတကို တော်တော်များများ သိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ ငယ်ဘဝဇာတ်ကားတွေကို ပြန်ကြည့်ရတဲ့အခါ၊ ငယ်ဘဝဇာတ်ကောင်တွေကို ပြန်ထိတွေ့ရတဲ့အခါ ကျွန်တော့်အနေနဲ့ကတော့ ဇာတ်လမ်းဇာတ်ကောင်ကို လွမ်းဆွတ်နှုန်းက ၅၀%၊ ကြည့်ရင်းနဲ့ဖြစ်ပေါ်လာတဲ့ ငယ်ဘဝခံစားချက်ကို သတိရမိတာက ၅၀%ပါပဲ။ ငယ်ငယ်ကတော့ ကျောင်းဆင်းချိန်တို့၊ ကျောင်းပိတ်ရက်တို့မှာ ကြည့်ခဲ့ကြတယ်ဟုတ်။ အခုတင်ဆက်ပေးမယ့် Movie လေးရဲ့ ဇာတ်လမ်းကဒီလိုပါ။ နိုဘိတတို့ သူငယ်ချင်းတစ်သိုက် ရှုတင်ရိုက်နေရင်းကနေ နိုဘိတတစ်ယောက် ဒုံးပျံယာဉ်အသေးစားလေးတစ်စင်း ကောက်ရလိုက်ပါတယ်။ အဲ့ထဲက‌နေ ပါပီလို့ခေါ်တဲ့ ဂြိုဟ်သားသေးသေးလေးထွက်လာသတဲ့။ သူ့ယာဉ်က ပျက်စီး သွားတာမို့ နိုဘိတနဲ့ ဒိုရေမွန်တို့က ကူပြင်ပေးနေချိန် ပီရှားလို့ခေါ်တဲ့ တိုက် သင်္ဘောကြီးရောက်လာပြီး တိုက်ခိုက်တော့တာပါပဲ။ စပွိုင်းလွတ်အောင် ဇာတ်ကွက်လေးတွေကျော်ပြီး အကြမ်းဖျင်းညွှန်းရမယ် ဆိုရင်ဖြင့် နိုဘိတတို့သူငယ်ချင်းတစ်သိုက် တခြားဂြိုဟ်မှာ စွန့်စားခန်းဖွင့်တာ တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ကြည့်ရင်းကြည့်ရင်းနဲ့ စိတ်ထဲအားမလို အားမရဖြစ်လာမှုတွေလည်းကြုံရမှာမို့ ဘယ်လိုမြင်တွေ့ရမလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါတော့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Phoenix Homura ဖြစ်ပါတယ်) File Size……….(1.68 GB) / (684 MB) / (421 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 48Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Adventure Translator…….Phoenix Homura Encoder……….Admin X

6.5 2022 108 mins
Doraemon the Movie: Nobita’s Little Star Wars 2021
Her Deadly Night in Paris
5.3

Her Deadly Night in Paris (2023) ဇာတ်လမ်းနာမည်အတိုင်းပါပဲ… ပဲရစ်ကို ပညာသင်ဖို့ရောက်လာကာမှ အန္တရာယ်တောထဲ ခုန်ဆင်းသလိုဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပါ။ လူစီက အမေရိကကနေ ပြင်သစ်ကို Exchange Program နဲ့ ကျောင်းလာတက်တဲ့ အဖေတစ်ခု သမီးတစ်ခု ကောင်မလေးပေါ့။ ပဲရစ်မှာ သူ Homestay နေရတဲ့အိမ်က မိသားစု 3 ယောက်ရှိပြီး သူတို့သား အန်တွိုင်းကလည်း လူစီတို့ကျောင်း၀င်းထဲမှာပဲ ဥပဒေကျောင်းတက်ပါတယ်။ အန်တွိုင်းရဲ့ဖခင် ရေမီက နာမည်ကျော်တရားသူကြီးဖြစ်ပြီး သူ့သားကိုလည်း သူ့ခြေရာနင်းစေချင်ပေမဲ့ သားဖြစ်သူကတော့ ဝါသနာမပါပါဘူး။ အမေဖြစ်သူကလည်း ဖအေကိုကြောက်ရပြီး သူ့သားဘက်မပါပါဘူး။ တစ်ရက် လူစီ‌ ကျောင်းက ပြန်လာတဲ့အချိန် ရေမီက လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်လိုက်တာ တွေ့လိုက်ရပါတယ်။ ရေမီက သူခိုးဆိုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ထိုးလိုက်တာပါတဲ့။ လူစီကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားလိုက်တာပေါ့။ ဒါပေမဲ့ နောက်နေ့မှာ ရဲတွေက သေသွားတဲ့လူအလောင်းမှာ လူစီရဲ့ DNA တွေ့တယ်ဆိုပြီး တရားခံအနေနဲ့ လာဖမ်းကြတဲ့အခါ… သေသွားတဲ့လူရဲ့ ရေမီတို့မိသားစုကြားက လျှို့ဝှက်ချက်… လူစီနဲ့ အန်တွိုင်းတို့ကြားက ချစ်ခြင်းနဲ့ ဒီအရှုပ်ထုပ်ထဲက လွတ်အောင် ကြိုးပမ်းတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 705MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 28Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.3 2023 88 mins
Her Deadly Night in Paris
Angel Whispers
5.6

ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ ကွင်းဆက်လူသတ်သမားကားဖြစ်လို့ (၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့ တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီး သူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲ သဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့ အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ် အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။ မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီး ဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။ တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။

5.6 2015
Angel Whispers
Final Heat
5.5

လူ့ဘ၀မှာအရေးအကြီးဆုံးကတော့ပိုက်ဆံတွေ ဂုဏ်ပကာသန တွေထက် ကျန်းမာကြံ့ခိုင်ပြီးကျန်းမာရေးကောင်းနေဖို့က အရေးအကြီးဆုံးပါပဲ။အဲ့ဒါကြောင့်ကမ္ဘာပေါ်မှာရှိတဲ့လူအများစုက အားကစားတစ်ခုမဟုတ်တစ်ခုတော့လုပ်ကြပါတယ်။ Gym ကစားတာ စက်ဘီးစီးတာ ပြေးတာ လမ်းလျှောက်တာ အကုန်လုံးကကျန်းမာကြံ့ခိုင်စေနိုင်တဲ့လေ့ကျင့်ခန်းတွေပါပဲ။ ဒီလိုကျန်းမာကြံ့ခိုင်စေဖို့လေ့ကျင့်ခန်းတွေကိုပိုမိုလုပ်ဆောင်စေဖို့ အတွက်ကမ္ဘာတစ်ဝှမ်းမှာလည်းအားကစားပြိုင်ပွဲအသေးစားလေး တွေကနေ အိုလံပစ်အားကစားပြိုင်ပွဲတွေအထိပါကျင်းပပေး ကြပါတယ်။ အခုတင်ဆက်ပေးမဲ့ Final Heat ဆိုတဲ့ဇာတ်ကားထဲမှာလည်း ကျန်းမာကြံ့ခိုင်ရေးပြိုင်ပွဲဝင်ခွင့်ရဖို့ကြိုးစားနေတဲ့အားကစားသမား တွေရဲ့စွန့်စားခန်းကိုတွေ့ရမှာဖြစ်ပါတယ်။ ကမ်နဲ့လိန်းနီတို့ကဟောလီး၀ုဒ်ဘောက်စ်ဆိုတဲ့အားကစားရုံ ပိုင်ရှင်တွေဖြစ်ကြပြီး သူတို့အားကစားရုံကအခြေအနေမကောင်းပြီး ငွေကြေးအဆင်မပြေတော့တဲ့အတွက်အားကစားရုံမပိတ်ရခင်လေးမှာ ကြိုးစားချင်စိတ်ရှိတဲ့အထောက်အပံ့လိုတဲ့အားကစားသမားတွေကို ငွေကြေးထောက်ပံ့ပေးပြီးပြိုင်ပွဲဝင်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်ခဲ့ ကြပါတော့တယ်။ ဒီလိုနဲ့သူတို့ဆီမှာ လာလျှောက်တဲ့လူတွေအများကြီးထဲကသင့်တော်မယ် ထင်တဲ့ အားကစားသမားတွေကိုရွေးထုတ်ရင်းအဖွဲ့တစ်ခုဖြစ်သွားခဲ့ကြ ပါတော့တယ်။ဒါပေမယ့် ကမ်တို့ကိုယ်တိုင်ကိုကမပြေလည်တဲ့အတွက် ပြိုင်ပွဲဝင်ခွင့်ရတဲ့အထိသူတို့ကိုလေ့ကျင့်ပေးပြီး ထောက်ပံ့ပေးဖို့ဆိုတာက အခက်အခဲကြီးတစ်ခုပါပဲ။ဒါပေမယ့် သူတို့အဖွဲ့လေးကလည်း ပြိုင်ပွဲ ဝင်ခွင့်ရဖို့ ရည်ရွယ်ချက်တစ်ခုတည်းကို အတူတူထားတဲ့အတွက်အခက်အခဲ တွေကို ကျော်ဖြတ်ပြီး အတူတူကြိုးစားသွားကြပုံတွေကိုတွေ့ရမဲ့အားကစား အမျိုးအစားကို Documentary ပုံစံလိုပေါင်းစပ်ပြီးရိုက်ကူးထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File size…2.14GB / 872MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 32m Genre …..Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2024 84 mins
Final Heat
Last Night
6.5

ဒီဇာတ်ကားကတော့ Romantic Drama ဇာတ်ကား တစ်ကားဖြစ်ပြီးတော့ Massy Tadjedin က director အနေနဲ့ရော writer အဖြစ်နဲ့ပါ ဦးဆောင်ရိုက်ကူးထားပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Avatar ရုပ်ရှင်နဲ့ နာမည်ကြီး လာတဲ့ Sam Worthington, မင်းသမီးချော Keira Knightley တို့က အဓိကဇာတ်ဆောင်နေရာကနေ ပါဝင်သရုပ်ဆောင်ပေးထား ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ Michael နဲ့ Joanna တို့ဟာ သူတို့ရဲ့အိမ်ထောင်ရေးမှာ ပျော်နေကြတဲ့ ဇနီးမောင်နှံနှစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့အိမ်ထောင်ရေး ထဲကို မမျှော်လင့်ထားတဲ့သူတွေ အမှတ်မထင် ဝင်ရောက်လာတဲ့ အခါမှာတော့ အရမ်းချစ်ကြတဲ့ဇနီးမောင်နှံနှစ်ယောက်ဟာ တစ်ယောက်ပေါ်တစ်ယောက် သံသယတွေဝင်လာပြီးတော့ မယုံသင်္ကာတွေဖြစ်လာကြပါတယ်။ အဲဒီလိုမျိုး ဘေးကနေ မဆိုင်တဲ့ လူတွေဝင်ပါလာတဲ့ကြားကနေ သူတို့နှစ်ယောက်ဟာ ပြန်လည် သင့်မြတ်အောင် ဘယ်လိုတွေကြိုးစားကြမလဲ၊ တကယ်ရော ပြန်လည် သင့်မြတ်နိုင်ပါ့မလားဆိုတာတွေကိုတော့ ကိုယ်တိုင်ပဲကြည့်လိုက်ကြပါ။ File size…1.25GB / 587MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Austin

Comedy
6.5 2010
Last Night
[18+] Undergrads
5

အယ်လီနဲ့ဆိုဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အယ်လီကတော့ ဆိုဖီအပေါ်တိတ်တခိုးသံယောဇဉ်တွယ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုဖီတစ်ယောက်ရည်းစားရသွားတာကိုသိလိုက်ရတဲ့နောက် အယ်လီလည်း အားကျမခံကောင်လေးတစ်ယောက်နဲ့လိင်မှုကိစ္စသက်သက် အပျော်သဘောတွဲဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ဆိုဖီမှာ ကိုယ်ဝန်ရှိနေခဲ့ပြီး သူ့ချစ်သူက တာဝန်မယူဘူးဆိုတာရယ် အဲ့ဒီချစ်သူဆိုတာ သူတို့ကျောင်းက ဆရာတစ်ယောက်ဖြစ်နေတာရယ်ကို အယ်လီသိလိုက်ရတဲ့အချိန်မှာတော့ သူ့ခံစားချက်တွေပေါက်ကွဲထွက်ကုန်ပါတော့တယ်။ အယ်လီနဲ့ဆိုဖီအဖြစ် နောက်ပေါက်တွေထဲက မခေလှတဲ့ Rica Gonzales နဲ့ Athena Red တို့ဦးဆောင်ပါဝင်ထားတာမို့ အားပေးရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (530 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:06:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

5 2024 65 mins
[18+] Undergrads
House of Spoils

ဒီဇာတ်ကားကတော့ မကြာသေးခင်ကမှထွက်ရှိထားပြီး IMDbမှာ 4.8/10အထိရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ။ ဒီဇာတ်ကားထဲမှာတော့ ရည်မှန်းချက်ပြည့်ဝပြီး တက်လမ်းတွေကိုအမြဲရှာနေတဲ့စားဖိုမှူးတစ်ယောက်ဟာ သူအလုပ်လုပ်နေတဲ့နာမည်ကြီးစားသောက်ဆိုင်ကထွက်ခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းစဖို့ကြိုးစားပါတယ်။ ဒါပေမဲ့ ဘဝဆိုတာအမြဲတမ်းလွယ်ကူနေတာမဟုတ်လေတော့ ပြဿ‌နာပေါင်းစုံနဲ့ ဒုက္ခတွေတွေ့ရပါတော့တယ်။ သူ့ကိုအမြဲသံသယဝင်နေတဲ့ စီးပွားရေးတွဲဖက်၊ ရင်းနှီးမြုပ်နှံသူတွေ‌ကြားထဲမှာ သူ့ကိုယ်သူပြန်အဖတ်ဆယ်ဖို့ကြိုးစားရင်း ဆက်တိုက်ဆိုသလို သူပြောင်းလာတဲ့အိမ်မှာ မကျွတ်သေးတဲ့ဝိဉာဉ်တစ်ကောင်ကပါ အမျိူးမျိုးဒုက္ခပေးလာတဲ့အခါမှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦး။ File size…(2.1 GB)/(875 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Drama • Romance
0 2024
House of Spoils
Deepavali Bonus
7.1

Deepavali Bonus (2024) ဒီပါဝလီအပိုဆုကြေး ဒီပါဝလီပွဲနီးကပ်လာပြီဖြစ်တဲ့အတွက်လိုအပ်တာတွေပြင်ဆင်နေကြတဲ့ ရာဗီနဲ့ ဂီသာတို့ လင်မယား၂ယောက် .. ဂီသာရဲ့သူဌေးကတော့ အလုပ်လုပ်ဖို့ရောက်တာနဲ့ ပြစ်တင် ကြိမ်းမောင်းနေသူမျိုးပါ ရာဗီရဲ့အလုပ်ရှင်ကတော့ ပွဲတော်အတွက်အပိုဆုကြေးပေးမယ်ပြောပေမဲ့ တကယ်ရက်နီးတဲ့အခါ အလုပ်ဆင်းရမယ်ဆိုပြီးအာဏာသုံးဖိအားပေးလာတဲ့အခါ သူတို့ဟာအလုပ်ရှင်ကိုမကျေနပ်ကြောင်းထုတ်ဖော်ဖို့ ‌အကြောင်းဖန်လာခဲ့ပါတယ် သူတို့သူဌေးတွေရဲ့ ဖိအားပေးမှု၊ အပိုဆုကြေးလိုလိုချင်ချင်ထုတ်မပေးမှုတွေအပြင် သူတို့သားငယ်လေးရဲ့လိုအပ်ချက်တွေပါဖြည့်ဆည်းဖို့ဖြစ်လာတဲ့အခါမှာတော့… ဘယ်လိုရှေ့ဆက် ကြိုးစားသွားရမလဲ သူတို့ရဲ့ဆက်ဆံရေးပေါ်မှာလည်းသက်ရောက်မှုရှိမလားဆိုတာ………… အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.1 2024
Deepavali Bonus
Dangerous Liaisons

ဇာတ်လမ်းအကျဉ်းကတော့ ချစ်သူဟောင်းကို လက်စားချေချင်တဲ့ မာတူအီဆိုတဲ့အမျိုးသမီးတစ်ဦးဟာ သူ၏ချစ်သူဟောင်းရဲ့အပျိုစင်သတို့သမီးလောင်းရဲ့ ဂုဏ်သိက္ခာညစ်နွမ်းအောင် အမျိုးသမီးတွေရဲ့အသည်းနှလုံးကို ကစားရာမှာနာမည်ဆိုးနဲ့ကျော်ကြားလှတဲ့ ဗယ်မွန့်ကိုတာဝန်ပေးထားပါတယ်။ ကိုယ့်ကျင့်သိက္ခာတရားကို အင်မတန်တန်ဖိုးထားလှသော အမျိုးသမီးတစ်ဦးဖြစ်တဲ့ မဒမ် တော်ဗယ်ကိုလည်း ရအောင်ဆွဲဆောင်မည်ဟု ဗယ်မွန့်တစ်ယောက် မာတူအီနဲ့အပေးအယူလုပ်ထားပါတော့တယ်။ အပေးအယူကတော့ ပေးအပ်ထားတဲ့တာဝန်အောင်မြင်ရင် မာတူအီနှင့်တစ်ညတာကုန်ဆုံးခွင့်ပဲဖြစ်ပါတယ်။ ဗယ်မွန့်တစ်ယောက် သူကြံစည်ထားတဲ့အတိုင်း ဖြစ်လာနိုင်လား ၊မာတူအီကရော သူ့လက်စားချေခြင်း အောင်မြင်နိုင်ပါ့မလား ၊ဘယ်လိုတွေ အဆုံးသတ်ကြမလဲ စသည်ဖြင့်ကြည့်ရှုရမည့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Dark Romance, Period Drama, Psychological Drama, Romantic Epic, Steamy Romance, Tragedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Documentary
0 1988 119 mins
Dangerous Liaisons