YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Decameron.S01E08.1080p.WEBDL.YK(CM).mp4

1.11 GB N/A video/mp4 40 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Criminal Network
2

UK ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးမှာအဓိကဇာတ်ဆောင်လည်းဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ဝေသူ လုပ်ထားတဲ့ မင်းသား Adam Starks ရဲ့ Crime ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဇာတ်လမ်းပုံစံကတော့ ရိုင်ရန်နဲ့ ဂျိမ်းစ်ဆိုတဲ့ ညီအစ်ကိုနှစ်ယောက် ကံမကောင်းစွာနဲ့ပဲ အရှုပ်ထုပ်ထဲမှာ ပါဝင်ပတ်သတ်မိခဲ့ကြတဲ့အကြောင်းပါရာဇဝတ်မှုတွေကိုကြူးလွန်နေတဲ့ အကောင်းကြီးကြီး အမြှီးရှည်ရှည် လူတစ်ယောက်နဲ့ ဘုမသိဘမသိ ပတ်သတ်မိခဲ့ကြတဲ့ညီအစ်ကိုနှစ်ယောက်ရဲ့ ကံကြမ္မာကို Crime ဇာတ်ကားတွေရဲ့ plot လေးတွေအတိုင်းမတူညီတဲ့ပုံစံလေးတွေနဲရိုက်ကူးတင်ဆက်ပေးထားပါတယ် အဲ့ဒီ ရာဇဝတ်မှုတွေရဲ့နောက်ကွယ်က ဘယ်သူတွေလဲဘယ်သူတွေပါဝင်ပတ်သတ်နေတာလဲ ဘယ်လိုတွေစုံစမ်းဖေါ်ထုတ်သွားလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ခံစားကြပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.1 GB)/(540 MB)/(280 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

Horror • Mystery
2 2023 75 mins
Criminal Network
Julie & Julia
6.7

တစ်နေ့တစ်နေ့ အစားအသောက် အချက်ပြုတ် video clips တွေကို ကြည့်ပြီး လက်တည့်စမ်းနေကြတဲ့ အိမ်ရှင်မလေးတွေ အတွက် အချက်ပြုတ် family drama ကားလေး လာပါပြီ။ အမေရိကန်ကို ပြင်သစ်ဟင်းလျာချက်ပြုတ်နည်းတွေယူဆောင်လာပေးတဲ့အမျိုးသမီးတစ်ယောက်အကြောင်းရိုက်ပြထားတာပါ။ ယောကျာ်းဖြစ်သူကသံရုံးမှာလုပ်တော့ တာဝန်ကျရာပဲရစ်ကိုလိုက်သွားရင်း ယောကျာ်းဖြစ်သူကို ဖွယ်ဖွယ်ရာရာချက်ကျွေးချင်ရာကနေ စာအုပ်လိုက်ရှာတာ ချက်ပြုတ်နည်းတွေက ပြင်သစ်လိုချည်းပဲရှိလို့ ပါတနာတစ်ချို့နဲ့ အင်္ဂလိပ်လိုရေးထားတဲ့ပြင်သစ်ဟင်းလျာချက်နည်းစာအုပ်ကို ထုတ်ဝေသူလိုက်ရှာရ၊ အခက်ကြုံ ပယ်ချခံရနဲ့ နောက်ဆုံးဘယ်လိုအဆင်ပြေသွားမလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦးခင်ဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Romance Quality…. 1080p | 720p | 480p File size… 1.8GB | 954MB | 459MB Format… mp4 Duration….2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ..... K.Hein Encoder ..... Aaron

Crime • Mystery • Thriller
6.7 2009 123 mins
Julie & Julia
Twelve Monkeys
7.6

ဒီရုပ်ရှင်က ဘယ်လိုရုပ်ရှင်မျိုးလဲဆိုတာ ဥပမာပေးရရင် ဟိုးတုန်းက ကြက်ဥနဲ့ကြက်မ ဘယ်ဟာ အရင်ဖြစ်သလဲဆိုတဲ့Paradoxလိုပါပဲ။ ဒါပေမယ့် သိပ္ပံပညာရှင်တွေက ကြက်ဥခွံမှာပါတဲ့ ဒြပ်တစ်မျိုးကို ကြက်မကသာထုတ်နိုင်တယ်ဆိုတာ အတည်ပြုပြီးစီးခဲ့တဲ့အတွက် တခြား ဥပမာတစ်ခုပြောင်းသုံးပါမယ်။ ဘုရားသခင်သာ အရာအားလုံး လုပ်နိုင်တယ်ဆိုရင်သူမ နိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းနိုင်ပါသလားဆိုတဲ့ Omnipotence paradoxပါ။ ဘုရားသခင်က သူမနိုင်စွမ်းမရှိတဲ့ တောင်တစ်လုံးကို ဖန်ဆင်းလိုက်တယ်ဆိုရင်လည်း သူအရာအားလုံး မလုပ်နိုင်တော့ပါဘူး။ မဖန်ဆင်းဘူးဆိုရင်လည်း သူ အရာအားလုံး မလုပ်နိုင်သေးပြန်ပါဘူး။ ဒီရုပ်ရှင်ကလည်း ဒီလိုပါပဲ ကိုယ့်အမြှီး ကိုယ်ပြန်မြိုထားတဲ့ မြွေတစ်ကောင်ပါပဲ။ 1996မှာစပြီး လေထုထဲ ဗိုင်းရပ်စ်တစ်မျိုး ပျံ့နှံ့ခဲ့တာကြောင့် ကမ္ဘာမြေမျက်နှာပေါ်မှာ လူတွေနေလို့မရတော့ပါဘူး။ လူသားတွေဟာ မြေအောက်ထဲမှာ မြေကြွက်တွေလို ရှင်သန်နေရပါတယ်။ 2035မှာ‌တော့သိပ္ပံပညာတိုးတက်လာတာနဲ့ တစ်ပြိုင်နက် အချိန်ယန္တရားကို တီထွင်နိုင်ခဲ့ပါပြီ။ သိပ္ပံပညာရှင်တွေဟာ ကမ္ဘာကြီးကိုကယ်တင်ဖို့ ကမ္ဘာ့လေထုထဲ ပျံ့နှံ့နေတဲ့ ဗိုင်းရပ်စ်ရဲ့ mutation ဖြစ်မသွားခင် မူလပုံစံရဲ့ အချက်အလက်တွေကို အတိတ်ကနေ ပြန်စုံစမ်းဖို့ အခွင့်အရေးရလာပါတယ်။ ကောက်ချက်တွေအရတော့ 12monkeysလို့ခေါ်တဲ့ အဖွဲ့အစည်းတစ်ခုက ဗိုင်းရပ်စ်ကို ဖြန့်ခဲ့တာ သိထားပါပြီ။ 12monkeysကို စုံစမ်းဖို့ လွှတ်ရမယ့် အန္တရယ်များတဲ့ အချိန်ခရီးရှည်ကြီးကိုတော့ လူကောင်းသူကောင်းတွေကိုသူတို့လွှတ်လို့ အဆင်မပြေပါဘူး။ ဆိုတော့ကာ ထောင်သားတွေကို လုပ်အားပေးအနေနဲ့သုံးပြီး ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို မက်လုံးပေး ခိုင်းစေခဲ့ပါတယ်။ ဒီစုံစမ်းမှုအတွက် အပြစ်သားအတော်အသုံးချခဲ့ပေမယ့် အချိန်လွဲချော်မှုအစရှိတဲ့ ကယောက်ဂယက်တွေကြောင့် အတော်များများ ရူးသွားခဲ့တာပါပဲ။ သိပ္ပံပညာရှင်တွေဟာ စူးစမ်းရှာဖွေမှုကောင်းတဲ့ ဂျိမ်းစ်ကိုးလ်ကို လုပ်အားပေးအလှည့်ကျအဖြစ် ဗိုင်းရပ်စ်ဖြစ်ခဲ့တဲ့ ၁၉၉၆ကိုလွှတ်လိုက်ပါတယ်။ ကံဆိုးချင်တော့ ကိုးလ်ရောက်သွားတာ ၁၉၉၀ပါ။ လမ်းမပေါ် ပလတ်စတစ်အကြည်သား ဝတ်စုံကြီးဝတ် အတွင်းခံကလွဲအထင်းသားမြင်နေရတဲ့ ကိုးလ်ကို ၁၉၉၀က လူတွေ ပို့လိုက်တဲ့တစ်ခုတည်းသောနေရာက အရူးထောင်ပါပဲ။ ဒီရုပ်ရှင်မှာ အရာအားလုံးက အကျိူးအကြောင်းတစ်ခုနဲ့ ဖြစ်‌နေကြတာပါ။ ဒီလိုနဲ့ 12monkeysရှိတောင်မရှိသေးတဲ့ ကာလကို ရောက်လာတဲ့ ကိုးလ်ဟာ သူတွေ့သင့်လား ‌မတွေ့သင့်လား ကျွန်တော်တို့တောင် မရေရာတဲ့ လူတွေနဲ့ တွေ့ခဲ့ရပါတယ်။ အနာဂတ်ကလာတယ်ပြောပေမယ့် သက်သေပြစရာမရှိတဲ့ ကိုးလ်ဟာ ဆေးရုံကနေ ထွက်ပြေးဖို့ကြိုးစားတဲ့အတွက် တိုက်ပိတ်ခံလိုက်ရပါတယ်။ ဆရာဝန်တွေလာစစ်တဲ့ အခါမှာတော့ လေဝင်ပေါက်ကလေးလွဲ ဘာမှမရှိတဲ့အခန်းကနေ ကိုးလ်ဟာ ထူးဆန်းစွာပဲ ပျောက်ဆုံးသွားပါတယ်။ သူ့ကို ဘယ်သူမှလည်း မတွေ့တော့ပါဘူး။ ခြောက်နှစ်အကြာ 1996မှာတော့ ပေါင်မှာ သေနတ်ဒဏ်ရာကြီးနဲ့ ကိုးလ် ပြန်ပေါ်လာပြီး စိတ်ရောဂါကုဆရာဝန် ဒေါက်တာ ကတ်သရင်းရေလ်လီကို ပြန်ပေးဆွဲခဲ့ပါတယ်။ ‌ဗိုင်းရပ်စ်ဖြစ်လာဖို့ အချိန်အရမ်းနီးနေပါပြီ။ 12Monkeysနောက်ကို ကိုးလ်လိုက်နေပေမယ့် လိုက်လေဝေးလေဖြစ်နေပါပြီ။ သူ့ကို ယုံကြည်တဲ့လူလည်း တစ်ဦးတစ်ယောက်မှ မရှိပါဘူး။ ရဲတွေလိုက်ရှာနေတဲ့ကြားကနေ ကိုးလ်ထပ်ပျောက်သွားပေမယ့် ကတ်သရင်းကတော့ ကိုးလ်ပေါင်ထဲက သူထုတ်ခဲ့တဲ့ကျည်ဆန်ဟာ ပထမကမ္ဘာစစ်ကဆိုတာ သိလိုက်ပြီ ပထမကမ္ဘာစစ်အတွင်းက ကိုးလ်လို့ယူဆရတဲ့လူတစ်‌ယောက်ဓာတ်ပုံကိုတွေ့လိုက်တဲ့အခါမှာတော့... Time Travleကား တစ်ခုပေမယ့် ပြချင်တဲ့ Conceptကတော့ အတော်များပါတယ်။ တိရိစ္ဆာန်အခွင့်အရေးနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ရဲ့ အစွန်းနှစ်ဖက်၊ Alfred Hitchcock ရုပ်ရှင်၊ အိုမာခယမ်ကဗျာ၊ နာမည်ကျော်သမိုင်းဖြစ်ရပ်တွေကို Refယူထားပြီး ဖြစ်ရပ်တွေ Dialougeတွေရဲ့ အချိတ်အဆက်က သေသပ်ပါတယ်။ ဒီရုပ်ရှင်နဲ့ Brad Pittပထမဆုံး အော်စကာ ဆန်ခါတင် ဝင်ထားပြီး Sound Trackတွေထဲ WOLFGANG AMADEUS MOEZARTရဲ့ Piano Concertoတောင်ပါပါတယ်။ ( အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ် ) File size__(2.5GB ) and (1.4GB) Quality__1080p ,720p IMDb Rating__8.0/10 Format__mp4 Duration__02:09:31 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama
7.6 1995 129 mins
Twelve Monkeys
The Mitchells vs. the Machines
7.9

animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်း ကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာ နည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုး စသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်း တစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာ အလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 53min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Adventure, Comedy Source : 1080p.WebRip Translator – littleneo Encoder – SWM

7.9 2021 110 mins
The Mitchells vs. the Machines
The Trial of the Chicago 7
7.7

တရားမမှုအတွက် တရားခွင်နဲ့ ရာဇဝတ်မှုအတွက် တရားခွင် ဆိုတာပဲရှိတယ်။ နိုင်ငံရေး တရားခွင်ဆိုတာ မရှိဘူးဗျ။ ဟိ...ဟိ... နိုင်ငံရေးလှည့်ကွက် အနေနဲ့ အသုံးချဖို့ တရားခွင်ကို အသုံးချတာလေ။ မကြားဖူးဘူးမလား။ ဘယ်ကြားဖူးမလဲ။ တကယ်မှမရှိတာကိုး။ ဟား...ဟား.... ဆောရီးဗျာ။ နည်းနည်းတော့ရယ်မိတယ်။ အဲဒါနဲ့ နိုင်ငံရေးတရားခွင်ဆိုတာ မရှိဘူးနော်။ ကျွန်တော်ပြောရင် ယုံလိုက်။ ငိငိ xD... ၁၉၆၈ ခုနှစ် အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာ အမျိုးသားဒီမိုကရက်တစ်ညီလာခံကို ကျင်းပခဲ့ပါတယ်။ ၁၉၅၅ ခုနှစ်က အစပြုခဲ့တဲ့ ဗီယက်နမ် စစ်ပွဲက အားကောင်းနေဆဲကာလလည်းဖြစ်ပါတယ်။ ဒီလို အကျိုးမရှိဘဲ အပျက်ပျက်နဲ့နှာခေါင်းသွေးထွက်ရတဲ့ စစ်ပွဲကို တားစီးနိုင်ဖို့ရည်ရွယ်ချက်နဲ့ တစ်နိုင်ငံလုံးအာရုံစိုက်နေကြတဲ့ ညီလာခံရှိရာ ချီကာဂိုမြို့ကို စစ်ပွဲကို ဆန့်ကျင်သူတွေကို ဦးဆောင်ပြီး စစ်ပွဲဆန့်ကျင်ရေးတက်ကြွ လှုပ်ရှားသူ ၇ ယောက် ချီကာဂိုမြို့ကို ငြိမ်းချမ်းစွာ ချီတက်လာခဲ့ပါတယ်။ ဒီလို ဆန့်ကျင်ဆန္ဒပြရာမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြားမှာ ပဋိပက္ခတွေဖြစ်ပွားပြီး လူပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီလို အဓိကရုဏ်းဖြစ်ပွားအောင် သွေးထိုးလှုံ့ဆော်ဖို့ ပူးပေါင်းကြံစည်မှုနဲ့ ၁၉၆၉ မတ်လ ၁၀ ရက်နေ့မှာ ခေါင်းဆောင် ၇ ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ နေဦး တရားစွဲတယ်လို့ ပြောမိတာလား။ မတရားအဆွဲခံရတယ်လို့ ပြောရင် ပိုမှန်မလား။ အဲဒါကို ဇာတ်ကားကို တစ်ချက်ကြည့်ပြီးမှ ဆုံးဖြတ်ကြတာပေါ့။ တကယ်ကို စိတ်ပျက်စရာကောင်းတဲ့ တရားခွင်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပေမဲ့ အတော်ကို ဟာသမြောက်ပါတယ်။ Chicago 7 လို့ လူသိများတဲ့ ဒီ ၇ ယောက် စစ်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆန့်ကျင်ဆန္ဒပြရင်း ထောင်ခြောက်ဆင်ခံရပြီး နိုင်ငံရေးကစားပွဲထဲက ထိုးကျွေးခံနယ်ရုပ်လေးတွေ ဖြစ်လာတဲ့ပုံကို လှလှပပလေးပြထားပါတယ်။ ဒီ လူ ၇ ယောက်ထဲက နာမည်ကျော် နိုင်ငံတကာလူငယ်ပါတီ(YIP - Yippy လို့လည်းခေါ်ပါတယ်) ခေါင်းဆောင် အက်ဘီ ဟော့ဖ်မန်း ရဲ့ပြက်လုံးတွေကတော့ အဓိကအားဖြည့်ထားတာပေါ့။ သောက်တလွဲတရားသူကြီး ဂျူလိယက် ဟော့ဖ်မန်း(တရားခံ အက်ဘီဟော့ဖ်မန်းနဲ့အမျိုးမတော်ပါ။ ဒီအကြောင်းကို ဇာတ်ကားထဲမှာ သေချာရှင်းရှင်းလင်းလင်းပြထားပါတယ်။) ရဲ့ ကြောင်တောင်တောင် ဂေါက်တောက်တောက် လုပ်တာတွေက တကယ်ကို မုန်းချင်စရာကောင်းသလို ရယ်လည်းရယ်ချင်စရာကောင်းပါတယ်။ သူတို့ ၇ ယောက် တရားရုံးမှာ မလှုပ်သာမလှည့်သာ အကြပ်ရိုက်နေကြတာကို ထေ့လုံးငေါ့လုံးတွေနဲ့ သရော်ပြထားပြီး အဓိကရုဏ်းဖြစ်တဲ့နေ့က အဖြစ်အပျက်ကို အပြည့်အစုံပြထားပါတယ်။ ဒီတရားခွင်ဖြစ်လာတဲ့ အကြောင်းကို သိရင် အပေါ်မှာ ပြောထားတဲ့အတိုင်း နိုင်ငံရေးတရားခွင်ဆိုတာ ရှိလား ဆိုတာ ပြန်ပြီးမေးခွန်းထုတ်ချင်စရာဖြစ်လာပါလိမ့်မယ်။ ပိုပြီး ထင်ရှားတာကတော့ သူတို့ ၇ ယောက်နဲ့ ဘာမှမဆိုင်တဲ့ လူမည်းအခွင့်အရေးတက်ကြွလှုပ်ရှားသူ Black Panther ပါတီ ခေါင်းဆောင် ဘော်ဘီစီးလ် ကိုပါ သူတို့ ၇ ယောက်နဲ့ အတူတရားစွဲခံထားရတာကိုသာကြည့်ပါတော့။ သူတို့တွေက အတွေးအခေါ်တစ်ခုကို ပြည်နယ်တွေကို ဖြတ်ပြီးသယ်လာရင်း တစ်နိုင်ငံလုံးကို သိလာအောင် မြင်လာအောင် ကြားလာအောင် ပြောပြဖို့ ကြိုးစားရင်းက ပါးစပ်တွေကို ပိတ်ထားလိုသူတချို့ရဲ့စနက်ကြောင့် ရာဇဝတ်သားတွေဖြစ်လာခဲ့ရတာပါ။ တရားခွင်ကျင်းပနေစဉ်မှာပါ တကယ်ကို ပါးစပ်ကို အဝတ်နဲ့ ဆို့ပြီး မပြောနိုင်အောင် ပါးစပ်ပိတ်ထားခဲ့တာကို တွေ့ရပါလိမ့်မယ်။ ဒီသောက်တလွဲ တရားခွင်က ဘယ်လိုသောက်တလွဲတွေဖြစ်မယ်ဆိုတာကို The Trial of Chicago 7(2020) ကြည့်ပြီး ခွီရင်း ဒီဇာတ်ကားရဲ့ မတ်စေ့(Message) ကြီးကို ယူလိုက်ကြပါကုန်။ "တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်"တဲ့ ဆန္ဒပြသူတွေရဲ့ ကြွေးကြော်သံပါ။ သူတို့ပြောတဲ့အတိုင်းပဲ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေကြတယ်ဆိုပေမဲ့ စောင့်ကြည့်နေကြရုံပါပဲ။ မပြောဘဲ၊ မလုပ်ဘဲနေခဲ့ကြတာပါ။ ဒီနေရာမှာ အက်မွန် ဘရွတ်ရဲ့ စကားကို ကိုးကားချင်ပါတယ်။ "မကောင်းမှုအောင်မြင်ဖို့အတွက် ဘာမှမလိုပါဘူး။ လူကောင်းတွေ ဘာမှမလုပ်ဘဲ ရပ်ကြည့်နေဖို့ပဲလိုပါတယ်" ဆိုတဲ့စကားလေးပါပဲ။ လိုအပ်ရင် ကျွန်တော်တို့ ပြောဖို့လိုပါတယ်။ ပြဖို့လိုပါတယ်။ လုပ်ဖို့လိုပါတယ်။ ဒါပေမဲ့ ပြောတဲ့သူတွေ ဘာဖြစ်တတ်တယ်ဆိုတာ ဒီဇာတ်ကားမှာ မြင်မှာပါ။ ဘေးကနေ လက်ပိုက်ကြည့်နေရုံအတွက်တော့ သတ္တိမလိုဘူးပေါ့။ တစ်ယောက်ယောက်ကတော့ ပြောဖို့လိုနေပြီဆိုတာကို သိပြီး သိတဲ့အတိုင်းပြောခဲ့ကြတဲ့ သူရဲကောင်း ၇ ယောက်ကို ဒီအညွှန်းနဲ့ ဦးညွှတ်လိုက်ချင်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်…) File Size : (1.80 GB) , (950 MB) and (480 MB) Quality : NF WEB-DL (1080p 5.1,720p,480p) Running Time : 2hr 09min Format : Mp4 Genre : Drama, History, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.WEB.h264-PALEALE Translated by d3mon Encode by Thanhtike Zaw

Action & Adventure • Crime • Drama
7.7 2020 130 mins
The Trial of the Chicago 7
Mat Kilau
7.7

IMDb 5.6 အထိရရှိထားတဲ့မလေးရှားအက်ရှင် ဒရမ်မာဇာတ်ကားတစ်ကားဖြစ်ပြီး ဗြိတိသျှတွေနယ်ချဲ့ခံနေရတဲ့မလေးလူမျိုးတွေရဲ့ဘဝကိုဇာတ်အိမ်တည်ရိုက်ကူးထားတာဖြစ်ပါတယ် အဓိကဇာတ်ဆောင်ကတော့ မက်ကီလူဆိုတဲ့မလေးစစ်သည်တစ်ယောက်ဖြစ်ပြီးဗြိတိသျှတွေကိုဆန့်ကျင်တဲ့နေရာမှာ သူ့ရဲ့သူရဲကောင်းဆန်တဲ့လုပ်ရပ်တွေကိုအသားပေးရိုက်ကူးထားတာပါ ဇာတ်လမ်းထဲမှာတော့မလေးကျွန်းငယ်လေးတစ်ခုကိုနယ်ချဲ့တွေကမလိမ့်တပတ်နဲ့လာအုပ်စိုးနေပြီးမက်ကီလူတို့စစ်သည်တွေကနယ်ချဲ့တွေကိုပြန်တော်လှန်ဖို့ကြိုးစားနေတာကိုတွေ့ရမှာပါ အကြီးအကဲတွေနဲ့ရွာသားတော်တော်များများကသက်သာရာမှာနေချင်ကြပေမဲ့မက်ကီလူတို့ကတော့နယ်ချဲ့လက်အောက်ကကျွန် မဖြစ်ချင်တာကြောင့်ရရာလက်နက်စွဲကိုင်ပြီးတိုက်ခိုက်ကြပါတော့တယ် ဘာသာတရားရဲ့အဆုံးအမတွေနဲ့သစ္စာတရားကိုအခြေခံထားတဲ့မက်ကီလူတို့လူမျိုးတွေကနယ်ချဲ့တွေကိုမောင်းထုတ်နိုင်ပါ့မလား မမျှတတဲ့တိုက်ပွဲမှာဘယ်သူကအနိုင်ရသွားမလဲဆိုတာကိုကြည့်ရှုရမှာပါ

7.7 2022 118 mins
Mat Kilau
Pizza 3: The Mummy
6.3

Pizza 3: The Mummy (2023) IMDb-7.0/10 နာမည်ကျော် အိန္ဒိယသဲထိတ်ရင်ဖိုကားတွေဖြစ်တဲ့ ပီဇာရဲ့သုံးကားမြောက်ထွက်ရှိလာပါပြီ။ ပထမနှစ်ကားနဲ့ချိတ်ဆက်မှုမရှိပဲ သူ့ချည်းသက်သက်ကြည့်လို့ရပါတယ်။ အခုတင်ဆက်ပေးမယ့်ကားကတော့ မံမီပေါ့။မံမီရုပ်တခုကနေ စတဲ့ဇာတ်လမ်း။ သရဲတစ္ဆေတွေဆိုတာ တကယ်ရှိတာလား မရှိတာလားဆိုတာအငြင်းပွားစရာပြဿနာတစ်ခုလိုပဲ။ မြင်ဖူးတွေ့ဖူး ကြားဖူးတယ်ဆိုပြီး သရဲတစ္ဆေတကယ်ရှိတယ်လို့ လက်ခံကြသူနဲ့ မဟုတ်တာတွေ ပေါက်တတ်ကရဆိုပြီး လက်မခံကြသူတွေကြားမှာ အဖြေမယ်မယ်ရရ ရှာမတွေ့နိုင်သေးတဲ့မေးခွန်းတခုပေါ့။ မကောင်းဆိုးဝါးဝိညာဉ်တွေကို ဖိတ်ခေါ်နိုင်တဲ့ ရှေးဟောင်းအီဂျစ်မံမီရုပ်အသေးလေးတခုရှိခဲ့တယ်။ အဲဒီမံမီရုပ်က ရှေးခေတ်အီဂျစ်ဘုရင်မက သူ့အင်ပါယာပတ်ဝန်းကျင်မှာရှိတဲ့ မကောင်းဆိုးဝါးစွမ်းအင်တွေအကုန်ထည့်ပြီး သွင်းလုပ်ခဲ့တယ်။ အဲဒီမံမီရုပ်ကို မမျှော်လင့်ပဲ နာလန်ရဲ့စားသောက်ဆိုင်မှာတွေ့ခဲ့ရတဲ့အခါမှာတော့။ ပိတ်ရက်မှာ အပန်းဖြေရင်း ကြောက်လန့်မှုအရသာကိုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~YH~Yunniတို့ပဲဖြစ်ပါတယ်)

Crime • Drama • Thriller
6.3 2023
Pizza 3: The Mummy
I Love Lizzy
6

I Love Lizzy (2023) ရိုးရိုးလေးနဲ့ ကောင်းတဲ့ဖိလစ်ပိုင်ကားလေး လာပါပြီ။ ချစ်တိုင်းလည်း မညားကြပါဆိုတဲ့ ဇာတ်ကားကိုမှ ချိုချိုခါးခါးကြည့်ချင်ရင် ဒီဇာတ်ကားကို ကြည့်ရင်း သံဝေဂယူလို့ ရပါတယ်။ ဇာတ်လမ်းကတော့ ကတ်သလစ်ခရစ်ယာန်ကိုရင်ဘဝကို ခံယူထားတဲ့ ဂျက်ဖရီအက်စ်ပီနိုက လစ်ဂါစပီမြို့ဆီ စိတ်ပြေလက်ပြောက် ခရီးထွက်လာရာက စပါတယ်။ သူဟာ တကယ်ပဲ ခရစ်ယာန်ဘုန်းကြီး ဖြစ်ချင်ရဲ့လားဆိုတာကို အဖြေရှာရင်းပေါ့။ လစ်ဂါစပီမှာတော့ အရက်သမား တိုးဂိုက်မလေး လစ်ဇီနဲ့ တွေ့ဆုံခဲ့မှုကစလို့ ဘယ်လိုအကြောင်းတရားတွေနဲ့ “လစ်ဇီကို ချစ်မလဲ” ဆိုတာ ကြည့်ရမှာပါ။ သရုပ်ဆောင်တွေလည်း ကောင်းကြပြီး၊ ဖိလစ်ပိုင်ရဲ့ ခရီးသွားဆွဲဆောင်မှုအတွက် ဦးတည်ရိုက်ထားသလား မေးရအောင် cinematography လှလှလေးနဲ့ သူ့ကိုယ်ပိုင်ကာလာနဲ့သူ ကြည့်လို့ကောင်းနေတာပါပဲ။ သူ့တန်းနဲ့သူ ကြည့်ပျော်ရှိတာမို့ ခဏတာ စိတ်အပန်းပြေမယ့်ဇာတ်ကားအဖြစ် ညွှန်းပေးချင်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ပဲဖြစ်ပါတယ် Genre….. Romance Quality…. 1080p | 720p File size… 1.6GB | 743MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

6 2023
I Love Lizzy
Sayen: The Huntress (aka) Sayen: La Cazadora

အသစ်ထွက်ရှိထားတဲ့ ‌စပိန်အက်ရှင်ကားတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်က ရှေ့မှာထွက်ရှိထားတဲ့ Sayen နဲ့ Sayen : Desert Road တို့ရဲ့အဆက်ပါ။ ချီလီနိုင်ငံမှာ ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ချီလီနိုင်ငံမှာ ရေသယံဇာတနဲ့ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာဖြစ်ရပ်တွေဖြစ်ပေါ်နေပြီး ဒီဖြစ်ရပ်တွေကိုထိန်းပေးဖို့အတွက် ချီလီသမ္မတနိုင်ငံ အထက်လွှတ်တော်ကနေ ရေသယံဇာတအတွက် ဥပဒေမူကြမ်းတစ်ခုကို တင်သွင်းပြဠာန်းဖို့ရှိနေပါတယ်။ ဒီကိစ္စထဲမှာ ဂရင်းကော်ပိုရေးရှင်းလို့ခေါ်တဲ့ နိုင်ငံတကာကုမ္ပဏီတစ်ခုက ပါ၀င်ပတ်သက်နေပြီး ရေသယံဇာတကိုလက်ဝါးကြီးအုပ်အမြတ်ထုတ်ချင်တဲ့ ဒီကုမ္ပဏီဟာ ချီလိီအထက်လွှတ်တော်ရဲ့ အမတ်တွေကို လာဘ်ထိုးပြီး မဲခွဲဆုံးဖြတ်တဲ့နေရာမှာ အနိုင်ရဖို့အတွက် မသာမာတဲ့နည်းနဲ့ကြိုးစားနေပါတယ်။ ဆာယန်းဆိုတဲ့အမျိုးသမီးကတော့ ချီလီနိုင်ငံရဲ့ ဂေဟ-အကြမ်းဖက်သမားလို့ အမည်တပ်ခံထားရတဲ့ တိုက်ခိုက်ရေးသမားတစ်ဦးပါ။ ဆာယန်းဟာ သူမအပေါ် မှားယွင်းစွပ်စွဲပြောဆိုခံရမှုတွေကို ပြန်လည်ဖြေရှင်းဖို့ နဲ့ ဂရင်းကော်ပိုရေးရှင်းရဲ့ မသာမာတဲ့လုပ်ရပ်တွေကို တားဆီးနိုင်ဖို့အတွက် နည်းပညာရှင် ဟက်ကာအဖွဲ့တစ်ခုနဲ့ပေါင်းပြီး ဂရင်းကော်ပိုရေးရှင်းရဲ့အကြံအစည်တွေကို လိုက်လံစုံစမ်းရင်း အမှန်တရားကိုဖော်ထုတ်ဖို့ရာ ကြိုးစားပါတော့တယ်။ File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre… Action Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024
Sayen: The Huntress (aka) Sayen: La Cazadora
Strained
6.1

ဒီတစ်ခါမှာ​တော့… ကြည့်ရှုသူပရိတ်သတ်ကြီးကို… ဇာတ်လမ်း​ဇာတ်အိမ်​ကောင်း​ကောင်း… မိသားစုဇာတ်ကား​လေးတစ်ကားနဲ့ မိတ်ဆက်​ပေးချင်ပါတယ်… ဇာတ်ကား​လေးနာမည်က​တော့…Str ained ဖြစ်ပြီး ….ဒါရိုက်တာ…Okechukwu Oku ကရိုက်ကူး ပုံ​ဖော်ထားပါတယ်… ဒီဇာတ်ကားမှာ မင်းသမီး Tracey George နဲ့ Queen Nwokoy တို့ကအပြိုင်သရုပ်​ဆောင်ထားကြပြီး မင်းသား Samuel Nnabuike ကပါ၀င်အားဖြည့် သရုပ်​​ဆောင်းထားပါတယ် ဒါအပြင် ဒီဇာတ်ကားက reating 6/10 အထိရရှိထားတဲ့ ဇာတ်ကား​ကောင်း​လေး တစ်ကားလည်း ဖြစ်ပါတယ် ဇာတ်လမ်းအစမှာ အဲဘယ်ယာတို့ ဇနှီး​မောင်နှံနှစ်ဦး ပထမဦးဆုံးရင်​သွေး​လေး ​ မွေးဖွားဖို့အတွက် ​ဆေးရုံသွားဖို့ပြင်ဆင်​နေကြပုံနဲ့ စတင်ထားပါတယ် ဒီလိုနဲ့ သမီး​လေးမီးဖွားပြီးတဲ့ ​နောက်မှာ​တော့ အမျိုးသားဖြစ်သူ ​အော်ဇိုက အလုပ်ကိစနဲ့ ခရီးသွားရဖို့အ​ကြောင်း ဖန်လာပါ​တော့တယ် တကယ့် ဇာတ်လမ်းကအခုမှစတာပါပဲ မီးတွင်းထဲ​သွေးနုသားနုနဲ့ အဲဘယ်ယာတစ်​ယောက် နို့စို့အရွယ်က​လေး​လေးတစ်​ယောက်နဲ့ ထားခဲ့ဖို့စိတ်မချတဲ့ ​​​အော်ဇိုက​နောက်ဆုံးဘယ်လိုမှ မတတ်နိုင်​တော့တဲ့အဆုံး အဲဘယ်ယာ အရမ်းမုန်းတဲ့ ၁၃ နှစ်​လောက်​​​ဝေးကွာ​နေတဲ့ သူမအ​မေကို​ ​ခေါ်ထားလိုက်ကြဖို့ တိုက်တွန်းလိုက်ပါတယ် အဲဘယ်ယာလည်း ဘယ်လိုမှ မတတ်နိုင်တဲ့အဆုံး သ​ဘောတူလိုက်ရပါတယ် အဲ့ဒီ​နောက် အဲဘယ်ယာတစ်​ယောက် သူမအရမ်းမုန်းတဲ့ သူမ မဂ်လာ​ဆောင်ကို​တောင် မဖိတ်ခဲ့တဲ့အ​မေဖြစ်သူနဲ့ တစ်အိမ်ထဲမှာ အဆင်​​ပြေ​အောင် ​နေနိုင်ပါ့လား… သူတို့နှစ်​ယောက်ကြားမှာ​ကော ဘယ်လိုအဖုအထစ်​ လေး​တွေရှိခဲ့လို့လဲ အဲဘယ်ယာက​ရော ဘာလို့သူမအ​မေ အရင်းကို ခါးခါးသီးသီးဖြစ်​နေတာလည်းဆိုတာ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါဦး ဒီဇာတ်ကားက အိမ်တွင်းအကြမ်းဖက်မှု​ကြောင့် မိသားစု​တွေ အိမ်​ထောင်​ရေး​တွေနဲ့ သားသမီး​တွေအ​ပေါ်မှာ ဘယ်လိုမျိုး အကျိုးသက်​ရောက်မှု​တွေဖြစ်လာနိုင်လဲ… ဆိုတာကို မီး​မှောင်းထိုးပြထားတဲ့ ဇာတ်ကားတစ်ကား ဆိုရင်လည်းမမှားပါဘူး.. Drama ဇာတ်ကား​​ကောင်း​ကောင်း​လေး​တွေကိုမှ ကြည့်ရှုရတာ ကြိုက်နှစ်သက်ပါတယ်ဆိုတဲ့ ပရိတ်သတ်​တွေ လက်မလွတ်စတမ်းကြည့်ရှုသင့်တဲ့ ဇာတ်ကား​ကောင်း​လေးတစ်ကားဖြစ်ပါတယ်… File size…1.11GB / 535MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.1 2023
Strained
Simon Says
5

Simon Says (2006) ********************** ခုတ်တာ ထစ်တာတွေ .. သတ်တာ .. ဖြတ်တာတွေ ကြိုက်တဲ့ Horror ပရိတ်သတ်အတွက် တစ်ကားလုံး ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်ကားပါ။ ကျောင်းသားငါးယောက်အဖွဲတစ်ဖွဲ့ဟာ တောထဲကို စခန်းချ ခရီးထွက်ဖို့ ရောက်လာကြတယ်။ အဲဒီတောထဲမှာ လူသတ်သမား ညီအကို နှစ်ယောက်နေထိုင်တယ်။ အဲဒီညီအကိုနှစ်ယောက်ဟာ သူတို့ရဲ့ မိဘတွေကိုတောင် သတ်ပစ်ထားတဲ့ ညီအကိုတွေ … ဒီတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာတော့ ဇာတ်ကားထဲမှာ ကြည့်ရှု ခံစားလိုက်ကြပါစို့။ ကိုယ့်အ‌နေနဲ့ အသည်းနုတယ် ဆိုရင် ဒီကားကို လုံး၀ မကြည့်ဖို့ ပြောလိုက်ပါရစေ။ (အညွှန်းကို BZW မှ ရေးသားထားပါတယ်) File size…1.7GB / 867MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 24m Genre ….. Horror, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by BZW Encoded by AHtet

Comedy • Drama
5 2006 87 mins
Simon Says
Spike Island
6.3

Spike Island (2012) ************************* အားလုံးသိကြတဲ့ နဂါးမေမေ Emilia Clarke ပါဝင်ထားတဲ့ The Stone Roses bandရဲ့ Spike Island ဖျော်ဖြေပွဲအကြောင်း ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ The Stone Roses ဆိုတာကတော့ 1980s နဲ့ 1990s ခုနှစ်များမှာ အရမ်းကိုအောင်မြင်ကျော်ကြားခဲ့တဲ့ မန်ချက်စတာ အခြေစိုက် Rock band တစ်ခုပဲဖြစ်ပါတယ်။ 1990ခုနှစ် မေလမှာကျင်းပခဲ့တဲ့ The Stone Rosesရဲ့ Spike Island ဖျော်ဖြေပွဲဟာ လာရောက်ကြည့်ရှုသူ 28,000 ကျော်တောင်ရှိခဲ့ပြီး British ဂီတ သမိုင်းမှာ ပြောစမှတ်တွင်စရာ ဖျော်ဖြေပွဲကြီးတစ်ခုဖြစ်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲက Gary Titchfield နဲ့သူ့ရဲ့ဘော်ဒါတစ်အုပ်ဟာ The Stone Roses band ကို အရမ်းသဘောကျကြပြီး သူတို့ကိုယ်တိုင်လည်း Shadow Casterဆိုတဲ့ Bandတစ်ခု ထောင်ထားကြပါတယ်။ သူတို့နေတဲ့ Red Bricksနဲ့ သိပ်မလှမ်းတဲ့ Widnes မှာ The Stone Roses ရဲ့ Spike Island ဖျော်ဖြေပွဲလုပ်မှာဖြစ်တဲ့အတွက် ဂယ်ရီတို့တွေ ဖျော်ဖြေပွဲကို မဖြစ်မနေအရောက်သွားဖို့ပြင်ဆင်ကြပါတော့တယ်။ အဲဒါအပြင် သူတို့ Shadow Caster band ရဲ့ သီချင်း demo တစ်ပုဒ်ကိုပါ The Roses လက်ထဲကိုအရောက်ပို့ဖို့ ရည်ရွယ်ထားကြပါသးတယ်။ အထက်တန်းကျောင်းသားတွေဖြစ်တဲ့ ဂယ်ရီတို့ Shadow Caster အဖွဲ့သားတွေ ဖျော်ဖြေပွဲကို ရောက်အောင်သွားကြပုံကို လူငယ်အချစ်ဇာတ်လမ်းလေးနှောပြီး ပေါ့ပေါ့ပါးပါးတင်ဆက်ထားတာမျိုးပါ။ ပါဝင်တဲ့ သီချင်းတွေကလည်း The Stones Rosesရဲ့ နာမည်ကျော်သီချင်းတွေအပြင် Shadow Caster ရဲ့ Ten-Mile-Smileသီချင်းဟာလည်း သီချင်းကောင်းတစ်ပုဒ်ဖြစ်တဲ့အတွက်ကြောင့် rock ဂီတကြိုက်နှစ်သက်သူတွေ သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။ (အညွှန်းကို muse မှ ရေးသားထားပါတယ်) File size…1.67GB / 801MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Musical, Band, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by muse Encoded by AHtet

6.3 2012 96 mins
Spike Island
Mister Green
7.2

Mister Green (2024) IMDb Rating (7.2) 2024 ထွက် အီတလီစကားပြော ဟာသကားလေး တစ်ကား ဖြစ်ပါတယ်။ သူငယ်ချင်း သုံးယောက် Aran, Paolo နဲ့ Davide အလုပ်မရှိ အကိုင်မရှိ ပျင်းပျင်းရိရိ လေးတွဲတွဲနဲ့ တစ်နေကုန် ဆေးပဲရှူနေတဲ့ Aran၊ Naples ကနေ Rome ကို ဒါရိုက်တာဖြစ်ဖို့ အရေး ထွက်လာခဲ့ပေမယ့် သူငယ်ချင်း နှစ်ယောက်နဲ့ အတူတူ သောင်တင်နေတဲ့ Paolo၊ သူ Call Centerမှာ အလုပ်လုပ်တာကို သူများ သိသွားမှာ ရှက်နေတဲ့ Davide တို့ သူငယ်ချင်း သုံးယောက်က ဆေးခြောက် စိုက်ပျိုးရေးကို စတင်ဖို့ဖြစ်လာပါတယ်။ အကြောင်းကတော့ Aran ယူနေကျ ဆေးအရောင်းအဝယ် လုပ်တဲ့ Mr. Green မရှိတော့တဲ့ အခါ သုံးယောက်သား ဆေးခြောက် ပျိုးပင်လေးတွေ ယူလာပြီး အိမ်မှာ အညွှန်းစာအုပ် တစ်အုပ်နဲ့ စိုက်ကြတဲ့ ဇာတ်လမ်းပါ။ သုံးယောက်သား အလွဲတွေနဲ့ ဘယ်လို ခွီရမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonie ဖြစ်ပါတယ်။) File size… (1.4 GB) / (750 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy Duration…. 01:20:57 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Leonie

Thriller
7.2 2024 79 mins
Mister Green
Fear Below
6

ငါးမန်းကား နှစ်သက်သူတွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ငါးမန်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားက မြင်နေကျ ငါးမန်းကားတွေလိုမျိုးမဟုတ်ဘဲ 1940s ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပါ။ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ ဘဏ်ကနေ ရွှေချောင်းတွေကို ခိုးယူလာရာကနေဇာတ်လမ်းကို စတင်ထားတာပါ။ ဖြစ်ချင်တော့ အဲဒီရွှေချောင်းတွေတင်လာတဲ့ကားကြီးဟာ မတော်တဆမှုတစ်ခုကြောင့် မြစ်ထဲကို ထိုးဆင်းသွားပါတော့တယ်။ ခိုးယူလာတဲ့ဂိုဏ်းခေါင်းဆောင်က ရွှေချောင်းတွေကို လူမသိသူမသိ ပြန်လည်ဆယ်ယူဖို့အတွက် Sea Dogs ဆိုတဲ့ ရေငုပ်သမားအဖွဲ့ကို အလုပ်သွားအပ်ခဲ့ပါတယ်။ အလုပ်အပ်ရာမှာလည်း ဘာကိုဆယ်ယူရမယ်ရယ်လို့ တိတိကျကျမပြောဘဲ ကားထဲကပစ္စည်းတွေကိုပဲ ဆယ်ယူရမှာဖြစ်ကြောင်းပြောပြီး ယူနေကျလုပ်အားခထက် ငွေတွေပိုပေးလိုက်တာကြောင့် ရေငုပ်သမားအဖွဲ့ကလည်း အလုပ်ကို လက်ခံဖြစ်သွားပါတယ်။ သူတို့မသိကြတာတစ်ခုကတော့ အဲဒီကား နစ်မြုပ်သွားတဲ့ မြစ်နေရာဟာ မီးဖွားဖို့မြစ်ထဲကိုဆန်တက်လာတဲ့ နွားငါးမန်းကြီးရဲ့ နယ်နိမိတ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဂိုဏ်းအဖွဲ့ရဲ့ အလုပ်အပ်ခြင်းကိုခံလိုက်ရတဲ့ ရေငုပ်သမား 3ယောက် နွားငါးမန်းကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခါတိုင်း‌ကြည့်ဖူးနေကျကားတွေလို ပင်လယ်ထဲမှာမဟုတ်တာရော၊ 1940s ခုနှစ်ကိုဇာတ်အိမ်တည်ထားတွေရောကြောင့် ကြည့်ရတာတစ်မျိုးဆန်းပြီး နှစ်သက်ကြမှာ အသေအချာပါပဲ။ ရေငုပ်သမားအဖွဲ့က ရွှေချောင်းတွေကို ဆယ်ယူနိုင်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.60 GB) / ( 818 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Action , Adventure, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Science Fiction • Comedy • Adventure
6 2025 85 mins
Fear Below