YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Curse.2022.S02E05.720p.ALL4.WEB-DL.(CM).mp4

189.62 MB N/A video/mp4 21 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Any Given Sunday
6.8

“အိုလာတယ်ဆိုတာ ထန်းလျက်ကို ခွေးလျက်သလိုပဲကွ။အကောင်အထည်လိုက် လျော့သွားတာမျိုး မဟုတ်ဘဲ တဖြည်းဖြည်းလုံးပါး ပါးသွားတာမျိုး”တဲ့။ ဒီဇာတ်ကားထဲက နည်းပြဒါမားတိုးကလည်း အဲ့စကားနဲ့ ခပ်ဆင်ဆင်စကားမျိုး ပြောဖူးတယ်။ ”အသက်ကြီးလာတာနဲ့အမျှ ဘဝက ငါတို့ပိုင်ဆိုင်ထားသမျှကို ဖြည်းဖြည်းချင်း ယူယူသွားတယ်” တဲ့။ ကျွန်တော်တို့ဟာ အသက်အရွယ်အိုမင်းလာတာနဲ့အမျှ ခန္ဓာကိုယ်ကဟိုနားကနာ ဒီနားကနာတာမျိုး၊စိတ်သွားတိုင်း ကိုယ်မပါတော့တာမျိုးတွေ တစ်စတစ်စကြုံလာရတတ်တယ်။ ဒီသဘောတရားတွေဟာ အထူးသဖြင့် ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ အသက်မွေးဝမ်းကြောင်းပြုရတဲ့ အားကစားသမားတွေအပေါ်မှာဆို ပိုပြီးသက်ရောက်မှုရှိတယ်။ ဒီဇာတ်ကားမှာ ခင်ဗျားဘာတွေမြင်ရမလဲဆိုရင် အသက်အရွယ်ကကိုယ့်ခန္ဓာကိုယ်ကို လှမ်းပြီးစကားပြောလာတဲ့အခါမှာ လက်မခံနိုင်တဲ့၊လက်ခံဖို့ငြင်းဆန်တဲ့ ဂန္ဓဝင်ကစားသမားတစ်ယောက်ကို တွေ့ရမယ်။ မမျှော်လင့်ထားတဲ့ အခွင့်အရေးတစ်ခုကြောင့် နေ့ချင်းညချင်းအောင်မြင်လာပြီး အောက်ခြေလွတ်သွားတဲ့ တက်သစ်စကစားသမားတစ်ယောက်ကို မြင်ရမယ်။ဒီလူနှစ်ယောက်ကိုဗဟိုပြုပြီး အသင်းထဲမှာ ပဋိပက္ခတွေဖြစ်လာတဲ့အခါ အဲ့တာတွေ ဖြေရှင်းဖို့ အတတ်နိုင်ဆုံးကြိုးစားနေတဲ့ နည်းပြတစ်ယောက်ကို တွေ့ရမယ်။ ပြောရရင် ဂန္ဓဝင်ကစားသမား ကပ္ပတိန်ရွန်းနီ၊တက်သစ်စ ဝီလီဘီးမန်းနဲ့ နည်းပြဒါမားတိုးတို့ပေါ့။ ဒီရုပ်ရှင်ထဲမှာ သူတို့သုံးယောက်ကို ဗဟိုပြုပြီး ဘောလုံးလောကထဲက ကစားသမားတွေရဲ့ ဘဝတွေ၊အောင်မြင်လာတဲ့အခါ စရိုက်ပျက်မှုတွေ၊သူတို့ရဲ့ အကျဘက်ကိုရောက်လာမှာကို ကြောက်တဲ့ကြောက်ရွံ့မှုတွေ၊အားကစားလောကထဲက ဓနရှင်တွေရဲ့ ခြယ်လှယ်မှုတွေ စသဖြင့် ဘောလုံးလောကကြီးထဲက လူတွေအကြောင်းကို ချပြထားတယ်။ ခပ်ပေါ့ပေါ့အားကစားဇာတ်ကားတွေလဲ နိုင်ခြင်း၊ရှုံးခြင်းကို အဓိကပြထားတာမဟုတ်ဘဲ လူတွေ၊ဘဝတွေကို အဓိကထားပြထားတာမျိုးပေါ့။ အကောင်းဆုံး(အမေရိကန်)ဘောလုံးဇာတ်ကားလို့ ညွှန်းကြတဲ့အပြင် IMDB လဲ 6.9 အထိ ရထားတာမို့ အချိန်ပေးကြည့်ရတာ တန်မယ့်ကားတစ်ကားလို့ပဲ ညွှန်းချင်ပါတယ်။ File size…(2.3 GB)/(2.0 GB)/(1 GB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:38:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

Drama • History • Thriller • War
6.8 1999 162 mins
Any Given Sunday
The Super Mario Bros. Movie
7.8

စူပါမာရီယိုဟာ သမိုင်းတလျှောက်ရောင်းအားအကောင်းဆုံး ဂိမ်းပဲဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားနဲ့ ပလက်ဖောင်းများလွန်းလို့ လူသန်းပေါင်းဘယ်လောက်ကစားဖူးလဲတောင် ပြောရခက်ပါတယ်။ အခုတခေါက်ကတော့ ဒီဂိမ်းကို ကာတွန်းအဖြစ်အသက်သွင်းထားတာပါပဲ။ မာရီယိုအဖြစ် ခရစ်ပရက်၊ မင်းသမီးလေးအဖြစ် အာညာတေလာဂျွိုင်း၊ လူဝီးဂျီအဖြစ် ချာလီဒေး နဲ့ လိပ်ကြီးဘောင်ဆာအဖြစ် ဂျက်ဘလက်တို့လို နာမည်ကျော်တွေ သရုပ်ဆောင်ထားပါတယ်။ ထွက်ခဲ့ဖူးတဲ့ မာရီယိုဂိမ်းမျိုးစုံထဲက ကာရိုက်တာတွေ၊ လက်နက်တွေ၊ တီးလုံးတွေ၊ နေရာတွေကို သူ့နေရာနဲ့သူ ပြန်သုံးပေးထားပါတယ်။ ကြည့်ရတာ အပန်းပြေတဲ့ ကာတွန်းကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း မာရီယိုနဲ့လူဝီးဂျီတို့ ညီအစ်ကိုဟာ လူတိုင်းက အထင်သေးရတဲ့ ဘရွတ်ကလင်းရဲ့ ရေပိုက်ပြင်သမားညီအစ်ကိုနှစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာတော့ ရေပိုက်တစ်ခုကနေ မှော်တိုင်းပြည်ထဲကို‌ရောက်သွားပါတော့တယ်။ လူဆိုးဘုရင်ကြီး ဘောင်ဆာဟာ စူပါကြယ်ကြီးကို ပိုင်ဆိုင်ပြီး သူတို့ရဲ့ မှော်လောကထဲကို တိုင်းပြည်အားလုံးကို သိမ်းပိုက်ဖို့ ကြံစည်ထားတဲ့သူဖြစ်ပါတယ်။ ဒါပေမဲ့ သူက မှိုတိုင်းပြည်က မင်းသမီးလေးမက်မွန်သီးကို အရမ်းချစ်နေတာမို့ သူနဲ့အတူ ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ မင်းသမီးလေးကို လက်ထပ်ခွင့်တောင်းဖို့လာခဲ့ပါတယ်။ မင်းသမီးက လက်မခံခဲ့ရင်တော့ မှိုတိုင်းပြည်ကိုဖျက်ဆီးပစ်မှာပါပဲ။ ဒါကိုသိတဲ့ မင်းသမီးလေးဟာ မာရီယိုနဲ့ပူးပေါင်းပြီး ဒန်းကီးကောင်တို့ရဲ့တိုင်းပြည်ကိုစစ်ကူသွားတောင်းခဲ့ပါတယ်။ ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ကာတွန်းထဲမှာ ရှုစားလိုက်ပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre..... Action, Adventure, Comedy Quality…. 4k HEVC | 1080p | 720p | 480p Webrip File size…3.7GB |  1.9GB | 1GB | 500MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... Aaron. Thit San Khant

Horror • Romance • Science Fiction
7.8 2023 93 mins
The Super Mario Bros. Movie
Mindcage
6.7

Plotကောင်းကောင်းနဲ့ စုံထောက်ကားကောင်းကောင်းတစ်ကားလာပြီ။ ဇာတ်လမ်းအကျဉ်း ... ဂျိတ်နဲ့ မေရီဟာ လွန်ခဲ့တဲ့ငါးနှစ်က ဖြစ်ခဲ့တဲ့ကွင်းဆက်လူသတ်မှုလိုမျိုး ပုံစံတူလိုက်လုပ်ပြီးလူတတ်တဲ့အမှုနဲ့ကြုံရပါတယ်။ အရင်အမှုတုန်းက လူသတ်သမားကိုတော့ ဖမ်းမိထားပြီး သူ့ကိုအနုပညာရှင်လို့ခေါ်ကြတာပါ။ ဘာလို့ဆို သူကအမျိုးသမီးတွေကို အဆိပ်ခတ်သတ်ပြီးအလောင်းကို နတ်သမီးတွေလိုတောင်ပံတွေတပ်ပေး တာရှည်ခံအောင်လုပ်ပြီး လူမြင်သာရာမှာ အလှဆင်ထားထားခဲ့လို့ပါတဲ့။ အခုအမှုမှာက အနုပညာရင်လုပ်သလိုလိုက်လုပ်တယ်။ ပစ္စည်းတွေကလည်း အတူတူပဲသုံးတာဆိုတော့ အနုပညာရှင်ဆီက သတင်းနှိုက်လို့ရအောင် မေရီသွားမေးရင်း ဘာတွေ ဆက်ဖြစ်ကြမလဲ? ထောင်ထဲက လုံးဝမထွက်ပဲ လူသတ်သွားတဲ့ geniusဆန်ဆန် psychoဆန်ဆန်အပြင် အပမီတာမျိုး religionsဆန်ဆန် ကြိုက်တတ်တဲ့သူဆိုရင် ဇာတ်လမ်းနဲ့အတူ လိုက်စုံစမ်းထောက်လှမ်းလို့ကောင်းတဲ့ ကားလေးပဲဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Themes ပါ။) File Size          : 1.8GB, 544MB, 297MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 36mins Genre              : Thriller Translated by Themes Encoded by Kinnov

Drama
6.7 2022 107 mins
Mindcage
The Death of Stalin
7

IMDb....7.2,,,Rotten......96% စစ်အာဏာရှင်ဆိုပြီး စတာလင်ကို မသိတဲ့သူ ခပ်ရှားရှားပါပဲ...သူ့ရဲ့ အကြောင်းတွေဟာ   သမိုင်းစာမျက်နှာရဲ့ ဆိုးယုတ်မှုဆိုတဲ့ခေါငး်စဉ်အောက်မှာ အမြဲနေရာယူထားလေ့ရှိတယ်...လူသန်းပေါင်း (၂၀)ခန့်ကို သတ်ခဲ့တဲ့သူ..သတ်ခဲ့ရတဲ့ အကြောင်းရင်းတွေကလည်း သူ့အတ္တနဲ့ သူ့မာနတွေကြောင့်က ခပ်များများ..... ဒီလို အာဏာရှင်ကို လူတိုင်းက သေချင်နေကြနေကြတယ်....ဒီဇာတ်ကားကတော့ စတာလင် ရုတ်တရက်ကွယ်လွန်သွားပြီးတဲ့နောက်ပိုင်းမှာ အုပ်ချုပ်ရေးပိုင်းက လူကြီးတွေကရော ဘယ်လိုတွေတုန့်ပြန်ကြလဲ...ဘယ်လိုတွေရှေ့ဆက်ကြလဲ.... ဒါတွေအားလုံးကို ဟာသလေးနှောပြီး ပြောင်မြောက်စွာပုံဖော်ထားတယ်... ဟာသနှောတယ်ဆိုပြီး ဒီကားကရဲ့ ပုံစံကိုတစ်မျိုးမထင်လိုက်နဲ့ဦး... အကုန်လုံးက ပညာသားပါပါနဲ့ လှလှပပလေးထိုးနှက်သွားတာ.. မူရင်းပုံစံတွေနဲ့ အနှစ်သာရလည်းမပျောက်ပျက်အောင် သမိုင်းကြောင်းကိုလည်း သွေဖီမသွားအောင် အားလုံးကို အပြောင်မြောက်ဆုံးတင်ဆက်ထားတယ်... ဒါကြောင့်လည်း  ဆုပေါင်း(၁၈)ဆု အခြားဆုများအတွက် ဆန်ကာတင်(၃၂)ဆုရွေးချယ်ခံရသလို Rating တွေအနေနဲ့လည်းအမြင့်ဆုံးကိုရရှိထားတယ်... ကိုင်း နိုင်ငံရေးကိုလည်း လေ့လာဖြစ် ဟာသလေးတွေလည်း သဘောကျတဲ့အဖြစ်ကိုရောက်ရှိစေမယ့် ကားဆိုတော့ ကြည့်လိုက်ကြပါဦးဗျို့.... File Size : (992 MB) and (396 MB) Quality : Blu-Ray 720p Format…mp4 Duration…01:47:00 Genre :  Comedy, Drama, History Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Drama • Science Fiction
7 2017 107 mins
The Death of Stalin
Paul Blart: Mall Cop 2

Paul Blart Mall Cop 1 ထုတ်လွှင့်အပြီး ၆နှစ်အကြာမှာ အပိုင်း(2) ထပ်မံထွက်ရှိခဲ့ပါတယ်…။ အပိုင်း (2)မှာလည်း… အပိုင်း (1)တုန်းကလိုပဲ ကုန်တိုက်လုံခြုံရေးပေါလ်ဘလတ်ရဲ့ စွန့်စားခန်းဟာသတွေကို တွေ့ရှိရမှာပါ။ ဇာတ်လမ်းအကျဥ်းမှာတော့ ပေါလ်ကို “လုံခြုံရေးအရာရှိများအသင်းအဖွဲ့ကြီး”က ဗေးဂတ်စ်မြို့က “ဝင်န်ဟိုတယ်”မှာ ကုန်စည်ပြပွဲနဲ့ ဆုပေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်။ ဝင်န်ဟိုတယ်ကို ပေါလ်နဲ့ ပေါလ်သမီး မာရာတို့ လာရောက်တည်းခိုရင်းနဲ့ ပန်းချီကားသူခိုးလူဆိုးအဖွဲ့နဲ့ ကြုံရပါတော့တယ်။ ပထမအပိုင်းကလိုပဲ ပေါလ်အနေနဲ့ လူဆိုးအဖွဲ့ကို တစ်ယောက်ချင်းဖြုတ်ဖို့ ဖြစ်လာခဲ့တယ်။ ပေါလ်တစ်ယောက်ရဲ့ အလွဲတွေနဲ့စွန့်စားခန်းကို ဟာသနဲ့ actionရောနှောထားတဲ့ဇာတ်ကားတစ်ကားအနေနဲ့ ကြည့်ရှုရမှာပါ။ Paul Blart Mall Cop (1)ကို ကြည့်ရတာ သဘောကျရင် (2)ကို ဆက်ကြည့်လို့ရပါတယ်နော်…။ နှစ်ကားထွက်ပေမဲ့ ဇာတ်လမ်းချင်းအရမ်းမချိတ်ဆက်ထားတာကြောင့် တစ်ကားချင်းကြည့်လို့လည်းရပါတယ်။ File size…(1.97GB) / (`1.1GB) / (671.02MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:34:00 Genre… Action / Comedy / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Animation • Crime • Drama
0 2015 94 mins
Paul Blart: Mall Cop 2
Pom Poko
7.3

Studio Ghibli ရဲ့ Masterpiece တွေထဲကတစ်ခုဖြစ်တဲ့ Pom Poko ဆိုတဲ့ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းအနေနဲ့ပြောပြရမယ်ဆိုရင် ဘာမှမပြောချင်တော့ပါဘူး။ အရမ်းကောင်းတယ် ကြည့်ဖြစ်အောင်ကြည့်ကြ မကြည့်မိရင် နောင်တရသွားလိမ့်မယ်လို့ပဲပြောချင်ပါတော့တယ် ¯\_(ツ)_/¯ စတာပါ တကယ်ပါ။ လုံးဝမပြောလို့ကလည်းမဖြစ်ပြန်​သေးဘူးဆိုတော့လည်း နည်းနည်း​လောက်တော့ပြောပြလိုက်ပါဦးမယ်။ ဇာတ်လမ်းလေးကဒီလိုစပါတယ်……. ပုံစံမျိုးစုံကိုပြောင်းလဲနိုင်စွမ်းရှိတဲ့ ရက်ကွန်းဆိုတဲ့သတ္တဝါလေးတွေဟာ တာမာတောင်ကုန်းကြီးပေါ်မှာပျော်ရွှင်စွာနေထိုင်ကြပါလေသတဲ့ …. ပျော်ရွှင်အေးချမ်းနေတဲ့သူတို့ရဲ့ကမ္ဘာလေးထဲကို လူဆိုတဲ့ လောကမှာညဏ်အများဆုံး တစ်ကိုယ်ကောင်းအဆန်ဆုံးသတ္တဝါတွေက မြို့လည်ကောင်မှာလူနေထိုင်ဖို့နေရာမလုံလောက်တော့ဘူးဆိုတဲ့အကြောင်းပြချက်နဲ့ တာမာတောင်ကုန်းမှာရှိတဲ့သစ်တောတွေကိုအပြောင်ရှင်းပြီး မြို့သစ်တစ်ခုတည်ဆောက်​ဖို့ကြိုးစားကြပါတော့တယ် …… အဲ့ဒီအခါ ရက်ကွန်းလေးတွေဟာ သူတို့ကိုယ်စွမ်းညဏ်စွမ်းရှိသလောက် သူတို့သစ်တောလေးကိုကာကွယ်ဖို့အစွမ်းကုန်ကိုနှစ်ရှည်စီမံကိန်းကြီးဆွဲပြီးကြိုးစားကြပါတယ်။ ဒါပေမဲ့လည်း လူသားတွေကသူတို့ရဲ့ပြိုင်ဘက်မဟုတ်ဘူးဆိုတာကို အသက်ပေါင်းများစွာကိုစတေးပြီးတဲ့အချိန်မှသိခဲ့ကြရတဲ့အခါမှာ ……. ဒီရုပ်ရှင်ဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုမီးမောင်းထိုးပြနေတဲ့ အဖိုးတန်ရုပ်ရှင်ကားတွေထဲကတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ဖွံ့ဖြိုးတိုးတက်ရေးဆိုတဲ့အရာတွေအတွက် သဘာဝပတ်ဝန်းကျင်ဟာ အခုအချိန်အထိ စတေးခံနေရတုန်းပဲဖြစ်ပါတယ်။ နေရင်းဒေသတွေပျက်စီးမှုကြောင့် မရေမတွက်နိုင်တဲ့မျိုးစိတ်တွေ မျိုးသုဥ်းပျောက်ကွယ်မှုနဲ့ရင်ဆိုင်နေရတဲ့ လက်ရှိကမ္ဘာကြီးရဲ့ရုန်းကန်နေရမှုတွေက ဒီရုပ်ရှင်မှာပဲ့တင်ထပ်စေမှာဖြစ်ပါတယ်။ တိုးတက်မှုလို့နာမည်တပ်ထားတဲ့ နောက်ကွယ်မှာ ရင်ဆိုင်ရမယ့် အစားထိုးမရတဲ့ဆုံးရှုံးမှုတွေအတွက် သတိပေးချက်တစ်ခုလည်းဖြစ်တဲ့ ဒီ Pom Poko ဆိုတဲ့ဇာတ်ကားလေးကို အတူတူလိုက်ပါစီးမြောခံစား၊ ဝမ်းနည်းစာနာနိုင်စေဖို့ CM က ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.10 GB / 972 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Animation , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Aung Wai Wai Thin

Romance • Comedy
7.3 1994 119 mins
Pom Poko
Summer Love Love
5.2

ဒီတစ်ခါတေ့ာ တရုတ်ဇာတ်မြူး ကားလေး တစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ လူကြီးရုပ်ရှင် မဟုတ်ပေမယ့် ခပ်လန်းလန်း ကောင်မလေးတွေ ကို အားပါးတရ ငမ်း လို့ လည်း ရမှာ ဖြစ်တာကြောင့် ရုပ်ရှင်လည်း ကြည့်ရင်း စကီလည်းရှိုးရင်း ဆိုသလို ကိုကိုပုရိသတို့ အကြိုက်တွေ့စေမယ် ဆိုတာ တော့ အာမခံ ပါရစေ။ ဇာတ်လမ်း အကျဉ်းချုံး ကတော… Fong Ryan နဲ့ Fattyတို့ သုံးယောက်ဟာ ဟိုင်နန် ကို အပန်းဖြေ ခရီး ထွက် လာရင်းနဲ့ ဒုက္ခ ရောက်ရပုံ နဲ့ တည် ထား ပါတယ်။ ပစ္စည်းတွေ အလစ်သုတ် ခံရပြီး ကမ်းခြေ တစ်ခု မှာ သုံးယောက်သား ယောင်လည်လည် ဖြစ်နေကြတာပါ။ အဲ့ဒီ အချိန်မှာပဲ ထိုနေရာမှာ လူထူးဆန်း တစ်ယောက်က သူ့ဘဝလက်တွဲဖော် ရှာဖို့ ပြိုင်ပွဲ စီစဉ်နေတာပါ။ ပြိုင်ပွဲ နာမည်က “သန်းကြွယ်လေးနဲ့ ဘယ်သူ လက်ထပ် ချင်လဲ” ဆိုတာပါ။ စကီလေးတော်တော် များများကလည်း စိတ်ဝင်စားကြပြီး ထိုလူရဲ့ စိတ်ဝင်စား မှု ရအောင် ကြံဖန် ကြပါတော့တယ်။ အဲ့ စကီလေးတွေ ထဲက တချို့ကို သကောင့်သား ငနဲသုံးကောင်က စိတ်ဝင်စား မိပြီး ချဉ်းကပ် ကြပုံ ကို တင်ဆက် ထားတာပါ။ ဇာတ်လမ်းကို ပေါ့သွားမှာ စိုးလို့ အစအဆုံးပြောမနေတော့ပါဘူး။ သူတို့ သုံးယောက်ဟာ သူတို့ လိုချင်တဲ့ အဖြေ ကို ကောင်မလေးတွေဆီက ရနိုင်ပါ့မလား။ ဘယ်လိုပုံ ဘယ်လိုနည်း နဲ့ ချဉ်းကပ်ကြမယ် ဆိုတာကတော့ ပရိသတ်ကြီးတို့ပဲ ရှူစားကြပါလို့ ပြောပါရစေ။ ဒီဇာတ်ကားလေးကလည်း ပရိသတ်တွေရဲ့ ဘဝအမော ကို ဖြေဖျောက်ပေးနိုင်မှာ တေ့ာ သေချာ ပါကြောင်း File size… 3.3 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

5.2 2011
Summer Love Love
The 66th Annual Grammy Awards
6.5

The 66th Annual Grammy Awards (2024) =============================== ဒီ 2024 ဂရမ်မီပွဲမှာတော့ Special Event တွေရော History Making တွေရော အများကြီးပါ။ နှစ် ၃၀ ကြာပြီးမှ Billy Joel ရဲ့ Comeback, အသက် ၈၀ ပြည့်ပြီးမှ ပထမဆုံးအကြိမ် ဂရမ်မီ စင်မြင့်ထက်မှာ လာ ဖျော်ဖြေတဲ့ Joni Mitchell, Album of the Year လေးကြိမ်ဆက်တိုက် ဆွတ်ခူးဖူးတဲ့ ပထမဆုံးသောသူ ဖြစ်လာတဲ့ Taylor Swift, အနုပညာ သက်တမ်း ၁၈ နှစ်အကြာမှ ပထမဆုံးသော ဂရမ်မီလိပ်ပြာလေးကို ဆွတ် ခူးရရှိခဲ့သူ Miley Cyrus… စသဖြင့် အမှတ်တရတွေ စုံလှတဲ့ ပွဲတစ်ပွဲပါ။ အမှတ်တရတွေ အများကြီးနဲ့ ၆၆ကြိမ်မြောက် ဂရမ်မီ ဆုပေးပွဲကြီးကို အားလုံး ပြန်လည်ခံစား ကြည့်ရှုနိုင်ဖို့ CM က တင်ဆက်ပေးလိုက်ပါတယ်။ စကားချပ်: ဘာသာပြန်ရတဲ့ စာဖိုင်က အပြည့်အစုံမပါတာမလို့ listening နဲ့ ထည့်ထားရတဲ့ စာတွေလည်း ပါတာကြောင့် တချို့နေရာတွေ မပြည့်စုံတာမျိုး ဖြစ်နိုင်ပါတယ်။ အဓိက main point တွေတော့ အတတ်နိုင်ဆုံး ပြန်ထားကြောင်း ပြောကြားရင်း သည်းခံကြည့်တော်မူကြပါကုန်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Act Molemy ဖြစ်ပါတယ်) File Size……….(3.68 GB) / (1.71 GB) Quality…………WEB-DL 1080p / 720p Duration………2Hr 36Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Music, Reality-TV Translator…….Act Molemy Encoder……….SWM

6.5 2024
The 66th Annual Grammy Awards
Jaga Pocong
5.5

Jaga Pocong (2018) ============== လူနာတစ်ယောက်ရဲ့အိမ်မှာသွားပြုစုပေးလိုက်ရတဲ့ သူနာပြုမလေး မီလာရဲ့ ‌ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကိုကြည့်ရှုရမှာဖြစ်တယ်။ ဇာတ်လမ်းအစမှာ မီလာက လူနာကလေးလေးတစ်ယောက်ကိုပြုစုပေး‌နေရင်း သိပ်မကြာခင်မှာပဲ လူနာကဆုံးသွားရှာတယ်။ အဲမှာပဲ မီလာ့ဆီကိုတာဝန်တစ်ခုကျလာပါတော့တယ်။ အဲ့တာတာဝန်ကတော့ လူနာဘွားအိုကြီးတစ်ယောက်ကို သူ့အိမ်မှာအကြောဆေးသွား‌သွင်းပေးဖို့ပဲဖြစ်တယ်။ မီလာကလည်း ငြင်းလို့မရတဲ့အတွက် အိမ်ကြီးဆီကိုထွက်လာလိုက်ပါတော့တယ်။ အိမ်ရှေ့ရောက်တဲ့အခါမှာ အဘွားအိုရဲ့သားဖြစ်သူ ရာဒစ်တ်က အမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းပြောပြီး သူ့အမေရဲ့အလောင်းကိုဆေးကြောပေးဖို့ မီလာ့ကိုတောင်းဆိုလိုက်ပါတော့တယ် မီလာ့ကလည်း မထူးဇာတ်ခင်းပြီး သဘောတူလိုက်တဲ့အခါမှာတော့… ‌ ရင်တမမနဲ့ ခြောက်ခြောက်ခြားခြားကြည့်ရမဲ့ အင်ဒိုနီးယားသရဲကားလေးကိုတင်ဆက်‌ပေးလိုက်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

5.5 2018
Jaga Pocong
Inu-Oh
7.1

Inu-oh (2021) အေးချမ်းတဲ့ ဒါနိုအူရာရွာ‌လေးမှာ နေထိုင်တဲ့ တိုမိုနာတစ်ယောက် တစ်နေ့မှာ မတရားမှုနဲ့ ကြုံတွေ့လိုက်ရတာကြောင့် အဖေသေပြီး မျက်စိအမြင်ကွယ်ခဲ့ရပါတယ်။ မတရားသေဆုံးသွားရတာကြောင့် ငြိမ်းချမ်းရာမရနိုင်တဲ့ အဖေအတွက် လက်စားချေရမဲ့ တိုမိုနာတစ်ယောက် ဟီကဲတွေရဲ့ ပျောက်ဆုံးသွားတဲ့ရွာတွေကို လိုက်လံရှာဖွေနေပါတယ်။ တစ်နေ့ ဘီဝါဘုန်းတော်ကြီး ထီအိချီနဲ့ တွေဆုံပြီး တပည့်အဖြစ်လက်ခံသင်ကြားရင်း ဘီဝါတီးခတ်ဖျော်ဖြေသူတစ်ယောက် ဖြစ်လာပါတော့တယ်။ ကျောမှာအကြေးခွံ ဗိုက်မှာအမွေးအမျှင်တွေနဲ့ မျက်စိကလည်း ရှိသင့်တဲ့နေရာမှာမရှိ ခြေတံလက်တံတွေ ရှည်လျားပြီး လူနဲ့မတူတာကြောင့် မကောင်းဆိုးဝါးလို့ အများက သမုတ်ခံထားရတဲ့ အီနူအို။ ကျိန်စာမိထားတယ်လို့ သတ်မှတ်ခံထားရတဲ့ အကျည်းတန်ရုပ်ရည်ကြောင့် မျက်နှာဖုံးစွပ်ထားရသူ အီနူအိုတစ်ယောက် ဘီဝါတီးခတ်နေတဲ့ တိုမိုနာနဲ့အတွေ့ အနုပညာဂီတပိုးတွေ နိုးကြွလာပါတော့တယ်။ အီနူအိုနဲ့ တိုမိုနာနှစ်ယောက်ပေါင်းလို့ ကျဆုံးဟီကဲစစ်သည်တွေရဲ့ ဇာတ်လမ်းကို ကပြဖျော်ဖြေရင်း သာမန်ပြည်သူတွေကြားမှာ တစ်စတစ်စနာမည်ကြီးလာပါတော့တယ်။ ပြည်သူတွေရဲ့ အသည်းကျော် အီနူအိုဇာတ်အဖွဲ့ရဲ့ ကောင်းသတင်းက ရှိုးဂန်းတွေဆီကို ရောက်သွားလေတော့ ရှိုးဂန်းကြီးရဲ့ အိမ်တော်မှာ လာဖျော်ဖြေဖို့ အဖိတ်ခံရပါပြီ။ တောင်းဆိုချက်ကတော့ တစ်ခုတည်းပါပဲ။ နောက်ဆုံးအပိုဒ်မှာ အီနူအို မျက်နှာဖုံးချွတ်ပြီး ဖျော်ဖြေရမှာပါ။ ငြိမ်းချမ်းရာမရနိုင်တဲ့ ဟီကဲဝိညာဉ်တွေအစား တစ်လောကလုံးသိအောင် ဇာတ်လမ်းတွေ ပြောပြရင်း ဖျော်ဖြေနေတဲ့ အီနူအိုနဲ့ တိုမိုနာတို့မိတ်ဆွေနှစ်ဦးရဲ့ ဂီတတွေဟာ တိုင်းပြည်အာဏာစုစည်းရမဲ့ ရှိုးဂန်းတွေအတွက် ဆူးညှောင့်ခလုတ်တစ်ခု ဖြစ်လာတဲ့အခါ ….. (အညွှန်းနဲ့ ဘာသာပြန်ကို Juno Saurus ရေးသားထားပါတယ်) File size… 1.2 GB / 607 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Animation/Drama/Fantasy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Juno Saurus

7.1 2021 99 mins
Inu-Oh
Paltan
5.2

Paltan (2018) IMDb – 5.2/10 တောင်းဆိုမှုတွေကြောင့် အဟောင်းထဲက အကောင်းစားရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Om Shanti Om (2007)က ဗီလိန်လူချောကြီး အာဂျွန်ရမ်ပယ်လ်၊ နွားရုပ်ကလေးလုပ်ပေးတဲ့ အစ်ကိုကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Ramaiya Vastavaiya (2013)က ဆိုနူးဆွတ်၊ ထာ၀ရထက်တစ်ရက်ဆိုပြီး နာမည်ကြီးခဲ့တဲ့ Sanam Teri Kasam(2016)က မင်းသားဟာရှ်ဗာဒန်ရိန်း မင်းသားကြီး တိုက်ဂါးရှရော့ဖ် စတဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေ ပါဝင်ထားတဲ့ ရုပ်ရှင်။ 1967ခုနှစ်က တရုတ်နဲ့ အိန္ဒိယစစ်တပ်ကြား နယ်စပ်ကပဋိပက္ခ။ တပ်စုအသစ်တစ်ခုရောက်လာတိုင်း မော်စီတုန်းရဲ့ မော်ဝါဒက စစ်သေနကနည်းဗျူဟာတွေနဲ့ ရန်လာစကြတဲ့ တရုတ်စစ်တပ်ကို စိတ်ဓာတ်ရေးရာအရ ပြန်အနိုင်ယူဖို့ကြိုးစားကြတဲ့ တပ်စုအသစ်။ ပြတ်သားတဲ့ ဗိုလ်ချုပ်ရောက်လာချိန်မှာ နှစ်ဖက်တပ်တွေ အခြေအနေတင်းမာကုန်ပြီး တစ်ဘက်နဲ့ တစ်ဘက် စစ်မြှူနေကြပုံကို အသည်းတလှပ်လှပ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ~ V ~ KKKZ ~ Linn ~ Thaw တို့ပဲဖြစ်ပါတယ်)

5.2 2018 123 mins
Paltan
Coward Hero
5.7

ဒီ coward hero ဆိုတဲ့ဇာတ်ကားလေးက Dramaတွေ ဟာသ‌တွေအပြည့်နဲ့ ကြည့်ရမဲ့ဇာတ်ကားလေးဖြစ်ပါတယ် ဇာတ်ကားလေးကတော့ ရှန့်ဟိုင်မြို့ရဲ့ 1930 ပတ်ဝန်းကျင်လောက်က လူဆိုးဂိုဏ်းအဖွဲ့ဝင် ယန်သဟိုင်(မင်းသား)ဆိုတဲ့ ငကြောက်လေးတစ်ယောက်ကနေ စတင်ခဲ့ခြင်းပဲဖြစ်ပါတယ် ယန်သဟိုင်မှာ တိတ်တခိုးချစ်‌နေရတဲ့ သုချင်း(မင်းသမီး) အကမယ်လေးတစ်ယောက်ရှိပါတယ် ယန်သဟိုင်က သူ့ဘဝ‌လေးကိုအေးဆေးပျော်ရွှင်စွာ ဖြတ်သန်းနေချိန်မှာပဲ သူ့မှာကုသလို့မရတော့တဲ့ရောဂါတစ်မျိုးရနေကြောင်း၊ သေတော့မှာဖြစ်ကြောင်းကိုသိလိုက်တဲ့အခါ သူချစ်ရတဲ့ကောင်မလေးအတွက် အကြွေးတွေပြန်ဆပ်ပေးဖို့ဆုံးဖြတ်ခဲ့တယ် သူအကြွေးဆပ်ဖို့ ငွေရှာရင်းနဲ့ ကြက်ကန်းဆန်အိုးတိုးပြီး ရဲအရာရှိတစ်ယောက်ဖြစ်ခဲ့တယ် ဒါပေမဲ့ ဘာမှတတ်ကျွမ်းမှုမရှိတဲ့လူတစ်ယောက်က ရဲအရာရှိတစ်‌ယောက်အနေနဲ့ အမှုတွေဘယ်လိုဖြေရှင်းကြမလဲ… ရဲအရာရှိဖြစ်သွားတာနဲ့အတူ လူဆိုးဂိုဏ်းအဖွဲ့ဝင်ဖြစ်နေလို့ ကြားထဲက ပြဿနာတွေ ဘယ်လိုဖြေရှင်းမလဲ… သူအသက်ရှင်နေတုန်း သေရကျိုးနပ်အောင် ဘယ်လိုများ Drama Kingလုပ်မလဲ.. သူချစ်ရတဲ့မိန်းကလေးကို ဘယ်လိုပေးဆပ်ခဲ့မလဲဆိုတာကို နောက်ဆုံးအခန်းလေးထိကြည့်ရှုလိုက်ကြရအောင်နော်

5.7 2019
Coward Hero
The Caller
6

The Caller (2011) IMDb Rating (6.0) / Rotten Tomatoes (29%) မေရီဟာ နှိပ်စက်တတ်တဲ့ ခင်ပွန်းသည်နဲ့တရားရင်ဆိုင်ကွာရှင်းပြီးကာစ ပူပူနွေးနွေး မုဆိုးမလေးတစ်ယောက်ဖြစ်ပြီး။ ကိစ္စတွေ ရှင်းပြီးပြီးချင်း တိုက်ခန်းတွဲဟောင်းကြီးတစ်ခုမှာ ရရာအခန်းတစ်ခန်းကိုငှားနေခဲ့ပါတယ်။ အဲ့ဒီအခန်းကိုရောက်ပြီး မကြာမှီမှာပဲ အမည်မသိထူးဆန်းတဲ့ မိန်းမတစ်ယောက်ဆီက ဖုန်းခေါ်ဆိုမှုတွေကို သူ စပြီး လက်ခံရရှိလာပါတော့တယ်။ အဲ့ဒီအမျိုးသမီးဟာ ”ဘော်ဘီရှိလား ဘော်ဘီနဲ့စကားပြောချင်လို့” ဆိုတဲ့ မေးခွန်းကိုတွင်တွင်မေးပြီး မေရီက ဒီတိုက်ခန်းကို သူအခုမှပြောင်းလာတာဖြစ်ပြီး ဘော်ဘီဆို တာကိုမသိသလို ဘော်ဘီဆိုတာလည်းမရှိကြောင်းပြောပေမယ့်လက်မခံပါဘူး။ တစ်ခါတစ်လေဆိုရင် ဘော်ဘီကို မနေ့ညကတောင် ပြူတင်းပေါက်မှာ ရပ်နေတာတွေ့လိုက်သေးတယ်ဆိုတာမျိုးလည်းပြောတတ်ပါသေးတယ်။ မေရီက မယုံသင်္ကာပြန်မေးစမ်းတဲ့အခါမှာလည်း သူနေတဲ့လိပ်စာ အခန်းအစရှိတာတွေမှန်သမျှ ကွက်တိမှန်နေတတ်ပါသေးတယ်။ တစ်နေ့တော့ စကားစပ်မိရင်း စပ်မိရင်း သိလိုက်ရတာက အဲ့ဒီအမျိုးသမီးဟာ အသက် ၄၀ အရွယ်မိန်းမတစ်ယောက်ဖြစ်ပြီး ၁၉၇၀ ဝန်းကျင်က သူနေတဲ့တိုက်ခန်းမှာနေ သွားခဲ့ဖူးတယ်ဆိုတာပါပဲ။ သူ့အနီးဝန်းကျင်မှာစုံစမ်းခဲ့မိတော့ အဲ့ဒီအမျိုးသမီးရဲ့နာမည်အပြည့်အစုံနဲ့ဇာတ်ကြောင်းကိုပါသိခွင့်ရခဲ့ပြီး ဒီတိုက်ခန်းထဲမှာပဲဖုန်းကြိုးနဲ့ဆွဲကြိုးချပြီးသတ်သေသွားခဲ့တာ ကိုပါ ထိတ်လန့်ဖွယ်သိရှိခဲ့ရပါတော့တယ်။ သူနဲ့နေ့တိုင်းဖုန်းပြောတတ်တဲ့ မိန်းမဟာ သူနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်း ၁၉၇၀ ကျော်ကာလမှာ သက်ရှိထင်ရှားရှိနေဆဲလား? ဒါမှမဟုတ် တစ်ချိန်က ဒီတိုက်ခန်းထဲမှာပဲ ဆွဲကြိုးချသေဆုံးခဲ့တဲ့ ဝိဉာဉ်ရဲ့ခြောက်လှန့်မှုတွေလား? အစရှိတဲ့ ပဟေဠိတွေနဲ့အတူ၊ အတိတ်ကာလမှာနေထိုင်ဆဲဖြစ်တဲ့ အမျိုးသမီးဟာ သူနေတဲ့လက်ရှိမျက်မှောက်ခေတ်ကာလအထိအန္တရာယ်ပြုဖို့ကြိုးစားလာတာတွေကို တစ်ကိုယ်တည်းရင်ဆိုင်ရဖို့ဖြစ်လာပါတော့တယ်။ The Caller ဟာ ဗြိတိန်ဟော်ရာဇာတ်ကားတစ်ကားဖြစ်ပြီး Jump scare မပါသလောက်နဲ့ဇာတ်လမ်းဇာတ်အိမ်၊လှည့်ကွက်ကောင်းကောင်းကိုအဆုံးသတ်ထိ သည်း ထိတ်ရင်ဖို့ကြည့်ရှုရမယ့် ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (670 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Horror,Mystery,Thriller Duration….01:32:41 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

6 2011 92 mins
The Caller
Romeo and Isabella

ဒီကားလေးကတော့ လူမှုအဖွဲ့အစည်းနဲ့ အတိတ်က ထိခိုက်မှုတွေကြား လူနှစ်ယောက်ရဲ့ ချစ်ခြင်းဇာတ်လမ်းကို ပုံဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဇာတ်အိမ်မှာ အီဇဘယ်လာ က ရည်းစားဟောင်း ဒဲရက်နဲ့ ပြတ်သွားပြီး မအိပ်နိုင်မစားနိုင် ဖြစ်နေသူပါ။ တစ်နေ့မှာ အခြားမြို့က သူငယ်ချင်းဟောင်း ဝဒ်နီရဲ့ နာရေးကိုသွားဖို့အတွက် မီရှယ်ဆိုတဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းခေါ်လာခဲ့ပါတယ်။ အီဇဘယ်လာလဲ စိတ်ပြေလက်ပျောက်ဆိုပြီး လိုက်လာခဲ့ရာမှာ မြို့ထဲကအသစ်ဖွင့်တဲ့ ကလပ်ကိုသွားရင်းနဲ့ ရိုမီယိုဆိုတဲ့ ဆေးရောင်းတဲ့ကောင်လေးနဲ့ တွေ့ကြတဲ့အခါမှာတော့ ရိုမီယို့ကို ဆေးရောင်းတဲ့အလုပ်ကနေ ဘယ်လိုကယ်ထုတ်သွားမလဲဆိုတာနဲ့ ရန်​ညိုးရှိသူတွေရဲ့လက်က ဘယ်လိုလွတ်မြောက်အောင် ကြိုးစားရမလဲဆိုတာ………. File size…(1.5 GB)/(846 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama
0 2024
Romeo and Isabella
Chosen Family

IMDB Rating – 4.7/10 Genre – Romance , Comedy , Drama ဒီတစ်ခါမှာတော့ Rating ကြည့်ပြီးမဆုံးဖြတ်သင့်တဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Chosen Family ရုပ်ရှင်က ခံစားမှုတွေနဲ့ စိတ်နှလုံးသားကို နူးညံ့စွာ ပွတ်တိုက်သွားစေမယ့် ရုပ်ရှင်ကားကောင်း တစ်ကားပါ။ မိသားစုဆိုတဲ့ အနှစ်သာရကို ဖော်ကျူးနိုင်ရုံ သာမက ကိုယ့်စိတ်နဲ့ အနီးစပ်ဆုံး သူငယ်ချင်းတွေကြားက သံံယောဇဥ် နဲ့ ယုံကြည်မှုကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီရုပ်ရှင်က လူတိုင်းရဲ့ ဘဝထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်ကူညီမှုနဲ့ ယုံကြည်မှုတို့ကို ရိုးရိုးရှင်းရှင်းနဲ့ နက်နက်ရှိုင်းရှိုင်း တင်ပြပေးထားတာကြောင့် ကြည့်ရှုသူတွေအနေနဲ့ မိသားစုတန်ဖိုးနဲ့ ခေတ်ကာလအရ မိတ်ဆွေအချင်းချင်းအကြား ယုံကြည်မှုက ဘယ်လောက်အရေးကြီးကြောင်း သတိချပ်စေမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းအရ သက်ဆိုင်တဲ့ လူမှုရေးအတွေ့အကြုံတွေကို ပြန်လည်မွမ်းမံပေးနိုင်ပြီး၊ လူတိုင်းရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေကို နူးညံ့စွာ ပြသထားတာကပဲ ဒီကားရဲ့ အဓိက အားသာချက်တစ်ခုလို့ ပြောနိုင်ပါတယ်ရှင်။ File size…(1.8 GB)/(974 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Drama • Thriller
0 2024
Chosen Family