YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Corruptor.1999.BluRay720p(CM).mp4

1004.65 MB N/A video/mp4 474 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Baby Driver
7.5

2017 ရဲ့ အလန်းဆုံး ရေပန်းအစားဆုံး Action Thriller Comedy Crime Music ဇာတ်ကားလေး လာပါပြီ။ နိုင်ငံတကာရုပ်ရှင် ဝေဖန်သူတွေကြားမှာလည်း နာမည်ကောင်းရထားပြီး ပရိသတ်အများအပြား ချီးမွမ်းနေကြတဲ့ဇာတ်ကားလေးပါ။ Rating အနေနဲ့လည်းIMDb Rating …7.6        Rotten Tomatoes Rating…. 93% အထိ ရထားပြီး Box offices မှာလည်း ရင်းနှီးမြုပ်နှံငွေ USD 34 million သာရှိခဲ့ပေမယ့် အမြတ်ငွေ USD 213.7 million ရတဲ့အထိကို အောင်မြင်ခဲ့ပါတယ်။ Baby Driver အောင်မြင်ရခြင်းကလည်း  Computer Generated Image (CGI) effect တွေနဲ့ ဇာတ်ကားအများအပြားကြားမှာ CGI effect အနည်းဆုံးနဲ့ တကယ့် စတန့်သမားတွေနဲ့ အပီပြင်ဆုံး ရိုက်ကူးထားနိုင်လို့ပါပဲ။ ဒီဇာတ်ကားကို ဒါရိုက်တာ  Edgar Wright ကိုယ်တိုင် ဇာတ်လမ်းရေးသားပြီး ကိုယ်တိုင်ဒါရိုက်တာလုပ် ရိုက်ကူးခဲ့တာပါ။ Music အမျိုးအစားကားဖြစ်လို့လည်း ဇာတ်ဝင်တေးပေါင်း ၃၀ တိတိနဲ့ အသုံးပြုထားပြီး အမြဲတန်းလိုလို သီချင်းသံလေးတွေ ကြားနေရမှာပါ။ ( သီချင်းတွေများလွန်းလို့ထင်တယ် မင်းသမီးအတွက် အသုံးပြုထားတဲ့ T.rex သီဆိုထားတဲ့ Debora ဆိုတဲ့သီချင်းကို CopyRight ခွင့်မတောင်းမိလို့ ထုတ်လုပ်တဲ့ Sony ကုမ္ပဏီက တရားရင်ဆိုင်ရမှာ ဖြစ်ပါတယ်) ဆုတွေအနေနဲ့လည်း  Golden Trailer Award 2017 မှာ Best Action ဇာတ်ကားဆု၊ International Online Cinema Awards 2017 မှာ Best Editing ဆု Best Song Mixingဆု Best Song Editing ဆု  SXSW Flim Festival 2017 မှာ ဒါရိုက်တာ Edgar Wright က Headliner ဆုတွေရခဲ့ပါတယ်။ ဒါ့အပြင်  ငယ်ငယ်ကတည်းက ကားအက်ဆီးဒင့်ဖြစ်ပြီး စိတ်ဒဏ်ရာရှိထားတဲ့ သီချင်းတွေကို ရူးသွပ်တဲ့ ကောင်လေးနေရာကနေ ပီပီမြင်မြင်သရုပ်ဆောင်သွားတဲ့ မင်းသားလေး Ansel Egort လည်း  Cinemacon က ချီးမြှင့်တဲ့ Male Star of Tomorrow award ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားပြီးပါပြီ။ ဇာတ်လမ်းကိုတော့ မပြောပြတော့ပါဘူး ပထမတစ်ခန်းထဲနဲ့ကို ပရိသတ်ကို ဆွဲယူခေါ်ဆောင်သွားမယ့် စောင့်ရကျိုးနပ်တဲ့ ဇာတ်ကားလေးပါပဲ (ဇာတ်လမ်းအညွှန်းနဲ.ဘာသာပြန်က Little Twinlay ပါ) File Size : (897 MB) Quality : 720pwebdl Running Time : 1hr 52min Format : Mp4 Genre : Action, Crime, Music Subtitle : Myanmar Subtitle (Hard Sub) Translated by Little twinlay Encode by Moe Myint Lwin

Drama • Mystery
7.5 2017 113 mins
Baby Driver
Wind River
7.4

IMDb 8/10 rating ရထားတဲ့ ဒီဇာတ်လမ်းကောင်းလေးကိုညွှန်းရမယ် ဆိုရင်တော့ဖြင့် ..... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်... ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ ......... (ဒီဇာတ်လမ်းလေးကို အင်ဒီးယန်းနယ်မြေတွေမှာကြုံတွေ့ရလေ့ရှိတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေအပေါ် အခြေပြုရေးဖွဲ့ထားတယ်လို့ ဆိုပါတယ်...) ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာမဟုတ်ဘူးလား....စသဖြင့် ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ရှုရမှာပဲဖြစ်ပါတယ်.... ရုပ်ရှင်တစ်ခုလုံးမှာလည်းနှင်းတွေရေခဲတောင် တွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် ရုံတင်တုန်းက သွားကြည့်တဲ့သူတွေဆိုတော်တော်အေးမှာပဲ လို့တောင်တွေးမိလိုက်ပါသေးတယ်.... ဒါကလည်းရသတစ်မျိုးပေါ့လေ.. ပြန်ဆက်ရရင်ဖြင့် ဒီWind River လေးဟာဖြင့် တကယ်ကိုအမိုက်စားဇာတ်ကားလေးတစ်ကားဖြစ်တဲ့အတွက် Hollywood ပရိတ်သတ်အပေါင်းသူတော်ကောင်းတို့လက်လွတ်မခံသင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်.... (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ မေသဇင်မြင့်ပါ) File Size : (850 MB) and (400 MB) Quality : Blu-Ray 720p Running Time : 1hr 47min Format : Mp4 Genre :Crime, Drama, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by May Thazin Myint Encode by Thanhtike Zaw

Drama • Romance
7.4 2017 107 mins
Wind River
Luther: The Fallen Sun
6.6

Luther: The Fallen Sun (2023) ======================= Rotten Tomatoes 65%, IMDb Rating 6.7/10 ၂၀၂၃ ခုနှစ်မှာ ထွက်ရှိလာတဲ့ နာမည်ကြီးမင်းသား Idris Elba ရဲ့ စုံထောက်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Idris Elba နဲ့အတူ အပြိုင် သရုပ်ဆောင်ထားတဲ့ မင်းသားကတော့ Andy Serkis ဖြစ်ပါတယ်။သူဟာလည်း The Lord of the Ring Trilogy, Planet of the Apes, Black Panther ရုပ်ရှင်တွေမှာ ပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီး တစ်ယောက်လည်း ဖြစ်ပါ တယ်။ ဇာတ်လမ်းအကျဉ်းဟာဆိုရင် Luther ဟာ စုံထောက်တစ်ယောက် ဖြစ်ပါတယ်။ ကယ်လန်ဆိုတဲ့ လူငယ်လေးတစ်ယောက် ပျောက်သွားတဲ့ အမှုအတွက် စုံစမ်းဖို့တာဝန်ပေးခြင်းခံရပါတယ်။ ဒါပေမယ့် ကယ်လန် ဟာ ပြန်ပေးဆွဲခံရရုံတင်မဟုတ်ခဲ့ဘဲ ကွင်းဆက် လူသတ်သမားတစ် ယောက်ရဲ့ သားကောင်ဖြစ်သွားခဲ့တာပါ။ ကွင်းဆက် လူသတ်သမားဟာ Luther ရဲ့ နောက်ကြောင်းကိုပါ လိုက်လံစုံစမ်းပြီး Luther ကိုထောင် ကျအောင် လုပ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ Luther ဟာ ထောင်ကျသွားပေမယ့် ကွင်းဆက်လူသတ်သမားကို လိုက်ရှာဖို့ အာသီသပြင်းထန်လွန်းနေခဲ့ပါတယ်။ အပြင်မှာ လွတ်နေတဲ့ ကွင်းဆက်လူသတ်သမားဟာလည်း လွတ်လပ်စွာပဲ လူတွေကို သတ်နေခဲ့ ပါတယ်။ မနေနိုင်တဲ့အဆုံး Luther လည်း ထောင်ဖောက်ပြေးပြီးတော့ လူသတ်သမားကို ဖမ်းဆီးဖို့ လုပ်တော့တာပေါ့။ ဒါကြောင့် Luther ဟာ ရဲတွေလက်ကလည်းလွတ်အောင်ပြေးရင်း လူသတ်သမားကိုလည်း လိုက် ဖမ်းရင်းနဲ့လှုပ်ရှားနေတာပေါ့။ Luther ရယ်၊ ရဲတပ်ဖွဲ့ရယ်၊ ကွင်းဆက် လူသတ်သမားကြား ဉာဏ်ချင်းပြိုင်ကြရင်း စိန်ပြေးလိုက်တမ်းဆော့ကြပုံ ကို စိတ်ဝင်စားဖွယ် အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းထဲမှာ ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှ ရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size……….(790 MB) / (450 MB) Quality…………WEB-RIP 720p / 480P Duration………2Hrs 09Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Crime, Drama, Mystery Translator…….CM Team Encoder……….SWM

6.6 2023 129 mins
Luther: The Fallen Sun
Don’t Kill It

Don’t Kill It အဲ့ဒါကိုမသတ်ပါနဲ့။ဒီဇာတ်ကားနာမည်ကအဲ့ဒါပါ။ ဘာကိုမသတ်ရမှာလဲ။ဘာလို့မသတ်ရမှာလဲ။ သိချင်ရင်တော့ဇာတ်လမ်းအကျဉ်းချုပ်လေးကိုပြောပြပါမယ်။ ချီကရီခရိခ်ဆိုတဲ့နယ်မြို့သေးသေးလေးမှာ လူသတ်မှုတွေအများကြီး ဖြစ်ပေါ်နေခဲ့ပါတယ်။လူသတ်မှုက တစ်ယောက်ချင်းစီသတ်တာမျိုးမဟုတ်ပဲ တစ်ခါတစ်ခါသေရင် သုံးလေးယောက်အစုလိုက်အပြုံလိုက်ပါပဲ။အဲ့ဒါက ဘာကြောင့်ဖြစ်တယ်ဆိုတာကို ဒေသခံရဲတွေကလဲ မသိကြသလို လူသတ်သမားကိုလဲ မဖမ်းနိုင်ကြပါဘူး။ဒီလိုနဲ့အဲ့ဒီမြို့ကိုရောက်နေတဲ့ မကောင်းဆိုးဝါးမုဆိုးက ရဲစခန်းကိုသွားပြီးတော့ ဒီလူသတ်မှုတွေက မကောင်းဆိုးဝါးကြောင့် ဖြစ်တယ်ဆိုတာကိုရှင်းပြခဲ့ပါတယ်။ဒါပေမယ့် ဘယ်သူမှမယုံတဲ့အတွက် ထောင်ထဲအထည့်ခံလိုက်ရပြီးတော့ အဲ့ဒီမြို့လေးမှာ ငယ်ငယ်တုန်းကနေခဲ့ဖူးတဲ့ FBI ကအေးဂျင့်ပီးယာ့စ်က သူပြောတဲ့အတိုင်း ဖြစ်နေတာကိုမြင်လိုက်ရမှ လာထုတ်ပေးခဲ့ပါတယ်။အဲ့ဒီလိုလူသတ်မှုတွေ ဖြစ်အောင်လုပ်နေတဲ့မကောင်းဆိုးဝါးက တခြားမကောင်းဆိုးဝါးတွေလို မဟုတ်ပဲနဲ့ သူပူးကပ်ထားတဲ့ခန္ဓာကိုယ်ကို သတ်တဲ့ခန္ဓာကိုယ်ထဲကို ပြောင်းရွှေ့ တတ်တဲ့မကောင်းဆိုးဝါးပါ။အဲ့ဒါကြောင့် အဲ့ဒီမကောင်းဆိုးဝါးကို မသတ်ရမှာကို မသိပဲနဲ့ လူတွေကသတ်မိနေတော့မကောင်းဆိုးဝါးက တစ်ယောက်ပြီး တစ်ယောက်ကိုပူးကပ်နေပါတော့တယ် ။ ဒီလိုနဲ့မကောင်းဆိုးဝါးမုဆိုးနဲ့ အေးဂျင့်ပီးယာ့စ်တို့ပူးပေါင်းပြီးတော့ အဲ့ဒီမကောင်းဆိုးဝါးကိုမသတ်ပဲနဲ့ ဘယ်လိုနှိမ်နင်းမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 583MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 23m Genre ….. Action , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Soe Lay

Comedy • Horror
0 2016
Don’t Kill It
Manbaby
5.7

လောကမှာ ရတာမလို လိုတာမရ ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကိုရဖို့ လောကသဘာဝ နိယာမတွေနဲ့ ဆန့်ကျင်ပြီး လုပ်ယူမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိစမြဲပဲလေ….. ဒီဇာတ်ကားလေးကတော့ မိသားစုဟာသ ကားလေးတစ်ကားဖြစ်ပြီးတော့ လူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ယောကျ်ားဖြစ်သူနဲ့ မျိုးရိုးစဉ်ဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ မိန်းမနဲ့ လင်မယားချင်း ကလေးယူမယ်/မယူဘူး သဘောထားကွဲလွဲတာကနေ စတဲ့ဇာတ်အိမ်ကလေးပေါ့။ ကလေးရူး ရူးနေတဲ့ယောက်ျားဖြစ်သူနဲ့ No Child Marriage ဖြစ်ချင်နေတဲ့ မိန်းမဖြစ်သူ သိပ္ပံပညာရှင် ဒေါက်တာတို့ သဘောထားကွဲပြီးတော့ ယောကျ်ားဖြစ်သူက သူ့မိန်းမစိတ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကလေးတစ်ယောက်လို ဟန်ဆောင်ပြီး ကြိုးစားတဲ့ Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.8 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

5.7 2022
Manbaby
Gurren Lagann the Movie: The Lights in the Sky Are Stars
8

Gurren Lagann the Movie: The Lights in the Sky Are Stars (2009) =============================================== Gurren Lagann The Movie ဒုတိယပိုင်းဖြစ်တဲ့ ” The Lights in the Sky are Stars ” ဟာ ပထမ Movie ထက် Rating ပိုများပြီး IMDb 8.0 အထိ ရရှိခဲ့တဲ့ Anime ရုပ်ရှင် ကားကောင်းတစ်ခုဖြစ်ခဲ့တဲ့ အချက်ကနေ စပြောချင်ပါတယ်။ ” အမြင့်မှန်းတဲ့ လူသားအရိုင်းအစိုင်းတွေ သောင်းကျန်းလာရင် စန္ဒာလကတောင် ငရဲတမန် ဖြစ်လာပြီး Spiral ကမ္ဘာကို ချေမှုန်းလိမ့်မယ်။ ” …… အကြီးမားဆုံးရန်သူကို နှိမ်နင်းပြီးတဲ့ အခါမှာတော့ လူသားတွေအားလုံး မြေအောက်ထဲမှာသာအခြေချဖို့ အတင်းအဓမ္မဖိနှိပ်ခံရာ ကနေ လွတ်မြောက်ခဲ့ပါပြီ။ Spiral King ရဲ့ နောက်ဆုံးစကားကို မေ့မေ့ပျောက်ပျောက်ဖြစ် ပြီး မြို့ပြရပ်ကွက်တွေနဲ့စည်ကားနေတဲ့ Kamina City ကတော့ နေ့နေ့ညည အသက်ဝင်လို့ နေပါတယ်။ လွတ်လပ်ရေးဆောင်ကျဉ်းသူ Dai-Gurren အဖွဲ့ဝင်တွေထဲမှာ မြို့သစ်၊ ပြည် သစ်ရဲ့ အစိုးရအဖွဲ့သားတွေဖြစ်လာကြသူတွေရှိသလို သာမန်ဘဝလေးကို ရွေးချယ်သွားကြ သူတွေလည်း ရှိကြတာပေါ့။ Kamina မရှိတော့တဲ့နောက်မှာ အစိုးရအဖွဲ့အသစ်ကို ဦးဆောင်ရတာကတော့ Simon ပါပဲ။ တစ်မြို့လုံးရဲ့ အားပေးထောက်ခံမှု၊ ချစ်ခင်လေးစားမှုကို ရရှိထားတဲ့ Dai Gurren အဖွဲ့သား တွေရဲ့ တစ်ချိန်က တိုက်ပွဲဝင်ဖော်ဝင်ဖက် Gunmen တွေလည်း ငြိမ်းချမ်းတဲ့ကာလရဲ့ အရိပ် အောက်မှာ အနားယူနေဆဲပေါ့။ ဒီလိုအပူအပင်ကင်းတဲ့ ခေတ်ကာလမှာ Gunmen တွေ မြေ ပြင်ပေါ်ပြန်ရောက်မယ့် အရေးကိစ္စကြီးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှထင်မထားခဲ့ကြ ပါဘူး။ ဒီလိုနဲ့ Spiral King ရဲ့ သတိပေးချက် အမှန်ဖြစ်လာမယ့်‌ တစ်နေ့မှာတော့ …. ” လက် ထပ်ရအောင် နိယ ” ရယ်လို့ Simon ရဲ့ အရဲစွန့်ခွင့်ပန်စကားလေး အဖြေကြားလိုက်ရချင်းမှာ တင် ရုတ်တရက်ပြောင်းလဲသွားတဲ့ နိယရဲ့ ထူးဆန်းတဲ့အပြုအမူတွေကြောင့် …. Happy ending နဲ့ စခဲ့တဲ့ဇာတ်လမ်းဟာ ဘယ်လိုအလှည့်အပြောင်းတွေ ဖြစ်လာမလဲဆိုတာကိုတော့ Rating ကောင်းတွေကိုယုံပြီး ဆက်လက်ကြည့်ရှုလိုက်ကြပါလို့ပဲ Suggest လုပ်ချင်ပါတယ်။ Part 1 မကြည့်ရသေးသူများက ဒီလင့်ကနေ ကြည့်ရှုနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Hnin Wut Yi မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူ များကတော့ Hnin Wut Yi, Ngwe Zin တို့ ဖြစ်ပါတယ်) File Size……….(2.71 GB) / (1.21 GB) Quality…………BLU-RAY 1080p / 720p Duration………2Hr 06Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Action, Drama Translator…….Hnin Wut Yi, Ngwe Zin Encoder……….SWM

Action • Comedy
8 2009 126 mins
Gurren Lagann the Movie: The Lights in the Sky Are Stars
Shelter
7.6

Shelter (2007) ============ IMDb Rating – 7.6/10 ခပ်ငြိမ့်ငြိမ့်လေး စီးမျောခံစားရမဲ့ အချစ်-ဒရမ်မာ ဇာတ်လမ်းလေး တစ်ပုဒ်ပါ။ မိသားစုအတွက် အနစ်နာခံရင်း အနာဂတ်အိပ်မက်တွေ ပျောက်လုနီးပါးဖြစ်နေတဲ့ ကောင်လေးတစ်ယောက် အချစ်နဲ့တွေ့လာ တဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ…။ ဇာတ်လမ်းအကျဉ်း – ဇက်ဟာ အထက်တန်းကျောင်းပြီးထားပေမဲ့ ကျောင်းဆက်မတက်ဖြစ် ဘဲ အချိန်ပိုင်းအလုပ်တွေကိုလုပ်ရင်း တူဖြစ်သူ ကိုဒီလေးကို ထိန်းပေး နေရသူပေါ့။ အစ်မဖြစ်သူဂျီးန်ကတော့ single-mom တစ်ယောက်ပါ။ ဇက်တစ်ယောက် အားလပ်ချိန်မှာ ရေလွှာလျှောစီးလိုက် စကိတ်စီးလိုက် street art တွေရေးလိုက်နဲ့ အချိန်ဖြုန်းနေပေမဲ့ တကယ်တမ်း သူ့ရည်ရွယ် ချက်က အနုပညာကျောင်းတက်ရဖို့ပါ။ ဒါပေမဲ့ မိသားစုကိုငဲ့ရင်း ကျောင်း တက်မဲ့ကိစ္စကို စွန့်လွှတ်ထားခဲ့ရပါတယ်။ တစ်နေ့တော့ အချစ်ဆုံးသူငယ်ချင်းဂေ့ဘ်ရဲ့ အစ်ကိုဖြစ်သူ ရှောန်တစ်ယောက် မြို့ကိုပြန်ရောက်လာပြီး ဇက်နဲ့ ပြန်ဆုံပါတယ်။ ဇက်နဲ့ ရှောန်တို အတူတူလည် ပတ်သွားလာရင်း ခံစားချက်တွေမျှဝေဖြစ်ခဲ့ကြပါတယ်။ ရှောန်ရဲ့အားပေးမှု ကြောင့်ပဲ ဇက်တစ်ယောက် အနုပညာကျောင်းတက်မဲ့အိပ်မက်ဟာ ပြန်အသက် ၀င်လာပါတယ်။ အဲဒီကစလို ဇက်ရဲ့ဘ၀ဟာ အပြောင်းအလဲတွေကြုံရဖို့ အ ကြောင်းဖန်လာပါတော့တယ်။ ဇက်တစ်ယောက် အနာဂတ်အိပ်မက်ကိုရွေးမှာလား မိသားစုကိုရွေးချယ်မှာ လား၊ သံယောဇဉ်အချုပ်အနှောင်တွေကြားမှာ အိပ်မက်နောက်လိုက်နိုင်ပါဦး မလား၊ အစ်မဖြစ်သူရဲ့အတ္တနဲ့ အယူသည်းမှုတွေကနေ ဘယ်လိုရုန်းထွက်မလဲ ဆိုတာ… ထပ်တူစီးမျောခံစားရင်း ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(3.8 GB) / (850 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 37Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance, Sport Translator…….C’mon Encoder……….SWM by C’mon

Drama • Family
7.6 2007 89 mins
Shelter
His Three Daughters
7.3

ဒီတစ်ခေါက် cm ကနေတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ အားလုံးရဲ့အချစ်တော် မမ Elizabeth Olsen ပါဝင်သရုပ်ဆောင်ထားတဲ့ His Three Daughters ဆိုတဲ့ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ညီအစ်မသုံးယောက်နေရာမှာ အကြီးဆုံးအစ်မ ကေတီအဖြစ် မင်းသမီး Carrie Coon၊ အလတ်ညီမ ခရစ္စတီးနားအဖြစ် Elizabeth Olsen၊ အငယ်ဆုံးညီမ ရေချယ်အဖြစ် Natasha Lyonneတို့က အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့ ဇာတ်ကောင်တွေဖြစ်တဲ့ ကေတီ၊ ခရစ္စတီးနားနဲ့ ရေချယ်တို့ရဲ့ဖခင် ဗင်းဆင့်ဟာ ကင်ဆာရောဂါကြောင့် ဘဝတစ်ပါးကို ကူးပြောင်းခါနီး အခြေအနေကို‌ရောက်လို့နေပါတယ်။ အဲဒါကြောင့်ပဲ သူတို့ညီအစ်မသုံးယောက်ဟာ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်အတွက် ပြင်ဆင်ရင်း အနီးကပ်လာစောင့်ရှောက်ကြပုံကို ဇာတ်အိမ်တည်ရိုက်ကူး ထားတဲ့ Family/Drama ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ကိုယ်ချစ်ရတဲ့လူ မကြာခင်ထွက်သွားတော့မှာကို သိသိလျက်ကြီးနဲ့ ဘေးနားထိုင် ကြည့်နေရပြီး ပူဆွေးသောကရောက်နေရတာဟာ ဘယ်လောက်ဆိုးရွားလဲ ဆိုတာ ကြုံဖူးသူတွေဆို သိပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာလည်း တစ်ယောက်တစ်နေရာစီနေထိုင်ကြတဲ့ ညီအစ်မ သုံးယောက်ဟာ ဖခင်ရဲ့နောက်ဆုံးထွက်သက်ကို စောင့်ဆိုင်းရင်း စိတ်ဖိစီးမှုတွေ ပူပန်သောကရောက်မှုတွေ အကြား အချင်းချင်း ပဍိပက္ခဖြစ်ကြရပုံတွေ၊ စိတ်သဘောထားချင်းမတိုက်ဆိုင်ကြပုံတွေကို ပုံဖော်ရိုက်ကူးပြထားပါတယ်။ Family/Drama ဖြစ်တဲ့အလျှောက် ဇာတ်လမ်းအေးပြီး တစ်နေ့လူတိုင်းကြုံ လာရနိုင်မဲ့ အခြေအနေတစ်ခုကို အရှိတိုင်းရိုက်ပြထားတဲ့အတွက်ကြောင့် သဘာဝဆန်ဆန်နဲ့ ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမွန်းကြပ်နေတဲ့ခံစားချက်တွေကိုပါ ကူးစက်ခံစားနိုင်မှာပဲဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း အပိုအလိုလုံးဝမရှိအောင်သရုပ်ဆောင်သွားနိုင်တဲ့ အတွက် ရုပ်ရှင်ဟာတကယ် လက်တွေ့ဆန်လွန်းလှပါတယ်။ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေ လုံးဝမတူညီကြတဲ့ ညီအစ်မသုံးယောက်အနေနဲ့ သူတို့ဘဝရဲ့ ကြီးမားတဲ့ဆုံးရှုံးမှုကြီးကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.62GB / 697MB Quality…NF WEB-DL 1080p HEVC 5.1CH / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

7.3 2024
His Three Daughters
Sex Tape
5.1

Sex Tape (2014) မင်းသမီး Cameron Diaz နဲ့ မင်းသား Jason Segel တို့ပါဝင်ပြီး ပွဲကြမ်းထားတဲ့ ဟာသဇာတ်ကားလေးပါ။ ဇာတ်လမ်းကတော့ လင်မယားတွေဖြစ်ကြတဲ့ Jay နဲ့ Annie တို့ဟာ ကလေးတွေမရှိတုန်း ငယ်မူပြန် ပွဲကြမ်းကြတာကို Video ရိုက်ထားမိကြပါတယ်… ဒီ Video ကြီးကို အမှတ်မထင်ဘဲ iPad တွေကို Sync လုပ်မိရာကတစ်ဆင့် Cloud ကနေ တခြားလူတွေဆီ ရောက်သွားပါတော့တယ်။ အစက ဒါကို သတိမထားမိသေးပဲ Jay ဖုန်းကို တစ်စုံတစ်ယောက်က အဲ့ဒါနဲ့ပတ်သတ်ပြီး စာပို့တော့မှ သတိထားမိတာပါ။ ဘယ်သူပို့လည်းတော့ မသိပါဘူး။ ဒါကြောင့် Annie နဲ့ Jay တို့ နှစ်ယောက် iPad ပေးထားတဲ့သူတွေဆီသွားပြီး အဲ့ဒီ ဗီဒီယိုဖိုင်ကို ဖျက်ဖို့ကြိုးစားကြရင်း message ကို ဘယ်သူပို့လည်းဆိုတာ စုံစမ်းပါတော့တယ်။ သူတို့နှစ်ယောက် iPad တွေ ပြန်ယူဖို့ကြိုးစားကြပုံကို ဟာသရောနှောကာ ရိုက်ကူးတင်ဆက်ထားပြီး အဲ့ဒီ စာပို့သူဟာ သူတို့ မထင်ထားတဲ့သူတစ်ယောက်ဖြစ်ပြီး ဘယ်လိုတွေဖြစ်ပျက်မလည်းဆိုတာကို ရယ်ကာမောကာကြည့်ကြရမှာပါ။ (R Rated ဇာတ်ကားမလို့ မိသားစုနဲ့ကြည့်ဖို့တော့ အဆင်မပြေလောက်ပါဘူး။)

5.1 2014 94 mins
Sex Tape
Taste of Freedom
6.6

ဒီကားလေးကတော့ ၂၀၂၃ ကထွက်ရှိခဲ့တဲ့အပြင်မှာတကယ်ရှိတဲ့ ယူကရိန်းဟင်းချက်စာအုပ်ကိုအခြေခံထားတဲ့ Comedy/Romance ရုပ်ရှင်‌လေးဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့… အဆင့်မြင့်တဲ့စားသောက်ဆိုင်တစ်ခုမှာစာဖိုမှူးဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ကသူ့ဇာတိရွာသေးသေးလေးကနေထွက်ပြေးလာရင်နဲ့နာမည်ကျော်စာဖိုမှူး Olga Franko ရဲ့ ၁၉၂၉ကရေးခဲ့တဲ့ဟင်းချက်စာအုပ်ကိုရှာတွေ့သွားတာကနေစပြီးတော့ သူကြုံ‌တွေ့လာရတဲ့အခက်အခဲတွေသူ့ဘဝပြောင်းလဲသွားပုံတွေကိုစိတ်ဝင်စားဖွယ်ကြည့်ရူရမယ့်စာဖိုမှူးရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် File size…(1.7 GB)/(925 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:57:00 Genre… Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Shin

6.6 2023 116 mins
Taste of Freedom
The Vord
5

Vord ဆိုတာကတော့ ကိုယ်မွေးဖွားတဲ့အချိန်ကစပြီး သေဆုံးတဲ့ အချိန်ထိ ကိုယ့်ဘေးနားမှာရှိပြီး စောင့်ရှောင်ပေးတဲ့ အစောင့် အရှောက်ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အစမှာ ဗိုက်ကင်း ခေတ်ကာလက ညီအကို နှစ်ယောက်အကြောင်းကနေစတင်ထားပါတယ်။အကိုဖြစ်သူက ညီဖြစ်သူနဲ့မိန်းမနှင့် ဖောက်ပြန်ခဲ့ပါတယ်။ညီဖြစ်သူမိန်းမဟာ ဝံပုလွေကြောင့်ဆုံးပါးသွားသည်ကိုမြင်ခဲ့ရပြီး ဖောက်ပြန်နေကြောင်း သိခဲ့ရတဲ့အခါ ညီအကိုနှစ်ယောက်ရန်ထဖြစ်ပါတော့တယ်။ ထို့နောက် ထိုညီအကိုတို့က ကျိန်စာသင့်သွားခဲ့ကြောင်းကနေ အစပြုထားတာဖြစ်ပါတယ်။ နှစ်ပေါင်းသောင်းချီကြာပြီးသွားတဲ့အခါမှာတော့ ကတ်သရီးနားဆိုတဲ့ အမသမီးတစ်ယောက်ဟာအမှောင်စွမ်းအားအတွက် သူ့သမီးနဲ့ အလဲအလှယ် လုပ်ခဲ့ပါတယ်။ ကတ်သရီးနားရဲ့သမီး မာရီယာဟာ ငယ်စဥ်တည်းက တခြားသူတွေမမြင်နိုင်နဲ့ အရာတွေ သရဲတွေကို မြင်နိုင်စွမ်းရှိခဲ့ပါတယ်။ သူမရဲ့အမေဟာနောက်ဆုံးမှာနောင်တရပြီး မာရီယာကို သီလရှင်ကျောင်းမှာထားခဲ့ပြီးကိုယ့်ကိုယ်ကိုယ်အဆုံး စီရင်လိုက်ပါတော့တယ်။ မာရီယာအသက်ကြီးလာတဲ့အခါ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ ဆိုတာကိုရှာဖွေပြီး သူ့လိုအဖြစ်မျိုးတခြားသူတွေထပ်မကြုံရအောင် ကြိုးစားပါတော့တယ်။ ဒီကားလေးဟာ သင့်ကို ဘာတွေဖြစ်သွားတာလဲ ဆိုပြီးအတွေးများ ကျန်ရစ်စေအောင် လုပ်ဆောင်ပေးမဲ့ကားမျိုးဖြစ်တဲ့အပြင် အမှောင် လောကရဲ့ အကြောင်းတစ်စိတ်တစ်ပိုင်းကိုလေ့လာခွင့်ရမဲ့ကားလေးပင် ဖြစ်ပါတယ်။ File size… (1.28GB) / (643MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre …..Drama , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

Thriller • Drama
5 2024 100 mins
The Vord
My Freaky Family
6.4

Musical Animation လေးတွေကို သဘောကျနှစ်သက် သူတွေအတွက် အသစ်ထွက်ရှိလာတဲ့ Animation လေးကို တင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ My Freaky Family ဖြစ်ပြီး လက်ရှိ IMDb Rating 6.5 အထိရရှိထားပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကသင်ခန်းစာလေးကတော့ ဘယ်လောက်ပဲမတူညီကွဲပြားမှုတွေသာရှိနေပါစေ အချစ်နဲ့သာ ဆိုရင် ဘယ်အရာကိုမဆိုအောင်မြင်အောင်ကျော်လွှားပြီး ပေါင်းစည်းပေးနိုင်တယ်ဆိုတာကို မှော်ဆန်တဲ့ဇာတ်လမ်း လှလှလေးနဲ့ ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာတော့ နာလင်နဲ့ အနက်စကာဆိုတဲ့ချစ်သူ နှစ်ယောက် နောက်ကလိုက်ဖမ်းတဲ့မကောင်းဆိုးဝါးပင့်ကူကြီး လက်က ထွက်ပြေးလာတာကိုမြင်ရမှာဖြစ်ပြီး လမ်းမှာ သူတို့ မွေးလာမဲ့ကလေးနာမည်ပေးဖို့ တိုင်ပင်နေခဲ့ကြပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီလမ်းမှာတင် သူတို့မွေးလာမဲ့ကလေးကို ဘက်တီ ဆိုပြီးနာမည်ပေးဖြစ်ခဲ့ပြီး သူတို့လည်း အန္တရာယ်များတဲ့နေရာ ကနေ လူနေမြို့လေးတစ်ခုမှာပြောင်းရွှေ့ပြီး ပုန်းခိုနေထိုင်ခဲ့ ကြပါတော့တယ်။တကယ်တမ်းတော့ သူတို့တွေက မှော်ဝင် မျိုးရိုးတွေဖြစ်ပြီး သူတို့ကိုရှာတွေ့သွားမှာစိုးတဲ့အတွက် မှော်ပညာကိုချင့်ချိန်သတိထားသုံးနေရတာပဲဖြစ်ပါတယ်။ ဘက်တီကလည်း မြို့မှာပဲ ကျောင်းတက်ရပြီး သူငယ်ချင်းတွေ ရှိနေပေမဲ့ သူ့မိသားစုရဲ့ မှော်ပညာကိုတော့ဆက်ခံပြီး အသုံးပြု ချင်တဲ့ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။သူ့မှာ သူ့မိဘရဲ့ မှော်အစွမ်းတွေနဲ့ဖန်တီးထားတဲ့ ညီအစ်ကိုမောင်နှမတွေရှိပြီး သူတို့ကိုမြင်လေလေ ဘက်တီတစ်ယောက်မှော်အစွမ်းတွေ ပိုသုံးချင်လာလေလေပါပဲ။အဲ့ဒါကြောင့်ပဲ ဘက်တီ့အမေက သူ့ကိုမဖြစ်မနေ ဟိုးအတိတ်ကအမှန်တရားတွေအကြောင်း ပြောပြခဲ့ရပြီး ဇာတ်လမ်းလေးကလည်း ပိုစိတ်ဝင်စားစရာ ကောင်းလာတဲ့အတွက် မ Spoil တော့ဘဲ ကိုယ်တိုင်ပဲကြည့်ရှု ခံစားဖို့ ညွှန်းပေးလိုက်ချင်တဲ့ Animation ကားကောင်းလေး တစ်ကားပဲဖြစ်ပါတယ်။ File size… (1.44 GB) / (793 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 26m Genre …. Adventure , Animation , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Fantasy • History • Mystery
6.4 2024 86 mins
My Freaky Family
Abudeka Is Back

IMDb Rating 5.2/10 နယူးဇီလန်ကနေ ယိုကိုဟားမားကို ပြန်လည်ရောက်ရှိလာခဲ့တဲ့ စုံထောက်နှစ်ယောက်နဲ့ ယိုကိုဟားမားကို မိခင်ဖြစ်သူကိုရှာဖွေဖို့ ရောက်ရှိလာခဲ့တဲ့ ကောင်မလေးတစ်ယောက်တို့ တွေ့ဆုံခဲ့ချိန်မှာ………………… ယိုကိုဟားမားမှာ ဖြစ်ပေါ်နေတဲ့ လူသတ်မှုတွေကို စုံစမ်းစစ်ဆေးရင်း ဒီကောင်မလေးအတွက် မိခင်ကို ရှာဖွေပေးဖို့ အလုပ်လက်ခံခဲ့တဲ့ စုံထောက်နှစ်ယောက်………… ကောင်မလေးရှာဖွေနေတဲ့မိခင်ဖြစ်သူက ဒီစုံထောက်နှစ်ယောက်နဲ့ နက်ရှိုင်းတဲ့ဆက်ဆံရေးတစ်ခု ရှိနေသောအခါ….. ဒီစုံထောက်နှစ်ယောက်မှာ ဘယ်သူက ကောင်မလေးရဲ့ အဖေဖြစ်မလဲ???? မိခင်ဖြစ်သူကိုရော ရှာဖွေတွေ့ရှိနိုင်ပါ့မလား???? အက်ရှင်ဇာတ်ကားတစ်ကားဆိုပေမဲ့ ပေါ့ပေါ့ပါးပါးဟာသလေးတွေနှောထားပြီး ရိုက်ကူးထားတဲ့ ဂျပန်ဇာတ်ကားကောင်းတစ်ကား ဖြစ်တာမို့ ကြည့်ရှုလိုက်ရအောင်…… File size…(1.6 GB)/(946 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Adventure, Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

0 2024
Abudeka Is Back
Sphere
6.1

Sphere (1998) IMDb Rating (6.1) / Rotten Tomatoes (13%) Rotten Tomatotesအနေနဲ့ 13%ရာခိုင်နှုန်းသာရရှိထားပြီး IMDBအနေနဲ့ ၆.၁သာရထားခဲ့လို့ Underrated Gem တစ်ခုအနေနဲ့သတ်မှတ်ထားကြပါတယ်။ 1998 တုန်းက တစ်နှစ်တည်းထွက်ခဲ့တဲ့ Titanic နဲ့အပြိုင်မချဲနိုင်ခဲ့သလို Box-Office အရလည်း အခြေအနေမဟန်ခဲ့လှပါဘူး။ စာအုပ်ကို ရုပ်ရှင်အဖြစ်အသက်သွင်းရတဲ့အခါမှာ အရမ်းကိုတာဝန်ကြီးသလို စာအုပ်ဖန်တွေရဲ့သပိတ်မှောက်ခြင်းကိုပါခံလိုက်ရလို့ပါပဲ။ စာအုပ်ဖန်များရဲ့ပြောစကားအရ စာအုပ်ထဲကအရေးကြီးတဲ့အပိုင်းတွေကို ဖြတ်တောက်ခဲ့တာကြောင့် ကြည့်ရတာအားမရဘူးလို့ဆိုကြပါတယ်။ သို့သောလည်း Science – Fiction ကောင်းကောင်းငတ်နေသူများအဖို့ မိုးအေးအေးနဲ့ ကြည့်ရတာ ခေါင်းစားစားဖြစ်နေစေမှာပါ။ 1987နှစ်ခုမှာထွက်ရှိခဲ့တဲ့ “ Sphere “ ဆိုတဲ့ဝတ္ထုကို “ Sphere “ ဆိုတဲ့နာမည်အတိုင်းပဲ အပြောင်းမလဲမရှိရိုက်ကူးခဲ့တာဖြစ်ပါတယ်။ စာအုပ်ကိုရေးသူ စာရေးဆရာ Michael Crichton ဟာလည်း နာမည်ကျော် ဂန္တဝင် ဝတ္ထုများဖြစ်ကြတဲ့ “ Jurassic Park “ “ Disclosure “ စတဲ့လက်ရာမြောက်ဝတ္ထုပေါင်းများစွာကို ရေးသားခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အဓိကဇာတ်ဆောင် ဇာတ်ပို့များဟာလည်း ခေသူတွေမဟုတ်ကြပြန်ပါဘူး။ ဂန္တဝင်မင်းသားကြီးမင်းသမီးကြီးတွေဖြစ်ကြတဲ့ Dustin Hoffman တို့ Sharon Stone တို့ Samuel L . Jackson တို့ Queen Latifah တို့စတဲ့ အရည်အချင်းရှိသရုပ်ဆောင်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရေအောက်ပြကွက်များစွာကို သည်းထိတ်ရင်ဖိုတင်ဆက်ထားတာမို့ ဒီလိုမိုးဝသုန်လေတရှဲရှဲကာလမှာ ရေအောက်သမုဒ္ဒရာကြမ်းပြင်အောက်ကို တစ်ခေါက်လောက်အလည်သွားကြည့်လိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Myat Noe Yamone ဖြစ်ပါတယ်။) File size…(2.3 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery,Science Fiction,Thriller Duration….02:14:28 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Myat Noe Yamone

Horror
6.1 1998 134 mins
Sphere