YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Cleaning Lady S01E06 720p (CM).mp4

317.14 MB N/A video/mp4 1152 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spider-Man: No Way Home
8

စောင့်မျှော်နေရတဲ့ Spider-Man : No Way Home ဇာတ်ကားလေးထွက်ရှိလို့လာပါပြီ IMDb 9.1 ရရှိထားပီး Rotten tomatoes : 94% ရရှိထားပြီး နိုင်ငံတကာမှာ ဝက်ဝက်ကွဲ အောင်မြင်နေတယ်ဆိုတာ အကုန်လုံးလည်းသိပြီးသားဖြစ်မှာပါ အညွန်းကတော့... Spider-Man : Far From Home အပြီးမှာ ပီတာရဲ့ Identity ကို Mysterioက ဖေါ်ထုတ်လိုက်တဲ့ cliffhanger နဲ့အဆုံးသတ်ထားတာကိုတွေ့ရမှာပါ..အခုဇာတ်ကားကလည်း အဲ့နေရာကပဲ စတင်ခဲ့ပြီး ပီတာနဲ့ MJ တို့ ထွက်ပြေးကြရတာပေါ့ လူထုရဲ့ရန်သူ နံပါတ် ၁ ဖြစ်လာပီးတဲ့နောက်မှာ ပီတာ တစ်ယောက်အခက်အခဲတွေအများကြီးကြုံတွေ့ပြီး ပီတာရဲ့ အနီးကချစ်ရတဲ့သူတွေပါ အကုန်ထိခိုက်ကုန်ပါတော့တယ်..ချစ်သူ မုန်းသူ ရှိစမြဲဆိုပေမယ့် အခက်အခဲက ပိုများနေတာမို့ ပီတာတစ်ယောက် ကြံရာမရဖြစ်ပြီးတော့ ဒေါက်တာထူးဆန်း ဆီကို အကူအညီတောင်းဖို့သွားပါတော့တယ်..Dr.Strange ကလည်း ပီတာကို ကူညီဖို့အတွက် အန္တရာယ်များတဲ့ Spell တခုကိုလုပ်ဆောင်ရင်း ပီတာရဲ့ ဝင်ရှုပ်မှုကြောင့် spell ဟာ ကပေါက်တိ ကပေါက်ချာတွေဖြစ်ကုန်ပြီး Multiverse က ဧည့်သည်တွေရောက်လာတဲ့အခါမှာတော့ ပီတာတစ်ယောက်ဘယ်လိုတွေရင်ဆိုင်ရမလဲဆိုတာဆက်လက်ခံစားကြည့်လိုက်ရအောင်။ IMDB : 9.1/10 Filesize-3GB/1.3GB/700MB Rotten tomatoes : 94% Quality : BluRay 1080p & 720p & 480p Format : mp4 Genres : Action , Adventure , Fantasy During : 2h 28 mins Release Date : 15 December 2021 Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK, Mr.Anderson

Action • Drama • History
8 2021 148 mins
Spider-Man: No Way Home
How to Be Single
6.2

စာရေးဆရာမVeronica Roth ရဲ့ နာမည်ကျော် Divergent Series ရဲ့ သုံးအုပ်မြောက်စာအုပ်ကိုအသက်သွင်းထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ရှေ့က Divergent(2014) နဲ့ Insurgent(2015) ရုပ်ရှင်တွေကိုကြည့်ဖူးထားရင်တော့ အဆက်အစပ်မိပါလိမ့်မယ်။ ဇာတ်လမ်းရဲ့ကြောရိုး.... အနာဂတ်ကာလ Chicago မြို့မှာ တံတိုင်းကြီးကာထားပြီးနေထိုင်ကြတဲ့ မျိုးနွယ်စုတစ်စုရှိပါတယ်။သူတို့ထဲမှာ  Abnegation ( အတ္တကင်းမဲ့မှု)၊ Amity ( ကြင်နာမှု )၊ Candor ( ရိုးသားမှု)၊ Erudite ( ဉာဏ်ပညာထက်မြက်မှု)၊ နဲ့ Dauntless ( ရဲရင့်မှု ) စသည်ဖြင့်အမျိုးအစားခွဲထားပြီး  အဲ့ဒီအမျိုးအစားထဲကနေ ချွန်ပြီးထွက်နေတဲ့ Divergent လို့သတ်မှတ်သူတွေကိုတော့ ဒီမြို့ထဲမှာမထားပါဘူး...သတ်ပစ်ပါတယ်။ဒီလိုချိန်မှာ Abnegation အကြီးအကဲရဲ့သမီး Tris (မင်းသမီး Shaileen Woodley ) ကတော့ အမျိုးအစား(၃)ခုကျော်နေလို့  Divergent လို့ The System ကသတ်မှတ်ပြီး သတ်ပစ်ဖို့ကြိုးစားလာပါတယ်။ဘာကြောင့်လဲဆိုတော့ Divergent တွေဟာ The System ရဲ့လွှမ်းမိုးမှုကို လက်မခံဘဲ လူသားဆန်လွန်းမှန်းသိထားကြလို့ပါ။ဒီလိုအချိန်မှာ မင်းသမီးနဲ့ မင်းသားတို့အဖွဲ့ The System ကနေဖောက်ထွက်ရုန်းကန်ဖို့ကြိုးစားကြပုံတွေကို တင်ဆက်ထားတာပါ။ အခု Allegiant ဇာတ်ကားမှာလဲ ထို့အတူပါပဲ။ Insurgent ဇာတ်ကားရဲ့အဆုံးကနေပြန်ဆက်ထားပါတယ်။Science Fiction ဇာတ်ကားကြိုက်နှစ်သက်သူတွေ အကြိုက်တွေ့မှာဖြစ်သလို ဝတ္ထုရဲ့ ဆိုလိုရင်းဖြစ်တဲ့ လူငယ်လူရွယ်တွေရဲ့ အတွေးအခေါ်တွေ လွတ်လပ်မှုတွေကို ခံစားရမှာပါ။

Action • Drama
6.2 2016 110 mins
How to Be Single
Tinker Bell and the Lost Treasure
6.6

Tinker Bell and the Lost Treasure (2009) ============================ IMDb Rating – 6.6/10 အမှောင်မိုက်ဆုံးသောအချိန်မှာ အလင်းတစ်ပွင့်ကတောင် မက်မော စရာဖြစ်ရသလို အခက်ခဲဆုံးသောအချိန်မှာလည်း ကူကယ်ရာလက် တစ်စုံကို အတမ်းတမိကြဆုံးပါပဲ။ ဒီတစ်ခါမှာတော့ Tinkerbell တစ် ယောက် တစ်ကိုယ်စာမျက်နှာရရေးနဲ့ သူငယ်ချင်းဆက်ဆံရေးကြား မျက်စိလည် ဒွိဟများရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ Pixie hollow ရဲ့ အထင်ကရဆောင်းဦးရာသီပွဲတော်မှာ နတ်သူငယ်တို့ အသက်သွေးကြောဖြစ်တဲ့ ရွှေမှုန်လေးတွေကို လကျောက်ကနေတစ် ဆင့် ထုတ်ယူရတဲ့ အစဉ်အလာတစ်ခုရှိနေပါတယ်။ လကျောက်တည်ဖို့ တောင်ဝှေးကိုလည်း နတ်သူငယ်တစ်ဖွဲ့ချင်းစီကနေ အလှည့်ကျလုပ်ပေး ရတဲ့ဓလေ့လည်းရှိတာပေါ့။ လက်သမားနတ်သူငယ်တွေ အလှည့်ကျတဲ့ နှစ်မှာတော့ ကိုယ်စားပြုအနေနဲ့ Tinkerbell တာဝန်ပေးခံရတဲ့အခါ…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Hnin Wut Yi Myaing ဖြစ်ပါတယ်) File Size……….(1.72 GB) / (860 MB) / (512 MB) Quality…………BLU-RAY 1080p / 720p / 480p Duration………1Hr 21Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Family Translator…….Hnin Wut Yi Myaing Encoder……….SWM

Horror • Drama
6.6 2009
Tinker Bell and the Lost Treasure
Mission: Impossible – Fallout
7.7

Mission: Impossible VI – Fallout (2018) ============================= IMDb Rating 7.7/10 MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ မပါဘူး။ ဇာတ်လမ်းပိုင်းမှာလည်း twist တွေ revelation တွေထည့်ထားပေမဲ့ အရမ်းကြီးလည်း မရှုပ်သလို အရမ်းကြီးလည်း မပေါ့ဘူး။ Fallout ရဲ့ အကောင်းဆုံးကတော့ တင်ဆက်သွားပုံတွေပဲ။ Christopher McQuarrie ကြီးက တကယ်လန်ထွက်နေတယ်လို့ ပြောရမှာပါ။ ရုပ်ရှင်ရဲ့ 70% လောက်က ပြေးလွှား၊ ကားမောင်း၊ ပစ်ခတ်၊ ရဟတ်ယာဉ်မောင်း စတဲ့ action scene တွေ။ ဒါပေမဲ့ လုံးဝ ပျင်းသွားရတယ်ဆိုတာမျိုး မရှိဘူး။ John Wick 2 မှာတုန်းကဆို action scene အရမ်းများ၊ အချိန်တန်သူပဲနိုင်မှာ သိတော့ ပျင်းသွားတဲ့အခိုက်အတန့်ရှိသေးတယ်။ MI ကတော့ creative လည်းဖြစ်၊ ရိုက်ချက်တွေလည်း လှ၊ ကိုယ်တော်ချော Tom Cruise ကိုယ်တိုင် stunt တွေဆိုတော့ တစ်ကားလုံး မျက်လုံးကြီးပြူးပြီး ကြည့်နေရတယ်။ ရိုက်ချက်တွေလှတယ်ဆိုလို့ ထပ်ပြောရရင် ဒီကားမှာ visual တွေက လုံးဝ stunning ပါ။ Action ကားကြီးကို လှအောင်ရိုက်တယ်ဆိုတာ မလွယ်ဘူး။ Scene ကြီးကိုရှယ်ပြလို့ action ပေါ့သွားတာမျိုး၊ action ပိုပြလို့ ရုပ်ထွက်ပျက်သွားတာမျိုးလည်းမရှိဘူး။ ဒီအတိုင်း လေယာဉ်ဆီကို ကားနဲ့ ပုံမှန်လေးမောင်းဝင်လာတဲ့ အခန်းကအစ woah ဆိုပြီးဖြစ်လောက်အောင်ရိုက်ထားတယ်။ ကြမ်းတယ်ဟ ဆိုတာထက် oh sh** moment တွေလည်း များတယ်။ နောက် CGI, Green Screen, stuntman, stunt robot စတာတွေ ပြွတ်ထနေတဲ့ဒီနေ့ခတ်ကြီးထဲမှာ Fallout က တကယ့်အစစ်တွေ သုံးထားတယ်။ ကားတွေ၊ ဆိုင်ကယ်တွေ၊ ရဟတ်ယာဉ်တွေကိုယ် Tom Cruise ကြီးကိုယ်တိုင်မောင်းတယ်။ ရဟတ်ယာဉ်ပေါ်က ရိုက်ချက်တွေ Green screen လေးခံလိုက်ရင် အလွယ်လေးဆိုပေမဲ့ တကယ်ကြီး မိုးပေါ်မှာရိုက်တယ်။ တချို့ တကယ်တမ်း vfx နဲ့ရိုက်မယ်ထင်ရတဲ့ ရှုခင်းလိုနေရာတွေကအစ တကယ်ကြီးခက်ခက်ခဲခဲသွားရိုက်တယ်။ အဲအတွက် ရုပ်ရှင်ဟာ CGI heavy ရုပ်ရှင်တွေထက် အများကြီး weight ရှိတယ်။ ကြည့်နေရတဲ့သူ ပိုပြီး အသည်းယားတယ်။ အကုန်လုံးနီးပါးက အစစ်တွေချည်းကိုး။ ဒီ effort က တကယ်ကိုချီးကျူးရမှာပါ။ Mission: Impossible – Fallout ဟာ တကယ် နောက်တစ်ဆင့်တက်သွားတဲ့ action film ပါပဲ။ Tom Cruise, Henry Cavil တို့ရဲ့ performance လည်းကောင်း၊ ဒါရိုက်တာ Christopher McQuarrie ရဲ့ လန်ထွက်နေတဲ့ vision အောက်မှာ ထပ်အောင်မြင်ဦးမှာ အသေအချာပဲ။ တော်သေးတယ်။ Cavill ရဲ့ မုတ်ဆိတ် မဖျက်လိုက်ရကျိုးနပ်တယ်။ ခါတိုင်း MI ကားတွေမကြိုက်တဲ့သူတွေတောင် action ကားကြိုက်တယ်ဆိုရင်၊ ကားကောင်းကောင်းကြိုက်တယ်ဆိုရင် လုံးဝ ကြည့်ရကျိုးနပ်တဲ့ကားပါ။ (ရုပ်ရှင်အညွှန်းကို Dat Shin မှ ကူးယူဖော်ပြပါသည်။) Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.to/?s=mission+impossible ကြည့်ပါ။

7.7 2018 147 mins
Mission: Impossible – Fallout
Reservation Road
6.6

Mark Ruffalo, Jennifer Connelly စတဲ့နာမည်ကြီး သရုပ်ဆောင်တွေပါဝင်တဲ့ ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အဝိတ်အာနိုးနဲ့ သူ့သားက ဘေ့စ်ဘောပွဲကြည့်နေတုန်းမှာ ဇနီးဟောင်းဖြစ်သူကဖုန်းဆက်ပြီး သူ့သားကိုအမြန်ပြန်လာခိုင်းတယ်။ ပွဲကလည်းအချိန်ပို ကစားတဲ့အတွက် နည်းနည်းနောက်ကျ သွားလို့ ကားကို အမြန်မောင်းပြီးပြန်လာခဲ့တယ်။ တစ်ဖက်မှာတော့ အီသန်လာနာတို့ မိသားစုလေးယောက်မှာ သားဖြစ်သူဂျော့ရှ်ရဲ့ ဖျော်ဖြေပွဲကိုကြည့်ပြီးတော့အိမ်ပြန်လာခဲ့တယ်။ ကားပေါ်မတက်ခင်မှာ ဂျော့ရှ်က သူ့ညီမလေးအတွက် ပိုးစုန်းကြူး တွေကိုဖမ်း ပုလင်းထဲထည့်ပြီးလက်ဆောင်ပေးထားတယ်။ အီသန်တို့ မိသားစုအိမ်ကိုကားမောင်းပြန်နေတုန်းမှာ ပိုးစုန်းကြူး တွေကို သမီးဖြစ်သူအမ်မာက ပိုးစုန်းကြူးလေးတွေကိုမွေးချင်ကြောင်း ပြောတော့ ဂရေ့စ် သူတို့မွေးရင်သေသွားနိုင်ကြောင်း အိမ်ပြန် ရောက်ရင်လွှတ်ပေးသင့်ကြောင်းနားချလိုက်တော့ အစ်ကိုဖြစ်သူ ဂျော့ရှ်ကို ပုလင်းပေးထားတယ်။ လမ်းမှာခဏနားတဲ့အချိန်မှာ ဂျော့ရှ်ကကားအပြင်ထွက်ပြီး ပိုးစုန်းကြူးတွေကိုလွှတ်တဲ့အချိန် တစ်ဖက်က ဒဝိတ်ကကားကိုအမှုမဲ့အမှတ်မဲ့မောင်းလာချိန်မှာ ဂျော့ရှ်ကိုဝင်တိုက်မိပြီး‌ နေရာမှာတင်ဆုံးသွားတယ်။ ဒဝိတ်က‌တော့ကြောက်လို့ထွက်ပြေးသွားတယ်။ အီသန်တို့က ကားတိုက်‌ထွက်‌ပြေးမှုကို ရဲတွေကိုတိုင်ကြားပေမယ့် နှစ်ပတ်လောက် ကြာတဲ့အချိန်အထိ ဘာသတင်းမှမရတဲ့အတွက် ရှေ့နေ ထပ်ငှားစုံစမ်းဖို့ဆုံးဖြတ်လိုက်တယ်။ သူတို့ငှားတဲ့ရှေ့နေက ဒဝိတ်အာနိုးဖြစ်နေတဲ့အခါမှာတော့…… File size…1.83GB / 908MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 42m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

Action • Crime • Drama • Thriller
6.6 2007
Reservation Road
Dandelion
5.4

ရိုးရိုးရှင်းရှင်း romance ကားတစ်ကား ကို ကြည့်ချင်တယ် ဆိုရင်တော့ ဒီ Dandelion ကားလေးကို ညွှန်းပါရစေ ဇာတ်လမ်း အရကတော့ မိဘကို ပြုစုစောင့်ရှောက်နေရလို့ သူ့အိမ်မက် ဖြစ်တဲ့ အဆိုတော် ဘဝ ကို စွန့်လွှတ်ရမလို ဖြစ်နေတဲ့ ဒန်ဒီလီယွန် က သူ့အတွက် နောက်ဆုံးအနေနဲ့ ဖျော်ဖြေပွဲရှိတဲ့ ဒါကိုတာ တောင်ပိုင်း ကို ခရီးထွက်လာတယ်။ ဖြစ်ချင်တော့ သူဝင်ဖျော်ဖြေတဲ့ ပွဲက ဆိုင်ကယ်ပြိုင်ပွဲနဲ့ တွဲပြီး လုပ်တဲ့ပွဲ ဖြစ်နေတော့ သူ့အနေနဲ့ ဖျော်ဖြေပွဲရင် “နောက်လဲ မလာတော့ဘူး လာလည်း မနောက်ဘူး” ဆိုတဲ့အခြေအနေ ရောက်နေတဲ့အချိန်မှာ ကာစီ(Casey) ဆိုတဲ့ ဂစ်တာသမားလေးနဲ့ တွေ့သွားပါလေရော….. အိမ်မက်ကို လက်တွေ့ဘဝကြောင့် လက်လွှတ်ထားတဲ့ ကာစီ နဲ့ အိမ်မက်ကို ဆက်မက်ချင်တဲ့ ဒန်ဒီလီယွန် တို့ရဲ့ အချစ်ဇာတ်လမ်းလေးကို ပိတ်ကားပေါ်မှာ ဆက်လက် ကြည့်ရှုခံစားကြပါဦးနော် File size…(3.3 GB)/(1.3 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kuro

5.4 2024
Dandelion
Colonia
7

Colonia (2015) ~ IMDb rating – 7/10 ~ ကျွန်တော်တို့ အရွယ်ပတ်ချာလည် လူတိုင်းရဲ့ Crush စုန်းမလေး Emma Watson သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးပါ။ ချီလီနိုင်ငံမှာ တကယ်ရှိခဲ့တဲ့ အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအခြေတည်ထားရာကတော့ ချီလီမှာ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးအကျဉ်းသားတွေ ဒါမှမဟုတ် အစိုးရနဲ့ ပြဿနာရှိတဲ့သူတွေကို ဖမ်းထည့်ပြီး နှိပ်စက် အစဖျောက်ပစ်တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ Colonia Dignidad ဆိုတဲ့ လျှို့ဝှက် အကျဉ်းစခန်းတစ်ခုအကြောင်းပေါ့။ ဇာတ်ကားမှာတော့ မမ Emma က လေယာဉ်မယ်။ သူ့ရဲ့ ရည်းစားက ချီလီမှာ ဆန္ဒပြတာကို ကူပေးနေတဲ့ ဓာတ်ပုံဆရာ။ သူတို့နှစ်ယောက် အာဏာသိမ်းတဲ့အချိန်နဲ့ကြုံပြီး နှစ်ယောက်လုံး ဖမ်းခံရတဲ့ထဲပါသွားတယ်။ ဓာတ်ပုံဆရာက လှုပ်ရှားသူထဲမှာပါလို့ အဖမ်းခံလိုက်ရပြီး လေယာဉ်မယ်က လွတ်လာတယ်။ ဘယ်ကိုဖမ်းခေါ်သွားလဲဆိုတာ စုံစမ်းကြည့်ရင်း ဘာသာရေးအဖွဲ့ဟန်ဆောင်ထားတဲ့ Colonia Dignidad အကြောင်းကိုသိလာရတယ်။ ဘာသာရေးအဖွဲ့လို့ ဟန်ဆောင်ထားတော့ သူ့ရည်းစားကို ကယ်ဖို့အတွက် အဲဒီအဖွဲ့ထဲဝင်ပြီး နှစ်ယောက်သား လွတ်အောင် ဘယ်လိုကြံကြလဲ ကြည့်ရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 930MB Quality – BluRay HEVC 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 50Min Genre – Political Thriller, Biography, Drama, History, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

7 2015 106 mins
Colonia
Peeping Tom
7.6

Peeping Tom (1960) ~ IMDb – 7.6/10, Rotten Tomatoes – 95% ~ Peeping Tom ဆိုတာက ချောင်းရတာကြိုက်တဲ့သူလို့ လူတိုင်းသိကြမှာပါ။ လူတစ်ယောက်ရဲ့ တစ်ကိုယ်ရည်တစ်ကာယ လွတ်လွတ်လပ်လပ်နေတဲ့အချိန်ကို ချောင်းကြည့်ရတာ၊ အဝတ်အစားချွတ်တာ ဒါမှမဟုတ် လိင်ဆက်ဆံတာတွေကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူတွေပေါ့။ ဒီဇာတ်ကားက ချောင်းကြည့်သူကတော့ အကာအကွယ်မရှိတဲ့ ခန္ဓာကိုယ်ကို ချောင်းရုံတင်မဟုတ်ပါဘူး။ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို အကြောက်တရားကတဆင့် ဗလာကျင်းဖြစ်တာကို ချောင်းကြည့်ရတာ ကြိုက်တဲ့သူပါ။ ဇာတ်ကားက နာမည်နဲ့မလိုက်အောင်ပဲ ဘာအဖော်အချွတ်မှမပါဘဲ ဆင်ဆာလွတ်ရိုက်ပြသွားပါတယ်။ ဝတ်လစ်စလစ်ခန်းတွေမပါသလို သတ်ခန်းဖြတ်ခန်းတွေလည်းမပါပါဘူး။ ဒါပေမဲ့ သူ့ခေတ်သူ့အခါက အရမ်းကို မသတီစရာကောင်းတယ်လို့ ကြမ်းကြမ်းတမ်းတမ်းဝေဖန်ခံခဲ့ရတဲ့ ဇာတ်ကားဖြစ်ပြီး ဒါရိုက်တာ Michael Powell ရဲ့ နောက်ဆုံး ဇာတ်ကား သူ့ရဲ့ ဒါရိုက်တာဘဝကို သတ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ ရုပ်ရှင်လောကမှာ တော်တော်လေး ဂယက်ရိုက်ခဲ့ပြီး တချို့နေရာတွေမှာ အချိန်တစ်ခုထိ ပိတ်ခံထားရတာပါ။ ၁၉၉၉ ခုနှစ်မှာတော့ British Film Institute က သတ်မှတ်တဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကား စာရင်းရဲ့ အဆင့် ၇၈ ထိရောက်ခဲ့ပြီး ၂၀၁၇ Time Out မဂ္ဂဇင်းရဲ့ အကောင်းဆုံး ဗြိတိသျှဇာတ်ကားစာရင်းမှာ အဆင့် ၂၇ ထိရထားခဲ့ပါတယ်။ ပထမဆုံး Slasher ရုပ်ရှင်လို့ သတ်မှတ်ခံခဲ့ရပေမဲ့ တချို့ Slasher ရုပ်ရှင်တွေလို လှီးဖြတ် ခုတ်ထစ် ရွံစရာကောင်းနေတာမျိုး မဟုတ်ဘဲ ရုပ်ရှင်ရဲ့သဘောလေးနဲ့တင် Slasher ရုပ်ရှင်တစ်ခုရဲ့ ခံစားချက်မျိုး ပေးနိုင်တဲ့ ဇာတ်ကားမျိုးပါ။ အကြောင်းအရာတွေက မကောင်းပေမဲ့ တော်တော်လေးကို လှလှပပပုံဖော်ထားပြီး လူကို စိတ်အနှောင့်အယှက်ပေးနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 950MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 41Min Genre – Slasher Horror, Drama, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

War • Drama
7.6 1960 101 mins
Peeping Tom
Avenging Force
5.8

ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီး ညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါ‌တယ်။ တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊ သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။ 1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size : 2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by : Thit San Khant

Drama • Action • History
5.8 1986 104 mins
Avenging Force
Silent Island: Strange Beasts
5.6

ဒီနေ့မှာတော့ CM ချစ်ပရိသတ်တို့အတွက် စိတ်ဝင်စားစရာ တရုတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းလေးကို ပြောပြရမယ်ဆိုရင်… လူတွေရဲ့ လောဘကြောင့် ဇီဝစမ်းသပ်ခန်းက ဆေးရည်ယိုစိမ့်မှုတွေကြောင့် မိစ္ဆာတွေပေါ်ထွက်လာခဲ့တယ်… ဒီမိစ္ဆာတွေက အမြင်အာရုံ အားနည်းသလောက်… အကြားအာရုံအစွမ်းက သူမတူအောင် ထက်လွန်းတာကြောင့်… အသက်ရှင်ကျန်ရစ်သူ လူနည်းစုက အသံမထွက်ဘဲ အသက်ရှင်ဖို့ကြိုးစားခဲ့တဲ့ ကာလအကြောင်းကို ရိုက်ကူးပုံဖော်တင်ဆက်ထားတာပါ… သဘာဝအန္တရာယ်နဲ့ လူတွေဖန်တီးလို့ ဖြစ်ပေါ်လာတဲ့ ဘေးအန္တရာယ်တို့ ကြုံချိန်မှာ… ဘယ်လိုတွေ အသက်လုပြေးပြီး ဘယ်လိုတွေကျော်လွှားသွားတယ်ဆိုတာကို မျက်ဝါးထင်ထင်မြင်တွေ့နိုင်မှာမို့… CM နဲ့အတူ ကြည့်လိုက်ကြရအောင်နော်…

5.6 2024
Silent Island: Strange Beasts
Romance on the Ranch
6.8

Romance on the Ranch (2024) IMDb Rating (6.8) Romance ဇာတ်ကားလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်တွေအကြိုက်တွေ့စေမယ့် Romance on the Ranch ကားလေးကတော့ ဘဝကိုအသစ်တစ်ဖန်ပြန်စဖို့ကြိုးစားကာ အလုပ်သစ်တစ်ခု‌အတွက် Nevada ကိုခရီးနှင်လာတဲ့ Sara ဆိုတဲ့ကောင်မလေးနဲ့ မွေးမြူရေးခြံက Aidan ဆိုတဲ့ အမျိုးသားလေးနဲ့ သူ့ညီ Porter တို့သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ S‌ara ရဲ့ညီမဖြစ်သူက Sara ရဲ့ချစ်သူဟောင်းနဲ့လက်ထပ်ပြီးတဲ့နောက် Nevada ကိုအလုပ်သစ်အတွက်ခရီးထွက်လာရင်း လမ်းခုလတ်မှာကားပျက်ရာနေ Aidan တို့သားအဖနဲ့အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ ကူညီတတ်တဲ့ Aidan တို့သားအဖကြောင့် မွေးမြူရေးခြံလေးကိုခဏတာနားခိုဖို့ရောက်လာခဲ့တဲ့နောက် မိသားစုဆန်တဲ့နွေးထွေးပျူငှာမှုတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာတဲ့ Sara ဟာ ဒီမိသားစုလေးအပေါ် တွယ်တာစိတ်ဖြစ်လာပြီး ခရီးဆက်ရမယ့်ရက်ရောက်လာတဲ့အခါ ဒီနေရာလေးကိုစွန့်ခွာပြီး Nevada ကိုခရီးဆက်သွားမလား၊ သူလိုချင်မိတဲ့ ပျော်ရွှင်စရာအိမ်လေးနဲ့ဘဝကိုရွေးချယ်သွားမလား စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Hmue ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:28:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Hmue

6.8 2024 95 mins
Romance on the Ranch
The 13th Warrior

IMDb Rating 6.6/10 The 13th Warrior 1999 ဆိုတာက မိုက်ကယ်ခရစ်တန်ရဲ့ Eaters of the Dead ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ အမေရိကန်သမိုင်းဝင် စိတ်ကူးယဉ်အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်…………. မချစ်သင့်တဲ့သူကိုမှ ချစ်မိသွားတဲ့ အာရပ်သံအမတ် ကဗျာဆရာတစ်ယောက်က မြောက်ဘက်ပိုင်းမှာ သံအမတ်တာဝန်ထမ်းဆောင်ဖို့ ပြစ်ဒဏ်ပေးခံလိုက်တဲ့အခါ………………… လူရိုင်းတွေ လူသတ်သမားတွေ ကြီးစိုးနေတဲ့ မြောက်ဘက်ပိုင်းကို သူရောက်ရှိသွားချိန်မှာ သူတို့နဲ့တွေ့ရမယ့် ဘုရင်ကြီးဟာ သေဆုံးသွားခဲ့ပါပြီ….. ဘုရင်နေရာဆက်ခံမယ့်ဘုရင့်သားတော်ဘူလီက သူ့ကို လက်ခံကြိုဆိုခဲ့ပါတယ်…. မကောင်းဆိုးရွားရဲ့ ခေါင်းဖြတ်သတ်ဖြတ်ခြင်းကို ခံနေရပြီး ဒုက္ခရောက်နေကြတဲ့တိုင်းပြည်တစ်ခုကို ကယ်တင်ပေးဖို့ ဘုရင်ဘူလီကို တောင်းဆိုလာတဲ့အခါ နတ်ဝင်သည်ရဲ့ ရှေ့ဖြစ်ဟောကိန်းအရ စစ်သည်တော် ၁၃ ယောက်ကို စေလွှတ်ဖို့ ဖြစ်လာခဲ့တယ်။ ၁၃ ယောက်မြောက်စစ်သည်တော်ဟာ မြောက်ပိုင်းသားမဖြစ်ရဘူးလို့ ဟောကိန်းထွက်လာတော့ အာရပ်သံအမတ်ဟာ စစ်သည်တော်အဖြစ် တိုင်းပြည်ကို ကယ်တင်ပေးဖို့ လိုက်သွားခဲ့ရတယ်… ဒီစစ်သည်တော် ၁၃ ယောက်ဟာ လူလား မကောင်းဆိုးရွားလားမသိတဲ့ ရက်စက်တဲ့ ခေါင်းဖြတ်မိစ္ဆာကောင်တွေကို ရင်ဆိုင်နိုင်ပါ့မလား???? ဒီဇာတ်ကားမှာ စစ်သည်တော်ဆိုတာ ဘယ်လိုသတ္တိဗျတ္တိတွေနဲ့ ပြည့်စုံတဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ရမလဲဆိုတာကို ပေါ်လွင်စေတဲ့အပြင် သတ်ဖြတ်မှုတွေ၊ တိုက်ခိုက်မှုတွေနဲ့ ရသစုံလင်စွာဖော်ပြထားတဲ့ အမေရိကန် အက်ရှင်ကား The 13th Warrior 1999 ကို မဖြစ်မနေ ကြည့်ရှုကြဖို့ တိုက်တွန်းချင်ပါတယ်။ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Adventure, History Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Su Mon

Drama • Action
0 1999
The 13th Warrior
Dead Teenagers
5

cm ပရိသတ်ကြီး ကို Fresh Hell Trilogy ရဲ့ သုံး ကား မြော က် ဇာတ်လမ်းဖြစ်တဲ့ Dead Teenagers ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ ။ ရှေ့ ၂ကား ဖြ စ်တဲ့ The Exorcism of Saint Patrick နဲ့ Wolves Against The World နော က် ထွက်ရှိလာတဲ့ ဒီကားကတခြားသာမန် Horror ဇာတ်လမ်းတွေလိုပဲ လူသူဝေးတဲ့တောစပ်က အပန်းဖြေအိမ်တစ်လုံးကို အပန်းဖြေထွက်လာကြတဲ့ ဆယ်ကျော်သက် လူငယ်အဖွဲ့ အကြောင်းပါ ။ တော ထဲကို စပ်ဆော့ သွား ရင်း တော ထဲမှာ ဘယ်ကမှန်း မသိတဲ့ စိတ္တဇလူသတ်ကော င်က လိုက် လာ ပြီး တစ်ဖွဲ့လုံးကို လိုက်သတ်တယ်ပေါ့ ။ ဒါပေမယ့် အဲဒီဇာ တ်ကြောင်းအတိုင်း မဟုတ်ဘဲ လူသတ်သမား က လိုက်သတ်နေ ရင်း မတော် တဆသေ သွား ခဲ့တယ် ဆိုရင်ရော ….။ အားလုံးသေရမယ့် ဇာတ်လမ်းဖြ စ်ပြီး ဇာတ်လမ်း အတိုင်း မဖြ စ်လာ တဲ့အခါ ဇာ တ်လမ်း ထဲမှာ ပိတ်မိနေကြမယ် ဆိုရင်ရော …။ ကျွန်တော်တို့ ငယ်ငယ်က မာ ရီယို ဂိမ်း ကို ကစား တဲ့အခါ နော က်ဆုံး အပိုင်း မှာ သူယူရမယ့် အလံတိုင်ကို ကျော် ပြီး ကျသွား ခဲ့တယ် ဆိုရင် ရှေ့ ဆရှေ့ က်ပြီး ဘာ အခန်း မှ မရှိဘဲ အချိ န်ကုန်တဲ့အထိ ပိတ်မိသွား တာ မျိုး ဖြ စ်ဖူး ကြ ပါ လိမ့်မယ်။ အခုလည်း အဲဒီ လော ဂျစ်အတိုင်း ပါ ပဲ။ အား လုံး က မသေ ချ င်ကြ တာ မို့ ကိုယ်ရှင်သန်ဖို့အဖို့ တွက် ဘယ်သူ့ကိုသူ့ ကို အရင် ထိုး ကျွေး မှာ လဲ ဆိုတဲ့ ရိုက်ကွက်တွေ က Final Destination ဆန်ဆန်လို့ ပြော ရမယ် ထင်ပါ တယ်။ ထပ်ခါ တလဲလဲ ဖြ စ်လာ တဲ့ တချို့ အချို့ ခန်း တွေ နဲ့အနဲ့ တူ ပိတ်မိနေ တဲ့ ခံစား ချ က် မျိုး ကလည်း တခြား ပြူး ပြူး ပြဲ ပြဲ ခြော က်ပြ တဲ့ Horror ကား မျိုး နဲ့မနဲ့ တူ ကွဲထွက်နေ တာ အမှန်ပါ ပဲ။ Gore မြ င်ကွင်း တချို့ လချို့ ည်း ပါ တာ မို့ Psycho Horror ထက် ပိုတဲ့ ဇာ တ်ကား တစ်ကား လို့ ပြော လို့ ရလို့ ပါ တယ်။ သာ မန်အပျင်း ပြေ Horror ဇာ တ်ကား ထက် ပိုတဲ့ကြည့်ရှုသူကို အတွေးစတွေပေးနိုင်တဲ့ ဇာတ်ကားဖြစ်တာမို့ အား ပေး ကြ ည့်ရှုကြ ပါ ဦး ခင်ဗျာ …..။ File size… (1.37 GB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 20m Genre …..Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Action • Crime • Thriller
5 2024 80 mins
Dead Teenagers
Over the Border
6.5

Over the Border (2006) ************************** “Over the Border” (မူရင်းနာမည်: Gukgyeongui namjjok) ဆိုတဲ့ ကိုရီးယားရုပ်ရှင်ဇာတ်ကားဟာ ၂၀၀၆ ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ မြောက်ကိုရီးယားကနေ တောင်ကိုရီးယားကို ထွက်ပြေးလာရတဲ့ မိသားစုတစ်စုရဲ့ ခက်ခဲကြမ်းတမ်းတဲ့ ဘဝခရီးနဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို စိတ်ထိခိုက်ဖွယ်ရာ ပုံဖော်ထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ Ahn Pan-seok ရိုက်ကူးပြီး‌တော့ သရုပ်ဆောင်‌တွေအနေနဲ့ ချာဆွန်းဝမ်၊ ဂျိုယီဂျင်းနဲ့ ရှင်းဟယ်ဂျင်းတို့က ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်း *************** မြောက်ကိုရီးယားက ပြည်နယ်သံစုံတီးဝိုင်းမှာ Horn တီးမှုတ်တဲ့ ဂင်ဆွန်းဟို (ချာဆွန်းဝမ်) ဟာ သူ့မိသားစုနဲ့အတူ ငြိမ်းချမ်းစွာ နေထိုင်ရင်း ချစ်ရတဲ့ ယွန်းဟွာ (ဂျိုယီဂျင်း) နဲ့ အနာဂတ်ကို ပုံဖော်နေသူဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ကိုရီးယားမှာရှိတဲ့ ဆွန်းဟိုရဲ့အဘိုးဖြစ်သူနဲ့ စာအဆက်အသွယ်လုပ်တာကို မြောက်ကိုရီးယား လျှို့ဝှက်ဝန်ဆောင်မှုဌာနက သိရှိသွားတဲ့အခါ သူတို့မိသားစုဟာ အဘိုးရှိရာ တောင်ကိုရီးယားကို ထွက်ပြေးဖို့ ဆုံးဖြတ်ခဲ့ရပါတယ်။ တောင်ကိုရီးယားကို ခက်ခက်ခဲခဲ ရောက်ရှိလာပြီးနောက် အဘိုးဖြစ်သူက ဆုံးပါးသွားခဲ့ရာ ဆွန်းဟိုတို့ မိသားစုဟာလည်းအရာအားလုံးကို အစကနေ ပြန်လည်တည်ဆောက်ရပါတော့တယ်။ မြောက်ကိုရီးယားမှာ ချန်ထားခဲ့ရတဲ့ ချစ်သူယွန်းဟွာကိုလည်း တောင်ကိုရီးယားကို ခေါ်ဆောင်လာဖို့ ကြိုးစားပုံ၊ မိသားစုဝင်တွေကြားက ပဋိပက္ခတွေနဲ့ ကိုရီးယားနိုင်ငံ နှစ်ခြမ်းကွဲမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို လူမှုရေးရှုထောင့်ကနေ ပုံဖော်ပြသထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ “Over the Border” ဟာ ဒရာမာဆန်ပြီး စိတ်ခံစားမှု ပြင်းထန်တဲ့ ဇာတ်ကားကို ကြိုက်နှစ်သက်သူတွေအတွက် ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကား ဖြစ်တာကြောင့် ကြည့်ရှုခံစားကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Miriက ရေးသားထားပါတယ်) File Size – 2.77 GB/ 922 MB Quality – WEB-DL 1080p/ 720p Duration – 1h 49m Format – mp4 Genre – Drama Subtitle – Myanmar Subtitle (Hard Sub) Translated by – Miri Encoded by – Treasure Htet

Comedy • Drama
6.5 2006 109 mins
Over the Border