YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Chronicles.of.Riddick.2004.Director's.Cut 720p.BluRay (CM) MPK.mp4

1.31 GB N/A video/mp4 522 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kandahar
6.3

Kandahar (2023) ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ နောက်ထပ် စစ်ကားကောင်းတစ်ခုလာပါပြီ။ ဒီကားက ဂျိတ်ယီလင်ဟောရဲ့ နာမည်ကြီးစစ်ကား The Covenant နဲ့ ဆင်တူပါတယ်။ ကောင်းတာချင်းလည်းတူပါတယ်။ မင်းသားကတော့ အက်ရှင်ကားကောင်းတွေအများကြီးရိုက်ထားတဲ့ ဂျရက်ဘတ်တလာပါပဲ။ ဒါရိုက်တာကတော့ Angel Has Fallen နဲ့ Greenland ကို ရိုက်ခဲ့တဲ့ Ric Roman Waugh ဖြစ်ပြီး ဒီရုပ်ရှင်တစ်ခုလုံးကို ဆော်ဒီမှာပဲ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းကိုတော့ အမေရိကန်တွေ အာဖဂန်ကနေ ဆုတ်ခွာအပြီး တာလီဘန်တွေကြီးစိုးနေချိန်မှာ တည်ထားပါတယ်။ အီရန်နိုင်ငံနဲ့အနောက်နိုင်ငံတွေ အနုမြူလက်နက်လျှော့ချရေး သဘောတူညီချက်ရဖို့ ကြိုးစားနေဆဲကာလပါ။ တွမ်ဟားရစ်ဆိုတဲ့ စစ်ပြန် အမ်အိုင်-၆ လူဟောင်းဟာ စီအိုင်အေမှာ အငှားအေးဂျင့်အနေနဲ့ လုပ်နေပြီး အီရန်စစ်ဆင်ရေးတွေကို လျို့ဝှက်ဆောင်ရွက်နေသူဖြစ်ပါတယ်။ သူ့ရဲ့စစ်ဆင်ရေးကတော့ အီရန်နိုင်ငံထဲမှာအသွင်ယူပြီး အနုမြူဓာတ်ပေါင်းဖိုတွေကို ဖျက်ဆီးရတဲ့အလုပ်ပါပဲ။ ဒါပေမဲ့ နောက်ဆုံးစစ်ဆင်ရေးတစ်ခုစခါနီးမှာပဲ ပင်တဂွန်က သတင်းပေါက်ကြားမှုဖြစ်ပြီး သူ့နာမည်နဲ့ပုံဟာ အီရန်၊ အာဖဂန် တဝှမ်းမှာပြန့်သွားပါတော့တယ်။ တာလီဘန်၊ အိုင်းစစ်၊ အီရန်၊ အယ်ကိုင်ဒါ အဖွဲ့ပေါင်းစုံက သူ့ကိုလိုက်ဖမ်းဖို့ကြိုးစားတဲ့အချိန်မှာ သူနဲ့ စကားပြန် မိုဟာမက်တို့ နှစ်ယောက်တည်း ဘယ်လိုအသက်လုပြီး လွတ်မြောက်အောင် တိုက်ခိုက်ထွက်ပြေးကြမလဲဆိုတာ ကြည့်ရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.55GB, 700MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 59Min Genre - Action, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y

Comedy • Drama
6.3 2023 119 mins
Kandahar
(18+) May-December-January

BL ဇာတ်ကားလေးကိုမှ ဇာတ်လမ်းဆန်းဆန်းလေးနဲ့ ရိုမန့်တစ်ဆန်ဆန် ကြည့်ရမဲ့အပြင် အချစ်ဇာတ်ကားဆိုတာထက် လူတွေအကြောင်းကိုမြင်ရမယ့်အပြင် လူ့သဘာဝကသတ်မှတ်ထားတဲ့ စည်းတွေဘောင်တွေကို ဂရုစိုက်မနေပဲ ကိုယ်ချစ်ချင်ရာချစ်ပလိုက်ဖို့ ဘာကိုမှ အလေးမထားပဲ ကိုယ့်ဘဝပျော်ရွှင်မှုအတွက်ပဲ ရှင်သန်ဖို့ စသဖြင့်သရုပ်ဖော်ပြထားဝာကိုတွေ့ရမှာပါ ဇာတ်ကားနာမည်လေးအတိုင်း ဇာတ်ကောင်လေးသုံးယောက်ပါဝင်ပြီး ဂေးတစ်ယောက်ရယ် သူ့ရဲ့ ခပ်ဟော့ဟော့အမေရယ် သူချစ်တဲ့ သူငယ်ချင်းရယ် သုံးပွင့်ဆိုင်ဇာတ်လမ်းလေးကို ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် ထုံးစံအတိုင်း မြူးဇစ်နဲ့‌ဖော်ချွတ်‌လေးတွေလဲပါတာမို့ မိသားစုနှင့်‌တော့ကြည့်ရန်မသင့်တော်ပါကြောင်း.... File size…1.6GB / 600MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 35m Subtitle….Myanmar Subtitle(Hard Sub) Encoder….X Cross Translated by Andrew Mason

Action • Drama • Fantasy • Horror • Science Fiction
0 2022
(18+) May-December-January
Alice, Darling
5.9

ကနဦးပြောချင်တာကတော့ ဒီကားကို ဘာ Genre လဲ သွားမကြည့်ပါနဲ့။ ဒီတိုင်း ဘာကားမှန်းမသိဘဲ ကြည့်လိုက်ပါ။ ဒါဆို ပိုအဆင်ပြေပါလိမ့်မယ်။ နောက်တစ်ချက်သတိချပ်စေချင်တာကတော့ ဒီကားမှာ မင်းသမီးရေချိုးနေတုန်း မင်းသမီးဘော်ဒီကိုပြပြီး အနောက်ဘက်ကုန်းမြင့်ဒေသတွေကို လေ့လာစူးစမ်း အလံတိုင်စိုက်တာတွေပါတဲ့အတွက် မိသားစုနဲ့မကြည့်သင့်ပါဘူး။ မင်းသမီးကတော့ အားလုံးသိကြတဲ့ Pitch Perfect မင်းသမီး Anna Kendrick ပါ။ ချစ်စရာကောင်းနေဆဲပါပဲ။ ကောင်မလေးတစ်ယောက်ရှိတယ်။ သူ့ဘဲက ပန်းချီဆရာ။ ဒါပေမဲ့ သွေးကြီးမွေးကြီး ကိန်းကြီးခန်းကြီးနိုင်တဲ့လူ။ ကောင်မလေးဘဝမှာ သူငယ်ချင်း ၂ယောက်ရယ် သူ့ဘဲရယ် ဒါပဲရှိမယ်။ ကောင်မလေးက အရင်က ဆိုးခဲ့ပေခဲ့ပုံရတယ်။ သူ့ဘဲ ကြောင်သူတော်ကြွက်သူခိုးက ကောင်မလေးကို သူ့လိုပဲဖြစ်စေချင်တယ်။ ဒီတော့ ကောင်မလေးက သူဆိုးတာကို ချမပြဘူး။ သူ့ဘဲက ကောင်မလေးကို သူငယ်ချင်း၂ယောက်နဲ့လည်း မပေါင်းစေချင်ဘူး။ ဒါပေမဲ့ သူ့သူငယ်ချင်းတစ်ယောက်မွေးနေ့မှာ ကောင်မလေးဟာ သူ့ဘဲကို လိမ်ပြီး သူ့သူငယ်ချင်းတွေနဲ့အတူ နယ်ဘက်ကျေးလက်က အိမ်လေးကို အပျော်ခရီးထွက်သွားတယ်။ အဲဒီခရီးမှာဘာတွေဖြစ်မလဲ သူ့ဘဲကရော ဘာဆက်လုပ်မလဲ မြင်ရလိမ့်မယ်။ ထူးတာက ဒီကားက ဘာကားမှန်းမသိဘဲ ကြည့်လိုက်မယ်ဆို ဘာကားမှန်းမသည်းမကွဲဖြစ်ချင်စရာကောင်းတယ်။ နယ်ဘက်က အိမ်ကြီးကို သွားရင်း လူသတ်သမားနဲ့တွေ့ရတော့မလိုလို သရဲပဲအခြောက်ခံရတော့မလိုလို သူ့ဘဲက လိုက်သတ်တော့မလိုလို သို့လောသို့လော ထင်ချင်စရာအချက်တွေပြသွားတယ်။ ဒီဇာတ်တည်ရာမှာလည်း ပျောက်ဆုံးနေတဲ့ကောင်မလေးတစ်ယောက်ကို အားလုံးဝိုင်းရှာနေကြတာတွေလည်းပါတယ်။ မင်းသမီးကလည်း စိတ်ဖိစီးမှုတွေနဲ့ ခေါင်းထဲ အသံဗလံတွေ မျိုးစုံ အလိုလိုကြားနေရတယ်။ ဒါပေမဲ့ ဇာတ်မဆုံးခင်အထိကို သူက ဘယ်လမ်းကြောင်းသွားမလဲ မရေမရာဖြစ်အောင်လုပ်ပြနိုင်ခဲ့တယ်။ ကြည့်ကောင်းတဲ့ကားလေးပါပဲ။ မင်းသမီးလည်း တော်တော်လှပါတယ်။ ဘာကားမှန်းမသိဘဲကြည့်ရင် ပိုကြည့်ကောင်းပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို B မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.8GB, 890MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 29Min Genre - Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by B Encoded by Y

Comedy • Drama
5.9 2022 90 mins
Alice, Darling
The Great Dictator
8.3

Comedy/War IMDb -8.4, Rotten Tomatoes 93% ချာလီချက်ပလင်ဆိုရင် အသံတိတ်ရုပ်ရှင်တွေကိုပဲ အများစုပြေးမြင်ကြမယ်ဆိုပေမယ့် ဒါ အသံတိတ်ဇာတ်လမ်းမဟုတ် အဓိပ္ပါယ်ရှိတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်လမ်းကို ချာလီချက်ပလင်ကိုယ်တိုင် ရိုက်ကူးထုတ်လုပ် သရုပ်ဆောင်ထားပြီး သူထုတ်လုပ်ခဲ့ဖူးတဲ့ ဇာတ်လမ်းတွေထဲမှာ အကောင်းဆုံးလို့တောင် ချီးကျူးပြောဆိုခံခဲ့ရပါတယ်။ ဘာကြောင့်ဆို ဟစ်တလာ၊ နာဇီနဲ့ ဖက်ဆစ်စနစ်တို့ကို ပညာသားပါပါ သရော်ထားပြီး ဂျူးမုန်းတီးရေးဝါဒီတွေကို ရှုတ်ချထားလို့ပါ။ ဒီဇာတ်လမ်းမှာ သာမန်အညတရ ဆံသဆရာ စစ်မှုထမ်းဟောင်းတစ်ယောက်အဖြစ်နဲ့ ဟင်ကယ်လို့ အမည်ရတဲ့ ကမ္ဘာကို လက်ဝါးကြီးအုပ်ချင်နေတဲ့ စစ်အာဏာရှင်အဖြစ် ချာလီကိုယ်တိုင် နှစ်ကိုယ်ခွဲ သရုပ်ဆောင်ထားပါတယ်။ အားလုံးနဲ့ မစိမ်းတော့တဲ့ အာဏာရှင်လက်အောက် ကျရောက်နေတဲ့ နိုင်ငံသားတို့ရဲ့ ကျီးလန့်စာစား၊ ဘာဆိုဘာမှ ပြောပိုင်ခွင့်မရှိ၊ လုပ်ပိုင်ခွင့်မရှိတဲ့ ဘ၀တွေကို မြင်ရလိမ့်မယ်။ စက်ရုပ်လို ပုံစံရိုက်သွင်းခံထားရတဲ့ စစ်သားတွေရဲ့ ရပ်ကွက်တွေထဲ နိုင်ထက်စီးနင်းမှုတွေကို မြင်ရလိမ့်မယ်။ အာဏာရှင်တို့ရဲ့ " ဘယ်သူသေသေ ငတေမာရင် ပြီးရော " ဆိုတဲ့ ကိုယ့်ဖို့ကိုယ်သာကြည့်တဲ့ စရိုက်ဆိုးတွေကို မြင်ရပါလိမ့်မယ်။ ဒီဇာတ်လမ်းရဲ့ အထူးခြားဆုံးနဲ့ နာမည်အကြီးခဲ့ဆုံးအပိုင်းကတော့ သူ့ရဲ့ ဇာတ်ကောင် စရိုက်လက္ခဏာဖြစ်တဲ့ ရယ်ရွှင်စရာ ပုံစံကနေ ကွဲထွက်ပြီး ချာလီပြောခဲ့တဲ့ နောက်ဆုံး ငါးမိနစ်စာ မိန့်ခွန်းပါပဲ။ ခေတ်စနစ်နဲ့ အာဏာရှင်တွေကို ပီပီပြင်ပြင် သရော်ထားတဲ့ ဒီဇာတ်လမ်းကို ကြည့်အပြီးမှာ တစ်ခုခုတော့ ဆင်ခြင်မိကြမယ်လို့ ယူဆမိပါတယ် File size…1.2GB Quality…720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Yoon Sandi Aung

Action • Drama • Fantasy
8.3 1940 125 mins
The Great Dictator
Surrounded
5.8

IMDb rating - 5.5/10 လွတ်လပ်တယ်ဆိုတာကို ပရိတ်သတ်ကြီးတို့ ဘယ်လိုခံယူထားပါသလဲ။ဒီရုပ်ရှင်မှာတော့ လူမည်းအမျိုးသမီးတစ်ယောက် ခံယူထားတဲ့ လွတ်လပ်ခြင်းရဲ့အနှစ်သာရကို ထိထိမိမိရိုက်ကူးတင်ဆက်ပြသထားပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့... Mo Washington က လွတ်လပ်ခွင့်ရထားတဲ့ အမျိုးသမီးတစ်ဦးပါ။ အမေရိက civil war ဖြစ်ပြိးကတည်းက သူလွတ်မြောက်နေတာ ၅ နှစ်တာရှိပြီဆိုပေမဲ့ ဦးတည်ရာမဲ့နေတဲ့ အမျိုးသမီးတစ်ယောက်ပေါ့။ တစ်နေ့တော့ ကော်ရိုရာဒိုမှာ မြေပိုင်ဆိုင်ခွင့် သူမမှာရရှိခဲ့ပါတယ်။ ဒီတော့ သူမရဲ့မျိုးနွယ်စုအတွက် ခိုနားရာနေရာတစ်ခုအဖြစ် ဖန်တီးပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ယောက်ျားလေးအသွင်ယူပြီး ကော်ရိုရာဒိုကိုသွားမယ့် လှည်းနဲ့လိုက်ပါလာခဲ့‌ေပမဲ့ အဲဒီလှည်းက လမ်းမှာ အတိုက်ခိုက်ခံလိုက်ရတဲ့အခါမှာ ဘဏ်ဓားပြကြီး Tom Walsh ...အလိုရှိဆုံးတရားခံအဖြစ်သတ်မှတ်ခံထားရတဲ့သူနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီဇာတ်လမ်းမှာတော့ အမျိုးသမီးတစ်ယောက်က သူကြုံတွေ့နေရတဲ့ အကျပ်အတည်းတွေကြားကနေ ဘယ်လိုအောင်အောင်မြင်မြင် ရုန်းထွက်သွားမလဲဆိုတာကို ဒီကြည့်ရှူခံစားရမှာပါ။

Action • Adventure • Science Fiction
5.8 2023 100 mins
Surrounded
The Suicide Squad
7.6

Superheroဆိုတာဂျိုနဲ့လားလို့ ​တွေ့သမျှလူတိုင်းကို Face to Face လိုက်​မေးမယ့် Harley Quinn ရဲ့ Suicide Sqaudလာပါပြီ Marvel ရဲ့ ဗရုတ်သုတ်ခအဖွဲ့ဖြစ်တဲ့ GOTGနဲ့​သောင်းကျန်းလို့အပြီးမှာ​တော့ ဒါရိုက်တာ James Gunnတစ်​​ယောက် DC universeရဲ့ ​မျောက်​​လောင်းအဖွဲ့ဖြစ်တဲ့ Suicide Squadဆီကိုပါ ​​ရောက်လာခဲ့ပါပြီ IMDB rating - 7.9 နဲ့ Rotten Tomatoes rating - 95% ​တောင်ရထားတာမလို့ ​DCEU ရဲ့ ဇာတ်ကား​တွေထဲမှာ အမြင့်ဆုံး ratingလို့​​တောင် ပြောလို့ရပါတယ် U.S အစိုးရရဲ့ အရာရှိကြီး အမန်ဒါ​​ဝေါလ်လာတစ်​ယောက် Enchantressနဲ့ ရင်ဆိုင်အပြီးမှာ ​​နောက်ထပ်ကမ္ဘာပျက်မယ့်​ ဘေးအန္တရာယ်ကြီးတစ်ခုအတွက် အ​သေခံ Suicide Sqaud အသစ်တစ်ခုကို ထပ်ပြီးဖွဲ့စည်းရပြန်ပါပြီ အဲ့ဒီအန္တရာယ်က​တော့ တောင်​အမေရိကကျွန်းငယ်နိုင်ငံ​လေးတစ်ခုကို အုပ်ချုပ်​နေတဲ့လူတစ်စုရဲ့ လက်ထဲကို​ရောက်ရှိ​နေတဲ့ Project Starfish လို့​ခေါ်တဲ့ ဒီကမ္ဘာပြင်ပကမျိုးစိတ်တစ်ခုပါ အဲ့ဒီမျိုးစိတ်နဲ့သက်ဆိုင်တဲ့ စမ်းသပ်မှုလုပ်ငန်း​တွေကို အဲ့ဒီကျွန်းနိုင်ငံ​​လေးအထိ သွား​​ရောက်ဖျက်ဆီးရမှာက ဇာတ်လိုက်​ကျော် Suicide Sqaud ကြီးရဲ့တာဝန် ဖြစ်လာပါ​​တော့တယ်၊ သူတို့​တ​တွေ အောင်​အောင်မြင်မြင်ပဲ ဝင်​ရောက်ဖျက်ဆီးနိုင်မှာလား ဘယ်လိုတလွဲတ​ချော်​တွေ ဖြစ်ကြဦးမလဲ၊ ဘယ်​လောက်ထိခွီရဦးမလဲဆိုတာကို DC universe ရဲ့ထုံးစံအတိုင်း သွေးသံတရဲရဲ ခပ်ကြမ်းကြမ်းရိုက်ကွက်တွေနဲ့ အပီအပြင်ရိုက်ပြထားတာမလို့ အားပါးတရကြီးကြည့်ရှုခံစားရမှာပါ ​အ​ရှေ့ပိုင်းဇာတ်ကား​တွေမှာ ​ဝေဖန်မှု​တွေခံ​နေရတဲ့​ WBကုမ္ပဏီအ​နေနဲ့ ဒီတစ်​ခေါက် Suicide Squadနဲ့ ပရိတ်သတ်​တွေရဲ့ အား​ပေးမှုကို ဘယ်လိုပြန်ပြီးသဲ့ယူသွားမလဲဆိုတာ ကြည့်ရမှာပါ... ဒါ​ပေမဲ့ Margot Robbieရဲ့ Harley Quinnတစ်​ယောက်ထဲနဲ့တင် Rating 100% မှာ 101% ​ပေးဖို့တန်နေပါပြီ။ ဆိုတော့ကာဗျာ ..... ပြောမယုံ ကြုံမှသိလိမ့်မယ်ဗျ ကြည့်ပြီးမှ ပြန်ဆွေးနွေးကြတာပေါ့။ အညွှန်းကတော့ JimX ဖြစ်ပြီးတော့ ဘာသာပြန်ထားတာကတော့ 2TAY ဖြစ်ပါတယ်။ File size… (5.7GB) / (2.5 GB) /(1.39 GB)/ (600 MB) Quality….BluRay 4K HEVC / WEB-DL 1080p / 720p /480p Format…mkv/mp4 Duration…. 2h 12min Subtitle….Myanmar Subtitle (Hardsub) Translator ..... 2TAY Encoder ..... August/Nyeinsaeya Aung

Thriller
7.6 2021 132 mins
The Suicide Squad
Baywatch
6.1

နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ... Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။ (အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ) ဇာတ်လမ်းကတော့... ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ မစ်ချ်က အဲဒီအမှုတွေအကုန်ဖော်ထုတ်ဖို့ တာဝန်ရှိတယ်လို့ ထင်ပေမယ့် ဘရိုဒီကတော့ မဆိုင်တာတွေ မလုပ်ချင်ဘူးဆိုပြီး ငြင်းခုံနေကြတာပါ။ မစ်ချ်တစ်ယောက် ဒီပြဿနာတွေကို ဖြေရှင်းနိုင်မလား၊ သူတို့အဖွဲ့ ဘယ်သူတွေနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ စောင့်ကြည့်ရုံပါပဲ။ File size…(5.6 GB)/(1.9 GB)/(800 MB) Quality….BluRay Unrated 4K HEVC/1080p/720p Format…mp4 Duration….01:35:00 Subtitle….Myanmar Subtitle (Hardsub) Encoder….THZ,Nyeinsaeya Aung Translated by Littleneo

Drama • Sci-Fi & Fantasy • War & Politics
6.1 2017 116 mins
Baywatch
My Father Is a Playboy
6.7

My Father Is a Playboy (2022)အညွှန်း ********************************** ‌၂၀၂၂ အောက်တိုဘာ ၃၀ ကမှ ထွက်ရှိထားပြီး “Instructions Not Included” ဆိုတဲ့ Mexican ဇာတ်ညွှန်းအပေါ် မှီငြမ်းထားတာပါ။ နာမည်အတိုင်းပဲ ကွမ်က အရမ်းကိုမှ အရမ်း ပွေရှုပ်တတ်တဲ့သူတစ်ယောက်ပါ စကားလှလှလေးတွေနဲ့ မိန်းကလေးတွေကို သိမ်းပိုက်တတ်သူမျိုး တစ်နေ့တော့ ထုံးစံအတိုင်း မိန်းကလေးတစ်ယောက်နဲ့ ချစ်စကားဖောင်ဖွဲ့နေတုန်း လိုင်ဆိုတဲ့ မိန်းကလေးက သူ့ဆီ ကလေးကြီးထားပြီး ထွက်ပြေးသွားလေရဲ့.. အရင်ရည်းစားဟောင်းလိုလို မိန်းမဟောင်းလိုလို လိုင်ရဲ့ “သူက ရှင့်ကလေး” ဆိုတဲ့စကားတစ်ခွန်းကြောင့် ကွမ်ခမျာ ကလေးကြီးတန်းလန်းနဲ့ ကျန်ခဲ့ပါတော့တယ်။ တစ်ဘဝလုံး မိန်းမမှ မိန်းမပဲလိုက်စားရင်း ကလေးတစ်ယောက်ကောက်ရလိုက်တဲ့ ကွမ်ဟာ သူ့သူငယ်ချင်းမိသားစုအကူအညီနဲ့ ကလေးပိစိလေးကို စောင့်ရှောက်ဖို့ အကြောင်းဖန်လာပါတော့တယ်… အဲ့ဒီနောက်မှာတော့…. File Size :(1.5GB)(759 MB) and (371 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:28:00 Genre : Comedy , Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Phoo Pone Encoded by Phyo Pyae

Drama
6.7 2022
My Father Is a Playboy
Carnifex
4.7

ဒီဇာတ်ကားက ရုပ်ရှင်ဆိုတာထက် documentary ဘက်ကို ပိုသွားတယ်ဗျ။အဓိကအားဖြင့် ဩစတေးလျတောမီးတွေအကြောင်း၊မျိုးသုဉ်းပျောက်ကွယ်ခါနီး ရှားပါးတိရစ္ဆာန်တွေအကြောင်း နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေစားကျက်နယ်မြေပျောက်ပြီး ကမောက်ကမ ဖြစ်ရပုံတွေကို ချပြထားတာ။အဲ့အထဲမှာမှ ဇာတ်ကြောင်းလေး နည်းနည်းထည့်ပြီး Thriller/ Horror ဘက်ကို သွားထားတာ။ အစပိုင်းတွေက စကားပြောခန်းတွေများတယ်ဆိုပေမယ့် ဩစတေးလျနိုင်ငံရဲ့ ရှားပါးမျိုးစိတ်တွေအကြောင်းကို (ဇာတ်ကားအရ) ရှင်းပြသွားတာမို့ စိတ်ဝင်စားဖို့ကောင်းပြီး ဇာတ်လမ်းရဲ့ climax အထိ ဆွဲခေါ်သွားပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းလေး နည်းနည်းပြောပြရရင် ဘန် နဲ့ ဂရေ့(စ်) ဆိုတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသမား ဂေဟဗေဒပညာရှင်နှစ်ယောက်ဟာ ဘေလေဆိုတဲ့ မှတ်တမ်းရုပ်ရှင်ရိုက်တဲ့ ကောင်မလေးနဲ့ ဩစတေးလျတောနက်ထဲ တစ်ခုကို ထွက်လာခဲ့ကြတယ်။ သူတို့ရဲ့ အဓိကရည်ရွယ်ချက်က တောထဲမှာ တပ်ထားခဲ့တဲ့ ကင်မရာတွေကို စစ်ပြီး အဲ့ဒီဧရိယာမှာ ရှားပါးမျိုးစိတ်တွေရှိမရှိ ရှာဖို့နဲ့ တောမီးကြောင့် တိရစ္ဆာန်တွေ စားကျက်မြေ ပြောင်းလဲရပုံတွေကို လေ့လာဖို့ပေါ့။ ကင်မရာသမား ဘေလေလဲ ပါတယ်ဆိုတော့ လမ်းတစ်လျှောက်သွားရင်းနဲ့ တွေ့ရကြုံရတာတွေကို မှတ်တမ်းတင်လိုက် သူတို့ရဲ့ လက်ရှိအလုပ်အကြောင်း ရှင်းပြရင်း မှတ်တမ်းရိုက်ကူးလိုက်နဲ့ပေါ့။ သူတို့မသိတာက လူတွေတစ်ခါမှ မတွေ့ဖူးတဲ့ သားရဲမျိုးစိတ်အသစ်တစ်ခုဟာ တောမီးကြောင့် စားကျက်မြေပြောင်းလာရပြီး သူတို့နဲ့ အနီးအနားကို ရောက်လာတယ်ဆိုတာပဲ။ ဘန်၊ဘေလေ နဲ့ ဂရေ့(စ်)တို့ သုံးယောက် တောနက်ထဲအထိ ရောက်လာပြီး မမျှော်လင့်ဘဲ အဲ့အကောင်ကြီးနဲ့ တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒီဇာတ်ကားကို ကြည့်ရှုရင်း အဖြေရှာကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ File size…(3.7GB) / (1.5GB) / (1.0B) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:33:00 Genre…Horror / Sci-Fic / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Damien

4.7 2022
Carnifex
Give Me A Ride
6

ဒီတစ်ခါမှာ CM ပရိသတ်တွေအတွက်ဟာသ အမောပြေဇာတ်လမ်းလေးတစ်ပုဒ်နဲ့တင်ဆက်ပေးလိုက်ချင်ပါတယ်။ ရွာမှာကလေးတွေစာဖတ်တတ်ဖို့အတွက် လုပ်အားပေးဆရာမ အနေနဲ့ အမေကိုအတိုက်အခံလုပ်ပြီးဆင်းသွားတဲ့ ယွီရှောင်း၊ အခွေဆိုင်လေးဖွင့်ထားပြီး အသက် (၃၂) ထိမိဘလုပ်စာထိုင်စားနေတဲ့အစ်ကိုဖြစ်သူ ယွီလျန်ရှန်း။ အမေဖြစ်သူက သမီးကိုပြန်ခေါ်လာဖို့အတွက် သားကိုမျိုးစုံခြိမ်းခြောက်တဲ့အခါ သားဖြစ်သူကယွီရှောင်းကိုရှာဖို့ခရီးစထွက်ပါတော့တယ်။ အဲ့အချိန်မှာပဲရှေးဟောင်းပစ္စည်းတွေကိုမှောင်ခိုသွင်းရောင်းချနေတဲ့ ယုခါမိန်းကလေး၊တရုတ်ပြည်မိန်းကလေးတွေကို M နိုင်ငံအထိလူကုန်ကူးရောင်းချနေရာကနေ မှောင်ခိုဂိုဏ်းကို အပြစ်လုပ်မိလို့ တရုတ်ပြည်ဘက်ထွက်ပြေးလာပြီး တရုတ်ပြည်မှာလည်း ဆက်လက်လူကုန်ကူးနေတဲ့ အစ်ကိုဟေး။ ဒီအမှုနှစ်ခုကို ရဲစခန်းမှဖြေရှင်းနေတဲ့အချိန် ယွီလျန်ရှန်းကလည်းညီမဖြစ်သူကိုရှာဖို့ ထွက်လာတဲ့အချိန် လမ်းမှာဓါးပြအဖွဲ့ ကုရှောင်မန့်ကောင်မလေးနဲ့ တွေ့ဆုံခဲ့တာပေါ့။ကုရှောင်မန့်က ယွီလျန်ရှန်းကိုသိမ်းသွင်းပြီ းလုယက်ဖို့ပြင်ဆင်ခဲ့ပေမဲ့ သူရဲ့ကြင်နာမှုကြောင့် မလုယက်နိုင်ခဲ့ဘူးဖြစ်နေခဲ့တယ်။ ဒီအချိန်မှာပဲ ထန်ခေတ်မှာတိဘက်ဘုန်းကြီးကိုင်ဆောင်ရာ ပုတီးကို မှောင်ခိုတင်သွင်းနေတဲ့ ယုခါမိန်းကလေးတို့အဖွဲ့နဲ့တွေ့နေတဲ့အချိန်မှာ ယွီရှောင်းကအစ်ကိုဟေးနဲ့တွေ့ပြီး တျောက်မျိုးနွယ်ညီအစ်ကိုနှစ်ယောက်က ထောင်ထဲကထွက်လာလို့ မိန်းမ မယူနိုင်ဖြစ်နေတာကြောင့် ယွီရှောင်းကိုအတင်းအဓမ္မလက်ထပ်ဝယ်ယူဖို့ အစ်ကိုဟေးနဲ့တွေ့ဆုံရန်ထွက်လာချိန်၊ ယွီလျန်ရှန်းကလည်းညီမဖြစ်သူရှာဖို့ထွက်လာတဲ့အချိန်၊ ကုရှောင်မန့်တို့ကလည်းလုယက်ဖို့ဂွင်ဖမ်းနေတဲ့အချိန် ဒီလိုတွေ တိုက်ဆိုင်သွားတဲ့အချိန်မှာတော့ အလွဲလွဲ အချော်ချော်များနှင့်ဟာသလေးတွေ ရောနှောပြီးတင်ဆက်ပြသထားတာကြောင့် ဒီဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင်

Drama • Romance • Comedy
6 2024
Give Me A Ride
Lost Horizon
7.6

Lost Horizon (1937) ~ IMDb – 7.6/10, Rotten Tomatoes – 93% ~ James Hilton ရဲ့ Lost Horizon ဟာ စာသမားတွေနဲ့ တော်တော်ရင်းနှီးပြီးသား ပဟေဠိဆန်တဲ့နေရာတစ်ခုအဖြစ် သတ်မှတ်ထားကြတဲ့ ရှန်ဂရီလာ ခေါ် ရှမ်ဘဲလားရဲ့ ရင်းမြစ်စာအုပ်ပါပဲ။ James Hilton ဟာ ဒီစာအုပ်မှာ ရှန်ဂရီလာဆိုတဲ့ တိဘက်က လျှို့ဝှက် လားမားကျောင်းတော်တစ်ခုကို ဖန်တီးခဲ့တယ်။ ဒီစာအုပ်ကိုပဲ မောင်ထွန်းသူက ရှန်ဂရီလာဆိုတဲ့ နာမည်နဲ့ ဘာသာပြန်ခဲ့ဖူးတယ်။ မင်းသိင်္ခကလည်း စနေမောင်မောင်တို့ မဟာမြိုင်ခရီးသည်တို့ထဲ ခဏခဏယူသုံးခဲ့ဖူးတယ်။ ဘယ်တစ်အုပ်ထဲလဲတော့ မမှတ်မိပေမဲ့ ဒီ Lost Horizon ရဲ့ ဇာတ်ကို တစ်ထပ်တည်းနီးပါးတူအောင် ဦးကျော်ဒွန်း ဘုရားရှိခိုးစာအုပ်ရေးနည်းနဲ့ ရေးထားတာလည်းရှိတယ်။ တခြားရေးတဲ့သူတွေလည်း များပါတယ်။ ဆိုတော့ ရှမ်ဘဲလား ရှန်ဂရီလာဘာညာက ကျွန်တော်တို့နဲ့ တော်တော်ရင်းနှီးပြီးသားအရာပါပဲ။ Lost Horizon ကတော့ အဲဒီရှန်ဂရီလာရဲ့ မူလဇစ်မြစ်ပေါ့။ ငယ်ငယ်ကတော့ မောင်ထွန်းသူ ဘာသာပြန်တဲ့ ရှန်ဂရီလာက ကျွန်တော့်အကြိုက်ဆုံးဘာသာပြန်စာအုပ်တွေထဲပါဖူးတယ်။ အခုပြန်ဖတ်တော့လည်း အရင်တုန်းက မတွေးမိတဲ့အတွေးတွေတွေးမိပြီး ပိုတောင်ကြိုက်နေမိပြန်တာပါပဲ။ အရင်က အဓိကကြိုက်တာကတော့ ဇာတ်ကောင် ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုပဲ။ အဲဒီတုန်းကတော့ ကျွန်တော့်မှတ်စုစာအုပ်ထဲ ကွန်ဝေးပြောခဲ့တဲ့စကားကို မှတ်ထားခဲ့ဖူးတယ်။ ဒီစာအုပ်မှာ ထင်နေတဲ့ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကို ပေါ်လွင်တဲ့ စကားပေါ့။ “တကယ်လို့ပေါ့လေ ငါ့အတွေ့အကြုံမျိုးသာ မင်းမှာရှိနေမယ်ဆို လူ့ဘဝမှာ အသက်သာဆုံးဖြစ်အောင် ဘာမှမလုပ်ဘဲနေမှဖြစ်မယ့် အချိန်အခါမျိုးတွေ ရှိတတ်တယ်ဆိုတဲ့ သဘောကို မင်းနားလည်မှာပါ။ ဖြစ်ချိန်တန်တဲ့အခါမှာ ဖြစ်စရာ အကြောင်းတွေဟာ ဖြစ်လာတတ်တယ်။ မင်းကြိုက်ကြိုက် မကြိုက်ကြိုက် ဖြစ်မှာပဲ။ မင်းဘာမှလုပ်လို့မရဘူး။ အဲဒီလိုအခါမျိုးကတော့ သူ့ဘာသာသူ ဖြစ်ချင်တာဖြစ်ပါစေ‌တော့ ဆိုပြီး လွှတ်ပေးထားရတယ်။ ကမ္ဘာစစ်ကြီးရဲ့ အဖြစ်ဟာ ဒီသဘောပဲ။ အေး တစ်ခုတော့ရှိတယ်။ တို့ အခုကြုံနေရသလိုပေါ့။ ကိုယ်ကြုံနေရတဲ့ အဖြစ်အပျက်အသစ်အဆန်းနဲ့ထိတွေ့မှုက မသာယာမှုကို အထိုက်အလျောက် သက်သာအောင်လုပ်ပေးတယ် ဆိုရင်တော့ ဒါကံကောင်းတယ်လို့ပြောရမှာပဲ” တဲ့။ ရုပ်ရှင်မှာတော့ ဒီဒိုင်ယာလော့ကိုတော့ ထည့်မပြောသွားပေမဲ့ လေယာဉ်ပြန်ပေးဆွဲခံရတဲ့အချိန်မှာ ကွန်ဝေးက ဘာမှမှလုပ်မရတာ ဆက်အိပ်ကြတာပေါ့ ဆင်းမှနှိုးဆိုပြီး ပြောသွားပြီး ကွန်ဝေးကို ဒီလိုအမြင်စရိုက်မျိုး ရှိတဲ့သူဆိုတာကိုတော့ ပုံဖော်သွားခဲ့တယ်။ ကွန်ဝေးရဲ့ စိတ်နေစရိုက်ကိုတော့ စာအုပ်က စကားလုံးတွေမသုံးဘဲ အပြုအမူတွေနဲ့ ပုံဖော်သွားလို့ စာအုပ်နဲ့မကွဲလွဲသွားဘူး။ သူ့စိတ်နေစရိုက်ကလည်း ဒီဇာတ်ရဲ့ အဓိကကျတဲ့အရာပဲမို့ ကွဲလွဲလို့လည်း မဖြစ်နေဘူး။ ဒါပေမဲ့ ရုပ်ရှင်နဲ့ဝတ္တုရဲ့ကွဲလွဲချက်က တော်တော်တော့များတယ်။ ရှန်ဂရီလာကိုရောက်သွားတဲ့ သူတို့အုပ်ကလည်း ၄ယောက်မဟုတ်ဘဲ ၅ယောက်ဖြစ်သွားသလို ကွန်ဝေးရဲ့ အရေးပါပုံကိုလည်း ပိုထင်ရှားအောင်လုပ်ပြသွားတယ်။ နောက် စာအုပ်ထဲ ကွန်ဝေးနဲ့အတူတူ ရှန်ဂရီလာက ပြန်သွားခဲ့တဲ့လူနေရာမှာ စာအုပ်ထဲတော့ သူ့လုပ်ဖော်ကိုင်ဖက်သက်သက်ပေမဲ့ ဒီမှာတော့ သူမပြန်ချင်ပေမဲ့ သူ့ညီကို စိတ်မချလို့ လိုက်ပြန်လိုက်တဲ့ပုံဖြစ်အောင်လုပ်ချင်တဲ့ အချက်ကြောင့်လားမသိ သူ့ညီ ဂျော့ကွန်ဝေးဆိုပြီး ပြောင်းပစ်ခဲ့တယ်။ ပြောရရင် ရှန်ဂရီလာကိုရောက်သွားတဲ့လူတွေက စာအုပ်ထဲရော ဒီကားရော ၁၉၇၃ကားမှာရော မတူဘူး။ စာအုပ်ထဲမှာ သူတို့ရှန်ဂရီလာက ထွက်လာပြီးနောက်ပိုင်း ကြုံခဲ့ရတဲ့လမ်းခရီးကို မပြောပြထားပေမဲ့ ရုပ်ရှင်ထဲတော့ အဲဒီလမ်းခရီးကို သရုပ်ဖော်ထားခဲ့တယ်။ ကွဲလွဲသွားတာတွေ များပေမဲ့ သူ့အနှစ်သာရတော့ မပျက်သလို ရုပ်ရှင်အနေနဲ့လည်း တော်တော်ကြည့်လို့ကောင်းတဲ့ထဲပါနေတယ်။ စာအုပ်မှာမပါတာတွေကိုတောင် ဖြည့်စွက်ပေးထားတယ်။ ဒီလိုဇာတ်မျိုးကို ရိုက်ရတာက တော်တော်အန္တရာယ်များမှာပေမဲ့လည်း ၁၉၃၇ဗားရှင်းကို ရိုက်တဲ့လူက It’s a Wonderful Life တို့၊ It Happened One Night တို့ကို ရိုက်ခဲ့တဲ့ Frank Capraဆိုတော့လည်း ဒီလောက်ကောင်းနေတာ မဆန်းသလိုလိုပါပဲ။ Best Picture အထိပါ အော်စကာဆန်ခါတင်ဝင်ခဲ့သလို Academy Award for Best Film Editing နဲ့ Academy Award for Best Art Direction ဆုတွေကို ရရှိခဲ့တယ်။ တခြား၅ဆုလည်း ဆန်ခါတင်ဝင်ခဲ့တယ်။ ဇာတ်ကတော့ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ရှန်ဂရီလာဆိုတဲ့ တိဘက်က တောင်တွေပတ်လည်ဝိုင်းနေတဲ့ ကမ္ဘာကြီးကနေ ကွယ်ဝှက်ထားတဲ့နေရာကို ရောက်သွားတဲ့လူတွေအကြောင်းပါပဲ။ ဗမာဝတ္တုတွေမှာတော့ ရှန်ဂရီလာကို အထက်လမ်းပညာတွေနဲ့ ချိတ်ဆက်ပြတတ်ပေမဲ့ ဒီမူရင်း ရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ကတော့ တော်တော်လေး လှပတယ်။ ဒီထဲမှာ ရှန်ဂရီလာကိုတည်ထောင်ခဲ့တဲ့ ဖာသာပါးရော့က ရှန်ဂရီလာကို သူဘာလို့ တည်ဆောက်ခဲ့လဲ ရှင်းပြသွားခဲ့တာမှာ ငြိမ်းချမ်းရေးနဲ့ အနုပညာဆီကိုပဲ ဦးတည်နေခဲ့တယ်။ ရုပ်ရှင်ရော စာအုပ်ရောထွက်တဲ့အချိန်တွေမှာ ဒုတိယကမ္ဘာစစ်မစသေးသလို နျူလည်းမပေါ်သေးပေမဲ့ ဖာသာပါးရော့ပြောတဲ့စကားတွေမှာ ဒဲ့တော့ မဟုတ်ပေမဲ့ နျူလိုလက်နက်အထိ ပေါ်လာပြီး ကမ္ဘာကြီးစုတ်ပြတ်သတ်သွားနိုင်၊ စာအုပ်တွေ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေ ပျက်စီးသွားနိုင်တဲ့ အကြောင်းပါခဲ့တယ်။ (စာအုပ်ထဲတော့ ရှေးက ပျက်စီးသွားခဲ့ဖူးတဲ့ စာအုပ်တစ်ချို့ကို ထည့်ပြောထားပေမဲ့ ရုပ်ရှင်ထဲတော့ ဘာရယ်လို့ထည့်မပြောထားဘူး) ပထမကမ္ဘာစစ်နဲ့ မဝေးတဲ့ကာလဆိုတော့ ပထမကမ္ဘာစစ်အခြေအနေကိုကြည့်ပြီး စာရေးဆရာမှန်းချလိုက်တာလည်း ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဖာသာပါးရော့က ကမ္ဘာကြီးစုတ်ပြတ်သတ်သွားပြီးတဲ့နောက် အချိန်တန်လို့ အာဏာရှင်တွေ သူ့ဇာတ်နဲ့သူသိမ်းသွားတဲ့အခါ ကမ္ဘာကြီးက လောကအသစ်ကိုစရှာတဲ့အခါ ပျက်စီးသွားတဲ့ အနုပညာလက်ရာတွေ ယဉ်ကျေးမှုတွေဟာ ကမ္ဘာကြီးကနေဝှက်ထားတဲ့ သူတို့ရှန်ဂရီလာမှာ ကျန်နေအောင် လုပ်ချင်ခဲ့တယ်။ အဲဒီလိုရှန်ဂရီလာရဲ့ ရည်ရွယ်ချက်ဟာ တော်တော်လေးလှပခဲ့တယ်။ နောက် ရှန်ဂရီလာက လူတွေက တရားဆိုတာထက် မဇ္စိုမပဋိပဋာကို ကျင့်ကြံကြပုံကို ပြောပြထားတာလည်း သဘောကျချင်စရာပါပဲ။ ကွန်ဝေးရဲ့ စိတ်နေစရိုက်နဲ့ ရှန်ဂရီလာရဲ့ အတွေးအခေါ်က ထပ်တူနီးပါးဖြစ်နေတယ်။ ဒါပေမဲ့ အေးချမ်းမှုနဲ့ အနုပညာပဲရှိတဲ့နေရာဆိုတာ လူတိုင်းအတွက် သည်းခြေကြိုက်မဟုတ်လောက်တော့ ကွဲလွဲကြတာတွေကို ပြထားတယ်။ ရုပ်ရှင်ရဲ့အဆုံးသတ်မှာ ဆာဂိုင်းစဖို့ဒ်က ကျုပ်တို့အားလုံး ကျုပ်တို့ရှန်ဂရီလာကို ရှာတွေ့ဖို့ မျှော်လင့်တယ် လို့ ပြောရင်း အဆုံးသတ်သွားခဲ့တယ်။ ဖာသာပါးရော့ပြောသလိုဆို အားကြီးတဲ့လူတွေ အချင်းချင်းဝါးမျိုပြီးတဲ့အခါ လူတွေရဲ့ ကျင့်ဝတ်တရားက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်လာတဲ့အခါ လူကောင်းတွေက ကမ္ဘာကြီးကို အမွေခံကြလိမ့်မယ်တဲ့။ အဲဒီအခါမှာတော့ ကျွန်တော်တို့ ရှန်ဂရီလာကို ကျွန်တော်တို့ရောက်ကြပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 3.7GB, 1.45GB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 2H 12Min Genre – Adventure, Drama, Fantasy, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1937
Lost Horizon
CID Ramachandran Retd SI
7.3

CID Ramachandran Retd.SI (2024) ပင်စင်စားရာမာချန်ဒရန် လေးတန်းအောင် ရုပ်ရှင်သမား တစ်ပတ်ရိုက်တာခံရတဲ့ Drishyamကားထဲရဲမြညွန့်ကြီးကို အရမ်းထက်မြက်တဲ့ ဦးရဲကြီးအဖြစ်ပြန်တွေ့ရမယ့် ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါပြီ။ ရာမာချန်ဒရန်က သိပ်တော်တဲ့အရာရှိတစ်ယောက်၊ ရဲအလုပ်ကိုသိပ်မြတ်နိုးသလို တာဝန်ကိုသိပ်ချစ်တဲ့ အမှန်တရားဘက်တော်သားရဲသားကြီးပေါ့။ တာဝန်ကိုဘယ်လောက်ချစ်လဲဆို ပင်စင်ယူလို့ နှုတ်ဆက်ပွဲလုပ်တဲ့ညမှာတောင် ဂျူတီချိန် ၃ နာရီကျန်သေးတယ်ဆိုပြီး တရားခံသွားဖမ်းလို့ မိန်းမကပွားတာခံရတဲ့အထိပါပဲ။ ဒီလိုနဲ့ပဲ ပင်စင်ယူပြီး နောက်တစ်ရက်မှာ ဘုရားကျောင်းအလှူငွေပျောက်ဆုံးမှုနဲ့ဆက်စပ်ပြီး စုံစမ်းရဖို့ဖြစ်လာတော့ စုံထောက်ပိုးမသေသေးတဲ့ရာမာချန်ဒရန်တစ်ယောက် အတူလိုက်သွားပြီး စုံစမ်းရာကနေ သူသိပ်ချစ်တဲ့ ရဲယူနီဖောင်း ပြန်ဝတ်ရဖို့ဖြစ်လာတဲ့အခါ…. (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.3 2024
CID Ramachandran Retd SI
Love The Stars
5.7

CM ရဲ့ ဇာတ်ကားတွေကို အားပေးနေတဲ့ ချစ်ပရိတ်သတ်တို့ရေ… အခန်းတစ်ခန်းထဲမှာ မတူညီတဲ့အချိန်နှစ်ခုက လာတဲ့ လူနှစ်ယောက်ရဲ့ ချစ်ခြင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်တယ်နော်… ဘတ်ဂျက်ကားလေးဆိုပေမယ့် ရူပါတွေက နွံထဲက ပတ္တမြားခဲလေးမို့အရှုံးမရှိသလို… ဇာတ်လမ်းလေးကလည်း မဆိုးလှဘူး ဘာဖြစ်မလဲ တွေးတွေးရင်း ဇာတ်သိမ်းသွားတာတောင်မသိလိုက်ဘူးဖြစ်မယ်… ဇာတ်လမ်းလေးကတော့ အင်္ဂလန်မှာ ကျောင်း၅ နှစ်တက်ပြီး ပြန်လာတဲ့ ရှန်ကျန့်ဆိုတဲ့ ကောင်လေးဟာ… အမေတစ်ခု သားတစ်ခုမို့ သူ့အပေါ် အမှီခိုလွန်တဲ့ အမေကို ဆန့်ကျင်ဖို့ တစ်ယောက်တည်း အခန်းငှားခဲ့ရာက စတာပါပဲ… တစ်မနက်ခင်းလုံး အကောင်း အကျိုးဆောင်နဲ့ အိမ်အတူတူကြည့်ပြီး စိတ်တိုင်းကျလို့တောင် စာချုပ်ချုပ်ပြီးပြီ…. ပြောင်းပြီးလာလည်းလာရော ည ၉ နာရီရောက်မှ ထူးထူးခြားခြား သူပြင်ဆင်ထားတဲ့ အခန်းအပြင်အဆင်တွေအားလုံးပြောင်းသွားတဲ့အပြင် သူ့အခန်းထဲမှာ ပိုင်မုန့်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ပါ ပေါ်လာတယ်… နောက်တော့ အဲ့ပိုင်မုန့်ဆိုတဲ့အမျိုးသမီးက ဒီအခန်းရဲ့ပိုင်ရှင်တဲ့… သာမန်အနေအထားဆို အခန်းလိမ်ခံရပြီး စာချုပ်မှားချုပ်မိတာပေါ့… ဒါပေမယ့် ထူးခြားတာက သူက ဩဂုတ်လ ၁ ရက်နေ့မှာရှိနေပြီး သူ့ကိုရန်လုပ်နေတဲ့ အမျိုးသမီးက ဇွန်လ ၁ ရက်နေ့မှာ ရှိနေတာပါပဲ… ဘာလို့ သူတို့ကြားမှာ ဒီလို ကိစ္စပေါ်လာတာလဲ… ဘာလို့ အချိန်နှစ်ခု တိုက်ခန်းတစ်ခန်းဖြစ်နေတာလဲ… ပိုင်မုန့်နဲ့ ရှန့်ကျန့်ကြားမှာ ဘာပတ်သက်မှုရှိနေလို့လဲ… ဇာတ်လမ်းလေးထဲ အဖြေရှာလိုက်ကြတော့နော်

5.7 2024
Love The Stars
Your Friends & Neighbors

ဒီဇာတ်လမ်း လေးက တော့ 2000 ခုနှစ် ရှေ့ပိုင်းက ထွက်ခဲ့တဲ့ ဇာတ်ကား လေး တစ်ကား ဖြစ်ပါတယ် supporting actor ဆု နှစ်ခုနဲ့ Nomination (4) ခု ရရှိထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် ဇာတ်ကား အကျဉ်းလေးကတော့ အိမ်ထောင်ကျပြီး မပျော်ရွင်ရတဲ့ သူငယ်ချင်း အတွဲရယ် အိမ်ထောင်မကျပဲ မပျော်ရွှင်ရတဲ့ သူငယ်ချင်း နှစ်ယောက် အတွဲရယ် ဘယ်လို အဆင် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မပြေမှုတွေကို ကြုံတွေ့ပြီးတော့ နောက်ဆုံးမှာ ကော အဆင်ပြေသွားပါ့မလား ဆိုတာ ဇာတ်လမ်းထဲမှာ ကြည့်ရှု့လိုက်ပါခင်ဗျ (ရိုင်းစိုင်းသော အသုံးအနှုန်း များ ပါရှိပါသဖြင့် 18+ အထက်များသာ ကြည့်ရှု့သင့်ကြောင်း အကြံပြုလိုပါတယ် ခင်ဗျာ) File size…(1.3 GB)/(709 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ko Dee

Romance • Drama
0 1998
Your Friends & Neighbors