YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Cheating Heist S01E31 1080p CM.mp4

569.38 MB N/A video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The 3rd Guest
7.7

အီဗီကန်းနက်သ်ဟာ စာရေးဆရာမတစ်ယောက်။ ဟာ့တ်ကန်းနက်သ်က ဓာတ်ပုံဆရာတစ်ယောက်။ သူတို့လင်မယားနှစ်ယောက်က သမီးလေးဆုံးပြီး တဲ့နောက် ဝိညာဉ်တွေနဲ့လိုက်ဆက်သွယ်ဖို့လုပ်ရင်း ဇာတ်လမ်းယူပြီး စာအုပ်ရေးကြတဲ့သူတွေပေါ့။ တစ်နေ့ကျ သူတို့ကို အမျိုးသမီးတစ်ယောက်က အလုပ်လာအပ်ပါလေရော။ အဲ့အမျိုးသမီးရဲ့ ဆုံးသွား တဲ့ အဖေ့အမွေအိမ်ကို သူတို့ရောက်သွားပြီးနောက် ကြုံတွေ့လိုက်ရတဲ့အရာတွေက သူတို့ဘဝကိုတဖြည်း ဖြည်းနဲ့ ကမောက်ကမဖြစ်လာစေတဲ့အခါ....။ (18+ဇာတ်ဝင်ခန်းအနည်းငယ်ပါတာကြောင့် မိသားစု နဲ့အတူ ကြည့်ရှုရန်မသင့်တော်ပါ။) (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူ ကတော့ Ngwe Zin ဖြစ်ပါတယ်) File Size..........(1.34 GB) / (472 MB) / (263 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Ngwe Zin Encoder..........SWM

Adventure • Drama • Fantasy • Music
7.7 2023 86 mins
The 3rd Guest
Cậu Vàng
3

ပမ်ဗန်ဟက်နဲ့ ပမ်ဗန်ကိုတို့ဟာ ဆင်းရဲမွဲတေပြီး စိုက်စားစရာစိုက်ခင်းလေးနဲ့ ခွေးလေးဗန်ပဲရှိတဲ့ သားအဖပါ။ တစ်ဖက်မှာတော့ ရွာသူကြီးလီနဲ့ သူ့အဖေ ရွာရဲ့ဂုဏ်သရေရှိလူကြီး သခင်ဗာတို့ သားအဖဟာ ရွာသားတွေကို အခွန်အခတွေကောက်ပြီး ဖိနှိပ်နေသူတွေပါ။ သူတို့ကိုထိ ဓားကြည့်ဆိုပြီး အာဏာစက်နဲ့ အုပ်ချုပ်နေသူတွေပေါ့။ သားဖြစ်သူ ပမ်ဗန်ကိုတစ်ယောက် မိန်းကလေးကိစ္စနဲ့ သခင်ဗာတို့သားအဖနဲ့ ငြိစွန်းပြီး ရွာက ထွက်သွားရတဲ့အပြင် အ‌ဖေဖြစ်သူ ပမ်ဗန်ဟက်တို့စိုက်ခင်းအတွက် အမြဲသုံးနေတဲ့ ရေတွင်းကြီးကို ဒီတွင်းက နဂါးသွေးကြောဖြစ်ကြောင်း၊ ဒီရေကိုသောက်ရင် သခင်ဗာရဲ့ မျိုးဆက်မပြတ်နိုင်တော့ကြောင်း ဗေဒင်ဆရာတစ်ယောက်က ပြောပြီးနောက်မှာ အဘိုးကြီးဟက်တို့စိုက်ခင်းဟာ ရွာသူကြီးလီတို့ လိုချင်စရာပစ်မှတ်ဖြစ်လာပါတော့တယ်။ ဒီလိုမျိုး အဖက်ဖက်က ပစ်မှတ်ထားခံနေရတဲ့ အဘိုးကြီး ပမ်ဗန်ဟက်တစ်ယောက် သူ့ခွေးလေး ဗန်နဲ့အတူ စိုက်ခင်းလေးကို ဘယ်လိုထိန်းသိမ်းမလဲ။ မြေနိမ့်ရာလှံစိုက်ဖြစ်နေတဲ့ အဘိုးကြီးရဲ့ဘဝမှာ ခွေးလေးနဲ့အတူ ဘယ်လိုအသက်ရှင်နေထိုင်မလဲဆိုတာကို ဒီကားလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 2.5GB | 953MB | 411MB Format… mp4 Duration….1h Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... August

Drama
3 2021
Cậu Vàng
Qinling Mountains

Genres : Mystery , Adventureဒဏ္ဏာရီလာစကားတွေအရ ချင်းလင်တောင်ထဲမှာ အဖိုးမဖြတ်နိုင်တဲ့ ရတနာပစ္စည်းတွေရှိနေပါသတဲ့။ လူတိုင်းက တောင်ထဲက လျို့ဝှက်ဂူကိုဖွင့်ပြီးရတနာတွေကိုအပိုင်သိမ်းချင်နေကြပါတယ်။ ရှေးဟောင်းသုတေသန မြေနေရာသတင်းရယူရေးအဖွဲ့ဖြစ်တဲ့ ချီရှမ်းဝမ်နဲ့အဖွဲ့ဟာ ချင်းလင်တောင်ပေါ်ကဂူထဲမှာ ရှေးနှစ်ပေါင်းများစွာကကျောက်ထွင်းစာတစ်ချပ်ကိုရှာတွေ့ခဲ့ပါတယ်။ ဂူထဲမှာသုတေသနပြုလုပ်နေရင်း ပေါက်ကွဲမှုဖြစ်တဲ့အခါ ချီရှန်းဝမ်တစ်ယောက်သာ အသက်ရှင်လျက်ပြန်ထွက်လာနိုင်ခဲ့ပါတယ်။ သူဟာဒဏ်ရာကြောင့် ရွာတစ်ရွာမှာအနားယူနေရတဲ့အချိန် အဲ့ဒီရွာကိုဓားပြတွေဝင်စီးတာခံရပြီး အဲ့ဒီဓားပြတွေကလည်း ချင်းလင်တောင်ကရတနာတွေကိုအပိုင်စီးချင်နေတဲ့အခါ.. လူဆိုးတွေတင်မကဘဲ လူနှစ်ရပ်စာလောက်ရှိတဲ့ ပင့်ကူသတ္တဝါဆန်းကြီးတွေရောပါဝင်လာတဲ့အခါ... တောင်ထဲကရတနာကရောဘာဖြစ်မလဲ ပင့်ကူကြီးတွေကိုရောဘယ်လိုရင်ဆိုင်ကြမလဲ ရွာသားတွေကိုရော ဓားပြလက်က ကယ်နိုင်ပါ့မလားဆိုတာကို ရုပ်ရှင်ထဲမှာဆက်လက်ကြည့်ရှုလိုက်ကြရအောင်။ Quality : WEB-DL 1080p , 480p Runtime : 1h 18min Subtite : Myanmar Subtitle ( Hardsub ) Translated by Hnin Wutt Hmone , Yin Wai Phyo , Minnie Encoded by LK

Action • Comedy
0 2022
Qinling Mountains
The Vanished
6

ဇနီးမောင်နှံနှစ်ဦးဖြစ်ကြတဲ့ ပေါလ်နဲ့ ဝင်န်ဒီတို့ဟာ အားလပ်ရပ်မှာ သမီးလေးဖြစ်တဲ့ တေလာနဲ့ ခွေးလေး လပ်ကီးတို့နဲ့အတူ အပန်းဖြေဖို့အတွက် အာဗီကားလေးတစ်စီးနဲ့ ထွက်လာခဲ့ကြပါတယ်။ အပန်းဖြေစခန်းကို ရောက်တဲ့အချိန်မှာ ဝင်န်ဒီက လိုအပ်တဲ့ပစ္စည်းတွေ သွားဝယ်နေတုန်း ပေါလ်ကလည်း ဘေးကပ်ရပ်မှာ စခန်းချနေတဲ့ မရန်ဒါဆိုတဲ့ အမျိုးသမီးနဲ့ စကားလက်ဆုံကျနေခဲ့ပါတယ်။ အဲ့ဒီ အချိန် တစ်ဒင်္ဂလေးအတွင်းမှာပါ သူတို့ရဲ့သမီးလေးဖြစ်တဲ့ တေလာဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့တာပါ။ ပေါလ်တို့ ဇနီးမောင်နှံနှစ်ယောက် ဒါကိုသိလိုက်တဲ့အချိန်မှာ အထိတ်တလန့်ဖြစ်ပြီး ရဲကိုအကြောင်းကြားရပါတော့တယ်။ အဲ့ဒီနောက် ပေါ်လ်တို့သိရှိလိုက်ရတာကတော့ သူတို့စခန်းချနေတဲ့ အနီးက တောထဲမှာ ထောင်ပြေးတစ်ယောက် လွတ်မြောက်နေတယ်ဆိုတဲ့ သတင်းပါပဲ။ ဒီလိုနဲ့ ရဲတွေတားမြစ်ထားတဲ့ကြားက သားသမီးဇောကြောင့် သမီးဖြစ်သူကို ရှာဖွေဖို့ ကြိုးစားကြတဲ့အခါမှာတော့ ဘယ်လိုပြဿနာတွေကို ရင်ဆိုင်ရမလဲဆိုတာ ရင်တထိတ်ထိတ်ကြည့်ရှုရမှာပါ။ မထင်မှတ်တဲ့ လှည့်ကွက်တွေတစ်ခုပြီးတစ်ခုတွေ့ရမယ့် psychological thrillerကားကောင်းတစ်ကားဖြစ်လို့ လျှို့ဝှက်သည်းဖို ကြိုက်တတ်သူတွေ ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ ပေါလ်အဖြစ် သရုပ်ဆောင်တဲ့ မင်းသား Thomas Janeကိုတော့ The Mist (2007) ကြည့်ဖူးသူတွေ ရင်းနှီးကြမယ် ထင်ပါတယ်ဗျ။

Drama
6 2020 115 mins
The Vanished
Indiana Jones and the Dial of Destiny
6.8

Indiana Jones and the Dial of Destiny (2023) ~ IMDb – 6.8/10, Rotten Tomatoes – 69% ~ ဂန္ထဝင်ရုပ်ရှင်တွဲတွေထဲက တစ်ခုဖြစ်တဲ့ အင်ဒီယာနာဂျုန်း ရုပ်ရှင် အသစ်ထွက်ပါပြီ။ ဒါက ၅ ကားမြောက်ရုပ်ရှင်ပါ။ ပထမလေးကားကိုတော့ ဒါရိုက်တာ စတီဗင်စပီးဘတ်ရိုက်ကူးခဲ့ပြီး အခုရုပ်ရှင်ကိုတော့ James Mangold က ရိုက်ကူးထားတာပါ။ ဒါပေမဲ့လည်း Executive Producer အဖြစ် စပီးဘတ်နဲ့ လူးကပ်စ်တို့ ပြန်ပါဝင်ခဲ့ပါတယ်။ မင်းသားကြီး ဟယ်ရစ်ဆန်ဖို့ဒ်ပဲ ပြန်ပါဝင်ထားပြီး Phoebe Waller-Bridge ကတော့ အင်ဒီရဲ့မိတ်ဆွေ ဘာဆယ်ရဲ့သမီး ဟယ်လင်နာအဖြစ် ပါဝင်ထားပါတယ်။ ဗီလိန်နေရာမှာတော့ ဗီလိန် ဆရာကြီး Mads Mikkelsen ပါဝင်ထားပါတယ်။ ဒီရုပ်ရှင်အစမှာ ဟယ်ရစ်ဆန်ဖို့ ငယ်ငယ်တုန်းကပုံကို အထူးပြုလုပ်ချက်နဲ့ လုပ်ထားပါတယ်။ AI နည်းပညာကိုသုံးပြီး ဟယ်ရစ်ဆန်ဖို့ငယ်ငယ်က ရုပ်ရှင်ဟောင်းအားလုံးထဲကနေ လိုအပ်တဲ့ မျက်နှာထား ခံစားချက်နဲ့လိုက်တာတွေကို ရွေးထုတ်ပြီးပေါင်းစပ်သွားတဲ့နည်းပညာမို့ ဟယ်ရစ်ဆန်ဖို့ရဲ့ ငယ်ငယ်ကမျက်နှာအစစ်ကို မြင်နေရတာပါပဲ။ ဒါရိုက်တာ စပီးဘတ်ကိုယ်တိုင်ဒီရုပ်ရှင်ကိုကြည့်ပြီး သဘောကျခဲ့တာပါ။ “အင်ဒီယာနာဂျုန်းကို ငါတစ်ယောက်တည်း ရိုက်တတ်တယ်ထင်တာ၊ အခြားရိုက်တတ်တဲ့သူ ရှိသေးသားပဲဟ” လို့တောင် မှတ်ချက်ပေးခဲ့ပါသေးတယ်။ ဘတ်ဂျက် သန်း ၃၀၀ သုံးခဲ့ပြီး သန်း ၃၈၀ လောက်ပဲ ပြန်ရတာမို့ ငွေကြေးအရအောင်မြင်မှု နည်းခဲ့ပေမဲ့ အင်ဒီယာနာဂျုန်းပီသတဲ့အခိုက်အတန့်လေးတွေ ဖျော်ဖြေမှုပေးနိုင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာကြောင့် IMDb မှာတော့ 6.8/10 ထိ ရလိုက်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ရှေးဟောင်းသုတေသီ ဒေါက်တာ အင်ဒီယာနာဂျုန်းဟာ တက္ကသိုလ်ပါမောက္ခအဖြစ်ကနေ အငြိမ်းစားယူလိုက်ပါပြီ။ ယူပြီးမကြာခင်မှာပဲ သူ့မိတ်ဆွေရဲ့ သမီး၊ သူ့ရဲ့ခေါင်းကိုင်သမီး ဟယ်လင်နာက သူ့ကိုလာရှာပြီး အင်ဒီနဲ့သူ့အဖေတို့ ဒုတိယကမ္ဘာစစ်အတွင်း စွန့်စားပြီး ရယူပြီးမှ ပျောက်ဆုံးသွားတဲ့ အာခီမီးဒီးစ်ရဲ့ ဒိုင်ခွက် အန်တာကသီးရာ အကြောင်းကို လာစုံစမ်းပါတော့တယ်။ အဲဒီဒိုင်ခွက်နောက်ကို လိုက်နေတဲ့ အခြားသူကလည်း နာဇီဟောင်း ရူပဗေဒပညာရှင် ဒေါက်တာရှမစ် ဖြစ်နေပါတယ်။ သူကတော့ ဒီဒိုင်ခွက်ကို အသုံးချနိုင်တဲ့သူဟာ နတ်ဘုရားလို ဩဇာအာဏာကြီးလာမယ်လို့ ယုံကြည်နေတဲ့သူပါပဲ။ အင်ဒီနဲ့ ဟယ်လင်နာတို့တစ်ဖက် ဒေါက်တာရှမစ်တို့အဖွဲ့ကတစ်ဖက် ပြိုင်လုကြရင်း စွန့်စားခန်းကြီးတွေ ဖွင့်ကြပါတော့တယ်။ အင်ဒီယာနာဂျုန်းရဲ့ ဝိသေသဖြစ်တဲ့ ရှေးဟောင်းပဟေဠိတွေ၊ တကယ်ရှိခဲ့တဲ့ သမိုင်းတွေနဲ့ ရောစပ်ထားတဲ့ စိတ်ကူးယဉ်တွေ၊ ရှေးဂူသင်္ချိုင်းတွေထဲက စွန့်စားခန်းတွေ ဝေဝေဆာဆာနဲ့မို့ ကြည့်လို့ကောင်းမယ့် နောက်ဆုံးရုပ်ရှင်ပါပဲ။ Indiana Jones ဇာတ်ကားများကို https://channelmyanmar.to/?s=indiana+jones မှာကြည့်လို့ရပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mr. Anderson မှ ပြန်ဆို ရေးသားထားပါတယ်) Size – 9GB ,3GB, 1.4GB Quality – WEB-DL4K.HEVC.5.1Ch,1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 2H 34Min Genre – Action, Adventure Subtitle – Myanmar Subtitle (Hardsub) Translated by Mr. Anderson Encoded by Y Indiana Jones Franchise (1981-2023) George Lucas လို့ပြောလိုက်တာနဲ့ ရုပ်ရှင်ပရိသတ်တော်တော်များများက Star Wars ကို ပြေးမြင်မိကြလိမ့်မယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ လူးကပ်စ်ရဲ့ အပေါက်ဆုံးကား‌တွေဟာ ကြယ်တာရာစစ်ပွဲတွေ ဖြစ်ခဲ့တာကိုး။ ဒါပေမဲ့ Steven Spielberg လို့ပြောရင်ကျ ပြေးမြင်မိစရာ ဇာတ်ကားအများကြီးရှိပါလိမ့်မယ်။ အဲဒီလို ဇာတ်ကားအများကြီးတွေထဲကမှ Jaws ဟာ စပီးဘာ့ဂ်အတွက် ရိုက်ရတာ ဒုက္ခအရောက်ဆုံးဖြစ်ခဲ့သလို လူးကပ်စ်အတွက်လည်း Star Wars Ep IV: A New Hope ကို လွယ်လွယ်နဲ့ ရိုက်ခွင့်ရခဲ့တာ မဟုတ်ဘူး။ ဒါပေမဲ့ အဲဒီလို ပင်ပင်ပန်းပန်းကာလတွေအလွန်မှာ သူတို့နှစ်ယောက်ဟာ အပျင်းလည်းပြေ စိတ်ပေါ့ပေါ့ပါးပါးဖြစ်အောင် ဇာတ်ကားတစ်ကားပေါင်းရိုက်ဖို့ စိတ်ကူးမိခဲ့ကြတယ်။ Indiana Jones ပေါ့။ စပီးဘာ့ဂ်နဲ့ လူးကပ်စ်တို့ ငယ်ငယ်က ကြည့်ခဲ့ရတဲ့ ဖန်တစ်ရာတေ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဗီလိန်ကလည်း တစ်ခါလာလည်း ဒီလိုပုံစံ၊ နောက်တစ်ယောက်လာလည်းဒီလိုပုံစံ၊ ဘယ်လိုလာလာ မင်းသားပဲနိုင်သွားလေသတည်းဆိုတဲ့ B အဆင့် ဇာတ်ကားတွေကို မှီးပြီး Indiana Jones ကို ဖန်တီးခဲ့ကြပေမဲ့ Raiders of the Lost Ark (1981) ဟာ အကြီးအကျယ်ပေါက်သွားခဲ့တယ်။ အော်စကာဆုတွေထိပါ ရသွားခဲ့တယ်။ ဒါရိုက်တာ စပီးဘာ့ဂ်အတွက်လည်း လက်နဲ့ထိရင် ရွှေဖြစ်တဲ့ကာလ လို့တောင် ပြောစမှတ်ပြုခဲ့ရတယ်။ Indiana ရဲ့ နာမည်ကိုလည်း တစ်ကမ္ဘာလုံးသိသွားခဲ့ပါတယ်။ The Temple of Doom (1984) ကိုတော့ Raiders မတိုင်ခင် တစ်နှစ်အလိုမှာ ဇာတ်အိမ်တည်ထားလိုက်တယ်။ ဗီလိန်တွေက နာဇီတွေပဲ ထပ်မဖြစ်စေချင်တဲ့အကြောင်းအရင်းကြောင့်ပေါ့။ Temple of Doom ဟာ Raiders လောက်တော့ ဂန္ထဝင်တွင်လောက်အောင်ပေါက်တဲ့ကား မဟုတ်ခဲ့ပေမဲ့ အထိုက်အလျောက်တော့ အောင်မြင်မှုရခဲ့ပြီး‌ အော်စကာပါရခဲ့ပါတယ်။ ပထမကားနဲ့ ဘယ်လိုမှမတူ၊ နောက်လာမယ့်ကားတွေနဲ့လည်း ဘယ်လိုမှမတူအောင် Deep Dark ပြီး သွေးထွက်သံယိုတွေအများဆုံးကားတစ်ကားအဖြစ် Indiana Jones Franchise ထဲမှာ ကွဲအထွက်ဆုံးကားတစ်ကားဖြစ်ခဲ့တယ်။ လူမျိုးရေးခွဲခြားမှုပြဿနာတွေ ကျွန်သဘောက်ပြဿနာတွေလည်း မီးမောင်းထိုးပြခဲ့တဲ့ကား ဖြစ်ခဲ့တယ်။ နှစ်ကြာလာလေ ပိုကောင်းလာလေဆိုပြီး နှစ်ချို့ဝိုင်လိုဖြစ်ခဲ့ပေမဲ့ Temple of Doom ဟာ သူ့နှစ်မှာတော့ ဝေဖန်ရေးသမားတွေ အတော်များများအကြိုက်တွေ့ခဲ့ကြတဲ့ ရုပ်ရှင်တစ်ကားတော့ မဟုတ်ခဲ့ဘူး။ အဲဒီအတွက် လူးကပ်စ်ဟာ ဒီပြဿနာကို ‌Sean Connery နဲ့ Holy Grail ကို ပေါင်းထည့်‌ပြီး‌ ဖြေရှင်းပေးလိုက်တယ်။ ခုနေ အင်ဒီယာနာဂျုံးစ်ကြည့်ဖူးတဲ့ ဘယ်သူ့ကိုမဆို “အကြိုက်ဆုံးက ဘာကားလဲ” လို့ သွားမေးလိုက်ရင် ဖန်အတော်များများ‌ဖြေကြမှာက The Last Crusade (1989) ပဲ ဖြစ်လိမ့်မယ်။ Raiders အလွန်မှာ အပြီးပြည့်စုံဆုံးဖြစ်ခဲ့တဲ့ ဇာတ်ကားတစ်ကားပါပဲ။ အစအဆုံးကို မှတ်မှတ်ရရ ရှိနေလောက်အောင်ကို ကောင်းလွန်းခဲ့တဲ့ ဇာတ်ကားတစ်ကားပေါ့။ ကွန်နရီနဲ့ဖို့ဒ်တို့ရဲ့ သားအဖ Moments တွေ၊ ပြန်ပါလာတဲ့ အချစ်တော်ကြီး ဆာလာ၊ ရင်လည်းဖိုရသလို ခွီလည်းခွီရတဲ့ Action ခန်းတွေ၊ ဂျုံးစ်နဲ့ ဟစ်တလာ၊ ဂျုံးစ်ရဲ့ ငယ်ဘဝ တစေ့တစောင်း၊ နောက်ဆုံး ဘုရားသခင်ရဲ့ သောက်တော်ရေခွက်။ သိပ်ကို လှပလွန်းခဲ့တဲ့ ရုပ်ရှင်တစ်ကားပါပဲ။ Original Trilogy အပြီးမှာတော့ အင်ဒီယာနာဂျုံးစ်ဆိုတဲ့ နာမည်နဲ့ ဇာတ်ကောင်ဟာ တစ်ကမ္ဘာလုံးစာ လွှမ်းမိုးသွားခဲ့တယ်။ သူ့ရဲ့ Trademark ဖြစ်တဲ့ ကျာပွတ် လယ်သာဂျက်ကတ် သက္ကလပ်ဦးထုပ်ပျော့ စတဲ့ဟာတွေကလည်း Lightsaber တွေနည်းတူ ရောင်းအားထိပ်ဆုံးရောက်ခဲ့တယ်။ Canon မဟုတ်တဲ့ အင်ဒီယာနာဂျုံးစ် ဂိမ်းတွေ ဝတ္ထုတွေ ကောမစ်တွေကလည်း အဆက်မပြတ်ထွက်လာခဲ့တယ်။ Indiana Jones ဇာတ်ကားတွေကလည်း နောင်လာမယ့် စွန့်စားခန်းရုပ်ရှင်တွေရဲ့ မီးရှူးတိုင် ပြဌာန်းစာအုပ်တွေ ဖြစ်သွားသလို One of the World’s Greatest Action Heroes အနေနဲ့လည်း အသိအမှတ်ပြုခံခဲ့ရတယ်။ Paramount နဲ့ ငါးကားစာ စာချုပ်ချုပ်ပြီးသားဖြစ်လို့ နောက်တစ်ကားအတွက် လူးကပ်စ်က ဇာတ်လမ်းရှာနေတဲ့အချိန်မှာ ဇာတ်လမ်းလည်းစဉ်းစား အပျင်းလည်းပြေ တစ်ချက်ခုတ် နှစ်ချက်ပြတ်အနေနဲ့ The Young Indiana Jones Chronicles စီးရီးကြီးကို ရိုက်ဖြစ်သွားတယ်။ ပရိသတ်တွေ သိချင်လှပါချည်ရဲ့ဆိုတဲ့ ဂျုံးစ်ရဲ့ ငယ်ဘဝ လူငယ်ဘဝ အဖြစ်အပျက်အကုန်ကို လူးကပ်စ်က ချပြခဲ့တယ်။ Star Wars ထဲမှာ Princess Leia အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ Carrie Fisher တောင် တစ်ပိုင်းအတွက် ဇာတ်ညွှန်းဝင်ရေးပေးခဲ့သလို Harrison Ford ကိုယ်တိုင်လည်း အင်ဒီယာနာအနေနဲ့ တစ်ပိုင်း ဝင်ပါခဲ့ပါသေးတယ်။ ခရူးဆိတ်အလွန် 19 နှစ်အကြာမှာတော့ အင်ဒီယာနာဟာ ပိတ်ကားပေါ် ပြန်ရောက်လာခဲ့တယ်။ ဖို့ဒ်လည်း အိုနေပြီဖြစ်သလို ဂျုံးစ်လည်း အိုနေပြီ၊ စပီးဘာ့ဂ်နဲ့ လူးကပ်စ်ရောပေါ့။ ဒါပေမဲ့ The Kingdom of the Crystal Skull (2008) ဟာ ပရိသတ်အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ မာရီယွန်ရေဗန်ဝုဒ်တို့ကို ပြန်ပေါင်းစည်းစေပြီး ခုခေတ်ရဲ့ တိုးတက်လာတဲ့ နည်းပညာတွေသုံးပြီး အရင်ကားတွေရဲ့ အရသာ ပြန်ရစေ‌ဖို့ အတတ်နိုင်ဆုံးကြိုးစားထားတဲ့ ကားကောင်းတစ်ကားဖြစ်ခဲ့ပါတယ်။ ဇရာထောင်းလာပြီဖြစ်တဲ့ ဟယ်ရီဆင်ဖို့ဒ်အတွက် ဂျုံးစ်ဇာတ်ကောင်ကနေ အနားယူနိုင်အောင်လို့ လှလှပပသိမ်းထားတဲ့ ဇာတ်သိမ်းခန်းလေးနဲ့ပေါ့။ ဒါပေမဲ့ Shia LaBeouf ကြောင့် ဒီပလန် အလုပ်ဖြစ်မသွားဘူး။ 2012 မှာ Lucasfilm ကို ဒစ်စနေးက ဝယ်လိုက်လို့ Star Wars နဲ့ Indiana Jones ဟာ ဒစ်စနေးပိုင်ဆိုင်မှုအောက် ရောက်သွားတယ်။ အဲဒီနောက်မှာတော့ Star Wars တွေပဲ ပေါပေါလောလောထွက်လာပေမဲ့ အင်ဒီယာနာအတွက်တော့ ဇာတ်လမ်းရှာနေတာနဲ့တင် ဆယ်နှစ်ကြာသွားတယ်။ ကားအသစ်မှာသုံးဖို့ ဇာတ်ချိတ်ပစ္စည်း MacGuffin ကို လူးကပ်က စဉ်းစားထားပြီးပေမဲ့ ဇာတ်လမ်းကိုတော့ သူမရေးတော့ဘူး။ စပီးဘာ့ဂ်ကလည်း Kingdom of Crystal Skull အလွန်မှာ လူသစ်ဒါရိုက်တာတစ်ယောက်ယောက် ပြောင်းကိုင်စေချင်တယ်။ ဒီလိုနဲ့ပဲ အင်ဒီယာနာ ကားသစ်ဟာ Walk the Line, Logan နဲ့ Ford v Ferrari စတဲ့ ကားကောင်းတွေရိုက်ခဲ့တဲ့ James Mangold လက် ရောက်သွားတယ်။ The Dial of Destiny (2023) ဟာ Indiana Jones Franchise ကြီးအတွက် နောက်ဆုံးပိတ်ကားဖြစ်လာတယ်။ ပါရာမောင့်နဲ့ ငါးကား စာချုပ်ကလည်း ပြည့်ပြီကိုး။ Disney က လူပြောင်းပြီး ထပ်ညှစ်ထုတ်ရင် ထုတ်နိုင်လောက်သေးပေမဲ့ ဒီကားက Harrison Ford ရဲ့ Indiana Jones အတွက် ဇာတ်သိမ်းခန်းတစ်ခုခုကို ယူဆောင်ပေးရတော့မယ့်ကားတစ်ကားပါပဲ။ မထွက်သေးခင် Trailer အနေနဲ့ရော၊ ထွက်တဲ့အချိန်မှာရော Mixed Reviews တွေ အများကြီးရှိခဲ့တဲ့ နောက်ဆုံးကားဟာ ကောင်းမကောင်းဆိုတာ ကြည့်တဲ့သူအပေါ်အများကြီး မူတည်သွားပါလိမ့်မယ်။ သမိုင်းကြီးခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ရဲ့ ဇာတ်သိမ်းဟာ ဒီအတိုင်းပဲ ဖြစ်သင့်လား ဆိုတာက ကြည့်ပြီးရင်ဖြစ်လာမယ့် မေးခွန်းတစ်ခု‌ပေါ့။ ဘယ်လိုပဲဆိုဆိုပါ George Lucas, Steven Spielberg, John Williams နဲ့ Harrison Ford တို့ ဖန်တီးခဲ့ကြတဲ့ Indiana Jones Franchise ကြီးဟာ နှစ်ပေါင်း 40 ကျော်အကြာမှာ ရုပ်ရှင်ငါးကား စီးရီးတစ်ခုနဲ့ ဇာတ်သိမ်းသွားပါပြီ။ ဒါပေမဲ့ ကျွန်‌တော်တို့ အချစ်တော် ရှေးသုပညာရှင်ကြီးနဲ့ သူ့ရဲ့ စွန့်စားခန်းတွေကတော့ ဘယ်တော့မှ တိမ်ကော‌ပျောက်ပျက်မသွားမယ့် သမိုင်းတစ်ပုဒ်ပါပဲ။ “I am like a bad penny, I always turn up.” – Indiana Jones (Harrison Ford) #Y

Drama • Music
6.8 2023 155 mins
Indiana Jones and the Dial of Destiny
Harkara
9.3

Harkara (2023) IMDb-9.7/10 ပထမဆုံးစွန့်စားတီထွင်သူတွေ ကမ္ဘာ့ပထမဆုံးအရာတွေအကြောင်း စိတ်ဝင်စားသူတွေ အကြိုက်တွေ့မဲ့ဇာတ်လမ်းတစ်ပုဒ်ပါ ဟာကာရာ ဆိုတာ စာပို့သမားလို့အဓိပ္ပာယ်ရပါတယ် အသက် ၃၃ နှစ်ရှိနေပြီဖြစ်တဲ့ ကာလီတစ်ယောက် အိမ်ထောင်ပြုပြီးဘဝကို အခြေချနေချင်လို့ အစိုးရအလုပ်ကိုလျှောက်ထားတဲ့သူ သူရသွားတဲ့အစိုးရအလုပ်က ဟိုး..လူအရောက်ပေါက်နည်းတဲ့တောင်ပေါ်ရွာလေးပေါ်မှာ ရုံးထိုင်ရတဲ့ စာပို့သမား လစာလည်းမများ ရွာကလည်းခေါင်တာမို့ သတို့သမီးလောင်းတွေကလည်းလက်မခံ သူ့ဘဝလည်းတက်လမ်းပိတ်နဲ့ ပြောင်းပြေးချင်တော့တာပေါ့ ပြောင်းပြေးလို့မရခင်မှာပဲ သူတာဝန်ကျတဲ့ရွာထက်ပိုခေါင်တဲ့ တောင်ထိပ်ကရွာလေးဆီကိုစာသွားပို့ရချိန်မှာ သူသိခဲ့ရတဲ့….လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ က စာပို့သမားလုပ်ခဲ့တဲ့ အိန္ဒိယပထမဆုံးစာပို့သမားရဲ့ ဇာတ်လမ်းကို ရှုစားရမှာဖြစ်ပါတယ် အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ Alex ~ KKKZ ~ YH တို့ပဲဖြစ်ပါတယ်

9.3 2023 125 mins
Harkara
Fukrey 3
7.7

Fukrey 3 (2023) “ဆန်ကုန်မြေ‌လေးများအဖွဲ့” IMDb – 7.7/10 ဒီတစ်ခါမှာတော့ Fukrey ရဲ့ တတိယမြောက်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ အရင် ဇာတ်လမ်းတွေအတိုင်းပဲ သူငယ်ချင်းလေးယောက် ဘယ်လိုတွေ ဗရမ်းဗတာလုပ်ကြဦးမလဲဆိုတာကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားမှာတော့ သူငယ်ချင်းလေးယောက်ဟာ စတိုးဆိုင်လေးဖွင့်ထားရင်းနဲ့ပဲ ဘိုလီရဲ့ ရေအရင်းအမြစ်ဝန်ကြီး လုပ်မယ့်ကိစ္စမှာ ပံ့ပိုးဖို့ ဖြစ်လာခဲ့ပါတယ်။ ဘိုလာဟာ အာဏာရှိတဲ့အရသာကို မြည်းစမ်းမိရင်းနဲ့ တကယ့်ကို အာဏာရှိတဲ့ ဝန်ကြီးတစ်ယောက်ဖြစ်ဖို့အတွက်နဲ့ ပြည်သူလူထုအပေါ်မှာလည်း မဖြစ်နိုင်တာတွေ ကတိပေး တစ်ဖက်မှာလည်း ရေနံဂိုဏ်းမာဖီးယားတွေနဲ့ အဆက်အသွယ်လုပ်ရင်းနဲ့ပဲ ဘိုလီရဲ့ ဝန်ကြီးဖြစ်အောင် လုပ်မယ့်လမ်းမှာ သူငယ်ချင်းလေးယောက် ဘယ်လိုတလွဲတွေလုပ်ကြဦးမလဲ ဆိုတာကို ဟာသ‌‌လေးတွေနဲ့ ရယ်ရင်းမောရင်း မှုခင်းပိုင်းလေးတွေနဲ့ တွဲပြီးတော့ ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Fukrey 3
[18+} Taboo – New Sister

ယောက်ျားဖြစ်သူရဲ့ ပင်စင်ငွေတွေကိုအပိုင်သိမ်းဖို့အတွက် ရည်းစားနဲ့ပေါင်းကြံပြီး ကောင်မလေးတစ်ယောက်ကိုမွေးစားသမီးပုံစံနဲ့ အိမ်ထဲခေါ်သွင်းခဲ့ပါတယ် သူတို့အစီအစဥ်ကတော့ မိန်းမကိုမစားရတဲ့အဖိုးကြီးဆီ ကောင်မလေးကိုထိုးကျွေးပြီး ပြဿနာကိုအကျယ်ချဲ့ နောက်ဆုံး ငွေတွေ အပိုင်သိမ်းပစ်ဖို့ပါ အဖိုးကြီးဆီမှာ ဆန်ကုန်မြေလေး သားတစ်ယောက်လည်း ရှိပါသေးတယ် မိချင်တဲ့ကောင်မိဆိုပြီးချလိုက်တဲ့ငါးစာကို နှစ်ကောင်လုံးဟပ်မိ သွားတဲ့အခါမှာတော့ ဘယ်လိုတွေရှုပ်ကုန်ကြမလဲကြည့်ရှုကြရမှာပဲဖြစ်ပါတယ် File Size : 1.79GB / 602MB Quality : WEB-DL 1080p / 720p Format…mp4 Duration…01:18:00 Genre : Adult, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2016
[18+} Taboo – New Sister
Nanban
7.8

Nanban (2012) ****************** ဒီဇာတ်ကားကတော့ တောင်ပိုင်းရုပ်ရှင်ချစ်ပရိသတ်အသည်းစွဲ မင်းသားကြီး ဗီဂျေးနဲ့ မင်းသမီး အီလ်ယာနာ ဒီခရုဇ်တို့ ပါဝင်ထားတဲ့ Comedy/Dramaအမျိုးအစားပဲဖြစ်ပါတယ်။ IMDb rating 7.8အထိ ရရှိထားတဲ့ တမီလ်ရုပ်ရှင်တစ်ကားပါ။ ဒီကားက အမာရ်ခန်းရဲ့ ဟင်ဒီရုပ်ရှင် 3idiots(2009)ကို Remakeပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဘောလိ၀ုဒ်ပရိသတ်တွေ အလွတ်ရတဲ့အထိ မှတ်မိနေပြီးဖြစ်တဲ့အတိုင်း သူငယ်ချင်းသုံးယောက်နဲ့ပဲ ဇာတ်အိမ်တည်ထားတာပါ။ ဟင်ဒီရုပ်ရှင်ကို အမာရ်ခန်းတို့လို ဟင်ဒီသရုပ်ဆောင်တွေနဲ့ ကြည့်ဖူး စိတ်ထဲစွဲဖူးနေသူတို့အတွက် ခံစားမှု တမျိုးတမည်နဲ့ ကြည့်ရှုရမဲ့ တောင်ပိုင်းရုပ်ရှင်းကားလေးမို့ ကြည့်ရှုခံစားကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Thaik Sanပဲ ဖြစ်ပါတယ်။ ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Horror • Thriller
7.8 2012 181 mins
Nanban
Thundu
5.5

Thundu (2024) ရဲအရာရှိဘေဘီ IMDb-5.7/10 ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ စိတ်သဘောထားကောင်း ရိုးသားကြိုးစားပေမဲ့ လုပ်သမျှတလွဲတွေချည်းဖြစ်နေတဲ့သူတွေမြင်ဖူးကြမှာပါ သူတို့လုပ်လိုက်တိုင်း ရယ်ရခက် စိတ်ဆိုးရခက်တွေချည်းပဲ ရဲအရာရှိဘေဘီဆိုတာလည်း အဲဒီလိုလူစား။ ဘေဘီက ရဲအရာရှိ ၊ သူ့ဇနီးက ကလေးတွေအိမ်ခေါ်သင်ပေးတဲ့ဆရာမ ၊ သူ့သားက ၁၁ တန်းကျောင်းသား၊ တစ်တန်း‌လုံးကကျောင်းသားတွေအတွက် ခိုးစာပုံစံမျိုးစုံလုပ်ပေးလို့ ဆရာမကဘေဘီ့ကိုလှမ်းတိုင်တာပေါ့ ၊ ဘေဘီကလည်း အလျင်စလိုထွက်လာရင်း စစ်ဆေးရေးဂိတ်မှာဖမ်းထားတဲ့ သုံးဘီးတက်မောင်းပြီး ယာဉ်တိုက်မှုဖြစ်။ နောက်ရက်မှာ အက်ဆီးဒင့်အမှုကိုစစ်မေးပြီးအပြန် ခွေးဝင်တိုက်ပြီးလဲ သူ့နောက်ကအရာရှိလက်ကျိုးပြီး တိုက်ခံရလို့ သေသွားတဲ့ခွေးကလည်း ဗိုက်ထဲမှာကလေးရှိနေတဲ့ ရဲခွေး…။ ဒီလိုအလွဲလွအချော်ချော်နဲ့ဘေဘီဟာ သူ့နောက်မှလာပြီး စာမေးပွဲတွေအောင် ရာထူးတွေတက်သွားတဲ့အငယ်တွေကြား သူလည်းရာထူးတက်ချင်လို့ စာမေးပွဲ ဝင်ဖြေဖို့လုပ်တော့တာပဲ။ အသက်ကကြီးနေတဲ့ကြားက အမြဲလွဲချော်နေတဲ့ဘာဘီတစ်ယောက် သူလိုချင်တဲ့ရာထူးတိုးရသွားမလား။ ဝါးလုံးကွဲ ရယ်မောရတဲ့ကားမဟုတ်ဘဲ ရိုးသားဖြူစင်တဲ့လူတစ်ယောက်ရဲ့ တလွဲတချော်လေးတွေနဲ့ ပြုံးမိစေမဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ်

Comedy • Romance
5.5 2024
Thundu
Kaagaz 2
7.4

Kaagaz 2 (2024) IMDb – 7.6/10 2021 တုန်းက အိန္ဒိယအစိုးရနဲ့ 19 နှစ်တိတိ ယှဉ်ပြိုင်ခဲ့တဲ့ လူတစ်ယောက်အကြောင်း ရိုက်ကူးထားတဲ့ Kaagaz 1ရဲ့အောင်မြင်မှုတွေအပြီးမှာတော့ Kaagaz 2 ထပ်မံထွက်ရှိလို့လာပါပြီ။ Life Struggleကိုပြသချင်တာချင်းတော့တူပေမဲ့ ဒီတစ်ခါမှာတော့ political satire မဟုတ်ဘဲ past traumaတွေနဲ့အိန္ဒိယစစ်သားလေးတစ်ယောက်ရဲ့ သူရဲကောင်းဘဝခရီးလေးပေါ့။ ငယ်ငယ်ထဲက ဆရာမကဘာလုပ်ချင်လဲမေးရင် စစ်သားကြီးဖြစ်ချင်တယ်လို့ဖြေခဲ့တဲ့ အူဒေးတို့သူငယ်ချင်းနှစ်ယောက် အရွယ်ရောက်လာတော့ အိပ်မက်အတိုင်းပဲ စစ်ထဲဝင်လို့ စစ်သင်တန်းကျောင်းတက်ကြတာပေါ့။ စစ်ယူနီဖောင်းကသာကြည့်ကောင်းပေမဲ့ တပ်စည်းကမ်းနဲ့ တပ်လေ့ကျင့်ရေးတွေက ပျော်စရာမဟုတ်တဲ့အတွက် အူဒေးတစ်ယောက် စိတ်ညစ်လာပါတော့တယ်။ တကယ်တော့ သူစစ်ထဲဝင်ချင်တာ မိသားစုဂုဏ်ကြောင့်တို့ အမိမြေကြီးကိုချစ်လို့တို့မဟုတ်ဘဲ Daddy Issues တွေနဲ့ကြီးပြင်းခဲ့တဲ့သူဆို‌တော့ သူသတ္တိရှိကြောင်းကိုပြချင်ခဲ့တဲ့အတွက်ပါ။ ဒီလိုနဲ့ပဲ ထွက်မယ်တကဲကဲလုပ်နေတဲ့အူဒေးကို သူငယ်ချင်းက ချစ်သူမွေးနေ့မှာ ခိုးထုတ်ပေးမယ်ဆိုပြီး ချွေးသိပ်လိုက်တာပေါ့။ ချစ်သူတာနူနဲ့တွေ့ပြီးအပြန်မှာ လူတစ်စုက မိန်းကလေးကို ဣန္ဒြေပျက်အောင် စော်ကားနေတာမြင်တော့ သူရဲကောင်းဖြစ်ချင်နေတဲ့အူဒေးလည်း ထုံးစံအတိုင်း ဟီးရိုးဝင်လုပ်ပါတော့တယ်။ ဟီးရိုးဆိုရင် ချီးမြှောက်ခံရမယ်ထင်ပေမဲ့ လက်တွေ့မှာ အိန္ဒိယစစ်စည်းကမ်းနဲ့အပြစ်ပေးခံလိုက်ရတော့ ကျောင်းပြေးလေးလုပ်ချင်နေတဲ့အူဒေးတစ်ယောက် ရင်ထဲကအစိုင်အခဲတွေကြီးမားလာတဲ့အခါ…. အူဒေးတစ်ယောက် ကျောင်းပြေးလေးပဲဖြစ်သွားမလား တပ်ထဲမဝင်ခင်က သူရဲဘောမကြောင်ဘဲ သူရဲကောင်းလုပ်မယ်ဆိုတဲ့ သူ့ရဲ့ကတိကိုပဲ ဖြည့်ဆည်းနိုင်သွားမလားဆိုတာ ဆက်လက်ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.4 2024
Kaagaz 2
Do You Love Me as I Love You
5.8

ကြည်နူးစရာကောင်းတဲ့ ထိုင်ဝမ်အချစ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းက သူများရဲ့အချစ်ရေးကို အရမ်းစိတ်ဝင်စားပြီး အတင်းအဖျင်းတွေ ပြောလေ့ရှိပါတယ် အဲ့လိုပဲ ဒီကားလေးထဲမှာလည်း ကျောင်းကလူတွေရဲ့ အတင်းအဖျင်းတွေထဲမှာ နာမည်ကြီးနေတဲ့ လုံးဝအတွဲမ​ဖြစ်နိုင်ဘူးလို့ သတ်မှတ်ထားတဲ့ စုံတွဲစာရင်း (MI စာရင်း) ဆိုတာရှိပါတယ် ဒီဇာတ်လမ်းရဲ့ ဇာတ်ကောင် ရှောင်ရှန်းကတော့ ရူပဗေဒမေဂျာ ကျောင်းသူတစ်ယောက်ဖြစ်ပြီး ဗေဒင်ကို အရမ်းစိတ်ဝင်စားတဲ့အပြင် သူ့ရဲ့ငယ်သူငယ်ချင်းလေးကျူးဟောက် ကို ကြိတ်ကြွေနေတဲ့ ကောင်မလေးတစ်ယောက်ပါ တစ်နေ့မှာ သူဟာ သူငယ်ချင်းဇုန်ထဲကနေရုန်းထွက်ပြီး အဲ့ဒီကောင်လေးကို ဗေဒင်ယ​တြာတွေကအစ အသေးစိတ်ပြင်ဆင်ပြီးဖွင့်ပြောဖို့လုပ်ထားပေမဲ့ သူလုပ်ထားသမျှသဲထဲရေသွန်ဖြစ်သွားခဲ့ပါတယ် အကြောင်းကတော့ အဲ့ဒီနေ့မှာပဲ ကျူးဟောက်က တခြားကောင်မလေးကို ဖွင့်ပြောလိုက်တာပါ ရှောင်ရှန်းရဲ့ ဇာတ်လမ်းလေးက ဒီမှာတင်ပြီးပြတ်မသွားပါဘူး သူ့ရဲ့ အကြီးမားဆုံးကံဆိုးမှုက အခုမှရောက်လာတာပါ အဲ့ဒါကတော့… တစ်ကျောင်းလုံးရဲ့ နတ်ဘုရားမလို့ တင်စားရလောက်တဲ့ အင်တာနက်ဆယ်လီ ရီကျင်းက ကျူးဟောက်ဖွင့်ပြောချိန်မှာ ကျူးဟောက်သာ MI စာရင်းရဲ့ ထိပ်ဆုံးသုံးတွဲကို အောင်သွယ်ပေးနိုင် မယ်ဆိုရင် တွဲမယ်လို့ပြောလိုက်တာပါပဲ ဒီလိုနဲ့ ပိုချစ်ရတဲ့လူက ရှုံးရတယ်ဆိုတဲ့အတိုင်း ကြိတ်ကြွေနေတဲ့ ရှောင်ရှန်းလေးတစ်ယောက် ကျူးဟောက်ကို ကူညီပေးရပါတော့တယ် ကဲ ဒီတော့ ကျူးဟောက်နဲ့ ရှောင်ရှန်းတို့နှစ်ယောက် လုံးဝတွဲဖို့မဖြစ်နိုင်ပါဘူးလို့ တွေးရလောက်တဲ့ထိ အကျင့်စရိုက်တွေဆန့်ကျင်ဖက် ကွဲပြားနေတဲ့ အတွဲသုံးတွဲကို ဘယ်လိုတွေအောင်သွယ်ပေးမလဲ ရှောင်ရှန်းလေးရဲ့အချစ်ရေးကရော ဘယ်လိုဆက်ဖြစ်ဦးမှာလဲဆိုတာကို စိတ်ဝင်စားရင်တော့ CM က တင်ဆက်ပေးမဲ့ ဒီဇာတ်လမ်းလေးကို အခုပဲကြည့်လို့ရပါပြီနော်

Animation • Fantasy • Adventure • Family
5.8 2020
Do You Love Me as I Love You
Roohi
4.3

Roohi ( 2021 ) ပြန်ပေးဆွဲလက်ထပ်ပွဲ ဒီတစ်ခါ တင်ဆက်ပေးမယ့် ဇာတ်ကားကတော့ Roohi အမည်ရ ဟင်ဒီစကားပြော Comedy-Horror ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ – စက်မှုမြို့တော်မူဂျီရာဘတ်ရဲ့ အစွန်အဖျားမှာရှိတဲ့ ဘာဂတ်ပါဆိုတဲ့ မြို့ငယ်လေးတစ်မြို့မှာ ထူးဆန်းတဲ့ ဓလေ့ထုံးစံတစ်ခုရှိပါတယ်။ အဲဒါကတော့ ပြန်ပေးဆွဲလက်ထပ်ပွဲပါ။ မိန်းကလေးတစ်ယောက်ကို ကြိုက်မိတာနဲ့ ကောင်လေးဘက်က လက်ထပ်ပွဲကို အတီးအမှုတ် အကအခုန်တွေနဲ့ ကြိုတင်ပြင်ဆင်ထားပြီးမှ မိန်းကလေးကို သွ ားပြီးဖမ်းခေါ်ရတဲ့ဓလေ့ပဲဖြစ်ပါတယ်။ ကိုယ်တိုင်ဖမ်းခေါ်ဖို့မလွယ်တဲ့အတွက် ဒါကို အခကြေးငွေယူပြီး လုပ်ပေးတဲ့ကြေးစားအဖွဲ့တွေလည်း ရှိပါသေးတယ်။ တစ်ရက်မှာတော့ အဲဒီကြေးစားအဖွဲ့အတွက်အလုပ်လုပ်တဲ့ ဘာဝရာပန်ဒေးနဲ့ ကတ်တန်နီဆိုတဲ့ သတင်းထောက်ယောင်ယောင် ၊ ဗေဒင်ဆရာယောင်ယောင် သူငယ်ချင်းနှစ်ယောက်ဟာ ပြန်ပေးဆွဲလက်ထပ်ပွဲအတွက် မိန်းကလေးတစ်ယောက်ကို သွားရောက်ဖမ်းခေါ်ဖို့ အမိန့်ကျလာပါတော့တယ်။ အတွေ့အကြုံမရှိတဲ့ နှစ်ယောက်ဟာ မိန်းကလေးကို မနည်းဖမ်းဆီးခေါ်ဆောင်လာပြီးခါမှပဲ လက်ထပ်ပွဲဟာ တစ်ပတ်လောက် ရွှေ့ဆိုင်းဖို့အကြောင်းဖန်လာပါတယ်။ အဲဒီနောက်တော့ သူတို့နှစ်ယောက်နဲ့ ကောင်မလေးဘယ်လိုစခန်းသွားမလဲ ၊ ဘာကြောင့် ဇာတ်ကားရဲ့ Genre က Horror ဖြစ်နေသလဲဆိုတာတော့ ကိုယ်တိုင်ပဲကြည့်ရှုအဖြေရှာလိုက်ကြပါခင်ဗျ ( ဘာသာပြန်နဲ့အညွှန်းကတော့ Bpl , Alex , V . Thura , Linn တို့ဖြစ်ပါတယ် )

4.3 2021
Roohi
Queer
6.6

Queer (2024) IMDb Rating (6.6) / Rotten Tomatoes (78%) ဂျိမ်းစ်ဘွန်းမင်းသား Daniel Craigရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ရုပ်ရှင်။ ဘဲကြီးက မက္ကဆီကိုစီးတီးမှာနေရင်း ကောလိပ်ကျောင်းသားလေးတွေကို စားဘဲကြီးလုပ်နေတာ။ ယူဂျင်းဆိုတဲ့ကောင်လေးနဲ့တွေ့တဲ့အခါမှာတော့ စွဲလန်းသွားပြီး သူနဲ့အတူခရီးထွက်ဖို့ပါ စည်းရုံးပါတော့တယ်။ ဘာအတွက်ခရီးလဲဆို သူ့စိတ်ထဲမှာ စွဲလန်းနေတဲ့အရာတစ်ခု။ တယ်လီပသီစိတ်စွမ်းအားမြှင့်တင်ပေးတယ်လို့ သူသိထားတဲ့ ယာဂေးဆိုတဲ့အပင်ကို သုံးစွဲကြည့်ချင်တာ။ အဲဒီအပင်ကိုရှာဖို့အတွက် ယူဂျင်းနဲ့အတူ အီကွေဒေါက တောကြီးထဲကိုရောက်သွားချိန်မှာတော့..။ (အဖော်အချွတ်နဲ့ လိင်တူအခန်းတွေပါဝင်တာမို့ အသက်ပြည့်ပြီးမှကြည့်ကြပါ) (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(14 GB) / (3.1 GB) / (1.2 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, History, Romance Duration….02:16:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Horror • Mystery
6.6 2024 138 mins
Queer
I Dreamed A Dream
5.6

I dreamed a dream ဆိုတဲ့ဇာတ်ကား‌က ရွှေကျင်းလို့ခေါ်တဲ့ ကောင်မလေးနဲ့ ယောဂအိပ်မက် နည်းပြဆရာကြီး လီရှီဟောင် (ရွှေကျင်းရဲ့အဖေ)တို့ရဲ့ အိပ်မက်ခရီးစဉ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ် ရွှေကျင်း ငယ်ငယ်ထဲက သူ့အိပ်မက်ထဲမှာ စူးရှတဲ့အလင်းတန်းကိုအမြဲတွေ့နေရခဲ့တယ် အဲ့အလင်းတန်းကို ဘာဖြစ်လို့အမြဲမြင်နေရလဲဆိုတာ သူကိုယ်တိုင်လည်းနားမလည်ခဲ့ဘူး သူ့အဖေက နတ်နဂါးရဲ့မျက်လုံးဆိုပြီး တင်စားပြီးပြောဆိုခဲ့တယ် နတ်နဂါးမျက်လုံးဆိုတာတော့ အိပ်မက်ထဲကစိတ်ကူးယဥ်ကမ္ဘာနဲ့ ကျွန်တော်တို့အပြင်လောက ကမ္ဘာနှစ်ခုကြားကို ဆက်သွယ်ပေးတဲ့ လိုဏ်ခေါင်းတစ်ခုလို့သတ်မှတ်နိုင်ပါတယ် အရမ်း‌ချမ်းသာလွန်းတဲ့ သူဌေးလီရှီဟောင်က သူ့သေခါနီးအချိန်မှာ ပိုင်ဆိုင်ခဲ့တဲ့ရှယ်ယာတွေအားလုံးကို သူ့ရဲ့တစ်ဦးတည်းသောဖြစ်တဲ့ သူ့သမီးရွှေကျင်းကိုမပေးခဲ့ပဲ သူ့ရဲ့ ငယ်ဘဝက အချစ်ဦးဖြစ်သူ ကျူးလိယင်းကိုပေးခဲ့လိုက်တယ် ကျူးလိယင်းနဲ့ လီရှီဟောင်က ကိုယ့်အိမ်ထောင်နဲ့မိသားစုတွေရှိနေပြီး အချင်းချင်းအဆက်သွယ်မရှိတာလဲကြာခဲ့ပါပြီ ဒါပေမဲ့ ရုတ်တရက်ကြီး ရှယ်ယာတွေကို ကျူးလိယင်းလက်ထဲအပ်ခဲ့လဲဆိုတာ ရွှေကျင်းကအံ့ဩတဲ့အတွက် ကျူးလိယင်းအကြောင်းကိုလိုက်ပြီးစုံစမ်းရာမှ မထင်မှတ်ပဲ လျှို့ဝှက်ချက်များကိုသိခဲ့လိုက်ရပါတယ် အဲ့လျှို့ဝှက်ချက်တွေကို ရွှေကျင်းကလိုက်စုံစမ်းရင်း သေခါနီး comaဖြစ်နေတဲ့သူ့အဖေရဲ့ အတွင်းစိတ်အိပ်မက်ထဲကို ယောဂအိပ်မက်ကတစ်ဆင့် ဘယ်လိုကြည့်ရှုခဲ့ပါတယ် ကျူးလိယင်းနဲ့ ဒီလျှို့ဝှက်ချက်ကြားမှာ ဘယ်လိုပတ်သက်နေတာလဲ ယောဂအိပ်မက်ဆိုတာက ဘာလိုမျိုးဖြစ်မလဲ နောက်ဆုံးအမှန်တရားနဲ့ အိပ်မက်ထဲအမြဲမြင်နေခဲ့ရတဲ့ အလင်းတန်းကရော ဘာဖြစ်နိုင်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်ဗျာ

5.6 2021
I Dreamed A Dream