YoteShin Drive is below this article. Scroll down to view.

5G connectivity in India

Author: Anonymous Published on: 12 Aug 2022

Indian Prime Minister Nandra Mosman announced that it has provided 5G communication at the 6th Indian Mobile Congress in New Delhi. The 5G network is first available in 22 cities, and includes Ahmedabad, Hydeabad, Gandigai, Gurugrah, Gurugrah, Jamnagar, Kolkata, Siliguri and Varanasi. PM @narendamodi launches 5G Services in India 🔹5g Technology Will Provide Seamless Coverage, High Data Rate, Low Low Low Lenncy, and Highly Reliable Communications. 🔹it Will Increase Efficiency and Network Efficiency and Network Efficiency. & mdash; Ministry of Information and Broadcasting (@mib_india) October 1, 2022 5G Services Reliance Joio, Reliance Joi, Reliance Jo, and Reliance Jo. Airtel and Vodafone-IDA will be provided in India. Airtel's users are now using 5G networks in some cities. India Mobile Congress 2022: & quot; Service Providers Will Roll Out 5g by 2024 & AMP; 75% Indian Citizens Will AVAIL 5G Services. & Quot; Shri Devusinh Chauhan, Hon'ble Minister of State for Communications, Government of India Register Now: https://t.co/rk0e6c4OJ#MC2022 # IMC5GLAUNCH & mdash; India Mobile Congress (@Exploreimc) October 1, 2022 Airtel's 5G connection is available in Bengaluru, Chennai, Hyderabad, Hyderabad, Kolkata, Mumba, Mumba, Siliguri and Varanasi will be provided by the country in March 2024. Reliance Jobs will provide 5G connection in Chennai, Delkata and Mumbai by Diwali, and in December 2023 in December 2013 in December 2013 VI has not yet been told that the 5G network will be provided. The BSNL will provide 5G network on August 15 next year. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Cheating Heist S01E03 1080p CM.mp4

515.01 MB 1080p video/mp4 19 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Emergency Declaration
7.7

ဒီရုံတင်ကားကြီးဟာ ကိုဗစ်ကြောင့် ရုံတင်ရက်တွေရွှေ့ဆိုင်းလို့ အားလုံးမျှော်လင့်နေကြတာ ယခုမှပဲကြည့်ဖို့ အခွင့်အရေးရပါတော့တယ်... Lee Byung Hun, Song Kang-ho, Im Si Wan နဲ့ Kim Nam Gil တို့လို မင်းသားကြီးတွေ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် ကိုရီးယားနိုင်ငံတစ်ဝှမ်းမှာသာမက နိုင်ငံတော်တော်များများမှာပါ ရုံဝင်ငွေ အမြောက်အမြား ရရှိထားတဲ့ ဇာတ်ကားကြီး ကြည့်ရကျိုးနပ်စေမှာပါ... အင်တာနက်ပေါ် ပျံ့နေတဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတစ်ခုကို စစ်ဆေးရင်း သံသယရှိသူဟာ အမေရိကားကို လေယာဥ်နဲ့ လိုက်ပါသွားပြီဆိုတာကို ကိုရီးယားအာဏာပိုင်တွေ နောက်ကျမှ သိလိုက်ရတယ်... အဲ့ဒီ ​လေယာဥ်မှာပဲ စီးနင်းလိုက်ပါလာတဲ့ ကျန်းကျန်းမာမာ ခရီးသည်တစ်ဦးဟာ မည်သည့်အကြောင်းအရင်းကြောင့်မှန်းမသိ ​ ကြောက်မက်ဖွယ် သေဆုံးသွားချိန်မှာ‌တော့ လေယာဥ်တွင်းရော မြေပြင်မှာပါ ထိတ်လန့်တုန်လှုပ်မှု​တွေ ဖြစ်လာ​တော့တယ်။ တဖြည်းဖြည်းချင်း လျော့နည်းလာတဲ့ လောင်စာဆီအ​နေအထား၊ နိုင်ငံတကာကလည်း အကူအညီပေးဖို့ ငြင်းပယ်မှုတွေကြောင့် လေယာဥ်မှူးနဲ့ အဖွဲ့သားတွေက ခရီးသည်များကို ကယ်တင်နိုင်ဖို့အတွက် သူတို့ ဘဝမှာ တစ်ကြိမ်တစ်ခါမှ လုပ်ဖူးခြင်း မရှိခဲ့တဲ့ အရေးပေါ် လုပ်ဆောင်ချက်ကို လုပ်ဖို့ ဖြစ်လာတဲ့ အခါမှာ​တော့ ... (ဇာတ်လမ်းအညွှန်းကိုတော့ Song Song က ရေးပေးထားပါတယ်။) File Size : Quality : 720p WEB-DL, 480p Format : mkv,mp4 Duration : 2hr & 10mins Genre : Action, Drama, Thriller Subtitle : Myanmar Subtitle(Hardsub) Translated by Hnin Khine Wai & Song Song Thynn Encoded by PhyoPyae

Drama • TV Movie
7.7 2022 140 mins
Emergency Declaration
Fatafati

Fatafati IMDb-8/10 အခုတစ်ခေါက်မှာတော့ CM ပရိသတ်ကြီးအတွက် လူ့ပတ်ဝန်းကျင်မှာ ဖြစ်တတ်တဲ့ body shaming ဆိုတဲ့ အယူအဆအမှားကို ‌ထောက်ပြထားတဲ့ drama ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ ပူ‌လော်ရာဘာဒူရီဆိုတဲ့ သာမန်စက်ချုပ်သမတစ်ယောက်က ပါဝင်သရုပ်ဆောင်ထားပါတယ် သူ(မ)ဟာ overweight ဖြစ်နေတာကြောင့် ‌က‌လေးမရနိုင်တာလို့ ယူဆပြီး အိမ်မှာရှိတဲ့ယောက္ခမရဲ့ အပြစ်တင် ဝေဖန်မှုကို ခံနေရတဲ့အပြင်၊ လူ့ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာပါ body shaming လုပ်တာကို မကြာခဏခံနေရသူတစ်ဦးပါ အဲဒီလို body shaming ကြောင့် စိတ်ဒဏ်ရာတွေ ရနေပေမဲ့လည်း တဖက်မှာတော့ သူ(မ)ဟာ အောင်မြင်တဲ့ designer influencerတစ်ဦး ဖြစ်လာအောင် လက်မလျှော့ဘဲ ကြိုးစားနေတဲ့သူလည်းဖြစ်ပါတယ် body shaming ကြောင့် ရလာမဲ့ စိတ်ဒဏ်ရာတွေကို အံတုပြီး သူ(မ)ရဲ့အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ဒီဇိုင်နာဖြစ်အောင် လုပ်နိုင်ပါ့မလား ၊ မလုပ်နိုင်ဘူးလား ဆိုတာကိုတော့ CMရဲ့ ရုပ်ရှင်ချစ်သူ ပရိသတ်ကြီးကပဲ ဆက်လက် ကြည့်ရှူပေးကြရမှာပဲ ဖြစ်ပါတယ် ထပ်ဆောင်းအနေနဲ့ ဒီ" Fatafati "ဇာတ်ကား‌ဟာ လူ့အဖွဲ့အစည်းမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ body shamingနဲ့ ပတ်သက်တဲ့ ယူဆချက်အမှားလေးတွေကို ထောက်ပြပြီး သင်ခန်းစာပေးနိုင်မဲ့ ဇာတ်ကားကောင်း‌လေးတစ်ခုမို့ လက်မလွှတ်တမ်း ကြည့်ရှုခံစား‌ပေးကြပါဦးလို့ တိုက်တွန်းလိုက်ပါရ‌စေလားရှင် (အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH~Cherry~Moon~Saii~Yunniတို့ပဲ ဖြစ်ပါတယ်) File size…2.04GB / 974MB Quality…1080p WEB DL / 720p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by YH~Cherry~Moon~Saii~Yunni

Drama • Mystery • Science Fiction • Thriller
0 2023 131 mins
Fatafati
[21+] Frivolous Lola (1998) Monella
5.1

အီတလီဒါရိုက်တာ Tinto Brass ဇာတ်ကားဆိုရင်တော့ သဘောပေါက်လိုက်ပါတော့။ လိုလာဆိုတာ အီတလီနယ်မြို့လေးတစ်မြို့ရဲ့ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်ဖြစ်ပြီး၊ သူ့ချစ်သူနဲ့ စေ့စပ်ထားတဲ့ သတို့သမီးလောင်းလေးတစ်ယောက်လဲဖြစ်ပါတယ်။ ဒါပေမယ့် လင်ကောင်မပေါ်ပဲ သူ့ကိုမွေးတယ်လို့ လူတွေဆိုကြတဲ့ သူ့မိခင်၊ မိန်းမရှုပ်တယ်လို့နာမည်ကျော်တဲ့အမည်ခံဖခင်တို့ကြောင့်ရော သူကိုယ်တိုင်ရဲ့လော်လည်တဲ့အနေအထိုင်တွေကြောင့်ပါ မြို့နေမိန်းမသားတွေကြားမှာ နာမည်ဆိုးနဲ့ကျော်ကြားပါတယ်။ လိုလာဟာ သူ့ချစ်သူနဲ့လက်မထပ်ခင်မှာအပျိုစင်ဘဝကိုအသည်းအသန်ပေးအပ်ချင်နေခဲ့ပေမယ့် သူ့ကိုတန်ဖိုးထားချစ်တယ်လို့ဆိုတဲ့ ရှေးရိုးစွဲသူ့ချစ်သူကတော့ လက်မခံပါဘူး။ ဒီတော့ လိုလာဟာ သူ့ချစ်သူကိုအတင်းဝင်လုံးတယ်၊ အထိအတွေ့နဲ့ဖြားယောင်းတယ်၊ တစ်ပါးသူတွေနဲ့ပရောပရည်လုပ်ပြီးဝန်တိုအောင်ဆွတယ်။ ဒီလိုကနေ တစ်ဖြည်းဖြည်းမချင့်မရဲဖြစ်လာတဲ့လိုလာဟာပတ်ဝန်းကျင်ကလူမှန်သမျှကို အလွတ်မပေးစတမ်းဖြစ်လာပါတော့တယ်။အဲ့ဒီထဲမှာမှ သူ့ဖခင်လို့ အများသိထားတဲ့ မိန်းမရှုပ်တဲ့နေရာမှာနာမည်ကျော်တဲ့ အန်ဒရေးလဲ မလွတ်ပါဘူး။ ဆရာကြီး Tinto Brass ရဲ့ထုံးစံအတိုင်း မိန်းမလှလေးလိုလာရဲ့ စူးစမ်းရှာဖွေမှုစွန့်စားခန်းတွေကို ပွင့်လင်းတဲ့ အပြောအပြတွေနဲ့တွေ့မြင်ရမှာဖြစ်တဲ့အတွက် 21 plus ပါပဲ။ Frivolous Lola နာမည်နဲ့လူသိပြီး မူရင်း နာမည်က Monella ဖြစ်ပါတယ်။ပိုစတာကိုတော့အများရင်းနှီးနေမှာဖြစ်ပေမယ့် ကြည့်ပြီးသားလို့အထင်မရောက်စေချင်ပါဘူး။ သူ့ဇာတ်ကားတွေထဲမှာ ဒီလိုပုံစံမျိုးဆင်တူတွေ မနည်းမနောရှိလို့ပါပဲ။ File Size : (2.3 GB) & (950 MB) Quality : BluRay 1080p & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated by ALS Encoded by RGB

Action & Adventure • Crime • Drama
5.1 1900
[21+] Frivolous Lola (1998) Monella
Entourage

ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ အဲလိုနဲ့ ဇာတ်ကားရိုက်ပြီးလို့ အပြီးသတ်တဲ့အခါမှာ မှန်းထားတဲ့ဘတ်ဂျတ်ထက် ဒေါ်လာ ၁၀၀ မီလီယမ်လောက် ပိုများနေတဲ့အခါမှာတော့ Ari တစ်ယောက် သူမသွားချင်လှဆုံးမက္ကဆီကန် ရင်းနှီးမြှုပ်နှံသူဆီကို သွားစကားပြောရပါတော့တယ်။ အဲရင်နှီးမြှုပ်နှံသူက ဇာတ်ကားကို ကြည့်ပြီးမှ ပိုက်ဆံထက်ထုတ်ပေးနိုင်မယ်ဟုဆိုကာ သူ့သားဖြစ်သူ ကပျက်ကချော်ကောင်ကို ဇာတ်ကားအစမ်းပြပွဲကိုလိုက်ကြည့်ဖို့ထည့်ပေးလိုက်ပါတယ်။ သူတို့ထပ်လိုတဲ့ပိုက်ဆံရော ရနိုင်ပါ့မလား၊ သူတို့ရိုက်တဲ့ဇာတ်ကားကို အဆင်ပြေပြေနဲ့ ရုံတင်တဲ့ထိ လုပ်နိုင်ကြပါ့မလားဆိုတာကို စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ adult content, nudity အချို့နဲ့ s*x scenes အချို့ပါဝင်လို့ မိသားစုနဲ့အတူမကြည့်သင့်ပါဘူး။ Cast တွေကတော့ Eric အဖြစ် Kevin Connolly, Turtle အဖြစ် Jerry Ferrara, Johnny Drama အဖြစ် Kevin Dillon, Vince Chase အဖြစ် Adrian Grenier, Ari Gold အဖြစ် Jeremy Piven တို့ပါဝင်သရုပ်ဆောင်ထားပါတယ် File size…(1.72GB) / (929MB) /469MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:44:00 Genre…Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Noe Cho

0 2015
Entourage
Sisu
7.3

Sisu(2022) ********* ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတဲ့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့် ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။ File Size :(8.1GB)(1.98GB) &(719MB) Quality : ‌AMZN.4K.AC3.5.1Ch,1080P5.1Ch,720P Format…mp4 Duration…01:31:00 Genre :Action , War Subtitle : Myanmar Subtitle (Hard Sub) Translated Mr.Anderson Encoded by Phyo Pyae

7.3 2022
Sisu
My Paparotti
7.1

My Paparotti (2013) ဒီကိုရီးယားရုပ်ရှင်ကိုတော့ Time to Huntတို့ Architecture 101 တို့လို ရုပ်ရှင်ကောင်းတွေနဲ့ Signal ,Taxi Driverဇာတ်လမ်းတွဲလို ဇာတ်လမ်းတွဲတွေရိုက်ခဲ့တဲ့ Lee Je-Hoon နဲ့ ရိုက်ထားသမျှ ရုပ်ရှင်၂၀လောက်အကုန်ကောင်းပြီး သရုပ်ဆောင်လည်းဂျွတ်တဲ့ Christmas in August တို့ Green Fish တို့ The Berlin Fileတို့မှာ သရုပ်ဆောင်ခဲ့တဲ့ Dr. Romantic , Tree With Deep Rootsတို့လို ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး Han Suk-Kyuတို့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ပါ။ Signalမင်းသားကြီး Cho Jin-Woongကလည်း အားဖြည့်ထားပါသေးတယ်။ Cho Jin-Woongနဲ့ Lee Je-Hoonတို့ Signalမတိုင်ခင် တွဲသရုပ်ဆောင်ခဲ့တဲ့ကားဆိုလည်း မမှားပါဘူး။ Strangers Againတို့ Doctor Strangerတို့ထဲက ဆက်စီကျတဲ့မမ Kang So-Raလည်းပါပါတယ်။ ဇာတ်လမ်းကတော့ တောဘက်က အနုပညာကျောင်းတစ်ကျောင်းမှာ စာသင်တဲ့ ဂီတဆရာနဲ့ အီတလီသား operatic tenorတစ်ယောက်ဖြစ်တဲ့ Paparottiကို အားကျပြီး သူ့လိုဖြစ်ချင်တဲ့ လူမိုက်ဂိုဏ်းဝင်လူငယ်လေးတစ်ယောက်တို့ ဆရာတပည့်တွေဖြစ်လာရာကနေ စထားပါတယ်။ ဂီတကိုလည်းချစ် မိဘတွေရော အဘွားရော မရှိတော့တဲ့နောက် ဝင်ထားတဲ့ လူမိုက်ဂိုဏ်းကလည်း ထွက်မရနေတဲ့ လူငယ်လေးတစ်ယောက် ကျောင်းမှာဂျစ်ကန်ကန်လုပ်နေရင်းက တကယ့် tenorတစ်ယောက်ဖြစ်လာဖို့ ကြိုးစားချင်စိတ်ပေါ်လာပုံတွေ။ ဆရာက သူ့တပည့်ကို ဘဝမှာရော ဂီတမှာရော လမ်းမှန်အောင်ပို့ပေးခဲ့ပုံတွေကို ရိုက်ပြထားပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့တော့ ပြောပါတယ်။ ဂီတအကြောင်းရော လူမိုက်ဂိုဏ်းအကြောင်းရော ရောသမမွှေထားတာမို့ ရသစုံနဲ့ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်ဟာ27th Fukuoka Asian Film Festivalမှာ Grand Prize ရခဲ့ပြီး 10th Jecheon International Music & Film Festival မှာတော့ Lee Je-Hoonက Best Actor in a Music Filmဆုကို ဒီရုပ်ရှင်နဲ့ပဲရရှိခဲ့ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre….. Music, Drama Quality…. 1080p | 720p File size… 1.7GB | 837MB Format… mp4 Duration…. 2h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. WiRa Aung Encoder ….. Aaron

7.1 2013
My Paparotti
What the Waters Left Behind: Scars
5.3

What the Waters Left Behind: Scars (2022) မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။ လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 695MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 25Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
5.3 2022
What the Waters Left Behind: Scars
Mind the Gap
7

Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထား‌ဘူတာက ပလက်ဖောင်း‌တွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက‌ နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ လမ်းမှာကူညီပေးရမလား မေးတဲ့သူကတောင် မေးမိတာမှားပါပြီဆိုပြီး လက်လန်သွားရတဲ့အထိပါပဲ။ ဒါပေမဲ့ ဒီအဖိုးကြီးမှာ သိပ်ကိုအဓိပ္ပာယ်ရှိလှတဲ့ ရည်ရွယ်ချက်နဲ့ ပန်းတိုင်တစ်ခုရှိနေတယ်။ ဒုတိယအနေနဲ့ကတော့ အရမ်းချစ်ကြတဲ့ အဖေတစ်ခု သားတစ်ခု သားအဖပါ။ ဒီသားအဖကတော့ နယူးယောက်မြို့အနီးက ကျေးလက်လေးတစ်ခုမှာနေထိုင်ကြတယ်။ အဖေဖြစ်သူဟာ မူလတန်းအရွယ်သားလေးကို အဖေနေရာရော အမေနေရာကပါ ချစ်ပေးရှာတယ်။ ဒါပေမဲ့ သားငယ်ဟာ တစ်သက်လုံးလစ်ဟာလာတဲ့ အမေဖြစ်သူကို တောင့်တလာတဲ့အခါမှာတော့ အဖေဖြစ်သူဟာ သူတို့မိသားစုလေးရဲ့ အနာဂတ်အတွက် အရေးပါတဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချဖို့ စဉ်းစားရတော့တယ်။ တတိယတစ်‌ယောက်ကတော့ မန်ဟက်တန်ရဲ့လမ်းမတွေပေါ်မှာ သီချင်းဆိုဖျော်‌ဖြေရင်း အသက်မွေးဝမ်းကြောင်းပြုနေတဲ့ နှလုံးရောဂါသည် အမျိုးသမီးလေးတစ်ဦး။ သူမဟာ အဆိုသိပ်တော်တယ်၊ သူမ စွန့်စားရင်စွန့်စားကြည့်သလို သူမအတွက် အခွင့်အလမ်းသစ်တွေက စောင့်မျှော်နေမှာ။ ဒါပေမဲ့ သူမဟာ တချို့သောအကြောင်းပြချက်တွေကြောင့် အတွေ့အကြုံ၊အပြောင်းအလဲအသစ်တွေကို လက်ခံဖို့ နှစ်ပေါင်းများစွာ ငြင်းဆန်လာခဲ့သူလေး။ တစ်ရက်မှာတော့ သူမဘ၀အတွက် အပြောင်းအလဲကြီးတစ်ခုဖြစ်ပေါ်လာမယ့် အခွင့်အရေးကို ဖမ်းဆုပ်ဖို့ရာ သတ္တိမွေးကြည့်လိုက်တဲ့အခါမှာတော့… လေးယောက်မြောက်နေရာမှာ အလှည့်ကျလာတဲ့သူကတော့ အတိတ်က တစ်ခုသောအကြောင်းကိစ္စကြောင့် ချစ်ရတဲ့ သားဖြစ်သူနဲ့ တစ်အိမ်စီခွဲနေနေရတဲ့ သက်လတ်အရွယ် လူမည်းအမျိုးသားတစ်ဦး။ သားဖြစ်သူနဲ့ တစ်နှစ်မှာ တစ်ခေါက် နှစ်ခေါက်သာ တွေ့ရတဲ့အဖေဖြစ်သူအဖို့တော့ သူ့ဘ၀ဟာ သေမထူးနေမထူးဖြစ်လာရတာ သားငယ်နဲ့ခွဲခွါခဲ့ရကတည်းကပါပဲ။ ဒီလွမ်းဆွတ်တမ်းတမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဝေဒနာတွေကို ဒီအဖေဖြစ်သူဟာ မလွန်ဆန်နိုင်တော့တဲ့နောက်မှာတော့ မသိစိတ်က လက်ခံဖို့ငြင်းဆိုထားတဲ့အရာတွေကို ရင်ဆိုင်ဖို့ရာကြိုးစားရတော့တယ်။ နောက်ဆုံးဇာတ်လမ်းက‌တော့ ဘ၀မှာ ပျော်စရာဆိုလို့ စာတိုက်ကနေ စာပို့၊ တိပ်ခွေလေးတွေနားထောင်တာကလွဲလို့ များများစားစားမရှိရှာတဲ့ နာမကျန်းနေတဲ့အမေကြီးကို ပြုစုလုပ်ကျွေးနေတဲ့ သမီးလိမ္မာတစ်ဦးအကြောင်းပါ။ ဒီသမီးငယ်ဟာ မိခင်ကို မငြိုမငြင်နဲ့ လိုလေသေးမရှိအောင် ပြုစုစောင့်ရှောက်ပေးပေမဲ့ မိခင်ဆီကပြန်ရတဲ့အရာက ချစ်ခြင်းမေတ္တာမဟုတ်ဘဲ အမုန်းတရားတွေ ဥပေက္ခာတွေသာ ဖြစ်နေတဲ့အခါမှာတော့ မေတ္တာငတ်လာခဲ့ရတဲ့ သူမခမျာ သူမနဲ့ထိုက်တန်တဲ့ ချစ်ခြင်းတွေ ပျော်‌ရွှင်မှုတွေကို ဒီတစ်သက် သူမ ရှာဖွေနိုင်ပါဦးမလား။ ဇာတ်လမ်းလေးငါးခုက ဇာတ်လမ်းတစ်ခုပြီးမှ နောက်တစ်ခုကိုပြတာမဟုတ်ဘဲ timeline တစ်ခုတည်းမှာပဲ တစ်ခုပြလိုက် နောက်တစ်ခုကိုပြလိုက်နဲ့ပြတာ ဆက်ပြသွားတာဖြစ်လို့ ဇာတ်လမ်းစစချင်းမှာ ဇာတ်ရည်မလည်သေးပေမဲ့ မိနစ် ၂၀ လောက်ကစလို့ စိတ်၀င်စားစရာကောင်းလာပြီး ဒီလူငါးယောက်ရဲ့ ဘ၀ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေရဲ့ သက်ရောက်မှုတွေ၊ အဆုံးသတ်တွေ၊ သူတို့ရဲ့နောက်ကြောင်းတွေကို သိချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး အဆုံးအထိ မထစတမ်းကြည့်ရှုဖြစ်သွားအောင် ဆွဲခေါ်ပေးသွားမှာပါ။ လက်တွေ့ဘ၀က အဖြစ်တွေအတိုင်း ထပ်တူကျအောင်ရိုက်ကူးထားပြီး သရုပ်ဆောင်ချက်တွေ ဒိုင်ယာလော့တွေကလည်း သိပ်ကိုအရည်အသွေး‌ကောင်းပြီး ၂၀၀‌၄ ခုနှစ်ရဲ့ လွမ်းဆွတ်ဖွယ်ရာ မြင်ကွင်းတွေကို သေချာပေါက် ခံစားကြည့်ရှုလိုက်ကြဖို့ အကြံပေးလိုက်ပါတယ်။ File size…(2.8 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

7 2004
Mind the Gap
Babumoshai Bandookbaaz
7.1

Babumoshai Bandookbaaz (2017) IMDb Rating -7/10 Google User – 86% Genre – Crime/Thriller ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။ သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။ “ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။ ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့ သဘာဝစစ်စစ်ကို အရသာလေးကိုခံစားကြည့်ကြရအောင်ပါ။ (အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းတာသတိပြုရပါမယ်။) ရုပ်ရှင်အညွန်းနဲ့ ဘာသာပြန်ကို Myin Thu နဲ့ Nyi Nyi Koe တို့မှတင်ဆက်ထားပါတယ်။

7.1 2017 122 mins
Babumoshai Bandookbaaz
Alice in the Cities
7.9

ဖီလစ်ဆိုတဲ့သူဟာ နယူးယောက်မြိုမှာ လေလွှင့်နေတဲ့ဂျာနယ်လစ်ပါ။ မြူးနစ်ကိုအပြန် အဲလစ်ဆိုတဲ့ကလေးမလေးရယ် သူ့အမေရယ်နဲ့ ဆုံတွေ့ခဲ့ပါတယ်။ သူ့အမေဟာ အဲလစ်ကို ဖီလစ်နဲ့ထားခဲ့တဲ့အချိန်မှာ ဖီလစ်ဟာ အဲလစ်ရဲ့အဘွားကိုရှာပုံတော်ဖွင့်ရပါတော့တယ်။ ၉နှစ်အရွယ်အဲလစ်လေးနဲ့ လေလွှင့်နေတဲ့ဂျာနယ်လစ် ဖီလစ်တို့အဲလစ်အဘွားကိုရှာတွေ့နိုင်ပါ့မလား? File size…(2.9 GB)/(2 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:53:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Inzali

7.9 1974 110 mins
Alice in the Cities
Killer Klowns from Outer Space
6.2

1988 က ထွက်ခဲ့တဲ့ Classic Horror ကားတစ်ကားဖြစ်တဲ့ Killer Klowns from outerspace ကိုတင်ဆက်ပေးလိုက်ပါတယ်။ သူ့ခေတ်သူ့အခါက အရမ်းနာမည်ကြီးခဲ့ပြီး နောက်ဆက်တွဲရုပ်ပြစာအုပ်တွေ ဂိမ်းတွေ ထုတ်ခဲ့တဲ့အထိပါပဲ။ နာမည်အတိုင်းပါပဲ အာကာသအပြင်က ဂြိုလ်သားလူပြက်တွေ ကမ္ဘာပေါ်ရောက်လာတာပါ။ Crescent Coveဆိုတဲ့မြို့ငယ်လေးမှာ မိုက်ခ်နဲ့ဒက်ဘီတို့အပါအဝင် လူငယ်တွေညဘက်သောက်စားပျော်ပါးနေကြတုန်း ကြယ်ကြွေကျလာတာကို မြင်လိုက်ရပါတယ်။ ဒက်ဘီနဲ့ မိုက်ခ်တို့သွားကြည့်တဲ့အခါ ကြယ်ကြွေတဲ့နေရာမှာ ဆပ်ကပ်တဲကြီးပဲရှိနေပြီး အထဲမှာ လူပြက်ပုံစံသတ္တဝါတွေနဲ့ လူသေအလောင်းတွေကိုတွေ့လိုက်ရပါတယ်။ မြို့ကရဲစခန်းကိုသွားပြောတော့လည်း မယုံပေမယ့် ရဲတစ်ယောက်ဖြစ်တဲ့ ဒက်ဘီရဲ့ ရည်းစားဟောင်း ဒေ့ဗ်က လိုက်ကြည့်မယ်ဆိုပြီး လာခဲ့ကြပေမယ့် နောက်ကျသွားခဲ့ပါပြီ။ ဆပ်ကပ်တဲကြီးလည်းမရှိပဲ လူပြက်သတ္တဝါတွေက မြို့ထဲမှာ သောင်းကျန်းလို့နေပါပြီ။ ဒါ့အပြင် ဒက်ဘီကပါအဖမ်းခံလိုက်ရတော့ မိုက်ခ်နဲ့ ဒေ့ဗ်တို့နှစ်ယောက် ဒက်ဘီနဲ့ မြို့ကိုကယ်တင်ဖို့ကြိုးစားပုံကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:28:00 Genre… C0medy, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by P Andrew

6.2 1988 86 mins
Killer Klowns from Outer Space
Door to Door
7.8

ဘေလ်ပေါ်တာဆိုတဲ့သူဟာ မွေးကတည်းက Cerebral Palsy ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် အများသူငါလိုပြောဆိုဆက်ဆံရာမှာ အခက်တွေ့ရသူ တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ ထူးဆန်းတဲ့ လမ်းလျှောက်ပုံ၊ စကားပြောဆိုပုံတွေကြောင့် ဉာဏ်ရည်မမီသူ၊ မသန်စွမ်း တစ်ယောက်အနေနဲ့ အများက သတ်မှတ်ခံရသူလည်း ဖြစ်ပါတယ်။ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်တဲ့ သူ့ဖခင်ရဲ့အကြောင်းတွေကို ငယ်စဉ်ကတည်းက နားရည်ဝနေခဲ့တော့ သူ့ရဲ့ အခြေအနေကို ဂရုမထားဘဲ အောင်မြင်တဲ့ Salesman တစ်ယောက်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားခဲ့ပါတယ်။ မိခင်ဖြစ်သူကလည်း ဘေလ်ပေါ်တာကို ဘဝမှာ တစ်ရက်မှ သိမ်ငယ်စိတ်မဝင်ရအောင် အားပေးခဲ့ပါတယ်။ အိမ်သုံးသန့်ရှင်းရေးပစ္စည်း နဲ့ ဟင်းခတ်အမွေးအကြိုင် ကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ ဝက်ကင်းစ်ကုမ္ပဏီမှာ အလုပ်ဝင်လုပ်ရရေးဟာ ဘေလ်ပေါ်တာရဲ့ အိမ်မက်တစ်ခု ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ စိတ်ရှည်သည်းခံမှု နဲ့ မဆုတ်မနစ်တဲ့ဇွဲလုံ့လတို့ကြောင့် ဘယ် အရောင်းသမားမှ မသွားချင်တဲ့ရပ်ကွက်တစ်ခုကို အပိုင်စားရခဲ့ပါတယ်။ သူ့ရဲ့ ပုံပန်းသဏ္ဍာန်နဲ့စကားပြောဆိုပုံကြောင့် အများကသနားစာနာစိတ်နဲ့ ပေးကမ်းကြပေမယ့် သူ့ရဲ့ အလုပ်အပေါ်ထားတဲ့ မာနက သူ့ကို ပေးကမ်းသမျှကို ငြင်းဆန်စေခဲ့ပါတယ်။ စကားပြောဆိုမှု၊ လှုပ်ရှားမှုအခက်အခဲတွေကို ကျော်လွှားပြီး အလုပ်သဘောသက်သက်နဲ့သာသူ့ရဲ့ပစ္စည်းတွေကို ကြော်ငြာရောင်းချနိုင်ခဲ့ပါတယ်။ သူ့ရဲ့ အရောင်းသမား ပါဝင်တဲ့ဟာသတွေကလည်း သူ့ကို လူအများ သဘောကျစေတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။ ဘဝမှာ သည်းခံမှုနဲ့ဇွဲလုံ့လတို့ကို သင်ပြပေးခဲ့တဲ့ အမေဖြစ်သူကလည်း အယ်ဇိုင်းမားရောဂါကြောင့် တစ်နေ့ထက်တစ်နေ့ မှတ်ဉာဏ်တွေ ဆုံးရှုံးလာခဲ့ပါတယ်။ သူ့အမေသေဆုံးပြီးတဲ့နောက်မှာ ကြုံတွေ့ရတဲ့ ဝမ်းနည်းကြေကွဲမှုတွေကို ကြံ့ကြံ့ခံပြီး နိမ့်ချီမြင့်ချီ ဘဝဇာတ်ခုံမှာ ကြိုးဆွဲရာကပြရတဲ့ ဘေလ်ပေါ်တာရဲ့ဘဝထဲကို ရှယ်လီဆိုတဲ့ အမျိုးသမီး ဝင်ရောက်လာခဲ့ပါတယ်။ ဘေလ်ပေါ်တာရဲ့ ဘဝဇာတ်ကြောင်းပေါ်က ပျော်ရွှင်မှု၊ ဝမ်းနည်းမှု၊ အားတက်မှု၊ စိတ်အားငယ်ရမှု၊ ဆွတ်ပျံ့မှု၊ ကြေကွဲမှု၊ ဆုံးရှုံးမှု၊ အောင်မြင်မှုအားလုံးကို လိုက်ပါစီးမျောခွင့်ရစေရန် CM ကနေ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် File Size : 1.7 GB, 840 MB Quality : WEB-DL 1080p / 720p Running Time : 1hr 30min Format : Mp4 Genre : Biography, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

7.8 2002 90 mins
Door to Door
Rich Flu
6.1

Rich Flu (2024) IMDb Rating (6.1) ရုပ်ရှင်ပွဲတော်မှာ ဆုတွေအများကြီးသိမ်းပိုက်ထား တဲ့ Rich Flu ဆိုတဲ့ ကားလေးဖြစ်ပါတယ်။ နာမည်အတိုင်းပဲ ပြောရရင် သူဌေးရောဂါပေါ့.. သူဌေးတွေကိုမှကူးစက်သေဆုံးစေနိုင်တဲ့ ရောဂါဗိုင်းရပ်စ်ပိုးတစ်ခုက ဘာစီလိုနာမြို့ရဲ့ သန်းချီသူဌေးတွေရှိရာ လေလံတင်ပွဲတစ်ခုမှာ စတင်ဖြစ်ပွားခဲ့တယ်.. ဘယ်ကစတင်လဲ ဘယ်လိုကြောင့်လဲဆိုတာမသိကြဘူး.. လော်ရယ်ပါးမားဆိုတဲ့ ဝန်ထမ်းဘဝကနေ လူချမ်းသာတစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ အိမ်ထောင်ကွဲ ဆင်ဂယ်မိခင်က ဒီရောဂါကြီးမစခင်မှာပဲ ရင်းနှီးမြှုပ်နှံမှုတွေကနေ ဒေါ်လာ သန်း ၉၀၀ ကြွယ်ဝချမ်းသာတဲ့ လူတစ်ယောက်ဖြစ်လာပြီး သမီးဖြစ်သူ အန်နာကို အုပ်ထိန်းခွင့်ရဖို့ ကြိုးစားနေသူပါ.. ဒါပေမဲ့ ဗိုင်းရပ်စ်ပိုးကြီးစတင်ချိန်မှာ ကိုယ်ကအရမ်းချမ်းသာလေ အမြန်ဆုံးသေဆုံးလေဆိုတာကို သိလိုက်ရပြီးတဲ့နောက်.. သူ့ရဲ့စည်းစိမ်တွေကို စွန့်လွှတ်စွန့်စားခန်းခရီးရှည်ကြီးထွက်ဖို့ဖြစ်လာပါတော့တယ်.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Cyberboy ဖြစ်ပါတယ်။) File size… (7 GB) / (1.9 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Sci-Fi, Thriller Duration….01:57:26 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Cyberboy

Drama • Thriller
6.1 2024 116 mins
Rich Flu
Yellow Sky
7.4

ပိတ်ရက်တွေမှာ Western movie ကောင်းကောင်းတစ်ခု ရှာနေတဲ့လူတွေအတွက် 1948 က ထွက်ထားတဲ့ Yellow Sky ဆိုတဲ့ Cowboy ဇာတ်လမ်းလေးတစ်ခုကို ညွှန်းချင်ပါတယ်။ မြန်မာက Horror ရုပ်ရှင် ပရိတ်သတ်တွေနဲ့ မစိမ်းလှတဲ့ The Omen ကားထဲက မင်းသားကြီး Gregory Peck ရဲ့ ဇာတ်ကားကောင်း တစ်ခုပါပဲ။ ဘဏ်ဓားပြတိုက်ပြီး ထွက်ပြေးလာတဲ့ လူအုပ်စုတစ်စုဟာ Yellow Sky ဆိုတဲ့ သဲကန္တာရထဲက မြို့ပျက်လေးတစ်ခုမှာ ခရီးပန်းပြီး သောင်တင်သွားပါတယ်။ မြို့လေးထဲမှာ လူသူဆိုလို့ မရှိကြတော့ပဲ အဘိုးကြီးနဲ့ သူ့ကိုပြုစုပေးနေတဲ့ ကျားကျားလျားလျား မြေးမလေး Mike ပဲ ရှိနေတော့တာပါ။ Mike ဟာ သဲကန္တာရကို ဖြတ်ကျော်လာတဲ့ ဓားပြအဖွဲ့ကို သနားပြီး ကယ်တင်ထားလိုက်မိပါတယ်။ ဘဏ်ဓားပြအဖွဲ့ကို ခေါင်းဆောင်လာတဲ့ Stretch နဲ့ သူ့အပေါင်းအပါတွေဟာ အဘိုးကြီးနဲ့ မြေးမလေးဆီမှာ ရွှေတွေအမြောက်အများ ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့နောက်မှာတော့… Western ရုပ်ရှင်တွေမှာ ပြလေ့ရှိတဲ့ အချစ်၊ အလွမ်း၊ အက်ရှင်ခန်းတွေကို ဒီ Yellow Sky ဆိုတဲ့ ကန္တာရမြို့ငယ်လေးထဲမှာ ဘာတွေ ဆက်ဖြစ်လာကြဦးမှာလဲဆိုတာ ရုပ်ရှင်ထဲမှာစီးမြောရင်း အဖြေရှာကြည့်သင့်တဲ့ IMDb 7.4 နဲ့Rotten Tomatoes 100 ရထားတဲ့ တခေတ်တခါက ကောင်းဘွိုင်ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… 2 GB / 1.5 GB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 38m Genre ….. Crime /Drama / Western Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Than Thit San

Mystery • Thriller
7.4 1948 98 mins
Yellow Sky
The Girl in the Pool
4.3

The Girl in the Pool (2025) IMDb Rating (4.3) / Rotten Tomatoes (36%) ရေကန်ထဲကမိန်းကလေးဆိုတဲ့ ဇာတ်လမ်းနာမည်အတိုင်းပါပဲ ရေကန်ထဲကမိန်းကလေးအလောင်းတစ်ခုကနေ စတဲ့ဇာတ်လမ်း။ ခင်ပွန်းဖြစ်သူရဲ့မွေးနေ့ပွဲကို စပရိုက်စ်ပါတီပေးဖို့ လုပ်နေကြတဲ့ ချမ်းသာတဲ့မိသားစုတစ်ခု။ ခင်ပွန်းဖြစ်သူက ရေကန်ထဲက မိန်းကလေးအလောင်းနဲ့ တိုင်ပတ်နေတဲ့အချိန်။ အဲဒီမိန်းကလေးကလည်း သူနဲ့ဖောက်ပြန်နေတဲ့ မိန်းကလေး။ မိသားစုမထိခိုက်ဖို့အရေး အလောင်းဖျောက်ဖို့ ကြိုးစားနေတဲ့အချိန် စပရိုက်စ်ပါတီကြောင့် တစ်အိမ်လုံးမှာ မိသားစုမိတ်ဆွေအသိုင်းအဝိုင်းတွေ ရောက်လာကြရာကစပြီး။ မိန်းကလေးက မတော်တဆကြောင့်သေတာလား? အသတ်ခံလိုက်ရတာလား? ဆိုတာ တဖြည်းဖြည်းရုပ်လုံးပေါ်လာမှာမို့ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.2 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:29:21 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Pyae Phyo

Drama
4.3 2025 89 mins
The Girl in the Pool