YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Brothers.Sun.S01E01.720p.WEB[CM].mp4

256.34 MB N/A video/mp4 630 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Hunt
8.1

The Hunt (2012) ဇာတ်ကားနာမည်အတိုင်း ကိုယ့်ရဲ့ဖြစ်ရပ်ဆိုးကြီးကကိုယ့်ကို လိုက်ခြောက်လန့်နေမယ့် ခံစားချက်ကိုရစေမယ့် Drama ကားလေးပါ။ ပိုဆိုးတာက ကိုယ် ကိုယ်တိုင်မလုပ်ထားတဲ့ လုပ်ရပ်အတွက် ပေးဆပ်ခံစားနေရရင် ပိုဆိုးပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်‌တွေ ပီပြင်စွာ လက်စွမ်းပြထားတဲ့ ဒီရုပ်ရှင်ဟာ ဆုတံဆိပ်တွေများစွာရထားပြီး စီးမျှောခံစားကြည့်လို့ကောင်းတဲ့ ဒိန်းမတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဥ်းကတော့ နယ်မြို့လေးတစ်မြို့မှာ ကလေးတွေနဲ့ဆို ခင်တတ်မင်တတ် ပျော်တတ်တဲ့ မူကြိုကျောင်းဆရာတစ်ယောက်ရှိပါတယ်။ အလုပ်ကိုလည်းကြိုးစားရင် သားဖြစ်သူရဲ့ အုပ်ထိန်းခွင့်ကိုလည်း ရ‌အောင်ကြိုးစားရင်း ရုန်းကန်နေရတဲ့ သာမန်ဘဝလေးတစ်ခုပေါ့။ တစ်နေ့ကျတော့ သူအလုပ်လုပ်တဲ့ မူကြိုက ကလေးမလေးတစ်ယောက်ဟာ ဒီဆရာဖြစ်သူက ကလေးမကို လိင်ပိုင်းဆိုင်ရာပြုကျင့်ကြောင်း ပြောဆိုတိုင်ကြားလာပါလေရော။ ဒီကိစ္စဟာ လူ့အသိုင်းအဝိုင်းမှာ မဖြစ်သင့်တဲ့ကိစ္စမို့ မိဘဆရာတွေကလည်း ထိထိရောက်ရောက်ဆောင်ရွက်၊ ကလေးတွေကြားမှာလည်း အချင်းချင်းပြောရင်းဆိုရင်းကနေ အမှုကပိုကြီးလာပါတယ်။ သို့ပေမဲ့ ဒီမူကြိုဆရာကတော့ သူလုပ်တာမဟုတ်ကြောင်း တတွင်တွင်ငြင်းဆိုရင်း လူအများရဲ့ ဒဏ်ခတ်မှုကို သည်းညည်းခံ ခါးစည်းခံနေရပါတယ်။ အဆုံးမှာ ဘယ်လိုဖြစ်သွားမလဲကတော့ စိတ်ဝင်စားစရာပါပဲ။ Dramaကားကောင်းကြိုက်သူတိုင်း ကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Themes ပါ။) File Size          : 1.3GB, 550MB, 330MB Quality            : 1080p Blu-ray AAC 5.1CH, 720p Blu-ray, 480p Format            : mp4 Duration         : 1hr 55mins Genre              : Drama Translated by Themes Encoded by Kinnov

Comedy • Drama
8.1 2012 116 mins
The Hunt
Wandering
7

ဒီကားရဲ့ဒါရိုက်တာ ကိုရီးယားနွယ်ဖွား Lee Sang-il။ သူ့ကား Unforgiven ( 2013 ) နဲ့ Rage ( 2016) တို့က အာရှရုပ်ရှင် ဂျပန်ရုပ်ရှင်ပရိသတ်တွေ တစ်ခုတ်တရထည့်ထည့်ပြောရတဲ့ထဲပါတတ်တော့ သူ့စကေးကိုက လျှော့တွက်လို့တော့မရဘူး။ ဒီကားဆိုလည်း ဇာတ်အိမ်က ရှားရှားပါးပါးဇာတ်အိမ်မျိုးလို့တောင် ပြောလို့ရတယ်။ တစ်သီးတစ်သန့်ပဲနေတတ်တဲ့ အပေါင်းအသင်းသိပ်မရှိတဲ့ လူငယ်လေးနဲ့ အိမ်ကထွက်ပြေးချင်နေတဲ့ ကလေးမပေါက်စနလေးတွေ့ကြတာကနေ သဘောကောင်းတဲ့ လူငယ်လေးက ကလေးမလေးကို ခေါ်ထားရင်း ကလေးတွေကိုမှ လိင်စိတ်တိမ်းညွတ်နေတဲ့လူလို့ စွပ်စွဲခံလိုက်ရပြီး အပြစ်ရှိတယ်လို့ပါ သတ်မှတ်ခံလိုက်ရတဲ့ ဇာတ်။ ဒါပေမဲ့ အဲဒီလူငယ်လေးက ကလေးမလေးကို ဘာမှမလုပ်ခဲ့သလို ကလေးမလေးကလည်း သူ့ကြောင့်ဖြစ်သွားတဲ့ အသိကြီးနဲ့ ရှင်သန်လာခဲ့ရတယ်။ ဒီလိုနဲ့ ကလေးမလေး အရွယ်ရောက်လာတဲ့အခါ သူတို့ပြန်တွေ့ကြရာကနေ ဇာတ်ကို ဆက်အသက်သွင်းထားတယ်။ အများအမြင်တော့ ကလေးမုဒိန်းကောင်နဲ့ သူ့နစ်နာသူကလေးမလေး ချစ်မိကြတယ်လိုလို ဖြစ်လာတဲ့အခါ သူတို့တွေ လူတွေရဲ့တိုက်ခိုက်မှုတွေကို သူတို့နည်းသူတို့ဟန်နဲ့ရင်ဆိုင်ကြရာက ဒီဇာတ်ဖြစ်လာတယ်။ ဒီကားရဲ့ ဇာတ်လိုက်က ၂၀၁၄တုန်းကထွက်ထားတဲ့ ကိုရီးယားကား monster ထဲက Lee Min Kiရဲ့ဇာတ်ကောင်နဲ့ တော်တော်တူတယ်။ တခြားပွိုင့်ကနေ အဲဒီကားကို ပြန်ပြထားသလိုလိုတောင် ဖြစ်နေတယ်။ ဒါပေမဲ့ ဒီထဲက ဇာတ်လိုက်ကတော့ လီမင်ကီကာရိုက်နဲ့ ဆန့်ကျင်ဘက် အရမ်းသနားတတ်တဲ့ကာရိုက်တာမျိုးအဖြစ် အသက်သွင်းထားတယ်။ စီနီမာတို ဂရပ်ဖီတွေလည်း အတိုင်းအတာတစ်ခုအထိ လှတာမို့ ဂျပန်ရုပ်ရှင်ပရိသတ်တွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း လက်ရှိဂျပန်ရဲ့ထိပ်တန်းဒါရိုက်တာတွေဖြစ်တဲ့ Hirokazu Koreeda ရဲ့Our Little Sister တို့ The Third Murderတို့ Shunji Iwaiရဲ့ Last Letter တို့လို ကားတွေမှာ အဓိကဇာတ်ကောင်အဖြစ် သရုပ်ဆောင်ဖူးတဲ့ Suzu Hiroseဆိုတော့ မကောင်းမှာတော့ စိတ်ပူစရာမလိုပါဘူး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ်။ Genre..... Drama, Mystery Quality…. 1080p | 720p | 480p File size… 1.4GB | 773MB | 402MB Format… mp4 Duration…. 2h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... W Encoder ..... Aaron

Action • Drama
7 2022 150 mins
Wandering
A Fairy Tale After All
6.3

IMDb Rating - 7.6/10 Musical/Family Friendly Genre ကိုနှစ်သက်တဲ့ ပရိတ်သတ်များအတွက်တော့ ကြည့်ရှူသင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ စကိုင်းနဲ့ ဘရတ်စ်တန်ဟာ ဖခင်ဖြစ်သူဆုံးပါးသွားပြီးနောက် အအရာရာပြောင်းလဲ သွားခဲ့တဲ့မောင်နှမနှစ်ယောက်ပေါ့။ အမြဲအလုပ်များနေတဲ့မိခင်ကို သားငယ် ဘရတ်စ်တန်က နားမလည်ပေးနိုင်သလို၊ အကြီးမလေးစကိုင်းခမျာလည်း ပြိုလဲနေ ပေမယ့်အကုန်အဆင်ပြေချင်ဟန်ဆောင်နေရတာပါ။ ဖခင်ဖြစ်သူပြောပြခဲ့တဲ့ နတ်သမီးပုံပြင်တွေကို သူသိပ်နှစ်ခြိုက်ခဲ့ပေမယ့် လက်တွေ့ဘဝက အဲဒီလိုဖြစ်မလာတဲ့ အခါ ပုံပြင်တွေကို မယုံကြည်တော့ပဲ ရှောင်ပြေးနေခဲ့ရာက နတ်သမီးပုံပြင်တစ်ခုထဲ သူကိုယ်တိုင်ရောက်သွားချိန်မှာတော့…. (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Myat Thu ဖြစ်ပါတယ်) File Size - (899 MB) / (439 MB) / (284 MB) Quality – WebRip 1080p / 720p/480p Duration - 1h 12mins Subtitle – Myanmar Hardsub Format – MP4 Genre : Adventure, Family, Fantasy Translator – May Myat Thu Encoder – SWM

Action • Drama
6.3 2022 72 mins
A Fairy Tale After All
Spoiler Alert
7.3

"အချစ်"ဆိုတာ ဘယ်လိုအရာမျိုးလဲ။ စွန့်လွှတ်အနစ်နာခံခြင်းလား၊ ရယူပိုင်ဆိုင်ခြင်းလား။ ယောကျာ်းလေး၊ မိန်းကလေး၊ အသက်ကြီးသူ၊ အသက်ငယ်သူ၊ လူဖြူ၊ လူမည်း မတူကွဲပြားတဲ့ပုံပန်း သဏ္ဌာန်တွေကြား "အချစ်"ကို အဓိပ္ပါယ်ဖွင့်ဆိုပုံခြင်းလည်း ကွဲပြားနိုင်ကြတယ်မဟုတ်လား။ မွေးထုတ်ပေးထားတဲ့ မိဘနဲ့တောင် စိတ်အခန့်မသင့်လို့ ရန်ဖြစ်စကားများတတ်ကြသေးတာ သွေးမတော်သားမစပ် သူစိမ်းတစ်ယောက်နဲ့ "အချစ်" တစ်ခုတည်း‌ကြောင့် နှစ်ရှည်လများအတူရှိနေဖို့ဆိုတာ ဖြစ်နိုင်ပါ့မလား။ တကယ်ချစ်တဲ့သူက "ဘဝရဲ့အခက်ခဲဆုံးအချိန်မှာတောင် ကိုယ့်ကိုစွန့်ခွာမသွားတဲ့သူ"တဲ့။ ဘဝရဲ့တကယ့်အခက်ခဲ အပင်ပန်းဆုံးဆိုတဲ့ အချိန်ဆိုတာမျိုးရောက်လာခဲ့ရင်ရော ကြီးကျယ်မြင့်မြတ်လှပါတယ်ဆိုတဲ့ အချစ်က စွန့်ခွာမသွားဘူးဆိုတာ သေချာနိုင်ပါ့မလား။ မသေချာ မရေရာတာတွေများတဲ့လောကကြီးထဲ ကံကောင်းထောက်မစွာနဲ့ Right person ကို ရှာတွေ့နိုင်ခဲ့မယ်ဆိုရင်တောင် Right time ဖြစ်ဖို့ အခွင့်အရေးရှိပါ့မလား။ စတဲ့မေးခွန်းတွေရဲ့အဖြေကို The Big Bang Theory ထဲက မင်းသားကြီး Jim Parsonက မိုက်ကယ်ဆိုတဲ့ လိင်တူချစ်မိသူအမျိုးသားအဖြစ် ဒီကားလေးထဲမှာ ဆွတ်ပျံကြည်နူးစရာ လွမ်းမောတမ်းတဖွယ်ရာ ပုံဖော်ပြထားပါတယ်။ ဒီကားလေးက ပရိသတ်ကြီးတို့ရဲ့"အချစ်"အပေါ်ရှုမြင်ပုံကို တစ်မျိုးတစ်မည်ပြောင်းလဲသွားစေနိုင်မှာလား။ ပရိသတ်ကြီးတို့ရဲ့ "အချစ်"အပေါ်ရှုမြင်ပုံခြင်းနဲ့ရော ထပ်တူကျပါ့မလားဆိုတာကို အဖြေရှာဖို့ ခံစားသက်ဝင်ကြည့်လိုက်ကြပါဦး‌နော်။ ဪ တစ်ခုလောက်ကြိုတင်သတိပေးချင်တာက ဒီကားလေးက ဖြစ်ရပ်မှန်ကို အခြေခံတဲ့ဝတ္တုကို ရိုက်ကူးထားတာမို့ တချို့‌ဝမ်းနည်းစရာဇာတ်ဝင်ခန်းတွေကို မကြည့်ခင် တစ်ရှူးလေးတော့ဆောင်ထားကြပါလို့။ File size…(1.23GB)  / (`981MB) / (479MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:35:00 Genre...  Comedy / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily Sue

7.3 2022 110 mins
Spoiler Alert
Valiyor Silar
9

ဒီနေ့မှာတော့ Channel Myanmar ရဲ့ အိန္ဒိယရုပ်ရှင်ချစ် ပရိတ်သတ်တွေအတွက် သွေးထွက်သံယိုတွေ မပါတဲ့ ရုပ်ရှင်ကောင်းတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေဗျာ။ မှုခင်းစုံထောက်ဇာတ်ကားအများစုရဲ့ အနှစ်က သဲလွန်စတွေနဲ့ ခေါင်းခဲစရာ မြုပ်ကွက်တွေပဲလေ ဟုတ်တယ်မလား။ ဒီရုပ်ရှင်ကလည်း ပုံမှန်ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ထဲမှာပဲ လူငယ်တစ်ယောက်နဲ့ ရဲတစ်ယောက်ကြားက ပဋိပက္ခကို သရုပ်ဖော်ထားတာပါ။ မိသားစု စီးပွားရေးမပြေလည်တဲ့ အာဂျွန်တို့မိသားစုက ညီမငယ်လေး ရမ်ယာလက်ထပ်ပွဲအတွက် အိမ်ကိုပေါင်ပြီး ပိုက်ဆံချေးလာတာပေါ့။ ဒါပေမယ့် အပြန်လမ်းမှာ စာရွက်စာတမ်းနဲ့ ကိုယ်ရေးအချက်အလက်တွေ မပါလို့ဆိုပြီး ရဲတွေက သံသယဝင်ပြီး ပါလာတဲ့ ပစ္စည်းတွေကို တစ်ညထိန်းသိမ်းထားလိုက်ပါတယ်။ နောက်နေ့မှ စာရွက်စာတမ်းပြပြီး ပစ္စည်းလာထုတ်ပေါ့။ ဒီတော့ နောက်နေ့ရဲစခန်းမှာ အာဂျွန်သွားယူတော့ သူပေးလိုက်တဲ့ ငွေ သိန်း ၂၀ အစား ၅ သိန်းပဲ ပြန်ရပါတော့တယ်။ ဒီတော့ ဒီငွေသာမရှိတော့ရင် ညီမလေးရဲ့ မင်္ဂလာပွဲပျက်မယ့်အရေးမို့ အာဂျွန်ခမျာ အရူးမီးဝိုင်းဖြစ်တော့တာပေါ့။ ဒီတော့ ငွေတွေကရော ဘယ်ကိုရောက်သွားတာလဲ။ အာဂျွန်ထင်သလိုပဲ ရဲတွေက ကြားကနေ တစ်ပတ်ရိုက်ပြီး အစဖျောက်ယူသွားတာလား။ အခြေအနေက ဘာပဲဖြစ်ဖြစ် ဒီပြဿနာကို ဖြေရှင်းရမယ့် အာဂျွန်တစ်ယောက် လုပ်မိလုပ်ရာတွေ လုပ်လိုက်ပါတော့တယ်။ မပြေလည်တဲ့ မိဘနှစ်ပါးကိုလည်း အကြောင်းရင်းစုံကို ပွင့်ပွင့်လင်းလင်း ထုတ်မပြောနိုင်။ ညီမလေးရဲ့ လက်ထပ်ပွဲကိုလည်းအပျက်ခံလို့မဖြစ်။ ဒီလို ရွေးစရာမရှိတဲ့ကြားထဲမှာ အာဂျွန်ဘယ်လိုမျိုး ထွက်ပေါက်ရှာမလဲ။ ဒါတွေကို ရိုးရှင်းတဲ့ဇာတ်အိမ်မှာ ညိမ့်ညိမ့်ညောင်းညောင်းဆွဲယူသွားမယ့် သဲလွန်စတွေနဲ့ အခုပဲ ကြည့်ရှူခံစားလိုက်ပါတော့ဗျာ။ File size…1.3Gb / 650MB Quality…1080p WEB DL AAC 5.1CH / 720p Format…mp4 Duration….1h 25m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM

Action • Comedy • Science Fiction
9 2021 75 mins
Valiyor Silar
Gyeong-ah’s Daughter (a.k.a) Mother and Daughter
7.4

Gyeong-ah’s Daughter (2022) အမေတစ်ခု သမီးတစ်ခု .. သားအမိနှစ်ယောက်ကြားက သံယောဇဉ်နဲ့ အေးမြတဲ့ မေတ္တာကို ဖော်ကျူးထားတဲ့ ဒရမ်မာဇာတ်လမ်းလေးပါ။ အားကိုးစရာဆိုလို့ သမီးတစ်ယောက်ပဲ ရှိတဲ့ မိခင်တစ်ယောက်က သူ့သမီးလေး သူ့ခြေပေါ်သူရပ်တည်ကာ အိမ်ကထွက်သွားပြီး အသက်မွေးဝမ်းကျောင်းပြုတဲ့အခါမှာတော့ အားကိုးရာမဲ့ဖြစ်သွားပြီး ဘဝကို အထီးကျန်စွာ ဖြတ်သန်းနေခဲ့ရပါတယ်။ သမီးဖြစ်သူကလည်း အလုပ်ထွက်လုပ်တယ်ဆိုပေမဲ့ သူ့ရဲ့ အဆက်ဟောင်းက ပေးတဲ့ ဝေဒနာတွေကြောင့် စိတ်သောက ရောက်နေရသူပါ။ တစ်နေ့မှာတော့ အမေဖြစ်သူဆီကို သူစိမ်းလူတစ်ယောက်က အရမ်းကိုတုပ်လှုပ်ဖွယ်ကောင်းတဲ့ မက်ဆေ့ဂျ်တစ်စောင်ပေးပို့လာတဲ့အခါမှာတော့ … သူစိမ်းလူက ပို့လိုက်တဲ့ မက်ဆေ့ဂျ်က ဘာဖြစ်မလဲ? ဂယောင်းအာနဲ့ ယွန်းဆူတို့ သားအမိနှစ်ယောက် ဘယ်လိုဖြစ်ရပ်တွေ ကြုံရမလဲ? သူတို့သားအမိနှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမလဲ? ဆိုတာကိုတော့ ကိုယ်တိုင်ပဲ ခံစားကြည့်ရှုလိုက်ကြပါဦး (ဝူယောင်းဝူကားထဲက နတ်သမီးလေး ချွဲဆူယွန်း (Ha Yoong-kyung) က အဓိကသရုပ်ဆောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။) File Size : 1.6GB, 563MB & 275MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 57mins Genre : Family, Drama Subtitle : Myanmar Subtitle(Hardsub) Translated by Win & Estel Encoded by Kinnov

Action • Adventure • Science Fiction
7.4 2022 118 mins
Gyeong-ah’s Daughter (a.k.a) Mother and Daughter
Accident Man: Hitman’s Holiday
5.8

Accident Man: Hitman’s Holiday (2022) 2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Action • Drama • War
5.8 2022 96 mins
Accident Man: Hitman’s Holiday
Never Back Down: No Surrender
6.3

Never Back Down ဇာတ်ကားတွေရဲ့ 2016 ကနောက်ဆုံးထွက်ထားတဲ့ ဇာတ်ကား‌လာပါပြီ။ 2008 နဲ့ 2011 တို့မှာထွက်ရှိခဲ့တဲ့ Never Back Down တွေရဲ့အဆက်ဖြစ်သလို R-rated လည်းဖြစ်ပြီး တိုက်ခိုက်ခန်းတွေလည်းပိုပြီးကောင်းလာတဲ့ ဇာတ်ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်းကတော့ MMA လက်ဝှေ့ချန်ပီယံဟောင်း ကေ့စ် ဝေါကာ ဟာ သူရဲ့သူငယ်ချင်း ဘရိုဒီ ဂျိမ်းစ်နဲ့ ရှုံးပွဲမရှိသေးတဲ့အပြင် အန္တရာယ်လည်းများတဲ့ ဆီဆာ ဘရာဂါတို့ရဲ့ ထိုင်းနိုင်ငံမှာ ထိုးသတ်မဲ့ပွဲစဉ်အတွက် လေ့ကျင့်ဖို့ဘန်ကောက်ကို လိုက်ပါလာခဲ့ပါတယ်။ ဒါပေမဲ့ ပြိုင်ပွဲစခါနီးတစ်ပတ်အလိုမှာ ဘရိုဒီက ခြေထောက်ဒဏ်ရာရသွားတဲ့ အတွက် ဘရိုဒီရဲ့အစား ကေ့စ်က ဝင်ထိုးပေးဖို့ဖြစ်လာတဲ့အခါမှာ ကေ့စ်တစ်ယောက် ဘယ်လိုဆက်ပြီးဖြေရှင်းမလဲ၊ သူနိုင်အောင်ရောထိုးနိုင်မှာလား၊ နောက်ကွယ်မှာရောဘယ်လိုအရှုပ်တော်ပုံတွေရှိနေမလဲဆိုတာကို အကြမ်းပတမ်းတိုက်ခိုက်ခန်းတွေနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…2.3 GB / 961.6 MB Quality…WEB-DL 1080p 5.1CH/ 720p Format…mp4 Duration….1h 41m Genre ….. Action , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

Drama • History • War
6.3 2016
Never Back Down: No Surrender
Two Tickets to Greece
6.1

ငယ်သူငယ်ချင်းနှစ်ယောက်ဖြစ်ကြတဲ့ ဘလန်ဒင်းနဲ့ မက်ဂလီတို့ အသက်တွေကြီးလာတော့ တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်တွေပြတ်ပြီးမတွေ့ခဲ့ကြတာနှစ်ချီသွားတာပေါ့၊ တနေ့တော့ ဘလန်ဒင်ရဲ့ သားဖြစ်သူ စီစဉ်ပေးမှုနဲ့ သူတို့ နှစ်ဦး ခရီးအတူထွက်ဖို့အကြောင်းဖန်လာသောအခါ၊ ကောင်းချင်ဇောနဲ့ စေတနာအမှားတွေလုပ်မိတဲ့ မက်ဂလီ ၊ တခုလေးမှ အမှားမခံနိုင်တဲ့ ဘလန်ဒင်တို့ နှစ်ယောက်ဆုံတော့ ကတောက်ကဆလေးတွေကို ပေါ့ပေါ့ပါးပါးရယ်စရာအဖြစ်ခံစားရမှာဖြစ်ပါတယ်။ လူတစ်ယောက်အကြောင်းသိချင်ရင် သူနဲ့အတူအခရီးထွက်ကြည့်ဆိုသလို နှစ်ယောက်ခရီးထွက်ရင်း အရင်နားလည်မှုလွဲခဲ့တာတွေ သူ့ဖက်ကိုယ့်ဖက်မပြောဖြစ်ခဲ့တဲ့ အမှန်တရားတို့ပေါက်ထွက်လာပြီး နှစ်ယောက်သားတို့ ရင်းနှီးမှုဆက်လက်ရှိနိုင်ပါမလား၊ ရပ်တန့်သွားမလား ဆိုတာ ဂရိရဲ့လှပတဲ့ရှုခင်းလေးတွေခံစားပြီးအဆုံးထိစောင့်ကြည့်လို့ကောင်းမယ့်ဇာတ်ကားလေးတစ်ကားပါ File size…(1.9 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:50:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia

Thriller • Crime • Drama
6.1 2022
Two Tickets to Greece
Creatura
6.8

Creatura (2023) ~ IMDb – 6.8/10, Rotten Tomatoes – 93% ~ “Creatura” ဆိုတဲ့ စကားလုံးက အင်္ဂလိပ်ဝေါဟာရ “Creature” သတ္တဝါ နဲ့ ဆင်တူပါတယ်။ ဒါပေမဲ့ ဒီစပိန်ဇာတ်ကား “Creatura” မှာတော့ ကလေးမငယ်လေးတစ်ယောက်ကို ရည်ညွှန်းထားပါတယ်။ ဒီဇာတ်ကားမှာ စပိန်နိုင်ငံက ရုပ်ရှင်သရုပ်ဆောင်ဆုပေါင်း ၈ ဆုရထားတဲ့ မင်းသမီးလည်းဖြစ် ဒါရိုက်တာရော ပရိုဂျူဆာပါဖြစ်တဲ့ Elena Martin ကိုယ်တိုင်ပဲ ဒါရိုက်တာအပြင် ဇာတ်ဆောင်မင်းသမီးအဖြစ်ပါဝင်ထားပါတယ်။ ဒါ့အပြင် ဒီ Creatura ဆိုတဲ့ ဇာတ်ကားအတွက် သီးခြားဆု ၂ ဆုအပြင် ဆန်ကာတင်စာရင်း ၂၇ ခုအထိ ပါအောင် စွမ်းဆောင်ထားနိုင်တာပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ မီလာဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ငယ်စဉ်အရွယ်ကလေးဘဝထဲက ကိုယ့်ကိုယ်ကိုယ်သတိမထားမိဘဲနဲ့ လိင်စိတ်ကြွနေတဲ့ကလေးမလေးတစ်ယောက်ပါ။ ဒါ့အပြင် သူ့မှာ “Hyper Active” ဆိုတဲ့ ဂဏာမငြိမ်တဲ့ရောဂါတစ်ခုလည်းရှိပါသေးတယ်။ ဒီလိုနဲ့ သူ့မိဘတွေက သူ့ကိုဂရုတစိုက်ပြုစုပျိုးထောင်ခဲ့ပေမဲ့လည်း တစ်ခါတစ်လေ စိတ်မထိန်းနိုင်တော့တဲ့အခါကျ အော်ဟစ်မိတာတွေရှိပါတယ်။ ဒီလိုနဲ့ မီလာလေးက ငယ်စဉ်ထဲက စိတ်ဒဏ်ရာရပြီး တစ်ခုခုဆို Sensitive ဖြစ် Emotional အဖြစ်လွယ်လာပါတယ်။ ဇာတ်လမ်းအစဖြစ်တဲ့ မီလာတစ်ယောက် အရွယ်ရောက်လို့ အိမ်ထောင်ကျတဲ့အမျိုးသားနဲ့ အိမ်ပြောင်းတဲ့အခါမှာလည်း ငယ်ငယ်ကပြဿနာတွေက အိမ်ထောင်ရေးသုခကိုမပြေလည် လင်မယားကြားဆက်ဆံရေးကို အနှောင့်အယှက်ဖြစ်လာတဲ့ ဆိုးရွားလာခဲ့ပါတယ်။ ဒီလိုနဲ့ သွေးသားဗီဇအရပါလာတဲ့ ပြဿနာတွေကြောင့် စိတ်သောကရောက်နေရတဲ့ မီလာက ငယ်စဉ်ဘဝတုန်းက အဖြစ်အပျက်တွေကို တဖြည်းဖြည်းနဲ့ပြန်သတိရလာပါတော့တယ်။ ဒီဇာတ်ကားထဲမှာဆိုရင် လူတစ်ယောက်ရဲ့ ငယ်စဉ်ဘဝကရတဲ့ Trauma ဟာ အသက်အရွယ်ကြီးရင့်လာတဲ့အထိ တော်ရုံလွယ်လွယ်နဲ့မပျောက်နိုင်ဘူးဆိုတာကို ရည်ညွှန်းပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းကြုံတွေ့ရတတ်တဲ့ လက်တွေ့လောကရဲ့ လောကဓံတွေကို အိမ်ထောင်တစ်ခုရဲ့ဇာတ်ကွက်ကနေ လက်တွေ့ကျအောင် ရိုက်ကူးထားတာဖြစ်တဲ့အတွက်လည်း လူတိုင်းစာနာခံစားပေးနိုင်မယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကြည့်ရှုအားပေးတဲ့သူများအားလုံးအတွက် ရသမျိုးစုံပေးစွမ်းနိုင်မယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်တယ်ဆိုတာကတော့ အသေအချာပါပဲ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 900MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 52Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Action • Crime • Fantasy
6.8 2023 110 mins
Creatura
Andragogy
8.2

Andragogy (2023) မျက်မှောက်ခေတ်မှာ မြင်ရတွေ့ရတဲ့ ပြဿနာတွေရဲ့ အရင်းအမြစ်တွေထဲတစ်ခုဖြစ်တဲ့ ဆိုရှယ်မီဒီယာတွေရဲ့ ဒုက္ခပေးပုံအဖုံဖုံကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ မြှောက်ထိုးပင့်ကော်လုပ်တတ်တဲ့ မီဒီယာတွေကြောင့် လက်တွေ့ဘဝမှာ ဘယ်လောက်ထိ ရိုက်ခတ်မှုကြီးမားသလဲဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်ရစေပြီး အင်ဒိုနီးရှားဇာတ်ကားဆိုပေမယ့် ဇာတ်အိမ်ခိုင်ခန့်မှုက တော်တော်ကို ကောင်းမွန်တဲ့အနေအထားမှာရှိပါတယ်။ ပညာရေးစနစ်၊ မိသားရေးရာ ပြဿနာ စတဲ့ အရာတွေကို ဇာတ်အိမ်လုံးတစ်ခုတည်းမှာ အကုန်လုံးကို စုပြုံထည့်ပြီး ပြသထားတယ်ဆိုပေမယ့် သူ့နေရာနဲ့သူ အစပ်အဟပ်တည့်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ သာမန်ပြဿနာလေးတစ်ခုကို လိုင်းပေါ်တင်လိုက်ရာကနေ ပြဿနာက တဖြည်းဖြည်းနဲ့ ကြီးလာခဲ့ပြီး ဖြေရှင်းဖို့ ကြိုးစားခဲ့ပါတယ်။ လိုင်းပေါ်က နာမည်တအားကြီးနေတဲ့ အုန်းသီးကိတ်ဆိုင်မှာ ဆရာမ ပရာနီက ဝယ်ယူရင်း ကြားဖြတ်ဝင်တဲ့သူနဲ့ ရန်ဖြစ်မိခဲ့တာပါ။ ဒါပေမဲ့ အော်ကြီးဟစ်ကျယ်ဖြစ်နေတာက ဆရာမ ပရာနီဖြစ်တဲ့အတွက် လိုင်းပေါ်က လူတွေဟာ ဆရာမ ပရာနီကိုပဲ အပြစ်တင်ကြပါတယ်။ ဒါကြောင့် ဆရာမ ပရာနီရဲ့ ပတ်ဝန်းကျင်မှာ ပြဿနာအမျိုးမျိုးကို ရင်ဆိုင်လာရပါတယ်။ အဲဒီအတွက် ဖြေရှင်းချက် ဗီဒီယိုတစ်ခုကို ပရာနီက ပြန်တင်ပြီး ဖြေရှင်းခဲ့ပေမယ့် တစ်ဖက်လူကလည်း ပြန်လည်ဖြေရှင်းခဲ့တာကြောင့် သံသရာက မဆုံးနိုင်ဘဲ တိုင်ပတ်နေပါတယ်။ အဲဒီလိုကနေ ပိုပိုဆိုးလာပြီး မပြီးနိုင် မစီးနိုင်ဖြစ်နေတာကြောင့် ဆရာမ ပရာနီရဲ့ တခြားကိုယ်ရေးကိုယ်တာကိစ္စတွေပါ လိုင်းပေါ် ရောက်လာပါတယ်။ ဘယ်လိုရှင်းရှင်း မပြီးနိုင်တော့တာကြောင့် နောက်ဆုံးမှာ ဆရာမ ပရာနီတစ်ယောက် ဘယ်လိုဖြေရှင်းမလဲဆိုတာကို ပဟေဠိဆန်ဆန် ကြည့်ရမယ့် ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khant Zaw Naing ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.4GB | 738MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khant Zaw Naing Encoder ….. Aaron

Comedy • Crime
8.2 2023
Andragogy
Serpent’s Path
7

Serpent’s Path (1998) IMDb Rating (7.0) / Rotten Tomatoes (81%) Japanese horrorတွေဟာ ဟော်ရာလောကကို လွှမ်းမိုးမှုကြီးခဲ့တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့ ငြင်းမရဘူး။ ဂျပန်ဟော်ရာတွေက ဆိုက်ကိုလိုဂျစ်ကယ်ဟော်ရာဘက်ကို အလေးပေးပြီး ဇာတ်ကောင်တွေရဲ့ စိတ်အားပြိုင်မှုကို အခြေတည်တည်ဆောက်တတ်တာများတယ်။ ၁၉၅၀ဝန်းကျင် ဂျပန်ရုပ်ရှင်လောကရဲ့ ဟော်ရာတွေမှာတော့ တစ္ဆေဇာတ်လမ်းတွေ , သဘာဝလွန်တွေ , ဂေါ်ဇီလာတို့လို ခိုင်ဂျူတွေ များခဲ့တယ်။ လက်ရှိခေတ်ရဲ့ Master of Horrorလို့ သတ်မှတ်ကြတဲ့ psychological horrorတွေချည်းရိုက်တဲ့ ခိရိုရှိကူရိုဆာဝါကတော့ သူ့ဟော်ရာတွေကို မတည်ငြိမ်တဲ့ နောက်ခံအခြေအနေတွေ အဖြေမပေးသွားတဲ့ အမေးတွေ , ဒီအခြေအနေဆီ တွန်းပို့လိုက်တဲ့ ဇာတ်ကောင်တွေရဲ့ စိတ်အနေတွေနဲ့ တည်ဆောက်တတ်တယ်။ တစ်ချို့ကတော့ ခိရိုရှိကူရိုဆာဝါဟာ ဟော်ရာကားရိုက်ဖို့ သူ့ပရိသတ်ကို ခြောက်ပြစရာမလိုတော့တဲ့ အနေကို ရောက်နေပြီလို့ ပြောကြတယ်။ ကျွန်တော်လည်း အဲဒီလိုပဲမြင်ပါတယ်။ Seperent’s Path (1998)နဲ့ Eyes of the Spider (1998)ကို ခိရိုရှိက သူ့ရဲ့နာမည်ကျော် Cureကို ရိုက်ပြီး နောက်နှစ်မှာ ရိုက်ခဲ့တယ်။ ထူးတာက ဒီ၂ကားမှာ အဓိကဇာတ်ကောင်က အတူတူပဲ။ ဇာတ်နောက်ခံအကြောင်းအရာလည်း အတူတူပဲ။ ဒါပေမဲ့ ဇာတ်လမ်းကတော့ လုံးဝကွဲပြားခဲ့တယ်။ ဒီလိုမျိုး အခြေခံတူတဲ့၂ကားကို တစ်နှစ်တည်း ထုတ်လိုက်တာက တော်တော်ထူးခြားသလို သတ္တိလည်းမသေးဘူးလို့ ပြောရမှာပဲ။ အဲဒီထက်ပိုသတ္တိကောင်းတာက ဒီနှစ်မှာ Seperent’s Pathကို ပြင်သစ်သရုပ်ဆောင်တွေပါ ထည့်သုံးပြီး ပြင်သစ်စကားပြောနဲ့ သူ့ကားကို သူ့ဘာသာသူပြန်ရိုက်ခဲ့တာပါပဲ။ မကြည့်ခင်ကတော့ သူ့မှာပြင်စရာတစ်ခုခုရှိလို့လို့ ထင်ခဲ့ပေမဲ့ တကယ်တမ်း ဒီဇာတ်၂ခုမှာ အသစ်မှာ ပိုရှင်းလင်းသွားတာကလွဲလို့ ဘာမှမပြောင်းလဲသွားဘူး။ ဒီပိုရှင်းလင်းသွားတဲ့အချက်ကိုလည်း ကျွန်တော်တော့ သိပ်သဘောကျလှတယ်မဟုတ်ဘူး။ သူ့ဟန်ပျက်ပါတယ်။ ဒါပေမဲ့ ခိရိုရှိအနေနဲ့ မရိုက်ဘဲပျောက်နေတဲ့နှစ်တွေရှိခဲ့သလို ဒီနှစ်မှာတော့ တစ်နှစ်တည်း သုံးကားတောင်ထွက်ဖို့ရှိတော့ ( Chimeနဲ့ အခုကားကတော့ ထွက်ပြီးပြီ) အပြစ်ပြောရလည်း ခက်ပါတယ်။ ဘာလို့ဆို ထွက်ပြီးတဲ့ ဒီကားနဲ့ Chimeကတော့ သာမန်လူတစ်ယောက်ကနေ မူမမှန်တဲ့အခြေအနေတစ်ခုကို ဘယ်လိုရွေ့သွားနိုင်လဲပြထားတဲ့ ကားတွေဖြစ်နေတော့ ဒီလိုပုံစံမျိုးကိုသူပြန်ရိုက်ကြည့်ချင်ခဲ့လို့လည်း ဖြစ်နိုင်တယ်။ 98ကားရဲ့ ကွဲပြားတဲ့ အသိရခက်ခြင်းအရသာကို ပေးစွမ်းနိုင်တဲ့ အဓိကအချက်တွေထဲ Sho Aikawaရဲ့ နိဂျိမဇာတ်ကောင်က တော်တော်လေး အေးစက်ပြီး အသိရခက်နေတာကြောင့်လည်း ပါလိမ့်မယ်။ ၂၀၂၄ကားမှာတော့ ဇာတ်ကောင်က ဒီလိုဇာတ်ကောင်အဖြစ်ကနေ ပိုပြီး သာမန်ဆန်တဲ့လူတစ်ယောက်အဖြစ်ကို လျောဆင်းသွားတယ်။ သူ့နောက်ပိုင်းကားတွေအရတော့ ခိရိုရှိကတော့ ဒါကိုလိုချင်တာဖြစ်နိုင်ပေမဲ့ ပရိသတ်အနေနဲ့ ကျွန်တော်တော့ မလိုချင်လှဘူး။ ပြောရရင် ၉၈ကားမှာတော့ ခိရိုရှိဟာ ဇာတ်ကောင်ရဲ့အသိရခက်မှုနဲ့ အေးစက်မှုကို အသုံးချသွားပေမဲ့ ၂၀၂၄ကားမှာတော့ ခိရိုရှိဟာ ဒီနှစ်တွေထဲ သူရိုက်ခဲ့တဲ့ပုံစံတွေအတိုင်း ဘာမှမထူးခြားတော့တဲ့ သာမန်လူတစ်ယောက်ကနေ ရွေ့သွားတဲ့ အရွေ့ကိုပဲ တင်ပြသွားတယ်။ ဆိုတော့ သူ့ဟော်ရာတွေဟာ ဟော်ရာအဖြစ်ရိုက်ပြထားတာမဟုတ်တဲ့ လောကကြီးက ဟော်ရာတွေကိုပဲ တင်ပြတဲ့ အဆင့်ကိုရောက်သွားတယ်လို့ မြင်တာပါပဲ။ နောက်ထွက်မယ့် Cloud (2024 )လည်း ဒီလိုပဲလာဦးမယ် ထင်ပါတယ်။ ဇာတ်အိမ်ကတော့ တော်တော်လေးကျဉ်းသလို အဖြစ်အပျက် ငါးခုထက်မပိုတာမို့ ကားအရသာမပျက်စေဘဲ ဇာတ်အိမ်ကို ပြောပြဖို့တော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ပြောနိုင်တာက psychological horror ဖန်ဆိုရင်တော့ ၉၈ကားကိုကြည့်သင့်ပြီး ခိရိုရှိကူရိုဆာဝါ ဖန်ဆိုရင်တော့ ၉၈ကားကြည့်ပြီးလည်း ၂၄ကားကို ဆက်ကြည့်သင့်ပါတယ်။ သူ့အရွေ့ကို ကျွန်တော်တို့ မြင်ရမှာပါပဲ။ တစ်ချက်ရှိတာက ၂၄ကားမှာ ဇာတ်ကောင်သာ ပိုသာမန်ဆန်သွားတာမဟုတ်ဘဲ Serpent’s Path ဆိုတဲ့ အဓိပ္ပာယ်ကိုပါ သူ့ဘာသာ အဓိပ္ပာယ်ပြန်ဖွင့်ပေးသွားခဲ့တယ်။ ၉၈ကားမှာတော့ မဖြေထားတဲ့အမေးတွေက များပေမဲ့ ခေါင်းစားနေစရာတော့ မလိုပါဘူး။ အနုပညာဖန်တီးမှုတွေတိုင်းက ဖန်တီးသူတည်ဆောက်ထားတဲ့ အပေါ်ယံမျက်နှာပြင်ကြောတွေပါပဲ။ သူ့အနက်ကို ခံစားသူက ကိုယ်ပိုင်နည်းလမ်းနဲ့ ကိုယ်သွားချင်သလို သွားခွင့်ရှိတဲ့ အရာတွေပါပဲ။ အငြင်းပွားစရာတော့ မရှိဘူး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.5 GB) / (760 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….01:25:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Wira Aung

Comedy • Crime
7 1998
Serpent’s Path
Battle for Sevastopol

IMDb 7.2 ရထားတဲ့ ၂၀၁၅ ထွက် ကားလေး တင်ပေးလိုက်ပါတယ်။ ဇာတ်လမ်းထဲက ဇာတ်ကောင်ကတော့ အပြင်မှာတကယ်ရှိခဲ့တဲ့ ယူကရိန်းသူ ဆိုဗီယက်စနိုက်ပါ တစ်ယောက်အကြောင်းပါပဲ။ ဒုတိယကမ္ဘာစစ်အတွင်း ထင်ရှားခဲ့တဲ့ အမျိုးသမီးသူရဲကောင်းတစ်ယောက်အကြောင်းပါ။ သူ့ကိုသမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အမျိုးသမီးစနိုက်ပါ အဖြစ်သိကြသလို World Deadliest Sniper ၁၀ ယောက်စာရင်းမှာ နံပါတ်သုံး ချိတ်ခဲ့တဲ့ တဦးတည်းသော အမျိုးသမီးစနိုက်ပါအဖြစ်လဲ သိကြပါတယ်။ ဇာတ်လမ်းအစမှာတော့ အိမ်ဖြူတော်မှာ ကျင်းပတဲ့ တွေ့ဆုံပွဲတစ်ခုမှာ လူဘယ်နှယောက်သတ်ခဲ့ပြီလဲ ဆိုတဲ့မေးခွန်းကို လူတွေကိုသတ်တာမဟုတ်ဘူး ဖက်ဆစ်တွေကို သတ်တာပါ ၃၀၉ ယောက်ရှိပါပြီ ဆိုတဲ့ အဖြေနဲ့ အားလုံးအံ့သြသွားစေခဲ့ပြီး သူ့ဘဝဇာတ်ကြောင်းကို စဖွင့်ပြခဲ့တာပါ။ စစ်ပွဲအတွင်းမှာ လူတွေသိန်းနဲ့ချီပြီး သေတာ မထူးဆန်းခဲ့ပေမယ့် မိန်းမငယ်လေးတစ်ယောက်က ရိုင်ဖယ်သေနတ်တစ်လက်နဲ့ လူ ၃၀၀ ကျော် သတ်နိုင်ခဲ့တာကိုတော့ အံသြဘနန်း ဖြစ်စေခဲ့တာ အမှန်ပါပဲ။ သမ္မတ ရူးစဗဲ့ကတော်နဲ့ ခင်မင်ခဲ့ပြီး သမ္မတကတော်ကြီးက ပြန်ပြောပြတဲ့ ပုံစံလေးနဲ့ ပြသသွားပါတယ်။ သူတို့လာရင်းရည်ရွယ်ချက်ဖြစ်တဲ့ ဒုတိယကမ္ဘာစစ်ကို အမေရိကန်ကလဲ စစ်မျက်နှာဖွင့်ပေးဖို့ တောင်းဆိုရာမှာ ဒါကို မလိုလားတဲ့လူတွေ အတွက် တွန်းအားဖြစ်စေမဲ့ နာမည်ကျော်စကားတစ်ခွန်းကို ပြောခဲ့ပုံလေးနဲ့ သူ့ဘ၀ အနိမ့်အမြင့် အခက်အခဲတွေနဲ့ သေလုနီးနီးအချိန်တွေ သူချစ်ရတဲ့ သူတွေအကြောင်းကို ပြသွားတာကို တွေ့ရမှာပါ။ တကယ်လဲ သမိုင်းမှာ သူပြောခဲ့တဲ့ ” ကျွန်မ အသက် ၂၅ နှစ်မှာ ဖက်ဆစ် ၃၀၉ ယောက် သုတ်သင်ခဲ့ပြီးပါပြီ။ လူကြီးမင်းတို့၊ ရှင်တို့တွေ ကျွန်မနောက်ကျောမှာ ပုန်းကွယ်နေခဲ့တာ အချိန်အတော်ကြာပြီလို့များ မတွေးမိကြဘူးလား” ဆိုတဲ့စကားဟာ အမှတ်တရဖြစ်ကျန်ခဲ့ပါပြီ။ သူ့ဘဝနဲ့အတူ နာမည်ကျော် ဆီဗာစတာပိုစစ်ပွဲကြီးရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ ခံစားကြည့်နိုင်ပါပြီ။ (Littleneo ဘာသာပြန်ပေးထားပါတယ်) File size…(2.5 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… War, Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

0 2015
Battle for Sevastopol
Girl Walks Into a Bar
5.6

Girl Walks Into a Bar (2011) **************************** ကြည့်ဖူးနေကျ ဇာတ်ကားတွေနဲ့မတူဘဲ တစ်မူကွဲထွက်နေတဲ့ 2011 ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားလေးတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်ဆိုရင် ဇာတ်ကားတွေမှာ အဓိကသရုပ်ဆောင်တွေက ၁ ယောက် ၂ ယောက်ပဲပါပေမဲ့ ဒီဇာတ်ကားမှာ တွေ့ရမဲ့ ဇာတ်ကောင်တိုင်းကတော့ သူ့ဘ၀နဲ့သူ သူ့ဇာတ်ကြောင်းနဲ့သူ အဓိကဇာတ်ဆောင်တွေဖြစ်နေကြတာပါပဲ။ ဇာတ်ကြောင်းဆိုပြီးတစ်ခုတည်း ခွဲထွက်နေတာမရှိသလို ဟိုရောက်ဒီရောက်နဲ့ ကြည့်ရမှာဆိုပေမဲ့ တစ်မူထူးခြားနေလို့ ရိုးရိုးတွေကို အီနေပြီဆိုရင် ဒီကောင်လေးက မဆိုးဘူးလို့ပြောရမှာပါပဲ။ ဇာတ်ကားနာမည်ကတော့ Girl Walk Into A Bar ဖြစ်ပြီး IMDb Rating 5.6 အထိ ရရှိထားပါတယ်။ဇာတ်ကားနာမည်အတိုင်း ကောင်မလေးတစ်ယောက် ဘားတစ်ခုထဲ ဝင်လာတာကနေ ဇာတ်လမ်းစထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ တစ်ယောက်ချင်းစီတိုင်းရဲ့ အကြောင်းအရာတွေကို ချိတ်ဆက်ပြသသွားမှာဖြစ်တာမို့ ဇာတ်လမ်းအကျဉ်းချုပ်ရယ်ဆိုပြီး မရှိတဲ့အတွက် ကိုယ်တိုင်ပဲကြည့်ရှုခံစားကြည့်လိုက်ဖို့ ညွှန်းပေးလိုက်ပါတယ်။ (အညွှန်းကို Saw Lay မှ ရေးသားထားပါတယ်) File size…1.36GB / 412MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 20m Genre ….. Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Saw Lay Encoded by AHtet

Drama • Romance
5.6 2011 80 mins
Girl Walks Into a Bar
A Normal Woman
4.9

A Normal Woman (2025) IMDb Rating (4.9) မီလာဟာ ဂူနာဝမ်မိသားစုဆိုတဲ့ ဒိတ်ဒိတ်ကြဲ လူချမ်းသာ မိသားစုရဲ့ချွေးမတစ်ယောက်ဖြစ်ပြီး တစ်အိမ်လုံးရဲ့အိမ်မှုကိစ္စတာဝန်တွေကိုအားလုံးယူထားရပါတယ်။ ယောက္ခမနဲ့ခင်ပွန်းဖြစ်သူအလိုကျ ထားရာနေစေရာသွားဘ၀မျိုးဖြစ်ပြီးသူ့မှာကိုယ်ပိုင်ဘ၀ရှိတာကိုတောင်မေ့လျော့နေခဲ့ရတဲ့အထိပါပဲ။ ယောက္ခမဖြစ်သူရဲ့မွေးနေ့ပွဲအတွက် ပြင်ဆင်ရင်းအလုပ်များနေဆဲ သူ့မျက်နှာမှာအင်ပြင်လိုအဖုအထစ်တွေနဲ့အရေပြားရောဂါတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်။ သူ့ကိုတတ်ကျွမ်းနားလည်သူတွေနဲ့အမျိုးမျိုးတိုင်ပင်ကုသပေမယ့် ဘာရောဂါမှမရှိဘူးဆိုတဲ့ အဖြေတစ်မျိုးတည်းသာထွက်သလို ရောဂါကလည်းဆိုးသထက်ဆိုးလာ သူ့အိမ်မက်ဆိုးတွေထဲမှာလည်း ဂရေစ့်ဆိုတဲ့ ကလေးမလေးတစ်ယောက်ကိုထပ်ကာတလဲလဲမြင်တွေ့လာချိန်မှာတော့… ဂရေစ့်က ဘယ်သူလဲ? သူလက်ရှိကြုံနေရတဲ့ ပြဿနာတွေနဲ့ဘယ်လိုအစပ်အဆက်တွေရှိလာမလဲ? ဖြစ်နေတာတွေရဲ့ မူလဇစ်မြစ်ကရော ဘယ်ကလဲ? အစရှိတာတွေကိုဆက်လက်ရှုစားရမှာဖြစ်ပါတယ်။ အင်ဒို Thriller/ Horror တွေထဲမှာစတိုင်တစ်မျိုးထူးထူးခြားခြားနဲ့မြင်တွေ့ရမယ့် ဇာတ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (1.5 GB) / (730 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama,Horror,Thriller Duration…. 01:51:10 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Alias

4.9 2025 110 mins
A Normal Woman