YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Bridge On The River Kwai [1957] {Blu-ray 1080P} (MM Sub).mkv

1.75 GB N/A video/x-matroska 5 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Vampire's Kiss
5.9

Vampire's Kiss (1988) ~ IMDb - 6.1/10, Rotten Tomatoes - 63% ~ မင်းသားကြီး Nicolas Cageရဲ့ အောင်မြင်စဉ်အချိန်က ရိုက်ကူးခဲ့တဲ့ Dark Comedy Horror type Vampire ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Nicolas ရဲ့ ထူးခြားဆန်းပြားတဲ့ ကြောင်တောင်တောင် Acting Skill တွေကို တစ်ဝကြီး ခံစားရမှာပါ။ ပီတာဆိုသူဟာ စာပေအေဂျင်စီတစ်ခုမှာ တစ်နေကုန်အလုပ်လုပ် ညဆို ကလပ်တက် ဆေးချ အရက်သောက် တစ်ညလုံးမတ်တပ်ရပ်တွေနဲ့ပဲ အလုပ်ရှုပ်နေတတ်သူ။ တဖြည်းဖြည်းနဲ့ စိတ်ကျရောဂါဝင်လာပြီး စိတ်ရောဂါကုဆရာဝန်နဲ့ ပုံမှန် ကုသမှုခံယူနေတယ်။ ကုသနေရင်းနဲ့ကို သူ့ရောဂါဟာ အခြေအနေဆိုးရွားလာတယ်။ တစ်ညတော့ ဂျက်ကီဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာဆုံပြီး အိမ်ခေါ်သွားခဲ့တယ်။ ချစ်ရည်လူးမလို့ အစပျိုးနေတုန်းမှာ ရုတ်တရက်သူ့အခန်းထဲကို လင်းနို့တစ်ကောင် ရောက်လာတယ်။ လင်းနို့ကို မောင်းထုတ်နေရင်း သူ့စိတ်ထဲမှာ ထူးခြားတဲ့ ခံစားချက်တစ်ခု ဖြစ်ပေါ်လာတယ်။ နောက်နေ့ ဂျက်ကီနဲ့ပဲ ပြတိုက်ကို အတူလျှောက်လည်ကြတော့ ပီတာဟာ ကောင်မလေးကို ပလစ်သွားခဲ့တယ်။ နောက်တော့ ရေချယ်ဆိုတဲ့ မိန်းကလေးနဲ့ ကလပ်မှာ ဆုံတယ်။ အိမ်ခေါ်သွားပြီး ပလူးကြတော့ ရေချယ်ဟာ ပီတာရဲ့ လည်ပင်းသွေးကို အငမ်းမရစုပ်ယူပါတော့တယ်။ နောက်နေ့မနက်မှာ ပီတာဟာ မနက်စာလေး ကော်ဖီလေးနဲ့ ရေချယ်ကို ဧည့်ခံနေပေမဲ့ ရေချယ်ဟာ ရှိမနေဘူး... ပီတာဟာ တကယ်ပဲ Vampire ရဲ့ သားကောင်ဖြစ်သွားတာလား... ထင်ယောင်ထင်မှား ဖြစ်တာပဲလား... ဆိုတာတော့ ကြည့်ရှုခံစား အဖြေထုတ်လိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.75GB, 835MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 31Min Genre - Horror, Mystery, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Comedy
5.9 1988 103 mins
Vampire's Kiss
Temptress Moon
6.7

Farewell My Concubine အပြီး Chen Kaige နဲ့ လတ်စလီချောင် ဂေါင်လီအတွဲ ပြန်ဆုံတဲ့ ရုပ်ရှင်ပေါ့။ သူလည်း ကိန်းမှာပြခဲ့ပြန်၊ Palme d'Or အတွက် ပြိုင်ခဲ့ပြန်တာပဲ။ ဒါပေမဲ့ ရတော့မရသွားခဲ့ပါဘူး။ ထပ်ပြီး တူတာက သူလည်း တရုတ်ပြည်မှာ ဘန်းခံထိထားတယ်။ မထူးခြားနားပါပဲ။ ပုရီနန်းစွန့်ပြီးနောက်ပိုင်း ၁၉၁၂မှာ ဇာတ်အိမ်စတယ်။ မင်းရိပ်မင်းရှိန်မကင်းတဲ့အိမ်တစ်အိမ်က ဘိုးဘေးနတ်ကွန်းထဲ အဲဒီအိမ်က ကလေးမလေးက ကစားရင်းဝင်လာလို့ အကုန်ပွက်လောရိုက်နေတာနဲ့ စဖွင့်ထားတယ်။ အဲဒီကလေးမလေးက ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီ။ တရုတ်မှူးမတ်အိမ်တော်ဆိုတော့ အဲဒီအိမ်ရိပ်လာခိုတဲ့ ဆွေရိပ်မျိုးရိပ်မကင်းတဲ့ ကလေး၂ယောက်ရှိတယ်။ တစ်ယောက်ကကျ လတ်စလီချောင်ရဲ့ ဇာတ်ကောင် ကျန်းလိန်။ သူက အဲဒီအိမ်က ဖန်းယုရီအစ်ကို ဖန်းအိမ်တော်က သခင်လေးရဲ့မိန်းမရဲ့မောင်။ နောက်တစ်ယောက်က ဖန်းအိမ်တော်နဲ့ ဆွေမျိုးနည်းနည်းဝေးတဲ့ ဖန်းယုရီရဲ့အစ်ကိုဝမ်းကွဲ သွမ့်ဝူ။ ဒီသုံးယောက်က ဖန်းအိမ်တော်နဲ့ပတ်သက်ပြီး ကြမ္မာမလှခဲ့သလို ဒီဇာတ်ရဲ့အဓိကဇာတ်ကောင်၃ယောက်လည်း ဟုတ်တယ်။ ဂေါင်လီရဲ့ဇာတ်ကောင် ဖန်းယုရီက သူတို့အိမ်တော်က လူကြီးတွေကျေးဇူးနဲ့ ငယ်ငယ်လေးကတည်း ဘိန်းစွဲနေသလို လတ်စလီချောင်ရဲ့ဇာတ်ကောင်ကလည်း ‌ဂေါင်လီရဲ့အစ်ကို ဘိန်းသမားကျေးဇူးနဲ့ စိတ်ဒဏ်ရာတော်တော်မသေးဘူး။ ဘိန်းသမားက ဘိန်းကြောင်ပြီး သူ့မိန်းမနဲ့ သူ့မိန်းမရဲ့မောင်ကို မောင်နှမချင်း အတင်းမဖွယ်ရာမရာပြုခိုင်းတဲ့ဒဏ်ကို လတ်စလီချောင်ရဲ့ဇာတ်ကောင်က ခံစားခဲ့ရတယ်။ သွမ့်ဝူကျ အမျိုးဆိုပေမဲ့ အမျိုးဝေးတော့ ကျွန်သပေါက်သာသာ နှိမ်တာခံခဲ့ရတယ်။ ဒီလိုနဲ့ လတ်စလီချောင်ရဲ့ဇာတ်ကောင်က သူ့ယောက်ဖဒဏ်မခံနိုင်တော့ဘဲ အိမ်ကနေ ပီကင်းကို စာသင်ဖို့ထွက်သွားခဲ့တယ်။ သို့ပေမဲ့ စာသင်တဲ့ဆီမရောက်လိုက်ပါဘူး။ လမ်းမှာ ပစ္စည်းတွေအလုခံရပြီး လူမိုက်ဂိုဏ်းဝင်ဖြစ်သွားခဲ့တယ်။ ဂေါင်လီကလည်း ဘိန်းစွဲနေလို့ စေ့စပ်ကြောင်းလမ်းထားတဲ့အိမ်ကနေ ဖျက်သိမ်းတာခံလိုက်ရတယ်။ ဒီလိုနဲ့ သူတို့အရွယ်ရောက်လာပြီး ဖန်းသခင်ကြီးသေသွားတဲ့အချိန်မှာ အစ်ကိုက ဘိန်းဒဏ်နဲ့ နာလန်မထူတော့လို့ ဂေါင်လီက အိမ်ရဲ့ အကြီးအကဲဖြစ်လာခဲ့တယ်။ ဒီအချိန် လတ်စလီချောင်က ပြန်လာပြီး ဖန်းအိမ်က စည်းစိမ်တွေကို အပိုင်သိမ်းဖို့ကြံတယ်။ ဒါပေမဲ့ ဂေါင်လီကို ချစ်မိသွားပြီး အထ,မမြောက်ခဲ့ဘူး။ ဂေါင်လီကလည်း လတ်စလီချောင်ကို ချစ်ပေမဲ့ လတ်စလီက ငယ်ငယ်က သူ့အစ်မနဲ့အတင်းမဖွယ်မရာအပြုခံခိုင်းခဲ့ရတဲ့ စိတ်ဒဏ်ရာနဲ့ဆိုတော့ ဘယ်မိန်းမကိုမှ တကယ်တမ်း မချစ်နိုင်ခဲ့ဘူး။ နောက် သူတို့တွေ အဲဒီအိမ်တော်ကြီးထဲ ဘာဆက်ဖြစ်ကြမလဲဆိုတဲ့ ဇာတ်မျိုးပေါ့။ ဇာတ်ကတော့ တော်တော်လေးရှင်းပေမဲ့ တစ်ခုခုလိုအပ်နေသလိုလို ခံစားရသလို Chen Kaige ဘာပြချင်တာလဲဆိုတဲ့ အချက်ကလည်း တော်တော်လည်းမရှင်းဘူး။ နာမည်ကျော် ဝေဖန်ရေးဆရာ ရော်ဂျာအတ်ဘတ်ကိုယ်တိုင်လည်း ဇာတ်က ဘာပြချင်တာလဲ သူလည်းမရှင်းပေမဲ့ ဇာတ်ဟာ ပုရီနန်းဆင်းပြီးနောက် တည်ထားတာဆိုတော့ ဒီဖြစ်ရပ်တွေအားလုံးဟာ အဲဒီကနေမှ မော်စီတုန်းသေတဲ့အထိကို Symbolism နဲ့ ပြထားသလားတော့မသိဘူးလို့ ပြောတယ်။ တကယ်လည်းဟုတ်လောက်တယ်။ ပြည်မက ဒီကားကို ဘန်းထားရတဲ့အကြောင်းရင်းတော့ ရှိတော့ရှိမှာပဲ။ ပုရီနန်းဆင်းပြီးနောက်ကနေ မော်စီတုန်းသေတဲ့ခေတ်အထိကို ကျမ်းကြေတဲ့လူတွေကတော့ ဒီဇာတ်ကို သဘောပေါက်ချင်ပေါက်မှာပဲ။ ဒီတိုင်းကြည့်ရင်တော့ Chen Kaige ရဲ့ဇာတ်ဟာ ရိုးရှင်းပေမဲ့ သူပြချင်တာတစ်ခုခုကို ဝှက်ထားသလို ကျွန်တော်တို့ ကျိန်းသေခံစားရမှာပါပဲ။ ပုရီနှောင်းပိုင်း တရုတ်ပြည်ရဲ့ အနောက်တိုင်းယဉ်ကျေးမှုစိမ့်ဝင်မှုတွေအကြောင်းလည်း တစ်စွန်းတစ်စပြသထားတယ်။ ဒါပေမဲ့လည်း ဒီဇာတ်ဟာ အပြနဲ့တင်တော်တော်ကြည့်ရတန်ပါတယ်။ တန်ဆို သူ့ စီနီမာတိုဂရပ်ဖာက ဝေါင်ကာဝေးအသည်းကျော် ဟောင်ကောင်ရဲ့နာမည်အကြီးဆုံး စီနီမာတိုဂရပ်ဖာတွေထဲကတစ်ယောက်ဖြစ်တဲ့ Christopher Doyle ကိုး။ ဂေါင်လီ၊ လတ်စလီချောင်၊ ခရစ္စတိုဖာဒွိုင်း... ဒါနဲ့တန်တော်တော်တန်ပါတယ်။ Temptress Moon ဟာ ဘယ်လိုကားလဲတော့ ဖော်ပြရခက်ပေမဲ့ သေချာတာတော့ လတ်စလီချောင်ရဲ့အသိရခက်တဲ့ဇာတ်ကောင်ရယ်၊ ဂေါင်လီရဲ့အလှရယ်၊ ဒွိုင်းရဲ့ စီနီမာရယ်ကတော့ ပရိသတ်ရင်ထဲ အရောက်လှမ်းနိုင်မှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.3GB, 950MB Quality - 1080p, 720p IMDb Rating - 6.7/10 Format - mp4 Duration - 2H 10Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action & Adventure • Crime • Drama
6.7 1996 130 mins
Temptress Moon
Stranger
2

ဒီဇာတ်လမ်းက Valentine's Day နဲ့တော့မဆိုင်ပေမဲ့ ရက်ကလည်းနီးပြီဆိုဝောာ့ အတွဲ‌တွေအတွက် အားတက်စရာ ပညာယူချင်စရာ ဇာတ်လမ်းတစ်ပုဒ်ပါ။ ဂျွန်နဲ့ရေဘက္ကာတို့က မကြာခင် လက်ထပ်ကြမယ့် အရမ်းချစ်ကြတဲ့ စုံတွဲလေးပါ။ တစ်နေ့တော့ သူတို့ဟာ ကိုယ်ပိုင်ဘ၀က အလုပ်အရှုပ်‌တွေကို ပစ်ထားခဲ့ပြီး တောအုပ်တစ်နေရာက အပန်းဖြေအိမ်လေးကို ချစ်ကြည်နူး တစ်တီတူးဖို့ ရောက်လာခဲ့ကြပါတယ်။ စရောက်တဲ့နေ့ကစလို့ မထင်မှတ်ထားတဲ့ ပတ်၀န်းကျင်က သူစိမ်းတစ်ယောက်ပြီး တစ်ယောက်ကြောင့် အခက်တွေ့မှုတွေ ကြုံရပေမယ့် ချစ်တာပဲ သိတဲ့ ရေဘက္ကာနဲ့ ဂျွန်ကတော့ အမှုမဲ့အမှတ်မဲ့ပဲ နေခဲ့ကြပါတယ်။ တကယ်တမ်း သူတို့မသိခဲ့ကြတာက သူတို့ စရောက်တဲ့အချိန်ကစပြီး သူတို့ကို စောင့်ကြည့်နေတဲ့ သူစိမ်းတစ်ယောက်က ဒီစုံတွဲနဲ့အတူ ဂိမ်းလေးတစ်ပွဲလောက် ကစားချင်နေတယ်ဆိုတာပါပဲ... (ဒီဇာတ်ကားနဲ့အညွှန်းကို Act Molemy မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 710MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 33Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Act Molemy Encoded by Y

Comedy • Drama
2 2022 80 mins
Stranger
The Wedding Veil Unveiled
7.3

~ IMDb rating - 7.3/10 ~ ဒီကားလေးကတော့ The Wedding Veil Trilogy ရဲ့ ဒုတိယမြောက်ကား The Wedding Veil Unveiled ပဲဖြစ်ပါတယ်။ ဒီဒုတိယကားမှာတော့ မင်္ဂလာမျက်နှာလွှားဇာလေးကို ရှာတွေ့ပြီး ဝယ်ယူခဲ့တဲ့ သူငယ်ချင်းသုံးယောက်ထဲကမှ Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံရမယ့် အချိန်ကို ရိုက်ကူးပြသထားတာဖြစ်ပါတယ်။ ဇာတ်လမ်းလေးကို အညွှန်းအတိုလေးနဲ့ ပြောပြရမယ်ဆိုရင်တော့... ဇာတ်လမ်းအစမှာ LDRS ဘဝကနေ ချစ်သူကနောက်ရည်းစားရသွားလို့ အသည်းကွဲသွားရတဲ့ Emma တစ်ယောက် အီတလီကို စာသင်ဖို့ထွက်လာရာက စထားပါတယ်။ သူအီတလီကို မထွက်ခင်မှာ သူတို့ရှာတွေ့ထားတဲ့ ဇာထည်လေးက အီတလီကဖြစ်တာကြောင့် Emma ဟာ ဒီဇာထည်ရဲ့ မူလဇာစ်မြစ်ကိုသိဖို့ သူနဲ့အတူယူသွားပါတော့တယ်။ ဒီတော့ Emmaတစ်ယောက် အီတလီမှာ စာသင်ရင်းတစ်ဖက် ဇာထည်ရဲ့ဇာစ်မြစ်ကို ရှာရာက ဇာထည်ရဲ့အကြောင်းအပြင် Paolo ဆိုတဲ့လူတစ်ယောက်နဲ့ အကြောင်းဖန်ပြီး တွေ့ဆုံရပါတော့တယ်။ သူတို့နှစ်ယောက်တွေ့ဆုံပြီး အရာအားလုံးတိုက်ဆိုင်ရာကနေ နှစ်ယောက်အတူ ဇာထည်ရဲ့ ဇာစ်မြစ်ကိုရှာဖွေရင်း အချစ်စစ်ကိုပါရှာတွေ့သွားကြပေမယ့် LDRS ကို ကြောက်ရွံ့နေတဲ့ Emma အဖို့ သမုဒ္ဒရာခြားနေတဲ့ လူနှစ်ယောက်ချစ်ဖို့ဆိုတာ အတွေးနဲ့တင် မလွယ်ကူလှခဲ့ပါဘူး။ ဒီလိုအချစ်ကားတွေဟာ အရမ်းညွှန်းပြစရာမရှိပေမယ့် ကြည့်နေရင်း လူကိုကြည်နူးစေမယ့်ခံစားချက်ကတော့ ရွှေလိုပဲပေါ့ ခင်ဗျာ။ ဒီတော့ ဒီကားရဲ့အဓိကဇာတ်ဆောင် Emma ရဲ့ အချစ်စစ်နဲ့ တွေ့ဆုံမှုအကြောင်းနဲ့ ဇာထည်ရဲ့ ဇာစ်မြစ်အကြောင်းတွေကို အီတလီရဲ့ အလှအပ၊ အီတလီရဲ့သမိုင်း ပုံပြင်တွေနဲ့အတူ လိုက်ပါကြည့်ရှုရင်း သိပ်လှပပြီး ကြည်နူးစရာကောင်းတဲ့ ချစ်ပုံပြင်လေးတစ်ပုဒ်ထဲရောက်နေမှာအသေအချာပါပဲ ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Little PC မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.42GB, 640MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 1H 24Min Genre - Romance Subtitle - Myanmar Subtitle (Hardsub) Translated by Little PC Encoded by Y

Horror • Thriller
7.3 2022 84 mins
The Wedding Veil Unveiled
36 China Town
5.8

အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားချောလေး ရှာဟစ်ကပူး..အရှေးခန်နားနဲ့ မင်းသမီး ကရီနားကပူးတို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး နာမည်ကြီးဟာသ သရုပ်ဆောင်ကြီးတွေဖြစ်ကြတဲ့ ဂျွန်နီလီဗာနဲ့ ပရေရှ်ရာဝလ်တို့အပြင် တခြားသော သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်... လောကမှာ ငွေမရှိရင် ဘာမှလုပ်လို့မရဘူး ငွေဟာဘုရားသခင်ပဲ ငွေရှိမှအရာအားလုံးပြည့်စုံတာဆိုတဲ့လူအတွက် ခုခံချေပမပြောချင်ပေမယ့် ဒီပိုက်ဆံဟာပဲ လူ့ဘဝသက်တမ်းတစ်လျှောက်လုံးကို စုတ်ပြတ်သပ်သွားအောင် လုပ်နိုင်တဲ့အပြင် လူ့အသက်ကိုပါ ရန်ရှာလာတဲ့ပုံကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်... ဇာတ်ကားအညွှန်းကိုပြောရမယ်ဆိုရင်... အရမ်းချမ်းသာတဲ့ ကာစီနိုပိုင်ရှင်မလေး ဆိုနီယားကိုမှီတည်ပြီးပြောရမှာပဲ... သူ့မှာ ၁နှစ်ခွဲအရွယ်ပဲရှိသေးတဲ့ သားလေးတစ်ယောက်ရှိပါတယ်..အမေတစ်ခု သားတစ်ခုမို့ သူ့သားလေးကို အသက်သမျှချစ်မြတ်နိုးပါတယ်... ဒါပေမဲ့ သူ့ရဲ့သားလေးပျောက်ဆုံးသွားတာ ရက်တော်တော်ကြာခဲ့ပါပြီ... တစ်ရက်တော့ သတင်းစာထဲမှာ ကြေညာထားတဲ့ သားဖြစ်သူကို ပြန်တွေ့ရင် ဆုတော်ငွေ ၂၅ သိန်းချီးမြှင့်မယ်ဆိုတဲ့သတင်းနဲ့အတူ သူ့သားကို ပြန်ရှာတွေ့တဲ့ အတွဲတစ်တွဲဟာ သားဖြစ်သူကိုပြန်ပေးဖို့အိမ်ကိုလာပါတော့မယ်... အဲ့ဒီနေ့ညမှာတင်ပဲ ဆိုနီယားအသတ်ခံလိုက်ရပါတယ်...။ အသတ်ခံရတဲ့ညအတွင်းမှာ သူမရဲ့နေအိမ်ထဲကို ကိုယ်ပိုင်အကြံအစည်တွေနဲ့ ဝင်ထွက်သွားလာခဲ့သူတွေ အများကြီးရှိနေခဲ့ပါတယ်...။ ကဲ..လူသတ်တရားခံဟာ ဘယ်သူဖြစ်မလဲ...။ ဒီကားရဲ့ဇာတ်လမ်းလေးက အတော်လေး စိတ်ဝင်စားဖို့ကောင်းသလို တစ်ကားလုံး ရင်ဖိုစေမယ့်အပြင် ပဟေဠိတွေကြားထဲက ဟာသလေးတွေလည်းပါတာမို့ ကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပေးလိုက်ပါတယ်နော်... File size…2.05GB  / 1GB Quality…1080p WEBRIP / 720p Format…mp4 Duration….2h 20m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Taylor

Action • Adventure • War
5.8 2006 140 mins
36 China Town
Ala Vaikunthapurramuloo
6.8

ရာမချန်ဒရန်ဆိုတဲ့ လူတစ်ယောက်ဟာ အလုပ်ကြိုးစားပြီး ရိုးသားတဲ့အတွက် အလုပ်ရှင်က သဘောကျပြီ း သူ့သမီးနဲ့ ပေးစားလိုက်တော့ စာရေးဘ၀ကနေ သူဌေးဘ၀ကို ရောက်သွားတယ်။ ဒီကိစ္စကို ရာမာချန်ဒရန်ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဗာလ်မီကီဆိုသူက မနာလို မရှုစိမ့်ဖြစ်ပြီး အခွင့်အရေး ပေးလာချိန်မှာ မိတ်ဆွေကို မကောင်းကြံဖို့ စီစဉ်တယ်... အခုမှ လူ့လောကထဲကို ရောက်လာတဲ့ ဘာမှမသိရှာသေးတဲ့ ကလေးနှစ်ယောက် လူစားလဲခြင်း ခံလိုက်ရတယ်။ ဒီကိစ္စကို အစအဆုံး သိတဲ့သူဆိုလို့ ဗာလ်မီကီနဲ့ ဆေးရုံက နပ်စ်မတစ်ယောက်သာ ရှိတယ်။ ဒီလိုနဲ့ ရာမချန်ဒရန်ရဲ့ သားအရင်းက ဗာလ်မီကီ့ဆီ ရောက်သွားပြီး ၊ ဗာလ်မီကီ့သားက ရာမချန်ဒရန်တို့အိမ်ကို ရောက်သွားတယ်။ ..... ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ပရိတ်သတ်တွေကိုယ်တိုင် ခံစားဖို့ ချန်ထားလိုက်ပါတော့မယ်။ အစအလယ်အဆုံး အကောင်းဆုံး ဘာသာပြန်ပေးထားသလို ကြည့်ပြီးသားသူတွေအတွက်လည်း သီချင်းလေးတွေကအစ သေချာလေး ဘာသာပြန်ပေးထားတာမို့ ခံစားကြည့်ကြပါဉီး....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Myint Thu ပဲဖြစ်ပါတယ်.... File Size : (1.25 GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:43:00 Genre : Action , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Myint Thu Encoded by Phyo Pyae

Comedy • Drama
6.8 2020 165 mins
Ala Vaikunthapurramuloo
Jurassic World: Fallen Kingdom
6.5

အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့Jurassic Park ဇာတ်လမ်းတွေရဲ့  ၅ ကားမြောက်ဖြစ်ပြီးတော့Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့်ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့်ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကိုကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက်သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင်ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်... အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက်အသိဉာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်... Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ... ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုးဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကိုခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်... ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇဝါတွေဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး... ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကိုနားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်.... File Size : 1 GB Quality : Blu-Ray 720p Running Time : 2hr 08min Format : Mkv Genre : Action, Adventure, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.BluRay.x264-SPARKS Translated by Hnin Kyi Thar Oo Encoded by Thanhtike Zaw

Drama • Romance
6.5 2018 129 mins
Jurassic World: Fallen Kingdom
Lamb
6.5

အသစ်ထွက်ရှိလာတဲ့ Horror/Fantasy အမျိုးအစား Lamb ဆိုတဲ့ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ သမားရိုးကျ Jump scare တွေ၊သွေးသံရဲရဲ ခုတ်ထစ်မှုတွေကို ရိုးအီလာပြီဖြစ်တဲ့သူတွေအနေနဲ့ ဒီဇာတ်ကားက ရသတစ်ခုပေးစွမ်းစေမှာပါ။ ဇာတ်လမ်းကိုတော့ Ingvar နဲ့ Maria လို့ခေါ်တဲ့ လင်မယားနှစ်ယောက်နဲ့စထားတယ်။ သူတို့ နှစ်ယောက်ဟာ ရေခဲတောင်ဒေသမှာ သိုးတွေကို မွေးမြူရင်း အတူနေထိုင်ကြပါတယ်။ သူတို့တွေက စိုက်ပျိုးမွေးမြူရေးကို လုပ်ကိုင်နေတဲ့ သာမန်စုံတွဲတစ်တွဲ... နိစ္စဓူ၀လုပ်ငန်းတွေကိုလုပ်ရင်း နှစ်ယောက်တည်း အထီးကျန်ဆန်တဲ့ဘ၀ကို နေထိုင်လျက်ပဲ ဒီလိုနဲ့ တစ်ရက် သူတို့လယ်ထဲမှာ သိုးလေးတစ်ကောင်ပေါက်လာတော့ သားသမီးရတနာမရှိတဲ့ လင်မယားဟာ ပေါက်လာတဲ့သိုးလေးကို သားသမီးသဖွယ် ထိန်းသိမ်းစောင့်ရှောက်ရင်း မိသားစုဘ၀ကို ထူထောင်ရင်း ပျော်ရွှင်နေ ကြတာပေါ့။ ဒါပေမဲ့ အပျော်တွေကကြာရှည်မခံပါဘူး Ingvar ရဲ့အစ်ကိုဖြစ်သူ Petur ဟာ သူတို့လင်မယားဆီ အလည်ရောက်လာတဲ့တစ်နေ့မှာ သူတို့ရဲ့မိသားစုဘ၀ဟာ အလှည့်အပြောင်းတွေစတင်ဖြစ်ပေါ်လာခဲ့တော့တယ်။ ဒီဇာတ်ကားဟာ ကြည့်ရင်းနဲ့ ဇာတ်လမ်းရဲ့သဘောသဘာ၀ကို ပြန်စဉ်းစားရမယ့်ရုပ်ရှင်မျိုးပါ . . . မွန်းကျပ်တဲ့ဇာတ်လမ်းသဘောနဲ့အတူ သိပ်လှတဲ့ သဘာ၀ရှုခင်းတွေကို တွဲမြင်ရမှာဖြစ်ပြီး ကွဲပြားတဲ့ရသကို ခံစားချင်တဲ့ သူတွေအဖို့တော့ ကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူကတော့ F&R Team မှဖြစ်ပါတယ်။) Quality – 1080p, 720p,360p WebRip Duration - 1h 46min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Horror, Mystery Source : 1080p.WebRip Translator – F&R Team Encoder – SWM

Crime • Drama • Sci-Fi & Fantasy
6.5 2021 106 mins
Lamb
Detective Dee and Plague of Chang’an
6

ထူးဆန်းထွေလာစုံထောက်ကြီးဒီးရဲ့မှုခင်းဇာတ်လမ်းပရိသတ်တွေအတွက် စုံထောက်ကြီးဒီးရဲ့ ချန်အန်မြို့တော်ကပ်ဘေးအမှုကြီးကိုတင်ဆက်ပေးလိုက်ပါတယ်။ ပန်းချီဆရာကြီးရဲ့နှစ်နှစ်ကြာအောင်ကြိုးစားအားထုတ်ထားတဲ့ လက်ရာမြောက်နံရံပန်းချီကားကို ဂုဏ်သရေရှိလူကြီးမင်းတွေလာကြည့်ကြတဲ့အချိန်မှာ ပန်းချီဆရာရဲ့လက်ထောက်လေးဟာ ထူးထူးဆန်းဆန်းသေနေတာကိုတွေ့လိုက်ကြရပါတယ်။ ငရဲဘုံအကြောင်းရေးထားတဲ့ကျမ်းထဲကအတိုင်း လူတွေဟာအဖြစ်ဆိုးနဲ့သေကြတဲ့အခါ ချန်အန်းမြို့တော်ကြီးမှာ ဒါဟာမကောင်းတဲ့သူတွေကိုကောင်းကင်ကြီးက ပြစ်ဒဏ်ခတ်ခြင်းပဲဆိုပြီး ကောလဟာလတွေပြန့်သွားပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုကိုလိုက်စုံစမ်းရင်းနဲ့ လူသတ်သမားထောင်ချောက်ဆင်တာကိုခံလိုက်ရပြီး တရားခံအဖြစ်နဲ့အဖမ်းခံလိုက်ရပါတယ်။ စုံထောက်ကြီးဒီးတစ်ယောက် အမှုမှန်ပေါ်အောင်ဘယ်လိုများလိုက်ရမလဲ…… ဆန်းကြယ်တဲ့လူသေမှုတွေရဲ့နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ချက်ကြီးရှိနေမလဲ……

Drama • Horror • Thriller
6 2021
Detective Dee and Plague of Chang’an
Strangeness (or) La Stranezza
6.9

Strangeness (or) La Stranezza (2022) ========================== IMDb Rating – 6.9/10 ဒီ အီတလီကားလေးကတော့ ၁၉၂၀ ဝန်းကျင် ပြဇာတ်ရေးဆရာ အဖြစ်နာမည်ကြီးပြီး စာပေနိုဘယ်ဆုဆွတ်ခူးနိုင်ခဲ့တဲ့ အီတလီက အနုပညာရှင် လူဝီဂျီပီရန်ဒယ်လိုကို ဇာတ်ကောင်အဖြစ် ရိုက်ကူး ထားတဲ့ အီတလီ ပြဇာတ် ဘဝသရုပ်ဖော် ဟာသဒရမ်မာလေးပါ။ ဟာသဆိုပေမဲ့ ဒီတိုင်းရယ်နေတာမျိုး မဟုတ်ပဲ အနီးစပ်ဆုံးပြော ရရင် ကိုတင့်တို့ ရပ်ကွက်ထဲမှာ ကာတွန်းလိုမျိုး လူအမျိုးမျိုး အလွဲလွဲအချော်ချော် ဖြစ်သလိုမျိုးလေးတွေပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆစ်စီလီမြို့မှာ သုဘရာဇာလုပ်ရင်း ပြဇာတ်ရေးဆရာလုပ်နေကြတဲ့ သူငယ်ချင်းနှစ်ယောက်ရှိတယ် ဘတ်စတီယာနိုနဲ့ အိုနိုဖရီယို ဆိုတာပေါ့။ သူတို့ရဲ့ ပထမဆုံး ပြဇာတ် ကို ပွဲထုတ်ဖို့ ပြင်နေတာလည်း ဖြစ်တယ်။ လူနှစ်ယောက်ရေးတာ ဆိုပေမဲ့ တစ်ယောက်တစ်မျိုးရယ်ပါ၊ တစ်ယောက်က ဟာသချတယ်၊ တစ်ယောက်က ဒရမ်မာချတယ် ဒါကို မရရအောင် ကကြမယ့်လူတွေ။ တစ်ရက်ကျ သူတို့မြို့ကို အထက်မှာ ရေးခဲ့သလို ဆရာကြီးဖြစ်တဲ့ လူဝီဂျီဆိုသူက သူ့နို့ထိန်း သေဆုံးသွားခဲ့လို့ ဒီနှစ်ယောက်နဲ့ မြေမြုပ် တဲ့အချိန် အုတ်ဂူမရတဲ့ပြဿနာကနေစပြီး သုံးယောက်သား မထင် မှတ်ထားတာတွေ ဖြစ်လာတဲ့အကြောင်းပါ။ ကြားထဲမှာ ဒီနှစ်ယောက်ရဲ့ ပြဇာတ်အဖွဲ့ကလူတွေရဲ့ ဘဝအကြောင်းကို ဟာသလေးတွေနဲ့ရောပြီး ပြဇာတ်တိုက် အခက်အခဲ လွဲချော်ပုံတွေ တင် ဆက်ထားတယ်။ ဒီနှစ်ယောက်ရဲ့ ကိုယ်စီပြဿနာလေးတွေကိုလည်း ပြသပေးထားတယ်။ သူတို့ ပွဲဦးထွက်အောင်မြင်မလား ဆရာကြီးကရော ဘယ်လိုနေရာက ပါဝင်သွားမလဲဆိုတာကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ပုံစံကတော့ ဆရာကြီးလူဝီဂျီရဲ့ နာမည်ကြီးပြဇာတ်ဖြစ်တဲ့ Six Characters In Search Of an Author ဆိုတာ ဒီနှစ်ယောက်ကြောင့် Inspire ရတဲ့စတိုင်မျိုးနဲ့ ရိုက်ထားတာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.3 GB) / (534 MB) / (337 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 43Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Thura Aung Encoder……….SWM

6.9 2022
Strangeness (or) La Stranezza
Season of the Witch
5.4

14 ရာစုနှစ်မှာ လူဖြစ်လာခဲ့ရင် အသက်ရှင်သန်ဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ကိုးကွယ်တဲ့ ဘာသာတွေ လွှမ်းမိုးမှု ရရှိနိုင်ဖို့ ဘာသာရေးစစ်ပွဲတွေ အပြိင်အဆိုင် ဆင်နွှဲကြတဲ့ ခေတ်ကာလ အမျိုးသမီးတွေဆိုရင် ဆေးကုတော်တာ ရေမနစ်တာ အဲဒီလိုအဖြစ်မျိုးတွေ ကြုံလာခဲ့ရင်တောင်မှ စုန်းမဖြစ်တယ်/ စုန်းပညာ တတ်စားတယ်ဆိုပြီး အထင်လွဲခံရတဲ့ ခေတ် စုန်းမ လို့ အထင်မှား ခံရတာနဲ့ ကြိုးပေးမယ်/ရေနှစ်သတ်မယ် ပြန်လည်ချေပခွင့်မရှိခဲ့ဘူး ဒီဇာတ်လမ်း ဖြစ်ပုံက Bhemen နဲ့ Felson ဆိုတဲ့ ဘာသာရေးစစ်သူရဲကောင်း ၂ယောက်ဟာ ရှေ့တန်းကနေ စစ်မတိုက်တော့ပဲ ပြန်လာခဲ့ကြတယ်။ သူတို့ အပြန်လမ်းမှာ မြို့တစ်မြို့ကို ရောက်တော့ လူတွေက ကပ်ရောဂါဘေးကြောင့် သေကြပျက်စီးစပြုနေကြပြီ ဒီလိုဖြစ်တာ ၃ နှစ် ကြာပြီဆိုတာလည်း စုံစမ်းသိရပြီးနောက် Bhemen နဲ့ Felson တို့ နှစ်ယောက် မြို့ကနေ ထွက်ဖို့ ပြင်ဆင်နေချိန်မှာပဲ မြို့စောင့်တပ်တွေရဲ့ ဖမ်းတာကို ခံလိုက်ရတယ်။ အဲဒီမြို့ရဲ့ ဘုန်းတော်ကြီးချုပ်က Bhemen နဲ့ Felson တို့ကို စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးတစ်ယောက်ကို Severac ဆိုတဲ့ ဘုန်းတော်ကြီးတွေရှိနေတဲ့ နေရာ ပို့ပေးဖို့ အပေးအယူလုပ်တယ်။ ဒါပေမယ့် Bhemen နဲ့ Felson တို့က ချက်ချင်း လက်မခံခဲ့ပါဘူး။ နောက်ဆုံးကြမှ စုန်းမလို့ စွပ်စွဲခံထားရတဲ့ မိန်းကလေးကို မျှမျှတတ တရားရင်ဆိုင်ခွင့်ပေးမယ်ဆိုတဲ့ Bhemen ရဲ့ တောင်းဆိုချက်ကို လက်ခံတော့မှ ခရီးထွက်ဖို့ ပြင်ကြတော့တယ်။ Severac ဆီ ပို့ဆောင်ခံရမယ့် မိန်းကလေးက တကယ်ပဲ စုန်းမလား အပြစ်မရှိပဲ စွပ်စွဲခံရတာလား လိုက်ပါပို့ဆောင်မယ့် ခရီးစဉ်မှာ Bhemen နဲ့ Felson တို့ အပြင် အခြား ဘယ်သူတွေရော လိုက်ကြမလဲ ဒီခရီးစဉ်တစ်လျှောက် အဆင်ပြေပြေ အဆုံးသတ်မလား ခရီးစဉ် အဆုံးမှာ ဘယ်လို အရာတွေကရော စောင့်နေမလဲ Bhemen နဲ့ Felson တို့ကရော ရှေ့တန်းစစ်တိုက်နေရာကနေ ဘာတွေဖြစ်ခဲ့လို့ ဒီလို အဖြစ်တွေကို လိုက်ပါ လုပ်ဆောင်နေရတာလဲ ဆိုတဲ့ အကြောင်းတွေကို အတွေးပေါင်းများစွာ နဲ့ Season of The Witch – 2011 ကို အဆုံးထိ ကြည့်ဖို့ တိုက်တွန်းပါရစေ။ Bhemen အဖြစ် သရုပ်ဆောင်ထားတာကတော့ ကျွန်တော်တို့ရဲ့ အချစ်တော် မင်းသားကြီး Nicholas Cage ပဲ ဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre…Adventure, Fantasy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Dream Walker

5.4 2011
Season of the Witch
To Kill a Stepfather

နစ်ကိုးလ်ရေးဟာ ကယ်လီဖိုးနီးယားက ထိပ်တန်းဥပဒေရုံးကြီးမှာ လုပ်ကိုင်နေတဲ့ အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပါတယ်၊ တစ်နေ့မှာတော့ သူမဟာ သူမရဲ့မွေးစားအဖေဖြစ်သူ လှေကားပေါ်ကနေ တွန်းချခံလိုက်ရပြီး သေဆုံးသွားတဲ့အပေါ် သူမရဲ့အမေဖြစ်သူကို လူသတ်မှုနဲ့ဖမ်းဆီးခံလိုက်ရတာကို သိလိုက်ရပြီးတဲ့နောက်မှာ သူမရဲ့အမေဘက်ကနေ ရှေ့နေလိုက်ပေးဖို့နှင့် ဘာဖြစ်ခဲ့လဲဆိုတာက စုံစမ်းဖို့ ပြန်လာခဲ့ပါတော့တယ်၊ ဒီလိုနဲ့ အမှုအတွက် စတင်စုံစမ်းတဲ့အခါမှာ အဖြစ်အပျက်တွေက သူမထင်သလို မရိုးရှင်းနေဘူးဆိုတာ သူမသိလာရပါတော့တယ်။ သူမရဲ့အမေက တစ်ကယ်ပဲ သူ့မရဲ့မွေးစားအဖေကို သတ်ခဲ့တာလား၊ အပြင်မှာရော တစ်ကယ့်လူသတ်သမားရှိနေတာလား၊ သူမအနေနဲ့ရော ဒီအမှုကို ဘယ်လိုဖြေရှင်းမလဲ၊ အမှန်တရားကိုရောရှာဖွေတွေ့ရှိနိုင်ပါ့မလား ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.5 GB)/(659 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Drama, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 2023
To Kill a Stepfather
Darah Perawan Bulan Madu
5.5

Darah Perawan Bulan Madu / Virgin Blood on Honeymoon (2007) ဒီတစ်ခါမှာတော့ အင်ဒို‌ သည်းထိတ်ရင်ဖိုဇာတ်လမ်း‌လေး လာပါပြီ။ စီးပွားရေးလောကမှာ ဒိတ်ဒိတ်ကြဲ‌တွေဖြစ်ကြတဲ့ ပူထရာနဲ့ အာမီရာတို့ လက်ထပ်လိုက်ကြပြီး ‌‌ ဟန်းနီးမွန်းကိုတော့ အနားယူဖို့အတွက် မြို့ပြနဲ့ဝေးရာ ခေါင်လီလှတဲ့ ပူထရာ့ကိုယ်ပိုင်ကျွန်းဆီ ထွက်လာခဲ့ကြပါတယ်။ ကြင်စဦးမောင်နှံ‌နှစ်ယောက် ချိုမြိန်စွာ အချိန်ကုန်ဆုံးဖို့ မျှော်လင့်ထားခဲ့ပေမဲ့ ပူထရာ့စံအိမ်မှာ ထူးဆန်းမှုအရိပ်အယောင်တွေ စတင်လာပါတော့တယ်။ သတို့သမီးအသစ်စက်စက်ကို အယောင်ပြခြောက်လှန့်နေတဲ့အရာက ဘာများဖြစ်မလဲ… စံအိမ်ပိုင်ရှင် ပူထရာကရော အာမီရာကို ဘာကြောင့် ကျွန်းပေါ်ခေါ်လာခဲ့သလဲဆိုတာ ကြည့်ရမှာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Su Myat ပဲ ဖြစ်ပါတယ်။ Genre….. Horror, Romance Quality…. 1080p | 720p File size… 1.3GB | 593MB Format… mp4 Duration…. 1h 27min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat Encoder ….. Aaron

5.5 2007 77 mins
Darah Perawan Bulan Madu
Harlot’s Prayer Tuhan, Izinkan Aku Berdosa
7.4

Harlot’s Prayer (2024) Original title: Tuhan, Izinkan Aku Berdosa IMDB Rating (7.4) ထိ ရရှိထားပြီး ဒါရိုက်တာ Hanung Bramantyo က ရိုက်ကူးတင်ဆက်ထားပါတယ်။ ကီရန်ဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ ကျောင်းသူလေးတစ်ယောက်ဖြစ်တယ်။ ဒါပေမဲ့ သူမရဲ့ဘာသာရေးအပေါ်အလေးအနက်ထားမှုကပဲ သူမဘဝကို တစ်ဆစ်ချိုးပြောင်းလဲစေခဲ့ပါတယ်။ ဘာသာရေးအရေခြုံပြီး နောက်ကွယ်မှာ မကောင်းမှုတွေကိုလုပ်နေတဲ့ ကြောင်သူတော်တွေကိုမြင်ပြီးနောက် ကီရန်တစ်ယောက် သူတို့ရဲ့မကောင်းသတင်းတွေကို‌ လူအများရှေ့မှာဖွင့်ချဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဒါပေမဲ့ ရွေးချယ်လိုက်တဲ့လမ်းက အရမ်းခက်ခဲကြမ်းတမ်းပြီး ကီရန့်အတွက် အသက်အန္တရာယ်ပါရှိလာပါတော့တယ်။ ရဲရင့်တဲ့ကီရန်လေး အများနဲ့တစ်ယောက်ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့ အင်ဒိုနီးရှားဘာသာရေးကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Khant Sett Naing ဖြစ်ပါတယ်။) File size…(1.7 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Thriller Duration….01:53:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Khant Sett Naing

7.4 2024
Harlot’s Prayer Tuhan, Izinkan Aku Berdosa
127 Hours
7.5

127 Hours (2010) IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။ အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။ လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။ အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ? ငါးရက်ကြာအောင် ချောက်ထဲမှာ ပိတ်မိနေတဲ့ အေရွန်တစ်ယောက် ၁၂၇ နာရီ ကြာပြီးတဲ့နောက်မှာ လွတ်မြောက်သွားတော့မှာလား? အသက်ရှင်သန်ဖို့ ကြိုးစားရုန်းကန်ခဲ့ရပုံတွေကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.9 GB) / (1.1 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Biography, Drama, Thriller Duration….01:34:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su Mon

Science Fiction • Thriller
7.5 2010 94 mins
127 Hours