YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Bridal Mask (2012).EP8.WEB-DL.720P(CM).mp4

470.51 MB 720p video/mp4 142 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Make Me Believe
6.5

Make Me Believe(2023) ********************* ရုပ်ရှင်မှာ အဆင့်အတန်းမနည်းလှတဲ့ တူရကီရုပ်ရှင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ တူရကီလို့ဆိုလိုက်တာနဲ့ ဥရောပ-အာရှ ကပြားတွေဖြစ်တာကြောင့် မင်းသားမင်းသမီးတွေ အရမ်းချောကြတာ အားလုံးအသိပါပဲ။ ဒီဇာတ်လမ်းမှာတော့ အချစ်အမုန်းဆက်ဆံရေးဒွန်တွဲနေတဲ့ လူငယ်လေးနှစ်ယောက်အကြောင်းကို ရှုခင်းလှလှနဲ့ Netflixရဲ့ သင်္ကေတဖြစ်တဲ့ အရောင်အသွေးစုံစုံနဲ့ ရှုစားရမှာပါ။ ဇာတ်ကြောင်းအနေနဲ့ကတော့ အဘွားချင်းသူငယ်ချင်းတွေဖြစ်ကြတဲ့ Sahraနဲ့ Denizတို့ဟာ အဘွားဖြစ်သူတို့ အပို့ကောင်းမှုနဲ့ နယ်ကိုပြန်လာပြီး ဆုံဖြစ်ကြပါတယ်။ ငယ်သူချင်းတွေလည်းဖြစ်ကြတဲ့ မြေးတွေကို ဖူးစာဆုံစေချင်လို့ အဘွားနှစ်ယောက်က ဇာတ်လမ်းထွင်ပြီ ခေါ်လိုက်ပေမဲ့ မြေးနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်လို့မရအောင်ကို မုန်းတီးနေကြပါတယ်။ အဘွားနှစ်ယောက်ကြံသမျှ အလွဲလွဲအချော်ချော်တွေဖြစ် ရုံးရောက်ဂတ်ရောက်နဲ့ မှန်ချက်နဲ့နှမ်းထွက်မကိုက်လှပါဘူး။ သူတို့ကြားမှာ ဘာရန်ငြိုးတွေရှိနေတာလဲ၊ အဘွားနှစ်ယောက် ဆန္ဒရှိတဲ့အတိုင်း ပြန်ပြေလည်ကြပါ့မလား၊ ဘယ်လို plot twistတွေလာမလဲဆိုတာ လှလှပပကြည့်ရှုခံစားရမှာပါ။ File Size :(1.4GB)& (680MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:44:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Thriller
6.5 2023 104 mins
Make Me Believe
Jumanji: Welcome to the Jungle
6.8

၁၉၉၅ လောက်ကတည်းက ပရိသတ်တွေ ရင်းနှီးခဲ့ပြီးသား Jumanji ဇာတ်လမ်းပြီးနောက် သီးခြားဇာတ်လမ်းတစ်ခုနဲ့ ထပ် ထွက်လာတာမို့ ရသအသစ်အဆန်းလေး ဖြစ်တဲ့အတွက် ပရိ သတ်တွေ သဘောကျကြမှာပါ။ဇာတ်လမ်းအဓိကအကြောင်းအရာကတော့ ဆယ်ကျော်သက်ကလေးလေးယောက် ဗီဒီယိုဂိမ်းကစားကာ ဂျူမန်းဂျိ ကမ္ဘာထဲရောက်သွားပြီး စွန့်စားခန်းမျိုးစုံ ဖြတ်ကျော်ရတဲ့ အကြောင်းလေး တင်ဆက်ထားတာ ဖြစ်ပါတယ်။ ၁၉၉၆ ကာလက အဲလက်စ် ဆိုတဲ့ ဆယ်ကျော်သက်ကောင် လေးဟာ ဂျူမန်းဂျိဂိမ်းဘုတ်ပြား လေးကို ကမ်းခြေနားက ကောက်ရ ခဲ့ပေမယ့် ဗီဒီယိုဂိမ်းတွေပဲ ကစား ဖြစ်နေတာမို့ ဂိမ်းမကစားဖြစ်ဘဲ သိမ်းထားခဲ့ပါတယ်။ ဒီလိုနဲ့ တစ် ညမှာ ဂျူမန်းဂျိဘုတ်ပြားထဲက ဂိမ်းတွေဟာ ဗီဒီယိုဂိမ်းအဖြစ် ပြောင်းသွားပြီး အဲလက်စ်က ဂိမ်း စက်ဖွင့်လိုက်ပြီးနောက်မှာတော့ သူပါပျောက်သွားခဲ့ပါတယ်။နှစ် ၂၀ လောက်ကြာခဲ့ပြီး နောက်မှာတော့ ဂျူမန်းဂျိဂိမ်းစက် က ပြန်ပေါ်လာခဲ့ပါတယ်။ စပန် ဆာ၊ ဘယ်သန်နီ၊ မာသာနဲ့ ဖရစ်ဂျ်ဆိုတဲ့ ဆယ်ကျော်သက် လေးယောက် အခန်းထဲက အရှုပ်တွေကို ရှင်းရင်းနဲ့ ဂျူမန်းဂျိဂိမ်းစက်ကို ရှာတွေ့ခဲ့တာပါ။ လက်ထဲရောက်လာတဲ့ အသစ်အဆန်းဆို စူးစမ်းချင်တဲ့ သူတို့တွေ ဂိမ်းစက်ကိုဖွင့်ဆော့ရင်း ဗီဒီယိုဂိမ်းထဲ ရောက်သွားပါတော့တယ်။ ဂိမ်းထဲမှာ အပြင်ကလူတွေ မဟုတ်တော့ဘဲ သူတို့ရွေးလိုက် တဲ့ ဇာတ်ကောင်အလိုက် ကိုယ် စားပြုဂိမ်းဇာတ်ကောင်တွေအဖြစ် ပြောင်းသွားပြီး လှုပ်ရှားရပါတော့တယ်။ Welcome to the Jungle ဆိုတဲ့အတိုင်းပဲ တောနက်ထဲကို ရောက်သွားကြတဲ့ သူတို့လေး ယောက် လမ်းခရီးတစ်လျှောက် စွန့်စားခန်းမျိုးစုံနဲ့ ကြုံခဲ့ကြရပြီး အန္တရာယ်ခရီးကြမ်းတွေကို တက် ညီလက်ညီ ကျော်ဖြတ်ခဲ့ကြရပါတယ်။ စပန်ဆာတို့အဖွဲ့တွေ ဂျူမန်းဂျိကမ္ဘာထဲက ဘယ်လိုတွေ ဖြတ်သန်းပြီးမှ လွတ်မြောက်နိုင်မှာလဲဆိုတာကို စွန့်စားခန်း၊ အက်ရှင်၊ ဟာသ၊ ရသမျိုးစုံခံစားရင်းဆက်ကြည့်ရအောင်လို့ ဖော်ပြလိုက်ပါတယ်။ ဒီဇာတ်ကားမှာ ဒွိန်းဂျွန်ဆင်၊ ဂျက်ဘလက်ခ်၊ ကယ်ရန်ဂျီလန်၊ ကီဗင်ဟက်၊ နစ်ခ်ဂျိုနက်စ်၊ ဘော့ဘီကန်နာဗေးလ်နဲ့ သရုပ်ဆောင်များစွာ ပါဝင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းကို 7Daily Website မှ ကူးယူဖော်ပြပါသည်) File size…(6.4 GB)/(1.9 GB) Quality….BluRay 4K HEVC/1080p Format…mkv/mp4 Duration….01:59:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by CM Team

Comedy • Drama
6.8 2017 119 mins
Jumanji: Welcome to the Jungle
What Dreams May Come
6.9

ကားအက်ဆီးဒန့်နဲ့ သေဆုံးသွားတဲ့ ခရစ်စီဟာ မထင်မှတ်ပဲ ကောင်းကင်ဘုံကိုရောက်လာခဲ့ပါတယ်။ ဒါပေမယ့် ခရစ်စီဟာ လိုချင်တာအားလုံးကို မျက်လုံးမှိတ်ပြီးစိတ်ကူးယဉ်လိုက်ရုံနဲ့ ဘယ်အရာမဆိုရနေတဲ့ကောင်းကင်ဘုံကနေ အသက်ရှင်လျက်ကျန်ခဲ့တဲ့ သူ့မိန်းမအန်နီ့ကိုပဲ လွမ်းဆွတ်တမ်းတနေခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သူ့မိန်းမကွယ်လွန်ပြီဆိုတဲ့သတင်းကို သိလိုက်ရတော့တယ်။ ဒါပေမယ့် ခရစ်စီလိုတော့ ကောင်းကင်ဘုံကို ရောက်မလာခဲ့ပါဘူး။ အထီးကျန်ပြီး စိတ်ဓာတ်ကျရောဂါခံစားနေခဲ့ရတဲ့ အန်နီတစ်ယောက် ကိုယ့်ကိုယ်ကိုသတ်သေခဲ့လို့ ငရဲမှာ ထာဝရနေထိုင်သွားရမှာဖြစ်တယ်။ ချစ်လှစွာသောမိန်းမကို လက်မလျော့တဲ့ခရစ်စီတစ်ယောက် ကောင်းကင်ဘုံကနေ ငရဲအထိ အန်နီ့ကိုလိုက်ရှာပါတော့တယ်။ မြင်မြင်ချင်းချစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရဲ့ တစ်ဘဝစာအမှတ်တရတွေ၊ချစ်ခြင်းမေတ္တာတွေက လမ်းခရီးတစ်လျောက် ခရစ်စီကို အန်နီရှိရာ ငရဲဆီကိုခေါ်ဆောင်သွားနိုင်မလား၊ ခရစ်စီတစ်ယောက် အန်နီ့ကို ကောင်းကင်ဘုံကိုခေါ်လာဖို့အစီစဉ်အောင်မြင်ပါ့မလားဆိုတာကို အကယ်ဒမီဆုရှင် ရော်ဘင် ဝိလီယျံရဲ့ ရင်ထဲရောက်တဲ့ သရုပ်ဆောင်ချက်တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ စိတ်မကောင်းစွာနဲ့ ခရစ်စီနေရာမှာသရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီးရော်ဘင် ဝီလီယျံဟာ 2014ခုနှစ် အသက်63နှစ်မှာ စိတ်ကျရောဂါကြောင့် နေအိမ်မှာပဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ခဲ့ပါတယ်။ What Dreams May Come ထဲမှာတော့ ခရစ်စီကို ချစ်ခြင်းမေတ္တာအပေါ် အကြွင်းမဲ့ယုံကြည်ပြီး မိသားစုနဲ့မိန်းမကို ဘယ်တော့မှလက်မလျော့တဲ့ ခေါင်းမာတဲ့ခင်ပွန်းကောင်းတစ်ယောက်အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ File size…(1.95GB) / (1GBB) / (497MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:23:00 Genre… Drama / Romance / Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Xiao

Thriller
6.9 1998
What Dreams May Come
12:46

လူငယ်လေးတစ်ယောက်ဖြစ်တဲ့ ရေးဟာ သူ့ရဲ့သီချင်းခွေထုတ်ဖို့အတွက် စတူဒီယိုကြေးပေးဖို့လိုတော့ မိတ်ဆွေဖြစ်သူ ဒရေဆီမှာ ကားမောင်းတဲ့ အလုပ်ကိုဝင်လုပ်ပေးပါတယ်…။ ဒရေဆိုတာ အဲ့ဒီနယ်ပယ်မှာ မူးယစ်လူမိုက်ဂိုဏ်းခေါင်းဆောင်၊ သူ့အပိုင်စားနယ်ပယ်ရဖို့ဆိုရင် လူသတ်ဖို့ဝန်မလေးသူပေါ့….။ ဒရေဟာ ပြိုင်ဘဏ်လူမိုက်ဂိုဏ်းကို တိုက်ခိုက်ရင်း၊ နယ်မြေလုရင်း ရန်သူတွေပိုပိုများလာတော့ ရေးဟာလည်း ဒီအလုပ်ကိုဆက်လုပ်သင့် မလုပ်သင့်စဥ်းစားလာရပါပြီ…။ ဘဝဆိုတာ လမ်းဆုံကြီးတစ်ခုလိုပဲ လမ်းတစ်ခုကိုတော့ရွေးချယ်ရောက်မှာ ဖြစ်ပြီး ရွေးမိတဲ့လမ်းက မှားမနေဖို့လည်းလိုပါတယ်…။ ရေးတစ်ယောက် ဘယ်လမ်းကိုရွေးချယ်သွားမလဲ… ရာဇဝတ်လမ်းကနေ လွတ်မြောက်နိုင်မလားဆိုတာတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုနိုင်ပါပြီ…။ File size…1.26GB / 478MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 10m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Myat Htet

0 2023 70 mins
12:46
Lone Survivor
7.5

Lone Survivor (2013) အချိန်က ၂၀၀၅ ဂျွန်လ။ အာဖဂန်နစ္စတန်မှာ တာလီဘန်အုပ်ချုပ်ရေး ၂၀၀၁ မှာပြိုပြီးတဲ့နောက် ပြန်လည်တည်ဆောက်ရေးလုပ်နေဆဲကာလပေါ့။ တာလီဘန်တွေက ကုန်သွားတာတော့မဟုတ်ဘူး။ အလ်ကိုင်ဒါနဲ့ မဟာမိတ်ဖွဲ့ထားတဲ့ နီယိုတာလီဘန်ဆန်ဆန် အဖွဲ့တွေကျန်သေးတယ်။ သူတို့ကိုလည်း တာလီဘန်လို့ပဲခေါ်တယ်။ အာဖဂန်မှာလည်း တာလီဘန်ဆန့်ကျင်တဲ့ပြည်သူတွေကျန်နေသေးတယ်။ အဲဒါကိုလည်း ဒီရုပ်ရှင်မှာမြင်ရမယ်။ အဲဒီ ၂၀၀၅ ခုနှစ်ရဲ့ အရေးအပါဆုံးစစ်ဆင်ရေးက‌ Red Wings တောင်ပံနီစစ်ဆင်ရေး။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးမှာ မကျဆုံးခဲ့တဲ့ SEAL တပ်သား Marcus Luttrell ရဲ့ Lone Survivor ဆိုတဲ့စာအုပ်ကိုမှီငြမ်းထားတယ်။ စာအုပ်အချက်အလက်တွေအပြင် တကယ့် စစ်ပွဲမှတ်တမ်းအထောက်အထားတွေကိုပါသုံးရိုက်ထားတဲ့အတွက် Realistic ဆန်တဲ့အပိုင်းမှာ ဝေဖန်ရေးဆရာတွေရဲ့ ချီးမွမ်းမှုကို အတော်လေးရခဲ့တယ်။ National Board of Review ရဲ့ ၂၀၁၃ ခုနှစ်အတွင်း အကောင်းဆုံးရုပ်ရှင် ၁၀ကားစာရင်းမှာပါခဲ့တယ်။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Peter Berg ကလည်း ၂၀၁၂ မှာ Mark Wahlberg နဲ့ Battleship ကိုရိုက်ပြီးခါစဆိုတော့ စစ်ကားအပိုင်းမှာ ဒါရိုက်တာကော မင်းသားပါ အရှိန်ရနေခဲ့တဲ့ကာလလို့ပြောရမယ်။ ဒီရုပ်ရှင်က တောင်ပံနီစစ်ဆင်ရေးရဲ့ တာဝန်က Ahmad Shah ဆိုတဲ့ တာလီဘန်ခေါင်းဆောင်ကိုရှင်းဖို့။ သူက တာလီဘန်အဖွဲ့တစ်ခုဖြစ်တဲ့ Hezb-e-Islami Gulbulddin (HIG) ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အာဖဂန်မှာ အမေရိကန်တပ်သားတွေကို ချုံခိုရှင်းခဲ့တာတင်မကဘဲ အမေရိကန်စစ်တပ်ကိုကူညီတဲ့ အာဖဂန်ရွာသားတွေကိုပါ ရှင်းတာကြောင့် သူ့ကိုအန္တရာယ်ကြီးရာဇဝတ်ကောင်အဖြစ်သတ်မှတ်ထားတယ်။ သူ့ကိုရှင်းထုတ်ဖို့ SEAL အဖွဲ့ဝင် ၄ ယောက်က တာဝန်ပေးခံရတယ်။ သူတို့ ၄ ယောက်က တောင်ပံနီစစ်ဆင်ရေးအတွက် တာဝန်ကျနေရာကိုရောက်ပြီး နေရာယူထားတဲ့အထိ အားလုံးကအဆင်ပြေနေသေးတယ်။ ဆိတ်ကျောင်းသားမြေးအဖိုးတွေ မရောက်လာခင်အထိပေါ့။ ဆိတ်ကျောင်းသားတွေကိုမိတဲ့အချိန် သူတို့အနေနဲ့ သတ်မလား…လွှတ်မလား… ရွေးရတော့တယ်။ ရှင်းလိုက်ရင် သူတို့နေရာမပေါက်ကြားတော့ဘူး။ တာဝန်ကိုဖြောင့်အောင်ဆက်လုပ်လို့ရတယ်။ ဒါပေမဲ့ အဲဒါကသူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းကို ချိုးဖောက်ရာရောက်သွားမယ်။ လွှတ်လိုက်ရင် သူတို့နေရာပေါက်ကြားပြီး တာလီဘန်အယောက် ၂၀၀ လောက်က သူတို့ကို အမဲလိုက်ဖျက်တာခံရမယ်။ ဘာရွေးခဲ့လဲ။ သူတို့စည်းမျဉ်းအတိုင်းပဲ လွှတ်ပေးခဲ့တယ်။ အကျိုးဆက်ကတော့ ရာနဲ့ချီတဲ့တာလီဘန်တွေကို ၄ ယောက်တည်းနဲ့ ခံတိုက်ရတာပဲ။ သာမန်အားဖြင့်ဆိုရင် SEAL တွေက ဒီလိုအခြေအနေတွေကိုကောင်းကောင်းတုံ့ပြန်နိုင်ဖို့ လေ့ကျင့်ပြီးသားပါ။ မြေပြန့်မှာဆိုရင်ပေါ့။ ဖြစ်ချင်တော့ သူတို့တိုက်ပွဲဖြစ်တဲ့နေရာက တောင်တွေအတော်ထူထပ်တဲ့ အာဖဂန် အရှေ့မြောက်ပိုင်းဖြစ်နေတယ်။ အဲဒီမှာ မြေပြင်အနေအထားအရ တာလီဘန်တွေအသာစီးရပြီး SEAL တွေအတော်ထိသွားတယ်။ တောင်ပေါ်ကပြုတ်ကျတာလည်းအကြိမ်ကြိမ်၊ ကျည်ဆန်မှန်တာလည်းအကြိမ်ကြိမ်နဲ့ပေါ့။ နောက်ဆုံးမှာ Marcus Luttrell တစ်ယောက်ပဲ အသက်ရှင်ခဲ့တဲ့အထိပဲ။ မစ်ရှင်ကတော့ မအောင်မြင်ခဲ့ဘူး။ ဒီရုပ်ရှင်က SEAL တွေရဲ့ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုတွေကို တမ်းတအောက်မေ့တဲ့အနေနဲ့ ရိုက်ခဲ့တာဖြစ်တယ်။ ရိုက်ကူးတုန်းကလည်း တကယ့် Navy SEAL တွေ စစ်ပြန်တွေက ရိုက်ကွင်းအကြံပေးတွေအနေနဲ့ပါခဲ့ကြတယ်။ လက်တွေ့ဘဝက Marcus Luttrell တောင်မှ cameo အနေနဲ့ပါခဲ့သေးတယ်။ တောင်ပေါ်က ပြုတ်ကျတဲ့အခန်းတွေဆိုရင်လည်း CGI နဲ့ရိုက်တာမဟုတ်ဘဲ Stunt double တွေနဲ့ အမှန်အကန်ရိုက်ခဲ့တယ်။ အရိုက်လွန်ပြီး Mark Wahlberg ရဲ့ စတန့်သမားတောင် တစ်ခန်းအပြီး ဆေးရုံတင်လိုက်ရသတဲ့။ အဓိကချီးကျူးစရာက အသံပိုင်းဖြစ်လိမ့်မယ်။ အဲဒါကြောင့်လည်း အသံပိုင်းမှာ Academy ဆု ဆန်ခါတင် ၂ ခုဝင်ခဲ့တယ်။ သရုပ်ဆောင်တွေအနေနဲ့လည်း Mark Wahlberg တို့ Taylor Kitsch တို့ Ben foster တို့လို ဆရာကြီးတွေပါ‌တဲ့အတွက် အပြစ်ပြောစရာမရှိဘူး။ ဖြစ်ရပ်မှန်စစ်ကားကောင်းကောင်းလေးမှကြိုက်တယ်ဆိုရင်တော့ ဒီရုပ်ရှင်ကို အကြိုက်တွေ့ပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Min Khant Bo မှ တင်ဆက်ထားပါတယ်။)

7.5 2013 121 mins
Lone Survivor
Troy
7.2

Troy (2004) ရုပ်ရှင်ခံစားမှု Troy ရုပ်ရှင်ဟု ဆိုလိုက်တာနှင့် ဂရိဘက်မှ မြင်းရုပ်ကြီးအား ထရိုဂျန်စစ်သားများက ကြိုးများဖြင့်ချည်နှောင်ကာ အီလီယွန်(Iliad)မြို့ထဲကို သယ်ဆောင်သွားတဲ့အကြောင်းတွေကို ကြားဖူးနားဝရှိကြပါလိမ့်မည်။ထင်ရှားကျော်ကြားသော စစ်ပွဲတွေအကြောင်း ညွှန်းဆိုပြောဆိုကြမည်ဆိုလျှင်လည်း ထရိုဂျန်စစ်ပွဲအကြောင်းကို ချန်ထား၍ ရမည်မထင်ပေ။ ကမ္ဘာ့အစောဆုံးဂန္တဝင် စာပေလက်ရာတစ်ခုအဖြစ် သမုတ်ထားကြသည့် ဂရိစာဆိုတော်ကြီးဟိုးမား၏ အိလီယက်နှင့် အိုဒက်ဆီ ကဗျာရှည်နှစ်ပုဒ်အနက် အီလီယက်ကဗျာမှာ ဂရိလူမျိုးတို့၏ ထရွိုင်မြို့အောင်ပွဲအကြောင်းကို ပြန်ပြောင်းဂုဏ်ပြုစိမ့်သောငှာ ဂုဏ်တင်ရေးဖွဲ့ထားသည့်ကဗျာရှည်တစ်ပုဒ်ဟု ပြောဆို၍ ရနိုင်ပါမည်။ ထရိုဂျန်စစ်ပွဲကို အောင်နိုင်ဖို့ရာအတွက်လည်း ဂရိနိုင်ငံနှင့် ထရွို င်မြို့နိုင်ငံတို့ ကိုးနှစ်ကျော်ကြာအောင် တိုက်ခိုက်ခဲ့ရသည်။လူသားတွေသာမကပဲ နတ်ဘုရားတွေကပါ ကူညီတိုက်ခိုက်ကြသည်။ စစ်ပွဲဖြစ်ပွားရပုံ ကနဦးအကြောင်းရင်းကို ဖောက်သည်ချရလျှင် ထရွိင်ဘုရင်သားတော်ငယ် ပဲရစ်က ဂရိဘုရင်ကြီးအက်ဂါမန်မနွင်၏ ညီ မက်နယ်လော့ မိဖုရား ဟယ်လင်အား ခိုးယူသွားပုံကနေ စတင်ခြင်းဖြစ်သည်။ထရွိုင်နိုင်ငံအား တိုက်ခိုက်အောင်မြင်ဖို့ရာအတွက် စစ်သူကြီး အာချိလိ ဖြစ်သူကပါ ဦးစီးတိုက်ခိုက်ရသည်။ထိုသို့ ဂရိနှင့်ထရွိုင်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြသော အကြောင်းကို ကဗျာရှည်အဖြစ် မှတ်တမ်းတင်ခဲ့ရာကနေ (အခြားသော သမိုင်းဆရာတွေကလည်း စစ်ပွဲနှင့်သက်ဆိုင်သော အကြောင်းအရာတွေ။အာချိလိ၏ အကြောင်းတွေကိုလည်း တစ်နည်းတစ်ဖုံဖြင့် ရေးသားခဲ့ကြသည် ။သို့ဖြစ်စေကာမူ ဟိုးမား၏ ကဗျာနှစ်ပုဒ်မှာ အအောင်မြင်ဆုံးဖြစ်ခဲ့သည်ဟု မှတ်ယူရပေမည်)နှောင်းလူတွေကနေ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းသယ်ဆောင်လာခဲ့ကြသည်။ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကလည်း ဇာတ်လမ်းဇာတ်ကွက်အမျိုးမျိုးဖြင့် ထရိုဂျန်စစ်ပွဲများအကြောင်းကို ရိုက်ကူးတင်ဆက်ခဲ့ကြသည်။ ထို့သို့ ထရိုဂျန်မြို့ပုံပြင်အား 2003 ခုနှစ်တွင် ဟောလိဝုဒ်ရုပ်ရှင်နယ်မြေကနေ ထပ်မံ၍ သရုပ်ဆောင် အကျော်အမော်များ|ကြီးကျယ်ခမ်းနားသော ဆက်တင်များဖြင့်ရိုက်ကူးထုတ်လုပ်ခဲ့ကြတော့သည်။ဘရက်ပစ် |အော်လန်ဒိုဘလွန်း စသည့် သရုပ်ဆောင်များပါဝင်သည်။သန်းပေါင်း၁၈၀ကျော် အကုန်ကျခံ ရိုက်ကူးသည်။လက်ရှိ အကုန်အကျအများဆုံး ရုပ်ရှင်ဇာတ်ကားများစာရင်းထဲတွင် မှတ်တမ်းဝင်ခဲ့သည်။ မူရင်းဇာတ်လမ်းတည်ဆောက်ပုံသည် သဘာဝကျသော ဖြစ်တည်မှုကို ကျော်လွန်၍ ရေးသားထားတာဖြစ်သော်လည်း ဒါရိုက်တာကြီး ဝုဖ်ဂန်းပီတာဆင်ကမူ လက်တွေ့ကျသည့် အနေအထားဆီကို ရောက်ရှိအောင် ပြန်လည်ဖန်တီးခဲ့သည်။ကနဦးဖွဲ့စည်းပုံအရဆိုလျှင် ယခုဇာတ်ကား၏ အဓိက ဇာတ်ဆောင်ဖြစ်သူ အာချိလိမှာ သာမန်လူသားတစ်ယောက်မဟုတ်ချေ ။နတ်ဘုရား ပီလိယပ်နှင့် ပင်လယ်စောင့်နတ်ဘုရားမ သီးထစ်တို့ကနေ မွေးဖွားသန့်စင်ထားသည့် စွမ်းအားတန်ခိုးရှင် တစ်ပါးဖြစ်၏။ထို့အတူ စစ်ပွဲတိုက်ခိုက်ရာတွင်လည်း ကောင်းကင်ပေါ်က နတ်ဘုရားတွေကပါ နှစ်ဘက်စလုံးကနေ ပါဝင်တိုက်ခိုက်ကြကြောင်း ရေးသားထားသော်လည်း ဒါရိုက်တာကြီးကမူ ထိုသို့သော အချက်အလက်တွေကို မျက်ကွယ်ပြုပြီး သာမန်လူသားတွေအဖြစ်သာ ယုတ္တိကျကျ ပြန်လည်ဖန်တီးခဲ့သလို ကိုးနှစ်ကျော်ကြာစစ်ပွဲအားလည်း ရက်သတ္တပတ်မျှသာ ကြာမြင့်သောကာလဆီကို ပြောင်းလဲပစ်ခဲ့ပါသည်။ထို့အတူ အာချိလိမှာလည်း တိုက်ရည်ခိုက်ရည်ပြည့်ဝသည့် စစ်သူရဲတစ်ဦးအဖြစ်သာ မြင်တွေ့ခဲ့ရကာ ဇာတ်သိမ်းပိုင်းတွေကိုလည်း အခြားကဗျာဆရာကျော်တစ်ဦးဖြစ်သည့် ဗစ်ဂျေးလ်၏ အီနီးယပ် လက်တင်ကဗျာရှည်က ဇာတ်ကွက်များဖြင့် ပြုပြင်ပေါင်းစပ်ခဲ့ကြ၏။ ဇာတ်လမ်းအကျဉ်းကို တင်ပြရပါမူ ဟယ်လင်နှင့်ပဲရစ်တို့၏ ချစ်ခြင်းကနေ နှစ်ပြည်ထောင်ခင်းကျင်းသော စစ်ပွဲကြီးတစ်ပွဲစတင်ခဲ့သည်ဟု ဆိုရပေမည်။ပဲရစ်၏အကိုတော် ဟက်တာအနေဖြင့် ညီခိုးယူလာသည့် မိန်းကလေးသည် ဂရိနိုင်ငံက ဘုရင်ကြီးခယ်မမှန်းမသိခဲ့ချေ ။သိရှိချိန်မှာမူ နောက်ကျခဲ့လေပြီ။ အာချိလိအမှူးပြုသော ဂရိအင်ပါယာတပ်မကြီးသည် ထရွိုင်မြို့နိုင်ငံအား သိမ်းပိုက်ဖို့ချီတက်ခဲ့တော့သည်။သို့ဖြစ်စေကာမူ ခံစစ်အားတောင့်တင်းလှသည့် အီလီယွန်မြို့အား သိမ်းပိုက်ဖို့မလွယ်လှချေ ။ ထို့နောက်တွင် စစ်သူရဲ အာချိလိနှင့် ထရွိုင်မြို့မှ မင်းသား ဟက်တာနှင့် ပဲရစ်တို့ အပြန်ပြန်အလှန်လှန် တိုက်ခိုက်ကြပုံအား ရှုစားရမှာဖြစ်ပါသည်။ ဒါရိုက်တာကြီး ပီတာဆင်အနေဖြင့် အာချိလိ ဇာတ်ရုပ်အား ပိုမိုရုပ်လုံးကြွစေရန်အတွက် သူရဲကောင်း ဇာတ်ရုပ်တိုင်း ပုံစံသေဖွဲ့စည်းလေ့ရှိသည့် ထီမထင်သူ။ရာထူးဂုဏ်သိမ်မမက်မောသူ။ပင်ကို ဖွဲ့စည်းပြီးသား စရိုက်ဖြစ်သည့် ဒေါသခက်ထန်သူတစ်ဦးအဖြစ် အာချိလိဇာတ်ရုပ်ရုပ်လုံးအား ပီပြင်စွာ တင်ဆက်ပေးနိုင်ခဲ့သလို သူနှင့် ဆန့်ကျင်ဘက် ရန်သူဖြစ်သွားရှာတဲ့ ပဲရစ် အကိုတော် ဟက်တာဇာတ်ရုပ်ကိုလည်း လက်ရုံးရည် နှလုံးရည်ပြည့်ဝသူတစ်ဦးအဖြစ်သာမကပဲ စစ်ထက်ငြိမ်းချမ်းရေးသာအလိုရှိသူ။အာဏာဂုဏ်သိမ်အား မမက်မောသူ။မိသားစုအပေါ်ဖခင်ကောင်းပီသရှာသူ။အနိုင်မရနိုင်မှန်းသိသော်လည်း သူရဲကောင်းပီသစွာ နောက်မဆုတ်ပဲ တိုက်ခိုက်သူတစ်ဦးအဖြစ် မင်းသားတော်ဟက်တာကိုလည်း လေးစားဂရုဏာသက်ဖွယ်ခံစားခဲ့ရသည့် စံပြဇာတ်ကောင်အသွင်ဖြင့် ပေါင်းစပ်ပေးနိုင်ခဲ့ပါသည်။ ရာဇဝင်များထဲမှာ အခိုင်အမာထည့်သွင်းထားသည့် နတ်ဘုရားအရှိန်အဝါသရုပ်ဖော်ပုံတွေကိုလည်း မှေးမှိန်ပစ်ရုံသာမက ထိုသို့ယုံကြည်မှု သည် အချည်းနှီးအမြင်သာဖြစ်ကြောင်း (ဆရာချစ်ဦးညို ၏ လင်္ကာဒီပချစ်သူ ဝတ္ထုလိုမျိုး) ကောင်းကင်ကအရာကို မြေကြီးပေါ် ပစ်ချပစ်ခဲ့သည်။အာချိလိ၏ အပိုလိုနတ်ဘုရားရုပ်တုဦးခေါင်းကို ဓါးဖြင့်ခုတ်ချလိုက်မှု ပုံရိပ်ဖြင့် ပြောင်းပြန်လှန်ပစ်လိုက်သည်။ထို့အတူ အာချိလိ၏ အားနည်းချက်တစ်ခုဖြစ်သော ခြေဖနောင့် နေရာကိုလည်း လူသားမှန်လျှင် ဒဏ်ရာသင့်ပါက သေဆုံးရမည်ဆိုသည့် မူလဖန်တီးမှု ကိုလည်း မသွေဖီသလို လက်တွေ့သရုပ်ကျမှု ဖြင့်လည်း အံဝင်ဂွင်ကျဖြစ်အောင် အကောင်းဆုံးပေါင်းစပ်ခဲ့သည်ကိုလည်း ရှု့မြင်ရပါမည်။ သူရဲကောင်းမှန်သူတိုက်ပါက စစ်ပွဲတိုင်း အောင်နိုင်သည် တရားသည်ဟု ဝါဒဖြန့်လေ့ရှိတဲ့ အမြင်ဆာလောင်မှု ကိုလည်း စစ်ပွဲ၏ကြောက်မက်ဖွယ် သွေးသံရဲရဲ ခြေပြတ်လက်ပြတ် သေဆုံးကြရမှုများဖြင့် အားကျဖွယ်ရာ မရှိကြောင်း ။စစ်ပွဲမှန်သမျှသည် နာကျင်ဆုတ်ယုတ်ဖွယ်ရာတွေကိုသာ ခံစားရတာဖြစ်ကြောင်းကို သေကျေနေကြသည့် အလောင်းကောင်တွေ ။ပြိုပျက်လောင်မြိုက်နေကြသည့် အဆောက်အဦမြင်ကွင်းများနှင့် သွေးပျက်ဖွယ်ခံစားမှု ဆီကို ပြောင်းလဲမြင်ယောင်မိမှာ သေချာပါသည်။ ဇာတ်လမ်းအဆုံးသတ်မှာ ပဲရစ်၏ မလျော်ကန်သော အထားအသိုမှားသော ချစ်ခြင်းမေတ္တာအတွက် အော့နှလုံးနာမိသလို အာချိလိနှင့် ဟက်တာတို့၏ ယုံကြည်ရာကောင်းကင်ပြာအောက်မှ တဖွဲဖွဲလွင့်ကြွေကျလာကြတဲ့ ကြက်သွေးရောင် မိုးစက်ပွင့်များ လွင့်ပါးသွားရာနောက်ကိုလည်း နာကျင်ကြေကွဲစွာဖြင့် ငေးရီနေမိခဲ့တာ သေချာသည်။ ထရွိုင်မြို့အောင်ပွဲဟာ ပြုသူရော ဖြစ်သူရော မှန်ကန်တဲ့ရလဒ်တွေကို ပိုက်ထွေးရရှိခဲ့တာ သေချာခဲ့ပါသလား ဆိုတာကိုတော့ ။ IMDb Rating 7.2/10 Rotten Tomatoes 54% (ရုပ်ရှင်အညွှန်းကို Nyi Linn Eain FB မှ ကူးယူဖော်ပြပါသည်။) 4K နဲ့ 1080p Quality ကို www.cmapp.tv မှာ member ဝင်ပြီး လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.2 2004 163 mins
Troy
The Town that Dreaded Sundown

ဒီဇာတ်ကားက The Town That Dreaded Sundown (1976) ကို အခြေပြုရိုက်ကူးထားတဲ့ကားဖြစ်ပြီး အဲဒီ ၁၉၇၆ တုန်းက ဇာတ်ကားကလည်း ၁၉၄၆ တုန်းက Moonlight Murders ဆိုတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်မှီငြိမ်းထားတာပါ။ ဖြစ်ရပ်မှန်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့မှာတော့ အခုချိန်ထိ ဇာတ်လမ်းထဲကအမှုတွေက အမှုအေးဖြစ်နေခဲ့ပြီး တစ္ဆေက ဘယ်သူမှန်း မဖော်ထုတ်နိုင်ခဲ့ဘူးလို့ဆိုပါတယ်။ ၁၉၄၆ နှစ်တုန်းက တက္ကဆက်-အာကန်ဆာနယ်စပ်က တက်ဆာကန်နာဆိုတဲ့ မြို့ငယ်လေးမှာ မျက်နှာဖုံးတပ် ကွင်းဆက်လူသတ်သမားတစ်ယောက် ပေါ်ထွက်ခဲ့ပါတယ်။ ချစ်သူလမ်းကြားမှာ သီးသန့်ရှိချင်ကြသူ ပျော်ပါးချင်တဲ့ လူငယ်စုံတွဲလေးတွေကိုပဲ ပစ်မှတ်ထား ရွေးသတ်ခဲ့တဲ့သူ့ကို တစ္ဆေလို့ ခေါ်တွင်ခဲ့ကြပြီး တစ္ဆေဘယ်သူလဲ၊ ဘာလို့သတ်တာလဲဆိုတဲ့ အကြောင်းရင်းမပေါ်ပေါက်ဘဲ တစ်နေ့မှာတော့ လူသတ်မှုတွေ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ နောက်ထပ် ၆၅ နှစ်အကြာ ၂၀၁၄ ခုနှစ်နှောင်းပိုင်းမှာလည်း တစ္ဆေက ရုတ်တရက် ထပ်မံပေါ်ပေါက်လာပြန်ရာမှာ ပထမဆုံး နစ်နာသူ ဖြစ်ခဲ့ရရှာတာကတော့ ဂျေမီနဲ့ သူ့ချစ်သူ ကော်ရီပါပဲ။ ချစ်သူနဲ့ အတူရှိနေချိန် မိမိမျက်စိရှေ့မှာပဲ ချစ်သူကို ဆုံးရှုံးလိုက်ရသူ ဂျေမီက အမှုမှန်ပေါ်အောင် လိုက်လံဖော်ထုတ်ရင်း တစ်စတစ်စနဲ့ မထင်ထားတဲ့ အမှန်တရားတွေကို သိလိုက်ရချိန်မှာတော့.. တစ္ဆေက ဘယ်သူလဲ၊ ဘာလို့သတ်တာလဲ၊ ဘာလို့ ၆၅ နှစ်အကြာမှ ထပ်ပေါ်လာတာလဲ၊ မြို့ငယ်လေးနဲ့ တစ္ဆေကြား ဘယ်လို လျှို့ဝှက်ချက်တွေရှိနေတာလဲ၊ ဂျေမီကရော တစ္ဆေလက်ထဲက လွတ်အောင်ပြေးနိုင်ပါ့မလား.. ဆိုတာကိုတော့ လိုက်ပါစီးမျော အဖြေရှာကြည့်လိုက်ကြပါဦး။ (ဘာသာပြန်သူအတွက်ကတော့ ထင်သမျှလွဲတဲ့ကားပါပဲ။ ကိုယ်က ဒီလူလို့ထင်လိုက် သေလိုက်၊ ဟိုလူလို့ထင်လိုက် သေလိုက်နဲ့ နောက်ဆုံး တရားခံပေါ်လာတော့မှပဲ မှန်းတာလည်း ရပ်သွားပါတော့တယ်။) (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်က Emily ပါ) File size…(1.1 GB)/(571MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2014
The Town that Dreaded Sundown
El Mariachi
6.8

ဘယ်လူမိုက်ကိုမှ အထာမထားဘဲ သမတတ်တဲ့ ဂီတာအိတ်ကြီးလွယ်ထားတဲ့သားသတ်သမား လူထွားကောင်ကြီး ဇာတ်လမ်းတွေကို ကြည့်ဖူးကြမှာပါ။ ဟုတ်ပါတယ်….အဲ့ဒီရုပ်ရှင်တွေကတော့… Mexico Trilogy ဆိုပြီး နာမည်ကျော်ကြားတဲ့ ဒါရိုက်တာ Robert Rodriguez ရဲ့ El Mariachi (1992), Desperado (1995), Once Upon a Time in Mexico (2003) ရုပ်ရှင် ၃ ကားပဲဖြစ်ပါတယ်။ ပထမဆုံးရုပ်ရှင် El Mariachi (1992)ဇာတ်ကားဆိုရင် ဘတ်ဂျတ် ဒေါ်လာ ၇၀၀၀ လောက်သာစရင်းပြီး ဒေါ်လာ ၂သန်းလောက်ထိပြန်လည်ရရှိခဲ့တာကြောင့် အားလုံးရဲ့ချီးကျူးမှုကိုရရှိခဲ့ပါတယ်။ ဒါရိုက်တာကြီး Quentin Tarantino က ဒီရုပ်ရှင်ကို ကြွေလွန်းလို့ ဒုတိယရုပ်ရှင် Desperado (1995) မှာ ကိုယ်တိုင်ပါဝင်သရုပ်ဆောင်ခဲ့ပြီး Trilogy ဖြစ်အောင် Once Upon a Time in Mexico (2003) ကိုပါဆက်ရိုက်ဖို့ မြှောက်ပေးခဲ့ပါတယ်။ ၃ ကားလုံးကို CM App နဲ့ Website https://www.channelmyanmar.to/?s=Mexico+Trilogy မှာ ကြည့်လို့ရပါတယ်။ ++++++++++++++++ El Mariachi (1992) IMDb Rating (6.8) / Rotten Tomatoes (91%) ဒီကားလေးက ဂစ်တာကိုင်လူသတ်သမား Trilogy ထဲက ပထမဆုံးကားလေးပါ ဒီကားထဲမှာတော့ သူ့ရဲ့အဖိုး အဖေတို့လို မက္ကဆီကန် ဂီတသမားလေးဖြစ်ချင်နေတဲ့ အဆိုတော်လေးတစ်ယောက်က အလုပ်အတည်တကျမရှိလို့ တမြို့ပြီး တမြို့အလုပ်ပတ်ရှာရာကနေ နောက်ဆုံး အုန်းသီးအလကားရတဲ့ မြို့ဆီရောက်တော့ သူ့အတွက် ကံကောင်းစေတဲ့မြို့ဆိုပြီး ကြည့်နူးနေခဲ့တာပါ……ဒါပေမဲ့ အဲဒီမြို့လေးက သူထင်ထားသလိုမဟုတ်ဘဲ အင်မတန်ဆိုးရွားလှတဲ့ ကျိန်စာကြီးတစ်ခုဖြစ်နေမှန်း သူသိလိုက်ရတဲ့အချိန်မှာတော့ ဘယ်လိုရုန်းထွက်မလဲ ဘယ်လိုအသက်ဆက်မလဲဆိုတာ ကြည့်ရှုရမဲ့ကားလေးတစ်ကားဖြစ်ပါတယ်….. အဲဒီခေတ်တုန်းကတော့ ဘတ်ဂျတ်ဒေါ်လာ ၇၀၀၀ရင်းပြီး ဒေါ်လာ ၂သန်းထိပြန်ရခဲ့တဲ့ကားလေးဖြစ်တာမို့ ကြည့်ရှုခံစားကြည့်လိုက်ပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Garfield မှ တင်ဆက်ထားပါတယ်။)

6.8 1992
El Mariachi
Big Sleep
7

Big Sleep (2023) ******************* CM ပရိသတ်ကြီးတွေအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားလေးကတော့ Busan International Film Festival မှာ (၃) ထပ်ကွမ်းဆုရရှိထားခဲ့တဲ့ ကိုရီးယားနိုင်ငံက အိမ်ပြေးလူငယ်တွေရဲ့ အနာဂတ်ပျောက်တဲ့ပုံစံကို ဦးစားပေး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ အိမ်ပြေးလူငယ်တစ်ယောက်နဲ့ သူ့ကိုဂရုစိုက်တဲ့ လူကြီးတစ်ယောက် ကြုံတွေ့ကြပြီး နှစ်ယောက်သား ဘယ်လိုတွေ ဘဝကိုရှင်သန်ဖြတ်သန်းကြမလဲဆိုတာကို ဇာတ်ကြောင်းအေးအေးလေးနဲ့ ကြည့်ရှုရမှာပါ။ -ဇာတ်လမ်းအကျဉ်း- ဂီဟိုဆိုတဲ့ ကောင်လေးကတော့ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အိမ်ကနေထွက်ပြေးလာတဲ့ အိမ်ပြေးလူငယ်တစ်ယောက်ပါ။ တစ်နေ့မှာ ဂင်ဂီယောင်းက မနက်ခင်းအလုပ်သွားဖို့ လုပ်ရင်း သူ့အိမ်ရှေ့ကကွပ်ပျစ်မှာ အိပ်နေတဲ့ဂီဟိုကို တွေ့သွားပြီး အပြောကြမ်းပေမဲ့ စိတ်ထားကောင်းတဲ့ ဂီယောင်းဟာ ဂီဟိုကိုကြည့်ပြီး သူ့ငယ်ဘဝကို ပြန်လည်အမှတ်ရမိသွားတဲ့အတွက် ဂီဟိုကို သူ့အိမ်မှာ နေခွင့်ပြုခဲ့ပါတော့တယ်။ ကိုယ်တိုင်က အရှုံးသမားတစ်ယောက်လို နေနေတဲ့ ဂီယောင်းတစ်ယောက် သူ့ထက်ပိုအားနည်းတဲ့ ဂီဟိုကို ဘယ်လိုတွေ နှစ်သိမ့် ဂရုစိုက်ပေးမလဲဆိုတာကို ရင်ထဲထိထိ ကြည့်လိုက်ရ‌အောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.54GB / 570MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa

7 2023
Big Sleep
Dark Feathers: Dance of the Geisha

ဒီကားလေးကတော့ တော်တော်ထူးခြားတယ်ပြောရမယ် ဒရမ်မာလည်းဟုတ် သည်းထိတ်ရင်ဖိုဆိုလည်းဟုတ် လွမ်းဆွေးစရာကလည်းကောင်း ထိမိဂွိပဲ ဒီကားထဲမှာ သရုပ်ဆောင်ထားတဲ့ အဓိကဇာတ်ဆောင်မင်းသမီး ခရစ်စတယ်ဂျေ ဟယောင်းက ဒီကားကို ဇာတ်ညွှန်းရေးခဲ့တဲ့သူတွေထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်၊ သူကိုယ်တိုင် ဒါရိုက်တာလုပ်ခဲ့တာဆိုလည်း ဟုတ်တယ် ဒီရုပ်ရှင်ကားလေးမှာ ကြိုက်မိတာက ဂျပန်ဆာမူရိုင်းယဉ်ကျေးမှုကို အနောက်တိုင်းယဉ်ကျေးမှု အကနဲ့ တွဲပြထားတဲ့အချက်လေးပါ ဂျပန်ယဉ်ကျေးမှုမှာ ဂေးရှားအမျိုးသမီးတွေက လှပချောမောမှု၊ အဆိုအတီးဖျော်ဖြေမှု ကောင်းမွန်မှု၊ စကားပြောကောင်းမှု ပြီးတော့ ယောကျာ်းသွားတွေကို ရူးခါသွားအောင် လုပ်နိုင်တဲ့နေရာမှာ နာမည်ကြီးတဲ့ သူတွေပေါ့ ကိတ်ဟာ ချောမောလှပတဲ့ ဓါတ်ပုံဆရာမ၊ အကမယ်တစ်ယောက်လည်းဖြစ်သလို ရှေးကျပြီး သစ္စာရှိမှုကို တန်ဖိုးထားတဲ့ လူမျိုးစုတစ်စုရဲ့ သစ္စာခံတစ်ယောက်လည်း ဖြစ်ပါတယ် သူနဲ့ တွဲကတဲ့ သူတွေမှန်သမျှ တစ်ယောက်ပြီးတစ်ယောက် သေကုန်ကြတဲ့အခါမှာတော့ စုံထောက် ရမ်မီက ကိတ်ကို ချည်းကပ်ပြီး လိုက်လံစုံစမ်းပါတယ် ဒီလိုစုံစမ်းရင်းကနေ ရမ်မီကိုယ်တိုင် ကိတ်အပေါ် စိတ်ဝင်စားမှုတွေ တိုးလာပြီး သူ့ရဲ့အိမ်ထောင်ရေးအတွက်ရော သူ့အသက်ကိုပါ ခြိမ်းခြောက်လာပါတော့တယ် လှပချောမောပြီး ပဉ္စလက်ဆန်တဲ့ ကိတ်ရဲ့ နောက်ကွယ်က လျှို့ဝှက်ချက်တွေက ဘာတွေများလဲ ယဉ်ကျေးမှုဓလေ့ထုံးတမ်းအရ ထိန်းသိမ်းလာတဲ့ ဂုဏ်သိက္ခာဆိုတာကရော ဘာများလဲ ကိတ်ကရော သူ့ရဲ့ အကလက်တွဲဖော်တွေ သေဆုံးမှုမှာ ဘယ်လိုပါဝင်ပတ်သက်နေသလဲ… File size…(1.3 GB)/(625 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:53:00 Genre… Drama, Science Fiction, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Bunny

0 2024
Dark Feathers: Dance of the Geisha
The Lost Mausoleum
6

တရုတ်ပြည်ကြီးရဲ့ပြည်တွင်းစစ်တွေနဲ့ ရှုပ်ထွေးနေတဲ့ခေတ်မှာ အမြတ်ထုတ်ချင်ကြတဲ့ နိုင်ငံခြားသားတွေကအလုံးနဲ့အရင်းနဲ့ဝင်လာခဲ့တယ်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေကိုကာကွယ်ဖို့အတွက် နိုင်ငံခြားသားတွေထပ်အရင် ရတနာတွေကိုရှာပြီးဖွက်ဖို့လူတစ်စုဟာကြံစည်ကြတယ်။ ဒါပေမယ့် ကံမကောင်းချင်တော့ ရှေးဟောင်းသုတေသနပါမောက္ခကြီးက ရှေးဟောင်းသင်္ချိုင်းကိုစွန့်စားရှာဖွေရင်း ထူးဆန်းရှားပါးတဲ့မြွေဆိပ်မိသွားခဲ့တယ်။ အဲဒါကြောင့် သူ့ရဲ့သမီးဖြစ်တဲ့သူက မြွေဆိပ်ဖြေဆေးကိုရှာဖွေကိုကြိုးစားတဲ့ဇာတ်လမ်းဖြစ်ပါတယ်။ အဆိပ်ကိုဖြေနိုင်ဖို့ မြွေဆိပ်ကိုဖန်တီးသူသာသိလိမ့်မယ်ဆိုပြီးတော့ မြွေတွေကိုထိန်းချုပ်ပြီးနာမည်ကြီးခဲ့တဲ့ ပင်လယ်ဓားပြကြီးရဲ့ ရှေးဟောင်းသင်္ချိုင်းမှာ မြွေဆိပ်ဖြေဆေးကိုရှာကြမယ့် စွန့်စားခန်းဟာ ဘယ်လိုအန္တရာယ်တွေနဲ့ပြည့်နေမလဲ…… ထောင်ချောက်တွေနဲ့ပြည့်နေတဲ့ ရှေးသင်္ချိုင်းကြီးထဲမှာ ဖြေဆေးဆိုတာရောရှိနိုင်ပါ့မလား……

Action • Crime • Drama • Thriller
6 2024
The Lost Mausoleum
The Storyteller
7

The Storyteller (2022) “ဇာတ်ကြောင်းပြောသူ” IMDb 6.9 အားလုံးမြင်ဖူးလောက်မယ့် ဝါရင့်မင်းသား Paresh Rawal ပါဝင်ထားတဲ့ ဒရာမာဇာတ်လမ်းကောင်းတစ်ပုဒ်ကို ပြန်လည်တင်ဆက်လိုက်ပါတယ် တာရီနီဆိုတဲ့ အဘိုးကြီးတစ်ယောက်ဟာ သူ့ဘဝမှာ အလုပ် ၇၃ ခုထိ ပြောင်းလုပ်ခဲ့ပြီး အငြိမ်းစားယူသွားတဲ့အချိန်မှာ ဟာတာတာကြီး ဖြစ်သွားခဲ့တယ် သူဟာ အရင်းရှင်စနစ်ကို အမြင်ကတ်သူဖြစ်ပြီး အမေရိကားလို အရင်းရှင်နိုင်ငံကို မလိုက်နိုင်ဘူးကွလို့ US ရောက် သားဖြစ်သူကို အတွင်တွင်ငြင်းနေသူ နောက်ပြီး သူ့ကို ဇာတ်လမ်းပြောကောင်းသူတစ်ယောက်လို့ လူအများက သတ်မှတ်ကြပြီး သူ့ဇာတ်လမ်းတွေကို နားထောင်ချင်ကြတယ် တစ်ရက်မှာတော့ သတင်းစာထဲက အလုပ်ခေါ်စာတစ်ခုမှာ ဇာတ်ကြောင်းပြောသူ ခေါ်နေတာကြောင့် ကလေးတွေကို ပုံပြင်ပြောရမယ်အထင်နဲ့ အလုပ်သွားလျှောက်ခဲ့ရာမှာ တကယ့်အလုပ်က ဘာအလုပ်ဖြစ်မလဲ ဘဝရဲ့တတိယအရွယ်မှာ ဒီအလုပ်က သူ့ဘဝကို ထပ်မံပြောင်းလဲပေးနိုင်မှာလား ခံစားကြည့်ရှုလိုက်ကြပါ အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Thriller • Science Fiction • Drama
7 2022 112 mins
The Storyteller
Home Sweet Home: Rebirth
5.5

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် သဘာဝလွန် Fantasy ဇာတ်ကားအမျိုးအစားလေးဖြစ်ပါတယ်။ ဂျိတ် ဟာ ရဲတပ်ဖွဲ့ကနေ အနားယူပြီးနောက် သာမန် စီးပွားရေးသမားတစ်ယောက်ဖြစ်လာပြီး အားလပ်ရက်မှာ ဇနီးဖြစ်သူ ထိုင်းအမျိုးသမီးလေး ပရန်း၊ သမီးလေးဖြစ်သူ လူး တို့နဲ့ အတူ ဇနီးဖြစ်သူရဲ့ မွေးရပ်မြေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ခရီးထွက်လာခဲ့ပါတယ်။ ဘန်ကောက်ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘုန်းကြီး တစ်ပါးနဲ့ ဆုံပြီး ဘုန်းကြီးက ဂျိတ်ရဲ့ အနာဂတ်မှာ အပြောင်းအလဲကြီးကြီးမားမားဖြစ်မဲ့အကြောင်း ကြိုတင်နိမိတ်ဖတ်လိုက်ပါတယ်။ ဒီလိုနဲ့ပဲ အမှုမဲ့အမှတ်မဲ့ထားလိုက်ပြီးတော့ စျေးဝယ်စင်တာ အရောက်မှာတော့ သေနတ်ကိုင် အကြမ်းဖက်သမား တစ်ယောက်နဲ့ ဆုံပါတော့တယ်။ ဒီလိုနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ရပ်တွေကြားထဲမှာ ပြေးရင်းလွှားရင်း ပရလောက စည်းပေါက်သွားပြီး ပရလောကသားနတ်ဆိုးတွေပါ ကမ္ဘာပေါ်ကလူသားတွေကို ပူးကပ်သွားတဲ့အခါမှာတော့ …. ဂျိတ် တို့ မိသားစု ဘယ်လိုတွေကြုံတွေ့ရမလဲ…. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာ ဘာတွေဖြစ်ပျက်နေခဲ့တာလဲ…. ဘုန်းကြီးဟောတဲ့ ဂျိတ်ရဲ့ ကံကြမ္မာကရော ဘယ်လိုလဲ…. သည်းထိတ်ရင်ဖို တစ်ချက်မှ ပျင်းစရာမရှိအောင် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမို့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (854MB) Quality… WEB-DL 720p Format…mkv / mp4 Duration….1h 33m Genre …..Action , Horror , Mystery , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5.5 2025
Home Sweet Home: Rebirth
The Old Woman with the Knife
6.8

The Old Woman with the Knife (2025) ************************************ IMDb… 6.8 ဒီတစ်ခါမှာတော့ Action, Thriller ဇာတ်လမ်းအမျိုးအစား ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ကားသစ်တစ်ကား ယူဆောင်လာခဲ့ပါပြီ။ ရုပ်ရှင်ကြိုက်ပရိသတ်ကြီးတွေနဲ့ မစိမ်းတဲ့ ဝါရင့် မင်းသမီးကြီး Lee Hye Young၊ မင်းသား Kim Mu Yeol၊ မင်းသား Kim Sung Chul တို့နဲ့ တက်သစ်စ မင်းသမီးလေး Shin Si Ah တို့က အဓိက ပါဝင်ထားပါတယ်။ ဇာတ်လမ်းအညွှန်း လူ့ဘောင်အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ အကျိုးမပြုဘဲပိုးမွှားသဖွယ် ပြုမူနေထိုင်နေတဲ့ လူတစ်စုကို တိုက်ဖျက်နေတဲ့ အဖွဲ့အစည်းတစ်ခု ရှိပြီးတော့ ဂျိုဂတ် (Lee Hye Young)ကတော့ အဲဒီအဖွဲ့အစည်းမှာ ဒဏ္ဍာရီလာ လူသတ်သမားပဲ ဖြစ်ပါတယ်။ အမှိုက်သရိုက်တွေကို ချက်ကျလက်ကျ ရှင်းထုတ်တဲ့ နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ ဂျိုဂတ်ရဲ့နောက်ကို နောက်ယောင်ခံလိုက်နေတဲ့ ထူအူ (Kim Sung Chul) ဆိုတဲ့ လူသတ်သမား တစ်ယောက်ကလည်း ရှိနေပြန်ပါတယ်။ ဝါရင့် လူသတ်သမား အဘွားကြီးနဲ့ ‌လူသတ်သမား ပေါက်စလေးတို့ကြားမှာ ဘယ်လို အကြောင်းတရားတွေ ‌ ပေါ်ပေါက်လာမလဲဆိုတာနဲ့ ‌နောက်ယောင်ခံ လိုက်နေရတဲ့ အကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ Treasure Htet က ရေးသားပေးထားပါတယ်။) File Size : 1.62GB/ 810MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…02:02:04 Genre : Action, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Miri, Hnin Wai Oo, Treasure Htet & Stary Encoded by Tiff

Horror • Science Fiction
6.8 2025 123 mins
The Old Woman with the Knife