YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The Bridal Mask (2012).EP6.WEB-DL.720P(CM).mp4

447.72 MB 720p video/mp4 50 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
4 Horsemen: Apocalypse
6

ကမ္ဘာပျက်ကိန်းကားတွေ သဘာ၀ဘေးအန္တရာယ်ကားတွေ ကြိုက်ကြတယ်ဆိုတဲ့ လူတွေအတွက်ပါ။ Moonfallတို့၊ 2012တို့ဟာ တစ်ချို့အတွက် ပေါပေမဲ့ ဒီလိုကားကြိုက်တဲ့လူတွေအတွက် ကောင်းနေပြန်တာပါပဲ။ ဒီတစ်ခါ ရုပ်ရှင်ကတော့ အဲဒီရုပ်ရှင်တွေနဲ့ လုံး၀မတူပါဘူး။ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ဆိုတာ စူပါနေထရယ်ဖန်တွေ မစိမ်းဘူးမလား။ ဒီရုပ်ရှင်ဟာ အဲဒီ ကမ္ဘာပျက်ကိန်းရဲ့ မြင်းသည်တော်လေးယောက်ရဲ့ ကမ္ဘာပျက်မှာကို တားတဲ့ရုပ်ရှင်ပါပဲ။ ပင်တဂွန်၊ မှိုပညာရှင်(အတည်မှိုပါ)၊ မိုးလေ၀သပညာရှင်၊ မီးတောင်လေ့လာရေး ပညာရှင်၊ စစ်သားတွေ အစုံအလင်နဲ့ တားကြတာပါ။ ဒီနေရာမှာ ပြောချင်တာက ဇာတ်ကောင်တွေအားလုံးဟာ သူမတူအောင် ထူးခြားပါတယ်။ သရုပ်ဆောင်မှန်းသိသာနေအောင် ရုပ်သေကြီး‌တွေနဲ့ ဟာ ငါတို့ ဘာလုပ်မှာဆိုပြီး ကိုယ်ကြွေနေတဲ့ကောင်လေးရှေ့ အသံပေးတဲ့ ဆယ်ကျော်သက်မလေးတွေလို ခဏခဏကို သူတို့ဘာလုပ်မယ့်အကြောင်းကို ဆယ်ခါလောက်ကိုပြောနေတာပါ။ ဥပမာဆို ထမင်းစားမယ်ဆိုပါစို့။ ငါတို့ထမင်းစားမှာကွ။ ဇွန်းနဲ့ပန်းကပ်ထဲ ခပ်ပြီး ပါးစပ်ထဲထိုးထည့် သွားနဲ့ဝါးတာလေလို့ ထိုင်ပြောနေသလိုပါပဲ။ အကြောင်းအရာတော့မတူဘူးပေါ့။။ သရုပ်ဆောင်တွေဟာ ဒါတင်ပဲလားဆိုတော့ ရုပ်ကျတွေကလည်း ထူးပါတယ်။ CGIတွေကလည်း ရှယ်ကြမ်းပါပဲ။ တစ်ချို့အခန်းတွေဆို ဖုန်းမှာ Viva Videoနဲ့ လုပ်ထားသလား မှတ်ရပါတယ်။ ပြောခဲ့တယ်မို့လား။ ဒီရုပ်ရှင်ဟာ Moonfallတို့နဲ့ လုံး၀မတူပါဘူး။ ဘာလို့ဆို Moonfall က ကြိုက်တဲ့သူအတွက်ကောင်းပေမဲ့ ဒီရုပ်ရှင်ကတော့ ၅နှစ်ကလေးသွားပြတောင် "ပေါကားကြီး သားသား မကြည့်ဘူး ဗြဲ ဗြဲ "ဆိုပြီး ငိုပြမယ့်ရုပ်ရှင်ပါပဲ။ ဘာပဲဖြစ်ဖြစ် ဒီရုပ်ရှင်မှာလည်း ကမ္ဘာပျက်မှာကို အမေရိကန်တွေ ထပ်ကယ်လိုက်ပြန်ပါပြီ။ ကယ်ပုံကယ်နည်းကလည်း မဟားဒရားလန်းလို့ ပရိသတ်ကြီး အားရမိမှာပါ။ ကြည့်ပြီးရင် သေချင်သွားမယ့်ကားမို့ ရည်းစားမရလို့ ဒီပျက်ရှင်၀င်ပြီး ပေါကားကြည့်ချင်နေတဲ့လူတွေ ဆန္ဒပြည့်ဖို့ စေတနာထား တင်ဆက်ပေးလိုက်ပါတယ်။ Size - 1.7GB, 803MB Quality - 1080p, 720p IMDb Rating - 2.6/10 Format - mp4 Duration - 1H 26Min Genre - Action Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Fantasy • Horror • Thriller
6 2022 86 mins
4 Horsemen: Apocalypse
Kong: Skull Island
6.5

၁၉၇၃ ကာလ မြင်ကွင်းတွေ နဲ့အတူ ဗီယက်နမ်စစ်ပွဲအပြီးကာ လမှာ Monarch လို့ခေါ်တဲ့ လျှို့ ဝှက် အဖွဲ့အစည်းအတစ်ခုဟာ မြူခိုးတွေနဲ့ အုံ့ဆိုင်းနေတဲ့ အရိုးစု ကျွန်းဆိုတဲ့ ကျွန်းသစ်တစ်ကျွန်း ကို ရှာတွေ့ခဲ့ပါတယ်။ အဲဒီကျွန်း ပေါ်မှာ ထူးဆန်းတဲ့ တိရစ္ဆာန်မျိုး စိတ်တွေရှိနေတဲ့အတွက် သုတေ သနပြုဖို့ ရဟတ်ယာဉ်တွေနဲ့ ထွက်ခွာခဲ့ကြပါတယ်။ တကယ်တော့ အဲဒီကျွန်း ပေါ်မှာ ကောင်ဆိုတဲ့ ဧရာမ မျောက်ဝံကြီးရှိသလို အခြားထူး ဆန်းတဲ့ သတ္တဝါပေါင်းများစွာ လည်း ရှိနေတာပါ။ ရဟတ်ယာဉ် တွေ ကျွန်းပေါ်က ဖြတ်ပျံတုန်း မျောက်ဝံကြီး ရန်ပြုတိုက်ခိုက်ခဲ့ တဲ့အတွက် ရဟတ်ယာဉ်တွေ ပျက်ကျကုန်ပါတော့တယ်။ ကျွန်းပေါ် ရောက်သွားတဲ့ သုတေသီအဖွဲ့ဟာ ကင်းကောင် အပြင် အခြားထူးဆန်းတဲ့ သတ္တဝါ ကြီးတွေနဲ့ပါရင် ဆိုင်ခဲ့ရပါတယ်။ သူနေတဲ့ ကျွန်းပေါ်ကို ကျူးကျော် ဝင်ရောက်လာသူတွေကို ကင်း ကောင်ဟာ ဒေါသတကြီး တိုက် ခိုက်ခဲ့တာမို့ သုတေသီတွေနဲ့ပါ လာတဲ့ စစ်တပ်နဲ့ တိုက်ပွဲတွေအ ပြင်းအထန်ဖြစ်ကြပါတော့တယ်။ ကင်းကောင် ဇာတ်ကား ကြိုက်တဲ့ ပရိသတ်တွေ အနေနဲ့ တော့ ဒုတိယမြောက် ကင်းကောင်ဇာတ်ကားကကော ကျေနပ် လောက်တဲ့ ရသပေးစွမ်းမှာလား ဆိုတာတော့ ကိုယ်တိုင်ကြည့်ပြီး တော့သာ ဆုံးဖြတ်ကြည့်ကြဦး နော်။ သတ္တဝါကြီးတွေရှိတဲ့ကျွန်း ကို ကျူးကျော်ဝင်လာတဲ့လူတွေနဲ့ သတ္တဝါတွေ ထိပ်တိုက်တွေ့တဲ့အ ခါ ဘာတွေဆက်ဖြစ်ကြမှာလဲ။ ကင်းကောင်ကော ဘယ်လိုအခြေ အနေနဲ့ ဇာတ်သိမ်းရမှာလဲဆိုတာ တော့.. ဒီဇာတ်ကားမှာ တော်မ်ဟင် ဒယ်လ်တန်၊ ဆမ်မြူရယ်အယ်လ် ဂျက်ဆင်၊ ဂျွန်ဂွတ်မန်း၊ ဘရီလာဆင်၊ ကျင်းထျန် စတဲ့ သရုပ် ဆောင်တွေ ပါဝင်ထားကြပါ တယ်။ ။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Han Htoo Zaw ပဲဖြစ်ပါတယ်) File Size : (850 MB) and (440 MB) Quality : Bluray 720p Running Time : 1hr 58minutes Format : Mp4 Genre : Action, Adventure, Fantasy Translated By Han Htoo Zaw Encode By Thanhtike Zaw

Drama • Sci-Fi & Fantasy
6.5 2017 118 mins
Kong: Skull Island
In a Lonely Place
7.9

In a lonely place (1950) အဖြူ အမဲ ဂန္တဝင် ရုပ်ရှင် classical film ကောင်းကောင်းတွေကို ကြိုက်တတ်တဲ့ သူတွေ ကြည့်ကို ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ Rotten tomatoes ရုပ်ရှင်ဝေဖန်ရေး ဝက်ဘ်ဆိုက်မှာလဲ rating ကောင်းကောင်း ရထားတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းကျောရိုးကတော့ ဒုတိယ ကမ္ဘာစစ်ကြီးလွန်ပြီး ၁၉၅၀ ကာလများက နာမည်ကြီး ဒစ်ခ်ဆန် စတီးလ်ဆိုတဲ့ ဇာတ်ညွှန်းရေး ဆရာ တစ်ယောက်ရဲ့ အသက်ငါးဆယ်ဝန်းကျင် ဘဝအဖြစ်အပျက်တွေပေါ်မှာ တည်ထားတာပါ။ ဒစ်ဆန်ဟာ သူအိမ်ခေါ်မိတဲ့ ကောင်မလေး တစ်ယောက် အသတ်ခံရတာကြောင့် ရဲတွေရဲ့ သံသယအရှိဆုံးသူအဖြစ် သတ်မှတ်ခံရပါတယ်။ ရဲတွေက သူ့မျက်နှာချင်းဆိုင်မှာ နေတဲ့ တက်သစ်စ မင်းသမီး တစ်ယောက်ကို ခေါ်မေးရာကနေ ဇာတ်ညွှန်းရေးဆရာ ဒစ်ခ်ဆန်နဲ့ မင်းသမီးတို့ မေတ္တာသက်ဝင်သွားပါတယ်။ ပေါက်ကွဲလွယ်တဲ့ ဒေါသအိုးတစ်ဦး ဖြစ်ပြီး မဟုတ်ရင်မခံတတ်တဲ့ ဗီဇလည်းရှိသလို မိမိအတ္တကိုလည်း နည်းနည်းလေးမှ အထိပါးမခံတဲ့ ဒစ်ခ်ဆန်တစ်ယောက်ရဲ့ အပြုအမူတွေဟာ ရဲတွေ သံသယဝင်လောက်စရာကောင်းအောင်ကို မူမမှန်တွေ ဖြစ်နေခဲ့တာကို သတိထားမိတဲ့နောက်မှာ လူသတ်တရားခံ အစစ်ဟာ သူပဲလား ဒါမှမဟုတ် ဘယ်သူဖြစ်မလဲ ဆိုတာကို ရင်သပ်ရှုမော ကြည့်ရမှာပါ။ မှုခင်းနောက်ခံအဖြစ်အပျက်နည်းနည်းနဲ့ အချစ်အလွမ်း ဒရာမ များများ ရောသမမွေထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ ၁၉၅၀ ခုနှစ်က အဖြူ အမဲဇာတ်ကားတွေ ထုံးစံအတိုင်း ပြဇာတ်ဆန်တဲ့ နောက်ခံတီးလုံးတွေကို ခံစားရမှာပါ။ အဖြူအမဲရုပ်ရှင်ခေတ်ရဲ့ အော်ပရာဆန်တဲ့ တေးဂီတတွေကို မကြိုက်တဲ့သူတွေအတွက်ကတော့ ပျင်းစရာ နည်းနည်းတော့ ကောင်းမယ်ထင်တယ်။ ဒီကားရဲ့ ထူးခြားမှုကတော့ ဒိုင်ယာလော့တွေရဲ့ လန်းမှုပါပဲ။ ဇာတ်ကောင် ဒစ်ခ်ဆန်ရဲ့ လောကကြီးကို မြင်တဲ့ အမြင်နဲ့ အတွေးအခေါ်တွေဟာ ကြည့်ရှုသူအတွက် အတွေးနဲ့ ခံစားချက် တစ်စုံတစ်ရာကို ပေးကောင်းပေးစွမ်းနိုင်မှာပါလို့။

Action • Adventure • Science Fiction • Thriller
7.9 1950 93 mins
In a Lonely Place
Accident Man: Hitman’s Holiday
5.8

Accident Man: Hitman’s Holiday (2022) 2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ Accident Man ရဲ့ ဒုတိယမြောက်ကားထွက်လာပါပြီ။ ပထမကားကို မမှတ်မိဘူး ဒါမှမဟုတ် မကြည့်ရသေးသူတွေဆိုရင်လဲ ဒီဒုတိယကားကိုကြည့်လို့ဖြစ်ပါတယ်။ အက်ဆီးဒန့်မန်းကတော့ သူကကြေးစားလူသတ်သမားကိုမှ သူ သတ်ရင် မတော်တဆသေသွားသလိုဒီဇိုင်းနဲ့ သတ်လို့ အဲဒီနာမည်ကိုရထားတာပါ။ ပထမကားမှာအက်ဆီးဒန့်မန်းက လန်ဒန်မှာတော်တော်မွှေခဲ့ပြီး ဒီကားမှာတော့ လန်ဒန်နဲ့ဝေးရာကိုသူအားလပ်ရက်ခရီးထွက်လာခဲ့ပါပြီ။ သူက အာရှ ဥရောပ မြောက်အမေရိကတို့အားလုံးနဲ့နီးတဲ့ မောလ်တာကျွန်းမှာအေးအေးဆေးဆေးအနားယူခြေရာဖျောက်ရင်း ကြေးစားအလုပ်အနည်းငယ်ကိုလဲလုပ်တယ်ပေါ့။ ဒါပေမဲ့ သူ့အတိတ်က လူတစ်ယောက် ရောက်လာပြီးနောက်မှာ မာဖီးရားဂိုဏ်းကဘွားတော်ကြီးရဲ့ခပ်ပေါပေါခပ်ချာချာသားကို ကာကွယ်ပေးဖို့ဖြစ်လာပါလေရော။ အတိတ်ကနေလွတ်ရာပြေးလာတဲ့ အက်ဆီးဒန့်မန်းတစ်ယောက် ကြေးစားကနေ ဘော်ဒီဂတ်ဖြစ်လာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာဒီကားမှာကြည့်ရမှာပါ။ Comedy action ဇာတ်ကားဖြစ်တာကြောင့် ထေ့လုံးငေါ့လုံး အဆဲစုံဒိုင်ယာလော့ခ်လေးတွေပါတာရယ် အက်ရှင်နဲ့ဇာတ်လမ်းကလဲ မဆိုးတာရယ်ကြောင့် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Crime Quality…. 1080p | 720p | 480p File size… 1.36GB | 766MB | 418MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

Action • Drama • War
5.8 2022 96 mins
Accident Man: Hitman’s Holiday
HiGH&LOW The Movie 2: End of Sky
7.1

အဆိုပါဂျပန်ရုပ်ရှင်ဟာ High & Low Franchise မှ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ Imdb 7.1အထိရရှိထားပြီး ရုံတင်ငွေ ၁.၃၄ ဘီလျံယန်းထိရရှိပြီး Japanese Box officeမှာအတိုင်းတာတစ်ခုထိအောင်မြင်မှုရရှိခဲ့ပါတယ်။ ဇိုးအထာဖမ်းထားတဲ့တိုက်ရည်ခိုက်ရည်ကောင်းတဲ့လူငယ်ဇာတ်ကောင်များပါဝင်ပြီး လူငယ်ပရိတ်သတ်တွေ အကြိုက်တွေ့မယ့်ရုပ်ရှင်တစ်ခုပဲဖြစ်ပါတယ်ဒုစရိုက်လောကကိုအုပ်စိုးတဲ့ ခူရူးယုဂိုဏ်း(KURYU GROUP) ဟာ SWORD နယ်မြေမှာ ကာစီနိုဖွင့်ရန်ကြံစည်နေပါတယ်။ အဆိုပါ ကိစ္စကို SWORD နယ်ခံဂိုဏ်းတွေကမလိုလားပါဘူး။ ဆန်းနိုးဂိုဏ်းကကော်ဘရာရဲ့ အပြောရဆိုရင် SWORD ဟာခူရူးယုဂိုဏ်းအုပ်စိုးနေသရွေ့အနာဂတ်ဆိုတာလည်းမရှိဘူးလို့ဆိုပါတယ်။ အင်အားကြီးတဲ့ဧရာမဂိုဏ်းကြီးနဲ့ အားပြိုင်ဖို့ကြိုးစားပုံမှာဇာတ်အိမ်တည်ထားတယ်။တချိန်တည်းမှာပဲ SWORD နယ်မြေကို ခပ်ထန်ကြမ်းတမ်းလွန်းတဲ့ဂိုဏ်းနှစ်ဂိုဏ်းဖြစ်ကြတဲ့ ရမ်မာရုရဲ့သံသယဂိုဏ်းနဲ့ ဂျက်စီရဲ့ ထောင်ဂိုဏ်းတို့ပူးပေါင်းကာ တိုက်ခိုက်ဖို့ကြံစည်ကြပါတယ်။ အဓိကက သံသယဂိုဏ်းရဲ့ထာဝရရန်ဖက်ဖြစ်တဲ့ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကို ချေမှုန်းချင်ရာကနေစတင်ပါတယ်။ဝှိုက်ရတ်စကဲလ်တွေဟာအမျိုးသမီးတွေကို ကာကွယ်သူတွေအဖြစ်ခံယူထားကြပြီးသံသယဂိုဏ်းသားတွေကတော့ ငွေရရင်ဘာမဆိုလုပ်ကြမယ့်လူတွေဖြစ် တယ်။ SWORD နယ်မြေက ဆန်းနိုးလူဆိုးဂိုဏ်းကိုယ်စားပြု ကော်ဘရာဟာ SWORD ဂိုဏ်းတွေမဟာမိတ်ဖွဲ့ဖို့ အဆိုကိုတင်သွင်းပြီးအားလုံးလိုလိုကငြင်းဆန်ခဲ့ကြပါတယ်။ ဝှိုက်ရတ်စကဲလ်ဂိုဏ်းကရော့ကီဟာ သံသယဂိုဏ်းကဘဲတွေကိုသူကိုယ်တိုင်ပဲရိုက်ခွဲချင်နေပြီးအခြားဘေးကပါဝင်သူတွေကိုထိခိုက်နစ်နာမှာကိုမလိုလားပါဘူး။တစ်ဖက်မှာတော့ အာမားမီးယားညီအစ်ကိုဂိုဏ်းဟာ ဒုစရိုက်လောကရဲ့အကြီးဆုံးဂိုဏ်းဖြစ်တဲ့ခူရူးယုဂိုဏ်းကို အမြစ်ကနေဆွဲလှန်ပြီးဖျက်စီးနိုင်မယ့် ယူအက်စ်ဘီ(USB FLASH DRIVE)ကိုလက်ဝယ်ရရှိထားပါတယ်။ အဆိုပါ ယူအက်စ်ဘီကိုခူရူးယုဂိုဏ်းဘက်ကပြန်လည်ရယူဖို့ကြိုးစားပုံတွေ၊ တစ်ဖန်ပြန်လည်ခုခံပုံတွေ၊ လမ်းမပေါ်ကဂိုဏ်းတွေမတစ်ထောင်တစ်ကောင်ဖွားတွေ အချင်းချင်း ရိုက်ကြနှက်ကြထိုးကြခွဲကြဆိုးကြ ပုံတွေကို အားပါးတရပဲ အံ့တကြိတ်ကြိတ်နဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…2.24GB / 890MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 4m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Kaung Paing

7.1 2017
HiGH&LOW The Movie 2: End of Sky
Prime Time
5.2

Prime Time (2021) 1999 ခုနှစ်ကနေ နောက်ထပ် ထောင်စုနှစ်တစ်ခုဖြစ်တဲ့ သက္ကရာဇ် 2000 ကိုပြောင်းတော့မယ့် New Year Eve တစ်ညမှာ ပိုလန်နိုင်ငံရဲ့ TV show တစ်ခု Broadcast နေစဉ်မှာ Studio ထဲကို လက်နက်ကိုင်တစ်ယောက် ဝင်ရောက်စီးနင်းခဲ့ပါတယ်။ သူ့နာမည်ကတော့ Sebastian ပါ။ သူရဲ့ ရည်ရွယ်ချက်ဟာ ဒီလို နှစ်တစ်ထောင်မှတစ်ခါ ကြုံတဲ့ ကြီးကျယ်လှတဲ့ နှစ်သစ်ကူးပြောင်းမယ့်တစ်ရက်မှာ တီဗွီအစီအစဉ်မှာ စကားတစ်ခွန်းပြောချင်တာဖြစ်ပါလိမ့်မယ်။ သူ့ရဲ့ရည်ရွယ်ချက်ကိုမသိတဲ့ Broadcast အဖွဲ့သားတွေနဲ့ သူဖြစ်ချင်တဲ့အရာရဲ့ Conflict ဟာ Crisis တစ်ခုပါပဲ။ ဒီလို Drama ဆန်တဲ့ Mild Thriller ဇာတ်ကားလေးရဲ့အဆုံးသတ်မှာ Sebastian ဟာ ဘာတွေဆက်လုပ်သွားမလဲဆိုတာတော့ ဆက်လက်ရှုစားဖို့လိုပါလိမ့်မယ်ဗျ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Nyan Hlyan Chit မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 715MB Quality – 1080p, 720p IMDb Rating – 5.2/10 Format – mp4 Duration – 1H 33Min Genre – Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Nyan Hlyan Chit Encoded by Y

Drama • Crime
5.2 2021 93 mins
Prime Time
Humming
6.2

လူဆိုတာကတော့ အမြဲတမ်းရနေတဲ့အရာဆိုရင် ပေါပေါပဲပဲလို့မှတ်ယူသွားပြီး တန်ဖိုးမထားတတ်ကြတာချည်းပါပဲ။ အချစ်မှာလည်း ဘယ်သူ့ဘက်ကစချစ်သည်ဖြစ်စေ အမြဲအလိုလိုက်ခံရ အချစ်ခံရသူဘက်က ငြီးငွေ့သွားတတ်ကြပါတယ်။ သူချစ်ကိုယ်ချစ်နဲ့ အပြန်အလှန် နားလည်ပေးမှ ညီမျှပေမှာပေါ့။ ယခုဇာတ်လမ်းမှာလည်း သိပ္ပံပညာရှင်ပေါက်စ ဂျွန်စောဟာ ၆နှစ်တာအချစ်ရေးကို စိတ်ကုန်လျက်ရှိပါတယ်။ ဒါကြောင့် ချစ်သူနဲ့ဝေးလို့ဝေးငြား တောင်ဝင်ရိုးစွန်း သုတေသနခရီးကို လိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမဲ့ အင်တာဗျူးမအောင်ခင်မှာပဲ ချစ်သူဟာ အက်ဆီးဒင့်ကြောင့် ကိုမာဝင်သွားပါတယ်။ ကိုယ့်ဘေးမှာ အမြဲရှိခဲ့တဲ့ချစ်သူဟာ ကိုယ့်အနားကနေပျောက်ကွယ်လုမတက် အသက်အန္တရာယ်ကြုံရတဲ့အခါ ဘယ်လိုအလှည့်အပြောင်းတွေဖြစ်မလဲ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ File size…1.52GB / 771MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 36m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jane

Crime • Drama
6.2 2008
Humming
Gilded Newport Mysteries: Murder at the Breakers

အချိန်ကာလအားဖြင့် ၁၈၉၅ ဂျူလိုင်လ။ အမ်မာဟာ ချမ်းသာကြွယ်၀တဲ့ ဗန်ဒါဘစ်မိသားစုနဲ့ ဆွေမျိုးတော်စပ်သူ။ အမ်မာရဲ့ အဖေနဲ့အမေဟာ ဥရောပမှာ ပန်းချီကားတွေကိုသွားရောက်ရောင်းချနေကြသူတွေပါ။ အမ်မာဟာ ဆွေကြီးမျိုးကြီးထဲကဆိုပေမဲ့ အမွေစားအမွေခံတစ်ယောက်မဟုတ်ဘဲ သွေးနှောလို့သာ ဗန်ဒါဘစ်မိသားစု၀င်တစ်ဦးဖြစ်နေသူပါ။ အမ်မာဟာ အိမ်မှာ အိမ်ထိန်းအဖွားဖြစ်သူနဲ့အတူနေထိုင်ရင်း နယူးပေါ့ရဲ့သတင်းစာတိုက်တစ်ခုမှာ အမျိုးသမီးကဏ္ဍအတွက် သတင်းဆောင်းပါးတွေကိုရေးသားကာ ၀င်ငွေရှာနေတဲ့ ၂၁ နှစ်အရွယ် သတင်းထောက်မလေးတစ်ယောက်‌ပေါ့။ အမ်မာဟာ တစ်ရက်မှာ သူငယ်ချင်းဖြစ်သူ ဂါထရုရဲ့ ကပွဲကို ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီနဲ့တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ ကပွဲမှာ လူသေမှုတစ်ခုဖြစ်သွားပြီး ဒီအမှုဟာ မတော်တဆမှုမဟုတ်ဘဲ လူသတ်မှုဆိုတာကို သိရှိလိုက်ရချိန်မှာတော့ ၀မ်းကွဲမောင်ဖြစ်သူ ဘရေဒီဟာ လူသတ်သမားအဖြစ် မတရားစွပ်စွဲအကျဉ်းချခံလိုက်ရပါတယ်။ ဒီလိုနဲ့ အမ်မာတစ်ယောက် စုံထောက်ဂျက်စီဝှိုက်နဲ့အတူ ဒီလူသတ်မှုနောက်ကွယ်ကအကြောင်းစုံကိုစုံစမ်းရင်း မောင်ဖြစ်သူဘရေဒီ အပြစ်ကင်းစင်ကြောင်းသက်သေပြဖို့အတွက် လူသတ်သမားအစစ်ကိုရှာဖွေဖို့ရာ ကြိုးပမ်းရ‌ပါတော့တယ်။ File size…(1.5 GB)/(797 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 84 mins
Gilded Newport Mysteries: Murder at the Breakers
Zhou Gong Subdues Demons
5.6

ကောင်းကင်နဲ့မြေကြီးစတင်ဖြစ်တည်လာတဲ့အချိန်မှာ ယင်နဲ့ယန်ဓာတ် ၂မျိုးလည်းပေါက်ဖွားလာခဲ့ပါတယ် ။ ယင်ဓာတ်က အရှေ့အရပ်ကိုသွားပြီး နတ်မျိုးနွယ်တွေကိုမွေးဖွားစေသလို ယန်ဓာတ်ကလည်း အနောက်အရပ်ကိုသွားပြီး မိစ္ဆာနဲ့မကောင်းဆိုးဝါးတွေကိုမွေးဖွားလာစေခဲ့ပါတယ် ။ နတ်မျိုးနွယ်တွေနဲ့မိစ္ဆာတွေဟာ ရေနဲ့မီးလို အစဉ်တိုက်ပွဲတွေဖြစ်နောတာကြောင့် ဘိုးဘေးဟုန်ကျွင်းဟာ လူဘုံ ၊ နတ်ဘုံ နဲ့မိစ္ဆာဘုံဆိုပြီး သုံးလောကခွဲခြားလိုက်ပြီး ကောင်းကင်ကိုးဘုံရဲ့ထိပ်ဆုံးတောင်ထွဋ်မှာ ရွှမ်ထျန်းနတ်ဓားကိုစိုက်ပြီး လောကကြီးကို ငြိမ်းချမ်းစေခဲ့ပါတယ် ။ နှစ်ပေါင်းများစွာကြာတော့ နတ်ဓားမှာလည်း ဓားဝိညာဉ်ရှလာခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ မိစ္ဆာဘုရင်ကလည်း ဓားကိုနုတ်ယူဖို့ကြံစည်လာတဲ့အချိန် နတ်မင်းကြီးထိုက်ယိနဲ့ အပြင်းအထန်တိုက်ပွဲဖြစ်ပြီး ဓားကိုပါထိခိုက်စေခဲ့ပါတော့တယ် ။ အဲဒါကြောင့်နဲ့ ဓားခန္တာကပျက်စီးသွားပြီး ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကလည်း လူပြည့်ကိုကျဆင်းသွားခဲ့ပါတော့တယ် ။ မိစ္ဆာဘုရင်ကြီး ဓားဝိညာဉ်ကိုဘယ်လိုလိုက်ရှာမလဲ ဓားဝိညာဉ်နဲ့ ဓားအိမ်ဝိညာဉ်ကရော လူ့ဘုံမှာ အချင်ချင်းမှတ်မိပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှုဖို့မမေ့ပါနဲ့နော် ။

5.6 2024
Zhou Gong Subdues Demons
Make a Bow and Kiss
5.7

Make a Bow and Kiss (2017) Genre – Drama,Romance IMDb – 5.7/10 ဂျပန်လေးပစ်အားကစား(ကျူဒို)ကို အရမ်းသဘောကျတဲ့ Kishimoto တစ်ယောက် ဘွဲ့ရဖို့အတွက် ဝင်ခွင့်စာမေးပွဲဖြေဖို့ ကြိုးစားရမှာမလို့ ကျူဒိုအသင်းခေါင်းဆောင်နေရာကို တစ်ခြားသူကိုလွှဲပေးဖို့ဖြစ်လာပါတော့တယ်။ ကျူဒိုကိုအများကြီးသဘောကျတာကြောင့် ငယ်ငယ်တည်းကဒီအားကစားကို ဆော့ခဲ့ပေမယ့် စကားလည်းနည်းပြီးတော့ ရှက်ကြောက်တတ်တဲ့အကျင့်စရိုက်ကြောင့် Kishimoto ကတစ်ယောက်တည်းပဲလေ့ကျင့်၊ တစ်ယောက်တည်းပဲကြိုးစားပြီး ပြိုင်ပွဲတွေကိုဝင်ပြိုင်တာပါ။ ဒါကြောင့် ရသင့်သလောက်ရလဒ်ကိုမရပဲ ဆုနဲ့အမြဲလွဲချော်နေသူပါ။ တစ်ဖက်မှာတော့ ကျူဒိုကိုစိတ်မဝင်စားပေမယ့် ပြိုင်ပွဲတိုင်းကိုလည်း နိုင်ပြီး အရည်အချင်းရှိတဲ့ Mikamiဟာ အသင်းခေါင်းဆောင်နေရာကို ဆက်ခံဖို့ဖြစ်လာပါတယ်။ စီနီယာ Kishimoto ကိုလည်း တိတ်တိတ်လေးသဘောကျနေတဲ့ Mikami တစ်ယောက် အရှက်အကြောက်ကြီးတဲ့ စီနီယာမမ Kishimoto ကို ကျူဒိုဆက်ဆော့ပြီး အဖွဲ့ကမထွက်အောင် ကူညီလေ့ကျင့်ပေးရင်းနဲ့ ချဉ်းကပ်ဖို့လုပ်ပါတယ်။ အရာရာဦးဆောင်ပြီးတော့ သူ့သဘောအတိုင်းပဲဖြစ်စေချင်တဲ့ Mikami နဲ့ ရိုးသားပြီး နုံအတဲ့ Kishimoto တို့ရဲ့ မမနဲ့မောင်လေး အချစ်ဇာတ်လမ်းလေးကို ပေါ့ပေါ့ပါးပါး တင်ဆက်ပေးထားတာကြောင့် မလွတ်တမ်းကြည့်ရှုဖို့ညွှန်းလိုက်ပါတယ်။ File size… 1.2 GB / 561 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Jia

5.7 2017 99 mins
Make a Bow and Kiss
Emanuelle and the Last Cannibals
5

Emanuelle and the Last Cannibals (1977) Original title: Emanuelle e gli ultimi cannibali Genre – Adventure, Horror (ရှေးခေတ် အီတလီကားဖြစ်လို့ ရှင်းလင်းသော လိင်မှုဆိုင်ရာပြကွက်များ ပါဝင်တဲ့အပြင် လူသားစားလူရိုင်းရုပ်ရှင် ဖြစ်တဲ့အတွက် သွေးထွက်သံယို အော်ဂလီဆန်စရာအခန်းများ ပါဝင်သောကြောင့် ကြည့်ရှုသူများအနေနဲ့ သတိချပ်စေလိုပါတယ်။) ဂျာနယ်လစ်တစ်ဦးဖြစ်သူ အီမာနူရယ်ဟာ စိတ်ကျန်းမာရေးဆေးရုံအကြောင်း ဇာတ်လမ်းရေးဖို့ အသွင်ယူနေတုန်း ဆေးရုံကို လူသားစားလူရိုင်းတွေလက်ကနေ လွတ်မြောက်လာတဲ့ ကောင်မလေးတစ်ယောက် ရောက်ရှိလာပါတယ်။ တစ်ရက်ကျ ဒီကောင်မလေးဟာ သူ့ကို လိင်ပိုင်းဆိုင်ရာ အမြတ်လာထုတ်တဲ့ သူနာပြုတစ်ယောက်ရဲ့ ရင်သားကို ကိုက်ဖြတ်ပြီး စားသောက်လိုက်တော့ နာမည်ကြီးပြီး အီမာနူရယ်တစ်ယောက် သူ့ကို လေ့လာကြည့်တဲ့အခါ ဒီကောင်မလေးကိုယ်ခန္ဓာကိုယ်ပေါ် ပါလာတဲ့အမှတ်အသားက မျိုးတုန်းသွားပြီလို့ ယူဆရတဲ့ အမေဇုန်လူရိုင်းမျိုးနွယ်တစ်ခုရဲ့ သင်္ကေတ ဖြစ်နေပါတယ်။ ဒီအတွက် အီမာနူရယ်ဟာ ဒီထက်ပိုကြီးမားတဲ့ဇာတ်လမ်း လိုက်နိုင်ဖို့ မနုဿပညာရှင် ပရော်ဖက်ဆာတစ်ယောက်ရယ် တောတွင်းလမ်းပြကောင်မလေးရယ် သူနာပြုတစ်ယောက်ရယ် အမေဇုန်တောထဲမှာ နောက်ဆုံးလက်ကျန် လူသားစားမျိုးနွယ်တွေကို လိုက်ရှာဖို့ စွန့်စားခန်းထွက်ကြရင်း ဘယ်လို ခြောက်ခြားစရာ အန္တရာယ်ဒုက္ခတွေနဲ့ တွေ့ကြမလဲဆိုတာကို ရင်တထိတ်ထိတ် ကြည့်ရှုရမှာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက နာမည်အင်မတန်ကြီးခဲ့တဲ့ လူသားစားလူရိုင်းကား Cannibal Holocaust တောင် ၁၉၈၀ မှ ထွက်ခဲ့တာဖြစ်လို့ ဒီ အီတလီကားကို Reference ယူထားသလားလို့ ထင်မိချင်စရာပါပဲ။ File size… 2.6 GB / 1.9 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 34m Genre ….. Adventure/Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Thura Aung

5 1977
Emanuelle and the Last Cannibals
The Ward John Carpenter’s The Ward
5.6

The Ward (2010) John Carpenter’s The Ward မင်းသမီး Amber Heard အဓိကပါဝင်ထားပြီး Sydney Sweeney နဲ့ အခြားမင်းသမီးတွေ အရံအဖြစ်ပါဝင်ထားတဲ့ ဒီရုပ်ရှင်ကားက Psychological Horror အမျိုးအစားဇာတ်ကားပါ။ ဇာတ်လမ်းကတော့…. Kristen ဆိုတဲ့ ခပ်ဆိုးဆိုးကောင်မလေးတစ်ယောက်ဟာ ယာအိမ်တစ်လုံးကို မီးရှို့ပစ်ခဲ့ပါတယ်… ဒီမီးရှို့မှုနဲ့ သူဟာ ဖမ်းဆီးခံခဲ့ရပြီး စိတ်ကျန်းမာရေးဆေးရုံတစ်ခုမှာ ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်… Kristen ဟာ ဆေးရုံမှာ နေထိုင်ချိန်အတွင်း Dr. Geral Stringer, Emily, Sarah, Zoey, Iris ဆိုတဲ့ မိန်းကလေးတွေနဲ့ ရင်းနှီးခဲ့ပါတယ်… ဆေးရုံတိုင်းလိုလို နာနာဘဝ မကောင်းဆိုးဝါးဆိုတာ ရှိစမြဲပါ… ဒီလိုပဲ Kristen တစ်ယောက်လဲ ရေချိုးရင်း သရဲမ တစ်ကောင်နဲ့ ပတ်ပင်းတိုးခဲ့ပါတယ်… Kristen သရဲမကို မြင်ပြီးနောက်မှာတော့ သူ့သူငယ်ချင်း Iris ဟာလဲ သရဲမကို တွေ့ခဲ့ပြီး အသက်နှုတ်ယူခံခဲ့ရပါတယ်… Iris ပျောက်ဆုံးသတင်းကို ကြားပြီးနောက်မှာတော့ မိန်းကလေးတွေဟာ Iris ကို ရှာဖွေခဲ့ကြပါတယ်… ကံဆိုးချင်တော့ Sarah, Emily တစ်ယောက်ပြီး တစ်ယောက် သေဆုံးခဲ့ကြပါတယ်…. Kristen ကတော့ ကံကောင်းထောက်မပြီး လွတ်မြောက်ခဲ့ပါတယ်… သူဟာ ကျန်ရှိနေတဲ့ သူငယ်ချင်း Zoey ကို ကယ်တင်ဖို့ ကြိုးစားခဲ့ပါတယ်… သို့ပေမဲ့ Zoey ဟာလဲ သရဲမ ဖမ်းဆီးခြင်းခံခဲ့ရပါတယ်… Kristen တစ်ယောက်ကြံရာမရဖြစ်ပြီး သူ့အသိ Dr.Geral Stringer ဆီကို အပြေးအလွှားသွားခဲ့ပါတယ်… Dr. ဆီရောက်တဲ့အချိန်မှာတော့ သူ သရဲမ အကြောင်းကို သိခဲ့ပါတယ်… သရဲမ နာမည်က Alice ဖြစ်ပြီး Kristen သူ့အကြောင်းကို အလုံးစုံသိလိုက်ရချိန်မှာတော့…. Kristen တစ်ယောက် Zoey ကိုကယ်ပြီး လွတ်မြောက်နိုင်မလား… သရဲမ Alice က ဘာလို့ လိုက်သတ်နေတာလဲ…စတဲ့အကြောင်းအရာတွေကို စိတ္တဇဆန်ဆန် ရိုက်ကူးထားပါတယ်… သဲထိတ်ရင်ဖိုဇာတ်လမ်း ကြိုက်နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ Horror တစ်ကားပါပဲ။

5.6 2010
The Ward John Carpenter’s The Ward
The Bodyguard
5.8

CM ကနေဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ မြင်တွေ့နေကျ ကိုယ်ရံတော်မျိုးမဟုတ်တဲ့ အမျိုးသမီး ကိုယ်ရံတော်ကိုအဓိကထားပြီး ရိုက်ကူးထားတဲ့ အက်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောပြရမယ်ဆိုရင် နာမည်ကြီး ဇီဝဆေးဝါးလုပ်ငန်းစုရဲ့ တစ်ဦးတည်းသောသားဖြစ်သူကဖော်မြူလာအသစ်တစ်ခုကို စမ်းသပ်သုတေသနလုပ်နေရင်း အောင်မြင်လုဆဲဆဲမှာတော့ အဲ့ဒီဆေးဝါးသုတေသနအချက်အလက်ကိုလိုချင်တာကြောင့် လိုက်လံနှောင့်ယှက်နေတဲ့လူတစ်စုရန်ကနေကာကွယ်ပေးဖို့ အဖေဖြစ်သူက ကိုယ်ရံတော်ငှားပေးခဲ့ရာကနေမှ လင်သခင်လေးနဲ့ ကိုယ်ရံတော်မလေး ‌ကျုံးရှောင်နန်တို့ဆုံတွေ့ခဲ့ကြပါတယ် လင်သခင်လေးရဲ့ ဘေးကင်းလုံခြုံမှုအတွက် ဒေသခံရဲစခန်းကတာဝန်ခံခဲ့ပြီး ရဲမှူးကိုယ်တိုင်ကလည်းလိုက်လံကာကွယ်ပေးနေပေမယ့် စခန်းမှူးကိုယ်တိုင်က မသမာသူဘက်ကဖြစ်နေခဲ့တာမို့လို့ သူတို့ဘယ်ပဲသွားသွားလုပ်ကြံခံခဲ့ရပါတယ် အဲ့လိုနဲ့နောက်ဆုံး ဘယ်သူမှမသိတဲ့နေရာကို အရောက်သွားပြီးတော့ ဆေးဝါးစမ်းသပ်မှုကို အပြီးသတ်နိုင်ခဲ့တဲ့အချိန်မှာတော့ သူတို့ဆီကို မသမာသူအုပ်စုကရောက်ရှိလို့လာပါတော့တယ် ယုံကြည်ရသူတွေကြီးပဲသိတာမို့လို့ ဘယ်သူက သစ္စာဖောက်သွားတာလဲဆိုတာကို ဒီအက်ရှင်ကားလေးမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်နော်

5.8 2024
The Bodyguard
Blue Cave/ Mavi Magara

တူရကီ အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ ဆိုရမယ့် ဒီရုပ်ရှင်ကားဟာ ကြည့်ရှုသူတွေကို ဝမ်းသာ ဝမ်းနည်း mood အမျိုးမျိုး ပေးနိုင်ပါတယ်။ အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်တဲ့ Alara နဲ့ Cem ရဲ့ ချစ်ဇာတ်လမ်းလေးမှာ ကိုယ်တိုင်က third wheel တစ်ယောက်လိုဖြစ်သွားပါတယ်။ Cem က ရေတပ်က တပ်သားတစ်ဦး ဖြစ်ပြီး သူငယ်ချင်းတွေနဲ့ အတူ အပြင်ထွက်ရင်းနဲ့ စားသောက်ဆိုင်တစ်ခုမှ Alara ကို စတွေ့ခဲ့ပါတယ်။ စစတွေ့ချင်း မြင်မြင်ချင်း ချစ်မိသွားပေမယ့် စကားသွားမပြောရဲခဲ့ပါဘူး။ ဒါနဲ့ပဲ Alara ကိုယ်တိုင်က သူ့ကို တစ်ချိန်လုံး ငေးကြည့်နေခဲ့တဲ့ Cem ကို သတိထားမိပြီး စကားစလာပြောခဲ့ပါတယ်။ Alara က ရှေးဟောင်းသုတေသန ပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ နှစ်ဦးသား ချိန်းတွေ့ဖြစ်ကြပါတယ်။ Cem ကAlaraကို သူ့အတွက်အရေးပါတဲ့ နေရာလေးတစ်ခုဖြစ်တဲ့ ကစားကွင်းလေးတစ်ခုကို ခေါ်သွားခဲ့ပြီး Alara ကလည်း သူ့အတွက် အရေးပါတဲ့ နိဗ္ဗာန်ဘုံလို လှတဲ့ Mavi Magara လို့ခေါ်တဲ့ လှိုဏ်ဂူပြာအကြောင်းပြောပြခဲ့ပါတယ်။ တစ်နေ့မှာ ချစ်တဲ့သူ Cemနဲ့ အတူသွားမယ်ဆိုပြီး Alara တစ်ယောက် ရည်စူးထားပေမယ့် အိမ်မက်တွေ မပြည့်ဝခဲ့ရပါဘူး။ ရုပ်ရှင်ထဲမှာ Cem တစ်ယောက်ပဲ လှိုဏ်ဂူပြာဆီကို သွားနေတာ တွေ့ရမှာပါ။ ကြည့်ရင်း ကြည့်ကောင်းလာတဲ့ ရုပ်ရှင်မျိုးမလို့ ကိုယ်တိုင် ခံစားကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.2 GB)/(782 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

0 2024
Blue Cave/ Mavi Magara
Shaolin vs. Evil Dead
6

မကျွတ်မလွတ်တဲ့တစ္ဆေတွေကိုကယ်တင်ဖို့ ပယောဂဆရာကြီးဟာ တပည့်နှစ်ယောက်နဲ့ နေရာအနှံ့လှည့်လည်သွားပြီး လူတွေကိုကူညီနေခဲ့တယ်။ တစ်နေ့မှာတော့ သူ့ရဲ့တပည့်လေးတစ်ယောက်က ဝိဉာဉ်ချုပ်တဲ့ဥကိုမတော်တဆမြိုချမိလိုက်တယ်။ အန်ထုတ်မရ စွန့်ထုတ်လို့မရနဲ့ ဒုက္ခရောက်ပြီး ကောင်လေးဟာအခက်တွေ့နေခဲ့တယ်။ အဲဒီအချိန်မှာပဲ ပယောဂဆရာကြီးရဲ့ ဂိုဏ်းတူဆရာတူအစ်ကိုဟာ လမ်းမှားရောက်ပြီး ပညာကိုအသုံးချပြီး လူတွေကိုလိမ်လည်နေခဲ့ရင်း ထူးဆန်းတဲ့တန်ဖိုးကြီးကျောက်တစ်ခုကိုခိုးယူမိတာကြောင့် ဒုက္ခအကြီးအကျယ်ရောက်တဲ့အချိန်မှာ ဆရာကြီးက အရင်ရန်ငြှိုးတွေကိုလစ်လျူရှုပြီး သွားကယ်တဲ့ပါတော့တယ် ၂၀၀၀ခုနှစ်တွေရဲ့ ဟောင်ကောင်ကားဆိုတဲ့အတိုင်း အက်ရှင်ပီပြင်ပြီး ရယ်ရတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်။

6 2004
Shaolin vs. Evil Dead