YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Bionic Life E05 720p WEB-DL CM.mp4

144.16 MB N/A video/mp4 63 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
One for the Road
10

" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။ မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။ အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။ "လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်" ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One For The Road" ။ နေပြက္ခဒိန်အဆက်ဆက်မှာ ပလေတိုပြန်မရောက်ခဲ့တဲ့ တောထဲက ပန်းကလေးကို ငါပေးထားတဲ့နာမည်က " One For The Road"။ နိဗ္ဗာန်ဘုံ မျက်ရည်စက်၊ New York Sourတစ်ခွက်၊ အဲဒီလမ်းကျဉ်းကလေးက ငါ့ကိုကျောခိုင်းသွားချိန်က ကော့တေးတစ်ခွက်ဟာ အဲဒီလမ်းကျဉ်းကလေးကို ငါ‌ပြန်ရောက်မယ့်အချိန်မှာ သောက်မယ့် ကော့တေးတစ်ခွက်ပေါ့။ သစ်ရွက်လိုကြွေဖူးတဲ့ တို့ရဲ့နေ့အဆက်ဆက်ရဲ့ " One For The Road". ဝေါင်ကာဝေးပရိုဂျူဆာလုပ်ထားပြီး ဝေါင်ကာဝေးကားတွေဖြန့်ခဲ့တဲ့ Jet Tone Filmsကပဲ‌ ထုတ်ဝေပေးထားပါတယ်။ ဒါရိုက်တာကတော့ သူ့နှစ်က highest-grossingရုပ်ရှင်ဖြစ်ခဲ့တဲ့ Bad Genius ဒါရိုက်တာ Nattawut Poonpiriya ရိုက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ထိုင်းကားပရိသတ်တွေမစိမ်းတဲ့ Thanapob Leeratanakajorn နဲ့ Bad Genius မင်းသမီးတို့လို နာမည်ကြီးတွေပါပဲ။ 2021 Sundanceပွဲမှာ ပွဲဦးထွက်ပြသခဲ့ပြီး World Cinematic Dramatic Special Jury Award ကို ရရှိထားပါတယ်။ ဝေါင်ကာဝေး ပရိုဂျူဆာလုပ်ထားတယ်ဆိုပေမဲ့ The Mediumမှာ Na Hong Jinအငွေ့ အပြည့်လွှမ်းနေသလိုတော့ဖြစ်မနေပါဘူး။ ဝေါင်ကာဝေး အငွေ့သိပ်မပါဘဲ ဇာတ်ကောင်တွေကတော့ ပမာဏတစ်ခုအထိ ဝေါင်ကာဝေးဆန်ပါတယ်။ Chungking Expressနဲ့ ဘာမှမတူပေမဲ့ Chungking Expressကို သဘောကျရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲတော့ ကြည့်ပြီးရင်သိမှာပါ။ ထိုင်းရုပ်ရှင်တွေကို တခြားအာရှရှင်ရှင်ဂုရုကြီးတွေက Support တော်တော်လုပ်လာတယ် ပဲ ပြောရမှာပါပဲ။ မနှစ်ကတော့ ကိုရီးယားက Horror ဆရာကြီး Na Hong Jin က The Mediumကို ထုတ်ပေးခဲ့ပြီး ဒီနှစ်တော့ ဟောင်ကောင် ရိုမန့်ဆရာကြီး ဝေါင်ကာဝေးက ဒီရုပ်ရှင်ကို ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရုပ်ရှင်တွေအတွက် အရွေ့ကောင်းလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီကားတွေ အောင်မြင်ခဲ့ကြတော့ ပိုကောင်းတဲ့ရုပ်ရှင်တွေကိုလည်း ထုတ်လာဖို့ရှိလောက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 900MB and 300MB Format…mp4 Duration…. 2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • Thriller
10 2021 15 mins
One for the Road
Fist Fight
6.1

၁၉၈၇ တုန်းကထွက်ရှိခဲ့တဲ့ Three O’Clock High ဆိုတဲ့ လူငယ်ဟာသဇာတ်ကားကို မှီ ငြမ်းပြီး ဆန်းသစ်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ အန်ဒီကန့်ဘဲလ်ဟာ အနေ အေးတဲ့ အထက်တန်းကျောင်း အင်္ဂလိပ်ဆရာတစ်ယောက်ဖြစ် ပြီး စီနီယာလုပ်ဖော်ကိုင်ဖက်တွေ ရဲ့ နောက်ပြောင်ကျီစယ်မှုတွေ၊ ဒုက္ခပေးမှုတွေကြားမှာ လိုက် လျောညီထွေဖြစ်အောင် ကြိုးစား နေထိုင်သူ တစ်ယောက်ဖြစ်ပါ တယ်။ အန်ဒီ အဲဒီလိုနေနေတဲ့ ကြားက တစ်ရက်မှာတော့ အခြေ အနေတွေက အဆိုးဘက်ကို ရောက်သွား ခဲ့ပါတယ်။ ဘာ ကြောင့်လဲဆိုရင် အန်ဒီကြောက် ရတဲ့ခပ်ဆိုးဆိုးဆရာတစ်ယောက် ကို အလုပ်ပြုတ်အောင် လုပ်မိသ လိုဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲဒီ ခပ်ဆိုးဆိုးပုဂ္ဂိုလ် ရွန်စထရစ်လန်း ဟာ ရှေးရိုးဆန်တဲ့ အလေ့အထ တွေကိုစွန့်လွှတ်ဖို့အတွက် အန်ဒီ ကိုကျောင်းပြီးချိန်မှာ မကျေပွဲဆင် နွှဲဖို့ စိန်ခေါ်ခဲ့ပါတယ်။ ဆရာနှစ်ယောက်ရဲ့ တိုက်ပွဲ ဟာ ကျောင်းသားတွေကြားမှာ ရော အွန်လိုင်းမှာပါ ပျံ့နှံ့သွားခဲ့ ပြီး လူစိတ်ဝင်စားစရာအကြောင်း အရာတစ်ခုဖြစ်ခဲ့ပါတော့တယ်။ နဂိုကတည်းက ကြောက်လည်း ကြောက်တတ်၊ အေးလည်းအေး တဲ့ အန်ဒီအဖို့ ဒီလိုစိန်ခေါ်မှုကြီး က အရမ်းထိတ်လန့်စရာတစ်ခု လည်းဖြစ်ပါတယ်။ အဲဒါနဲ့ အန်ဒီ ဟာ ဘယ်လိုတုံ့ပြန်တိုက်ခိုက်ရ မယ်ဆိုတာကို အခြားဆရာ၊ဆရာ မတွေဆီက အကြံတောင်းပြီး တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့ပါတော့ တယ်။ ဒီကြားထဲမှာလည်း ရွန်စထ ရစ်လန်းရဲ့ ပြဿနာရှာမှုတွေ ကြောင့် အန်ဒီဒုက္ခရောက်ခဲ့ပြီး နောက်ဆုံးစိန်ခေါ်တဲ့နေ့မှာ ထိပ် တိုက်ရင်ဆိုင်မှာလား။ ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာတော့ ရယ်ရင်းမောရင်း ကိုယ်တိုင်သာ ဆက်ကြည့်လိုက်တော့နော်။ ရုပ် ရှင်ဝေဖန်သူတွေကတော့ စကား လုံးကြမ်းကြမ်းတွေသုံးထားလို့၊ ဆရာတွေက ဆယ်ကျော်သက် တွေလို ပြုမူလို့စသဖြင့် ဝေဖန် ထားမှုတွေတော့ ရှိထားပါတယ်။ ဒီဇာတ်ကားမှာ အန်ဒီကန့် ဘဲလ်အဖြစ် ချာလီဒေး၊ ရွန်စထ ရစ်လန်းအဖြစ် အိုက်စ်ကျူဘ်၊ မစ္စမိုနက်အဖြစ် ခရစ္စတီးနား ဟန် ဒရစ်စတဲ့ သရုပ်ဆောင်တွေပါဝင် ထားကြပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ (http://www.7daydaily.com) မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်သူကတော့ Khin Pyae Sone Kyaw ပဲဖြစ်ပါတယ်) File Size : (680 MB) and (350 MB) Quality : Bluray 720p Running Time : 1hr 31minutes Format : Mp4 Genre : Comedy  Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw

Crime • Drama • Mystery
6.1 2017 91 mins
Fist Fight
Show Me the Way to the Station
6.7

Show Me The Way To The Station (2019) အခုဇာတ်ကားလေးကတော့ လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရားကို ပုံဖော် ရိုက်ကူးထားတဲ့ ဂျပန်ကားလေးပဲဖြစ်ပါတယ်။ Ijuin Shizu ၏ ဆုရဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက Hasu အမည်ရှိ အဘိုးအိုနှင့် ခင်မင်ရင်းနှီးမှုကို ဖော်ဆောင်ပေးသည့် Sayaka အမည်ရှိ မိန်းကလေးငယ်တစ်ဦး၏ မေတ္တာကို ကို အခြေခံရိုက်ပြထားတာပဲဖြစ်ပါတယ်။ လူနဲ့တိရိစ္ဆာန်လေးတွေရဲ့ချစ်ခြင်းမေတ္တာကိုလည်းဖော်ပြထားတဲ့အတွက် အရမ်းကိုကြည့်လို့ကောင်းသလို လွမ်းမောဖွယ်ရာလည်းကောင်းပါတယ်။ အခုကြည့်မယ့်ပရိတ်သက်ကြီးကခွေးလေးတွေကိုချစ်တတ်တဲ့သူဆိုရင်တော ဒီဇာတ်ကားနဲ့ ပတ်သက်လို့ စိတ်ကိုဖမ်းစားနိုင်မှာ အသေအချာပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kyal Sin yati Ko ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.4GB | 848MB | 460MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kyal Sin Yati Ko Encoder ….. August

Action • Adventure • Science Fiction
6.7 2019 125 mins
Show Me the Way to the Station
Gulmohar
8

Gulmohar 2023 IMDb-8.1/10 မင်းသားကြီး Manoj Bajpayee နဲ့ မင်းသမီးကြီး Sharmila Tagore တို့လို သရုပ်ဆောင်ကြီးတွေနဲ့ လူငယ်သရုပ်ဆောင်ပေါင်းများစွာပါ၀င်ထားတဲ့ မိသားစုသံယောဇဉ်မေတ္တာဖွဲ့ကားလေး ညွှန်းပေးချင်ပါတယ် မိသားစု၀င် ၁၄ ယောက်လုံး အတူတူမွေးဖွားကြီးပြင်းလာတဲ့ အိမ်ကြီးကနေ အတောင်အလက်စုံစုံနဲ့ ပျံထွက်မယ့်သူတွေများစွာရှိနေပါတယ် တစ်နေ့မှာမိသားစု၀င်တွေအားလုံးစုစည်းပြီးပါတီပွဲ ကျင်းပသီချင်းဆိုကြပျော်ရွှင်နေချိန်မှာ အိမ်ရဲ့မိခင်ကြီးကူဆွမ်ဟာ ဒီအိမ်ကြီးကိုရောင်းချပြီး သူတစ်ယောက်တည်း ‌သွားနေတော့မယ်ဆိုတဲ့ အကြောင်းအရာဟာ အားလုံးကိုအံ့အားသင့်သွားစေပါတော့တယ် သူ့တစ်သက်လုံး ခင်ပွန်းသည်သားသမီးတွေနဲ့အတူ နေထိုင်ကြီးပြင်းခဲ့တဲ့အိမ်ကြီးကို ဘာကြောင့်ရောင်းပစ်ချင်ရတာလဲ ဒီလိုနဲ့ပဲ ချစ်ခင်ပျော်စရာကောင်းတဲ့မိသားစုသိုက်သိုက်၀န်း၀န်းဘ၀တစ်ခန်းရပ်တော့မလား မိသားစု၀င်တစ်ယောက်ချင်းစီရဲ့စရိုက်တွေအခက်အခဲတွေကို ရှုထောင့်စုံရိုက်ကူးပြသတဲ့ မိသားစုကားလေးဟာ အေးအေးငြိမ့်ငြိမ့်ခံစားကြည့်ရှုနိုင်မှာပါ

8 2023 132 mins
Gulmohar
Royal Rendezvous
6.5

Royal Rendezvous(2023) ********************** fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့ အမေရိကန် ကိုလမ်ဘီယား ကပြားမ‌ လေးတစ်ယောက် တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင် ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင် သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့…… File Size :(1.8GB) and (674MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:29:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama
6.5 2023 90 mins
Royal Rendezvous
Murder Runs in the Family
5.5

Murder Runs In The Family ကို စာရေးဆရာမ Lauren Greenwood ရဲ့ စာအုပ်ကိုပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး Laura Lieben ၊ Eric Wigston ၊ Connor Suart တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ အနုပညာကုထုံးပညာရှင်တစ်ယောက်ဖြစ်တဲ့ ရန်းဝီလီယံဟာ အိမ်ပြန် ရောက်ရောက်ချင်းပဲ မွေးစားမိခင်သေဆုံးရတဲ့ အဖြစ်နဲ့ရင်ဆိုင်လိုက်ရပါတယ်။ မွေးစားမိခင်သေဆုံးရတဲ့ကိစ္စမှာ မသင်္ကာစရာ သဲလွန်စလေးတွေရှိနေတာကြောင့် ရန်းတစ်ယောက် တဖြည်းဖြည်းစုံစမ်းရင်း မိခင်အရင်းခေါက်ခေါက်ပါ တစ်ပုံစံတည်း သေဆုံးခဲ့တယ်ဆိုတာပါ သိလိုက်ရပါတော့တယ်။ မွေးစားမိခင်နှင့် မိခင်အရင်းနှစ်ယောက်စလုံး သေဆုံးရခြင်းရဲ့လက်သည်ဟာ သူမရဲ့ဖခင်လား၊ သူမဖခင်ဟာ မိသားစုလျှို့ဝှက်ချက်တွေကို မိခင်နှစ်ယောက်စလုံးကို နှုတ်ပိတ်ပြီးလက်စဖျောက်ခဲ့တာဖြစ်နိုင်လား ဆိုတာသံသယဝင်လာပြီး ရန်းဝီလီယံ တစ်ယောက် တစ်ကိုယ်တော်စုံစမ်းထောက်လှမ်းခဲ့ပါတယ်။ ဖခင်ကိုအနီးကပ်စောင့်ကြည့်နေရပေမယ့် ဖခင်ကအချိန်မရွေးအန္တရာယ်ပြုလာမှာလား.. တခြားမောင်နှမတွေကိုကော ဘေးကင်းအောင်စောင့်ရှောက်နိုင်ပါ့မလား.. မိခင်နှစ်ဦးစလုံးကို သတ်တဲ့တရားခံဟာ ဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ရှုစားကြရမှာ ဖြစ်ပါတယ်။ File size…1.22GB / 535MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 25m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

5.5 2023
Murder Runs in the Family
The Inventor
5.9

The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေ ပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ် ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်း အကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေ ရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရော အောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.58GB / 717MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.9 2023 92 mins
The Inventor
Udeekan Teriyan
6

Udeekan Teriyan (2023)”ကံကြမ္မာ” ============================= ၂၀၂၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ ပန်ချာပီ အချစ်ဒရာမာရုပ်ရှင်လေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဆူခီဆင်းဆိုတဲ့ အဘိုးကြီးတစ်ယောက်ရဲ့ဇနီးဟာ လေယာဉ်ခရီးစဉ်တစ်ခုမှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သူဟာ သူ့ဇနီးကို ရှာပေးဖို့အတွက် ဆိုင်ရာပိုင်ရာကို နေ့တိုင်းတောင်းဆိုပေမဲ့ ဆိုင်ရာပိုင်ရာက အဖက်မလုပ်ခဲ့ပါဘူး။ သူဟာ ဇနီးဖြစ်သူကို ရှာမတွေ့လို့ ပူဆွေးသောကရောက်ပြီး အထီးကျန်နေတုန်းမှာပဲ သူ့လိုပဲ တစ်ပုံစံတည်းကြုံတွေ့ခဲ့ရတဲ့ အာမရီတာဆိုတဲ့ အမျိုးသမီးနဲ့ တဖြည်းဖြည်း ရင်းနှီးသွားခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ဟာ ရိုးရိုးသားသားခင်မင်တာဖြစ်ပေမဲ့ ကိုယ့်ထမင်းကိုယ်စားပြီးသူများအကြောင်းပြောချင်တဲ့ ပတ်ဝန်းကျင်က မဟုတ်တာတွေ သမုတ်လာတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ။ သူတို့လဲ လက်တွဲဖော်တွေကိုရော ပြန်ရှာတွေ့မှာလားဆိုတဲ့ အဖြေတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

6 2023
Udeekan Teriyan
Sniper 2
5.5

အမေရိကန်အထူးတပ်ဖွဲ့ရဲ့ တပ်ကြပ်ကြီး၊ မရိန်းစနိုက်ပါဟောင်း တဦးဖြစ်တဲ့ ဘက်ကက်ဟာ လွတ်မြောက်နယ်မြေမှာ မွတ်စလင်တွေကို လူမျိုးတုံးသတ်ဖြတ်မှုမစ်ရှင်တွေ လုပ်ဆောင်နေတဲ့ ဆားဘီးယားဗိုလ်ချုပ်ကြီးကို ရှင်းပစ်ဖို့ တာဝန်ပေးခံခဲ့ရပါတယ်။ ဒီမစ်ရှင်မှာ သူနဲ့အတူ အထောက်တော်တယောက်ပါဝင်လာခဲ့ပြီး ဒီအထောက်တော်ဟာ ထောင်ထဲမှာ သေဒဏ်ပေးခံထားရာကနေ မစ်ရှင်မှာ ပါဝင်ခွင့်ရလာတာဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ ဝါရင့်စနိုက်ပါသမားနဲ့ သေဒဏ်ကနေလွတ်ပြီး ‌မစ်ရှင်အောင်မြင်ချင်တဲ့ အထောက်တော်တို့ဟာ အန္တရာယ်ရှိတဲ့ လွတ်မြောက်နယ်မြေထဲ သွားလာရင်း စိန်ခေါ်မှုတွေကို ဘယ်လို ရင်ဆိုင်ကြရမှာလဲ၊ သူတို့နှစ်ယောက်ကြား ဘယ်လိုတင်းမာမှုတွေ ဖြစ်ပေါ်လာမှာလဲ၊ အသက်လုပြေးရတဲ့ အခက်အခဲတွေကြားထဲမှာ ဒီမစ်ရှင်ကို အောင်မြင်အောင် ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားရမယ့် စနိုက်ပါအသားပေး အက်ရှင်ရုပ်ရှင်ကားကောင်းတကားဖြစ်ပါတယ်။ File size…2.12GB / 964MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Thriller , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Zaw Myint

Action • Crime • Thriller
5.5 2002
Sniper 2
Balestra
5

ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။ အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5 2024 145 mins
Balestra
The Owners

The Owners (2020) ***************** ဒီကားထဲက အဓိကမင်းသမီးလေး Maisie Williams ကိုတော့ Games Of Thrones ထဲမှာ… အာယာစတဒ်အဖြစ်နဲ့ Needle ဆိုတဲ့ဓားလေးကို ကိုင်ပြီး ဖိုက်တာကျခဲ့တာကို အားလုံးသိကြမှာပါ။ ဒီဇာတ်ကားထဲမှာရော ဘယ်လောက်ဖိုက်တာကျနိုင်မလဲ အားပေးကြည့်ရှုလိုက်ကြပါဦးနော်… ဇာတ်လမ်းအကျဉ်း ————– အသက်အရွယ်ကြီးရင့်ပြီးတော့ သားသမီးမြေးမြစ်တွေမရှိတော့တဲ့ ဆရာဝန်လင်မယားနှစ်ယောက်နဲ့… ပိုင်ဆိုင်မှုတွေလည်းရှိပြီး ဆက်ခံမဲ့သူမရှိတဲ့ သူတို့အကြောင်းကိုသိနေတဲ့ ငွေလွယ်လွယ်လိုချင်တဲ့ လူ ၃ ယောက်… ဒီလိုငွေလွယ်လွယ်ရချင်တဲ့ လူ ၃ ယောက်က ဆရာဝန်လင်မယားအိမ်ကို ဓားပြဝင်တိုက်ကြပါတော့တယ်။ ဓားပြဝင်တိုက်တဲ့သူတွေဟာ ငွေတွေအလွယ်တကူရလိမ့်မယ်လို့ ထင်ခဲ့ပေမဲ့ အိမ်ကို ဓားပြတိုက်လို့အပြီး… နာရီပိုင်းအတွင်းမှာတင် ဒီသက်ကြီးရွယ်အို ၂ယောက်မှာ ကြောက်စရာကောင်းတဲ့ လျှို့ဝှက်ချက်တွေရှိတာ သိလိုက်ရတယ်။ သူတို့ထင်သလို မလွယ်ကူတဲ့အပြင် ကိုယ်တိုင်မုဆိုးကနေ သားကောင်အဖြစ်ကိုရောက်သွားတဲ့အချိန်မှာတော့… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းမှာ ခံစားကြည့်ရှုလိုက်ပါဦးနော်… ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Lwin Lwin Aung ပဲဖြစ်ပါတယ်…. File Size : 1.35GB / 620MB Quality : 1080p 5.1ch / 720p Duration : 01:32:00 Genre : Action, Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Lwin Lwin Aung Encoded by Heather Oo

Family • Mystery • Animation • Comedy • Action • Fantasy
0 2020 92 mins
The Owners