YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Big.Bang.Theory.S07E11.1080p.(CM).mp4

360.32 MB 1080p video/mp4 841 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
Oligosaccharide The Movie
5.6

အခုတစ်ခေါက်က ဟာသဆန်ဆန် ရယ်ရယ်မောမောနဲ့ ကြည့်ရမယ့် လူငယ်ဇာတ်ကားလေးပါ သာမန်ရုံးသမားလူငယ်တစ်‌ယောက်ရဲ့ ဘဝမှာ တွေ့ဖူးခဲ့တဲ့ မိန်းမတွေအကြောင်း ဇာတ်လမ်းအတိုလေး ငါးခုကို ဇာတ်ကားအဖြစ်ပေါင်းထားတဲ့ ဇာတ်ကားလေးပါ ညီကိုတို့လို လိင်စိတ်ဆန္ဒ ပြင်းပြတဲ့ လူငယ်တွေ " ဆေးလိပ်နဲ့အရက်သာ မ‌ေသာက်ဘဲနေနိုင်မယ် ဆန္ဒကိုတော့ သိက္ခာနဲ့ မထိန်းနိုင်ဘူး " ဆိုတဲ့ ယောက်ျားလေးတွေအတွက် ကောင်မလေးက အရမ်းတင်းကြပ်တဲ့ အခါ နေရထိုင်ရခက်တဲ့ အကြောင်းကို ဟာသနှော ရိုက်ကူးထားတဲ့ အချစ်ကားလေး ဖြစ်ပါတယ် လူငယ်တွေ အထူးသဖြင့် အိမ်ထောင်ပြုခါနီး စုံတွဲတွေ တစ်ညတာ ပျော်ပျော်ပါးပါးနဲ့ ရယ်မောရင်း ဖြတ်သန်းချင်ရင်တော့ ဒီကားလေးကြည့်ဖို့ အကြံပေးချင်ပါတယ်နော် အညျွန်း နဲ့ ဘာသာပြန်ကတော့ Rookie ပဲ ဖြစ်ပါတယ်။ Genre..... Adult, Drama Quality…. 1080p | 720p | 480p File size… 1.3GB | 608MB | 257MB Format… mp4 Duration….  1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rookie Encoder ..... Blank

Crime • Mystery • Thriller
5.6 2017 103 mins
Oligosaccharide The Movie
Eating Our Way to Extinction
6.9

~ IMDb Rating - 7.5/10 ~ လူ​တွေအသက်ရှင်ဖို့ အာဟာရဖြစ်ဖို့ စား​နေတဲ့ စားနပ်ရိက္ခာ​တွေက တစ်ချိန်မှာ လူသားမျိုးနွယ် မျိုးတုန်းမှုရဲ့ အဓိကအ​ကြောင်းရင်းကြီးတစ်ချက်လို့ပြောရင် ဟာသပြက်လုံးလို ဖြစ်​​နေမှာ​သေချာပါတယ်။ ဒါ​ပေမဲ့ ကဏ္ဍ​ပေါင်းစုံက သု​တေသနပညာရှင်​တွေ နှစ်​ပေါင်းများစွာ လုပ်လာတဲ့ သု​တေသန​ရလဒ်​တွေ၊ အစီရင်ခံစာ​တွေက ဒီယူဆချက် မှန်ကန်​ကြောင်း သက်​​သေထူ​နေပါတယ်။ ကမ္ဘာ့လူဦး​ရေတစ်​နေ့တခြား များလာတာနဲ့အမျှ စားနပ်ရိက္ခာ​တွေ ပိုလိုအပ်လာသလို အသားစားသုံးမှုနှုန်းက တိုးပွားလာတဲ့အတွက် ​မွေးမြူ​ရေးလုပ်ငန်း​တွေ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ တွင်ကျယ် လာပါတယ်။ ဒီ Documentary ထဲမှာ ​မွေးမြူ​ရေးလုပ်ငန်း​တွေနဲ့ ပတ်သက်ပြီး သင်တို့လုံးဝမသိရှိထားတဲ့၊ လုံးဝမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်​တွေ အဖြစ်မှန်​တွေကို သု​တေသနရလဒ်​တွေနဲ့အညီ ​သေချာ​ဖော်ထုတ်တင်ဆက်ထားတာပါ။ မင်းသမီးကြီး ကိတ်ဝင်းစလတ်ကိုယ်တိုင် Narrator အဖြစ်ပါဝင်ပြီး တစ်ကမ္ဘာလုံးက သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု ပညာရှင်​တွေ၊ မိုး​လေဝသပညာရှင်​တွေ၊ အစာအာဟာရပညာရှင်​တွေ စုံစုံလင်လင် ပါဝင်ထားပြီး ​မွေးမြူ​ရေးလုပ်ငန်း​ကြောင့် ဖြစ်လာတဲ့ သစ်​တောနဲ့ ​ရေသယံဇာတပြုန်းတီးမှု၊ ကမ္ဘာကြီးပူ​နွေးလာမှု၊ တိရစ္ဆာန်မှတဆင့် လူ​တွေကို ကူးစက်တဲ့ ကပ်​ရောဂါဆိုးတွေအ​ကြောင်း၊ ငါး​မွေးကန် လုပ်ငန်းနဲ့ အဏ္ဏဝါဇီဝမျိုးစိတ်မျိုးကွဲ​တွေရဲ့ မျိုးတုန်းမှုအ​ကြောင်း ပြည့်ပြည့်စုံစုံ တင်ဆက်ထားတာပဲဖြစ်ပါတယ်။ ဒီ Documentary ကို ကြည့်လိုက်တာနဲ့ ကိုယ်​နေ့စဉ်စား​သုံးနေတဲ့ အစားအစာ​တွေက ကိုယ့်ရဲ့ပျက်သုဉ်းခြင်းကို ဘယ်လိုဦးတည်​​စေလဲဆိုတဲ့ အသိတစ်ခု ကျန်ခဲ့မှာပါ။ (ဒီ Documentary နဲ့အညွှန်းကို JimX မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 763MB Quality - 1080p, 720p IMDb Rating - 7.5/10 Format - mp4 Duration - 1H 22Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by JimX Encoded by Y

Action • Crime • Thriller
6.9 2021 81 mins
Eating Our Way to Extinction
Harsh Times
6.4

Christian Bale ကိုယ်တိုင် ပရိုဂျူဆာအနေနဲ့ရော အဓိကဇာတ်ကောင် ဂျင်မ်အဖြစ်နဲ့ပါ ပါဝင်သရုပ်ဆောင်ထားပြီး သူ့သရုပ်ဆောင်ချက်တွေဟာ လက်ဖျားခါလောက်တယ်ဆိုတဲ့ မှတ်ချက်တွေ တပုံတပင်ရရှိထားတဲ့ကားပါ။ ဂျင်မ်နဲ့ မိုက်ခ်က သိပ်ကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ညီအစ်ကိုတွေလိုတောင်ဖြစ်နေကြပါပြီ။ မိုက်ခ်က လက်ရှိမှာ အလုပ်လက်မဲ့၊ သူ့ဇနီးဖြစ်သူက ငြိုငြင်လာပြီး အလုပ်ထွက်ရှာဖို့ပဲ တတွတ်တွတ်တိုက်တွန်းနေတော့ စိတ်ညစ်နေတဲ့သူ။ ဂျင်မ်က စစ်ပြန်ရိန်းဂျားတစ်ယောက်ပေါ့။ သူတာဝန်ထမ်းဆောင်ခဲ့တာက အာဖရန်နစ္စကန်မှာ။ စစ်ပွဲဆိုတော့ သိတဲ့အတိုင်း သေကြကြေကြ သတ်ကြဖြတ်ကြပါပဲ။ လူသတ်ရတာ ဘယ်လိုနေလဲလို့ မိုက်ခ်က မေးတိုင်း ဂျင်မ် အဲဒီမှာဖြစ်ခဲ့သမျှဟာ သူ့အတွက် ဘာသက်ရောက်မှုမှမရှိပါဘူးလို့ ကြွေးကြော်တတ်တယ်။ အခုဆို သူ့မှာ ချစ်ရတဲ့မက်ဆီကန်မလေး မာတာလည်းရှိနေပြီလေ။ သူ အယ်လ်အေရဲတပ်ဖွဲ့မှာ အလုပ်ရတာနဲ့ အမေရိကားကိုခေါ်ပြီး သူတို့ယူကြတော့မှာ မဟုတ်လား။ ဒီလိုသာမန်အေးချမ်းတဲ့ဘဝမျိုးရခါနီး ဂျင်မ်နောက်ကို သူ့အတိတ်ဆိုးက လိုက်လာတဲ့အခါမှာ သူဘာတွေကြုံရမှာလဲ? မိုက်ခ်ကရော သူ့အချစ်ဆုံးသူငယ်ချင်း ဂျင်မ်နောက်ကိုလိုက်ရင်း ဘာတွေဘယ်လိုကြားညပ်မိမလဲ? ကိုယ်တိုင်ပဲ ကြည့်ရှူခံစားလိုက်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ May Myat Thu ပါ။) File Size : 3.8GB, 1.3GB & 528MB Quality : 1080p Blu-ray AC3 5.1CH, 720p Blu-ray & 480p Format : mp4 Duration : 1hr & 56mins Genre : Action, Crime, Drama Translated by May Myat Thu Encoded by Kinnov

Action • Thriller
6.4 2005 116 mins
Harsh Times
The Hundred-Foot Journey
7.3

The Hundred-Foot Journey(2014) ******************************* အစားအသောက်တွေက ကျွန်နော်တို့ဘဝရဲ့ မှတ်ဉာဏ်အစိတ်အပိုင်းတွေလား... ဒါမှမဟုတ် ကျွန်နော်တို့ဘဝတွေကို နီးစပ်စေခဲ့တဲ့ အကြောင်းတရားများလား... ပေ ၁၀၀ သာ အကျယ်ရှိတဲ့ လမ်းတစ်ဖက်တစ်ချက်က မတူညီတဲ့ ယဉ်ကျေးမှု၊ စရိုက်တွေက ပေါင်းစပ်စေခဲ့တာကရော ဘာတွေများလဲ.... ဒီဇာတ်ကားမှာ ပြင်သစ်နယ်မြို့လေးရဲ့ အလှအပတွေနဲ့ အစားအသောက်တွေကို တဝကြီး ကြည့်ရမှာဖြစ်ပါတယ်... ပြင်သစ်က စိန့်အန်တိုနင်မြို့ကလေးကို အခြေတည်ထားတဲ့ ဒီဇာတ်ကားလေးမှာ ပြင်သစ်အစားအသောက်တွေနဲ့ မီချယ်လင်းစတားရရှိဖို့အတွက်ကလွဲ တခြားဘာမှ မျှော်လင့် မထားတော့တဲ့ မာနကြီးအဖွားအိုကြီးနဲ့ စိတ်ဆတ်တဲ့ အဖိုးအိုကြီးကြားက ပေတစ်ရာသာလှမ်းတဲ့ လမ်းကလေးက ဘယ်လိုမျိုးနီးစပ်သွားမှာလဲ ငယ်စဉ်ကတည်းက အရသာကောင်းကောင်းခံတတ်တဲ့ ကလေးတစ်ယောက် စာဖိုးမှုးဖြစ်လာတဲ့အခါ ဥရောပကိုရောက်လာတဲ့အခါ အနောက်တိုင်းအစားအစာတွေနဲ့ ဘယ်လိုမျိုးနီးစပ်သွားမလဲ.... ဇာတ်လမ်း ဇာတ်ကွက် ကောင်းမွန်လှတဲ့အတွက် အချက်အပြုတ်တွေစိတ်မဝင်စားရင်တောင်မှ ကြည့်သင့်တဲ့ကားလေးဖြစ်ပါကြောင်း....... File Size :(2.2GB) and (865MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…02:02:00 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wunna Encoded by Phyo Pyae

Action • Crime
7.3 2014 122 mins
The Hundred-Foot Journey
The White Tiger
6.9

Netflix ရဲ့ ရုပ်ရှင်အသစ်လေး ခံစားကြည့်ရအောင်။ မင်းသား မင်းသမီးတွေက နာမည်ကြီးတွေလို့တော့ ပြောကြတယ်ဗျ။ ကျွန်တော်ကတော့ အကြည့်နည်းလို့ သိပ်မသိဘူး။ ဒါပေမယ့် ဇာတ်လမ်းအကြောင်းကိုပဲ ပြောရအောင်။ သိပ်ကောင်းပါတယ်။ အိန္ဒိယရဲ့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်က တရုတ်ဝန်ကြီးချုပ် ဝန်ကျားပေါင်နဲ့ တွေ့ခွင့်ရဖို့ သူ့ဘဝဇာတ်ကြောင်းကို အီးမေးလ် ပို့ရာကနေ စတာပေါ့ဗျာ။ အိန္ဒိယနိုင်ငံမှာ ဇာတ်နိမ့်တွေ ဇာတ်မြင့်တွေ အမျိုး ၁၀၀၀ လောက် ရှိခဲ့ပေမယ့် တကယ်တော့ ဇာတ် ၂ မျိုးပဲ ရှိပါတယ်။ ဗိုက်ပူနေတဲ့သူနဲ့ ဗိုက်ပိန်နေတဲ့သူပေါ့။ သခင် နဲ့ အစေခံပေါ့။ အိန္ဒိယနိုင်ငံရဲ့ လူတန်းစား ကွာခြားမှုအမြင်တွေ ရုန်းကန်မှုတွေ အကြောင်း ကောင်းကောင်းကြီး ပုံဖော်ထားတာပါပဲ။ ဇာတ်လိုက်ရဲ့ ဥပမာကတော့ သူတို့လို အစေခံ လူတန်းစားတွေကို ကြက်လှောင်အိမ်ထဲက ကြက်တွေနဲ့ နှိုင်းယှဉ်ပြထားတယ်ဗျာ။ ကြက်လှောင်အိမ်ထဲက ကြက်တွေဟာ သူတို့ရှေ့မှာ ကြက်တွေကို သတ်နေတာတွေ မြင်ရတယ် သွေးနံ့တွေရတယ်။ ဒါပေမယ့် လှောင်အိမ်ထဲက ထွက်ဖို့ မကြိုးစားကြဘူး။ အစေခံတွေအားလုံးဟာလည်း ဒီလိုလူတွေပဲလို့ ဆိုထားတယ်။ ဒီဇာတ်လမ်းကတော့ ကြက်လှောင်အိမ်ထဲကနေ ထွက်ဖို့ ကြိုးစားခဲ့တဲ့ ကြက်တစ်ကောင်အကြောင်းပေါ့ဗျာ။ အားလုံးကြိုက်ကြမှာပါ။ File size…(1.7 GB) and (900 MB) Quality…Blu-Ray Rip 1080p and 720p Format…mp4 Duration….02:05:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Drama
6.9 2021 125 mins
The White Tiger
The Star
7

1944 ခုနှစ်မှာ ဆိုဗီယက်ပြည်‌‌ထောင်စုရဲ့တပ်နီကြီးက‌နေ ဂျာမန်နာဇီတွေကိုအလဲထိုးပြီး ဘာလင်ကိုမျက်စောင်းထိုးနိုင် စေခဲ့တဲ့ထိုးစစ်ဖြစ်တဲ့ Operation Bagrationကိုအောင်မြင် စေနိုင်ခဲ့တဲ့ကင်းထောက်တပ်တခုရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေး တခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ အချိန်ကတော့ Operation Bagration မတိုင်ခင် ၁၉၄၄ခုနှစ် မေလအတွင်း။ ဆိုဗီယက်တွေမှာ ပြဿနာတက်နေတာက ဂျာမန်ခုခံစစ်တွေရဲ့ နောက်တန်းမှာ လူပြန်စုနေတယ်လို့သတင်း ရထားပေမယ့် အတိအကျက ထောက်လှမ်းမရနိုင်သေးဘူး။ လွှတ်ထားသမျှကင်းထောက် တပ်ဖွဲ့ နှစ်ဖွဲ့ကလည်းအဆက်အသွယ် ပြတ်သွားခဲ့ပြီ။ ဒီလိုနဲ့ နောက်ဆုံးအကြိမ် ကြိုးစားပြီး ဒုဗိုလ်‌လေး တရာ့ဗ်ကင်ဦးဆောင်တဲ့ကြယ်ပွင့်လို့ အမည်ရတဲ့ကင်းထောက်အဖွဲ့ တခုကိုထပ်လွှတ်ဖို့ဖြစ်လာပါတော့တယ်။ဒီကင်းထောက်အဖွဲ့ရဲ့ ဂျာမန်ရှေ့တန်းတွေအကြားအရဲစွန့်ခဲ့တာတွေ ဂျာမန်တွေရဲ့ စစ်အင်အားတွေကို တပ်ဖွဲ့တွေအကြားထောက်လှမ်းသတင်း ပို့‌ပေးခဲ့တာတွေကိုရင်တဖိုဖိုနဲ့ကြည့်ရှူခံစားကြရမှာပဲဖြစ်ပါတယ်။ ကင်းထောက်တပ်ဖွဲ့လေးတစ်ခုက ဒီစစ်ဆင်ရေးကြီးကိုဘယ်လိုမျိုး ပြောင်းလဲပေးနိုင်ခဲ့မလဲဆိုတာကို CMပရိတ်သတ်ကြီးက ကြည့်ရှုခံစားပေးကြပါဦး။ File size…2.07GB / 992MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman

Drama • Music
7 2002
The Star
[18+] The Invited Man

************************ ဒီကားကတော့ ငရဲပြည်၇ထပ်ကနေ ဗမှားပြည် ဒန့်ဒလွန်တောင်အထိ အကွက်မျိုးစုံနဲ့ချစ်ကြတဲ့အခန်းတွေ တလှေကြီးပါပါတယ်.. အခန်းတိုင်းကလည်းစွဲမက်ဖွယ်ဖြစ်သလို ကိုရီးယား adult sexy queenလို့ တင်စားရမဲ့ မင်းသမီးကြီးပါနေတော့ ဆီမထိုးထားတဲ့ ရွာကလှည်းကိုစီးနေရသလို အမိုက်စားဖီလင်တွေရနေမှာဖြစ်ပါတယ်.. ဇာတ်လမ်းအကျဉ်းကတော့ အိပ်ရာပေါ်မှာ သာမန်ဆန်တဲ့ ထိတွေ့ခြင်းတွေကို သဘောမကျတဲ့ ယောက်ျားနဲ့ အချစ်ပါရင်ရိုးရိုးလေး သနပ်ခါးလိမ်းလည်း လှတယ်လို့ ထင်နေတဲ့ဇနီးသည်တို့အကြား ရန်ပွဲလေးတွေဖြစ်ရင်း နောက်ဆုံး မှာ တော့ ကြာပွတ်ရိုက်သံလည်း ချိုမြိန်ပါတယ်လို့ အမြင်ပြောင်းသွားတာကို လှလှလေးရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်…ခံစားကြည့်ကြပါဦး… File Size :2.3GB&883MB Quality : WEB-DL1080p,720p Format…mp4 Duration…01:45:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌SD Encoded by DS

0 2017
[18+] The Invited Man
Beastie Boys
5.6

Beastie Boys (2008) မိန်းမတွေကို အရက်ငှဲ့ပေး၊ ဖျော်ဖြေပေးရတဲ့ အရက်ဆိုင်က အတော်ဆုံးလို့ သတင်းကြီးတဲ့ host ကတော့ ဆွန်းဝူပဲ ဖြစ်ပါတယ်။ ဆွန်းဝူက ဒီအလုပ်ကို အချောင်ရ ခုံမင်လို့ စတင်လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ အလုပ်လက်မဲ့ ဖြစ်နေချိန် အစ်မဖြစ်သူရဲ့ ရည်းစား ဂျယ်ဟျွန်း မိတ်ဆက်ပေးတဲ့ အလုပ် night life က ခေါင်းတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ဂျယ်ဟျွန်းကလည်း အဲဒီအလုပ်ကို လုပ်ကိုင်နေသူဖြစ်ပြီး ဆွန်းဝူရဲ့ အစ်မကလည်း တခြားအရက်ဆိုင်က စားပွဲထိုးမလေးပဲ ဖြစ်ပါတယ်။ ဒီအလုပ်ကို တစ်သက်လုံး လုပ်သွားဖို့ စိတ်ကူးမရှိတဲ့ ဆွန်းဝူက Night Life က ကောင်မလေးကို ချစ်မိခဲ့ပါတယ်။ အဲဒီကောင်မလေးနဲ့ တစ်သက်တာ အတူတူနေဖို့အထိ စိတ်ကူးရှိခဲ့တဲ့ ဆွန်းဝူတစ်ယောက် ရည်းစားက ရိုးရိုး အရက်ငှဲ့ပေးတဲ့ မိန်းကလေးမဟုတ်ဘဲ ယောက်ျားတွေနဲ့ အိပ်ပေးရတဲ့ အလုပ်လုပ်နေရမှန်း သိသွားတဲ့အခါ… တူညီတဲ့အလုပ် မတူညီတဲ့ ဘဝခံယူချက်နဲ့ ယောက်ျားနှစ်ယောက်ရဲ့ အတ္တတွေကို နှိုင်းယှဥ်ရိုက်ကူးထားပြီး တောင်ကိုရီးယား night life အကြောင်းလည်း တစ်စိတ်တစ်ဒေသ တော့ နားလည်သွားစေနိုင်မဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.6GB | 596MB Format… mp4 Duration…. 1h 2min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

5.6 2008 126 mins
Beastie Boys
Curious Caterer: Dying for Chocolate
6.4

Curious Caterer:Dying for chocolate ဆိုတဲ့ကားလေးကတော့ 2022မှာထွက်ရှိထားပြီး Crime ,Mystery အမျိုးအစားလေးဖြစ်ပါတယ်။ ဂိုးဒီဘယ်ရီဆိုတဲ့ အမျိုးသမီးက ဧည့်ခံပွဲတွေအတွက်အစားအသောက်တွေ တည်ခင်းဧည့်ခံပေးတဲ့စားဖိုမှူးတစ်ယောက်ဖြစ်ပါတယ်။တနေ့မှာ သူမရဲ့အချစ်ဆုံးသူငယ်ချင်းဟာ ကားမတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီးတော့ သေဆုံးသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီကိစ္စဟာ မတော်တဆမှုမဟုတ်ဘဲ ကြံစည်မှုတစ်ခုဖြစ်နေပြီး သူမသူငယ်ချင်းဖြစ်သူဟာအသတ်ခံလိုက်ရတာလို့သိလိုက်ရတဲ့အချိန် အမှုရဲ့တာဝန်ခံစုံထောက်ဖြစ်သူနဲ့အတူ သူမကိုယ်တိုင်အမှု့ကို ပါဝင်စုံစမ်းပါတော့တယ်။ File size…(1.6 GB)/(820 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre…Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris

Drama • Comedy
6.4 2022
Curious Caterer: Dying for Chocolate
Saba Nayagan
8

Saba Nayagan 2023 (ဒီအချိန်ကျောင်းတော်ကြီးရဲ့ အလယ်မှာ) CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် တမီလ်စကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးချင်ပါတယ် ဒါရိုက်ဝာာ စီအက်စ်ကာသီကာရန်ရဲ့ ပွဲဦးထွက်လက်ရာဖြစ်ပြီး လူငယ်အချစ်ဟာသဇာတ်လမ်းလေးကို အနောက်တိုင်း rom com စတိုင် ပေါ့ပေါ့ပါးပါး ကျောင်းတွင်းအလွဲလေးတွေ ဟာသလေးတွေနဲ့တင်ဆက်ပေးထားတာမို့ ကိုယ့်ငယ်ဘဝကိုတောင် သတိရမိမှာပါပဲ ဇာတ်လမ်းအကျဉ်းလေးကတော့ မင်းသားရဲဖမ်းခံရတာက စပါတယ် မှောင်ရိပ်ခိုမှုနဲ့ ဆရာသမားကိုဆွဲစိလာဝာာ ပတ္တရောင်ကားပေါ်မှာ အူကြောင်ကျားနဲ့ပါလာတာပေါ့ အဲဒီမှာ တခြားတစ်ယောက်က သူအသည်းကွဲနေလို့ အရက်သောက်မိတာပါပြောလို့ ရဲတွေကသနားပြီး ပြန်လွှတ်ပေးလိုက်တဲ့အခါမှာ ‌ဇာတ်လိုက်‌ကျော်က သူ့အသည်းကွဲဇာတ်လမ်းတော့ အသာနေ ကျွန်တော့်ဇာတ်လမ်းလည်း နားသောတဆင်ကြည့်ပါဦးဆိုပြီး သူ့ရဲ့ကျောင်းသားဘဝအချစ်ဇာတ်လမ်းလေးကိုပြန်ပြောပြတဲ့အခါမှာ…. ပေါ့ပေါ့ပါးပါးနဲ့ စိတ်နှလုံးကြည်နူးစေဖို့ ပရိသတ်ကြီးအတွက် CM Bollywood Team ကနေ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

8 2023
Saba Nayagan
The Animal Kingdom
6.9

အပြောင်းအလဲအမြဲဖြစ်နေတဲ့လောကကြီးမှာ လူသားတွေဟာလည်း သန္ဓေပြောင်းမှု တစ်မျိုးနဲ့ကြုံတွေ့ရပြီး လူစင်စစ်ကနေ တိရိစ္ဆာန်တစ်ပိုင်း သတ္တဝါကြီးတွေဖြစ်ကုန်ပါတယ်….။ ဒီလိုဖြစ်လာရင်တော့ စစချင်းမှာ လူမှုအသိုင်းအဝိုင်းကရှောင်ဖယ်၊ တိုက်ခိုက်ကြတာ ဓမ္မတာပါပဲ…။ ကံဆိုးပြီး သန္ဓေပြောင်းသွားတဲ့ လူတွေအတွက်တော့ စိတ်မကောင်းစရာပဲပေါ့…။ ဒီလူတွေထဲမှာ ဖရန်ဆွာရဲ့ ဇနီးဖြစ်သူလည်းပါခဲ့ပါတယ်…။ ဇနီးဖြစ်သူ ဒီသန္ဓေပြောင်းရောဂါကနေ ပြန်ကောင်းလာနိုးလာနိုးနဲ့ ‌ဆေးကုသမှုခံယူနေရင်းနဲ့ပဲ သားဖြစ်သူပါ ဒီရောဂါနဲ့ ကြုံတွေ့လာရတဲ့အခါ….။ Horror၊ Sci-fi၊ Adventure၊ Dramaစတဲ့ ရုပ်ရှင်အမျိုးအစား ရသစုံပါဝင်တဲ့အပြင် ဆုတံဆိပ်တွေလည်းရရှိထားတဲ့ကားမို တင်ဆက်ပေးလိုက်ပါဗျာ…။ File size…2.24GB / 1.09GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….2h 8m Genre ….. Adventure , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.9 2023
The Animal Kingdom
The Terminator
8.1

ကဗျာဆရာတစ်ယောက်ရေးတဲ့ အလွမ်းက‌ဗျာတွေက သူကိုယ်တိုင်အသည်းကွဲဖူးမှ ပိုကောင်းသတဲ့။ ဒါရိုက်တာတစ်ယောက် ဇာတ်ကားရိုက်မယ်ဆိုရင်ရော ဘယ်လိုဖြစ်မှ ဇာတ်လမ်းတွေ ပိုကောင်းမလဲ။ ဂြိုဟ်စိမ်းစိမ်းကြီးပေါ်က ဂြိုဟ်သားပြာပြာတွေအကြောင်း ရိုက်ခဲ့သူ၊ တိုက်တန်းနစ်သင်္ဘောကြီး ဘယ်လိုနစ်သွားသလဲ ရိုက်ပြခဲ့သူ ဂျိမ်းစ် ကန်မရွန်း ကတော့ ဟောဒီ Terminator ဇာတ်ကားကြီးကို သူ့ရဲ့ အဖျားအိပ်မက် ကယောက်ကယက်ကနေ စိတ်ကူးရခဲ့ပြီး ထုတ်ဝေသူဆီ အိုင်ဒီယာရောင်းစားခဲ့သူပါ။ သူကိုယ်တိုင် ရိုက်ကူးရမှဖြစ်မယ်ဆိုတဲ့ သဘောတူညီမှုလည်း ပါတာပေါ့။ ဘာပဲဖြစ်ဖြစ် သူ့အိပ်မက်ကနေပြီး ကျွန်တော်တို့ကလေးဘဝရဲ့ အစိုးမိုးနိုင်ဆုံး ဇာတ်ကားကြီးတစ်ကား ထွက်ပေါ်လာတာပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတစ်ကားက အခုလို IMDb 8.1 ရခဲ့တာ၊ ခရမ်းချဉ်သီးပုပ် 100 အပြည့်ရခဲ့တာ ဆိုတာတွေက နွေခေါင်ခေါင် မိုးကြိုးပစ်ချတာထက် ပိုရှားပါးတဲ့အဖြစ်ပါပေါ့။ ထင်မှတ်မထားဘဲ Box Office မှာ နှစ်ပတ်တိတိ ထိပ်တန်းဖြစ်ခဲ့တာ၊ ကန်မရွန်း နဲ့ အာနိုး ကို အောင်မြင်ကျော်ကြားသူတွေအဖြစ် တွန်းတင်ပေးခဲ့တာ၊ အမြတ်ငွေ သောက်သောက်လဲရခဲ့တာတွေက ဒီလိုဇာတ်ကားမျိုးအတွက် မမျှော်မှန်းအပ်တဲ့အရာတွေပါပဲ။ ကျောက်ခဲရေပေါ်ခဲ့တဲ့ဇာတ်ကားတစ်ကားလို့ ပြောကြပါစို့။ အမေရိကန် ရုပ်ရှင်သမိုင်းရဲ့ စံပြုထိုက်သော ထိန်းသိမ်းထိုက်သော ဇာတ်ကားအဖြစ် 2008 ခုနှစ်မှာ ရွေးချယ်ခံခဲ့ရပါတယ်။ လူသားတွေကို ကူညီပေးရမယ့် AI ဉာဏ်ရည်တုကွန်ပျူတာတစ်လုံးက သိပ်ကို အသိဉာဏ်တွေ ရှိသွားပြီး လူသားတွေကို သူ့ရဲ့ အန္တရာယ်အဖြစ် သက်မှတ်လိုက်တဲ့အချိန်မှာ လူသား သန်းသုံးထောင် နျူကလီးယားမီးတောက်ကြီးထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်။ ရှင်သန်ကျန်ရစ်သူတွေက မြေအောက်တွေထဲမှာ ကြွက်တွေလိုနေထိုင်ရင်း အသက်ယဲ့ယဲ့ကို ပင်ပင်ပန်းပန်းဆက်လက်ရှင်သန်နေရချိန် အမှောင်လွှမ်းသောနေ့တွေပေါ့။ လူသားတစ်ယောက် ပေါ်ထွန်းလာခဲ့တယ်။ စက်ရုပ်တွေကို အမှိုက်ပုံဖြစ်အောင်လုပ်နိုင်စွမ်းရှိသူ၊ မြေအောက်က လူသားတွေကို မြေပေါ်ကို တစ်ခေါက်ပြန်ခေါ်နိုင်ခဲ့သူ သူရဲကောင်းကြီးဟာ စက်တွေရဲ့ နောက်ဆုံးအခြေစိုက်စခန်းကို တိုက်ခိုက်အောင်မြင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ဝင်စီးနိုင်လိုက်ချိန်မှာ စက်တွေဘက်က သတ်ဖြတ်ရေးမုဆိုးစက်ရုပ်တစ်ရုပ်ကို အတိတ်ကို ပြန်လွှတ်လိုက်ပြီးကာစမှန်း သိလိုက်ရတယ်။ သူ့ရဲ့တာဝန်က လူသားခေါင်းဆောင်ကို ကိုယ်ဝန်လွယ်မွေးမယ့် မိခင်ဖြစ်သူကို ဦးအောင်သတ်ဖြတ်ဖို့။ လူသားခေါင်းဆောင် အတိတ်ကတည်းက မွေးမလာခဲ့အောင်လို့။ ဒီတော့ လူတွေဘက်ကလည်း တစ်ကိုယ်တော်စစ်သည်တစ်ဦးကို လွှတ်လိုက်ရတယ်။ စက်ရုပ်ကို ချေမှုန်းဖို့၊ မိခင်ကို ကာကွယ်ဖို့။ ဒါပေမဲ့ လူသားတစ်ပိုင်းဖြစ်ပြီး သိပ်ကိုမာကြော ခိုင်ခံ့တဲ့ လူသတ်စက်ရုပ်ကြီးကို ဘယ်လိုများတားဆီးမလဲ။ တစ်ခေတ်တစ်ခါက ဂန္တဝင်ဇာတ်ကားကြီးကို CM ရဲ့တင်ဆက်မှုနဲ့ အလွမ်းပြေ ပြန်လည်ကြည့်ရှုကြပါဦးစို့။ File size…(4.4 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre…Action, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Arr Khun Winchester

8.1 1984
The Terminator
Boiling Point
7.6

စားသောက်ဆိုင်တစ်ဆိုင်ကို စီမံရတဲ့စားဖိုမှူးခေါင်းဆောင်တစ်ယောက်လုပ်ရတာက တစ်ကယ်ပဲလွယ်ကူမှုရှိရဲ့လား စားသောက်ဆိုင်တစ်ဆိုင်လည်ပတ်ရတာကရော ရိုးရှင်းရဲ့လား စားဖိုမှူးတစ်ယောက်က အစားအသောက်လေးကိုချက်ပြုတ်ရုံလေးပဲလို့ထင်မိလား ဒီလိုထင်မိရင်တော့ ဒီကားလေးကိုကြည့်လိုက်ပါ။ အန်ဒီဆိုတဲ့ စားဖိုမှူးခေါင်းဆောင်နဲ့အတူ စားသောက်ဆိုင်ရဲ့လည်ပတ်ပုံတွေကို ကိုယ်တိုင်လိုက်ပါကြည့်ရှုလိုက်ပါ။ မိသားစုပြဿနာတွေကြားဗျာများနေရပေမယ့်အန်ဒီတစ်ယောက် ခရစ်စမတ်အကြိုသောကြာနေ့ညအတွက် စားဖိုဆောင်မှာအကောင်းဆုံးတာဝန်ထမ်းဆောင်နေပုံတွေ စားသောက်ဆိုင်အလုပ်ရဲ့ ဖိအားတွေပြဿနာတွေကို ကိုယ်တိုင်စားသောက်ဆိုင်ထဲမှာရောက်နေသယောင်ဖြစ်အောင် Single Shot နဲ့ပဲရိုက်ကူးထားပြီး ဆုလေးဆုရကာ ဆု(၁၄)ဆုမှာဇကာတင်စာရင်းဝင်ထားတဲ့ဇာတ်ကားဆိုတော့ ကြည့်လိုက်မိလို့နောင်တရစရာမရှိမှာတော့သေချာပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Chit Tee ပါ ) File Size__(1.66GB) / (850MB) Quality__1080p, 720p IMDb Rating__7.6/10 Format__mp4 Duration__01:36:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee Encoded by a hao

7.6 2023 95 mins
Boiling Point
Sri Sri Sri Raja Vaaru
6

Sri Sri Sri Raajavaru (2025) “စီးကရက်ပုံပြင်” တေလဂူး ဟာသ/ဒရာမာ ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတဲ့ ကောင်လေးက ငယ်ငယ်လေးကတည်းက ဆေးလိပ်နဲ့ ကံပါလာသူတစ်ယောက်ပါ မွေးပြီးချင်း အသက်မရှင်ဘူးဆိုပေမဲ့ ဦးလေးဖြစ်သူ မှုတ်ထုတ်လိုက်တဲ့ ဆေးလိပ်ငွေ့နဲ့မှ ပြန်ရှင်တယ်လို့ သူတို့မိသားစုက ယူဆခဲ့ပါတယ် ဒီအယူအဆကြောင့် ဆယ်ကျော်သက်အရွယ်မှာ ဆေးလိပ်စမ်းသောက်ရာကနေ မသောက်ရမနေနိုင်တဲ့ စီးကရက်သမားလုံးလုံးဖြစ်သွားပါတော့တယ် အယူသီးမှုတစ်ခုကြောင့် ဘယ်လိုအကျိုးဆက်တွေ ရင်ဆိုင်ကြုံတွေ့ရမှာလဲဆိုတာကိုတော့ ပရိသတ်တို့ကပဲ ဆက်လက်ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Comedy • Action
6 2025
Sri Sri Sri Raja Vaaru