YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

The.Big.Bang.Theory.S02E02.The.Codpiece.Topology.1080p.(CM).mp4

234.05 MB N/A video/mp4 3713 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Right Now, Wrong Then
6.9

“Right Now Wrong Then” အမှန်အတိုင်းပြောရရင် ကျွန်တော်က Hong Sang-Soo ရဲ့ကားတွေနဲ့ သိပ်ရင်းနှီးတာ မဟုတ်ဘူး။ ဟိုတလောက pageတစ်ခုမှာ Hang Sang-Soo နဲ့ Kim Min Hee တို့ရဲ့ အကြောင်းကို “အချစ်နဲ့ဖောက်ပြန်မှုကြားက လူနှစ်ယောက်အကြောင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ (ထင်တယ်)ဖတ်လိုက်မိပြီးမှ သူ့အကြောင်း စိတ်ဝင်တစား လိုက်ရှာကြည့်မိတာ။ နောက်ပြီးတော့ သူ့ရဲ့ နာမည်ကြီး “Right Now Wrong Then “ကို ကြည့်ဖို့ရှာတယ်ပေါ့။ ဖြစ်ချင်တော့ အဲ့ကားကို ဘယ်မှာမှ ရှာမရဘူး။ အဲ့တာနဲ့ CM ကို ကျွန်တော်ပြန်ပါ့မယ်ဆိုပြီး ရှာခိုင်းလိုက်တယ်လေ(ဟဲ ဟဲ)။ ဟိုကလည်း ရှာပေးတယ် ရော့ ပြန် တဲ့။ အဲ့တာနဲ့ မပြန်ခင် ကိုယ့်ဟာကိုယ် အရင်ထိုင်ကြည့်တာပေါ့။ ကြည့်လဲပြီးရော ငါတော့ မြွေကိုက်ပြီလို့ တန်းသိလိုက်တာပဲ။ ဘယ့်နှယ့် ဇာတ်ကားကြီးက ကျွန်တော်တို့ ပုံမှန်ကြည့်နေကျ ဇာတ်ကားတွေလို linear သဘော မျဉ်းတစ်ပြေးတည်းသွားတာမဟုတ်ဘူး။ တွေ့ဆုံမှုနဲ့ ခွဲခွါမှုကြားက လူနှစ်ယောက်အတူရှိခဲ့တဲ့ အချိန်ကာလကို မတူညီတဲ့ ရွေးချယ်မှုတွေနဲ့ အပြိုင်သဘောမျိုးခွဲပြသွားတာ။ ဒီလူတွေပဲ၊ဒီပတ်ဝန်းကျင်ပဲ၊ဒီတွေ့ဆုံမှုပဲ ။ကွဲသွားတာဆိုလို့ ရွေးချယ်မှုသေးသေးလေးတွေပဲ ကွဲသွားတာ။ ဒါပေမယ့် အဲ့ဒီရွေးချယ်မှုသေးသေးလေးတွေကပဲ ဒီဇာတ်ကားမှာပါတဲ့ အပြိုင်ကမ္ဘာနှစ်ခုရဲ့ အေးစက်မှု၊နွေးထွေးမှု၊ရှုပ်ထွေးမှု၊ကြည်နူးမှုတွေကို လုံးဝကို ကောက်ပြောင်းသွားနိုင်တယ်။ ဒါကို ကျွန်တော် ပထမတစ်ခေါက်ကြည့်တုန်းကတော့ နားမလည်ဘူး။နောက်တစ်ခေါက် ထပ်ကြည့်တော့မှ ရေးရေးလေး မြင်လာတာ။ (ပြီးရင်လည်း ပြန်ကြည့်ဦးမှာ) ပြောစကားတွေ၊ကင်မရာအယူအဆတွေ၊ အလင်းအမှောင်တွေ၊ရှူထောင့်တွေ ပြောင်းထားတာမျိုးတော့ ရှိတာပေါ့။ ဟိုလျှောက်ပြော ဒီလျှောက်ပြောနဲ့ များနေပြီ။ ဇာတ်ကားအကြောင်း နည်းနည်းပြောကြတာပေါ့။ ဇာတ်ကားက ဘာမှ သိပ်ထူးဆန်းတာ မဟုတ်ဘူး။ လူလတ်ပိုင်းအရွယ် နာမည်ကြီး ဒါရိုက်တာ တစ်ယောက် သူ့ဇာတ်ကား screeningအတွက် မြို့လေးတစ်မြို့ကို ရောက်လာတယ်။ လာရမယ့်ရက်ထက် တစ်ရက်စောပြီး လာမိတယ်။ အဲ့တော့ အချိန်တွေပိုနေလို့ လျှောက်သွားတယ်။ အဲ့ဒီမှာ ပန်းချီဆရာ ကောင်မလေးတစ်ယောက်နဲ့ တွေ့တယ်ပေါ့။ ဒီဇာတ်ကားမှာ (Hong Sang-Soo ရဲ့ ထုံးစံအတိုင်း) သူတို့နှစ်ယောက်ကြားက တွေ့ဆုံမှုတွေ၊ပြောစကားတွေ၊ သောက်ကြစားကြတာတွေ၊ဘာပြောလို့ ပြောရမှန်းမသိတဲ့ ခပ်အမ်းအမ်းအခိုက်အတံ့တွေကို အများဆုံးတွေ့ရမယ်။ နောက်တစ်ပိုင်းက ရှေ့ပိုင်းထက်ပိုပြီး နွေးထွေးတယ်၊ ကြည်နူးဖို့ကောင်းတယ်၊ပျော်ဖို့ကောင်းတယ်။ အဲ့တာတွေကို ရွတ်လုပ်ယူတာမဟုတ်ဘဲ ရွေးချယ်မှု သေးသေးလေးတွေနဲ့ပဲ ပြောင်းပြသွားတာ။ ဒီကားက IMDb မှာ 7.1/10 ရထားပြီး Golden Leopard award,Critics award အပါအဝင် နိုင်ငံတကာရုပ်ရှင်ပွဲတွေမှာ ဆုပေါင်း(၁၆)ဆု ရထားတယ်။ အေးအေးဆေးဆေးလေး ခံစားကြည့်ကြပေါ့ဗျာ။ ပြီးရင်လည်း ထင်မြင်ယူဆချက်လေးတွေ ပြန်ဆွေးနွေးပေးသွားပေါ့။ ကျွန်တော်ကတော့ ဒီဇာတ်ကားအပြီးမှာ ငယ်ငယ်က ဘော်ဒါတစ်ကောင်ပြောဖူးတဲ့ စကားတစ်ခွန်း သွားသတိရတာပဲ။ ”ဟကောင်ရ စိတ်သွားတိုင်း ကိုယ်ပါတယ်ဆိုတာ အရူးတွေပဲ ရှိတာကွ။စိတ်သွားတိုင်း ကိုယ်ပါပါစေလို့ ဆုပေးတာ ရူးပါစေလို့ ဆုပေးတာနဲ့ အတူတူပဲ”တဲ့ ဒါပါပဲ။ ကိုယ့်အတွေးနဲ့ကိုယ် ခံစားကြည့်ကြပါ။ File size…  1.6 GB /  700 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 2h 1m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Damien

Comedy • Crime • Mystery
6.9 2015 121 mins
Right Now, Wrong Then
The Kindred
6.5

ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ဘယ်လိုအန္တရာယ်မျိုးတွေ ကျရောက်လာမလဲ ဆိုတာကို တော့ ကိုယ်တိုင်ပဲကြည့်ရှူလိုက်ကြပါ။ ဟယ်လင်အဖြစ် Horror fan တွေနဲ့ မစိမ်းလှတဲ့ မင်းသမီး April Pearson က သရုပ်ဆောင်ထားပါတယ်။ Horror fan စစ်စစ်တွေ ကတော့ “Mystery ပိုဆန်ပြီး Horror vibe အပြည့်အဝ မခံစားရတဲ့ ဇာတ်ကား”လို့ ဝေဖန်ထားကြပေမဲ့ ဇာတ်လမ်းဇာတ်ကွက်ကောင်းပြီး ထင်မထားတဲ့ plot twist တွေလည်း ပါတာကြောင့် ကြည့်ပျော်တဲ့ ဇာတ်ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(970 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 34Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller, Mystery Translator.......Roman Nox Encoder..........SWM

Comedy • Drama
6.5 2021 94 mins
The Kindred
Hypochondriac
5.8

ဒီဇာတ်ကားကတော့ ငယ်ဘဝက ရခဲ့တဲ့ trauma ကနေ လွတ် မြောက်ဖို့ ကြိုးစားရတဲ့ ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ကူးထားတာပါ...... ဝယ်လ် ဆိုတဲ့ ကောင်လေးတစ်ယောက်မှာ သူ့ရဲ့ ချစ်သူကောင်လေး လုခ် နဲ့ သာယာပျော်ရွှင်တဲ့ ဘဝကို ပိုင်ဆိုင်နေရသူပါ။ ဒါပေမဲ့ ဝယ်လ် ငယ်ငယ်တုန်းက သူ့ရဲ့အမေဖြစ်သူက စိတ်ကျန်းမာရေးကြောင့် သူ့သား ကို သတ်ပစ်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ တစ်နေ့ သူ့အမေဆီကနေ စာတွေရလာပြီးနောက်ပိုင်း သူ့ရဲ့ အတိတ် ဘဝက trauma က တဖန်ပြန်ပေါ်လာခဲ့ပါတယ်။ အဲတော့ ဝယ်လ် တစ်ယောက် သူ့ရဲ့အတိတ်က trauma ကနေ လွတ်မြောက်နိုင်ပါ့ မလား။ သူရဲ့ချစ်သူကောင်လေး လုခ်ကရော သူ့အပေါ်မှာ နားလည် ပေးနိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှုပေးပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်) File Size..........(1.05 GB) / (463 MB) / (271 MB) Quality............WebDL 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Horror, Thriller Translator.......Parris Encoder..........SWM

Comedy • Drama • Romance
5.8 2022 96 mins
Hypochondriac
Hellblazers
4.9

ဂျိုးအန်ဒါဆင်ဆိုတဲ့ နယူးယော့ခ်သား ရဲတစ်ယောက်ဟာ ရဲမှူးရာထူးနဲ့ ဟုပ်ဗေလီဆိုတဲ့ မြို့ငယ်လေးဆီကို ပြောင်းရွှေ့လာခဲ့ပါတယ်ဗျ။ ဟုပ်ဗေလီဟာဆိုရင် ရာဇဝတ်မှုကြီးကြီးမားမားမရှိတတ်တဲ့၊ အေးချမ်းတဲ့ မြို့ငယ်လေးပဲဖြစ်ပါတယ်။ တစ်နေ့မှာတော့ အဲ့ဒီဘာမှ ထူးထူးခြားခြားမရှိတတ်တဲ့ အဲ့ဒီမြို့လေးရဲ့ ရဲစခန်းကို ဘေလ်ဆိုတဲ့ ရူးကြောင်ကြောင်အဘိုးကြီးရောက်လာပြီး သူ့ခြံထဲမှာ အဝါရောင် ခြုံထည်တွေဝတ်၊ မျက်နှာတွေအုပ်ထားတဲ့ လူတစ်စုက ဂါထာမန္တာန်တွေရွတ်ကာ ငရဲတွင်းပေါက်ဖွင့်ပြီး နတ်ဆိုးတစ်ကောင်ကို ဆင့်ခေါ်ကြတယ်လို့ တိုင်ချက်ဖွင့်လာခဲ့ပါတယ်ဗျ။ အဲ့ဒီအချိန်ကနေစပြီး ငြိမ်သက်နေတဲ့မြို့လေးမှာ ထူးခြားတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတော့တယ်။ ဒီ Hellblazers ဆိုတဲ့ရုပ်ရှင်လေးဟာဆိုရင် Jump scares ခပ်ပါးပါးတချို့နဲ့ ဇာတ်လမ်းကို စိတ်ဝင်စားအောင်ဆွဲခေါ်ထားပြီး အချိန်ပေးရတာတန်တဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.3GB  / 581MB  Quality…1080p AMZ WEB DL  / 720p Format…mp4 Duration….1h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Zwe Yan Naing

Comedy • Romance
4.9 2022 84 mins
Hellblazers
Alkhallat+
6.9

Alkhallat+ (2023) ဆော်ဒီနိုင်ငံ နဲ့ Nextflix ပူးပေါင်းမှုရဲ့ပထမဆုံးဇာတ်ကားဖြစ်တဲ့ Alkhallat+ ပါ။ Alkhallat ဆိုတဲ့ series က ဆော်ဒီရဲ့ Youtube မှာနာမည်ရပြီးသားစီးရီးတစ်ခုဖြစ်ပါတယ်။ ၁.၅ဘီလီယံဗျူးတောင် ရထားတယ်ဆိုပါတယ်။။ ဒီ Alkhallat+ ကိုတော့ဇာတ်ကားအဖြစ်ပဲရိုက်ကူးထားပြီး ဟာသဇာတ်လမ်းငယ်လေးတွေ လေးခုနဲ့ဖွဲ့စည်းထားပါတယ်။ IMDb လဲ ၇ ဆိုတော့ပွဲဦးထွက်လှတယ်ပြောရပါမယ် အာရပ်နိုင်ငံတွေဟာ များသောအားဖြင့်သီးသန့်နေကြတဲ့နိုင်ငံတွေပါ။ အမူအကျင့်ဓလေ့စရိုက်တွေကလဲ တခြားအာရှနိုင်ငံတွေနဲ့ တော်တော်ကိုထူးခြားကွဲဲပြားပါတယ်။ ရုပ်ရှင်ရိုက်ကူးမှုတွေကလဲနည်းပါးတော့ အပြင်ကလူတွေအနေနဲ့ အာရပ်ကမ္ဘာကိုသိရဖို့ခက်ခဲပါတယ်။ ဒီဇာတ်လမ်းမှာတော့ အာရပ်ကမ္ဘာရဲ့ပင်မဖြစ်တဲ့ ဆော်ဒီကိုကြည့်ခွင့်ရမှာပါ။ ဆော်ဒီနိုင်ငံသားတွေရဲ့ အကျင့်ပျက်မှုတွေ ကြောင်သူတော်ဆန်မှုတွေကိုလဲ ပါးပါးလေးပုတ်ပြီးပြထားပေမယ့် ဟာသကိုပဲအဓိကဦးတည်တယ်လို့ ဒါရိုက်တာကပြောထားပါတယ်။ ဇာတ်လမ်းလေးပုဒ်လုံးမှာတော့ လူတွေဟာဆင်းရဲချမ်းသာမရွေး ကျဥ်းထဲကျပ်ထဲအခြေအနေကိုရောက်သွားရင် အဲဒီအခြေအနေကလွတ်ဖို့ ရရာနည်းလမ်း ရရာလူကိုအသုံးချတတ်တာကို အတည်ပေါက်ကြီးနဲ့အူတတ်စေမယ့် ဆော်ဒီသားတွေက သရုပ်ဆောင်ဖော်ပြထားတာမို့ တမူထူးပြီးကြည့်သင့်တဲ့ dark comedy တစ်ကားပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Drama, Mystery Quality…. 1080p | 720p | 480p File size… 1.78GB | 886MB | 186MB Format… mp4 Duration…. 1b 58min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

6.9 2023
Alkhallat+
[18+] Kinbaku Flower

************************** လိင်မှုကိစ္စတွေနဲ့ ပက်သက်ပြီး အနောက်တိုင်းက စာပေ၊ အနုပညာ၊ လေ့လာဆန်းစစ်မှု အစရှိတဲ့ ကိစ္စတွေမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် အများသိကြတဲ့ ကာမသျှတ္တရကျမ်း ခေါ် ချစ်မှုရေးရာကျမ်း အပါအဝင် လိင်မှုကိစ္စ၊ ချစ်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတာတွေနဲ့ ပက်သက်ပြီး ပန်းချီ၊ ပန်းပု၊ ကဗျာ၊ စာပေ စတဲ့အနုပညာရပ်တွေနဲ့ ဖော်ကျူးတာ၊ တိတိကျကျ မှတ်တမ်းတင်ခဲ့တာတွေဟာ အရှေ့တိုင်းတိုင်းပြည် တွေက စတင်ခဲ့တာပါ။ ဒါ့ကြောင့်လည်းလိင်မှုရေးရာ၊ ချစ်ဗျူဟာကျင်းတဲ့နည်းနာ၊ နိဿယတွေနဲ့ ပက် သက်လာရင် အနောက်နိုင်ငံတွေဟာ အရှေ့တိုင်းရဲ့ဓလေ့၊ ထုံးတမ်းစဉ်လာတွေကို လေ့လာနည်းယူကြရ ပါတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ အရှေ့တိုင်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်တို့ရဲ့ လိင်မှုကိစ္စ၊ ချစ်မှုရေးရာ များအနက် “ကင်မ်..ဘကု” (Kinbaku) ဆိုတဲ့ ကြိုးချည်ကြိုးတုပ်ပြီး လိင်ဆက်ဆံပုံရဲ့ သမိုင်းကြောင်း၊ နည်းစနစ်၊ ဓလေ့၊ အယူအဆတွေအကြောင်း ရိုက်ကူးထားပါတယ်။ အမျိုးသမီးဝါဒီတွေကိုယ်တိုင် ကဲ့ရဲ ရှုံ့ချရ ခက်ခဲလောက်အောင် “ကင်မ်..ဘကု” ကြိုးချည်နည်းစနစ်ရဲ့ ခိုင်မာမှု၊ စနစ်ကျနမှုတွေအကြောင်း ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပါတယ်။ ဂျပန် BDSM အကြောင်းကို အသေးစိတ်ခြယ်မှုန်းထားတဲ့အတွက် ဂေါင်းကြီးတို့သိချင်နေတဲ့ကိစ္စ တွေအများကြီး သိနိုင်မှာပါ။ အလှပဂေးလေး သရုပ်ဆောင်ထားတာဖြစ်လို့ လုံးဝလက်လွှတ်မခံဖို့ တိုက် တွန်းလိုက်ရပါတယ်။ File size… 2.3GB& 752MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2016
[18+] Kinbaku Flower
Suitable Flesh
5.4

Suitable Flesh (2023) ~ IMDb – 5.4/10, Rotten Tomatoes – 84% ~ စိတ်ဝင်စားဖို့ကောင်းတဲ့ Horror ကားကောင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကားက ထွက်တာ မကြာသေးတာမို့ IMDb rating ကိုတော့ အတည်မယူသေးပါနဲ့ဦးလို့ သတိပေးချင်ပါတယ်။ မဟုတ်ရင် Rating ကြည့်ပြီး ဆုံးဖြတ်တတ်တဲ့သူမျိုးအဖို့ ကားကောင်းလေးတစ်ကား လက်လွတ်လိုက်ရမှာ စိတ်ပူလို့ပါ။ ဒီရုပ်ရှင်ဟာဆိုရင်ဖြင့် ၂၀ရာစု နှောင်းပိုင်းရဲ့ Horror, Fantasy, Science Fiction စာရေးဆရာတွေအပေါ် တော်တော်လေးလွှမ်းမိုးမှုရှိပြီး “ထူးထူးဆန်းဆန်းနဲ့ကြောက်ဖို့ကောင်းတဲ့ ဇာတ်လမ်း” (Weird Story) တွေရဲ့ တီထွင်သူလို့ အသိအမှတ်ပြုခံထားရတဲ့ H.P. Lovecraft ရဲ့ ဝတ္ထုကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကိုတော့ ဇာတ်လမ်းအကျဉ်းမပြောတော့ဘဲ ဘယ်လိုစဖွင့်တယ်ဆိုတာလေးပဲ ပြောပြဖို့စိတ်ကူးထားပါတယ်။ အဲဒီလို ဘာမှမသိထားမှလည်း Horror Vibe ပြည့်ပြည့်လေး ခံစားနိုင်မှာမို့ပါ။ ဇာတ်လမ်းအဖွင့်မှာပေါ့… တော်တော်လေး ပုံပျက်ပန်းပျက် အသေဆိုးနဲ့သေထားရတဲ့ လူငယ်လေးတစ်ယောက်အလောင်းကို ရင်ခွဲမယ့်ဆရာဝန်ရယ်၊ စိတ်ရောဂါအထူးကုဆရာဝန်မရယ်က ကြည့်နေကြတယ်။ အဲဒီလူငယ်လေးကို သတ်လိုက်တဲ့သူကိုလည်း ထိန်းသိမ်းထားပြီးသားပါ။ သူကတော့ တခြားသူမဟုတ်ဘဲ ခုန စိတ်ကုဆရာဝန်ရဲ့ သူငယ်ချင်းအရင်းခေါက်ခေါက်လည်းဖြစ်၊ တစ်ခါက တော်တော်လေး အောင်မြင်ခဲ့တဲ့ စာအုပ်ကိုရေးသားခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ကုဆရာဝန်တစ်ယောက်ဖြစ်တဲ့ အဲလိဇဘက်ဒါဘီဆိုတဲ့ ခပ်ချောချောအမျိုးသမီးပဲဖြစ်ပါတယ်။ ဒီဇာတ်ကားတစ်ခုလုံးကို သင်တို့ဆီ ခေါ်ဆောင်လာပေးတဲ့သူဆိုရင်လည်း မမှားပါဘူး။ ဒီတော့ လူသတ်သမားတစ်ဖြစ်လဲ ဒေါက်တာဒါဘီပြောပြမယ့်ဇာတ်လမ်းက ဘာများလဲ။ ဇာတ်ဖွင့်ဖွင့်ချင်းမှာတွေ့ခဲ့တဲ့ အလောင်းဖြစ်ပြီးသား လူငယ်လေးကရော အသက်ရှင်စဉ်က ဒေါက်တာဒါဘီနဲ့ ဘယ်လိုများ ပတ်သက်ခဲ့မလဲ။ လူနာတွေရဲ့ စိတ်သောကအပူအပင်တွေ၊ စိတ်ဒဏ်ရာတွေကို သက်သာစေခဲ့တဲ့ ဒေါက်တာဒါဘီတစ်ယောက် လူသတ်သမားဖြစ်သွားလောက်တဲ့ထိဖြစ်ရတဲ့ သူ့ရဲ့ ကိုယ်ပိုင်သောက,ကရော ဘာများဖြစ်မလဲ..။ ဆိုတော့ ဒါဟာ စိတ်ရောဂါနဲ့ပတ်သက်တဲ့အကြောင်းပဲလားလို့ မေးစရာရှိပါတယ်။ မဟုတ်ပါဘူး၊ ဆန်းကြယ်တဲ့ ဖြစ်တည်မှုတစ်ခုလည်း ပါဦးမှာမို့ ဟော်ရာဖန်တွေကြိုက်မှာပါ၊ တစ်ခုရှိတာကတော့ Jump Scare တွေ မပါဝင်သမို့ အဲဒီလိုမျိုးမှ ကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ အိုခေမှာမဟုတ်ပါဘူး။ အဲဒီအစား Erotic Scene တွေတော့ ဟိုနားဒီနား ပါသမို့ ကြောက်စရာလေးကြည့်ရင်း စိတ်အမှောင်အမိုက်ကိုလည်း အလိုလိုက်ပေးလို့ရပါတယ်ပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 785MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 40Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Z Encoded by Y

5.4 2023
Suitable Flesh
Mickey’s Magical Christmas: Snowed in at the House of Mouse
6.6

Mickey’s Magical Christmas: Snowed in at the House of Mouse (2001) ခရစ္စမတ်နေ့မှာ ခရစ္စမတ်အရသာ အပြည့်အဝရမယ့် အန်နီမေးရှင်းလေးတစ်ပုဒ်ပေါ့။ ဒီဇာတ်လမ်းမှာ ၂၀၀၁မတိုင်ခင်ထွက်ခဲ့တဲ့ ဒစ္စနေးရဲ့ရှိသမျှ ဇာတ်ကောင်တွေ အကုန်နီးနီးပါတယ်။ ဘာလို့ပါသတုန်းဆို ဒီရုပ်ရှင်က House of Mouse လို့ခေါ်တဲ့ မစ်ကီမောက်စ်စီးရီးရဲ့ Spin-Off အဖြစ်ထုတ်ထားတာ။ House of Mouse က ပြောရရင် ဒစ္စနေးရဲ့ မှတ်တိုင်စိုက်ထူမှုတစ်ခုလို့ ပြောရမယ်။ ဘာလို့ဆို House of Mouse ဆိုတဲ့ နာမည်ကိုက ဒစ္စနေးရဲ့ နာမည်ပြောင်လည်းဟုတ်နေတယ်။ နောက် House of Mouse စီးရီးမှာ ၁၉၃၀ကနေ ၁၉၅၀ဝန်းကျင်က ဒစ္စနေးကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြထားကြတာတွေတော်တော်ပါတယ်။ သူတို့ရဲ့ကောင်းပေ့ညွန့်ပေ့ဆိုတဲ့ ကာတွန်းအတိုလေးတွေကို မစ်ကီတို့က ပြန်ပြကြတာပေါ့။ House of Mouse ဆိုတာက မစ်ကီတို့သူငယ်ချင်းတွေဖွင့်ထားတဲ့ Dinner Theatre Club… အဲဒီကို ဒစ္စနေးက ဇာတ်ကောင်တွေအကုန်လာကြတယ်ပေါ့။ အဲဒီဇာတ်ကောင်တွေကိုထည့်တဲ့နေရာမှာ အန်နီမေးရှင်းလုံးဝမရှိသေးတဲ့ ဒစ္စနေးကောမစ်က ဇာတ်ကောင်တွေကိုပါ ထည့်ခဲ့တယ်။ ၅၂ပိုင်းနဲ့ ရုပ်ရှင်၂ကားထွက်ခဲ့တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီ၂ကားထဲက တစ်ကားဖြစ်သလို ခရစ္စမတ်ကားလည်းဟုတ်နေတဲ့ကားပေါ့။ ဇာတ်လမ်းစစမှာ မစ်ကီတို့တွေဟာ ခရစ္စမတ်အကြိုနေ့မှာ ဖျော်ဖြေပွဲလုပ်ပြီးတဲ့နောက် ဧည့်သည်တွေကို နှုတ်ဆက်တယ်။ ကံဆိုးချင်တော့ နှင်းတွေပိန်းပိတ်နေအောင် ကျနေလို့ တစ်ယောက်မှ အိမ်ပြန်မရတော့ဘဲ House of Mouse မှာပဲ ခရစ္စမတ်ပါတီကို ကျင်းပရဖို့ အကြောင်းဖန်လာတယ်။ ဒီလိုခရစ္စမတ်ပါတီကျင်းပတော့ မစ်ကီက အိမ်ရှင်ပီပီ အားလုံးကို ပျော်စေချင်တယ်။ ရှိရှိသမျှ ဒစ္စနေးဗီလိန်တွေအကုန်လုံးတောင် ခရစ္စမတ်ကိုတော့ ချစ်ကြတယ်။ ပျော်ကြရွှင်ကြတယ်ပေါ့။ ဒါပေမဲ့ ခရစ္စမတ်ကို မချစ်နိုင်တဲ့သူက ဒေါ်နယ်လ်။ ဒီတော့ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်တတ်လာအောင် မစ်ကီက မစ်ကီရဲ့ဇာတ်လမ်းတိုလေးတွေရော ဒေါ်နယ်လ်ရဲ့ဇာတ်လမ်းတိုလေးတွေရောပြတယ်။ ထုံးစံအတိုင်း မင်နီ ဂူဖီ ပလူတိုတို့ရော ဟူဝီ ဒူဝီ လူဝီတို့ရော ဘဲကပ်စေးတို့ရော အကုန်ပါတာပေါ့။ တစ်ပုဒ်ပြီး တစ်ပုဒ်ပြပေမဲ့ ဒေါ်နယ်လ်ကတော့ သူ့ဦးလေးဘဲကပ်စေးနဲ့တူအောင်ကို ခေါင်းတွင်တွင်ခါနေတုန်းပဲ။ ဒီတော့ မစ်ကီတို့တွေ ဒေါ်နယ်လ်ကို ခရစ္စမတ်ကို ချစ်သွားအောင် ဘာပြရမလဲ ခေါင်းချင်းရိုက်ကြတာပေါ့။ ဒေါ်နယ်လ်ချစ်တတ်သွားအောင် မစ်ကီတို့ ဘယ်လိုဇာတ်လမ်းတွေ ဒေါ်နယ့်လ်ကို ပြကြမလဲ ကြည့်ကြရလိမ့်မယ်။ ဒေါ်နယ့်လ်ကို ပြသွားတဲ့ ခရစ္စမတ်ဇာတ်လမ်းတွေထဲမှာ ဒစ္စနေးရုပ်ရှင်တို ၂ခုပါတယ်။ Pluto’s Christmas Tree (1952) နဲ့ Mickey’s Christmas Carol (1983) တို့ပါပဲ။ Mickey’s Christmas Carol ကတော့ ချားလ်ဒစ်ကင်းရဲ့ A Christmas Carol ကို မှီးထားတယ်။ Academy Award for Best Animated Short Film ဆုပါ ဆန်ခါတင်ဝင်သွားသေးတယ်။ တကယ်လည်း‌ ကောင်းပါတယ်။ သူတို့ပြခဲ့တဲ့ဇာတ်လမ်းတွေထဲ ဒီတစ်ပုဒ်ကတော့ တော်တော်ကောင်းတယ်။ ခရစ္စမတ်ရဲ့ အကျော်ကြားဆုံးဇာတ်လမ်းဖြစ်တဲ့ A Christmas Carol ရဲ့ ကျောရိုးအတိုင်း မစ်ကီမောက်စ်တို့နဲ့ ကြည့်ရမှာဆိုတော့ ခရစ္စမတ်မှာ ကြည့်လို့လည်း တော်တော်အရသာရှိလိမ့်မယ်။ မစ်ကီတို့ဆိုခဲ့တဲ့သီချင်းအတိုင်းပေါ့… ခရစ္စမတ်ဆိုတာ ခရစ္စမတ်သစ်ပင်ကြီးဧည့်ခန်းထဲ အလှထည့်ထားတာလည်းမဟုတ်ဘူး။ ခရစ္စမတ်ပွဲကြီးလမ်းကြီးတွေ လုပ်ကြတာမျိုးလည်း မဟုတ်ဘူး။ ခရစ္စမတ်ဆိုတာ ကိုယ်ချစ်တဲ့သူတွေနဲ့အတူ ချစ်ခြင်းတွေနဲ့ အတူရှိနေတဲ့ အချိန်ပါပဲ။ ” အားလုံးလည်း ရှိနိုင်ကြပါစေ… မယ်ရီခရစ္စမတ်… “ (ဒီကာတွန်းနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 5Min Genre – Adventure, Animation, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.6 2001 61 mins
Mickey’s Magical Christmas: Snowed in at the House of Mouse
Avenues
6

Avenues (2017) ============= IMDb Rating – 6.0/10 ဒီဇာတ်ကားလေးကတော့ ဒါရိုက်တာ Michael Angarano ကိုယ်တိုင်ရေး ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကောင်း လေးပဲဖြစ်ပါတယ်။ New York မြို့ရဲ့ အငွေ့အသက်အပြည့်နဲ့ ဒီဇာတ်ကားလေးကိုတော့ Comedy/ Drama အမျိုးအစားဇာတ် ကားနှစ်သက်သူတိုင်း သဘောကျကြမှာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ မက်စ် နဲ့ ပီတာတို့ဟာသူငယ်ချင်း ကောင်းတွေဖြစ်ပါတယ်။ မက်စ် ရဲ့အကိုဟာ လွန်ခဲ့တဲ့လပိုင်းကမှ ကိုယ့်ကိုကိုယ်သတ်သေသွားဝာာပါ။ ပီတာ ဟာအကိုတစ်ယောက်ကို ဆုံးရှုံးထားတဲ့ မက်စ် ကိုအားပေးရင်း မက်စ် ရဲ့မွေးနေ့အတွက် New York မြို့ကိုရောက်လာပါတော့တယ်။ ဆောင်းတွင်းအချိန် New York မြို့ကြီးမှာသူတို့နှစ်ယောက် ဘာ‌တွေဘယ်လိုကြုံတွေ့ပြီး ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေသွားကြမလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Theo Katt ဖြစ်ပါတယ်) File Size……….(1.29 GB) / (529 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 16Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama Translator…….Theo Katt Encoder……….SWM

Action
6 2017
Avenues
The Last Legion
5.5

၂၀၀၇ ခုနှစ်ကထွက်ရှိခဲ့တဲ့ သမိုင်းနောက်ခံအက်ရှင်စွန့်စားခန်း ရုပ်ရှင်ဖြစ်တဲ့ The Last Region နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာ Doug Lefler က ရိုက်ကူးပေးထားပြီး ၂၀၀၂ ခုနှစ်ကထွက်ရှိခဲ့တဲ့ Valerio Massimo Manfredi ရဲ့ The Last Region ဝတ္တုကို အခြေခံထားပါတယ်။ Colin Firth ၊ Ben Kingsley နဲ့အိန္ဒိယရုပ်ရှင်မင်းသမီး Aishwarya Rai တို့လိုအကျော်အမော်တွေ ပါဝင်သရုပ်ဆောင် ထားပါတယ်။ အနောက်ရောမအင်ပါယာပြိုလဲခဲ့တဲ့ ၅ ရာစု ဥရောပသမိုင်းကြောင်းကဖြစ်ရပ်တွေကို စိတ်ကူးဉာဏ်ကွန့်မြူးပြီး ရိုက်ကူးထားတာဖြစ်ပါတယ်။ King Arthur ဒဏ္ဍာရီဖြစ်ပေါ်လာစေဖို့ အခြေခံအကြောင်းအရာတွေလည်း ထည့်သွင်းရိုက်ကူးထားတာ မြင်တွေ့ရပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ရောမအင်ပါယာပြိုလဲပြီးတဲ့နောက် အသက် ၁၂ နှစ်အရွယ် နောက်ဆုံးဧကရာဇ် Romulus Augustus ဟာ ကာပရီကျွန်းပေါ်မှာ အကျဉ်းသားဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ Romulus ရဲ့ ပညာရှိဆရာဖြစ်တဲ့ Ambrosinus နဲ့တော်ဝင်အစောင့်တပ်မှူး Aurelius တို့ရဲ့ကယ်တင်မှုနဲ့ ကာပရီကျွန်းကနေ လွတ်မြောက်လာခဲ့ပါတယ်။ ရောမကိုသိမ်းပိုက်ခဲ့တဲ့ဂေါ့သ်တွေ လက်ကထွက်ပြေးရင်း Romulus နဲ့သူ့လူတွေဟာ ဒဏ္ဍာရီလာနဂါး တပ်ဖွဲ့ကိုရှာဖွေဖို့ ဘရစ်တားနီးယားကိုရောက်ရှိလာပြီး ဘုရင်အာသာမွေးဖွားလာဖို့အတွက်လည်း အစပျိုးလာခဲ့ပါတော့တယ်။ File size…2.23GB / 1.3GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Adventure , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2007 102 mins
The Last Legion
Remember Me
6.3

Remember Me ဆိုတဲ့ဇာတ်ကားကောင်းလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်ကားလေးမှာဆိုရင် သားတစ်ယောက်ကို ဆုံးရှုံးပြီး သားသေတာနဲ့ နောက်ယောက်ျားနောက်လိုက်ပြေးသွားတဲ့ ချွေးမလက်ထဲကို သူ့မြေးမလေး ကျားရိကို မထည့်ပေးခဲ့တဲ့ အဖွားအတွက်… ဘဝကို အဖွားတစ်ခု မြေးမလေးတစ်ခု ကျော်ဖြတ်မယ်လို့ ဆုံးဖြတ်ထားပြီးကာမှ… မြို့ထဲ အင်္ကျီဝယ်ရင်း မြေးမလေးကို ပျောက်သွားခဲ့တယ်… တစ်ခါပျောက်တာ အနှစ် ၂၀ ကြာသွားခဲ့တယ်… ကျားရိကို ပြန်ရှာတွေ့ချိန်မှာ ကျားရိက ဘာကြောင့်လည်းတော့မသိ ခိုးတတ်ဝှက်တတ်တဲ့ ကလေကချေမလေးဖြစ်နေခဲ့တာပေါ့… သူနဲ့ခင်တဲ့ သူငယ်ချင်းဆိုးတွေလက်ထဲက ထွက်ပြေးလာနိုင်ခဲ့ချိန်မှာ အဖွားနဲ့ ပြန်ဆုံခဲ့တယ်… ကျားရိက တကယ် ဖွားဖွားရှာနေတဲ့ကျားရိပဲလား… သူတို့ပြန်ဆုံတော့ ဘာတွေဖြစ်မှာလဲ… ကျားရိတစ်ချိန်က ခင်ခဲ့တဲ့ သူငယ်ချင်းဆိုးတွေကရော ဘာတွေလုပ်ဦးမှာလဲ… နှလုံးသားရှိတဲ့သူတိုင်း ငိုမိမှာမို့ တစ်သျှူးလေးဆောင်ပြီး ဇာတ်ကားလေးကို ကြည့်လိုက်ကြပါတော့

Science Fiction • Horror
6.3 2024
Remember Me
Moorane Krishnappa
7.5

Moorane Krishnappa (2024) “အထူးဧည့်သည်တော်” ဝေဖန်ရေးဆရာတွေရဲ့ ရီဗျူးကောင်းတွေ ရထားတဲ့ အသစ်ထွက် ကန်နားဒါး ကျေးလက်ဟာသ ရုပ်ရှင်လေးကို ပရိသတ်ကြီးအတွက် အမြန်ဆုံး တင်ဆက်ပေးလိုက်ပါတယ် ကျေးရွာဥက္ကဌတစ်ဦးဟာ ရွာဘုရားကျောင်းသစ်ကို တည်ဆောက်ပေးထားပြီး ဖွင့်လှစ်ပွဲအတွက် အထူးဧည့်သည်တော် နာမည်ကြီးဟာသသရုပ်ဆောင်တစ်ယောက်ကို ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ် အကြောင်းမှာဖြင့် လာမယ့်ရွေးကောက်ပွဲမှာ ပြိုင်ဘက်ထက် မဲအသာရစေဖို့ ဘာသာရေးအမည်တပ်ပြီး ရွာသားတွေအကြိုက်ဆောင်ဖို့ပါပဲ ဖြစ်ချင်တော့ ငါးရက်အလိုမှာ အဆိုပါနာမည်ကြီးမင်းသားဟာ ရုတ်တရက်ဆုံးသွားလို့ ဘုရားကျောင်းဖွင့်ပွဲအတွက် အထူးဧည့်သည်တော်တစ်ဦးကို အလျင်အမြန်ရှာဖွေဖို့လိုလာတဲ့အခါမှာ ခရစ်ရှ်နာပါဆိုသူ ရွာက သင်္ချာဆရာတစ်ယောက်ကို ခေါ်ပြီး သူ့ရဲ့အဆက်အသွယ်နဲ့ နာမည်ကြီးပုဂ္ဂိုလ် ရှာပုံတော်ဖွင့်ကြပုံကို ဟာသလေးနှောပြီး ပရိသတ်ပြုံးပျော်စေနိုင်ဖို့ တင်ဆက်ထားတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်အားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်က​တော့ CM Bollywood Team က ဖြစ်ပါတယ်

7.5 2024
Moorane Krishnappa
Fear of Ring
6

အမေတစ်ခုသားတစ်ခုဘဝနဲ့ အစွန့်ပစ်ခံဘဝမှာနေလာခဲ့ရတဲ့ယန်ကျန့်မင်က MBတစ်ညမှာ ဘားတစ်ခုရှေ့မှာလက်ဝှေ့သမားတစ်ယောက်နဲ့ ရန်ဖြစ်နေတဲ့အချိန် လက်ဝှေ့နည်းပြတစ်ယောက်တွေ့သွားခဲ့တယ်။ အဲဒီညမှာသူကအလဲထိုးခံလိုက်ရပေမယ့် သူ့ရဲ့လက်ဝှေ့ပါရမီနဲ့ အလားအလာကိုမြင်နေတဲ့ နည်းပြက သူ့ကိုလေ့ကျင့်ပေးဖို့ကမ်းလှမ်းလာခဲ့တယ်။ သူ့ရဲ့ပထမပွဲစဉ်ကို ဘားရှေ့မှာသူ့ကိုအလဲထိုးခဲ့တဲ့ လက်ဝှေ့သမားကို ဂလဲ့စားချေအနိုင်ယူရင်း စတင်လိုက်ပါတယ်။ ယန်ကျန့်မင်က လက်ဝှေ့ပညာရှင်တစ်ယောက်ရဲ့တရားမဝင်သားဖြစ်ပြီးတော့ လက်ဝှေ့ချန်ပီယံ လက်ဝှေ့ဘုရင်တစ်ယောက်ဖြစ်တဲ့ သူရဲ့အဖေတူအမေကွဲအစ်ကိုက သူ့ကိုစိန်ခေါ်ပွဲထိုးဖို့ကမ်းလှမ်းလာပါတယ်။ ညီအစ်ကိုနှစ်ယောက်ရဲ့ အငြှိုးအတေးတွေ၊ မကျေနပ်ချက်တွေ၊ ကိုယ့်ကိုယ်ကိုယ်သက်သေပြချင်တာတွေအားလုံးကို လက်ဝှေ့ကြိုးဝိုင်းထဲမှာ ချပြသွားမှာပဲဖြစ်ပါတယ်။

6 2024
Fear of Ring
Fear Below
6

ငါးမန်းကား နှစ်သက်သူတွေအတွက် အသစ်စက်စက် ထွက်ရှိထားတဲ့ ငါးမန်းရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီဇာတ်ကားက မြင်နေကျ ငါးမန်းကားတွေလိုမျိုးမဟုတ်ဘဲ 1940s ခုနှစ်ဝန်းကျင်မှာ ဇာတ်အိမ်တည်ထားတာပါ။ ရာဇဝတ်ဂိုဏ်းတစ်ခုဟာ ဘဏ်ကနေ ရွှေချောင်းတွေကို ခိုးယူလာရာကနေဇာတ်လမ်းကို စတင်ထားတာပါ။ ဖြစ်ချင်တော့ အဲဒီရွှေချောင်းတွေတင်လာတဲ့ကားကြီးဟာ မတော်တဆမှုတစ်ခုကြောင့် မြစ်ထဲကို ထိုးဆင်းသွားပါတော့တယ်။ ခိုးယူလာတဲ့ဂိုဏ်းခေါင်းဆောင်က ရွှေချောင်းတွေကို လူမသိသူမသိ ပြန်လည်ဆယ်ယူဖို့အတွက် Sea Dogs ဆိုတဲ့ ရေငုပ်သမားအဖွဲ့ကို အလုပ်သွားအပ်ခဲ့ပါတယ်။ အလုပ်အပ်ရာမှာလည်း ဘာကိုဆယ်ယူရမယ်ရယ်လို့ တိတိကျကျမပြောဘဲ ကားထဲကပစ္စည်းတွေကိုပဲ ဆယ်ယူရမှာဖြစ်ကြောင်းပြောပြီး ယူနေကျလုပ်အားခထက် ငွေတွေပိုပေးလိုက်တာကြောင့် ရေငုပ်သမားအဖွဲ့ကလည်း အလုပ်ကို လက်ခံဖြစ်သွားပါတယ်။ သူတို့မသိကြတာတစ်ခုကတော့ အဲဒီကား နစ်မြုပ်သွားတဲ့ မြစ်နေရာဟာ မီးဖွားဖို့မြစ်ထဲကိုဆန်တက်လာတဲ့ နွားငါးမန်းကြီးရဲ့ နယ်နိမိတ်ဖြစ်နေတယ်ဆိုတာပါပဲ။ ဂိုဏ်းအဖွဲ့ရဲ့ အလုပ်အပ်ခြင်းကိုခံလိုက်ရတဲ့ ရေငုပ်သမား 3ယောက် နွားငါးမန်းကြီးကို ဘယ်လိုတွေရင်ဆိုင်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ခါတိုင်း‌ကြည့်ဖူးနေကျကားတွေလို ပင်လယ်ထဲမှာမဟုတ်တာရော၊ 1940s ခုနှစ်ကိုဇာတ်အိမ်တည်ထားတွေရောကြောင့် ကြည့်ရတာတစ်မျိုးဆန်းပြီး နှစ်သက်ကြမှာ အသေအချာပါပဲ။ ရေငုပ်သမားအဖွဲ့က ရွှေချောင်းတွေကို ဆယ်ယူနိုင်သွားမှာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size… (1.60 GB) / ( 818 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 25m Genre …..Action , Adventure, Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Science Fiction • Comedy • Adventure
6 2025 85 mins
Fear Below