YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Bequeathed.(2024)EP1.NF.WEB-DL.720P(CM).mp4

312.21 MB N/A video/mp4 669 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What If
6.7

“သူငယ်ချင်းလေးပါပဲ သူငယ်ချင်းလေးပဲတဲ့ကွယ် ဒီလိုအကြိမ်ကြိမ်အခါခါ ပြောပါတယ် ချစ်ရသူရယ်” ဘာရယ်မဟုတ်ဘူး ဒီကားလေး ကြည့်မိတော့ အရင်ဆုံးပြေးမြင်မိတာက ဒီသီချင်းလေး ဖြစ်နေလို့။ အကယ်၍များ ခင်ဗျားတို့ တကယ်အဆင်ပြေနေတဲ့လူတစ်ယောက်ကို တွေ့ပြီဆိုပေမယ့် ရှေ့ဆက်တိုးလို့ မဖြစ်နိုင်တော့ရင် ဘယ်လိုတွေဆက်လုပ်ကြမလဲ... လောကဝတ်ကျင့်ထုံးတွေကို လိုက်နာမလား... မျက်စိမှိတ် ခြေစုံဇွတ်ဝင်တိုးပစ်လိုက်ချင်မလား… ဝေခွဲမရဖြစ်မှာ သေချာပါတယ်။ တစ်လောကလုံးမှာ ကိုယ်ဘယ်လောက်ပဲ ကြောင်တောင်တောင်စကားတွေပြော တလွဲတွေလုပ်ပေမယ့် ဒါမျိုး အတူတူလိုက်ပြော/လိုက်လုပ်နိုင်စွမ်းရှိတဲ့ တခြားဆန့်ကျင်ဖက်လိင်တစ်ယောက်ကို တွေ့ရတာကလည်း ကံကောင်းမှုတစ်ခုပေလား ကံဆိုးမှုများပဲလား…။ ကိုယ်က ဒီလူတစ်ယောက်ကို ဆိုးတူကောင်းဖက် တိုင်ပင်လို့ရတယ် ရင်ဖွင့်လို့ရတယ် အထီးကျန်ချိန် အဖော်လုပ်ပေးနိုင်တယ် ဖေးမကူညီတယ် ဒါပေမဲ့ လူ့စည်း ဘီလူစည်းဆိုတာလေးလည်း ရှိနေတော့ အခက်သားမဟုတ်လား…။ သူငယ်ချင်းကလည်းပြောတယ် မင်း Do or Die လုပ်ပေါ့ မပြတ်မသားဆိုတာ ပိုပြီး ခံရခက်စေတယ်တဲ့ တစ်ဖက်ကလည်း ရေရှည်တွဲလာတဲ့ လက်တွဲဖော်ဆိုတာက ရှိတယ် ပြဿနာဖြစ်ဖို့မပြောနဲ့ အစစအရာရာ ပြေလည်နေတဲ့ စုံတွဲဆိုတော့က မျှော်လင့်ချက်မီးက ခပ်မှိန်မှန်သာ… ဘာဆက်လုပ်ရမလဲ…။ ကိုယ့်မှာကလည်း ငယ်ဘဝက ဒဏ်ရာဒဏ်ချက်ရော ကြီးမှရတဲ့ စိတ်ထိခိုက်စရာရောက ဒီကိစ္စနဲ့လာပတ်သက်နေပြီး ဆုပ်လည်းစူး စားလည်းရူးမယ့်ဘဝဖြစ်နေတော့ ဘာလုပ်ရမလဲ ခင်ဗျားတို့သာ အကြံပေးကြပါတော့လားလို့…။ ချစ်သူကဖောက်ပြန် အထီးကျန်တစ်ယောက်တည်းနေရာမှ ကောင်မလေးကိုတွေ့ခဲ့သူက ဟယ်ရီပေါ်တာမင်းသားဖြစ်တဲ့ ဒယ်နီရယ်ရတ်ကလစ်ဖ် သရုပ်ဆောင်ထားတာပါ၊ ဆရာသမားက ဆရာဆိုသလိုပဲ အကောင်းဆုံး သရုပ်ဆောင်ထားတာကို တွေ့ရပါတယ်။ ကောင်မလေးနေရာကတော့ မျက်နှာဝိုင်းဝိုင်း ချစ်စရာသရုပ်ဆောင်တတ်လေ့ရှိတဲ့ ဇိုးကာဇန်ပါ Ruby Spark တို့ Big Sick တို့ ကြည့်ဖူးရင် သိပါလိမ့်မယ်။ ဇာတ်ပို့တွေကလည်း အဒမ်ဒရိုက်ဘာတို့လိုမျိုး မခေသူတွေလည်းပါတဲ့ မော်ဒန်အချစ်ဟာသကားကောင်းလေးပါ၊ ငယ်ငယ်တုန်းက တာရာမင်းဝေတို့ မင်းခိုက်စိုးစန်တို့ရေးတဲ့ မော်ဒန်ဝတ္ထုလေးတွေ သဘောကျခဲ့မယ်ဆို အဲဒီလိုမျိုးကိုမှ ရုပ်လုံးကြွလာစေမယ့် ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွန်းပေးလိုက်ပါရစေဗျာ။ File size…  1.42 GB /  605 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 38m Genre .....  Romance , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Comedy • Romance
6.7 2013 93 mins
What If
Terror Trips
3.1

Horror ကားနှစ်ခြိုက်သူပရိသတ်ကြီးအတွက်ဆိုရင်တော့ Get Away တို့ဘာတို့ ကြည့်သလောက် အရသာအထိတော့ သေချာပေါက် ထိမိဂွိရစေမှာပါ။ Horror ကားတွေရဲ့ ထုံးစံအတိုင်း နောက်ဆုံးမှာ ဒုက္ခရောက်မှာလား၊ လွတ်သွားမှာလားကို သည်းထိတ်ရင်ဖိုနဲ့ တကယ်ကြည့်ရပါတယ်။ အားမလိုအားမရဖြစ်စရာတွေ ထောက် ပြစရာတွေပါပေမဲ့ Horror ကားအနေနဲ့မဆိုးတာမို့ ကြည့်ရတာတော့ အဆင်ပြေစေမှာပါ။ ဇာတ်လမ်းထဲကအကြောင်းအရာကတော့ ပုံမှန်ဇာတ်လမ်း‌တွေနဲ့ ထူးမခြားနားဆိုပေမဲ့ ဇာတ်လမ်းလေးကတော့ အရင်ကားတွေနဲ့ ထပ်မနေပါဘူး။ Horror ကားတွေရိုက်လေ့ရှိတဲ့နေရာတွေကို လိုက်ပတ်လှည့်ချင်ကြတဲ့ သူငယ်ချင်း တစ်စုဟာ Friday the 13th ရုပ်ရှင်ကားထဲကလိုနေရာကို သွားရောက်လှည့်ပတ် ကြပါတော့တယ်။ အဲလိုလည်ပတ်တဲ့အခါ ဘာတွေတွေ့ကြုံကြမလဲ၊ ဘာတွေဆက် ဖြစ်လာမလဲကိုတော့ သေချာပေါက် မျှော်တလင့်လင့်နဲ့ ကြည့်ရှုခံစားရမယ့်ကားလေးမို့ ခံစားရင်ခုန်ပေးလှည့်ပါဦးခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(730 MB) / (500 MB) Quality............WebRip 1080p / 720p Duration.........1Hr 27mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......San Thu Aung Encoder..........SWM

3.1 2022 87 mins
Terror Trips
Breaking
6.9

ဒီတစ်ခါ ပရိသတ်ကြီးကို တကယ့်ဖြစ်ရပ်မှန်ဇာတ်ကားလေး တစ်ကားနဲ့ တင်ဆက်ပေးပါ့မယ် အစိုးရဌာနတွေဆိုတာ ဘယ်နိုင်ငံမှာဖြစ်ဖြစ် အကျင့်ပျက်ခြစားပြီး သူများရပိုင်ခွင့်ကို ရရင်ရသလို ညှစ်ထုတ်တတ်တဲ့သူတွေဆိုတာ ဒီကားကသက်သေပြနေတာပါ နိုင်ငံအတွက်အသက်နဲ့ရင်းပြီး တိုင်းတပါးမှာ စစ်ပွဲဆင်နွှဲရလို့ မသန်စွမ်းဖြစ်တဲ့သူအတွက် တိုင်းပြည်ကပေးထားတဲ့ လစာကို ဖြတ်စားလာဘ်စားလုပ်တာကတော့ တကယ့်ကို ရွံ့ရှာစက်ဆုပ်စရာပါပဲ ခေါင်းပုံဖြတ်ခံထားရတဲ့ ပိုက်ဆံလေးရခဲ့ရင် သမီးလေးကို ခွေးလေတစ်ကောင်ဝယ်ပေးချင်တဲ့ အလုပ်မလုပ်နိုင်တော့တဲ့ ဖခင်တစ်ယောက်ရဲ့ ဝမ်းနည်းစရာဇာတ်ကြောင်းကိုလည်းသေချာလေးခံစားရမှာပါ ဇာတ်လမ်းအကျဉ်း ဘရိုင်ရန်ဆိုတဲ့ မသန်စွမ်းစစ်ပြန်ကြီးဟာ အလုပ်မလုပ်နိုင်တော့လို့ မသန်စွမ်းလစာလေးကို မှီခိုပြီး စားသောက်နေရတဲ့သူပါ မိန်းမနဲ့ကလည်းကွဲ အလုပ်ကလည်းမလုပ်နိုင် စိတ်အခြေအနေကလည်းပုံမှန်မဟုတ်တဲ့သူတစ်ယောက်အတွက် သူမှီခိုနေရတဲ့ လစာကိုမှ စစ်မှုထမ်းဟောင်းရေးရာနဲ့ နည်းပညာ ကောလိပ် တစ်ခုတို့ ပေါင်းရိုက်ပြီး ဖြတ်စားနေတာကို သိသွားတဲ့အချိန်မှာတော့ အဲဒီပိုက်ဆံပြန်ရဖို့နဲ့ စစ်မှုထမ်းဟောင်းရေးရာရဲ့ အကျင့်ပျက်ခြစားတာကိုလူတိုင်းသိသွားအောင်လို့ ဘဏ်တစ်ခုကို အနုကြမ်းစီးပြီး သူတောင်းဆိုတဲ့အရာလုပ်ပေးဖို့ မလုပ်ပေးရင် ဗုံးဖောက်ခွဲပစ်မယ်ဆိုပြီးခြိမ်းခြောက်ခဲ့တာပါ အဲဒီလိုအနုကြမ်းစီးပြီးနောက်မှာပဲ ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ သူက အနုကြမ်းစီးပြီး ဘာကိုတောင်းဆိုချင်မှာလဲ ဓားစာခံတွေကိုရောဘယ်လိုဆက်ဆံမှာလဲ သူတောင်းဆိုတာတွေရသွားမှာလား သူရောဘာဖြစ်သွားလဲဆိုတာကို ရင်နဲ့အမျှခံစားပြီးကြည့်ရှုရမှာမို့လို့ အသေအချာလေးကြည့်လိုက်ပါလို့ပဲ အကြံပေးလိုက်ပါရစေဗျာ File size…(1.14GB/(649MB/(464MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:43:00 Genre...Crime / Drama / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Horror • Mystery
6.9 2022 103 mins
Breaking
Steirerblut
6.4

ဒီဇာတ်ကားလေးကတော့ ဆန်ဒရာမိုဟာ ဆိုတဲ့ ရဲအရာရှိတစ်ယောက်သူရဲ့မွေးရပ်မြေမှာဖြစ်တဲ့ လူသတ်မှုတစ်ခုကြောင့် သူ့ရဲ့ အထက်အရာရှိ ဆာချာ ဘက်ဂ်မန်း နဲ့အတူ မွေးရပ်မြေကို ပြန်လာစုံစမ်းဖို့ဖြစ်လာတယ် သေဆုံးသူကလဲ လှပပြီး ဖော်ရွေတဲ့အမျိုးသမီးသတင်းထောက်ဖြစ်နေတော့ သံသယရှိသူတွေအများကြီးရှိနေတယ် စုံစမ်းစစ်ဆေးခြင်းက တစ်ဖြေးဖြေးပိုရှုပ်ထွေးလာပြီးတော့ သူ့မောင်ကပါ သံသယရှိသူထဲပါလာတဲ့အခါမှာတော့ နောက်ပိုင်း လူသတ်မှုကိုဘယ်လိုဆက်ပြီးဖော်ထုတ်ကြမလဲဆိုတာကိုဇာတ်ကားလေးကိုဆက်လက်ပြီးကြည့်ပေးကြပါဦးနော် (အညွှန်းနဲ့ ဘာသာပြန်ကတော့ Duckkie ပဲဖြစ်ပါတယ်) File size…1.6 GB / 605 MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 30m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Duckkie

6.4 2014 90 mins
Steirerblut
You Don’t Mess with the Zohan
5.5

You Don’t Mess with the Zohan (2008) Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့ နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် အမေရိကကို ထူးဆန်းတဲ့နည်းနဲ့ သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ ဇိုဟန်တစ်ယောက် အမေရိကရောက်သွားတော့ ဘာတွေဆက်ဖြစ်မလဲ… ဘယ်လိုဆန်းပြားတဲ့အတွေ့အကြုံသစ်တွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Adam Sandler ထုံးစံ စခွီတစ်သိန်းနဲ့ မြင်ရမှာဖြစ်လို့ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 905MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 53Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
5.5 2008 113 mins
You Don’t Mess with the Zohan
Death Notice
6.2

အခုတစ်ခေါက် CM ရဲ့ ပရိသတ်တွေအတွက် ဟောင်ကောင်မှုခင်း ဇာတ်လမ်းကောင်းလေးတစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ – ကိုယ့်ကိုယ်ကိုယ် တရားမျှတသူအဖြစ် ခေါ်ဆိုနေတဲ့ လျှို့ဝှက်ကွင်းဆက်လူသတ်သမား Darker ဆိုသူဟာ ရဲတပ်ဖွဲ့ကို စိန်ခေါ်ခဲ့ပါတယ်။ “သေဆုံးခြင်းအကြောင်းကြားစာ” များကို ဆက်တိုက်ပို့ခဲ့ပြီး အပို့ခံရသူတွေကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပါတယ်။ အမှန်တရားကို စုံစမ်းဖို့အတွက် ပေါက်ကွဲမှုမှာ မျက်မြင်သက်သေဖြစ်ခဲ့သူ ဟွမ်ရှောက်ဖျင်၊ ရဲမှူးလော်ဖေး၊ မှုခင်းတပ်ဖွဲ့အဖွဲ့ခေါင်းဆောင် ဟန်ဟောက်တို့ဟာ Darker ရဲ့ အစီအစဉ်ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ Darker က ဘယ်သူဖြစ်မလဲ…… အသတ်ခံရတဲ့လူတွေကရော ဘယ်လို ပြစ်မှုတွေကို ဖုံးကွယ်ထားသလဲ…… ဆိုတာကို plot twist အပြည့်နဲ့ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဟောင်ကောင်ရှုပ်ရှင်ကောင်းတွေ ရှားပါးနေတဲ့အချိန်မှာ ဟောင်ကောင်ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အပြည့်အဝ အားဖြည့်ထားတဲ့ ဒီရုပ်ရှင်လေးကိုတော့ မကြည့်မဖြစ်ကြည့်ကို ကြည့်သင့်ပါတယ်နော်။

6.2 2023
Death Notice
The Devil on Trial
5.6

The Devil on Trial (2023) မကောင်းဆိုးရွားကခိုင်းလို့ သတ်မိတာပါဆိုတဲ့ လူသတ်မှုကို သိကြတယ်မလား။ The Conjuring 3 ကြည့်ဖူးရင်တော့ သိမှာ အသေအချာပဲပေါ့။ ကြည့်ဖူးတယ်ဆိုရင်တော့ ဒီ Documentary လေးကို ကြည့်ဖြစ်အောင်ကြည့်သင့်ပါတယ်။ ၁၉၈၁ ခုနှစ်မှာပေါ့။ အာနီဂျွန်ဆင်ဆိုတဲ့ လူငယ်လေးတစ်ယောက်က သူ့ရဲ့ အိမ်ရှင်၊ အလုပ်ရှင် အယ်လန်ဘိုနိုဆိုတဲ့သူကို ဓားနဲ့ လေးချက်ထိုးပြီး သတ်လိုက်တယ်။ တရားရုံးရောက်တော့ သူတို့ဖက်က လျှောက်လှဲချက်က မကောင်းဆိုးရွားအပူးခံရလို့ လုပ်မိတာပါ၊ ဒီကိစ္စအကြောင်း ဘာမှမမှတ်မိပါဘူးလို့ ပြောပါတယ်။ အမေရိကန်တစ်နိုင်ငံလုံး ဟိုးလေးတကျော်ဖြစ်သွားတဲ့ အမှုပါ။ Ed နဲ့ Lorraine Warren တို့ရဲ့ လူသိရှင်ကြား နာမည်အကြီးဆုံး အမှုတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ အမှုက ဒီအတိုင်းဆိုရင် ရိုးရိုးရှင်းရှင်း လူသတ်မှုဖြစ်ပေမဲ့ မကောင်းဆိုးရွားပူးကပ်တာတွေ ပါလာတော့ စိတ်ဝင်စားစရာဖြစ်သွားတာပေါ့။ ဒီ Documentary က အဲဒီအမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ တရားခံ အာနီဂျွန်ဆင်နဲ့အတူ သူ့ရဲ့လက်တွဲဖော် ဒက်ဘီဂလာဇဲနဲ့ ဂလာဇဲမိသားစုဝင်တွေကို မေးမြန်းရိုက်ကူး မှတ်တမ်းတင်ထားတာဖြစ်ပါတယ်။ အဆုံးမှာတော့ ဟင်ကနဲ ဟာကနဲဖြစ်သွားစေမယ့် အချက်တစ်ခုကို သိလာရပါလိမ့်မယ်။ မကောင်းဆိုးရွားကပဲ ခိုင်းတာလား ဒါမှမဟုတ်… (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.65GB, 720MB Quality – 1080p, 720p IMDb Rating – 5.6/10 Format – mp4 Duration – 1H 21Min Genre – Documentary, Crime, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

5.6 2023 81 mins
The Devil on Trial
The Ron Clark Story
7.5

The Ron Clark Story (2006) ~ IMDb – 7.5/10, Rotten Tomatoes – 85% ~ အမေရိကန်နိုင်ငံက နာမည်ကျော် ဆရာတစ်ယောက်ရဲ့ အကြောင်းကို ဇာတ်လမ်းဆင်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ ဝါသနာနဲ့ စေတနာတွေကို တွင်တွင်သုံးတဲ့ ဆရာတွေအများကြီးရှိပေမဲ့ အနစ်နာ ဆရာမျိုးကတော့ ပိုပြီးတွေ့ရခဲတယ်ထင်ပါတယ်။ ရွန်ကလက်ကတော့ နာသုံးနာပြည့်စုံတဲ့ ဆရာမျိုးဖြစ်ပြီး ဆရာဆိုတဲ့ အသံကြားတာနဲ့ ကျေးဇူးတင်တဲ့အသိ၊ နွေးထွေးတဲ့ခံစားချက်မျိုးရလာပြီး ဆရာက ကိုယ့်ဖက်မှာရှိနေသရွေ့ ဘာကိုမှကြောက်စရာမလိုဘူးလို့ ထင်လာနိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ဆရာတစ်ယောက်ပေါ့။ ဆရာဆိုတာ ဒါမျိုးပဲလို့ ပြရလောက်အောင် ဂုဏ်ယူစွာနဲ့ ပြနိုင်လောက်တဲ့ ဆရာမျိုးပါပဲ။ နယ်မှာ အောင်မြင်မှု အထိုက်အလျှောက်ရထားတဲ့ မူလတန်းဆရာလေး ရွန်ကလက်က အိပ်မက်အကြီးကြီးနောက်ကို လိုက်ဖို့ နယူးယော့ခ်မြို့ကြီးကို မျှော်လင့်ချက်တွေ တသီကြီးနဲ့တက်လာတယ်။ မြို့ကြီးတွေဆိုတာကတော့ သိကြတဲ့အတိုင်း အပြိုင်အဆိုင်တွေများ၊ ရှုပ်ယှက်ခတ်နေပြီး အနားမရတဲ့နေရာမျိုးမလား။ ဒါပေမဲ့လည်း မြို့ပြရဲ့ တိုက်စားတဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်း ဆရာအလုပ်ကို ရှာနေရင်းမှာ ရွှေ့ပြောင်းနိုင်ငံသားတွေအများစုနေထိုင်ကြတဲ့ ဟာလမ်က မူလတန်းကျောင်းဆရာ အလုပ်တစ်ခုကိုက သူ့ရှေ့ကို မှောက်လျက်လဲပြီး ကျလာတယ်ပြောရမယ်ထင်တယ်။ သူအလုပ်သွားလျှောက်တဲ့အချိန်မှာပဲ ကလေးတစ်ယောက်နဲ့ ဆရာ ရန်ဖြစ်ပြီး ဆရာက သူ့မျက်စိရှေ့တင်ပဲအလုပ်ထွက်သွား​တော့ တန်းဝင်လျှောက်လိုက်တာပေါ့။ ဒါပေမဲ့ ပတ်ဝန်းကျင်ကြမ်းကြမ်းနဲ့ အပြင်လူတွေကို သူစိမ်းလို သတ်မှတ်တဲ့ ဟာလမ်ကတော့ သူ့ကို လွယ်လွယ်နဲ့တော့ လက်မခံပါဘူး။ သူ့ရဲ့အရည်အချင်းက လိုတာထက်ပိုနေတော့လည်း လက်လွှတ်မခံချင်လို့ လက်ခံလိုက်တဲ့အချိန်မှာတော့ ဘယ်သူမှ ဆရာဝင်မလုပ်ချင်တဲ့ အဆိုးဆုံးအတန်းကိုမှ ရလာဒ်ကောင်းတွေရလာအောင် ဖန်တီးနိုင်ပါတယ်လို့ သူကိုယ်တိုင်ပဲ တာဝန်ခံပြီး ယူလိုက်တယ်။ အဲဒီအတန်းရဲ့ ဂုဏ်သတင်းကတော့ ဝင်သွားတဲ့ ဆရာတိုင်း အကောင်းအတိုင်းပြန်ထွက်မလာနိုင်ဘူးလို့ အာမခံထားတဲ့ အတန်းမျိုးပါ။ သူအဲဒီအတန်းကို ဝင်ပြီဆိုတာသိကြတော့ အသုဘလုပ်ဖို့ ကြိုပြီးပြင်ဆင်ထားကြဖို့တောင် စဉ်းစားမိကြတဲ့သူတွေရှိပါသေးတယ်။ ဘယ်ဆရာမှမနိုင်အောင် ကြမ်းတဲ့ အတန်းမှာ ဆရာလေး ရွန်ကလက်က တစ်တန်းလုံးကို မိသားစုတွေဖြစ်လာအောင် ဖန်တီးနိုင်ခဲ့ပြီး ရလာဒ်ကောင်းတွေကို ဘယ်လိုဖန်တီးခဲ့လဲဆိုတာကို ဒီဇာတ်ကားက အဓိကပြပေးသွားမှာပါ။ ” Every child is Special ” ဆိုတဲ့အတိုင်း သူတို့ရဲ့ မိဘတွေကိုယ်တိုင်အပါအဝင် ဘယ်သူကမှ အလေးမထားကြတဲ့အပြင် သူတို့ကိုယ်တိုင်တောင် မသိသေးတဲ့ ကလေးတွေရဲ့ အရည်အချင်းတွေကို တောက်ပလာအောင် သွေးယူပေးခဲ့ပြီး ဒီလိုရယူနိုင်ဖို့လည်း သွေး၊ချွေးတွေရင်းနှီးခဲ့ရတဲ့အကြောင်းကိုလည်းတွေ့ရမှာပါ။ ဆရာ့နောက်စေ့မှာ မျက်စိပါတယ်လို့ ပြောရလောက်အောင် နောက်ကိုလှည့်မကြည့်ဘဲ၊ အတန်းထဲကို မရောက်ဘဲနဲ့တောင် အတန်းထဲက ဘယ်ကလေးတွေက ဘာလုပ်နေလဲဆိုတာကိုပါ သိနိုင်လောက်တဲ့ထိ နားလည်နေအောင် ကြိုးစားခဲ့တဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုက လေးစား၊ အားကျစရာပါပဲ။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ကားထဲက ဇာတ်လမ်းဆန်ဆန် အဖြစ်အပျက်အများစုက အပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေအတိုင်း အတိအကျရိုက်ကူးထားတာလို့သိရပါတယ်။ ဆရာနဲ့ တပည့်ဆက်ဆံရေးထက် မိသားစုဆန်ပြီး နွေးထွေးတဲ့ စာသင်ခန်းကို ဖန်တီးခဲ့ပြီး သင်ကြားရေးပုံစံသစ်ဆိုတဲ့ စာမျက်နှာကို ဖွင့်လှစ်စေခဲ့တဲ့ အဖြစ်အပျက်တွေထဲက တစ်ခုလည်းဖြစ်ပါတယ်။ အဲဒီအတန်းမှာ သူသတ်မှတ်ထားခဲ့တဲ့ စည်းကမ်း ၅၅ ချက်အကြောင်း ” Essential 55 ” ဆိုတဲ့နာမည်နဲ့ ရေးထားခဲ့တဲ့စာအုပ်က New York Times မှာ အရောင်းရဆုံး စာအုပ်စာရင်းဝင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ဆရာရွန်ကလက်က ရွန်ကလက်အကယ်ဒမီဆိုတဲ့ ပရဟိတအလယ်တန်းကျောင်းကို ဖွင့်လှစ်ထားပြီး ကလေးတွေကို ပညာပေးရင်း၊ သူ့ရဲ့ပညာရေးရဲဘော်ရဲဘက်များအတွက် Motivational Speaker အဖြစ်နဲ့ ပညာရေးလောကမှာ အကျိုးဆောင်နေလျှက်ရှိပါတယ်။ ဒီဇာတ်ကားကို အဓိကရေးဖြစ်တဲ့အကြောင်းကတော့ အခုနှစ် ၂၀၂၃ အောက်တိုဘာ ၂၈ ရက်နေ့က ဆုံးပါးသွားခဲ့တဲ့ Friends TV Series က Chandler Bing ဆိုတဲ့ ဇာတ်ကောင်ကို အသက်သွင်းပေးခဲ့တဲ့ သရုပ်ဆောင် Matthew Perry ကြောင့်ပါပဲ။ Matthew က ဒီဇာတ်ကားမှာလည်း သူက Chandler Bing မဟုတ်ပါဘူးဆိုတဲ့ သူ့ရဲ့သရုပ်ဆောင်စွမ်းရည်ကို ပြသသွားတာ မြင်ရမှာပါ။ ဆရာနေရာကသရုပ်ဆောင်နေတယ်ဆိုပေမဲ့လည်း သူ့ရဲ့ ဟာသပါရမီကတော့ ဖုံးဖိထားလို့မရတာကို တွေ့ရပါလိမ့်မယ်။ ငိုနေတဲ့ မျက်ဝန်းတွေကို အပြုံးမျက်နှာဖုံးကွယ်ပြီး ဖျော်ဖြေခဲ့သူ ဟာသပါရမီရှင် သူကတော့ သူ့ရဲ့အစားမထိုးနိုင်တဲ့ Sarcasm တွေကို ကျွန်တော်တို့အတွက် ထားခဲ့ပြီး ထွက်သွားခဲ့ပါပြီ။ အဲဒီလိုပြောရင် သူက “Where?” ဆိုပြီး တစ်နေရာက အရွှန်းဖောက်နေလောက်ပါတယ်။ “Could you be more being Great, Mr. Bing” ~ Matthew Perry (1969-2023) ကို အမှတ်ရအောက်မေ့စွာဖြင့် d3mon (A F.R.I.E.N.D) Size – 2GB, 835MB Quality – 1080p, 720p IMDb Rating – 7.5/10 Format – mp4 Duration – 1H 30Min Genre – Biograhphy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by d3mon (A F.R.I.E.N.D) Encoded by Y

Drama • Thriller • War
7.5 2006 90 mins
The Ron Clark Story
The 36th Chamber of Shaolin
7.6

The 36th Chamber of Shaolin (1978) ========================= IMDb Rating – 7.6/10 ဟိုအရင်က ရှောင်လင်သိုင်းကားဆိုပြီး ရုပ်ရှင်ပရိသတ်တွေကြား တော်တော် နာမည်ကြီးခဲ့တာ အားလုံးသိကြမှာပါ။ အဲဒီတစ်ခေတ်တစ်ခါက ထွက်ခဲ့တဲ့ ရှောင်လင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်။ ဇာတ်ကားနာမည်ကတော့ The 36th chamber of Shaolin ဖြစ်ပြီးတော့ ၁၉၇၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ကွန်ဖူးကား ဖြစ်ပါတယ်။ အင်္ဂလိပ်, ပြင်သစ်, ကွမ်းတုံနဲ့ တရုတ် ဘာသာစကား ၄ မျိုးနဲ့ ထွက်ရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းပြောပြရရင်တော့ မန်ချူးလူမျိုးစုတွေက ကွမ်းကျိုးမြို့ကို အပိုင်သိမ်းထားရာကနေ စတင်ပါတယ်။ သူတို့က မြို့နေပြည်သူတွေကို နိုင်လို မင်းထက်ပြုမူပြီးတော့ သူတို့ကို မထောက်ခံသူမှန်သမျှကို သူပုန်လို့သတ်မှတ်ပြီး သတ်ပစ်ပါတယ်။ ပြည်သူပိုင်ပစ္စည်းတွေကိုလည်း ဖျက်စီးလို့စီးနဲ့ ထင်ရာစိုင်း ကြတာပါ။ မန်ချူးခေါင်းဆောင် ထျန်းသာ့စစ်သူကြီးကို လုပ်ကြံဖို့ ကြိုးစားခဲ့သူက လူလယ်ခေါင်မှာ အသတ်ခံခဲ့ရပါတယ်။ ဒီကိစ္စကို ချုံးဝမ်းကျောင်းတော်က ဆရာ ကြီးဟော့နဲ့ ကျောင်းသားတွေက မကျေနပ်ကြပါဘူး။ ဒါကြောင့် သူတို့က မန်ချူး တွေကို ဆန့်ကျင်ဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဘာသိုင်းပညာမှ မတတ်တာမလို့ ကျောင်း တော်အပါအဝင် ကျောင်းသားတွေလည်း သေကြေပျက်စီးကြရတယ်။ အဲဒီထဲကမှ လျိုယွိထယ်ဆိုတဲ့ ကျောင်းသားလေးက မန်ချူးတွေကို ဆန့်ကျင်ဖို့ ရှောင်လင်ကျောင်းမှာ သိုင်းပညာသွားသင်ယူဖို့ ဆုံးဖြတ်လိုက်ပါတယ်။ လျိုယွိထယ် အနေနဲ့ မန်ချူးတွေလက်ကနေ ရှောင်လင်ကျောင်းဆီရောက်အောင် ဘယ်လိုသွား မလဲ၊ ရှောင်လင်သိုင်းပညာဆိုတာမှာရော ဘာတွေပါဝင်လဲ၊ မန်ချူးတွေကိုရော ပြန် လည်တိုက်ထုတ်နိုင်မလား၊ ဘယ်လိုတွေတိုက်ထုတ်မလဲဆိုတာကို ဇာတ်ကားထဲမှာ ကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Elizabeth Khant ဖြစ်ပါတယ်) File Size……….(2.4 GB) / (1.08 GB) Quality…………BLU-RAY 1080p / 720p Duration………1Hr 56Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Adventure, Drama Translator…….Elizabeth Khant Encoder……….SWM

7.6 1978
The 36th Chamber of Shaolin
The Baby Swindler

ယောကျ်ားဖြစ်တဲ့သူ ဆုံးသွားပြီးတဲ့နောက်မှာ ဘဝကို တစ်ယောက်တည်းဖြတ်သန်းနေရတဲ့ ဆူဇီ ဆိုတဲ့မိန်းကလေးတစ်ယောက်…… ဆူဇီ အတွက်သူ့ယောက်ျားကအသက်အာမခံငွေတွေနဲ့ ပိုင်ဆိုင်မှုတွေအများကြီးချန်ပေးထားခဲ့တယ်… နှစ်ယောက်သား ကလေးယူဖို့ကြိုးစားနေပြီးတော့ ဆူဇီ ရဲ့အားနည်းချက်ကြောင့် ကိုယ်ဝန်မဆောင်နိုင်တဲ့အချိန်မှာ ဆေးရုံမှာအေးခဲထားတဲ့ သူ့တို့ရဲ့သန္ဓေသားလောင်းလေးကို အငှားကိုယ်ဝန်ဆောင်ခိုင်းဖို့အတွက် မိန်းကလေးတစ်ယောက်ကို အသည်းအသန်လိုက်ရှာခဲ့ရတယ်….. ဆူဇီ အစားအငှားကိုယ်ဝန်ဆောင်ပေးတဲ့မိန်းကလေးဟာ ကိုယ်ဝန်ဆောင်ပေးနေစဉ်မှာပဲ ရုတ်တရက်ပျောက်သွားရာကနေ….. ဆူဇီ လုံးဝမျှော်လင့်မထားတဲ့ အန္တရာယ်တွေ၊ လှည့်စားမှုတွေ၊ လိမ်ညာမှုတွေနဲ့၊ ဘယ်လိုဒုက္ခမျိုးတွေနဲ့တွေ့ကြုံရမလဲဆိုတာကိုတော့…. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.2 GB)/(619 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre…Thriller, Tv Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
The Baby Swindler
100 Streets
5.8

မိသားစုတိုင်း ၊ လူတိုင်းမှာ ဖြေရှင်းစရာပြဿနာ ကိုယ်စီရှိကြပါတယ်။ တစ်ချို့ကျတော့လည်း ဒီပြဿနာတွေ အရှုပ်ထုတ်တွေကြားထဲ နှစ်မွန်းရင်း တဝဲလည်လည်နဲ့ပဲ ဘဝကြီးကိုပြီးဆုံးသွားကြရတယ်။ တစ်ချို့ကြတော့ ပြဿနာဖြေရှင်းပြီး လမ်းမှန်ပေါ်ကို ပြန်တက်လာနိုင်ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ဘဝမှာကောင်းတာရော ဆိုးတာရော နှစ်ခုလုံးခံစားလိုက်ရတာဆိုတော့ တန်တယ်ပဲဆိုရမှာပေါ့။ ဒီဇာတ်လမ်းမှာ မိသားစုသုံးစုရဲ့ အိမ်တွင်းရေး ပြဿနာတွေကိုရိုက်ပြထားတာပါ။ အင်္ဂလန် ရပ်ဂ်ဘီ ဘောလုံးကပ္ပတိန်ဟောင်းဖြစ်တဲ့ မက်စ်မိုးက အရင်က‌‌ အရမ်းတော်ခဲ့သလောက်အခုချိန်မှာ မိန်းမ နဲ့လည်း အဆင်မပြေ၊စီးပွားရေးဆိုတာကလည်း လက်ကျန် ဂုဏ်ရှိန်လေးနဲ့လုပ်စားနေရတယ်၊ ဒီကြားထဲ မိန်းမဖြစ်သူနဲ့‌ရော သားသမီးတွေနဲ့ပါ ခဏတာခွဲနေရတယ်။ နောက်မိသားစုတစ်ခု ကျောင်းတွင်း ရပ်ဂ်ဘီဘောလုံးအသင်းရဲ့ လေ့ကျင့်ရေး ဆရာလည်းဖြစ် အငှားကားမောင်းသူလည်းဖြစ်တဲ့ ဂျော့၊ သူတို့မိသားစုကတော့ ကလေးအရမ်းလိုချင်ကြတယ်၊ နောက်တစ်‌ယောက်တော့ မူးယစ်ဆေးရောင်းတဲ့ဘဝကြီးကို စိတ်ကုန်နေတဲ့ ကင်းစ်လေ၊ မူးယစ်ဆေးလောကဆိုတာက ဝင်ပြီးရင်ပြန်ထွက်ဖို့ခက်တယ်‌ေလ၊ တစ်ခါထောင်ကျဖူးတဲ့ အပြင် မိခင်ဖြစ်သူ လည်းစိတ်မဆင်းရဲစေချင်တဲ့အတွက် ဒီလောကကနေထွက်ဖို့နည်းလမ်းရှာနေတယ်၊ သူတို့တွေ အကုန်လုံး ဒီပြဿနာဆီကနေဘယ်လို‌ဖြေရှင်းပြီးရုန်းထွက် နိုင်မလားဆိုကတော့ဆက်လက်ကြည့်ရှုပေးပါဦး။ File size…1.40GB / 686MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 33m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

5.8 2016 93 mins
100 Streets
Taking Chance
7.4

ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။ ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။ 9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲ့က သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။ ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ် မှားတယ်ဆိုတာထက် စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။ ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့ တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။ သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) က ကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။ ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီး စစ်သား စိစစ်သူအနေနဲ့ လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေ သေဆုံးနေရတာကို အပြစ်ရှိသလိုခံစားနေရသူပါ။ ဒီ ဇာတ်လမ်းနဲ့ Kevin Bacon က အကောင်ဆုံးသရုပ်ဆောင်ရွှေကမ္ဘာလုံးဆုကိုလည်းရရှိထားပါတယ်။ ဒီဇာတ်ကားကြည့်ပြီး မျက်ရည်တော့ နည်းနည်းဝဲမိမှာသေချာပါတယ်။ ကြည့်ရှူခံစားလိုက်ကြပါဦး။ File Size : 1.7 GB, 762 MB Quality : WEB-DL 1080p / 720p Running Time : 1hr 17min Format : Mp4 Genre : Drama, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Nikobaby Encode by : Thit San Khant

Action • War
7.4 2009 77 mins
Taking Chance
A Novel Christmas
6.3

A Novel Christmas (2024) IMDb Rating (6.3) “A Novel Christmas” က ဝတ္ထုတစ်ပုဒ်ရေးရန် အိမ်ပြန်လာတဲ့ အောင်မြင်နေပြီးသား ကလေးစာရေးဆရာမ Chloe ရဲ့ 2024 အချစ်ဟာသဇာတ်ကားဖြစ်ပါတယ်။ ပြန်လာတာနဲ့ သူက single father ်တစ်ယောက်နှင့်တွေ့ဆုံကာ သူရဲ့ကိုယ်ရေးကိုယ်တာနှင့် ပရော်ဖက်ရှင်နယ်ဘဝကြားမှာရွေးချယ်စရာတွေရှိလာပါတယ်။ ဒီဇာတ်ကားကဝေဖန်မှုတွေပါ ရရှိခဲ့ပါတယ်။ အချို့သောဝေဖန်ရေးဆရာတွေက ဝမ်းနည်းပူဆွေးခြင်းနှင့် မိသားစုကဲ့သို့ ဇာတ်ဝင်ခန်းတွေ စူးစမ်းရှာဖွေခြင်းတွေကိုတော့ ချီးကျူးကြပြီး သရုပ်ဆောင်အသစ်တွေ ဖြစ်နေပေမယ့်လည်း ကောင်းမွန်တဲ့ ဇာတ်လမ်း က ချို့ယွင်းချက်တွေရှိလာတာထုံစံပါပဲတဲ့။ အခြားတစ်ဖက်မှာလည်း ကြည့်ရှုသူတွေက ဇာတ်ကားရဲ့ ဇာတ်ညွှန်းတွေကိုက်ညီတာမျိုးမရှိကြောင်းတွေ့ရှိကြပါတယ်။ ယေဘုယျအားဖြင့်၊ “A Novel Christmas” က ပရိသတ်တွေကြားမှာ ကွဲပြားတာတွေရှိပေမယ့်လည်းဆက်ဆံရေးအပေါ် အာရုံစူးစိုက်ထားတဲ့ ရိုးရာအားလပ်ရက် အချစ်ဇာတ်လမ်းကိုဖော်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar Aung ဖြစ်ပါတယ်။) File size…(1.6 GB) / (740 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:28:42 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Banyar Aung

Action • Drama • Thriller • War
6.3 2024 88 mins
A Novel Christmas