YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Bear.S02E03.720p.CM.mp4

233.15 MB 720p video/mp4 163 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Wildflower
1

CMကနေပြီးတော့ တမူထူးခြားစွာနဲ့ နိုင်ဂျီးရီးယားရုပ်ရှင်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ စာအုပ်တစ်အုပ်ကို စာအုပ်အဖုံးနဲ့ မဆုံးဖြတ်နဲ့ဆိုတဲ့အတိုင်း နိုင်ဂျီးရီးယားရုပ်ရှင်ဆိုပြီး ဒီဇာတ်ကားကိုအထင်မသေးလိုက်ဘဲ ကြည့်ရှု့သင့်ပါတယ်။ လောကမှာ ပိုက်ဆံ၊ အာဏာ၊ ပါဝါကိုအသုံးပြုပြီး မတော်မတရားပြုလုပ်နေတဲ့ လူအမြောက်အများရှိပြီး ဖိုဝါဒီကြီးစိုးမှုဟာ အခု၂၁ရာစုရောက်သည်အထိ ဖျောက်ပစ်မရနိုင်သေးတာ လက်မခံချင်လည်း လက်ခံရပါလိမ့်မယ်။ ရိုလာကဲ ဒါဘရီ ဆိုသူက Ocean Height ဆောက်လုပ်ရေးမှာ PAအနေနဲ့ အလုပ်ဝင်လုပ်မိတဲ့ ခေတ်ပညာတတ်ဘွဲ့ရတစ်ယောက်ဖြစ်ပါတယ်။ ရိုလီ့မှာ အမတစ်ယောက်ရှိပြီး ထိုအမဖြစ်သူမှာ အက်ဒါလို့ခေါ်တဲ့ သမီး၂ယောက်ရှိပါတယ်။ ရို့လီ အမရဲ့ယောင်္ကျားက ရို့လီ အမကို ရိုက်နှက် နှိပ်စက်ရင်း အသက်ဆုံးရှုံးသွားရပါတယ်။ ဒီလိုနဲ့ အက်ဒါနဲ့ ရိုလီတို့ညီအမ၂ယောက် အတူနေထိုင်ရဖို့ဖြစ်လာပါတော့တယ်။ အခုမှ ဇာတ်လမ်းက စတာပါ။ အက်ဒါရော ရိုလီရော ၂ယောက်လုံး မဒိန်းကျင့်ခံလိုက်ရပါတယ်။ ရိုလီကို မုဒိန်းကျင့်လိုက်တဲ့လူက ပိုက်ဆံ၊ အာဏာ၊ ပါဝါနဲ့ ပြည့်စုံတဲ့လူတစ်ယောက်ပါ။ ထိုသူနဲ့ရင်ဆိုင်ရတဲ့အခါ ရိုလီတို့ ထိုသူကို အနိုင်ရရှိနိုင်ပါ့မလား။ ရိုလီတို့က အဲလူရဲ့ ပထမဆုံးသားကောင်လား၊ တခြားနစ်နာသူတွေရော ရှိသေးလား၊ အဘက်ဘက်က အသာရနေတဲ့ လူတစ်ယောက်ကို ရိုလီတို့ မိန်းမသားတွေ ဘယ်လိုတိုက်ခိုက်သွားမလဲ နိုင်ရောနိုင်ပါ့မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ Personally အရပြောရရင်တော့ နိုင်ဂျီးရီးယားရုပ်ရှင်မို့လို့ အစက အထင်မကြီးဘဲ ဖြစ်နေတာပါ။ ဒါပေမဲ့ ထင်ထားသလိုမဟုတ်ဘဲ ဇာတ်လမ်းက ကောင်းသထက်ကောင်းလာပြီး လက်ထဲကနေ မချနိုင်တော့တဲ့အထိပါပဲ။ ရသမျိုးစုံလည်းပေးနိုင်ပြီး ဇာတ်ရှိန်ကလည်း အတက်အကျနဲ့ emotionalဆန်တဲ့အခန်းလေးတွေလည်း ပါဝင်ပါတယ်။ ဆက်ပြောရင် စာအတော်ရှည်နေမှာမို့လို့ Reviewလေးကို အဆုံးသတ်လိုက်ပြီး အပြေးလေးကြည့်ရှု့လိုက်ဖို့ တိုက်တွန်းလိုက်ပါတယ်။ File size…(2 GB)/(1 GB)/(600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Crime • Drama • Mystery • Thriller
1 2022
The Wildflower
Malignant
6.8

Conjuring, Saw စတဲ့ကားတွေနဲ့နာမည်ကြီးခဲ့တဲ့ ဒါရိုက်တာ James Wan ရဲ့အသစ်စက်စက် Horror ရုပ်ရှင်ဖြစ်ပါတယ် အရက်သမားယောကျ်ားနှိပ်စက်တာကိုခံရလို့ ခဏခဏ ကိုယ်ဝန်ပျက်ကျခဲ့ရတဲ့ မက်ဒီဆင်... ငယ်ဘဝတုန်းကအကြောင်းအရာတွေကို မမှတ်မိတော့တဲ့ မက်ဒီဆင်.... မက်ဒီဆင်ဟာ တစ်နေ့မှာ လူသတ်မှုတစ်ခုကို ကြုံခဲ့ရပြီးနောက်ပိုင်း ရက်ရက်စက်စက်လူသတ်မှုတွေရဲ့အမြင်တွေ ဆက်မြင်လာရပြီး လူသတ်သမားဟာ ဂေဘရီယယ် ဆိုတဲ့ လူတစ်ယောက်မှန်း သိလာရတဲ့အခါ ဂေဘရီယယ်ဆိုတာဘယ်သူလဲ? ဘာကြီးလဲ? မက်ဒီဆင်က သူ သတ်တာ ဖြတ်တာတွေကို ဘယ်လိုကြောင့် အမြင်တွေရနေရတာလဲဆိုတာကတော့ ဒါရိုက်တာ James Wan ရဲ့ အရင်ကနဲ့ မတူတဲ့ရိုက်ချက်တွေ ဟာကနဲဟင်ကနဲဖြစ်သွားရမယ့်ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ ခံစားကြည့်လိုက်ရအောင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Chit Tee နဲ့ Pyi Ti Nyein တို့ပဲ ဖြစ်ကြပါတယ် Quality….WEB-DL 1080p and 720p and 480p File size…2.5GB and 1.3GB and 500MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... Chit Tee and Pyi Ti Nyein Encoder .....August

Crime • Drama
6.8 2021 111 mins
Malignant
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
[18+] Pamasahe

‘အလွန်နွမ်းပါးပုံရတဲ့မိန်းမငယ်လေးတစ်ယောက်ဟာ ရင်ခွင်ပိုက်ကလေးငယ်လေးကိုတင်းတင်းပွေ့ချီရင်း မကြာခင်ထွက်ခွာတော့မယ့် ခရီးသည်တင်သင်္ဘောကြီးဆီကို တစ်စတစ်စချဉ်းကပ်လာပြီး လူတွေလစ်ပြီအထင်မှာ သင်္ဘောကြီးပေါ်ခိုးတက်ဝင်ရောက်သွားခဲ့ပေမယ့်လဲ လက်မှတ်စစ်တဲ့အချိန်မှာ သဘောၤလုံခြုံရေးသုံးဦးရဲ့ဖမ်းဆီးမှုကိုခံလိုက်ရပါတယ်။ အကျင့်ပျက်သင်္ဘောအမှုထမ်းသုံးဦးဟာ သူ့ကိုလက်မှတ်စစ်တယ်၊ မေးခွန်းတွေမေးတယ် ခြိမ်းခြောက်တယ်။ သူတို့လက်ခုပ်ထဲကရေဆိုတာ သိသွားတဲ့နောက်မှာတော့ တစ်ယောက်တစ်လှည့်စီဝိုင်းပြီး အခွင့်အရေးယူရုံတင်မကပဲ သင်္ဘောကပ္ပတိန်ဆီကိုပါ ဆက်သလိုက်ပါသေးတယ်။ ဒါပေမယ့် သဘောၤကြီးပေါ်က ငရဲခန်းဟာ ဒီမိန်းကလေးအတွက်အခုမှ အစမဟုတ်သလို သင်္ဘောကြီးဆီက ဆင်းလာပေမယ့်လဲ သူ့ခရီးကမဆုံးသေးပါဘူး။ ခရီးစဉ်ရှေ့ဆက်ဖို့အတွက် ဘတ်စ်ကားတစ်စီးရဲ့နောက်ဆုံးခုံပေါ်မှာကလေးနို့တိုက်နေတဲ့သူ့ကို နောက်ထပ်လူရှုပ်လူပွေနှစ်ယောက်က လာနှောင့်ယှက်ပြန်ပါတယ်။အဲ့ဒီမှာတော့ သူ့အတွက် ကယ်တင်ရှင်တစ်ယောက်ပေါ်လာခဲ့ပြီး ကယ်တင်ရှင်ဟာ သူ့ကိုခရီးစဉ်တစ်လျှောက် ကူညီစောင့်ရှောက်ခဲ့သလို သူကလဲ သူ့ဘဝဇာတ်ကြောင်းကိုအထုပ်ဖြေပြောပြပါတော့တယ်။ ကြေကွဲစရာ၊ကြောက်စရာလန့်စရာ၊ အော်ဂလီဆန်ချင်စရာတွေအပြည့်နဲ့ဘဝဆိုးကို သူဘယ်လိုရင်ဆိုင်ဖြတ်ကျော်ခဲ့ရသလဲ? ဒီခရီးအဆုံးမှာလဲ သူ့အတွက် ဘာတွေစောင့်ကြိုနေဦးမလဲ? သရုပ်ဆောင်တွေထပ်လွန်းလို့ ပြောနေကြတဲ့ ပရိသတ်တွေအတွက် Vivamas ကအသစ်စက်စက်လေးနှစ်ယောက်ကိုမိတ်ဆက်ပြီး ပွဲဦးထွက်စင်တင်ပေးလိုက်တဲ့ဇာတ်ကားသစ်ဖြစ်ပါတယ်။ သူတို့လေးတွေကလဲ အရင်စီနီယာတွေထက်မလျော့တဲ့ ဆွဲဆောင်မှုတွေ ညှို့အားတွေနဲ့ ပရိသတ်ကိုဘယ်လိုဆွဲဆောင်ဖမ်းစားသွားမလဲဆိုတာ တစ်ချက်လောက်မြည်းစမ်းကြည့်စေချင်ပါတယ်။

Drama
0 2022
[18+] Pamasahe
[18+] Redemption

*********************** ညိုကီတို့ သမားရိုးကျ 18+ ဇာတ်ကားတွေကို ကြည့်ရတာရိုးနေပြီဆိုရင်တော့ ဒီကားလေး စမ်းကြည့်ဖို့တိုက်တွန်းချင်ပါတယ် ဒီထဲမှာတော့ စိတ်ကူးလိုက်တိုင်း တကယ်ဖြစ်သလိုခံစားရစေမဲ့ စွမ်းအားတွေရယ် စိတ်မှန်းနဲ့တင် ကိုယ်မှန်းတဲ့လူရဲ့အနားကို ဝိညာဉ်လွှင့်သွားနိုင်တဲ့ အစွမ်းတွေရယ်နဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို ဇာတ်အိမ်တည်ပြီးမှ ရိုက်ပြထားတဲ့ ဇာတ်ဆန်းဆန်းလေးပေါ့လေ အဲလိုအစွမ်းတွေကို ညိုကီတို့ရလာရင်ရော ဘယ်နေရာမှာအသုံးချဖြစ်လောက်လဲဆိုတာကို ရှေ့ပြေးရိုက်ပြထားတဲ့ကားလေးလို့လည်း ပြောရမယ်ထင်ပါတယ် ခံစားကြည့်ကြပါဦးဗျ File size…2GB& 828MB Quality… WEB-DL1080P, 720p Format…mp4 Duration….1h 30min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Redemption
Hasee Toh Phasee
6.8

Hasee Toh Phasee (2014) *********************** ဒီဇာတ်ကားလေးကတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိထားတဲ့ ပရိတ်သတ်အသဲစွဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ဆစ်ဒါးသ်မယ်လိုတရာ၊ ပရီနီသီးချိုပရာနဲ့ အာဒါးရှရ်မာတို့ရဲ့ Romance/Comedy အမျိုးအစား ဘောလိဝုဒ်ဇာတ်ကားလေးတစ်ကား ဖြစ်ပြီး IMDb rating (6.8) နဲ့ Rotten Tomatoes (80%)ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့… နစ်ခေးလ်က တက်သစ်စစီးပွားရေးသမားတစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက်ပါ။ သူ့မှာ ကာရစ်ရှ်မာဆိုတဲ့ တွေ့တိုင်းရစ်တဲ့ ရစ်စိန်ချစ်သူလေးတစ်ယောက်ရှိပါတယ်။ နစ်ခေးလ်က ကာရစ်ရှ်မာ ဘယ်လောက် ရစ်ရစ် မပြတ်နိုင်ခဲ့ပါဘူး။ လူကလဲရုပ်ချော စီးပွားရေးသမားလဲဖြစ်ဆိုတော့ နစ်ခေးလ်ကို ကာရစ်ရှ်မာက အမြဲသဝန်တိုပြီး အမြင်ကမကြည်ပါဘူး။ နစ်ခေးလ်ကတော့ မိန်းကလေးတစ်ယောက်ဆို တစ်ယောက်ပဲတွဲမယ်လို့ သံဓိဌာန်ချထားတဲ့လူပါ။ ဒါပေမယ့် သူတို့ရဲ့ ချစ်သူသက်တမ်း ၇ နှစ်တာကာလက သံယောဇဉ်တွေက သူတို့နှစ်ယောက်ကို အဆုံးမှာရွှေလက်တွဲသွားစေမလား…. တစ်ယောက်ဆိုတစ်ယောက်ပဲဆိုတဲ့ နစ်ခေးလ်အတွက်ရော နောက်တစ်ယောက်ပေါ်လာဦးမလား… ကာရစ်ရှ်မာဆိုတဲ့ ရစ်စိန်လေးကရော နစ်ခေးလ်နဲ့ အပ်စပ်ရဲ့လားဆိုတာ….။ “ကမ္ဘာမှာတန်ဖိုးအကြီးဆုံးအရာ မေတ္တာမဟုတ်ဘူးလား” တစ်ယောက်ကိုတစ်ယောက်မေတ္တာနဲ့နှောင်ကြိုးဖွဲ့သီကြမယ့်ချစ်သူတွေဆိုတာ ဘယ်လိုမျိုးလဲဆိုတာ လိုက်ပါခံစားကြည့်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik Sanနဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

6.8 2014
Hasee Toh Phasee
Paul, Apostle of Christ
6.6

၂၀၁၈ ကထွက်ရှိခဲ့တဲ့ Paul, the Apostle of Christ ဟာ အမေရိကန်သမ္မာကျမ်းလာရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်ပြီး Andrew Hyatt က ရိုက်ကူးပေးထားပါတယ်။ တမန်တော်ပေါလ်အဖြစ် James Faulkner နဲ့ သူတော်စင် လု့ခ်အဖြစ် Jim Caviezel တို့က ပါဝင်သရုပ်ဆောင် ပေးထားပါတယ်။ Jim Caviezel ဟာ ၂၀၀၄ ခုနှစ်ကရုပ်ရှင် The Passion of the Christ မှာလည်း ယေရှုအဖြစ်ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူဖြစ်ပါတယ်။ Paul, the Apostle of Christ ကတော့ ပေါလ်ရဲ့ ဇာတ်ကြောင်းကိုရိုက်ကူးထားတာဖြစ်ပါတယ်။ ခရစ်ယာန်တွေကို ရက်ရက်စက်စက်နှိပ်ကွပ်တတ် သူဖြစ်တဲ့ပေါလ်ဟာ ခရစ်ယာဘာသာဝင်အဖြစ် ကူးပြောင်းပြီးတဲ့နောက် ခရစ်ယာန်ဘာသာအတွက် အကြီးမားဆုံးအကျိုးပြုသူတစ်ဦးဖြစ်လာခဲ့ပါတယ်။ ရောမမှာ ဧကရာဇ်နီရိုရဲ့ကွပ်မျက်မှုမခံရခင် အစောပိုင်း ကာလချာ့ချ်ကျောင်းတွေပေါ်ပေါက်လာရေးအတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်ခဲ့ပုံကို အဓိက ရိုက်ကူးပြထားပါတယ်။ ပေါလ်ဟာ ခွင့်လွှတ်မှုကို လက်ကိုင်ထားသူဖြစ်ပြီး ဒီအယူအဆက ဒီနေ့ခေတ်မှာ မဖြစ်နိုင်တော့တဲ့အရာတစ်ခုဖြစ်လာလုနီးပါးဖြစ်လာပေမယ့် အမှန်တကယ်လိုအပ်တဲ့အရာတစ်ခုလည်းဖြစ်တယ်ဆိုတာကို ပုံဖော်ပြထားပါတယ်။ ပေါလ်ရဲ့နောက်ဆုံးနေ့ရက်တွေမှာ လု့ခ်က ဆရာဖြစ်သူကိုတွေ့ရဖို့ အကြိမ်ကြိမ်အသက်စွန့်ပြီး ပေါလ်ရဲ့ဘဝအတွေ့အကြုံနဲ့အဆုံးအမတွေကို မှတ်တမ်း တင်ရေးသားခဲ့ပုံတွေကိုလည်း မြင်တွေ့ရပါတယ်။ Paul, the Apostle of Christ ရုပ်ရှင်ဟာ Grace Award for Movies နဲ့ Best Christian Movie ဆုနှစ်ခုကိုရရှိခဲ့ပါတယ်။ ဒေါ်လာ ၅ သန်းအကုန်အကျခံရိုက်ကူးခဲ့ပြီး ရုံတင်ဝင်ငွေဒေါ်လာ ၂၅.၅ သန်းပြန်လည်ရရှိခဲ့တဲ့ရုပ်ရှင်လည်းဖြစ်ပါတယ်။ File size…1.42GB / 638MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 48m Genre ….. Adventure , Biography , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6.6 2018 108 mins
Paul, Apostle of Christ
Wildlike
6.6

သိပ်မကြာသေးခင်က ထွက်ရှိခဲ့တဲ့ Fallout video game ရဲ့ live action series ထဲက မင်းသမီး Ella Purnell ပါဝင်သရုပ်ဆောင်‌ထားတဲ့ ဇာတ်ကားဟောင်းလေးကို တင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီကားထဲမှာတော့ Ella Purnell ဟာ 14နှစ်အရွယ် ဆယ်ကျော်သက်မလေး Mckenzie နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ထဲက မက်ကန်ဇီဟာ 13နှစ်အရွယ်မှာပဲ ဖခင်ဖြစ်သူကို ဆုံးရှုံးခဲ့ရပြီး အမေဖြစ်သူကလည်း ဆေးကုသမှု ခံယူ နေတာကြောင့် ဦးလေးနဲ့အတူနေထိုင်ဖို့အတွက် အလက်စကာကို အပို့ခံလိုက်ရပါတယ်။ အဲဒီမှာ ဇာတ်လမ်းကို တစ်ဆစ်ချိုးသွားစေတာက ဦးလေး ဖြစ်သူဟာ မြီးကောင်ပေါက်အရွယ် မက်ကန်ဇီကို ၅၂၈ မေတ္တာမျိုးနဲ့မစောင့်ရှောက်ပေးဘဲ လူ့တိရစ္ဆာန် တဏှာမျက်လုံးနဲ့ ကြည့်ပြီး မက်ကန်ဇီအိပ်နေချိန်မှာ sexual harassment တွေ တစ်စတစ်စလုပ်လာပါတော့တယ်။ အသက်ကလည်းငယ်၊ အားကိုးစရာရယ်လို့လည်းမရှိတဲ့ မက်ကန်ဇီခမျာ ကြံရာမရဘဲ အခွင့်အရေးရတုန်း ဦးလေးဆီကနေ ထွက်ပြေးပါတော့တယ်။ ဒီလို ထွက်ပြေးရင်းနဲ့ ရီနေး ဘာ့ဒ်လက် ဆိုတဲ့လူတစ်‌ယောက်နဲ့ မတာ်တဆ ဆုံမိသွားတဲ့အခါ……. ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…1.53GB / 713MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 44m Genre ….. Adventure , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Comedy • Action
6.6 2014
Wildlike
My Big Fat Greek Wedding

ဒီတစ်ခါမိတ်ဆက်ပေးချင်တာကတော့ IMDB 6.6/10 ရရှိထားတဲ့ Comedy/Romance ဇာတ်ကားလေးပါ။ ဂရိမျိုးနွယ်သူဖြစ်တဲ့ တူလာက အသက် ၃၀အရွယ်ထိ အိမ်ထောင်မကျသေးတဲ့၊ ဘဝရည်မှန်းချက် ပျောက်ဆုံးနေတဲ့သူပါ။ သူတို့ဂရိလူမျိုးတွေက ယူရင်လည်း ဂရိအချင်းချင်းပဲယူကြပြီး ကလေးတွေလည်း အများကြီးမွေးကြကာ မျိုးဆက်ပြန့်ပွားရေးကို အလေးထားကြသူများလည်း ဖြစ်ပါတယ်။ တူလာ့ရဲ့အဖေဖြစ်သူက အရေပြားပြဿနာကနေ ဓာတ်မတည့်တာအဆုံး Windex ဆိုတဲ့ မှန်သုတ်ဆေးထည့်ရင်ပျောက်တယ်လို့ ယုံကြည်သူပါ။ (ဘာမဆို ဆရာခိုနဲ့ပျောက် ဆိုတာမျိုးနဲ့ ခပ်ဆင်ဆင်ပေါ့လေ။) ဂရိဖြစ်ရတာကို အလွန်ဂုဏ်ယူတဲ့ အဖေဖြစ်သူက ဂရိမျိုးနွယ်ဂုဏ်ကို ထိန်းသိမ်းတဲ့သူမို့ သူ့သမီးကို ဂရိတစ်ယောက်နဲ့ အမြန်ဆုံး အိမ်ထောင်ချပေးဖို့ နည်းမျိုးစုံနဲ့ကြံနေခဲ့တာပေါ့လေ။ တူလာက တခြားမိန်းကလေးတွေနဲ့မတူဘဲ ဘဝကို သမားရိုးကျ မဖြတ်သန်းချင်သူဖြစ်တာနဲ့အညီ ဂရိမဟုတ်တဲ့ တခြားအမေရိကန်ကောင်လေး အီယန်ကို ချစ်မိသွားရာမှာတော့ မျိုးရိုးဂုဏ်စောင့်ထိန်းချင်တဲ့ သူ့အဖေနဲ့ တူလာ့ကြား ပဋိပက္ခတွေ ပေါ်လာပါတော့တယ်။ ချစ်သူကိုလည်း အင်မတန်ချစ်ပေမဲ့ အဖေ့စကားကို လွန်ဆန်ရခက်တဲ့ တူလာ့အတွက် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ရမလဲ၊ အီယန်ကရော တူလာ့ရဲ့အဖေဆီက မျက်နှာသာရဖို့လုပ်ရာမှာ ဘယ်လိုအလွဲတွေနဲ့ ကြုံရမလဲ၊ နောက်ဆုံးမှာ သူတို့နှစ်ယောက် ရွှေလက်တွဲမြဲနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ။) File size…(1.8 GB)/(933 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre… Comedy, Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

0 2002
My Big Fat Greek Wedding
Buried Alive and Survived

ဒီဇတ်ကားရဲ့ ဇတ်လမ်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ Toxic relationship ထဲရောက်ခဲ့ရပြီး ယောကျာ်းကထောင်ကျသွားလို့ ခြေယာဖျောက်နေတဲ့ single mother တစ်ယောက်က တစ်နေ့ကျတော့ သူ့ယောကျာ်းကလွတ်လာတဲ့အခါမှာ သူ့ယောကျာ်းပြန်လာပြီးသူတို့ကိုလာရှာပါတယ် သူ့ယောကျာ်းက လူကောင်းဖြစ်သွားပြီးလို့ သူ့ကိုယ်သူပြောနေပေမယ့် ကောင်းမလာတာကိုတော့ သူမကသိနေခဲ့ပါတယ် အဲ့တာကြောင့် သူ့ယောကျာ်းဟောင်းဆီကနေထွက်ပြေးဖို့ကြံရင်း သူတို့သားအမိလွတ်မြောက်မလားကြည့်ရမယ့်ဇတ်ကားတစ်ကားပဲဖြစ်ပါတယ် Toxic relationship ကိုကြုံဖူးတဲ့သူတွေ မြင်ဖူးတဲ့သူတွေနားလည်နိုင်မယ့်ဇတ်ကားတစ်ကားဖြစ်ပါတယ် File size…(1.5 GB)/(775 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Zin Lin Khant

0 2024
Buried Alive and Survived
The Legend of Hawes
4.3

The Legend of Hawes (2022) ရက်စက်ယုတ်မာတဲ့ မသမာသူတွေလက်ချက်နဲ့ အိမ်ပြာကျပြီး မိဘတွေနဲ့မောင်လေးကို အသတ်ခံလိုက်ရပြီးတဲ့နောက်မှာ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ ပညာတတ်မိန်းမပျိုလေးက လက်စားချေဖိုအတွက် တောင်တွေဆီကို ခရီးထွက်လာခဲ့တယ်။ မိန်းမပျိုလေးက မသမာသူတွေကိုသတ်ပြီး လက်စားချေဖို Hawes ဆိုတဲ့ ကျွမ်းကျင်သေနတ်ပစ်သမားကို အလုပ်ခန့်ဖို လိုက်ရှာပါတော့တယ်။ Hawes ကလည်း အဲဒီမသမာသူတွေရဲ့လက်ချက်ကြောင့် ဇနီးနဲ့ သမီးငယ်လေးကို ဆုံးရှုးခဲ့ရတဲ့အမျိုးသားဖြစ်ပြီး သူတိုတွေရဲ့ လက်စားချေခရီးက ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဒီ Western, Horror ဇာတ်လမ်းသစ်မှာ စိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.3 GB) / (690 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Western Duration….01:20:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thwal Htoo Zin

4.3 2022
The Legend of Hawes
Seondal: The Man Who Sells the River
6.5

ဒီဇာတ်ကားလေးကတော့ ဂျိုဆွန်းခေတ်ကို အခြေခံပြီး ရိုက်ကူးထားတာပါ။ မြန်မာပရိသတ်အနေနဲ့ ရင်းနှီးပြီးသား မင်းသားချောလေး ယူဆောင်ဟို (YooS0ungHo) ရဲ့ အောင်မြင်တဲ့ဇာတ်ကားလေး တစ်ကားပါ ။ ဒီဇာတ်ကားမှာ ယူဆောင်ဟိုက တရုတ်ပြည်ကို ကျွန်အဖြစ် ရောင်းစားခံရပြီး စစ်ပွဲမှာ မသေခဲ့ပဲထွက်ပြေးလွတ်မြောက်လာခဲ့တဲ့ ကင်အီနွန်းအဖြစ် သရုပ်ဆောင် ထားပါတယ်…. ကင်အီနွန်းက သူနဲ့အတူလွတ်မြောက်လာတဲ့တခြား နှစ်ယောက်ရယ်ပေါင်းပြီး ညီအစ်ကိုလို ချစ်ချစ်ခင်ခင်ပျော်ရွင်စွာနေထိုင်နေကြတယ်… သူတို့ရဲ့အသက်မွေးကျောင်းကတော့ လူလိမ်တပါတ်ရိုက် ရိုက်စားပေါ့ဗျာ… ကင်အီနွန်းရဲ့ ရိုက်စားအကွက်တွေက လှလွန်းတော့“ မုသားသခင်”ရယ်လို့ဆိုပြီး နာမည်ကျော်ပေါ့… သူကလည်းအတင့်ရဲချက်ကမ်းကုန် ဘုရင့်ဘဏ္ဍာတိုက်တောင်မနေရဘူး ရအောင်ဖောက်တယ် ။ ဒါကြောင့် ဘုရင့်တရားရုံးကလည်း အလိုရှိနေတဲ့ ထိပ်တန်းလူလိမ်လေး။ တစ်ခါမှတော့ ဆောဒယ်ဆောင်းရဲ့ဆေးရွက်ကြီးတွေ ဖျောင်ဖို့ကြိုးစားရင်း မအူမလည်သူတို့ရဲ့ညီငယ်လေး အသက်ပေးသွားရတယ်…. ဆောဒယ်ယောင်း ဆိုတာကလည်း ဘုရင့်ဆွေတော်မျိုးတော် ဦးရီးတော် လောဘကြီးသူ ကိုယ့်အတွက်သာကိုယ်ကြည့်ပြီး ဂျိူဆွန်းနိုင်ငံသားများကို တရုတ်သို့ ကျွန်အဖြစ်ရောင်းစား ဆေးရွက်ကြီးတွေလုပ်နဲ့ တရုတ်ကိုတော့အသေဖားနေတဲ့လူကြီးပေါ့… ငွေကြေးအင်အားကလည်းတောင့်တင်း တရုတ်ကိုလည်းပိုင်ဆိုတော့ ဘုရင်ကတောင် မနိုင်လို့ လက်မှိုင်ချနေရတဲ့ လူလည်ကြီး မုသားသခင် ကင်အီနွန်းကလည်း ညီငယ်အတွက် ဆောဒယ်ယောင်းကိုလက်စားချေဖို့ သူ့ကျွမ်းကျင်တဲ့အတတ်ပညာနဲ့ မြစ်ကြီးကိုလိမ်ရောင်းဖို့ ကြံစည်တဲ့အခါတော့မှာတော့ မုသားသခင်ကပဲ လိမ်ရောင်းနိုင်မလား ဘယ်လိုလိမ်ရောင်းကြမလဲ မြစ်တစ်စင်းကို ဝယ်ချင်လာအောင် ဘယ်လိုများဆွဲဆောင်ကြမလဲ ဆောဒယ်ယောင်းလို သူများကတုံးပေါ် ထိပ်ကွက်နေတဲ့လူလည်ကြီးကရော အညာခံမိမလား အလိမ်ပေါ်သွားလေမလား ဆိုတာကတော့ ဇာတ်ကားမှာပဲ ဆက်လက်ရှုစားကြည့်ကြပါ….

6.5 2016 121 mins
Seondal: The Man Who Sells the River
Revenge of the Green Dragons
5.3

ဒီ ဇာတ်လမ်းမှာတော့ နယူးယောက်မြို့ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ တရုတ်ဂိုဏ်းတွေကြားက ရန်ပွဲတွေအကြောင်း ၊ တရုတ်ပြည်မှ တရားမဝင်ခိုပြောင်းရွှေ့နေထိုင်တဲ့ မိဘမဲ့ကောင်လေး ဆွန်နီရဲ့ ဘဝအကြောင်း ကို ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဇာတ်လမ်းအစမှာတော့ တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေကို စီမံနေရာချပေးရာကနေ မိဘမဲ့ ဆွန်နီကို စတီဗင်တို့ မိသားစုနဲ့ နေရာချပေးခဲ့ပါတယ် ။ သူတို့ဟာ အခြေအနေအရပ်ရပ်ကြောင့် အမေရိကန်ကို ရောက်လာပေမယ့် အမေရိကန်ရဲ့ တရုတ်တန်းတွေမှာ ကြီးစိုးနေတဲ့ ဂိုဏ်းတွေရဲ့ အနိုင်ကျင့်မှုကို ခံစားရပါတော့တယ် ။ တစ်ရက်မှာတော့ စတီဗင်ဟာ အိမ်ပြန်မလာခဲ့တာကြောင့် ဆွန်နီဟာ ညီအစ်ကိုလို သူငယ်ချင်း စတီဗင်ကို လိုက်ရှာရပါတော့တယ် ။ ဖြစ်ချင်တော့ စတီဗင်ကို ဖမ်းသွားတာ နယူးယောက်မြို့ ထိပ်တန်း ဂိုဏ်းတွေထဲကမှ အကြမ်းဆုံးဖြစ်တဲ့ နဂါးစိမ်းဂိုဏ်းက ဖမ်းသွားခဲ့တာပါ ။ ဆွန်နီဟာ စတီဗင်ကို ရှာမတွေ့ခဲ့ပေမယ့် ရက်အနည်းငယ်အကြာမှာတော့ စတီဗင်ဟာ နဂါးစိမ်းဂိုဏ်းဝင်အဖြစ် ပြန်လည်ရောက်ရှိလာပါတော့တယ် ။ စတီဗင်ဟာ ဆွန်နီ့ကို နဂါးစိမ်းဂိုဏ်းအတွင်း ခေါ်သွင်းပြီးနောက်မှာတော့ သူတို့ ဘာတွေ ဆက်ကြုံတွေ့ရမလဲ ၊ ဘယ်လို ကံကြမ္မာက စောင့်ကြိုနေမလဲ ဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ။ ဂိုဏ်းရန်ပွဲတွေ ၊ အချင်းချင်းချောက်ချတာတွေ ၊ အနိုင်ကျင့်တာတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် အက်ရှင်ဇာတ်ကားကြိုက်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုကို ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ် ။ File size… 1.60 GB / 692 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 34m Genre ….. Action/Crime/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sithu Htun Kyaw

Horror • Comedy
5.3 1994 95 mins
Revenge of the Green Dragons
Dr. Sander’s Sleep Cure
6.5

Dr. Sander’s Sleep Cure (2024) IMDb Rating (6.5) ပေါ့ပေါ့ပါးပါး Dramatic ဆန်ဆန် Fantasy Horror ကားကို ကြိုက်နှစ်သက်ကြသူများအတွက် Estonian Director ဖြစ်တဲ့ Mart Sander ရဲ့ Dr. Sander’s Sleep Cure ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်း‌ပေးချင်ပါတယ်နော်။ အိပ်မပျော်တဲ့ဝေဒနာကို ခံစားနေရသူတစ်ယောက်က ‌Dr. Sanderရဲ့ ကုထုံးကို အသုံးချရင်း အိပ်ပျော်ဖို့ အားထုတ်ရာကနေမှ ပုံမှန်မဟုတ်ဘဲ ဆန်းပြားတဲ့ကုထုံးကြောင့် ထူးထူးဆန်းဆန်း အိပ်မက်တွေ မြင်မက်တဲ့အကြောင်းကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကုထုံးမှာပါဝင်တဲ့ အကြောင်းအရာတွေဟာ အိပ်မပျော်ခင်မှာ စိတ်ကူးယဉ်ကြည့်ရင်း အိပ်မက်ထဲထိခေါ်ဆောင်သွားနိုင်ကြောင်းကို ပြသထားပြီး ကိုယ့်စိတ်ကူးအိပ်မက်ထဲမှာဆိုရင် ကိုယ်ဟာ ဘယ်လိုဇာတ်ကောင်စရိုက်မျိုးကိုမဆို ပြုလုပ်နိုင်ကြောင်း ကုထုံးမှာထည့်သွင်းထားပြီး အဲဒီဇာတ်ကောင်အတိုင်းကို အိပ်မက်ထဲမှာ စီးမျောခံစားရင်း အဆုံးမှာ အိပ်ပျော်သွားနိုင်ဖို့ကို ရည်ရွယ်ထားတာပါ။ အဲဒီတော့ ကုထုံးအတိုင်း စီးမျောရင်း တကယ်ပဲ အိပ်ပျော်သွားနိုင်မလား၊ ဆိုးကျိုးတွေရော ရှိနေမလားဆိုတာ ကြည့်ရှုခံစားရမယ့် Fantasy Horror ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size… (1.5 GB) / (760 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Fantasy,Horror Duration…. 01:43:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Vivien Cho

6.5 2024 98 mins
Dr. Sander’s Sleep Cure