YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The.Bear.S01E02.720p.CM.mp4

232.81 MB 720p video/mp4 304 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Gangs of Wasseypur - Part 2
7.9

လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။ IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။ 2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့ ====================================================== 1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ကျယ်ကျယ်ပြန်ပြန့်လုပ်ကိုင်နေကြပြီး တောမီးလောင် တောကြောင် လက်ခမောင်းခက်ဆိုတဲ့အတိုင်း တောပုန်းဓားပြတွေ ပေါများတဲ့ခေတ်မှာ အဆိုးရွားဆုံး ဓားပြဗိုလ်က ဆူလ်တာနာ့ ဆူလ်တာနာ နာမည်ကိုအသုံးချပြီး လက်တလုံးခြား ဆူလ်တာနာကို မလိမ့်တပ်လုပ်ကာ ဖြတ်လုနေတာက ရှဟီးဒ်ခန်းမ် အလည်လွန်တဲ့ဘီး ချေးနင်းမိဆိုသလို ဆူလ်တာနာနဲ့ ထိပ်တိုက်တွေ့တဲ့အခါ အသက်လုပြေးလာခဲ့ရတယ် နောက်မွေးလာမယ့်ကလေးအတွက် ဒီလိုခိုးဆိုးနှိုက်အလုပ်ကို မလုပ်တော့ဘဲ ရှဟီးဒ်ခန်းမ် တစ်ယောက် တခြားနေရာကို ပြောင်းသွားခဲ့ပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ရာမာဒီးရ်ဆိုတဲ့ ခရိုနီတစ်ယောက်ရဲ့ တိုက်ခိုက်ရေးသမား ဖြစ်လာခဲ့တယ့် " ဒီခွေးအင်္ဂလိပ်တွေက ရိုတီတစ်ချပ်လောက်ကို ပစ်ကျွေးခဲ့တာ ဒီကမျောက်အုပ်လိုက်က လုနေကြတယ်၊ ရာမာဒီးရ်ကိုရော ဒီပိုင်ဆိုင်မှုတွေ သူ့အဖေပေးခဲ့တာလား သူလည်း ဒီအတိုင်းယူလိုက်တာပဲ မနက်ဖြန်ဆို သူ့အလောင်းပေါ်ကနေ ရှဟီးဒ်ခန်းမ်ဆီ ရောက်လာလိမ့်မယ်" သူ့အကြံအကောင်ထည်မဖေါ်နိုင်ခဲ့ပေ ရာမာဒီးရ်ရဲ့ အလုပ်တစ်ခုကို လုပ်ပေးရင်း ရှဟီးဒ်ခန်းမ် ပြန်ရောက်မလာတော့ဘူး သူ့သား ဆဒါးရ်ခန်းမ်ကို တပည့်ဖြစ်သူ နဆီးရ်က စောင့်ရှောက်ခဲ့ပြီး အဖေ့အတွက်အကြွေးကို သားတစ်ယောက်က ပြန်သိမ်းဖို့အထိ ဖြစ်လာခဲ့ပါတယ် " ငါ့ဘဝမှာ ရည်မှန်းချက်တစ်ခုပဲရှိတယ် ... ကလဲ့စားချေဖို့ " သူ့ရည်မှန်းချက်က ပြည့်ဝပါ့မလားဆိုတာကိုတော့ ======================================================= ဇာတ်လမ်းကို ဒီလောက်ပဲပြောထားတာ အကြောင်းရှိပါတယ်၊ ကိုယ်တိုင်ခံစားကြည့်ကြပါခင်ဗျာ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်မှုက အားကောင်းလှသလို ဇာတ်လမ်းကလည်း အစအဆုံးဆွဲခေါ်သွားနိုင်တဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ် Castတွေအနေနဲ့ ဆဒါးရ်ခန်းမ် အနေနဲ့ Manoj Bajpayee ဖိုက်ဇဲလ်ခန်းမ် အနေနဲ့ Nawazuddin Siddiqui နဂ်မား ခါတွန် အနေနဲ့ Richa Chadda မိုဟ်ဆီးနား အနေနဲ့ Huma Qureshi ရာမာဒီးရ်ဆင့် အဖြစ် Tigmanshu Dhulia နဲ့ တခြားနာမည်ကျော် သရုပ်ဆောင်များလည်း ပါဝင်ထားကြပါတယ်။ ဇာတ်လမ်းက ၅ နာရီခွဲလောက်ကြာမြင့်တာမို့ Part(1)နဲ့(2) ခွဲထုတ်ထားပြီး နှစ်ကားလုံးကို ဒီမှာ https://channelmyanmar.org/?s=Gangs+of+Wasseypur ကြည့်လို့ရပါတယ်။ File Size : (3.3 GB)/ (1.3 GB)  Quality : Blu-Ray 1080p/720p Running Time : 2hr 39min Format : mkv/mp4 Genre :Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zaw Htoo Encoded by Thanhtike Zaw,Nyeinsaeya Aung

Action • Crime • Thriller
7.9 2012 160 mins
Gangs of Wasseypur - Part 2
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Viceroy’s House
6.7

Viceroy’s House Partition (2017) ဒီရုပ်ရှင်ကတော့ အိန္ဒိယနိုင်ငံကို ဗြိတိသျှအင်ပါယာအုပ်ချုပ်မှုလက်အောက်ကနေ လွတ်မြောက်ခွင့်ပေးခဲ့တဲ့အချိန် အိန္ဒိယနဲ့ပါကစ္စတန် ၂နိုင်ငံခွဲခြားလိုက်တဲ့ချိန်ကို အခြေခံရိုက်ကူးထားပြီးတော့ ၂၀၁၇ ခုနှစ်မှာ လွတ်လပ်ရေးနေ့ နှစ်၇၀ပြည့်အထိမ်းအမှတ်အနေနဲ့ အင်္ဂလန်နိုင်ငံမှာတောင် ရုံတင်ပြသခဲ့ရတဲ့ ရုပ်ရှင်ပဲ ဖြစ်ပါတယ် အိန္ဒိယ ပါကစ္စတန် ခွဲထုတ်လိုက်ခြင်းက လူ့သမိုင်းမှာ အကြီးမားဆုံးပြောင်းရွှေ့မှုဖြစ်ပေါ်ခဲ့တဲ့ အခိုက်အတန့် ဖြစ်ခဲ့ပြီး လူပေါင်း ၁၄သန်းလောက် အိမ်ခြေယာမဲ့ စစ်ပြေးဒုက္ခသည်ဖြစ်စေခဲ့တဲ့အပြင် ဟိန္ဒူ မူဆလင် ဆီခ် လူမျိူး တစ်သန်းလောက်ကို သေဆုံးခဲ့တဲ့ အဖြစ်အပျက်လည်းဖြစ်ပါတယ် ဒီရုပ်ရှင်ကတော့ အဆိုပါ အဖြစ်အပျက်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူရဲ့ မြေးကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားဆိုလည်း မမှားပါဘူး ဇာတ်လမ်းလေးကတော့ မြန်မာပြည်ဘုရင်ခံချုပ်မောင့်ဘက်တန်က မြန်မာပြည်ကို လွတ်လပ်ရေးပေးပြီး မကြာခင် အိန္ဒိယကို လွတ်လပ်ရေးပေးဖို့အတွက် အိန္ဒိယကိုစေလွှတ်ခံခဲ့ရပါတယ် အိန္ဒိယလူမျိုးတွေအကုန်တောင်းတနေတဲ့ လွတ်လပ်ရေးက လက်တစ်ကမ်းအလိုမှာရှိနေချိန် မူဆလင် ဆီခ်နဲ့ ဟိန္ဒူဘာသာဝင်တွေကြား ရန်ပွဲတွေကြီးမားလျက်ရှိနေတုန်းပါပဲ လူမျိုးအချင်းချင်း သွေးခွဲပြီး အုပ်ချုပ်ခဲ့တဲ့ ဗြိတိသျှလူမျိုးတွေ လွတ်လပ်ရေးပေးရတော့မဲ့အချိန် ဒီလူတွေကိုစည်းလုံးလုံးနဲ့ဖြစ်စေချင်တဲ့အခါ သူတို့လုပ်ခဲ့တဲ့ပြဿနာကို သူတို့ပြန်ရှင်းရပါတော့တယ်… ဒီလိုနဲအိန္ဒိယ ပါကစ္စတန် ဘယ်လိုကြောင့် ကွဲသွားရတာလဲ အဲဒီလိုမျိုး နယ်မြေကွဲသွားရခြင်းအကြောင်းအရင်းအစစ်အမှန်ကရော ဘာကြောင့်လဲ ဒီနိုင်ငံရေးအရှုပ်အထွေးကြားထဲမှာပဲ ဘာသာမတူတဲ့ ကောင်လေးနဲ့ကောင်မလေးတို့ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်လည်းပါဝင်လို့နေပါသေးတယ် …. ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်တာ​ကြောင့် အားလုံး ကြည့်ရှုရကျိုးနပ်စေမှာ အမှန်ပါပဲ

Drama • Mystery • Sci-Fi & Fantasy
6.7 2017
Viceroy’s House
Dear David
6

Dear David (2023) ****************** ဇာတ်လမ်းလေးကတော့ဂျာကာတာမြို့က ကဟရာအထက်တန်းကျောင်းမှာ Dear David ဆိုတဲ့ အပြာဇာတ်လမ်းဟာ ကျောင်းသားကျောင်းသူတွေကြားမှာ အရမ်းရေပန်းစားလာပါတယ်။ ဒါပေမယ့် ကျောင်းမှာကလည်း ကျောင်းသူတွေကြားမှာ‌နာမည်ကြီးနေတဲ့ ဒေးဗစ်ဆိုတဲ့ကျောင်းသားလေးတစ်ယောက်ကလည်းရှိနေပြန်တယ်။ ဒီလိုဇာတ်လမ်းထွက်လာတော့ ဒေးဗစ်က အနေအထိုင်ကျပ်လာပြီး စာရေးတဲ့သူကိုလိုက်တဲ့အခါ ကျောင်းသားရေးရာဥက္ကဌလည်းဖြစ် စကော်လာရှစ်ရထားတဲ့အတန်းဖော်ကျောင်းသူလေး လာရာစ်ဖြစ်နေတာကိုသိလိုက်ရတယ်။ တကယ်ရေးခဲ့လား မရေးခဲ့လားဆိုတာမေးခဲ့အခါမှာ‌တော့ လာရာစ်ဟာ သူရေးခဲ့ကြောင်းဝန်ခံတယ်။ လာရာစ်က ကျောင်းမှာဘယ်သူ့ကိုမှလျှောက်မပြောဖို့နဲ့ ဘာမဆိုလုပ်ပေးမယ်လို့ပြောလိုက်တယ်။ အဲ့ဒီနောက်မှာတော့…. File Size :(1.29GB),(572.9 MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:58:00 Genre : Comedy , Romance ,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tin Myo Lwin Encoded by Phyo Pyae

6 2023
Dear David
Machine Gun Kelly’s Life In Pink
6.3

Machine Gun Kelly’s Life in Pink (2022) Genre – Documentary, Music IMDB – 6.3/10 Hip-hop တွေကို နားထောင်တဲ့လူဆို Machine Gun Kelly aka MGK ဆို သိကြမယ်နဲ့ တူပါတယ်။ ဒါမှမဟုတ်လည်း ဆရာကြီး Eminem နဲ့ ကွိုင်ကြလို့ တစ်ယောက်သီချင်းတစ်ပုဒ်စီနဲ့ အပြန်အလှန် ဖြုတ်ကျတာကိုလည်း ကြားဖူးကြမယ်ထင်ပါတယ်။ အဲဒီထက် ပြောရမယ်ဆို ခုလက်ရှိတွဲနေတာက ပုရိသတို့ အသည်းစွဲ နာမည်ကျော် မင်းသမီး Megan Fox ပဲ ဖြစ်တယ်ဗျာ။ Hip hop ဆိုလို့ ခုကျ Rapper ပဲ လုပ်နေတယ်မထင်ပါနဲ့ ဒီဆရာလေးက Hip-hop တွေ ဆိုလာရင်းကနေ ၂၀၂၀ လောက်ကျတော့ ချောတောငေါ့ပြီး Pop Punk တွေ Rock တွေဖက် ဝုန်းဒိုင်းပြီးပြောင်းသွားပြီး အခုတော့ Rapper တစ်ယောက်ကနေ Rock Star ဖြစ်နေပါပြီ။ ဒီ မှတ်တမ်းရုပ်ရှင်တွေထဲမှာတော့ အစုံအလင်ပါပါတယ် သူ ဘာလို့ လိုင်းပြောင်းသွားရတယ်တို့၊ လူတွေက သူ့ဆို အရမ်းမုန်းကြတဲ့အကြောင်း ဥပမာဆို UFC ဖိုက်တာကြီး Conor McGregor က ပွဲထဲ လှမ်းထိုးဖို့ လုပ်တာတို့၊ နာမည်ကျော် Metal အဖွဲ့ Slipknot က Vocal သမား Corey Taylor နဲ့ ညှိကြတာတို့ (ပြဿနာနဲ့ ပွဲတော့ အတော်ရှာတဲ့ကောင်ပါ)။ ပြီးတော့ သူ့ အယ်ဘမ်တွေကို နံပါတ် ၁ ဖြစ်အောင် ကြိုးစားကြတာ Blink-182 က ဒရမ်မာကြီး Travis Baker တို့ ဘယ်လိုတွေ ပံ့ပိုးပေးတာမျိုး သမီးတစ်ယောက်ကိုလည်း နာမည်မကြီးခင်ကတည်းက ရထားပြီး ဖခင်အဖြစ်လည်း နေထိုင်ရပုံတွေ ဘာညာနဲ့ အစုံ ပြထားတာပေါ့လေ။ ဆိုတော့ ဂီတမှတ်တမ်း ရုပ်ရှင်တွေ ထုံးစံအတိုင်း အနိမ့်အမြင့် အတက်အကျ အခက်အခဲ အောင်မြင်မှုတွေ သီချင်း ဖန်တီးကြတာတွေ ပြင်ပ နေထိုင်မှု ဘဝက ပျော်စရာ ဝမ်းနည်းစရာ စသဖြင့် အနုပညာရှင်ဆိုပေမဲ့ လူသားပါဆိုတာမျိုး အမြင်တွေကို ချပြထားတဲ့ ဂီတ မှတ်တမ်းရုပ်ရှင်တစ်ကားပဲ ဖြစ်ပါတယ်

Drama • Music
6.3 2022
Machine Gun Kelly’s Life In Pink
Gentlemen Broncos

Sci-fi & comedy အမျိုးအစားဖြစ်တဲ့ ဒီဇာတ်ကားထဲမှာဆိုရင် အဓိကဇာတ်လိုက်ကျော်ဖြစ်တဲ့ ဘန်ဂျေမင်း ဆိုတဲ့ ဆယ်ကျော်သက်လေးဟာ ငယ်ငယ်လေးကတည်းက Sci-fi ဇာတ်လမ်းတွေကို ကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး အသက် ၇ နှစ်အရွယ်ကတည်းက ကိုယ်ပိုင်စာဆိုပေစတွေ ရေးလာခဲ့သူတစ်ယောက်ဖြစ်တယ်။ တစ်ရက်မှာ သူက နာမည်ရစာရေးဆရာတစ်ယောက်ဖြစ်တဲ့ သူ့ အိုင်ဒေါ ချီဗာလီယာရဲ့ workshop ကို သွားတက်ခဲ့ပြီး အဲကနေ တာဘာသာဆိုတဲ့ သူ့လိုပဲ အပျော်တမ်းစာရေးဆရာတစ်ယောက်ရယ်၊ လွန်နီဒီနာဟိုဆိုတဲ့ ကိုယ်ပိုင် စတူဒီယိုရှိတဲ့ ရိုက်ကူးရေးသမားတစ်ယောက်နဲ့ ရင်းနှီးခဲ့တယ်။ အဲ workshop မှာက လာကြတဲ့ လူငယ်စာရေးဆရာတွေအတွက် စာမူပြိုင်ပွဲတစ်ခုပါ အတူတွဲပါတာကြောင့် ဘန်ဂျေမင်းဟာ သူ့နောက်ဆုံးရေးထားတဲ့ “တဆေးအရှင်များ” ဆိုတာကို တင်ခဲ့လိုက်တယ်။ “တဆေးအရှင်များ” ကို ပေးဖတ်ခဲ့ဖူးတာ သူ့အမေရယ် တာဘာသာရယ်ပဲရှိတယ်။ တာဘာသာက လွန်နီနဲ့အတူ သူ့ဝတ္ထုကို adaptation လုပ်ဖို့ ဝယ်ယူခဲ့ပြီး ရုံပါတင်တဲ့အချိန်မှာပဲ ချီဗာလီယာဟာ စာအုပ်အသစ်တစ်အုပ်ကို ထုတ်ဝေခဲ့တယ်။ မယုံနိုင်အောင်ပဲ အဲစာအုပ်က သူ့ရဲ့ “တဆေးအရှင်များ” ကို ဇာတ်ဆောင်နာမည်တွေပြောင်းထားတာကြီး ဖြစ်နေခဲ့တာကို သူတွေ့လိုက်ရတယ်။ အတိုချုံ့ရရင်တော့ လူငယ်စာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းကို ခိုးယူခဲ့တဲ့ နာမည်ကြီးစာရေးဆရာတစ်ယောက်ရဲ့ ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ File size…(1.7 GB)/(924 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Science Fiction, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by MoshiMoshi

0 2009
Gentlemen Broncos
Paper Man

ဖလင်ပိုစတာမှာ ကိုဒတ်ပူး(Ryan Reynolds)ကို ကြောင်တောင်ကျားဝတ်စုံနဲ့ မြင်လိုက်ရလို့ ဒီကားကို ဟာသကားလို့ မထင်လိုက်ပါနဲ့ အဓိကဇာတ်ကောင်နှစ်ယောက်က အမ်မာကျောက်တုံးလေး Emma Stone နဲ့ Jeff Daniels တို့ဖြစ်ပြီး Deadpool ကတော့ Jeff Daniels ရဲ့ စိတ်ကူးယဉ်သူငယ်ချင်းအနေနဲ့ပဲ ပါဝင်ထားတာဖြစ်ပါတယ် ဇာတ်လမ်းအကျဥ်းကတော့ Richard ဆိုတဲ့ သက်လတ်ပိုင်း စာရေးဆရာတစ်ယောက်က စာရေးသူတို့ထုံးစံ idea မထွက်ပဲ ဒီပျက်ရှင်ဝင်တဲ့အချိန်ကျရောက်နေပြီး အိမ်ထောင်ရေးလည်း မစိုပြေတော့တဲ့အချိန် မိန်းမဖြစ်သူနဲ့ နှစ်ဦးသဘောတူ ခေတ္တအိမ်ခွဲနေဖို့ ဆိပ်ကမ်းမြို့လေးကို ရောက်လာပါတယ်… ဒီအချိန်မှာပဲ သူ့လိုမျိုး lost soul တစ်ယောက်ဖြစ်တဲ့ ဖော်ရွေပေမယ့် တခါတလေ ဝမ်းနည်းနေတတ်တဲ့ ကောင်မလေး Abby(Emma Stone) နဲ့ သိကျွမ်းခဲ့တယ် ဒီစာကိုဖတ်ပြီး သတ်လတ်ပိုင်းယောကျာ်းနဲ့ ကျောင်းသူအရွယ်မိန်းကလေးတို့ရဲ့ အိမ်ထောင်ရေးဖောက်ပြန်တဲ့ ဇာတ်လမ်းလို့ ထင်နေရင် သင်မှားသွားပါလိမ့်မယ် ဘာလို့ဆို ရိုမန့်တစ် interest ပုံစံဖော်ထားတာမဟုတ်ပဲ Abby တစ်ယောက် Richard ရဲ့ စိတ်ဝေဒနာကို သူငယ်ချင်းတစ်ယောက်အနေနဲ့ ဘယ်လိုကူညီပေးခဲ့လဲ ရှင်သန်ခြင်းအဓိပ္ပာယ်ပျောက်ဆုံးနေတဲ့ သူတို့နှစ်ယောက်ရဲ့ ရင်တွင်းခံစားချက်တွေကို comedy လောက်လည်း မပေါ့၊ philosophy လောက်လည်း မလေးပင်နေပဲ နားထောင်ရမှာပါ File size…(1.7 GB)/(854 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2009
Paper Man
Pollock
7

Pollock (2000) ~ IMDb – 7/10, RT – 80%, Meta – 77% ~ ဂျက်ဆင်ပိုးလော့ဆိုတဲ့နာမည်ကို ပန်းချီပညာကို စိတ်ဝင်စားတဲ့သူ တော်တော်များများရင်းနှီးကြမှာပါပဲ။ ပိုးလော့ဟာ အမေရိကန်ပန်းချီရဲ့ ဟန်စစ်စစ်ပေါ်လာအောင် အစပြုခဲ့တဲ့လူ အမေရိကရဲ့ အကောင်းဆုံးပန်းချီဆရာလို့ သမုတ်ခံရတဲ့ ပန်းချီဆရာမျိုးပါ။ Pollock (2000) ကို Ed Harris ကိုယ်တိုင် ပိုးလော့နေရာက သရုပ်ဆောင် ရိုက်ကူးထားတယ်။ ဒီရုပ်ရှင်အစပြုတာကတော့ ဟားရစ်အဖေက ဟားရစ်ကို ပိုးလော့ဘိုင်အိုဂရပ်ဖီစာအုပ်တစ်အုပ်ပေးရာက စတယ်။ ရုပ်ရှင်အဆုံးမှာလည်း ဒီရုပ်ရှင်ဟာ သူ့အဖေနဲ့အမေကို ရည်ညွှန်းတယ်လို့ ဆိုထားတယ်။ ဒီရုပ်ရှင်ကို ဟားရစ်ဟာ စိတ်ရောကိုယ်ပါ အားထည့်ရိုက်ကူးခဲ့ပြီး ဒီထဲက ပန်းချီဆွဲခန်းတွေ ပန်းချီတွေကိုလည်း ဟားရစ်ကိုယ်တိုင်ပဲ ဆွဲခဲ့တယ်။ ဟားရစ်ဟာ ပိုးလော့ရုပ်ရှင်နဲ့ အော်စကာမှာ အကောင်းဆုံးသရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ခဲ့ပြီး သူ့မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ Marcia Gay Harden ကတော့ အော်စကာဆုရသွားခဲ့ပါတယ်။ တခြားသရုပ်ဆောင်တွေအနေနဲ့တော့ ဗယ်ခေးမားက ဒီကူးနင်းနေရာက သရုပ်ဆောင်ထားပြီး ဂျနီဖာကွန်နယ်လီက ပိုးလော့နဲ့အတူတူသေဆုံးခဲ့တဲ့ သူနဲ့ဖြစ်နေတဲ့ မိန်းကလေးနေရာက သရုပ်ဆောင်ထားတယ်။ ပိုးလော့ဟာ အမေရိကန်စတိုင်ပန်းချီလို့ဆိုကြတဲ့ Abstract Expressionism ခေါ် ဒြပ်မဲ့ဝေဒနာပန်းချီ ပေါ်ဦးစက ပန်းချီဆရာတစ်ယောက်။ အဲဒီမတိုင်ခင်မှာ အမေရိကန်မှာ ပန်းချီပညာတော့ရှိပေမဲ့ အမေရိကန်ဟန်စစ်စစ်လို့ပြောလို့ရတဲ့ ဟန်တော့မရှိခဲ့ဘူးလို့ ဆိုတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီကတော့ အမေရိကန်ဟန်စစ်စစ်အဖြစ် ကမ္ပညည်းတင်နိုင်ခဲ့တယ်။ အဲဒီထဲကမှ ပိုးလော့ကို အမေရိကန်ပန်းချီသမိုင်းရဲ့ သူ့ဟန်စစ်စစ်အရှိဆုံးလူအဖြစ် ဝေဖန်ရေးသမားတွေက သမုတ်ခဲ့ကြတယ်။ ဒြပ်မဲ့ဝေဒနာပန်းချီဟာ ဖြစ်တည်မှုပဓာနဝါဒဆန်တယ်လို့ ခိုင်းနှိုင်းပြောကြသလို တကယ်တမ်း ဖြစ်တည်မှုပဓာနဝါဒီလို့ ဆိုသင့်တဲ့ အမေရိကန်မော်ဒန်ပန်းချီဆရာဟာ ပိုးလော့တစ်ယောက်တည်းရှိတယ်လို့လည်း ဆိုခဲ့ကြတယ်။ ပိုးလော့ဟာ သူတို့ခေတ်ပန်းချီဆရာတွေဟာ ပန်းချီရဲ့တင်ပြချင်တဲ့အကြောင်းအရာကို ရှေးကလို ပြင်ပအရာတွေကနေ ရှာစရာမလိုတော့ဘဲ အတွင်းထဲကနေပဲ ရှာကြတယ်လို့ဆိုခဲ့သလို သူကိုယ်တိုင်လည်း မသိစိတ်ကို သူ့ပန်းချီတွေရဲ့ ရင်းမြစ်လို့ ပြောခဲ့ဖူးတယ်။ ပြောရရင် ပိုးလော့ပန်းချီတွေဟာ တာကော့စကီးရုပ်ရှင်တွေလိုပဲ Flow of Consciousness ကို သုံးထားတယ်။ ပိုးလော့ရဲ့ ပန်းချီဆွဲနည်းတွေမှာ အင်ဒီးယန်းတွေရဲ့သဲပန်းချီကနေ သန္ဓေတည်လာတဲ့ အစက်ချဆွဲနည်းတွေ၊ အရှေ့တိုင်းလက်ရေးလှစာလုံးရေးပညာရဲ့ စာရွက်ကိုကြမ်းပေါ်ချပြီး စုတ်တံကို ကင်းဗတ်စ်ပေါ် ဖြတ်စီးရုံလောက်သာ စီးပြီး ဆွဲနည်းတွေပါသလို သူ့ပန်းချီအတွေးအခေါ်မှာလည်း ဟိန္ဒူတွေးခေါ်ပညာရှင် ခရစ်စနားမူရတီးရဲ့ “ကိုယ့်ကိုယ်ကိုယ်ချစ်မိရင် အမှန်တရားနဲ့လည်း ချစ်မိသွားလိမ့်မယ်”ဆိုတဲ့ အယူကလည်း စီးဝင်နေခဲ့တယ်။ ဆန်းတော့လည်း မဆန်းပါဘူး ဘာမှအသစ်မရှိဘူးမို့လား။ မူရာကာမိစာအုပ်တစ်အုပ်ထဲက စကားတစ်ခွန်းလိုပဲ “ဂီတမှာ ဘာမှအသစ်မရှိဘူး၊ ရှိပြီးသားကီးနုတ်တွေကို စုစည်းပြီး လှပတဲ့သံစဉ်တစ်ခုဖြစ်အောင် ဖွဲ့စည်းရတာပဲ” တဲ့။ ပိုးလော့ဟာလည်း ရှိပြီးသားအရာတွေကိုယူပြီး လှပတဲ့အနုပညာအသစ်တစ်ခုအဖြစ် ပြန်မွေးဖွားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်မှာတော့ ဒြပ်မဲ့ဝေဒနာပန်းချီဟန်ကို အုတ်မြစ်တည်စေခဲ့တဲ့ ဂျွန်ဂရေဟမ်၊ အက်ရှလေဂေါ်ကီတို့အပေါ် ပိုးလော့အမြင်တွေကိုလည်း ပြောထားသလို ပိုးလော့နဲ့ အောင်မြင်တဲ့ကာလခြင်းသိပ်မကွာတဲ့ ခေတ်ပြိုင်လို့ဆိုရမယ့် ဝီလျံဒီကူးနင်းတို့အပြင် တခြားနာမည်ကြီးဝေဖန်ရေးသမားတွေ အနုပညာသမားတွေကိုလည်း ထည့်သွင်းထားတယ်။ ပိုးလော့အကြောင်း‌ ဘိုင်အိုဆိုတော့ ဒီလူတွေကို မထည့်လို့လည်းမဖြစ်လောက်ဘူးကိုး။‌ သူတို့က ဒီမှာ အရိပ်လောက်ပါတာဆိုတော့ ပိုသေချာသိချင်ရင်တော့ အောင်ခင်မြင့်ရဲ့ မော်ဒန်အမေရိကန်ပန်းချီနဲ့ တွဲဖက်ပြီးကြည့်တာ ပိုအဆင်ပြေပါလိမ့်မယ်။ နောက် ပိုးလော့ရဲ့ ပန်းချီအမြင်တွေ မော်ဒန်ပန်းချီအပေါ် သူ့အမြင်တွေလည်း အင်တာဗျူးတွေမှာ ပြောခဲ့တာကို ထည့်သွင်းဖော်ပြထားတယ်။ ပိုးလော့ရဲ့အတက်အကျတွေကိုလည်း ဖော်ပြထားတယ်။ ပိုးလော့ဟာ သူ့ပန်းချီတွေကို တစ်သိန်းလောက်တန်လာမယ်လို့ ထင်ခဲ့ပေမဲ့ ၂၀၁၆မှာတော့ သူ့ပန်းချီတွေဟာ သန်း၂၀၀အထိ ဈေးပေါက်နေပါပြီ။ ပိုးလော့ပန်းချီဟန်တွေကို ကျွန်တော်တို့ တော်တော်များများမြင်ဖူးကြပါတယ်။ ကလေးဆွဲခိုင်းတောင် ရတယ်လို့ ပြောတဲ့လူတွေလည်းရှိသလို ဆေးတွေပက်ချထားရင်တောင် ဖြစ်တယ်လို့ ပြောတဲ့လူတွေလည်း ရှိခဲ့တယ်။ ဘာတွေဆွဲမှန်းမသိကြတဲ့လူတွေလည်းရှိတယ်။ ဒါနဲ့ပတ်သက်ပြီး ပိုးလော့ပြောထားတာကတော့… “ပန်းချီကားကြည့်ကြတဲ့လူတွေသာ ပန်းချီကိုပဲ ကြည့်လိုက်ရင် ပန်းချီကားကို ခံစားဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူး။ ပန်းခင်းကြီးကို ကြည့်သလိုကြည့်လိုက်ရုံပါပဲ။ ဘာအဓိပ္ပာယ်နဲ့ဆွဲထားသလဲသိဖို့ ခေါင်းခဲနေစရာမလိုပါဘူး”တဲ့။ ကိုးကား – “မော်ဒန်အမေရိကန်ပန်းချီ” အောင်ခင်မြင့် (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 2H 2Min Genre – Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Drama • Thriller
7 2000 132 mins
Pollock
Justice League: The New Frontier
6.9

IMDB 6.9 (nice) နဲ့ Rotten Tomatoes 71% ရရှိထားပါတယ်။ ဒီတစ်ခါတော့ Justice League အဖွဲ့ဝင်တွေဟာ 2000 ခုနှစ်လောက်မှာ ရှိခဲ့ကြတာမဟုတ်တော့ဘဲ ဒုတိယကမ္ဘာစစ်မပြီးခင် 1940 ဝန်းကျင်မှာ ရှိခဲ့တာပါ။ အဖွဲ့ဝင်တစ်ယောက်နဲ့ တစ်ယောက် အမြင်မတူညီမှုတွေကြောင့် Justice League ဆိုတာဖြစ်မလာသေးဘဲ တစ်နေရာဆီ ကွဲနေကြပါတယ်။ အမေရိကန်တွေဘက်ကနေ ရပ်တည်တဲ့ Superman, ဒုတိယကမ္ဘာစစ်အတွင်းမှာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်ခံရတဲ့ ဗီယက်နမ်တွေဘက်က ရပ်တည်တဲ့ Wonder Woman, အမေရိကန်အစိုးရရဲ့လုပ်ရပ်ကို လက်မခံလို့ ဝရမ်းပြေးဖြစ်နေတဲ့ Batman, ရာဇဝတ်သားတွေကို တစ်ကိုယ်တော်လိုက်ဖမ်းပေးနေတဲ့ Flash, ဒုတိယကမ္ဘာစစ်မှာဝင်တိုက်ပေးပြီး စိတ်ဒဏ်ရာအကြီးအကျယ်ရသွားတဲ့ Green Lantern နဲ့ အခုမှ ကမ္ဘာပေါ်ကိုရောက်လာပြီး လူသားတွေအကြောင်းသိဖို့ကြိုးစားနေတဲ့ Martian Manhunter တို့ဟာ ကမ္ဘာပေါ်က လူတွေအားလုံးကိုသတ်မယ့် ရန်သူတစ်ကောင်ကို တိုက်ရဖို့ အကြောင်းဖန်လာပါတယ်။ အဲဒါကတော့ ကမ္ဘာကြီးနဲ့အသက်အတူတူလောက်ရှိတဲ့ ဗဟို (The Centre) လို့ခေါ်တဲ့ သတ္တဝါကြီးတစ်ကောင်ကြောင့်ပါပဲ။ တခြားအပြိုင်စကြာဝဠာဇာတ်လမ်းမျိုးမဟုတ်ဘဲ စစ်ပွဲပြီးတဲ့အချိန်မှာ Justice League အဖွဲ့ဝင်တွေ ပေါ်ပေါက်လာခဲ့ရင် ဘယ်လိုကွဲပြားသွားမယ်၊ ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို ဖော်ပြရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ။ File size… 1.3 GB / 622 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre ….. Action/Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kasashi

Comedy • Drama • Romance
6.9 2008
Justice League: The New Frontier
Laila Majnu
7.7

Laila Majnu (2018) ကိန္ဒရီ ကိန္ဒရာ ဒဏ္ဍာရီ Genre – Drama, Romance IMDB – 7.7/10 ၇ ရာစုလောက်မှာ Layla and Majnun ဆိုတဲ့ အာရေဗျ အချစ်ပုံပြင်လေးတစ်ပုဒ် ရှိခဲ့တယ်။ ခုထက်ထိ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းပြီး ပါရှားဒေသ၊ အာရေဗျဒေသနဲ့ အာရှတစ်လွှား လူတိုင်းက ပြောဆိုခဲ့ကြတဲ့ ရှေးဟောင်းရိုးရာ ပုံပြင်လေးတစ်ပုဒ်ပေါ့။ အချစ်ပုံပြင်လေးသာဆိုတာပါ ပျော်ရွှင်စရာအတိချည်းပဲတော့ ဖြစ်မနေပါဘူး ဆရာကြီး ရှိတ်စပီးယားရဲ့ ရိုမီယိုနဲ့ ဂျူးလိယက်ဆန်ဆန်ပဲ ပြောရမှာပေါ့လေ။ ဒါပေမဲ့ ဒီပုံပြင်လေးဟာ ကြီးမားလှတဲ့ အချစ်စွမ်းအားတွေ၊ ကွဲကွာခြင်းရဲ့ သေလုမတတ် နာကျင်ရခြင်းတွေ၊ အသိုင်းအဝိုင်းတွေရဲ့ ကန့်သတ်မှု ပညတ်ချက်တွေကို မီးမောင်းထိုးပြထားတာပါ။ ဒီ ရိုးရာပုံပြင်လေးကိုပဲ အိန္ဒိယနိုင်ငံရဲ့ အေးချမ်းသာယာလှပတဲ့ ကက်ရှမီးယားပြည်နယ်မှာ အခြေပြုပြီး ယနေ့ခေတ်ကာလအတိုင်း ပြန်လည် ဆန်းသစ်ထားတဲ့ အချစ်ရုပ်ရှင်လေး ဖြစ်ပါတယ်။ လိုင်လာဆိုတာက စိတ်ကူးယဉ်ဆန်ဆန် အချစ်ရဲ့အကြောင်းတွေကို တွေးတောမှိန်းမောပြီး ရင်ခုန်နေတဲ့ လှပချောမောတဲ့ မိန်းမပျိုလေးတစ်ယောက်။ ထူးဆန်းတဲ့ အိပ်မက်တစ်ခုကိုလည်း ထပ်ခါတလဲလဲ မက်လို့ပေါ့လေ။ တစ်မြို့လုံးက ကာလသားတွေကလည်း အရူးအမူး ဝိုင်းပိုးပန်းတာခံရပြီး အလှဂုဏ်လေးတဝင့်ဝင့်နဲ့ ရှိနေတဲ့သူ။ ဒီအချိန်မှာ လိုင်လာ့အချစ်ဆိုတဲ့ ပြိုင်ပွဲလေးထဲကို ဝင်ရောက်လာသူက သူများတွေနဲ့ မတူပဲ တစ်မူထူးခြားသူ ဖြစ်နေခဲ့တယ်။ မြို့မျက်နှာဖုံးရဲ့ သားတစ်ယောက်၊ ချမ်းသာကြွယ်ဝပြီး အလိုလိုက်ခံထားလို့ ပျက်စီးနေတယ်၊ မူးယစ်ဆေး မိန်းမ လောင်းကစား အကုန်လုပ်တယ် စသဖြင့် မကောင်းသတင်း ကောလဟာလတွေနဲ့ နာမည်ဆိုး ရထားသူ ကာစီပေါ့။ ဒီလိုနဲ့ ထူးခြားသစ်လွင်တဲ့ အချစ်ဇာတ်လမ်းလေး ဖူးပွင့်လာမယ့်အချိန်မှာ မိဘပတ်ဝန်းကျင် အခြေအနေ အဆင့်အတန်း အာဃာတ ပညတ်ချက် စတဲ့ ဒေဝါမုန်တိုင်းတွေ ဝင်ရောက်လာခဲ့ချိန်မှာတော့…….။ ကက်ရှမီးယားပြည်နယ်ရဲ့ သာယာလှပတဲ့ ရှုခင်းတွေ ရှုမငြီးလှတဲ့ မင်းသား မင်းသမီးလေးတွေကို သာယာနာပျော်ဖွယ် သံစဉ်လေးတွေနဲ့အတူ ချိုခါးခါး ဖျော်စပ်ထားတဲ့ အချစ်တစ်ခွက်ကို သောက်သုံးကြည့်လိုက်ရအောင်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်)

7.7 2018 139 mins
Laila Majnu
Chances Are, You and I
8.4

Chances Are, You and I (2024) IMDb Rating (8.4) Sol Sikat ဟာဦးနှောက်ထဲမှာအကျိတ်တည်နေတဲ့ဝေဒနာကိုခံစားနေရပြီး လောကကြီးကိုစိတ်ကုန်အရွဲ့တိုက်နေတဲ့ လူငယ်တစ်ယောက်ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ငါးနှစ်က မတော်တဆမှုတစ်ခုမှာ သူ့မိခင်ကိုဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူကလည်း သူ့မိသားစုအသစ်နဲ့နိုင်ငံခြားမှာပျော်ရွှင်နေပြီဖြစ်တဲ့အတွက် သူ့အတွက်အသက်ဆက်ရှင်စရာအကြောင်းပြချက်မရှိတော့ဘူးလို့ ယူဆထားတာဖြစ်ပါတယ်။ Gabi Sinag ဆိုတဲ့ကောင်မလေးကလည်း သူနဲ့ထပ်တူဝေဒနာမျိုးခံစားနေရတဲ့သူဖြစ်ပြီး သူ့လိုပဲ မတော်တဆမှုတစ်ခုမှာ မိခင်ရောဖခင်ကိုပါဆုံးရှုံးခဲ့ရသူလည်းဖြစ်ပါတယ်။ဒါပေမယ့် သူနဲ့ဆန့်ကျင်စွာ လောကကြီးကိုအကောင်းမြင် လူတွေကိုအကူအညီပေးတတ် ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူတို့နှစ်ယောက် အတူဆုံဖြစ်ခဲ့ပြီး ရင်းနှီးမှုရလာ လောကကြီးအပေါ် ခံစားချက်တွေ အတွေးအမြင်တွေရင်ဖွင့်ဖလှယ်ရင်းကနေ ခရီးရှည်တစ်ခုထွက်ဖြစ်ခဲ့ပြီးဘ၀ရဲ့အပြောင်းအလဲတွေကို ရင်ဆိုင်တွေ့ကြုံရဖို့ဖြစ်လာပါတော့တယ်။ နာမည်ကျော်တက်သစ်စနှစ်ယောက်ဖြစ်တဲ့ Kelvin Miranda နဲ့ Kira Balinger တို့ခေါင်းဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားဟာပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် Netflix ထုတ် ဖိလစ်ပိုင် romance/drama ဇာတ်ကားကောင်းလေးတစ်ကားပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ပဲဖြစ်ပါတယ်) File size…(2.2 GB) / (985 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:13:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

8.4 2024
Chances Are, You and I
Conclave
7.4

IMDb 7.4/10 နဲ့ RT 93% အထိတောင် ရရှိထားတဲ့ စိတ်ဝင်စားဖို့လည်းကောင်း ဗဟုသုတလည်း ရမဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ရွှေကမ္ဘာလုံးဆုအတွက်လည်း ဆန်ကာတင် ပူပူနွေးနွေး ဝင်သွားပါပြီ။ ရိုမန်ကက်သလစ်ဘုရားကျောင်းရဲ့ ပုပ်ရဟန်းမင်းကြီးတစ်ပါး ပျံလွန်တော်မူသွားတဲ့အခါ နောက်ထပ် ပုပ်ရဟန်းမင်းကြီးတစ်ပါး တင်မြှောက်ဖို့ ပြုလုပ်ရတဲ့ သီးသန့်ဆွေးနွေးပွဲ သို့မဟုတ် ပုပ်ရဟန်းမင်းကြီးအသစ် ရွေးကောက်တင်မြှောက်ပွဲကို အသေးစိတ်အဆင့်ဆင့် ရိုက်ပြထားပါတယ်။ ဒီရွေးကောက်တင်မြှောက်ပွဲမှာ ဘုန်းတော်ကြီးတွေဟာ တံခါးပိတ်ဆွေးနွေးပွဲတစ်ခု လုပ်ပြီး ပုပ်ရဟန်းမင်းကြီး တင်မြှောက်ဖို့အတွက် မဲတွေပေးရပါတယ်။ မဲရဲ့ သုံးပုံနှစ်ပုံကို ရမှသာ ပုပ်ရဟန်းမင်းကြီး ဖြစ်ခွင့်ရမှာ ဖြစ်ပါတယ်။ ဒီအရေအတွက်မရမချင်း ပါဝင်ရွေးကောက်ခံတဲ့ ဘုန်းတော်ကြီးတွေနဲ့ သူတို့ရဲ့ နောက်လိုက်တွေဟာ ထပ်ခါတလဲလဲ ‌မဲပြန်ပေးရပါတယ်။ မဲအဆုံးအဖြတ်မပေါ်မချင်း သူတို့ဟာ ဒီတံခါးပိတ်ဆွေးနွေးပွဲကနေ ထွက်ခွင့်မရပါဘူး။ ဒီဇာတ်လမ်းမှာလည်း ဒီလိုပဲ ပုပ်ရဟန်းမင်းကြီးအသစ်တင်မြှောက်ဖို့ တံခါးပိတ်သီးသန့်ဆွေးနွေးပွဲ လုပ်ကြပါတယ်။ ဒါပေမဲ့ ဒီရွေးကောက်ပွဲမှာ သဘောထားကွဲလွဲမှုတွေ ပြဿနာတွေ အမျိုးမျိုး ပေါ်လာပြီး အဖြေမပေါ်တဲ့ အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ ဒီပြဿနာတွေကို ဆွေးနွေးပွဲဦးဆောင်သူ ဘုန်းတော်ကြီး သောမတ်စ်က ဘယ်လိုတွေ အဖြေရှာ ဖော်ထုတ်မလဲဆိုတာ စိတ်ဝင်စားဖွယ် မြင်ရမှာမလို့ ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size… (3.48) / (996MB) / (562MB ) Quality… WEB-DL 4K HEVC 1080p / 720p Format…mkv / mp4 Duration….2h Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai , Thit San Khant Translated by Act Molemy

Thriller • Romance
7.4 2024 120 mins
Conclave
Absolute Dominion
4.8

Absolute Dominion (2025) 2044ခုနှစ်၊ ကမ္ဘာအနှံ့အပြားမှာ ဘာသာရေးပဋိပက္ခတွေကြောင့် အသေခံတိုက်ခိုက်မှုတွေနဲ့ ဖျက်ဆီးမှုတွေကနေ သေဆုံးသူအရေအတွက်က စံချိန်တင်မြင့်တက်လို့နေခဲ့ပါတယ်။ ဒီမှာပဲ အင်ဖလူယန်ဆာတစ်ယောက် စိတ်ကူးပေါက်သလိုထပြောလိုက်တဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီးက တကယ်ဖြစ်လာခဲ့တယ်။ ကိုယ့်ဘာသာတရားက ဖိုက်တာတွေကို သေချာလေ့ကျင့်ပေးပြီး အားကစားကွင်းကြီးထဲမှာ တစ်ယောက်ချင်းစီထိုးခိုင်း၊ အနိုင်ရတဲ့ဘာသာတရားက တစ်ကမ္ဘာလုံးကို ကိုယ့်စိတ်ကြိုက်အုပ်ချုပ်ခွင့်ရမဲ့ အကြွင်းမဲ့အာဏာတိုက်ပွဲဆိုတာကြီး တကယ်ပေါ်ပေါက်လာပါတော့တယ်။ ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ဆေဂန်ကတော့ လူ့ဝါဒနဲ့သိပ္ပံအဖွဲ့အစည်းကဖြစ်တာမို့ ဘယ်ဘာသာကိုမှ မကိုးကွယ်တဲ့အဖွဲ့အစည်းကဖြစ်ပေမဲ့ တစ်ယောက်ပြီးတစ်ယောက် အလဲထိုးအနိုင်ယူလာနိုင်ချိန်မှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size… (1.3 GB) / (610 MB) Quality…. WEB-Rip 1080p / 720p Format…. mp4 Genre…. Action, Sci-Fi Duration…. 01:41:20 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Pyae Phyo

Drama • Romance
4.8 2025 100 mins
Absolute Dominion