YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.Aviary.2022.1080p.AMZN.WEB-DL.DDP5.1.CM.mp4

1.25 GB 1080p video/mp4 53 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Pichaikkaran
7.2

Pichaikkaran (2016) IMDb-7.6/10 မကြာသေးခင်က CMမှာ တက်ဆက်ပေးထားတဲ့ Pichaikkaran-2(2023)ရဲ့ရှေ့ကကားပါ။ Pichaikkaran1,2ဆိုပြီး ထွက်ရှိထားပေမယ့် တစ်ကားနဲ့တစ်ကား ချိတ်ဆက်ထားခြင်းမရှိပါဘူး။1ရော2ရောမှာ ဗီဂျေးပဲ သရုပ်ဆောင်ထားပါတယ်။ ရုံတင်တုန်းက ၄၂ကုဋေကျော်ပြန်ရခဲ့ပြီး တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ပြန်လည်ရိုက်ကူးတင်ဆက်ပေးထားတဲ့ဇာတ်ကားလေးပါ ဒုတိယကားကြည့်ပြီးလို့ နှစ်သက်တဲ့သူတွေ ဒီကားကို ပိုပြီးနှစ်သက်ကြမှာပါ။ ဇာတ်ကားနာမည်ကိုက"သူတောင်းစား"တဲ့။အမေတစ်ယောက်ရဲ့ကျေးဇူးနဲ့ သားဖြစ်သူရဲ့သိတတ်မှုတို့ကို ဖော်ညွှန်းထားတဲ့အပြင် သူတောင်းစားတစ်ယောက် ရှိသင့်ရှိအပ်တဲ့ပညာ ဆောင်ရန်ရှောင်ရန်လေးတွေကိုပါ ထည့်သွင်းဖော်ပြထားတဲ့အတွက် ခေတ်ပျက်ကြီးထဲမှာ ယူတတ်ရင်ပညာဆိုတာလို ပညာယူလို့ရတာပေါ့။ အရွယ်ရောက်တဲ့ထိ အနှစ်နှစ်အလလပြုစု စောင့်ရှောက်လာခဲ့တဲ့ အမေဖြစ်သူ အက်ဆီးဒန့်တစ်ခုနဲ့ အိပ်ရာထဲလဲပါရော။အမျိုးမျိုးအဖုံဖုံကုသခဲ့ပေမယ့်လည်း နလန်မထူလာခဲ့ပါဘူး။ ဘုန်းတော်ကြီးတစ်ပါးရောက်လာပြီး ဗီဂျေးကို မိခင်ဖြစ်သူ နေပြန်ကောင်းစေချင်ရင် သူတောင်းစားစစ်စစ်ဘ၀နဲ့ ၄၈ရက်နေခိုင်းပါတယ်။ အဲဒီလိုနေနိုင်ခဲ့ရင် သူ့အမေ နေပြန်ကောင်းမယ်လို့ဆိုပါတယ်။ ဗီဂျေးတစ်ယောက် စီးပွားရေးကိစ္စတွေ အကုန်ပစ်ပြီး သူတောင်းစားတစ်ယောက်အနေနဲ့ ၄၈ရက်နေနိုင်မှာလား။ နေနိုင်ရင်ရော သူ့အမေက တကယ်ပဲနေပြန်ကောင်းလာမှာလားဆိုတာတော့ ဆက်လက်ရှုစားတော်မူပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3~Saii~BpL~Yunniတို့ပဲဖြစ်ပါတယ်) File size…2.64GB / 1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Saii~BpL~Yunni

Action • Horror • Science Fiction
7.2 2016 130 mins
Pichaikkaran
Hondisi Bareyiri
7

IMDb 7.5/10 ဇာတ်လမ်းအကျဉ်း ခင်မင်ရင်းနှီးကြတဲ့သူငယ်ချင်းတစ်သိုက်ဟာ နှစ်တွေအကြာကြီးဝေးကွာသွားကြလို့ တစ်နေ့မှာပြန်လည်ဆုံတွေ့ချိန်မှာ သူတို့အရင်ကျောင်းသားဘ၀ကို စမြုံပြန်ကြပါတော့တယ်။ စကားစပ်မိကြရင်း တစ်ယောက်အကြောင်းတစ်ယောက်ပြောကြရာမှ သူတို့တွေရဲ့ဘ၀က ကျောင်းသားဘ၀လိုမပျော်တော့ပဲ အိမ်ထောင်ရေးတွေ အချစ်ရေးတွေ အလုပ်အကိုင်တွေ အဆင်မပြေမှုများစွာ ကိုယ်စီကြုံတွေ့ခဲ့ကြပါတယ်။ တစ်ယောက်ချင်းစီမှာ အဆင်မပြေမှုတွေရှိလာကြတဲ့အခါ သူတို့တွေအရင်လို ခင်မင်ကြဦးမှာလား၊ ပြဿနာတွေကို ကျောင်းသားဘ၀လိုမဟုတ်ဘဲ ရင့်ကျက်တဲ့လူကြီးတစ်ယောက်အနေနဲ့ ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကို သူ့တို့ရဲ့ ကျောင်းတုန်းက‌ပျော်စရာတွေကို နောက်ကြောင်းပြန်ရင်း လက်ရှိအနေအထားနဲ့ယှဉ်ပြရင်း ဇာတ်လမ်းကိုတင်ဆက်ထားပါတယ်။ Rating ကောင်းပြီးမြင်နေကျဇာတ်လမ်း ဇာတ်အိမ်ဆိုပေမယ့် ရိုးအီမသွားဘဲ နာမည်ကြီးကန်နဒါသရုပ်‌ဆောင်အချောအလှတွေနဲ့အတူ ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားရင်း ပင်ပန်းပြီး ရင့်ကျက်တဲ့လူကြီးဆိုတာကိုခဏ‌မေ့ပြီး ကျောင်းသားဘ၀ကိုခဏပြန်သွားကြရအောင်လား... File size…2.01GB /1GB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Khin Khin~Nyein Aye ~BpL~Yunni

Horror
7 2023 133 mins
Hondisi Bareyiri
(18+) Women in Heat Behind Bars
4.2

ရှီနိုဘူးဟီမီနိုဟာ မယောင်မလည်နဲ့လုယက်မှုတစ်ခုမှာ ဝင်ပါမိပြီးမပြေးနိုင်ပဲထောင်ကျသွားခဲ့ပါတယ်။ ထောင်ထဲကိုရောက်တာနဲ့ ဘဝတူ အကျဉ်းသူတွေအပြင် ယုတ်မာတဲ့ထောင်ပိုင် ထောင်စောင့်တွေရဲ့ နှိပ်စက်မှုတွေ အနိုင်ကျင့်မှုတွေ လိင်မှုစော်ကားမှုတွေကို ရင်ဆိုင်ကြုံတွေ့ရပါတော့တယ်။ ထောင်အတွင်းမှာတင် အုပ်စုအမျိုးမျိုးကွဲပြားနေကြပြီး ထောင်ဖောက်ထွက်ပြေးချင်တဲ့သူတွေ၊ အဓိကရုဏ်းဖြစ် ပွဲဆူချင်တဲ့သူတွေသာမက ထောင်စောင့်တွေရဲ့စော်ကားမှုတွေကို မက်မက်မောမော သာယာနေတဲ့သူတွေပါရှိနေပြီး သူ့ပင်ကိုစိတ်နေစိတ်ထားစရိုက်တွေပါ အလိုက်သင့်ပြောင်းလဲဖို့ဖြစ်လာပါတော့တယ်။ ဂျပန်နိုင်ငံရဲ့နာမည်ကြီးသက်တမ်းရင့်ထုတ်လုပ်ရေး Nikkatsu ရဲ့ ရွှေခေတ်နောက်ပိုင်း Pink films တွေခေတ်ထတဲ့အချိန်တုန်းက ဂန္ထဝင်ဇာတ်ကားတွေထဲက တစ်ကားဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားလို့ မထင်ရအောင်ကို ကြမ်းတမ်းပီပြင်တဲ့ဇာတ်ဝင်ခန်းတွေပါဝင်ပါတယ်။ ပြီးတော့ ဂျပန်ကားတွေမှာ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ Blur, Pixelate တွေ ဆင်ဆာဘားတွေ မပါရှိပဲ ကြည်တောက်ရှင်းပဲကြည့်ရမြင်ရမှာပါ။ကာလသားကြိုက် Women in Prison Theme အတိုင်းပါနေကျဟာတွေ အားလုံးပါမှာဖြစ်တဲ့အတွက် အားရကျေနပ်ဖွယ်ဖြစ်ပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 645MB Quality - 1080p, 720p Format - mp4 Duration - 1H 10Min Genre - Action, Adult, Crime, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Drama • History
4.2 1987 70 mins
(18+) Women in Heat Behind Bars
The Red Ghost
6.5

CM ကပရိသတ်ကြီးအတွက် ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တာကတော့ 1941 ခုနှစ်၊ ဒုတိယကာလစစ်အတွင်းကို ဇာတ်အိမ်တည်ပြီး ရိုက်ကူးထားတဲ့ ဗစ်စ်မာ ဒေသအတွင်းက လူတစ်စုအကြောင်းပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ... နာဇီတပ်တွေရဲ့ ဝန်းရံတိုက်ခိုက်ခြင်းကို ခံရပြီး လူစုကွဲသွားတဲ့ ဆိုဗီယက် တပ်သားတစ်စု သူတို့ရဲ့ ရဲဘော်ရဲဘက်တွေဆီ ပြန်သွားဖို့ ကြိုးစားရာက လမ်းမှာပေါ်ပေါက်လာတဲ့ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခုကြောင့် ဂျာမန်တွေရဲ့ ဗဲမာ့ အထူးတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ပြီး အင်အားမမျှတဲ့ တိုက်ပွဲတစ်ခုကို ရင်ဆိုင်ရပါတော့တယ်။ အဲဒီအချိန်မှာ သူရဲကောင်းတွေ မဟုတ်ကြပေမဲ့ အင်အားမမျှတဲ့ ကြားကရအောင် အံတုနေတဲ့ ဆိုဗီယက်လူစုလေးကို ကူညီတိုက်ခိုက်ပေးတဲ့ လူတစ်ယောက်ပေါ်လာပါတယ်။ သူကတော့ "သရဲနီ" ဆိုတဲ့ နာမည်ပြောင်နဲ့ နယ်မြေတစ်ဝိုက်မှာ သတင်းမွှေးနေတဲ့ နာဇီလူသတ်သမားပဲ ဖြစ်ပါတယ်။ သရဲတစ်ကောင်လို ဘယ်နေရာက ပေါ်လာမှန်းမသိ ပေါ်လာပြီး နာဇီတွေကို တစ်ယောက်ပြီးတစ်ယောက် စနိုက်ပါနဲ့ ပစ်သတ်နိုင်တာကြောင့် နာဇီတပ်က ဖိန့်ဖိန့်တုန်အောင်ကြောက်ပြီး ဖမ်းဝရမ်းအမိန့်နဲ့ လိုက်ရှာနေတဲ့သူ ဖြစ်ပါတယ်။ အဲလိုလူက လာရောက်ကူညီပြီး တိုက်ခိုက်ပေးတဲ့အခါ အင်အားမမျှတဲ့ စစ်ပွဲက ဘယ်လိုအဆုံးသတ်မလဲ။ "သရဲနီ" ကရော သတင်းထွက်နေသလို မသေမျိုးလား၊ အံ့ဩစွာနဲ့ပဲ အင်အားနည်းတဲ့ သူတို့ဘက်က အနိုင်ရသွားမလား၊ ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်လမ်းတစ်လျှောက် စီးမြောရင်း ခံစားကြည့်ကြပါခင်ဗျ။ ဒီကားက အက်ရှင်ခန်းတွေလည်း ပါပေမဲ့ ဇာတ်ကွက်တစ်ခုချင်းစီကို သေချာအေးအေးဆေးဆေး ရိုက်ပြထားတာမလို့ တိုက်ပွဲအတွင်းက ရန်သူတွေရဲ့ လှည့်ကွက်ကို ရအောင်ရှောင်ရှားရမဲ့ သဘောသဘာဝတွေ၊ အသက်မသေရုံတမယ် ညှဉ်းပန်းနှိပ်စက်တာတွေကနေ သည်းခံပြီး မျှော်လင့်ချက်တစ်ခုအတွက် ရှင်သန်အောင် ကြိုးစားရတာတွေ၊ လူ့အခွင့်အရေး ချိုးနှိပ်ခံရမှုတွေ စသဖြင့် တွေးတောစရာတွေ အများကြီးပါတာမလို့ တစိမ့်စိမ့်နဲ့ အတွေးနယ်ချဲ့ချင်သူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ခုဖြစ်မယ်လို့ အကြံပြုချင်ပါတယ်ဗျ။ File Size          :  (1.63GB), (704MB) & (455MB) Quality            : BluRay 1080p 5.1CH, BluRay 720p & 480p Format            : mp4 Duration         : 1hr & 39mins Genre              : Drama, History, Horror Translated by  Chothet_mlmt Encoded by Kinnov

Animation • Drama • Family • History
6.5 2020 96 mins
The Red Ghost
Amityville Exorcism

Amityville Exorcism (2017) ===================== မသန့်တဲ့သစ်သားကြောင့် အိမ်မသန့်တာတွေဘာတွေ မကြုံဖူးရင်တောင် အရပ်စကားနဲ့ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီ Horror ရုပ်ရှင်မှာလည်း အဲဒီဖြစ်ရပ်မျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း- ဘုန်းတော်ကြီးဘန်နာဟာ အမ်မတီဗေးလ်အိမ်ကြီးမှာ အပနှင်ပေးရင်း အသက်ဆုံးသွားခဲ့တဲ့ဖာသာရဲ့ ညီ ဖြစ်ပါတယ်။ တစ်နေ့မှာ ချားစ်ဆိုတဲ့ကန် ထရိုက်ကို သွားတွေ့ရာက သူကိုယ်တိုင် အပနှင်ရဖို့ ဖြစ်လာပါတယ်။ ချားစ်ဟာ သူ့မိသားစုကို ပြန်သတ်မှုနဲ့ ထောင်ကျနေသူပါ။ ချားစ်တစ်ယောက် အမ်မတီ ဗေးလ်အိမ်ကြီးက သစ်ခွဲသားဟောင်းတွေကို သူပြင်ဆင်ပေးတဲ့ အိမ်တွေ အဆောက်အအုံတွေမှာ ပြန်သုံးမိရာက အပူးအကပ်ဇာတ်လမ်းပြန်စတင်လာပါ။ အမ်မတီဗေးလ်အိမ်ကြီးမှာ မကောင်းဆိုးဝါးကင်းစင်သွားပေမဲ့ အဲဒီသစ်ခွဲသား ဟောင်းတွေမှာ မကောင်းဆိုးဝါးတွေကပ်ပါသွားခဲ့ပါတယ်။ အဲဒါကြောင့် ဖာသာဘန်နာဟာ အဲဒီသစ်ခွဲသားတွေရှိရာ ဂျယ်ရမီနဲ့အေမီဒူကိန်း တို့သားအဖဆီ ရောက်ရှိလာပါတယ်။ ဘာသာတရားကိုမယုံကြည်တဲ့ဂျယ်ရမီ၊ မိတဆိုးသမီးလေးအေမီနဲ့ ဖာသာဘန်နာတို မကောင်းဆိုးဝါးကို ဘယ်လိုရင်ဆိုင် ကြမလဲ၊ ဒီတစ်ခါရော အပြီးနှင်ထုတ်နိုင်ပါ့မလားဆိုတာကို ကြည့်ကြရမှာပါ။ သရဲကားတော်တော်များများလို သရဲခြောက်တဲ့အိမ်ကြီးရယ်၊ စွဲကပ်နေတဲ့မကောင်း ဆိုးဝါးတွေရယ်၊ ပူးကပ်ခံရတဲ့လူတွေရယ်၊ အပနှင်မဲ့ ဘာသာရေးဆရာရယ်နဲ့ အခြေခံထားတာဖြစ်ပေမဲ့… Horror ပရိသတ်တွေအတွက်တော့ အပျင်းပြေကြည့် လို့ရမဲ့ ဇာတ်လမ်းမျိုးပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.74 GB) / (830 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 17Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror Translator…….C’mon Encoder……….SWM

0 2017
Amityville Exorcism
PTU
7

PTU (2003) ~ IMDb – 7/10, Rotten Tomatoes – 6% ~ Directed by “Johnnie To” ဟောင်ကောင်ရုပ်ရှင်ခေတ်တုန်းက ဟောင်ကောင်အက်ရှင် ဒါရိုက်တာတွေထဲ တော်တော်အထာကျတဲ့ ဒါရိုက်တာတွေပေါ်ခဲ့ဖူးတယ်။ John Woo လို Heroic Bloodshed Genreကို အနောက်အထိပါ ကူးစက်အောင် လုပ်နိုင်တဲ့ဒါရိုက်တာမျိုးအပြင် Once Upon a Time in China (1991) လို ဂျွန်ဝူးနဲ့တွဲပြီး A Better Tomorrow တို့လိုကားတွေကို ထုတ်နိုင်တဲ့ Tsui Hark တို့၊ Reservoir Dogs (1992) လို ကားမျိုးကို ရိုက်ဖို့ မှီးခဲ့ရတဲ့ City on Fire ကို ရိုက်ခဲ့တဲ့ Ringo Lam လိုမျိုး ဒါရိုက်တာတွေ၊ နောက် မာတင်စကောဆေးစိ BP အော်စကာရခဲ့တဲ့ The Departed ရဲ့ မူရင်းရုပ်ရှင် Infernal Affairs ကို ရိုက်ခဲ့တဲ့ Andrew Lau နဲ့ Alan Mak လိုလူတွေ၊ A Moment of Romance လို ကားကိုရိုက်ခဲ့တဲ့ Benny Chan တို့လိုလူတွေ ဟောင်ကောင်အက်ရှင်စီနီမာမှာ အများကြီးပေါ်ထွန်းဖူးတယ်။ သူတို့ခေတ်တော့ မဟုတ်တော့ပေမဲ့ အခုထိတောင် အက်ရှင်စီနီမာတွေမှာ သူတို့ဟန်တွေ အငွေ့တွေကို မြင်နေရတုန်းပဲ။ ဂျွန်နီတိုကလည်း ကွင်တင် တာရန်တီနိုတို့ လေးစားရတဲ့ ဟောင်ကောင်ဒါရိုက်တာတွေထဲက တစ်ယောက်ပဲ။ ခုနပြောခဲ့တဲ့ စာရင်းထဲကလူတွေထဲဆို ဂျွန်ဝူးက အကြမ်းဆုံးလောက်သွားကျတယ်။ ဘာလို့ဆို ကျန်တဲ့သူအများစုက ကောင်းတာတွေများတာတောင် ရိုက်တိုင်းကောင်းမနေခဲ့ဘူး။ ဂျွန်ဝူးကတော့ ရိုက်တိုင်းကောင်းတဲ့ ထဲပါတယ်။ A Better Tomorrow နားဝန်းကျင်ကစလို့ သူ့ Era ချိန်းသွားပြီးတဲ့နောက် သူရိုက်သမျှကားတွေက ဒီပုံစံတွေပဲ‌ပေမဲ့ ရိုက်တိုင်းကောင်းခဲ့တယ်။ ဂျွန်နီတိုကလည်း ဂျွန်ဝူးနဲ့အလားတူပဲ။ The Mission နဲ့ PTU တို့ကနေ သူ့ဟန်က ကွဲထွက်သွားခဲ့တယ်။ ဒါပေမဲ့ သူကွဲသွားပုံက ဂျွန်ဝူးနဲ့တောင် မတူဘဲ အကြီးကြီးကွဲသွားတယ်ပြောရမယ်။ Election, Mad Detective နဲ့ Drug War တို့ ကြည့်ဖူးကြရင် သိပါလိမ့်မယ်။ အဲဒီကစလို့ သူ့ရုပ်ရှင်တွေရဲ့ ဟန်ဟာ အဲဒီကားတွေနဲ့ ခပ်ဆင်ဆင်လောက်ပဲဖြစ်သွားတယ်။ အဲဒီကားတွေအကုန်လုံးက အငွေ့အသက်တူသလို အကုန်လည်းကောင်းတယ်။ ဇာတ်အိမ်ကတော့ တော်တော်ကျဉ်းတာများတယ်။ ဒါပေမဲ့ အဲဒီကျဉ််းကျဉ်းလေးထဲမှာပဲ ထောင့်စေ့အောင် ပြည့်စုံအောင် ဖန်တီးနိုင်တယ်။ Crime Action ကားတွေဆိုပေမဲ့ များသောအားဖြင့်တော့ သူ့ဇာတ်တွေမှာ လူကောင်းလူဆိုးဆိုတာမရှိဘူး။ Election နဲ့ Mad Detective ထဲ ဒါကိုကောင်းကောင်းမြင်နိုင်တယ်။ ဒါကြောင့်လည်း Crime ကား ပိုပီသနေတယ်။ ဒါပေမဲ့ သူ့ရုပ်ရှင်တွေမှာ အမြဲမကောင်းတာကတော့ ရဲတွေ။ ဂျွန်နီတိုက ဘယ်အညှိုးနဲ့လဲတော့မသိ ရဲကို အကျိုးနည်းအောင် နှိမ်တယ်။ သူ့ ဒီလိုကားတိုင်းလိုလို ရဲတွေ ဘယ်လောက်ရှော်ကြောင်း ထည့်ထည့်ရိုက်နေကျပဲ။ PTU (2003) က ဂျွန်နီတိုအနေနဲ့ ရဲတွေကို နှိမ်ဖို့သက်သက်ရိုက်ထားတဲ့ ရုပ်ရှင်အလားမှတ်ရတယ်။ သရုပ်ဆောင်တွေက သူနောက်ပိုင်းလည်း အမြဲသုံးနေကျတွေဖြစ်သွားတဲ့ Simon Yam တို့၊ Lam Suet တို့ပါတယ်။ သူ့ကားတွေကြည့်ဖူးရင် Louis Koo, Nick Cheung, Anthony Wong, Gordon Lam တို့နဲ့အတူ ဒီ၂ယောက်ကို ကောင်းကောင်းရင်းနှီးကြမှာပါပဲ။ ဒီကောင်တွေအကုန် တစ်ယောက်မှ ရုပ်ချောမနေဘူး။ သူသုံးနေကျထဲ ရုပ်ချောတာက Louis Koo အပြင် Andy Lau တော့ ရှိလိမ့်မယ်။ ဒါပေမဲ့ Andy Lau နဲ့ သူဒီလိုပုံစံမျိုးတော့ မရိုက်ခဲ့ဘူး။ PTU ဆိုတာက Police Tactical Unit ရဲ့ အတိုကောက်။ ဒီရုပ်ရှင်က ရဲတစ်အုပ်ရဲ့ ကင်းလှည့်တဲ့တစ်ညတာကို ရိုက်ထားတာ။ သူ့ရုပ်ရှင်အများစုလိုပဲ ဒီရုပ်ရှင်လည်း ဇာတ်အိမ် ဇာတ်အချိန် ကျဉ်းကျဉ်းလေးပဲ။ အကျဉ်းဆုံးလို့တောင်ပြောရမယ်။ တစ်ညပဲ။ အဲဒီတစ်ညမှာပဲ သူရိုက်ပြတဲ့ ပတ်ဝန်းကျင်က လူဆိုးဂိုဏ်းတွေအကုန်လုံးအကြောင်းနဲ့ ရဲတပ်ဖွဲ့နဲ့ လူဆိုးဂိုဏ်းတွေရဲ့ အခြေအနေကို သေချာလေးပြနိုင်ခဲ့တယ်။ ရယ်ရတာကတော့ ပုံမှန်ဆို သူ့ကားတွေမှာ ရဲတွေက အသုံးမကျကြပေမဲ့ ဂိုဏ်းစတားတွေကတော့ အသုံးကျကြတယ်။ ဒီထဲတော့ မတူဘူး။ အဲဒီအရပ်က ဂိုဏ်းကြီး၂ဂိုဏ်းရဲ့ အကြီးဆုံး ဂိုဏ်းခေါင်းဆောင်ကြီး ၂ကောင်ကိုပါ ငကြောက်ဖြစ်အောင်လုပ်ပြသွားတယ်။ သူ့ကားတွေမှာ ဂိုဏ်းအရေးတွေနဲ့ ပတ်သက်လာရင် ရဲတွေက ဝင်မပါရဲဘဲ ဘေးထိုင်ရပ်ကြည့်သဘောဆန်ဆန်ပြတတ်ပေမဲ့ ဒီမှာတော့ ရဲတွေရဲ့ ဖျာပဲခင်းတဲ့သဘောကိုတောင် ပြသွားတယ်။ ဒီဇာတ်ရဲ့ ပြဿနာအများစုကိုက Lam Suet ရဲ့ ဇာတ်ကောင် အကြမ်းဖက်နှိမ်နှင်းရေးအရာရှိလောင် သေနတ်အလုခံရတာကနေစတာပဲ။ ရဲတစ်ယောက်အတွက် သေနတ်က ဘယ်လောက်အရေးကြီးလဲဆိုတာကို နောက်ပိုင်း Mad Detective မှာတော့ အဲဒီသေနတ်ပျောက်တာကိုပဲ ဇာတ်အိမ်တည်ပြီး သေနတ်တွေဖလှယ်ရင်းပဲ တစ်ကားလုံးပြသွားခဲ့တယ်။ PTU (2003) မှာကတော့ ရဲပေါင်းစုံကို အားရပါးရကို ထိုင်ဖဲ့သွားတယ်။ ကကျိုးကကြောင်အဖြစ်တွေက ပိုများတဲ့ Crime Action ကားလို့ ပြောရမှာပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 985MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 25Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama
7 2003 88 mins
PTU
The Sea Inside
8

ဇာတ်ကားကြည့်တဲ့ မိတ်ဆွေတွေထဲမှာ အငြိမ်လေးနဲ့ တွေးဆရတဲ့၊ ခံစားရတဲ့ဇာတ်ကားမျိုး ကြည့်ချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားကို ညွှန်းပါရစေ။ စပိန်ဒါရိုက်တာ Alejandro Amenábar ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ လေဖြတ်ပြီး မလှုပ်နိုင်မရှားနိုင်တဲ့ လူတစ်ယောက်ရဲ့ အဖြစ်သနစ်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီအထဲမှာ ဥပဒေရေးရာ ကိစ္စရပ်တစ်ခုဖြစ်တဲ့ Euthanasia လို့ခေါ်တဲ့ “ဆန္ဒအလျောက် ညင်သာစွာဇီဝိန်ခြွေပေးခြင်း” ဆိုတဲ့ ကိစ္စရပ်တစ်ခု အကြောင်းကို အဲ့လိုမျိုး သေးဆုံးဖို့ ဆန္ဒရှိသူ ရေမွန် ဆိုတဲ့ လေဖြတ်ဝေဒနာသည်၊ သူ့ရဲ့မိသားစု၊ သူ့မိတ်ဆွေတွေ၊ လူမှုအသိုင်းအဝိုင်းနဲ့ တရားဥ‌ပဒေရေရာ ပညာရှင်တို့ရဲ့ အမြင်သတွေကို မြင်သာအောင် ရိုက်ပြထားတဲ့ Biography ဆန်ဆန်၊ Drama ဆန်ဆန် ဇာတ်ကားမျိုးဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ရေမွန် ဆမ်ဖရီဒိုရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုလို့လည်း သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာ ရွေကမ္ဘာလုံးရုပ်ရှင်ဆုပေးပွဲမှာ The Best Foreign Language Film ဆုကိုရရှိခဲ့တဲအပြင် အခြားသော ဆုပေါင်းများသွာကိုလည်း သိမ်းပိုက်ထားပါသေးတယ်။ File size…(2.2 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:06:00 Genre…Biography, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Luca

8 2004 125 mins
The Sea Inside
Lousy Carter
5.7

IMDb 5.8/10 ရရှိထားတဲ့ Comedy အမျိုးအစား Lousy Carter ရုပ်ရှင်ဟာ ၂၀၂၄ မတ်လ ၂၉ ရက်ကမှ ထွက်ရှိထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Bob Byington က ရိုက်ကူးပေးထားပြီး David Krumholtz ၊ Martin Starr ၊ Olivia Thirlby ၊ Jocelyn Deboer အစရှိသဖြင့် သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။ သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသက်ရှင်ဖို့နောက်ဆုံး ခြောက်လသာကျန်ရှိတော့တဲ့အချိန်ကို ဟာသနှောပြီး ဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း *************** အင်္ဂလိပ်ရသစာပေပါမောက္ခတစ်ဦးဖြစ်တဲ့လောက်စီကာတာဟာ ဘဝရဲ့ဘယ်နယ်ပယ်မှာမှထူးချွန်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်း မရှိဘဲ နာမည်နဲ့လိုက်အောင် ဘဝမှာအသုံးမကျသူတစ်ဦး ဖြစ်နေခဲ့ပါတယ်။ ကျောင်းဆရာဘဝကိုငြီးငွေ့ဖွယ်ရာဖြတ်သန်း နေပြီး သူရဲ့အန်နီမေးရှင်းရုပ်ရှင်ကလည်း မအောင်မြင်တာကြောင့် အန်နီမေတာအဖြစ်လည်း မရပ်တည်နိုင်ခဲ့ပါဘူး။ မိခင်ကိုယ်တိုင်က အသုံးမကျသူလို့သတ်မှတ်ထားခဲ့သလို ဇနီးနဲ့လည်းအိမ်ထောင်ရေး အဆင်မပြေခဲ့ပါဘူး။ သူငယ်ချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလို အသက်ငယ်တဲ့ကျောင်းသူလေးတစ်ယောက်ကိုပါကြိတ်ကြိုက် နေခဲ့တဲ့လောက်စီကာတာရဲ့ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက် နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့မှာအသက်ရှင်ဖို့ခြောက်လသာ ကျန်ရှိတော့တာကိုသိရှိလိုက်ရပြီး သေဖို့နီးကပ်လာတာနဲ့အမျှ သူ့ဘဝက ဘာတွေပြောင်းလဲသွားဦးမှာလဲဆိုတာ ကြည့်ရှု့ခံစားရမှာပါ။ ရုပ်ရှင်ရဲ့ဇာတ်သိမ်းကတော့ မမျှော်လင့်ထားတဲ့ဇာတ်သိမ်းလို့ပဲဆိုရမှာဖြစ်ပါတယ်။ File size…1.16GB / 481MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

Horror • Documentary
5.7 2023
Lousy Carter
Trafficked
5.8

Trafficked (2017) Genre – Drama, Thriller တကယ့်ဖြစ်ရပ်အပေါ် မှီငြမ်းစိတ်ကူးကွန့်မြူးထားတဲ့ လူကုန်ကူးပညာပေး ဇာတ်ကားလေး ဖြစ်ပါတယ်။ အမေရိကန် ကယ်လီဖိုနီးယားက ဆယ်ရာဆိုတဲ့ကောင်မလေးက မိဘမဲ့ဂေဟာကနေ ၁၆ နှစ်ပြည့်လို့ ထွက်လာတဲ့အခါ ကမ်းခြေမှာ စားပွဲထိုးလုပ်ရမယ်ဆိုပြီး လိမ်ခေါ်သွားရာကနေ လူကုန်ကူးခံလိုက်ရပါတယ်။ အိန္ဒိယက အမ်ဘာဆိုတဲ့ကောင်မလေးကျ ကောင်လေးတစ်ယောက်ကို မချစ်နိုင်လို့ ငြင်းလိုက်တာကို ဟိုကောင်က မကျေနပ်ပဲ အက်ဆစ်နဲ့ပက်ပြီး ဆောင်ကြာမြိုင်ကို ရောင်းစားရာကနေ လူကုန်ကူးခံရပါတယ်။ နိုင်ဂျီးရီးယားက မာလီဆိုတာကျ ယောက်ျားဖြစ်သူက ဆောက်လုပ်ရေးဝင်လုပ်ရင်း ခြေထောက်ထိသွားတော့ မိန်းမကိုယ်တိုင် အလုပ်ထွက်လုပ်မယ်ဆိုပြီး လူကုန်ကူးခံရတယ်။ ဒီလိုနဲ့ ဒီ ၃ ယောက်သားဟာ အမေရိကန် တက်ဆက်မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုမှာ အတူတူ သွားတွေ့ကြပြီး အခက်အခဲ ဒုက္ခတွေကြားက ဘယ်လိုတွေ ထွက်ပြေးလွတ်မြောက်ကြမလဲဆိုတာကို ကြည့်ရမှာ ဖြစ်ပါတယ်။ File size… 3 GB / 1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

5.8 2017
Trafficked
Sarfarosh
8.1

Sarfarosh (1999) “တာဝန်” IMDb – 8.1/10 ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ် ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါ အိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီး အကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ် လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ ….. အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

8.1 1999
Sarfarosh
Oru Yamandan Premakadha
5.1

Oru Mandan Premakadha (2019) “မီးတောက်ငယ်လေးတစ်ခု” ဒီတစ်ခေါက်‌တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ IMDb rating မှာ 5.1 ရရှိထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီဇာတ်ကားလေးဟာဆိုရင်တော့ဖြင့် B.C Noufal ရိုက်ကူးထားပြီး 2019 မှာ ထွက်ရှိခဲ့တဲ့ မလေယာလမ်စကားပြော အချစ်ဟာသဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားလေးမှာတော့ မင်းသား Dulquer Salmaan ဟာ ချမ်းသာတဲ့ မိသားစုကနေ မွေးဖွားလာပြီး သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတဲ့ လူငယ်လေး လာလူအနေနဲ့ သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ လာလူဟာ ဆေးသုတ်သမားတစ်ယောက်အနေနဲ့ အသက်မွေးဝမ်းကြောင်းပြုရင်း သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူတူ ပျော်စရာတွေ မကောင်းမှုတွေ တူတူလုပ်လိုက်နဲ့ တစ်ရက်တစ်ရက် အချိန်ကုန်ဆုံးလေ့ ရှိပါတယ်။ လာလူဟာ လူငယ်သဘာဝ ပျော်တတ်ပါးတတ်ပေမဲ့ မိသားစုနဲ့ ပတ်သက်ရင်တော့ အလေးထားတတ်သလို ဖခင်ဖြစ်သူရဲ့ ဆန္ဒတွေကိုလည်း အလေးထားပါတယ်တဲ့။ တစ်နေ့မှာတော့ သတင်းစာတစ်ခုကနေ ပျောက်ဆုံးနေတဲ့ အမျိုးသမီးလေး တစ်ယောက်ကို မြင်ပြီး ချစ်မိသွားပါ‌ေတာ့တယ်။ ဘယ်ကမှန်းမသိ ဘယ်လိုလူမှန်းမသိတဲ့ မိန်းကလေးဖြစ်သူ ဒီယာကို ချစ်မိသွားတဲ့အခါ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ရင်း သူ့ရဲ့ ဘဝ အလှည့်အပြောင်း ဖြစ်သွားချိန်မှာတော့….. ဘာတွေ ဆက်ဖြစ်မလဲဆိုတာ ဆက်လက်ရှုစားအားပေးကြပါဦးရှင် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

5.1 2019
Oru Yamandan Premakadha
Vijay LL.B: The Advocate

Vijay LLB the Advocate (2024) တရားမျှတမှုအတွက် မဆုတ်မနစ်သော တိုက်ပွဲ မျက်စိတစ်မှိတ်အတွင်းမှာ ကျူတာကနေလူသတ်တရားခံအဖြစ်ရောက်သွားတဲ့ ကံဆိုးသူဗန်ဒန် ကောလိပ်ဆရာတစ်ယောက်လုပ်နေပြီး ကျောင်းသားကို သတ်လိုသေဒဏ်ကျခံခါနီးလူတစ်ယောက် သူ့ကို စွပ်စွဲထားတဲ့ သက်သေတွေကတော့ လွတ်မြောက်ဖို လမ်းမမြင်တဲ့အထိ ခိုင်မာလွန်းနေပါတယ် အဖြစ်အပျက်တွေက မြန်ဆန်လွန်းပြီး နားလည်နိုင်ဖိုခဲယဉ်းတာကြောင့် ရေရေရာရာတောင်မပြောနိုင်တော့တဲ့ သနားဖွယ်လူတစ်ယောက် သူ့ဘေးမှာတော့ သူ့လိုပဲ တရားဥပဒေကို မြတ်နိုးတဲ့ ငယ်သူငယ်ချင်းရှေ့နေဗီဂျေးရှိပါတယ် ငယ်သူငယ်ချင်းရဲ့အပြစ်မဲ့ကြောင်းကိုသက်သေပြဖို ဗီဂျေးက မတရားမှုတွေနဲ့ ဖုံးလွှမ်းနေတဲ့ လျှိဝှက်ကမ္ဘာထဲကို နက်နက်ရှိင်းရှိင်း တိုးဝင်ရဖိုအနေအထားဖြစ်လာတယ်ပေါ့ အာဏာရဲ့ အရိပ်မည်းတွေ၊ ငွေကြေးရဲ့ လှည့်ကွက်တွေနဲ့ လိမ်လည်မှုတွေရဲ့ ပိုက်ကွန်ကြားမှာ ဗီဂျေးတစ်ယောက် ဘယ်လိုရုန်းကန်မလဲ တရားမျှတမှုကို ဖော်ထုတ်ဖို သူ့ရဲ့ခရီးလမ်းဟာ ဘယ်လောက်အထိခက်ခဲပြီး အန္တရာယ်များမလဲ သူ့ရဲ့ဆုံးဖြတ်ချက်တစ်ခုချင်းစီဟာ သူ့အသက်ကိုပါ ရန်ရှာလာနိုင်တဲ့အခါ… “Vijay LLB the Advocate” ဆိုတဲ့ရုပ်ရှင်က ကြည့်ရှုသူတွေကို ထိုင်ခုံမှာ ကပ်ထားစေမယ့် ရာဇဝတ်မှု ဇာတ်ကားကောင်းတစ်ကားပါ ရှေ့နေဗီဂျေးရဲ့ မဆုတ်မနစ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားရုံးရဲ့ တင်းမာလှတဲ့ အခြေအနေတွေနဲ့ မမျှော်လင့်ထားတဲ့ လှည့်ကွက်တွေက အဆုံးအထိ စိတ်လှုပ်ရှားစေမှာ အသေအချာပါပဲ တရားမျှတမှုအတွက် အားလုံးကို စွန့်လွှတ်ပြီး တိုက်ပွဲဝင်မယ့် ရှေ့နေဗီဂျေးနဲ့အတူ ဒီခရီးလမ်းကို လိုက်ပါဖို အဆင်သင့်ဖြစ်ကြရင်တော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( အညွှန်းကိုတော့ Yunni ကရေးသားထားပြီး ဘာသာပြန်တွေကတော့ Yunni ~ Cym ~ ToMo ~ Zwe ~ KKKZ တိုပဲဖြစ်ပါတယ် )

History • Drama
0 2024
Vijay LL.B: The Advocate
The Luckiest Man in America
6.3

The Luckiest Man in America (2025) IMDb Rating (6.3) / Rotten Tomatoes (66%) ဒါကတော့ အမေရိကမှာ တကယ်ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်ရိုက်ထားတာဖြစ်ပါတယ်။ ၁၉၈၀ကာလတွေမှာ အမေရိကန်မှာ နာမည်ကြီးဂိမ်းရှိုးတစ်ခုရှိပါတယ်။ Press Your Luck လို့ခေါ်တဲ့ ဂိမ်းရှိုးတစ်ခုဖြစ်ပြီး ပြိုင်ပွဲဝင်တွေက ဘုတ်ပြားကို လှည့်ပြီး ကျတဲ့ပိုက်ဆံကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။ အဲ့ဘုတ်ပြားမှာ ဝမ်မီလို့ခေါ်တဲ့ အကွက်တွေပါပြီး အဲ့တာတွေကျရင်တော့ ရသမျှကုန်မှာပါ။ အဲ့လိုနဲ့ပဲ တစ်ရက်မှာတော့ ဒီဂိမ်းရှိုးကို ရေခဲမုန့်ကားမောင်းတဲ့ အိုဟိုင်းရိုးက မိုက်ကယ်လာဆန်ဆိုတဲ့လူတစ်ယောက်က လာပြိုင်ပါတယ်။ သူပြိုင်တဲ့အချိန်မှာတော့ ဝမ်မိတစ်ခါပဲ ကျပြီး နောက်ပိုင်းမှာ ဆက်တိုက် ပိုက်ဆံရမယ့်အကွက်တွေကိုပဲ ကျကုန်ပါတော့တယ်။ သူကဘယ်လောက်ထိတောင် ရောက်သွားသလဲဆို ဒေါ်လာတစ်သိန်းကျော် အထိရောက်ကုန်ပါတယ်။ အဲ့လောက်များတဲ့ ငွေပမာဏထိရောက်အောင် သူ့ကံကပဲ အရမ်းကောင်းလွန်းနေတာလား။ တကယ်တော့ မိုက်ကယ့်မှာ လျှို့ဝှက်ချက်တစ်ခုရှိနေပါတယ်။ အဲ့ဒါကြောင့်ပဲ သူက ဂိမ်းရှိုးမှာ ဆက်တိုက်ဆိုသလိုအနိုင်ရနေတာပါ။ အဲ့တာကရော ဘာများဖြစ်မလဲ။ သူဆက်တိုက်အနိုင်ရနေတာကိုရော ရှိုးပွဲကလူတွေက ခွင့်ပြုနိုင်ပါ့မလား ကြည့်ကြရမှာပါ။ ဖြစ်ရပ်မှန်ဖြစ်ပြီး ဒီမိုက်ကယ်လာဆန်က ဒေါ်လာတစ်သိန်းလောက်ကို ဂိမ်းရှိုးကနေ ရိတ်လိုက်နိုင်ပါတယ်။ အဲ့တာက ဘယ်လိုနည်းနဲ့လဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦးခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Lwin ဖြစ်ပါတယ်။) File size… (2.5 GB) / (870 MB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:32:15 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Lwin

Drama
6.3 2025 90 mins
The Luckiest Man in America
Zombie for Sale
6.7

Zombie for Sale (2019) // The Odd Family: Zombie on Sale (2019) *************************************** အခုတစ်ခါမှာတော့ ဇွန်ဘီကားတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်ကြီးတို့အတွက် ဂေါ်ဖီထုပ်စားတဲ့ ဇွန်ဘီရယ်လို့ အရမ်းနာမည်ကြီးခဲ့တဲ့ အူတက်အောင် ရယ်နေရမဲ့ ဇွန်ဘီဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် .. သရုပ်ဆောင်တွေကတော့ မင်းသားကြီး Jung Jae Young ,Kim Nam Gil, Jung Ga Ram, ကေဒရမ်မာပရိသတ်‌တွေနဲ့ မစိမ်းတဲ့ သရုပ်ဆောင် Park In Hwan, မင်းသမီးလေး Lee Soo Kyung တို့ အဓိကပါဝင်ထားပါတယ် ။ ဇာတ်လမ်းအညွှန်း ******************* အေးချမ်းတဲ့ရွာလေးမှာ ဓါတ်ဆီဆိုင်ဖွင့်ရင်း ဘဝရဲ့ ကျန်ရှိ‌နေတဲ့သက်တမ်းကို ဟာဝိုင်အီမှာ ကုန်ဆုံးဖို့ အမြဲစိတ်ကူးယဉ်နေတဲ့ ဘတ်မန်းဒေါ့ (Park In Hwan) မှာ သားကြီး ဘတ်ဂျွန်ဂူး (Jung Jae Young)၊ သားလတ်ဘတ်မင်ဂူး (Kim Nam Gil) ,အငယ်ဆုံးသမီးလေး ဘတ်ဟယ်ဂူး (Lee Soo Kyung) ဆိုတဲ့ အရွယ်ရောက်ပြီးသား သားသမီးသုံးယောက်ရှိပါတယ် ။ သားသမီးသုံးယောက်လုံးက ကိုယ်စီကိုယ်စီ ပင်ပင်ပန်းပန်းနဲ့ ဘဝအတွက် ရုန်းကန်နေကြရရင်း တစ်နေ့ မိသားစုထဲမှာ တစ်ဦးတည်းသော ပညာတတ်ဘွဲ့ရဖြစ်တဲ့ သားအလတ် မင်ဂူးက ကုမ္ပဏီကနေ အလုပ်ထုတ်ခံလိုက်ရလို့ မိသားစုရှိတဲ့ မွေးရပ်မြေကို ပြန်လာခဲ့ပါတယ် ။ အဲဒီအချိန်မှာ မမျှော်လင့်ဘဲ ရွာကို ထူးဆန်းတဲ့ ဇွန်ဘီတစ်ကောင် ရောက်လာပြီး ပတ်မွှေလို့ အေးအေးချမ်းချမ်းရှိနေတဲ့ ဘတ်မိသားစုလေးသာမက တစ်ရွာလုံးက ရွာသူ‌ရွာသားတွေပါ အကုန်လုံး ဗြောင်းဆန်သွားပါတော့တယ် ..။ ဆေးဝါးကုမ္ပဏီတစ်ခုရဲ့ တရားမဝင် စမ်းသပ်မှုကြောင့် မတော်တဆ တီထွင်လိုက်မိတဲ့ ဇွန်ဘီ , အဲဒီဇွန်ဘီကို အသုံးချပြီး အမြတ်ထုတ်ဖို့ ကြိုးစားနေတဲ့ ဘတ်မိသားစု, ဗဟုသုတနည်းပါးပြီး ရိုးအတဲ့ရွာသူရွာသားတို့ ပေါင်းဆုံမိပြီး ဘယ်လိုတွေပွက်လောရိုက်နေမလဲဆိုတာကို .. ဒီဇွန်ဘီဟာသကားလေးထဲမှာ ရယ်မောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ် .. ။ (အညွှန်းကို May Thet မှ ရေးသားထားပါတယ်) File size…1.7GB / 863MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 52 min. Genre ….. Horror, Comedy, Sci-Fi, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by May Thet & Yati Naing Encoded by AHtet

Action • Animation • Adventure
6.7 2019 112 mins
Zombie for Sale