YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Atypical Family (2024) E02 1080P (CM).mp4

1.21 GB N/A video/mp4 549 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dear Friend
5.4

ဒီတစ်ခေါက်မှာတော့ Malayalam language thriller အမျိုးအစား ဇာတ်ကားဖြစ်တဲ့ Dear Friend ဆိုတဲ့ Indian ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ။ သူငယ်ချင်းတွေကြားထားတဲ့ခံစားချက် အချစ် ပျော်ရွှင်မှုတွေ၊ သွားအတူ လာအတူ စားအတူ ဖြတ်သန်းကြတာတွေကို များစွာများစွာ ခံစားကြည့်ရှုရမှာပါ။ သူငယ်ချင်းအဖြစ်ကနေ ချစ်သူအဖြစ်တဆင့်တက်တဲ့ သူငယ်ချင်းအချစ်တွေလည်း ပါဝင်မလားဆိုတာပါ ရင်ခုန်ရဦးမှာပါ။ ဒါပေမယ့် ထူးခြားတာကတော့ Thriller ဇာတ်လမ်းအမျိုးအစား ဖြစ်နေတာပါပဲ။ ရှည်ရှည်ဝေးဝေးညွှန်းရင် အရသာပျက်မှာစိုးလို့ သူငယ်ချင်းတစ်သိုက်ကြား ဘယ်လို ရင်တုန်ခြောက်ခြားဖွယ်အကြောင်းအရာတွေ ဖြစ်လာမလဲဆိုတာကို ကိုယ်တိုင်ခံစားကြည့်ရှုကြဖို့ပဲ တိုက်တွန်းလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 906MB | 504MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ..... August

Adventure • Animation • Comedy
5.4 2022 117 mins
Dear Friend
The African Desperate
5.7

Coming of Age, Comedy အမျိုးအစား​လေးဖြစ်လို့ ​ပေါ့​ပေါ့ပါးပါးကြည့်ချင်ရင် အကြိုက်​​တွေ့မယ့်ကား​လေးပါ။ ဒီကားကို တချို့က အနုပညာလောကကို အမြင်ကျဉ်းကျဉ်းနဲ့ကြည့်ထားတဲ့ ကျယ်ပြန့်တဲ့ရုပ်ရှင်ကားလို့ဆိုကြတယ်။ အနုပညာကျောင်းက ကျောင်းမပြီးခင် နောက်ဆုံးနေ့တစ်နေ့က မိန်းကလေးတစ်ယောက်ရဲ့ အတွေ့အကြုံကို ရိုက်ပြထားတာပေါ့။ Aquarius မိန်းက​လေး Palace ရဲ့ ​ကျောင်းမပြီးခင် ၂၄ နာရီအတွင်း ကြုံရတဲ့ အခက်အခဲ အ​တွေ့အကြုံ​တွေကို ဟာသ​လေး​နှောပြီး ရိုက်ပြထားတဲ့ကား​လေးပါ။ ဒီကားဟာ အနုပညာကျောင်းတွေအပေါ် အမြင်သစ်နဲ့ ရိုက်ပြထားတဲ့ကားဖြစ်ပြီး Street Photography တွေကို Reference လုပ်ထားတဲ့ စီနီမာတိုဂရပ်ဖီတွေ၊ ခပ်ကြမ်းကြမ်း နောက်ခံတေးဂီတတွေကိုလည်း သုံးထားပါတယ်။ ပွဲဦးထွက်ကားမှာတင် ဒီလိုခပ်လန်းလန်းကားကို ရိုက်ပြနိုင်တဲ့ အမေရိကန်ဒါရိုက်တာမ Martine Syms ရဲ့ ကိုယ်တိုင်ခံစားမှုတွေလည်းပါဝင်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ အနုပညာကျောင်းကဘွဲ့တစ်ခုရဲ့ သို့လောသို့လော အခြေအနေကို ကိုယ်တိုင်သုံးသပ်ရှုမြင် ခံစားရမယ့်ကားလေးပါပဲ။ တစ်ဘဝလုံး ယုံကြည်လာသမျှကို အချိန်တစ်ရက်က ဖောက်ခွဲပစ်နိုင်လားဆိုတာကို The African Desperate ဆိုတဲ့ ရုပ်ရှင်မှာ ကျွန်တော်တို့သက်ဝင်ခံစားကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Aung Thwin Tun မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 740MB Quality - 1080p, 720p IMDb Rating - 5.4/10 Format - mp4 Duration - 1H 27Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Aung Thwin Tun Encoded by Y

Comedy • Fantasy • Horror
5.7 2022 97 mins
The African Desperate
The Midnight Sky
5.8

IMDb Rating - 5.6/10 ဒီနေ့ ညနေကမှ Netflix ကနေ ထွက်ရှိထားတဲ့ Sci-Fi, Fantasy, Drama ကားသစ် ကားကောင်းလေးပါ။ အော်ဂတ်စတင်းဆိုတဲ့ လူဟာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်ပြီး သိပ္ပံပညာကို စွဲလမ်းလွန်းလို့ ချစ်သူနဲ့တောင် အဆက်ပြတ်ခဲ့သူတစ်ယောက်ပါ။ သူဟာ ကမ္ဘာဂြိုဟ်ပေါ်က သက်ရှိတွေအတွက် နေရာသစ်တွေကို ရှာဖွေချင် တဲ့သူတစ်ယောက်ပါ။ ငယ်ရွယ်တဲ့ဘ၀ ကုန်ဆုံးပြီး နောက်အနှစ် ၃၀ လောက်ကြာတဲ့အခါ ကမ္ဘာဂြိုဟ်ပေါ်မှာ ဆိုးရွားတဲ့ ကပ်ဆိုးတွေဖြစ် ပေါ်လာပြီး အားပြင်းတဲ့ ရေဒီယိုလှိုင်းတွေကြောင့် လူတွေအမြောက်အများသေကြေကုန်ကြပါတော့တယ်။ လူတိုင်း ကိုယ့်နေရာကို စွန့်ခွာပြီး လုံခြုံမယ့်နေရာ ရှာကြပေမယ့် အော်ဂတ်စတင်းကတော့ သူ့ရဲ့ ကင်ဆာရောဂါအခြေအနေကြောင့် အာတိတ်ဒေသမှာပဲ တစ်ယောက်တည်း နေရစ်ခဲ့ပါတယ်။ တစ်ဖက်အာကာသထဲမှာကျတော့လည်း နေရာသစ်ရှာဖို့သွားတဲ့ ယာဥ◌်တွေထဲကမှ တစ်စီးထဲ အသက်ရှင်ကျန်နေတဲ့ ယာဉ်အဖွဲ့ဟာ ကမ္ဘာမြေက အခြေအနေတွေကို မသိဘဲ နေရာသစ် တွေ့ကြောင်းသတင်းပေးဖို့ ကမ္ဘာမြေကိုပြန်လာဖို့ ကြိုးစားပါတော့တယ်။ အော်ဂတ်စတင်းကလည်း ကမ္ဘာပေါ်က အခြေအနေတွေအကြောင်း ထိုအဖွဲ့ကို ပြောနိုင်ဖို့ ဆက်သွယ်ချင်ပေမယ့် အဆက်အသွယ်ကမရနဲ့ ဒီဇာတ်လမ်းဟာ စိတ်ဝင်စားဖွယ်ရာကြည့်ရှူရမှာပါ။ လက်ရှိမှာ IMDb Rating 5.6 ရရှိထားပြီး . တဖြေးဖြေးနဲ့ တတ်လာနေတာကို လည်းတွေ့ရပါတယ်။ ဒီဇာတ်ကားမှာ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ George Clooney, Kyle Chandler, Demian Bichir, Felicity Jones အစရှိတဲ့ လူများစွာလည်းပါဝင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းကို Yoon Sandi Aung ကရေးသားပေးထားပြီး၊ Yoon Sandi Aung, Jerrica, MTA တို့မှ ဘာသာပြန်တင်ဆက်ပေးထားပါတယ်။) Quality – 1080p, 720p WebRip 5.1CH Duration - 1h 58min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Fantasy, Sci-Fi Source : 1080p.WebRip Translator – Yoon Sandi Aung, Jerrica, MTA Encoder – SWM

Comedy • Drama
5.8 2020 118 mins
The Midnight Sky
Night School
6.2

၀၁၉ နှစ်သစ်အချိန်အခါသမယလေးမှာ မျှော်လင့်ချက်အသစ်တွေယူဆောင်လာပေးမယ့် ပျော်ရွှင်စရာ ရယ်မောစရာ ဇာတ်ကားလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်… Kevin Hart , Tiffany Haddish စတဲ့ နာမည်ကြီး ဟာသသရုပ်ဆောင်တွေပါဝင်တဲ့အတွက် ပျော်ရွှင်ရယ်မောရမယ်ဆိုတာကိုတော့ ကြိုပြောထားချင်ပါတယ်။…. တက်ဒီ ဆိုတဲ့ကောင်လေးတစ်ယောက်ဟာ စာမကြိုးစားချင်ဘဲ အထက်တန်းကျောင်းကထွက်လာတဲ့ လူတစ်ယောက်ဖြစ်ပြီး အပြင်လောကကြီးကို စာသင်ကျောင်းသဖွယ်မှတ်ယူထားသူပေါ့… အထက်တန်းကျောင်းကနေထွက်ပြီး ၁၅ နှစ်ကြာတဲ့အချိန်မှာ အောင်မြင်တဲ့အရောင်းသမားတစ်ဦးအဖြစ်ရှိနေစဉ်ကာလမှာ သူအလုပ်လုပ်ရာဆိုင်မှာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး အလုပ်ကနေပြုတ်ခဲ့ပါတယ်… အထက်တန်းလွှာက အင်ဂျင်နီယာတစ်ယောက်ကို ရည်းစားတော်ထားတဲ့ တက်ဒီဟာ သူ့ရည်းစားစိတ်မပျက်ရလေအောင် အလုပ်ရှာဖို့ကြိုးစားပါသော်လည်း အထက်တန်းမအောင်တဲ့သူ့အတွက် လစာကောင်းတဲ့အလုပ်တွေ မရနိုင်လို့ အထက်တန်းအောင်လက်မှတ်ရဖို့ ဘယ်လိုတွေကြိုးစားအားထုတ်ခဲ့တယ်ဆိုတာ မြင်တွေ့ရမှာပါ..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (400 MB) Quality : WEB-DL 720p Running Time : 1h 51min Format : Mp4 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-CMRG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

History • Romance • War
6.2 2018 111 mins
Night School
Amar Es Madurar / To Love Is To Grow

Amar Es Madurar / To Love is to Grow (2023) ဘဝမှာ အိပ်မက်တွေကိုအကောင်ထည်ဖော်နိုင်တဲ့သူအလွန်နည်းပါတယ်။ တချို့ဆို မိန်းမရပြီးတာနဲ့ ကိုယ့်အိပ်မက်တွေက အလိုလိုစွန့်လွှတ်ပြီးသားဖြစ်သွားကြတယ်။ War and peace စာအုပ်ထဲက စာသားလေးလိုပဲ ရောင်းရင်း မိန်းမယူမယ်ဆို ကိုယ့်အိပ်မက်တွေအကောင်ထည်ဖော်ပြီးတဲ့အချိန် ဒါမှမဟုတ် မိန်းမတွေကိုလုံးဝစိတ်ကုန်သွားတဲ့အချိန်မှ မိန်းမယူပါတဲ့။ ဒါပေမဲ့ ဒီဇာတ်လမ်းလေးမှာတော့ အဲ့လိုရည်ရွယ်ချက်နှစ်ခုလုံး အကောင်ထည်ဖော်နိုင်ခဲ့တဲ့ အာဂ ယောကျာ်းတစ်ယောက်အကြောင်းပါ။ ဂျုအန်ဟာ ဖက်ရှင်မော်ဒယ် အလန်းလေးတစ်ယောက်နဲ့ ကြိုက်ပေမဲ့ ဘာမှစောက်ဖြစ်မရှိတဲ့သူပါ ပြောရရင်စော်ကပြန်အမ်းထားတဲ့ကောင်ပေါ့။ ဒါပေမဲ့ သူ့မှာအိပ်မက်တစ်ခုတော့ရှိတယ် သူ့အိပ်မက်ကတော့ ဘောလုံးပါပဲ ကန်ဖို့တော့မဟုတ်ဘူး ဘောလံုးနဲ့ပတ်သက်တာ အကုန်လုပ်ချင်နေတဲ့သူပါ။ ဒါပေမဲ့ စော်ကအမ်းလဲထားရသေး သဝန်လဲတိုခံရတော့ ကြာတော့သိပ်မကြည်တော့တာနဲ့ လမ်းခွဲသွားပါရော။ ဒါပေမဲ့ အချစ်ကြီးသူတို့ထုံးနှလုံးမှုပြီး စော်ပြန်ပြီးအထင်ကြီးခံရဖို့ အိပ်မက်တွေနောက်လိုက်ရင်း ဘာတွေပေးဆပ်ရမလဲ။ သူ့စော်ကော ပြန်ရဦးမှာလားဆိုပြီး ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ရမဲ့ ကိုလံဘီယာက Romance comedy ကားလေးပါ။ ကြည့်ရှုအားပေးကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်. Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.3GB | 691MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. K.Hein Encoder ….. Aaron

0 2023
Amar Es Madurar / To Love Is To Grow
A Man of Reason
6.3

A Man of Reason (2023) Jung Woo Sung, Kim Nam Gil, Park Sung Woong တို့လို နာမည်ကြီးတွေ cast တွေ ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းကောင်းလေးကို တင်ဆက်ပေးပါဦးမယ် ဇာတ်လမ်းအကျဉ်းကတော့ ဘော့စ်ရဲ့ကိုယ်စား ထောင်ထဲမှာ ၁၀ ကျော်ကြာအောင် အစားဝင်နေပေးခဲ့တဲ့ ဆူဟျော့ဟာ ထဒထောင်က လွတ်လာတဲ့အချိန်မှာ သမီးလေးတစ်ယောက်ရှိနေတာကို သိသွားတဲ့အချိန်မှာ သာမန်လူအနေနဲ့ပဲ ဘဝကိုဖြတ်သန်းချင်ပါတော့တယ် ဒါပေမဲ့ လူမိုက်လောက ဆိုတာ ဝင်ချင်တိုင်း ထွက်ချင်တိုင်းထွက်လို့ မရတာမို့ အခက်တွေ့နေပြီး တစ်ဖက်မှာလည်း သူ့ကိုရှင်းပစ်ချင်တဲ့လူတွေရှိနေပါသေးတယ် ဝူဂျင်းကတော့ ကြေးစားလူမိုက်ဖြစ်ပြီး မိုက်တာလိုလို မမိုက်တာလိုလိုပါပဲ… မိုက်ချင်ယောင်ဆောင်ပေမဲ့ တကယ်တမ်းကျမမိုက်နိုင်တဲ့လူမျိုးပါ.. ခပ်မိုက်မိုက်ပုံစံနဲ့ ပိုက်ဆံယူပြီး တကယ့်လူမိုက်ကိုမှ သွားရှင်းရမယ့် အဖြစ်ကိုကြုံတဲ့အခါမှာတော့… ဘယ်လိုတွေဖိုက်ကြမလဲ.. ဘယ်လိုတွေကြမ်းမလဲဆိုတာ ကြည့်ပေးကြပါဦး မင်းသားကြီးတွေချည်း ပါဝင်ထားတဲ့ရုပ်ရှင်မို့လို့ သဘောတွေ့ကြမယ်လို့တော့ မျှော်လင့်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Thriller Quality…. 1080p | 720p File size… 900MB | 428MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Joyz Encoder ….. Aaron

Drama • Crime
6.3 2023 99 mins
A Man of Reason
A Day in Tongyeong
6.7

A Day in Tongyeong(2023) ************************* ဘဝမှာ အဖြေရှာမရတဲ့ အကြောင်းပြချက်တွေကြောင့် ဘာလုပ်လုပ် အဆင်မပြေ‌ဘဲ အရည်အချင်းမရှိတော့တဲ့ လူတစ်ယောက်လို ခံစားလာရတဲ့ နေ့ရက်တွေနဲ့ ကြုံလာရတတ်ပါတယ်။ တစ်ချိန်က ထိပ်ဆုံးထိ တက်လှမ်းနိုင်ခဲ့ပြီး အမှတ်တရ‌ကောင်းတွေရှိခဲ့ပေမဲ့ လက်ရှိအချိန်မှာအရာရာဟာ ကိုယ်ကြိုးစားပေးဆပ်ထားတာနဲ့ မတန်အောင် ကမောက်ကမဖြစ်လာတဲ့အခါ မွန်းကြပ်မှုတွေထဲက ရုန်းထွက်ဖို့ စိတ်ထွက်ပေါက်ဆိုတာလိုအပ်လာပါတော့တယ်။ တစ်ခါတစ်လေမှာ မပြောပလောက်တဲ့ အရာလေးတွေက ကိုယ့်အတွက် စိတ်ခွန်အားနဲ့ ဆက်လက်ပြေးလွှားနိုင်မယ့် အားအင်တစ်ခုဖြစ်ပေးနိုင်တာကြောင့်ပါ။ ‌တော်ရာမှာနေပြီး မပျော်ရဘဲ စိတ်ဒုက္ခရောက်နေကြတဲ့ သူတွေလည်း ရှိတတ်ပါတယ်။ဒါကြောင့် ပျော်ရာမှာ တော်အောင်နေတတ်ဖို့ကလည်း လိုအပ်ပါသေးတယ်။ ဒီဇာတ်ကားလေးထဲမှာတော့ ဟီယွန်းဟာ ပျော်ရွှင်ခြင်းနေ့ရက်တွေကို ပျောက်ဆုံးလာတဲ့ကောင်မလေးတစ်ယောက်ဖြစ်ပြီး အရင်က လုပ်ဖော်ကိုင်ဖက်ဖြစ်ခဲ့သူ ဆောင်းဆွန်းရဲ့ ဇာတိမြေကို ခဏတာ သွားရောက်လည်ပတ်ရင်း ဟီယွန်းနဲ့ ဆောင်းဆွန်းတို့ရဲ့ မတူညီတဲ့ ဘဝနှစ်ခုကို ပြသသွားမှာဖြစ်ပါတယ်။ ကိုယ့်အတွက် ပျော်ရွှင်စေတဲ့ အရာကို ကိုယ်တိုင်အသိဆုံးဖြစ်တာကြောင့် လွှတ်ချသင့်တဲ့အရာကို လွှတ်ချပြီး ရှင်သန်နေရတဲ့ အချိန်‌လေးအတွင်းမှာပျော်ရာမှာ ကြိုးစားနေထိုင်သင့်ကြောင်းကိုလည်းရိုက်ကူးပြသထားပါသေးတယ်။ လုပ်သလိုမဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမလုပ်ဘဲ စိတ်ကို အစာကျွေး၊အနားပေးပြီးမှ ခြေလှမ်းသစ်တွေနဲ့ အကောင်းဆုံး ပြန်လည်စတင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင်း ဒီဇာတ်ကားလေးကနေလည်း သင်ခန်းစာတစ်ခု ရယူနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူက Treasure Htetပဲဖြစ်ပါတယ်…. File Size : 561MB | 1,3GB Quality : WEB-DL720p | 1080p Format…mp4 Duration…01:37:00 Genre : Thriller, Mystery, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ‌ Treasure Miri Encoded by Phyo Pyae

6.7 2023
A Day in Tongyeong
Marinette

CM ပရိတ်သတ်ကြီးတို့ကို ဒီတစ်ခါတင်ဆက်ပေးမှာကတော့ ပြင်သစ်အမျိုးသမီးဘောလုံးသမား မာရီနက်ပီရွှန်အကြောင်းရိုက်ကူးထားတဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်ဖြစ်ပါတယ်။ မာရီနက်ဟာ ယူအက်စ်မှာ ပရော်ဖက်ရှင်နယ်အဆင့်စာချုပ်ချုပ်ဆိုနိုင်ခဲ့တဲ့ ပထမဆုံးပြင်သစ်အမျိုးသမီးဘောလုံးသမားဖြစ်ပါတယ်။ ဒါ့အပြင် LGBTQတစ်ယောက်ဖြစ်ပြီးတော့ တရားဝင်လက်ထပ်ယူထားတဲ့ဇနီးနဲ့ သားလေးတစ်ယောက်ရှိပါတယ်။ သူ့ရဲ့ဘောလုံးသမားဘဝအစပိုင်းက လွယ်ကူခဲ့တာတော့မဟုတ်ပါဘူး။ သူ့ရဲ့ငယ်ဘဝဟာ အရက်သမားအဖေရဲ့အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် အတော်စိတ်ညစ်စရာကောင်းခဲ့တာပါ။ ကံကောင်းတာကတော့ သူ့အမေက သူ့အိပ်မက်ကိုအားပေးပေးခဲ့ပါတယ်။ ကျောင်းပွဲတွေမှာ ယောက်ျားလေးအသင်းထဲဝင်ကစားခဲ့ရာကနေ Saint-Memmie Olympique အမျိုးသမီးဘောလုံးအသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲ့ကနေ သူ့ရဲ့ဘောလုံးအားကစားသမားဘဝအစပြုခဲ့တယ်လို့ဆိုရမှာပါပဲ။ သူ့ခေတ်သူ့အခါတုန်းက ပြင်သစ်ဟာ အမျိုးသမီးဘောလုံးအားကစားကို သိပ်အရေးမထားပေးခဲ့ပါဘူး။ မာရီနက်ဟာ ၂၀၀၇ခုနှစ်မှာ ဘောလုံးအားကစားလောကကနေ အနားယူသွားခဲ့ပါတယ်။ သူ့ကို အာဂပြင်သစ်အမျိုးသမီးဘောလုံးသမားအဖြစ် သတ်မှတ်ထားကြဆဲပါပဲ။ ပြင်သစ်အမျိုးသမီးဘောလုံးသမားတွေအကြောင်း သေချာရိုက်ပြထားတာဖြစ်လို့ ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…History, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ngwe Zin

0 2023
Marinette
[18+] Wanted: Girlfriend
5.5

အသီနာနဲ့အက်ဆယ်တို့ဟာ တစ်ချိန်မှာလက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ ချစ်သူတွေပါ။ ဒါပေမယ့်လည်း နေရာမရွေးအချိန်မရွေးထန်ချင်လွန်းတဲ့ အက်ဆယ်ကိုသည်းမခံနိုင်တဲ့အဆုံး အသီနာက အဆက်ဖြတ်သွားခဲ့ပါတယ်။ ကာလတစ်ခုကြာလာပြီး နှစ်ယောက်သားကိုယ့်ဘ၀နဲ့ကိုယ် move on စပြုနေတဲ့အချိန်မှာမှ သူတို့နှစ်ယောက် ပြန်ဆုံဖြစ်ကြရင်း အရင်လိုခံစားချက်တွေ အသစ်တဖန်ဖြစ်ပေါ်လာတဲ့အခါ..။ အရင်ဇာတ်ကားတွေမှာနေရာသိပ်မရခဲ့တဲ့ Shiena Yu ဆိုတဲ့မင်းသမီးအသစ်လေးနဲ့ Reina Castillo ဆိုတဲ့ တစ်ကားမှမရိုက်ဖူးသေးတဲ့အသစ်စက်စက်လေးကိုအဓိကဇာတ်ဆောင်အဖြစ်စင်တင်ပေးထားတဲ့ဇာတ်ကားပါပဲ။မြည်းစမ်းကြည့်ကြပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_00:49:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Science Fiction • Action • Adventure
5.5 2024 48 mins
[18+] Wanted: Girlfriend
Harakiri
8.6

Harakiri ( 1962 ) =============== ဟာရခိရိက ဘယ်လိုရုပ်ရှင်မျိုးလဲဆိုရင် ကျွန်တော်တော့ ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ ဖြေမိမှာပဲ။ Harakiriဟာ ကြည့်ဖူးသမျှ ရုပ်ရှင်တွေထဲ ကျွန်တော့်အတွက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်တစ်ကားဖြစ်ခဲ့တယ်။ ဟာရခိရိဆိုတဲ့ဂျပန်စကားရဲ့ အဓိပ္ပာယ်က ဝမ်းဗိုက်ကိုခွဲတယ်ဆိုတဲ့ အဓိပ္ပာယ်။ ပြောရရင် ဆာမူရိုင်းတွေ ရိုနင်တွေ အခမ်းအနားနဲ့ ဝမ်းဗိုက်ကိုခွဲပြီး သတ်သေခြင်းကို ဆိုလိုတာ။ အဲဒီအခမ်းအနားကိုတော့ Seppukuလို့ခေါ်တယ်။ ဆာမူရိုင်းတွေရဲ့ သိက္ခာကို ဖော်ပြနည်းတစ်မျိုးပေါ့။ ကီနူးရိဗ်ရဲ့ 47 Ronin နောက်ဆုံးခန်းက ဟာရခိရိလုပ်တဲ့အခန်းကို တော်တော်များများရင်းနှီးပြီးသားဖြစ်ကြမှာပဲ။ ဒါပေမဲ့ အမြဲတမ်း ဟာရခိရိက သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ရဲ့လားဆိုတာကို ဒီဟာရခိရိရုပ်ရှင်က မေးခွန်းထုတ်ပြီး ဒီဟာရခိရိရုပ်ရှင်ကပဲ ဟာရခိရိရဲ့ ဂုဏ်ကို ပြန်အဖတ်ဆည်ပေးသွားတယ်။ ဟာရခိရိဟာ ကျွန်တော်ကြည့်ဖူးတဲ့ ဘယ်ဆာမူရိုင်းကားနဲ့မှ မတူတဲ့တစ်ချက်က ကြည့်နေတဲ့လူကိုပါ ရှက်အောင်လုပ်နိုင်တဲ့အချက်ပါပဲ။ ဒီအချက်အတွက် ဒါရိုက်တာ Masaki Kobayashi ရဲ့ တင်ပြပုံကို ချီးကျူးရမှာပါပဲ။ Masaki Kobayashiဟာ ဟာရခိရိအပြင် Kwaidanတို့ The Human Condition ၃ကားတို့ Samurai Rebellionတို့ကိုလည်း ရိုက်ခဲ့တယ်။ ဟာရခိရိကို တစ်ချို့ ဂျပန်ရုပ်ရှင် ပရိသတ်တွေကတော့ Seven Samuraiထက် ကောင်းတဲ့ ဆာမူရိုင်းကားလို့ပြောကြသလို အကောင်းဆုံးဆာမူရိုင်းရုပ်ရှင်တွေထဲက တစ်ကားလို့တော့ လူတိုင်းပြောကြတယ်။ ပြောကြတာလည်း မလွန်ပါဘူး။ ဇာတ်ကို တငွေ့ငွေ့ချင်း ရုပ်လုံးပေါ်အောင် ပုံဖော်သွားပုံဟာ လှပလွန်းတယ်။ ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်ဟာ အဲဒိုခေတ်လို့ ခေါ်တဲ့ တိုခုဂါဝခေတ်။ ရှိုးဂန်းလို့ခေါ်တဲ့ စစ်နယ်ရှင်တွေ နယ်မြေအသီးသီးကို အုပ်ချုပ်ကြတဲ့ ခေတ်။ ၁၆၀၃မှာ စခဲ့တဲ့ တိုခုဂါဝခေတ်မှာ ရှိုးဂန်းတွေ အိမ်တော်တွေကြား တိုက်ပွဲတွေများခဲ့ပြီး ပြိုလဲသွားတဲ့ အိမ်တော်တွေလည်း မနည်းခဲ့ဘူး။ အခုရုပ်ရှင် ဇာတ်အိမ်တည်ရာ ၁၆၃၀ခုနှစ်မှာတော့ သခင်မဲ့ ငတ်ပြနေတဲ့ ဆာမူရိုင်းတွေ တော်တော်များနေခဲ့ပြီ။ တစ်ချို့လည်း သခင်သေကတည်းက ဟာရခိရိလုပ်ပြီးကြပြီ ။ ဇာတ်ကတောာ့ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ပေးဖို့ အဲဒီနယ်ကို လက်ရှိအုပ်စိုးနေတဲ့ာ အဲယိအိမ်တော်ကို လာပြောတဲ့ ဟန်ရှိရိုဆုဂုမိုဆိုတဲ့ ဆာမူရိုင်းတစ်ယောက်နဲ့စတယ်။ အိမ်တော်အရှင်ဟာ ငတ်လို့ ဟာရခိရိလုပ်ဖို့ တောင်းဆိုလာတဲ့ သူတွေကို တကယ်မသေရဲပဲ ပေးစာကမ်းစာယူပြီး ပြန်သွားချင်လို့ လာတာလို့ မှတ်ယူထားတယ်။ ရှေ့မှာလည်း သာဓကတစ်ခုရှိခဲ့ပြီးပြီကိုး။ ဒီတော့ သူက ဆုဂုမိုကို အိမ်ထဲခေါ်ပြီး လုပ်ဖို့သေချာလားမေးတယ် ဟိုက သေချာတယ်ပြောတော့ ဆန္ဒမစောနဲ့ဦးဆိုပြီး ရှေ့က ဟာရခိရိလုပ်ဖို့ တောင်းဆိုခဲ့ဖူးတဲ့ ဆာမူရိုင်းတစ်ယောက်ရဲ့ ဇာတ်လမ်းကို ပြောပြတယ်။ အဲဒီလူနာမည်က မိုတိုမဲ ချိဂျိဝိ။ တစ်ခုသောနေ့မှာ မိုတိုမဲချိဂျိဝလို့ခေါ်တဲ့ ရိုနင်တစ်ယောက်ဟာ သခင်သစ်လည်းရှာမရသလို ဆင်းရဲငတ်မွတ်ခေါင်းပါးခြင်းဒဏ်ကို မခံနိုင်တော့လို့ ဟာရခိရိလုပ်ခွင့်ပေးဖို့ ခွင့်တောင်းဖို့ အဲယိအိမ်တော်ကို ရောက်လာတယ်။ အကြီးအကဲတွေဟာ ငွေပေးပြီးလွှတ်လိုက်ရင်လည်း နောက်ထပ်လာတဲ့လူတွေနည်းမယ်မထင်ဘူး။ အိမ်တော်လည်း သိက္ခာကျတယ်လို့ ယူဆတယ်။ ဒီတော့ သူတို့ဟာ စစချင်း မိုတိုမဲကို ရေမိုးချိုးပြီး ဝတ်ကောင်းစားလှလဲစေတယ်။ မိုတိုမဲစိတ်ထဲတော့ ဒီလူတွေ သူ့ကိုပေးမသေဘဲ ပေးသင့်ပေးထိုက်တာပေးမယ်လို့ ထင်ခဲ့တယ်။ အိမ်တော်အကြီးအကဲတွေက မိုတိုမဲရဲ့ ဓား၂ချောင်းကို စစ်ကြည့်တော့ ၂ချောင်းလုံးက ဝါးဓားတွေ ဖြစ်နေတယ်။ ဆာမူရိုင်းတစ်ယောက်ဟာ ကိုယ့်ဓားနဲ့ပဲကိုယ် ဟာရခိရိလုပ်ရတာဆိုတော့ ဒီကောင် သတ္တိနည်းပြီး တို့ဟူးလှီးလို့တောင်မပြတ်တဲ့ ဝါးဓားနဲ့ ရောက်ချလာတယ်လို့ သတ်မှတ်လိုက်ကြတယ်။ တော်တော်လည်းအထင်သေးခဲ့ကြတယ်။ သူရဲဘောကြောင်တဲ့ ဆာမူရိုင်းလို့သတ်မှတ်ပြီး စက်ဆုပ်ရွံရှာခဲ့ကြတယ်။ ဒါပေမဲ့လည်း သူ့ဝါးဓားနဲ့ပဲ သူ့ကို ဟာရခိရိလုပ်ခိုင်းခဲ့တယ်။ ဟာရခိရိလုပ်တယ်ဆိုတာ ကိုယ့်ဓားနဲ့ကိုယ်က ဝမ်းကိုပဲ ခွဲပြီး နောက်ကအကူတစ်ယောက်က အသက်ထွက်သက်သာအောင် ခေါင်းကို ခုတ်ဖြတ်ပေးရတယ်ဆိုပေမဲ့ ဝါးဓားနဲ့ သူ့ကိုယ်သူ မချိမဆန့်ထိုးနေရတဲ့ မိုတိုမဲကိုတော့ အဲဒီအိမ်တော်က ဆာမူရိုင်းတွေက မသက်ညှာခဲ့ဘူး။ ခုတ်လိုက်ပါတော့လို့ ပြောနေပေမဲ့ မခုတ်ခဲ့ဘူး။ နောက်ဆုံး မိုတိုမဲဟာ လျှာကိုက်ပြီး သေသွားခဲ့တယ်။ သူ့သတင်းဟာလည်း နှစ်ရက်အတွင်း အဲဒီနယ်တစ်ခွင်လုံးကို ပျံ့သွားခဲ့တယ် ။ သူရဲဘောကြောင်တဲ့ ဝါးဓားဆာမူရိုင်းဆိုပြီး နာမည်တွင်သွားခဲ့တယ်။ အဲယိအိမ်တော်က အကြီးအကဲဟာ ဆုဂုမိုကို ဒီဇာတ်လမ်းပြောပြပြီး တိတ်တိတ်လေး ပြန်သွားလိုက်တော့ ပြောပေမဲ့ ဆုဂိုမိုကတော့ အခမ်းအနားလုပ်ဖို့ကိုပဲ စိုင်းပြင်းနေတယ်။ သူ့ပုံစံကလည်း သေဖို့လာတာပေမဲ့ တည်ငြိမ်အေးဆေးမှု အပြည့်ပဲ။ သူ့ပုံစံကို မြင်ရုံနဲ့ သူ့စိတ်ဆုံးဖြတ်ချက်က ခိုင်မာပြီးသားဆိုတာ ကျွန်တော်တို့မြင်နေရတယ်။ အေးစက်ပြီး ရှိန်ချင်စရာကောင်းတဲ့ ဒီဆုဂုမိုဇာတ်ကောင်ကို သရုပ်ဆောင်ပေးထားတာက Tatsuya Nakadai။ ကူရိုဆာဝါရဲ့ Ranတို့ Yojimboတို့ Sanjuroတို့ နောက် အခုကားကိုရိုက်တဲ့ မာစခိ ခိုဘယရှိ Kwaidanတို့ Human Condition တို့အပါအဝင် တကယ့်ဂန္တဝင်ကာားကြီးတွေချည်းရိုက်ခဲ့တဲ့ ဂန္တဝင်မင်းသားကြီးပဲ။ Ranမှာလည်း သူအိုကြီး ရူးသွားတဲ့ပုံစံဟာ တော်တော်လေး အသက်ဝင်ခဲ့လို အခုလည်း သေရတော့မယ့်အချိန်မှာတောင် အေးစက်ပြီး တည်ငြိမ်နေတဲ့ ဆုဂုမိုဇာတ်ကောင်ဟာ လုံးဝအသက်ဝင်နေခဲ့တယ်။ ဒီတော့ တားမရတဲ့အဆုံး အကြီးအကဲက အခမ်းအနားလုပ်ပေးတယ်။ ဆုဂိုမိုဟာ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနဲ့ပဲ တောင်းဆိုချက်တွေလုပ်ရင်း အဲယိအိမ်တော်အကြီးအကဲရဲ့ ဒေါသကိုဆွရင်း သူ့ဘက်က ပြောပြချင်တဲ့ ဇာတ်လမ်းကို တဖြည်းဖြည်းချင်း ရုပ်လုံးပေါ်အောင် ပြောပြလာတယ်။ မိုတိုမဲချိဂျိဝဆိုတဲ့ ဝါးဓားဆာမူရိုင်းရဲ့ တကယ့် အဖြစ်မှန်ကိုပေါ့။ အမှန်ပြောရရင် စစချင်း မိုတိုမဲချိဂျိဝကို ဒါရိုက်တာပုံဖော်ထားတဲ့ ပုံစံမှာ ကြည့်ရှုသူ ကျွန်တော်ကိုယ်တိုင်လည်း မိုတိုမဲကို တော်တော်အထင်သေးသွားခဲ့တယ်။ ဇာတ်ရဲ့ ရုပ်လုံးပေါ်လာတဲ့အချိန်မှာတော့ မိုတိုမဲကို အထင်သေးခဲ့တဲ့ ကျွန်တော်ရဲ့ အဆုံးဖြတ်စောမှု မသိနားမလည်မှုကို ရှက်လာရတယ်။ ဆုဂုမိုရဲ့ ဇာတ်လမ်းရုပ်လုံးပေါ်လာလေ ဆုဂိုမိုရဲ့ စကားလုံးတွေ ထိရှလာလေလေ ကျွန်တော့်အတွက် ရှက်ဖို့ကောင်းလာလေပဲ။ ဒါရိုက်တာဟာ ကြည့်ရှုသူကို ဒီလိုအခြေအနေရောက်အောင် ကြည့်ရှုသူတွေပါ မိုတိုမဲကို အဆုံးဖြတ်စောမိအောင် ခင်းကျင်းထားပုံရပါတယ်။ တကယ်လည်း အဲယိအိမ်တော်ကလူတွေနဲ့အတူ ကြည့်ရှုသူတွေပါ ရှက်စိတ်ဝင်လာအောင် လုပ်နိုင်ခဲ့တယ်။ ဟာရခိရိဟာ ကျွန်တော် ဘယ်တော့မှ မမေ့မယ့် ရုပ်ရှင်တစ်ကားဖြစ်သွားခဲ့တယ်။ ဘယ်လိုရုပ်ရှင်လဲ မေးလာရင်လည်း သိပ်ကောင်းတဲ့ ဆာမူရိုင်းကား ဘာညာထက် ရှက်ဖို့အကောင်းဆုံးရုပ်ရှင်လို့ပဲ ဖြေမိမှာပဲ။ ဒါကလည်း ပိုမှန်နေတယ်။ ဟာရခိရိဟာ အကောင်းဆုံး ဆာမူရိုင်းရုပ်ရှင်ဆိုတဲ့ ဂုဏ်နဲ့တော့ တကယ်တန်ခဲ့ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ )

8.6 1962 135 mins
Harakiri
Art of the Devil 2
6

Art Of The Devil 2 (2005) ************************* IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းဆင်းပြီး ၂ နှစ်အကြာမှာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက်ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်… အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီးတစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်…တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ကလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးဖြစ်လာပါတယ်…ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်… File Size : 2.83GB / 1.02GB Quality : WEB-DL 1080p / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by TheintYT Encoded by Heather Oo

6 2005 102 mins
Art of the Devil 2
Teaching Mrs. Tingle

IMDb rating – 5.4 Rotten Tomato -19% Teaching Mrs. Tingle ဆိုတဲ့ကားလေးက ပေါ့ပေါ့ပါးပါး လူငယ် အထက်တန်း‌ ကျောင်းသား ကားလေး တစ်ကားပဲဖြစ်ပါတယ် လိတ်အန်း ဆိုတဲ့ ခပ်အေးအေး အဓိက ဇာတ်ကောင် ကောင်မလေးဟာ စာအရမ်းကြိုးစားပြီ ‌ကျောင်းသားထူးချွန်ဆု ကိုရယူနိုင်ဖို့ကြိုးစားနေသူပါ ၊ ဒီဆုကိုရနိုင်မှ သူဟာ ပညာသင်ထောက်ပံ့ဆုကို ရပြီး ဟားဗက် တက္ကသိုလ်ကို တက်ရောက်နိုင်မှာမလို့ပါ။ ဒါဟာ မွေးရပ်မြို့ကထွက်ပြီး ကျောင်းတက်ဖို့က သူမရဲ့ အိပ်မက်လိုပါပဲ ၊ သူ့အမေကိုလဲ ပြန်ငဲ့ရတဲ့သူမို့ စိတ်ဒါဏ်ရာတွေလဲရှိနေသူပါ ကျောင်းမှာ သူမရဲ့ အခက်အခဲဟာ အကျင့်ယုတ်လွန်းလို့ တစ်ကျောင်းလုံးရဲ့ ချဉ်ဖက် အဖြစ် သတ်မှတ်ခံထားရတဲ့ သမိုင်း ဆရာမ တင်ဂယ်ပါပဲ ၊ တင်ဂယ်က သူ့ကို မုန်းတယ် ၊မနာလိုဘူးပေါ့။ လိတ်အန်းက နောက်ဆုံးစာမေးပွဲမတိုင်ခင် လူချမ်းသာဖြစ်ပြီး အမြဲ အဆင့်တစ် ရနေတဲ့ကောင်မလေးကို ကျော်တက်ပြီး ပညာသင်ဆုကို ရအောင် ‌ကြိုးစားဖို့ တစ်ပတ်ပဲ အချိန်ရပါတော့တယ် အဲ့လိုနဲ့ သမိုင်းဆရာမ တင်ဂယ်ရယ် ၊ လိတ်အန်း ၊သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း နဲ့ ကောင်လေး တစ်ယောက်စတဲ့ သူတွေကြားမှာ ပြဿနာတစ်ခုတက်ပြီး အထင်လွဲမှုတွေ ဖြစ်လာပါတယ် အိမ်မက်တွေအတွက်အရာရာပေးဆပ်ထားပြီး အပျက်ဆီး မခံနိုင်တဲ့ လိတ်အန်းလည်း ရွေးချယ်စရာ မရှိတော့ပဲ ဘာဖြစ်ဖြစ်လုပ်မှရတော့မယ့်အခြေနေမှာ လိတ်အန်းနဲ့ သူ့သူငယ်ချင်း တို့တွေ ဘာတွေ ဆက်လုပ်ကြမလဲဆိုတာကို ပေါ့ပေါ့ပါးပါး ခံစားကြည့်ရမယ့် အမျိုးစားလေးပဲဖြစ်ပါတယ် File size…(2.3 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kafka

Family • Fantasy • Adventure • Drama
0 1999
Teaching Mrs. Tingle
Komang
7.8

Komang (2025) ချစ်ရပါသော ကိုမန် Indoတေးရေးတေးဆို ရမ်လာအိုဒီနဲ့ သူ့ရဲ့ဇနီးချောလေး အာဒီတို့ရဲ့ ဖြစ်ရပ်မှန်အချစ်ဇာတ်လမ်းလေးကို အရိုးရှင်းဆုံးသရုပ်ဖော်ထားတဲ့ Docudramaဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဘာသာမတူတဲ့လူငယ်နှစ်ယောက်ကြားက သိပ်ကိုရိုးရှင်းပြီး နူးညံ့တဲ့ အချစ်တစ်ခု ဘယ်လိုပေါက်ဖွားလာမလဲ ရှုစားကြပါဦး။ Stand-up comedianပေါက်စ ရမ်လာအိုဒီဟာ ရည်မှန်းချက်ကြီးတဲ့လူငယ်လေးတစ်ယောက်၊ သူ့အိပ်မက်ကလည်း အနုပညာရှင်ကြီးတစ်ယောက် ဖြစ်ချင်တာပါ။ ဒီလိုနဲ့တစ်နေ့မှာ ရမ်လာအိုဒီတစ်ယောက် ဘာလီကနေပြောင်းလာတဲ့ ကိုမန်အာဒီဆိုတဲ့ကောင်မလေးကိုတွေ့ပြီး လူငယ်သဘောသဘာဝ စိတ်ဝင်စားမိပြီး ရင်ထဲပန်းတွေပွင့်လာတာပေါ့။ ဒီလိုနဲ့ အိုဒီတစ်ယောက် အာဒီကိုပိုးပန်းရင်းနဲ့ သူတို့ကြားမှာ သံယောဇဉ်တွေတိုးလာသလို ရင်ခုန်သံတွေလည်း ပိုလို့လာတာပေါ့။ အချစ်ဆိုတဲ့အရာက သိပ်ကိုလှပပေမဲ့ ဘဝကိုတစ်ခုကို အတူတည်ဆောက်ဖို့ ရည်ရွယ်ပြီဆိုရင်တော့ ဖိအားတွေဝင်လာတော့တာပေါ့။ အဲဒီအပြင် တစ်ယောက်ကမွတ်စလင် တစ်ယောက်ကဟိန္ဒူ ဘာသာကလည်းမတူပြန်တော့ နောင်ရေးကိုရင်လေးတာကတစ်ဖက်၊ ဘာသာခြားနေလို့ မိသားစုဖိအားတွေကတစ်ဖုံနဲ့ အခက်အခဲတွေကြားက အိုဒီက အာဒီအပေါ်ထားတဲ့ သူ့ရဲ့အချစ်တွေကို ဘယ်လိုသက်သေပြခဲ့လဲဆိုတာ ရှုစားရအောင်ပါ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM B teamမှပဲဖြစ်ပါတယ်)

Romance • Drama
7.8 2025
Komang