YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Art of Negotiation 2025 E02 1080p TVING WEB-DL [RMC].mp4

1.28 GB 1080p video/mp4 4 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Four's a Crowd
6.5

ဒီနေ့တင်ဆက်ပေးမှာကတော့ စပိန်ခရီးသွား ဟာသကားလေးဖြစ်ပါတယ်။ ဟူလီယန်က အသက်၅၀ အရွယ် ရုံးဝန်ထမ်း တစ်ယောက်ဖြစ်ပါ။ မိန်းမနဲ့ ကွာရှင်းထားပြီး ငွေကြေးလိုအပ်ချက်အရ Application တစ်ခုမှာ ပို့စ်တင်ပြီး လူသုံးယောက်နဲ့အတူ ကားမျှစီးလေ့ရှိပါတယ်။ သူ ကြိတ်ခိုက်နေရသူလေးကတော့ ပုံမှန်ခရီးသည် ကောင်မလေး လော်ရယ်နာပါ။ လော်ရယ်နာကတော့ အသက် ၂၉ နှစ်အရွယ် ခပ်မိုက်မိုက်ကောင်မလေးပါ။ မက်ဒရစ်မှာ အလုပ်လုပ်ပြီး ပိတ်ရက် အမေနဲ့ အဖေဆီ ပြန်ရတာ ပင်ပန်းလို့ စိတ်ညစ်နေသူပါ။ လော်ရယ်နာနဲ့ ဟူလီယန်အတူ ကားမျှစီးကြတာ ခြောက်လလောက်ရှိပါပြီ။ လော်ရယ်နာလေးနဲ့ အေးအေးဆေးဆေး ခရီးသွားရဖို့ ဟူလီယန်တစ်ယောက် ကားအတူစီးဖို့ ခပ်ဝဝ ရုပ်ဆိုးဆိုး ယောကျ်ားလေးတွေကိုပဲ သေချာ ရွေးတင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတတ်လေတော့….. တစ်ရက်မှာ ဝမ်းကွဲအစ်ကိုရဲ့ ပရိုဖိုင်သုံးပြီး ကားပေါ်လိုက်လာတဲ့ ခပ်မိုက်မိုက်ကောင်လေး ဆာရ်ဂီယိုကြောင့် ပြဿနာ စတက်ပါတော့တယ်။ ဟူလီယန်နဲ့ ခရီးသွားဖော် သုံးယောက် မက်ဒရစ်ကို သွားတဲ့လမ်းတစ်လျှောက် ဘာတွေလွဲကြ ခွါကြပြဲကြဦးမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦးနော် File size…(1.6 GB)/(940 GB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama
6.5 2022 99 mins
Four's a Crowd
In The Quarry
5.6

In the Quarry (2019) =============== ဇာတ်လမ်းအစ သူငယ်ချင်းနှစ်ယောက်နဲ့ အတွဲတစ်တွဲက စွန့်ပစ်ထားတဲ့ ကျောက်မိုင်းကျင်းတစ်နေရာကို အပန်းဖြေခရီးထွက်ကြပါတယ်…… မြို့နဲ့ ၁၀ ကီလိုမီတာကျော်ဝေးပြီး ဘယ်သူမှမလာကြတဲ့အတွက် သူတို့ လေးယောက်အတွက်တော့ အေးဆေးအပန်းဖြေလို့ရတဲ့ နေရာပါပဲ။ အာလီနဲ့ ဘရူနိုတို့က ချစ်သူတွေဖြစ်ကြပြီး အာလီက သူ့ရဲ့ငယ်သူငယ်ချင်း မာတင်နဲ့ နောက်ကွယ်မှာ ဖောက်ပြန်နေကြတာပါ။ ဒီကိစ္စကို ဘရူနိုသိသွားတဲ့ အချိန်မှာတော့….အာလီနဲ့ ဘရူနိုတို့ ပြန်အဆင်ပြေပါ့မလား၊ မာတင်နဲ့ ဘရူနို တို့ရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှူရမှာဖြစ်ပါတယ်။ Drama, Thriller ဇာတ်လမ်းမျိုးကြိုက်နှစ်သက်သူများအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)

Drama
5.6 2019
In The Quarry
High School Serenade / Gita Cinta Dari SMA
8.3

High School Serenade / Gita Cinta Dari SMA (2023) ဆယ်ကျော်သက်လူငယ်ဘဝကို ပြန်ရောက်သွားသလိုခံစားရမယ့် အင်ဒိုနီးရှား လူငယ်အချစ်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ အထက်တန်းကျောင်းသားဘဝ ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦးနဲ့တွေ့ခဲ့ရပြီး လွဲခဲ့ရတဲ့လူတွေအတွက် ခံစားချက်နဲ့တိုက်ဆိုင်နိုင်လောက်မယ့် Drama ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ ကျောင်းပြောင်းလာတဲ့ ကျောင်းသူလေး Ratna တစ်ယောက် ကျောင်းအသစ်မှာ စာတော်ပြီး အေးစက်စက်နေတတ်တဲ့ Gahli ဆိုတဲ့ ကျောင်းသားလေးနဲ့တွေ့ပြီး အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။ မိဘအသိုင်းအဝိုင်း အဆင့်အတန်းတွေမတူညီတော့ Ratna ရဲ့ အဖေက သဘောမတူဘဲ အတင်းလိုက်ခွဲတဲ့အချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလိုက်ကြပါနော်။ MDb ကလည်း 8.3 ရထားတာမို့ ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်မိပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p File size… 1.3GB | 671MB Format… mp4 Duration…. 1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron

8.3 2023
High School Serenade / Gita Cinta Dari SMA
Carnage
7.1

Carnage ( 2011) Genre _ Comedy – Thriller ဒီတစ်ခါတော့ IMDb 7.1/10 အထိ ရရှိထားပြီးတော့ အ ထင်ကရရုပ်ရှင် Titanic ထဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Kate Winslet ပါဝင်ထားတဲ့ ရုပ်ရှင်ကားကို CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ တစ်နေ့မှာ ကလေးနှစ်ယောက် ရန်ဖြစ်ခဲ့တဲ့အတွက် သူတို့ရဲ့ နှစ်ဖက်မိဘတွေက တွေ့ဆုံပြီး ပြဿနာကို ဖြေရှင်းဖို့ကြိုးစားကြပါတယ် ဒါပေမဲ့လည်း အားလုံး သိကြတဲ့အတိုင်း ပြဿနာဆိုတာမျိုးက ဖြစ်ဖို့လွယ်သလောက် ရှင်းဖို့တော့ ခက်ခဲတဲ့အမျိုးပါ ကလေးမိဘတွေ စုဝေးပြီးတော့ပြဿနာကို ဖြေရှင်းဖို့ကြိုးစားရာကနေ ဘယ်လိုအလွဲတွေဖြစ်လာပြီးတော့ သူတို့တွေ အခြေအနေကို ဘယ်လို‌ကျော်လွှားကြမလဲဆိုတာကို ဒီဇာတ်ကားလေးထဲမှာ ဟာသနှောပြီး ကြည့်ရှုနိုင်မှာပဲ ဖြစ်ပါတယ် File size… 1.1 GB / 489 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Drama, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by So

7.1 2011
Carnage
Friday After Next
5.8

Friday After Next (2002) IMDb-5.8 ဇာတ်လမ်းအညွှန်း ခရစ္စမတ်ကာလလည်း နီးနေပြီဆိုတော့ ခရစ္စမတ်အငွေ့အသက်လေး ခံစားနိုင်ဖို့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။ စန်တာကလော့စ်ဆီက လက်ဆောင်ရဖို့ ဆုတောင်းရတဲ့အချိန်တွေကို ပြန်တွေးမိကြဦးမလား။ ကဲ ဒီဇာတ်လမ်းကတော့ ထူးခြားသွားပါပြီ။ စန်တာဘိုးဘိုးကြီးဆီက လက်ဆောင်ရဖို့ ဝေးသေး၊ စန်တာဘိုးဘိုးကြီးက ပစ္စည်းတွေ လိုက်လုနေလို့ပါပဲ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ညီအကိုနှစ်ယောက်က မိဘတွေနဲ့ ခွဲပြီး တိုက်ခန်းမှာ နေနေကြပါပြီ။ ခရစ္စမတ်မတိုင်ခင် တစ်နေ့အလို သောကြာနေ့မှာ သူတို့အိမ်ကို သူခိုးကပ်ပါတယ်။ သူခိုးကတော့ စန်တာကလော့စ်ဝတ်စုံဝတ်ပြီး ခိုးတဲ့ကောင်ပါတဲ့။ သူတို့ရဲ့ သောကြာနေ့ ပြဿနာလေး ဒီကစပါပြီ။ ခရစ်ဂ်နဲ့ ဒေးဒေးတို့ ပစ္စည်းတွေ အကုန်ပါသွားတဲ့အပြင် အိမ်ငှါးခပေးရမယ့် ငွေတွေပါ ပါသွားတယ်။ ခရစ္စမတ်လက်ဆောင်တွေလည်း မရှိတော့ဘူး၊ အိမ်ငှါးခလည်း ပေးရတော့မယ်၊ ခရစ္စမတ်ပါတီပွဲလေးလည်း ကျင်းပချင်ကြသေးတယ်၊ စန်တာကလော့စ်သူခိုးကိုလည်း ဖမ်းရဦးမယ်။ ဒါနဲ့ သူတို့နှစ်ယောက် သူတို့မိသားစုဘာဘီကျုဆိုင်ရှိတဲ့ မောလ်တစ်ခုမှာ လုံခြုံရေးအစောင့် ဝင်လုပ်ကြပါတယ်။ လုံခြုံရေးလုပ်နေရင်း ဘာတွေကြုံရဦးမလဲပေါ့။ သောကြာနေ့လေးမှာ ညီအကိုနှစ်ယောက် ဘယ်လိုဂယက်တွေ ဖန်တီးကြဦးမလဲ၊ သူတို့ဆန္ဒတွေ ပြည့်ကြပါ့မလား… ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ “Friday” series မှာ သုံးကားမြောက်အနေနဲ့ ထွက်ရှိထားတဲ့ ဟာသဇာတ်လမ်းလေး ဖြစ်ပါတယ်။ Christmas theme songလေးတွေ ခံစားရင်း ရယ်မောပျော်ရွှင်ဖို့ တင်ဆက်ပေးလိုက်ပါပြီ။ File size… 3 GB / 1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

Horror • Thriller
5.8 2002 85 mins
Friday After Next
27 Steps of May
7.9

27 Steps of May (2019) ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။ စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။ အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။ ၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ အဲဒီနေ့ အဲဒီအချိန်မှာပဲ သူ့ဘဝရဲ့ရှင်သန်မှုအဓိပ္ပာယ်တွေ ရပ်တန့်သွားခဲ့ပါပြီ။ အဖေဖြစ်သူနဲ့ စကားပြောတာလည်း မရှိတော့ဘဲ နေ့စဉ်လုပ်နေကျ အလုပ်တွေကိုပဲ ထပ်တလဲလဲလုပ်ရင်း သူမရဲ့ကမ္ဘာလောကကြီးကို ပိတ်လှောင်လိုက်ပါတော့တယ်။ ပန်းမပွင့်တော့တဲ့အပင်တစ်ပင်လို နေ့စဉ်ဘဝကို အဓိပ္ပာယ်မဲ့ဖြတ်သန်းနေတာကို ဘေးကနေ ဘာမှမပြောဘဲ ကြည့်နေရတဲ့ မေရဲ့အဖြစ်သူ လက်ဝှေ့သမား၊ ကိုယ်တိုင်က ကြမ်းကြမ်းရမ်းရမ်းလက်ဝှေ့သမားပေမဲ့ ဒီသမီးလေးတစ်‌ယောက်ကိုတောင် သေချာမကာကွယ်နိုင်ဘူးဆိုတဲ့အပြစ်တင်စိတ်နဲ့ မွန်းကြပ်နေရတဲ့သူ၊ သမီးလေးကို ရင်ဖွင့်စေချင် စကားပြောစေချင်ပေမဲ့ စကား‌မပြောခိုင်းရက်တဲ့ အဖေတစ်ယောက်ရဲ့ မွန်းကြပ်မှုတွေနဲ့ နေ့ရက်တိုင်းရှင်သန်နေရတဲ့သူတစ်‌ယောက်ပါပဲ။ ကိုယ့်ကိုယ်ကိုယ်အားမလိုအားမရဖြစ်နေတဲ့ ရင်ထဲပြည့်ကြပ်နေတဲ့ခံစားချက်တွေကို လက်ဝှေ့ကြိုးဝိုင်းမှာ သွားသွားပေါက်ကွဲနေတဲ့သူပေါ့။ ၈ နှစ်တာကာလသာကြာမြင့်သွားတဲ့ မေနဲ့သူ့အဖေကတော့ လွန်ခဲ့တဲ့ ၈ နှစ်က မုဒိမ်းကျင့်ခံရတဲ့ညမှာပဲ ရှင်သန်နေကြဆဲပါပဲ။ ဒီလိုနဲ့ နံရံကနေထွက်နေတဲ့ ပိတ်စတစ်စကို ဆွဲမိရာကနေ ဘေးအိမ်နဲ့မေရဲ့အခန်းကြားမှာ အပေါက်ဖြစ်သွားပြီးတော့ ၈ နှစ်တာကာလကြာအပြီးမှာ နေ့တိုင်းပုံသေဖြစ်နေတဲ့ မေရဲ့ဘဝထဲကို မထင်မှတ်ထားတဲ့ အရာတစ်ခုအဖြစ် မျက်လှည့်ဆရာလေး ရောက်လာပါတော့တယ်။ အဲဒီနောက်မှာတော့…… Heart touching Dialogue တွေလည်းမပါ ဘာမှထူးခြားတဲ့Sceneတွေမပါဘဲ အတော်လေးရိုးရှင်းတဲ့ပုံစံနဲ့ ပုံဖော်ထားပေမဲ့ ကြည့်ရှုသူကို မေနဲ့သူ့အဖေရဲ့ခံစားချက်တစ်စိတ်တစ်ပိုင်းကို တန်းပြီးတော့ခံစားမိသွားစေတဲ့အထိ၊ အင်ဒိုရုပ်ရှင်မှဟုတ်ရဲ့လားလို့တောင် တွေးမိသွားစေတဲ့အထိ Emotionally densed ဖြစ်တဲ့ ဒီရှားပါးရုပ်ရှင်လေးကို CMပရိသတ်တို့ ခံစားလို့ရအောင် တင်ဆက်လိုက်ပြီမလို့ Rape victim နဲ့ မိသားစုဝင်‌တွေရဲ့ဒုက္ခကို တစ်စိတ်တစ်ပိုင်းအားဖြင့် စာနာနိုင်ဖို့အတွက် ကြည့်ရှုခံစားကြည့်ဖို့ တိုက်တွန်းလိုက်ရပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 593MB Format… mp4 Duration…. 1h 52mim Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

7.9 2019
27 Steps of May
Stir of Echoes: The Homecoming
4.5

Stir of Echoes: The Homecoming (2007) ============================= တက်ဒ်ကိုဂန်ဟာ စစ်ပြန်တစ်ယောက်ဖြစ်ပြီးစစ်ပွဲမှာ သူ့ဆုံးဖြတ် ချက်အမှားကြောင့် ဒေသခံတစ်မိသားစုလုံး မီးလောင်သေဆုံးခဲ့တဲ့ ကိစ္စနဲ့ စိတ်ဖိစီးမှုဝေဒနာခံစားနေရသူပါ။ အဲ့ဒီစိတ်ဒဏ်ရာကို ပိုပြီး မီးလောင်ရာလေပင့်စေတဲ့ဖြစ်ရပ်ကတော့ အိမ်ပြန်ရောက်ကတည်း က သူ့နားမှာ အရိပ်လိုလိုက်နေတဲ့ မီးလောင်သေဆုံးထားပုံရတဲ့ တစ္ဆေတစ်ကောင်ပါပဲ။ အဲ့ဒီကိစ္စကိုရောက်တတ်ရာရာအဖြေရှာစုံစမ်းရင်း ဝိဉာဉ်တွေကိုမြင် နိုင်တဲ့ ဂျိတ်ခ်ဝစ်ဇ်ကီးဆိုတဲ့လူနဲ့တွေ့ဆုံခဲ့ပါတယ်။ အဲ့ဒီလူရဲ့အဆိုအရ ဒီဝိဉာဉ်ဟာ သူ့ကိုဖြေရှင်းပေးစေချင်တဲ့ ကိစ္စတစ်ခုရှိနေပြီး အဲ့ဒါကို အချိန်မှီဖြေရှင်းမပေးနိုင်ရင် သူနဲ့တကွတစ်မိသားစုလုံးကိုရန်ရှာတော့ မယ်ဆိုတာကိုသိလိုက်ရပါတယ်။ အဲ့ဒီတိုင်းပဲ ဝိဉာဉ်ရဲ့ခြောက်လှန့်မှု တွေက ပိုမိုကြမ်းတမ်းလာခဲ့ပြီး သူနဲ့သူ့ပတ်ဝန်းကျင်ကို အန္တရာယ်ပြု လာတဲ့အထိဖြစ်လာတဲ့အခါမှာတော့..။ Stir of Echoes ရဲ့နောက်ဆက်တွဲကားဆိုပေမယ့် တွမ်ရဲ့သားဂျိတ်ခ်က ဝိဉာဉ်တွေမြင်နိုင်တဲ့ ပုဂ္ဂိုလ်အဖြစ်ပြန်လည်ပါဝင်ထားတာကလွဲလို့ အဆက်အစပ်မရှိလို့ တစ်ကားတည်းကြည့်လို့လည်းအဆင်ပြေတဲ့ဇာတ် ကားပါ။ပထမဇာတ်ကားလိုပဲ underrated ဖြစ်နေတဲ့ horror ဇာတ်ကား ကောင်းတစ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.54 GB) / (516 MB) Quality…………BLU-RAY L 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Horror, Mystery, Thriller Translator…….Alias Encoder……….SWM

Romance • Family • Drama
4.5 2007 89 mins
Stir of Echoes: The Homecoming
The Inventor
5.9

The Inventor က ၂၀၂၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ Matt Berry, Stephen Fry စသူတွေ ပါဝင်အသံသရုပ်ဆောင်ထားတဲ့ ဒီဇာတ်ကားမှာဆိုရင် 1500 ခုနှစ် ဝန်းကျင် ခေတ်လွန်ပညာရှင် လီရိုနာဒိုဒါဗင်ချီရဲ့ ဘဝနှောင်းပိုင်း အကြောင်းတွေ သူ့ဘဝမီးစာကုန်ခနီးအချိန်တွေမှာ ဘယ်လိုရုန်းကန်မှုတွေ ရင်ဆိုင်ခဲ့ရလဲ ဘာတွေကို ရှာဖွေနေခဲ့တာလဲ သူနောက်ဆုံးမှာရော အောင်မြင်သွားမှာလား စတာတွေကို သူ့ဘဝအကြောင်း လေ့လာရင်း စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ် File size…1.58GB / 717MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

5.9 2023 92 mins
The Inventor
Tall Tales from the Magical Garden of Antoon Krings

Tall Tales from the Magical Garden of Antoon Krings (2017) အသွင်သစ်နဲ့ အမြင်ဆန်းမယ့် ပိုးကောင်ကမ္ဘာကို တစ်ခါလောက်အလည်သွားကြရအောင်… ပိုးကောင်လေးတွေမှာလည်း နေ့ထွက်ပိုးကောင်ရှိသလို ညဘက်မှာမှထွက်ကြတဲ့ပိုးကောင်လေးတွေလည်း ရှိကြတယ်မလား? အဲ့ဒီလို နေ့နဲ့ညကွဲနေလို့လည်း ပိုးကောင်လေးတွေကခွဲခြားဆက်ဆံခံရတာတွေရှိပါသတဲ့။ ဇာတ်လိုက်ကျော်ကတော့ ပန်းဉယျာဉ်လေးကို အသက်ဝင်အောင် ကာကွယ်ပေးနေတဲ့ ပျားအုံဘုရင်မ မက်ဂွါရီလေးပါ။ ပျားဘုရင်မတို့တာဝန်အတိုင်း လုပ်သားပျားတွေကို စောင့်ရှောက်ရတယ်။ ပျားရည်ထုတ်လုပ်တဲ့နေရာမှာ စီစဉ်ရတယ်။ ပျားအကောင်ပေါက်လေးတွေကိုလည်း ပြုစုရတယ်။ တာဝန်တွေအရမ်းများလွန်းပြီး လွတ်လပ်မှုတွေဆုံးရှုံးရတာကြောင့် သာမာန်ပိုးကောင်လေးပဲ ဖြစ်ချင်ပါတယ်ဆိုပြီး အမြဲတမ်းဆုတောင်းနေခဲ့သူပါ။ တစ်နေ့မှာ နယ်လှည့်အနုပညာရှင် နှံကောင်လေးတစ်ကောင် မက်ဂွါရီတို့ ဥယျာဉ်ထဲကို ရောက်လာပါတယ်။ သူစိမ်းပိုးကောင်ရောက်လာလို့ အားလုံးက သတိနဲ့နေကြပေမယ့် ဝင်ဒီလို့ခေါ်တဲ့ နကျယ်ကောင်ကတော့ နှံကောင်လေးနဲ့ အပေးအယူလုပ်ဖို့ ချည်းကပ်ခဲ့ပါတယ်။ ပျားပိတုန်းတွေနေထိုင်တဲ့ ဥယျာဉ်ထဲမှာ နကျယ်ကောင်နဲ့နှံကောင်တို့ ဘယ်လိုအပေးအယူလုပ်ခဲ့ကြလဲ ? ပိုးကောင်တို့ကမ္ဘာကရော ကိုယ်တွေထင်သလို ရိုးရှင်းကြရဲ့လားဆိုတာကို ဘဝအမောတွေဖြေရင်း အားလပ်ရက်မှာ အေးအေးဆေးဆေးလေး ကြည့်လိုက်ကြရအောင်နော်… File size… 1 GB / 491 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 1h 28m Genre ….. Animation, Adventure, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by JoJoVa

0 2017 87 mins
Tall Tales from the Magical Garden of Antoon Krings
18×2 Beyond Youthful Days
6.6

CM ချစ်ပရိသတ်တို့ကို ဒီနေ့ ဂျပန်-ထိုင်ဝမ် ဖက်စပ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်.. ထိုင်ဝမ်မင်းသားချောလေး Greg Hsu က အဓိကဇာတ်ဆောင်အနေနဲ့ ပါဝင်ရိုက်ကူးထားတဲ့အပြင် Michieda Shunsuke ကလည်း ဧည့်သရုပ်ဆောင်အဖြစ် ပံ့ပိုးကူညီထားပါသေးတယ်… ဇာတ်လမ်းအကျဉ်းလေးပြောပြရမယ်ဆိုရင်တော့ ထိုင်ဝမ် အိုင်တီပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျင်မီဟာ ကုမ္ပဏီတွင်း ပြဿနာတွေဖြစ်ပြီး ကုမ္ပဏီကနားပြီး တစ်ကိုယ်တော် ခရီးထွက်မယ်ဖြစ်လာခဲ့တယ်… ဒီလိုနဲ့ ဂျပန် ဖူခူရှီမာကို ခရီးထွက်ဖို့ဖြစ်လာတဲ့ ဂျင်မီစိတ်ထဲမှာ လွန်ခဲ့တဲ့ ၁၈ နှစ်ကတည်းက တင်ရှိနေတဲ့ အစိုင်အခဲလေးတစ်ခုရှိပါတယ်… သူ့နာမည်က အာမီတဲ့… သူအထက်တန်းကျောင်းသားအရွယ်မှာ သူရှိတဲ့ ထိုင်ပေကို တစ်ယောက်တည်းလာခဲ့တဲ့ ခရီးသွားဂျပန်မလေးပေါ့… အာမီနဲ့ ဆုံရတဲ့အကြောင်းအရင်းကတော့ အာမီတစ်ယောက် ပိုက်ဆံအိတ်ပျောက်ပြီး… ထိုင်ဝမ်မှာနေဖို့စရိတ်မရှိသလို ဂျပန်ပြန်ဖို့လည်း စရိတ်မတတ်နိုင်တော့လို့ အလုပ်ရှာရင်း… ဂျင်မီအလုပ်လုပ်တဲ့ အချိန်ပိုင်းအလုပ်မှာ အလုပ်လာလျှောက်ရင်းဆုံတာပေါ့… အားလုံးမှန်းမိမှာပါ ဂျင်မီတစ်ယော်က အာမီကို စိတ်ဝင်စားခဲ့တယ်… အချစ်ဦးလို့ပြောရလောက်အောင် ကြိုက်ခဲ့တယ်.. ဒါပေမယ့် ဖွင့်ပြောခွင့်မရဘဲ အာမီတစ်ယောက် ဂျပန်ပြန်သွားခဲ့တယ်… ၁၈ နှစ်အရွယ်မှာလွဲခဲ့တဲ့ အာမီကို ၃၆ နှစ်အရွယ်ဂျင်မီတစ်ယောက် ပြန်ရှာနိုင်မလားဆိုတာ ဇာတ်လမ်းအဆုံးသတ်လေးက ပြောပြပါလိမ့်မယ်…

Drama • Romance
6.6 2024
18×2 Beyond Youthful Days
She’s the Man
6.4

She’s the Man (2006) IMDb Rating (6.4) ဆီဘက်ရှန်းနဲ့ ဗိုင်အိုလာက အမွှာဖြစ်ပြီး ရုပ်တွေကအစတူပေမယ့် ဆီဘက်ရှန်းက ယောကျာ်းလေးဖြစ်ပြီးတော့ ဗိုင်အိုလာက မိန်းကလေးပါ။ ဗိုင်အိုလာက မိန်းကလေးဆိုပေမယ့် ဘောလုံးကန်တာ ဝါသနာကြီးပြီး ကျောင်းအသင်းမှာ ကန်ခွင့်ရဖို့က သူမရဲ့အိမ်မက်ပါ။ ဒါပေမယ့် သူတို့ကျောင်းက ဘောလုံးအသင်းမှာ ယောက်ကျားလေးတွေပဲ ကန်ရမယ် မိန်းကလေးတွေ မပါရဘူးဆိုတော့ ဗိုင်အိုလာတစ်ယောက် ယောက်ကျားလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ စွန့်စားပါတော့တယ်။ ဒါကတော့ သူ့အမွှာ ဆီဘက်ရှန်းယောင်ဆောင်ပြီး ယောက်ကျားလေးအဆောင်မှာ သွားနေပြီး ဘောလုံးကန်ဖို့ပါပဲ။ အဆောင်မှာ သူမနဲ့အတူနေရမယ့် အခန်းဖော်က ဂျူ့တဲ့ …သူကလဲ ယောက်ကျားလေးအခန်းဖော်ပဲထင်ပြီး နှလုံးသားရေးရာကစလို့ ဖွင့်ပြောတိုင်ပင်မိတဲ့အခါမှာတော့….ဗိုင်အိုလာနဲ့ ဂျူ့တို့ဘာဆက်ဖြစ်ကြမလဲ… ဗိုင်အိုလာရဲ့ ကျောင်းအသင်းမှာ ယောကျာ်းလေးတွေနဲ့ တန်းတူဘောလုံးကန်ခွင့်ရဖို့ဆိုတဲ့ အိမ်မက်ကရော တကယ်ဖြစ်လာနိုင်ပါ့မလားဆိုတာ…။ မင်းသား Channing Tatum က ဂျူ့အဖြစ်ပါဝင်ထားပြီး မင်းသမီး Amanda Bynes က ဗိုင်အိုလာအဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားက Amanda Bynes ရဲ့ မာစတာပိစ်လို့ဆိုနိုင်ပြီး ဒီထဲမှာ သူမရဲ့သရုပ်ဆောင်စွမ်းရည်တွေ တကယ်ပီပြင်ပါတယ်။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ ဒီရုပ်ရှင်ကားလေးကိုမကြည့်ရသေးရင် ကြည့်ဖို့တိုက်တွန်းပါတယ်… ကြည့်ဖူးသမျှ Teen Comedy ဇာတ်ကားတွေထဲမှာတော့ အတော်လေးအကြိုက်ပိုမိတဲ့ဇာတ်ကားပါ။

Drama
6.4 2006
She’s the Man
Welcome Wedding
5.5

Welcome Wedding (2024) မင်္ဂလာပွဲ ဒီတစ်ခါတင်ဆက်ပေးမယ့်ဇာတ်ကားကတော့ ဘောလိဝုဒ်ပရိသတ်ကြီးတို့ ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဟာသအချစ်ဇာတ်လမ်းတစ်ခုဖြစ်ပါတယ်ဗျ။ ဒီကားမှာတော့ မင်းသားဖြစ်သူပရမ်းဟာ အမေရိကမှ ပညာသင်ပြီးပြန်လာတဲ့ သူဌေးသားလေးဖြစ်ပါတယ်။ သူ့အဖေဟာ သားအပေါ်က မျှော်လင့်ချက်ကြီးလွန်းပြီး ပြန်လာတာနဲ့ကုမ္ပဏီကိုလွှဲပေးဖို့ပြင်နေသူပါ။ ဘုန်းတော်ကြီးတစ်ပါးရဲ့ဟောပြောချက်အရ ပရမ်းရဲ့ပထမဆုံးခြေလှမ်းဟာ ကုမ္ပဏီမှာဖြစ်မှ ကြီးပွားတိုးတက်မယ်လို့ တစ်ထစ်ချယုံကြည်ထားပေမဲ့ သားတော်မောင်က ရုံးကိုမလာဘဲ အိမ်ပြန်သွားလို့ စိတ်ဆိုးနေပါတယ်။ ပရမ်းကတော့ လူငယ်ပီပီ ဟောပြောချက်ကိုမယုံကြည်တာကြောင့် အဖေနဲ့သားကြားမှာ အလောင်းအစားတစ်ခုလုပ်ခဲ့ကြပါတော့တယ်။ ဘယ်လိုအလောင်းအစားလုပ်ပြီး ဘယ်လိုအခြေအနေအခက်အခဲတွေတွေ့ရမလဲ.. ဘယ်လိုလှည့်ကွက်တွေလာမလဲဆိုတာကိုတော့ ဇာတ်လမ်းတလျှောက်ကြည့်ရှုခံစားပေးပါဦးဗျာ။ ( ဘာသာပြန်နဲ့အညွှန်းကတော့ CM Bollywood Team မှ ရေးသားထားပါတယ် )

Action • Adventure
5.5 2024
Welcome Wedding
Dragon Seduction
5.5

တရုတ်နတ်ကားတွေကို ကြိုက်နှစ်သက်တဲ့ CM ရဲ့ပရိသတ်တွေအတွက် ပေါ့ပေါ့ပါးပါးကြည့်ရအောင် နဂါးမင်းသားကားလေးကို ဘာသာပြန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- လွန်ခဲ့တဲ့ နှစ်တစ်ထောင်က နဂါးမင်းကြီးဟာ နတ်ဆိုးဝင်သွားတဲ့ ညီလေးဖြစ်သူယဲ့ရင်းကို မိစ္ဆာနိုင်ဓားအကူအညီနဲ့ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပြီး လောက ၃ ပါးငြိမ်းချမ်းစေခဲ့ပါတယ်။ နှစ်တစ်ထောင်ကြာပြီးနောက် ဟောက်ရီးရဲ့ သားဖြစ်သူ ဖုရှီးက အရပ်ပြည်သူတွေ ဆင်းရဲနေတာကို ကြည့်ရက်လို့ ရွှေနဂါးအစွမ်းသုံးပြီး ရွှေမိုးငွေမိုး ရွာပေးခဲ့ပါတယ်။ အဲဒီရွှေနဂါးအစွမ်းရဲ့ သက်ရောက်မှုကြောင့် ယဲ့ရင်းကို ပိတ်လောင်ထားတဲ့ အကျဉ်းထောင်က လျော့ရဲသွားပြီး ယဲ့ရင်းတစ်ယောက် လွတ်မြောက်သွားပါတယ်။ လွတ်မြောက်သွားတဲ့ ယဲ့ရင်းကို ပြန်ဖမ်းဖို့အတွက် ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာပုံတော်ထွက်ရပါတော့တယ်။ မိစ္ဆာမြို့မှာ ကမာမိစ္ဆာမလေး ပိုင်ယိရဲ့ အကူအညီတွေကို ရခဲ့ပြီး သူတို့နှစ်ယောက် အချိန်တိုအတွင်းမှာပဲ သံယောဇဉ်တွေ ညှိတွယ်သွားခဲ့ပါတယ်။ ဖုရှီးတစ်ယောက် မိစ္ဆာနိုင်ဓားကို ရှာတွေ့နိုင်မလား…… ဘယ်လို ဘေးအန္တရာယ်မျိုးတွေနဲ့ ကြုံတွေရမလဲ…… ဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ရအောင်နော်။

Horror
5.5 2025
Dragon Seduction