YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The American Society of Magical Negroes 2024 - 720p [RMC].mp4

672.03 MB N/A video/mp4 12 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Something Borrowed
6.3

Rom-com မင်းသမီးကြီး Kate Hudson ရဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းလေးကတော့ ငယ်စဥ်ကတည်းက ခွဲမရအောင် ချစ်ခင်ရင်းနှီးကြတဲ့ ရေချယ်နဲ့ ဒါစီ အနေအေးတဲ့ ရေချယ်နဲ့ ပွင့်လင်းပျော်ပါးစွာ နေတတ်တဲ့ ဒါစီတို့ သူငယ်ချင်းနှစ်ယောက်ကြားထဲကို ဒက်ခ်စ် လို့ခေါ်တဲ့ ခပ်မိုက်မိုက်ကောင်လေးတစ်ယောက် ရောက်လာတဲ့အခါ... တစ်ယောက်ကို တစ်ယောက် သဘောကျနေပေမယ့် သူငယ်ချင်းအဆင့်က မတက်ကြတဲ့ ရေချယ်နဲ့ ဒက်ခ်စ်... လက်သွက်တဲ့ ဒါစီ့လက်ထဲကို ဒက်ခ်စ် ပါသွားပြီး လက်ထပ်ဖို့အထိ ဖြစ်လာတဲ့အခါ... လက်ထပ်ပွဲမတိုင်ခင် ပါတီပွဲတစ်ပွဲမှာ ဒက်ခ်စ်နဲ့ ရေချယ် အရက်မူးပြီး ခံစားချက်တွေ ပွင့်ထွက်ကာ နှစ်ယောက်အတူ အိပ်မိသွားကြတဲ့အခါမှာတော့... ကိုယ့်ချစ်သူကိုပဲ ရအောင် ယူမလား သူငယ်ချင်းကိုပဲ ဦးစားပေးမလား ဆိုတာ ရယ်မောဖွယ် ပေါ့ပေါ့ပါးပါး ကြည့်ရှုရမယ့် သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် File size…2.11 GB / 805 MB Quality…Blu-Ray 1080p 5.1CH/ 720p Format…mp4 Duration….1h 52m Genre ..... Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phoebe

Adventure • Animation • Family • Fantasy
6.3 2011 112 mins
Something Borrowed
Brotherhood
5

ငယ်ငယ်က ကြားဖူးတဲ့ ကျေးညီနောင်ပုံပြင်လေးကို မှတ်မိကြသေးရဲ့လား.. မုန်တိုင်းကြောင့် အသိုက်ကနေလွင့်ပြီး တစ်နေရာစီ ရောက်သွားကြတဲ့ ကျေးညီနောင်လေးဟာ တစ်ကောင်ကအဖြူဘက် တစ်ကောင်က အမည်းဘက် ဒုစရိုက်ခြမ်းနဲ့ သုစရိုက်ခြမ်း တစ်ကွဲတစ်ပြားစီ ရောက်သွားခဲ့ကြရတာလေ... ဒီ IMDB 8.1/10 ရရှိထားတဲ့ နိုင်ဂျီးရီးယား crime-action thrillerကားလေး Brotherhood (2022)ကလည်း အလားတူ အခြေအနေမျိုးကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်.. "ဇာတ်လမ်းအကျဉ်း" ငယ်စဉ်က နှစ်သစ်ကူးညမှာ ဓားပြတိုက်ခံခဲ့ပြီး မိဘနှစ်ပါးလုံး ဆုံးပါးသွားခဲ့တာကြောင့် ဝါလေ နဲ့ အာကင်းတို့ အမြွှာညီအစ်ကိုနှစ်ယောက်ဟာ နေ့ချင်းညချင်း မိဘမဲ့အဖြစ်ကိုရောက်ရှိသွားခဲ့ရပါတယ်.. မိဘမဲ့ဂေဟာရောက်သွားတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်မှာတော့ လီဂိုပြည်နယ်ရဲ့ လမ်းမများပေါ်မှာ အသက်ရှင်ရပ်တည်ဖို့ကြိုးစားရင်း အရွယ်ကြီးရင့်လာတဲ့အခါမှာတော့ တစ်ယောက်တစ်လမ်းစီ လျှောက်ဖြစ်ခဲ့ကြပါတော့တယ်.. အဖြူ အမည်း လားလားကြီးကို ဆန့်ကျင်နေတဲ့ ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်စွာ ဝါလေက ရဲအရာရှိဖြစ်၊ အာကင်းက ထောင်ကို အိမ်ဦးနဲ့ ကြမ်းပြင်လိုကူးနေတဲ့ ဒုစရိုက်သမားဖြစ်ခဲ့တာကြောင့် တဇောင်းစေးနဲ့ မျက်ချေးလို တစ်ယောက်နဲ့တစ်ယောက်ကြည့်မရ ဖြစ်နေကြတော့တာပေါ့.. ဒီလိုနဲ့ တစ်နေ့မှာတော့ ဝါလေလိုက်နေတဲ့ ရာဇဝတ်မှုထဲ အာကင်းက တရားခံတွေထဲကတစ်ယောက်ဖြစ်နေတာကို သိလိုက်ရတဲ့အခါမှာတော့... အလုပ်နဲ့ ညီအစ်ကိုသံယောဇဉ်ကြား ဝါလေတစ်ယောက် ဘယ်အရာကိုရွေးချယ်မှာလဲ.. အာကင်းကရော ဘယ်လိုဖြစ်ပြီး အဲဒီရာဇဝတ်မှုကြီးထဲ ပါသွားခဲ့တာလဲ.. နှစ်ယောက်သား ထိပ်တိုက်တွေ့ကြတဲ့အခါ ခါတိုင်းလို အသေအလဲ သတ်ကြမလား.. သွေးက ရေထက်ပျစ်တယ်ဆိုတဲ့ စကားအတိုင်းပဲ အလျှော့ပေး လက်နက်ချကြမလား.. ဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Emilyပဲဖြစ်ပါတယ်) File size…(3.14GB)  / (1.29GB) / (974MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….02:00:00 Genre...Action / Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Horror
5 2022 120 mins
Brotherhood
Jane Got a Gun
5.8

ဒီရုပ်ရှင်ကို ဘာကြောင့်တင်ဆက်ဖြစ်သလဲဆို တစ်အချက် နာတာလီ ပေါ့တ်မန်း၊ နှစ်အချက် နာတာလီ ပေါ့တ်မန်း၊ သုံးအချက် နာတာလီ ပေါ့တ်မန်းပါပဲ။ ပေါ့တ်မန်းဟာ ငယ်ငယ်ကတည်းကကို Léon: The Professional လို မာစတာပိစ်ရုပ်ရှင်ကားမှာ အဓိကနေရာက ပါဝင်သရုပ်ဆောင်နိုင်ခဲ့တဲ့ သူဖြစ်ပြီး V for Vendetta တို့ Heat တို့ Jackie တို့လို တကယ့်ကားကောင်းတွေမှာပါခဲ့သလို Black Swan နဲ့လည်း အော်စကာရထားတဲ့ မင်းသမီးတစ်လက်ပါပဲ။ ခုထိကို တကယ့်မင်းသမီးကောင်းတစ်လက်ဖြစ်နေသေးသလို ဒါကလည်း သူအဓိကနေရာက ပါတဲ့ ရုပ်ရှင်ဆိုတော့ မကောင်းမှာ ပူစရာမရှိဘူးပေါ့။ ပေါ့တ်မန်းအပြင် နောက်ထပ်အကြောင်းရင်းတွေကတော့ The Great Gatsby မှာပါခဲ့တဲ့ တွမ်ဘူချာနန်မင်းသား Joel Edgerton နဲ့ ကျွန်တော်သိပ်ချစ်တဲ့ သိပ်နှစ်လိုဖွယ်ကောင်းတဲ့ ရုပ်ခံနဲ့ Ewan McGregor တို့ပါပဲ။ အီဝန်ဟာ သိပ်ချစ်ဖို့ကောင်းတဲ့ မင်းသားဖြစ်သလို ကျွန်တော်သိသလောက် သူပါဝင်သမျှအားလုံး အတော်လေး နွေးထွေးတဲ့ရုပ်ရှင်တွေပါပဲ။ ဒီကားထဲမှာ ထူးတာကတော့ ဘူချာနန်အနေနဲ့ အတော်စမြင်ကတ်ဖို့ ကောင်းခဲ့တဲ့ Joel က လူကောင်းအဖြစ်သရုပ်ဆောင်ထားပြီး Ewan ကတော့ လူဆိုးနေရာက သရုပ်ဆောင်ထားပါတယ်။ ဇာတ်ညွှန်းရေးတဲ့ထဲ Joel လည်းပါပါတယ်။ တော်တော်တော့စားပါတယ်။ Ewan ကိုဆို မမှတ်မိနိုင်လောက်အောင်ပါပဲ။၊ သို့ပေမဲ့ သရုပ်ဆောင်ကောင်းပြီးသား ဆရာတွေဆိုတော့ ပြဿနာတော့မရှိခဲ့ပါဘူး။ ဇာတ်ကတော့ အနောက်ပိုင်းမှာအခြေတည်ထားတဲ့ ကောင်းဘွိုင်ဇာတ်ပါ။ ဆာဂျီယိုလီယွန်နီရဲ့ ရုပ်ရှင်တောင်ဆန်ပါတယ်။ ဆန်ဆို သူကလည်း ကောင်းဘွိုင် ဘိုးအေကြီးကိုး။ အနောက်ပိုင်း ရုပ်ရှင်ကြိုက်တဲ့လူတွေအတွက် မတရားမှုတွေ လက်စားချေမှုတွေ သေနတ်ပစ်ခန်းတွေ ဝေဝေဆာဆာနဲ့ ကြည့်ရမယ့် ခပ်ကြမ်းကြမ်း ကောင်းဘွိုင်ရုပ်ရှင်ပါပဲ။ နာတာလီပေါ့တ်မန်းရဲ့ ဇာတ်ကောင် ဂျိန်းဆိုတဲ့ ကောင်မလေးရဲ့ ယောက်ျားနောက်ကို ဘစ်ရှော့လို့ခေါ်တဲ့လူက လိုက်နေတယ်။ အဲဒီလူကပြောရရင်‌ ကောင်းဘွိုင်လူမိုက် ဖာခန်းထောင်ပြီး ကြီးပွားချင်တဲ့သူ။ ဂျိန်းယောက်ျားကလည်း သူ့လူဟောင်း။ ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းဖို့လုပ်နေတုန်း ဂျိန်းယောက်ျားက ကယ်ပြီး ထွက်ပြေးခဲ့ကြတာ။ သူတို့နောက်ကို ဘစ်ရှော့က လိုက်ရှာနေတယ်။ ဘစ်ရှော့က ဂျိန်းရဲ့ သမီးလေးကိုလည်း ဂျိန်းကို ပခြုပ်သည်ဇာတ်သွင်းတဲ့အချိန်မှာ သတ်ပစ်ခဲ့တယ်။ နောက်ကျ ဂျိန်းယောက်ျားကို သူတို့သေနတ်နဲ့ပစ်တာ ထိသွားတယ်။ ဂျိန်းက သူ့ယောက်ျားကို အားကိုးလို့မရတော့ သူ့ရည်းစားဟောင်းဆီက အကူအညီသွားတောင်းတယ်။ သူ့ရည်းစားဟောင်းကလည်း စစ်ပြန် သူရသတ္တိဆုတွေမနည်းရခဲ့တဲ့သူ။ ဒီလိုနဲ့ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက်နဲ့ သေနတ်မှန်ထားတဲ့လူတစ်ယောက်က ဒီကောင်းဘွိုင်လူမိုက်ဂိုဏ်းကြီးကို ထိပ်တိုက်ရင်ဆိုင်ကြတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 1.1GB, 630MB Quality - Blu-ray 1080p, 720p, 480p IMDb Rating - 5.9/10 Format - mp4 Duration - 1H 38Min Genre - Action, Drama, Western Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Fantasy
5.8 2015 98 mins
Jane Got a Gun
Escape from Alcatraz
7.5

အပြင်လောကမှာလူမိုက်တွေက "ထောင်အပြင်မှာ တန်းမရှိဘူးကွ"လို့ ကြွေးကြော်ရင်း မိုက်ဂုဏ်ပြလေ့ရှိပါတယ်။ ဟုတ်ကဲ့၊ ထောင်အပြင်မှာသာတန်းမရှိတာပါ။ ထောင်ထဲမှာတော့ တန်းလည်းရှိတယ်၊ တိုက်လည်းရှိတယ်၊ မိုက်ပေ့ဆိုတဲ့ငနဲတွေအထဲရောက်လာရင် ဦးကျိုးသွားအောင်ချိုးပြမယ့်သူတွေကလည်းအသင့်စောင့်နေတာပါ။ ဆရာကျော်မြသန်းတို့၊ ဆရာရန်အောင်မောင်မောင်တို့ရဲ့ဝတ္ထုတွေကိုဖတ်ရင်း ထောင်လောကအကြောင်း မြည်းစမ်းကြည့်ဖူးသူတွေအတွက်တော့ အခုတင်ပြမယ့်ဇာတ်ကားဟာ စွဲမက်ဖွယ်ရသအပြည့်ပေးပါလိမ့်မယ်။ ထောင်ဆိုတာဘာလဲ မသိသေးသူတွေအတွက်လည်း မြည်းစမ်းကြည့်သင့်ပါတယ်။ အလ်ကာထရက်ဇ်ဆိုတာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်နားက ကျောက်ဆောင်တွေပြည့်နေတဲ့ကျွန်းတစ်ခုပါ။ အစက စပိန်တွေပိုင်ခဲ့တယ်၊ သူ့နာမည်ကိုက ငှက်ကြီးဝန်ပိုကျွန်းလို့ စပိန်လိုခေါ်ရာကနေအမည်တွင်လာတာပါ။ အမေရိကန်ပိုင်ကျွန်းတစ်ခုဖြစ်လာပြီးတဲ့နောက် ၁၈၆၁ခုနှစ်မှာ အဲဒီကျွန်းကို စစ်ပြေးတွေ၊ သူပုန်တွေကိုအကျဉ်းချတဲ့နေရာအဖြစ်စအသုံးပြုခဲ့ပါတယ်။ ၁၉၃၄မှာတော့ ခေတ်မီအဆောက်အဦတွေနဲ့အတူ တစ်နိုင်ငံလုံးမှာ လုံခြုံရေးအတင်းကျပ်ဆုံးထောင်အဖြစ်နဲ့စတင်ခဲ့ပါတယ်။ အလ်ကာထရက်ဇ်ကို အဆိုးဆုံး၊ အကြမ်းဆုံးရာဇဝတ်ကောင်တွေထားတယ်ဆိုတာထက် စည်းကမ်းအဖောက်ဆုံးထောင်သားတွေပို့လေ့ရှိတယ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ သူတို့ကို တစ်ယောက်တစ်ခန်းစီခွဲပြီးချုပ်ထားတယ်။ အဲဒီနေရတဲ့အခန်းကလည်း အလျားဆယ်ပေ၊ အနံလေးပေခွဲသာကျယ်ပါသတဲ့။ တစ်နေ့ကို ၁၂ကြိမ်လူစစ်သတဲ့။ ထောင်ဝန်ထမ်းဦးရေကလည်း တခြားထောင်တွေမှာရှိတာထက် နှစ်ဆကျော်ကျော်ခန့်ထားတာပါ။ ဘယ်ထောင်သားမှ အလ်ကာထရက်ဇ်ထောင်ကို ဖောက်မပြေးနိုင်ဘူးလို့အဆိုရှိခဲ့ပါတယ်။ အဲဒီထောင်ထဲကို ၁၉၆၀ခုနှစ်မှာ ဖရန့်ခ်မောရစ်ဆိုတဲ့ ဦးနှောက်ကောင်းကောင်းရှိတဲ့ အကျဉ်းသားတယောက် ထောင်ပြောင်းလာပါတယ်။ လွတ်မြောက်ရာလမ်းကိုကြံစည်ရင်း သူရလာတဲ့ ရန်သူတွေ၊ ဖွဲ့မိတဲ့မိတ်ဆွေတွေအကြောင်း၊ အဲဒီကာလမှာ အားကောင်းနေဆဲဖြစ်ခဲ့တဲ့အသားအရောင်ခွဲခြားမှုအငွေ့အသက်တွေအပါအဝင် မဖြစ်နိုင်တာကိုဖြစ်အောင်လုပ်ပြဖို့ ခဲခဲယဉ်းယဉ်း အားထုတ်ရပုံအကြောင်းတွေကို ဇာတ်ကားကြည့်ရင်းနဲ့ ခံစားနိုင်ကြမှာပါ။ ဖရန့်ခ်တို့တစ်စု တကယ်ပဲလွတ်မြောက်သွားကြသလားဆိုတာကတော့ မေးခွန်းထုတ်စရာပါပဲ။ ကလင့်အိစ်ဝုဒ်ရဲ့ သရုပ်ဆောင်ပုံကိုအသည်းစွဲခဲ့ကြတဲ့ လူကြီးပိုင်းပရိသတ်တွေအကြိုက်တွေ့မှာသေချာပါတယ်။ လူငယ်တွေအတွက်လည်း Rating ကောင်းတွေရထားတဲ့ ဂန္တဝင်ဇာတ်ကားတစ်ခုကိုကြည့်ရတာထိုက်တန်မှာပါ။ - " Some men are destined never to leave Alcatraz... alive. " - "တချို့က အလ်ကာထရက်ဇ်ကနေဘယ်တော့မှမလွတ်မယ့်ကံပါလာတတ်တယ်၊ အသေထွက်ပဲထွက်ရတာပေါ့" (ဇာတ်ကားနဲ့အညွှန်းကို Thaman Myint မှ ပြန်ဆိုရေးသားပေးထားပါတယ်) Size - 2.7GB, 1.34GB, 620MB Quality - Bluray 1080p, 720p, 480p IMDb Rating - 7.6/10 Duration - 1hr 52mins Subtitles - Myanmar Hardsub Format - MP4 Genre - Action, Biography, Crime Translated by Thaman Myint Encoded by Y

Action • Crime • Drama • Thriller • Western
7.5 1979 113 mins
Escape from Alcatraz
Nothing Lasts Forever
7.1

ဒီတစ်ခါမှာတော့ ပရိသတ်ကြီးတို့အတွက် ဗဟုသုတ ရမယ့် documentary တစ်ခုနဲ့ မိတ်ဆက်ပေးပါမယ်။ Nothing Lasts Forever – ဘယ်အရာမှ ထာဝရ မတည်မြဲဘူးဆိုတဲ့ နာမည်ကြောင့် အချစ်ရေးရာ အဖြာဖြာရယ်တော့ မဟုတ်ရပါဘူး။ ဒီ Documentary ထဲမှာတော့ စိန်လုပ်ငန်းနယ်ပယ်မှာ ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေနဲ့ လုပ်ငန်းလှည့်ကွက်တွေအကြောင်းကို ကျွမ်းကျင်ပညာရှင်တွေက သုံးသပ်ပြထားတာ ဖြစ်ပါတယ်။ တစ်ခါတလေမှာ ကျွန်တော်တို့ customer တွေက ပစ္စည်းအကြောင်း သေချာမသိပါဘဲ လုပ်ငန်းရှင်တွေရဲ့ အလိမ်အညာတွေကြားထဲမှာ နစ်မြောပြီး ထုတ်ကုန်တစ်ခုကို ဝယ်ယူမိတတ်ကြပါတယ်။ လက်ဝတ်ရတနာ အဝယ်မှားရင်တော့ ပိုက်ဆံသိန်းချီ ဆုံးရှုံးရမယ့်ကိန်းပါ။ လက်ဝတ်ရတနာတွေကြားမှာ ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ထားတဲ့ စိန်ထည်က တကယ်ပဲ ပေးရတဲ့ ဈေးနဲ့ တန်နေရဲ့လားဆိုတာကို ဒီ documentary ထဲမှာ ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ စိန်တွေကို ဘယ်လိုထုတ်နေကြသလဲ၊ ဘယ်နေရာတွေမှာ သန့်စင်သိုလှောင်ပြီး ဘယ်လောက်ပမာဏတွေ ထုတ်ယူနေကြလဲဆိုတာကို သိရှိရမှာပါ။ အဓိကကတော့ သဘာဝတွင်းထွက်စိန်နဲ့ ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ စိန်တို့ကြားက ဈေးကွက်ယှဉ်ပြိုင်မှုတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းရှင်တွေဟာ သူတို့အကျိုးစီးပွားအတွက် customer တွေကို ဘယ်လိုထင်ယောင်ထင်မှားဖြစ်မှုတွေကြား လှောင်ပိတ်ထားပြီး အမြတ်ထုတ်နေသလဲဆိုတာကိုပါ သဘောပေါက်သွားစေမှာပါ။ စိန်တိုက်ပိုင်ရှင်တွေက သူတို့ရောင်းချတဲ့ စိန်တွေက စိန်အစစ်ပါလို့ အာမခံပေမဲ့ တကယ်ပဲ စစ်ရဲ့လားဆိုတဲ့ သံသယမျိုး ချန်ပေးခဲ့မယ့် Documentary ကောင်းတစ်ခုဖြစ်တာမလို့ ဗဟုသုတရချင်သူများ အထူးကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။ File size… 1.2 GB / 593 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

7.1 2022 87 mins
Nothing Lasts Forever
Everwinter Night

မက်ဒီနဲ့Vတို့သူငယ်ချင်းနှစ်ယောက်ဟာ အားလပ်ရက်ပိတ်ရက်မှာခရီးထွက်ဖို့စီစဥ်ထားကြပေမဲ့ မက်ဒီရဲ့အခြားသူငယ်ချင်းနှစ်ယောက်ကြောင့်မလို့ သူတို့အစကစီစဥ်ထားခဲ့တဲ့နေရာကိုမသွားဖြစ်တော့ဘဲ ဝေးလံခေါင်ဖျားတဲ့နေရာတစ်ခုက နှင်းလျှောစီးတဲ့တောင်ခြေနားကအိမ်တစ်လုံးကိုသွားဖြစ်ကြပါတယ် အဲ့မှာထူးဆန်းတဲ့လူချမ်းသာတစ်စုက သူတို့ရဲ့ရိုးရာပွဲတော်တစ်ခုကိုကျင်းပကြပါတယ် Vဟာရောက်စကတည်းက အဲ့အိမ်မှာတည်းခိုနေကြတဲ့လူတွေအားလုံးဟာ ပဟေဠိဆန်ပြီးတစ်ခုခုကိုလျှို့ဝှက်ထားတယ်လို့သံသယဝင်ခဲ့ပေမဲ့ သူငယ်ချင်းဖြစ်သူမက်ဒီကတော့မယုံကြည်ခဲ့ပါဘူး Vထင်နေတာတွေကမှန်နေမလား သူတို့ကျင်းပနေတဲ့ပွဲတော်ဆိုတာကရော ဘာအတွက်ကျင်းပတာဖြစ်မလဲ……. တကယ်တော့ဒီဇာတ်ကားက Horror Genreလို့ပြောထားပေမဲ့ တခြားဟော်ရာကားတွေလို ဇာတ်ရှိန်မြင့်မြင့်နဲ့သွားတာမျိုးမဟုတ်ဘဲ ဇာတ်အေးပုံစံမျိုးကြီးရိုက်ပြထားတာပါ နောက်ဆုံးပြီးခါနီးမှ ဇာတ်လမ်းရဲ့အဓိကအကြောင်းပါလာတာမလို့ Horror Vibe တော့အပြည့်အဝခံစားရမှာမဟုတ်ပါဘူး File size…(1.3 GB)/(550 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:45:00 Genre… Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane

0 2023
Everwinter Night
The New King of Comedy
6.3

ဒီဇာတ်ကားလေးကတော့ မင်းသားကြီး စတီဗင်ချောင်က ထုတ်လုပ်သူနဲ့ ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး IMDb 6.3 ရထားတဲ့ ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ပဲဖြစ်ပါတယ်..ဒီဇာတ်လမ်းလေးမှာ..သရုပ်ဆောင်အရမ်းဝါသနာပါပြီး အောင်မြင်တဲ့မင်းသမီးလေးဖြစ်ချင်တဲ့ကောင်မလေး ရှုမုံ့တစ်ယောက်ဟာ နှစ်တွေအကြာကြီးတိုင်အောင် ကြုံရာသရုပ်ဆောင်အဖြစ်လုပ်ခဲ့ရတာတောင် အောင်မြင်ဖို့ထားပါဦး..ငြင်းပယ်ခြင်းနဲ့အထင်သေးခြင်းတွေကိုသူ့မှာဆက်တိုက်ခံစားခဲ့ရတယ်..ဒ ါပေမယ့်သူမက ဘယ်တော့မှလက်လျော့ဖို့မကြိုးစားပဲ အမြဲတစေ တက်ကြွနေခဲ့တယ်..ဒီလိုနဲ့တရက်မှာရူမုံ့ဟာနာမည်ကျမင်းသား Marco နဲ့ရိုက်ကွင်းတခုမှာတွေ့ဆုံခဲ့ရာကနေ သူတို့၂ဦးရဲ့ကံကြမ္မာဘယ်လိုပြောင်းလဲသွားမလဲ..အနုပညာလမ်းကြောင်းရဲ့ ခက်ခဲပုံတွေ..လူအမျိုးမျိုးစိတ်အဖုံဖုံဆိုသလို အနှစ်အရသာရှိရှိနဲ့ ခံစားကြည့်ရှုရမှာဖြစ်ပါတယ်…မင်းသားကြီးစတီဗင်ချောင်ရဲ့ လက်ရာဆိုတဲ့အတိုင်း..ရသမြောက်တယ်လို့ခံစားမိပါတယ် Comedy လေးတွေလည်းပါတော့ ပိုပြီးပေါ့ပေါ့ပါးပါးလည်းဖြစ်ပါတယ်

6.3 2019
The New King of Comedy
The Mystery Of Lop Nur
5.9

ဒီတစ်ခါCMကနေတင်ဆက်ပေးမှာကတော့ Chinese Fantasy ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ရတနာသိုက်တူးသမားတစ်စုက ထူးဆန်းတဲ့မြေအောက်နန်းတော်တစ်ခုကိုဆင်းပြီး သိုက်တူးဖို့ကြိုးစားကြပါတယ်။ ထူးဆန်းတဲ့သတ္တဝါကြီးတွေတိုက်ခိုက်ခံကြရတယ်။ ထူးဆန်းတာကတော့အသက်ရှင်ကျန်သူတွေက အဲဒီအဖြစ်အပျက်တွေကိုမေ့သွားတာပါပဲ။ Lop Nur နယ်တစ်ဝိုက်မှာထူးဆန်းတဲ့ ဖြစ်ရပ်တွေမကြာခဏဖြစ်ပွားနေပါတယ်။ ရုတ်တရက် ရွှယ်ရှောင်းဆိုတဲ့မိန်းကလေးကလဲ ထူးဆန်းစွာပေါ်လာပါတယ်။ ရှီချူချီက ထူးဆန်းဖြစ်ရပ်တွေကိုစုံစမ်းဖို့ ချီကျီအဖွဲ့ကို တည်ထောင်စုံစမ်းဖို့ကြိုးစားတဲ့အခါမှာ သဘာဝလွန်ဖြစ်ရပ်တွေကြောင့်မဟုတ်ပဲ ဂြိုလ်သားတွေရဲ့လုပ်ရပ်ကြောင့်ဖြစ်ရတယ်ဆိုတာသိလိုက်ရပါတော့တယ်။ Lop Nur ရဲ့ထူးဆန်းဖြစ်ရပ်တွေရဲ့ အဖြေကဘာလဲဆိုတာတော့ အဆုံးထိအောင်ကြည့်ရှုအားပေးကြပါဦး။ ဒီဇာတ်ကားလေးမှာ ဂြိုလ်သားယဉ်ကျေးမှု၊ ခေတ်လွန်နည်းပညာစတဲ့ အကြောင်းအရာတွေ ပြချင်တာတွေများတော့ စဉ်းစားစရာတွေလဲများပါတယ်။ Sci- fiတွေရဲ့ထုံးစံအတိုင်းရှင်းလင်းအောင်မဖြေရှင်းပြနိုင်တာတွေလဲရှိပါတယ်။ အနောက်တိုင်းသိပ္ပံကားတွေကိုမယှဉ်နိုင်ပေမယ့် မတူတဲ့ရသတစ်ခုကိုတော့ရရှိစေမှာပါ။

Drama
5.9 2022
The Mystery Of Lop Nur
Blue Period
6.8

Blue Period (2024) IMDb – 6.7/10 Blue Periodဆိုတဲ့ မန်ဂါစီးရီးကို live-actionအနေနဲ့ ရိုက်ကူးပုံဖော်ထားပြီး Gordon Maedaတို Fumiya Takahashiတို အဓိကပါဝင်ထားပါတယ်။ ယာတိုရာဆိုတဲ့ အထက်တန်းကျောင်းသားတစ်ယောက်။ မိသားစုက အခြေခံလူတန်းစားဖြစ်ပြီး ဘ၀ကို ပေါ့ပေါ့ပါးပါးနေတတ်သူဆိုပေမဲ့ စာကြိုးစားတဲ့ကျောင်းသားတစ်ယောက်လည်းဖြစ်တယ်။ လုပ်စရာရှိတာ လုပ်လိုက်တယ်ဆိုတဲ့ပုံစံနဲ ပုံမှန်ဖြတ်သန်းနေတဲ့သူ။ အတန်းဖော်တစ်ယောက်ရဲ့ ပန်းချီကားကို ကြည့်မိလိုက်ရာကစ သူ ပန်းချီအနုပညာကိုချစ်မြတ်နိုးမှန်းခံစားသွားမိခဲ့တယ်။ ဒီလိုနဲ့ ဝင်ခွင့်အောင်ဖို အရမ်းခက်တဲ့ တိုကျိုအနုပညာတက္ကသိုလ်တက်ဖို ယာတိုရာတစ်ယောက် အသည်းအသန်ကြိုးစားပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Teamဖြစ်ပါတယ်)

6.8 2024 115 mins
Blue Period
Upon Open Sky A cielo abierto

IMDb – 6.2/10 မက္ကဆီကိုနယ်စပ်လမ်းမကြီးပေါ်မှာ ခရီးသွားနေကြတဲ့ လူငယ်လေးသုံးယောက်။ သုံးယောက်ထဲက နှစ်ယောက်ရဲ့စိတ်ထဲမှာတော့ ကားမတော်တဆမှုမှာ အဖေဖြစ်သူ သေဆုံးခဲ့ရတဲ့အတွက် တစ်ဖက်ကားသမားအပေါ် အမုန်းတရားတွေနဲ့။ သူတို့ခရီးစဉ်ကလည်း အဲဒီကားသမားကိုရှာဖို့၊ ပြီးရင် သတ်ပစ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့။ ခရီးစဉ်မှာ သူတို့တွေကြုံတွေ့ရတဲ့ အခက်အခဲတွေ…၊ သူတို့ရှာနေတဲ့လူကိုတွေ့ပြီး သူတို့ဆုံးဖြတ်ချက်အတိုင်းအကောင်အထည်ဖော်နိုင်မှာလားဆိုတာကို ဇာတ်လမ်းခပ်သွက်သွက်နဲ့ ခံစားချက်တစ်မျိုးတစ်မည်ကျန်ခဲ့အောင် ရိုက်ကူးပုံဖော်ထားတဲ့ စပိန်ဇာတ်လမ်းကောင်းလေးကို ခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Pyae Phyo

0 2024
Upon Open Sky A cielo abierto
C4 Cinta
6.2

C 4 Cinta 2025 ရွာလည်တဲ့ဖူးစာ ဒီနေ့မှာ တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့ ဒရာမာတွေအချိုးအကွေ့တွေကြားက သူငယ်ချင်းလေးယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖော်ပြထားတဲ့ မလေးဒရာမာလေးပဲဖြစ်ပါတယ်။ ထုံးစံအတိုင်း လူငယ်တွေကြားက အချစ်ဇာတ်လမ်းဖြစ်လို့ dramatic ဖြစ်သလို ဟာသတွေလည်းပါ အလွမ်းအဆွေးလည်းပါတဲ့ ရသစုံလင် romanceဇာတ်လမ်းလေးပေါ့။ ဟာရီနဲ့ဆိုနီယာတို့က သိပ်ချစ်ကြပေမဲ့ အယူသီးလွန်းတဲ့ဆိုနီယာအမေက ပြဿနာဖြစ်နေပါတယ်။ လက်ထပ်ပွဲအတွက်လေးပတ်ပဲလိုတော့တာတောင် ဇာတာမစစ်ရရင် လုံးဝသဘောမတူနိုင်တဲ့ယောက္ခမကြီးက အခုလည်း မော်လဒိုက်ဟန်းနီးမွန်းခရီးစဉ်အထိ ဝင်ပါပြီး ကန့်လန့်တိုက်နေသလိုဖြစ်နေပြန်တာပေါ့။ အယူ‌သီး တယူသန်တာကတစ်ဖက်၊ အရာရာ သူ့အမေအလိုကိုလိုက်နေတဲ့ဟာရီကို စိတ်ကုန်စပြုလာတဲ့ဆိုနီယာကတစ်ဖက်နဲ့ လက်ထပ်ခါနီးမှ စကားတွေများနေရင်း ဟာရီက မြေစာပင်ဖြစ်နေတာပေါ့။ တစ်ဖက်က ရူပီနီနဲ့ သာမီဇ်ကလည်း သာမီဇ်က အဖေနဲ့တွေ့စေချင် ရူပီနီကမတွေ့ချင် ဒီလိုနဲ့ ဒီနှစ်တွဲလည်းပြဿနာတွေထပ်ဖြစ်ကြပြီး အသည်းတွေထပ်ကွဲကြပြန်တာပေါ့။ ဒီမှာတော့ အသည်းကွဲနေတဲ့ရူပီနီက ဆိုနီယာကို ဟာရီဘက်ကိုလည်းကြည့်ပေးဖို့ ဟာရီရဲ့လေးစားမှုကိုအသိအမှတ်ပြုဖို့ ဖျောင့်ဖျရင်း အဆင်ပြေသရောင်ရောင်ဖြစ်သွားပါတယ်။ ဒီလိုနဲ့ ဟာရီနဲ့ဆိုနီယာတို့ ဖိတ်စာဝေဖို့သွားရင်း လမ်းမှာ ဟန်းနီးမွန်းအကြောင်း စကားစရာက ကတောက်ကဆဖြစ်ကြပြီး ယာဉ်မတော်တဆဖြစ်သွားတဲ့အခါမှာတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM B Teamမှပဲဖြစ်ပါတယ်)

Thriller • Horror • Action
6.2 2025
C4 Cinta
Dutiful Son
6.7

Dutiful Son (2022) ******************** IMDb… 6.7 ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါးပါး ဇွန်ဘီ ဟာသကားလေးကို တင်ဆက်ပေးလိုက်ရပါတယ်။ ဇာတ်လမ်းလေးကတော့ ဂီဟိုတို့ ညီအစ်ကို ၅ယောက်ဟာ သူတို့ရဲ့ မိခင်ဖြစ်သူကြီး ဆုံးပါးသွားပြီးနောက် မိခင်ဖြစ်သူ သက်ရှိစဥ်မှာ ကျေးဇူးမဆပ်နိုင်ခဲ့အတွက် ယူကြုံးမရ အတိဖြစ်နေတော့တာပေါ့။ အဲဒါအပြင်ကိုမှ လယ်ကွက်တွေကို ညီတွေမသိအောင် ရောင်းခဲ့တဲ့အတွက် အစ်ကိုအကြီးဆုံးနဲ့ ညီငယ်တွေဟာလည်း အဆက်မပြတ် အချင်းများနေရရှာပါတယ်။ အဲဒီလိုနဲ့ တစ်ရက် သူတို့ရန်ဖြစ်နေတဲ့အချိန်မှာပဲ ကွယ်လွန်သွားပြီဖြစ်တဲ့ မိခင်ဖြစ်သူဟာ သူတို့ညီအစ်ကိုတွေ ရှေ့ကို ပြန်လည်ရောက်ရှိလာပါတော့တယ်။ ဒါပေမဲ့ ပုံမှန်အတိုင်း ရောက်ရှိလာတာ မဟုတ်ဘဲ ဇွန်ဘီအဖြစ်နဲ့ ရောက်ရှိလာတဲ့အခါမှာတော့… ညီအစ်ကိုတစ်သိုက် ဇွန်ဘီဖြစ်သွားတဲ့ မိခင်ကြီးနဲ့ ဘယ်လိုစခန်းသွားကြမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ရှုစားကြည့်လိုက်ပါဦးရှင်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ MMyo ပဲ ဖြစ်ပါတယ်။) File Size : 2.13GB/ 1.0GB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…01:21:55 Genre : Horror, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by MMyo Encoded by Tiff

Animation • Family • Fantasy
6.7 2022 117 mins
Dutiful Son
Big Picnic
5.4

Big Picnic (2024) IMDb Rating (5.4) ဒီယူကရိန်းဟာသရုပ်ရှင်ကို စစက ၂၀၂၂မှာ ပြသဖို့ ရည်ရွယ်ထားပေမဲ့ နိုင်ငံရေးအခြေအနေအရ အခုမှပဲ ပြသဖြစ်ခဲ့တယ်။ ဇာတ်လမ်းကတော့ အကျင့်ပျက်ခြစားတဲ့ ယူကရိန်း အစိုးရဝန်ထမ်းတစ်ယောက်ဖြစ်တဲ့ တိုမက်ဟာ ငွေဘုန်းထားတာတွေပေါ်သွားလို့ အဖမ်းခံရတော့မယ့်အချိန်မှာစထားတယ်။ သူက သူ့ပုန်းခိုအိမ်ရှိတဲ့ဆီကိုထွက်ပြေးဖို့ ကြိုးစားခဲ့တယ်။ အဲဒီအိမ်က မြို့ပြင်က မိသားစုတွေ ပျော်ပွဲစားထွက်ကြတဲ့နားမှာရှိနေတယ်။ သူပိုင်တဲ့ရတနာတွေက အဲဒီမိသားစုတွေနားမှာ ရှိနေတာကြောင့် အဲဒီမိသားစုတွေကို ခြောက်ထုတ်ပြီး သူ့ရတနာတွေကို ယူဖို့လုပ်တာက အလွဲလွဲအချော်ချော်တွေလည်းဖြစ်လာတာမို့ အလွဲလွဲအချော်ချော်မိသားစုနဲ့ အလွဲလွဲအချော်ချော်လူဆိုးကြားက အလွဲလွဲအချော်ချော်အဖြစ်တွေကို ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.6 GB) / (1.3 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy Duration….01:36:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

5.4 2024 90 mins
Big Picnic
Becoming Led Zeppelin
7.5

Becoming Led Zeppelin (2025) IMDb Rating (7.5) / Rotten Tomatoes (84%) Stairway to Heavenတို့ Whole Lotta Loveတို့ Ramble Onတို့ Misty Mountain Hopတို့ What Is and What Should Never Beတို့ကို ဖန်တီးခဲ့တဲ့ Led Zeppelin တီးဝိုင်းအကြောင်း ဒိုကူမန်ထရီက သူ့နာမည်Becoming Led Zeppelinနဲ့ လိုက်အောင်ပဲ သူတို့ ဖြစ်တည်လာခြင်းအကြောင်းကို အသေးစိတ် ပြပေးထားတယ်။ တစ်ချက်ရှိတာက ပုံမှန်ဒိုကူတွေ ဒိုကူဒရာမာတွေမှာ သူတို့နဲ့သက်ဆိုင်တဲ့ အတင်းအဖျင်းတွေ ဘာတွေကို ပြတတ်ပေမဲ့ ဒီထဲမှာတော့ ဂီတနဲ့ ဂီတကို ချစ်တဲ့အကြောင်းတွေ ဂီတကို ယုံယုံကြည်ကြည် အသစ်တွေ ဖန်တီးခဲ့တဲ့အကြောင်းတွေကလွဲ ဘာမှမပါဘူး။ သူတို့အဖွဲ့က အတင်းအဖျင်းတော်တော်များခဲ့တဲ့ အဖွဲ့နဲ့မလိုက်အောင်ပဲ ဘာမှမပါဘူး။ ဂျင်မီပေ့စ်က ၁၄နှစ်သမီးလေးနဲ့တွဲခဲ့တာတို့။ နတ်ဆိုးကို ကိုးကွယ်တာတို့။ Stairway to Heavenသီချင်းကို Reverseလုပ်ပြီး နားထောင်ရင် Satanic Messages ကို ကြားရတာတို့ မနည်းပေမဲ့ ဒီမှာ ဘာမှမပါဘူး။ ဘာမှ ထည့်မရှင်းသွားဘူး။ သူတို့ကလဲ ပေးမထည့်ဘူးထင်ပါတယ်။ ဒါပေမဲ့ ဒါကပဲ ဒီဒိုကူမန်ထရီကို ဂီတဒိုကူမန်ထရီ စစ်စစ်ဖြစ်အောင် လုပ်ပေးလိုက်ပုံပဲ။ အရသာကတော့ ဘန်တွေအကြောင်းတွေ စိတ်ဝင်စားရင် ဂေါ်တယ်။ ပုံစံကတော့ သူတို့နဲ့အင်တာဗျူးတယ်။ အရင်ကဗီဒီအဟောင်း ပုံအဟောင်းတွေပြတယ်။ သူတို့ငယ်ကတည်းက ဂီတကို ဘယ်လိုစလုပ်ဖြစ်တယ်ဆိုတာတွေကနေ စတယ်။ တော်တော်ချီးကျူးစရာကောင်းတဲ့လူတွေဆိုတဲ့ အပိုင်းတွေပေါ့။ နောက် သူတိုအပေါ် လွှမ်းမိုးမှုရှိခဲ့တဲ့လူတွေ ဂီတအမျိုးအစားတွေကိုပြတယ်။ သူတို့က လူထက် ဂီတအမျိုးအစားတွေကို ပိုအသားပေးပြောသလိုလိုပါပဲ။ သူတို့ပြောတဲ့ ဂီတအမျိုးအစားတွေက ကျွန်တော်တော့ မသိတာက ခပ်များများ။ ဆန်းတော့လည်း မဆန်းပါဘူး။ ဂီတအမျိုးအစားက Sub- Genreခွဲရင် ၁၆၀၀က အနည်းဆုံးလို့ ပြောကြသကိုး။ သူတို့ပြောတာတွေကို လိုက်နားထောင်ရင်းတော့ သူတို့ရဲ့ ဖန်တီးနိုင်စွမ်းနဲ့ လေ့လာအားက အားကျစရာကောင်းနေတယ်။ ဒီဘန်ရဲ့ထူးခြားချက်တွေထဲက တစ်ခုက The Lord of the Ringsစာရေးဆရာ J.R.R. Tolkienရဲ့ Refတွေကို သီချင်းတွေထဲ ထည့်ပုံဖော်တတ်တာပါပဲ။ “Ramble On,” “The Battle of Evermore,” and “Misty Mountain Hop”နဲ့ ” Stairway to Heaven”သီချင်းက စာသားတွေမှာ မြင်သာတယ်။ နောက် “Zeppelin is not a nostalgia band”ဆိုတဲ့ အတိုင်း အသစ်အသစ်တွေကို ရှာဖွေဖန်တီးကြတာတွေကိုလည်း ပြောပြထားတယ်။ ဒီဒိုကူမန်ထရီမှာ ကျွန်တော့်အတွက် ကြည့်ရတာ အရသာရှိခဲ့တဲ့ တစ်ချက်က စစချင်းမှာ သူတို့ဝိုင်းပေါင်းစုံ ဟိုရောက် ဒီရောက် လိုက်တီးရာကနေ သူတို့လူစုမိသွားတာတွေ သူတို့နဲ့ သူတို့ဖန်တီးချင်တဲ့ပုံစံကို အတူတူဖန်တီးနိုင်တဲ့ ဝိုင်းတွေဆီ ကူးလိုက်ပြောင်းလိုက် လုပ်ရင်း နောက်ဆုံးမှ နေရာမှန် တွေ့သွားတာတွေပေါ့။ ဒီမှာလည်း လက်ရှိဝိုင်းတော်တော်များများကြား ခပ်ဆင်ဆင်လေးတွေဖြစ်နေတာတွေဆိုတော့ ဒီကလူတွေကိုတောင် ပိုနားလည်သွားသလိုလိုတော့ ခံစားရတယ်။ Pink Nationဘန်က လွင်ဦးမောင်က Lwin Iz Elephantဆိုပြီး တစ်ကိုယ်တော် မတူတဲ့ဂီတပုံစံနဲ့ သက်သက်လုပ်တာတို့, Pseudo Humanနဲ့ The Peacistsက front man ၂ယောက်ပေါင်းပြီး Double Troubleဆိုတဲ့နာမည်နဲ့ ဘန်တစ်ခု သီးသန့်ထားထားပြီး မတူတဲ့ပုံစံတွေ ဖန်တီးတာတို့ , Square Lake Piratesက တုံတုံနဲ့ Papillons The Bandထဲက ကိုပလောင်နဲ့ Pink Nationက မဏ္ဍိုင်တို့ Mountain Peak Tunesဆိုပြီး မတူတဲ့ပုံစံလုပ်တာတွေ, Talking Dogsတို့ Abnormal Decemberတို့လည်း ဘန်နာမည်ပြောင်းတာတို့ လူပြောင်းတာတို့ လုပ်ရတာတွေမြင်နေရသလို Square Lake Piratesကလူတွေ Orpheus Revivalထဲ ရောက်သွားနိုင်တဲ့ ပုံတွေ မြင်နေရတော့ ဒီဒိုကူကြည့်ရင်း လက်ရှိဝိုင်းတွေနဲ့တောင် ပိုနီးသွားသလိုလို ခံစားချက်တော့ရတယ်။ ဒိုကူထဲတော့ အရင်က စာပေလောကရဲ့ လေထန်ကုန်းလို ဂီတသမားတွေ တီးဖို့ ဝိုင်းလိုက်ရှာလို့ကောင်းတဲ့ နေရာတစ်နေရာရှိတာလေးက သဘောကျစရာတော့ကောင်းတယ်။ ဂီတသမားတွေရဲ့ အရွေ့တွေ လှုပ်ရှားမှုတွေ ဖြစ်တည်လာပုံတွေအကြောင်း ကြည့်ရတာ ကြိုက်ရင်တော့ ဒီဒိုကူက ခြောက်ပြစ်ကင်းတယ်။ မဟုတ်ရင်တော့ ဓာတ်မတည့်လောက်ဘူး။ ဒီမှာလည်း ဒါမျိုးပုံစံလုပ်ကြရင်တော့ ရတော့ရတယ်။ ဝိုင်းအဟောင်းတွေအကြောင်းပေါ့။ မဇ္စိုမလှိုင်းက လူတွေထဲ ကိုနေဝင်းပဲ ကျန်ပေမဲ့ သူ့ကိုနည်းနည်းဗျူးပြီး ရှေ့ကလူတွေ ဖြေပြီးသားတွေ ပုံတွေ သူတို့နဲ့ဆက်စပ်တဲ့ တခြားအင်တာဗျူးတွေနဲ့ တည်းဖြတ်ပြီး လုပ်ရင်တော့ ရတော့ရတယ်။ ဘယ်ဝိုင်းကိုပဲဖြစ်ဖြစ် လုပ်ခဲ့ကြရင်လည်း ကြည့်ချင်ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size… (4.4 GB) / (2.5 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Documentary,Music Duration…. 02:02:02 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by WiRa Aung

Drama
7.5 2025 122 mins
Becoming Led Zeppelin