YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The All Round Wife.(2021)EP66.mp4

226.66 MB N/A video/mp4 161 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ride Along
6.2

ကယ်လ်ဗင်ဟာ့တ် လို့ပြောလိုက်တာနဲ့ မသိတဲ့သူတော့ ရှားမယ်ထင်ပါတယ်။ ဒီတစ်ခါ ပရိတ်သတ်ကြီးအတွက် တကယ်ခွီရမယ့် 2014မှာ ထွက်ရှိခဲ့တဲ့ ရဲ အက်ရှင် ဟာသဇာတ်လမ်းလေး တင်ဆက်ပေးလိုက်ပါတယ် ဘန်ဟာ စာသင်ကျောင်းတစ်ခုမှာ လုံခြုံရေးအဖြစ် အလုပ်လုပ်ပြီး သူ့ရဲ့ အားလပ်ချိန်တွေမှာတော့ ဂိမ်းတွေဆော့ပြီး ဘဝကို ပေါ့ပေါ့ပါးပါး ဖြတ်သန်း တတ်သူတစ်ယောက်ပါ။ ဘန်မှာ သိပ်ချစ်ရတဲ့အန်ဂျလာလို့ခေါ်တဲ့ ကောင်မလေး တစ်ယောက်လည်းရှိပါသေးတယ်။ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ အဆင်သင့်ဖြစ် နေကြတဲ့ စုံတွဲဖြစ်ပါတယ် ဒါပေမယ့် ပြသနာကတော့ အန်ဂျလာရဲ့ အကို ဂျိမ်းစ်ပါ။ ဂျိမ်းစ်ဟာ ရဲတစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလုပ်ကို တာဝန်ကျေအောင်လုပ်သူ တစ်ယောက်ပါ။ အမှုတစ်ခုကို နှစ်နဲ့ချီပြီး လိုက်တဲ့အထိ ဂျိမ်းစ်ဟာ ဇွဲရှိသူ တစ်ယောက်ပါ။ ဂျိမ်းစ်က သူ့ညီမဖြစ်သူ အန်ဂျလာကို အရမ်းချစ်ပြီး ယောက်ဖလောင်း ဖြစ်သူ ဘန်ကိုတော့ ကြည့်မရလို သဘောလည်းမတူပါဘူး တစ်နေ့တော့ ဘန်တစ်ယောက် အတ္တလန်တာ ရဲသင်တန်းကျောင်းကို ဝင်ခွင့်ရသွားခဲ့ပါတယ်။ ဒီအကြောင်းကို ဂျိမ်းစ်ကို ပြောပြလိုက်တဲ့အခါမှာတော့ ဂျိမ်းစ်ဟာ ဘန်ကို ရဲတစ်ယောက်ဖြစ်ရန် ထိုက်တန်သလားဆိုတာ ဆုံးဖြတ်ဖို့ သူကင်းလှည့်စဉ်မှာ အကူအဖြစ်နဲ့ ခေါ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ယောက်ဖလောင်းနှစ်ယောက် ကင်းလှည့်ကြရင်း ဘာတွေများ တလွဲတွေဖြစ်ကြမလဲဆိုတာ စိတ်ဝင်တစား ကြည့်ရှုရမှာပါ။ ဟာသကားကြိုက်တတ်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ။ ( ဘာသာပြန်နဲ့ အညွှန်းကတော့ Spencer Potato ပဲ ဖြစ်ပါတယ်) File size…1.49GB / 606MB Quality…Blu-Ray 1080p 5.1CH  / 720p Format…mp4 Duration….1h 39m Genre .....  Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Spencer Potato

Horror • Mystery • Thriller
6.2 2014 99 mins
Ride Along
Ruben Brandt, Collector
7.5

သင်ဟာ now you see me တို့လို့ money heist တို့လို အဖွဲ့လိုက်လှုပ်ရှားတဲ့ မှုခင်းကားမျိုးကို သဘောကျတယ်ဆိုရင်တော့ ဒီကားဟာ တကယ့်ကိုကြည့်သင့်တဲ့ကားပါပဲ၊ ဒါ့အပြင် inceptionလိုမျိုး vibeလည်းခံစားရမှာပါ၊ ဇာတ်လမ်းရဲ့ animationပုံစံကနည်းနည်းတော့ ဆန်းတယ်ဗျ။ ဇာတ်လမ်းထဲက လူတွေဟာ မျက်နှာနှစ်ခုတွေ၊ပါးစပ်ငါးခုတွေ၊ မျက်လုံးသုံးလုံးငါးလုံး ၊ two-dimensional တွေ စတဲ့ ပီကာဆိုရဲ့ပန်းချီကားတွေထဲကလိုခပ်ဆန်းဆန်းမြင်ရမှာပါ။ ဘာလို့ဆို ဇာတ်လမ်းရဲ့ ဒါရိုက်တာဟာ ဘယ်အပိုင်းမှာပဲရပ်လိုက်ရပ်လိုက် ပန်းချီကားတစ်ချပ်ကြည့်ရသလို့ အရသာမျိုး၊ တစ်ခုခုကြည့်စရာရှိနေစေချင်လို့ပါတဲ့။ ပန်းချီကားမကြည့်တတ်တဲ့သူတောင် ငေးကြည့်နေရမယ့်ဇာတ်ကားမျိုးပါပဲ။ ဒါ့အပြင် စုံထောက်စတိုင်တွေ၊actionတွေလည်း ခပ်မိုက်မိုက်အကွက်တွေနဲ့ ပါဝင်ပြီး ဇာတ်လမ်းကို စိတ်ပညာလေးနဲ့ရောကာ တစ်ကားလုံးမငြီးငွေ့အောင်ဆွဲဆောင်သွားနိုင်တာက အသက်ပါပဲ၊ Plotကတော့ ပန်းချီကား ၁၃ချပ်ကိုခိုးတဲ့အကြောင်းပါပဲ... File Size :(1.1GB) and (418 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:36:00 Genre : Crime , Animation , Action Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
7.5 2018 96 mins
Ruben Brandt, Collector
Birdman or (The Unexpected Virtue of Ignorance)
7.5

ဒီကားက အကယ်ဒမီ မှာရော Golden Globe မှာပါ Nomination အများဆုံးရထားတဲ့ကားဖြစ်ပြီး၊ မင်းသားကြီး Michael Keaton ရဲ့ တကျော့ပြန်လာတဲ့ဇာတ်ကားဖြစ်ပါတယ်။ ကျွန်တော့် Review တွေဖတ်နေကျ ပရိတ်သတ်ကြီးက သတိထားမိမှာပါ။ ကျွန်တော် ဒီကားကလွဲရင် ဘယ်ဇာတ်ကားကိုမှ Rating 10 မပေးဖူးခဲ့ပါဘူး။ ဒီကားကတော့ တကယ့်ကို ပေးသင့်လို့ပေးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်လမ်းကတော့ Interstellar တို့ Inception တို့လိုလည်း မရှုပ်ထွေးပါဘူး၊ The Sixth Sense လိုလည်း Twist တွေမပါပါဘူး။ ဇာတ်အိမ်တည်ထားတာလည်း ရိုးရှင်းပါတယ်။ ဇာတ်လမ်း မှာ မင်းသား Michael Keaton က တစ်ချိန်က Birdman ဆိုတဲ့ Superhero အဖြစ်သရုပ်ဆောင်ကာ နာမည်ကြီးမင်းသား တစ်ဦးဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ နေရာတစ်နေရာ ရဖို့အတွက် သူရဲ့သရုပ်ဆောင် အရည်အသွေးကိုပြနိုင်ဖို့အတွက် ရုန်းကန်နေသူဖြစ်ပါတယ်။ သူက Broadway (New York က ပြဇာတ်ရုံတွေ ရှိတဲ့ လမ်း) ပြဇာတ်တစ်ကို ကိုယ်တိုင်ရေးပြီး ကိုယ်တိုက် သရုပ်ဆောင်၊ ကိုယ်တိုင် တင်ဆက်ပြီး သူရဲ့အနုပညာကို ချပြဖို့ကြိုးစားနေပါတယ်။ ဇာတ်လမ်းကတော့ ရိုးရိုးလေးပေမယ့်၊ သူရဲ့ အခက်အခဲတွေ၊ စိတ်ဒုက္ခတွေကို တင်ဆက်ထားတာဟာ တကယ့် ကို အနုပညာမြောက်ပြီး၊ သရုပ်ဆောင်လည်းတကယ်ကောင်းပါတယ်။ ဇာတ်ကားတစ်ကားလုံး မှာ ဇာတ်ဝင်ခန်း အကူးအပြောင်းက အစ သာမန်ရုပ်ရှင်တွေလို (Fade to black) အမှောင်ချပြီး နောက်တစ်ခန်း ကူးတာမျိုးမဟုတ်ပဲ၊ ဇာတ်ကောင်တွေနောက်ကို လိုက်ပြီး ရိုက်ကူးထား သလို တစ်ခန်းနဲ့တစ်ခန်းကိုလည်း ဆက်ပြီးရိုက်ထားတာကြောင့် ထူးခြားတဲ့ ရသ တစ်မျိုးကို ခံစားရမှာဖြစ်ပါတယ်။ ဇာတ်ကားပြီးသွားတဲ့အခါမှာ မေးခွန်းပေါင်းများစွာ ကျန်နေစေခဲ့မှာဖြစ်ပြီး၊ သို့လော သို့လောနဲ့ အတွေးတသသ ဖြစ်စေမယ့်ဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။ တစ်ခုပြောချင်တာက မင်းသားရဲ့ အခန်းထဲက ဘုရားစင်းထုတော် ဖြစ်ပြီး၊ စစတွေ့ချင်းမှာ တစ်ခြားကားတွေထဲမှာလိုပဲ အလှဆင်ထားတယ်လို့ထင်ရပေမယ့်၊ သေချာကြည့်ကြည့်တော့မှ စိတ်ပုတီးနဲ့ သောက်တော်ရေခွက်လို့ ယူဆရတဲ့ ရေခွက် လေးလည်းတွေ့ရပါတယ်။ ဇာတ်လမ်းစစချင်းမှာ အတွင်းခံနဲ့တိုင်နေတာကလည်း တရားထိုင်နေတယ်လို့ထင်ရပြီး (ဗုဒ္ဓဘာသာစစ်စစ်မဟုတ်လို့) Birdman က ဗုဒ္ဓဘာသာလားလို့ လည်းထင်စရာဖြစ်ပါတယ်။ အထင်လွှဲမှာစိုးလို့ကြိုတင်ရှင်းပြထားတာဖြစ်ပါတယ်။ ဇာတ်လမ်းဇာတ်အိမ် ကောင်းသလို တင်ဆက်ပုံကလည်း ပညာသား ပါပါတယ်။ မင်းသားကြီး Michael Keaton က သရုပ်ဆောင်ကောင်းသလို၊ Edward Norton ကလည်း ကျရာဇာတ်ရုပ်ကို ပီပြင်အောင် သရုပ်ဆောင်ထားတာတွေ့ရပါတယ်။ ဒီဇာတ်လမ်းမှာ တစ်ချိန်က နာမည်ကြီး Superhero မင်းသားက လက်ရှိ ရုန်းကန်နေရတဲ့အကြောင်းရိုက်ကူးထားသလို၊ သူ့နေရာမှာသရုပ်ဆောင်တဲ့ Michael Keaton ကလည်း တစ်ချိန်က Batman (1989), Batman Returns (1992) တို့မှာ အောင်မြင်ခဲ့ပြီး လက်ရှိအချိန် မှာ ရုန်းကန်နေသူဖြစ်ပါတယ်။ ဒါကြောင့်လည်း ဇာတ်လမ်းက ပိုအသက်ဝင်သွားပြီး၊ Michael ကလည်း ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူတို့နှစ်ယောက်အပြင် Emma Stone (Amazing Spider-Man) ကလည်း သရုပ်ဆောင်ကောင်းကောင်းနဲ့ အားဖြည့်ထားပါသေးတယ်။ ဒီကားက အရမ်းကောင်းတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။ ရုပ်ရှင် ကို တကယ် စိတ်ဝင်စားစွာ ကြည့်ချင်တဲ့သူတွေ၊ ရုပ်ရှင်အနုပညာကို မြတ်နိုးတဲ့သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ကားဖြစ်ပြီး၊ ရုံမှာသွားကြည့်သင့်ပါတယ်။ အပျင်းပြေကြည့်မယ့်သူတွေ၊ အက်ရှင်ကားတွေပဲ ကြိုက်တဲ့သူတွေ အတွက်ကတော့ ဒီကားက ပျင်းစရာကောင်းတယ်လို့ထင်စရာဖြစ်နေမှာပါ။ #Sololay (အညွှန်းကို ရုပ်ရှင်မိတ်ဆက် Movie Review မှကူးယူဖော်ပြပါသည်။) ဒီဇာတ်ကားက 2015 ခုနှစ်အော်စကာဆုပေးပွဲမှာ..... Best Picture , Best Original Screenplay , Best Director , Best Cinematography ဆု(၄)ဆုဆွတ်ခူးခဲ့တဲ့ဇာတ်ကားပါ။ IMDb(8/10) နဲ့ Rotten Tomatoes (93%) ရရှိထားတာကြောင့် ရုပ်ရှင်ဇာတ်လမ်းကောင်းကောင်းလေးတွေကို နှစ်သက်တဲ့ ပရိတ်သတ်တွေအတွက်တော့ လက်လွတ်မခံသင့်တဲ့ ဇာတ်ကားပါ။ File size...900MB Quality....Blu-Ray Rip 720p Format...mp4 Duration....01:59:17 Subtitle....Myanmar Subtitle (Hardsub) Encoder....Nyeinsaeya Aung

Crime • Drama
7.5 2014 120 mins
Birdman or (The Unexpected Virtue of Ignorance)
Anel Meley Pani Thuli
6.9

Anel Meley Panithuli 2023 IMDb-6.9/10 အဓိကဇာတ်လိုက်ကျော် မာသီဆိုတဲ့မိန်းက‌လေးဟာ အားကစားပစ္စည်းဆိုင်ကြီးတစ်ခုရဲ့ လက်ထောက်မန်‌‌နေဂျာရာထူးနဲ့ အလုပ်လုပ်နေတဲ့ ရိုးသား ဖြောင့်မှန်တဲ့ဝန်ထမ်းတစ်‌ယောက်ပါ သူ(မ)ဟာ အတူတူအလုပ်လုပ်နေတဲ့ စီနီယာဝန်ထမ်းတွေအပေါ် လေးစားရိုသေသလို အောက်လက်ငယ်သား ဂျူနီယာဝန်ထမ်းတွေအပေါ်မှာလည်း ဖေးမကူညီပေးတတ်တဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတစ်‌ယောက်ဆိုလည်း မမှားပါဘူး။ တစ်ရက် သူ့လက်အောက်က ဝန်ထမ်းကောင်မလေးရဲ့ချစ်သူဟောင်းက လိုက်နှောင့်ယှက်နေလို့ သူ(မ)က ကြားဝင်‌ဖြေရှင်းပေးလိုက်တဲ့အခါအဲဒီကောင်လေးက မာသီ့ကို အခဲမကျေဖြစ်သွားခဲ့တယ် ။ တစ်ခါ ဆိုင်ကဝန်ထမ်းကောင်လေးက သူငယ်ချင်းဖြစ်သူနဲ့ပူးပေါင်းပြီး ပစ္စည်းခိုးတာကို မာသီသိသွား‌တော့ အလုပ်ထွက်ခိုင်းလိုက်ပါတယ်။ အဲဒီလိုနဲ့ မာသီဟာ မရည်ရွယ်ဘဲနဲ့ လူနှစ်ယောက်ဆီက မကျေနပ်ချက်ရန်ငြိုးတွေ ရရှိခဲ့ရပါတယ်။တစ်ရက် အဲဒီဝန်ထမ်းကောင်မလေးရဲ့ မင်္ဂလာဆောင်ပွဲလုပ်တဲ့ ကျေးရွာလေးကိုသွားရင်းမာသီတစ်ယောက် မသမာတဲ့လူယုတ်မာသုံးယောက်ဆီက မတော်မတရားပြုကျင့်ခြင်း ခံလိုက်ရပါတယ်။ ဖြစ်သမျှကုန်စင်ကို ရဲစခန်းသွားတိုင်ပြီး သူထင်ကြေးပေးတဲ့သူတွေကို ရဲကဖမ်းဆီးစစ်ဆေးကြည့်တဲ့အခါ…. တရားခံတွေက သူထင်ထားတဲ့ သူတွေမဟုတ်ဘဲ မထင်မှတ်ထားတဲ့သူတွေဖြစ်နေတာကိုသိလိုက်ရပါတယ်။ နောက်သုံးလနေရင် ချစ်တဲ့သူနဲ့လက်ထပ်ပြီး အားကစားဆိုင်က လက်ထောက်မန်နေဂျာ ဝန်ထမ်းဘဝနဲ့ ဘဝကိုအေးအေးဆေးဆေး ဖြတ်သန်းမယ်လို့ ဆုံးဖြတ်ထားတဲ့ မာသီတစ်ယောက် ကြုံလာရတဲ့ လောကဓံဆိုးတွေကို ဘယ်လို ကျော်လွှားအံတုပြီးနေသွားမလဲ ဆိုတာကို ပရိသတ်ကြီးကပဲ ဆက်လက်ကြည့်ရှုခံစားပေးလိုက်ကြပါဦး… (ဒီရုပ်ရှင်ရဲ့ အညွှန်းနဲ့ဘာသာပြန်တွေကတော့ YH ~ BpL ~ ToMo ~ Alexia ~ Dee တို့ပဲဖြစ်ပါတယ်)

Drama
6.9 2022 119 mins
Anel Meley Pani Thuli
The Last Video Store
7.7

The Last Video Store (2023) ===================== အင်တာနက်ခေတ်တစ်ခေတ်ကို ရောက်လာတဲ့အခါမှာ ဇာတ်ကားသစ်ထွက်ရင် အခွေဆိုင်ကို ပြေးပြီး အလုအယက်ပြေးငှားနေဖို့မလိုတော့ဘဲ ဒေါင်းလုဒ်လေး လုပ်ရုံနဲ့တင် ဇာတ်ကားတိုင်းကို ကြည့်ရှူလို့ရလာကြတယ်။ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ အခွေငှားဆိုင်တွေ ကွယ်ပျောက်သွားကြတယ်ပေါ့။ အခု ဇာတ် လမ်းလေးကလည်း “နောက်ဆုံးအခွေဆိုင်တဲ့” ၊ ပြည်နယ်တစ်ခုလုံး သုံးဆိုင်လောက် ပဲရှိတော့မလားပဲ၊ ဆိုင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေကို ချစ်မြတ်နိုးပြီး လက်တွေ့ဘဝနဲ့ရုပ်ရှင်က တစ်ထပ်တည်းဖြစ်တယ်လို့ ခံယူထားတဲ့သူပါ။ သူ့ဆိုင်မှာလည်း ဝယ်သူနည်းပါးတဲ့အပြင် ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိတယ် ဆိုင်ကိုဓါးပြလာတိုက်ရင်တောင် ပေးစရာပိုက်ဆံမရှိလို့ အလုပ်သစ်ရှာဖို့ ဓါးပြကြီး ကပါဆုံးမသွားခဲ့တယ်။ နောက်ရက်တွေမှာ ဆိုင်ရှင်ကြီးက ပေါက်ကွဲပြီး CCTV တွေ တပ်ချလိုက်ရော…တစ်ရက်မှာ အတွဲတစ်တွဲရောက်ချလာပြီး ဝန်ထမ်းကောင်လေးက အဲဒီအတွဲက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားတယ်၊ အဲဒီနောက် အဲဒီ ကောင်မလေးက ဆိုင်မှာအလုပ်လုပ်ဖို့ လာလျှောက်တဲ့အခါ ဘယ်လိုတွေနှစ်ပါးကမလဲ ကြည့်ရှူလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်) File Size……….(1.55 GB) / (656 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Horror Translator……ZWT Encoder……….SWM

Comedy • Romance
7.7 2023 95 mins
The Last Video Store
Arachnophobia
6.5

Arachnophobia (1990) ~ IMDb – 6.5/10, Rotten Tomatoes – 93% ~ ကြောက်ဖို့ကောင်းတဲ့ အကောင်ကားတွေ၊ ထိတ်လန့်ဖို့ကောင်းတဲ့ အကောင်ကားတွေများများစားစားရှိတဲ့ထဲကမှ ခု Arachnophobia ဆိုတဲ့ရုပ်ရှင်ထဲမှာတော့ မင်းသားကိုယ်တိုင် ပင့်ကူကိုကြောက်နေရတာဖြစ်ပါတယ်။ Arachnophobia ဆိုတဲ့စာလုံးကိုက ပင့်ကူကိုကြောက်လန့်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းပြောရမယ်ဆိုရင် သုတေသနလုပ်တဲ့လူတစ်စုက ဗင်နီဇွဲလားမှာ ပင့်ကူမျိုးစိတ်သစ်ကိုသွားရောက်ရှာဖွေရင်း သူတို့ရဲ့အပြန်လမ်းမှာ ဓာတ်ပုံဆရာတစ်ယောက်နဲ့အတူ ပင့်ကူဘုရင်ကြီးက ကပ်ပါလာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ဆရာ၀န်ဖြစ်သူ မင်းသားဟာ ပင့်ကူကပ်ပါလာတဲ့ ဓာတ်ပုံဆရာရဲ့နယ်မြို့‌လေးဆီကို ပြောင်းလာခဲ့တယ်။ ဓာတ်ပုံဆရာကတော့ ပင့်ကူကိုက်လို့သေဆုံးသွားပေမဲ့ အဲဒီနယ်မြို့လေးမှာတော့ ပင့်ကူဟာ စတင်နယ်ချဲ့ပါတော့တယ်။ ဆရာ၀န်ခမျာ နယ်မြို့လေးမှာ အထိုင်ကျဖို့ကြိုးစားရင်း ပင့်ကူရဲ့ပြဿနာတွေကိုလည်း အဖြေရှာရပါသေးတယ်။ ဇာတ်ကားလေးက အကောင်ကားသီးသန့်မဟုတ်ဘဲ ဟာသလေးနှောလိုက်၊ ဗဟုသုတလေးပေးလိုက်နဲ့ အကြောက်တရားကို ဘယ်လိုကျော်လွှားမလဲဆိုတာကိုပါ ပညာပေးသွားတဲ့အတွက် မိုးအေးအေးနဲ့ ဇိမ်ခံကြည့်လို့ရမယ့် ရုပ်ရှင်ကားလေးဖြစ်တဲ့အကြောင်း ညွှန်းဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 970MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Comedy, Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

6.5 1990 109 mins
Arachnophobia
The Re-Education of Molly Singer
6.2

The Re-Education of Molly Singer (2023) ============================= IMDb Rating – 6.2/10 ကျောင်းသားဘဝဆိုတာ စာလုပ်ရတာကလွဲရင် အပူအပင်သိပ်မရှိတဲ့ဘဝပေါ့။ ဘွဲ့ရတာနဲ့ အလုပ်ရဖို့ပူရပြီ။ ရေဖိုး မီးဖိုး အိမ်ငှားခ အကုန်ထည့်တွက်ရပြီ။ အဲဒီ အချိန်မှာ တစ်ယောက်ယောက်က ကိုယ့်ကို ပိုက်ဆံပေးမယ် ကျောင်းပြန်တက်ဆို နှစ်ခါတောင်စဉ်းစားစရာလိုမှာ မဟုတ်ဘူး။ ကျွန်တော်တို့ ဇာတ်လိုက်ကြီး မော်လီ ကလည်း ကျောင်းပြန်တက်ခွင့်ရတဲ့သူပါ။ ဖြစ်ပုံကဒီလို။ မော်လီက ရှေ့နေတစ်ယောက်။ ကျောင်းတုန်းက ပါတီတက်ပြီး ကဲခဲ့တဲ့အရှိန်တွေက လုပ်ငန်းခွင်ဝင်တဲ့ထိ မသေသေးဘူး။ စိတ်ညစ်ရင်သောက်တယ် ပျော်ရင်သောက် တယ်။ အထိန်းအကွပ်မရှိ ကဲချင်သလို ကဲတော့ အရက်နာကျပြီး ရုံးချိန်မီအောင် မသွားနိုင်တာကနေ အမှုရှုံးရော။ ဘယ်ပြောကောင်းမလဲ အမှုသည်ကလည်း သူတို့ ရုံးကို တရားပြန်စွဲတာပေါ့။ ဒီလိုနဲ့ မော်လီအလုပ်ပြုတ်သွားတယ်။ အဲဒီအချိန်မှာပဲ မော်လီ့အထက်လူကြီးရဲ့သား အဲလိယက်က ကောလိပ်စစတက်ချင်း နေ့မှာတင် ကျောင်းနာမည်ကြီး အားကစားသမားကို ခြေကျိုးအောင် လုပ်လိုက်မိလို့ တစ်ကျောင်းလုံး ချဉ်ဖတ်ဖြစ်သွားတယ်။ လူကြောက်တဲ့အဲလိယက်တို့ ကျောင်းမတက် တော့ဘဲ အိမ်ပြန်ပြေးဖို့ကြံနေတဲ့အတွက် သူ့အမေ(မော်လီ့အထက်လူကြီး) က ကျောင်း သားဟောင်းမော်လီ့ကို ကျောင်းပြန်တက်ခိုင်းပြီး သူ့သားကို ကူညီခိုင်းတယ်။ မော်လီ တစ်ယောက် ကျောင်းကိုပြန်သွားပြီးပဲ ကဲမလား အဲလိယက်ကို ကူညီနိုင်မလား …… ရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ Ngwe Zin, EL တို့ဖြစ်ပါတယ်) File Size……….(1.93 GB) / (813 MB) Quality………..WEB-DL 1080p / 720p Duration……..2Hr Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator……Ngwe Zin, EL Encoder……….Zin Phyo Aung

6.2 2023 120 mins
The Re-Education of Molly Singer
Collision
5.9

ဒီတစ်ခါ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်လေးကတော့ နာမည်အတိုင်းပဲ ကားမတော်တဆမှုတစ်ခုကနေ အစပြုတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ ။ စကော့ထ်နဲ့ တေလာတို့ ကြင်စဦးဇနီးမောင်နှံဟာ မော်ရိုကို နိုင်ငံကို ဟန်းနီးမွန်းထွက်လာရင်း သဲကန္တာရထဲမှာ ကားမတော်တဆဖြစ်ခဲ့ပါတယ် ။ ဒီလိုကနေ ကားမတော်တဆဖြစ်ပြီး ကန္တာရထဲမှာ သောင်တင်နေခဲ့ရတာတော့ သူတို့လင်မယားနှစ်ယောက်တည်း မဟုတ်ပါဘူး ။ သူတို့ကားကို အသည်းအသန် ကပ်လိုက်လာတဲ့ ထရားဗစ် ၊ မီးလောင်နေတဲ့ကားထဲက အော်ဒရေ ၊ ပေတိပေစုတ်ပုံစံနဲ့ လူထူးဆန်း အိုမာ ၊ ဆိုင်ကယ်ပျက်ပြီး ကန္တာရထဲမှာ သောင်တင်သွားရတယ်ဆိုတဲ့ ဆလာ တို့နဲ့အတူ သူတို့လင်မယားဟာ ကန္တာရထဲက ထွက်ရဖို့ ကြိုးစားပါ တော့တယ် ။ နောက်ကြောင်းမသိတာမို့ အချင်းချင်းမယုံကြတဲ့ သူတို့တွေဟာ ဘယ်လို စခန်းသွားကြမလဲ ။ ကန္တာရထဲကနေရော ဘယ်သူတွေက ထွက်သွားနိုင်ကြမှာလဲ ။ သေချာတာတော့ အဲဒီလူငါးယောက်ရဲ့ နောက်ကွယ်မှာ ဆက်နွယ်မှုတွေ ရှိနေတယ်ဆိုတာပါပဲ ။ ဒါ့အပြင် ဂွကျကျနဲ့ ဆရာလုပ်တတ်တဲ့ လူထူးဆန်း အိုမာဆီမှာ စိန်ရိုင်းတုံးတွေလည်း ရှိနေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ… အိုမာဟာ ဘယ်လိုလူလဲ ။ စိန်တုံးတွေက ဘယ်သူ့ဆီရောက်သွားမလဲ ။ စကော့ထ်နဲ့ တေလာတို့ လင်မယားကရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ဆိုတာကို collision ရုပ်ရှင်မှာ ကြည့်ရှုခံစားလိုက်ရအောင်နော် ။ File size…1.69GB / 858MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 41m Genre ….. Action , Romance , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ashley

Drama
5.9 2013
Collision
Super Villain
5.8

ပိချောင်းဟာ အသက် ၄၀ ပြည့်ခါနီး သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ သူနဲ့ အရွယ်တူသူငယ်ချင်းတွေက အောင်မြင်တဲ့ သရုပ်ဆောင်တွေ ဖြစ်နေခဲ့ပေမဲ့ သူကတော့ ပွဲဦးထွက်တာ ကြာပြီး နာမည်မရှိနိုင် ဖြစ်နေပါတယ်။ နာမည်ကြီးချင်တဲ့ ပိချောင်းဟာ မိန်းမနဲ့ ကလေးကို လျစ်လျူရှုမိသလို ဖြစ်နေတဲ့အတွက် မိသားစုဘဝလည်း မသာယာနိုင်ဖြစ်နေပါတယ်။ “သူဌေးကြီးကို ပြန်ပေးဆွဲခြင်း” ဆိုတဲ့ ရုပ်ရှင်မှာ ဗီလိန်ကြီးနေရာမှာ သရုပ်ဆောင်ခွင့်ရလိုက်တဲ့အခါ ပိချောင်းဟာ ဒီဇာတ်ရုပ်နဲ့ လိုက်ဖက်အောင် အပြင်းအထန် လေ့ကျင့်ပါတော့တယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ ကားမတော်တဆဖြစ်ပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့သွားတဲ့ ပိချောင်းဟာ ဘေးမှာရှိတဲ့ ရုပ်ရှင်အချက်အလက်ကိုကြည့်ပြီး သူ့ကိုယ်သူ လူသတ်သမားဗီလိန်ကြီးကျောက်တုံးရှန်းလို့ ထင်သွားခဲ့တဲ့အခါ…… သူဌေးကြီးကို ပြန်ပေးဆွဲဖို့ ဘယ်လိုကမောက်ကမ အလွဲတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို Super Villain ဆိုတဲ့ ဟာသရုပ်ရှင်လေးကို ကြည့်ရှုရယ်မောလိုက်ကြပါဦးနော်။

5.8 2024
Super Villain
Collective Invention
6.2

Collective Invention (2015) ************************** အခုတစ်ခေါက် ချန်နယ်မြန်မာကနေ ပြန်လည်တင်ဆက်ပေးသွားမယ့် ဇာတ်လမ်းကတော့ ၂၀၁၅ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ Collective Invention ဇာတ်ကားလေးပဲဖြစ်ပါတယ် Comedy, Sci-fi အမျိုးစားဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ကလည်း running man fanတွေရဲ့ အချစ်တော် အီဂွမ်ဆူအပြင်၊ မင်းသမီးဘတ်ဘိုယောင်းနဲ့ အီချွန်းဟီးတို့ဆိုတော့ မရယ်ရမှာတော့ စိုးရိမ်စရာမလိုပါဘူး ဇာတ်လမ်းအကြောင်းကတော့ ဆေး၀ါးစမ်းသပ်မှုတစ်ခုမှာ အစမ်းသပ်အခံအဖြစ် ၀င်ပါခဲ့တဲ့ ဘတ်ဂူဆိုတဲ့ အမျိုးသားတစ်ယောက် ထိုဆေးရဲ့ ဘေးထွက်ဆိုးကျိုးကြောင့်ပဲ လူစင်စစ်ကနေ ငါးတစ်ပိုင်းလူတစ်ပိုင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့ရာကနေစတင်ထားပါတယ်။ ထိုအကြောင်းကို ဘတ်ဂူရဲ့ချစ်သူဖြစ်တဲ့ ဂျူဂျင်ဆိုတဲ့မိန်းကလေးတစ်ယောက်က အွန်လိုင်းပေါ်ဖြန့်လိုက်ရာကနေ ဆောဆန်း၀မ်ဆိုတဲ့ သတင်းထောက်ဖြစ်ချင်နေတဲ့လူတစ်ယောက်က တွေ့သွားပြီး ငါးတစ်ပိုင်းလူတစ်ပိုင်းလည်းတစ်ဖြစ် ဘတ်ဂူရဲ့အကြောင်းကိုစတင်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ငါးလူသားဘတ်ဂူနဲ့ ဆောဆန်း၀မ်တို့ ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ ငါးလူသားဘတ်ဂူကရော ပျော်စရာအဆုံးသတ်ကိုရသွားနိုင်ပါ့မလားဆိုတာကိုတော့ Collective Invention ဆိုတဲ့ဇာတ်လမ်းမှာ အဖြေရှာလိုက်ကြတာပေါ့။ File size…1.09 GB / 485 MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 34m Genre ….. Comedy, Drama, Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Translated by Double M Encoded by AHtet

6.2 2015
Collective Invention
The Age of Adaline
7.2

The Age of Adaline (2015) IMDb Rating (7.2) ဒီရုပ်ရှင်ကတော့ မင်းသမီး Blake Lively ကို အလှပဆုံးမြင်တွေ့ရမယ့်ဇာတ်ကားဖြစ်ပြီး Harrison Ford , Michiel Huisman တို့လိုမင်းသားတွေနဲ့ တွဲဖက်ရိုက်ကူးထားပါတယ်။ အချစ်ဒရမ်မာဆိုပေမယ့် သဘာဝလွန်စွမ်းအားနဲ့တွဲဖက်ရိုက်ကူးထားတာကြောင့် တခြားရိုမန့်ကားတွေနဲ့မတူဘဲ အရသာတမျိုးနဲ့လူကြိုက်များကြတဲ့ကားပါ။ ဇာတ်လမ်းကတော့… ၁၉၃၀ ဝန်းကျင်ကာလမှာအစပြုပါတယ်… Adaline ဆိုတဲ့ မိန်းမလှလေးတယောက်ဟာ ယာဉ်မတော်တဆမှုဖြစ်ပြီး ကောင်းကင်ကစွမ်းအားတခုကိုရရှိသွားပါတယ်… ဒါကတော့ အသက်မကြီးလာတော့တာပါပဲ။ သူမဟာ အမြဲတမ်း ၂၉နှစ် အရွယ်တိုင်းရှိနေပြီးတော့ ခေတ်အဆက်ဆက်ကိုဖြတ်သန်းပါတော့တယ်။ ဒါပေမယ့် သူမဘဝဟာ အေးချမ်းနေတာတော့မဟုတ်ပါဘူး သူမ အသက်မကြီးလာတာကို သတိထားမိသွားကြတဲ့ စစ်ဆေးစမ်းသပ်ချင်သူတွေလက်ထဲက လွတ်အောင်ပြေးရင်းလွှားရင်းနဲ့ သူမရဲ့မိသားစုဘဝကိုပါ ဖုံးကွယ်ထားခဲ့ရပါတော့တယ်။ သူမဟာ ခေတ်အဆက်ဆက်မှာ အသက်မကြီးခဲ့တာကြောင့် ဇာတ်မြုပ်ဖုံးကွယ်ခြင်းကိုသာ တွင်တွင်သုံးခဲ့ပြီး သူမရဲ့ သမီးလေးကစလို့ ချစ်ရသူတွေပါမကျန် အဆက်ဖြတ်ရင်းနဲ့ ရင်နာတဲ့လမ်းကိုသာရွေးချယ်ခဲ့ရသူပါ။ ဒါပေမယ့် တချိန်မှာတော့ သူမအရမ်းချစ်ရတဲ့ချစ်သူတယောက်ကို ထပ်ရခဲ့ပြန်ပါတယ်… ဒီတယောက်နဲ့တော့ သူမဘဝကို အမြဲတမ်းမြုပ်နှံတော့မယ်လို့ တွေးလိုက်ပြီး မိဘအိမ်တွေထိရောက်သွားတဲ့အခါမှာတော့…. တကယ့်ရှော့ရစရာအဖြစ်အပျက်ကြီးက စောင့်ကြိုနေပါတော့တယ်။ လူတိုင်း အသက်အရွယ်မကြီးရင့်ဘဲ အရွယ်တင်နုပျိုချင်ကြတယ်မဟုတ်လား? ဒါပေမယ့် တစ်ကယ်တမ်း အဲ့လိုဖြစ်ခဲ့မယ်ဆိုရင် ပျော်ရွှင်နိုင်မယ် ထင်ပါသလား? ” ရှင်သန်ခြင်းမှာလဲ နာကျင်ခြင်းတွေအမြဲရှိနေပါတယ်။ ”

7.2 2015 112 mins
The Age of Adaline
Forbidden Fairytale
7.7

Forbidden Fairytale (2025) ************************** IMDb….7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်း ထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။) Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedy ရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့က အဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။ နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့ Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။ တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကား နောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကို ရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ… အဖေ့ကို ကတိ ပေးထားခဲ့တဲ့အတိုင်း အောင်မြင်တဲ့ ပုံပြင်ရေးဆရာမတစ်ယောက် ဖြစ်ချင်ခဲ့တဲ့ ဒန်ဘီတစ်ယောက် ကတိအတိုင်း ဖြစ်လာနိုင်မလား..။ အပြာဝတ္ထုတွေရေးတဲ့ စာရေးဆရာမအဖြစ် ပြောင်းလဲသွားမလားဆိုတာကိုတော့ ဇာတ်လမ်လေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦး..။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Miri ပဲဖြစ်ပါတယ်…) File Size : 2.12GB/ 790MB Quality : WEB-DL 1080p/ WEB-DL 720p Format…mp4 Duration…01:49:00 Genre : Action, Thriller, Mystery, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Miri & Hnin Wai Oo Encoded by Tiff

7.7 2025 110 mins
Forbidden Fairytale
Revelations
7.2

Revelations (2025) ******************* လျှို့ဝှက်သည်းဖိုဇာတ်လမ်းတွေကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ဒီရုပ်ရှင်မှာတော့ Castတွေအဖြစ် “Reply 1988, A Taxi Driver“စတဲ့ နာမည်ကြီးဇာတ်ကားတွေမှ မင်းသား Ryu Jun Yeolနဲ့ “Hospital Playlist, Reborn Rich”စတဲ့ ဇာတ်ကားကောင်းတွေမှ မင်းသမီး Shin Hyun Binတို့က အဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့ သင်းအုပ်ဆရာ မင်ချန်း (Ryu Jun Yeol) ဟာ သူ့ရဲ့ယုံကြည်မှုကိုဖြန့်ကျက်ဖို့နဲ့ အသင်းတော်အသစ်ကို ဖွဲ့စည်းဖို့အတွက် မြို့ငယ်လေးတစ်မြို့မှာ ဘုရားကျောင်းကို ဦးစီးနေသူဖြစ်ပါတယ်။ တစ်နေ့မှာတော့ ယန်ရယ်ဆိုတဲ့လူတစ်ယောက်က ဘုရားကျောင်းကိုရောက်ရှိလာတာကြောင့် မင်ချန်းဟာ ယုံကြည်သူအသစ်လို့ထင်ပြီး ဝမ်းသာ‌‌သွားပေမဲ့ နောက်မှသိလိုက်ရတာက ယန်ရယ်ဟာ လျှပ်စစ်ခြေချင်း ဝတ်ထားရတဲ့ အကျဉ်းသားဟောင်းဖြစ်တဲ့အပြင် သူ့သားကိုပြန်ပေးဆွဲခဲ့တဲ့သူလည်း ဖြစ်နေပါတယ်။ ဒါကြောင့် မင်ချန်းဟာ တရားဥပ‌ဒေနဲ့မဟုတ်ဘဲ သူ့လက်နဲ့ကိုယ်တိုင် အပြစ်ပေးခွင့်ရအောင် ဘုရားသခင်က ယန်ရယ်ဆိုတဲ့သူကို စေလွှတ်လိုက်တယ်လို့ ယုံကြည်လိုက်ပါတော့တယ်။ စုံထောက် ယွန်းဟီး (Shin Hyun Bin) ကတော့ မင်ချန်းရဲ့သား ပျောက်ဆုံးမှုကို စုံစမ်းစစ်ဆေးနေသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်‌တွေတုန်းက ရက်ရက်စက်စက် အသတ်ခံလိုက်ရတဲ့ ညီမဖြစ်သူရဲ့ သေဆုံးမှုကြောင့် စိတ်ဒဏ်ရာရနေသူလည်း ဖြစ်ပါတယ်။ ဒါကြောင့် မင်ချန်းတစ်ယောက် ပြန်ပေးသမားကို ဘယ်လိုအပြစ်ပေးသွားမလဲ.. သူ့သားလေးကိုရော ပြန်တွေ့သွားမလားဆိုတာကို သည်းထိတ်ရင်ဖို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းကိုတော့ာ ToeToe Aung မှ ရေးသားထားပါတယ်။) File Size : 1.65GB/ 710MB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…02:02:00 Genre : Crime, Thriller, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Stary, Yati Naing, Thinn, ToeToe Aung & Phyo Encoded by Tiff

7.2 2025 122 mins
Revelations
Smile as You Kill
4.5

ကျွန်တော်တို့လို 90’ Born တွေအတွက် ကြော်ငြာဆိုတာ အပန်းဖြေအစီအစဉ်တစ်ခုထဲမှာပါပါတယ်။ ညနေ ၇ နာရီ ၊ ၉ နာရီ ဇာတ်လမ်းတွဲတွေ မလာခင် တန်းစီပြတတ်တဲ့ ကြော်ငြာတွေကို တမေ့တမောစောင့်ကြည့်ရတာလည်း အလုပ်တစ်ခုပါပဲ။ ကြော်ငြာဆိုတာကလည်း (အမြဲတမ်းတော့မဟုတ်ပေမယ့်) ကျော်အောင် ညာရတာတွေ ရှိပါတယ်။ ဒီ ၂၀၂၃ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ ကြော်ငြာတစ်ခုအရင်းပြုပြီး ပြန်ပေးဆွဲခံရသူတစ်ယောက်အကြောင်းကို Plot Twist တွေနဲ့ ရှုစားရမှာပါ။ ဇာတ်လမ်းကတော့ ရီကို (Rey Goyos)ဆိုတဲ့ နောက်ဆုံးအဆင့်ရောဂါသည်တစ်ယောက်ဟာ အသက်ဆက်ဖို့ ဆေးဖိုးဝါးခမတတ်နိုင်တော့တဲ့အဆုံး ကြံမိကြံရာလုပ်ရင် း စုပေါင်းအလှူရန်ပုံငွေ(Crowdfunding) ရဖို့ ကြိုးစားပါတော့တယ်။ သူကြံစည်ပုံက အောင်မြင်နေတဲ့ ဆုရကြော်ငြာဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ တယ်ရီ (Micheal Teh) ကို ပြန်ပေးဆွဲပြီး သူ့အတွက်အကောင်းဆုံးအလှူရန်ပုံငွေကြော်ငြာလုပ်ခိုင်းတာပါ။ တယ်ရီကရော ရီကိုလိုအပ်နေတဲ့ ငွေသိန်းချီတဲ့ရန်ပုံငွေကိုရှာပေးနိုင်ပါ့မလား၊ ရီကိုကရော ငွေတွေရပြီး အသက်ဆက်နိုင်ပါ့မလား ဆိုတာကို ရှုစားကြည့်ပါ။ သရုပ်ဆောင်ကောင်း မင်းသားနှစ်ယောက်တည်းကိုတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားဟာ နိုင်ငံတကာရုပ်ရှင်ပွဲတော် ၇ခုမှာ ဆုပေါင်း ၉ခုနဲ့ Nominee ၃ခု ဝင်ခဲ့ပါတယ်။ ဆုအများစုကိုတော့ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာဖြစ်သူ Micheal Sarrow က သိမ်းကြုံးရယူသွားပြီး မင်းသားနှစ်ယောက်လုံးလည်း ဆုချီးမြှင့်ခံရပါတယ်။ အကြမ်းဖက်မှု၊ သွေးထွက်သံယို နဲ့ ဆဲရေးတိုင်းထွာတာတွေပါဝင်လို့ ကြည့်ရှုသူများ ဆင်ခြင်သင့်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… 1.19 GB / 637 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 27m Genre ….. Dark Comedy/Thriller/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thompson

Action • Thriller
4.5 2023 87 mins
Smile as You Kill