YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

The.Afterparty.S01E06.Zoe.720p.ATVP.WEB-DL.AAC5.1CH (CM).mp4

373.61 MB N/A video/mp4 715 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Hunger
7.3

ဒီဇာတ်ကားဟာ ၁၉၈၁ခုနှစ်က အိုင်ယာလန်တောင်ပိုင်း Mazeအကျဉ်းထောင်မှာ Irish Republicanခေါင်းဆောင်တစ်ဦးဖြစ်သူ Bobby Sands အစာငတ်ခံဆန္ဒပြခဲ့တဲ့အကြောင်းရိုက်ကူးတင်ဆက်ထားတာပါ။ ဘာကြောင့်ဒီလို ဆန္ဒပြပွဲတွေဖြစ်လာရသလဲဆိုတော့ ၁၉၇၂ခုနှစ်မှာ အိုင်ယာလန်မှာ နိုင်ငံရေးအကျဉ်းသားတွေဟာဆိုရင် ရာဇဝတ်သားတွေလို ထောင်ဝတ်စုံဝတ်စရာမလို၊ အလုပ်ကြမ်းလုပ်စရာမလို၊ ကိုယ်ပိုင်အဝတ်ဝတ်ဆင်ခွင့်ရှိပြီး တစ်ပတ်တစ်ခါဧည့်တွေ့ခွင့်၊ အစားအစာလက်ခံခွင့်တွေ၊ ထောင်ကန်တင်းမှာပဲ ကိုယ်ပိုင်ပိုက်ဆံနဲ့ဝယ်စားခွင့် စတဲ့နိုင်ငံရေးအခွင့်အရေးတွေရှိကြောင်း ပြဌာန်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ၁၉၇၆ခုနှစ်မှာ ဗြိတိသျှအစိုးရဟာ ဒီနိုင်ငံ‌ရေးခံစားခွင့်တွေပိတ်သိမ်းလိုက်ပြီး နိုင်ငံရေးအကျဥ်းသားတွေကို ရာဇဝတ်သားတွေလိုဆက်ဆံပါတော့တယ်။ ဒါကိုလက်မခံနိုင်တဲ့ ထောင်ကျနေတဲ့ IRA(Irish Republican Army)တပ်ဖွဲ့ဝင်တွေဟာ နည်းမျိုးစုံသုံးပြီး သပိတ်ကိုစတင်ခဲ့ပါတယ်... ဖြစ်ရပ်မှန်ဖြစ်တဲ့အပြင် ကြမ်းတမ်းရက်စက်တာတွေကို ထင်သာ မြင်သာအောင်ရိုက်ပြထားတဲ့ Biography ကားကောင်းမို့ ခံစားကြည့်ကြပါဦး... Bobby Sandsနေရာမှာတော့ X-menထဲက Magnetoမင်းသားကြီးMichael Fassbenderသရုပ်ဆောင်ထားပါတယ်ဗျ။ File Size :(2.4GB) and (948MB) Quality : Web-Dl1080p, 720p Format…mp4 Duration…01:36:00 Genre : Biography, Drama, Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae

Drama • Romance
7.3 2008 96 mins
Hunger
Monica, O My Darling
7.2

အခုတစ်ခါမှာတော့ လတ်လတ်ဆတ်ဆတ်လေး ထွက်လာတဲ့ ဟင်ဒီကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါ့မယ်နော် ဖြစ်ပုံက ဒီလို..။ ဂျယန့်ဆိုတဲ့ နည်းပညာကျောင်းသားလေးဟာ ကျောင်းပြပွဲတစ်ခုမှာ သူ့ရဲ့ Presentation ကိုတင်ဆက်ပြသနေရင်းနဲ့ စက်ရုပ်ကုမ္ပဏီတစ်ခုရဲ့ စီအီးအိုက သူ့ကိုသဘောကျသွားပြီး ကုမ္ပဏီဒါရိုက်တာ ခန့်လိုက်ပါတယ်... အဲ..သူက စီအီးအိုရဲ့သမီးနဲ့ ချစ်ကြိုက်နေတယ်ပေါ့...။ လူမသိအောင်လည်း မိုနီကာဆိုတဲ့ အပျော်မယ်တစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေသေးတယ် ဇာတ်လမ်းက အဲ့ဒီမွာ စပြီ..မိုနီကာက ဂျယန့်ကို ခြိမ်းခြောက်ပါပြီ သူမမွာ သူနဲ့ရတဲ့ ကိုယ်ဝန်ရှိနေပါပြီဆိုပြီး ကလေးစရိတ်တောင်းပါပြီ ချစ်ရသူကလည်းတစ်ဖက် ချစ်ရသူနဲ့စုံမက်ခွင့်မရရင် ဆင်းရဲတဲ့ဘဝကတက်လာတဲ့ သူ့အတွက် လောလောလတ်လတ်စည်းစိမ်တွေပျောက်သွားမှာလည်းစိုး ဒီလို စိတ်ညစ်နေတုန်းမှာပဲ သူနဲ့ဘဝတူ တစ်လှေတည်းစီး နောက်နှစ်ယောက်နဲ့ သွားဆုံမိပါတော့တယ်..သူတို့နှစ်ယောက်ကတော့ သူချစ်ရသူရဲ့အစ်ကိုတော်နဲ့ သူအလုပ်လုပ်နေတဲ့ ကုမ္ပဏီက စာရင်းကိုင်ပါပဲ သူတို့ကိုလည်း ထိုးနည်း၎င်းပဲ မိုနီကာက ခြိမ်းခြောက်ငွေညှစ်နေပါတယ်...။ ကြံရာမရတော့တဲ့အဆုံး သူတို့သုံးယောက်ပေါင်းပြီး မိုနီကာကို သတ်ပစ်ဖို့ကြံပါတော့တယ်...။ သူတို့ထင်ထားခဲ့သလိုပဲ ဒီအရှုပ်တော်ပုံကြီးလက်ကနေ လွယ်လွယ်နဲ့လွတ်မြောက်နိုင်ပါ့မလား...။ နောက်ထပ်ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့....။ ဒီဇာတ္ကားထဲက နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ [Stree (2018),Hit: The First Case (2022), Roohi (2021), Kai Po Che! (2013), Shahid (2012)] .. စတဲ့ကားကောင်းတွေကိုရိုက်ကူးခဲ့တဲ့မင်းသားချောလေး ရာဂျ်ကူမားရောင်း....မင်းသမီးဟူမားကူရေရှီနဲ့ ရာဒီကားအာပ်တေးတို့ရဲ့ သရုပ်ဆောင်ချက်တွေကြားမှာ ဆက်လက်ပြီး ခံစားပေးကြပါဦးနော်... ကြည့်လို့ကောင်းတဲ့ ဟာသမှုခင်းကားလေးပါလို့ လက်တို့ရင်း ညွှန်းပေးလိုက်ပါတယ်နော်.. File size…1.76GB  / 773MB  Quality…1080p True WEB DL  / 720p Format…mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Hay Man ~ Go-O ~ OeliuJ

Thriller • Western
7.2 2022 129 mins
Monica, O My Darling
Snow Day
6.9

ဒီဇာတ်လမ်းလေးကတော့ ဆောင်းရာသီမှာ ချစ်ရသူနဲ့အတူတူကြည့်ပြီး ဖီးလ်လို့ကောင်းမယ့် လူငယ်ဆန်ဆန် ရိုမန်တစ်ဟာသကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... Syracuseလို့ခေါ်တဲ့မြို့လေးတစ်မြို့မှာ ဆောင်းရာသီနှင်းအရမ်းကျတဲ့ အခါမျိုးမှာ လမ်းတွေဟာနှင်းတွေနဲ့ပိတ်ပြီး ဆိုင်အားလုံးကျောင်းအားလုံးကိုပိတ်ရပါတယ်။ အဲ့လိုပိတ်ပေးတဲ့နေ့ကို Snow Day လို့ခေါ်တာပေ့ါ။ နတ်တာလီဘရတ်စတန်လို့ခေါ်တဲ့ ကလေးမလေးဟာ ‌ကျောင်းစာလုပ်ရမှာကို အရမ်းပျင်းပြီး အချိန်ပြည့် Snow Day ပိတ်ရက်ကိုမျှော်နေသူပါ။ သူ့မှာအကိုတစ်ယောက်ရှိပြီး သူ့အကိုမှာလည်း ကျိတ်ကြွေရတဲ့ ကောင်မလေးရှိနေပြီး တစ်ဖက်မှာလည်း ငယ်သူငယ်ချင်းကောင်မလေးက သူ့ရဲ့ကောင်းဖော်ဆိုးဘက်ဖြစ်နေပြန်ရော။ ဒီလိုနဲ့သူတို့သုံးယောက်ကြားမှာ ဘယ်လိုဇာတ်လမ်းတွေ ထပ်ဖြစ်လာမလဲဆိုတာကတော့ ... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Zwel Zan Aung ပါ။) File Size          : 1.9GB, 775MB, 393MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 36mins Genre              : Comedy, Family, Musical Translated by Zwel Zan Aung Encoded by Kinnov

Drama
6.9 2022 77 mins
Snow Day
The Perfect Family
5.6

Comedy, Drama လူကုံတန်မိသားစုနဲ့ အခြေခံလူတန်းစား မိသားစု ၂ ခု ပေါင်းစပ်ကြတဲ့အခါ အမြဲတမ်း အချစ်တစ်ခုထဲနဲ့ ဦးစားပေးလို့ မရပါဘူး။ အမြဲတမ်း ရွှေဇွန်းကိုက်ပြီးမွေးလာခဲ့တဲ့ လူစီယာဟာ သူနဲ့အသိုင်းအဝိုင်းတူထဲက မီဂဲနဲ့ လက်ဆက်ပြီး ပါဘလိုဆိုတဲ့ သားတစ်ယောက်နဲ့ အပူအပင်ကင်းမဲ့တဲ့ အိမ်ထောင်သက်တစ်ခုကို ဖြတ်သန်းနေခဲ့တာ ပါဘလို အရွယ်ရောက်တဲ့အထိပါပဲ။ တစ်နေ့ ပါဘလို တစ်ယောက် အရွယ်ရောက်လို့ အတောင်စုံတဲ့အခါ သူရွေးချယ်လိုက်တဲ့ ကြင်ယာဖက်ဟာ သူတို့နဲ့အခြေအနေများစွာ ကွာလွန်းနေတဲ့ သာမန်မိသားစုက မိန်းကလေးကိုပါ ။ လူစီယာလည်း ဖြစ်လာမယ့် သူ့ချွေးမကို သဘောမကျနိုင်ဖြစ်ကာ တစ်ဖက်မိသားစုနဲ့ပါ ပဍိပက္ခလေးတွေဖြစ်လာပါတယ်။ ဒီအရာရာကွာခြားနေတဲ့ မိသားစု ၂ ခုကြားမှာ ဘယ်လိုမျိုး Perfect ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရမယ့် ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ်) Genre.....Comedy Quality….1080p | 720p| 480p File size… Format…mp4 Duration….1h 50min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thiha Yan Naing Encoder ..... August

Action • Crime • Drama • Thriller
5.6 2021 110 mins
The Perfect Family
Welcome to Dongmakgol
7.5

ဒီတစ်ခါမှာတော့ 2005ခုနှစ်က ထွက်ရှိခဲ့တဲ့ ကားလေးနဲ့မိတ်ဆက်ပေးပါ့မယ်။ ဒီကားလေးကတော့ 1950ခုနှစ် တောင်နှင့်မြောက် ကိုရီးယားနှစ်နိုင်ငံကြား စစ်ပွဲကာလကို အခြေတည်ပြီး ရိုက်ကူးထားတာပါ။ ဝေးလံခေါင်းပါးတဲ့ တောင်ပေါ်‌‌‌မှာ လက်ရှိခေတ်အခြေအနေနဲ့ ဝေးကွာနေတဲ့ ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးရှိပါတယ်။ လေယာဉ်ပျက်ကျပြီး ဘာသာစကားမတူညီ လူမျိုးမတူညီတဲ့ ရွာလေးကိုရောက်လာတဲ့ အမေရိကန်လေတပ်က ကပ္ပတိန်တစ်ဦးရယ်.... စစ်ပွဲကြောင့် တောထဲလမ်းပျောက်နေကြတဲ့ တောင်ပိုင်းက စစ်သား၂ယောက်နဲ့ မြောက်ပိုင်းက စစ်သား၃ယောက်ရယ်.... ဒုန်မာဂ်ဂိုလ်ဆိုတဲ့ ရွာလေးမှာ ရေစက်လာစုံကြပါတော့တယ်။ တစ်ဖက်က လူမျိုးမတူတဲ့ လေတပ်ကကပ္ပတိန်.... နောက်တစ်ဖက်မှာက တကယ့်ရန်သူတော်ကြီးတွေ.... ကြားထဲမှာကတော့ ဘာဆိုဘာမှမသိတဲ့ ရိုးသားတဲ့ ရွာသူရွာသားတွေ သူတို့ကြားထဲက အလွဲလေးတွေကို ဟာသနှောရိုက်ကူးထားပေမယ့် ထည့်ထားတဲ့အနှစ်သာရတွေကတော့ အချစ်၊အမုန်း၊သံယောဇဉ် စသဖြင့် အစုံအလင်ပါပဲ။ ရယ်လည်းရယ်ချင်တယ် နွေးထွေးပြီး အရသာ‌ကောင်းတာလေးလည်း ကြည့်ချင်တယ်ဆိုရင်တော့ ဒီကားလေးကိုကြည့်ဖို့ အကြံပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Milkeux ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, War Quality….WEB-DL 1080p and 720p and 360MB File size…2.1GB and 1.1GB and 350MB Format…mp4 Duration….2h 13min Subtitle….Myanmar Subtitle (Hardsub) Translator ..... Milkeux Encoder ..... August

Crime • Drama • Thriller
7.5 2005 133 mins
Welcome to Dongmakgol
Bullet in the Head
7.6

Bullet In The Head ကို တစ်ချို့က ဂျွန်ဝူးရဲ့ အကောင်းဆုံးကားလို့ ဆိုကြတယ်။ Bullet မှာလည်း ဂျွန်ဝူးဟာ သူရဲ့ Trademark ဖြစ်တဲ့ Heroic Bloodshed ပုံစံအတိုင်းပဲ ရိုက်ထားတာပါပဲ။ ဂျွန်ဝူးဟာ ဟောင်ကောင်စီနီမာက စလိုက်တဲ့ ဒီ Genreရဲ့ Pioneer တစ်ယောက်ဖြစ်သလို ဒီ Genre ကို အပိုင်ဆုံးကလည်း ဂျွန်ဝူးပါပဲ။ ဇာတ်လမ်းသာပြောင်းသွားမယ် ညီအစ်ကိုစိတ်ဓာတ်တွေ သွေးသံရဲရဲတွေ အကြမ်းပတမ်းတိုက်ခန်းခိုက်ခန်းတွေ လူမိုက်တွေ ဒါတွေပဲမြင်နေရမှာပေမဲ့ ဂျွန်ဝူးကတော့ ကြည့်လို့မရိုးအောင်ကို ဆွဲဆောင်မှုရှိအောင် ရိုက်ပြနိုင်ပါတယ်။ ဟောင်ကောင်ကစခဲ့တဲ့ ဒီ Heroic Bloodshed Genre ဟာ အနောက်မာစတာပိစ် အက်ရှင်တွေကို လွှမ်းမိုးနိုင်တဲ့အထိ ဂျွန်ဝူးတို့ခေတ်က ပေါက်မြောက်ခဲ့ပါတယ်။ အနောက်ကို လွှမ်းမိုးမှုများခဲ့ပါတယ်။ အထင်ရှားဆုံးပြောရရင် Quentin Tarantino ဟာ City on Fire (1987)ကို Inspire ယူပြီး Reservoir Dogs ကိုရိုက်ခဲ့တာဖြစ်သလို The Killer ကလည်း Léon: The Professional ကားအပေါ် လွှမ်းမိုးမှု အတော်ကြီးခဲ့ပါတယ်။ Bullet In The Head ဟာ ဒီကားနဲ့ရှေ့ဆင့်နောက်ဆင့်ထွက်ခဲ့တဲ့ သူဆက်မရိုက်ဖြစ်ခဲ့တဲ့ A Better Tomorrow 3 လိုပဲ ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ပါ။ ဒီလိုဖြစ်ရတာလည်း အစက Bullet in the head ကို Better Tomorrow 3 အဖြစ်ရည်ရွယ်ခဲ့ပေမဲ့ Tsui Hark နဲ့ ပြဿနာတက်ရာက ခွာပြဲသွားကြလို့ပါပဲ။ မဟုတ်ရင် A Better Tomorrow Trilogy ဟာ အကောင်းဆုံးအပိတ်ကားကို ရသွားမှာပါပဲ။ BiTH ဟာ လွယ်လွယ်နဲ့ ဖြစ်လာခဲ့တာတော့ မဟုတ်ပါဘူး။ ဟောင်ကောင်ရုပ်ရှင်ရဲ့ ဩဇာအရှိဆုံးလူတွေထဲကတစ်ယောက်နဲ့ ပြဿနာတက်ခဲ့တဲ့အတွက် ဂျွန်ဝူးအတွက် အတော်အဆင်မပြေခဲ့ပါဘူး။ ဂျွန်ဝူးဟာ ဒီရုပ်ရှင်အတွက် သူခက်ခဲခဲ့ရပုံကို သမိုင်းမှာရိုက်ကူးရေးမှာ အခက်အခဲအများဆုံးကြုံခဲ့ရတဲ့ ရုပ်ရှင်တစ်ကားဖြစ်တဲ့ Apocalypse now နဲ့တောင် တင်စားပြောခဲ့ပါတယ်။ Apocalypse now ဟာ ဖရန်စစ်ဖို့ဒ်ကော်ပိုလာအတွက် ရိုက်ရအခက်ဆုံးကားဖြစ်သလို BiTH ဟာ ဂျွန်ဝူးရဲ့ ရိုက်ရအခက်ဆုံးကားပါပဲ။ ဒါပေမဲ့လည်း ငွေကြေးအရတော့ မအောင်မြင်ခဲ့ပြန်ပါဘူး။ ပါးစပ်ရာဇ၀င်တွေအရတော့ Tsui Hark ဟာ ဂျွန်ဝူးကို Box Office မှာ အလဲထိုးဖို့ သူ့ BT 3 ကို အဆောတလျင်ရိုက်ခဲ့တယ်ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါပဲ။ Bt 3ဟာ Bullet in the head ထက် ရုံ၀င်ငွေ ဟောင်ကောင်ဒေါ်လာ တစ်ကုဋေကျော်သာပါတယ်။ Bullet in The Head မှာ ဂျွန်ဝူးဟာ နဂိုကတည်းက ကြမ်းနေတဲ့ သူ့ပုံစံကို အကြမ်းဆုံးနေရာဖြစ်ခဲ့တဲ့ ဗီယက်နမ်, ဆိုင်ဂုံမှာ ဇာတ်အိမ်တည်ပြီး အမေရိကန်နဲ့ ဗီယက်နမ်တွေကြားက တိုက်ပွဲတွေ၊ ဟောင်ကောင်နဲ့ ဗီယက်နမ်က ဆန္ဒပြပွဲရဲ့ အနိဌာရုံတွေကိုပါထည့်ပြီး အကြမ်းဆုံးဖြစ်အောင် ရိုက်ပြသွားခဲ့တယ်။ ဒီကအခြေအနေတွေနဲ့ ချွတ်စွတ်တူနေတဲ့ အခန်းတွေလည်း မနည်းပါဘူး။ ဇာတ်အိမ်ကလည်း စစ်ကားမဟုတ်ပေမဲ့ ဗီယက်နမ်မှာပဲ တိုင်ပတ်နေပြီး စစ်ပါတိုက်နေရတာကြောင့် ဗီယက်နမ်ဇာတ်အိမ်တည် စစ်ကားအရသာမျိုးတောင် ထွက်ပါတယ်။ အဓိကဇာတ်ကောင်တွေကတော့ ခုထိလည်း နာမည်ကျော်တွေဖြစ်နေဆဲသူတွေဖြစ်တဲ့ တိုနီလျောင်ချူဝေ, ဂျက်ကီချောင်, ဆိုင်မွန်ယန်းတို့ ပါပဲ။ တစ်ချို့က တိုနီလျောင်ချူဝေရဲ့ အကောင်းဆုံး ပါဖောမန့်တွေထဲ Bullet in The Head ပါတယ်လို့ဆိုကြပါတယ်။ တိုနီလျောင်ကိုတော့ ချီးမွမ်းခန်းထပ်ဖွင့်စရာ မလိုလောက်ပါဘူး။ ဝေါင်ကာဝေးရဲ့ As Tears Go By နဲ့ တရုတ်ပြည်ရဲ့ သရုပ်ဆောင်ရအခက်ဆုံး ဇာတ်ကောင်ဆယ်ခုစာရင်းမှာ ဂျက်ကီချောင် ဝင်ခဲ့တဲ့အကြောင်း တလောကပဲ ဖတ်လိုက်ရပါသေးတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဂျက်ကီချောင်ဟာ ဒီရုပ်ရှင်ထဲလည်း အလားတူဇာတ်ရုပ်ကိုပဲ ပြန်သရုပ်ဆောင်ထားခဲ့ပါတယ်။ တစ်ခန်းဆို As Tears Go By နဲ့ ဇာတ်ဝင်ခန်းပါ သွားဆင်နေပါတယ်။ Bullet in The Head ဟာ ဂျွန်ဝူးရဲ့ ဟောင်ကောင် Heroic Bloodshed ကားတွေထဲ ချောင်ယွန်ဖတ်မပါတဲ့ ကား၂ကားထဲက တစ်ကားဖြစ်ပြီး တစ်ကားတည်းသော ချောင်ယွန်ဖတ်မပါဘဲ သူ့အကောင်းဆုံးစာရင်းဝင်နေတဲ့ Heroic Bloodshed ကားလည်းဟုတ်ပါတယ်။ Bullet in The Head ဟာ ဝေဖန်ရေးသမားသီးသန့်သာပေးကြတဲ့ Rotten Tomatoes Rating မှာ ၁၀၀အပြည့်ရထားတဲ့ ဂျွန်ဝူးရဲ့ တစ်ကားတည်းသောရုပ်ရှင်လည်း ဟုတ်ပါတယ်။ Bullet in The Head ဟာ ရုံ၀င်ငွေအရ အောင်မြင်မှုမရခဲ့ပေမဲ့ တစ်ခါကြည့်တိုင်း ထူးခြားချက်တစ်မျိုးထပ်မြင်ရတတ်တဲ့ ဂျွန်ဝူးရဲ့ မာစတာပိစ် ဧကန်ဖြစ်တဲ့ရုပ်ရှင်လို့လည်း ဝေဖန်ရေးသမားအချို့က ဆိုပါတယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2GB, 1.6GB, 589MB Quality - 1080p, 720p, 480p IMDb Rating - 7.6/10 Format - mp4 Duration - 2H 16Min Type - Action, Crime, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
7.6 1990 130 mins
Bullet in the Head
The Day
5.2

The Day (2011) သွေးသံတရဲရဲနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် အတိုက်အခိုက် ဇာတ်ကားမျိုး Zombie ဇာတ်ကားမျိုး သဘောကျတဲ့ ရုပ်ရှင်ချစ်သူတို့အတွက် The Day (2011) ဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီကားလေးက အဖြူအမည်းနဲ့ production budget လျှော့ချပြီး ရိုက်ထားပေမဲ့ Cartlonian Film Festival မှာ Best Motion Picture award အတွက် စံကာတင် အရွေးခံခဲ့ရတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းချုပ်ကတော့ တစ်ကမ္ဘာလုံး ကပ်ဘေးကျရောက်ပြီး လူမကျ ဇွန်ဘီးမကျတဲ့ လူသားစား အကောင်တွေရဲ့ လိုက်လံ သတ်ဖြတ် စားသုံးခြင်းကို ခံနေရတဲ့ ခေတ်ကာလကြီးဖြစ်ပါတယ်။ အဲ့ကာလမှာ လူ ၅ ယောက်တစ်စုဟာ ထွက်ပြေးတိမ်းရှောင်ရင်း အိမ်တစ်အိမ်မှာ အခြေချကာ သွေးဆာနေတဲ့ လူသားစားအကောင်တွေကို လက်ကျန်ကျည်ဆန်လေးနဲ့ ရင်ဆိုင် တိုက်ခိုက်ရတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလှည့်ကွက်လေးတွေလည်း ပါတာမလို့ စိတ်ဝင်စားဖို့ကောင်းပြီး ရိုက်ချက်တွေကလည်း မိုက်တာမလို့ ကြည့်သင့်တဲ့ thriller/apocalypse ဇာတ်ကားလေး ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Kit ပါ။) File Size : 1.5GB, 677MB, 357MB Quality :1080p BDRip, 720p BDRip, 480p Format : mp4 Duration : 1hr 27mins Genre : Action, Comedy, Horror Translated by Kit Encoded by Kinnov

5.2 2011
The Day
Tales From The Occult: Body and Soul
5.9

Tales from the Occult : Body and Soulမှာ အပိုင်းသုံးပိုင်းခွဲထားပြီးတော့ သည်းထိတ်ရင်ဖိုဖြစ်ရတဲ့ ရုပ်ရှင်အမျိုးအစားပါ ဇာတ်လမ်းအစပိုင်းမှာတော့ မိန်းကလေးမော်ဒယ်တစ်ယောက်က ကုမ္ပဏီသူဌေးရဲ့ ထိပါးစော်ကားမှုကိုခံခဲ့ရပြီး မထင်မှတ်ပဲ ဆိုက်ကိုလူသတ်သမားလုပ်တဲ့ ဆံပင်ညှပ်ဆိုင်ထဲကိုဝင်ရောက်မိပြီး အသတ်ခံရခဲ့တယ် ဒုတိယအပိုင်းမှာတော့ နိုရာရဲ့ကြောင်ပေါပေါကိုသတ်ခဲ့တဲ့တရားခံကို တဖြည်းဖြည်းဖော်ထုတ်ပြီး နိုရာကိုယ်တိုင်ပြန်ပေးဆွဲခံခဲ့ရတဲ့ ထိတ်လန့်စရာမြို့ပြဒဏ္ဌာရီတစ်ခုပဲဖြစ်ပါတယ် တတိယအပိုင်းဖြစ်တဲ့သွားဆေးခန်းအမှုမှာတော့ လူတိုင်းသွားဆေးခန်းမှာ ကြုံတွေ့ရနိုင်တဲ့ ကြောက်လန့်စရာဖြစ်ရပ်တွေကို ရိုက်ကူးဖော်ပြထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းသုံးမျိုးမှာ ဘယ်လိုအမှုတွေဖြစ်ပြီး ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ စောင့်မျှော်ကြည့်ရှုကြတာပေါ့

Romance • Drama
5.9 2023
Tales From The Occult: Body and Soul
Superman: Brainiac Attacks

Superman: Brainiac Attacks (2006) IMDb: 5.8/10 Rotten Tomatoes: 60% Genre: Action/Sci-fi/Animation ဇာတ်ညွှန်း ဘရိန်းနီးရာ့ခ်တစ်ယောက် ကမ္ဘာကိုတဖန်ပြန်ရောက်လာခဲ့ပြီး လက်စ်လူသာ ပိုင်ဆိုင်တဲ့ လက်စ်ဓာတ်ခွဲခန်းတစ်ခုကို အနုကြမ်းဝင်စီးခဲ့ပါတယ်။ ဓာတ်ခွဲခန်းမှာရှိသမျှ အသိဉာဏ်တွေအားလုံးကို စုပ်ယူနေတဲ့အချိန်မှာ စူပါမန်းရောက်လာပြီး ဘရိန်းနီးရာ့ခ်ကိုအနိုင်ယူခဲ့ပါတယ်။ ဒါပေမယ့်လည်း စူပါမန်းမသိခဲ့တာက ဘရိန်းနီးရာ့ခ်ရဲ့ အစိတ်အပိုင်းလေးတစ်ခုကျန်ခဲ့တယ်ဆိုတာပါပဲ။ အဲဒါကိုပထမဦးဆုံးမြင်ခဲ့တဲ့လူကတော့ လက်စ်လူသာဖြစ်ပါတယ်။ လက်စ်လူသာဟာလည်းခေသူမဟုတ်တော့ ဘရိန်းနီးရာ့ခ်ကိုအသက်ပြန်သွင်းခဲ့ပြီး အရင်ကထက်ပိုကောင်းတဲ့ ဝတ်စုံတစ်ခုကိုပေးခဲ့ပါတယ်။ နောက်ထပ်ကျန်ခဲ့တဲ့အရာတစ်ခုကတော့ စူပါမန်းရဲ့ ဒီအန်အေပဲဖြစ်ပါတယ်။ လက်စ်လူသာနဲ့ ဘရိန်းနီးရာ့ခ်တို့နှစ်ယောက်လက်တွဲပြီး စူပါမန်းကိုဘယ်လိုမျိုးတိုက်ခိုက်မှာလဲ။ ကမ္ဘာကိုအုပ်စိုးချင်နေတဲ့လူနှစ်ယောက်လက်တွဲလိုက်ခြင်းက မက်ထရိုပိုလစ်မြို့ကိုရော၊ ကမ္ဘာကိုရော ဘယ်လောက်ထိ အန္တရာယ်များစေလဲ။ File size… 1.2 GB / 544 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 16m Genre ….. Animation/Action/Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by Lucifer Maximoff

0 2006
Superman: Brainiac Attacks
Single8
6.8

Single 8 (2023) ဒီရုပ်ရှင်က ခမ်းခမ်းနားနားရုပ်ရှင်တော့မဟုတ်ဘူး။ ဒါပေမဲ့ ခမ်းခမ်းနားနားရုပ်ရှင်တစ်ခုကြောင့် ရုပ်ရှင်ရိုက်ဖြစ်သွားတဲ့အကြောင်း ရုပ်ရှင်။ အဲဒီခမ်းခမ်းနားနားရုပ်ရှင်ဆိုတာက ကမ္ဘာ့ရုပ်ရှင်လောကကို ကိုင်လှုပ်တဲ့ Star Wars ။ အမေရိကန်မှာပြပြီးတစ်နှစ်အကြာ ၁၉၇၈ဇွန်လမှာ Star Warsက ဂျပန်ကိုရောက်လာခဲ့တယ်။ အဲဒီရုပ်ရှင်ဟာ သမားရိုးကျ သိပ္ပံရုပ်ရှင်တွေရဲ့ သမားရိုးကျပုံစံတွေအားလုံးကနေခွဲထွက်ပြီး ဝေဖန်ရေးသမားတွေချီးကျူးတာခံခဲ့ရတယ်၊။ ဒီဇာတ်လမ်းက Star Warsကနေ အနုပညာဓာတ်ခံနိုးကြားပြီး သူတိုကိုယ်ပိုင် ရုပ်ရှင်ကိုရိုက်ဖိုဆုံးဖြတ်လိုက်တဲ့ ဆယ်ကျော်သက်လေးတွေအကြောင်းပဲ။ ဒီရုပ်ရှင်က ပြောရရင် ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်လေးတွေ ကျောင်းနှုတ်ဆက်ပွဲမှာ ပြဖို ရုပ်ရှင်ရိုက်ကြတဲ့အကြောင်း ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ဇာတ်အိမ်က ၁၉၈၀မတိုင်ခင်ကာလတွေမှာ တည်ထားတယ်။ ဒီကောင်လေးတွေက စစချင်း စပီးဘာ့ချ်ရဲ့ Jawsကို ဝက်ဝံလိုက်တဲ့ ပုံစံနဲ့ ပြောင်းရိုက်ခဲ့တယ်။ တော်တော်တော့ မအောင်မြင်ခဲ့ပါဘူး။ ဒီနောက် စတာဝါးစ်ထွက်လာတော့လည်း စတားဝါးစ်ကို တော်တော်လေးရူးသွပ်ခဲ့ကြတယ်။ စတားဝါးစ်ထဲကလို အာကာသယာဉ်အရုပ်တွေလိုက်လုပ်ပြီး စတားဝါးစ်လို ရုပ်ရှင်ကိုပါ ရိုက်ချင်ခဲ့ကြတယ်။ ဒီလိုနဲ့ ကျောင်းနှုတ်ဆက်ပွဲအတွက် ရုပ်ရှင်ရိုက်ရဖို အကြောင်းဖန်လာတဲ့အခါ စတားဝါးစ်လို သိပ္ပံရုပ်ရှင်ကားတစ်ကားရိုက်ပြဖို ကြံခဲ့ကြတယ်။ စတားဝါးစ်လိုကားကို ချစ်လို အဲဒီလိုကားမျိုး ရိုက်ချင်ခဲ့တဲ့ ဆယ်ကျော်သက်လေးတွေ သူတိုရုပ်ရှင်ကားကို ဘယ်လိုအသက်သွင်းလဲဆိုတာကိုပဲ ဒီရုပ်ရှင်တစ်လျှောက်လုံးမှာ ပြထားတယ်။ ဒီရုပ်ရှင်က အကောင်းကြီးတော့မဟုတ်ဘူး ဒါပေမဲ့ တော်တော်ချစ်စရာကောင်းတဲ့ရုပ်ရှင်ပဲ။ တစ်ခုရှိတာက ရုပ်ရှင်ရိုက်ချင်တဲ့ လူငယ်တွေကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပဲ။ ဘာပစ္စည်းမှမရှိ ဘာမှမရှိသလောက်ဖြစ်နေတဲ့ အခြေအနေမှာ သူတို ဒီရုပ်ရှင်ကို ရအောင်ဘယ်လိုအသက်သွင်းလဲကြည့်ရင်း ကြည့်နေတဲ့သူပါ ရိုက်ချင်တဲ့စိတ်ရှိခဲ့ရင် ဖြစ်အောင်ရိုက်ပြချင်သွားအောင် လှုဆော်နိုင်တဲ့ ရုပ်ရှင်လိုပြောရမယ်။ ကူးဘရစ် ကူရိုဆာဝါ စပီးဘာ့ချ် ဂျော့လူးကပ်စ်တိုကို homageပေးသွားတဲ့အပြင် တခြားရုပ်ရှင်တွေကိုလည်း ထည့်ချီးကျူးထားတယ်။ ဘာမှတော့ ခမ်းခမ်းနားနားမဟုတ်ပေမဲ့ ရုပ်ရှင်ကိုချစ်ကြတဲ့ လူငယ်တစ်စု ရုပ်ရှင်ရအောင်ရိုက်ဖိုလုပ်ကြတာကို ကြည့်ရတာက တော်တော်လေး အရသာရှိနေတယ်။ သူ့နာမည်က Single 8ကိုက ဖူဂျီကနေထုတ်ထားတဲ့ အပျော်တမ်းသမားတွေသုံးဖိုထုတ်ပေးထားတဲ့ ဖလင်တစ်မျိုးရဲ့နာမည်ပါပဲ။ တစ်ခုရှိတာက ပုံမှန်ဆိုရင် ရုပ်ရှင်ထဲ ရိုက်နေတဲ့ရုပ်ရှင်ကို ရုပ်ရှင်ထဲ သေချာဇာတ်ရည်လည်အောင် မပြကြပေမဲ့ ဒီထဲတော့ သေချာပြသွားတယ်။ ရုပ်ရှင်ထဲက ရုပ်ရှင်ကလည်း ခမ်းကြီးနားကြီးမဟုတ်ပေမဲ့ သိပ္ပံရုပ်ရှင်တွေကို Homageပေးထားတဲ့ အသိအမှတ်ပြုလိုရတဲ့ရုပ်ရှင်လိုပဲ ပြောရပါမယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File size_(2.5GB)/(1.2B) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:53:00 Genre_Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

Action • Horror • Western
6.8 2023 112 mins
Single8
Suspiria
7.3

ဘဲလေး အကကို တဆင့်မြင့်တင်ဖို့ ဂျာမနီမှာရှိတဲ့ အကယ်ဒမီကို ရောက်လာတဲ့ ဘဲလေးအကမယ်လေး ဆူဇီတယောက် ကျောင်းကို ရောက်တဲ့အချိန် ကျောင်းသူတွေထူးဆန်းစွာတယောက်ပြီးတယောက်သေကြတာကိုတွေ့ရှိလိုက်ရပြီးနောက် အကယ်ဒမီရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ လုပ်တဲ့အခါမှာတော့ …. ဒီဇာတ်ကားကတော့ ဒါရိုက်တာ Dario Argento’s ရိုက်ကူးခဲ့ပြီး ၁၉၉၇ ခုနှစ်မှာ စတင်ပြသခဲ့ပါတယ် သွေးသံရဲရဲအခန်းတွေ ထိတ်လန့်စရာတွေ အသဲချမ်းစရာတွေပါဝင်တဲ့ဇာတ်ကားဖြစ်လို့ Horror ကြိုက်တဲ့သူတွေသေချာပေါက်ကြည့်ရှုရမယ့်ဇာတ်ကားပါ ၂၀၁၈ ခုနှစ်မှာလည်း သူ့ကို အခြေခံပြီးပြန်ရိုက်ထားတဲ့ဇာတ်ကားထွက်လာခဲ့ပါတယ် ထိတ်လန့်သည်းဖိုကြိုက်တဲ့သူတွေအတွက် ရင်ထဲအမြဲရှိနေတဲ့ ဂန္ဓဝင်ဇာတ်ကားလေးမို့ ကြည့်ရှုလိုက်ပါဦး….. File size…(1.4 GB)/(720 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:32:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar

7.3 1977 99 mins
Suspiria
Munkar
6.4

Munkar 2024 ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ၂၀၂၄ ခုနှစ်နောက်ဆုံးထွက်လာတဲ့ အင်ဒို horror ကားလေးပဲဖြစ်ပါတယ် အာရှသရဲကားတွေထုံးစံအတိုင်း မကြောက်ကြောက်အောင် ရှယ်ခြောက်ပေးမှာမို့ သရဲကားဆို အာရှကားမှဆိုတဲ့ပရိသတ်တွေအတွက်တော့ အကြိုက်ပါပဲ ငယ်ငယ်တုန်းက ကြည့်ခဲ့ရတဲ့ အာရှသရဲကားတွေကိုမှ ခေတ်မှီပြုလုပ်ချက်တွေနဲ့ ကင်မရာရှုထောင့်တွေ အသံပြုလုပ်ချက်အလန်းတွေနဲ့မို့ ကြည့်ရတာအရသာရှိရှိကြောက်နေရမှာပါ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟာလီနာဆိုတဲ့ကောင်မလေးတစ်ယောက်က အစ္စလာမ်ဘာသာရေးမိန်းကလေးဘော်ဒါ‌ဆောင်မှာ ကျောင်းသူသစ်လေးပါ ရောက်စဆိုတော့ အဆင်မပြေတဲ့အချိန်မှာ တခြားကျောင်းသူတွေကအနိုင်ကျင့်ရင်းလက်လွန်ပြီး ယဉ်တိုက်မှုဖြစ်သွားပါတယ် ယဉ်တိုက်မှုကနေပြန်ကောင်းလို့ ကျောင်းပြန်ရောက်လာတဲ့အချိန်မှာ တစ်မျိုးဖြစ်ပြီး ထူးဆန်းနေတဲ့ ဟာလီနာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားကြဖို့ တင်ဆက်ပေးလိုက်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲ ဖြစ်ပါတယ် Genre….. Horror Quality…. 1080p | 720p File size… 875MB | 475MB Format… mp4 Duration…. 1h 24min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Thurein Lynn Encoder ….. Aaron

6.4 2024
Munkar
Love and Shukla
7.3

Love and Shukla (2017) “ကြင်စဦးမောင်နှံ” ဒီတစ်ခါမှာ ရီဗျူးကောင်းလေးတွေရရှိထားတဲ့ အချစ်/ဒရာမာ ရုပ်ရှင်အဟောင်းလေးကို CM ပရိသတ်ကြီးအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် ရှူကလာဟာ သုံးဘီးမောင်းသမား ဖြစ်ပြီး မိန်းမအတွေ့အကြုံလုံးဝမရှိတဲ့သူပါ မိန်းကလေးတစ်ယောက်ကို စိုက်ကြည့်လို့တောင် မသင့်ဘူးလို့ ငယ်ငယ်ကတည်းက မှတ်ထားတာကြောင့် ဘော်ဒါတွေကြားမှာ သူ့အတွေ့အကြုံက ဝိုင်းနောက်စရာဖြစ်နေပါတယ် ဖြစ်ချင်တော့ လူကြီးတွေ ပေးစားလို့ ရလာတဲ့ ဇနီးသည် လက်ရှ်မီးကလည်း သိပ်ကိုရှက်တတ်တဲ့ မိန်းကလေးဖြစ်နေပြန် … သူ့အဖေနဲ့အမေကပါ ပုဏ္ဏားဟောထားတဲ့ အတိုင်း အချိန်မသင့်သေးဘူးလို့ ယုံကြည်ထားတာကြောင့် ကြင်စဦးလင်မယားအိမ်မှာ ညလုံးပေါက် တီဗွီကြည့်ကြ၊ အိပ်တဲ့အခါမှာလည်း လေးယောက်သား အတူတူအိပ်ကြရတဲ့အခါ … ကိုယ်ရေးကိုယ်တာ လွတ်လပ်ဖို့ရန်နှင့် နှလုံးသားချင်းနီးစပ်နိုင်ဖို့ရော ဘယ်လိုကြိုးစားသွားကြမလဲဆိုတာကတော့ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ ToMo ~ Thura ~ Yunni ~ Linn တို့ ဖြစ်ပါတယ်

7.3 2017 117 mins
Love and Shukla
Family Drama
6.5

Family Drama (2024) ဒရာမာမိသားစု IMDb-6.6/10 အိန္ဒိယရဲ့ များပြားလှသော မိသားစုတွေလိုပဲ ဖခင်တစ်‌ယောက်တည်းရဲ့ ကြပ်တည်းတဲ့ ဝင်ငွေနဲ့ ရပ်တည်နေကြတဲ့မိသားစု ၊ ကျန်မိသားစုဝင်တွေကလည်း မိသားစုအဆင်ပြေရေး အနာဂတ်စိုပြေရေးအတွက် အိပ်မက်တွေအသီးသီးရှိကြတဲ့သူတွေပါပဲ ၊ ဒါပေမဲ့ အိပ်မက် နဲ့ ခံယူချက်ကို အရာအားလုံးထက် ဦးစားပေးလွန်းတဲ့သူတွေများတော့ ဒီမိသားစုကြားမှာ ဟန်ချက်မညီတာတွေဖြစ်လာတယ် ။ အမေဖြစ်သူကလည်း အိမ်အလုပ်တွေအကုန်လုပ်ရတယ် သူသာအိမ်ရဲ့ကျွန်မကြီးဆိုပြီး မြည်တွန်တောက်တီးရင်း အိမ်အလုပ်တွေစိတ်ကုန်ပြီး ကုန်စုံဆိုင်လေးပဲဖွင့်ချင်နေတဲ့သူ ၊ သမီးဖြစ်သူက အိမ်အလုပ်နဲ့ တခြားအရာတွေထက် ဖုန်းတစ်လုံးနဲ့ အလုပ်ရှာ စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့သူ ၊ သားဖြစ်သူကတော့ ကောင်မလေးဆီက အထင်ကြီးခံရဖို့ လူမိုက်အဖွဲ့မှာ ဝင်ငွေအလွယ်ရဖို့ဝင်လုပ်နေတဲ့ ဆယ်ကျော်သက်လေးတစ်ယောက် ၊ ဒီလိုမိသားစုရဲ့ အဓိကဝင်ငွေရှာပေးနေတဲ့ အဖေဖြစ်သူဆုံးသွားတဲ့အချိန်မှာ အပြောင်းအလဲ ၊ အတိမ်းအစောင်းတွေစဖြစ်လာတော့တာပဲ ဒီမိသားစုဝင်တွေရဲ့ ပင်ကိုယ်စိတ်ခံယူချက်တွေနဲ့ ‌ရှေ့ဆက်ကြုံရမဲ့အခက်အခဲတွေ အငယ်ဆုံးသားဝင်လုပ်နေတဲ့ လူမိုက်အဖွဲ့ကနေ နွှယ်ပါလာမဲ့ပြဿနာတွေ ၊ ဒီပြဿနာတွေကြား သူတို့မိသားစု ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ပရိသတ်ကြီးပဲရှုစားကြည့်ပါဦး အညွှန်းနှင့် ဘာသာပြန်သူတွေကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်

6.5 2024
Family Drama
The Wish Swap
6.8

The Wish Swap (2025) ကံကြမ္မာရဲ့ဆန်းကြယ်မှုဆိုတာ လူတိုင်းစီကို တစ်နည်းမဟုတ်တစ်နည်း အခွင့်အရေးတစ်ခုမဟုတ်တစ်ခုနဲ့ ရောက်လာတတ်ကြတယ်တဲ့ လူတိုင်းဟာ ကိုယ့်ဖူးစာဖက်ကို တကယ်မှန်ကန်တဲအချိန်မှာတွေ့မိတတ်ကြမလားမသိနိုင်ပေမယ့် လွဲချော်သွားကြတဲ့အခါ အချိန်နဲ့ကံကြမ္မာကိုပဲ အပြစ်တင်တတ်ကြတာပေါ့ ဒါဆိုရင် ကံကြမ္မာကရော အမြဲတမ်း လွဲမှားမှုတွေပဲပေးနေတတ်သလား မဟုတ်ရင် ပိုကောင်းတဲ့ သင့်တော်တဲ့လူတစ်ယောက်ဆီကို တွန်းပို့ပေးမှာလားဆိုတာ မျှော်လင့်ရင်ခုနနိုင်မယ့်ဒီဇာတ်ကားလေးကတော့ မတူညီတဲ့ဘဝပုံစံနှစ်ခုနဲ့ ဟန်နရီနဲ့ကေစီတို့နှစ်ဦးသား အကြောင်းတိုက်ဆိုင်လို့တောင် တွေ့နိုင်ဖွယ်မရှိတဲ့သူတို့နှစ်ယောက်က တိုက်တိုက်ဆိုင်ဆိုင်ပဲ ကံကြမ္မာရဲ့မျက်နှာသာပေးမှုကြောင့် မွေးနေ့အတူတူအဖြစ် မွေးနေ့ပွဲလုပ်တဲ့ဆိုင်လေးမှာ ဆုံတွေ့ခဲ့ကြတယ် အဲဒီကနေ သူတို့နှစ်ယောက်ဘဝကို မသိမသာတိုးတိုးတိတ်တိတ်လေး ပြောင်းလဲသွားစေမယ့် ကံကြမ္မာရဲ့ဆန်းကြယ်မှုကတော့ မွေးနေ့ကိတ်တစ်ခုတည်းပေါ် ဆုတောင်းမိကြတဲ့သူတို့နှစ်ဦးသား ဆုတောင်းတွေအမှန်တကယ်ဖြစ်လာတာပါပဲ ဒါပေမယ့် သူတို့ဆုတောင်းတွေက တစ်ဦးဆုတောင်းတစ်ဦးဆီမှာဖြစ်ပေါ်လာရင်း ဘယ်လိုမျိုး ဖြည့်ဆည်းသွားကြမလဲ ဘယ်လိုမျိုးယုံကြည်ချက်တွေ ခိုင်မာမှုတွေက နှစ်ယောက်သားအချင်းချင်း အမြစ်တွယ်ငြိလာကြမလဲ ပေါ့ပါးတဲ့ခံစားချက်အတက်အကျလေးနဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပေါ်လာပုံကို ကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်

6.8 2025 84 mins
The Wish Swap