YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The Adventures of Young Indiana Jones - 1x12 - Attack of the Hawkmen_new.480p.(CM).mp4

513.27 MB N/A video/mp4 372 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Blood & Gold
6.6

~ IMDb - 6.6/10, Rotten Tomatoes - 67% ~ နာဇီတွေက ရှေးဟောင်းပစ္စည်းတွေ အနုပညာပစ္စည်းတွေ လက်ဝတ်ရတနာတွေနဲ့ တခြားထူးထူးဆန်းဆန်း ဂမ္ဘီရပစ္စည်းတွေကို တော်တော်စိတ်ဝင်စားကြပုံရတယ်။ ဥပမာ - ကျွန်တော်တို့ငယ်ငယ်က Indiana Jones ရုပ်ရှင်တွေထဲမှာဆိုလည်း သူနဲ့အပြိုင်ရတနာလိုက်ရှာတာက နာဇီတွေခပ်များများပဲ။ အခုဒီဇာတ်ကားကတော့ ဂျူးလူမျိုးတစ်ယောက်ချန်ထားခဲ့တဲ့ ရွှေချောင်းတွေကို နာဇီတွေလိုက်ရှာတဲ့အကြောင်းပါ။ အချိန်ကာလကိုပြောရရင် ဒုတိယကမ္ဘာစစ်ပြီးခါနီး ၁၉၄၅... ဂျာမန်တွေစစ်ရှုံးနေတဲ့အချိန်ပေါ့။ ဒါပေမဲ့ သူတို့ကလက်‌မလျှော့သေးဘူး။ စစ်ရှုံးနေရင်းတန်းလန်း ရွှေချောင်းသွားရှာနိုင်သေးတယ်။ တကယ်က ရှာပုံတော်လို တောတောင်တွေဖြတ်ပြီးရှာကြတာမဟုတ်ပါဘူး။ သူတို့မှာ သတင်းရထားပြီးသားပါ။ ဒီမြို့မှာနေသွားတဲ့ ဒီဂျုးလူမျိုးကြီးမှာ ရွှေချောင်းသေတ္တာလိုက်ရှိခဲ့ဖူးတယ် ဆိုပြီးပေါ့။ ဒီတော့ သူတို့ကသွားယူရုံပဲလို့တွေးထားခဲ့တာပါ။ ဒါပေမဲ့ အဲဒီဂျူးမိသားစုနေသွားတဲ့အိမ်က အပျက်အစီးပုံကြီးပဲကျန်တာကြောင့် နာဇီတွေအကြပ်ရိုက်ပါပြီ။ ရွှေတွေကဘယ်ရောက်နေမလဲ ဘယ်သူတွေရသွားမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကြည့်ပျော်တယ်လို့ပြောနိုင်ပြီး သေနတ်ပစ်တာတွေ၊ ရိုက်ကွင်းရိုက်ကွက်တွေကအတော်လှတယ်လို့ပြောနိုင်ပါတယ်။ ဂျာမန်ရုပ်ရှင်ဆိုတော့ ဂျာမန် Vibe လေးတစ်မျိုးလည်း ရပါသေးတယ်။ ဘယ်လိုလဲဆိုတာကိုတော့ကြည့်ရင်း ခံစားလိုက်ရအောင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.25GB, 600MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 40Min Genre - Action, Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Romance
6.6 2023 100 mins
Blood & Gold
The Legendary Tazza's Tap
4

ဖဲဝိဇ္ဇာတွေအများကြီးထဲမှာ ၂၀၂၂ ခုနှစ်ထွက်ရုပ်ရှင်မှာတော့ မင်းသားကြီးအိုဂျီဟိုလည်းပါဝင်လာပါပြီ အွန်လိုင်းဂိမ်းကနေပဲ လောင်းကစားလုပ်တဲ့ အီထက်ဒုံးဟာ ညီအစ်ကိုလိုခင်တဲ့ ဂယောင်းဂျို ရှုံးသွားတဲ့ ပိုက်ဆံတွေကိုလိုက်ပေးဖို့ ကိုယ်တိုင် ဝင်ပါရာမှ တကယ့်ဖဲလောကရဲ့ လှည့်ဖြားမှုတွေကို သိသွားလိုက်ရပါတော့တယ် ပိုက်ဆံတွေပြန်ရဖို့ကို ဘယ်လိုတွေလိုက်လဲ ဘယ်လိုတွေ အချီကြီးတွေဆော့လဲ ဘာတွေရင်းလိုက်ရလဲ ဘယ်လိုတွေဉာဏ်ဆင်ပြီး ရအောင်လိုက်သလဲ ဖဲဝိဇ္ဇာဆိုတဲ့အတိုင်း ကတ်တွေကို ပါးပါးနပ်နပ်နဲ့ဆော့သွားတာကို ကြည့်ရမှာဖြစ်ပြီး ဒီရုပ်ရှင်မှာတော့ "ဘာဒုဂီ" လို့ခေါ်တဲ့ ပိုကာဂိမ်းကို အဓိကထားပြီးဆော့သွားမှာပါ ဖဲဝိဇ္ဇာတွေရဲ့ ဉာဏ်သုံးပုံတွေကို ဒီရုပ်ရှင်လေးမှာ အတူကြည့်ပေးကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Thuu Thuu ပဲ ဖြစ်ပါတယ်။ Genre.....Crime, Action Quality….WEB-DL 1080p and 720p and 360p File size…1.7GB and 703MB and 273 MB Format…mp4 Duration….1h 36min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thuu Thuu Encoder ..... August

Comedy
4 2022 96 mins
The Legendary Tazza's Tap
Miracle in Cell No. 7
8.3

Remakeကားတွေ မူလရုပ်ရှင်ကို မှီတာ အတော်ရှားပါတယ်။အခုရုပ်ရှင်က အဲ့ဒီ လိုရှားတဲ့အထဲက တစ်ကားပါပဲ။ သိသလောက်တော့ ကိုရီးယားရုပ်ရှင်တွေကို remake ပြန်ရိုက်ကြတဲ့ အနောက်တိုင်းရုပ်ရှင်တွေမှာ ပျက်ကြတာ အတော်များတယ်။ Old Boyတို့ My Sassy Girlတို့ IIMareတို့ဆို ပျက်သလောက်ပါပဲ။မူလရုပ်ရှင်ရဲ့ ခံစားမှုကို မပေးစွမ်းနိုင်ပါဘူး။ အခုရုပ်ရှင်ကတော့ Remakeဆိုပေမယ့် မူလရုပ်ရှင်ရဲ့ဟာကွက်ဆန်တာတွေကို ဖြည့်ထားတဲ့အပြင်၊ ထောင်သားတွေရဲ့ ဇာတ်ကောင်စရိုက်ကလည်း ပိုပီပြင်တယ်။ ဖြစ်ရပ်တွေရဲ့ ယုတ္တိရှိမှုကလည်း ပိုပြီးတာသွားတယ်။ မူလရုပ်ရှင်ထက်သာတဲ့ Remakeလို့ပဲ ဆိုချင်တယ်။ မူလ ကိုရီးယားရုပ်ရှင်ကို ကြည့်ပြီး ခံစားခဲ့ရတဲ့သူတွေ ဒီရုပ်ရှင်မှာ ပိုခံစားလို့ရမှာတော့ သေချာပါတယ်။ ဇာတ်အိမ်တည်တာက တူရကီက ရွာလေးတစ်ရွာမှာ။ အဲ့ဒီရွာမှာ မွေးထားတဲ့ ခြောက်နှစ်သမီး ကလေးလောက်တောင် ညဏ်ရည်မမှီတဲ့လူရှိတယ်။ ဆင်းရဲကလည်းဆင်းရဲရတဲ့အထဲ ဂြိုလ်ဆိုး၀င်ချက်ကတော့ အခြေအနေအကြောင်းကြောင်းကြောင့် စစ်တပ်က ကွန်မန်ဒါရဲ့သမီးလေးသေသွားတာ သူ့ကြောင့်ဆိုပြီး သေဒဏ်ချခံလိုက်တာရတာပါပဲ။ ကလေးကိုသတ်တဲ့လူဆိုပြီး ထောင်သားချင်း အရိုက်ခံရတဲ့အပြင် ကွန်မန်ဒါကလည်း သူ့ကို မိသားစုနဲ့ပေးမတွေ့ဖို့ အမိန့်ချထားတယ်။ တွေ့ခွင့်တောင်မရှိတဲ့ ဘ၀မှာသမီးကလွဲ ဘာမှမရှိတဲ့အဖေတစ်ယောက်ရယ် အဖေကလွဲ ဘာမှမရှိတဲ့သမီးတစ်ယောက်ရယ်ဟာ တွေ့ခွင့်ရဖို့ကြိုးစားကြရင်း ဒီရုပ်ရှင်ရဲ့ လူသားဆန်မှုတွေက ကျွန်တော်တို့ မျက်ရည်ကို ချူယူသွားကြတယ်။ ဒီရုပ်ရှင်ကို ကြည့်ဖို့ မိတ်ဆွေအနေနဲ့ တစ်ရှုးတစ်ရွက်လောက်တော့ ဆောင်ထားသင့်တယ်။ Turkey Youth Awards (2020)နဲ့ Golden Palm Awards (2020) တို့မှာ Best Filmဆုရထားပြီး အော်စကာပွဲမှာ Best International Feature Filmဆုအတွက် ယဉ်ပြိုင်ခွင့်ရတဲ့တူရကီရုပ်ရှင်အဖြစ် အရွေးခံခဲ့ရတယ်ဆိုတော့ Remakeပေမယ့် အတော်အောင်မြင်တဲ့ Remakeပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 2h 12min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama Source : 1080p.WebRip Translator –  WiRa Aung Encoder – SWM

Romance
8.3 2019 132 mins
Miracle in Cell No. 7
Die Hard
7.8

ခရစ်စမတ်နဲ့ နယူးရီးယားနီးလာလို့ ဘာဇာတ်ကားကြည့်မလဲဆိုရင် ကျွန်တော်ကတော့ Die Hard ဇာတ်ကားတွေကိုပဲ ပြေးမြင်ပါတယ်။ မင်းသားကြီး ဘရုစ်ဝီလီ ရဲ့အကောင်းဆုံးဇာတ်ကားတွေလို့ဆိုရင်လဲ Die Hard ဇာတ်ကားတွေကိုပဲ အရင်ဆုံးပြေးမြင်ကြမယ်ထင်ပါတယ်။ကျွန်တော် ကလေးဘဝကတည်းက ကာတွန်းဒီရဲဂျာရဲ့ ကာတွန်းတွေဖတ်ရင်း ဒီဇာတ်လမ်းတွေကိုရင်းနှီးနေပါတယ်....နည်းနည်းအရွယ်ရောက်လာတော့ ဇာတ်ကားတွေကိုမျက်မြင်ကြည့်ရတော့လဲ ထိုင်ရာမထကြည့်မိတာချည်းပါပဲ။ အထူးသဖြင့် တုံးတိုက်တိုက်ကျားကိုက်ကိုက် စိတ်ထဲရှိသလိုပြောတတ်တဲ့..... အကြောက်အလန့်ကင်းတဲ့..... ဂျွန်မက္ကလိန်းဆိုတဲ့ ဇာတ်ကောင်ကို ပြသနာတွေ အန္တရာယ်တွေကြုံတိုင်း..သိမ်ငယ်စိတ်တွေဝင်လာတိုင်း အမှတ်ရမိတာ အမှန်ပါ။ Die Hard ဇာတ်ကားတွေဟာ အခုချိန်ထိ စုစုပေါင်း ၅ ကားထွက်ထားပါတယ်။တစ်ကားနဲ့တစ်ကားဟာ အနည်းငယ်တော့အဆက်အစပ်ရှိနေပါတယ်။ဒါကြောင့် ၅ ကားလုံးကိုစုစည်းတင်ဆက်လိုက်ပါတယ်။တစ်ကားချင်းစီရဲ့အညွှန်းတော့မပေးတော့ပါဘူး။မိတ်ဆွေတို့ကြည့်ဖူးပြီးသားဖြစ်နိုင်ပေမယ့် ဂျွန်မက္ကလိန်းရဲ့ အရသာကိုနောက်တစ်ခေါက်ပြန်လည်ခံစားကြည့်ကြပါဦး။သေချာပေါက် အရသာရှိနေဦးမှာပါ။ BluRay 1080p 5.1 Audio နဲ့ ပြန်လည်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ File Size…(2 GB) and (1 GB) Quality…Blu-Ray 1080p 5.1 DTS Format…mkv and mp4 Duration…02:12:09 Subtitle…Myanmar Subtitle(Hardsub) Encoder…Nyeinsaeya Aung

Horror • Science Fiction • Thriller
7.8 1988 131 mins
Die Hard
The Darkness
4.5

The Darkness (2016) ယခုတစ်ခါမှာတော့ 2016ခုနှစ်က ထွက်ရှိခဲ့တဲ့ horror ဇာတ်ကားလေးကို မိုးအေးအေးမှာ မီးမှိတ်ကြည့်ရှုရန် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်း အကျဥ်းကတော့ မိသားစု ၂စု နက်ရှိုင်းတဲ့ တောင်ကြားတွေဆီ စခန်းချ ခရီးထွက်ကြတယ်ပေါ့။ ပီတာနဲ့ ဘရွန်နီတို့မှာ စတက်ဖနီလို့ခေါ်တဲ့ သမီးလေးတစ်ယောက်နဲ့ အော်တစ်ဇင်ဖြစ်နေတဲ့ မိုက်ကယ်လ်ဆိုတဲ့သားလေးရှိပါတယ်။ ခရီးစဥ်မှာ မိုက်ကယ်လ်ဟာ မတော်တဆ တွင်းတစ်ခုထဲ ပြုတ်ကျသွားပြီး ကလေးတို့သဘာဝ စိတ်ဝင်စားစရာကောင်းတဲ့ ကျောက်တုံးလေး ၅တုံးကို ယူလာခဲ့ပါတော့တယ်။ အိမ်ပြန်ကြပြီးမကြာမီ အိမ်ထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေ ဆက်တိုက်ဆိုသလိုဖြစ်လာပါတော့တယ်… စတက်ဖနီလည်း စိတ်ဝေဒနာသည်လိုလိုတွေဖြစ်၊ အော်တစ်ဇင် မိုက်ကယ်လ်ခမျာလည်း ပိုရူး ပိုကြောင်တဲ့ ကိစ္စတွေကို ခပ်စိပ်စိပ်လုပ်လာတဲ့အခါ အကြောင်းရင်းကို ရှာဖွေရပါတော့တယ်။ ထိုအကြောင်းအရင်းက ဘာဖြစ်မလဲဆိုတာတော့ CM ပရိသတ်တို့ ကြည့်ရှုခံစားရင်း ခန့်မှန်းအဖြေရှာဖို့ ခု The Darkness ဆိုတဲ့ ဇာတ်ကားလေးကို ညွှန်းဆိုလိုက်ပါရစေ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.61GB, 812MB Quality – 1080p, 720p Format – mp4 Duration – 1H 32Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama
4.5 2016
The Darkness
Dreamin’ Wild
6.7

Dreamin’ Wild (2022) ~ IMDb – 6.7/10, Rotten Tomatoes – 90% ~ ကိုယ်ဘာဖြစ်ချင်တာလဲကိုယ်သိဖို့နဲ့ ကိုယ်ဖြစ်ချင်တဲ့လူမျိုး ဖြစ်လာအောင်လုပ်ဖို့က မလွယ်ဆုံးအရာတွေ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ကံကောင်းတဲ့ တချို့ကျတော့လည်း စောစောစီးစီးပဲ သူတို့ ဘာဖြစ်ချင်လဲ သူတို့သိသွားကြတယ်။ သူ့နောက်ဆက်တွဲကံဆိုးခြင်းကတော့ မြင်ဖူးသလောက်ဆို အဲဒီလိုစောစောစီးစီးသိသွားကြတာတွေမှာ မလွယ်ကူတာတွေတော့ တော်တော်များတယ်။ ဒီရုပ်ရှင်ထဲက ကောင်လေးတွေလိုပေါ့။ ၁၅ ၁၆လောက်မှာတင် သူတို့ဘာဖြစ်ချင်လဲ သူတို့ကောင်းကောင်းသိခဲ့ကြတယ်။ အဆိုတော်ကြီးတွေ ဒရမ်မာကြီးတွေ ဖြစ်ချင်ခဲ့ကြတယ်။ သူတို့ထဲကတစ်ယောက်ဆို ၁၅နှစ်မှာတင် တူရိယာပေါင်းစုံတီးနိုင်တဲ့အထိ ပါရမီပါခဲ့တယ်။ ဒီနေရာမှာ မိသားစုရဲ့သက်ရောက်မှုက ပါလာပြီ။ စိတ်ကူးယဉ်ဆန်တဲ့ အိပ်မက်တွေကို အားမပေးကြတဲ့ မိဘတွေကတော့ သဘာဝအတိုင်းပဲ ပိုများလိမ့်မယ်။ ဒီလိုနဲ့ပဲ ရပ်တန့်သွားတဲ့ အိပ်မက်တွေရှိခဲ့လိမ့်မယ်။ သူတို့လည်း မှားတော့ မှားမနေဘူး။ ဘာလို့ဆို ဒီရုပ်ရှင်ထဲက ကောင်လေးတွေရဲ့မိဘတွေဟာ သူတို့ကလေးတွေရဲ့အိပ်မက်အတွက် လယ်ဧက၁၇၀၀လောက်ကနေ ၆၅ဧကလောက်ပဲ ကျန်တော့တဲ့အထိ ပံ့ပိုးပေးခဲ့ ယုံကြည်ပေးခဲ့ကြတယ်။ သူတို့စကားအတိုင်းဆို ဘဝမှာ ကိုယ့်မိသားစုကိုမှ မယုံရင် ဘာကိုယုံဦးမလဲပေါ့။ ဒါပေမဲ့ ဒီလိုအိပ်မက်တွေဟာ အားလုံးသိတဲ့အတိုင်း မဖြစ်မြောက်ခဲ့တာတွေက ပိုများတယ်။ သူတို့တစ်ဘဝလုံးရင်းပြီး ထုတ်လိုက်တဲ့ သီချင်းအယ်လ်ဘမ်ကလေးမှာ အားပေးသူမရှိခဲ့ဘူး။ ဒီလိုနဲ့ ကောင်လေးတွေ ညီအစ်ကို၂ယောက်ထဲက တစ်ယောက်က ထပ်ကြိုးစားတယ်။ နှစ်ယောက်စလုံးလုပ်လို့မဖြစ်တော့ သူ့အစ်ကိုက လက်လျှော့ပြီး လယ်လုပ်ရင်း သူ့ညီကို အားပေးခဲ့တယ်။ ဒါလည်း မအောင်မြင်ခဲ့ပါဘူး။ ဘဝတွေ မပြေလည်တစ်လှည့် ပြေလည်တစ်လှည့် ပြန်လည်ပတ်ကြတယ်။ ကြာလာတော့ ကောင်လေးဟာ မအောင်မြင်ခဲ့တဲ့ အိပ်မက်တွေကို မေ့လျော့ထားခဲ့တယ်။ သူဖြစ်ချင်တာနဲ့ ခပ်ဆင်ဆင်ဘဝမျိုးမှာတော့ သူနေနေခဲ့တယ်။ ဒီလိုပါပဲ။ နှစ်တွေကြာလာခဲ့တယ်။ တစ်ခုသောနေ့မှာ ကောင်လေးဟာ သူငယ်ငယ်က သီချင်းသွင်းပြီး ပြန်နားထောင်တတ်တဲ့ ကွင်းပြင်ကလေးမှာ သူ့သီချင်းတွေကို သူပြန်လာနားထောင်နေခဲ့တယ်။ ဟိုးတုန်းကလို စိတ်ရှိတိုင်း ဖန်တီးနိုင်တဲ့ လွတ်လပ်မှုမျိုး သူ့မှာမရှိတော့ဘူး။ သူ့အဖေ သူ့အတွက် ဆုံးရှုံးခဲ့ရတာတွေအတွက် သူတောင်းပန်တော့ သူ့အဖေပြန်ပြောတာက… “ငါက တော်တော်အအိပ်မက်တာ… ငါအိပ်ပျော်သွားရင် နှိုးလို့ကိုမရဘူး။ တစ်ညမှာ ငါနိုးလာတော့ ငါလုံးဝပြန်အိပ်လို့မရခဲ့ဘူး။ ဒီတော့ ငါ့အိပ်ယာထဲက ထပြီး ဆင်ဝင်အောက် လမ်းထွက်လျှောက်တယ်။ အဲဒီမှာ သီချင်းသံကြားလိုက်ရတယ်။ သီချင်းသံက ဒီလောက်အဝေးကြီးအထိ ရောက်လာနိုင်မယ်လို့ ငါမထင်ခဲ့ဘူးလေ။ ဒါပေမဲ့… အဲဒီသီချင်းက မင်းသီချင်းဆိုတာ ငါသိခဲ့တယ်။ သီချင်းသံတိတ်သွားတဲ့အထိ တစ်ညလုံး ငါဆင်ဝင်အောက်မှာ ရပ်နားထောင်နေခဲ့တယ်။ အဲဒီနောက်ပိုင်း နောက်ညတွေလည်း ငါညတိုင်းထပြီး သီချင်းနားထောင်ခဲ့တယ်။ မင်းသီချင်းတွေနားထောင်ဖို့ဆို ငါ အဲဒီဆင်ဝင်အောက်မှာ တစ်သက်လုံးတောင် ရပ်နေနိုင်တယ်ကွာ။ ငါဒီမြေတွေ ဒီလယ်တွေအားလုံးကို အဲဒီသီချင်းသံကို ကြားရဖို့သက်သက်နဲ့ ငါအကုန်ပေးရဲတယ်။ မင်းသီချင်းသံကို ကြားရဖို့ပေါ့။ မင်းက ငါ့သားပါ။ အဖေတို့ မင်းအတွက် ဘယ်လောက်ပဲ ခက်ခဲခဲ့ ခက်ခဲခဲ့ အဖေလုံးဝနောင်တမရဖူးဘူး။” တဲ့။ အောင်မြင်ခဲ့တဲ့ အဆိုတော်တွေ တီးဝိုင်းတွေအကြောင်း ဇာတ်လမ်းတွေ ခင်ဗျားတို့ မနည်းမနော ကြည့်ဖူးပါလိမ့်မယ်။ သူတို့ရဲ့အားထုတ်မှုကို လေးစားရသလို သူတို့ရဲ့အောင်မြင်မှုကိုလည်း အားရခဲ့ဖူးမှာပဲ။ Manchester by the Sea နဲ့ အော်စကာရခဲ့တဲ့အပြင် Gone Baby Gone နဲ့ A Ghost Story တို့မှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ Casey Affleck နဲ့ (500) Days of Summer နဲ့ အားလုံးအချစ်တော်ခံခဲ့ရတဲ့မင်းသမီး Zooey Deschanel တို့ သရုပ်ဆောင်ထားတဲ့ ဒီဇာတ်လမ်းဟာ တကယ်လည်းရှိခဲ့တဲ့ ၁၉၇၀ဝန်းကျင်က ဂီတသမားနှစ်ယောက်ဖြစ်တဲ့ Donnie & Joe Emerson ညီအစ်ကိုအကြောင်းကို အခြေတည်ရိုက်ကူးထားတာပါ။ သူတို့ဟာ ၁၉၇၀မှာ ဂီတကို စတင်ခဲ့ပေမဲ့ ဇာတ်လမ်းပါအတိုင်း ၂၁ရာစုရောက်မှပဲ မျိုးဆက်သစ်ပရိသတ်တွေ ပြန်လည်တူးဖော်အားပေးတာကိုခံခဲ့ရတဲ့ ခေတ်ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ ဂီတသမားတွေပါပဲ။ သူတို့ရဲ့အစောပိုင်းကာလတွေမှာ အောင်မြင်ခြင်းတွေတော့ ရှိမနေပါဘူး။ တစ်ယောက်အတွက် ဘယ်လောက်ပဲ ဆုံးရှုံးခဲ့ ဆုံးရှုံးခဲ့ တစ်ယောက်မှာ နောင်တမရှိခဲ့တဲ့လူတွေရဲ့ ယုံကြည်ခြင်းတွေကိုတော့ တွေ့ရလိမ့်မယ်။ ဘယ်တော့မှ မအောင်မြင်ခဲ့တဲ့ မိုးတိမ်လို သားတွေကို ဘယ်တော့မှ မစွန့်ပစ်ခဲ့တဲ့ ကောင်းကင်ကို တွေ့ရလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.25GB, 930MB Quality – 1080p, 720p IMDb Rating – 6.7/10 Format – mp4 Duration – 1H 51Min Genre – Biography, Drama, Music Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.7 2022 110 mins
Dreamin’ Wild
Impuratus

အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ နိုင်ငံတကာရုပ်ရှင်ပွဲတော်များမှာ ဆုများစွာဆွတ်ခူးခဲ့တဲ့ horror movie ကောင်းလေးတစ်ကားဖြစ်ပါတယ်။ Saving Private Ryan, Heat အစရှိတဲ့ဇာတ်ကားများအပါအဝင် ဇာတ်ကားပေါင်းများစွာသရုပ်ဆောင်ဖူးခဲ့တဲ့ ဝါရင့်မင်းသားကြီး Tom Sizemore မှ အဓိကဇာတ်ကောင်အဖြစ်ပါဝင်ထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ စုံထောက်ကြီး Clayton Douglas ဟာ သူ့အတွက် မကောင်းတဲ့အကြောင်းတွေနဲ့အမှတ်ရစရာနေ့မှာ စိတ်ရောဂါကုဆေးရုံကနေဖုန်းလက်ခံရခဲ့ပါတယ်။ သေကောင်ပေါင်းလဲဖြစ်နေတဲ့လူနာတစ်ယောက်က စုံထောက်ကြီးဆီကိုဝန်ခံချက်တစ်ခုပေးချင်လို့ပါဆိုပြီး နာမည်တပ်ခေါ်ခဲ့တာပါ။ အဲဒါနဲ့ သမီးလေးမွေးနေ့ရှိလို့အိမ်ကိုပြန်နေတုန်း လမ်းမှာအဲ့ဒီဆေးရုံကိုဝင်ကြည့်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကိုအယုံအကြည်မရှိတဲ့စုံထောက်ကြီးတစ်ယောက် ဖြစ်ရပ်ဆန်းတွေကြုံလာရပါတော့တယ်။ သူသွားတွေ့တဲ့လူနာက ဘယ်လိုထူးဆန်းမှုတွေနဲ့ပြည့်နှက်နေသလဲ၊ အဲ့ဒီလူနာက ဘာဖြစ်လို့ဒီစုံထောက်ကြီးကို နာမည်အတိအကျနဲ့ခေါ်ခဲ့တာလဲ၊ စုံထောက်ကြီးမှာရော သူ့ကိုယ်သူတောင်မသိထားတဲ့လျှို့ဝှက်ချက်တွေရှိနေမလားဆိုတာကို သည်းထိတ်ရင်ဖိုကြည့်ရှုရမဲ့ သရဲကားလေးတစ်ကားပါ။ သရဲကားဆိုပေမယ့် Jump scareတွေအများကြီးမပါဘဲ ချောက်ချားစရာဇာတ်ကွက်တွေနဲ့ဆွဲခေါ်သွားတဲ့ psychological thrillerဆန်ဆန် ဇာတ်ကားတစ်ကားဖြစ်လို့ စိတ်ဝင်စားစရာလည်းကောင်းတဲ့ဇာတ်ကားလေးပါ။ File size…(1.1 GB)/(570 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:14:00 Genre…Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Zayar Maw

0 2022 135 mins
Impuratus
3 Idiot Heroes
7

3 Idiot Heroes (2023) ================ ဇာတ်လမ်းနာမည်အတိုင်းပဲ “အရူးဟီးရိုး ၃ ယောက်” ရဲ့အလွဲတွေကို အသားကုန်ခွီရမယ့် ဟာသကားသစ်လေးပါ။ တောပုန်းဓားပြတွေသောင်းကျန်းတဲ့ခေတ်မှာ ရွာသူရွာသားတွေခမျာ ခက်ခက်ခဲခဲရှင်သန်နေထိုင်ကြရတာပေါ့။ အဲဒီလိုတောပုန်းဓားပြရန်ကိုခံရတဲ့အထဲ “လဘျူ” ရွာလည်း အပါအဝင်ပါပဲ။ တစ်နေ့ လဘျူရွာသူရွာသားတွေပိုင်တဲ့ မျိုးစေ့တွေကို တောပုန်းဓားပြညီနောင်တို့အဖွဲ့က ဓားပြလာတိုက်ကြရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီး ဓားပြခေါင်းဆောင်ရဲ့ညီဖြစ်သူသေသွားပါလေရော။ အဲဒီလိုနဲ့ ဓားပြတွေကလဲ့စားပြန်ချေမှာကိုကြောက်သွားကြတဲ့ လဘျူရွာသားတွေထဲကမှ ထွက်မပြေးဘဲ ဓားပြတွေနဲ့ရင်ဆိုင်မယ်ဆိုတဲ့ သူရဲကောင်းသူငယ်ချင်း ၃ ယောက်ပေါ်ထွက်လာပါတော့တယ်။ ? ကိုင်ဓားပြတွေနဲ့ယှဉ်တိုက်ဖို့ဖြစ်လာပြီမို့ ? ဝယ်ဖို့ ၃ ယောက်သား “ဒုံဖယာယင်” ကိုအသွားလမ်းတစ်လျှောက်ကြုံရမယ့်အလွဲတွေကိုခွီနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်းကိုတော့ Shin Shin က ရေထားပေးပြိးတော့ ဘာသာပြန်ထားတာကတော့ Laii, Mary, Shin, Cali တို့ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p File size… 1.8GB | 683MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Laii, Mary, Shin, Cali Encoder ….. Aaron

Crime • Thriller • Drama
7 2023
3 Idiot Heroes
Trending Topic
5.9

ရှာဖွေမှု အများဆုံးသတင်းရဲ့ နောက်ကွယ်မှာ ဘာတွေ ရှိနေလဲ။ ဒီရုပ်ရှင်လေးကတော့ ကျောင်းသူလေးတစ်ယောက် တိုက်ပေါ်က ခုန်ချသွားပြီးနောက် စတင်ခဲ့ပါတယ်။ ဆုတွေအများကြီး ပိုင်ဆိုင်ထားတဲ့ မင်းသမီးလေး Zhou Dongyu ရဲ့ ဒီနှစ်အတွင်း ထွက်ထားတဲ့ ရုပ်ရှင်တွေထဲမှာ ဒီရုပ်ရှင်က အဓိပ္ပာယ် တော်တော်ရှိတဲ့ ရုပ်ရှင်လို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့- မီဒီယာအက်ဒီတာ ချန်မြောင့်က နာမည်ကြီးဆောင်းပါးတွေ ရေးပြီး ကုမ္ပဏီနာမည်ကြီးအောင် ကြိုစားနေသူတစ်ယောက်ဖြစ်ပါတယ်။ ကျောင်းတွင်းအကြမ်းဖက်မှု သတင်းတစ်ခုအကြောင်း ဆောင်းပါးက ပေါက်သွားတဲ့အခါမှာ မထင်ထားတဲ့ ကိစ္စတွေ ဆက်တိုက်ဖြစ်လာပြီး ချန်မြောင့်ကလည်း အမှန်တရားဘက်မှာ ရပ်တည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချန်မြောင့်နဲ့ ကုမ္ပဏီပူးပေါင်းတည်ထောင်တဲ့ ဟယ်ယန်နဲ့ ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမက မန်နေဂျာ ယွဲ့ဖုန်တို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လာခဲ့ပါတယ်။ နာမည်ကြီးစာရေးဆရာမရဲ့ အမှန်တရားနဲ့ ငွေအင်အားကြီးတဲ့အရင်းရှင်တို့ ထိပ်တိုက်တွေကြတဲ့အခါ ဘယ်သူက အနိုင်ရမလဲ…… သတင်းခေါင်းစဉ်တွေကို ဘယ်လို ထိန်းချုပ်ပြီး တိုက်ခိုက်ကြသလဲ…… ဆိုတာကို ရုပ်ရှင်ကတစ်ဆင့် အခုလို အင်တာနက်ခေတ်ကြီးမှာ သတင်းအားလုံးကို ချင့်ချိန်ပြီးမှ ယုံဖို့ သတိပေးသွားတဲ့အတွက် ဒီရုပ်ရှင်ကို ကြည့်တဲ့လူတိုင်းအတွက်တော့ တစ်ခုခု ကျန်ခဲ့မှာ သေချာပါတယ်။

5.9 2023
Trending Topic
Everything Puppies
6

ပြီးခဲ့တဲ့မေလ ၁၈ ရက်ကထွက်ရှိထားတဲ့ Everything Puppies ရုပ်ရှင်ဟာ Drama အမျိုးအစားဖြစ်ပြီး ချစ်စရာ ခွေးပေါက်လေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်ရှု့ရမယ့် အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ တစ်စိုက်မတ်မတ်လုပ်ဆောင်တတ်တဲ့ စွန့်ဦးတီထွင်သူ တစ်ဦးဖြစ်တဲ့စကားလတ်ဟာ ခွေးတွေကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွေးအရုပ်တွေ၊ ခွေးအစာတွေအစရှိ သဖြင့် ခွေးတွေနဲ့ပတ်သက်တဲ့အရာအားလုံးကို တီထွင် ဖန်တီးလေ့ရှိပါတယ်။ တစ်ရက်မှာတော့ စကားလတ်ဖန်တီးလိုက်တဲ့ ခွေးစာမုန့်တစ်မျိုးကို ခွေးတွေကအရမ်းကြိုက်လွန်း တာကြောင့် ဆိုင်တွေမှာတင်သွင်းရောင်းချဖို့ဆုံးဖြတ် လိုက်ပါတယ်။ ဒါပေမဲ့ ကုန်ပစ္စည်းအသစ်ကို ဆိုင်တွေက လက်မခံရဲကြတာကြောင့် စကားလတ်တစ်ယောက် အခက်တွေ့နေစဉ်မှာပဲ ခွေးပစ္စည်းအရောင်းဆိုင်တစ်ခုရဲ့ အထွေထွေမန်နေဂျာဖြစ်တဲ့အဲလက်စ်နဲ့တွေ့ဆုံခဲ့ပါတယ်။ အဲလက်စ်က စကားလတ်ရဲ့ကုန်ပစ္စည်းသစ်ကို အခွင့် အရေးပေးခဲ့သလို တစ်ဖက်မှာလည်း စကားလတ်ကို ချစ်မိသွားခဲ့ပါတယ်။ စကားလတ်ရဲ့တည်ထောင်ခါစ လုပ်ငန်းငယ်လေးကို အဲလက်စ်က အများကြီးကူညီ ပေးခဲ့ပေမယ့် နာမည်ကျော်ခွေးစာမုန့်တံဆိပ်တစ်ခုက လိုက်လံနှောင့်ယှက်မှုတွေကြောင့် စကားလတ်ရဲ့လုပ်ငန်းမှာ ထိခိုက်နစ်နာမှုတွေရှိလာသလို အဲလက်စ်အပေါ်မှာလည်း အထင်လွဲမှားမှုတွေဖြစ်ပေါ်လာခဲ့ပါတယ်။ စကားလတ်ရဲ့ တီထွင်ဖန်တီးမှုတွေက အောင်မြင်သွားမှာလား။ အဲလက်စ်နဲ့ရောပြန်အဆင်ပြေသွားမှာလားဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ File size…1.57GB / 785MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 83 mins
Everything Puppies
Hellraiser: Judgment
4.3

Hellraiser: Judgement (2018) ခေတ်တွေပြောင်းပြီး အရမ်းတိုးတက်လာတော့ အပ်ခေါင်းတစ်ယောက် ရှေးနည်းအတိုင်း သစ်သားတုံးတစ်တုံးကို လိုက်လက်ဆင့်ကမ်းနေရုံနဲ့ အလုပ်မဖြစ်တော့လို့ နည်းသစ်တွေ ကြံစည်ရပါတော့တယ်။ လုပ်ထုံးလုပ်နည်းတွေလည်း အသစ်ဖြစ်လာတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းကတော့ စုံထောက်ညီနောင် ပညတ်တော်ဆယ်ပါးအတိုင်း လူလိုက်သတ်နေတဲ့ ကွင်းဆက်လူသတ်သမားကို စုံထောက်နေရာကစပါတယ်။ သူတို့နှစ်ယောက်အဖွဲ့ကို စုံထောက်မအသစ်တစ်ယောက် ဝင်လာပြီး သုံးယောက်သားစုံထောက်ကြပါတယ်။ နောက်တော့ အစ်ကိုဖြစ်သူက သဲလွန်စတစ်ခုရပြီး လိုက်သွားကြည့်ရင်း Cenobite တွေနဲ့ Pinhead တို့နဲ့ ကြုံလာရပါတော့တယ်။ စုံထောက်ဇာတ်လမ်းတစ်ဖြတ် Horror တစ်ဖြတ်ဆိုတော့ ရင်ထိတ်ရသလို စိတ်ဝင်စားဖို့လည်း ကောင်းတာပေါ့။ ပြီးတော့ Cenobite တွေရဲ့ ဘုရင် Pinhead ထက် မြင့်တဲ့သူတွေလည်း ဇာတ်လမ်းထဲမှာပါလာပါတယ်။ အသည်းမကောင်းတဲ့သူတွေ မကြည့်ကြဖို့တော့မှာချင်ပါတယ်။ Hellraiser ပရိသတ်တချို့တောင် မျက်နှာလွှဲချင်လောက်မယ့် အခန်းတွေလို့ပြောလို့ရမယ်ထင်တဲ့ အော်ဂလီဆန်စရာ အခန်းတချို့တွေပါလို့ပါ။ ကျွန်တော့်အမြင်အရ Hellraiser Franchise ထဲမှာတော့ ၅ /၁၀ ပဲအမှတ်ပေးလို့ရမယ့်ကားလို့ ထင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.4GB, 635MB Quality – 1080p, 720p Format – mp4 Duration – 1H 21Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

4.3 2018 81 mins
Hellraiser: Judgment
The Woman in the Yard
5.4

The Woman in the Yard (2025) IMDb Rating (5.5) / Rotten Tomatoes (42%) ယောက်ျားဖြစ်သူ ဒေးဗစ် ကားမှောက်မှုမှာ သေဆုံးသွားပြီး တေလာအန်နီ ဆိုတဲ့ ကလေး ၂ ယောက်နဲ့ ကျန်ခဲ့တဲ့ ရိုမိုနာတို့ မိသားစုအကြောင်းပါ။ ကားအက်ဆီးဒင့်မှာ ခင်ပွန်းဒေးဗစ်ကိုဆုံးရှုံးလိုက်ရသလို သူကိုယ်တိုင်လည်း ခြေထောက်တစ်ဖက်ဒဏ်ရာရသွားပါတယ်။ ဇာတ်လမ်းစတာကတော့ သူ့ခင်ပွန်းဆုံးအပြီး ၁ ပတ်အကြာမှာပေါ့… သူတို့မိသားစုနေတဲ့အိမ်က စိုက်ခင်းတွေဘေးက လယ်တောအိမ် ဘေးမှာအိမ်နီးချင်းရယ်လို့မရှိ အိမ်ထောင်ဦးစီးခင်ပွန်းပါဆုံးသွားတော့ အိမ်က ပိုပြီးခြောက်ကပ်နေတယ်.. တစ်နေ့ သူတို့အိမ်က မီးပါပျက်သွားလို့ မိသားစု ၃ ယောက်ဒုက္ခပင်လယ်တွေဝေနေတယ်.. ဒီလိုနဲ့ တစ်မနက်မှာ နာရေးတွေမှာဝတ်တဲ့အမည်းရောင်ဝတ်စုံကြီးနဲ့အမျိုးသမီး တစ်ဦးမျက်နှာကိုအုပ်ပြီး သူတို့ခြံထဲမှာရောက်နေတယ်.. သူက တစ်ရက်လုံးဘယ်မှာမသွားဘဲထိုင်နေတဲ့အတွက် ရိုမိုနာတို့ သားမိ ၃ ယောက်အတွက်ပိုပြီးကျောချမ်းစရာဖြစ်လာတယ်.. နောက်တစ်နေ့ရောက်တော့ ဒီအမျိုးသမီးဟာ ခြံထဲကနေ အိမ်နဲ့ပိုပိုပြီးနီးကပ်လာတဲ့အခါ.. သူဟာ ဘယ်သူလဲ ဘယ်လိုကြောင့် ခြံထဲမှာရုတ်တရက်ကြီးပေါ်လာတာလဲဆိုတာကို မေးခွန်းပေါင်းများစွာနဲ့ ကျောချမ်းစွာကြည့်ရမယ့် Horror , Thriller ကားကောင်းလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thiha Yan Naing ဖြစ်ပါတယ်။) File size… (2.1 GB) / ( 760 MB) / (500 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama, Horror, Thriller Duration…. 01:28:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Thiha Yan Naing

Drama • War
5.4 2025 87 mins
The Woman in the Yard
Men Up

Men up ဆိုတဲ့ကားလေးကတော့ ဖြစ်ရပ်မှန်အပေါ်အခြေခံထားပြီး ရယ်စရာပြက်လုံးအနှောလေးတွေနဲ့ ရင်ထဲထိလွယ်မယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် လူလတ်ပိုင်းအရွယ်မှာဖြစ်လေ့မရှိတဲ့ ရောဂါလို့တောင်ပြောလို့မရတဲ့အရာတစ်ခုကို ခံစားနေရတဲ့အမျိုးသားတစ်စုဟာ လျို့ဝှက်စမ်းသပ်မှုတစ်ခုမှာပါဝင်ဖို့ အကြောင်းဖန်လာတဲ့အခါ အဲ့ဒီစမ်းသပ်မှု​သာ အောင်မြင်ခဲ့ရင် သူတို့ရဲ့ဘဝကြီးတစ်ခုလုံးပြောင်းလဲသွားမယ်လို့ထင်ထားခဲ့ပေမယ့် ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ကြည့်ရမယ့် ပညာတွေလည်းရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဘဝမှာလိ*င်ဆက်ဆံတာအပြင် တခြားအရေးပါတဲ့အရာတွေအများကြီးရှိတယ်ဆိုတာကို သင်ခန်းစာအနေနဲ့ရိုက်ပြထားတဲ့အပြင် LGBTQ ကို support တဲ့အနေနဲ့ သူတို့ရဲ့ခံစားချက်တွေပါ ထည့်သွင်းပေးထားတာမို့ ကြည့်ရတန်မယ့်ဇာတ်ကားလေးတစ်ကားပါပဲ ချစ်တင်းနှောတဲ့အခန်းတွေပါတာမို့ မိသားစုနဲ့အတူကြည့်ရူဖို့တော့ မသင့်လျော်ပါ ဘာသာပြန်အမှားရှိခဲ့ရင် ခွင့်လွှတ်ပေးဖို့ မေတ္တာရပ်ခံပါတယ် File size… (1 GB) / (530 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, History TV Movie Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by KST

Animation • Drama • Adventure • Fantasy
0 2024
Men Up
Twelve O’Clock High
7.7

ဒုတိယကမ္ဘာစစ်ကြီးမှာ ၂၁သန်းကနေ ၂၅သန်းကြားရှိ စစ်သားတွေ ကမ္ဘာတစ်ဝှမ်းအများအပြား အသက်ပေးခဲ့ကြရပါတယ်။ စစ်ပွဲမှာ ယောက်ျားအရင့်အမာကြီးတွေ အနေနဲ့ ဘယ်လောက်စိတ်ဓာတ်မာကြောနိုင်ကြနိုင်မလဲဆိုတာ တစိမ့်စိမ့်ခံစားကြည့်ရှုနိုင်မယ့် IMDb 7.7 ရထားတဲ့ ဇာတ်ကားလေး တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်း လေတပ်ဗိုလ်ကြီး ဒဗန်ပေါ့ဦးဆောင်တဲ့ အင်္ဂလန်ကိုရောက်ရှိနေတဲ့ အမေရိကန်လေတပ် တပ်ရင်းအမှတ် ၉၁၈ဟာ လူငယ်အများစုနဲ့ ဖွဲ့စည်းထားပြီး အကျအဆုံးနဲ့အထိအခိုက် များလာတဲ့အတွက် ဗိုလ်ကြီး ဒဗန်ပေါ့ အထောင်းခံနေရပါတယ်။ တပ်သားတွေကို မိသားစုဝင်လို ချစ်ခင်ဆက်ဆံတတ်ပြီး သက်ညှာတတ်တဲ့ ဗိုလ်ကြီး ဒဗန်ပေါ့ကို အေးဆေးတည်ငြိမ် ခက်ထန်လွန်းတယ်လို့နာမည်ကြီးတဲ့ သူငယ်ချင်းဖြစ်သူ ဗိုလ်ချုပ် ဖရန့်ခ်ဆားဗေ့နဲ့ အထက်က အစားထိုးလိုက်ပါတယ်။ ရောက်ရောက်ချင်း စောက်နဲ့ထွင်းဆိုသလိုပဲ မိန့်ခွန်းပြောအပြီးမှာတင် တပ်သားအားလုံးက ဖရန့်ခ်လက်အောက်မှာ တာဝန်မထမ်းဆောင်လိုတော့ဘဲ ရွှေ့ပြောင်းမိန့်အတွက် အားလုံးတစ်ညီတည်း စာတင်ကြပါတော့တယ်။ ဒီလိုအခြေအနေကနေ ဖရန့်ခ်တစ်ယောက် ဒီတပ်ရင်းကို လိုချင်တဲ့ပန်းတိုင် ရောက်အောင် ဘယ်လိုကြိုးစားမလဲ။ တပ်သားတွေရဲ့ ချစ်ခင်လေးစားမှုကိုရော ဘယ်လိုတည်ဆောက်သွားမလဲဆိုတာ ကြည့်ရမှာပါ။ မျက်ရည်မချူ မျက်ရည်မကျစေဘဲ ကမ္ဘာစစ်တွေအတွင်းက ယောက်ျားသားတွေရဲ့ မျိုးစုံသော ဖိအားကို လက်တွေ့ဘဝမှာ အနုပညာဆန်ဆန် တင်ပြထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size… 4.1 GB GB / 2.62 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 12m Genre ….. Drama / War Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Mahaw Htike Lay

Drama • Thriller
7.7 1949 132 mins
Twelve O’Clock High