YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

The Abyss E06 CM.mp4

242.41 MB 720p video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kitchen Brigade
6.7

~ IMDb - 6.3/10, Rotten Tomatoes - 89% ~ ဒီဇာတ်ကားရဲ့ တစ်ချို့အပိုင်းတွေဟာ ဖြစ်ရပ်မှန်တွေလို့ ပြောလို့ရပါတယ်။ ပင်မဇာတ်လမ်းကျောရိုးကြီးကို ပြောတာမဟုတ်ဘဲ ဥရောပနိုင်ငံတွေမှာ ခိုလှုံဖို့ကြိုးစားကြတဲ့ လူငယ်လေးတွေရဲ့ ရုန်းကန်မှုနဲ့ အခက်အခဲပေါ့။ လက်ရှိ ဥရောပမှာ မပြီးနိုင်မစီးနိုင် နေ့စဉ်နဲ့အမျှ ကြုံတွေ့နေရတဲ့ ပြဿနာဟာ ခိုလှုံသူပြဿနာပါပဲ။ အချက်အပြုတ်ကို အကြောင်းကို ရှေ့မှာပြပြီး အဲဒီပြဿနာကို စိန်ခေါ်မီး‌မောင်းထိုးပြသွားတဲ့ ဒီကားလေးဟာတော့ ပြောရမယ်ဆိုရင် ပူပူနွေးနွေး ဟင်းကောင်းတစ်မယ်ပါပဲ။ ကက်သီဟာ နာမည်ကြီး တီဗီမှာ လူသိများတဲ့ စာဖိုမှူးကြီးတစ်ယောက်ရဲ့ လက်ထောက်စာဖိုမှူးဖြစ်ပါတယ်။ ဒါပေမဲ့ ကားအစမှာပဲ ဟင်းမယ်ထဲထည့်မယ့် အမွှေးအကြိုင်ကိစ္စနဲ့ စကားများပြီး အလုပ်ထွက်လိုက်ရပါတယ်။ အလုပ်ကတော့ လွယ်လွယ်ပြန်ရှာမရခဲ့သလို နောက်ဆုံး ရလာပြန်တော့လည်း တစ်ပတ်ရိုက်ပြီး အခေါ်ခံရတဲ့ နေရာ ဖြစ်နေပါတယ်။ အဲဒီနေရာကတော့ ရွှေ့ပြောင်းလူငယ်လေးတွေကို ထားပေးတဲ့ အဆောင်တစ်ခုပဲ ဖြစ်ပါတယ်။ ငွေကြေးအခက်အခဲကြောင့်သာ ဒီအလုပ်ကို လက်ခံလိုက်ပေမယ့် အစပိုင်း စိတ်သိပ်မပါခဲ့ဘူး။ ဒါပေမဲ့ နိုင်ငံအသီးသီးကနေ ပြင်သစ်မှာ ခိုလှုံဖို့ကြိုးစားနေကြတဲ့ ဒီလူငယ်လေးတွေကို သူ နားလည်လာတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 760MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 37Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • Thriller
6.7 2022 97 mins
Kitchen Brigade
Hide and Seek
6.5

“မကြာသေးခင်က ကျွန်မတို့ရပ်ကွက်မှာ ထူးဆန်းတဲ့ကောလဟာလတစ်ခု စပျံ့လာခဲ့တယ်။ သူများတကာရဲ့အိမ်ထဲကိုမသိအောင်ဝင်ပြီး တိတ်တိတ်လေးပုန်းပြီးနေတဲ့ ကျူးကျော်သူတွေအကြောင်းပေါ့။” အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ “ဆွန်းဆူ” က “မင်ဂျီ” လို့ခေါ်တဲ့ ဥစ္စာပေါရုပ်ချောဇနီးသည်ရယ် သားတစ်ယောက် သမီးတစ်ယောက်ရယ်နဲ့ ပြီးပြည့်စုံတဲ့မိသားစုဘဝကို ပိုင်ဆိုင်ထားသူပါ။ ခေတ်မီဆန်းသစ်တဲ့တိုက်ခန်းအကောင်းစားမှာနေထိုင်ပြီး လိုလေးသေးမရှိတဲ့ဘဝကိုပိုင်ဆိုင်ထားတဲ့ “ဆွန်းဆူ” က တကယ်တော့ သူဌေးရဲ့မွေးစားသားတစ်ယောက်ပါ။ သားအရင်းဖြစ်သူ မွေးစားအစ်ကိုရဲ့အမွေတွေအားလုံးကိုမောင်ပိုင်စီးပြီး အခုလိုချမ်းချမ်းသာသာနေနေတဲ့ “ဆွန်းဆူ” ဆီကို တစ်နေ့မှာတော့ အဆက်အသွယ်ပြတ်တာကြာပြီဖြစ်တဲ့ အစ်ကိုဖြစ်သူရဲ့ပျောက်ဆုံးမှုနဲ့အတူ ပဟေဠိဆန်တဲ့ဖြစ်ရပ်တွေ ရောက်လာပါတော့တယ် ။

အတိတ်ကအမှားတွေကိုနောင်တရပြီး အစ်ကို့ကိုရှာချင်တဲ့ “ဆွန်းဆူ” တစ်ယောက် အစ်ကိုဖြစ်သူနေတဲ့တိုက်ကို ရောက်သွားရာကနေ ဘယ်လိုမူမမှန်မှုတွေကို ကြုံတွေ့ရမလဲ .. ပျောက်ဆုံးနေတဲ့အစ်ကိုနဲ့ ပြန်တွေ့ခွင့်ရပါ့မလား .. သူ့အစ်ကိုနေတဲ့တိုက်က မူမမှန်မှုတွေရဲ့အရင်းခံက ဘာအကြောင့်ဖြစ်နေတာလဲ .. ဘယ်လိုလူတွေကြောင့်ဖြစ်နေရတာလဲ .. စတာတွေကို အသည်းတအေးအေးကြည့်နိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lai Laii ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 660MB | 331MB Format… mp4 Duration…. 1h 47min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lai Laii Encoder ..... August

Drama • History • Romance
6.5 2013 107 mins
Hide and Seek
Raise the Red Lantern
8

~ IMDb - 8.1/10, Rotten Tomatoes - 97% ~ Raise the Red Lantern ဟာ ကျန်းရိမူရိုက်ခဲ့ဖူးတဲ့ မာစတာပိစ်ကားပေါင်းများစွာထဲက တစ်ကားပါပဲ။ ကျန်းရိမူဟာ To Live, Hero, House of Flying Daggers, The Flowers of War, Under the Hawthorn Tree နဲ့ Shadow အပါအဝင် တခြားမာစတာပိစ်ကားများစွာကို ရိုက်ခဲ့တဲ့သူဖြစ်ပြီး ပါဖက်ရှင်နစ်တော်တော်ဆန်တဲ့ စီနီမာတိုဂရပ်ဖီနဲ့ ‌အရောင်တွေလှိုင်လှိုင်သုံးပြီး အစောပိုင်းကားတစ်ချို့မှာ ရှေးတရုတ်ပြည် လူနေမှုဘဝကို ထင်ဟပ်တဲ့ ဇာတ်အိမ်တွေ သုံးပြီး ရိုက်‌လေ့ရှိတဲ့သူပါ။ ပြည်မရုပ်ရှင်ရဲ့ ငါးဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက တစ်ယောက်ဖြစ်ပြီး ဒီမျိုးဆက်မှာ ပြည်မရုပ်ရှင်တွေကို ပြည်ပအထိပေါက်မြောက်အောင် လုပ်နိုင်ခဲ့တဲ့ ဒါရိုက်တာတွေထဲက တစ်ယောက်လည်း ဟုတ်ပါတယ်။ Raise the Red Lantern ကတော့ ၁၉၂၀ဝန်းကျင်က တရုတ်သခင်ကြီးတွေရဲ့ မောင်းမထားတတ်တဲ့ ဓလေ့နဲ့ မောင်းမတွေရဲ့ဘဝကို ဇာတ်အိမ်တည်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ဂေါင်လီရဲ့ဇာတ်ကောင် စွန်းလိန်ဆိုတဲ့ ၁၉နှစ်အရွယ် တက္ကသိုလ်ကျောင်းသူလေး လူကုံထံ သခင်ကြီးတစ်ပါးအိမ်မှာ မောင်းမဖြစ်လာတဲ့ ဘဝကို ရိုက်ပြထားပါတယ်။ အစအဆုံးကို အဲဒီအိမ်တော်လို့ခေါ်တဲ့နေရာအိုကြီးထဲ မောင်းမလေးယောက် ဂလယ်ရိုက်နေတာတွေကိုပဲ ပြသွားသလိုလိုဖြစ်နေတော့ ပြောရရင် ဒီဇာတ်က ကိုရီးယားမိသားစုဒရာမာကားလို ဇာတ်အိမ်မျိုးပါပဲ။ မတူတာက ဘာလဲဆို ဒီဇာတ်က ဂေါင်လီဇာတ်ကောင်ရဲ့ ၁၉နှစ်ကနေ ၂၀အရွယ်အကျော်ထိ တစ်နှစ်ကာလကို ရိုက်ပြထားတယ်။ အဲဒီတစ်နှစ်ကလည်း လူတစ်ယောက်ရဲ့ တစ်ဘဝလုံးဖြစ်သွားနိုင်တဲ့ အကြောင်းလို့ ပြောလည်းမမှားဘူး။ ရှေးရိုးစွဲကြီးတဲ့အိမ်တော်ကြီးမှာ သခင်ကြီးအသုံးတော်ခံရမယ့် မောင်းမရဲ့ အိမ်တော်ခွဲမှာ မီးပုံးနီတွေ ချိတ်ဆွဲပေးကြတယ်။ လိင်မဆက်ဆံခင် စွမ်းဆောင်နိုင်အောင် မောင်းမကို အနှိပ်သည်က ခြေထောက်နှိပ်ပေးတယ်။ နောက်နေ့ကျလည်း ဟင်းလျာစာရင်းကို မီးပုံးနီ ချိတ်ဆွဲခံရတဲ့အိမ်တော်က မောင်းမက စိတ်ကြိုက်စီမံခွင့်ရတယ်။ ကျန်တဲ့မောင်းမတွေကတော့ ဒီအခွင့်အရေးတွေ တစ်ခုမှမရဘူးပေါ့။ ဒီတော့ မောင်းမအချင်းချင်း အားပြိုင်တာတို့ ကောက်ကျစ်တာတို့ ချောက်ချတာတို့ နည်းလမ်းပေါင်းစုံသုံးပြီး သခင်ကြီးနဲ့ အိပ်ရဖို့ တစ်ယောက်ကိုတစ်ယောက် အလဲထိုးဖို့ အသာရဖို့ ကျောဖို့ ကြိုးစားကြတယ်။ ၁၉နှစ်အရွယ် ကောင်မလေးဟာ ရန်သူလို့ထင်တဲ့သူက မိတ်ဆွေဖြစ်နေ၊ မိတ်ဆွေလို့ထင်တဲ့သူက ရန်သူဖြစ်နေ၊ သူတို့လှည့်ကွက်တွေ ကိုယ့်လှည့်ကွက်တွေကြား တစ်နှစ်တည်းနဲ့ တစ်ဘဝလုံးစာအိုမင်းသွားခဲ့တဲ့ အကြောင်းဆိုလည်း မမှားပါဘူး။ ထူးတာက ဘာလို့လဲမသိ ဒီဇာတ်လမ်းမှာ တခြားဇာတ်ကောင်တွေအားလုံးကိုထင်ထင်ရှားရှား ပြသွားပေမဲ့ သခင်ကြီးဆိုတဲ့ ဇာတ်ကောင်ကိုတော့ သေချာမြင်ရတဲ့အနေအထားကို မပြသွားပါဘူး။ မီးပုံးနီဟာ စည်းမျဉ်းတွေနဲ့ အဲဒီစည်းမျဉ်းတွေရဲ့ ထိန်းချုပ်ကန့်သတ်မှုအောက်ကနေ လူတွေ လွယ်လွယ်နဲ့ မလွတ်မြောက်နိုင်အောင် တားမြစ်ထားတဲ့အာဏာကို နိမိတ်ပုံပြုတယ်လို့ ဆိုပါတယ်။ ကျန်းရိမူဟာ ကားတစ်လျှောက်လုံး သေသပ်လှပနေတဲ့ စီနီမာတိုဂရပ်ဖီတွေနဲ့ တရုတ်ရှေးလူနေမှုစနစ်ကို ပုံဖော်ထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာ ထုံးစံအတိုင်း တရုတ်ပြည်မမှာ အဘန်းခံခဲ့ရပြီး အနောက်နိုင်ငံတွေက ဝေဖန်ရေးဆရာတွေတော့ အကြိုက်တွေ့ခဲ့ကြပြီး အော်စကာ ဆန်ကာတင်စာရင်းထဲတောင် ပါခဲ့ပါတယ်။ ဘာမှတော့ ဆန်းဆန်းပြားပြားမပါပေမဲ့ ဒီမဆန်းမပြားတွေကိုပဲ အလှဆုံးဖြစ်အောင် ရိုက်ပြသွားနိုင်တာလည်း ကျန်းရိမူပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 990MB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 5Min Genre - Drama, History, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy
8 1991 125 mins
Raise the Red Lantern
Election 2
7.3

~ IMDb - 7.3/10, RT - 96%, Meta - 83% ~ Election 1 မှာတော့ တိုနီလျောင်ခဖိုင်နဲ့ ဆိုင်မွန်ယန်းတို့ရဲ့ ကာရိုက်တာနှစ်ယောက် ဂိုဏ်းခေါင်ဆောင် နေရာအတွက်ပြိုင်ကြတာကို အဓိက မီးမောင်းထိုးပြသွားပေမဲ့ Triad Election မှာတော့ ပထမရွေးကောက်ပွဲမှာ လော့ကို ကူညီခဲ့တဲ့သူ‌အများစုပါ ဂိုဏ်းခေါင်းဆောင်နေရာအတွက် ၀င်ပြိုင်ချင်နေကြပြီး လော့ကိုယ်တိုင်ကလည်း ဒုတိယသက်တမ်းကိုလိုချင်နေတဲ့အတွက် ပြိုင်ဆိုင်မှုပိုပြင်းထန်လာပါပြီ။ ပြည်မက ဂိုဏ်းတစ်ဂိုဏ်းကလည်း သူတို့အခြေအနေကို စောင့်ကြည့်နေပါတယ်ာ ဒီမှာတော့ Louis Koo ရဲ့ ကာရိုက်တာ ဂျင်မီကို အဓိက မီးမောင်းထိုးပြသွားပြီး ရက်စက်သင့်တဲ့နေရာမှာ ရက်စက်ပြီး သိက္ခာရှိတဲ့နေရာမှာရှိတဲ့ သူ့ကာရိုက်တာဟာ Godfather ဆန်ဆန်နဲ့ကို တော်တော်ငြိစရာကောင်းပါတယ်။ နောက် သဘောကျစရာကောင်းတာက Election 2 ဟာ Action ခန်းကိုလည်း ပါသင့်သလောက် ထည့်ထားသလို Godfather တစ်ယောက်ရှိသင့်တဲ့ အတွေးအခေါ်တို့ စိတ်အခံတို့ကိုလည်း သေချာပုံဖော်သွားပါတယ်။ ပြောရရင် Wong Kar Wai ရဲ့ The Grandmaster ဂန်းဗားရှင်းလို့တောင် ဆိုလို့ရပါတယ်။ Election နဲ့ Triad Election တို့ဟာ အာရှရဲ့ Godfather လို့ ချီးကျူးခံရတဲ့အထိ ကောင်းတဲ့ ဂန်းရုပ်ရှင်တွေဖြစ်ပြီး Godfather Part 3 အတွက် ကော်ပိုလာက 16နှစ်အချိန်ယူခဲ့သလို Johnnie Toလည်း Election 3 အတွက် အချိန်ယူလာခဲ့တာ ၂၀၀၆ ကတည်းကနေ ခုထိပါပဲ။ ခုတောင် 16နှစ် ရှိနေပါပြီ။ လက်ရှိ Actor တွေအပြင် Andy Lau ပါ ပါလာမယ်လို့ ဆိုကြပါတယ်။ မကြာခင်နှစ်တွေမှာ Johnnie To ရဲ့ ဇာတ်ညွန်းရှိပြီးသား Election 3 ထွက်လာမယ်လို့ မျှော်လင့်ရပါတယ်။ ဟောင်ကောင်ရုပ်ရှင်တွေရဲ့ ကျဆင်းလာတဲ့ အရည်အသွေးအရ သိပ်တော့မမျှော်လင့်ရဲပေမဲ့ ဘာရိုက်ရိုက် မာစတာပိစ်ဖြစ်နေတဲ့ Johnnie To ကတော့ သူ့မာစတာပိစ်နှစ်ကားရဲ့ Trilogy အပိတ်အတွက် အကောင်းဆုံးမဟုတ်တောင် မညံ့တဲ့ရုပ်ရှင်ကို ဖန်တီးနိုင်မယ်လို့ မျှော်လင့်ရတာပါပဲ။ လက်ရှိနှစ်ကားကတော့ နိုင်ငံတကာ ဂန်းရုပ်ရှင်ပဲကြိုက်ကြိုက် အာရှကားပဲကြိုက်ကြိုက် ကြည့်ကိုကြည့်သင့်တဲ့ မာစတာပိစ်နှစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.3GB, 575MB Quality - 1080p, 720p Format - mp4 Duration - 1H 33Min IMDb rating - 7.3/10 Genre - Crime, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Horror
7.3 2006 92 mins
Election 2
Boogeyman
4.2

Boogeyman (2005) ============== “အဲဒါကိုပြောစမှတ်တွင်တဲ့ဇာတ်လမ်းတစ်ခုလို့ ထင်ထားပေမဲ့ မဟုတ်ခဲ့ဘူး” ဒီတစ်ခေါက် ပရိတ်သက်ကြီးအတွက် Boogey man ဆိုတဲ့ Horror/ Mystery ဆန်ဆန် ဇာတ်လမ်းလေးကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့… တင်က သူ့အဖေရဲ့ပုံပြင်တွေကြောင့် ဗီရိုတွေကိုအရမ်းကြောက်တတ်တဲ့သူပါ။ အဲဒီဗီရိုတွေထဲကနေ Boogey man ကြီး ထွက်လာပြီးတော့ သူ့ကိုခေါ်သွားတော့ မယ်လို့ကို ယုံကြည်ပြီး ကြောက်ရွံ့တဲ့အထိပါပဲ။ တစ်နေ့မှာတော့ သူ့အဖေကို Boogey man ကခေါ်သွားတာကို သူ့မျက်စိရှေ့မှာတွေ့လိုက်ရပါတယ်။ သူက ၈ နှစ်သာရှိသေးတာကြောင့် အားလုံးက သူ့အဖေကို အိမ်ကနေထွက်သွားတာ ကလေးကစိတ်ဒဏ်ရာမရချင်လို့ လုပ်ဇာတ်ဖန်တီးပြီးပြောတာလို့ထင်ခဲ့ကြတာပေါ့။ တင် ကိုယ်တိုင်ကလည်း Boogey man က လက်တွေ့တကယ်ရှိနေခဲ့တယ်ဆိုတာ ကို မယုံကြည်ချင်ခဲ့ပါဘူး။ ၁၅ နှစ်ကြာပြီး တင်ရဲ့အမေအသုဘပွဲနေ့မှာ တင်တစ် ယောက် Boogey man ကိုစတွေ့ခဲ့တဲ့ အိမ်ကိုပြန်သွားဖို့ဖြစ်လာတဲ့အခါမှာတော့ သူကြောက်ရွံ့နေတဲ့ Boogey man က အပြင်မှာတကယ်ရှိနေတာလား၊ သူ့ရဲ့စိတ်က ထင်ယောင်ထင်မှားဖြစ်ပြီး ဆွဲတွေးနေတာလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှူရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.7 GB) / (686 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 29Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama,Horror, Mystery Translator…….June Encoder……….SWM

Fantasy • Horror
4.2 2005 89 mins
Boogeyman
The Taste of Money
5.7

(18+ အခန်းအချို့ပါဝင်၍ မိသားစုနှင့် အသက်မပြည့်သေးသော သူများ အတူကြည့်ရှုရန်မသင့်တော်ပါ) အခုတစ်ခါမှာတော့ 2012 ခုနှစ်က ထွက်ရှိခဲ့တဲ့ erotic thriller အမျိုးအစား ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဂျူယောင်းဂျာ က ကိုရီးယားနိုင်ငံရဲ့ချမ်းသာကြွယ်ဝတဲ့မိသားစုတွေထဲက တစ်ခုဖြစ်တဲ့ ယွန်း မိသားစုရဲ့အတွင်းရေးမှူးပါ။ ဥက္ကဌ ကြီးယွန်း ဟာ မိသားစုလုပ်ငန်းတွေရဲ့ အကြီးအကဲဖြစ်ပေမယ့်လည်း ဇနီး နဲ့ အရင်ကဥက္ကဌဖြစ်ခဲ့တဲ့ သူ့ယောက္ခမရဲ့ ထိန်းချုပ်မှုခံနေရသူပါ။ သူတို့မှာ အိမ်ထောင်ကွဲထားတဲ့ သမီးဖြစ်သူ နာမီ နဲ့ သားဖြစ်သူ ချားရယ် တို့ရှိကြပါတယ်။ ဇနီး ဖြစ်သူ နဲ့ မိသားစုရေးရာ ကိစ္စတွေကိုငြီးငွေ့နေတဲ့ ဥက္ကဌကြီးဟာ ဖိလစ်ပိုင်သူ အိမ်စေမလေး အယ်ဗာ နဲ့ ဇာတ်လမ်းတွေရှိလာပါတယ်။ ဒါကို ယွန်းကတော် သိရှိသွားတဲ့အခါ ဒေါသတကြီး တုန့်ပြန်ပါတော့တယ်။ တစ်ဖက်မှာလည်း ချားရယ် ဟာ လုပ်ငန်းကိစ္စ အရှုပ်တော်ပုံတွေကြောင့် ဖမ်းဆီးခြင်းခံလိုက်ရပါတယ်။ ယွန်းကတော် က သားဖြစ်သူ ပြန်လွတ်အောင် ဘယ်လိုလုပ်ဆောင်မလဲ ခင်ပွန်းဖြစ်သူကို ဘယ်လိုလက်စားချေမလဲ ဆိုတာတွေကို ဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ်တွေ့ကြရမှာပါ။ ဒီဇာတ်ကားဟာ 2010 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Housemaid ရဲ့ အဆက်အနေနဲ့ ရိုက်ကူးထားတာပါ။ The Housemaid ထဲမှာတော့ ယွန်းမိသားစုရဲ့ ငယ်ဘဝ နဲ့ အိမ်တွင်းရေးအရှုပ်တော်ပုံတွေကို အဓိကထားပြီးဖော်ပြခဲ့ပါတယ်။ ဇာတ်ကား နှစ်ခုလုံးကို ရိုက်ခဲ့တဲ့ ဒါရိုက်တာက တစ်ဦးတည်းဖြစ်ပြီး ဒီရုပ်ရှင်တွေဟာ တခြားသူတွေမသိတဲ့ ကိုရီးယားနိုင်ငံရဲ့ တကယ့်လက်တွေ့ဘဝကို ထင်ဟပ်ပြထားပါတယ်လို့ အခိုင်အမာဆိုထားပါတယ်။ ဒါကြောင့်လည်းဝေဖန်မှုတွေခံခဲ့ရပြီး Cannes ရုပ်ရှင်ပွဲတော် မှာပြသ‌ခဲ့ပေမယ့်လည်း ချီးကျူးမခံခဲ့ရပါဘူး။ IMDb 5.7 ရရှိထားပြီး ကိုရီးယားနိုင်ငံရဲ့ထိပ်တန်း သရုပ်ဆောင်ကြီးတွေ ဦးဆောင်ပါဝင်ထားပါတယ်။ တစ်ချို့အခန်းလေးတွေကတော့ အမြင်မတင့်တယ် တဲ့အတွက် မိသားစု နဲ့အတူကြည့်ရှုရန်မသင့်တော်ပါ။ File size… 1.3 GB / 706 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 55m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

5.7 2012
The Taste of Money
The Thirteenth Taibao Resurrection
5.8

ကွန်ဖူးပရိသတ်တွေအတွက်အကြိုက်တွေ့နိုင်တဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါပြီ။ တော်လှန်ရေးကာလကိုအခြေခံထားတာဖြစ်ပါတယ်။ တောင်ပေါ်ကျောင်းက ကိုယ်တော်လေးအာ့လျန်ဆီကို တော်လှန်ရေးအတွက်အရမ်းအရေးကြီးတဲ့ နာမည်စာရင်းတစ်ခုကိုထိန်းသိမ်းစောင့်ရှောက်ရတဲ့ တာဝန်တစ်ခုကျရောက်လာခဲ့ပါတယ်။ ဒီနာမည်စာရင်းကို ကွမ်ကျိုးက လီရှောက်ပိုင်ဆိုတဲ့ လူတစ်ယောက်ဆီကိုအရောက်ပို့ပေးနိုင်ဖို့အတွက် မြို့ထဲကနေထွက်ဖို့ အတားအဆီးပေါင်းများစွာကိုကျော်ဖြတ်ပြီး အခက်အခဲတွေကြား တော်လှန်ရေးအတွက် တိုက်ပွဲဝင်ပုံကိုရိုက်ကူးထားတာဖြစ်ပါတယ်။ မထင်မှတ်တဲ့လှည့်ကွက်တွေနဲ့အတူ သိုင်းကွက်တွေဝေဝေဆာဆာနဲ့ ကြည့်ရှုလိုက်ပါဦးနော်……

Action
5.8 2024
The Thirteenth Taibao Resurrection
Klaus & Barroso
5.9

ဒီဇာတ်လမ်းလေးဟာ ကလောက်စ် နဲ့ ဘာရိုဆိုတို့ညီအစ်ကို နှစ်ယောက်ကိုအကြောင်းပြုပြီး ပေါ့ပေါ့ပါးပါးရိုက်ကူးထားတဲ့ ဟာသဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ကလပ်တစ်ခုရဲ့အဖျော်ဆရာတစ်ယောက်ဖြစ်တဲ့ ကလောက်စ်ဟာ ငွေတိုးချေးသူတွေထံမှ အကြွေးယူထားသောကြောင့် ကလပ်ပိုင်ရှင်အယောင်ဆောင်ကာ လူပျိုညပါတီတစ်ခုအတွက် အခကြေးငွေယူ၍ ကလပ်ကိုငှါးရမ်းလိုက်ပါတော့တယ်။ ညီအစ်ကိုနှစ်ယောက်တည်း ပြင်ဆင်ရတဲ့ ပါတီမှာ အလွဲမျိုးစုံကြုံတွေ့ရပုံ ကလောက်စ်လိမ်သမျှခံနေရတဲ့ ပါတီကျင်းပသူတွေရဲ့အလွဲမျိုးစုံ ညီအစ်ကိုနှစ်ယောက်ရဲ့သံယောဇဉ်နဲ့ သူတို့နှစ်ဦးရဲ့ကိုယ်စီအချစ်ဇာတ်လမ်းတွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.7 GB)/(970 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

Drama • Comedy
5.9 2024 87 mins
Klaus & Barroso
Market Mahalakshmi
8.7

Market Mahalakshmi (2024) “ပျံကျဈေးသည်မလေး” IMDb 8.7 ရထားတဲ့ တေလဂူး အချစ်ဟာသကားလေးဖြစ်ပါတယ် တေလဂူးရိုမန့်ဆိုတဲ့အတိုင်း အထည်ကြီး အထက်တန်းလွှာအချစ်ထက် လမ်းဘေးအချစ်ကိုသာ ဦးစားပေးထားတဲ့ ရုပ်ရှင်လေးပါ ဒီကားထဲက ဇာတ်လိုက်ကျော်ဟာဆိုရင် အဖေရဲ့ဇွတ်တိုက်တွန်းမှုကြောင့် အင်ဂျင်နီယာကျောင်းကိုတက်ခဲ့ရပြီး လစာဝင်ငွေကောင်းရလာတဲ့အချိန်မှာလည်း အဖေဖြစ်သူက မိန်းမအတင်းပေးစားချင်ပြန်ပါတယ် အိန္ဒိယသားရှင်တို့ထုံးစံအတိုင်း တင်တောင်းငွေ အပုံလိုက်လိုချင်တဲ့ အဖေအမေတို့ တိုက်တွန်းတဲ့ ကြင်ယာလောင်းတွေ တစ်ယောက်ပြီးတစ်ယောက် တွေ့ခဲ့ပေမယ့်လည်း သူလိုချင်တဲ့ အရည်အသွေးမျိုး ရှိမနေလို့ ကြံရခက်နေချိန်မှာ စွာတေးလန်ဈေးသည်မလေး မဟာလက်ရှ်မီးနဲ့ ဆုံခဲ့ရတယ် မတူခြားနားလှတဲ့ ဘဝနှစ်ခုပေါင်းဆုံဖို့ စိန်ခေါ်မှုမျိုးစုံ တွေ့ကြုံရပုံကို ခံစားကြည့်ရှုရမှာပဲ ဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်

8.7 2024
Market Mahalakshmi
Kotee
6.5

Kotee (2024) “ကိုတီ” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး သည်းထိပ်ရင်ဖို/ဒရာမာ ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ရိုးသားမှုဆိုတာ မနည်းရှာဖွေယူရမယ့် ဂျာနာသာမြို့လို သူခိုးသူဝှက်ပေါများတဲ့နေရာမှာ အလုပ်မျိုးစုံလုပ်ရင်း အမေ၊ ညီလေး၊ ညီမလေးတို့ကို ရိုးရိုးသားသားလုပ်ကျွေးသူ ‘ကိုတီ’ ညီမ မင်္ဂလာဆောင်နိုင်ဖို့၊ ညီဖြစ်သူအတွက် လုပ်ငန်းထောင်ပေးနိုင်ဖို့၊ အိမ်လေးကို ပြုပြင်ဖို့ တစ်ကုဋေကို မခိုးမဝှက်ဘဲ ရှာမယ်လို့ ကြွေးကြော်ထားတဲ့ ကိုတီနဲ့ သူ့အလုပ်ရှင်တို့ ပြဿနာတက်ကြရာ … သူ့ကို ဒေါသထွက်သွာစေတဲ့ စကားတစ်ခွန်းကတော့ “လူတိုင်းရဲ့အတွင်းစိတ်မှာ သူခိုးတစ်ယောက်ကိန်းအောင်းနေတယ်” ဆိုတဲ့ စကားပါပဲ ဒါကို တစ်စက်လေးမှ လက်မခံတဲ့ ကိုတီတစ်ယောက် ပိုက်ဆံချေးဖို့လိုလာတော့ ဂိုဏ်းခေါင်းဆောင်တစ်ဦးနဲ့ ပတ်သက်မိတဲ့အခါမှာ ပင်ကိုရိုးသားမှုကို သူဆက်ထိန်းနိုင်ဦးမလားဆိုတာ ပရိသတ်ကြီး အားပေးကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ KKKZ ~ Linn Lunn ~ ToMo ~ Alex ~ Yunni တို့ ဖြစ်ပါတယ်

Comedy
6.5 2024 170 mins
Kotee
[18+] Stray Cat

အိမ်ခြေနည်းတဲ့ ဆိတ်ငြိမ်ရပ်ကွက်လေးတစ်ခုမှာနေကြတဲ့ ထရေစီတို့ဇနီးမောင်နှံ စီးပွားရေးအဆင်မပြေတာကြောင့် အိမ်မှာလွတ်နေတဲ့တစ်ခန်းကို လူငှားထားဖို့ ကြော်ငြာထားကြပါတယ်။ နောက်နေ့မှာပဲ လေပြေလိုလွင့်လာတဲ့ ဘရိဇီဆိုတဲ့ မိန်းမချောလေးတစ်ယောက် ရောက်လာပြီး သူတို့အိမ်မှာ ငှားနေတာပေါ့။ နောက်ရက်မှာတော့ သူတို့အိမ်တံခါးကို လာခေါက်တာက ရဲအရာရှိတစ်ယောက် အနီးနားမှာ လူတစ်ယောက်အသတ်ခံရတဲ့အတွက် တစ်အိမ်တက်တစ်အိမ်ဆင်း လိုက်စုံစမ်းနေတာပါတဲ့။ ဒီမှာပဲ ထရေစီတစ်ယောက် ဘရိဇီဆိုတဲ့ မိန်းမချောလေးကို မသင်္ကာဘဲ စုံစမ်းကြည့်ချိန်မှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ဖြစ်ပါတယ်) File size…(1.3 GB) / (450 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….00:42:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by V

0 2023 41 mins
[18+] Stray Cat
Things Will Be Different

ဓားပြမှုတစ်ခုကနေ ရဲတွေလက်ကထွက်ပြေးလွတ်မြောက်လာတဲ့ မောင်နှမနှစ်ယောက်သူတို့ပုန်းခိုဖို့အတွက်နေရာရှာဖို့ဖြစ်လာပါတယ် ဒီအချိန်မှာအစ်ကိုဖြစ်သူက သူရှာတွေ့ထားတဲ့ လယ်တောထဲကအိမ်တစ်လုံးမှာသွားပုန်းနေကြမယ်ဆိုပြီးညီမဖြစ်သူနဲ့ထွက်လာခဲ့ပါတယ် အဲဒီလယ်တောထဲကအိမ်မှာ ထူးဆန်းမှုတွေနဲ့ပြည့်နေပြီး မတူညီတဲ့ အချိန်ကာလတစ်ခုကိုရောက်သွားပြီး အချိန်သံသရာထဲမှာ တစ်ဝဲလည်လည်နဲ့ရုန်းမထွက်နိုင်ဖြစ်နေကြတာပေါ့ ဒီလိုနဲ့အချိန်ထိန်းချုပ်တဲ့သူတွေနဲ့ သူတို့မောင်နှစ်မနှစ်ယောက်ကြားမှာ အပေးအယူတွေလုပ်ပြီး ဒီအချိန်သံသရာထဲကနေရုန်းထွက်နိုင်ပါ့မလား…..ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံတွေ့ရပြီး ဘယ်လိုအန္တရာယ်တွေရင်ဆိုင်ကြရမလဲဆိုတာကိုတော့……….. ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(1.6 GB)/(783 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo

Science Fiction • Action • Adventure • Thriller
0 2024
Things Will Be Different
Chatrapathi
7.6

Chatrapati 2005 (ချတ်တရာပါတီ) ယခုတစ်ခါမှာတော့ ၂၀၀၅ခုနှစ်က ထွက်ရှိထားတဲ့ မင်းသား Prabhasနဲ့ Drishyam(လေးတန်းအောင်)ဇာတ်ကားထဲက ဇနီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Shriya Saranတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဟောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ရပါတယ်။ ရှီဗာဆိုတဲ့ကောင်လေးဟာ အမေရယ် သူ့ညီလေးရယ်နဲ့ သီရိလင်္ကာကမ်းခြေက ရွာလေးတစ်ရွာမှာ နေထိုင်တဲ့သူပေါ့။ သူတို့ရွာလေးကို နယ်ခံတွေက သိမ်းပိုက်ချင်နေတာကြောင့် ခဏခဏ လာရောက်တိုက်ခိုက်ခြင်းကို ခံနေရတဲ့ရွာလေးပါ။ ရှီဗာရဲ့ညီဖြစ်သူ အာရှုတ်ခ်ကလည်း ရှီဗာက သူ့အမေရဲ့ သားအရင်းမဟုတ်ဘဲ သူ့အမေယူလိုက်တဲ့ သူ့ပထွေးကပါလာတဲ့သားဖြစ်တာကြောင့် သူ့အမေက ရှီဗာကို ချစ်နေတဲ့အပေါ် မနာလိုအူတူနေတဲ့ကလေးလေးပါ။ ဒီလိုနဲ့ တစ်ရက်မှာ သူတို့ရွာလေးကို နယ်ခံတွေက လာရောက်သိမ်းပိုက်ခံလိုက်ရပြီး အကုန်လှေတွေနဲ့ ထွက်ပြေးတိမ်းရှောင်ကြတဲ့အချိန် ရှီဗာနဲ့ သူ့အမေရယ် သူ့ညီလေးရယ်နဲ့ လူစုကွဲသွားခဲ့ပါတော့တယ်။ ရှီဗာပါသွားတဲ့လှေထဲကလူတွေဟာ အိန္ဒိယဘက်ကိုရောက်လာပြီးတော့ ဘာဂျီရောင်ဝ်အုပ်ချုပ်တဲ့ တရားမဝင်လုပ်ငန်းလုပ်တဲ့နေရာတစ်ခုမှာ မတရားအလုပ်လုပ်ခိုင်းခြင်းကို ခံခဲ့ရပါတော့တယ်။ ဒီလိုနဲ့ အသက်တွေကြီးလာတဲ့အချိန်မှာတော့ ရှီဗာဟာ ကျန်းမာသန်စွမ်းပြီးတော့ စွမ်းရည်အပြည့်နဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်လေးဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ ရှီဗာတစ်ယောက် လူတွေကို ကူညီကယ်တင်ပေးရင်းနဲ့ ငယ်ငယ်က ကွဲကွာသွားတဲ့ သူ့အမေနဲ့ ပြန်ဆုံတွေ့ကြတဲ့အခါမှာတော့ …… ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲ ဖြစ်ပါတယ်)

Horror • Crime • Thriller • Drama • Fantasy
7.6 2003 158 mins
Chatrapathi
Mukkam Post Devach Ghar
7.1

Mukkam Post Devach Ghar (2025) “တို့ဖေဖေ” ဒီတစ်ခါမှာတော့ ဘောလိဝုဒ်ပရိသတ်ကြီးအတွက် အရမ်းကောင်းတဲ့ မိသားစုဒရာမာဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျေးလက်လူနေမှုဘ၀ကို နောက်ခံထားပြီး မူလတန်းအရွယ်ကလေးမလေးတစ်ယောက်ရဲ့ဘ၀ကို ချစ်စရာဖြစ်အောင်ရော သနားစရာဖြစ်အောင်ပါ ပုံဖော်ထားရိုက်ကူးထားပါတယ်။ ရွာလေးတစ်ရွာမှာ ဂျီဂျာဆိုတဲ့ ချစ်စရာမူလတန်းကျောင်းသူလေးရှိပါတယ်။ ဂျီဂျာလေးဟာ အမေရယ် အဘွားရယ်နဲ့အတူနေပါတယ်။ အဖေဖြစ်သူကတော့ ဆုံးပါးသွားပြီး ဂျီဂျာတောင်မမြင်ဖူးလိုက်ပါဘူး။ ဂျီဂျာလေးဟာ ကလေသဘာ၀အတိုင်း စားလိုက် ဆော့လိုက်နဲ့ ပျော်ပျော်နေပေမဲ့ စိတ်ထားလေးကောင်းပြီ ကူညီတတ် သနားတတ်သူလေးပါ။ တစ်ခါမှမမြင်ဖူးလိုက်တဲ့ သူ့အဖေ့ကိုလည်း သတိရရကောင်းမှန်း မသိပါဘူး။ တစ်နေ့တော့ ကျောင်းအုပ်ဆရာကြီးကဂျီဂျာ့ကို ကျောင်းပြိုင်ပွဲတစ်ခုမှာ “တို့ဖေဖေ” ခေါင်းစဉ်နဲ့ ယှဉ်ပြိုင်ရမယ်လို့ ပြောလိုက်ရာကစလို့ ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်း သိချင်လာခဲ့ပါတယ်။ သူ့အမေကိုမေးပေမဲ့လည်း အရှင့်အိမ်မှာဆိုတာကလွဲပြီး သေချာအဖြေမရခဲ့ပါဘူး။ နောက်တော့ ဂျီဂျာလေးဟာ ဘယ်ရောက်နေမှန်းမသိတဲ့ သူ့အဖေဆီ စာတိုက်ကနေစာပို့ဖို့ အကြံရလာခဲ့ပါတယ်။ ဒီလိုနဲ့ ဂျီဂျာပို့လိုက်တဲ့စာတွေဟာ ဘယ်ကိုရောက်သွားမလဲ… ဂျီဂျာတစ်ယောက် သူ့အဖေအကြောင်းကိုသိခွင့်ရမလား၊ ပြိုင်ပွဲမှာ “တို့ဖေဖေ” အကြောင်း ဘာတွေပြောသွားမလဲ ဆိုတာကို ကျေးလက်‌နောက်ခံနဲ့ ချစ်စရာကလေးသဘာ၀ကိုကြည့်ရှုခံစားရင်း… ပျော်စရာ၊ ရယ်စရာ၊ ငိုစရာ၊ လွမ်းမောစရာအဖြစ် ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။)

War • Drama
7.1 2025 119 mins
Mukkam Post Devach Ghar