YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

The.5-Year.Christmas.Party.2024.720p.(CM).mp4

873.53 MB 720p video/mp4 10 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Mixed by Erry
7.5

Mixed by Erry (2023) ================ IMDb Rating - 7.1/10 အဦးဆုံးအနေနဲ့ အယ်ရီဆိုတာ ဘယ်သူလဲ၊ အယ်ရီဖရက်တက်စီယို ဆိုတဲ့ပုဂ္ဂိုလ်ကတော့ လက်ရှိအချိန်အထိအပြင်မှာသက်ရှိထင်ရှား ရှိနေသေးပြီး ၁၉၈၀ ကျော်ကာလတွေအတွင်း သီချင်းကတ်ဆက်နဲ့ တိပ်ခွေတွေကို အီတလီနိုင်ငံက လူတွေရဲ့လက်ထဲကိုရောက်အောင် စွမ်းဆောင်ပေးခဲ့တဲ့ သူရဲကောင်းကြီး (ဝါ) မူပိုင်ခွင့်တွေချိုးဖောက်တဲ့ ရာဇဝတ်သမားလို့ ပြောလို့ရပါတယ်။ အယ်ရီ့မှာ ဒီဂျေတစ်ယောက်ဖြစ်ချင်တဲ့ဝါသနာအိပ်မက်လေးတစ်ခု ပါလာတယ်။ သို့ပေမဲ့ အမျိုးမျိုးသောအကြောင်းတရားတွေကြောင့် ဒီဂျေဘဝကိုလက်လွှတ်လိုက်ရတော့မဲ့အချိန်မှာပဲ ကတ်ဆက်ခွေတွေ ရောင်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့ အယ်ရီတို့မိသားစုရဲ့ ဘဝဟာ အရာရာပြောင်းလဲသွားခဲ့ပါတော့တယ်။ ဒီဇာတ်ကားလေးကတော့ ဖရက်တက်စီယိုညီအစ်တွေဖြစ်တဲ့ အယ်ရီ၊ ဂီအူ‌ဆက်ပေး နဲ့ အန်ဂျလို တို့ သုံးယောက်သား လောကဓံရဲ့အနိမ့် အမြင့်အတက်အကျတွေကြားထဲကနေ ဘယ်လိုအောင်မြင်အောင် ကြိုးစားခဲ့ကြလဲဆိုတာကိုကြည့်ရှုခံစားရမဲ့ Netflix ရဲ့ အီတလီ အတ္တု ပ္ပတ္တိ ဒရာမာဇာတ်ကား‌လေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size..........(1.5 GB) / (675 MB) / (382 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, History Translator.......Khant Sett Naing Encoder..........Zin Phyo Aung

Drama
7.5 2023 113 mins
Mixed by Erry
Doll House
6

~ IMDb - 8.2/10, Rotten Tomatoes - 100% ~ 2022 ထွက် Family Drama ဖိလစ်ပိုင်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မိဘနဲ့ သားသမီးကြား မေတ္တာကို ထပ်ဟပ်ပြထားတဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး အပိုအလိုပြကွက်တွေမရှိဘဲ ရိုးရိုးလေးနဲ့ မျက်ရည်ဝဲအောင် ရင်ထဲထည့်သွားမယ့် ရုပ်ရှင်တစ်ခုဆိုရင်လည်း မမှားပါဘူး။ ဇာတ်လမ်းအကျဉ်းအရဆိုရင်တော့... ရပ်စ်တင်ဟာ ရော့ခ်အင်ရိုး ဂီတသမားတစ်ယောက် ဖြစ်ပြီး ဂီတသမားပီပီ ဆေးလည်းသုံးလေ့ရှိသူတစ်ယောက်၊ ဘ၀ကို အလေးအနက်မထား ပေါ့ပေါ့နေပေါ့ပေါ့စား ဖြတ်သန်းနေတဲ့သူတစ်ယောက်ပါ။ သို့ပေမယ့် သူဟာ လူလွတ်တစ်ယောက်တော့ မဟုတ်ပါဘူး။ ယခင်က ရှီနာဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့ပြီး ရပ်စ်တင်ရဲ့ အလေးအနက်မရှိမှုတို့ကြောင့် ပြတ်စဲသွားရတာပါ။ ရပ်စ်တင်ရဲ့ တီးဝိုင်းအဖွဲ့သားတစ်ယောက် ဆေးလွန်သေဆုံးပြီးနောက်မှာ ရပ်စ်တင်ဟာ စိတ်ပြေလက်ပျောက်နဲ့ အတိတ်ဟောင်း‌လေးတွေရှိရာနေရာကို ပြန်လာခဲ့ပါတယ်။ အဲဒီမှာ သူဟာ မထင်မှတ်ဘဲ ယူမီဆိုတဲ့ ကလေးမလေးတစ်ယောက်နဲ့ သိကျွမ်းခဲ့ပြီး ယူမီကို ခင်တွယ်မိပါတော့တယ်။ ဒီလိုနဲ့ ရပ်စ်တင်ကိုယ်တိုင်ပဲ ထွက်ပြေးခဲ့တဲ့ အတိတ်ဟောင်းကို သူကိုယ်တိုင်မသိလိုက်ဘဲ ပြန်လည်တိုး၀င်မိပါတော့တယ်။ Drama ဆိုရင် ပိုင်ပိုင်နိုင်နိုင် ကိုင်တွယ်လေ့ရှိတဲ့ ဖိလစ်ပိုင်တွေအဖို့တော့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ထွက်လာမှာ ငြင်းစရာမရှိတာမို့ CM ပရိသတ်ကြီးတို့ ကြည့်ရတာတန်တဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို CHUCK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.82GB, 914MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 1H 47Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by CHUCK Encoded by Y

Drama • Romance
6 2022 107 mins
Doll House
Lucky Star
4

ကျန်းနင်မြို့တော် စူးအထည်ဆိုင်ပိုင်ရှင်ရဲ့ ကိုယ်လုပ်တော်(၂) က မွေးဖွားခဲ့သူ စူးဝမ်ရှင်းဟာ စူးအထည်ဆိုင်ကို ဦးစီးပြီး ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံဖို့အတွက် ဆန္ဒရှိခဲ့ပါတယ် ။ ဒါပေမဲ့လို့ တစ်ခြား မောင်နှမတွေဖြစ်တဲ့ နင်ယိ နဲ့ စူးထန်အာတို့ရဲ့ လွှမ်းမိုးမှုအောက်ကနေပြီးတော့ ရုံးမထွက်နိုင်ခဲ့ရှာပါဘူး။ ကံကောင်းချင်တော့ နင်ယိနဲ့ စူးထန်အာတို့ဟာ ကျန်းနင်မြို့တော် ကနေထွက်ခွာခဲ့ပြီး ဝူသူမြို့တော်ဆီကို စီးပွားရေးလုပ်ဖို့ပြောင်းရွှေ့သွားခဲ့ကြပါတယ်။ သူတို့ထွက်မသွားခဲ့မှာ စူးအိမ်တော်ရဲ့ အထည်လုပ်ငန်းကို စူးဝမ်ရှင်းဆီ လွှဲအပ်ပေးခဲ့ပါတယ် ။ အဲဒီအချိန်မှာပဲ စူးအိမ်တော်ရဲ့ တာဝန်တွေကို ခေါင်းခံဖို့ မျှော်လင့်ချက်ရှိမနေတဲ့ စူးဝမ်ရှင်းတစ်ယောက် ပြန်လည်ပြီးစိတ်အားထက်သန်လာခဲ့ပါတော့တယ်။ သူ့ရဲ့ စွမ်းအားတွေကို ပြသမယ် စိတ်ကူးထားပေမဲ့ စူးအိမ်တော်က သူတွေဟာ သူ့ကို အရည်အချင်းရှိသူတစ်ယောက်လို့မမြင်ခဲ့ပါဘူး ။ ကြက်ကန်းဆန်အိုးတိုးပြီး ကံကောင်းကာ ရရှိသွားတယ်လို့ပဲ ထင်နေကြတဲ့အခါ...? စူးဝမ်ရှင်းတစ်ယောက် သူ့ရဲ့စွမ်းရည်တွေကိုပြသဖို့အတွက် ဖူယွမ်မြို့တော်ကို စီးပွားရေးလုပ်ဖို့ထွက်လာခဲ့ပါတယ် ။ ဒီတော့ စူးဝမ်ရှင်းတစ်ယောက် - ❏ သူ့ကို အသုံးမကျဘူးလို့ထင်ကြတဲ့သူတွေရဲ့ အမြင်တွေကို ပြောင်းလဲပစ်နိုင်ပါ့မလား ? ❏ စီးပွားရေး လုပ်ဆောင်ရာ လမ်းကြောင်းတစ်ယောက်မှာရော ဘာအခက်အခဲတွေနဲ့ကြုံတွေ့ရမလဲ ? ❏ အဲဒီ ခရီးလမ်းမှာရော စူးဝမ်ရှင်းတစ်ယောက် အချစ်ပန်းလေးတွေ ပွင့်လန်းနိုင်ပါ့မလား ? ဆိုတာ ကြည့်ရှုလိုက်ရအောင်လားရှင် ။ Comedy အမျိုးအစားလေးဖြစ်တာမို့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်နေရမဲ့ ဇာတ်ကားလေးပါ အခုပဲကြည့်လိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Comedy , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
4 2021
Lucky Star
Corrective Measures
5.1

(မူရင်းကိုက 1080p မထွက်တဲ့အတွက် 720, 480p နဲ့ပဲ တင်ဆက်ပေးလိုက်ပါတယ်) ဘရုစ်ဝီလီရဲ့ နောက်ဆုံးဖြစ်လာမယ့် ရုပ်ရှင်တွေထဲက တစ်ကားပါ။ စူပါဟီးရိုးကားပါ။ နာမည်တူဂရပ်ဖစ် နိုဗယ်ကိုပဲ ရိုက်ထားတာပါ။ ပုံစံကတော့ The Boys Presents: Diabolical ထဲက အပိုင်းနှစ်နဲ့တောင် ခပ်ဆင်ဆင်ပါပဲ။ ဘရုစ်ဝီလီရဲ့ ကာရိုက်တာကတော့ ပရော်ဖက်ဆာ X နဲ့အကုန်တူပါတယ်။ တူဆို အစကတည်းက ကတုံးပဲကိုး။ ဝှီးချဲတော့ မပါဘူးပေါ့။ တခြား Punisher တို့ Electro တို့ The Watcher တို့လည်း ပါတယ်။ ကပ္ပတိန်အမေရိကတို့ မာရှန်မန်းဟန်တာတို့အပြင် ဆိုက်ကလော့နဲ့အတူ တခြားဟီးရိုး ပေါင်းများစွာလည်းပါပါတယ်။ X-men ထဲက ဆိုက်ကလော့ထက် ဒီက ဆိုက်ကလော့က ဆိုက်ကလော့နဲ့ပိုတူပါတယ်။ မျက်စိတစ်လုံးပဲ ပါဝါရှိတာပါ။ နောက် CW Flash ဖန်တွေအတွက် သတင်းကောင်းပြောရရင် ကမ္ဘာပေါင်းစုံက ဟယ်ရီဆင်ဝဲလ် ဆယ်ယောက်လောက်နေရာက ကောင်းကောင်းသရုပ်ဆောင်နိုင်ခဲ့တဲ့ သရုပ်ဆောင်ကောင်းတဲ့ Tom Cavanagh ကြီးရဲ့ အခန်းတွေလည်း တော်တော်ပါပါတယ်။ ဇာတ်လမ်းကတော့ ခပ်ဆန်းဆန်း စူပါဟီးရိုးထောင်ကားပါ။ စူပါဟီးရိုးထောင်ကားဆိုတော့ Prison Break တို့ Shawshank Redemption တို့ထဲက တစ်ချို့အခန်းလေးတွေကို ယူသုံးထားတာလည်းပါပါတယ်။ ဝေဖန်ရေးသမားတွေကပါ အစောပိုင်းအချိန်က 6/10 တို့ ဘာတို့ပေးထားတာဆိုတော့ ထွက်ခဲ့တဲ့ ဘရုစ်ဝီလီကားတွေလောက် မချာပါဘူး။ စူပါဟီးရိုးကြိုက်တဲ့သူတွေလည်း ကြည့်ပျော်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆိုရေးသားထားပါတယ်) Size - 1.42GB, 612MB Quality - 720p, 480p IMDb Rating - 4.5/10 Format - mp4 Duration - 1H 46Min Genre - Action, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Horror
5.1 2022 106 mins
Corrective Measures
Robust
5.2

Robust (2021) ============ IMDb Rating - 5.7/10 သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM

Thriller
5.2 2022 95 mins
Robust
In the House
7.3

ပြင်သစ်စာပေသင်တဲ့ဆရာတစ်ယောက်ဟာ ကလော့ဂါဆီရာ‌ဆိုတဲ့ကျောင်းသားတစ်ယောက်ရဲ့ထူးဆန်းတဲ့စာစီစာကုံးကိုဖတ်မိရာကနေ ကလော့ရဲ့သူ့သူငယ်ချင်းမိသားစုအပေါ်အမြင်တွေ၊အတွေးတွေကိုပိုသိချင်လာပါတော့တယ် သူကကလော့ကိုစာအရေးအသားသင်ပေးဖို့ဆုံးဖြတ်လိုက်ပြီး ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့စာစီစာကုံးတစ်ပုဒ်ကိုအရင်းပြုရင်း ဆရာတပည့်နှစ်ယောက်ဇာတ်လမ်းနဲ့အပြင်လောကရဲ့ဆက်စပ်မှုတွေကိုရှာဖွေပြီး ဘယ်လိုအလှည့်အပြောင်းမျိုးတွေနဲ့ရင်ဆိုင်ရမလဲဆိုတာကိုကြည့်ရှုရမှာပါ Drama & mystery အမျိုးအစားဖြစ်ပြီး စိတ်လှုပ်ရှားစရာသိပ်မပါပေမဲ့အေးအေးလေးနဲ့ဇာတ်လမ်းအဆုံးထိဆွဲသွားနိုင်တာမို့ ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားတစ်ပုဒ်ပါပဲ

Horror • Mystery
7.3 2012 105 mins
In the House
Angels Of Vengeance
5.9

CMပရိသတ်ကြီးကို မှုခင်းရဲမေ လျို့ဝှက်သည်းဖို ဇာတ်လမ်းလေးတင်ဆက်ပေးလိုက်ပါတယ်။ အထူးရဲကွန်မန်ဒိုတပ်ဖွဲ့ဝင် နတ်မိမယ်လေး(၄)ယောက်ဟာ မူးယစ်တိုက်ဖျက်ရေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး မူးယစ်ရာဇာကိုအမြစ်ကနေလှန်ပစ်နိုင်ဖို့အတွက် သူလျှိုအဖြစ်နဲ့ မူးယစ်ဂိုဏ်းထဲကိုရောဝင်ပြီး အမှုကိုဖော်ထုတ်မယ့် မှုခင်းဇာတ်လမ်းပဲဖြစ်ပါတယ်။ နတ်မိမယ်(၄)ယောက်ကတစ်ယောက်ချင်းစီဘယ်လိုစွမ်းရည်တွေရှိကြလဲ…… မူးယစ်ဂိုဏ်းထဲမှာ လျို့ဝှက်သည်းဖိုဘယ်လိုဟန်ဆောင်ပြီ းသက်သေတွေရအောင်ယူကြလဲ…… မူးယစ်ဂိုဏ်းကြီးကိုဘယ်လိုနှိမ်နင်းပစ်လဲ……ဆိုတာ ကို ကြမ်းကြမ်းရမ်းရမ်းဖိုက်တင်ခန်းတွေနဲ့အတူ မမတွေကအလှမပျက်တင်ဆက်ပြသွားမှာဖြစ်ပါတယ်။

5.9 2023
Angels Of Vengeance
The Mistress

The Mistress (2022) ဒီကားကတော့ ဆိုက်ကိုဆန်ဆန် Horror ကားတစ်ကားဖြစ်ပြီး ဗြုန်းကနဲ ခြောက်လှန့်တာမျိုးတွေမပါဘဲ ငြိမ်ငြိမ်လေးနဲ့ ဇာတ်လမ်းအဆုံးထိ ဆွဲခေါ်သွားမှာပါ။ ပါကားနဲ့ မက်ဒလင်တို့ လက်ထပ်ပြီးကာစ ဇနီးမောင်နှံက အသစ်၀ယ်လိုက်တဲ့ အိမ်ကို ပြောင်းရွှေ့လာပါတယ်။ အိမ်ကြီးက ဗစ်တိုရီးယန်းခေတ်က လက်ရာဖြစ်ပြီး အတွင်းမှာ ရှေးဟောင်းပရိဘောဂတွေပါ ပါပါတယ်။ ပါကားက စာရေးဆရာဖြစ်ပြီး အရင်က သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးက Stalker လို တကောက်ကောက်လိုက်နေတဲ့အတွက် ရဲတိုင်ပြီး အိမ်ပြောင်းလာတာပါ။ အိမ်ကြီးထဲမှာ နေရာချရင်း ရှေးဟောင်း Plate Camera တစ်လုံးနဲ့ အမျိုးသမီးတစ်ဦးပုံကို တွေ့လိုက်ရပါတယ်။ အဲဒီအမျိုးသမီးက သူ့ချစ်သူ ဝီလီယံဆီရေးခဲ့တဲ့ လွန်ခဲ့တဲ့ နှစ် ၁၀၀လောက်က စာတွေကိုပါတွေ့သွားပါတယ်။ ပါကားတို့က အဲဒီစာတွေဖတ်ကြရင်း သူ့နာမည် ရေဘက်ကာဆိုတာနဲ့ ချစ်သူ၂ဦးအကြောင်းတွေပါ သိလာပါတယ်။ အဲဒီအချိန်ကစပြီး အိမ်ကြီးမှာ ထူးဆန်းတာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာပါတယ်။ ပါကားက ရေဘက်ကာကို ညဘက်တွေမှာ တွေ့တွေ့နေရတဲ့အခါ… ခြောက်လှန့်မှုတွေ စဖြစ်လာတဲ့အခါ… ရေဘက်ကာတို့ရဲ့ ဇာတ်လမ်းအမှန်က ဘာလဲ… ပါကားနဲ့ရော ဘယ်လိုပတ်သက်နေမလဲ… မက်ဒလင်သိထားတဲ့ ပါကားအကြောင်းကရော အမှန်ပဲလား… စတာတွေကို အသည်းတအေးအေးနဲ့ ဆက်အားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.55GB, 665MB Quality – 1080p, 720p Format – mp4 Duration – 1H 42Min Genre – Horror, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

0 2022 102 mins
The Mistress
I Now Pronounce You Chuck & Larry
5.9

I Now Pronounce You Chuck & Larry (2007) ဒီတစ်ခါ မိတ်ဆက်​​ပေးမှာက​တော့ နာမည်ကြီး ဟာသသရုပ်​ဆောင် Adam Sandler နဲ့ ကားတိုင်းပါနေကျ သူ့ဘော်ဒါ Kevin James ပါဝင်သရုပ်​​ဆောင်ထားပြီး 2007 မှာထွက်ရှိထားတဲ့ I Now Pronounce You Chuck & Larry ဆိုတဲ့ဟာသကား​​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ မိန်းမဆိုရင် ခဲတံမှာဂါဝန်ဝတ်ထား​​ပေးရင်​တောင် ဖွက်ထားရမယ်ဆိုပြီး လုပ်​ဖော်ကိုင်ဖက်​တွေက​ပြောရ​လောက်​အောင် ဖွန်​ကြောင်တတ်တဲ့ ချာ့ တစ်​ယောက် အိမ်​ထောင်သည် မုဆိုးဖိုသူငယ်ချင်း လယ်ရီရဲ့ ​ငွေ​ကြေးပြသနာ​ကြောင့် နှစ်​ယောက်အတူ ​ဂေးစုံတွဲအဖြစ် ​နေကြဖို့ သ​ဘောတူလိုက်ကြပါတယ်။ တစ်ဖက်မှာလည်း ပြည်နယ်ဘက်က လိမ်လည်တာဟုတ်မဟုတ် လာ​ရောက်စစ်​ဆေးရင်းနဲ့မှ တဖြည်းဖြည်း သူတို့​လက်ထပ်ထားတာကို တစ်ပြည်နယ်လုံး သိသွား​လောက်တဲ့အထိ နာမည်ကြီးသွားတဲ့အခါ ဘယ်လိုအကွက်​တွေ​ရွေ့မလဲ… ဘယ်လို​တွေလွဲကုန်မလဲ… ဆိုတာကို ရယ်ရင်း​မောရင်းကြည့်ရှုရမယ့်ကား​လေးပဲဖြစ်ပါတယ်။ ​ဂေး​တွေကို အရမ်းလက်သင့်ခံထားခြင်းမရှိ​သေးတဲ့ အချိန်ကာလကိုအခြေတည်ထားတာ​ကြောင့် အဲဒီအချိန်က ​​​​ဂေး​တွေရဲ့ ဖိနှိပ်ခံရမှု၊ ​စော်ကားခံရမှု​တွေကိုပါ ထည့်သွင်း​ရိုက်ပြထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.05GB, 930MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 55Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

Family • Animation
5.9 2007 115 mins
I Now Pronounce You Chuck & Larry
Arthur’s Whisky

Arthurs Whisky [2024] အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်… ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး… ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်… ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်… အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ… ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်… သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်… ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာ အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama, Fantasy Quality…. 1080p | 720p File size… 1.5GB | 779MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2024
Arthur’s Whisky
Under the Sand
7

Under the Sand (2000) ~ IMDb – 7/10, Rotten Tomatoes – 93% ~ “ကျွန်မထပ်ပြီး ရူးသွားတော့မယ်ထင်တယ်။ ကျွန်မခေါင်းထဲမှာ အသံတွေကြားနေရတယ်။ အလုပ်ကို အာရုံစိုက်လို့မရတော့ဘူး။ ကျွန်မ တိုက်ခိုက်ဖို့ ကြိုးစားချင်ပေမဲ့ ကျွန်မဆက်ပြီး အားတင်းမထားနိုင်တော့ဘူး။ ကျွန်မဘဝရဲ့ ပျော်ရွှင်မှုတွေ အားလုံးက ရှင့်ကျေးဇူးကြောင့်ပါပဲ။ ရှင်က ကျွန်မအတွက်တော့ အပြည့်အဝကောင်းတဲ့သူပါ။ ကျွန်မရှင့်ဘဝကို မဖျက်စီးချင်တော့ဘူး…” စိတ်အတက်အကျ ပြင်းထန်တဲ့ရောဂါဖြစ်နေတဲ့ နာမည်ကျော်စာရေးဆရာမကြီး ဗာဂျီးနီးယားဝုဖ် ကိုယ့်ကိုယ်ကိုယ်သတ်မသေခင် သူ့အမျိုးသားအတွက်ရေးထားခဲ့တဲ့စာကို ဇာတ်ကားထဲမှာ ကိုးကားထားတဲ့အတိုင်း ရေးထားတာပါ။ မူရင်းကပိုပြီး ခြောက်ခြားဖွယ်လှပနေတာကို တွေ့ရမှာပါ။ ဒီဇာတ်ကားကလည်း ဗာဂျီးနီးယားဝုဖ်ရဲ့ သေတမ်းစာလိုပဲ စိတ်ကို ညစ်ညူးစေပေမဲ့ လှပနေတဲ့ ဇာတ်ကားမျိုးပါ။ မူရင်းခေါင်းစဉ်က Sous le sable ဖြစ်ပြီး ပြင်သစ်နိုင်ငံရဲ့ ၂၇ ကြိမ်မြောက် César Awards ရုပ်ရှင်ဆုချီးမြှင့်ပွဲမှာ ဇာတ်ကားဆု၊ ဒါရိုက်တာဆု၊ ဇာတ်ဆောင်အမျိုးသမီးဆု ဆန်ခါတင်စာရင်းအများကြီးဝင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ ဆုမရခဲ့ပါဘူး။ ဒါပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားတစ်ကားကောင်းမကောင်းဆိုတာ ကြည့်တဲ့သူရဲ့ နှလုံးသားပေါ်ပဲ မူတည်တာမဟုတ်လား။ ဒီဇာတ်ကားက ဆုမရပေမဲ့ နှလုံးသားတွေကိုတော့ ထိခတ်အောင်လုပ်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အိမ်ထောင်သက် ၂၅ နှစ်ကျော်ပေါင်းသင်းလာတဲ့ အချစ်ရဆုံးသူ ခင်ပွန်းသည် ပျောက်သွားတဲ့ ဇနီးသည်တစ်ယောက်ရဲ့ ခံစားချက်နဲ့ အတွေးတွေကို ထင်ထင်ရှားရှားနဲ့ မြင်သာလာအောင် ပြပေးထားပါတယ်။ ကိုယ်ချစ်ရတဲ့သူတစ်ယောက် သေသွားတာနဲ့ ပျောက်သွားတာ ဘယ်ဟာကပိုပြီး ခံရခက်ပါသလဲ။ ကျွန်တော့်အမြင်ကတော့ သေသွားပြီဆိုရင် တစ်ခါတည်း အပြီးပိုင်လက်လွှတ်ရပေမဲ့ ပျောက်သွားတာဆိုရင် ပြန်တွေ့လေမလားမျှော်နေရင်း ပြန်မတွေ့ရလို့ ဝမ်းနည်းနေရသလို တစ်နေရာရာမှာ ဒုက္ခရောက်နေမှာကို တွေးရင်း စိတ်ပူရင်းဝမ်းနည်းရပြန်လို့ ပျောက်တာက သေတာထက် ပိုဆိုးတယ်ထင်ပါတယ်။ အဲဒါကြောင့် ဒီဇာတ်ကားကိုကြည့်ပြီး အကြောင်းအမျိုးမျိုးကြောင့် ချစ်ရခင်ရတဲ့သူတွေနဲ့ ဝေးကွာနေရတဲ့သူတွေရှိရင် စိတ်ပူပင်နေတာတွေ ပျောက်သွားအောင် ဖုန်းတစ်ချက်ဆက်လိုက်ဖို့ တိုက်တွန်းချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.75GB, 800MB Quality – 1080p, 720p IMDb Rating – 7/10 Format – mp4 Duration – 1H 32Min Genre – Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Family
7 2000
Under the Sand
The Last Song
6

The Last Song (2010) IMDb Rating (6.0) Miley Cyrus နဲ့ Liam Hemsworth တို့ရဲ့ 2010 တုန်းက ထွက်ခဲ့တဲ့ “The Last Song” ဆိုတဲ့ romantic drama ကားလေးကို မှတ်မိကြဦးမယ်ထင်ပါတယ်နော်…. ဒီဝတ္ထုကိုတော့ “The Notebook” ,” A,Walk To Remember” တို့လို နာမည်ကြီးဝတ္ထုတွေရေးတဲ့ စာရေးဆရာ Nicholas Sparks ကရေးသားခဲ့တာပါတယ်။ သူ့ရဲ့ စာအုပ်ကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းရာမှာ ပါဝင်ခဲ့ကြတဲ့ Miley ကော Liam ကောဟာ အပြင်ဘဝမှာပါ နှစ်ပေါင်း 10 နှစ်ကျော်ကြာ ဖြတ်သန်းခဲ့တဲ့ ချစ်သူသက်တမ်းတလျှောက် အနိမ့်အမြင့်အခြေအနေတွေ ဖြတ်ကျော်ခဲ့ပြီး သူတို့ရဲ့ ခိုင်မာတဲ့အချစ်တွေနဲ့ ဘဝခရီးလမ်းကိုစိုက်ထူပြီး ရွှေလက်တွဲခဲ့ကြပါတယ်။ ဒါကြောင့် စာရေးဆရာက သူတို့ကို ကြည့်ရတာ ပျော်ရွှင်ကြည်နူးစရာကောင်းတာမို့ “ဒါဟာ ငါ့ကို အလွန်ပဲ ပျော်ရွှင်ကြည်နူးစေပါတယ်” ဆိုပြီး tweet ခဲ့ပါတယ်။ “The Last Song” ရဲ့ OST တစ်ပုဒ်ဖြစ်ခဲ့တဲ့ “When I Look At You” ဟာလည်း အခုထိကို မရိုးသွားနိုင်တဲ့ အချစ်သီချင်းကောင်းဖြစ်ပြီး ပေါက်သီချင်းလည်း ဖြစ်ပါတယ်။ ?????? အားကျလိုက်တာ…. ကျွန်တော် တော့ ?….။ ဒီရုပ်ရှင်လေးထဲမှာ Liam ကိုအရမ်းချစ်တဲ့မိုင်လီတစ်ယောက် ဘယ်လိုအသက်ပါပါသရုပ်ဆောင်သွားမလဲဆိုတာ…….။ (ရုပ်ရှင်အညွှန်းကို MAJOR M Fb Page မှ ကူးယူဖော်ပြပါသည်။)

6 2010 107 mins
The Last Song
Inspector Gadget

ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၁၉၉၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ sci-fi/comedy အမျိုးအစားရှပ်ရှင်လေးပဲဖြစ်ပါတယ်….. ဂျွန်ဘရောင်းဆိုတာကတော့ လူတွေကိုကူညီပေးချင်တဲ့လုံခြုံရေးဝန်ထမ်းလေးပါ….ဒေါက်တာဘရတ်ဖိုဒ့်ရဲ့ဓာတ်ခွဲခန်းကိုလုံခြုံရေးယူပေးရတာပါ….သူကဒေါက်တာဘရတ်ဖိုဒ့်ကိုကြိတ်ကြိုက်နေသူပါ….ဒေါက်တာဘရတ်ဖိုဒ့်ကတော့ အဖေဖြစ်သူနဲ့အတူ gadget ပရောဂျက်လို့ခေါ်တဲ့ လူနဲ့စက်ပစ္စည်းအစိတ်အပိုင်းတွေကိုတွဲစပ်ဖို့ ဖန်တီးနေတဲ့သူပါ…. တနေ့ကျဒေါက်တာဘရတ်ဖိုဒ့်တို့ရဲ့ဓာတ်ခွဲခန်းကို စကိုးလတ်စ်ဆိုသူက‌ဖောက်ခွဲပြီး ဒေါက်တာဘရတ်ဖိုဒ့်တို့တီထွင်ထားတာတွေကိုခိုးသွားပါတယ်….ဒေါက်တာဘရတ်ဖိုဒ့်ရဲ့အဖေဖြစ်သူလည်းသေဆုံးသွားပါတယ်….ထိုအခါဒေါက်တာဘရတ်ဖိုဒ့်က gadget ပရောဂျက်ကို သူတို့ကိုကူညီပေးဖို့ကြိုးစားတဲ့လုံခြုံရေးဝန်ထမ်း ဂျွန်ဘရောင်းကိုသုံးပြီးဆက်လက်စမ်းသပ်ပါတယ်….ထိုအခါဂျွန်ဘရောင်းဟာ စက်ရုပ်တပိုင်းလူတပိုင်းဖြစ်သွားပြီးတော့ စုံထောက် gadget ဆိုပြီးဖြစ်လာခဲ့ပါတယ်…ထို့နောက်ဒေါက်တာဘရတ်ဖို့ဒ်အတွက် တရားမျှတမှုကိုပြန်ရှာပေးတဲ့အနေနဲ့ စကိုးလတ်စ်ကိုလိုက်ဖမ်းပါတော့တယ်….. File size…(1.7 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Action, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

Mystery • Drama
0 1999
Inspector Gadget