YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Thank You Doctor E34 (1080p) CM.mp4

414.42 MB N/A video/mp4 41 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Original Sin
6.1

မင်းသားကြီး အန်တိုနီယိုဘန်ဒါရက်စ် နဲ့ မင်းသမီး အင်ဂျလီနာဂျိုလီ တို့အဓိကပါဝင်ထားပါတယ်။ Drama, Mystery, Romance အမျိုးအစားဇာတ်ကားဖြစ်ပြီး IMDb Rating (6/10) ရရှိထားပါတယ်။ ဇာတ်လမ်းထဲက စကားပြောခန်းနဲ့ပဲ ဇာတ်ကားကိုမိတ်ဆက်ပေးလိုက်ပါရစေ။ ------------------------------------------ အလန် - "ဗားဂတ် နောက်ဆုံးတော့ အဲဒါက အချစ်လား ..တဏှာ သက်သက်လား .." ဗားဂတ် - "ကွဲပြားမှုရှိလို့လား ..အလန်" အလန် - "ရှိတာပေါ့...ချစ်တယ်ဆိုတာ ပေးပြီးရင်းပေးချင်ဖြစ်နေတာလေ" ဗားဂတ်- "တဏှာကရော ..တဏှာဆိုတာ ဘာလဲ...အလန်" အလန်-  "တဏှာဆိုတာ ယူပြီးရင်းယူချင်နေတာ..အရသာခံစားမယ်... သုံးစွဲမယ်...ယုတ္တိတို့ အကြောင်းပြချက်တို့မရှိဘူး..ဒီတော့မင်းက.. ယူတာလား ..ပေးတာလား .." ဗားဂတ်- "နှစ်ခုစလုံးပဲ...ကျွန်တော် သူ့ကို အရာရာပေးချင်တယ်...သူ့ဆီကလဲ အရာအားလုံးကိုရချင်တယ်" အလန် - "အိုး...မင်းကအရှုံးသမားပဲ။" ----------------------------------------------- ယောင်္ကျားလေးတွေ အချစ်မှာကျရှုံးမိရင် ဘယ်လောက်ထိသနားစရာကောင်းတယ်ဆိုတာ အတော်ထင်ရှားစွာတွေ့ရမှာဖြစ်ပြီး အချစ်ရဲ့ အရှုံးတွေကို ခံစားထိတွေ့ရမယ့်ဇာတ်ကားပါ။ Drama ဇာတ်ကားဖြစ်ပေမယ့် အင်ဂျလီနာဂျိုလီရဲ့ Nude Scene တချို့ကြောင့် အရွယ်ရောက်ပြီးသူများသာကြည့်သင့်ပြီး မိသားစုနဲ့မကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ File size...(1.72GB)(622MB)(421MB) Quality...BR-Rip 1080p/720p/480p Format...mp4 Duration....01:58:25 Subtitle....Myanmar Subtitle (Hardsub) Encoder....San Win Maung

Mystery • Science Fiction
6.1 2001 118 mins
Original Sin
Girl at the Window
6.3

အေမီဟာ လူသတ်သမားအကြောင်းတွေ သွေးသံရဲရဲ သတ်ဖြတ်မှုအကြောင်းတွေ ပုံတိုပတ်စ ရုပ်ရှင်တွေနဲ့ ဝတ္ထုတွေကို ခုံမင်တဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ဖြစ်တယ်။ ဆယ်ကျော်သက်ဆိုတဲ့အတိုင်း ကိုယ်သဘောကျတဲ့အရာတွေကို လက်တွေ့နဲ့ ယှဥ်ပြီး စူးစမ်းချင်တယ်၊ လက်တည့်စမ်းချင်တယ်။ပြောရရင် လူသတ်သမားကို ရှာချင်တဲ့ စုံထောက်မလေးတစ်ယောက်လို နေချင်တယ်ပေါ့။ အဲ့တော့ ဘာလုပ်လဲ? သူမအိမ်ပြတင်းပေါက်ကနေ မှန်ဘီလူးတစ်လက်နဲ့ ဟိုဒီလျှောက်ကြည့် စပ်စုနေတော့တာပေါ့။ အဲ့လိုနဲ့ သူမရောက်နေတဲ့ မြို့လေးမှာအရင်က ရှိခဲ့ဖူးတဲ့ Clockwork killer ဆိုတဲ့ serial killer ဇာတ်လမ်းဟာ အရင်ကဟိုးလေးတကျော်ဖြစ်ခဲ့သလောက် အခုတော့ လူသတ်မှုတွေ ဆိတ်သုဥ်းနေတဲ့ အချိန်ဖြစ်နေတယ်။ ဒါပေမယ့် အေမီ့ အတွေးထဲမှာတော့ Clockwork Killer ဟာ အငြိမ်နေမှာမဟုတ်ဘူး။ တစ်ရက်တော့ကျိန်းသေ ပြန််ပေါ်လာမယ်ဆိုတာ စုံထောက်အဖြစ်စိတ်ကူးယဉ်ရတာကြိုက်တဲ့ ညာဥ်ကြောင့် သူမအတွေးထဲမှာ တစ်ချိန်လုံးနေရာယူထားပါတော့တယ်။ ဒီလိုနဲ့တစ်ရက်ကျတော့ သူမထင်ထားတဲ့အတိုင်း Clockwork Killer ပြန်လဲပေါ်လာရော သူမနဲ့မှဘယ်လို နှဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရမလဲ? ဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရမဲ့ ဇာတ်လမ်းကောင်းလေးပါ။ detective teenager လေးတစ်ယောက် ဒီအမှုကို ဘယ်လိုရင်ဆိုင်မလဲ? ဘယ်လို မြှုပ်ကွက်တွေရှိမလဲ? Clockwork killer ကရော ဘယ်သူဖြစ်မလဲ? ကိုယ်တိုင်ပဲ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Hein That Naing ပါ။) File Size          : 1.1GB, 428MB,250MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 25mins Genre              :Horror, Thriller Translated by Hein That Naing Encoded by Kinnov

Drama • Romance
6.3 2022 84 mins
Girl at the Window
Our Huff and Puff Journey
3

ဒီတစ်ခါတော့ သီချင်းကိုအရမ်းရူးသွပ်တဲ့ အိမ်ပြေးအထက်တန်း ကျောင်းသူလေးယောက်အကြောင်းကို ရိုက်ကူးထားတဲ့ဇာတ်ကား လေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီချီနို ၊ ချီအဲ ၊ ဆက်ဆွန် နဲ့ ဖူမီကိုဆိုတဲ့သူငယ်ချင်းလေးယောက်မှာ တကယ်တမ်းအိမ်ပြေးလာတာ ဖူမီကိုတစ်ယောက်တည်းပါ။ ဖူမီအို အကြိုက်ဆုံးအိုင်ဒေါဖြစ်တဲ့ ကာအိုစံပါဝင်တဲ့ ခရိဟိုက်တေးဂီတအဖွဲ့က တိုကျိုမှာဖျော်ဖြေပွဲလုပ်မှာမို့ အိမ်နဲ့ရန်ဖြစ်ပြီးထွက်လာတာပါ။ အချစ် ဆုံးသူငယ်ချင်းကို အဖော်လုပ်ပေးဖို့ အီချီနို၊ ချီအဲ နဲ့ဆက်ဆွန်တို့လည်း တိုကျိုကို အတူတူထွက်လာခဲ့ပါတယ်။ ဘာထူးခြားလဲဆိုတော့ တိုကျိုအထိ လေးရက်ခရီးလောက်ကို စက်ဘီး ကိုယ်စီနဲ့တက်လာခဲ့ကြတာပါ။ အထက်တန်းကျောင်းသူတွေမို့လို့ မုန့်ဖိုး လည်းအများကြီးမပါတဲ့အပြင် စက်ဘီးလည်း ဆက်မနင်းနိုင်တဲ့အခါ အံ့အားသင့်ရလောက်အောင်ကို လူကောင်းတွေနဲ့အများကြီးတွေ့ခဲ့ရ ပါတယ်။ တစ်မြို့ပြီးတစ်မြို့ အကူအညီတောင်းရင်းနဲ့ နောက်ဆုံးလက် ထဲမှာ ယန်း ၃၀၀ ပဲကျန်တဲ့အချိန် သူငယ်ချင်းလေးယောက်လည်း တစ် ဖြည်းဖြည်းချင်းသွေးကွဲလာပြီး အမြင်စောင်းလာကြတဲ့အခါ.... သူတို့လေးယောက် ဘယ်လိုမျိုးညှိနှိုင်းကြမလဲ ? သူတို့ကြိုက်တဲ့တေးဂီတ ဖျော်ဖြေပွဲဆီကိုရော ချောချောမောမော ရောက်သွားရဲ့လားဆိုတာတော့ ဆက်ကြည့်လိုက်တော့နော်.... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.7 GB) / (650 MB) / (420 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 31Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Jo Jo Va Encoder..........SWM

Comedy • Drama
3 2015 91 mins
Our Huff and Puff Journey
Eagle Wings
4

ဒီဇာတ်ကားကို ပထမဆုံးတွေ့တုန်းက IMDb 8 ထိရထားတာလို့ ပြောရင် ခင်ဗျားတို့ ယုံမလားတော့မသိဘူး။ ဘာအကြောင်းလဲဆိုတော့ နိုင်ဂျီးရီးယားအစိုးရရဲ့ကောင်းကြောင်း အားရပါးရဖားထားတဲ့ ဇာတ်ကားဗျ။ နိုင်ဂျီးရီးယား အစိုးရရဲ့ မိဘပြည်သူတွေအပေါ် မေတ္တာထားပုံတွေ၊ ငြိမ်းချမ်းရေးကို လိုလားပုံတွေ၊ နိုင်ဂျီးရီးယားစစ်သည်တော်တွေရဲ့ ပြည်သူတွေအပေါ် မြတ်နိုးပုံတွေကို အတုံးလိုက်အတစ်လိုက် ချပြထားတာကိုတွေ့ရပါလိမ့်မယ်။ ဒါတင်လားဆိုမဟုတ်ပါဘူး။ အခြေအမြစ်မရှိတဲ့ ခံယူချက်ပေါ် အစွန်းရောက်ယုံကြည်နေကြတဲ့ သောင်းကျန်းသူတွေ၊ လူရိုင်းလိုလို ဘာလိုလိုနဲ့ ပြည်သူတွေကိုသတ်၊ အိုးအိမ်တွေကို ဖျက်စီး၊ လူတွေကို ပြန်ပေးဆွဲနေတဲ့ သောင်းကျန်းသူတွေရဲ့ လုပ်ရပ်တွေကြောင့် ငြိမ်းချမ်းရေးပျက်စီးရတယ်ဆိုတာတွေကို ကွက်ကွက်ကွင်းကွင်းမြင်လာအောင် မမြင်မြင်အောင် ပြထားပါသေးတယ်။ မတော်တဆ သူပုန်တပ်ထဲရောက်သွားတဲ့ လူငယ်လေးတွေကို ဖခင်တစ်ယောက်က သားဆိုးလေးကို ခွင့်လွှတ်ပြီး အမြဲတမ်းလက်ကမ်းကြိုနေတဲ့ နိုင်ဂျီးရီးယားအစိုးရရဲ့ မေတ္တာတရားတွေကို အီဆောင့်နေအောင် မြင်ရမှာပါ။ ဇာတ်ကားက ကောင်းလားဆိုတော့ မကောင်းဘူး။ ဘုရားစူး မကောင်းတာ။ ဒါပေမဲ့ ဇာတ်ကားအကြောင်းအရာတွေက ရှယ်ရယ်ရတယ်။ ဆဲလို့ကောင်းတယ်။ နိုင်ဂျီးရီးယားအစိုးရကို ဖားထားတဲ့ ရုပ်ရှင်ဆိုတော့ အဲဒီလို ငဖားရုပ်ရှင်တွေ ထုံးစံအတိုင်း အကုန်လုံးက တလွဲတွေချည်းပဲ။ သရုပ်ဆောင်တွေဆို လူသေကို ပါးရိုက်ပြီး စကားပြောခိုင်းတာမှ သူတို့ထက် အသက်ပါဦးမယ်။ Effect လား။ မျက်နှာကို အဖတ်ကြီးလာကပ်သလို ဖတ်ကနဲ ဖြစ်သွားမယ်။ Dialogue တွေဆို အင်မတိအင်မတန်ကို ဖားလို့ကောင်းတဲ့ စကားလုံးတွေကို တန်းစီပြီး ဖြတ်ညှပ်ကပ်ထားတာကလွဲရင် နေကောင်းလား စားပြီးပြီလားလောက်ကို လေးခေါက်လောက်ပြောတာတွေပဲပါတယ်။ ဒီလောက်ကောင်းတဲ့ကားကို ဘာလို့ကြည့်ရမှာလဲလို့မေးရင်တော့ ဆဲလို့ကောင်းလို့ပါ။ တော်တော်လေးကို ခံစားချက်နဲ့တိုက်ဆိုင်တာကိုလည်း တွေ့ရပါလိမ့်မယ်။ ဒေါသထွက်နေပြီး ဘာကိုဆဲလို့ဆဲရမလဲမသိဖြစ်နေသူများအတွက် အရမ်းကြည့်သင့်တဲ့ကားပါလို့ ပြောချင်ပါတယ်။ Size - 1.8GB, 962MB, 553MB Quality - 1080p, 720p IMDb rating - 4.2/10 Format - mp4 Duration - 2H 10Min Genre - Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Drama • Science Fiction • Thriller
4 2021 130 mins
Eagle Wings
The Replacement Killers

ဇာတ်လမ်းအကျဥ်းလေးကတော့ မူးယစ်မှောင်ခိုဂိုဏ်းခေါင်းဆောင် တာရန့်စ်ဝေရဲ့ သားဖြစ်သူဟာ ရဲတစ်ယောက်ကြောင့် အသတ်ခံခဲ့ရတယ်။ တာရန့်စ်ဝေက ရဲကို လက်စားချေဖို့အတွက် ဂျွန်လီ့ကို တာဝန်ပေးခဲ့တယ်။ ဂျွန်လီဆိုတာကတော့ တာရန့်စ်ဝေ ခိုင်းတဲ့ မစ်ရှင်၃ခုကို ဆောင်ရွက်ပေးဖို့အကြွေးရှိတဲ့သူပေါ့။ ပထမမစ်ရှင်နှစ်ခုကို အဆင်ပြေပြေလုပ်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမစ်ရှင်ကို ဂျွန်လီတစ်ယောက် မလုပ်နိုင်ခဲ့ဘူး။ နောက်ဆုံးမစ်ရှင်ဆိုတာကလည်း ရဲရဲ့၇နှစ်အရွယ်သားလေးကို ရဲရဲ့လက်ထဲမှာပဲသတ်ဖို့ပါ။ ဟုတ်ပါတယ် တာရန့်စ်ဝေက အဲလောက်ထိရက်စက်တာပါ။ သားသမီးကို ဆုံးရှုံးရတဲ့နာကျင်မှုကို ရဲကို ထပ်တူနာကျင်စေချင်တာပါ။ ရဲနဲ့ သူ့ရဲ့သားလေးအတူရှိနေတဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေက သူတို့အတွက် ဘေးကင်းပါတယ်။ မစ်ရှင်မအောင်မြင်တဲ့အချိန်ကနေစပြီး ဂျွန်လီက တာရန့်စ်ဝေရဲ့ပစ်မှတ်ဖြစ်သွားတော့တာပါပဲ။ တာရန့်စ်ဝေက ဂျွန်လီရဲ့မစ်ရှင်ကို အပြီးသတ်ဖို့ အစားထိုးလူသတ်သမားတွေကို ထပ်ဌားခဲ့ပြီး အဲဒီလူသတ်သမားတွေကပဲ ဂျွန်လီ့အပြင် ရဲရဲ့သားလေးကိုသတ်ပေးရမှာပါ။ ဂျွန်လီ့ရဲ့စကေးနဲ့ဆိုရင် အသာလေး လွတ်မြောက်နိုင်ပေမဲ့ မိသားစုကို ကာကွယ်ဖို့နဲ့ ရဲရဲ့သားလေးကို ကာကွယ်ဖို့ဆိုတဲ့ ရွေးချယ်မှုကြုံလာတဲ့အခါ ဂျွန်လီ့အနေနဲ့ မဆိုင်တဲ့သူကို လျစ်လျူရှုထားနိုင်မလား အပြစ်မဲ့တဲ့သူတွေကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါပြီနော်။ File size…(2.4 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Drama,Action,Crime,thriller,Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Drama • Horror • Fantasy • Thriller
0 1998
The Replacement Killers
Epitaph
6.7

Epitaph(2007) ************** Epitaph ရုပ်ရှင်ဇာတ်ကားသည် Jung Sik နဲ့ Jung Bum Sik ညီအစ်ကိုနှစ်ဦး ရိုက်ကူးထားသော ရုပ်ရှင်ဇာတ်ကားလေးဖြစ်ပြီး ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်သို့ ကျရောက်နေတဲ့ 1942 အစပိုင်းကာလကို အခြေခံထားတဲ့ Horror movie ဖြစ်တယ်…ဒီကားအတွက် ဘက်ဂျက်အများကြီးသုံးထားတယ်လို့လည်းဆိုတယ်… ဆရာဝန် Park Jung Namက အန်းစိမ်းဆေးရုံမှာ အလုပ်သင်အဖြစ် အလုပ်လုပ်ခဲ့စဉ်အချိန်လောက်က ဓာတ်ပုံအယ်လ်ဘမ်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ရာမှ အရင်ငယ်ဘဝအဖြစ်အပျက်များကို ပြန်သတိရလာခဲ့တယ် …. သူ ငယ်စဉ်ကတည်းက ‌မိဘချင်းက သဘောတူပြီး ပေးစားထားတဲ့သူတစ်ယောက် ရှိခဲ့တယ်… မိဘချင်း သဘောတူထားသော်လည်း ‌Jung Nam တစ်ယောက် တစ်ခါမှကို မမြင်ဖူးတဲ့သူနဲ့ လက်မထပ်ချင်ခဲ့ပေ …. တစ်နေ့ ရင်ခွဲရုံတွင် တာဝန်ကျရင်း သတ်သေထားတဲ့ အလောင်းတစ်လောင်း ခွဲစိတ်ဖို့ တာဝန်ယူရတယ်.. ဒီအလောင်းဟာ အမျိုးသမီးတစ်ယောက်ဖြစ်ပြီး လွန်စွာလှပတဲ့ သူလေးဖြစ်တော့ ဆရာဝန်ဟာ မလုပ်သင့် မစဉ်းစားသင့်တဲ့ဟာတွေ လုပ်ဖို့ဖြစ်လာခဲ့တယ်… အဲဒီနောက်မှ လျှို့ဝှက်ဆန်းကြယ်တဲ့ ကိစ္စတွေနဲ့ ခြောက်လန့်မှုတွေ ဆေးရုံမှာ ပေါ်ပေါက်လာတဲ့အခါ …. ဘယ်လိုတွေ ဖြစ်လာမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါနော် File Size : (1.5GB),&(608MB) Quality : WEB-DL 1080p,720p Format…mp4 Duration…01:58:00 Genre : Horror, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Tiff ,Miri & Treasure Htet Encoded by Phyo Pyae

Thriller • Horror
6.7 2007
Epitaph
[18+] Yool and Seul

Yool and Seul 2020 အခုဇာတ်လေးကတော့ ငြိမ့်ငြိမ့်လေးနဲ့အဆုံးသတ်မှာ တစ်ခုခုစိတ်ထဲကျန်မယ့် အများနဲ့မတူတဲ့ 18နှစ်အထက် ဇာတ်လမ်းကောင်းလေး တစ်ပုဒ်လို့ပြောလို့ရပါတယ် ညိုကီတို့ကြည့်ပြီးတာနဲ့ အဆုံးသတ်မှာ တစ်ခုခု ပညာရသွားစေရမယ်လို့အာမခံပါတယ် ဇာတ်လမ်းကတော့ သတ်သေချင်လောက်အောင်စိတ်ဓါတ်တွေ ကျနေတဲ့ ကောင်မလေး ၂ယောက် ဆုံတွေ့တဲ့အခါ အတိတ်အကြောင်းတွေ အပြန်အလှန်မျှဝေရင်း ဘာတွေဖြစ်ခဲ့ကြတယ် ဆိုတာကို ပွင့်လင်းမြင်သာစွာတင်ဆက်ထားတာပါ ဒီကောင်မလေး ၂ယောက် ဘယ်လိုတွေ ကြုံတွေ့ခဲ့ရတယ်ဆိုတာ ပညာလည်းယူရင်း အလှအပတွေလည်းခံစားလို့ရမယ့် ဇာတ်ကားကောင်းလေး တစ်ကားဆိုမမှားပါဘူး တစ်ချို့ပြကွက်တွေ တော်တော်မိုက်လို့ အပိုမပြောတော့ပဲ ကြည့်ရင်းပဲ ခံစားလိုက်ပါလို့ ညွှန်းလိုက်ပါတယ်

Crime • Mystery • Thriller
0 2021
[18+] Yool and Seul
Mujhe Kucch Kehna Hai
4.8

Mujhe Kucch Kehna Hai (2001)”ပြောစရာတွေကျန်သေးတယ်” ============================================== မင်းသမီး ကရီနာကပူးရ်ရဲ့ ၂၀၀၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ Rom-com ရုပ်ရှင်လေးကို တင်ဆက်ပေးချင်ပါတယ်။ ကာရန်ဟာ လုပ်ချင်ရာလုပ်ပြီး ပျော်ပျော်နေတတ်တဲ့ ၁၀ ကျော်သက် ကောလိပ်ကျောင်းသားတစ်ယောက်ပါ။ သူဟာ အဲဒီအရွယ် ယောက်ျားလေးတွေရဲ့ထုံးစံအတိုင်းပဲ သူ့ကို အမြဲတမ်း ဆူပူနေတဲ့ အဖေဖြစ်သူနဲ့လည်း မတည့်ပါဘူး။ အဲဒီလို လူပျော်လေး ကာရန်ဟာ ပူဂျားဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ အမှတ်မထင် စုံဆည်းခွင့်ရခဲ့ပြီး အချစ်စိတ်တွေ ပေါက်ဖွားခဲ့ပါတယ်။ ဒါပေမဲ့ စိုးရိမ်စိတ်တွေကြောင့် ချစ်တာကို ချစ်တယ်လို့ ဖွင့်မပြောရသေးခင်မှာပဲ ကံကြမ္မာက သူတို့ကို တစ်မျိုးတဖုံ ကျီစယ်လှည့်စားပုံတွေကို ဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.8 2001 137 mins
Mujhe Kucch Kehna Hai
City of Joy
6.5

City of Joy (1992) Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို “အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ” တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။ စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း “လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်”လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ပြောဖို့ခက်တယ်။ ဒီရုပ်ရှင်ကို သူတို့ Inde Film တစ်ကားလိုသာ ရိုက်ရင်တော့ စာအုပ်ကို ဖမ်းဆုပ်မိမှာပဲ။ ဒါပေမဲ့ အခုသူတို့ရိုက်ထားတဲ့ပုံက သမားရိုးကျ ရုပ်ရှင်စံနှုန်းလို့ပြောရမယ့် မိန်းစထွင်းရုပ်ရှင်အများစုမှာ တွေ့မြင်ရများတဲ့ ပုံစံအတိုင်း ရိုက်ပြထားတယ်။ ပြောရရင် ဇာတ်ဆောင် (Protagonist) ပါတယ်။ ရန်ဘက် (Antagonist) ပါတယ်။ Hero’s journey ဇာတ်ညွှန်းသီဝရီအတိုင်းပဲ ဇာတ်ဆောင်က စွန့်စားခန်းထွက်လာ ထူးခြားတာတွေနဲ့ကြုံ စိန်ခေါ်မှုတွေနဲ့ကြုံ လဲကျ ပြန်ထ အဆုံးမှာ ဟီးရိုးနိုင်။ ဒီဘောင်ထဲပဲပုံဖော်သွားတယ်။ ဆိုတော့ စာအုပ်မှာလို ဇာတ်လိုက်က “သုခမြို့တော်”ဆိုတဲ့ နေရာကြီးမဟုတ်တော့ဘဲ ဆရာဝန်ဖြစ်တဲ့ မက်စ်ဖြစ်သွားတယ်။ ကိုဗာစကီးတော့မပါဘူး။ သူ့အစားသုံးထားတဲ့ အမျိုးသမီးဇာတ်ကောင်တော့ပါတယ်။ မာသာထရီဆာနဲ့ ကိုဗာစကီးကို ပေါင်းပေးလိုက်သလိုလို ဇာတ်ကောင်ပါပဲ။ နောက် ဇာတ်ဆောင်နဲ့ ရန်ဘက်ကြားက တိုက်ပွဲကို အရှိန်ကောင်းလာအောင်ပုံဖော်ဖို့ စာအုပ်နဲ့မတူဘဲ ဇာတ်ပို့တွေရဲ့ အနေအထားတွေ စကားတွေကိုလည်း အများကြီးပြောင်းလဲထားတယ်။ အဆုံးသတ်ကိုလည်း တော်တော်လေးပြောင်းလဲပစ်ထားတယ်။ တစ်ခုရှိတာက ရုပ်ရှင်ထဲက ကာလကတ္တားဟာ လက်တွေ့ကျတယ်လို့ မှတ်ချက်ချကြပေမဲ့ စာအုပ်လိုမျိုး “သုခမြို့တော်”ရဲ့ အနိဠာရုံတွေကို မမြင်ရဘဲ သာမန်ညောင်ညလောက်သာ ဖြစ်နေတယ်။ ပြောရရင် စာအုပ်ကပေးတဲ့ စိတ်ညစ်ညူးစရာမျိုး ရုပ်ရှင်မှာမရှိဘူး။ သာမန်ရုပ်ရှင်တစ်ကားလိုပဲ ပုံဖော်ထားတယ်။ ချီးကျူးရမယ့်အပိုင်းက သူရိုက်ပြတဲ့ ပုံစံက လူတော်တော်များများ အကြိုက်တွေ့လောက်တဲ့ပုံစံမလို့ပါပဲ။ အင်ဒီဖလင်တစ်ကားလိုသာရိုက်ထားရင်တော့ ပျင်းချင်ပျင်းကြလိမ့်မယ်။ ပန်းဆက်လမ်းက မန့်တစ်ခုမှာ တွေ့မိတာက “စာအုပ်ကို စာအုပ်ကိုဖတ်ရတာက ရုပ်ရှင်လို ဇာတ်လမ်းဇာတ်ကွက်စိပ်စိပ် ဖန်တီးထားတာမဟုတ်တော့ ဝေ့ဝိုက်ပြီး (ကျွန်မအမြင်အရ) နည်းနည်းပျင်းစရာကောင်းတယ် ထင်မိပါတယ်” တဲ့။ ဆိုတော့ ရုပ်ရှင်ဟာ စာအုပ်ကို မဖမ်းဆုပ်မိပေမဲ့လည်း တချို့အတွက်တော့ ရုပ်ရှင်ပုံသေနည်းအတိုင်းပဲရိုက်ပြီး ပေါ့ပါးသွက်လက်နေတဲ့ ဒီရုပ်ရှင်က လေးလံစိတ်ညစ်ညူုးစရာကောင်းတဲ့ စာအုပ်ထက် အဝင်ပိုလွယ်တယ်။ ပိုသဘောကျကြတယ်။ ဒီလိုရိုက်နိုင်တာကို ချီးကျူးရမှာပါပဲ။ ဆန်းတော့မဆန်းပေမဲ့ပေါ့။ ဆဲရမှာကတော့ စာအုပ်ရဲ့အဓိကဖြစ်တဲ့ သုခမြို့တော်က နင်းပြားတွေရဲ့ ဘဝကို အရှုံးမပေးတတ်တဲ့ စိတ်ဓာတ်ကို မဖမ်းဆုပ်နိုင်လို့ပါပဲ။ ကျန်တာတော့ ကျွန်တော့်အနေနဲ့တော့ လက်ခံပေးလို့ရတယ်။ ဒါကို ဒါရိုက်တာက သိခဲ့သလားတော့မသိပါဘူး။ တဂိုးရဲ့စကားတစ်ခွန်းကို ရုပ်ရှင်အဆုံးမှာထည့်ပြီး ဒီအနေကို နည်းနည်းတော့ ပြန်ကာမိအောင် လုပ်ထားခဲ့တယ်။ ဟာရီစပါးရဲ့အတွေးအခေါ်အနေနဲ့ပေါ်လွင်အောင် လုပ်ဖို့ ဟာရီစပါးနာမည်နဲ့ ထည့်ထားတယ်။ ရထိုက်တဲ့ကံမပါရင် ဆုံးရှုံးရမှာပဲဆိုတဲ့စကားပါပဲ။ “All That Is Not Given Is Lost” တစ်နည်းပြောရရင် သန်းတင့်ရဲ့ ခင်ဖုန်းသက်ဝေထဲက စာသားအတိုင်း “ဘယ်လိုဆုကိုတောင်းတောင်း ထိုက်တန်သမျှသာ ဆုတောင်းပြည့်တာ ကြားဖူးမှာပါ“။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 5GB, 2.05GB Quality – BluRay 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 2H 12Min Genre – Crime, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Animation • Drama • Science Fiction
6.5 1992
City of Joy
Shrek the Third Shrek 3
6.1

Shrek the Third (2007) IMDb Rating (6.1) / Rotten Tomatoes (41%) ဇာတ်လမ်းအကျဉ်း Dulocဆိုတဲ့ မြို့တော်ကြီးမှာ အကြင်နာတရားခေါင်းပါးပြီး တရားမမျှတမှုမရှိတဲ့ တရားသူကြီး Farquaadက Fairy Tale(နတ်သမီး ပုံပြင်)တွေကို မနှစ်သက်တဲ့အပြင် သူ့တို့တိုင်းပြည်မှာရှိနေတဲ့ Fairy Taleတွေထဲက သက်ရှိဇာတ်ကောင်တွေ အားလုံးကို တိုင်းပြည်အစွန်ဖျားက ရွှံဗွက်တောကြီးဆီကို နယ်နှင်ဒဏ်ပေးလိုက်ပါတယ်။ အဲ့ဒီမှာလည်း…. Shrek(အစိမ်းရောင် ဘီလူးကြီး)က လူသူကင်းရှင်းစွာနဲ့ ၁ယောက်တည်း ပျော်ရွှင်စွာ နေထိုင်နေပါတယ်။ သူ့နေရာဆီကို နယ်နှင်ဒဏ်ပေးခံရတဲ့သူတွေ အများကြီးလဲ ရောက်လာရော… သူ့ရဲ့ပျော်ရွှင်မှုတွေ ပျက်သွားတဲ့အတွက် တရားသူကြီး Farquaadဆီကို နယ်နှင်ဒဏ် ပြန်ရုတ်သိမ်းပေးဖို့ သူနဲ့အတူ Donkey (ပါးစပ်ပိတ်တာကလွဲလို့ ကျန်တာအကုန်လုပ်မယ့် စကားအရမ်းများတဲ့ မြည်း)က Dulocမြို့ကို လမ်းပြပီး သွားမှာပါ။ တရားသူကြီး Farquaadကလည်း Cookie(စကားပြောတတ်တဲ့ လူပုံစံမုန့်)လေးကို နှိပ်စက်ပီး ကျန်ရှိနေသေးတဲ့ Fairy Taleတွေထဲက ဇာတ်ကောင်တွေရဲ့ နေရာကို မေးနေပါတယ်။ အဲ့ဒီအချိန်မှာ သူတပည့်တွေက သူရှာခိုင်းထားတဲ့ Magic Mirror (Snow Whiteထဲက Evil Queenရဲ့ မှော်မှန်)ကို သယ်လာပါတယ်။ အဲ့မှော်မှန်ကြီးကို “သူ့ရဲ့တိုင်းပြည်က တရားအမျှတဆုံးနဲ့ အေးချမ်းသာယာတဲ့ တိုင်းပြည်ဖြစ်ပီလား”လို့ မေးပါတယ်။ မှော်မှန်ကြီးက “Farquaadက ဘုရင်မှ မဖြစ်သေးပဲနဲ့ (သူက မင်းမျိုးမင်းနွယ်လဲ မဟုတ်တဲ့အတွက်) ဘုရင်ဖြစ်ချင်ရင် မင်းသမီး၁ယောက်ယောက်ကို လက်ထပ်မှရမယ်”ဆိုပီး မင်းသမီး၃ယောက်ကို ဘယ်သူ့ကြိုက်လဲဆိုကာ သူ့မှော်မှန်မှာ ပြသ၍ ရွေးချယ်ခိုင်းပါတယ်။ အဲ့ဒီထဲကမှ Fionaဆိုတဲ့ မင်းသမီးကို ရွေးချယ်လိုက်ပါတယ်။ (သူမက Farawayတိုင်းပြည်မှ ဘုရင့်သမီးဖြစ်ပီးတော့ အစောင့်နဂါးကြီးရှိတဲ့ ရဲတိုက်ကြီးထဲမှာ သူမကို လာကယ်မယ့် သူရဲကောင်းကို စိတ်ကူးယဉ်ရင်း ဖမ်းခံထားရပါတယ်။) “မင်းသမီးက ညမှာဖြစ်တဲ့ကိစ္စလေး၁ခုကပဲ…”ဆိုပီး မှော်မှန်ကြီးက Farquaadကို သတိပေးပြောဆိုဖို့ ကြိုးစားပါသေးတယ်။ Dulocမြို့ကို မကျေနပ်ချက်တွေနဲ့အတူရောက်လာတဲ့ Shrekနဲ့ Donkeyကို Farquaadက ဖမ်းခိုင်းပါတယ်။ သူတို့ကို လာဖမ်းတဲ့ ရဲမက်တွေကို အမိုက်စား Fightingနည်းတွေနဲ့ Smack Downတွေ ကျွေးပါတယ် tongue emoticon ဒါနဲ့နောက်တော့ Fionaမင်းသမီးကို ကယ်ပေးနိုင်ရင် Farquaadက နယ်နှင်ဒဏ်ကို ရုတ်သိမ်းပေးမယ်ဆိုပီး Shrekနဲ့ အပေးအယူလုပ်ပါတယ်။ Shrekကလဲ အပေးအယူကို လက်ခံလိုက်ပါတယ်။ Shrekနဲ့ Donkeyက Fionaမင်းသမီးလေးကို နဂါးကြီး လက်ထဲက ကယ်နိုင်မလား? တကယ်လို့ ကယ်နိုင်ခဲ့ရင် Shrekဆိုတဲ့ဘီလူးကြီးကို မင်းသမီးလေးက သူ့ရဲ့ သူရဲကောင်းအဖြစ် ချစ်နိုင်မလား? Shrekက Fionaကို နယ်နှင်ဒဏ်နဲ့ အလဲလှယ်လုပ်ရင် Farquaadရဲ့ ကြင်ယာအဖြစ် သိမ်းခြင်းကိုပဲ ခံရမလား? ဘာတွေဆက်ဖြစ်မလဲဆိုတာကို… ဒီဇာတ်ကားရဲ့ အောင်မြင်မှုကဆိုရင်ဖြင့် Shrek 2(2004), Shrek the Third (2007), Shrek Forever After (2010)ဆိုတဲ့ နောက်ဆက်တွဲကားတွေကို ဖြစ်ပေါ်လာစေပါတယ်။ Holiday specials ၂ခု Shrek the Halls (2007)နဲ့ Scared Shrekless(2010)လဲ ရှိပါသေးတယ်။ ပီးတော့ ဇာတ်လမ်းအခွဲဖြစ်တဲ့ Puss in Boots(2011)ကဆိုရင်လဲ ပရိသတ် တခဲနက်အားပေးမှုတွေနဲ့ အောင်မြင်ထားပါတယ်။ (အညွှန်းကို The biggest Animation Cartoon Fans (MM) မှ #Admin Thiha Maungက ရေးပေးထားတာ ဖြစ်ပါတယ်။) File size…(4.1 GB) / (1.5 GB) / (840 MB) Quality….Blu-Ray 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure, Animation, Comedy Duration….01:33:37 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by May Myat Thu

Drama • Horror • Science Fiction
6.1 2007
Shrek the Third Shrek 3
Twisted Devotion

Twisted Devotion (2025) လေးစားအားကျရတဲ့သူ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်တွေကို လျှောက်လှမ်းဖို့မျှော်လင့်ချက်ပေးတဲ့သူဆိုတာ လူတွေဘဝမှာရှိတတ်ကြပါတယ် ဒီလိုပဲ အနုပညာရှင်တွေဆိုတာလဲ နှစ်သက်သူလူတိုင်းရင်မှာ နေရာတစ်ခုတော့ယူထားနိုင်စမြဲပါ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေနဲ့ ဘဝပန်းတိုင်ကိုရောက်နိုင်ဖို့အတွက် အားပေးမှုအဖြစ်ယူဆထားကြတယ် အဆိုတော်တွေ သူတို့သံစဉ် သီချင်းတွေနဲ့ ဘဝအမောတွေဖြေပေးနိုင်တာကလဲ ကျေးဇူးတင်စရာပါပဲ ဒ ါဆိုရင် လေးစားမှုမှာပဲရပ်တန့်သွားမှာလား အရမ်းကို လေးစားချစ်ခင်လာတဲ့အခါ ကိုယ့်ခံစားချက်တွေဟာ ဒီနေရာမှာပဲရပ်တန့်သွားတာမဟုတ်ပါဘူး စွဲလန်းမှု ဟုတ်တယ် စွဲလန်းမှုဆိုတာ ကြောက်ဖို့ကောင်းတဲ့အထင်မှားမှုတစ်ခုပါ စွဲလန်းကြသူလူသားတိုင်းကဒါကို အမှန်အတိုင်းမမြင်နိုင်ကြဘဲ အချစ်လို့ပဲယူဆကြတဲ့သူတွေကြီးပါပဲ အချစ်နဲ့စွဲလန်းမှုကြားမှာလဲ စည်းပါးပါးလေးပဲခြားပါတယ် တကယ်တော့နောက်ကွယ်မှာနက်ရှိုင်းတဲ့ခံစားချက်တွေ နစ်မြုပ်နေစမြဲပါ ဒီကားလေးမှာလဲ နာမည်ကြီးလူကြိုက်များတဲ့သီချင်းတွေနဲ့နောက်ကွယ်က ပေါ့အဆိုတော်မလေး စကိုင်းတစ်ယောက် ဘဝမှာနစ်မွန်းလာပြီးအနားယူရာကနေ တစ်ဖန်ပြန်ကျော့လာတဲ့ သူ့ရဲ့အယ်ဘမ်အသစ်က အရမ်းကို ပေါက်သွားပါတယ် သူ့ရဲ့ဘဝအတွေ့အကြုံ သူ့ခံစားချက်ဘက်ကနေ သူ့ကိုစွဲလန်းလေးစားသူ အချစ်လို့သတ်မှတ်ထားတဲ့သူ့ပရိသတ်တစ်ယောက်ကတော့ သူ့ဘဝမှာ သူ့ကိုလက်ခံနိုင်ဖို့အတွက် ဘယ်လိုတွေမထင်မှတ်ထားနိုင်တဲ့ စည်းမျဉ်းကိုချိုး ဖောက်လိုက်လဲ စိတ်ရဲ့စေရာကိုလိုက်ရင်းက ရူးသွပ်မှုတစ်ခုကို ရိုက်ကူးထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်

Animation • Adventure • Family • History • War
0 2025 70 mins
Twisted Devotion
Teller’s Camp
6.8

၁၈၄၈ ခုနှစ် အမေရိကန်နိုင်ငံမှာ စတတ်တာရေရဟတ်မှာ ရွှေကြောစတွေ့တာကနေတဆင့် နိုင်ငံအနှံ့ကလူတွေဟာ ကယ်လီဖိုးနီးယားကိုရောက်လာပြီး အလုအယက်ရွှေတူးဖော်ကြတယ်။ အဲဒီအထဲမှာ အိုလယ်ရီ တို့ရဲ့ တူးဖော်ရေးအဖွဲ့လည်းရောက်လာပြီးတော့ ဒေသခံ ဝီလျံတဲလာနဲ့အတူ စပ်တူလုပ်ကိုင်ပြီး ရွှေတူးဖော်ကြတယ်။ အစပိုင်းမှာ နှစ်ယောက်သားအဆင်ပြေခဲ့ကြပေမဲ့ အိုလယ်ရီက စာမတတ်တဲ့ ဝီလျံကို လူလည်ကျပြီး ရွှေတူးဖော်ခွင့်လုပ်ကွက်တစ်ခုလုံးကို ငွေနည်းနည်းနဲ့ လိမ်လည်လက်မှတ်ထိုးခိုင်းပြီး အပိုင်သိမ်းဝယ်ယူသွားချိန်မှာတော့ နှစ်ယောက်ကြားမှာ ပြဿနာတွေ ကြီးထွားလာပါတော့တယ်။ ဒါကို မကျေနပ်တဲ့ ဝီလျံက အိုလယ်ရီ ရဲ့ အိမ်ကနေ စာရွက်စာတမ်းတွေ ခိုးယူထွက်ပြေးရင်း အိုလယ်ရီတစ်ယောက်လည်း အနောက်ကနေ အမဲလိုက်သလို လိုက်ပါတော့တယ်။ ဘယ်လိုတွေ ဆက်ဖြစ်သွားမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ရမှာပါ။ ၁၈၀၀ ပြည့်နှစ်များက အမေရိကန်နိုင်ငံကို ဇာတ်အိမ်တည်ရိုက်ကူးထားတာမို့ ယနေ့ခေတ်ပေါ် ဇာတ်လမ်းတွေနဲ့ကွဲပြားမှုရှိပြီး ကောင်းဘွိုင်ဇာတ်ကားဆန်ဆန် ရှေးအမေရိကန်လူနေမှုကို ထင်ဟပ်နေတဲ့ ဇာတ်ကား‌ကောင်းလေးတစ်ကားလည်း ဖြစ်ပါတယ်။ File size… (1.70 GB) / ( 932 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Adventure , Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

6.8 2024
Teller’s Camp