YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Thank You Doctor E31 CM Fix.mp4

197.97 MB N/A video/mp4 60 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spinning Gold
5.2

Spinning Gold (2023) ဒါကတော့ မှတ်သားလောက်ဖွယ်ရာ လူတစ်ယောက်ရဲ့အတ္ထုပ္ပတ္ထိဇာတ်လမ်းပါ။ ဒီဇာတ်လမ်းကို သူ့ဘဝအကြောင်းသူပြန်ပြောနေပုံနဲ့ရိုက်ကူးထားပြီး ဒီဇာတ်လမ်းမှာ သူကလူတိုင်းကို စိန်ခေါ်ထားပါတယ်။ "မင်းတို့ ငါ့နာမည်ကိုမမှတ်မိဘူးဆိုတာ မင်းတို့တစ်ယောက်ချင်းကို ဒေါ်လာတစ်ရာစီလောင်းရဲတယ် ဒါပေမဲ့ ငါက မင်းတို့ကို ကခုန်စေခဲ့တယ်တဲ့" သူ့ကိုမမှတ်မိရင်တောင် သူနဲ့ပတ်သက်ခဲ့သူတွေကိုတော့ ဂီတချစ်သူတွေဆို သေချာပေါက်သိကြမှာပါ။ Kiss, The Village People, George, Donna Summer, Bill Withers, Isley Brothers, Parliament နဲ့တခြားအဆိုရှင်ပေါင်းများစွာပါပဲ။ Donna Summer ရဲ့ Orgasmic moan တွေပါဝင်ပြီး ၁၇ မိနစ်တာကြာတဲ့ Love to Love You သီချင်းကိုလဲ ပရိသတ်ကစွဲစွဲထင်ထင်ရှိနေဦးမယ်လို့ထင်ပါတယ်။ ဒီအဆိုကျော်ကြီးတွေက သိပ်ကိိုထူးခြားပြည့်စုံသူတွေဖြစ်ကြပေမယ့် သူတို့ရဲ့ထူးခြားမှုကိုပရိသတ်တွေလက်ခံနိုင်ဖို့ သူတို့ဂီတတွေကိုလက်ခံနိုင်ဖို့ သူတို့အိပ်မက်တွေကိုအသက်သွင်းပေးခဲ့သူကတော့ ဒီဇာတ်လမ်းရဲ့ဇာတ်ကောင် ကာဆာဘလန်ကာဓာတ်ပြားခွေထုတ်လုပ်ရေးရဲ့တည်ထောင်သူ နီးလ်ဘိုးဂတ်ပါပဲ။ ဒီဇာတ်လမ်းကသိပ်ပြည့်စုံလွန်းနေတာကြောင့် ဘာမှထပ်မညွှန်းလိုတော့ပါဘူး။ ဒီဇာတ်လမ်းကို နီးလ်ရဲ့သားဖြစ်သူကရိုက်ကူးထားတာပါ။ နီးလ်ကသူ့သားငယ်စဥ်မှာပဲဆုံးပါးသွားခဲ့တော့ အဖေ့ကိုသေချာ သိခွင့်မရခဲ့တဲ့သားက အဖေ့မိတ်ဆွေတွေကိုလိုက်မေးမြန်းပြီး ဒီဇာတ်လမ်းကိုရေးဖွဲ့ထားပါတယ်။ လူတွေရဲ့မှတ်ဥာဏ်ကထူးဆန်းတယ်တဲ့။ လူတွေကလဲသူတို့မှတ်မိချင်ရာကိုမှတ်မိကြပြီး မေ့ချင်ရာကိုမေ့ပစ်တတ်ကြတယ်။ အဲ့တော့ဒါအားလုံးကအမှန်လားဆိုရင်တော့ မဟုတ်ပါဘူး။ နီးလ်ဘိုးဂတ်လို ဘဝကတိုတောင်းခဲ့ပေမယ့် အဲ့ဒီဘဝတိုလေးမှာပဲ သူ့ရဲ့ကိုယ်ပိုင်အိပ်မက်တွေအပြင် သူများတွေရဲ့အိပ်မက်တွေအများကြီးကိုပါ အသက်သွင်းပေးခဲ့တဲ့လူတစ်ယောက်ရဲ့ဘဝဇာတ်လမ်းကို ဘယ်လိုလုပ်အတိအကျပြောနိုင်မလဲ။ နည်းနည်းလျှော့ပြောတာလေးတွေရှိမယ် ချဲ့ကားပြောထားတာလေးတွေရှိမယ် ဇာတ်လမ်းသွားကောင်းအောင်ပြင်ဆင်ထားတာလေးတွေရှိမယ်။ ဒါပေမဲ့သားတစ်ယောက် အဖေတစ်ယောက်အတွက်အမှတ်တရဖန်တီးထားတဲ့ အမှန်တွေမဟုတ်ရင်တောင် အမှန်တွေပဲဖြစ်တဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရင်း တစ်ခေတ်တစ်ခါကအဆိုကျော်ကြီးတွေ သူတို့သီချင်းတွေနဲ့လဲရင်းနှီးခွင့်ရမယ့်ဇာတ်လမ်းကောင်းပါပဲ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre..... Biography, Drama, Music Quality…. 1080p | 720p | 480p File size… 2GB | 1.1GB | 538MB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Rashida Encoder ..... Aaron

Drama
5.2 2023 137 mins
Spinning Gold
Charles Enterprises

Charles Enterprises (2023) IMDb 6.7 ဟိုးရှေးရှေးတုန်းက ကုန်းမြေ၈ခုဆုံတဲ့ နယ်မြေတစ်ခုရှိခဲ့တယ်တဲ့ တစ်နေ့တော့ အဲဒီကို သူခိုးနှစ်ကောင်ရောက်လာပြီး ဘုရားကျောင်းထဲက ရတနာပစ္စည်းတွေခိုး ..ရောင်းချပြီး ပျော်ပျော်ကြီးပေါပေါလျှံလျှံနေနေရသတဲ့ တစ်နေ့တော့ အတားအဆီးမှန်သမျှဖယ်ရှားပေးပါတယ်ဆိုတဲ့ မဟာပိန္နဲရဲ့ ဆင်းတုကို မျက်စိကျသွားလေရဲ့ သူတို့ခိုးယူလာပေမဲ့ ဘယ်ဆိုင်ကမှ ဒီဆင်းတုကိုမဝယ်ရဲကြတော့ သူခိုး၂ယောက် ဆင်းတုကိုနေရာမှန်ပြန်ထားဖို့ကိစ္စနဲ့ ရန်ဖြစ်ပါလေရော ဒီလိုနဲ့တစ်ယောက်က အုန်းပင်အမြင့်ကြီးပေါ်မှာ ဘယ်သူမှမမြင်အောင်သွားဖွက်ထားခဲ့လေသတဲ့ ဆယ်စုနှစ်တွေအထိ ဘယ်သူမှမမြင်..သတိမထားမိဘဲ နေဒဏ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံခဲ့ရတဲ့ ဆင်းတုက တစ်နေ့တော့ သူ့ဘုရားကျောင်းကိုပြန်ဖို့ လမ်းစရှာတွေ့ခဲ့လေတယ်... ဆိုတဲ့ဇာတ်လမ်းနဲ့အစချီပြီး မဟာပိန္နဲဆင်းတုကို ခိုးမဲ့ ဇာတ်ကားတစ်ကားပါ ဒီဇာတ်လမ်းထဲမှာ ဆင်းတုတွေလိုက်စုတဲ့ ပါဗသမ်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ရှိတယ် ကြိုက်တာတွေ့ရင် အိမ်အထိလိုက်ဝယ်တတ်တဲ့လူတစ်ယောက်..သူကြိုက်တဲ့ဆင်းတုက မိသားစုဘုရားကျောင်းထဲက မဟာပိန္နဲဆင်းတုဖြစ်နေတော့ ပိုက်ဆံဘယ်လောက်ပေးပေးမရောင်းဘူးဆိုတဲ့အဖွဲ့ရယ် လိုချင်တာမရရင် အိမ်မပြန်တတ်တဲ့ပါဗသမ်ရယ်တို့ ဘယ်လိုနှစ်ပါးသွားကြမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် ( ဇာတ်လမ်းအညွှန်းကိုတော့ Yunniမှ ရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni~Thaik San~BpL~Aditi~Moonနဲ့ Zwe Yanတို့ပဲ ဖြစ်ပါတယ် ) File size…2.37GB / 1.07GB Quality…1080p WEB DL  / 720p Format…mp4 Duration….2h 10mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Yunni~Thaik San~BpL~Aditi~Moon~ Zwe Yan

Comedy • Romance
0 2023 132 mins
Charles Enterprises
Rock Sugar

Rock Sugar (or) Bullied (2021) ====================== ကျောင်းသားကားတွေကြည့်ဖူးနေရင် ကျောင်းတွင်းအနိုင် ကျင့်ခံရတဲ့ အဖြစ်တွေကိုလည်း မစိမ်းလောက်ဘူးထင်ပါ တယ်။ ကလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံနေရ တာကိုရိပ်မိပြီး ကာကွယ်ပေးဖို့က မိဘတွေအတွက် အဓိက တာ၀န်တစ်ခုလို့ဆိုရမှာပါ။ အဲဒါကြောင့် ဒီဇာတ်လမ်းဟာ မိဘ‌တွေသတိမူမိစေမယ့် ဇာတ်လမ်းမျိုးဆိုလည်း မမှားပါဘူး။ ဒီဇာတ်လမ်းမှာတော့- ရှားလာ့ထ်‌ဆိုတဲ့ ၁၂ နှစ်အရွယ် ကလေးမလေးဟာ ကျောင်းမှာ အမြဲအနိုင်ကျင့်ခံနေရသူပေါ့။ သူ့ကိုအမြဲအနိုင်ကျင့်တဲ့ ကောင် မလေးကလည်း အားကစားထူးချွန်သူ၊ ဆရာတွေရဲ့အချစ်တော်ပါ။ တကယ်တမ်းပြဿနာဖြစ်လာတိုင်း ဆရာတွေက သူ့ဘက်မပါပါ ဘူး။ မိဘတွေကပါ သူ့ကိုဆိုးတယ်လို့မြင်ကြပါတယ်။ ဒီလိုနဲ့ အမျိုး မျိုးခြိမ်းခြောက် အနိုင်ကျင့်ခံနေရပေမဲ့ သူဆိုးတယ်ပဲ အမြင်ခံရတဲ့ ၁၂ နှစ်အရွယ် ကလေးမရဲ့စိတ်ဟာ အတော်ဖိစီးလာတဲ့အခါ... ဇာတ်လမ်းကြည့်စမှာ ကျောင်းတွင်းအနိုင်ကျင့်ခံရတဲ့ plot မျိုးပါ၊ ကြည့်ရင်းနဲ့ ဇာတ်အလှည့်အ‌ပြောင်းတွေက လျှို့ဝှက်သည်းဖိုလား လူသတ်ကားလားလို့တောင် ထင်မိလာစေပါတယ်။ ရှားလာ့ထ်တစ် ယောက် သူအနိုင်ကျင့်ခံရတာကို ဘယ်လိုရင်ဆိုင်မလဲ၊ သူတို့မိသား စုကြားမှာ ဘာပြဿနာဘယ်လိုဝင်လာမလဲဆိုတာကိုတော့ အဆုံးထိ ဆက်ကြည့်လိုက်ရအောင်နော်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.1 GB) / (545 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 10Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Thriller Translator.......C'mon Encoder..........SWM

Drama • Romance • Science Fiction
0 2021 81 mins
Rock Sugar
Tombstone
7.6

နာမည်ကျော် ငြိမ်းချမ်းရေးထိန်းသိမ်းသူ အရာရှိ ဝိုင်ယက်အာ့ပ်ရဲ့ Tombstone မှာ ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို ဇာတ်လမ်းဆင် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ Rambo First Blood က ဒါရိုက်တာနှစ်ဦးဖြစ်တဲ့ George P. Cosmatos နဲ့ Kevin Jarre တို့က ဖန်တီးထားပြီး Kurt Russell နဲ့ Val Kilmer လို ထိတ်ထိတ်ကြဲဘဲနှစ်ဗွေအပြင် Ghost Rider ထဲက မြင်းစီးတဲ့ Ghost Rider ကြီး Sam Elliott တို့လို နာမည်ကျော် သရုပ်ဆောင်တွေနဲ့အတူ တခြား နာမည်ကျော်သရုပ်ဆောင်တွေပါ ပါဝင်နေတာကြောင့် Cast နဲ့တင် တော်တော်ဖြုံချင်စရာကောင်းပါတယ်။ Cowboy Vibe အပြည့်ရသလို Gangster ဇာတ်ကားဆန်ဆန် Vibe မျိုးလည်း ရပါလိမ့်မယ်။ Drama လည်း နည်းနည်းတော့ဆန်တဲ့နေရာလည်း ဆန်တယ်ဗျ။ တကယ့် ဆရာကြီးတွေချည်း စုထားတဲ့ ဇာတ်ကားပဲမို့ သရုပ်ဆောင်ကတော့ လုံးဝ အနှစ်တွေချည်းပဲလို့ဆိုရပါလိမ့်မယ်။ ပစ်ရခတ်ရ လူဆိုးထိန်းရတာ စိတ်ကုန်လာတဲ့ ငြိမ်းချမ်းရေးအရာရှိကြီး ဝိုင်ယက်အာ့ပ်နဲ့ ဒုတိယဇနီးလေးတို့က အာ့ပ်ညီနောင်နှစ်ယောက်နဲ့အတူ Tombstone မှာ သေနတ်ကို အနားပေးပြီး အခြေချဖို့ စိတ်ကူးနဲ့ Tombstone ဆိုတဲ့ မြို့လေးကို ရောက်လာကြတယ်။ မြို့လေးက တိုးတက်သလို နောက်ပြန်ဆွဲနေတဲ့ အကြောင်းအရာတွေလည်း ရှိနေပါသေးတယ်။ အဲဒါကတော့ ကောင်းဘွိုင်တွေပါပဲ။ အဲဒီမြို့လေးမှာ အနီရောင်ပုဝါကို စည်းထားကြတဲ့ ကောင်းဘွိုင်တွေ ကြီးစိုးနေပြီး ဥပဒေကတော့ သိပ်ပြီး သက်ရောက်မှုမရှိဘူးပေါ့။ အငြိမ်းစားယူထားတဲ့ ဝိုင်ယက်ကလည်း ပစ်တာခတ်တာတွေ နားလိုက်ပြီဆိုတော့ လောင်းကစားဝိုင်း လုံခြုံရေးလုပ်ရင်း စီးပွားရှာနေတယ်။ အဲဒီမှာ ဝိုင်ယက်ရဲ့ မိတ်ဆွေရင်းကြီး ဒေါ့ခ်ဟောလီးဒေးဆိုတဲ့ ဘဲနဲ့ ကောင်းဘွိုင်တွေနဲ့ ငြိကြပါလေရော။ အစကတည်းက ဥပဒေဘက်တော်သားဟောင်း ဝိုင်ယက်ကို မကြည်နေကြတဲ့ ကောင်းဘွိုင်‌တွေပါ ဝိုင်းပြဿနာရှာကြတဲ့အချိန်မှာ လူသာနေပေမဲ့ ပညာကတော့မနေဘူးဆိုတဲ့အတိုင်း ဝိုင်ယက်ကြီးလည်း သေနတ်ကို အနားပေးထားရာကနေ သေနတ်ပြန်ကိုင်ရင်း Tombstone က ကောင်းဘွိုင်ဆိုတဲ့ လူရမ်းကားတစ်စုနဲ့ ရင်ဆိုင်ရတဲ့အကြောင်းကို ခြောက်လုံးပြူးသံ တညံညံနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 2H 10Min Genre - Biography, Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Adventure • Animation • Family • Mystery
7.6 1993 130 mins
Tombstone
Masquerade Night
7

~ IMDb rating - 6.3/10 ~ ဂျပန်စုံထောက်ကားတွေကိုကြည့်ရတာကြိုက်တဲ့သူတွေအတွက် စလယ်ဆုံးမပျင်းရမယ့် ဇာတ်ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဘာလို့လဲဆိုတော့ လူသတ်သမားရှိတယ်ဆိုတာလွဲပြီး ဘာ info မှမသိရတဲ့သူတစ်ယောက်ကို ဟိုတယ်ထဲမှာလိုက်ရှာကြရမှာမို့လို့ပါ။ ဟိုတယ်လုပ်ငန်းဆောင်တာနဲ့ စည်းမျဉ်းစည်းကမ်းတွေကိုရော အမှုလိုက်တဲ့နေရာမှာ ဆက်စပ်ချိတ်ဆက်မှုကိုရော အသားပေးရိုက်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ ၂၀၁၉မှာထွက်ခဲ့တဲ့ Masquerade Hotel ရဲ့ အဆက်အဖြစ်ရိုက်ထားတာပါ။ သို့ပေမဲ့ ပထမကားကို မကြည့်ဘဲ ကြည့်လည်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့... နဲရိမခရိုင်မှာ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့တိုက်ခန်းထဲမှာပဲ အသတ်ခံခဲ့ရပါတယ်။ သတ်ခံရစဉ်မှာ Lolita ဝတ်စုံဝတ်ထားပြီး ဓာတ်လိုက်သေစေတဲ့နည်းနဲ့သတ်ခံရတာကြောင့် ပုံမှန်မဟုတ်တဲ့အမှုတစ်ခုပါပဲ။ တိုကျို မြို့တော်ရဲတွေလည်း စုံစမ်းလို့မရဖြစ်နေတုန်း အမည်လျှို့ဝှက်ပြီးသတင်းပေးလို့ရတဲ့ hotline ကနေ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ အဲဒါကတော့ "အမျိုးသမီးကိုသတ်ခဲ့တဲ့လူသတ်သမားက ဒီဇင်ဘာ ၃၁ရက်နေ့မှာ Hotel Cortesia တိုကျို ကိုရောက်လာလိမ့်မယ်"ဆိုတာပါပဲ။ လူသတ်သမားရဲ့အသွင်အပြင်ကိုလည်းမသိ သဲလွန်စလည်းတစ်ခုမှမရှိတဲ့အမှုကို ဟိုတယ်ဝန်ထမ်းတွေရဲ့ ပူးပေါင်းမှုနဲ့အတူ လိုက်ရှာဖို့ဖြစ်လာပါတယ်။ ခက်တာက ပွဲကိုတက်မယ့်သူပေါင်း ၅၀၀ရှိတဲ့အပြင် မျက်နှာဖုံးတပ်ထားတာဖြစ်လို့ ဘယ်သူဘယ်ဝါခွဲခြားဖို့ကလည်း ခက်လှပါတယ်။ တိုကျိုရဲတွေ ကောက်ရိုးပုံထဲအပ်ပျောက်ရှာတာကို ရုပ်ရှင်ကြည့်သူကလည်း ရင်တမမနဲ့ တရားခံဘယ်သူဖြစ်မလဲ လိုက်တွေးရမှာပါ။ Plot Twist ကို ဇာတ်လမ်းပြီးခါနီးထိထည့်ထားလို့ ဇာတ်လမ်းဆုံး တရားခံမိတော့မှ "ဪ သူပါလား"လို့တွေးမိကြပါလိမ့်မယ်။ ပြီးတော့ ဂျပန်က ရဲအရာရှိတွေနဲ့ ဟိုတယ်ဝန်ထမ်းတွေရဲ့ စည်းကမ်းလွန်စွာလိုက်နာပုံကိုလည်း အသားပေးပြီးရိုက်ထားတာဖြစ်လို့ ကွာခြားမှုတွေကိုလည်း အတော်လေးမြင်တွေ့ရဦးမှာပါ။ ပထမကားကြည့်ထားတဲ့ ပရိသတ်တွေအနေနဲ့ မထွက်ခင်ကတည်းက မျှော်နေခဲ့ကြတဲ့ ရုပ်ရှင်ဖြစ်သလို ပထမကားကိုလည်း မီတဲ့ရုပ်ရှင်ပါပဲ။ စုံထောက်ကားတွေနဲ့ သိပ်ပြီးရင်းနှီးမှုမရှိတဲ့သူတွေကြည့်ရင်တောင် ဇာတ်လမ်းနဲ့အတူလိုက်ပါပြီး စိတ်လှုပ်ရှားရမယ့် ဇာတ်ကားတစ်ကားဖြစ်မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.4GB, 830MB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 2H 9Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Comedy • Drama • War
7 2021 129 mins
Masquerade Night
Three Monkeys
6.9

Three Monkeys (2008) ================== Directed By Nuri Bilge Ceylan IMDb Rating - 7.3/10 Once Upon a Time in Anatoliaတို့ Winter Sleep တို့ The Wild Pear Tree တို့ကို ရိုက်ခဲ့တဲ့ တူရကီဒါရိုက်တာ Nuri Bilge Ceylanရဲ့ နာမည်ကျော် ရုပ်ရှင်တွေထဲက တစ်ကားပါ။ Ceylanဟာ ၂၀၁၄မှာ Winter Sleep နဲ့ Palme d'Orရဖူးပြီး ကားတိုင်းနီးပါးလည်း ဝေဖန်ရေးသမားတွေ သဘောကျခံရတဲ့ ဒါရိုက်တာပါပဲ။ သူ့ရုပ်ရှင်တွေဟာ ဖြစ်တည်မှုပဓာနဝါဒ အငွေ့အသက်နဲ့ လူ့ဘဝရဲ့ငြီးငွေ့ဖွယ် ကောင်းမှုတွေကို ရိုက်ပြတတ်ပြီး နေ့စဉ်ဘဝကို အသေးစိတ်ဖော်ပြတတ်တဲ့ ဒါရိုက်တာလို့လည်း ဆိုပါတယ်။ သဘာဝကျတာကို တော်တော် အသားပေးတဲ့ ဒါရိုက်တာလည်းဖြစ်ပြီး သူ့ရုပ်ရှင်တွေမှာ ဆက်တင်ကို သီးသန့်ပြင်ဆင်ခြင်းမရှိဘဲ မူလသဘာဝအတိုင်း ရိုက်ပြတတ်သလို သရုပ်ဆောင်တွေကလည်း သရုပ်ဆောင် မဟုတ်တဲ့ သူ့မိသားစုဝင်တွေ အိမ်နီးနားချင်းတွေကိုပဲ သုံးတာများပါတယ်။ သူ့မိန်းမ ရုပ်ရှင်မင်းသမီးကတော့ ခြွင်းချက်ပေါ့။ သူ့ကားတွေအကုန်လုံးကို သူကိုယ်တိုင် ရိုက်ကူးရေးသားထုတ်လုပ်ထားတာချည်းဖြစ်သလို သူကိုယ်တိုင်ကလည်း ဖိုတို ဂရပ်ဖာလည်းဟုတ်တော့ သူ့ကားတွေက အပြတော့တော်တော်လှပါတယ်။ အခုရုပ်ရှင် Three Monkeys နဲ့လည်း ကိန်းမှာ Best Director ဆုကိုရထားပါ သေးတယ်။ ဇာတ်လမ်းကတော့ ရွေးကောက်ပွဲဝင်တော့မယ့် အမတ်တစ်ယောက်က ကားမောင်းလာရင်း လမ်းသွားလမ်းလာတစ်ယောက်ကို တိုက်မိတယ်။ ဒါပေမဲ့ သူထောင်ကျရင် ရွေးကောက်ပွဲရှုံးမှာမို့ သူ့အစား သူ့ဒရိုင်ဘာကို ငွေပေးပြီး ထောင် ကျခံခိုင်းလိုက်တယ်။ သူ့ဒရိုင်ဘာထောင်ကျနေတုန်း သူက သူ့ဒရိုင်ဘာရဲ့မိန်းမနဲ့ ဖောက်ပြန်ဖြစ်သွားတယ်။ ဒါကို သူ့ဒရိုင်ဘာရဲ့သားက သိသွားတယ်။ ကိုးလကြာတော့ သူ့ဒရိုင်ဘာ ထောင်ကလွတ်လာတော့ အခြေအနေတွေ မူမမှန်နေတာသိနေသလို သူ့ဒရိုင်ဘာရဲ့မိန်းမကလည်း သူ့ကို တမ်းတမ်းစွဲဖြစ်ပြီး မဖြတ်နိုင်ဖြစ်နေတယ်။ ဒီလိုနဲ့ နိုင်ငံရေးသမားရယ်, သူ့ဒရိုင်ဘာရယ်, သူ့ဒရိုင်ဘာရဲ့မိသားစုရယ် ဘယ်လို ဇာတ်ကို ဆက်ကကြမလဲ မြင်ရမယ့်ဇာတ်ပါပဲ။ ရုပ်ရှင်နာမည်ကို မျောက်သုံးကောင်လို့ ပေးထားရတဲ့အကြောင်းရင်းကို ဇာတ်နဲ့ခြုံငုံ ကြည့်လိုက်ရင် ဒီနာမည်ဟာ တော်တော်စိတ်ဝင်စားဖို့ကောင်းတဲ့ နာမည်လို့တွေးမိ ကြမှာပါ။ မျောက်သုံးကောင်ဟာ ဂျပန်ရိုးရာကနေ ဆင်းသက်လာတဲ့ မျက်စိကို လက် နဲ့အုပ်ထားတဲ့မျောက်ရယ်, ပါးစပ်ကို လက်နဲ့အုပ်ထားတဲ့မျောက်ရယ်, နားကိုလက်နဲ့ အုပ်ထားတဲ့မျောက်ရယ်ကို ရည်ညွှန်းထားတာဖြစ်ပြီး "see no evil, hear no evil, speak no evil"ကို ရည်ညွှန်းတယ်လို့ ဆိုပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size..........(1.6 GB) / (480 MB) / (280 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 49Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......WiRa Aung Encoder..........SWM

Comedy • Drama • Family • Fantasy
6.9 2008 109 mins
Three Monkeys
Unarvugal Thodarkadhai
7

Unarvugal Thodarkadhai(2024)”ချစ်ခြင်းပုစ္ဆာ” ====================================== စိတ်ကြည်နူးစရာကောင်းတဲ့ တမီလ်စကားပြော အချစ်ရုပ်ရှင်လေးတစ်ပုဒ်ကို cm ပရိသတ်တွအတွက် တင်ဆက်ပေးချင်ပါတယ်။ တမီလ်ဟာသမင်းသားကြီး ယိုဂီဘာဘူလည်း ဒီရုပ်ရှင်ထဲမှာ အားဖြည့်ပါဝင်ထားပါသေးတယ်။ ကာသစ်နဲ့ ရွှယ်သာတို့ဟာ လစ်ဗင်းတူဂဲသားနေကြတဲ့ စုံတွဲတွေပါ။ အဲဒီလိုနေလာကြရင်း ကာသစ်ဟာ အဆင့်တက်ချင်လာတဲ့အတွက် ရွှယ်သာ့ကို လက်ထပ်ခွင့်တောင်းခဲ့ပေမဲ့ ရွှယ်သာကတော့ လက်မခံခဲ့ပါဘူး။ မာနထိခိုက်သွားတဲ့ ကြေကွဲလူငယ်လေး ကာသစ်ဟာ သူ့မိဘတွေ အတင်းပေးစားနေတဲ့ ပရီယာဆိုတဲ့ကောင်မလေးကို ဓာတ်ပုံတောင်မကြည့်ဘဲ မျက်စိမှိတ်ပြီး လက်ထပ်ဖို့သဘောတူလိုက်ပါတယ်။ Long term RS တစ်ခု ပျက်စီးသွားလို့ လောကကြီးကို အရွဲ့တိုက်ချင်နေတဲ့ ကာသစ်နဲ့ ရည်းစားတောင်မထားဖူးတဲ့ ချစ်စရာအဖြူထည်ကောင်မလေး ပရီယာတို့ အိမ်ထောင်ရေးဇာတ်ကို ဘယ်လိုကကြမှာလဲ.. သူတို့နှစ်ယောက်ကြားမှာ အချစ်စိတ်တွေမွေးဖွားလာမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ ကြည့်ရှုခံစားကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Action • Thriller
7 2024
Unarvugal Thodarkadhai
The Inheritance
5

ဒီဇာတ်လမ်းလေးမှာတော့ Shawshank Redemption မှာ ထောင်မှူးNorton အဖြစ် ကျွန်တော်တိုသိကြတဲ့ Bob Guntun က အဗနာသီ မိသားစုရဲ့ဖခင်ကြီးအဖြစ်သရုပ်ဆောင်ထားပြီး character အနည်းငယ်နဲ့ ကျစ်ကျစ်လစ်လစ်ဖွဲစည်းထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်း *************** အဗနာသီမိသားစုဟာ ကျိကျိတက်ချမ်းသာတဲ့ ဘီလျံနာ မိသားစုပါ။ ကျိကျိတက်ချမ်းသာကြတဲ့အလျောက် မိသားစုဝင်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် ခပ်စိမ်းစိမ်းပါပဲ။ တစ်နေ့မှာတော့ အဗနာသီ မိသားစုရဲ့ ဖခင်ကြီး ချားလ်စ် က သူ့ရဲ့ ၇၅ နှစ်ပြည့်မွေးနေ့အတွက် သူ့သားသမီး ၄ယောက် ကို ဖိတ်ခေါ်ခဲ့တယ်။ သားသမီးတွေ အိမ်ကြီးဆီရောက်လာတဲ့အခါမှာတော့ ထင်ထားသလို မွေးနေ့ပွဲ မဟုတ်နေပဲ သူတိုဖခင်ကြီးချားလ်စ် ကို လာသတ်မဲ့ တစ်စုံတစ်ယောက်ရဲ့ ရန်ကနေ ကာကွယ်ပေးဖိုဖြစ်နေခဲ့တယ်။ ဖခင်ကြီးရဲ့ အမွေတွေကိုလည်း ဖခင်ကြီးအသက်မသေမှ ရရှိမှာဖြစ်တဲ့အတွက် သားသမီး ၄ယောက်တိုက ဖခင်ကြီးကို ကာကွယ်ဖိုဖြစ်လာခဲ့တယ်။ ဖခင်ကြီးကို လာသတ်မဲ့တစ်‌စုံ တစ်ယောက်က ဘယ်သူလဲ၊ ဘာအတွက်ကြောင့် ကာကွယ်ဖို သားသမီးတွေကိုပဲ ခေါ်ရတာလဲ၊ ဒီပဟေဠိနောက်ကွယ်က ထူးဆန်းတဲ့ အဖြစ်အပျက်တွေက ဘာတွေလဲဆိုတာကို စိတ်၀င်တစား ရင်တမမ နဲ့ရှုစားကြရမှာပါ။ အိမ်ကြီးတစ်လုံးအတွင်းမှာပဲ ဇာတ်အိမ်တည်ထားပြီး အဗနာသီမိသားစုက ဒီတစ်ညတာကို ဘယ်လို‌ဖြတ်ကျော်ကြမလဲ ဆိုတာကို ကြည့်ရှုကြရမှာပါ။ Plot ကောင်းကောင်းတွေလည်းပါ၀င်ပြီး စိတ်လှုပ်ရှားစရာ ပဟေဠိဆန်ဆန် ရုပ်ရှင်တစ်ကားဖြစ်တာမို ထူးခြားဆန်းပြားရုပ်ရှင်နှစ်သက်သူတွေအနေနဲ့ အလွတ်မခံသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါကြောင်း….. File size…857MB / 361MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 25m Genre ….. Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

5 2024 84 mins
The Inheritance
The Imaginary

Netflix က အသစ်ထွက်ရှိလာတဲ့ ရင်ကိုနွေးစေမယ့် anime လေးကို တင်ဆက်ပေးလိုက်ပါတယ် ရာဂျာဆိုတဲ့ ကောင်လေးက အာမန်ဒါဆိုတဲ့ ကောင်မလေးရဲ့ စိတ်ကူးယဥ်သူငယ်ချင်းဖြစ်ပြီး အာမန်ဒါစိတ်ကြိုက်ဖန်တီးတဲ့ စိတ်ကူးယဥ်ကမ္ဘာအလီလီမှာ အတူကစားခုန်စားပျော်ပါးရင်း အာမန်ဒါရဲ့ အထီးကျန်မှုကို ဖြေဖျောက်ပေးရတယ် အာမန်ဒါကလွဲ ဘယ်သူမှ မမြင်ရတဲ့ ရာဂျာ၊ သူ့ဘဝအတွက် တစ်ဦးတည်းသော အဖော် အာမန်ဒါ အက်ဆီးဒင့်ဖြစ်တဲ့အခါ တခြား အမေ့လျော့ခံ စိတ်ကူးယဥ်ဇာတ်ကောင်တွေလို တဖြည်းဖြည်း ဗလာနတ္ထိအဖြစ် ပျောက်ဆုံးသွားတော့မှာလား စိတ်ကူးယဥ်ဇာတ်ကောင်တွေရဲ့ ဝမ်းနည်းမျက်ရည် သင်းရနံ့ကို စားသုံးချင်တဲ့ လူထူးဆန်းကြီးနဲ့ ဘယ်လိုရင်ဆိုင်ဦးမှာလဲ ဆိုတာကတော့ ဇာတ်ကားထဲမှာပဲ အဖြေရှာကြပါလို့ … File size…(1.4 GB)/(864 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Animation, Drama, Family, Fantasy, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

0 2023
The Imaginary
The EGGsplosive Easter
7.2

မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

7.2 2024
The EGGsplosive Easter
A Holy Conspiracy
7.6

A Holy Conspiracy (2022) “ဘာသာရေးနဲ့ သိပ္ပံကြားက တရားခွင်” IMDb-7.6/10 အိန္ဒိယတရားခွင်ဇာတ်ကားတွေထဲကမှ ဒီတစ်ခါရှုစားရမှာတော့ သိပ္ပံပညာနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတရားခွင်ပဲဖြစ်ပါတယ်။ ခရစ်ယာန်အထက်တန်းကျောင်းတစ်ခုမှာ ချားစ်ဒါဝင်ရဲ့ သီအိုရီကို မသင်ခင် သမ္မာကျမ်းစာမှာပါတဲ့ ကမ္ဘာဦးကျမ်းအခန်းကြီး အရင်သင်ဖို့ စည်းကမ်းသတ်မှတ်တာကို လက်မခံတဲ့ ကျောင်းဆရာတစ်ယောက်။ လူနည်းစုဘာသာရေးအသိုင်းအဝိုင်းကို စော်ကားတယ်၊ ကျောင်းပိုင်ပစ္စည်းတွေကို ဖျက်ဆီးတယ်၊ ကျောင်းအုပ်ကို ကိုယ်ထိလက်ရောက်ကျူးလွန်တယ်ဆိုတဲ့စွဲချက်တွေနဲ့ အဖမ်းခံပြီးတဲ့နောက် နှစ်လကြာတဲ့ထိ ဘာစစ်မေးမှုမှလည်းမရှိသလို အသနားခံစာတွေလည်း ပယ်ချခံရ၊ အစားအသောက်ကောင်းကောင်းမစားရနဲ့ ပြစ်မှုကြီးရာဇဝတ်သားလို ခံစားနေရတဲ့ ကျောင်းဆရာတစ်ယောက်။ ဒီအမှုအတွက် တရားလိုရှေ့နေလိုက်မဲ့သူက နယူးဒေလီက ခရစ်ယာန်တွေရဲ့ အလေးထားကိုးကွယ်ကြတဲ့ဘုန်းတော်ကြီး ဘာဆန်တာကူးမားချက်တာဂျီး…။ ကျောင်းဆရာဘက်ကလိုက်ပေးမဲ့ရှေ့နေကတော့ တစ်ချိန်က အထူးတရားရုံးက အမှုတွေထိဖြေရှင်းခဲ့တဲ့ အငြိမ်းစားရှေ့နေကြီး အန်တွန်ဒီဆူဇာ…..။ ဘုန်းတော်ကြီးဘက်မှာက ဘာသာရေးသမားက နိုင်ငံရေးသမားအလယ် ဝန်ကြီးအဆုံး အကြီးအကဲအစုံရှိတယ်။ ဒီအမှုမှာလည်း ရုံးတင်စစ်ဆေးတာနဲ့ချက်ချင်း သူပဲ အနိုင်ရမယ်လို့ ယုံကြည်နေတာပေါ့။ ရှေ့နေကြီးဒီဆူဇာကလည်း သူ့ရဲ့ပညာနဲ့ အမှန်တရားကို တထစ်ချယုံကြည်သူဆိုတော့ ဒီနှစ်ယောက်ကြားမှာ တရားခွင်ပေါ်က အမှန် အမှား ပြတ်ပြတ်သားသားဆုံးဖြတ်လို့မရတဲ့ သိပ္ပံနဲ့ ဘာသာရေးရဲ့ အားပြိုင်မှုတွေအပြင် ပညာနဲ့ သိက္ခာအားပြိုင်မှု၊ အမှန် နဲ့ အမှားဆိုတာထက် ပိုရှုပ်ထွေးတဲ့ နိုင်ငံရေးလှည့်ကွက်တွေကိုပါ ငြင်းခုံယှဉ်ပြိုင်ကြတာကို ရှုစားရမှာဖြစ်ပါတယ်။ (***များစွာ‌သော ဘာသာရေးအကြောင်းအရာများပါဝင်တာမို့ ဘာသာရေးဆိုင်ရာ အသုံးအနှန်းတစ်ခုခု မှားယွင်းခဲ့တာရှိရင် ခွင့်လွှတ်နားလည်ပေးပါဖို့ မေတ္တာရပ်ခံအပ်ပါတယ်***) အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်

7.6 2022 122 mins
A Holy Conspiracy
The World Will Tremble
6.1

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ထွက် ဒုတိယကမ္ဘာစစ် နောက်ခံ သမိုင်းဇာတ်ကားလေးဖြစ်ပါတယ်။ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက် အပြီးမှာ ဂျူးလူမျိုးတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုတွေ စတင် လုပ်ဆောင်လာခဲ့ပါတယ်။ မီခေး၊ ဝုဖ် နဲ့ ရှောလမွန်တို့ ဟာ နာဇီအလုပ်စခန်းမှာ အလုပ်လုပ်ရမယ်လို့ လိမ်ညာခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်း ရောက်သွားတဲ့အချိန်မှ အလုပ်စခန်းမဟုတ်ဘဲ လူသတ် စခန်းဖြစ်နေမှန်းသိခဲ့ရပါတယ်။ ဒီလိုနဲ့ သေမထူးနေမထူး ဘဝတွေမို့ ထွက်ပြေးဖို့ ကြိုးစားပါတော့တယ်။ ထွက်ပြေးတယ်ဆိုတာလည်း အပြောကသာ လွယ်ပေမဲ့ နာဇီတွေပတ်လည်ဝိုင်းနေတဲ့ နယ်မြေမှာ ထွက်ပြေးဖို့ဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေပါ။ ဒီလိုနဲ့ သူတို့တွေ ဘယ်လို လွတ်မြောက်အောင် ကြိုးစား ကြမလဲ။ အသည်းတအေးအေးနဲ့ စိတ်ဝင်စားဖွယ်ပါပဲ။ ဒီရုပ်ရှင်လေးမှာတော့ သမိုင်းအဖြစ်အပျက်တွေကို လက်တွေ့ကျကျတင်ဆက်ပြသထားတာမို့ ဒုတိယကမ္ဘာစစ် အတွင်းက ပိုလန်နိုင်ငံ ဂျူးလူမျိုးတွေရဲ့ ဘဝကို ပြန်လည် မြင်‌ယောင်ခံစားမိစေမှာပါ။ ဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာမို့ စိတ်ဝင်စားဖို့ လည်းကောင်းပြီး ကြည့်ရတာ နောင်တမရစေမဲ့ ဇာတ်ကားလေး တစ်ကား ဖြစ်ပါကြောင်း … File size… (1.68 GB) / (978 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 49m Genre …..Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Crime
6.1 2025 109 mins
The World Will Tremble
Adult Best Friends
5.8

ဒီတစ်ခေါက်တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ friendship နဲ့ပတ်သတ်တဲ့ ရုပ်ရှင်ကားကောင်းလေးပါ။ လူတိုင်း ဘဝမှာ အခင်ဆုံးသူငယ်ချင်းတစ်ယောက်တော့ အနည်းဆုံး ရှိကြမှာပါ။ ကျောင်းသား ကျောင်းသူဘဝတုန်းက သက်တူ ရွယ်တူ စိတ်တူ ကိုယ်တူ သူငယ်ချင်းတွေလည်း အများကြီး ရှိခဲ့ ကြဖူးမှာ‌ပေါ့။ ဒါပေမဲ့ အသက်အရွယ်တွေ ကြီးပြင်းလာပြီး 20 somethingအရွယ်တွေ ကိုရောက်တဲ့အခါမှာတော့ အဲဒီ သူငယ်ချင်းဆိုတဲ့ အဝန်းအဝိုင်းလေးက တဖြည်းဖြည်း သေးလာတာကိုလည်း ကြုံကြရမှာပါ။ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ ကိုယ်ဘဝ တစ်လျှောက်လုံး ပခုံးဖက်ပေါင်းလာခဲ့တဲ့ အခင်ဆုံးသူငယ်ချင်း ဟာလည်း အချိန်တိုင်းအနားမှာ မရှိနေနိုင်တော့ပါဘူး။ တစ်ခါတလေမှာဆိုရင် သဘောထားချင်းမတိုက်ဆိုင် ကြတော့လို့ ခွာပြဲကြရတာမျိုးတွေတောင်ရှိတတ်ပါ သေးတယ်။ ဒီဇာတ်ကားထဲက ကေတီနဲ့ ဒီလန်နီဟာလည်း အသက် 12နှစ် ကတည်းက မခွဲမခွာဘဲ အတူတူပေါင်းလာကြတဲ့ အခင်ဆုံး သူငယ်ချင်းတွေပါ။ ဒီလိုနဲ့ သူတို့နှစ်ယောက်အရွယ်ရောက် လာတဲ့အခါမှာ ကေတီက ချစ်သူရည်းစားအတည်တကျနဲ့ ဘဝကိုဖြတ်သန်းနေပေမဲ့ ဒီလန်နီကတော့ ဘဝကို ပျော်ပျော် ပါးပါး စားလိုက်သောက်လိုက်နဲ့ ဖြတ်သန်းနေတုန်းပါပဲ။ ဒါပေမဲ့ ဒီလန်နီက အပြောင်းအလဲတွေကို မနှစ်သက်သူမို့ သူတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲမှာ ကေတီရဲ့ ကောင်လေး ဝင်လာတာကို သိပ်သဘောမကျပါဘူး။ တစ်ရက်မှာ ကေတီက သူ့ကောင်လေး‌ဆီကနေ လက်ထပ် ခွင့်တောင်းခံလိုက်ရ‌တော့ အပြောင်းအလဲတွေ သဘော မကျတတ်တဲ့ ဒီလန်နီကိုပြောပြဖို့ အခက်တွေ့လာပါတယ်။ ဒီလိုနဲ့ သူငယ်ချင်းဆက်ဆံရေးကြားထဲ ကတောက်ကဆ လေးတွေ ဖြစ်လာတာကို သဘာဝဆန်ဆန်ရိုက်ကူးပြထား တာပါ။ သူငယ်ချင်း ဆက်ဆံရေးနဲ့ပတ်သတ်တဲ့အကြောင်း အရာတွေအပြင်၊ Adult တစ်ယောက်ဖြစ်လာတဲ့အခါ ကြုံတွေ့လာရမဲ့ အမျိုးမျိုးသော အပြောင်းအလဲတွေကိုပါ လက်ခံတတ်စေဖို့ကို အဓိကထားပြီးရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ကြောင်း ညွှန်းဆို လိုက်ချင်ပါတယ်။ File size… (1.43 GB) / ( 778 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Mystery • Thriller • Drama
5.8 2024 90 mins
Adult Best Friends
Baby Boom
6.3

Baby Boom (1987) IMDb Rating (6.3) / Rotten Tomatoes (67%) J.C Wiatt ဆိုတာ အောင်မြင်တဲ့စီးပွါးရေပညာရှင်မိန်းမတစ်ယောက်ပါ။ သူဟာ စားလည်းအလုပ် သွားလည်းအလုပ် အလုပ်နဲ့ပဲလက်ထပ်ထားပြီး သူတွဲနေတဲ့သူကအစ အလုပ်ချိုးတစ်ယောက်ပါ။ တစ်နေ့မှာ ဖြစ်ချင်တော့ တစ်ခါလောက်ပဲတွေ့ဖူးတဲ့ ဝမ်းကွဲဖြစ်သူ Andrew Wiatt နဲ့ ဇနီးဟာ မတော်တဆမှုနဲ့ကွယ်လွန်သွားပြီး တစ်ဦးတည်းသောဆွေမျိုးဖြစ်သူ J.C ကိုပဲ အမွေဆက်ခံစေပါတယ်။ J.C လည်း အမွေရပြီဆိုပြီး ပျော်နေတုန်းရှိသေးတယ် ဖြစ်ချင်တော့ အမွေဆိုတာ ငွေမဟုတ်ဘဲ သူတို့ရဲ့သမီးဖြစ်သူ နှစ်နှစ်အရွယ် Elizabeth ကိုစောင့်ရှောက်ဖို့ပေးခဲ့တာဖြစ်ပါတယ်။ တစ်သက်လုံးအလုပ်နဲ့လမိုင်းကပ်အောင်နေလာတဲ့ J.C တစ်ယောက်ကလေးတစ်ယောက်နဲ့ ဗျာများနေရင်း အလုပ်လည်းပြုတ် ရည်းစားကလည်းပစ်သွားနဲ့ ဘဝတစ်ဆစ်ချိုးပြောင်းသွားပါတော့တယ်။ ဆိုတော့ J.C နဲ့ Elizabeth လေးတို့ဘဝကိုဘယ်လိုပြန်လည်တည်ဆောက်ကြမလဲဆိုတာ ပေါ့ပေါ့ပါးပါးနဲ့ မိသားစုနှင့်အတူကြည့်ရှု့လို့ကောင်းမယ့်ဇာတ်ကားလေးဖြစ်လို့ ကြည့်ဖို့တိုက်တွန်းပါရစေ။ ဒီဇာတ်ကားထဲမှာပါတဲ့ Elizabeth ကလေးကလည်း တော်တော်ချစ်ဖို့ကောင်းတာမလို့ ကလေးချစ်သူတွေကြည့်ရှု့သင့်တဲ့ဇာတ်ကားကောင်းလေးပါ (အညွှန်းနဲ့ဘာသာပြန်ကတော့ S4L ဖြစ်ပါတယ်။) File size…(4.4 GB) / (1.4 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:50:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by S4L

Drama • Fantasy
6.3 1987 110 mins
Baby Boom