YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Thank You Doctor E17 (1080p) CM.mp4

424.77 MB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Big Hit
5.9

The Basketball Diaries, Ted 1,2,3, Planet of the Apes,Transformers အစရှိတဲ့ တစ်ကမ္ဘာလုံးကြိုက်ကြတဲ့ရုပ်ရှင်တွေအပြင် ထွက်ရှိထားတာ သိပ်မကြာသေးတဲ့ Uncharted , Me time တို့မှာလည်း သရုပ်ဆောင်ထားပြီး ဒီကားမှာလည်းအဓိကဇာတ်ဆောင်အဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့Mark Wahlbergရဲ့နောက်ထပ်ရုပ်ရှင်ဇာတ်ကားကောင်း တစ်ကားလာပါပြီ။ Jakie Chanရဲ့ Twin dragons, Crime storyအစရှိတဲ့ ရုပ်ရှင်တွေကိုရိုက်ကူးပေးထားတဲ့ Director Kirk Wongကပဲ ဒီကားကိုရိုက်ကူးပေးထားတာဖြစ်ပါတယ် ဇာတ်လမ်းကတော့ မယ်ဗင်(Mark Wahlberg)က အလုပ်မှာတော်ပင်မယ့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဝိုင်းညစ်ပတ်တာခံနေရသလို ရည်းစားတွေရဲ့ ပလေးခြင်းကိုခံနေရတဲ့ကြေကွဲလူငယ်ကြေးစားလူသတ်သမားတစ်ယောက်ဖြစ်ပါတယ်။ တနေ့မှာ လုပ်ဖော်ကိုင်ဖက်သူငယ်ချင်းတွေရဲ့ ကောင်းမှုနဲ့ ခဲခို(Keiko)ဆိုတဲ့ ဂျပန်သူဌေးမွဲကြီးရဲ့ သမီးဖြစ်သူကိုပြန်ပေးဆွဲတဲ့အမှုထဲမှာပါဝင်ပတ်သက်မိပါတော့တယ်။ ခဲခိုကို ပြန်ပေးဆွဲပြီးတဲ့နောက်မှာ မယ်ဗင်တစ်ယောက်ဘယ်လိုအခက်ခဲတွေကြုံရမလဲ သူ့ရဲ့ပလေးခံဘဝလေးကနေ အချစ်စစ်ကိုရှာတွေ့သွားမလား၊ အသက်ဘေးကနေရော လွတ်မြောက်သွားနိုင်ကြပါ့မလား ဆိုတာတွေကို ဒီကားထဲမှာ ကြည့်ရမှာဖြစ်ပါတယ်။ Actionဇာတ်ကားကြိုက်တဲ့လူတွေအတွက် ဒီကားကတော်တော်ကောင်းပါတယ်၊ ပျင်းလည်းမပျင်းရသလို ဇာတ်လမ်းကလည်း သူ့အရှိန်နဲ့သူသွားနေတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ ကြည့်နေရင်း အချိန်ကုန်သွားမှန်းတောင်သိလိုက်ရမှာမဟုတ်ပါဘူး၊ နောက်ဆုံးအနေနဲ့ထပ်ဖြည့်ပြီးပြောရရင် ခဲခိုနေရာမှာသရုပ်ဆောင်တဲ့ ကောင်မလေးတော်တော်ချောတယ်ဗျာ။ ဇာတ်လမ်းဇာတ်သွားကလည်း ကောင်းတဲ့ထဲပါပြီး မင်းသားကလည်းကောင်း၊ မင်းသမီးကလည်းချောတော့ ကြည့်သာကြည့်လိုက်ပါတော့ဗျို့။ File size…(1.74GB)  / (`943.14MB) / (466.97MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:31:00 Genre... Comedy / Crime /  Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

5.9 1998 91 mins
The Big Hit
Viraata Parvam
5.4

ဒီတစ်ခါမှာလည်း IMDB မှာ Rating 9 အထိရရှိထားပြီး နာမည်ကျော်သရုပ်ဆောင်နှစ်ဦးပါဝင်ထားတဲ့ ရုံတင်ဇာတ်ကားတခုကို တင်ဆက်ပေးလိုက်ပါပြီ... ဒီရုပ်ရှင်ရဲ့အဓိက ဇာတ်‌ဆောင်နှစ်ဦးကတော့ ဗဟူဗလီဇာတ်ကားမှာနာမည်ရလာပြီး Kaadanရုပ်ရှင်ကားနဲ့ ပရိတ်သက်ရဲ့အားပေးမှုကို ထပ်မံရရှိထားတဲ့ မင်းသားrana daggubati နဲ့ မိတ်ကပ်မပါပဲ သဘာဝဆန်ဆန်လှပတဲ့ မင်းသမီးsai pallaviတို့ပဲဖြစ်ပါတယ်.... ဇာတ်လမ်းအကျဉ်း ============== ၁၉၇၃ ခုနှစ်ကိုအခြေခံထားပြီး ဓနရှင်တွေနဲ့ အခြေခံလူတန်းစားတိုက်ပွဲကြားမှာ မွေးဖွားလာခဲ့တဲ့ မိန်းကလေးတစ်ယောက်။ မိခင်ဖြစ်သူဆီက ခေါင်းမာမှုနဲ့ ဖခင်ဖြစ်သူဆီက စာပေကဗျာတွေဖတ်ရှုမှုကိုအမွေရထားပြီး မှန်တယ်ထင်ရင် နောက်မဆုတ်တတ်သူတစ်ယောက်ပေါ့ ၊ တစ်နေ့ သူငယ်ချင်း အစ်ကိုဆီက စာအုပ်တစ်အုပ်ကိုဖတ်မိရင်း လူတန်းစားအားလုံး သာတူညီမျှ ရှိဖို့အတွက် ခေါင်းထဲဝင်ရောက်လာသလို စာအုပ်ရေးသူကိုပါစွဲလမ်းသွားရာမှစပြီး ထင်မှတ်မထားတဲ့အရှုပ်တော်ပုံတွေထဲ ဘယ်လိုဝင်ရောက်ပတ်သက်မိမှာလဲဆိုတာကိုတော့ ရုပ်ရှင်ထဲမှာ စီးမျောခံစားလိုက်ကြပါဦး။ အညွှန်း Lwin Htoo Aung File size…(2.6 GB)/ (1.29GB) Quality… WEB-DL 1080p HEVC/720p Format...mkv/mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Yunni & Lwin Htoo Aung & Guu Guu & Honeyey

5.4 2022 150 mins
Viraata Parvam
All the Moons
7.6

IMDb Rating - 6.7/10 ၁၉ ရာစုအပြီး စပိန်နိုင်ငံမှာ တတိယ ကာလစ်စစ်ပွဲဖြစ်နေတဲ့အချိန်မှာပေါ့ ဒီဇာတ်ကားရဲ့ အဓိက ဇာတ်လိုက်ကောင်မလေးနေတဲ့ မိဘမဲ့ဂေဟာအပေါ်ကို ဗုံးတစ်လုံးကျသွားခဲ့ပြီး အကုန်အနိစ္စရောက်သွားခဲ့တယ်။ သူသတိပြန်ရလို့ ကြည့်လိုက်တော့ ဂေဟာကလူတွေ တစ်ယောက်မှအသက်မရှိတော့ဘူး။ သူကိုယ်တိုင်လည်း သေအံ့ဆဲဆဲဖြစ်နေပြီ။ အဲ့အချိန်မှာ ထူးဆန်းတဲ့ အမျိုးသမီး ကြီးတစ်ယောက်က သူ့ကိုခေါ် ပြီးဆေးကု‌ပေးလိုက်တယ်။ ကောင်မလေး ပြန်နိုးလာတော့ ဒဏ်ရာတွေက ယူပစ်လိုက်သလိုပျောက်သွားပြီး နာကျင်မှု ဆိုတာလည်းမရှိတော့ဘူး။ ဘယ်လိုကုပေးလိုက်လဲလို့မေးလိုက်တော့လည်း "အနမ်းတစ်ပွင့်" နဲ့ ကုလိုက်တယ်လို့ပဲပြန်ဖြေတယ်။ နောက်သူထပ်ပြီးသိလိုက်ရတာ အဲ့အမျိုးသမီးကြီးတင်မဟုတ် သူနဲ့အတူ အခြားလူတွေပါရှိ‌သေးတယ်ဆိုတာပဲ၊ အားလုံးက စစ်သားတွေဆီကနေပုန်းပြီး နေနေကြတယ်။ နောက်နေ့ရောက်တော့ စစ်သားတွေက သူတို့ပုန်းတဲ့နေရာ သိသွားလို့ ဝင်စီးခံရတဲ့အခါ အမျိုးသမီးကြီးနဲ့ကောင်မလေးတို့ နှစ်ယောက်က အတူတူထွက်ပြေးကြတာပေါ့။ ပြေးရင်းပြေးရင်း ချောက်ကမ်းပါး‌နားရောက်သွားတဲ့ အခါမှာ အမျိုးသမီးကြီးက သေနတ်နဲ့ အပစ်ခံလိုက်ရပြီး ကောင်မလေးက ချောက်ထဲကျရော။ အထက်မှာပြောသွားတာတွေက ဇာတ်လမ်းရဲ့ အစပိုင်းအဖြစ်အပျက်တွေလောက် ပါပဲ။ တကယ့်နောက်ဆက်တွဲတွေကတော့ Horror ဆန်ဆန်ဆက်ကြည့်ရမယ့် အခန်းတွေအများကြီးကျန်ပါသေးတယ် . ဇာတ်လမ်းက ဇာတ်ရှိန်အေးအေးနဲ့ Horror ကား ကြိုက်တဲ့သူတွေအတွက်ကြည့်လို့ကောင်းမယ့် ကားမျိုးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size - (1.2 GB) / (540 MB) / (340 MB) Quality – Web-Rip 1080p/ 720p / 480p Duration - 1Hr 42mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Fantasy, Horror Translator – Khant Sett Naing Encoder – SWM

Drama • History • Romance
7.6 2020 102 mins
All the Moons
Adam’s Apples
Corona Dhavan
7

Corona Dhavan (2023) ယမကာလုလင်လေးများ IMDb rating 7.4/10 ရရှိထားပြီး ၂၀၁၉ခုနှစ်ရဲ့ COVID-19 Lockdown ကာလအတွင်းက အရက်ဂျိုးတို့ ရင်ဆိုင်ခဲ့ရတဲ့ ပြဿနာ‌အခက်အခဲတွေကို ပုံဖော်ရိုက်ကူးထားတဲ့ သူတို့ရဲ့ဘဝတွေကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အစ်နေ့ ကောက်ရိတ်သိမ်းပွဲနေ့ ခရစ်စမတ်နေ့ကအစ ဘာပွဲမှ အလွတ်မခံဘဲ အရက်ကို ချစ်လို့ မြတ်နိုးလို့ သောက်ကြတဲ့ ကယ်ရာလာ နယ်သားတစ်စု။ မင်္ဂလာပွဲတွေမှာတောင် အရက်နဲ့ ဧည့်ခံတဲ့နယ်။ ဒီလိုနယ်လေးကို စည်းကမ်းတင်းကြပ်တဲ့ ရဲအရာရှိ စပ်သရာရောက်ရှိလာတဲ့အခါ … “အရက်ချက်တာ သောက်တာကို မလုပ်ရုံမကဘဲ အရက်နံ့ကိုတောင်မရှူရဘူး” ဆိုတဲ့ခံယူချက်နဲ့ ရဲအရာရှိစပ်သရာတစ်ယောက် သူနဲ့ သဘောထားမတိုက်ဆိုင်တဲ့ နယ်မှာ တာဝန်ကျတဲ့အခါမှာတော့ ဒါဗန်အရက်ကို စွဲလမ်းနေသူ နယ်သားတွေနဲ့ ဘယ်လိုမျိုး ရင်ဆိုင်သွားမလဲဆိုတာကိုတော့….. ဆက်လက်ကြည့်ရှုပေးကြပါဦး… အညွှန်းနဲ့ ဘာသာပြန်ဆိုမှုကိုတော့ CM Bollywood Team မှ ညွှန်းဆိုဘာသာပြန်ထားပါတယ် ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here!)

7 2023 130 mins
Corona Dhavan
American Fiction
7.8

American Fiction (2023) ~ IMDb – 7.8/10, RT – 94%, Meta – 81% ~ Poverty Porn ဆိုတဲ့ စကားလုံးကို တော်တော်များများ ရင်းနှီးပြီးလောက်ပြီ။ စာနဲ့ပဲဖြစ်ဖြစ် ဓာတ်ပုံနဲ့ပဲဖြစ်ဖြစ် ရုပ်ရှင်နဲ့ပဲဖြစ်ဖြစ် ချို့တဲ့လူတွေ ချို့တဲ့နေတဲ့အခြေအနေတွေကို ဖော်ပြပြီး လူတွေရဲ့ ကရုဏာကိုရယူပြီး တစ်စိတ်တစ်ဒေသဖြစ်စေ အပြည့်အဝဖြစ်စေ ကိုယ်ကျိုးအတွက် အသုံးချတာမျိုးပေါ့။ ဒီရုပ်ရှင်က အဲဒါနဲ့ခပ်ဆင်ဆင် Black Trauma Porn နဲ့ ဆက်စပ်ပြီး အမေရိကန်အနုပညာအသိုင်းအဝိုင်းတစ်ခုလုံးကို သရော်ထားတဲ့ ရုပ်ရှင်။ Black Trauma Porn ဆိုတာက လူမဲတွေရဲ့ရုန်းကန်ရမှုတွေ ကျွန်ပြုခံရမှုတွေ ခွဲခြားခံရမှုတွေကို ပြပြီး စာနာမှုယူပြီး အပေါ်ကနည်းအတိုင်း အမြတ်ထုတ်တာမျိုးပဲ။ ရုပ်ရှင်ထဲက ဇာတ်ကောင်ကတော့ ဖန်တီးတဲ့လူတွေအပြင် ဒါတွေကို အရသာခံတတ်တဲ့လူတွေကိုပါ သရော်ထားတယ်။ တကယ်စာနာတာနဲ့ ဒီအခြေအနေကို အရသာခံတာရဲ့ကြားက မျဉ်းက တော်တော်ပါးလွန်းတော့ သိဖို့တောင်ခက်လိမ့်မယ်။ American Fiction ဟာ ဒီအကြောင်းတွေကို အားရပါးရကြီး သရော်ထားတဲ့ရုပ်ရှင်ပါပဲ။ American Fiction ဟာ လာမယ့်အော်စကာအတွက် Best Picture, Best Adapted Screenplay, Best Actor, Best Supporting Actor, Best Original Score စတဲ့ ဆန်ခါတင်ငါးခုဝင်ထားတယ်။ Best Picture ဆန်ခါတင်ကားတွေထဲတော့ သူနဲ့အနီးစပ်ဆုံး အရသာတူတာက The Holdovers လို့ ပြောလို့ရတယ်။ The Holdovers လို ဇာတ်လမ်းမျိုးကြိုက်တဲ့လူတွေ ဒီဇာတ်လမ်းကို ကြိုက်မှာသေချာတယ်။ American Film Institute က စာရင်းလုပ်ထားတဲ့ ၂၀၂၃ရဲ့အကောင်းဆုံးရုပ်ရှင်၁၀ကားထဲ နံပါတ်တစ်ချိတ်ထားတယ်။ ချိတ်လည်းချိတ်သင့်တယ်။ ပုဂ္ဂလိကအမြင်အရတော့ မနှစ်က အမေရိကန်ဘက်က ထုတ်ထားတဲ့ကားတွေထဲ ဒီကားက တော်တော်မိုက်နေတယ်။ ဒါရိုက်တာ Cord Jefferson ဟာ အမေရိကန်ဖစ်ရှင်ကို ပွဲဦးထွက်ရိုက်ခဲ့ ဇာတ်ညွှန်းရေးခဲ့တာပေမဲ့ ဘယ်ပွဲဦးထွက်ကားနဲ့မှ မတူရလောက်အောင် တော်တော်လေး သေသပ်ပြီး တာသွားတယ်။ မွန့်ခ်နေရာက သရုပ်ဆောင်တဲ့ Jeffrey Wright ဟာလည်း သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားသလို Sterling K. Brown ကလည်း ဇာတ်ပို့ဆု ဆန်ခါတင်ဝင်ထားတယ်။ အော်စကာဆန်ခါတင်ဝင်ထားတာမနည်းလို့ ကြည့်ကိုကြည့်ဖို့တွေးထားရင်တော့ ဇာတ်လမ်းကိုဆက်မဖတ်ဘဲ ကြည့်လိုက်တာက ပိုကောင်းလိမ့်မှာပါပဲ။ ဇာတ်ညွှန်းပါ ဆန်ခါတင်ဝင်ထားတာမို့ ဇာတ်လမ်းကို စိတ်ချပြီး ကြည့်လို့ရတယ်။ မွန့်ခ်ဆိုတဲ့ လူမဲ စာရေးဆရာတစ်ယောက်ရှိတယ်။ သူက ပရော်ဖက်ဆာ စာရေးဆရာ။ စာရေးကောင်းတဲ့လူဆိုတော့ စာပေလောကမှာ သူ့စာအုပ်တွေက ဘောင်ဝင်တယ်။ ပြဿနာက မရောင်းရတာပဲ။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လက်ရှောင်ကြတာများတယ်။ ထုတ်ဝေသူတွေကလည်း သူ့စာအုပ်တွေကို လူမဲသိပ်မဆန်ဘူးဆိုပြီး မထုတ်ချင်ကြဘူး။ သူကလည်း ဒါကြီးကို ခေါင်းထဲတောင် မထည့်တဲ့လူ။ သူ့စာပဲ သူရေးနေတာ အဖြူအမဲဆိုတာတွေ ခေါင်းထဲရှိလှတယ်မဟုတ်ဘူး။ သူ့အမြင်ကလည်း မှန်တာပဲ။ တကယ်တမ်း မခွဲခြားဘူးဆို လူမဲမို့ ထူးပြီး သနားနေစရာ အကြောင်းလည်း မရှိဘူးမလား။ တစ်ချိန်တည်းမှာပဲ သူ့လို လူမဲစာရေးဆရာမတစ်ယောက်က လူမဲတွေရဲ့ ဒုက္ခတွေအကြောင်းရေးပြီး ဘတ်ဆဲလ်လားဖြစ်နေပြီ။ သူကိုယ်တိုင် အဲဒီဒုက္ခတွေခံခဲ့ရတာလားဆိုတော့ မဟုတ်ဘူး။ ချမ်းချမ်းသာသာနေ ကျောင်းကောင်းကောင်းတက် လက်ထောက်အယ်ဒီတာအလုပ်လုပ်နေရင်းက ကောက်ရေးလိုက်တာ။ ဒါကိုမြင်တော့ မွန့်ခ်က တော်တော်သဘောမတွေ့ဘူး။ လူဖြူတစ်ယောက်ကရေးတဲ့ လူမဲတွေရဲ့ ဘဝအကြောင်းစာအုပ်တစ်အုပ်မှာ ဘာတွေပဲရေးထားရေးထား ဘယ်သူမှ တကယ်လို့မထင်သလို အဖက်လည်းမလုပ်ဘူး၊ လူမဲတစ်ယောက်က လူမဲတွေရဲ့ဘဝတွေ ဒုက္ခတွေအကြောင်း ဇာတ်နာအောင် ရေးလိုက်ရင်တော့ လူမဲတွေက သနားစရာတွေပါလားဆိုပြီး လူတွေက ထင်ကြလိမ့်မယ်။ ဒါကို သူသဘောမကျဘူး။ ဒုက္ခရောက်တဲ့အဖြစ်တွေရှိခဲ့ကြပေမဲ့လည်း လူမဲတွေဟာ အသနားခံတွေတော့မဟုတ်ဘူးလို့ သူက ယုံတယ်။ လူမဲတွေဟာ သနားစရာတွေပါလားဆိုတဲ့အသိကြီး စွဲသွားကြမှာ၊ လူမဲတွေကို အထင်သေးကြမှာကို သူက မလိုလားဘူး။ နောက် သူကျောင်းမှာပြဿနာတက်ပြီး အိမ်ကို ခဏပြန်လာတော့ သူ့အမေက အယ်ဇိုင်းမားဖြစ်နေပြီး သူ့ညီမကသေသွားတယ်။ တစ်ချိန်လုံးသူ့ညီမကပဲ သူ့အမေကို ကြည့်ရှုပေးနေခဲ့တာဆိုတော့ သူ့ညီမသေသွားတဲ့အချိန် သူ့အမေကို ကြည့်ဖို့က သူ့ခေါင်းပေါ်ကျလာတယ်။ ငွေကလည်းမရှိ စိတ်ကလည်းရှုပ်နေတော့ စိတ်ထွက်ပေါက်ရှာတဲ့အနေနဲ့ လူမဲအဆန်ဆုံး စိတ်ညစ်စရာကောင်းတဲ့ ဘဝတစ်ခုအကြောင်း ရိုင်းရိုင်းစိုင်းစိုင်းတွေချည်း ရေးချလိုက်တယ်။ သူ့သဘောကတော့ ရှင်းပါတယ်။ ဒီလောက်လူမဲတွေရဲ့သနားစရာဇာတ်တွေကို လိုချင်တဲ့ကောင်တွေကို ယူကြစမ်းဆိုပြီး ထုတ်ဝေချင်စရာတစ်စက်မှမကောင်းတဲ့ တော်တော်ဆိုးဆိုး စာအုပ်ကိုရေးချလိုက်တာပဲ။ ပြီးတော့ သူ့မန်နေဂျာဆီဖုန်းဆက်ပြီး ဒီစာအုပ်ကို တိုက်တွေကို ပို့ခိုင်းလိုက်တယ်။ သူ့နာမည်နဲ့တောင် မပို့ဘူး။ ကံဆိုးတာလား ကံကောင်းတာလားတော့ မသိဘူး။ ဒီလောက်စုတ်ပြတ်ရိုင်းစိုင်းနေအောင်ရေးထားတဲ့စာအုပ်ကိုမှ နာမည်ကြီးစာအုပ်တိုက်တစ်ခုက ဘတ်ဆဲလ်လားဖြစ်လာမယ့်စာအုပ်ဆိုပြီး ဒေါ်လာ၇သိန်းခွဲပေးပြီး အတင်းထုတ်ဖို့လုပ်တယ်။ ဒီစာအုပ်ကို သူ့ဘဝရဲ့ဖြစ်ရပ်မှန်လို့ပါ ထင်နေကြတယ်။ သူကလည်း ‌ငွေကလည်းလိုနေ ပိုက်ဆံကလည်းအများကြီးရမှာမို့ သူ့ကိုယ်သူ စာအုပ်ထဲကလူပါ ဝရမ်းပြေးပါဆိုပြီး ချော်လဲရောထိုင်ချလိုက်တယ်။ အစက ထုတ်ချင်စိတ်ပေါ်နေသေးပေမဲ့ သူရေးထားတဲ့စာအုပ်က သူမုန်းတဲ့စာအုပ်ပုံစံမျိုးဆိုတော့ ထုတ်ဝေသူတွေ ထုတ်ချင်စိတ်ပျောက်အောင် စာအုပ်နာမည်ကို “Fuck” လို့ ပြောင်းပေးမှ ထုတ်မယ် မပေးရင် မထုတ်ဘူးလို့ ကောက်ညစ်တယ်။ ဟိုကလည်း အတည်ကြီးထုတ်မယ်လုပ်တယ်။ မထုတ်ရသေးခင်မှာပဲ သူ့စာအုပ်က သူ့ဘဝဇာတ်ကြောင်းဆိုတာကို ကြားထားတဲ့ ဒါရိုက်တာတစ်ယောက်က သူ့ဆီက ဒီဇာတ်လမ်းကိုလာဝယ်တယ်။ အဲဒီဒါရိုက်တာကလည်း ပြောရရင် အော်စကာမျှားတဲ့ကားတွေ ရိုက်တဲ့ကောင်။ သူ့အမေကို လမ်းတစ်ဘက်မှာ ထားခဲ့ပြီး ဒီဒါရိုက်တာနဲ့ သူလာတွေ့ရတာဆိုတော့ ပြောနေရင်း အရေးပေါ်ကားအချက်ပေးသံကြားတော့ သူ့အမေကို စိတ်ပူပြီး ထပြေးရော။ ဟိုဘဲကလည်း အစစ်ဟုတ်မဟုတ် အကဲခတ်နေတာ။ ရဲကားသံကြားတာနဲ့ တန်းပြေးသွားတယ် ဒီကောင်ဝရမ်းပြေးအစစ်ပဲဆိုပြီး ဒေါ်လာလေးသန်းပေးပြီး သူ့မန်နေဂျာဆီကနေ ရိုက်ခွင့်ဝယ်သွားတယ်။ သူပြောသလို သောက်တလွဲတွေလုပ်လေ ပိုချမ်းသာလေ ဖြစ်နေရော။ ဒီအချိန်မှာ စာပေဆုပေးရေးအဖွဲ့က ဒိုင်အဖွဲ့ထဲလူမဲပါစေချင်လို့ဆိုပြီး သူ့ကလောင်အစစ်ရယ် အစောကစာအုပ်ရေးတဲ့စာရေးဆရာမရယ်ကို ဒိုင်အဖွဲ့ထဲလည်း ထည့်ထားသေးတယ်။ စားတာက ကလောင်တုနဲ့ရေးထားတဲ့ သူ့စာအုပ်က အရမ်းအောင်မြင်နေတော့ ဆုပေးဖို့ သူတို့ဖတ်ရတဲ့စာအုပ်တွေထဲ ထပ်တိုးစာရင်းဝင်လာတယ်။ ဒီလောက်သောက်တလွဲချထားတဲ့ စာအုပ်က ဒီလောက်အောင်မြင်နေတော့ သူ့မှာ တော်တော်အကျပ်ရိုက်နေရတယ်။ ဒီစာအုပ်ကိုတော့ ဘယ်လိုမှ ဆုမပေးသင့်ကြောင်း အတွင်တွင်ပြောပေမဲ့ သူရယ် လူမဲစာရေးဆရာမရယ်ကလွဲ ကျန်တဲ့ဒိုင်သုံးယောက်က ဒီစာအုပ်ကိုပဲ ပေးချင်ကြတယ်။ စားတာတော့ တော်တော်စားပါတယ်။ ဘက်မလိုက်ပါဘူးဆိုပြီး လူမဲစာရေးဆရာ၂ယောက်ထည့်ထားပေမဲ့ ဒီစာအုပ်ကိုမကြိုက်တဲ့ သူတို့အမြင်ကို အဖက်မလုပ်ဘဲ ကျန်တဲ့လူဖြူ၃ယောက်က တစ်မဲသာနေတာနဲ့ပဲ “Fuck” ဆိုတဲ့ စာအုပ်ကို ဆုပေးဖို့ ရွေးချယ်လိုက်ကြတယ်။ ဆိုခဲ့သလို အမေရိကန်ဖစ်ရှင်ဟာ လူစိတ်ဝင်စားတဲ့ လူကရုဏာသက်တဲ့ အကြောင်းအရာတွေကို အသုံးချပြီး အကျိုးရှာနေတဲ့ စာရေးဆရာ၊ စာပေဆုပေးပုံကနေစလို့ ဆုရအောင် တမင်ရိုက်ပြချင်နေတဲ့ ဒါရိုက်တာတွေအထိ အကုန်လုံးကို သရော်ထားတဲ့ ရုပ်ရှင်ပါပဲ။ အော်စကာဆုပေးပွဲအနေနဲ့လည်း ဇာတ်လမ်းကောင်းပေမဲ့လည်း အဲဒီလို Black Trauma Porn ဆန်ဆန်ရိုက်ထားတဲ့ကားတွေကို Best Picture အထိပေးခဲ့ဖူးတာရှိတော့ သူတို့သရော်ချက်ကနေ အော်စကာလည်း မလွတ်ပါဘူး။ ဒါပေမဲ့လည်း အမေရိကန်ဖစ်ရှင်ဟာ အော်စကာငါးဆုတော့ ဝင်ထားတုန်းပါပဲ။ ပေးလောက်မယ်လို့တော့ မထင်လှပေမဲ့ “ငါတို့က အဲဒီလိုမဟုတ်ပါဘူးကွာ”ဆိုပြီး ကောက်ပေးချင်လည်း ပေးပါလိမ့်မယ်။ သူကတော့ Black Trauma Porn ကိုပဲ ခေါင်းစဉ်တပ်သရော်ထားပေမဲ့ ပိုဗာတီပွန်းနဲ့မကွာလှတဲ့အတွက် အကုန်လုံးကို သရော်ချလိုက်သလိုတော့ ဖြစ်သွားတယ်။ နိုင်ငံအရပ်ရပ်က ဆုရရုပ်ရှင်တွေထဲ Poverty Porn ဆန်တဲ့ ရုပ်ရှင်တွေ တစ်နှစ်တစ်မျိုး မရိုးရအောင် ထွက်လာလိုက်တာ ခုဆို ရိုက်သတ်လို့တောင် မကုန်ဘူး။ ကောင်းတာတွေလည်း ကောင်းကြပေမဲ့ မေးခွန်းထုတ်စရာက‌တော့ ဖြစ်နေမှာပဲဆိုတော့ အဲဒီလိုအနုပညာတွေအကုန်လုံးကို သရော်ထားတဲ့ American Fiction ဟာ တော်တော်အားရစရာတော့ကောင်းနေတယ်။ ဘယ်လောက်ထိ သရော်လဲဆို အဆုံးထိကို အားရပါးရကို သရော်သွားတာပါပဲ။ American Fiction ထဲက အဓိကဇာတ်ကောင် မွန့်ခ်ဟာ မခွဲခြားပါဘူးဆိုတာကို “ငါတို့ကမခွဲခြားပါဘူးကွာ ငါတို့ကမခွဲခြားပါဘူး” တတွင်တွင်ပြောပြီး ခွဲခြားနေတာကို မနှစ်မြို့တဲ့သူ၊ အနုပညာကို ပိုသန့်စင်စေချင်တဲ့လူတစ်ယောက်ပေါ့။ ကျန်တာတွေထက် Poverty Porn ဆန်တဲ့ ရုပ်ရှင်တွေတော့ နှစ်တိုင်း ၁၀ကားမက ထွက်နေတုန်းဆိုတော့ American Fiction ဟာ အဲဒီမသန့်စင်တဲ့ အနုပညာကို သန့်စင်စေချင်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်လို့ပြောရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 4.3GB, 1.7GB, 825MB Quality – 4K HEVC, 1080p, 720p IMDb Rating – 7.8/10 Format – mp4 Duration – 1H 57Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.8 2023
American Fiction
The Verge of Death
6.7

The Verge of Death / Di Ambang Kematian [2023] (IMDb 6.7/10) ဇာတ်လမ်းအစမှာ နာဒီယာဟာ သူ ၇နှစ်သမီးတုန်းက မိသားစုလိုက် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ကို ပြန်ပြောင်းပြောလို့ နေခဲ့ပါတယ်… သူ့အမေဟာ နာတာရှည်ရောဂါဆိုးကြီးကို ရင်ဆိုင်နေရရင်းက ရုတ်တရက်ပြန်ကောင်းလာပြီးနောက်မှပဲ သတ်သေသွားခဲ့ပါတယ်… အသေဆိုးနဲ့ သေခဲ့ရပြီးတဲ့နောက်မှာ သူ့အစ်ကိုဟာ ထူးဆန်းတာတွေကို စတင်မြင်တွေ့လာပါတော့တယ်… အဲ့လိုနဲ့ နှစ်အတန်ကြာတဲ့ နောက်မှာတော့ အစ်ကိုဖြစ်သူ ယိုဂက နာဒီယာကို အမေသေရတာဟာ အဖေ့ကြောင့်ဖြစ်ကြောင်း ပြောပြလာပါတော့တယ်.. ဒီလိုနဲ့ သူတို့အဖေရဲ့ လှုပ်ရှားမှုကို စောင့်ကြည့်ရင်းက သူတို့အဖေ ယစ်ပူဇော်နေတာကို တွေ့ရပါတော့တယ်… ဒီတော့မှ ဖြစ်ကြောင်းကုန်စင်ကို သိလိုက်ရပြီးတော့ သူတို့ရထားတဲ့ ချမ်းသာကြွယ်ဝမှု မှန်သမျှဟာ အရာတစ်ခုဆီမှာ အလဲအလှယ်ပြုလုပ်ပြီး ရထားကြောင်းနဲ့ အပြန်အလှန်အနေနဲ့ မအေလုပ်သူက အသက်ပေးလိုက်ရတယ်ဆိုတာပါပဲ… နာဒီယာ့အဖေဟာ ကျန်တဲ့သူတွေ အသက်မပျောက်စေရေးအတွက် ယစ်ပူဇော်မှုတွေ ဆက်လုပ်နေခဲ့ရတာပါ… ဒါပေမယ့် အရာမထင်ခဲ့ပါဘူး… ဘယ်သူတွေ ဆုံးပါးသွားပြီး ဘယ်သူတွေ အသက်ဆက်ရှင်ဖို့ ကြိုးစားသွားမလဲဆိုတာကို ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Horror, Drama, Mystery Quality…. 1080p | 720p File size… 1.2GB | 542MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

6.7 2023
The Verge of Death
Rebel Ridge

နက်ဖလစ်က ထွက်တဲ့ အက်ရှင်ကားအသစ်ပါ။ ဂျက်ရိချာလိုပဲ စစ်ပြန်တစ်ယောက်နဲ့ မြို့ငယ်လေးတစ်ခုက အကျင့်ပျက်နေတဲ့ ရဲစခန်းတစ်ခုလုံး ရင်ဆိုင်ရတဲ့အမျိုးအစားပါပဲ။ ဒါရိုက်တာကလည်း True Detective အပိုင်းတွေ ရိုက်ဖူးတဲ့ Jeremy Saulnier မို့ ဥပဒေပိုင်း ရဲအပိုင်းတွေ‌တော့ ပိုင်ပါတယ်။ RT 98 အထိ ရထားတာဆိုတော့ ဇာတ်လမ်းရောအက်ရှင်ရော ကောင်းတဲ့အထဲမှာပါပါတယ်။ အရမ်းကြီး ကြမ်းထော်နေတာလဲမဟုတ်ဘဲ True Detective လိုပဲ လူသားဆန်ဆန်ဇာတ်လမ်းမျိုးပါပဲ။ ဇာတ်လမ်းအကျဉ်း တယ်ရီဆိုတဲ့ စစ်ပြန်ဟာ သူ့ရဲ့ညီဝမ်းကွဲ ဆေးမှုနဲ့ အဖမ်းခံထားရတာကို အာမခံထုတ်ပေးဖို့ ငွေထုပ်ပိုက်ပြီး စက်ဘီးနဲ့ လာတဲ့လမ်းမှာ ရဲကားတစ်စီးက သူ့ကို တိုက်လိုက်တယ်။ ပြီးတော့ သူယူလာတဲ့ငွေတွေကို မသင်္ကာမှုနဲ့ပါ သိမ်းလိုက်တယ်။ သူက အဲဒီငွေတွေကို ပြန်ရဖို့နဲ့ သူ့ညီလွတ်ဖို့လောက်ပဲ ပြန်လိုက်ကြိုးစားပေမဲ့ ပြဿနာတွေက ရှုပ်လာပြီး ရစခန်းတစ်ခုလုံးရဲ့ ခြစားမှုတွေနဲ့ အရှုပ်တော်ပုံတွေထဲကို ကြားညပ်သွားပါတယ်။ သူနဲ့ သူ့ကိုကူညီနေတဲ့ ရှေ့နေအလုပ်သင်မလေးကို လိုက်သတ်ကြတဲ့အခါ အသက်ရှင်ဖို့နဲ့ ရဲတွေအားလုံးရဲ့ ပြစ်မှုတွေကို ဖော်နိုင်ဖို့ ကြိုးစားရပါတော့တယ်။ File size…(1.5 GB)/(780 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:11:00 Genre… Action, Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

Drama
0 2024
Rebel Ridge
Hostile Dimensions

Multiverse နဲ့ပတ်သက်တဲ့ရုပ်ရှင်တွေဟာ အခုခေတ်ကာလတွေမှာအများအပြားထွက်ခဲ့ကြတဲ့အထဲ ဒီကားလေးလည်းအပါအဝင်ဖြစ်ပါတယ်။ Emily နဲ့ Brian တို့နှစ်ယောက်ဟာ documentary ရိုက်နေစဉ် တံခါးတစ်ချပ်‌ကိုတွေ့ပြီး Emily တစ်ယောက်အဲ့တံခါးထဲကိုဝင်ရင်းပျောက်သွားပါတယ်။ Wolf Door လို့ခေါ်တဲ့အဆိုပါတံခါးတွေကနေတစ်ဆင့် ကိုယ်စိတ်ကူးယဉ်လိုက်တဲ့ကမ္ဘာမှန်သမျှကိုသွားနိုင်တာကို Sam နဲ့ Ash တို့သူငယ်ချင်းနှစ်ယောက်သိသွားပြီးနောက် Emilyကိုလိုက်ရှာကြရင်းဘယ်လိုမျိုးတွေကြုံရမလဲဆိုတာက Found Footageပုံစံဇာတ်လမ်းမျိုးအဖြစ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ Rotten Tomatoes မှာလည်း 85%အထိရှိထားတဲ့ Independence movie တစ်ခုဖြစ်တဲ့ လက်မလွတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.8 GB)/(990 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:01:00 Genre… Found Footage Horror, Horror, Sci-Fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by S4L

0 2023 77 mins
Hostile Dimensions
The Red Virgin
6.7

ဒီတစ်ခါမှာတော့ သမိုင်းထဲမှာတကယ်ရှိခဲ့ပြီး အသက် ၁၈နှစ် အရွယ်မှာတင် ဘဝဇာတ်သိမ်းခဲ့ရတဲ့ လူငယ်ပါရမီရှင် စပိန်သူလေး Hildegart Rodríguez Carballeira အကြောင်း ရုပ်ရှင်ကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဒီ Hildegart ဆိုတဲ့ကောင်မလေးရဲ့ဘဝဟာ မွေးဖွားလာကတည်းက တော်တော် စိတ်ဝင်စားစရာကောင်းတာပါ။ ဘာလို့စိတ်ဝင်စားစရာကောင်းသလဲဆိုရင် Hildegart ရဲ့ အမေဖြစ်သူ Aurora ကြောင့်ပါပဲ။ Aurora က အများသူငှာလို အိမ်ထောင်ပြု-ယောက်ျားယူ-ကလေးမွေး ဒီလိုနည်းလမ်းမျိုးနဲ့ Hildegartကို မွေးဖွားခဲ့တာမဟုတ်ပါဘူး။ Aurora ဟာ ပိုမိုတိုးတက်တဲ့ လောကကြီးကို သူ့ရင်‌သွေးကနေ စတင်ပြီးတည်ဆောက်မယ်ဆိုတဲ့ ရည်မှန်းချက်နဲ့ Hildegart ကို ပရောဂျက်တစ်ခုလိုမျိုး တိတိကျကျ‌စီစဥ်ပြီးမွေးဖွားခဲ့တာပါ။ (ဒါကို eugenic အယူဝါဒလို့ခေါ်ပါတယ်။) Aurora ဟာ သူ့သမီးကို သာမန်ထက်ထူးအောင် ထက်အောင် မွေးကတည်းက တိတိကျကျ ကြပ်မတ်လေ့ကျင်သင်ကြားပေးလေတော့ Hildegart ဟာ အသက် ၁၆နဲ့တင် ရှေ့နေဘွဲ့ရပြီး သတင်းစာတွေထဲမှာ လိင်မှုရေးရာနဲ့ဆိုင်တဲ့ ဆောင်းပါးတွေရေးသားလို့နေပါပြီ။ ဒီလိုနဲ့ ဗိုင်းကောင်းကျောက်ဖိ Hildegartဟာ မိခင်ရဲ့အုပ်ထိန်းမှု အောက်ကနေတစ်ဆင့် စပိန်ဆိုရှယ်လစ်ပါတီဝင် တစ်ဦးဖြစ်လာခဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူတစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အဘက်ဘက်ကနေ လိုလေသေးမရှိအောင် ပြီးပြည့်စုံထက်မြက် နေပေမဲ့ ကံမကောင်းအကြောင်းမလှတဲ့ Hildegartဟာ အသက် ၁၈နဲ့ တင်သေဆုံးခဲ့ရတာပါ။ ရုပ်ရှင်ထဲမှာလည်း သူသေဆုံးတဲ့အခန်းကနေ စတင်ရိုက်ကူးပြထားတာပါ။ Hildegartဆိုတဲ့ကောင်မလေး ဘယ်လိုသေဆုံးသွားခဲ့ရတာလဲ ဆိုတဲ့မေးခွန်းနဲ့ ဇာတ်လမ်းကိုသယ်လာပြီး စပိန်နိုင်ငံ သက်ဦးဆံပိုင် ဘုရင်စနစ်ကျဆုံးတဲ့ကာလရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ တော်လှန်‌ရေး‌ လှုပ်ရှားမှုတွေကိုပါထင်ဟပ်အောင် မီးမောင်းထိုးပြထားတဲ့အတွက် အချိန်ပေးကြည့်ရတာနဲ့တန်စေမဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ကြောင်း ညွှန်းဆိုလိုက်ချင်ပါတယ်။ File size… (1.18GB) / (706MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 54m Genre ….. Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Romance • Comedy
6.7 2024 114 mins
The Red Virgin
Illti
5.3

Illti (2025)”အစ်တီ” =============== အသစ်ထွက်ထားတဲ့ ပန်ချာပီစကားပြော ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ နာမည်ရ ပန်ချာပီမင်းသား ဂျာဂ်ဂျိဆန်ဒူနဲ့ ချစ်ဖို့ကောင်းတဲ့ ပန်ချာပီမင်းသမီးလေး တာနီယာတို့က အဓိကပါဝင်ထားတာပါ။ ဇာတ်လမ်းကတော့.. ပန်ဂျပ်ပြည်နယ်ထဲက ရွာလေးတစ်ရွာမှာ အတော်လေးဘရုတ်ကျလွန်းလို့ တစ်ရွာလုံးက မျက်မုန်းကျိုးနေရတဲ့ အစ်တီဆိုတဲ့ကောင်လေးတစ်ယောက်ရှိပါတယ်။ အစ်တီဟာ ၉ လတည်းနဲ့ မွေးခဲ့တာဖြစ်ပြီး မိသားစုရဲ့ တစ်ဦးတည်းသောသားဖြစ်တဲ့အလျောက် လူပျိုဖြစ်တဲ့အထိ ကလေးလိုလိုခွေးလိုလိုနဲ့ ဆိုးချင်တိုင်းကို ဆိုးနေတာပါ။ အဲဒီလိုဆိုးနေရင်း အစ်တီတစ်ယောက် လူငယ်တွေရဲ့ထုံးစံ အချစ်နဲ့တွေ့ပြီး အချစ်ဆိပ်တက်နေတုန်းမှာ သူကြူနေတဲ့ကောင်မလေးက ယောက်ျားယူသွားတဲ့အတွက် အသည်းကွဲသွားခဲ့ပါတယ်။ နဂိုကတည်းက ပေါက်ကရတွေလုပ်ပြီးဆိုးပေနေတဲ့ အစ်တီတစ်ယောက် အသည်းကွဲပြီး ကမူးရှူးထိုးတွေလျှောက်လုပ်နေတုန်းမှာ ဆာရီအနီရောင်ဝတ်ထားတဲ့ ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့မိတဲ့အခါမှာတော့…။ ပန်ချာပီရုပ်ရှင်တွေရဲ့ထုံးစံ သာယာနာပျော်ဖွယ် ဂီတသံလေးတွေနဲ့ ရယ်ရယ်မောမောကြည့်ရှုခံစားရမယ့် ဟာသရုပ်ရှင်လေးကို စီအမ်မာဆလာအဖွဲ့သားတွေကနေ ပရိသတ်တွေအတွက် ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

5.3 2025 160 mins
Illti
Otryad Svetlyachkov
6.8

Otryad Svetlyachkov (2025) *************************** ကျွန်တော်တို့ကျောင်းမှာ ကျန်တဲ့ဘာသာတွေဆို စိတ်မဝင်စားသလောက် သမိုင်းဘာသာရပ်ဆိုရင်တော့… အင်မတန်ကောင်းကြတာပါ၊ ဘာကောင်းလဲဆိုတော့ အိပ်လို့ကောင်းတာပါ .. အီဗန်လေးကလည်း ကျွန်တော်တို့လို မထူးမခြားနားတဲ့ စာသင်ခန်းထဲက ငပျင်းလေးတစ်ယောက်။ ဒါပေမဲ့ သူကတော့ သမိုင်းချိန်ဆို အိပ်တာမဟုတ်ဘဲ စစ်တိုက်တဲ့ဂိမ်းတွေ ခိုးခိုးနှိပ်တာပါ။ ဒီတော့ သူကဖုန်းနှိပ်သလို သမိုင်းဆရာမကလည်း သူ့ကို ကောင်းကောင်းနှိပ်တော့တာပေါ့။ အဲဒါနဲ့ပဲ ဆရာမကို တစ်ခွန်းမကျန် ပြန်ခံပက်တဲ့ အီဗန်ကောင်းမှုကြောင့် တစ်တန်းလုံး စစ်ရေးပြတိုက်ကို လေ့လာရေးခရီးထွက်ရပြီး စာမေးပွဲဖြေရဖို့ ဖြစ်သွားတော့တာပေါ့။ ဒီလိုနဲ့အီဗန်တစ်ယောက် ပြတိုက်ထဲလျှောက်ပြေးရင်း အချိန်ခရီးသွားစက်ကို ကလိကောင်းရာကနေ လွန်ခဲ့တဲ့ နှစ် ၈၀ အကြာက မဟာမျိုးချစ်စစ်ပွဲ (သို့) ရုရှား-ဂျာမန် စစ်ပွဲကာလတွင်းကို ရောက်ရှိသွားချိန်မှာတော့… (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.68GB / 862MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 51m Genre ….. Adventure, SciFi, War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Mary Christ, Char Ou & Dao Phyo Encoded by AHtet

Comedy • Romance • Drama
6.8 2025
Otryad Svetlyachkov
The Prestige
8.5

Datshin Review: The Prestige (2006) Genre: Drama, Mystery, Sci-fi Rating: PG-13 -Review- The Prestige ရုပ်ရှင်ဟာ ဒါရိုက်တာ Christopher Nolan ရိုက်ကူးခဲ့တဲ့ psychological thrillerဖြစ်ပြီး ၂၀၀၆ ခုနှစ်မှာ ပြသခဲ့ပါတယ် ။ ဒီရုပ်ရှင်ဟာ ကျွန်တော့်အမြင်တော့ Nolan ရဲ့ ကားတွေထဲမှာတောင် အကောင်းဆုံးဆိုတဲ့ နေရာမှာ ရှိတာပါ ၊ Nolan ရဲ့ masterpiece လို့ ပြောလို့ရပါတယ် ။ အင်မတန် လူကြိုက်များခဲ့ပြီး ရုပ်ရှင်ကို အဓိပ္ပာယ်ဖွင့်တဲ့ ပရိသတ်တွေရဲ့ အယူအဆ တွေ အများအပြားထွက်ပေါ်ခဲ့တဲ့ ရုပ်ရှင်ပါ။ ဆက်လက်ဖော်ပြမှာတွေက ကျွန်တော့ရဲ့ ကိုယ်ပိုင်အမြင် အဓိပ္ပါယ်ဖွင့်မှု ဖြစ်ပါတယ်။ (မကြည့်ရသေးသူများ ဆက်မဖတ်ပါရန်၊ Spoiler တွေ ပါနိုင်ပါတယ်) ‌ဇာတ်လမ်းကတော့ မျက်လှည့်ပညာရှင် ၂ယောက်ရဲ့ တစ်ယောက်နဲ့ တစ်ယောက် အားပြိုင်မှုအပေါ်မှာ အခြေခံထားတာပါ။ ၁၉ရာစုနှောင်းပိုင်း လန်ဒန်မှာ အခြေတည်ထားတဲ့ ဒီဇာတ်လမ်းမှာ Robert Angier အဖြစ် Hugh Jackman နဲ့ Alfred Borden ‌အဖြစ် Christian Bale တို့က သရုပ်ဆောင်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော့်အမြင်အရ The Prestige ဟာ ဇာတ်လမ်းကောင်းတို့ ထုံးစံအတိုင်း သူတို့ကြားက ပြိုင်ဆိုင်မှုကို အခြေခံထားပေမဲ့ ရုပ်ရှင်ရဲ့ ဆိုလိုရင်းက လူ ၂ယောက်ကြားက ပြိုင်ဆိုင်မှု ဆိုတာထက်ပိုပါတယ်။ ဒီဇာတ်လမ်းမှာ Angier က မိဘချမ်းသာသလို သူကောင်းမျိုးကနေ ဆင်းသက်လာသူဖြစ်ပြီး Borden ကတော့ ပါရမီရှင်ဖြစ်တာ ဉာဏ်ကောင်းတာကလွဲရင် တခြားဘာမှ မရှိသူပါ။ မျက်လှည့်ပညာကို ရူးသွပ်တာ တူပေမယ့် သူတို့ရဲ့ အားသာချက်တွေက မတူပါဘူး။ အဲ့ဒီ အားသာချက်တွေရဲ့ အားပြိုင်မှုကိုအဓိက ပြချင်တာလို့ပဲ ထင်ပါတယ်။ သူတို့ ၂ယောက်ရဲ့ မျက်လှည့်ပြရာမှာသုံးတဲ့ နာမည်တွေကလည်း ဒါကို ထင်ဟပ်နေပါတယ်။ ပါရမီရှင်ဖြစ်တဲ့ Borden ရဲ့ နာမည်က The professor ဖြစ်ပြီး၊ နောက်ခံအခြေအနေအားကောင်းတဲ့ Angier ကတော့ The Great Danton ဖြစ်နေပါတယ်။ ပညာ နဲ့ ဥစ္စာတို့ရဲ့ အားပြိုင်တဲ့ပွဲမှာ နောက်ဆုံး ပညာရှင်ဖြစ်တဲ့ Borden က လှလှပပ အနိုင်ယူသွားပုံရယ်၊ ပါရမီ နဲ့ ပတ်ဝန်းကျင်အထောက်အပံ့တို့ အားပြိုင်ရာမှာ ပါရမီရှင်က အနိုင်ယူသွားပုံကို ပြထားတာပါ။ ဇာတ်လမ်းတစ်လျှောက်မှာလည်း Borden ဆင်တဲ့အကွက်ထဲမှာ Angier လိုက်ကနေရတာက ပိုများပါတယ်။ ဒီနေရာမှာ ချီးကျူးရမှာက အဲ့လိုပညာ နဲ့ ဥစ္စာရဲ့ အားပြိုင်မှု ပြကွက်အဖြစ် Tesla နဲ့ Edison တို့ကြားက အားပြိုင်မှုကိုပါ ဇာတ်လမ်းနဲ့လျော်ညီအောင် ကြားထဲမှာ ပါးပါးလေးထည့်ပြနိုင်သွားတာကိုပါ။ ဒါပေမဲ့ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်က Angier နဲ့ Borden ၂ယောက်ဟာ ဘယ်သူဆိုးတယ် ဘယ်သူကောင်းတယ်ဆိုတာကို လုံးဝဆုံးဖြတ်ပေးထားတာ မရှိပါဘူး။ ရုပ်ရှင်ကြည့်တဲ့သူတွေကပဲ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်ဆိုတဲ့ တက်ကျမ်းဆန်ဆန် အယူအဆတွေ ကြီးစိုးနေတဲ့ အခုအချိန်မှာ The Prestige ဟာ တက်ကျမ်းဆရာတွေကို ပြောင်ပြနေပါတယ်။ တစ်ခါတစ်ရံမှာ ကြိုးစားတိုင်းလည်း ပါရမီရှင်တွေလို မဖြစ်နိုင်ဘူးဆိုတဲ့ ခါးသီးတဲ့ အမှန်တရားကို ပြထားပါတယ်။ တက်ကျမ်းတွေ၊ လူပြိန်းကြိုက် ဘဝအောင်မြင်ရေးစကားတွေ life coach တွေ NLP တွေ ဖောင်းပွနေတဲ့ ၂၁ရာစု ကမ္ဘာကြီးကို ကောင်းကောင်းကြီး သရော်ထားတယ်လို့ပဲ မြင်ပါတယ်။ ဒါကတော့ ကျွန်တော့်အမြင်ပါ။ ဒီကားကို ကြည့်မိတဲ့သူတိုင်း ပြီးသွားတဲ့အချိန်မယ် စိတ်ထဲမှာ ကိုယ့်အတွေးနဲ့ကိုယ် စဉ်းစားစရာတွေ အများကြီးနဲ့ ကျန်ခဲ့မယ်ဆိုတာတော့ အသေအချာပါပဲ။ Movie Info Director: Christopher Nolan Top-billed Cast: Christian Bale, Hugh Jackman, Scarlett Johansson Runtime: 2 hr 10 min Ratings Datshin: 5/5 IMDb: 8.5/10 Rotten Tomatoes: 77% kz (ရုပ်ရှင်အညွှန်းကို DatShin FB Page မှ ကူးယူဖော်ပြပါသည်။) တစုံတယောက်က ကျွန်တော့်အကြိုက်ဆုံးဇာတ်ကားတကားကို ရွေးထုတ်ပါဆိုရင် ကျွန်တော် The Prestige (2006)ကိုပဲ ရွေးချယ်ပြချင်ပါတယ်။ သတိရတိုင်းပြန်ကြည့်မိသလို ပြန်ကြည့်မိတိုင်းလဲ သရုပ်ဆောင်တွေရဲ့ လေးနက်မှုတွေက ကျွန်တော့်ဆီ အချိန်တိုင်း စီးဆင်းဆဲပါပဲ… တစ်ကားလုံး ဘယ်နေရာမှ ပစ်ရက်စရာမရှိတဲ့ ဒါရိုက်တာနိုလန်ရဲ့တင်ဆက်မှုတခုဖြစ်ခဲ့ပါတယ်။ လူ့ဘဝဆိုတာ ကြိုးမျှင်မျှင်လေးတစ်ခုနဲ့ တင်းစည်းခေါ်ဆောင်ရာကို လိုက်ပါအသက်ရှင်နေရသလို ခံစားလာစေပါတယ်… တကယ်တော့ လူ့ဘဝဆိုတာလဲ မျက်လှည့်ရှိုးပွဲတစ်ခုပဲမလား… အစစ်အမှန်တချို့ လှည့်စားခြင်းတချို့နဲ့ အစီအစဉ်တကျချပြပြီး တစ်စုံတစ်ယောက်က တစုံတယောက်ကို ယုံကြည်စေချင်သလို ယုံကြည်ခိုင်းနေတာမျိုးပဲ။ ကျွန်တော်တို့ကိုယ်တိုင်မှာကလဲ အစစ်အမှန်ကိုမြင်ရဖို့ထက် ကိုယ်မြင်ချင်တဲ့အရာ ကိုယ်ဖြစ်စေချင်တဲ့အရာကိုပဲ အမှန်လို့ယူဆလိုက်ကြတာပါပဲ။ တကယ်တော့လဲ ကျွန်တော်တို့မှာ ခံစားချက်ဆိုတာ ထည့်တွက်လိုက်ရင် အမှန်တခုပဲ အဖြေရှိတာတော့ မဟုတ်ဘူးပေါ့လေ။ File size…(7.8 GB) / (1.9 GB) / (1.2 GB) Quality…BluRay 4K HEVC / 1080p HEVC/ 720p Format…mp4 Duration….02:10:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mr.Anderson

8.5 2006 130 mins
The Prestige