YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Thank You Doctor E14 (1080p) CM.mp4

480.29 MB N/A video/mp4 57 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dark Nature
6.2

ဒီဇာတ်ကားကတော့ ၂၀၂၂ ခုနှစ်မှာထွက်ရှိခဲ့တဲ့ ကနေဒါရုပ်ရှင်ဖြစ်ပြီး Horror အမျိုးအစား​ဖြစ်ပါတယ်။ Jigsaw နဲ့​ The​ Purge မှာပါဝင်ခဲ့တဲ့ Hannah Anderson က အဓိကဇာတ်ဆောင်အဖြစ်နဲ့ပါဝင်ထားပါတယ်။ ဇာတ်လမ်း​အကျဥ်းကတော့ ဂျွိုင်း​ (Hannah Anderson) ဆိုတဲ့အမျိုးသမီးဟာ ခင်ပွန်းဟောင်းဖြစ်သူ​ ဒဲရက်ရဲ့​ အကြမ်းဖက်​နှိပ်စက်​မှုတွေကြောင့်​ စိတ်ဒဏ်ရာရနေသူဖြစ်ပါတယ်။ ဒါကြောင့်​ သူငယ်ချင်းဖြစ်သူ ကာမင်​က​ ဂျွိုင်း​ကို​ စိတ်​ရောဂါပညာရှင်ဒေါက်တာဒန်လေ​ရဲ့​ တောနက်ကြီးထဲမှာ ခရီးထွက်ရင်း​ သဘာဝတရားနဲ့ထိတွေ့ပြီးစိတ်​ဝေဒနာတွေကိုကုသမဲ့ ကုထုံးအစီအစဥ်မှာပါဝင်စေခဲ့တယ်။ ဂျွိုင်း​တို့နှစ်ယောက်က​ ဒေါက်တာ​ဒန်လေရဲ့ဦးဆောင်မှုအောက်မှာ သူမတို့လိုပဲ အတိတ်ဖြစ်ရပ်တွေကြောင့် စိတ်ဒဏ်ရာရနေသူအမျိုးသမီးနှစ်ယောက်နဲ့တွေ့ဆုံပြီး​ ငါးယောက်သားအတူခရီးထွက်ခဲ့ကြပါတယ်။ ခရီးစပြီးမကြာမီ ဂျွိုင်း​တစ်ယောက်​ တောထဲမှာ သူတို့ကိုနောက်ယောင်ခံ​လိုက်နေသူတစ်ဦးရှိနေတယ်လို့ သံသယဝင်လာပါတော့တယ်။ မကြာခင်သူတို့ငါးယောက်ဟာ သူတို့အတိတ်ကခြောက်လှန့်နေတဲ့အဖြစ်အပျက်တွေထက် ပိုပြီးကြောက်စရာကောင်းတဲ့အရာတစ်ခုကို လူသူမနီးတဲ့တောတောင်ထဲမှာ​ ကြုံတွေ့​ရပါတော့တယ်။ သဘာဝတရားဖြစ်တဲ့​ တောတောင်ရေမြေတွေနဲ့ထိတွေ့ခြင်းက စိတ်ဝေဒနာဒဏ်ရာတွေကို​ ကုသပေးတယ်ဆိုပေမဲ့ ဂျွိုင်း​တို့အတွက်ကတော့ ဒီသဘာဝတရားက​ သူတို့စိတ်ဒဏ်ရာတွေကိုကုသပေးမလား ပိုပြီးဆိုးဝါးတဲ့စိတ်ဒဏ်ရာတွေကို ပေးမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာသာပြန်သူ​က​ Wolfenheim​ ဖြစ်ပါတယ်။ File size…(1.3 GB)/(780 MB)/(380 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:25:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Wolfenheim

Drama
6.2 2023 85 mins
Dark Nature
Confession
4.3

ဒီတစ်ခေါက်မှာတော့ ပူပူနွေးနွေး ထွက်ရှိလာတဲ့ မင်းသားကြီး So Ji Sub ပါဝင်ထားတဲ့ Confession ဆိုတဲ့ မှုခင်းကားလေး တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ ဇာတ်လမ်းအကျဉ်း ... ယူမင်ဟိုဟာ IT ကုမ္ပဏီတစ်ရဲ့ ဥက္ကဌဖြစ်ပြီး ဟိုတယ်အခန်းထဲမှာ မိန်းကလေးတစ်ယောက် အသတ်ခံရတဲ့အမှုမှာ အမှုစစ်တွေရဲ့ သံသယရှိသူ လည်းဖြစ်ပါတယ်။ ဒီအမှုမှာ ယူမင်ဟိုဘက်က ခုခံချေပေပးဖို့ ရှေ့နေလုပ်သက်တစ်လျှောက်လုံး တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေယန်းရှင်းအယ်က ယူမင်ဟိုရဲ့ ရှေ့နေဖြစ်လာခဲ့ပါတယ်။ ဟိုတယ်ခန်းထဲမှာ အသတ်ခံရတဲ့ ဂင်ဆယ်ဟီးက ယူမင်ဟိုနဲ့ ဘယ်လိုပတ်သက်မှုရှိနေမလဲ? ဒီလူသတ်မှုရဲ့ နောက်ကွယ်မှာ ဘယ်လိုကိစ္စတွေရှိနေမလဲ? တစ်ခါမှ အမှုမရှုံးဖူးသေးတဲ့ ရှေ့နေက အမှုသည်ကို ဒီတစ်ခါကော ကယ်တင်ပေးနိုင်ဦးမလား? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက် ကြည့်ရှုခံစားလိုက်ကြရအောင်ဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Estel က ရေးပေးထားပါတယ်။) File Size          : 1.5GB, 473MB, 234MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 45mins Genre              : Crime, Mystery, Thriller Translated by Estel & Miri Encoded by Kinnov

Horror • Thriller
4.3 2022 81 mins
Confession
Be Cool
5.6

ဂျွန်ထရာဗိုသာနဲ့ အူမာသာမန်းတို့လို ဝါရင့်တွေပါဝင်ထားတဲ့ဇာတ်ကားပါ။ ငွေတိုးချေးပြီးရင် ဂိုဏ်းစတားဆန်ဆန် အကြွေးလိုက်တောင်းရတဲ့ အလုပ်ကို စိတ်ကုန်လို့ ရုပ်ရှင်လောကထဲဝင်ပြီး ထုတ်လုပ်သူလုပ်ခဲ့တဲ့ ချီလီပါးလ်မား (John Travolta) တစ်ယောက် ကြာလာတော့ ရုပ်ရှင်လုပ်ငန်းကို စိတ်ကုန်လာလို့ အလုပ်ဟောင်းဆီပဲပြန်သွားရမလား တွေးနေမိပါတယ်။ ဘာလို့လဲဆိုတော့ အရင်တုန်းကမှ “မရိုးသားတဲ့အလုပ်ကို ရိုးရိုးသားသားလုပ်နိုင်သေးလို့” ပါတဲ့။ ဒါပေမဲ့ သူစိတ်ဝင်စားသွားတာက ဂီတလောကပါ။ တကယ်ပါရမီရှိတဲ့ အဆိုတော်ဖြစ်ချင်သူ လင်ဒါမွန်း ဆိုတဲ့ မိန်းမငယ်လေးတစ်ယောက်နဲ့ ဆုံလိုက်ရတဲ့အခါ သူ့ကိုကြယ်တစ်ပွင့်ဖြစ်တဲ့အထိ မြေတောင်မြှောက်ပေးဖို့ ချီလီ ဆုံးဖြတ်လိုက်ပါတော့တယ်။ ဒါပေမဲ့ လင်ဒါ့မှာ တဖက်သတ်ချုပ်ဆိုခံထားရတဲ့ သဘောတူစာချုပ်က ရှိနေတယ်။ သူ့ကိုချုပ်ကိုင်ထားကြသူတွေက မန်နေဂျာလိုလို ထုတ်လုပ်သူလိုလိုနဲ့ ဂီတလောကမှာ ဖြတ်စားလျှပ်စားလုပ်နေတဲ့ သူတွေပေါ့။ တဖက်မှာလည်း ချီလီ ရဲ့သူငယ်ချင်း လူရှုပ်တစ်ယောက်က ရုရှားမာဖီးယားတွေနဲ့ငြိလို့ ပစ်သတ်ခံလိုက်ရချိန်မှာ သူငယ်ချင်းရဲ့ဇနီး မုဆိုးမလှလှလေးက သူ့ရဲ့တေးသံသွင်းလုပ်ငန်းမှာ အကြွေးတွေဗရပွေနဲ့ ကျန်ရစ်ခဲ့ရှာတာကို ကူညီပေးဖို့ကလည်း ရှိနေသေးတယ်။ အာဖရိကန်-အမေရိကန် (ဇာတ်ကားထဲမှာသူတို့ကို လူမည်းလို့ပြောရင် ပစ်မှာမို့လို့) လူမိုက်တပည့်တွေတပြုံကြီးခြံရံပြီးတော့ သူထုတ်လုပ်တဲ့အခွေတွေကို နည်းလမ်းမျိုးစုံနဲ့ ပေါက်အောင်လုပ်တတ်တဲ့ MBA ဘွဲ့ရ ဂိုဏ်းစတားသူ‌ဌေးကြီးတစ်ယောက်ကလည်း တစခန်းထလာသေးတယ်။ လင်ဒါ ရဲ့မန်နေဂျာဆိုတဲ့ဘဲက လူဖြူဖြစ်လျက်နဲ့ သူ့ကိုယ်သူ အာဖရိကန်-အမေရိကန် Gangsta Rapper လို့ထင်နေတဲ့သူ။ သူ့ဘေးမှာ သက်တော်စောင့်လုပ်ခိုင်းထားတာကတော့ ဆမိုအာကျွန်းသား ရုပ်ရှင်ရူးရူးနေတဲ့ Dwayne Johnson ကြီးပါပဲ။ ဟုတ်ကဲ့ အဲဒီတုန်းကတော့ the Rock လို့ဖြစ်မလာသေးဘူးပေါ့ဗျာ။ သူက ဂေးလည်းဂေးနေသေးတာတဲ့ (ဇာတ်လမ်းထဲမှာပြောပါတယ်)။ ဒါပေမဲ့‌ ဂေးတယ်ပြောရင် ရန်ရှာသေးတာ။ သူတို့တွေနဲ့ ချီလီပါးလ်မား တို့ ထွေးလုံးရစ်ပတ် အသောဇာတ်ကိုကပြကြတဲ့ Be Cool ဆိုတဲ့ ဒီဇာတ်ကားကို ခံစားကြည့်ကြပါ လို့။ 1995 မှာ ရုံတင်ခဲ့တဲ့ Get Shorty ဇာတ်ကားရဲ့ sequel အဖြစ်ထွက်ရှိလာခဲ့တဲ့ မှုခင်း ဟာသ ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။ ပထမကားကိုကြည့်ဖူးရင် ပိုပြီးအရသာရှိပါလိမ့်မယ်။ ဒီကားကို အရင် စကြည့်ရတာဆိုရင်လည်း ပထမကားကိုကြည့်ချင်စိတ်ပေါက်လာမှာ သေချာပါတယ်။ Ratingအရ ပထမကားလောက် မကောင်းဘူးလား‌လို့ ထင်စရာရှိတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ ဒီကားကပိုကောင်းတယ်ပဲထင်မိတယ်။ soundtracks တွေကလည်း ဇာတ်ကားကြည့်ပြီးရင် Googleမှာရှာပြီး နားထောင်ချင်စရာကောင်းတယ်။ ဂန္ဓဝင်တီးဝိုင်းအဖွဲ့ဖြစ်တဲ့ Aerosmith နဲ့ ပင်တိုင်အဆိုကျော် စတီဗင်တိုင်လာတို့ကလည်း ဇာတ်ပို့အနေနဲ့ ပါဝင်ထားကြပါသေးတယ်။ Moana ဇာတ်ကားမှာ မာဝီ ကတဲ့အကမျိုး the Rock ကြီး လူကိုယ်တိုင် နုစဉ်အချိန်က ဇာတ်ရံအနေနဲ့ ကပြခဲ့ရတာကိုလည်း ရှုစားရမှာပါ။ ကြည့်ရတာတန်တဲ့ အပန်းပြေမယ့်ဇာတ်ကားတစ်ကားဖြစ်ကြောင်း ပြောပါရစေ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Thaman Myint မှ တင်ဆက်ထားပါတယ်။)

Drama
5.6 2005
Be Cool
Kelly’s Heroes
7.6

Kelly’s Heroes (1970) ~ IMDb – 7.6/10, Rotten Tomatoes – 78%~ စစ်ကားဗျ စစ်ကား… စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.4GB, 791MB Quality – 1080p, 720p, 480p IMDb Rating – 7.6/10 Format – mp4 Duration – 2H 24Min Genre – Adventure, Comedy, War Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 1970 144 mins
Kelly’s Heroes
Under Her Control
4.8

Under her control / La Jefa (2022) (18+ Warning, အဖော်အချွတ် အခန်းတွေ လိင်ဆက်ဆံခန်းတွေ ကြမ်းတမ်းတဲ့စကားအသုံးအနှုန်းတွေ ပါဝင်တာမို့ မိသားစုနှင့်အတူ ကြည့်ရန် မသင့်တော်ပါ) ၂၀၂၂ ခုနှစ်မှာ Netflix ကနေ ထွက်ရှိလာတဲ့ စပိန်စကားပြော ဇာတ်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Netflix ကနေ ထွက်ရှိလာတဲ့ ဥရောပ ဇာတ်ကားတွေဟာ အဆင့်အတန်းတစ်ခုအထိ ရှိတာမို့လို့ ကြည့်ရှု့ရကျိုး နပ်စေမှာပါ ဆိုဖီယာ ရည်မှန်းချက်ကြီးမားတဲ့ ကောင်မ‌လေးတစ်ယောက်ပါ။ ရည်းစားဖြစ်သူ နာချိုနဲ့ အတူ စပိန်မှာ လာရောက်နေထိုင်ရင်း ဘဝကို စွန့်စားလိုသူပါ။ သူ့ရည်းစားဖြစ်သူ နာချိုကတော့ မွေးရပ်မြေကို ပြန်ပြီး သာမန်အေးဆေးတဲ့ဘဝမှာ နေထိုင်ချင်ပေမယ့် ဆိုဖီယာ့အလိုလိုက်ပြီး ဆက်နေနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဆိုဖီယာ အရမ်းကို လုပ်ကိုင်ချင်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရခဲ့ပါတယ်။ အထက်လူကြီး ဖြစ်သူ ဘီယက်ထရစ်ဇ် ဆီကနေ သင်ယူစရာတွေ များပြားလွန်းတဲ့အတွက် အလုပ်ကို ပျော်ပျော်ကြီးလုပ်ကိုင်နေခဲ့ပါတယ်။ အလုပ်ကိုပဲ အချိန်ပေးလွန်းတဲ့အတွက် နာချိုနှင့် အဆင်မပြေဖြစ်လာပါတော့တယ်။ သို့သော် သမီးဖြစ်သူကို အချိန်ပေးဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကို အလုပ်ထုတ်လိုက်တာကို ဆိုဖီယာတွေ့လိုက်ရပါတယ်။ ထိုအချိန်မှာ ဆိုဖီယာ့ဆီမှာ ကိုယ်ဝန်ရှိနေတာမို့ အလုပ်ထုတ်ခံရမှာ ကြောက်နေပါတော့တယ်။ ထိုအ‌ကြောင်းကို ဘီယက်ထရစ်ဇ် သိသွားပြီး ဘယ်သူ့ကိုမှ အသိမပေးဘဲ ဆိုဖီယာ့ကို ကလေးမွေးခိုင်းပြီး သူကတော့ ကလေးကို မွေးစားဖို့ လုပ်ပါတော့တယ်။ ဒါပေမယ့် ရည်းစားဖြစ်သူ နာချိုမှ သံသယဝင်ပြီး လိုက်လံစုံစမ်းရာမှာတော့…. အချိုးအကွေ့အလှည့်အပြောင်းများနှင့် ကြည့်ရှု့လို့ကောင်းတဲ့ ဒရာမာဇာတ်ကားကောင်းလေးဖြစ်တာမို့ လက်မလွတ်တမ်းကြည့်ရှု့လိုက်ကြပါဦး အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p | 480p File size… 1.2GB | 702MB | 404MB Format… mp4 Duration…. 1b 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. August

Action • Adventure • Science Fiction
4.8 2022
Under Her Control
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
Torque

Torque (2004) Genre – Action, Crime, Comedy ၂၀၀၀ ကျော်ခုနှစ်တွေမှာ Fast & Furious လို ပြိုင်ကားတွေ စထွက်ပြီး နာမည်ကြီးလာတဲ့အချိန် ကျွန်တော်တို့က ရန်ကုန်ကမဟုတ်တော့ ဆိုင်ကယ်ကို ပိုပြီး ရူးသွပ်ကြတာပေါ့။ အဲဒီအချိန်မှာ MI2 ထဲက တွမ်ခရုကြီး နောက်ဆုံးခန်း ဆိုင်ကယ်ကြီးနဲ့ အလန်းတွေ လုပ်ပြခဲ့တာကို ကြွေနေရတာပေါ့။ ဒီလိုနဲ့ ဒီကားလေးကို ၆ တန်း ၇ တန်းလောက်မှာ ကြည့်ခဲ့ရတယ်ထင်တယ် ပြိုင်ကားအက်ရှင်တွေကြား ဆိုင်ကယ်ဦးစားပေး အက်ရှင်ကားလေး ဖြစ်နေတော့ ထူးခြားတာကိုး။ အခုခေတ်အနေနဲ့တော့ မပြောနဲ့ပေါ့နော် ဒီတုန်းကတော့ Rating တွေလည်း မသိဘူး ဆိုင်ကယ်တွေစီး စတန့်တွေပြ တိုက်ခိုက်ကြဆိုတော့ မှတ်မှတ်ရရနဲ့ ကြည့်ပြီး ကြိုက်ခဲ့ရတာပေါ့။ ဒါနဲ့အခုကျ မြန်မာစာတန်းထိုးလေး ရှိမလားဆိုပြီး ရှာကြည့်တော့ မရှိတာနဲ့ ကိုယ်တိုင်ပဲတောင်းဆိုပြီး ကိုယ်တိုင်ပြန်တင်ဆက်ပေးလိုက်ရပါတယ်။ ငယ်ဘဝတုန်းက ကျွန်တော်တို့လိုမျိုး ကြည့်ပြီး အမှတ်တရဖြစ်နေမယ့်လူတွေလည်း ရှိချင်ရှိလောက်မယ် မရှိကြလည်း လွန်ခဲ့တဲ့ အနှစ် ၂၀ တုန်းက ရုပ်ရှင်ဆိုတော့ ခုခေတ်ပေတံနဲ့ ယှဉ်မယ်ဆို နည်းနည်းတော့ လိုတာတွေ ရှိပါလိမ့်မယ်။ နာမည်ကျော် ရပ်ပါမင်းသားကြီး Ice Cube လည်း ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဖော့ဒ်ဆိုတဲ့ Biker ဘဲက ထိုင်းမှာ ၆ လလောက်ပျောက်ပြီး အမေရိကား ပြန်ရောက်လာတယ်။ အရင် ၆ လတုန်းက ဆိုင်ကယ်ခိုးတယ်ဆိုပြီး ကောင်မလေးဖြစ်သူရဲ့ဆိုင်လည်း ဖမ်းခံရ ပိုင်ရှင်ကလည်း လိုက်ဖမ်းပြီး ကိုင်ချင်နေတာမျိုးကိုး။ ဒီလိုနဲ့ ပြန်ရောက်လာတဲ့အချိန် ဆိုင်ကယ်ပိုင်ရှင် ဟင်နရီဆိုတဲ့ ဂိုဏ်းခေါင်းဆောင်က သူ့ဘီးကို ပြန်လိုချင်တော့ ဖော့ဒ်ကို ပစ်မှတ်ထားတာပေါ့ တကယ်တမ်းတော့ ဒီလူက ဆိုင်ကယ်အဓိက ပြန်လိုချင်တာမဟုတ်ပဲ ဆိုင်ကယ်ထဲက မူးယစ်ဆေးတွေ ဖြစ်နေတာ။ ဖော့ဒ်နောက်ကို လိုက်နေတာက ဒီလူတင်မကပဲ FBI ကလည်း ပါနေတယ် နောက်ပြီး လူမည်းဆိုင်ကယ်ဂိုဏ်းခေါင်းဆောင်ရဲ့ ညီဖြစ်သူကိုလည်း သတ်တာပါဆိုပြီး ထိုးကျွေးခံရတော့ ဒီလူမည်းခေါင်းဆောင်ကလည်း နောက်ကလိုက်သတ်တယ်။ ဒီလိုတစ်အုပ်တစ်မကြီး နောက်ကလိုက်တာကို ခံပြီး သပွတ်အူလို အရှုပ်ကြီးကို ဖော့ဒ်တစ်ယောက် ကောင်မလေးဖြစ်သူ ဘော်ဒါဖြစ်သူတွေနဲ့ ဘယ်လို စာရင်းရှင်းမလဲဆိုတာ ကြည့်ရမှာပါ။ ဇာတ်လမ်းကတော့ အရမ်းမဟုတ်ပေမဲ့ ဆိုင်ကယ်အက်ရှင်လေးတွေနဲ့ ကြည့်ပျော်ရှုပျော် ဖြစ်မယ့်ကားလေးဆိုတော့ ငယ်ဘဝ အမှတ်တရ တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ File size… 1.3 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 24m Genre ….. Comedy/Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

0 2004
Torque
Blackout
5.6

Werewolf ခေါ် သမန်းဝံပုလွေဇာတ်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် Blackout ဆိုတဲ့ ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 5.6 ရရှိထားပြီးတခြားရှယ်ကြမ်းတဲ့ ဇာတ်ကားကြီးတွေနဲ့မနှိုင်းယှဉ်ပဲနဲ့ဒီအတိုင်းပေါ့ပေါ့ပါး ပါးလေးကြည့်မယ်ဆိုရင်ကြည့်လို့အဆင်ပြေမဲ့ဇာတ်ကားလေး ဖြစ်ပါတယ်။ ဇာတ်ကားရဲ့အစမှာတော့ လူငယ်စုံတွဲလေးနှစ်ယောက် လရောင်အောက်က လယ်ကွင်းထဲမှာ ရိုမန့်တစ်ဆန်ဆန် မူစကူဒူးနေကြတာကို တွေ့ရမှာဖြစ်ပြီး ရိုချင်လွန်းတဲ့ စုံတွဲကိုဘာမှန်းမသိတဲ့ အရာကြီးတစ်ခုက လာကိစ္စချော ပေးသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ အဲ့ဒီနယ်မြို့လေးမှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်ကုန်ကြပြီး ပဲလှော်ကြားဆားညှပ် သွားတဲ့သူကတော့ အဲ့ဒီနယ်မြို့မှာ အလုပ်လာလုပ်တဲ့ မက္ကဆီကန် ရွှေ့ပြောင်း အလုပ်သမားခေါင်းဆောင်မီဂဲလ်ပဲ ဖြစ်ပါတော့တယ်။ဒါပေမယ့် ကံကောင်းတာက သူ့မှာသူ့အပေါ် အရမ်းကောင်းတဲ့ လူဖြူသူငယ်ချင်းတစ်ယောက်ရှိနေတာပါပဲ။ အဲ့ဒီသူငယ်ချင်းရဲ့ နာမည်ကချာလီဖြစ်ပြီး ချာလီ့ယောက္ခမကြီး ကတော့ မီဂဲလ်ကိုဘလိုင်းကြီး ကြိတ်မုန်းနေတဲ့ မြို့တော်ဝန် ယောင်ယောင် ဘိုးတော်ပဲဖြစ်ပါတယ်။ဒီလိုနဲ့ပဲ အဲ့ဒီမြို့လေးမှာ ရက်ရက်စက်စက် လူသတ်မှုတွေဆက်ဖြစ် မြို့တော်ဝန်ရူးက မီဂဲလ်ကိုစွပ်စွဲ မီဂဲလ်ကိုချာလီကကာကွယ်ပေးရင်းနဲ့ သပွတ်အူတွေလိုက်ရင်း နောက်ဆုံးမှာ တကယ့်လူသတ်တရားခံက သူတို့ထင်ထားသလို ဖြစ်မနေတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုစိတ်လှုပ်ရှားစရာကောင်းစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…2.38GB / 1.02GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 44m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.6 2023 107 mins
Blackout
Zara Hatke Zara Bachke
6

Zara Hatke Zara Bachke (2023) အိမ်ကလေးတစ်အိမ် IMDb – 6.5/10 ဒီနေ့မှာတော့ ဘောလီးဝုဒ်ရဲ့ ထိပ်တန်းနာမည်ကြီး မင်းသားမင်းသမီးတွေနဲ့ ဇာတ်ကားကောင်းတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ castတွေကတော့ ဆာရာအလီခန်းနဲ့ ဗစ်ကီတို့ဆိုတော့ ထွေထွေထူးထူး မိတ်ဆက်ပေးစရာမလိုလောက်တော့ပါဘူး။ တခြားနာမည်ကြီးcastတွေလည်း ပါတဲ့အပြင် ဆုတွေလည်းရထားတဲ့ ဇာတ်ကားမို့ သေချာပေါက်ကြည့်ရှုရမယ့်ကားလေးပါ။ ဒါ့အပြင် ဘတ်ဂျက် ၄၀ကုဋေသုံးထားတာကို Box office ၁၁၆ ကုဋေ ပြန်ရထားတဲ့ဇာတ်ကားလေးပါ။ ကာပူနဲ့ ဆိုမူယာတို့ဟာ မိဘတွေအိမ်မှာနေကြတဲ့ဇနီးမောင်နှံပါ။ တစ်ရက်တော့ နေစရာအိမ်မရှိလို့ သူတို့အိမ်ပေါ်တက်လာတဲ့ ဦးလေးနဲ့အဒေါ်ဖြစ်သူကြောင့် သူတို့အခန်းကိုပေးလိုက်ရပြီး ဧည့်ခန်းမှာ အိပ်ဖို့ဖြစ်လာခဲ့တယ်။ ပြီးရင်လုပ်သမျှ အပြစ်ပြောနေတဲ့ ယောက်ျားရဲ့ အဒေါ်ဖြစ်သူကြောင့် ဆိုမူယာဟာ စိတ်ကျဥ်းကျပ်နေခဲ့ပါတယ်။ ကျောင်းဆရာမ ဆိုမူယာ နဲ့ ယောဂဆရာကာပူတို့ဟာ ရသမျှ ငွေလေးနဲ့ ကွန်ဒိုဝယ်ဖို့လုပ်တော့လည်း ဘတ်ဂျက်နဲ့ မကိုက်ပြန်ပါဘူး။ ဒီလိုနဲ့အလုပ်ကနေ ပြည်သူ့အိမ်ရာစီမံကိန်းအကြောင်း ကြားလာတဲ့ဆိုမူယာဟာ ယောက်ျားကို အဲဒီမှာ အိမ်ဝယ်ဖို့ တိုက်တွန်းတော့တယ်။ ဒါပေမဲ့ယောက်ျားဖြစ်သူကတော့ အိမ်မဝယ်ဘဲ မိဘအိမ်မှာပဲ ဆက်နေချင်နေပါတယ်။ ဒီလိုနဲ့ သဘောထားမကိုက်ကြတဲ့နှစ်ယောက်သား အဆင်ပြေသွားမလား။ သူတို့ရဲ့အိပ်မက်အတိုင်း အိမ်ပိုင်လေးရှိလာမှာလား။ ဘာပြဿနာတွေ ကြုံလာမှာလဲဆိုတာကို အိမ်ထောင်ရေးမှာ ကြုံရတတ်တဲ့ တကယ့်ဖြစ်ရပ်တွေနဲ့အတူ ဒီကားလေးမှာ စောင့်ကြည့်ပေကြပါဦး (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

Drama • Action • Thriller • War
6 2023
Zara Hatke Zara Bachke
A ’90s Christmas
6

ပစ္စုပ္ပန်မှာရှင်သန်နေရတဲ့လူသားတွေဟာ အတိတ်ကိုရော အနာဂတ်ကိုပါပြောင်းလဲပြင်ဆင်လိုမရပါဘူး။ မိသားစုဝင်တွေနဲ့ရော သူငယ်ချင်းတွေနဲ့ပါအဆက်အသွယ်ဖြတ်ပြီး အလုပ်တွေပဲဖိလုပ်နေတဲ့ ရှေ့နေမလေးလူစီကတော့ ၂၀၂၄ ခရစ္စမတ်မှာ အတိတ်ကိုပြင်ဆင်ပြီး အနာဂတ်ကိုပြောင်းလဲဖို အခွင့်အရေးတစ်ခုရခဲ့ပါတယ်။ ထူးဆန်းတဲ့တက္ကစီတစီးကြောင့် လူစီဟာ ဘဝရဲ့အရေးပါတဲ့ အချိုးအကွေ့တွေဖြစ်ခဲ့တဲ့ ၁၉၉၉ ခုနှစ်ခရစ္စမတ်ကို ပြန်ရောက် သွားခဲ့ပါတယ်။ ဖခင်ဆုံးပါးပြီးခါစ ပူဆွေးသောကရောက်နေတဲ့ မိသားစုကို သူလုပ်ခဲ့ဖူးသလို ထပ်ချန်ထားခဲ့ဦးမှာလား ဒါမှမဟုတ် မိသားစုဝင်တွေကိုဖေးမကူညီပေးသွားမှာလား။ သူငယ်ချင်းမတ်တီကို ခံစားချက်တွေဖွင့်မပြောဘဲ နေရာသစ် တစ်ခုကိုတစ်ကိုယ်တည်းပြောင်းရွှေ့လာဦးမှာလား ဒါမှမဟုတ် မတ်တီနဲ့ချစ်သူတွေဖြစ်ပြီး ကျောင်းအတူတူတက်ကြမှာလား။ အချစ်ဆုံးသူငယ်ချင်းနေဒင်းနဲ့သူစိမ်းတွေဖြစ်လာဦးမှာလား ဒါမှမဟုတ် တစ်သက်လုံးအချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်နေကြမှာလား။ လူစီဟာ အတိတ်ကိုပြင်ဆင်ခွင့်ရခဲ့ပေမယ့် ဆယ်စုနှစ်ပေါင်းများစွာ သူကြိုးစားခဲ့ရတဲ့ဘဝကိုပြောင်းလဲပစ်ဖို ခဲရာခဲဆစ်ရွေးချယ်မှုတွေ လုပ်ရပုံကို A 90s Christmas မှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size… (1.33GB) / (758MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 30m Genre ….. Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

6 2024 84 mins
A ’90s Christmas
407 Dark Flight

သရဲတစ္ဆေဇာတ်လမ်းတွေဆိုရင် အထူးပိုင်နိုင်ကျွမ်းကျင်တဲ့ အရှေ့တောင်အာရှနိုင်ငံများထဲကမှ ထိုင်းနိုင်ငံရဲ့ ၂၀၁၂ ခုနှစ်ထွက် ရုပ်ရှင်ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က သဘာဝလွန်ဖြစ်ရပ်ဆန်းတွေကြောင့် လေယာဉ်ပေါ်လိုက်ပါသူအားလုံး သေဆုံးခဲ့တဲ့ ဖြစ်ရပ်တွေ ကြုံတွေ့ခဲ့ရတဲ့ SA-407 လေယာဉ်ကြီးနောက်ကွယ်က အကြောင်းအရာကိုမဖော်ထုတ်ခဲ့နိုင်ခဲ့ပေမယ့် လေကြောင်းလိုင်းအနေနဲ့ ထိုလေယာဉ်ကြီးကို ပြန်လည်ပြင်ဆင်ဆေးမှုတ်ပြီး ပျံသန်းနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ အောက်စီဂျင်ပြတ်လပ်မှုကြောင့် ခရီးသည်တွေ ထင်ယောင်ထင်မှားဖြစ်ပြီး ထူးဆန်းတာတွေ မြင်တွေ့ခဲ့ရတယ်လို့ ယူဆပြီး ယခုတစ်ကြိမ်မှာ ဘယ်လိုဖြစ်ရပ်ဆိုးမှ ပေါ်ပေါက်လာနိုင်စရာအကြောင်းမရှိဘူးလို့ ယုံကြည်နေခဲ့ကြပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်က ဖြစ်ရပ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ လေယာဉ်မယ်ဖြစ်သူ နယူးအတွက်တော့ ဒီလေယာဉ်ကြီးပေါ်ကို ပြန်ရောက်ခဲ့ပြီး ကံကြမ္မာလှည်းဘီး တစ်ပတ်ပြန်လည်ဖို့ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ကို အပြီးသတ်ပြင်ဆင်ပေးနေတဲ့ နယူးရဲ့ချစ်သူ ဘန့်ခ်တစ်ယောက် ကုန်သိုလှောင်ခန်းထဲမှာ စစ်ဆေးနေတုန်း အပြင်ထွက်မရဘဲ လေယာဉ်ပေါ်မှာ ပါလာခဲ့ပါတယ်။ လေယာဉ်မောင်းနှင်ပြီး မကြာခင်မှာပဲ လေယာဉ်တွင်းအောက်ဆီဂျင် ထိုးကျလာပြီးတော့ ခရီးသည်တွေအတွက် သေရေးရှင်ရေး အခြေအနေဖြစ်လာခဲ့ပါတယ်။ လေယာဉ်မှူးအခန်းကိုလည်း ဆက်သွယ်မရ၊ ဝင်မရဖြစ်နေတာကြောင့် ခရီးသည်တွေကို ကယ်တင်ပေးဖို့တာဝန်က လေယာဉ်မယ်ခေါင်းဆောင်ဖြစ်တဲ့ နယူးနဲ့ ဘန့်ခ်တို့ ပခုံးပေါ် ကျရောက်လာခဲ့ပါတယ်။ ခြောက်ခြားစရာတွေကို တစ်ယောက်စ နှစ်ယောက်စ ကြုံတွေ့လာခဲ့ရတာကနေစပြီး ခရီးသည်တွေကို သရဲစတင်ပူးကပ်လာရာကနေတစ်ဆင့် အချင်းချင်းထင်ယောင်ထင်မှားနဲ့ တစ်ယောက်ကိုတစ်ယောက် မယုံကြည်ရဲတဲ့အခြေအနေတွေ ဖြစ်လာခဲ့ပါတယ်။ လေယာဉ်ပေါ်မှာ စီးနင်းလိုက်ပါလာကြတဲ့ လူအမျိုးမျိုး၊ စိတ်အထွေထွေ တို့ရဲ့ တစ်ကိုယ်ကောင်းဆန်မှု နဲ့ စွန့်လွှတ်အနစ်နာခံမှု ရဲရင့်မှု နဲ့ သူရဲဘောကြောင်မှု အမုန်းတရား နဲ့ ချစ်ခြင်းမေတ္တာစတဲ့ ခံစားချက်တွေ လွန်ဆွဲကြပုံကို ဒီခြောက်ခြားဖွယ်ခရီးစဉ်တစ်ခုတည်းမှာ ရောပြွန်းခြယ်သထားတဲ့ ဇာတ်ကားလေးကို CM ကနေ ပရိသတ်ကြီးအတွက် တင်ဆင်ပေးလိုက်ပါတယ်။ File size… 2.8 GB, 1.1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Horror, Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Action • Drama
0 2012 105 mins
407 Dark Flight
Gran Torino
8.1

Gran Torino (2008) IMDb Rating (8.1) / Rotten Tomatoes (81%) Top Rated Movies #162 ကျွန်တော်ဟာ ရုပ်ရှင်အညွှန်းရေးတဲ့ဆရာတွေရေးသားတဲ့ ဒါရိုက်တာအကြောင်းတွေလိုက်ဖတ်စဉ်ကထဲက ဒါရိုက်တာ Clint Eastwood ကို သတိထားမိခဲ့ပါတယ်။ သူ့လက်ရာတွေကြည့်သင့်တဲ့စာရင်းထဲထည့်ထားပေမယ့် Million dollar baby ဆိုတဲ့ဇာတ်ကားကိုမှ စကြည့်ဖူးခဲ့တယ်။ သူ့ဘယ်လောက်တော်ကြောင်းညွှန်းဆိုမပြတတ်ပေမယ့် ခေတ်လူငယ်ပီပီ ဒီဘဲကြီးက ဂျလန်းကြီးဟလို့တော့ ရေရွတ်မိခဲ့ပါတယ်။ ကြမ်းဆို Clint Eastwood ဆိုတာကလဲ အရင်ခေတ်က ဟောလိဝုဒ်ရဲ့ ကျော်ဟိန်းလို နာမည်ကြီးခဲ့တဲ့ လျှမ်းလျှမ်းတောက်မင်းသားကြီးကိုး။ The Good, the Bad and the Ugly (1966) လိုဂန္တဝင်ရုပ်ရှင်ကားကြီးတွေထဲက မင်းသားဆိုတော့လဲ ယနေ့ထိတိုင် လွှမ်းမိုးနိုင်စွမ်းကြီးမားတဲ့ အနုပညာရှင်ပါ။ မင်းသားကနေ ဒါရိုက်တာလုပ်ပြီး ရုပ်ရှင်တွေရိုက်တော့လဲ အလန်းတွေရိုက်ထားတာပါပဲ။ သူ့ရဲ့ ဒီကား Gran Torino (2008) ရုပ်ရှင်ကားရဲ့ပိုစတာကိုကြည့်မိတော့ ကားတစ်စီးနဲ့သေနတ်ကိုင်ပြီး မှုန်ကုတ်ကုတ်မျက်နှာပေးနဲ့မတ်တပ်ရပ်ထားတဲ့ပုံနဲ့ ဇာတ်လမ်းအကျဉ်း ရေးထားတာကလည်း ဘာမှသိပ်ပြီးစွဲမက်စရာမရှိသလိုလို….။ ဒါပေမယ့် Top IMDb စာရင်းထဲပါနေတာရော Rotten မှာလည်း အတော်လေးကောင်းနေပြန်တော့ ဘာသာပြန်ပြီးကြည့်မိတယ်ဆိုပါတော့…။ ဒီကားမှာ သူကိုယ်တိုင်ပဲ အဓိကသရုပ်ဆောင်နေရာကနေပါဝင်ထားပါတယ်။ ဇာတ်လမ်းအစမှာ သူဟာ ခန်းမတစ်ခုထဲမှာ မတ်တပ်ရပ်နေတယ်။ သူ့မိန်းမရဲ့ အသုဘ အခမ်းအနား လာရောက်တဲ့သူတွေကိုသူကြည့်နေတဲ့ပုံက ခက်ထန်မာကြောမှုအပြည့်နဲ့ သူ့သားတွေ မြေးတွေနဲ့ မိတ်ဆွေအများစုတစ်ဖွဲဖွဲရောက်လာတယ်။ သူ့မျက်လုံးတွေဟာ ဇနီးဆုံးလို့ ဝမ်းနည်းတဲ့အရိပ်အယောင်အစား မြေးတွေရဲ့ အပြုအမူတွေကို ဒေါသထွက်နေတဲ့ပုံပဲ သူဟာ စကားတွေကိုလည်း အမြင်ကိုအမြင်အတိုင်း ငဲ့ကွက်ခြင်းမရှိဘဲဒဲ့ဒိုးပြောဆိုတတ်တဲ့သူ. သူ့စရိုက်ကြောင့် သားသမီးတွေမြေးတွေကလည်း သူနဲ့ဆိုစကားပြောရမှာတောင် ဝန်လေးနေတယ်။ ဒီလိုနဲ့ ကမောက်ကမ သူ့ရဲ့ပတ်ဝန်းကျင်ကို နိုင်ငံခြားသားမိသားစုတွေပြောင်းလာတယ်။ ဒီကားဟာ ဘီကီနီဝတ်အလှတွေမပါသလို ခပ်မိုက်မိုက်အက်ရှင်ခန်းတွေ လည်းမပါပါဘူး။ သို့ပေမယ့် ခင်ဗျားကိုဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တဲ့အပြင် ခင်ဗျားရဲ့နှလုံးသားကိုလည်းအရောင်အမျိုးမျိုးနဲ့ခပ်ကြမ်းကြမ်းဖြန်းပက်သွားလိမ့်မယ်။ သေချာတယ် ခင်ဗျားတို့လည်း ဒီကားကြည့်ပြီးရင် ကျွန်တော့်လို ဒီဘဲကြီးက ဂျလန်းကြီးဟလို့ရေရွတ်မိလိမ့်မယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Crystal Win မှတင်ဆက်ထားပါတယ်။)

Comedy • Drama
8.1 2008 116 mins
Gran Torino
Mighty Joe Young

Charlize Theron ခေါင်းဆောင်ပါဝင်ထားတဲ့ 90s family ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ကလေးမလေး Jill Young ဟာ နို့တိုက်သတ္တဝါတွေကို လေ့လာနေတဲ့ သတ္တဇီဝပညာရှင် မိခင်ဖြစ်သူ Ruth Young နဲ့အတူ အာဖရိက တောတောင်ထဲမှာ ဂေါ်ရီလာမျောက်ဝံမျိုးစိတ်တွေကို လေ့လာနေတာပါ။ တစ်ညမှာတိရစ္ဆာန်တွေကို တရားမဝင် အမဲခိုးလိုက်ပြီး ရောင်းစားတဲ့ အဖွဲ့တစ်ဖွဲ့က မျောက်ဝံလေး Joe နဲ့ သူ့မိခင် အနောက်ကို လိုက်ရင်း Joe ရဲ့ မိခင်နဲ့ Jill ရဲ့ မိခင် နှစ်ဦးစလုံး ဆုံးသွားခဲ့ပါတယ်။ တစ်ညထဲမှာပဲ မိဘမဲ့ ဖြစ်ခဲ့ရတဲ့ Joe နဲ့ Jill ဟာ အချင်းချင်း စောင့်ရှောက်ပြီး ကြီးလာကြပါတယ်။ တစ်ရက် California တိရစ္ဆာန်ထိန်းသိမ်းရေး စခန်းက Gregg O’Hara ဆိုတဲ့ ပညာရှင် တစ်ယောက်က ကျားသစ်တစ်ကောင်ရဲ့ သွေးနမူနာ ယူရင်း Joe နဲ့ အမှတ်မထင်တွေ့ခဲ့ပါတယ်။ သာမန် မျောက်ဝံတွေနဲ့ မတူဘဲ အဆမတန် ဧရာမကြီးထွားနေတဲ့ Joeကို တွေ့ခဲ့တဲ့အချိန် အံ့သြမှင်သက်ခဲ့ရပါတယ်။ Joe နောက်ကို လိုက်ရင်း Gregg တစ်ယောက် ဒုက္ခရောက်တော့မှာကို Jill က ကယ်တင်ပေးခဲ့ပါတယ်။ Gregg က Joe အတွက် သူအလုပ် လုပ်တဲ့ ကယ်လီဖိုးနီးယားက တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းမှာ နေရာ တစ်နေရာ စီစဥ်ပေးမှာဖြစ်ကြောင်း၊ ဒီလိုတောင်ထဲမှာပဲ နေရင်းနဲ့ Joe ဟာ အမဲခိုးလိုက်သူတွေရဲ့ လက်စာမိသွားမှာ စိုးရိမ်ကြောင်း Jill ကို ပြောပြပါတယ်။ Jill ကလည်း သေချာ စဥ်းစားပြီးနောက်မှာ Joe နဲ့ အတူ California ကို ပြောင်းရွှေ့ဖို့ စီစဥ်ခဲ့ပါတယ်။ သူတို့ အစီအစဥ်အောင်မြင်ရဲ့လား ဘာတွေဆက်ဖြစ်မလဲ ဆိုတာ ရုပ်ရှင်ထဲမှာ ဆက်လက်ကြည့်ရှုပေးပါ။ Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Adventure, Family, Action, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Romance • Drama
0 1998
Mighty Joe Young
Mongrels
7.3

Mongrels (2024) **************** IMDb… 7.3 ဒီတစ်ခေါက်မှာတော့ Seattle International Film မှာ Best Director ဆုရခဲ့တဲ့ ကိုးရီးယားရုပ်ရှင်ကောင်းလေး တစ်ခုကို CM မှ ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဇနီးဖြစ်သူ ဆုံးပါးပြီးတဲ့နောက် အမဲလိုက်သမားအဖြစ်နဲ့ ကနေဒါကို ထွက်လာခဲ့တဲ့ အီဂွမ်ဆွန်းတို့ သားအဖသုံးယောက်အကြောင်းဖြစ်ပါတယ်။ စားဝတ်နေရေး ချောင်လည်ဖို့အတွက် တိုင်းတစ်ပါးကို ထွက်လာခဲ့ပေမဲ့ သူ့အလုပ်က တောရိုင်းခွေးတွေကို သတ်ပစ်တဲ့ အမဲလိုက်သမား ဖြစ်နေတဲ့အခါ အီဂွမ်ဆွန်းက သူ့သားနဲ့ သမီးအတွက် စံပြအဖေကောင်းတစ်ယောက်ဖြစ်နိုင်ပါ့မလား… မိသားစုဝင်သေဆုံးမှုအတွက် စိတ်ဒဏ်ရာကိုယ်စီ ရှိနေတဲ့ သားအဖတတွေဟာ ဒီစိတ်ဒဏ်ရာတွေကို ကိုင်တွယ်ပုံချင်းမတူကြတဲ့အခါ ဘယ်လိုကတောက်ကဆတွေ ပေါ်လာကြမလဲ… ဒီကြားထဲမှာမှ ရုတ်တရက် ကွာခြားသွားတဲ့ ယဉ်ကျေးမှုနဲ့ ဓလေ့တွေရယ် ဘယ်အရာမဆို သင်ယူစူးစမ်းလိုတဲ့အရွယ်ရောက်နေတဲ့ကလေးနှစ်ယောက်ရယ်ကြားမှာ အီဂွမ်ဆွန်း တစ်ဖြစ်လဲ ဆိုနီ ဘယ်လိုလွန်ဆွဲရမလဲဆိုတာကိုတော့ Mongrels 2024 ရုပ်ရှင်မှာ အတူတူကြည့်ရှုခံစားလိုက်ရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hazelle ပဲ ဖြစ်ပါတယ်။) File Size : 1.43GB/ 1.03GB Quality : WEB-DL 1080p 5.1CH/ 720p Format…mp4 Duration…1hr47m Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hazelle Encoded by Tiff

Drama
7.3 2024 106 mins
Mongrels