YoteShin Drive is below this article. Scroll down to view.

Google Pixel Watch brows and major functions

Author: Anonymous Published on: 12 Aug 2022

Google will announce the first smartwatch of the company called Pixel Watch on October 6. Before the introduction of the smartwatch, the photo and key features of the smartwatch were leaked. Black It will produce silver with gold and gold and can choose the colors such as Lemongrass, Olive, Red, Gray, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige, Beige and Green. The photos have been seen in the photo and crown. Google Pixel Watch: That Pic.twitter.com/jfeac8fkuj & mdash; Snoopytech (@_snoopytech_) October 2, 2022 You can wear up to 50 meters of water and protect against Gorilla Glass. Sleeping, The health features that measure heart rate will include Emergency Mode, Quick Pairing Buds and 6-month Fitbit Premium subscription. Other functions will include Maps for Wear OS, Google Assistant, Google Wallet, and Health BY Fitbit. Google will sell the minewriting for the pixel watch in the winter, and the smartwatch in the photo box shared by the Google News Telegram Channel. Sports Band, There are a USB-C Magnetic Charging Cable and Quick Start Guides. The pixel watch will be supported by Gmail and Google Calendar and the smartwatter's battery life will be used for a day. Wifi / Bluetooth edition is expected to set the LTE edition $ 399 for $ 399. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Terminator 3 Rise of the Machines 2003 1080p BluRay (CM).mp4

2.27 GB 1080p video/mp4 530 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ella Enchanted
6.4

Ella Enchanted (2004) ကဲ ဘာမှမကြည့်ရသေးခင် မင်းသမီးနဲ့တင် တန်တယ်ဆိုတဲ့ကား။ အဟောင်းကားလေးပေါ့။ Anne Hathaway ဆိုတာနဲ့ ညှို့အားပြင်းပြင်း၊ သရုပ်ဆောင်ကောင်းကောင်း အမေရိကန်မင်းသမီးကြီးကို ပြေးမြင်ကြမှာပါပဲ။ Rachel Getting Married (2008) မှာ ဆေးစွဲနေတဲ့ကောင်မလေးအဖြစ်ကို ကျွန်တော် သိပ်ကြိုက်ခဲ့ရတာ။ ဇာတ်ဆောင်မင်းသမီး အကယ်ဒမီဆု ဆန်ခါတင်စာရင်းဝင်သွားသေးတယ်ဗျ။ အဲဒီဇာတ်ကားနဲ့။ Alice in Wonderland (2010) မှာ သူ့နဲ့ပြန်တွေ့တော့ Fantasy ဇာတ်ရုပ်နဲ့လည်း မစိမ်းလှတာကို သတိထားမိတယ်။ အဲဒီမှာတင် အခုတင်ဆက်ပေးမယ့် Ella Enchanted (2004) ကို ပြန်ကြည့်မိတာ။ သူ့ကို အကြိုက်ဆုံးတွေကတော့ Interstellar (2014) နဲ့ Ocean's 8 (2018) ထဲမှာပဲ။ ဒီကားမှာ သူနဲ့ လက်တွဲညီညီ သရုပ်ဆောင်ခဲ့တာတော့ အင်္ဂလိပ်မင်းသားကြီး Hugh Dancy ပါပဲ။ ဒီဇာတ်ကားက အင်္ဂလန်၊ အမေရိကန် နဲ့ အိုင်ယာလန် ရုပ်ရှင်ကုမ္မဏီသုံးခု ပေါင်းရိုက်ခဲ့တာ။ ဒါပေမဲ့ Box Office မှာတော့ အရှုံးပေါ်ခဲ့တယ်။ ဇာတ်လမ်းကတော့ ဖရဲလ် မြို့လေးမှာမွေးတဲ့ အယ်လာ ကို သောက်တလွဲ အရက်သမား နတ်သမီးတစ်ပါးက ကပေါက်တိကပေါက်ချာ ဆုတစ်ခု ချီးမြှင့်သွားတာက စတာပဲ။ ကလေးကို နာခံတတ်တဲ့သူဖြစ်အောင် ဂါထာနဲ့ ပြုစားသွားတယ်။ အယ်လာ လေးက ဘယ်သူ ဘာပြောပြော မငြင်းဆန်နိုင်ပဲ လုပ်ပေးနေရရင်း အရွယ်ရောက်လာသတဲ့။ တိုင်းပြည်က လူထွားကြီးတွေ၊ နတ်သူငယ်တွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ ဟန်ချက်ညီညီစုပေါင်းနေထိုင်ခဲ့ကြဖူးတယ်။ ဒါပေမဲ့ ဘုရင်ကြီး နတ်ရွာစံအပြီး သူ့ညီနဲ့ ဘုရင်ကြီးသားတော်တို့လက်ထက်အရောက်မှာ ဘီလူးတွေကို နှင်ထုတ်၊ လူထွားကြီးတွေကို ခိုင်းစား၊ နတ်သူငယ်လေးတွေကို ဖျော်ဖြေရေးသမားလုပ်ခိုင်းပြီး လူသားတွေကြီးစိုးတဲ့အချိန်ပေါ့။ အယ်လာ ရဲ့ ဖခင်က နောက်အိမ်ထောင်ပြု၊ မိထွေးနဲ့ သမီးနှစ်ယောက်ပါလာ၊ စင်ဒရဲလားဇာတ်လည်း ပါသေးသဗျ။ မိထွေးကပါလာတဲ့ ညီအစ်မက အယ်လာ ရဲ့ အားနည်းချက်ကိုသိသွားတဲ့အခါမှာ အမျိုးမျိုးအနိုင်ကျင့်ခံရပါတော့တယ်။ တိုင်းပြည်အရှုပ်အထွေးကြားမှာ အယ်လာ တစ်ယောက် ကျိန်စာပြယ်အောင်လုပ်ရင်း ကြုံတွေ့ရပုံတွေကို ကြည့်ရှုရမှာပါ။ ဇာတ်လမ်း သုံးခုလောက်ကို ရောသမမွှေထားတဲ့ဟန်ပဲ‌ပြောပါတော့။ ကဲ ကျွန်တော်ပြောခဲ့သလိုပဲ။ မင်းသမီးနဲ့တင် ကြည့်ထိုက်နေပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.8GB, 1.05GB Quality - 1080p, 720p IMDb Rating - 6.3/10 Format - mp4 Duration - 1H 36Min Genre - Comedy, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy
6.4 2004 96 mins
Ella Enchanted
Phantom
5.8

(၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ် ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

TV Movie • Thriller
5.8 2013 99 mins
Phantom
Shiri
6.4

၁၉၉၉ ခုနှစ်မှာ ကိုရီးယားရဲ့ရုပ်ရှင်လောကကို အရွေ့တစ်ခုဖြစ်စေခဲ့တဲ့ Shiri ရုပ်ရှင်ကတော့ ဇာတ်လမ်းဇာတ်အိမ်ရော သရုပ်ဆောင်တွေရော ဘယ်နေရာမှလက်လွတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။ Dr. Romantic ဇာတ်လမ်းတွဲထဲက ဂင်ဆာဘူဇာတ်ရုပ်နဲ့ကျော်ကြားတဲ့ ၊ A Taxi Driver, Parasite စတဲ့ရုပ်ရှင်တွေနဲ့ လူတိုင်းအားပေးကြတဲ့ Song Kang Ho တို့အပြင် အခုခေတ်မှာ ပြိုင်စံရှားသရုပ်ဆောင်ကြီးတွေဖြစ်နေကြပြီဖြစ်တဲ့ Choi Min Sik, Kim Yunjin တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ မြောက်ကိုရီးယားက ဖွဲ့စည်းထားတဲ့ အထူးတပ်ဖွဲ့ကသူလျှိုတွေနဲ့ တောင်ကိုရီးယားကအေးဂျင့်တွေအကြောင်း အခြေတည်ထားတဲ့ အက်ရှင်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပေမယ့် ဒီဘက်ခေတ်ဇာတ်လမ်းတွေနဲ့ ကွဲပြားတဲ့ ဇာတ်ကြောင်း၊ ရှုထောင့်တွေနဲ့ အသစ်အဆန်းခံစားချက်တစ်မျိုးခံစားရမှာပါ။ ကိုရီးယားရုပ်ရှင်တွေဟာ အဲ့ဒီအချိန်ကတည်းက ဘယ်လိုအဆင့်အတန်းရှိနေပြီလဲဆိုတာ တွေ့မြင်ရမှာဖြစ်သလို တကယ့်စူပါမင်းသားကြီးတွေရဲ့ ငယ်နုစဉ်ကာလကိုကြည့်ရတာနဲ့တင် တန်နေပြီဖြစ်တာကြောင့် Shiri ကတော့ လုံးဝကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Action, Thriller Quality….  720p | 480p File size…2GB | 875MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy
6.4 1999 125 mins
Shiri
Burning Peony
3

ပန်းမျိုးတစ်ရာပွဲတော်ရဲ့ မျိုးဆက်တစ်ဦးဖြစ်တဲ့ ပန်းဘုရင်မဟာ မသေမျိုးနတ်ဘုရားတွေရဲ့ ရှေ့မှောက်မှာ လုပ်ကြံခံရကာ အဆိပ်မိပြီး သက်တော်ကုန်ဆုံးသွားခဲ့ပါတယ် အဲဒီအချိန်မှာပဲ ဒဏ္ဍာရီတွေအရ ခွန်းလွင်တောင်ထိပ်မှာ တည်ရှိတဲ့ ယွင်ယန်းသု ဘုရား​ကျောင်းဟာ အရာအားလုံးကိုပြန်လည်ရယူဖို့ ကိုယ့်မှာရှိတဲ့ ပစ္စည်းတွေကို ပေါင်နှံရတယ်ဆိုပြီး သတင်းပျံ့လွင့်လို့နေခဲ့ပါတယ် ပန်းဘုရင်မ သေဆုံးမှုရဲ့ အမှန်တရားကို ရှာဖွေဖို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ယွင်ယန်းသု ကျောင်းတော်ဆီကို ခရီးနှင်ခဲ့ပြီး ခရီးလမ်းမှာ နတ်ဘုရားအရှင်နဲ့တွေ့ဆုံခဲ့ပါတော့တယ် ဆောင်းရာသီ ပန်းမျိုးတစ်ရာပွင့်ချိန်ရောက်ပေမဲ့လို့ ပန်းနတ်သမီး ပိုင်မူတန်းဟာ ပန်းမပွင့်စေချင်ခဲ့ပါဘူး အဒီအတွက် ကောင်းကင်ဘုံက အပြစ်ပေးခြင်းခံရပြီးတော့ သူနဲ့တွေ့ဆုံကြုံကြိုက်ခဲ့တဲ့ နတ်ဘုရားအရှင်ဟာ သားရဲတစ်ကောင်အဖြစ်ပြောင်းလဲခံခဲ့ပြီး ပိုင်မူတန်းကိုယ်ပေါ်က မိုးကြိုးတွေ အပူတွေကို ငြိမ်အေးသွားစေခဲ့ပါတယ် အဲဒီနောက်မှာတော့ နှစ်ယောက်သားအတူတူ အမှန်တရားကို ရှာဖွေကြရင်း ချစ်ခင်စုံမက်ပြီးသွားတဲ့နောက်မှာ ယွင်ယန်းသုပိုင်ရှင်ဟာ မိမိနဲ့ တစ်ပုံစံထဲ တူနေတဲ့မိန်းမပျိုဖြစ်တဲ့အကြောင်း ပိုင်မူတန်းသိရှိသွားတဲ့အခါမှာ - ❏ ဘယ်လိုရှုပ်ထွေးမှုတွေနဲ့ ရင်ဆိုင်ရမလဲ ❏ အဲဒီအမျိုးသမီးဟာ ပိုင်မူတန်းချစ်ခင်ရတဲ့ အမျိုးသားနဲ့ရော ဆက်စပ်နေမလား ❏ ပန်းဘုရင်မကိုလုပ်ကြံခဲ့တဲ့ သတ်ဖြတ်သူကိုရော သူတို့တွေ ရှာဖွေနိုင်ပါ့မလားဆိုတာ ရှုပ်ထွေးမှုများကြားကနေပြီး အဖြေရှာလိုက်ရအောင်လားရှင် [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Romance , Fantasy Runtime : 1h 26 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Horror
3 2022
Burning Peony
The Munsters
5.7

The Munsters(2022) ဟာ 1964 ခုနှစ်တုန်းက လူကြိုက်များခဲ့တဲ့ The Munsters ဆိုတဲ့ sit-com စီးရီးကို အခြေခံပြီး ရိုက်ကူးထားတာပါ စီးရီးရဲ့ ရှေ့ပိုင်းကာလကို ရိုက်ပြထားတာဖြစ်ပြီး ဟာမန်းမွမ်းစတား ဖြစ်ပေါ်လာပုံ၊ ဟာမန်း နဲ့ သွေးစုပ်ဖုတ်ကောင် လီလီတို့ တွေ့ဆုံဖြစ်ကြပုံ လီလီ့အဖေ မြို့စားမင်းကြီး သဘောမတူတဲ့ကြားက ဟာမန်း နဲ့ လီလီ တို့ လက်ထပ်ဖြစ်ကြပုံတွေကို ရိုက်ကူးထားတာပါ ကြောင်ကြောင်ကျားကျားမိတ်ကပ်တွေနဲ့ လူသားတွေကို ပြန်ကြောက်နေတဲ့ ခပ်ကြောင်ကြောင် သွေးစုပ်ဖုတ်ကောင်တစ်သိုက်ကြောင့် စ လယ် ဆုံး ခွီနေရမယ့် comedy ဇာတ်လမ်း စစ်စစ်ပါ အရောင်အသွေးကို ခပ်ရင့်ရင့် ပုံဖော် ထားတာကြောင့် ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာသလို ခံစားရမှာ ဖြစ်ပြီး Hotel Transylvania တို့၊ Addams Family တို့လို ပုံစံမျိုးကို ကြိုက်နှစ်သက်တဲ့ သူတွေ အတွက် စိတ်ကျေနပ်မှု အပြည့်အဝ ပေးနိုင်မယ့် ဇာတ်ကားတစ်ကားပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Family , Fantasy Quality…. 1080p | 720p | 480p File size…2.5GB | 1GB | 500MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Roman NoX Encoder ..... August

Action • Fantasy
5.7 2022 110 mins
The Munsters
The Admiral
7

The Admiral (2015) ============== IMDb Rating – 7.0/10 ဒီဇာတ်ကားကို စ​ရေးမယ့်အချိန် ပိုစတာကိုမြင်​တော့ နည်းနည်း​လေး အင်တင်တင်ဖြစ်သွားမိတာ အမှန်ပါ။ ဒီဇိုင်းကာလာ အ​နေအထားက ဒီဘက်​ခေတ်ထွက် ​​ပေါ​ပေါပဲပဲစတိုင် ဖြစ်​နေတာမဟုတ်လား။ ဒီလိုနဲ့ Google​ ​ပြေး​ခေါက်၊ စာ​လေးဘာ​လေး​ပြေးရှာ​တော့ တို့များဖန်​တွေ အ​​ပေးများတယ်ဆိုတဲ့ IMDbက 7၊ Review ဆရာကြီးများ ရှိ​နေတဲ့ ခရမ်းချဉ်သီးပုပ်က67%ဆို​တော့ နည်းနည်းစိတ်ဝင်စားသွားမိတယ်။ နယ်သာလန်ကားဆို​တော့ မြင်​တွေ့​နေကျ အ​နောက်တိုင်းရုပ်ရှင်တွေ၊ အ​တွေ့နည်းတယ်ဆိုတဲ့ ပြင်သစ် တူရကီစသဖြင့်ထက် ရှား​တဲ့အပြင် ဆု၂ဆုနဲ့ nomi ၄ခုထိ စာရင်းဝင်ထား​တော့ သူများဂျင်းမထည့်ခင် ကိုယ်အရင်အထည့်ခံရမှာလန့်ရင်း ​စ​ရေးတယ်​​ပေါ့။ ဇာတ်လမ်းက ၁၇ရာစုနှစ်ကို အ​ခြေခံထားပြီး နယ်သာလန်​​ရေတပ်ရဲ့ ဗိုလ်ချုပ်ဖြစ်တဲ့ မီခယ်ဒီရိုက်တာကို အသား​ပေးရိုက်ကူးထားတာပါ။ ပ​ဒေသရာဇ်​​တွေကြီးစိုး​နေ​​သေးတဲ့ အချိန်မျိုးမှာ ရီပတ်ဘလစ်စနစ် စတင်အ​ကောင်အထည်​ပေါ်​​နေပြီဖြစ်တဲ့ နယ်သာလန်​ပြည်ကြောင့်ပဲ ဒီဇာတ်ကားထဲက အရှုပ်ထုတ်​တွေ စဖြစ်ခဲ့တယ်လို့ ဆိုရမှာပါပဲ။ သက်ဦးဆံပိုင်စနစ်ဘက်က မင်းမျိုးမင်းနွယ် ​​Prince of Orangeနဲ့ ပါတီနိုင်ငံ​ရေးစနစ်ဘက်က ရီပတ်ဘလစ်ကန်​တွေ ပွတ်တိုက်လာမှုရဲ့ အကျိုးဆက်အဖြစ် ပြည်တွင်းစစ်မီးက ​တောက်လုဆဲဆဲ ဖြစ်သလို တစ်ဖက်မှာလည်း ​ဟော်လန်ရဲ့ ​ရေ​ကြောင်းကုန်သွယ်​ရေးလုပ်ငန်းနဲ့ လွတ်လပ်တဲ့ ရီပတ်ဘလစ်စနစ်ကို မျက်မုန်းကျိုး​နေတဲ့ အင်္ဂလိပ်နဲ့ ပြင်သစ်​တွေက ​ရေ​ကြောင်းထိုးစစ်​တွေနဲ့ ကျူး​ကျော်​နေတာ​ကြောင့် ပြည်ပရန်ကိုလည်း တပြိုင်တည်းရင်ဆိုင်​​နေရတယ်လို့ ​ပြောရမှာပါ။ ဒီအချိန်မှာ ပြည်တွင်း​ရေးကို ဝန်ကြီးချုပ် ယိုဟန်ဒီဗစ်က ထိန်းကာ ပြည်ပရန်ကို​တော့ ​ရေ​ကြောင်းတိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူး ​နိုင်ခဲ့ဖူးတဲ့ မီခယ်ဒီရိုက်တာကို ​ရေတပ်ဗိုလ်ချုပ်အဖြစ်ခန့်အပ်ပြီး ကာကွယ်ခိုင်း ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာ ဒီရိုက်တာရဲ့ စစ်​သေနင်္ကဗျူဟာ​တွေ၊ သင်္ဘောတိုက်ပွဲအမိုက်စားကြီး​တွေ ကြည့်ရှုရမှာဖြစ်သလို တစ်ဖက် ပြည်တွင်း​ရေးမှာ ရီပတ်ဘလစ်ဝန်ကြီးချုပ်နဲ့ အောရိန့်မင်းသားတို့ရဲ့ အာဏာအားပြိုင်မှု​​တွေကိုလည်း မြင်​တွေ့ရမှာဖြစ်ပါတယ်။ ဒတ်ချ် ဇာတ်ကားဆို​ပေမယ့် ဇာတ်လမ်းအသွားအလာက ခပ်သွက်သွက်နဲ့ တမျိုးကြည့်​ကောင်းပါတယ်။​ ​သင်္ဘောတိုက်ပွဲ​​တွေလည်း ခဏခဏ ဖြစ်​နေတာ​ကြောင့် ပြည်တွင်းပြည်ပ အ​ရေး၂ခုက Non-stopဇာတ် ပုံစံ ဇာတ်ရှိန်က ​တောက်​လျောက်တက်​​​နေတာပါ။ ပ​ဒေသရာဇ်​ခေတ်ပုံစံလည်း ဖြစ်ရမယ်၊ နိုင်ငံ​ရေးအားပြိုင်မှု​တွေကို စိတ်ဝင်စားတယ်။ ​ရေ​တိုက်ပွဲ​တွေကိုလည်း သ​ဘောကျတယ်ဆိုရင် ဒီဇာတ်ကားက ရထားတဲ့ rating​တွေနဲ့ သူ့အိုးနဲ့သူဆန် တန်တယ်လို့ ​ပြောနိုင်ပါတယ်။ ကြာချိန်ကလည်း ၂နာရီခွဲနီးပါးရှိပြီး ဇာတ်အိမ်က ခိုင်လို့ အကြိုက်​တွေ့တဲ့သူ​တွေ ရှိမယ့်ဇာတ်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ JimX ဖြစ်ပါတယ်)

Crime • Documentary • Drama
7 2015 128 mins
The Admiral
Superwho?
6.1

Superwho? (2021) ============= IMDb Rating – 6.1/10 Original Title: Super-héros malgré lui Genre – Action, Comedy ခုလိုရာသီဥတုမှာ စိတ်အမောပြေ အပန်းပြေစေပြီး တစ်ချိန်လုံး ခွီနေရမယ့် ပြင်သစ်ဟာသကားလေး လာပါပြီဗျာ။ Marvel တို့ DC တို့အပြင် X-Men တွေရော Mission Impossible တွေရော ပေါင်းစုံသရော်ထားပြီး Easter Egg တော်တော်များ များကိုလည်း တွေ့ရမှာပါ။ ဇာတ်လမ်းအကျဉ်းလေး အရင်ပြောပြလိုက်မယ်ဗျာ။ ဟာသကားတွေရဲ့ရိုးရာမပြတ် မင်းသားက သရုပ်ဆောင်ဖြစ်ချင်တဲ့ အရှုံးသမားတစ်ယောက် ကောင်မလေးက ပလစ်လိုက်တော့ ညီမ အိမ်မှာကပ်နေနေရတာပေါ့။ ရဲဖြစ်တဲ့ဖအေကြီးကိုလည်း သားက သရုပ်ဆောင်ပါဆိုပြီး အရမ်းဂုဏ်ယူစေချင်တဲ့ကောင်လေးပေါ့။ ဒီလိုနဲ့ အလုပ်ရှာတုန်းမှာ ကံကောင်းထောက်မစွာနဲ့ စူပါဟီးရိုးကား ကို မင်းသားနေရာက ရတယ်၊ ဇာတ်ကောင်ကလည်း Batman ကို ပရမ်းပတာကူးချထားတဲ့ Badman တဲ့ (Joker ကိုတောင် Clown လုပ်လိုက်သေးတယ်)။ အဲဒါနဲ့ တစ်ရက်ရိုက်ကွင်းပြီးတဲ့အချိန် ညီမ ဖြစ်သူဆီကနေ အဖေသေခါနီးဖြစ်တဲ့သတင်းကို ကြားတော့ လော လောနဲ့ ရိုက်ကွင်းကကားရယ် ဟီးရိုးဝတ်စုံရယ် ရုပ်ရှင်ထဲက ပိုက်ဆံ တုတွေရယ် အလောင်းအတုကြီးရယ်နဲ့ ထွက်သွားပါလေရော။ ပြီး တော့ ကားမတော်မဆဖြစ်သွားတယ်။ ဒီမှာ ဆရာသမားက အတိတ် မေ့သွားပြီး တိုက်ထားတဲ့နေရာက ငွေထုတ်စက် ကားထဲမှာက ပိုက် ဆံတွေ ကားကြီးကလည်း အမည်းကြီး သူက ဓားပြတိုက်နေတာပဲ ဆိုပြီး ရူးကြောင်မူးကြောင်နဲ့ ထွက်ပြေးပြီး သူ့ကိုယ်သူ ရုပ်ရှင်ထဲက ဇာတ်ကောင်အတိုင်း ဟီးရိုးတစ်ယောက်လို့ ထင်လိုက်တဲ့အခါ ဘာ တွေဆက်ဖြစ်မလဲဆိုတာ အလွဲလွဲအချော်ချော်တွေ ကြည့်ရမှာပါ။ သူ့ညီမနဲ့ သူငယ်ချင်း ၂ ကောင်ရဲ့ လိုက်ရှာကြတဲ့အချိန်အလွဲတွေ၊ လမ်းမှာ သတင်းထောက်မလေးတွေ့ပြီး လွဲကြတာတွေ၊ သူ့အဖေ ရဲဌာနက လမ်းလုံခြုံရေးစနစ်သစ်ရဲ့ အလွဲတွေစသဖြင့် တစ်ကားလုံး ပါးစပ်မစိရအောင် ခွီနေရမယ့်ကားဗျာ လုံးဝကို အာမခံတယ်။ ဒိုင် ယာလော့ခ်တွေလည်းမပေါဘူး ရုပ်တည်ကြီးတွေနဲ့ ထိုင်ဖောက်ထား ကြတာ… ကဲ ပြောနေရင် ကြာပါတယ် ပြေးသာကြည့်ကြပါ။ တလော ကလည်း Facebook မှာ ဒီကားထဲက ဇာတ်ဝင်ခန်းလေးနဲ့တောင်းထား တာမြင်မိတယ် အခုကြည့်လို့ရပါပြီလို့…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.34 GB) / (588 MB) / (346 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Comedy Translator…….Thura Aung Encoder……….SWM

6.1 2021 82 mins
Superwho?
Crypto Boy

ဒီနှစ် ၁၀ လပိုင်းမှာတင် Netflix ကထွက်ထားတဲ့အသစ်စက်စက်ဇာတ်ကားလေး။ ကားနာမည်အရဆို ခရစ်ပတို အကြောင်းအဓိကပြရိုက်ထားသလိုထင်ရပေမဲ့ ကြည့်ကြည့်ရင် အဖေနဲ့ သားကြားက သံယောဇဉ်ပတ်သတ်မှု bond တစ်ခုကိုမြင်ရမှာပါ။ အသက် ၂၀ မခံချင်စိတ်အပြည့်၊မြှီးကောင်ပေါက် အရွယ် အာမီရ်နဲ့ အရွယ်ရောက်လာလည်းသားသမီးအပေါ်ကလေးလို ဘာမှမလုပ်တတ်သေးပါဘူးဆိုပြီး ဘယ်အရာမှ စိတ်မချ လက်မလွှဲတတ်တဲ့ မက္ကဆီကန်စားသောက်ဆိုင်ပိုင်ရှင် အိုမာတို့ရဲ့အဖေတစ်ခု၊သားတစ်ခုဇာတ်အိမ်လေးဖြစ်ပါတယ်။ ဆိုင်ပိုင်ရှင်သားဖြစ်ပေမဲ့ deli ပဲလိုက်ပို့နေရတော့စိတ်အိုက်လာတဲ့တစ်နေ့ deli လိုက်ပို့ရင်း ရွိုင်ရဲ့ခရစ်ပတိုဟောပြောပွဲကိုရောက်သွားတော့၊ ရွိုင်မှာ အာမီရ်ဖြစ်ချင်အားကျရတဲ့ ငယ်ရွယ်ချမ်းသာပျော်ပါးပြီး လုပ်ငန်းကိုဦးစီးနေတာတွေ့ရချိန် အာမီရ်အားတွေတက်ပြီး ရွိုင်လိုဖြစ်အောင်လုပ်မယ်ဆိုပြီး ရွိုင့်ရဲ့ ခရစ်ပတိုကုမ္ပဏီမှာအလုပ်ရအောင်လျှောက်ပါတော့တယ်။ ရွိုင်ကလည်း အာမီရ်လုပ်ရည်ကိုင်ရည်ကိုသဘောကျသွားတော့အလုပ်ခန့်ပြီး ဘောနပ်စ်တွေပါပေးလိုက်ပါသေးတယ်။ လူကြီးတို့သဘာဝအတိုင်း အသစ်အဆန်းတွေထွက်လာရင်စိတ်တိုင်းမကျသံသယများတတ်တဲ့ အိုမာက သားဖြစ်သူ ခရစ်ပတိုဆိုတဲ့အသစ်အဆန်းနဲ့အလုပ်လုပ်ပြီးငွေအများကြီးရနေတာ့ မယုံသင်္ကာစိတ်ပူမိပြီး သားအဖ နှစ်ယောက်အခြေအနေကအရင်ကထက် တကျက်ကျက်ပိုဖြစ်ကုန်ပါတယ်။ ဒါပေမဲ့ ဘဝဆိုတဲ့အတိုင်း တန်းတန်းမတ်မတ်သွားတာဘယ်ရှိမတုန်း။ တနေရာရာ ခလုတ်ငုတ်တို့နဲ့တိုက်မိချိန်မှာတော့ ဒီသားအဖနှစ်ယောက်ပဲရှိချိန်တစ်ယောက်ကိုတစ်ယောက်မှီတင်းဖေးမရင်းသံဝေဂရစရာကြည့်ရမှာဖြစ်ပါတယ်…. File size…(1.4 GB)/(795 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre..Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia

0 2023
Crypto Boy
Passion
5.3

ဒါရိုက်တာ Brian De Palma ရဲ့လက်ရာကောင်းတခုပါ။ စီးပွါးရေးလောက ထဲက မိန်းမနှစ်ဦးရဲ့ ယှဉ်ပြိုင်မှုတဦးကိုတဦး ဘယ်လို ကျော်တက် အနိုင်ယူ အသုံးချမလဲဆိုတာကို ရှုစားရမှာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာဆိုရင် သရုပ်ဆောင် ၂ဦးကတော့ ပရိတ်သတ်နဲ့ရင်းနှီးပြီးသား ဖြစ်မယ့် The notebooks တို့ Mean Girls တို့မှ မင်းသမီးRachel McAdams နဲ့ Noomi Rapace တို့ပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ယှဉ်ပြိုင်မှုဟာ ပြင်းထန်လာတာနှင့်အမျှ သစ္စာဖောက်တာတွေ အသုံးချတာတွေ လက်စားချေလာတွေပါ ပါလာတော့ နောက်ဆုံးမှာ လူသတ်မှုအထိဖြစ်လာပါတော့တယ်။ ဒီ “ Passion” ဆိုတဲ့ဇာတ်လမ်းဟာ ကော်ပိုရိတ်စီးပွါးရေးလောကရဲ့ လူအများစုမမြင်ကြတဲ့အမှောင်ဖက်ခြမ်းကို Thriller ဆန်ဆန် ရိုက်ပြထားတာဖြစ်ပါတယ်။ ကြည့်ရှူခံစားကြည့်ကြ ပါလို့ပဲ အကြံပေးလိုက်ပါတယ်ခင်ဗျာ File size… 1.1 GB / 657 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Drama/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Moe Zac

Comedy • Romance
5.3 2013
Passion
Danshari Paradise
6.5

Danshari Paradise (2024) ~ IMDb – 6.5/10, MyDramaList – 7.9/10 ~ ဒီရုပ်ရှင်ကတော့ ဂျပန်သွားတာ တော်တော်ခေတ်စားလာတဲ့ ဒီနေ့ခေတ်မှာ အဲဒီလောကနဲ့ မကင်းတဲ့လူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်လို့ထင်တာပါပဲ။ ဒီရုပ်ရှင်မှလည်း မဟုတ်ပါဘူး။ အချစ်ကားတွေမဟုတ်ဘဲ ဂျပန်တွေရဲ့ ယဉ်ကျေးမှုတွေ လူနေမှုပုံစံတွေကို ဖော်ပြထားတဲ့ ကားတော်တော်များများ အသစ်ထဲမှာရော အဟောင်းထဲမှာရော တော်တော်များပါတယ်။ မသကာ Yasujirō Ozu တို့၊ Hirokazu Kore-eda ရိုက်တာတွေကိုတော့ ကြည့်သင့်ပါတယ်။ မဟုတ်ရင် လွန်ခဲ့တဲ့လတွေတုန်းကလို သူတို့ယဉ်ကျေးမှုမသိဘဲ ဆာကူရာကိုင်းသွားချိုးမိနေမှာ စိုးရပါတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုကို သိအောင်လုပ်ပေးတာနဲ့ ပလိန်းကြီး မလိုအပ်တာတွေပါ စည်းကမ်းတင်းကြပ်တာတွေ မလိုအပ်တာတွေ လုပ်ခိုင်းတာတွေနဲ့တော့ မတူလှဘူးပေါ့။ ဒီနှစ်ခုကြားက စည်းက တော်တော်တော့ ပါးတယ်။ ဒါပေမဲ့လည်း ယဉ်ကျေးမှုတစ်ခုကို ချစ်တတ်အောင် သင်ပေးလိုက်ရင်တော့ သူ့နှလုံးသားနဲ့သူ ခွဲခြားကြပါလိမ့်မယ်။ ဒီရုပ်ရှင်ကတော့ အမှိုက်အကြောင်းပါ။ ဂျပန်တွေ အမှိုက်ပစ်တဲ့စည်းကမ်းကပဲ နည်းနည်းလေး အလုပ်ရှုပ်နေလားလို့ ဘာလို့လားမသိပေမဲ့ ဒီရုပ်ရှင်ထဲက လူတွေက အမှိုက်မပစ်ကြတဲ့လူတွေ၊ မလိုတာတွေ အိမ်မှာ စုပုံထားပြီး အိမ်က အမှိုက်ပုံဖြစ်နေတဲ့လူတွေရဲ့ အကြောင်းပါ။ တစ်အိမ်လုံးအမှိုက်ပုံစစ်စစ်ဖြစ်နေတဲ့ တော်တော်ဆိုးဆိုးလူတွေနဲ့ သူတို့ကို သန့်ရှင်းရေးဝန်ဆောင်မှုပေးတဲ့ သန့်ရှင်းရေးကုမ္ပဏီက လူတွေအကြောင်း။ အိမ်သန့်ရှင်းပြီးနောက်နဲ့ အိမ်မသန့်ရှင်းခင်က သူတို့ဘဝတွေ သူတို့အပြောင်းအလဲတွေကို ရိုက်ပြထားတဲ့ဇာတ်လမ်းပါပဲ။ အကြောင်းအရာလည်းဆန်းသစ်သလို တင်ပြပုံလည်းကောင်းတော့ ကြည့်လို့ကောင်းတယ်။ သူတို့လူနေမှုအကြောင်း နည်းနည်းပါးပါးသိရတော့ မဆိုးပါဘူး။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 920MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 41Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.5 2023
Danshari Paradise
Once Upon a Time in China II
7.3

ဒီတစ်ခေါက် ဇာတ်လမ်းလေးမှာတော့ ဗြိတိန်နဲ့ ဥရောပနိုင်ငံတွေက တရုတ်ပြည်နဲ့ နိုင်ငံရေးရာ ဆက်ဆံချင်ပြီး ခေတ်စနစ်နဲ့အညီ တိုးတက်စေချင်တဲ့အတွက် တရုတ်ကို ရောက်လာကြပြီး တရုတ်အာဏာပိုင်တွေကလည်း အသာတကြည်လက်ခံဆွေးနွေးကြပါတယ်။ လက်မခံနိုင်တာကတော့ ဗုဒ္ဓလမ်းစဉ်လို့ နာမည်ခံပြီး နတ်ဘုရားတွေ မှော်လမ်းစဉ်တွေ ကျင့်ကြံမှုတွေနဲ့ လူတွေကို အယုံသွင်းထားတဲ့ ကြာပန်းဖြူဂိုဏ်းဖြစ်ပြီး ဒီဂိုဏ်းဟာ လူပေါင်းများစွာကို ဂိုဏ်းထဲကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲဆောင်သွပ်သွင်းပြီး နိုင်ငံခြားသားတွေကို တိုင်းပြည်ကို ဖျက်ဆီးမဲ့ နတ်ဆိုးအနွယ်ဝင်တွေလို့ အယုံသွင်းကာ သုတ်သင်သတ်ဖြတ်ကြပါတော့တယ်။ ဒီအချိန်မှာ မတရားမှုကို လက်သင့်မခံနိုင်တဲ့ ဖြောင့်မတ်မှန်ကန်တဲ့ ကျွန်တော်တို့ ကွန်ဖူးပညာရှင် ဝမ်ဖေးဟုန်က ဒီအစွန်းရောက်ဂိုဏ်းရဲ့ လူမဆန်တဲ့သတ်ဖြတ်မှုတွေကို ဘယ်လိုတားဆီးမလဲ သူတို့သွပ်သွင်းထားတဲ့ အယူမှားတွေကို ဘယ်လိုဖြေဖျောက်မလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂျက်လီအပြင် အိုင်ပီမန်းဆရာကြီး ဒွန်နီယန် ပါ ပါဝင်အားဖြည့်ပေးထားပါတယ်….. File size…(2.3 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:53:00 Genre… Action, Adventure, Biography Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

7.3 1992
Once Upon a Time in China II
Bright
6.6

ကမ္ဘာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ္ဘာဦးအစကတည်းက နေထိုင်ပါတယ်။ ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိ တစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။ လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။ တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ္ဘာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ ကမ္ဘာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ ဒီကားကို ဝေဖန်သူတွေက ၂၀၁၇ ခုနှစ်ရဲ့ အဆိုးဝါးဆုံးရုပ်ရှင်လို့ မှတ်ချက်ပေးနေပေမယ့် တကယ်တော့ အဲ့လောက်မဆိုးဝါးပါဘူး။ Imdb 6.7, Rotten Tomatoes 30% ရရှိထားတဲ့အပြင် David Ayer ရဲ့ အမြင်ဆန်းသစ်တဲ့ရုပ်ရှင်တစ်ကားဖြစ်တာမို့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size… 4.3 GB / 1.6 GB / 810 MB Quality… Web-DL 4K / 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Crime / Drama/ Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Khin Pyae Sone Kyaw

Action • Drama
6.6 2017
Bright
[18+] Sci-Fi Vixens From Beyond
5.5

(၁၈ ယောက်စုကြည့်ရမယ့် ဇာတ်လမ်းဖြစ်တဲ့အတွက် မိသားစု/ကလေးများ ကြည့်ရှုရန် မသင့်ပါ) တခြားဂြိုလ်ကနေ ကမ္ဘာမြေ ဂြိုလ်စနစ်ထဲကို ရောက်ရှိလာတဲ့ ပရော်ဖက်ဆာနဲ့ ကျောင်းသူလေး။ ကျောင်းသူလေးကို ကမ္ဘာမြေ ယဉ်ကျေးမှုဘာညာအကြောင်း စာတမ်းရေးခိုင်းတယ် ဒါကြောင့် သူ့ကို ကမ္ဘာမြေပေါ် သွားလည်ပတ်ခွင့် ပြုမယ်ပေါ့။ အဲဒီမှာတင် ဂြိုလ်သားကျောင်းသူလေး ကမ္ဘာမြေအကြောင်း သိမှတ်စရာတွေ ယူပြီး ကမ္ဘာမြေပေါ် ရောက်ခဲ့ရာကနေ ယောက်ျားလေး ၁ ယောက် မိန်းကလေး ၂ ယောက်နဲ့ ဆက်တွေ့ပြီး ဘာတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TRA ပဲဖြစ်ပါတယ်။) File size…(2.4 GB) / (950 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:15:26 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TRA

Family • Drama
5.5 2024
[18+] Sci-Fi Vixens From Beyond
Neeli Megha Shyama

Neeli Megha Shyama (2024) “သူနဲ့တွေ့မှ” အသစ်ထွက်ရှိလာတဲ့ တေလဂူးစကားပြော အချစ်ဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရှမ်ဆိုတဲ့ သူဌေးသားဟာ ဆိုရှယ်မီဒီယာဖော်လိုဝါများဖိုနဲ့ အရက်ဆိုင်ထိုင်ဖိုကလွဲရင် ဘဝမှာ ရည်မှန်းချက်ထွေထွေထူးထူးမရှိတဲ့သူပါ သူ့အဖေ ကြိမ်းမောင်းတာလည်း မကြာခဏခံရပြီး တစ်ရက်မှာတော့ မာနာလီဆိုတဲ့ တောင်ပေါ်ဒေသမှာ ခြေကျင်တောင်တက်ခရီးသွားဖို စိတ်ကူးပေါက်လာပါတယါ သူ့ရည်မှန်းချက်ကတော့ ဉာဏ်အလင်းကို ရှာဖွေဖိုပါပဲ ဒီကနေ မယ်ဂါဆိုတဲ့ ဆတ်တောက်တောက် လမ်းပြကောင်မလေးနဲ့တွေ့တဲ့အခါ ဘယ်လိုအချစ်ဇာတ်လမ်းလေးပေါ်ပေါက်လာမှာလဲ ဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ ToMo ~ V ~ KKKZ ~ Star ~ Cym တိုမှ ဖြစ်ပါတယ်

Horror • Thriller
0 2025 114 mins
Neeli Megha Shyama
Amityville: Where the Echo Lives

Amityville: The Ville Where the Echo Lives ရုပ်ရှင်ဟာ ကြောက်စရာ အမိုက်စား horror ဇာတ်လမ်းဖြစ်ပြီး ထူးထူးဆန်းဆန်းဖြစ်ရပ်တွေနဲ့ အဆက်မပြတ်ကြုံတွေ့ရတဲ့အကြောင်းကို ပြထားတာပါ။ ဒီဇာတ်ကားကို ဒါရိုက်တာ Lou Enmarais က တည်ဆောက်ထားပြီး Mara Vines က အဓိကသရုပ်ဆောင်အဖြစ် ပါဝင်တယ်။ သူမနဲ့ မိသားစုက Amityville မြို့ကို ပြောင်းလာတဲ့အချိန်မှာ ထူးထူးဆန်းဆန်း အသံတွေ၊ ချောင်ပြီး ကြောက်စရာကောင်းတဲ့အဖြစ်အပျက်တွေကို ကြုံလာရပါတယ်။ ဒီဇာတ်ကားရဲ့ ရင်ခုန်စရာ ဇာတ်အိမ်၊ Mara Vines ရဲ့ အံ့သြစရာ သရုပ်ဆောင်မှုတွေနဲ့ ပရိသတ်ကို စိတ်လှုပ်ရှားစေတဲ့ အရာတွေက Horror ပရိသတ်တွေအတွက် အကြိုက်တွေ့စေပါလိမ့်မယ်။ File size…(1.2 GB)/(530 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:29:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

Mystery • Horror • Thriller
0 2024 89 mins
Amityville: Where the Echo Lives