YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Terius Behind Me (2018).EP8.WEB-DL.720P(CM).mp4

436.07 MB N/A video/mp4 589 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dreaming Walls: Inside the Chelsea Hotel
5

Dreaming Walls: Inside the Chelsea Hotel (2022) ~ IMDb - 6.1/10, Rotten Tomatoes - 70% ~ ဒါကတော့ 1884 ခုနှစ်ကတည်းကတည်ဆောက်ခဲ့ပြီး နယူးယော့မြို့ မန်ဟက်တန်မှာရှိတဲ့ နာမည်ကြီးဂန္ထဝင် ချဲလ်ဆီးဟိုတယ်အကြောင်း Documentary လေးပဲဖြစ်ပါတယ်။ ရိုက်ကူးထားတာကတော့ ဟိုတယ်ကိုပြန်လည်ပြုပြင်မွမ်းမံရေးလုပ်နေတဲ့အချိန်မှာပါ။ ဒီဟိုတယ်ဟာ ဘာကြောင့်ဒီလောက်နာမည်ကြီးရသလဲဆိုတော့ ဒီနေရာဟာ အရင့်အရင်တုန်းက အနုပညာရှင်တွေရဲ့ ကျက်စားရာဖြစ်ခဲ့သလို မန်ဟက်တန်အနုပညာတစ်ခေတ်မှာလည်း တကယ့်နာမည်ကြီးအနုပညာ‌ရှင်တွေနေထိုင်သွားတဲ့နေရာတစ်ခုဖြစ်ခဲ့လို့ပါ။ အမေရိကန်ကိုလာတဲ့အနုပညာရှင်တိုင်း ချဲလ်ဆီးဟိုတယ်လေးမှမတည်းရရင် အမေရိကန်ပြည်ရဲ့အနုပညာအသိုင်းအဝိုင်းကိုမထိတွေ့လိုက်ရသလိုခံစားရလောက်အောင် အရှိန်အဝါရှိခဲ့တာဖြစ်ပါတယ်။ နေထိုင်သွားခဲ့တဲ့အဆိုတော်ပေါင်းမြောက်များစွာထဲ ‌Bob Dylan, Bob Marley, Jimi Hendrix တို့ပါဝင်သလို Madonna ကလည်း ဓာတ်ပုံရှုတင်တစ်ခုရိုက်ခဲ့ပါသေးတယ်။ Mark Twain တို့ Dylan Thomas တို့ Thomas Wolfe တို့လို ဂန္ထဝင်စာရေးဆရာကြီးတွေအပြင် တခြားပန်းချီအနုပညာ‌ရှင်ပေါင်းများစွာနေထိုင်သွားခဲ့တဲ့ ဟိုတယ်တစ်ခုပါ။ အန်ဒီဝါးဟိုးလ်နဲ့ ပေါလ်မောရစ်ဆီတို့ကလည်း Chelsea Girls ဆိုတဲ့နာမည်နဲ့ ရုပ်ရှင်တစ်ကားရိုက်သွားခဲ့ပါသေးတယ်။ ဒီဟိုတယ်ဟာ ဒီလိုအနုပညာရှင်တွေကြောင့်ဂုဏ်သိက္ခာကြီးမားခဲ့တဲ့အပြင် သရဲခြောက်တယ်ဆိုတဲ့ဇာတ်လမ်းတွေကြောင့်လည်းနာမည်ကြီးပါသေးတယ်။ ဒီ Documentary ကတော့ ချဲလ်ဆီးဟိုတယ်ပြုပြင်နေဆဲကာလမှာ ဟိုတယ်မှာကျန်နေတဲ့ မူလလက်ဟောင်းအိမ်ငှားတွေရဲ့ဘဝကို အသားပေးရိုက်ကူးထားပြီး သူတို့နဲ့ဟိုတယ်ကြီးကြား နှောင်ကြိုးတွေကိုပြောပြထားတာပါ။ အသည်းကွဲဇာတ်လမ်းကနေ အနုပညာဈာန်ဝင်စားတဲ့အထိ ဟိုတယ်မှာဖြစ်ပျက်ခဲ့သမျှနဲ့ ဒီဟိုတယ်ကြီးဟာ ဘယ်လို နယူးယော့မြို့အနုပညာရှင်တွေရဲ့ ဉာဏ်ကွန့်မြူးရာဘူမိနက်သန်ဖြစ်လာခဲ့ရသလဲဆိုတာမြင်ရမှာဖြစ်ပါတယ်။ အိမ်ငှားအိုကြီးတွေက ဟိုတယ်နဲ့ပတ်သက်တဲ့ သူတို့ရဲ့ ရှေး‌ဟောင်းနှောင်းဖြစ်လေးတွေပြောရင်း ဟိုတယ်ကြီးရဲ့အမွေအနှစ်ကိုချပြသွားတာပါ။ ဒီလိုဂုဏ်သိက္ခာနဲ့ သမိုင်းကြောင်းထည်ဝါတဲ့ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို အနုပညာဆန်ဆန်၊ ဘဝသရုပ်မှန်မှန် ရိုက်ကူးထားတဲ့ Documentary ပါပဲ။ နိုင်ငံတကာဆုကြီးတွေမရခဲ့ပေမယ့် အကောင်းဆုံး Documentary အဖြစ် ဆန်ကာတင်စာရင်းများစွာဝင်ခဲ့ပါတယ်။ "နံရံတွေသာစကားပြောတတ်ရင် ချဲလ်ဆီးဟိုတယ်ကအခန်းတွေ ပါးစပ်‌ကိုပိတ်တော့မှာမဟုတ်ဘူး" လို့ပြောရလောက်အောင် သမိုင်းကြောင်းတွေ၊ ဇာတ်လမ်းတွေပြည့်ဝခဲ့တဲ့ ချဲလ်ဆီးဟိုတယ်ကြီးအကြောင်းကို စိတ်ဝင်စားရင်တော့ မြည်းကြည့်ဖို့အကြံပေးလိုပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB, 620MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 17Min Genre - Documentary Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama
5 2022 80 mins
Dreaming Walls: Inside the Chelsea Hotel
The Lost City
6.6

ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ... အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။ Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File size…4.35GB | 1.8GB | 800MB | 292MB Format…mp4 Duration….1h 52min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August

Comedy • Drama • Fantasy
6.6 2022 112 mins
The Lost City
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
And Now the Screaming Starts!
5.9

And Now the Screaming Starts! (1973) ငွေရှင်ကြေးရတတ် အမျိုးမြတ်တဲ့အပြင် သူ့အပေါ်မှာလည်းစုံမက်တဲ့ ချားလ်စ်ဖန်ဂရစ်ဖန်နဲ့ လက်ထပ်ဖို့အတွက် ဖန်ဂရစ်ဖန်စံအိမ်ကို လိုက်လာခဲ့တဲ့ ကတ်သရင်းရဲ့ရင်ထဲမှာ ကြည်နူးပျော်ရွှင်စိတ်နဲ့ သူ့အနာဂတ်အပေါ် စိတ်လှုပ်ရှားမှုတွေသာ အပြည့်ဖြစ်နေခဲ့တယ်။ ဒါပေမဲ့ စံအိမ်ကိုရောက်လာတဲ့ ပထမဆုံးညမှာပဲ ချားလ်စ်ရဲ့ ဘိုးဘေးအစဉ်အဆက် ပုံတူကားချပ်တွေကို လိုက်ကြည့်ရင်းက ချားလ်စ်ရဲ့အဘိုး ဟင်နရီရဲ့ပုံကိုကြည့်ရင်း တုန်လှုပ်စရာပုံရိပ်တစ်ခုကို မထင်မှတ်ဘဲမြင်လိုက်ရချိန်မှာတော့ သူတစ်သက်လုံးနေသွားရမယ့် ဒီစံအိမ်ဟာ သူစနောက်နေခဲ့တဲ့အတိုင်း သရဲခြောက်တဲ့အိမ်အိုကြီးတစ်လုံး တကယ်ပဲဖြစ်နေမလားလို့ ဒွိဟတွေဝင်လာခဲ့တယ်။ ဒါပေမဲ့ သူနဲ့ချားလ်စ်တို့ရဲ့ မင်္ဂလာဦးညမှာ တစ္ဆေခြောက်လှန့်မှုထက် အပုံကြီးဆိုးဝါးတဲ့အဖြစ်နဲ့ ကတ်သရင်း ကြုံလိုက်ရတဲ့နောက်မှာ ဒီအိမ်ကြီးနဲ့ ချားလ်စ်တို့မိသားစုအပေါ် သူ့ရဲ့မသင်္ကာစိတ်တွေက အချိန်တိုအတွင်း တိုးပွားလာခဲ့ရတယ်။ ဒါပေမဲ့ ချားလ်စ်အပြင် သူတို့နဲ့အနေနီးစပ်သူတွေပါ ထုတ်မပြောရဲအောင် စိုးရွံ့နေကြတဲ့ ဒဏ္ဍာရီဇာတ်လမ်းတစ်ခုအကြောင်းကို သူသိလိုက်ရချိန်မှာ သူ့ကိုကူညီစောင့်ရှောက်ဖို့ ကြိုးစားသူတွေအားလုံး အန္တရာယ်တွေ ဆက်တိုက်တွေ့လာရပြီး သူကိုယ်တိုင်လည်း ဆိုးဝါးတဲ့ကျိန်စာတစ်ခုရဲ့သားကောင် ဖြစ်လာချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 720MB Quality – 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 31Min Genre – Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama
5.9 1972
And Now the Screaming Starts!
Ain’t Them Bodies Saints
6.4

ဘော့ပ်နဲ့ ရုဆိုတဲ့ကောင်လေးနဲ့ ကောင်မလေးဟာ တက္ကဆက်ပြည်နယ်က Bonnie & Clydeပေါ့. သိပ်ကိုချစ်ကြတဲ့ချစ်စုံတွဲလေးဖြစ်သလို သူတို့လုပ်တဲ့မကောင်းမှုတွေက သူတို့ကို ဝေးကွာစေနိုင်တယ်ဆိုတာကိုလဲ သူတို့သိကြမယ်မထင်သေးတဲ့အရွယ်ပေါ့. တစ်နေ့မှာရဲတွေဝိုင်းထားတာခံရချိန် ရုပစ်လိုက်တဲ့ ကျည်ဆန်ကြောင့် ရဲတစ်ယောက်မှန်သွားတော့ ဘော့ပ်က ပြစ်ဒဏ်တွေအားလုံးကို သူ့ဆီပဲပုံချဖို့ ဆုံးဖြတ်ခဲ့တယ်။ ရုမှာကချစ်စရာသမီးလေးကိုကိုယ်ဝန်လွယ်ထားရတယ်ဆိုတာလဲ အဲ့အချိန်မှာပဲ သိခဲ့ရတယ်လေ. သူပြန်လာခဲ့ပ့ါမယ် စောင့်နေပေးပါဆိုတဲ့စကားအတိုင်း ရုကလဲသမီးလေး၄နှစ်ပြည့်တဲ့အထိကို နေ့တိုင်းမျှော်နေခဲ့ပြီးရှင်သန်နေထိုင်ခဲ့တယ်။ ဒါပေမယ့် တစ်ရက်တော့ ဘော့ပ်တစ်ယောက်ထောင်ဖောက်ပြေးပြီး ရုတို့သားအမိကိုခေါ် ဒီနဲ့အဝေးဆုံးကိုထွက်သွားဖို့ ကြိုးစားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ ကိစ္စတွေဖြစ်လာခဲ့တယ်။ ချစ်ခြင်းမေတ္တာက ဘယ်လိုမျိုး အလုပ်လုပ်လဲ ဘယ်လောက်ထိတာရှည်ခံနိုင်မလဲ ? ဘော့ပ်နဲ့ရုတို့ရဲ့ ဒီကနေအဝေးဆုံးကိုထွက်သွားဖို့အတွက် အကြံအစည်တွေကရော အဆင်ပြေနိုင်ပါ့မလား ရိုမန်တစ်ဒရာမာဇာတ်ကားလေးဖြစ်ပြီး ဘော့ပ် ရဲ့ ကွဲအက်အက်အသံနဲ့ ထောင်ထဲကပေးပို့တဲ့စာတွေကိုဖတ်ပြတဲ့အခန်းတွေက တကယ့်ကို ကြေကွဲစရာကောင်းခံစားစေရမှာပါ. ဒီလိုဇာတ်ရုပ်မျိုးကိုသရုပ်ဆောင်တဲ့သူကလဲ တခြားသူတော့မဟုတ်ပါဘူး. အော်စကာဆုရှင် Casey Affleckဖြစ်ပြီး အထင်ရှားဆုံးပြောရရင် Manchester By the Seaထဲက မင်းသားပါပဲ. ဆန်ကာတင်စာရင်းတွေထဲမှာလဲ ပါဝင်ခဲ့သလို IMDB scoreလဲကောင်းတဲ့ ဇာတ်ကားမလို့ ကြွေကွဲရင်းနဲ့ ခံစားလိုက်ရအောင်။. File size… 1.7 GB / 430 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 39m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by Charm

6.4 2013
Ain’t Them Bodies Saints
Take Off 2
7

Take Off 2 (2016) **************** 2003 ခုနှစ် အာရှဂိမ်းမှာ ကိုးရီးယားက ပထမဆုံးအနေနဲ့ အမျိုးသမီးဟော်ကီကစားပွဲဝင်ပြိုင်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတာပါ။ အာရှဂိမ်းဝင်ပြိုင်ဖို့ ပထမဆုံးအမျိုးသမီးဟော်ကီအဖွဲ့ဖွဲ့ရမယ်ဆိုပြီး အစိုးရက နည်းပြနဲ့ကစားသမားတွေဖိတ်ခေါ်နေပါတယ်။ ဒါပေမဲ့ နည်းပြတစ်ယောက်ကမှ တာဝန်မယူချင်တဲ့အတွက် ညတိုင်းအရက်သောက်ပြီး ဘယ်သူကမှအလုပ်မခန့်တဲ့ ဟော်ကီနည်းပြဟောင်းတစ်ယောက်ကို ခန့်လိုက်ပါတယ်။ ကစားသမားတွေအနေနဲ့က မြောက်ကိုးရီးယားကထွက်ပြေးလာတဲ့ ပြည်ပြေးအီဂျီဝန်၊ စကိတ်ပြိုင်ပွဲဝင်ရာကအသင်းသားကိုတွန်းထုတ်သလိုဖြစ်ခဲ့လို့ ပြိုင်ပွဲဝင်ခွင့်ပိတ်ခံထားရတဲ့ ဘတ်ချယ်ယောင်း၊ အလှအပအရမ်းကြိုက်တဲ့ဂင်ဂါယွန်း၊ အထက်တန်းကျောင်းသူရှင်းဆိုဟျွန်း၊ သက်လတ်ပိုင်းအရွယ်ဂိုယောင်းဂျာ၊ ကုမ္ပဏီတစ်ခုရဲ့အတွင်းရေးမှူး ဂျိုမီရန်တို့ပဲဖြစ်ပါတယ်။ ဘာအထောက်အပံ့မှမရတဲ့သူတို့ဟာ ယောက်ျား‌လေးဟော်ကီအသင်းကစွန့်ပစ်ထားတဲ့အင်္ကျီတွေဝတ်ရပြီး လေ့ကျင့်စရာနေရာမရှိလို့ ရွာလေးတစ်ရွာရဲ့ကင်းမွန်အခြောက်လှမ်းတဲ့နေရာမှာ သွားလေ့ကျင့်ကြရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်ကတစ်ခုတည်းပါပဲ။ အာရှဂိမ်းမှာဆုတံဆိပ်တစ်ခုရနိုင်ဖို့ပါ။ ဒီလိုမျိုးကြိုးစားရာက အာရှဂိမ်းမှာ ဆုတံဆိပ်တကယ်ရယူနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဒိတ်ဒိတ်ကြဲမင်းသမီးတွေသရုပ်ဆောင်ထားပြီး အသင်းအဖွဲ့စိတ်ဓါတ်နဲ့ အချင်းချင်းကူညီရိုင်းပင်းကြတာတွေ၊ ခဏခဏရန်ဖြစ်ကြတာတွေ၊ တစ်ယောက်ချင်းစီရဲ့ဘဝဇာတ်ကြောင်းတွေကို သရုပ်ဆောင်ချက်ကောင်းကောင်း၊ ဇာတ်အိမ်ကောင်းကောင်းနဲ့ ကြည့်ရှုခံစားလိုက်ကြပါဦးနော်။ File size… 2.19GB & 981MB Quality… WEB-DL1080p,720p Format…mp4 Duration….2h 06min Genre ….. Sport, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder…. Yee Wai Translated by Phyo Pyae

7 2016 126 mins
Take Off 2
Heist 88

ဒီတစ်ခေါက်မှာတော့ အသစ်ထွက် Crime/Drama ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်တွေအပေါ် အခြေခံထားတဲ့ ဒီကားလေးမှာဆိုရင်တော့ မင်းသားကြီး Courtney B. Vance (61st Street) က အဓိကခေါင်းဆောင်ပါဝင်ထားပြီး ၁၉၈၈ ခုနှစ်က ဘဏ်စနစ်တွေရဲ့ လုံခြုံမှုမရှိပုံကို ပုံဖော်ရိုက်ကူးထားတာပါ။ ၁၉၈၈ ခုနှစ်တွေတုန်းက ချီကာဂိုရဲ့ဘဏ်စနစ်က အလုံးစုံ ကွန်ပျူတာစနစ်အဖြစ် မပြောင်းလဲရသေးချိန်မှာ ငွေလွှဲပြောင်းမှုတွေကို လေလှိုင်းပေါ်က ဖုန်းခေါ်ဆိုမှုနဲ့ပဲ အတည်ပြုလေ့ရှိပါတယ်။ ကုမ္ပဏီတစ်ခုက ငွေလွှဲချင်တဲ့သူက ကုတ်နံပါတ်တစ်ခုနဲ့ လွှဲချင်တဲ ပမာဏကို ဘဏ်ကိုဖုန်းခေါ်ပြီး ပြောလိုက်ရင် ဘဏ်ကဝန်ထမ်းက အဲဒီကုမ္ပဏီရဲ့တခြားဘဏ္ဍာရေးအရာရှိကို ဖုန်းခေါ်ပြီး ကုတ်နံပါတ်ကို အတည်ပြုခိုင်းပါတယ်။ ဘဏ္ဍာရေးအရာရှိက ကုတ်နံပါတ်ကို အတည်ပြုပေးလိုက်တာနဲ့ လွှဲပြောင်းမှုက အထမြောက်အောင်မြင်သွားပြီဖြစ်လို့ ကုတ်နံပါတ်နဲ့ ဘဏ်ငွေစာရင်းလက်ကျန်ကိုသာ သိရရင် သေချာပေါက် ခိုးထုတ်ဖို့ မခက်ခဲတဲ့ ဘဏ်စနစ်ရဲ့ ယိုယွင်းမှုလို့ ဆိုရမလိုပါပဲ။ ဂျယ်ရမီဟောန်က လိမ်လည်မှုတွေမှာ ကျွမ်းကျင်တဲ့ ကြိုးကိုင်သူဖြစ်ပြီး ဘယ်သူ့ကို ဘယ်လိုခိုင်းရမယ်၊ ဘယ်နေရာကို ဘယ်လိုလိမ်ရမယ်ဆိုတာ အကွက်ကျကျ စီစဉ်တတ်သူပါ။ အဲဒီလို ကြိုးကိုင်သူဆရာကြီး ဂျယ်ရမီဟောန်တစ်ယောက် သူ့တူလေးရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းဖို့ ကြိုးစားပေးရင်း အမှတ်မထင်ဘဲ သူ့တူလေးက ဘဏ်မှာလုပ်တဲ့ မိတ်ဆွေတွေနဲ့ သိကျွမ်းကြောင်း သိရှိသွားခဲ့ပါတယ်။ ဘဏ်စနစ်ရဲ့ ချို့ယွင်းချက်တွေကို ကောင်းကောင်းနားလည်ထားတဲ့ ဂျယ်ရမီဟောန်က သူ့တူရဲ့မိတ်ဆွေတွေကို စည်းရုံးပြီး ကုမ္ပဏီတွေက ပိုက်ဆံတွေကို ဘဏ်ကနေတစ်ဆင့် ခိုးထုတ် လွှဲပြောင်းဖို့ ကြံစည်ပါတော့တယ်။ ဘဏ်စနစ်မှာ အားနည်းချက်ရှိတာမှန်ပေမဲ့ တကယ်တမ်း ခိုးထုတ်ဖို့ကြံစည်တဲ့အခါမှာတော့ ထင်သလောက်မလွယ်ကူဘဲ ခက်ခဲမှုတွေရှိနေခဲ့တာမို့ ဂျယ်ရမီဟောန်နဲ့ သူ့အဖွဲ့က အဲဒီအခက်အခဲတွေ၊ အတားအဆီးတွေကို အောင်မြင်အောင် ဖြတ်ကျော်ပြီး ငွေတွေကို အောင်အောင်မြင်မြင် လှည့်ထုတ်သွားနိုင်ပါ့မလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.5 GB)/(834 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:23:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama
0 2023
Heist 88
Tsotsi
7.2

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင် 70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

TV Movie • Comedy • Romance
7.2 2005
Tsotsi
Sars Wars: Bangkok Zombie Crisis

SARs War : Bangkok Zombie Crisis (2004) ဆားဗိုင်းရပ်စ်နံပါတ်၄ အာဖရိကမှာ ဖြစ်ပွားနေတဲ့အချိန် ဖြစ်ပါတယ်။ ဒီရောဂါကို ကူးစက်လိုက်တဲ့သူတွေဟာ သွေးဆာနေတဲ့ ဇွန်ဘီတွေဖြစ်ကုန်ကြပါတယ်။ ဒီလိုနဲ့ ရောဂါဟာ ပျံ့နှံ့လာရင်းနဲ့ ထိုင်းနိုင်ငံကို ရောက်ရှိလို့လာခဲ့ပါတော့တယ်။ တစ်ဖက်မှာလည်း ကောင်မလေးတစ်ယောက်ဟာ အဆောက်အဦတစ်ခုတည်းမှာ ပြန်ပေးဆွဲခံထားရပါတယ်။ အဲဒီကောင်မလေး ပြန်ပေးဆွဲခံထားရတဲ့ အဆောက်အဦဟာ ဆားဗိုင်းရပ်စ်ပျံ့နှံ့ရာရဲ့ အစကနဦးဖြစ်နေတဲ့အခါမှာတော့ ဒီကောင်မလေး အဆောက်အဦထဲကနေ ဘယ်လို လွတ်မြောက်အောင်လုပ်မလဲ …… ပြန်ပေးဆွဲတဲ့သူတစ်သိုက်နဲ့ ပြန်ပေးဆွဲခံရတဲ့ကောင်မလေး ဇွန်ဘီတွေနဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ … ပြန်ပေးဆွဲခံရတဲ့ကောင်မလေးကို လာကယ်တဲ့ကောင်လေးကရော ဘယ်လိုတွေစွန့်စားကယ်ထုတ်သွားမလဲ ဆိုတာကို ကြည့်ရှုရမယ့် ထိုင်းဇွန်ဘီကားလေးတစ်ကားဖြစ်ပါတယ်။ အညွှန်းကိုတော့ Su Myat က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Su Myat, Mary, Char Ou, Dao Phyo တို့ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy, Fantasy, Horror Quality…. 1080p WEB-DL | 720p WEB-DL File size… 1.7GB | 932MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Su Myat, Mary, Char Ou, Dao Phyo Encoder ….. Aaron

Fantasy • Romance • Comedy • Drama
0 2004
Sars Wars: Bangkok Zombie Crisis
The Summer with Carmen
6.9

ဒီဇာတ်လမ်းအမျိုးအစားလေးကတော့ Comedy/ Romance ဖြစ်ပြီး အေသင်မြို့ရဲ့ Queer Beach မှာ အခင်ဆုံးသူငယ်ချင်းနှစ်ယောက် ရုပ်ရှင်ဇာတ်ညွှန်းတစ်ခုကို အတူတူရေးကြဖို့အတွက် လွန်ခဲ့တဲ့နွေရာသီတွေမှာ ဖြစ်ပျက်ခဲ့သမျှကို ပြန်ပြောပြတဲ့ပုံစံမျိုး ရိုက်ကူးထားတာဖြစ်ပါတယ်။ Demosthenes နဲ့ Nikitas တို့က ဒရမ်မာကျောင်းတစ်ခုမှာ အတူတူတက်ရင်း သူငယ်ချင်းဖြစ်လာရာကနေ Demosthenes က သရုပ်ဆောင်လောကမှာ မအောင်မြင်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဝန်ကြီးဌာနတစ်ခုမှာ ဝန်ထမ်းလုပ်နေရသူပါ။ Nikitas ကလည်း လူရွေးပွဲတွေ ဝင်ပြိုင်သော်ငြား သူ့ကို ဘယ်သူကမှ မရွေးချယ်ကြတဲ့အတွက် ဒါရိုက်တာဘက်ကို လိုင်းပြောင်းနေတဲ့သူပါ။ သူတို့နှစ်ဦးသားရဲ့ ရည်းစားဟောင်းနဲ့အတွေ့အကြုံတွေ၊ မိသားစုအခက်အခဲတွေ၊ ကာမန်လို့ခေါ်တဲ့ လမ်းဘေးခွေးလေးတစ်ကောင်ကို ခေါ်ယူမွေးလိုက်ပုံတွေ စတာတွေကိုမြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:46:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Crime • Documentary
6.9 2023 106 mins
The Summer with Carmen
Balamevvadu
7.4

Balamevvadu 2022 (အာမခံအေးဂျင့်လေးရဲ့ အချစ်ပုံပြင်) IMDb – 7.4/10 ကလေးတွေကို ကြီးလာရင် ဘာဖြစ်ချင်လဲလို့ မေးကြတဲ့အခါ ဆရာဝန်ဖြစ်ချင်တယ်, အင်ဂျင်နီယာဖြစ်ချင်တယ်လို့ ဖြေတတ်ကြပေမယ့် ဆတ်တယာနာရာယာနာဆိုတဲ့ကောင်လေးရဲ့ အိပ်မက်ကတော့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်ချင်တာပါတဲ့။ ဘာလို့လဲဆိုတော့ မစွန့်စားရတဲ့အလုပ်မလို့ပါနဲ့လေ။ ဒီလိုနဲ့ ဖြစ်ချင်တဲ့ အာမခံအေးဂျင့်တစ်ယောက်ဖြစ်လာပြီးတဲ့နောက်မှာတော့ လူကြီးတွေက သူ့ကို အိမ်ထောင်ဖက်တွေ့ခိုင်းပေမယ့် အဆင်မပြေဖြစ်တာတွေ များခဲ့ပါတယ်။ နောက်တော့ ကောင်မလေးတစ်ယောက်ကို တွေ့သွားပြီးတော့ စွဲလန်းမိသွားရကနေ ကောင်မလေးရဲ့အချစ်ကို ရအောင်ယူနိုင်လိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်သား အချစ်ကြီးချစ်ခဲ့ကြပြီးတဲ့နောက်မှာ မျှော်လင့်မထားတဲ့ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးက ကောင်မလေးဆီကို ရောက်ရှိလာခဲ့ပါတယ်။ ကင်ဆာရောဂါသည်ကောင်မလေးနဲ့ အာမခံအေးဂျင့်ကောင်လေးတို့ ဘဝကို ဘယ်လိုတွေရှေ့ဆက်သွားမလဲ …… ဒီရောဂါဆိုးကြီးကိုရော အနိုင်တိုက်နိုင်ပါ့မလား …….. ဆိုတာကို ကြည့်ရှုရမယ့် ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

7.4 2022
Balamevvadu
Y2K
5.2

Y2K (2024) IMDb Rating – 5.2 /10 ၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။ အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။ သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ… (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)

Crime • Drama • Thriller
5.2 2024
Y2K
Silent Thunder

ဒီရုပ်ရှင်ကားဟာ U.S ရဲအရာရှိ မာရှယ်တစ်ယောက်က သူဖမ်းခေါ်လာတဲ့ Quinn နဲ့ Don ဆိုတဲ့ ဘဏ်ဓားပြနှစ်ယောက်နဲ့အတူ လူရိုင်းတွေ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ အမျိုးသမီး ငါးယောက်ကို ကယ်တင်ဖို့ ကြိုးစားတဲ့ western-horror ကားဖြစ်ပါတယ်။ ကချေသည် အမျိုးသမီး ငါးယောက်ဟာ ကန္တာရထဲ ခရီးထွက်နေစဥ် လူတစ်ပိုင်း ခွေးတစ်ပိုင်း လူရိုင်းတွေရဲ့ ဖမ်းဆီးတာခံရတာဖြစ်ပါတယ်။ အဲ့ဒီလူရိုင်းတွေက အမျိုးသမီးတွေကို ဖမ်းခေါ်၊ အဓမ္မကျင့်၊ ကိုယ်ဝန်လွယ်ခိုင်းပြီး ကလေးမွေးပေးပြီးတာနဲ့ ထိုအမျိုးသမီးတွေကို သတ်စားတတ်ကြတာပါ။ မာရှယ် နဲ့အတူ Donရယ် Quinnရယ် သဲကန္တာရထဲက အရက်ဆိုင်ပိုင်ရှင် Herbie ရယ်ဟာ အမျိုးသမီးတွေကို ကယ်တင်ဖို့စွန့်စားခန်း ခရီးထွက်တာကို အသဲတယားယားနဲ့ ကြည့်ရဖြစ်ပါတယ်။ File size…(1.7 GB)/(971 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leonie

Horror • Thriller
0 2024
Silent Thunder