YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Teri Baaton Mein Aisa Uljha Jiya (2024) Hindi TRUE WEB-DL - 1080p - AVC -YK-Edit(CM).mp4

2.57 GB N/A video/mp4 2007 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Sulaikha Manzil
5

Sulaikha Manzil 2023 (IMDb 8.4/10) ဘဝကြီးမှာ တစ်ခါမှမမြင်ဖူးသေးပဲ တစ်ပတ်လောက်ပဲ သိကျွမ်းဖူးတဲ့ လူတစ်ယောက်ကို လက်ထပ်ရမယ်ဆိုရင် သင်ဘယ်လိုလုပ်မှာလဲ ဝမ်းသာမှာလား ပျော်ရွှင်မှာလား ရင်ခုန်စိတ်လှုပ်ရှားမှာလား ကြည်နူးနေမှာလား ဒီမင်္ဂလာပွဲကြီးကိုရော သင်ဘယ်လိုစီစဉ်မလဲ ဘယ်လိုပြင်ဆင်မလဲ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အဆင်သင့်ဖြစ်အောင်ပေါ့ ယခုဇာတ်ကားလေးထဲမှာလည်း အချိန်မယူရသေးဘဲ အလောတကြီးစီစဉ်လိုက်တဲ့ မင်္ဂလာပွဲတစ်ခုကို ကာယကံရှင်နှစ်ယောက်က ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့မိသားစုတွေရဲ့ကူညီမှုကရော အကူအညီဖြစ်မှာလား ဖိအားတွေပိုတိုးလာမှာလား သူငယ်ချင်းတွေကရော ကူညီကြမှာလား ကူညီသလိုနဲ့ ဆေးတွေပဲဝိုင်းထိုးနေမလား နောက်ဆုံး အဆင်ပြေပြေနဲ့ပဲ အချစ်တွေပေါက်ဖွားလာပြီး မင်္ဂလာပွဲလေး အောင်မြင်သွားမလား စသည်ဖြင့် ခံစားကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပါ ခုချိန်ထိ စော်မရဘဲမရ မိဘပေးစားမှ လင်ရမိန်းမရမဲ့ လူပျိုကြီး အပျိုကြီးများ သို့မဟုတ် အသက်ငယ်ပေမဲ့ အဖြစ်မရှိလို့ မိဘကစောစောစီးစီးပေးစားတာခံရမဲ့ FA ပေါက်စလေးများ ကြည့်ရင်းနဲ့ ပညာလဲရ ကိုယ့်အဖြစ်နဲ့လဲ ယှဉ်ထိုးခံစားလို့ရတာမို့ လက်မလွှတ်တမ်းကြည့်ကြဖို့ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ပါတယ် ( အညွှန်းရေးသားသူကတော့ Sai~Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Sai~Aditi~Chiclon3~Yunni~Nyein~BpL တို့ပဲ ဖြစ်ပါတယ်) File size…2.3GB /1.1GB Quality…1080p WEB DL /720p Format…mp4 Duration….2h  Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Sai~Aditi~Chiclon3~Yunni~Nyein~BpL

Drama • Mystery
5 2023 120 mins
Sulaikha Manzil

ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ drama အမျိုးအစားလို့ သတ်မှတ်ထားပြီး အဖော်အချွတ်တွေပါတဲ့အပြင် ဟာသကားတစ်ကားမဟုတ်ဘဲ ဘဝသရုပ်တွေကို ခံစားရမယ့်စပိန်ကားကောင်းလေးမို့ ဒီလိုအမျိုးအစားကြိုက်နှစ်သက်သူ ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(1.93 GB) / (884 MB) / (515 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 43mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......San Thu Aung Encoder..........SWM

Horror
null 2008
Rated R
The Hobbit: An Unexpected Journey
7.3

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(8 GB) and (3.8 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:02:29 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Horror
7.3 2012 169 mins
The Hobbit: An Unexpected Journey
Fear Street: 1666
7.2

အရမ်းမိုက်တဲ့ Netflix horror ဇာတ်ကားရဲ့အပိုင်း(၃) ဖြစ်ပါတယ် ဇာတ်လမ်းကတော့... ၁၉၉၄ ခုနှစ် အမေရိကန်နိုင်ငံမှာ ဆန်နီဗေးလ်နဲ့ ရှိတ်ဒီဆိုဒ်လို့ အမည်ရတဲ့ ဘေးချင်းကပ်မြို့နှစ်မြို့ရှိကြတယ်... ထူးခြားတာက ဆန်နီဗေးလ်ဟာ သာယာဝပြောပြီး စီးပွားဖြစ်သလောက် ရှိတ်ဒီဆိုဒ်ကတော့ စုတ်ပြတ် နုံချာနေပြီး လူသတ်မှုတွေလည်းခဏခဏဖြစ်လေ့ရှိတာပါပဲ... အပိုင်းတစ်မှာတော့ ရှိတ်ဒီဆိုဒ်မြို့ခံချစ်သူစုံတွဲ ဒီနာနဲ့ဆမ်မှာ  ဆမ်က ဆန်နီဗေးလ်ကိုပြောင်းသွားတဲ့ကိစ္စနဲ့ သူတို့ လမ်းခွဲကြရာက မထင်မှတ်ထားတဲ့ဖြစ်ရပ်ကြောင့် သူတို့နောက်ကို လူသတ်သမားတွေလိုက်လာတာကို ရှူစားရမှာဖြစ်ပြီး . အပိုင်းနှစ်မှာတော့  ၁၉၇၈ ခုနှစ် နိုက်ဝင်းကမ့်စခန်းမှာဖြစ်ပွားခဲ့တဲ့ လူသတ်မှုတွေအကြောင်း ပိုထဲထဲဝင်ဝင်ပြသထားတာဖြစ်ပြီး မြို့ရဲ့သမိုင်းကြောင်း ပိုရုပ်လုံးပေါ်လာတာကို ကြည့်ရှူခံစားရမှာဖြစ်ပြီး၊ အခုဇာတ်သိမ်းပိုင်းမှာတော့ ၁၆၆၆ ခုနှစ်တုန်းက ဆာရာဖီအာရဲ့ဇာတ်ကြောင်းကိုကြည့်ရှူရမှာဖြစ်ပါတယ်။ သူကတကယ်ပဲစုန်းမလား ဘာတွေဖြစ်ခဲ့တာလဲ ကျိန်စာကတကယ်လားဆိုတာကို ဒီနာတို့နဲ့အတူ လိုက်ပါဖော် ထုတ်လိုက်ကြပါဦးဗျာ . . . (စုစုပေါင်း Part 1(1994), Part 2 (1978), Part 3 (1666) - Trilogy အပြီးဖြစ်ပါတယ်။) (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ဖြစ်ပါတယ်။) Quality – 1080p, 720p WebDL Duration - 1h 47min Subtitle – Myanmar Hardsub Format – Mp4 Genre : Horror, Mystery Source : 1080p.WebDL Translator – May Myat Thu Encoder – SWM

Crime
7.2 2021 114 mins
Fear Street: 1666
A Violent Man

ဒီဇာတ်ကားလေးကတော့ နှစ်ရှည် အကျဉ်းသား တစ်ယောက်အကြောင်းကို ရိုက်ပြထားတဲ့ Crime /Drama ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ မိုက်ကယ်ဆန်ဟာ သူ့ ဇနီးကို ကိုယ်တိုင်သတ်ဖြတ်ခဲ့ပြီး ထောင်ကျခံနေရသူ တစ်ဦးပါ ဒေါသကြီးပြီး အကြမ်းဖက်တတ်တဲ့လူတစ်ယောက် ဖြစ်တာကြောင့် ထောင်ထဲမှာ အမှုတွေ တစ်ခုပြီးတစ်ခုဖြစ်ရင်း ထောင်သက်ဟာလည်း ပိုပြီး ရှည်ကြာလာခဲ့ပါတယ်။ မိုက်ကယ်ဆန်တစ်ယောက် ထောင်ထဲမှာ ဖြတ်သန်းနေထိုင်ပုံကို ရိုက်ကူးပြသထားတာဖြစ်ပြီး အမြဲ ကြမ်းကြမ်းတမ်းတမ်းနေတတ်တဲ့ မိုက်ကယ်ဆန်တစ်ယောက် သူ့သမီးနဲ့ တွေ့ရမယ့်အချိန်မှာ ဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုပေးကြပါဦးဗျာ…… File size…(1 GB)/(520 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban

Crime • Thriller • Horror • Mystery
0 2022 107 mins
A Violent Man
Secrets at the Inn
5.7

Natalie က New York က နာမည်ကြီးစာဖိုမှူး တစ်ယောက်ပါ။ တရက်မှာ ဖုန်းတစ်ခုဝင်လာပြီး သတင်းဆိုးကြားခဲ့ရပါတယ်။ သူ့အမွှာအစ်မဖြစ်သူက မတော်တဆမှုနဲ့ သေဆုံးသွားခဲ့ပြီး သူ့အစ်မမှာ ဆယ်ကျော်သက်အရွယ် သမီးလေးတစ်ယောက်ကျန်နေခဲ့ပါတယ်။ ဒီတော့ Natalie တစ်ယောက် အလုပ်ကခွင့်ယူပြီး အစ်မဖြစ်သူရဲ့ နောက်ဆုံးခရီးကို ပို့ဆောင်ဖို့ တူမဖြစ်သူကို စောင့်ရှောက်ဖို့ အစ်မနေတဲ့ မြို့ကို ထွက်လာခဲ့ပါတယ်။ ဒါပေမဲ့ တူမဖြစ်သူSabrinaနဲ့ ဘယ်လိုမှ အဆီအငေါ်မတည့်ခဲ့ပါဘူး။ Sabrinaမှာ Elijah ဆိုတဲ့ကောင်လေးလည်းရှိပါတယ်။ အစ်မဖြစ်သူ ဝယ်ယူပြီး ပြင်ဆင်ထားတဲ့ Hannaway ဆိုတဲ့ အိမ်ကြီးရှိပါတယ်။ ဒီလိုနဲ့ အင်းဖွင့်ဖို့ ပြင်ထားတဲ့ အိမ်ကြီးမှာနေထိုင်ရင်းနဲ့ ထူးဆန်းတဲ့ ကိစ္စရပ်တွေနဲ့ ကြုံလာရပြီး သူ့အစ်မ သေဆုံးမှုကရော သွေးရိုးသွေးတမ်းဖြစ်ခဲ့ရဲ့လားဆိုတာ သံသယဝင်လာပါတော့တယ်။ File size…(1.4 GB)/(560 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre…Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leonie

5.7 2022
Secrets at the Inn
Star Wars: Episode IX – The Rise of Skywalker
6.8

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode IX – The Rise of Skywalker (2019) စတားဝါးဇာတ်လမ်းတွဲကြီးရဲ့ ၁၁ ကားမြောက် ရုပ်ရှင်ဖြစ်တဲ့ the rise of Skywalker လာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ကြယ်စင်စုကြီးတွေဆီမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ အင်ပါယာ ပါပတင်းရဲ့ အသံကို ပြန်ကြားလာရပါတယ်။ ကြယ်စင်စုတွေအားလုံးကို သိမ်းပိုက်ပြီး လက်စားချေမယ်လို့ ကြေညာလိုက်သံကြီးပါပဲ။ (မကြေညာဘဲ အလစ်ဝင်တိုက်ရင် သေချာပေါက်နိုင်မှာပေမယ့် ဘာလို့ ကြေညာလဲတော့ မသိပါဘူး) ဒါကြောင့် ဗိုလ်ချုပ်လေယာဟာ ဒီကိစ္စကို လိုက်စုံစမ်းဖို့ အထူးတပ်သားတွေကို စေလွှတ်လိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ရေး ကတော့ ဂျဒိုင်းတစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေဆဲပါပဲ။ ဖက်စ်အော်ဒါရဲ့ ခေါင်းဆောင်ကြီးဖြစ်လာတဲ့ ကိုင်လိုရမ်ကတော့ အင်ပါယာ ပါပတင်းကိုသတ်ပြီး အာဏာကို အခိုင်အမာ ရယူဖို့ လိုက်ရှာပါတော့တယ်။

Drama • Comedy
6.8 2019
Star Wars: Episode IX – The Rise of Skywalker
[18+] Sound of the Sea Son de mar
6

Sound of the Sea(2001) Son De Mar IMDb Rating (6.0) Rotten Tomatoes (68%) Sound of the Sea (2001) ရုပ်ရှင်ဟာ စပိန်စကားပြော Romance/Drama ရုပ်ရှင်ကားဖြစ်ပါတယ်။ 18+ အခန်းတချို့ပါတာမလို့ မိသားစုနဲ့အတူကြည့်လို့တော့မရပါဘူး။ ဇာတ်သိမ်းမှာ ရင်ထဲတစ်မျိုးဖြစ်သွားစေမယ့် ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ ဇာတ်လမ်းကတော့…. အူလိဆက်စ်ဟာ မြို့ကိုအသစ်ပြောင်းလာတဲ့ ကျောင်းဆရာအသစ်ဖြစ်ပါတယ်။ မာတီနာကတော့ မြို့ခံဆိုင်တစ်ခုက ပိုင်ရှင်ရဲ့သမီးဖြစ်ပါတယ်။ လိုတိုရှင်းပြောရရင် မာတီနာမှာ ကိုယ်ဝန်ရှိလာတော့ နှစ်ယောက်သားလက်ထပ်လိုက်ကြပါတယ်…. သာမန်အပေါ်ယံကြည့်ရင်တော့ သူတို့ချစ်သူနှစ်ဦးဘဝလေးဟာပျော်ရွှင်ကြည်နူးအတိနဲ့ပေါ့…. ဒါပေမယ့် တကယ်ပဲပျော်ဖို့ကောင်းခဲ့သလားဆိုတာ…..။ စပိန်ရုပ်ရှင်အထိအတွေ့နဲ့ ဆွဲဆောင်မှုရှိတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ (Dark Side Production မှ တင်ဆက်သည်။)

Drama • Comedy • Horror
6 2001 95 mins
[18+] Sound of the Sea Son de mar
The Keeper
7.5

The Keeper(2018) IMDb….7.5 ခင်ဗျားတို့ဘဝမှာ အလုပ်တစ်ခု ဒါမှမဟုတ် ဖြစ်တည်မှုတစ်ခုကို ဘယ်လောက်ထိ ရူးသွပ်ဖူးလဲ ဘယ်လောက်ထိ ရူးမိုက်ဖူးလဲ… ကျွန်တော်ပြောတာကို ယုံလိုက်ပါ… ဘယ်လောက်ပဲရူးသွပ်ပါတယ်ပြောပြော ဒီဖြစ်ရပ်မှန်ဇာတ်လမ်းထဲက မန်စီးတီးဂိုးသမားကြီးလောက်တော့ ခင်ဗျား မရူးသွပ်နိုင်ပါဘူး… သူ့နာမည်က ထရော့မန်း…ဂျာမန်လူမျိုး… ဒုတိယကမ္ဘာစစ်အတွင်းမှာ စစ်ထဲဝင်ခဲ့ပြီး အင်္ဂလန်တို့နဲ့ တိုက်ခိုက်ခဲ့သူ… ငယ်စဉ်ကလေးဘဝတုန်းက ဘောလုံးကန်ရင်ဘယ်သူမှမလုပ်ချင်တဲ့ ဂိုးသမားနေရာမှာ ကစားရင်း မန်စီးတီးလိုအသင်းမှာ ပင်တိုင်စံဂိုးသမားဖြစ်လာခဲ့တာ… ဒုတိယကမ္ဘာစစ်အတွင်း စစ်ရှုံးရာကနေ သုံ့ပန်းအဖြစ် ဖမ်းခေါ်သွားခံရပြီး လေ့ကျင့်ရေးစခန်းတစ်ခုမှာ ပုံစံသွင်းခံရရှာတယ်…အဲ့ဒီကနေတဆင့် မြို့တွင်းဘောလုံးအသင်းတစ်ခုရဲ့ နည်းပြက သူ့ကိုသဘောကျလို့ အဲ့ဒီအသင်းမှာ ဂိုးဖမ်းခွင့်ရတယ်…အဲ့တာဟာ မန်စီးတီးဂိုးသမားတစ်ယောက်ဖြစ်လာဖို့အတွက် သူ့ရဲ့ အကောင်းဆုံး ခြေလှမ်းတစ်ခုပေါ့… ဒါပေမဲ့လည်း ထင်သလောက်တော့ မလွယ်ကူခဲ့ပါဘူး…ဂျာမန်လူမျိုးတစ်ယောက်ဖြစ်တဲ့ ထရော့မန်းဟာ အင်္ဂလန်မြေမှာတော့ လွယ်လွယ်မဝင်ဆန့်ခဲ့…အစစအရာရာ အခက်အခဲများစွာကိုကျော်ဖြတ်လို့ ဝါသနာအရင်းခံပြီး ကံကြမ္မာလှည့်ကွက်တွေကို ဘယ်လိုရင်ဆိုင်သွားမလဲဆိုတာကတော့ ဒီဖြစ်ရပ်မှန်ဇာတ်ကားလေးကိုပဲ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါလို့… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်… File Size : 2.14GB / 930MB Quality : Blu-Ray 1080p 5.1 CH/ Blu-Ray 720p Format…mp4 Duration…02:00:00 Genre : Biography Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Tiff

Horror • Thriller
7.5 2018
The Keeper
Fly On Hotsureru
5.8

Fly On (2023) Hotsureru IMDb Rating (5.8) ဒရာမာအမျိုးအစား အချစ်ရုပ်ရှင်အိမ်ထောင်ရေး ဇာတ်လမ်းကောင်းလေးတစ်ကားပါ။ ဝါတာကိုဆိုတဲ့ မိန်းကလေးဟာ သူ(မ)ရဲ့ ချစ်ရသူဖြစ်တဲ့ ကီမူရာကို တိုကျိုက အက်ဆီးဒန့်တစ်ခုမှာ ဆုံးရှုံးခဲ့ရတယ်။ ဒီမိန်းကလေးဟာ ဒီဝမ်းနည်းမှုကို မေ့ပျောက်ပြီး ဘဝကို သူ့ယောက်ျားနဲ့ပဲ အေးအေးဆေးဆေး ဖြတ်သန်းတော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမဲ့ မေ့ချင်ယောင်ဆောင်ပြီးနေခဲ့ပေမဲ့ ကီမူရာကို ဆုံးရှုံးလိုက်ရတာကြီးက သူ့(မ) ဘဝမှာ အမှတ်သားကြီး တစ်ခုအနေနဲ့ထားခဲ့ပြီး သူ့နဲ့အတူရှိခဲ့ဖူးတဲ့ အမှတ်တရတွေဆီက မလွှတ်မြောက်နိုင်တဲ့အခါ.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Lin Thurein ဖြစ်ပါတယ်။) File size…(830 MB) / (750 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Romance Duration….01:24:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Lin Thurein

Crime • Thriller
5.8 2023
Fly On Hotsureru
Dawn’s Dream
55

အခု ဘတ်ဂျက်နည်းနည်းနဲ့ နှလုံးသားကို ခိုးဖို့ကြိုးစားထားတဲ့ မိသားစုကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဒီကားလေးမှာတော့ ဘားတစ်ခုမှာ မူးချင်တိုင်းမူး… ငွေရှိတယ်ဆိုပြီးတော့ မောက်မာချင်တိုင်းမောက်မာပြီး… လူတိုင်းအပေါ် ရိုင်းချင်တိုင်းရိုင်းနေတဲ့… သူဌေးသမီးလေး ချန်ရှီးအကြောင်းကို ပုံဖော်ထားတာပါ… အများအမြင်မှာတော့ မိဘကအရမ်းချစ်ပြီး အမွေတွေ အများကြီးရခဲ့တဲ့ အချစ်ခံ ရွှေမင်းသမီးလေးဆိုပေမယ့်… တကယ်တော့ ဒီလိုသူ့ကိုချစ်ပေးတဲ့ မိဘက မွေးစားမိဘတဲ့… သူ့အဖေအရင်းက အလုပ်မလုပ်ဘဲ အပျော်မက် လောင်းကစားမက်နေတဲ့ ဆန်ကုန်မြေလေးတစ်ယောက်တဲ့… သူ့အမေကလည်း သူ့ကိုမွေးပြီးတာနဲ့ သူ့အဖေနဲ့မပေါင်းနိုင်တော့ဘူးဆိုပြီး နောက်ယောက်ျားနောက်လိုက်ပြေးသွားတာတဲ့… သူကတော့ အဖိုးအဖွားတို့လက်ထဲမှာ ကြီးပြင်းခဲ့တာပေါ့… ငွေမရှိပေမယ့် မေတ္တာအပြည့်ပေးနိုင်တဲ့ အဖိုးအဖွားကြောင့် သူ့ငယ်ဘဝလေးက ပျော်ဖို့ကောင်းခဲ့ပါတယ်… ဒါပေမယ့်…သူဘာလို့ မွေးစားမိဘတွေလက်ထဲရောက်သွားတာလဲ… သူဘာလို့ အခုလိုတွေ ဘာတွေ့တွေ့ စိတ်အလိုမကျဖြစ်နေတာလဲ… သူဘာလို့ အဖေရင်း အမေရင်းကို မုန်းနေတာလဲ.. ဒီမေးခွန်းတွေရဲ့ အဖြေကို ဇာတ်လမ်းလေးက ပုံဖော်ပြီး ပြောပြထားတာမို့ ကြည့်ကြည့်လိုက်ကြပါဦးနော်….

Comedy • Crime
55 2025
Dawn’s Dream
Swing Girls
7.6

Swing Girls (2004) ******************* ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ရုပ်ရှင်လေးကတော့ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ Comedy/Drama အမျိုးအစား Swing Girls ဆိုတဲ့ ဂျပန်ကားလေးဖြစ်ပါတယ်။ စိတ်မရွှင်လန်း အားလျော့နေချိန်မှာ ဘဝအမောပြေပျောက်ပြီး စိတ်ခွန်အားရချင်သူများ လက်မလွတ်တမ်း ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားအဖြစ် ဆုပေါင်းများစွာ ဆွတ်ခူးရရှိထားတဲ့ ဒီလူငယ်ဇာတ်ကားလေးကို ညွှန်းပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************* ပူပြင်းလှတဲ့ ဂျပန်နွေရာသီမှာ အချိန်ပိုသင်တန်းပြန်တက်နေရလို့ ငြီးငွေ့နေကြတဲ့ တိုမိုကိုတို့ သူငယ်ချင်းတစ်စုဟာ အားကစားပွဲကို တီးမှုတ်ဖျော်ဖြေဖို့ ထွက်ခွာသွားကြပြီးနောက် ကားပေါ်မှာ နေ့လယ်စာ မပါတာကို သိသွားခဲ့ပါတယ်။ သင်္ချာဆရာ အိုဇဝါအတန်းချိန်လည်းဖြစ် စာသင်ဖို့ ငြီးငွေ့နေကြတဲ့ သူတို့ဟာ ဆရာ့ကို ခွင့်တောင်းပြီး ရထားနဲ့ နေ့လယ်စာ သွားပို့ခဲ့ကြပါတယ်။ ရထားပေါ်မှာ နေ့လယ်စာဘူးကို ဖောက်စားကြည့်ပြီးနောက် အိပ်ပျော်သွားတဲ့အတွက် ဆင်းရမယ့် ဘူတာကျော်ပြီး သူတို့ဟာ နေပူပူမှာ လမ်းလျှောက်ပြီး သွားပို့ခဲ့ရပါတော့တယ်။ ကံဆိုးချင်တော့ နေ့လယ်စာမလောက်ငလို့ မစားလိုက်ရတဲ့ တာခုအိုကလွဲပြီး စားမိတဲ့ ဂီတဆရာမရော ကျောင်းသူကျောင်းသားတွေပါ ဆေးရုံရောက်ကုန်ကြပါတော့တယ်။ တီးဝိုင်းက ထွက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သူ တာခုအိုဟာ ကျောင်းဘော့စ်ဘောပွဲအတွက် အလောတကြီး တီးဝိုင်းအစားထိုး ဖွဲ့ဖို့ စိတ်ဝင်စားသူများ ပါဝင်ကြဖို့ အစည်းအဝေးခေါ်ခဲ့ပါတယ်။ ပန့်ခ်တီးဝိုင်းက ဘော့စ်သမား ၂ ယောက်နဲ့ ဆဲကီဂုချီတို့ပဲ ရောက်လာခဲ့ကြပါတယ်။ တာခုအိုက တိုမိုကိုတို့ မိန်းကလေးအုပ်စုကို နေ့လယ်စာထမင်းဘူးကိစ္စနဲ့ တီးဝိုင်းမှာပါဖို့ ဖိအားပေးခဲ့ပါတယ်။ ဘာကိုမှ အလေးအနက်မရှိကြတဲ့ တိုမိုကိုတို့ မိန်းကလေးအုပ်စုနဲ့ “Big Band jazz” ကို မဖြစ်ဖြစ်အောင် ဖွဲ့ပြီးတီးမှုတ်ဖျော်ဖြေမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဂီတအကြောင်း ဘာမှမသိ၊ လေ့ကျင့်ဖို့ ကိုယ်ပိုင်တူရိယာမရှိ၊ ဝယ်စရာပိုက်ဆံမရှိတို့ တိုမိုကိုတို့နဲ့ တာခုအို ဘယ်လိုစခန်းသွားပြီး “Swing Girls”အဖွဲ့ဖြစ်လာအောင် လုံးပမ်းကြမလဲ… နာမည်ကျော် jazz ဂီတကို အားကစားပွဲမှာရော စင်မြင့်ထက်မှာပါ အောင်မြင်စွာ ဖျော်ဖြေတင်ဆက်နိုင်ကြပါ့မလားဆိုတာ… ပရိသတ်တွေကို အချိန်ပေးကြည့်ရှုရတာနဲ့တန်အောင် ရယ်မြူးပျော်ရွှင် စိတ်အားတက်ကြွဖွယ်မျိုးစုံနဲ့ Swing Girlsမှာ ဘယ်လိုတွေ ဖန်တီးတင်ဆက်ထားသလဲဆိုတာကို ခံစားကြည့်ရှုကြပါစို့လား… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.53GB / 738MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 45m Genre ….. Music, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

Animation • Family • Romance • War
7.6 2004 105 mins
Swing Girls
An American Tail
6.9

An American Tail 1986 1986 မှာထွက်ရှိခဲ့ပြီး IMDB 6.9 ရထားတဲ့ Animation ကားကောင်းလေးတစ်ကောင်းကို တင်ဆက်ပေးလိုက်ပါတယ်။ ဒါရိုက်တာကတော့ Don Bluthဖြစ်ပြီး CMကာတွန်းချစ်သူတွေကြား လူသိများတဲ့ Land before Time ရဲ့ဒါရိုက်တာလည်းဖြစ်ပါတယ်။ ဒါ့အပြင် Disney ရဲ့နာမည်ကျော် Animation ဖြစ်တဲ့ Winnie the Pooh,Robin Hood တို့လို့ကားတွေကို ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် လွန်ခဲ့တဲ့ နှစ် ၅၀ ၊၁၉၈၆ လောက်က ဒေါ်လာ ၅သန်းအကုန်ကျခံရိုက်ကူးခဲ့ကာ ဒေါ်လာ ၈၅ သန်းပြန်ရပြီး Box Office မှာ အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ဝေဖန်ရေးဆရာတွေရဲ့ One of the Best Animation of All Time လို့ ချီးကျူးမှုတွေပါရရှိထားတာဖြစ်ပါတယ်။ ဒါဆို ဒီကားဟာ ကလေးကြိုက်တင်မဟုတ်ပဲ လူကြီးတွေပါ ကြည့်ရှုသင့်တဲ့ Animation ကားကောင်းတစ်ကား ဆိုတာ သိသာနေပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ မောက်စကီဝဇ်ဆိုတဲ့ကြွက်မိသားစုဟာ ရုရှားမှာ ကော့ဆက်တွေရဲ့ တိုက်ခိုက်လုယက်မှုတွေကြောင့် အမေရိကကို ရွှေ့ပြောင်း‌အ‌ခြေချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် လမ်းမှာ သားဖြစ်သူ ဖိုက်ဗယ်ဟာ ရေထဲမတော်တဆပြုတ်ကျသွားပြီး မိသားစုနဲ့ကွဲကွာသွားပါတယ်။ ဗိုက်ဗယ်ဟာ အမေရိကမှာ ပျောက်ဆုံးသွားတဲ့ သူ့မိသားစုကို ရှာပုံတော် ဖွင့်တာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ရိုးရှင်းပေမယ့် ဘာလို့ဒီလောက်အောင်မြင်ခဲ့ရလဲဆိုရင် ဇာတ်လမ်းရဲ့ ညွှန်းဆိုချင်တဲ့ ပိုကြီးမားတဲ့ရည်ရွယ်ချက်ရှိနေလို့ပါပဲ။ ရုရှားက မောက်စကီဝဇ်မိသားစုဆိုတာ ဥရောပမှာ ခွဲခြားဆက်ဆံမှုတွေခံခဲ့ရတဲ့ ဂျူးလူမျိုးတွေကို ကိုယ်စားပြုပြီး ကြောင်တွေကတော့ ဂျူးမုန်းတီးရေးသမားတွေဖြစ်ပါတယ်။ ဂျူးတွေရဲ့ ခွဲခြားဆက်ဆံခံရမှု၊ခါးသီးဖွယ်ခံစားချက် နဲ့ ပိုကောင်းတဲ့ဘဝသစ်အတွက် စွန့်စားခဲ့ရပုံတွေအပြင် American Dream Consept ကို လည်းဒီကားမှာတစ်စွန်းတစ တွေ့မြင်ရမှာဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကတော့ Swan Yee Myo Thant ဖြစ်ပါတယ်။ File size… 1.38 GB / 725 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20m Genre ….. Family / Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Swan Yee Myo Thant

Comedy • Romance
6.9 1986 80 mins
An American Tail