YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tempting Heart S01E07 720p CM.mp4

229.19 MB N/A video/mp4 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
That Thing You Do!
6.9

ဒီတစ်ခေါက်မှာတော့ မင်းသားကြီး Tom Hanksက ပွဲဦးထွက်အနေနဲ့ ဒါရိုက်တာ၊ စာရေးဆရာအဖြစ် ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ဇာတ်ပို့သရုပ်ဆောင်အဖြစ် ပါဝင်ထားတဲ့ 1996 ခုနှစ်က That Thing You Do ဆိုတဲ့ IMDB 7/10, Rotten Tomatoes 94% ရရှိထားတဲ့ ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ ဖြစ်ရပ်မှန်ကို အခြေခံထားတဲ့ Musical/Comedy/Drama ကားလေးမှာ မင်းသားကြီးတွေဖြစ်တဲ့ Tom Everett Scott (Dead Man on Campus)၊ Johnathon Schaech (Hush)၊ ဟာသမင်းသားကြီး Steve Zahn (Daddy Day Care) နဲ့ မင်းသမီးချော Liv Tyler (Lord of the Ringsထဲက Arwen)တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး ဇာတ်ဝင်သီချင်းတစ်ဖြစ်လည်း မူရင်းသီချင်းဖြစ်တဲ့ That Thing You Do ဟာဆိုရင် အကောင်းဆုံး မူရင်းဇာတ်ဝင်တေးသီချင်းဆုအဖြစ် ဆုပေးပွဲများစွာမှာ အနိုင်ရရှိခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ၁၉၆၄ ခုနှစ်မှာ Erie, Pennsylvania က လူငယ်လေး ၄ယောက်ပါဝင်တဲ့ တီးဝိုင်းအဖွဲ့လေးက ကိုယ်တိုင်ရေး၊ ကိုယ်တိုင်တီး၊ ကိုယ်တိုင်ဆိုတဲ့ သီချင်းတစ်ပုဒ်နဲ့ မမျှော်လင့်ဘဲ လူသိများထင်ရှားလာခဲ့ပါတယ်။ တဖြည်းဖြည်းနာမည်ကြီးလာတော့ အသံသွင်းကုမ္ပဏီကြီးတစ်ခုရဲ့ ကမ်းလှမ်းချက်နဲ့အတူ နိုင်ငံတစ်ဝှမ်း ဖျော်ဖြေပွဲတွေ သွား၊ ဓာတ်ပုံတွေရိုက်နဲ့ မအားမလပ်နိုင်လောက်အောင် အလုပ်တွေရှုပ်နေခဲ့တာပေါ့။ လူမသိသူမသိဘဝလေးကနေ ရုတ်တရက်ကြီး အောင်မြင်သွားပြီး တိုင်းသိပြည်သိ အနုပညာရှင်ဖြစ်သွားတဲ့အခါ ဒီအောင်မြင်မှုရဲ့ဝန်ကို ဘယ်လိုတွေထမ်းပိုးရမလဲဆိုတာ၊ အောက်ခြေမလွတ် ဘဝင်မမြင့်ဘဲ အဆုံးထိ အောင်မြင်မှုကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ဇာတ်ကားလေးထဲမှာ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးဖြစ်တာမို့ အတုယူစရာ ပညာရစရာလေးတွေကိုလည်း တစ်ပါတည်း ရှုစားနိုင်မှာပါ။ အောင်မြင်မှုဆိုတာ စတင်ဖို့မလွယ်သလို ထိန်းသိမ်းထားဖို့က ပိုခက်ခဲတယ်ဆိုတာ၊ ကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ အောင်မြင်ကျော်ကြားမှုရဲ့ ကျေးကျွန်ဖြစ်မသွားဖို့ သတိထားသင့်ပုံလေးတွေပါ သိရှိနိုင်မှာပါ။ (ဒီကားလေးထဲက ကြည်နူးစရာလေး တစ်ခုကတော့ ဦးသန့်ကို ထည့်သွင်းဖော်ပြပေးသွားတာပါ။ စာလေးတစ်ကြောင်း ဇာတ်ဝင်ခန်းလေး တစ်ခန်းပဲပေမယ့် ဦးသန့်အကြောင်းကို တလေးတစား ထည့်သုံးသွားတာလေးနဲ့တင် အဲဒီခေတ်အဲဒီအခါက ဦးသန့်ရဲ့ အောင်မြင်မှုကို တွက်ဆကြည့်လို့ရနိုင်ပါတယ်။ ဒီကားရဲ့ စာရေးဆရာ ဒါရိုက်တာဖြစ်တဲ့ Tom Hanksရဲ့ ဗဟုသုတကြွယ်ဝမှုနဲ့ အလေးအမြတ်ထားတတ်မှုကိုတော့ မချီးကျူးဘဲမနေနိုင်လောက်အောင်ပါပဲ) အညွန်းနဲ့ ဘာသာပြန်က Emily ပါ။ File size…(2.5 GB)/(1.7 GB)/(822 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Drama, Comedy, Romance, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

Drama • Romance
6.9 1996 108 mins
That Thing You Do!
Killerman
6.3

Liam Hemsworthပါဝင်ထားတဲ့ Killermanဆိုတဲ့ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ရတနာကုန်သည်တဖြစ်လည်း ငွေကြေးခဝါချ သူလည်းဖြစ်တဲ့ မိုးဒိုင်းမွန်းဟာ သူ့သူငယ်ချင်းစကန့်နဲ့ပေါင်းပြီး ကြေးကြီးတဲ့ အလုပ်ကိုလက်ခံထားပါတယ်။ အလုပ်အပ်သူက စကန့်ရဲ့ဦးလေး။အလုပ်မပြီး သေးခင် စကန့်ဦးလေးက ပိုက်ဆံကိုခဏသိမ်းထားပြီး အလုပ်ကိုလည်းဆိုင်း ထားဖို့ပြောလာတယ်။အဲဒါကိုစကန့်က လက်ထဲမှာရှိနေတဲ့ သူ့ဦးလေးပိုက်ဆံ နဲ့ ဆေးကုန်ကူးဖို့လုပ်တယ်။အရောင်းအဝယ်လုပ်နေတုန်းရဲတွေလာဖမ်းလို့ ထွက်ပြေးကြရင်း ကားမတော်တဆမှုဖြစ်ပြီး မိုးကအတိတ်မေ့သွားပါတော့တယ်။ အဲဒီကနေစလို့ အရာရာဟာလွဲကုန်ပါတော့တယ်။ File size…1.87GB / 680MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 52m Genre ..... Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hmu Khin

Comedy • Drama • Mystery • Romance • TV Movie
6.3 2019 112 mins
Killerman
Yaathisai
8

IMDb 8.1/10 လတ်တလောထွက်ရှိထားပြီး ရုံတင်ငွေ ကုဋေ သန်း ၂၀ ထိရရှိထားတဲ့ သမိုင်းနောက်ခံ အိန္ဒိယရုပ်ရှင်ပါ။ ချောချောလှလှတွေကိုတော့ ဒီရုပ်ရှင်မှာ မြင်ရမှာမဟုတ်ဘူးဗျ။ သွေးသံတရဲရဲနဲ့စစ်ပွဲကြားက ပလ္လင်လုကြမယ့် တိုက်ပွဲပေါ့။ ယာသီဆိုင်ဆိုတာ အိန္ဒိယတောင်ပိုင်းလို့ ခေါ်ဆိုကြတယ်တဲ့။ ရာနာဒီယန်လို့ခေါ်တဲ့ ဘုရင်က ချိုလာ၊ ကွန်ဂူ ၊ ကာတာနာခါ ဒါ့အပြင် မျိုးနွယ်စုပေါင်းများစွာနဲ့ သွေးချောင်းစီး စစ်ထိုးပြီး အိန္ဒိယတောင်ပိုင်းကို အနိုင်ယူ အုပ်စိုးထားခဲ့တာ နှစ်နဲ့ချီပေါ့။ ကြောက်ခမန်းလိလိ စစ်တပ်အင်အားနဲ့ မဖြိုလဲနိုင်တဲ့ ရာနာဒီယန်။ ဆင်ကောင်ကြီးကို ပုရွတ်ဆိတ်အင်အားနဲ့ ဖြိုမယ်ကြံနေတဲ့ ကိုသီ။ ရာနာဒီယန် ချေမှုန်းလိုက်တဲ့ မျိုးနွယ်စုတွေထဲမှာ ကုန်းတွင်းပိုင်းဒေသကို ထွက်ပြေးသွားတဲ့ အီနာ့စ်မျိုးနွယ်စုကနေ မွေးဖွားလာတဲ့ ကိုသီ။ မျိုးနွယ်စုအင်အားရော စစ်တပ်အင်အားရောမရှိပေမယ့် ရဲစွမ်းသတ္တိနဲ့ပြည့်စုံပြီး အကြောက်အလန့်ရယ်မရှိ။ ဒီလိုနဲ့ ကိုသီဟာ ချိုလာတွေနဲ့ပေါင်း၊ ပန်ဒီယန်တိုင်းပြည်ထဲ သူလျှိုလုပ်၊ အကွက်ကျကျပြင်ဆင်ပြီး တိုက်ခိုက်ဖို့ကြံစည်ခဲ့တာပါ။ သူ့အကြံအစည်က တကယ်ရော အောင်မြင်နိုင်မှာလား။ ထောင်ချီတဲ့စစ်အင်အားကို ရာတန်တဲ့ တပ်ဖွဲ့က ဖြိုခွဲနိုင်ပါ့မလား။ ဘာတွေအချဥ်းနီးဖြစ်သွားမလဲ။ နောက်ဆုံး ပလ္လင်ထက်က ထီးနန်းကို ဘယ်သူ သိမ်းယူနိုင်မလဲဆိုတာ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ကြပါဦး။ File size…3.4GB / 1.4GB Quality…1080p WEB DL / 720p Format…mp4 Duration….2h 1m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by HM~Nyein~Yunni~BpL

Mystery • Thriller
8 2023 121 mins
Yaathisai
[21+]Dark Room
6.2

နာကာတာက အောင်မြင်ကျော်ကြားလှတဲ့ စာရေးဆရာတယောက်.. သူချစ်ရတဲ့ မိန်းမတယောက်ရယ်..... တနေ့ နာကာတာအတွက် ဆုံးရှုံးမှုကြီးက မမျှော်လင့်ပဲ ရောက်လာတယ် သူချစ်ရတဲ့ မိန်းမ မတော်တဆမှုနဲ့ ဆုံးသွားတယ်... အဲဒီနောက်ပိုင်း နာကာတာဟာ နောက်ထပ် အချစ်မရှာတော့ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်.. ဘဝမှာလေ တခါတလေ ကိုယ်မထင်မှတ်တာတွေ ဖြစ်လာတက်တယ် သူဆုံးဖြတ်ချက်ချာ စောသွားတယ်လို့ယူဆရမယ်.... သူ့အနားမှာ အချောလေးတွေ တယောက်ပြီးတယောက် လာဝဲတယ် ယုတ်စွ အဆုံး Lesbian ကအစ သူ့မှ သူပဲ ဖြစ်လာတဲ့အခါ.. လူကြီးကြိုက်အခန်းတွေ ဖောဖောသီသီ တန်ဆာဆင်ထားတာဖြစ်လို့ DS Fans တွေအတွက်တင်ဆက်ပေးလိုက်ပါတယ် File size…1.7GB / 743MB Quality…1080p /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Ki Mu Chi

Crime • Drama
6.2 1983 122 mins
[21+]Dark Room
Reindeer Games Homecoming
6

ဖခင်ဖြစ်သူ ဆုံးပါးပြီးနောက် လစ်ဟာနေတဲ့ကွက်လပ်ကိုဖြည့်ဖို့အတွက် သူ့အဖေချစ်တဲ့ ကစားပွဲတွေကို အားကြိုးမာန်တက် ဆက်ဆော့ပြီး မြို့အတွက် ရန်ပုံငွေရှာပေးနေတဲ့ ကောင်မလေးမက်ခ်ဟာ တစ်နေ့မှာတော့ ကိုယ်ဝန်သည်အစ်မကို ကူညီပေးဖို့မြို့ကိုပြန်ရောက်လာတဲ့ သူ့အထက်တန်းကျောင်းတုန်းက ခရက်ရှ်လည်းဖြစ်၊ ငယ်သူငယ်ချင်းဟောင်းလည်းဖြစ်တဲ့ စူပါစတားနဲ့ပြန်ဆုံတွေ့ပြီး ခရစ္စမတ်မှာ ရန်ပုံငွေရှာတဲ့ပွဲအတွက် အတူတူဆော့ရင်းနဲ့ အတိတ်ကအနာဟောင်းကို ပြန်ဆွမိသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲ။ မက်ခ်ဟာ ဆရာဝန်ဖြစ်ဖို့ရည်မှန်းချက်နဲ့ ငယ်ငယ်ကတည်းက အရမ်းကြိုးစားခဲ့ပြီး ဉာဏ်လည်းအရမ်းကောင်းပေမယ့် ဘာလို့ ဆရာဝန်အလုပ်မလုပ်ဘဲ အထက်တန်းကျောင်းမှာ ဆရာမဝင်လုပ်နေရတဲ့အကြောင်းအရင်းကရော ဘာကြောင့်ဖြစ်မလဲဆိုတာ ပေါ့ပေါ့ပါးပါးခရစ္စမတ်ကားလေးကြည့်ပြီး ရှုစားလိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Robin ပဲ ဖြစ်ပါတယ်။ Genre.....Comedy, Drama, Romance Quality…. 1080p | 720p | 480p File size… 1.4GB | 747MB | 359MB Format… mp4 Duration…. 1h 30min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Robin Encoder ..... August

Action • Adventure • Drama • Thriller
6 2022 85 mins
Reindeer Games Homecoming
Gentleman
6

အလွတ်စုံထောက်အေဂျင်စီ ပိုင်ရှင်ဖြစ်တဲ့ ဂျီဟျွန်းဆူကို တစ်နေ့မှာ အိမ်မွေးခွေးလေး ကူရှာပေးဖို့ ကောင်မလေးတစ်ယောက်က ဆက်သွယ်လာခဲ့ပါတယ်.... ဂျီဟျွန်းဆူက အဲဒီကောင်မလေးနဲ့အတူ ပိုင်ရှင်မရှိတဲ့ တည်းခိုခန်းမှာ ခွေးလေးကို ရှာဖို့ အတူ လိုက်ပါသွားခဲ့ရာ တစ်စုံတစ်ယောက်က တိုက်ခိုက်လိုက်တဲ့အတွက် သတိလစ်သွားပါတယ်... နိုးလာတဲ့အခါမှာ အလုပ်အပ်ခဲ့တဲ့ ကောင်မလေးကပါ ပျောက်ဆုံးနေခဲ့တဲ့အပြင် အမှုစစ်ကပါ သူ့ကို ပြန်ပေးဆွဲသမားအဖြစ် အထင်မှားပြီး ဖမ်းဆီးခဲ့ပါတယ် ... အဲ့ဒီနောက်မှာတော့ ပြဿနာမျိုးစုံဆက်ဖြစ်ခဲ့ပါတယ်.. ဒီကားက အညွှန်းအများကြီးရေးလို့မကောင်းတဲ့အထဲမှာပါတယ်.. ထွက်သမျှကားသစ်တွေထဲမှာ အကောင်းဆုံး စာရင်းထဲထည့်ထားလို့ရတယ်.. plot twist တွေလည်းပါသလို အစမှ အဆုံးထိ tempo တစ်ချက်မှ မကျဘဲနဲ့ကြည့်နေရတဲ့ကားဖြစ်လို့ပါ..casts တွေတော့ထွေထူးမိတ်ဆက်ပေးစရာ လိုမယ်မထင်ဘူး အကုန်နာမည်ကြီးတွေကြီးပဲ.. ဒေါင်းရကျိုးနပ်စေရမယ့်လို့ ရဲရဲကြီးအာမခံတယ်... File Size :(1.7GB )(667MB) & (218MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…02:03:00 Genre :  Action, Thriller, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Estel & Miri Encoded by Phyo Pyae

6 2022 123 mins
Gentleman
A Thousand Little Cuts
5.5

Anne ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ ဆေးရုံမှာနိုးလာပါတယ်။သူဘာလို့ဆေးရုံရောက်နေလဲဆိုတာ ဇဝေဇဝါဖြစ်နေပါတယ်။စိတ်ရောဂါကုဆရာ၀န်က သူ့ရဲ့အတိတ်ကို တူးဆွပေးပြီးထိတ်လန့်စရာ ဖြစ်ရပ်ကို ပြန်မှတ်မိနိုင်အောင် လမ်းပြပေးပါတယ်။ ဒါပေမယ့် Anne ရဲ့မသိစိတ်က တကယ်ဖြစ်ခဲ့တာတွေကို ဖန်တီးထားတဲ့မှတ်ဉာဏ်တွေနဲ့ အစားထိုးပြီး ဖြစ်ရပ်မှန်ကို ဖုံးကွယ်နေတဲ့အတွက်မလွယ်ကူပါဘူး။ Anne တယောက်ဟာ တုန်လှုပ်စရာဖြစ်ရပ်ကို မှတ်မိနိုင်ဖို့ နာကျင်ရတဲ့အတိတ်ကိုပြန်သွားရမှာပါ။ Director Josh Brandonရိုက်ကူးထားပြီး မင်းသမီးချော Rebecca Liddiard က အဓိကနေရာကနေပါ၀င်ထားပါတယ်။ဇာတ်လမ်းပြကွက်တွေက အတိတ်နဲ့ ပစ္စုပ္ပန်ကို တစ်လှည့်စီပြနေတာမျိုးပါ။စိတ်ပညာကိုစိတ်၀င်စားရင် ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ File size…(1.1GB)/(623.97MB)/(306.2MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:27:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Fantasy
5.5 2022 87 mins
A Thousand Little Cuts
The Report
7

Rating 7.2 အထိရရှိထားတဲ့ ကားကောာင်းလေးဖြစ်ပါတယ်... သမိုင်းနောက်ခံ ဖြစ်ရပ်မှန် ရုပ်ရှင်တစ်ခု တင်ထားပေးပါတယ်။ စီအိုင်အေရဲ့ ကမ္ဘာကျော် အရှုပ်တော်ပုံတွေထဲက တစ်ခုပါပဲ။ နိုင်းအလဲဗန်းမှာ ဖြစ်ခဲ့တဲ့ ကုန်သွယ်ရေးတိုက်ညီနောင်ကို အယ်ကိုင်ဒါအကြမ်းဖက်တွေ လေယာဉ်နဲ့ ဝင်တိုက်သွားတဲ့ ပြဿနာရဲ့ နောက်ဆက်တွဲပါ။ ဒီကိစ္စဟာ အမေရိကန်ရဲ့ ထောက်လှမ်းရေး မအောင်မြင်မှုဖြစ်လာပြီး စီအိုင်အေလည်း အတော်ကို အရှက်ရခဲ့ရပါတယ်။ ဒီဖြစ်ရပ်နောက်မှာတော့ အယ်ကိုင်ဒါကနေ ဖမ်းမိတဲ့ အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို တစ်ဆင့်မြှင့် စစ်ကြောရေးစနစ်လို့ ခေါ်မယ့် EIT ( enhanced interrogation techniques ) ကို စတင်ကျင့်သုံးခဲ့ပါတယ်။ ဒီနည်းစနစ်တွေဟာ ရက်စက်ပြီး ကြမ်းတမ်းတဲ့အတွက် စီအိုင်အေအတွင်းမှာပဲ ကန့်ကွက်သူတွေ ထောက်ခံသူတွေ ၂ ခြမ်းကွဲနေခဲ့တာပါပဲ။ ဒါပေမယ့် နိုင်းအလဲဗန်းလို ဖြစ်ရပ်မျိုး ထပ်အဖြစ်မခံနိုင်တဲ့ အတွက် သမ္မတ ချယ်နေ နဲ့ သမ္မတ ဘွတ်ရှ်တို့လက်ထက်မှာ တရားဝင် ဒါကို အသုံးပြုနေခဲ့ကြတယ်။ ဒီစစ်ကြောရေးတွေနဲ့ ပတ်သတ်ပြီး လွှတ်တော် ထောက်လှမ်းရေး ကော်မတီက ပြန်လည် ဆန်းစစ်တဲ့အခါ ဒီနည်းလမ်းတွေကြောင့် သတင်းမှန်တွေ မရဘဲ သတင်းမှားတွေ၊ သိပြီးသား သတင်းတွေပဲ ရလာတာကို သိလာရပါတယ်။ စီအိုင်အေဘက်ကလည်း ဒီနည်းလမ်းတွေဟာ အောင်မြင်မှုရမှသာ တရားဝင်ပြီး၊ မအောင်မြင်ဘူးဆိုတာ ပေါ်သွားတာနဲ့ ဥပဒေဖောက်ဖျက်သလိုဖြစ်လာမှာကိုသိလို့ သမ္မတရုံးကို လိမ်လည်တင်ပြထားခဲ့တာပါ။ ဒီရုပ်ရှင်ထဲမှာတော့ အဓိက သရုပ်ဆောင် အဒမ် ဒရိုင်ဘာ က EIT စနစ်ကို စုံစမ်းရေးအဖွဲ့ခေါင်းဆောင် ဒန်ဂျုန်းစ် နေရာကနေ ပါဝင်သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်ကြည့်ပရိသတ်တွေထဲမှာ အစီရင်ခံစာတွေ လေ့လာပြီးရေးဖူးတဲ့သူတွေ ရှိမှာပါ။ အချိန်ဘယ်လောက်နဲ့ စာမျက်နှာ ဘယ်လောက်များ ရေးဖူးကြမလဲ။ ဒန်ဂျုန်းစ်ကတော့ ၅ နှစ်ကျော်အတွင်း စီအိုင်အေမှတ်တမ်း ၆ သန်း ကျော်ကို ဖတ်ရှုခဲ့ပြီး စာမျက်နှာပေါင်း ၇၀၀၀ လောက်ရှိတဲ့ အစီရင်ခံစာကို ရေးသားခဲ့ပါတယ်။ ဒီအစီရင်ခံစာထဲမှာ EIT စနစ်ကို ခွင့်ပြုခဲ့တဲ့ ညွှန်ချုပ်တွေ၊ စီအိုင်အေအရာရှိတွေ၊ အမတ်တွေ၊ အကျဉ်းသားတွေအကြောင်း အကုန်ပါလာပါတယ်။ ဒီတော့ ဒီအစီရင်ခံစာကို မထွက်လာဖို့ စီအိုင်အေ၊ ဥပဒေဌာန နဲ့ အိမ်ဖြူတော်ကပါ ဖိအားပေးလာပါတော့တယ်။ ဒီဖိအားတွေ အခက်အခဲတွေကြားကနေ ဒီအစီရင်ခံစာကိုရအောင် ထုတ်ပြန်နိုင်ခဲ့တဲ့အကြောင်းကို ပြထားတာပါပဲ။ သမိုင်းနောက်ခံ ဒရာမာ ကောင်းကောင်းကြိုက်တဲ့သူတွေအတွက် ရည်စူးပြီး ဘာသာပြန်ပေးထားလိုက်ပါတယ်။ File Size : ( 1 GB , 437 MB ) Quality :  WebRip 720p Running Time : 1 hr 59 min Format : Mp4 Genre :  Biography , Drama , History Subtitle : Myanmar Subtitle (Hard Sub) Translated by Little Neo Encoded by Moe Myint Lwin

Drama
7 2019 118 mins
The Report
Mantra Warrior: The Legend of The Eight Moons
5.9

ရှေးဟောင်းဒဏ္ဍာရီတွေအရ နှစ်ပေါင်း ၅၀၀ ကြာတိုင်းမှာ နတ်ဆိုးဝိဥာဉ်တွေကို ဆက်သွယ်ထိန်းချုပ်နိုင်တဲ့ “စတိ”နတ်စွမ်းအားဟာ မိန်းမပျိုတစ်ဦးရဲ့အသွင်နဲ့ နိုးထလာလိမ့်မယ်လို့ အဆိုရှိခဲ့တယ် အဲဒီစွမ်းအားဟာ အရာအားလုံးကို ဖန်တီးနိုင်သလို ဖျက်လည်းဖျက်ဆီးလိုက်နိုင်တာမို့ စကြဝဠာတစ်ခုလုံးရဲ့ ကပ်ဆိုးကြီး တစ်ခုလည်း ဖြစ်လာနိုင်ခဲ့တယ် ဝမ်နရာဂြိုဟ်ရဲ့ လမင်းရှစ်စင်း တစ်တန်းတည်းကျပြီး သေဆုံးခြင်းပင်လယ်နဲ့ အပြိုင်ဖြစ်သွားချိန်မှာ “စတိ”စွမ်းအား အမှားဘက်မရောက်အောင် ထိန်းသိမ်းပေးမယ့် မှော်ဝင် စစ်သည်တော်တွေ မွေးဖွားလာလိမ့်မယ်ဆိုတဲ့ ဒဏ္ဍာရီလည်း ရှိနေခဲ့တယ် ဒီဒဏ္ဍာရီတွေကို ယုံကြည်ခဲ့တဲ့ စစ်သူကြီးဆူခရစ်ပ်က မှော်ဝင်စစ်သည်တော်တွေ ဖြစ်လာနိုင်တဲ့ ဝါယု၊ဝေလာ၊ဘူစဘာဆိုတဲ့ တပည့်သုံးယောက်ကို စောင့်ရှောက်သင်ကြားပေးခဲ့ပြီး ဝမ်နရာဂြိုဟ်ရဲ့ဘုရင်ဖာလီလက်အောက်ကို ဝေလာနဲ့ ဘူစဘာကို သူလျှိုအဖြစ် စေလွှတ်ခဲ့တယ် ဝမ်နရာကို အုပ်ချုပ်သူ အယိုဒယားပြည့်ရှင်ရဲ့ သားတော်ရမ်ရဲ့ မိဖုရားဆီတာဟာ နတ်ဆိုးဝိဥာဉ်တွေနဲ့ ဆက်သွယ်နိုင်လာခဲ့တာမို့ “စတိ” စွမ်းအား နိုးထလာတော့မယ်ဆိုတဲ့ ဒဏ္ဍာရီ စတင်လာပါတော့တယ် အယိုဒယားရဲ့ ရန်သူ လုန်ကာဂြိုဟ်ဘုရင်ထွတ်စကန်က မင်းသမီးဆီတာကို ပြန်ပေးဆွဲသွားပြီး ဝမ်နရာဂြိုဟ်ကိုပါ ပုန်ကန်စေခိုင်းချိန်မှာတော့ မင်းသမီးဆီတာကို ပြန်ကယ်တင်နိုင်ပါ့မလား ဒဏ္ဍာရီလာ မှော်ဝင်စစ်သည်တော်တွေကရော တကယ်မွေးဖွားလာနိုင်မှာလား ဂြိုဟ်တွေ ပုန်ကန်မှုကို ဖြေရှင်းနိုင်ပြီး စကြဝဠာမဟာမိတ်ကို ထိန်းသိမ်းနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ် File size_(1.9GB)/(1.1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Animation, Action Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Nue Nue

5.9 2023 90 mins
Mantra Warrior: The Legend of The Eight Moons
Dragon Inn
7.4

Dragon Inn (1967) ကင်းဟူရဲ့လက်ရာတွေထဲ ဒရာဂွန်အင်းက အအောင်မြင်ဆုံးလို့ ပြောရင်လည်းရတယ်။ ဒီကားကို မကြည့်ဖူးရင်တောင်၁၉၉၂ထုတ် ဘရစ်ဂျစ်လင်း , မက်ဂီချောင် , တိုနီလောင်ခါဖိုင်, ဒွန်းနီးယန်တို့ပါဝင်ထားတဲ့ New Dragon Gate Innနဲ့ ၂၀၁၁ထုတ် ဂျက်လီရဲ့ Flying Swords of Dragon Gateကို ကြည့်ဖူးကြမယ့်လူများပါလိမ့်မယ်။အဲဒီ၂ကားလုံးကို Tsui Harkကရိုက်ထားတယ်။ ဒါပေမဲ့ ကင်းဟူရဲ့ အော်ရီဂျင်နယ်ဗားရှင်းနဲ့ ယှဉ်လိုက်ရင် အဲဒီ၂ကားဟာ တော်တော်လေး ညံ့သလို ခံစားရမှာတော့အသေအချာပဲ။အဲဒီကားတွေကိုတောင် ကြိုက်ခဲ့တယ်ဆိုရင် ဒီကားကတော့ ရွှေပါပဲ။ ဒရာဂွန်အင်းဟာ ကင်းဟူ ရှောဘရားသားကနေ ထွက်ပြီး ပထမဆုံးရိုက်ခဲ့တဲ့ကားလည်းဟုတ်သလို ဒရာဂွန်အင်းဟာ ထိုင်ဝမ်စီနီမာမှာ အရေးပါတဲ့နေရာကရှိနေတယ်။ 2003မှာ Goodbye, Dragon Inn ဆိုပြီး Tsai Ming Liangက ဒရာဂွန်အင်းရုပ်ရှင်ကို ရုံမှာကြည့်တာနဲ့တင် တစ်ကားလုံးပြီးသွားတဲ့ ရုပ်ရှင်တစ်ကားလည်း ရိုက်ခဲ့ဖူးတယ်။ ဇာတ်လမ်းကျောရိုးကတော့ ပြန်ရိုက်တဲ့ကားတွေနဲ့ သိပ်တော့မကွာပါဘူး။ ကွာတာက ကာရိုက်တာ တည်ဆောက်ပုံနဲ့ ဇာတ်လမ်းကျောရိုးမှာဖြည့်သွားတဲ့ Elementတွေပဲ။ ကာရိုက်တာတည်ဆောက်ပုံမှာဆို ဒီကားက အဓိကဇာတ်ကောင်ဟာ ပဟေဠိဆန်မှုနဲ့အတူစတယ်။သူဘာကောင်လဲ ကျွန်တော်တို့မသိသေးတဲ့ အချိန်မှာ သူ့ရဲရင့်မှုနဲ့ ပြတ်သွားမှုကိုမြင်နေရပေမဲ့ သူ့ကောင်းခြင်းမကောင်းခြင်းကိုတော်တော်ဝေဝေဝါးဝါးပဲမြင်ရသေးတယ်။ ဇာတ်အရှိန်မြင့်လာတဲ့အခါမှာ သူရဲကောင်းဆန်မှုက ထင်းလာတယ်။ ၉၂ကားကတော့ ကာရိုက်တာတည်ဆောက်မှု ဒီလောက်မကောင်းပေမဲ့ နဂါးအင်းဆိုတဲ့နေရာကို အဓိကထားတည်ဆောက်သွားတဲ့အချက်ကတော့ မိုက်တယ်။ဒီကားနဲ့အရသာတော့ကွာလိမ့်မယ်။ ဘာပြောပြော ကင်းဟူရဲ့သိုင်းကားတွေဟာ သိုင်းချကွက်အပိုင်းမှာ ဘာသိုင်းညာသိုင်း လုံးဝမပြောဘဲ လက်တွေ့ကျကျဒီတိုင်းချရုံချနေတာပေမဲ့ ဇာတ်အိမ် ကာရိုက်တာတည်ဆောက်မှုအပိုင်းမှာတော့ သိုင်းလောကအရသာ အပြည့်အဝရှိနေတယ်။ ဇာတ်ကတော့ နန်းတွင်းမှာ မိန်းမစိုးတွေကြီးစိုးထားပြီး သစ္စာရှိစစ်သူကြီးကို တိုင်းတစ်ပါးနဲ့ ပူးပေါင်းပါတယ်ဆိုပြီး ချောက်ချ သေဒဏ်ပေးလိုက်ကြတယ်။ သူ့မိသားစုကိုတော့နယ်နှင်ဒဏ်ပေးလိုက်တယ်။ ဒါပေမဲ့ ကျူပင်ခုတ်ကျူငုတ်ပါမကျန်အောင်ရှင်းဆိုတဲ့အတိုင်း မိန်းမစိုးတွေဟာ စစ်သူကြီးရဲ့မျိုးဆက်တွေကိုပါ တစ်ခါတည်းရှင်းဖို့ နယ်နှင်ဒဏ်ပေးတဲ့ခရီးဆီ သူတို့လက်ပါးစေတွေလွှတ်ပြီး ရှင်းခိုင်းလိုက်ကြတယ်။နယ်စပ်မှာရှိနေတဲ့ နဂါးအင်းမှာ မိန်းမစိုးရဲ့လက်ပါးစေတွေဟာ ကျောက်ချစောင့်ရင်း ရောက်လာရင် ရှင်းပစ်ဖို့ အသင့်ပြင်နေကြတယ်။ တစ်ဘက်မှာလည်း စစ်သူကြီးရဲ့သစ္စာရှိ အမှုထမ်းတွေက ဒီမိသားစုကိုကယ်ဖို့ လုပ်ကြတယ်။ ဒရာဂွန်အင်းဟာ ဒီဘက်မတူတဲ့အုပ်၂အုပ်ဟာတစ်ယောက်အကြောင်းတစ်ယောက်မသိဘဲ နဂါးအင်းမှာ ဆုံကြတဲ့အကြောင်းကို ကင်းဟူဟာ သိုင်းအရသာအပြည့်နဲ့ ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ File size… 2.6 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 51m Genre ….. Action/Adventure Subtitle…. Myanmar Subtitle (Hard Sub) Encoder…. LegoHeart Translated by WiRa Aung

Thriller • Horror
7.4 1967
Dragon Inn
Oh…My Wife

Oh My Wife (2024) ဒုမ်နဲ့အွန်က ကြင်စဦးလင်မယားဖြစ်ပြီး မိသားစုတစ်ခုတည်ဆောက်ဖို့ ပိုက်ဆံကြိုးစားရှာနေတဲ့လူငယ်အတွဲဖြစ်ပါတယ် ဒုမ်က အလုပ်ပြီးရင် ပါတီတက် ပျော်ပါးလိုက်စားသူမို့ အွန်ကတော့ ဒုမ်ကိုသဝန်လည်းတို လိုက်ကြည့်ကြပ်နေတတ်သူပေါ့ တစ်ရက် အကြီးအကျယ် စကားများရာမှာ ဒုမ်ရဲ့ စကားတစ်ခွန်းကြောင့် အွန်အက်စီးဒင့်ဖြစ်သေဆုံးပြီးနောက် ဒုမ်ရဲ့ခန္ဓာထဲ အွန်ဝင်ပူးပြီး လုပ်ချင်ရာလုပ်နေတော့တာပါပဲ ဒါကြောင့် ဒုမ်သူငယ်ချင်းတွေက နတ်ဆရာနဲ့ ဝိညာဉ်ခွဲဖို့ လုပ်ရာမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ သိရဖို့ ဟာသအချစ်ရုပ်ရှင်လေးကို အပြီးထိ ဆက်လက်ကြည့်ရှူလိုက်ရအောင်ပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lei Wutyi Tun ပဲ ဖြစ်ပါတယ်။ Genre….. Horror, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size…1.6GB | 703MB Format… mp4 Duration….1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Lei Wutyi Tun Encoder ….. Aaron

Thriller
0 2024
Oh…My Wife
Romance on the Ranch
6.8

Romance on the Ranch (2024) IMDb Rating (6.8) Romance ဇာတ်ကားလေးတွေကို နှစ်သက်ကြတဲ့ပရိသတ်တွေအကြိုက်တွေ့စေမယ့် Romance on the Ranch ကားလေးကတော့ ဘဝကိုအသစ်တစ်ဖန်ပြန်စဖို့ကြိုးစားကာ အလုပ်သစ်တစ်ခု‌အတွက် Nevada ကိုခရီးနှင်လာတဲ့ Sara ဆိုတဲ့ကောင်မလေးနဲ့ မွေးမြူရေးခြံက Aidan ဆိုတဲ့ အမျိုးသားလေးနဲ့ သူ့ညီ Porter တို့သုံးဦးရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ S‌ara ရဲ့ညီမဖြစ်သူက Sara ရဲ့ချစ်သူဟောင်းနဲ့လက်ထပ်ပြီးတဲ့နောက် Nevada ကိုအလုပ်သစ်အတွက်ခရီးထွက်လာရင်း လမ်းခုလတ်မှာကားပျက်ရာနေ Aidan တို့သားအဖနဲ့အမှတ်မထင်တွေ့ဆုံခဲ့ကြပါတယ်။ ကူညီတတ်တဲ့ Aidan တို့သားအဖကြောင့် မွေးမြူရေးခြံလေးကိုခဏတာနားခိုဖို့ရောက်လာခဲ့တဲ့နောက် မိသားစုဆန်တဲ့နွေးထွေးပျူငှာမှုတွေ ချစ်ခြင်းမေတ္တာတွေကို ခံစားမိလာတဲ့ Sara ဟာ ဒီမိသားစုလေးအပေါ် တွယ်တာစိတ်ဖြစ်လာပြီး ခရီးဆက်ရမယ့်ရက်ရောက်လာတဲ့အခါ ဒီနေရာလေးကိုစွန့်ခွာပြီး Nevada ကိုခရီးဆက်သွားမလား၊ သူလိုချင်မိတဲ့ ပျော်ရွှင်စရာအိမ်လေးနဲ့ဘဝကိုရွေးချယ်သွားမလား စောင့်ကြည့်ရမယ့် ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Hmue ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Romance Duration….01:28:48 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by T Hmue

6.8 2024 95 mins
Romance on the Ranch
Wanita Ahli Neraka
6.1

Wanita Ahli Neraka (2024) **************************** ယခုတစ်ခါမှာတော့ သရဲကားကြိုက်တဲ့ပရိသတ်ကြီးအတွက် အင်ဒိုသရဲကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဖာရာဆိုတဲ့ကောင်မလေးဟာ သူတို့ဘာသာယုံကြည်မှုအတိုင်း ယောက်ျားယူလိုက်ရင် သုခဘုံကို‌ ရောက်ဖို့အတွက် ပိုပြီး နီးစပ်လာမယ်ဆိုတဲ့အထင်နဲ့ ဝါဟဘ်ဆိုတဲ့သူနဲ့ လက်ထပ်လိုက်ပါတယ်။ ဝါဟဘ်ကတော့ နိုင်ငံရေးသမားဖြစ်ပြီး အခုလက်ရှိမှာတော့ ရွေးကောက်ခံ ကိုယ်စားလှယ်လောင်း တစ်ယောက်ပေါ့။ ဖာရာဟာ သာယာမယ်အထင်နဲ့ အိမ်ထောင်ပြုလိုက်ပေမဲ့ သူ့အတွက် အိမ်ထောင်ရေးဟာ ငရဲကျသလိုပဲ ဖြစ်နေပါတော့တယ်။ ဒီလိုနဲ့ အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ‌ ဖာရာတစ်ယောက် ထင်ယောင်ထင်မှားလိုလို တကယ်လိုလိုနဲ့ ခြောက်လှန့်မှုတွေ ကြုံတွေ့လာပါတော့တယ်။ ဖာရာတစ်ယောက် ခြောက်လှန့်မှုတွေနဲ့ ကြုံတွေ့လာရတဲ့ကိစ္စဟာ သွေးရိုးသားရိုးရော ဟုတ်ရဲ့လား …… ဘယ်လို ကြောက်စရာကောင်းတဲ့ ခြောက်လှန့်မှုတွေကို ဖာရာတစ်ယောက် တွေ့ကြုံရဦးမလဲ …… ဖာရာ့အိမ်ထောင်ရေးကရော ဘာဆက်ဖြစ်သွားမလဲ ….. ထိတ်ထိတ်လန့်လန့် ကြည့်ရှုရမဲ့ အင်ဒိုသရဲကားကောင်းလေး ဖြစ်ပါတယ်။ (အညွှန်းကို Char Ou မှ ရေးသားထားပါတယ်) File size…818 MB / 385MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Psychological, Horror, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by CharOu, DaoPhyo & Mary Christ Encoded by AHtet

6.1 2024 95 mins
Wanita Ahli Neraka
Freaky Tales
6.9

Freaky Tales (2025) IMDb Rating (6.9) / Rotten Tomatoes (74%) ကပ္ပတိန်မာဗယ်ရုပ်ရှင်တို့ Masters of the Air စီးရီးတို့ရဲ့ ဖန်တီးရှင် Anna Boden နဲ့ Ryan Fleck တို့ ဖန်တီးထားတဲ့ အက်ရှင် ရုပ်ရှင်အသစ်ပါ။ ၁၉၈၇ မှာ အခြေပြုထားပြီး မတူညီတဲ့ ဇာတ်အိမ်လေးခုကို တစ်ခုနဲ့တစ်ခုချိတ်ဆက်ထားပြီး နောက်ဆုံးမှာ ပေါင်းစပ်သွားတဲ့ပုံကို ပြထားတာပါပဲ။ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ပီဒရို ပက်စကယ် ပါထားသလို လူတိုင်းကြိုက်တဲ့ မင်းသားကြီးတစ်ယောက်ကလည်း စပရိုက်အနေနဲ့ ဧည့်သည်သရုပ်ဆောင်ပေးထားပါတယ်။ ဘယ်သူလဲတော့ မှန်းကြည့်ပါ။ ဇာတ်လမ်းအကျဉ်း ပန့်လူငယ်တစ်စုက နာဇီလက်သစ် လူမိုက်အုပ်စုကို ပြန်တိုက်ရတဲ့ဇာတ်လမ်း၊ ရပ်ပါ မလေးနှစ်ယောက်က သူတို့ကို အရှက်ခွဲဖို့ခေါ်တဲ့ ရပ်ပါကို ပြန်အနိုင်ရွတ်တဲ့ ဇာတ်လမ်း၊ အကြွေးတောင်းလူမိုက် ကလင့်က နောက်ဆုံးမှာ သူ့ရဲ့သမီးကို လူမိုက်တွေဆီက ပြန်သွားကယ်ရတဲ့ ဇာတ်လမ်း နဲ့ ဘတ်စကတ်ဘောသမား စလီပီဖလွိုက်က ဖောက်ထွင်းသမားဂိုဏ်းကို လက်စားချေတဲ့ဇာတ်လမ်းဆိုပြီး လေးခုပါပါတယ်။ အဲဒီလေးခုလုံးက ဘာမှမဆိုင်သလိုနဲ့ ဒီစကြဝဠာကြီးထဲမှာ အားလုံးက ဆက်စပ်နေတာပဲဆိုတာမျိုးကို ပြထားတာ စတိုင်နဲ့ သွားထားတာပါ။ မြန်မာလိုဆို ရေစက်ပေါ့လေ။ ဟာသဆန်ဆန် အက်ရှင်ကြမ်းကြမ်းကြိုက်ရင်ဒီရုပ်ရှင်ကို ကြည့်လိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr. Anderson ဖြစ်ပါတယ်။) File size… (7 GB) / (2.5 GB) / (1 GB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Action, Adventure, Comedy, Crime, Drama Duration…. 01:47:56 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mr. Anderson

Drama
6.9 2025 107 mins
Freaky Tales
A Simple Plan

IMDb 7.5/10 Rotten tomato 91% ဒီဇာတ်ကားကတော့ Scott B.Smith ရဲ့ ၁၉၉၃ခုနှစ်နှစ်ကထွက်ထားတဲ့ဝတ္ထုကိုသူကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာ Sam Raimiကရိုက်ကူးထားပါတယ် ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Billy BobThornton (ဘီလီဘော့သွန်တန်)၊Bill Paxton(ဘီလ်ပက်စ်တန်)နဲ့ Bridget Fonda(ဘရစ်ဂျစ်ဖောင်ဒါ)တို့ပါဝင်ထားပါတယ်။ ဘီလီဘော့သွန်တန်က ဇာတ်ပို့ဆုအတွက်အော်စကာနဲ့ရွှေကမ္ဘာလုံးဆုအတွက်နာမည်စာရင်းတင်သွင်းခံရသလိုအခြားဆုတွေရထားပါတယ်။Best Adapted Screenplay အတွက်လည်းရွှေကမ္ဘာလုံးဆုအမည်စာရင်းတင်သွင်းခံရပါ တယ်။အစပိုင်းကြည့်လိုက်ရင်တော့ သာမန်ဇာတ်ကားတစ်ကားလို့ထင်ရပေမဲ့ တစ်ဖြည်းဖြည်းဇတ်ရှိန်မြင့်လာတဲ့အခါ မထင်မှတ်တဲ့အလှည့်အပြောင်းလေးတွေနဲ့တကယ်ကိုကြည့်ကောင်းတဲ့ဇာတ်ကားဖြစ်လာပါတယ်။ လူတွေအများစုက ငွေရှိရင်အကုန်ပြည့်စုံပျော်ရွှင်မယ်ထင်ကြတယ်။အဲဒီတော့ငွေထုတ်ကြီးကောက်ရပြီးပျော်လိုက်ရလားကြည့်ကြရအောင်။ဒီဇတ်ကားကတွေးစရာတွေလည်းအများကြီးပေးပါတယ်။ပုထုဇဥ်လူတွေဟာကိုယ့်အတ္တနဲ့ယှဥ်လာရင်သူငယ်ချင်းဆိုတာမရှိ ညီအကိုဆိုတာတောင်မရှိတော့ဘူးဆိုတဲ့အဆုံးအမတွေကိုလည်းသတိရမိတယ်။အထက်တန်းတုန်းကသင်ရတဲ့ မဟောသဓာဇာတ်တော်မှာလျို့ဝှက်ချက်ဆို အိမ်ကမိန်းမကိုတောင်မပြောနဲ့ မယုံရဘူးဆိုတာကိုလည်းသတိရမိတယ်။ကိုယ်မကောင်းတာလုပ်ထားရင် ဘယ်သူမသိသိကိုယ်တော့သိတယ် နောင်တရတတ်ရတယ်ဆိုတာကိုဒီဇာတ်ကားမှာပြထားပါတယ်။ လူတွေကတော့ အမရိကန်နိုင်ငံဆိုတာနတ်ဘုံလိုလိုထင်နေကြပေမဲ့ လူတန်းစေ့နေနိုင်ဖို့မနည်းရုန်းကန်နေရတဲ့မိသားစုဘဝတွေကို စကားလုံးတွေကမီးမောင်းထိုးပြထားပါတယ်။ယာတွေလယ်တွေပေါင် ကောလိပ်ထားရပြီး ရ လာတဲ့အလုပ်ရဲ့လစာကတော့မနည်းလူတန်းစေ့အောင်ရုန်းကန်နေရတယ်ဆိုတာလည်းတွေ့ရမှာပါ။သရုပ်ဆောင်တွေက မျက်လုံး၊မျက်နှာပေးတွေနဲ့သရုပ်ဆောင်တာတစ်အားကောင်းပါတယ်။တေးဂီတကလည်း ဇာတ်ကားကိုပံ့ပိုးပေးထားပါတယ်။ ဇာတ်လမ်းအကျဥ်း ဟန့်ခ်နဲ့ ဂျေကော့ဖ်ကညီအကိုတွေဖြစ်တယ်။ဟန့်ခ်ကတိရစ္ဆာန်အစာစက်ရုံတစ်ခုမှာ စာရင်းကိုင်လုပ်ပြီး သူ့မိန်းမဆာရာက စာကြည့်တိုက်မှာအလုပ်လုပ်ပါတယ်။ သူတို့မကြာခင်သမီးဦးလေးရတော့မှာပါ။ ဂျေကော့ဘ်မှာ အချစ်ဆုံးသူငယ်ချင်း လူးဆိုတာရှိပါတယ်။ လူးမှာအချစ်ဆုံးခွေးကြီး မေရီဘက်သ်ဆိုတာရှိပါတယ်။တစ်နေ့ သူတို့သုံးယောက် ဟန့်ခ်တို့ရဲ့အဖေရဲ့ အုတ်ဂူမှာနှစ်ပတ်လည်အတွက်ပန်းစီးသွားချကြရင်းအပြန် သဘာဝကာကွယ်တောနားမှာ​မြေခွေးတစ်ကောင်ကြောင့်ကားချော်သွားပြီး နည်းနည်းပျက်စီးသွားလို့ မြေခွေးနောက်ကိုလိုက်ကြရင်းလေယာဥ်ပျက်တစ်စီးကိုမမျှော်လင့်ဘဲသွားတွေ့ပါတယ်။ လေယာဥ်မှူးကသေနေပါပြီ။ အားကစားအိတ်နဲ့အပြည့် ဒေါ်လာတစ်ရာတန်တွေကိုတွေ့လို့ယူမယ်မယူဘူး အပ်မယ်မအပ်ဘူး ငြင်းခုံရင်းနောက်ဆုံး ဟန့်ခ်ကသိမ်းထားဖို့ဆုံးဖြတ်လိုက်ပါတယ်။ကိစ္စတစ်ခုခုပေါ်လာရင်တစ်ယောက်ယောက်ကလိုက်ရှာရင်မီးရှို့ပစ်မယ်။ဘယ်သူကမှလိုက်မရှာရင် ပြဿာနာမရှိရင် ခွဲယူကြမယ်လို့သဘောတူလိုက်ကြပါတယ်။ဆာရာကဟန့်ခ်ကိုအကြံပေးလို့ ဆာရာအကြံပေးတာကိုလိုက်လုပ်ရင်း မမျှော်လင့်တာတွေနဲ့ကြုံရရပြီးအဲဒါတွေကိုဖြေရှင်းဖို့ကြိုးစားရင်းကိစ္စတွေက ရှုပ်ထွေးလာပါတယ်။ဘာတွေဆက်ဖြစ်မယ် ဘယ်လိုရှင်းကြမယ်ဆိုတာ ပရိသတ်များဖန်သားပြင်ပေါ်မှာဆက်ကြည့်နိုင်ပါတယ်။ ရင်နာစရာဇာတ်ဝင်ခန်းတွေ ကြေကွဲစရာဇာတ်ဝင်ခန်းတွေကတော့ ဇာတ်ကားရဲ့ဇာတ်ရှိန်အမြင့်ဆုံးအခန်းတွေပါ။ဇာတ်ကောင်တွေရဲ့နေရာကိုရောက်သွားပြီးကိုယ်ပါရောကြေကွဲပြီးရင်နာသလို ဖြစ်သွားတာကတော့ စာရေးဆရာ၊ဒါရိုက်တာ၊ သရုပ်ဆောင်တွေတော်လို့ပဲလို့ပြောရပါမယ်။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Crime, Drama,Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Khin Sakar Khin

0 1998
A Simple Plan