YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Temptation(2014)E08.WEB-DL.1080P(CM).mp4

1.28 GB N/A video/mp4 48 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
What's Love Got to Do with It?
6.2

IMDb Rating - 6.4/10 ဘာမှမညွှန်းခင် အရင်ဆုံးပြောချင်တာကတော့ ဒီကားကို တီတီတာတာလုပ်စရာ ရည်းစားမရှိတဲ့သူတွေ ကြည့်သင့် တယ်ဗျ။ "ရည်းစားမရှိလည်း အေးဆေးပါ အချိန်တန်ရင် အိမ်ကစီစဉ်ပေးလိမ့်မယ်" ဆိုတဲ့သူတွေဆို အပြေးကို ကြည့် သင့်တဲ့ကားမျိုးပါ။ အဲ....အိမ်ကတောင် စီစဉ်ပေးစရာလူ မရှိဘူးဆိုရင်တော့ ဘုန်းကြီးကျောင်းမှာသာ တိုကင်ပေး ထားလိုက်ပါတော့။ အဖြစ်ကတော့ ဒီလို။ ကက်ဇ် က "အိမ်ထောင်ရေးမှာ အချစ်ဆိုတာက ပါမွှားပါ၊ နောက်ကျ သူ့အလိုလိုအဆင်ပြေသွားလိမ့်မယ်" ဆိုတဲ့ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဒန်မှာမွေးတဲ့ ပါကစ္စတန်သား ဆရာဝန်တစ်ယောက်။ ဇိုဝီကတော့ မှတ်တမ်းရုပ်ရှင်တွေ ဖန်တီးတဲ့ ဒါရိုက်တာတစ်ဦးဖြစ်ပြီး ဆုတွေပါ ရရှိထားတဲ့ ဗြိတိန်သူလေး။ "ယောက်ျားယူတာ ကောင်းတယ်ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတယ် အပြင်မှာတော့ ယောက်ျားတွေက အလကားပဲ" ဆိုတာ သူ့ဆောင်ပုဒ်ပေါ့။ သူတို့နှစ်ယောက်က ငယ်စဉ်တည်းက အိမ်နီးချင်းတွေဖြစ်ပြီး မိသားစုချင်းကလည်း ပြောမနာဆိုမနာတွေဆိုပါတော့။တစ်ရက်မှာ ကက်ဇ်ရဲ့မိဘတွေက သူတို့ရဲ့ ပါကစ္စတန်ရိုးရာအတိုင်း သူ့ကို အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါလေရော။ အဲဒီမှာ ဇိုဝီက ကက်ဇ်ရဲ့ မိဘတွေအချင်းချင်း စီစဉ်ကြတဲ့ လက်ထပ်ပွဲကို မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူးမယ်ဆိုပြီး ဖြစ်လာခဲ့တာပေါ့။ ဆိုတော့ ပါကစ္စတန် သားတွေရဲ့ အိမ်ထောင်ဖက်ရှာကြပုံတွေ၊ မိဘတွေစီစဉ်တဲ့ အိမ် ထောင်ရေးအကြောင်းတွေကို ရယ်စရာလေးတွေနှောပြီး ကြည့်ရှု့ ရမဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ဒါလေးပဲလားတော့ ဘယ်ဟုတ်မလဲလေ။ ဇာတ်ရဲ့အလှည့်အပြောင်း တွေကတော့ ရှိစမြဲပေါ့။  ဒါကိုတော့ ပရိသတ်တို့ ကိုယ်တိုင်ပဲ ကြည့်ရှု့ ကြည့်လိုက်ပါဗျာ။ အချိန်တစ်နာရီခွဲဝန်းကျင်အတွင်း စိတ်ပျော်သွား ရဖို့တော့ အာမခံပေးနိုင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.8 GB) / (735 MB) / (422 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......May Thet Khine Soe Encoder..........SWM

Action • Drama • Thriller
6.2 2023 109 mins
What's Love Got to Do with It?
The Amazing Maurice
6.9

IMDb Rating - 6.4/10 ဇာတ်လမ်းအကျဉ်းလေးကတော့ စကားပြောတတ်တဲ့ ကြွက်ကလေး တွေရယ်၊ ကိသ်ဆိုတဲ့ မိဘမဲ့ကောင်လေးရယ် ‌စကားပြောတတ်တဲ့ မော်ရိစ် ဆိုတဲ့ကြောင်လေးရယ်၊ သူတို့တွေက လူတွေဆီကပိုက်ဆံကို လိမ်ယူကြ တယ်။ လိမ်ပုံလိမ်နည်းကတော့ ကြွက်တွေကိုမြို့တစ်မြို့ဆီကို အရင်ဝင် ခိုင်းပြီး သောင်းကျန်းခိုင်းလိုက်တယ်။ ကြွက်တွေကြောင့်လူတွေဟာ အအိပ်ပျက် အစားပျက်နဲ့ ဒုက္ခတွေရော‌က်ကြတယ်။ပုလိပ်ရောဂါရမှာကိုလည်း စိုးရိမ်ကြတယ်။ အဲ့ဒီအချိန်ကျမှ ကယ်တင်ရှင်ကြီး‌အနေနဲ့ မော်ရိစ်ဟာ ကိသ်ကို The Piper ပု‌လွေသမားလေးပုံစံဟန်ဆောင်ပြီးပုလွေနဲ့သီချင်းတီးကာ ကြွက်တွေကိုမြို့နဲ့ ဝေးရာကိုခေါ်သွားစေတယ်။ ကြွက်တွေမရှိအောင်ဆောင်ရွက်ပေးတဲ့အတွက် လူတွေပိုက်ဆံတွေပေးကြတယ်။ ဒီလိုနဲ့တစ်မြို့ပြီးတစ်မြို့ပိုက်ရှာနေရင်းနဲ့ ဘက်လစ်ဇ်ဆိုတဲ့မြို့ကိုလိမ်ဖို့ရောက်လာကြတယ်။ မြို့ဟာ အချက်အခြာကြပြီး မြို့ကြီးမြို့ကောင်းဆိုပေမယ့် ထူဆန်းစွာနဲ့ တစ်မြို့လုံးဟာတိတ်ဆိတ်နေကြတယ်။ အကြောင်းကတော့ စားစရာမှန်သမျှဟာ တစ်ခုမကျန်ပျောက်ဆုံးနေပြီး တစ်မြို့ လုံးဟာ အငတ်ဘေးဆိုက်နေပါတယ်။ အဲ့ဒါကြောင့်ပဲ သူတို့ရဲ့ မူလရည်ရွယ်ချက် ဖြစ်တဲ့လိမ်မယ်ဆိုတာကို စွန့်လွှတ်ပြီးတော့ မြို့တော်ဝန်သမီးနဲ့အတူ အဖြေလိုက် ရှာတဲ့အခါမှာတော့..... (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Tin Myo Lwin ဖြစ်ပါတယ်) File Size..........(1.71 GB) / (728 MB) / (436 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 33mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Animation, Adventure, Comedy Translator.......Tin Myo Lwin Encoder...........Zin Phyo Aung

TV Movie • Thriller
6.9 2022 93 mins
The Amazing Maurice
Alive
6.9

~ IMDb - 7.1/10, Rotten Tomatoes - 59% ~ ဟင်္သာကိုးသောင်းပျက်စီးရခြင်းက ဇာတ်တူသားစားလို့ဟုဆိုပါလျှင် သူတို့က တိရစ္ဆာန်သာဖြစ်လို့ပါဟု ပြောရမည်လား မသိနိုင်ပါ။ ပေါရိသ နန်းကျမင်းရဲ့ လူသားအပေါ်တပ်မက်မှုက လျှာဖျားတထောက် အရသာအပေါ် အခြေခံတယ်လို့ မှတ်သားဖူးတာပါပဲ။ လူသားဆိုတာ စားကောင်းတဲ့အသားလား၊ မစားကောင်းတဲ့အသားလား ဆိုတာကတော့ လူ့ယဉ်ကျေးမှုအဖွဲ့အစည်းမှာ ဖြေစရာမလိုတဲ့ မေးခွန်းတစ်ခုပါ။ ဒါပေမဲ့ အဲဒီမေးခွန်းကိုပဲ ငတ်မွတ်ဆာလောင်ပြီး စားစရာမရှိတဲ့သူတွေကို မေးကြည့်ရင်ဖြင့် တမျိုးတဖုံ ပြောင်းသွားနိုင်စရာအကြောင်းရှိတာပေါ့။ လူ့အသိုင်းအဝိုင်းအတွင်းမှာတော့ ငတ်မွတ်ခေါင်းပါးရုံနဲ့ လူသားကို စားစရာအဖြစ် မရွေးချယ်စကောင်းပေမဲ့ မိုင် (၁၀၀) ဝန်းကျင်ကျယ်ပြန့်တဲ့ ရေခဲတောင်တန်းပေါ်မှာတော့ လူသေအလောင်းဟာ ရွေးချယ်စရာတစ်ခု ဖြစ်လာတော့တာပါပဲ။ ဒီအဖြစ်ဟာ 1972 ခုနှစ်မှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တာပါ။ တောင်အမေရိက ရက်ဘီဘောလုံးအသင်းဟာ အိမ်နီးချင်းနိုင်ငံ ချီလီမှာ ကစားပွဲတစ်ခု သွားရောက်ကစားဖို့အတွက် ဆွေမျိုး မိတ်ဆွေတွေ တင်ဆောင်လို့ အန်ဒီ‌စ်ရေခဲတောင်တန်းတွေပေါ်ကို ‌အင်ဂျင်နှစ်လုံးတပ် လေယာဉ်တစ်စင်းနဲ့ ဖြတ်ပျံခဲ့ပါတယ်။ အဲဒီလေယာဉ်က အမြီးပိုင်းတခြား ကိုယ်ထည်တခြား ပျက်ကျခဲ့တာဗျ။ ပျက်ကျရခြင်းအကြောင်းကို စိစစ်လေ့လာတော့ လေယာဉ်မှူးရဲ့အမှားလို့ ကောက်ချက်ချပါတယ်။ ရှင်သန်သူတွေအနေနဲ့ ပထမဆုံးရင်ဆိုင်ရတာကတော့ ထိခိုက်ဒဏ်ရာတွေကို ကုသဖို့နဲ့ ရေခဲမှတ်အောက်ကျနေတဲ့ အအေးဒဏ်ပါ။ မြင်မြင်သမျှက ကျောက်သားနဲ့ နှင်းပွင့်ရေခဲဖတ်တွေပဲ ရှိတဲ့နေရာမှာ စားစရာဆိုတာ လေယာဉ်ပေါ်ပါလာတဲ့ ချောကလက်၊ ဝိုင်ပုလင်းအချို့နဲ့ စီးကရက် ထောင်ဂဏန်းပဲရှိပါတယ်။ ဒီတော့ ရက်အနည်းငယ်ကြာလာလို့ ငတ်မွတ်လာကြတဲ့အခါ ခိုနားရာ လေယာဉ်ကိုယ်ထည်ဘေးက နှင်းပွင့်တွေထဲမြုပ်နေတဲ့ အလောင်းတွေကို ချင်ခင်ရသူတွေရဲ့ ရုပ်ကြွင်းရယ်လို့ သဘောမထားနိုင်တော့ဘဲ အဆီတထပ် အသားတဖပ် စားစရာကြီးတွေလို့ မြင်လာတော့တာပေါ့ဗျာ။ ပထမဆုံး လှီးဖြတ်ပြီး ပါးစပ်ထဲ ထိုးထည့်လိုက်တဲ့ အသားဖပ်က အခက်ခဲဆုံး၊ အပင်ပန်းဆုံး နဲ့ မျက်ရည်မဆည်နိုင်တ‌ဲ့ ခဏတာ အခိုက်အတန့်ပါ။ နောက်တော့လည်း နောက်တော့ ဖြစ်သွားတာပါပဲ။ ဒီဇာတ်လမ်းဟာ ဖြစ်ရပ်မှန်ကို အခြေခံပြီး ၁၉၉၃ ခုနှစ်မှာ ထုတ်လွှင့်ခဲ့ပါတယ်။ သရုပ်ဆောင်များအနေနဲ့လည်း The Magnificent Seven (remake), Predestination, Before Trilogy အပြင် Boyhood ထဲက မင်းသားကြီး Ethan Hawke ရယ်၊ The Walking Dead ဇာတ်လမ်းတွဲထဲက Joshua Cole Hamilton ရယ်ဆိုတော့ တော်တော်မိုက်ပါတယ်။ သူတို့တွေရဲ့ နုနယ်ပျိုမြစ်မှုကိုလည်း တွေ့ရတာပေါ့။ ဒီတော့ ရှာဖွေရေးတွေ လက်လျှော့သွားတဲ့ သူတို့အဖွဲ့လေး ဘယ်လိုပုံစံနဲ့ ရေခဲတောင်တန်းပေါ်က ဆင်းနိုင်မလဲ၊ ဘယ်သူတွေက သူရဲကောင်းလဲ၊ ဘယ်သူတွေက နောက်လိုက်လဲ၊ ဘယ်သူတွေက လွယ်လွယ်အလျှော့ပေးသွားပြီး ဘယ်သူတွေက နောက်ဆုံးအထိ အားတင်းလျှောက်လှမ်းခဲ့လဲဆိုတာ တွေ့မြင်ရမှာပါ။ ရေခဲတောင်ပေါ်မှာ ရက် (၇၀) ကျော်ကြာ လူသားစားပြီး အသက်ဆက်ခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးမလို့ ခံစားကြည့်ရှုကြပါစို့။ (ဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆိုရေးသားထားပါတယ်) Size - 3GB, 1.2GB Quality - 1080p, 720p IMDb Rating - 7.1/10 Format - mp4 Duration - 2H Genre - Biography, Drama, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama
6.9 1993 127 mins
Alive
Confession of Pain
6.5

Confession of Pain (2006) ~ IMDb rating – 6.5/10 ~ ဒါရိုက်တာက‌တော့ Alan Mak ပါ။ Infernal Affairs ၃ကားကို ဇာတ်ညွှန်းရေးသားရိုက်ကူးခဲ့သူတွေပါပဲ။ သူတစ်ယောက်တည်းရိုက်တာတော့ မဟုတ်ဘူးပေါ့။ Andrew Lau က စီနီမာတိုဂရပ်ဖီ ကူရိုက်ပေးထားပြီး Felix Chong က ကူရေးပေးထားပါတယ်။ ဒီရုပ်ရှင်မှာလည်း ဒီလိုပါပဲ၊ သူတို့၂ယောက်စလုံး ကူပေးထားကြပါတယ်။ ပြောရရင် Infernal Affairs ကို ဖန်တီးတဲ့သူ အစစ်တွေ ဖန်တီးထားတဲ့ကားပါ။ ဟောင်ကောင်မာစတာပိစ်တွေထဲအပါအဝင်ဖြစ်တဲ့၊ မာတင် စကောဆေးစိကြီးတောင် လီယိုနာဒိုနဲ့ပြန်ရိုက်လိုက်ရတဲ့ Infernal Affairs ကိုတော့ မမီပေမယ့် ကားကောင်းတစ်ကားပါပဲ။ ဇာတ်လမ်းထက် စီနီမာတိုဂရပ်ဖီနဲ့ ပိုနာမည်ကြီးပါတယ်။ စီနီမာတိုဂရပ်ဖီရိုက်တဲ့လူက Andrew Lau ပါ။ Infernal Affairs ရဲ့ စီနီမာတိုဂရပ်ဖာဖြစ်သလို Chungking Express မှာ ခရစ်စတိုဖာဒွိုင်းနဲ့ တွဲရိုက်ခဲ့တဲ့သူလည်း ဟုတ်ပါတယ်။ အဲဒီ၂ကားကိုတော့ ဟောင်ကောင်ဖန်မှန်ရင် ကောင်းကောင်းသိကြမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် မင်းသားတွေကလည်း တိုနီလျောင်ချူဝေနဲ့ Takeshi Kaneshiro ပါ။ ဟောင်ကောင်ရဲ့ သရုပ်ဆောင်အကောင်းဆုံးလူတွေထဲက ၂ယောက်ပါပဲ။ ဒါရိုက်တာ ဇာတ်ညွှန်း စီနီမာ မင်းသား အကုန်ဆရာတွေချည်း သုံးထားပေမဲ့ ဒီကားက ထင်သလောက်တော့ တာမသွားခဲ့ပါဘူး။ သို့ပေမဲ့ သူတို့အရင်လက်ရာတွေနဲ့ မယှဉ်ဘဲ ဒီတိုင်းသီးသန့်ကားတစ်ကားအနေနဲ့ကြည့်ရင်တော့ သူ့အဆင်နဲ့သူ အဆင့်တစ်ခုတော့ရှိတယ်။ အထူးသဖြင့် စီနီမာတိုဂရပ်ဖီပေါ့။ အကွက်တိုင်းကလှနေတယ်။ ဒီလူတွေပဲရိုက်မယ့် အသစ်ထွက်လာမယ့် တိုနီလျောင်နဲ့ အန်ဒီလောင်ကားအသစ်က စီနီမာနဲ့တောင် ဆင်သလိုခံစားရတယ်။ ပုရိသတွေရဲ့ အသည်းစွဲ ရှုကျီလည်းပါပါတယ်။ ဇာတ်ကတော့ တော်တော်လေး စိတ်ဝင်စားစရာတော့ကောင်းပါတယ်။ စုံထောက်၂ကောင်ရှိတယ်။ တစ်ကောင်က အငြိမ်းစားယူပြီး အလွတ်စုံထောက်လုပ်တယ်။ တစ်ကောင်က အစိုးရဌာနမှာပဲလုပ်တယ်။ တစ်နေ့ကျ အစိုးရဌာနက စုံထောက်ရဲ့ မိန်းမရဲ့အဖေက အသတ်ခံလိုက်ရတယ်။ တရားခံဖမ်းမိပေမဲ့ သူ့သမီးက သိပ်မသင်္ကာလို့ အလွတ်စုံထောက်ကို အပ်လိုက်တယ်။ သူတို့သူငယ်ချင်း၂ယောက် အဲဒီအမှုကိုလိုက်ကြတယ်။ အဲဒီကနေ ပေါ်လာတဲ့မြုပ်ကွက်တွေက တော်တော်စိတ်ဝင်စားစရာကောင်းပါတယ်။ စုံထောက်ကားကြိုက်တဲ့ သူတွေအတွက်‌တော့ တကယ့်ကားကောင်းပေါ့။ တစ်ခုရှိတာက ဒီရုပ်ရှင်ဟာ စုံထောက်ကားပေမဲ့လည်း သူ့နာမည်နဲ့လိုက်အောင်ကို သိပ်နာကျင်စရာကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် Infernal Affairs က Creator တွေ ဖန်တီးထားတဲ့ကားကိုမှ တိုနီလျောင်ကြီးရဲ့ မထုံတက်သေးဟန်၊ တာကဲရှိရဲ့ အေးစက်စက် ခပ်မိုက်မိုက်ဟန်၊ ရှုကျီရဲ့ ဆက်စီကျတဲ့ဟန်တွေကို တွဲဖက်မြင်ရမှာမို့ ဟောင်ကောင်ပရိသတ်တွေ ကြည့်ကိုကြည့်သင့်တဲ့ ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.08GB, 830MB, 665MB Quality – 1080p, 720p, 480p IMDb Rating – 6.5/10 Format – mp4 Duration – 1H 50Min Genre – Crime, Drama, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Fantasy • Horror
6.5 2006
Confession of Pain
Cop Out
5.7

Cop Out 2010 =========== ဂျင်မီနဲ့ ပေါလ်တို့က နယူးယော့ခ်ရဲတပ်ဖွဲ့က စုံထောက်တွေပါ သူတို့အတူတူ အလုပ်လုပ်ခဲတ့ာ ကိုးနှစ်ရှိပါပြီ စုံစမ်းရင်းနဲ့ အမှားလုပ်မိတာကြောင့် တာဝန်က လစာမပေးဘဲ ရပ်နားခံလိုက်ရပါတယ် ဂျင်မီရဲ့ သမီးလေး အေဗာကလည်း ခြောက်လအတွင်းမှာ လက်ထပ်တော့မယ် ဂျင်မီတစ်ယောက် တစ်ဦးတည်းသောသမီးလေး မင်္ဂလာဆောင်အတွက် ပိုက်ဆံပေးဖို့ မတတ်နိုင်ပါဘူး ဂျင်မီအတွက် တစ်ခုတည်းသော အားကိုးစရာက သူ့အဖေထားခဲ့တဲ့ အန်ဒီပက်ဖ်ကိုရဲ့ ရှားပါး ဘေ့စ်ဘောကတ်လေးပါ သူနှမြောပေမဲ့ ရောင်းရပါတော့မယ် ကံဆိုးနေတဲ့ ဂျင်မီ ဘေ့စ်ဘောကတ် သွားရောင်းရင်း ဆိုင်ကို ဓားပြတိုက်ခံရပါတော့တယ် ဓားပြတိုက်သွားတဲ့ ဆေးသမားက ကတ်ကို ဆေးဝယ်ဖို့ ရောင်းလိုက်ပါပြီ ဒီလိုနဲ့ ဂျင်မီနဲ့ ပေါလ် နယူးယော့ခ် မူးယစ်ရာဇာပို့ဘွိုင်းနဲ့ ပတ်သက်မိပါတော့တယ် စုံထောက် ဂျင်မီနဲ့ ပေါလ်ရဲ့ ဘေ့စ်ဘောကတ်ပြန်ရှာမဲ့ စွန့်စားခန်းကြီး အဆင်ပြေပါ့မလား ဘယ်လိုတွေလွဲကြဦးမလဲဆိုတာကိုတော.. (အညွှန်းနဲ့ ဘာသာပြန်တော့ Phu Myat Thwe ပဲ ဖြစ်ပါတယ်) File size…1.51GB / 578MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 47m Genre ….. Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Phu Myat Thwe

5.7 2010 107 mins
Cop Out
Karumegangal Kalaiginrana
9.4

Karumegangal Kalaiginrana (2023) ပထမဆုံးပြောချင်တာက ဒီကားက IMDb 9.4 ရထားတဲ့ ဇာတ်ကားပါ တမေးလ်ကားတွေရဲ့ ပင်တိုင်မင်းသား ပွဲတိုင်းကျော် ယိုဂီဘာဘူလည်း ပါဝင်ထားသလို Aditi Balan နဲ့ Bharathiraja တို့လည်း အားဖြည့်ထားပါတယ် မိသားစုဆိုတာဘာလဲ ကျွန်တော်တို့အတူရှိနေချိန်မှာ သတိမထားမိတဲ့ မိသားစုရဲ့တန်ဖိုးကို ဝေးမှပဲ နားလည်ကြတယ် ဒီကားမှာဆိုရင် မိသားစု နဲ့ relationship တွေရဲ့ ဆက်သွယ်မှုအကြောင်းကို ဒါရိုက်တာက သူ ၂၀၀၆ ခုနှစ်က ရေးခဲ့တဲ့ ဇာတ်လမ်းတိုလေးကို အခြေခံပြီးရိုက်ကူးထားတဲ့အတွက် ဒါရိုက်တာရဲ့ ရင်တွင်းခံစားချက်အစစ်ကို ခံစားကြရမှာပါ ဇာတ်လမ်းကတော့ မတူညီတဲ့ လူတန်းစားအလွှာ သုံးရပ်က ကွဲပြားတဲ့ ဇာတ်ကြောင်း သုံးခုအကြောင်းပါပဲ ကျိကျိတက်ချမ်းသာတဲ့ လူတန်းစား မိသားစုတစ်စု ရှိမယ် အောက်ခြေလူတန်းစား ဘဝသမားလေး ယိုဂီဘာဘူနဲ့ ချောမောလှပပြီး ကိုယ်ကျိုးမငဲ့တဲ့ မိဘမဲ့ကျောင်းက ဆရာမလေးတစ်ယောက်တို့ အကြောင်းပါပဲ လုပ်ငန်းကိုင်ငန်းတွေ ဘယ်လိုပဲအောင်မြင်နေပါစေ မာန်မာနတွေကြားမှာခံလို့ ဖခင်အိုကြီးနဲ့ စကားမပြောကြတဲ့ သားသမီး အလွှာကြီးက လူတန်းစားဖြစ်နေပါစေ မိသားစုရဲ့ နွေးထွေးမှုကို ငတ်မွတ်နေကြတဲ့သူတွေ…. ပလာတာ ရောင်းပြီး အပြင်ပန်းမှာ ပျော်ပျော်နေတတ်တဲ့ ယိုဂီဘာဘူကြီးလည်း အတွင်းစိတ်မှာတော့ သမီးလေးကို ကံတရားမျက်နှာသာမပေးလို့ မိဘမဲ့ကျောင်းပို့ထားရတဲ့ လွမ်းဒုက္ခ နဲ့…. ကိုယ်ကျိုးမငဲ့ အခြေခံလူတန်းစားတွေဖက်က ရပ်တည်ပေးတတ်တဲ့ ဆရာမ ချောချောလေးတို့ရဲ့ ကိုယ်စီကိုယ်စီ ဘဝဇာတ်ခုံမှာ လောကဓံကို ဘယ်လိုရင်ဆိုင်ကြလဲဆိုတာကို ဒီ တမေးလ် drama ကားလေးမှာ ကြည့်ရှုခံစားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်ခင်ဗျာ (CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>Click Here )

Romance • Adventure • Comedy • Drama
9.4 2023
Karumegangal Kalaiginrana
Oh! Brothers

Oh! Brothers (2003) ************************ Squid Game မှ မင်းသားကြီး Lee Jung Jae နဲ့ The Roundup, My Wife is a Gangster စတဲ့ ဇာတ်ကားတွေမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီး Lee Beom Soo တို့ အတွဲညီညီနဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသဇာတ်ကားလေးကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းကတော့.. အိုဆန်းဝူ (Lee Jung Jae) ဟာ ချမ်းသာပြီး ဖောက်ပြန်နေတဲ့သူတွေရဲ့နောက်ကိုခိုးလိုက်ပြီး ဓာတ်ပုံရိုက်ရင်း အသက်မွေးဝမ်းကျောင်းပြုနေတဲ့ ဓာတ်ပုံဆရာတစ်ယောက်ပါ။ တစ်နေ့မှာတော့ ဆန်းဝူတစ်‌ယောက် သူ့အဖေဆုံးတဲ့သတင်းကို ကြားလိုက်ရပြီး အဖေရဲ့‌ နောက်မိန်းမကလည်း ဘယ်ကိုရောက်မှန်းမသိ ပျောက်သွားတဲ့အတွက် သူ့အ‌ဖေရဲ့အကြွေးတွေက သူ့ဆီကို ပုံကျလာပါတယ်။ ဒါကြောင့် သူ့မိထွေးကိုရှာဖို့ ရှားပါးရောဂါတစ်ခုကြောင့် အသက်၁၂နှစ်ပဲရှိသေးပေမဲ့ လူလတ်ပိုင်းယောက်ျားကြီးလို ရုပ်ရင့်နေတဲ့ အဖေတူအမေကွဲ ညီလေး အိုဘုံဂူ (Lee Beom Soo) ကို အရင်လိုက်ရှာရပါတော့တယ်။ ချက်ကလွဲပြီး ဘာဆို ဘာမှမတူကြတဲ့ သူတို့၂ယောက် ပထမဆုံးတွေ့ဆုံပြီး အကြွေးဆပ်ဖို့ ကြိုးစားရင်း ဘယ်လိုအလွဲလေးတွေဖြစ်မလဲဆိုတာ ဟာသနှောပြီး ကြည့်ရှုရမယ့် ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို ToeToe Aung မှ ရေးသားပေးထားပါတယ်။) File size…2.39GB / 990MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 50m Genre ….. Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by ToeToe Aung & Zoronoa

0 2003
Oh! Brothers
Bagman
4.5

Bagman (2024) ဒီ ကြောက်စရာကောင်းတဲ့ ဟော်ရာကားက Colm McCarthy ရဲ့ လက်ရာပါ။ သူကတော့ Black Mirror, Peaky Blinders, Shelock တို့လိုအကောင်းဆုံးစီးရီးတွေမှာ အပိုင်းတွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါပဲ။ မင်းသားကတော့ Me Before You နဲ့ အားလုံးသိကြတဲ့ Sam Claflin ပါ။ ဇာတ်လမ်းအကျဉ်း ပက်ရဲ့ မြို့လေးမှာ အိတ်နဲ့လူကြီးဆိုတော့ ကြောက်စရာပုံပြင်တစ်ခုရှိတယ်။ အဲဒီလူကြီးက လိမ္မာတဲ့ကလေးတွေကို ဖမ်းပြီးပျောက်ကွယ်သွားအောင်လုပ်တတ်တယ်တဲ့။ အဲဒီကို အတော်များများက ပုံပြင်လို့ပဲ မှတ်ကြပေမဲ့ ပက်ကတော့ ကလေးဘဝတုန်းကတည်းက အဲဒီပုံပြင်ကို အရိုးစွဲအောင် ကြောက်ခဲ့တဲ့သူပါ။ ဒါပေမဲ့ သူပြောတာကို ဘယ်သူမှ မယုံပါဘူး။ သူအရွယ်ရောက်လို့ ကလေးတစ်ယောက်ရလာတဲ့အချိန်မှာ သူ့ရဲ့ ဇာတိမြို့လေးကို ပြန်လာဖို့ အကြောင်းဖန်လာတယ်။ အဲဒီအချိန်မှာပဲ အိတ်နဲ့လူကြီးဆိုတာ တကယ်ရှိကြောင်း သိလာပြီး သူ့ရဲ့သားကို ပစ်မှတ်ထားနေကြောင်းသိတဲ့အခါ ပက်နဲ့ သူ့မိန်းမက သူတို့သားကို ကယ်တင်ဖို့အစွမ်းကုန်ကြိုးစားကြပါတော့တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mr.Anderson ဖြစ်ပါတယ်။) File size…(2.2 GB) / (1.3 GB) / (690 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror, Thriller Duration….01:33:39 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin, Ka Naung Translated by Mr.Anderson

Drama
4.5 2024
Bagman
Camera
6.4

ဒီဇာတ်ကားလေးက ဘ၀မှာ ဆုံးရှုံးလိုက်ရတဲ့အရာ တစ်ခုခု ရှိတဲ့သူတိုင်း ကြည့်ရမယ့် ဇာတ်ကားလေး တစ်ကားပါ။ ဘ၀မှာ နေ့စဉ်ကြုံတွေ့နေရတဲ့ သာမန် အဖြစ်အပျက်တွေထဲက စိတ်လှုပ်ရှားစရာတွေကို မြင်အောင် ကြည့်တတ်ဖို့အတွက် အဓိက မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားလို့ ပြောရင်လည်း မမှားပါဘူး။ ကိုယ့်အနေနဲ့ ဒီဇာတ်ကားကို နောက်ဆုံးထိ ကြည့်မယ်ဆိုရင် ဘေးမှာ တစ်ရှူးဘူးလေး ဆောင်ထားဖို့ အကြံပေးလိုက်ပါရစေ။ ဇာတ်လမ်းအကျဉ်း ************** ဒီ ဒရာမာကား‌လေးက အော်စကာဆိုတဲ့ စကားမပြောတတ်တဲ့ ကောင်လေးတစ်ယောက်ရဲ့ အထီးကျန်တဲ့ ဘဝအကြောင်း၊ သူ့ဘဝရဲ့ ဖြတ်သန်းမှု တစ်စိတ်တပိုင်းအကြောင်းကို ဟတ်ထိအောင် ရိုက်ပြထားတဲ့ ဇာတ်ကားတစ်ကားပါ။ အဲဒီ ကောင်လေး အော်စကာဟာ တစ်နေ့မှာ အရမ်း သဘောကောင်းတဲ့ အဲရစ်ဆိုတဲ့ စက်ပြင်ဆိုင် ပိုင်ရှင်တစ်ဦးနဲ့ အမှတ်မထင်တွေ့ဆုံမိပြီး အော်စကာရဲ့ ကင်မရာ အပျက်တစ်လုံးကို အဲရစ်က ပြင်ပေးရင်း ဇာတ်လမ်းက စတင်ထားတာ ဖြစ်ပါတယ်။ ပြီးတော့ သူတို့ နေထိုင်တဲ့ တံငါရွာလေးကို ဇိမ်ခံဟိုတယ် ပရောဂျက်တွေ ရောက်လာတဲ့အခါ .. ရွာသားတွေကြားမှာ ဘယ်လို သဘောထားကွဲမှုတွေလဖြစ်ကြလဲ။ ပြီးတော့ အဘိုးကြီး အဲရစ်နဲ့ ကောင်လေး ‌အော်စကာကရော သူတို့ရဲ့ ရင်းနှီးမှုမှာ ဘာတွေကို ရင်ဆိုင်ရပြီး ကျွန်တော်တို့ကို ဘယ်လို မက်ဆေ့တွေ ပေးသွားမလဲဆိုတာကတော့ ဇာတ်ကားထဲမှာ တစ်မေ့တမော ကြည့်ရှုရမှာ ဖြစ်ပါတယ်။ လူအချင်းချင်း ရင်းနှီးတဲ့ ဆက်ဆံ‌ရေးတွေက အတိတ်ရဲ့ ဒဏ်ရာတွေကို အနာကျက်မြန်အောင် ကုသပေးနိုင်တယ်ဆိုတာ ဒီဇာတ်ကားကြည့်ပြီးရင် သဘောပေါက်သွားမှာတော့ အသေအချာပါပဲ။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ BZW ဖြစ်ပါတယ် ) File size…1.31GB Quality…WEB-DL 1080p HEVC Format…mkv / mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BZW

6.4 2024
Camera
The Yin Yang Master
6.3

နာမည်ကြီးကားမို့ အထူးအထွေမိတ်မဆက်ပေးတော့ပါဘူး ဇာတ်ကားနာမည်ကတော့ Ying Yang Master ပါ။ Painted Skin (2012)မှာ ill-fated lover အနေနဲ့ပဲ သရုပ်ဆောင်နေသလားမှတ်ရလောက်တဲ့ Chen Kun နဲ့ Zhou Xun က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဇာတ်လမ်းအကျဉ်းလေးကတော့ Chen Kun (ချင်မင်) ဟာ မိစ္ဆာတစ်ပိုင်းလူသားတစ်ပိုင်းပေါ့နော်။ သူက ခေါင်းကိုးလုံးမြွေရဲ့ ဆက်ခံသူလို့ ဆိုနိုင်လောက်အောင် မိစ္ဆာသွေးပါနေခဲ့သူပါ။ ဒီကားလေးမှာ လူနဲ့ မိစ္ဆာကို စည်းတစ်ခုခြားပြီး အတူယှဉ်တွဲနေတာဖြစ်ပြီး ယင်းယန်အဖွဲ့ကတော့ စည်းကျော်လာတဲ့ မိစ္ဆာတွေကို အပြစ်ပေးစီရင်တဲ့အဖွဲ့ပေါ့။ ချင်မင်ကို လူမမယ်အရွယ်မှာယင်းယန်အဖွဲ့က မွေးစားခဲ့ပေမယ့် နောက်ကြောင်းကို မသိခဲ့ဘူး။ တစ်နေ့တော့ သရုပ်မှန်ပေါ်လာခဲ့ပြီး မိစ္ဆာကောင်ဆိုပြီး ညီအစ်ကိုတွေ ဆရာတွေရဲ့ ခွဲခြားဆက်ဆံတာကိုခံရတဲ့ ချင်မင်အဖို့ Zhou Xu (ပိုင်နီ)ဟာ အလင်းရောင်ဖြစ်ခဲ့ပါတယ်။ ပိုင်နီကလည်း ချင်မင်လိုပဲ တာဝန်တစ်ခုနဲ့ယှဉ်တွဲမွေးဖွားလာသူပါ။ သူ့တာဝန်ကတော့ ယင်းယန်အဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်ရွေးချယ်ခံထားရသူပေ့ါ။ ပိုင်နီနဲ့ချင်မင်က ကတိတစ်ခုထားထားတယ် ဒါကတော့ ချင်မင်က ပိုင်နီရဲ့ အမိန့်နာခံသူအဖြစ်နေပြီး လုံးဝ မိစ္ဆာဆိုးအဖြစ်မပြောင်းလဲသွားဘူးဆိုတာပါပဲ။ ဒီကတိစကားကို ချင်မင်တည်နိုင်မှာလား။ ပိုင်နီနဲ့ချင်မင်ကြားက သံယောဇဉ်ကရော ဘယ်လိုပြောင်းလဲသွားမလဲ။ လူနဲ့ မိစ္ဆာကြားက တိုက်ပွဲကရော ဘာဖြစ်သွားမယ်ဆိုတာ စိတ်ဝင်စားစရာကောင်းအောင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ဖြစ်အောင်ကြည့်ကြည့်ကြနော်။

6.3 2021 113 mins
The Yin Yang Master
Smile 2
7.2

Smile 2 (2024) IMDb Rating (7.2) / Rotten Tomatoes (85%) ၂၀၂၂ ခုနှစ်တုန်းက နာမည်ကြီးခဲ့တဲ့ ကြောက်စရာသရဲကား Smile ရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းထွက်လာပါပြီ။ ဒါရိုက်တာကလည်း Smile 1 ရဲ့ ဒါရိုက်တာ Parker Finn ပါပဲ။ ဒီဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်အဖြစ် Naomi Scott က ပါဝင်ထားပါတယ်။ ၂၀၂၂ ကားရဲ့အဆက်ပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့… ပထမရုပ်ရှင်ထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ ဂျိုးလ်က ကျိန်စာကို အဆုံးသတ်ဖို့ ကြိုးစားရင်း နောက်တစ်ယောက်ဆီကို ကူးသွားတာကနေ စထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ ဒီကျိန်စာကိုအဆိုးဆုံးရင်ဆိုင်ရမှာက နာမည်ကြီးပေါ့အဆိုတာ စကိုင်းရိုင်လီဆိုတဲ့ ဇာတ်ကောင်ပါပဲ။ သူက ကားအက်ဆီးဒန့်ဖြစ်ထားပြီး တစ်နှစ်လောက် ဆေးတွေ အရက်တွေ ဖြတ်ပြီး လိမ္မာလာပြီမို့ ဖျော်ဖြေပွဲပြန်လုပ်ဖို့ စီစဉ်နေတဲ့သူပါ။ ဖျော်ဖြေပွဲနီးလာလေလေ ကျိန်စာကြောင့် ကြောက်စရာတွေ ဆက်တိုက်တွေ့လာလေလေဖြစ်ပြီး လွတ်မြောက်ဖို့ ဘယ်လိုရုန်းကန်ရမလဲဆိုတာ ကြည့်ရမှာပါ။ ထုံးစံအတိုင်း ကျောချမ်းစရာ ကြောက်စရာတွေနဲ့ ကြည့်ရမှာပါ။ အသည်းငယ်သူတွေ မျက်နှာအုပ်ပြီး လက်ချောင်းကြားထဲက ကြည့်တာတို့ စောင်နဲ့ကွယ်ကြည့်တာတို့လုပ်ဖို့တော့လိုပါလိမ့်မယ်။

Mystery • Drama
7.2 2024 127 mins
Smile 2
Little Children
7.5

Little Children (2006) IMDb Rating (7.5) / Rotten Tomatoes (80 %) မင်းသမီး Kate Winslet နဲ့ Jennifer Connelly တို့အပြိုင်ကြဲထားပြီး သူတို့နှစ်ယောက်အပြိုင်လုမယ့်မင်းသားကတော့ Patrick Wilson ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.. ဘရက်ဆိုတဲ့ ကလေးအဖေဆီမှာ ကေသီဆိုတဲ့ မော်ဒယ်ရှုံးအောင်လှတဲ့ ဇနီးသည်လေးရှိပေမယ့် သူ့ဘဝသူ မလွတ်လပ်ဘူး မရှင်သန်ဘူးထင်ရာကနေ ဆာရာဆိုတဲ့လုံးကြီးပေါက်လှ ကလေးအမေ နောက်တယောက်ကို ငြိတွယ်မိသွားပါတယ်။ ဆာရာကျတော့လဲ သူ့ခင်ပွန်းရဲ့လိင်စိတ်စွဲလမ်းမှုတလွဲတွေကို သည်းမခံနိုင်ဖြစ်ရာကနေ သူ့ဘဝသူမကျေနပ်နဲ့ ပိတ်လှောင်နေရသူပါ။ ဒီလိုရှင်သန်ရာကိုယ်စီဘဝမှာ အားမရသူနှစ်ယောက်အချင်းချင်း အားပေးကူညီကြရင်း အားတွေပါကုန်ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ……။ ဒါတင်မကသေးဘဲ ဝမ်းနည်းကြေကွဲစရာ လူ့သဘောသဘာဝတခုနဲ့ပါ ချိတ်ဆက်ထားတာမလို့ ဒီရုပ်ရှင်ကားက Rating တွေလဲ ကောင်းခဲ့သလို တကယ်လဲ ထိုင်ရာမထတမ်းကြည့်မိမယ့် ရုပ်ရှင်မျိုးဖြစ်ပါတယ်။ ” လူတွေဟာ အတိတ်ကို ပြန်မပြင်နိုင်ကြပါဘူး.. ဒါပေမယ့်..အနာဂတ်ဘဝကိုတော့..မတူကွဲပြားအောင် တည်ဆောက်လို့ရပါတယ်… စပြောင်းလဲဖို့သာ အဓိကပါပဲ” – Little Children (2006) (အဖော်အချွတ်ခန်းတချို့ပါတာကြောင့် မိသားစုနဲ့ကြည့်မယ်ဆို ချင့်ချိန်ကြည့်ရမယ့်ကားပါ။)

Horror • Action
7.5 2006 137 mins
Little Children
Can I Get a Witness?
6

အနာဂတ် မှာဖြစ်လာမှာကိုကြိုတင်စိတ်ကူးယဥ် ဖန်းတီးထားတာပါ။ ကမ္ဘာကြီးမှာ အစားအသောက် ၊ရေ၊မြေ ပိုက်ဆံနဲ့ အာဏာတွေကြောင့် စစ်ပွဲများ ဖြစ်လာပြီးနောက် ထိုစစ်ပွဲများကိုရပ်တန့်ဖို့အတွက် အခြေခံဥပဒေဖွဲ့စည်းပုံအသစ်ကို ထုတ်ပြန်ခဲ့ပြီး လူတိုင်းကလက်ခံခဲ့ကြပါတယ်။ ထိုဥပဒေဟာ လူ့သက်တမ်း ငါးဆယ်ပြည့်တာနဲ့ ကမ္ဘာမြေကြီးကနေ ကိုယ့်ဘဝကိုအဆုံးသတ်သွားပေးဖို့ ဖြစ်ပြီး သတ္တဝါတိုင်းအတွက် တရားမျှတမှုရှိစေရန် ထုတ်ပြန်ထားခြင်းဖြစ်ပါတယ်။ ဒီကားမှာတော့ ကီရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ လူတွေအသက်ငါးဆယ်ပြည့်တဲ့အခါ ဘာလို့ အဆုံးစီရင်ဖို့ လက်ခံကြလဲဆိုတာကိုနားမလည်နိုင်သူတစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူတွေအဆုံးစီရင်ကြတဲ့အချိန်မှာ သေချာအောင် သက်သေအဖြစ် စောင့်ကြည့်ပေးရတဲ့ E.O.Lအဖွဲ့အစည်းမှာ အလုပ်စလုပ်ခဲ့ပါတယ်။ ထိုအလုပ်စလုပ်တဲ့အချိန်ကစပြီး သူမ ဘာတွေလေ့လာရမလဲ… ဘယ်လိုအတွေ့အကြုံတွေရမလဲ…. လူတွေဘယ်လိုအဆုံးစီရင်ကြလဲဆိုတာကိုတွေ့မြင်ပြီး ထိုဥပဒေကိုလက်ခံနိုင်ဖို့ကြိုးစားတာကိုတွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ တရားမျှတမှုတွေ ဘဝရဲ့အဓိပ္ပာယ်တွေကို ကြည့်မြင်နိုင်ရမှာဖြစ်ပြီး ကြည့်ပြီးတဲ့အချိန်မှာတော့ စိတ်ထဲတစ်ခုခုကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။ File size… (1.52 GB) / (899 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 50m Genre …..Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6 2024 110 mins
Can I Get a Witness?