YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Tempest (2025) E04 720p DSNP WEB-DL [RMC].mp4

382.41 MB N/A video/mp4 85 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
National Treasure
6.6

National Treasure Franchise ကို မကြည့်ဖူးတဲ့သူဆိုတာလည်း မရှိလောက်တော့ပါဘူး။ ဟိုးအခွေငှားဆိုင်ခေတ်ကတည်းက နာမည်ကျော်လာခဲ့တဲ့ ကားပဲမလား။ Art Film ဆန်တဲ့ကားတွေကနေ အက်ရှင်ဆန်ဆန်ကားတွေဘက်ကို နစ်ကေ့ကြီးကူးပြီး နာမည်တဟုန်ထိုးတက်ခဲ့တဲ့ကာလတွေမှာ ရိုက်ခဲ့တဲ့ကားဆိုလည်း ဟုတ်တယ်။ ဒါပေမဲ့လည်း ဒီကာလဝန်းကျင်မှာတော့ နစ်ကေ့ကြီးဟာ အက်ရှင်ကားတွေအရိုက်များခဲ့ပေမဲ့လည်း ကားကောင်းတွေချည်းပါပဲ။ National Treasure Franchise ဟာ နစ်ကေ့ရဲ့ ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ကားတွေဆိုလည်း မမှားဘူး။ ပထမကားဆို ရုံဝင်ငွေတော်တော်လေးကို ကောင်းခဲ့တယ်။ National Treasure ကားတွေဟာ နစ်ကေ့အတွက်တော့ ဂျွန်နီဒတ်နဲ့ ကာရေဘီယမ်ပင်လယ်ဓားပြကို ခွဲမရသလို၊ ဟယ်ရစ်ဆင်ဖို့ဒ်နဲ့ အင်ဒီယာနာဂျုံးစ်ကိုခွဲပစ်လို့မရသလို ကားတွေလို့ ပြောရင်လည်း မမှားဘူး။ ဘန်ဂိတ်စ်ဇာတ်ကောင်ဟာ နစ်ကေ့နဲ့ အံဝင်ခွင်ကျဖြစ်နေခဲ့တယ်။ ကျွန်တော်တို့အတွက်လည်း National Treasure ဟာ Nostalgia ဖြစ်စေတဲ့ကားတစ်ကားလို့ပြောလည်းမမှားဘူး။ သူထွက်ပြီး သိပ်မကြာခင်ကာလအတွင်းမှာ ကြီးပြင်းလာတဲ့သူတွေအတွက်တော့ ဒီကားဟာ ဘာ Fact မှ ရှာဖတ်မရသေးတဲ့ ခေတ်မှာတောင် တော်တော် စိတ်ဝင်စားစရာကောင်းတဲ့ ကားဖြစ်ခဲ့တယ်။ ဘာလို့ဆို အဲဒီခေတ်က တော်တော်များများ ပုတက်တို့ ကစ်ဇုန်တို့လို ကာတွန်းဂျာနယ်တွေကို ဖတ်ခဲ့ကြတာကိုး။ ပုတက်ဆို သူ့ရဲ့ အချပ်ပိုသုတစွယ်စုံစာအုပ်လေးမှာ ကမ္ဘာပေါ်က အကျော်အမော်တွေအကြောင်းတွေ အမြဲထည့်ပေးလေ့ရှိတယ်။ National Treasure ရဲ့ Trade Mark လိုဖြစ်နေတဲ့ အမေရိကန်ရဲ့ Founding Fathers တွေတဖြစ်လဲ ဒီကားတွေမှာ သုံးထားတဲ့သမိုင်းဝင်ပုဂ္ဂိုလ်တွေဖြစ်တဲ့ လင်ကွန်း၊ ဘင်ဂျမင်ဖရန်ကလင် နဲ့ ဖရန်ကလင် ဒီရုစဗဲ့တို့လို သမ္မတတွေ၊ မောင့်ရပ်ချ်မိုးလိုနေရာတွေကို အဲဒီသုတစွယ်စုံစာအုပ်တွေကနေ အားလုံးရင်းနှီးပြီးသားဖြစ်နေတော့ ဒီကားထဲကအချက်တွေဟာ အားလုံးအတွက် စိတ်ဝင်စားစရာဖြစ်သွားခဲ့တာလည်း ပါတာပါပဲ။ ဖရီးမေဆင်ဘာညာကတော့ မင်းသိင်္ခလို စာရေးဆရာတွေလက်ချက်နဲ့ ရင်းနှီးပြီးသားဆိုတော့ ဒီကားက အစကတည်းက ရင်းနှီးပြီးသားကားလို ဖြစ်သွားခဲ့တာကြောင့်လည်း တော်တော်လူကြိုက်များသွားခဲ့တယ်လို့‌ ပြောလို့ရပါတယ်။ သိမှကြည့်ရမယ်တော့မဟုတ်ပေမဲ့ ဒီလူတွေကို ဒီအရာတွေကို ကြိုမသိဘဲကြည့်တဲ့အရသာနဲ့ ကြိုသိပြီးမှ ကြည့်တဲ့ အရသာကတော့ ကွာတာပေါ့။ National Treasure ဆိုတဲ့ နာမည်နဲ့လိုက်အောင်ပဲ ဒီ၂ကားလုံးက ရတနာသိုက်တွေ ဖော်တာတွေကို နိုင်ငံ့တည်ထောင်သူဖခင်ကြီးတွေ၊ သမ္မတတွေ၊ နိုင်ငံ့ရေးရာတွေနဲ့ မကင်းတာတွေနဲ့ ပုံဖော်သွားတယ်။ ဒီကားရဲ့ကောင်းကွက်တွေအကြောင်းပြောရင် သရုပ်ဆောင်တွေကိုလည်း ချန်ခဲ့လို့မရပြန်ဘူး။ သရုပ်ဆောင်တွေ သရုပ်ဆောင်ကောင်းတာတင်မဟုတ်ဘဲ တခြားရတနာရှာတဲ့ကားတော်တော်များများမှာ ကျွန်တော်တို့ မတွေ့ရနိုင်တဲ့အချက်တစ်ချက်ကို National Treasure က ပိုင်ဆိုင်ထားတယ်။ ဇာတ်ကောင်တွေရဲ့ Chemistry ပေါ့။ ဒီထဲက ဇာတ်ကောင်တွေရဲ့ Chemsitry မိချက်မျိုးကို တော်တန်ရုံ ရတနာသိုက်ရှာတဲ့ ကားမျိုးမှာ တွေ့ရမှာတော့မဟုတ်ဘူး။ နစ်ကေ့ရဲ့ ခပ်တည်တည်နဲ့ မသိမသာဘဝမြင့်တတ်တဲ့ဇာတ်ကောင်အပြင် နောက် ခွီခနဲဖြစ်ရမယ့်ဟာသမျိုးတွေပြောတတ်တဲ့ ဂျက်စတင်ရဲ့ဇာတ်ကောင်ရယ်၊ ခရူဂါရဲ့ ယန်ဓာတ်အားပြုတဲ့ဇာတ်ကောင်ရယ်က နစ်ကေ့ရဲ့ဇာတ်ကောင်ကို ပိုပေါ်အောင် အားဖြည့်ပေးထားတဲ့ ဇာတ်ကောင်တွေပေမဲ့ သူတို့ရဲ့ Chemistry သိပ်ကောင်းနေတာကလည်း ဒီကားကို သာမန်ရတနာရှာတဲ့ကားဆိုတာထက် တစ်ဆင့်တက်သွားစေတဲ့အချက်လို့ပြောလို့ရတယ်။ National Treasure ဖန်တွေအတွက်တော့ ဒီဇာတ်ကောင်တွေကို တခြားလူတွေနဲ့ အစားထိုးလို့မရလောက်ပါဘူး။ ဒီလိုနဲ့ပဲ National Treasure ဟာ တော်တော်‌လေးအောင်မြင်တဲ့ Franchise တစ်ခုဖြစ်လာခဲ့သလို စာအုပ်တစ်ချို့လည်းထွက်ရှိခဲ့ပါတယ်။ ၃ကားမြောက်ကို ၂ပြီးကတည်းက ရိုက်ဖို့စီစဉ်လာတာ အထမမြောက်သေးသလို တော်တော်လည်း ကြာနေခဲ့ပေမဲ့ ဒီနှစ်မှာတော့ သူ့ထဲက တစ်ချို့ဇာတ်ကောင်တွေပြန်ပါလာတဲ့ စီးရီးတစ်ခုတော့ထွက်လာခဲ့ပြီဖြစ်သလို ၃ကလည်း ထွက်လာဖို့ လုံးဝသေချာနေပါပြီ။ ဒီကြားထဲ မကောင်းမကန်းကားပေါင်းစုံ ရိုက်ပြီး တဟုန်ထိုးကျဆင်းလာခဲ့တဲ့ နစ်ကေ့ရဲ့ နာမည်ကလည်း Pig တို့ The Unbearable Weight of Massive Talent တို့နဲ့ ပြန်တက်စပြုလာတော့ ရှေ့နှစ်တွေဟာ NT 3 ရိုက်ဖို့ အချိန်ကောင်းဖြစ်လာမယ်တော့ ထင်ရတာပါပဲ။ ရှေ့နှစ်မှာ သူထွက်မယ့်ကားတွေက နည်းနည်းတော့များနေတော့ တစ်ထစ်ချတော့ပြောမရပေမဲ့ Renfield ဆိုတဲ့ကားသစ်ကိုတော့ တော်တော်များများ Hype နေကြတာပါပဲ။ ဘာနေနေပါ... ဇာတ်ညွှန်းမူကြမ်းပြီးတာ ၁၀စုနှစ်ကျော်နေပြီဖြစ်တဲ့ National Treasure 3 ကို လက်ရှိ Disney ကနေလွှင့်နေတဲ့ ဇာတ်လမ်းတွဲကိုကြည့်ရင်း ဒီကနဦးကား၂ကားကို ပြန်ကြည့်ပြီး Nostalgia ပြန်ဖြစ်ရင်း စောင့်စားလိုက်ကြတာပေါ့။ ----- ဇာတ်လမ်းအကျဉ်း ----- ဘန်ဂိတ်စ်လို့ခေါ်တဲ့ လူတစ်ယောက်ရှိတယ်။ ဒီလူက မျိုးနဲ့ရိုးနဲ့ကို အမေရိကန်သမိုင်းနဲ့ မကင်းတဲ့လူ။ ဂိတ်စ်တွေဟာ ဘိုးဘေးဘီဘင်ခေတ်ကတည်းကကို ဝှက်စာဖော်တာတွေ ရတနာသိုက်ရှာတာတွေ လုပ်ခဲ့ကြတဲ့သူတွေပေါ့။ မရှိဘူးလို့ ထင်ကြတဲ့ ရတနာသိုက်ကို ရှာရင်း လူတွေက အရူးလို့ သမုတ်တာခံထားရတဲ့လူတွေဆိုလည်း မမှားဘူး။ ဘန်ဂိတ်စ်လက်ထက်မှာတော့ သူတို့မျိုးရိုးရဲ့ ဒီအလှောင်ခံရသမှုကို ချေဖျက်ဖို့ ရတနာသိုက်ကို အရရှာဖို့လုပ်ခဲ့တယ်။ ဒီလိုနဲ့ ရတနာသိုက်ရဲ့ သဲလွန်စနောက်ကို လိုက်ရင်း အမေရိကန်တည်ထောင်သူဖခင်ကြီးတွေ၊ လွတ်လပ်ရေးကြေညာစာတမ်းတွေ အစရှိသဖြင့် အမေရိကန်သမိုင်းရဲ့ အထင်ကရအရာတွေနဲ့ ဆက်စပ်လာခဲ့တယ်။ ဖရီးမေဆင်တွေရဲ့ လျှို့ဝှက်ချက်တွေကိုလည်း ဖော်ရဖို့ဖြစ်လာတယ်။ ဒီလိုဖော်ရင်း သူ့သူငယ်ချင်းတစ်ယောက် သစ္စာဖောက်တာခံလိုက်ရပေမဲ့ ဒီအမွေအနှစ်တွေကိုချစ်တဲ့ အဘီဂေးလ်လို့ ခေါ်တဲ့ ‌မော်ကွန်းတိုက်မှူးလေးရယ်၊ နည်းပညာကျွမ်းကျင်တဲ့ သူ့သူငယ်ချင်း ရိုင်လေရယ်ရဲ့ အကူအညီနဲ့ လွတ်လပ်ရေးကြေညာစာတမ်းကြီးကို ခိုးပြီး ရတနာသိုက်ရှာဖို့ ကြိုးစားရာက FBI ကရော လူဆိုးတွေကရော လိုက်နေတဲ့ကြားက နှစ်ပေါင်းများစွာ ဘယ်သူမှ ရှာမတွေ့ခဲ့တဲ့ ရတနာသိုက်ကို ရှာတွေ့နိုင်ဖို့ ကြိုးပမ်းကြရတော့တယ်။ (ဒီဇာတ်ကားကို ဘာသာပြန်ပေးသူကတော့ Ye Khant Min ပဲဖြစ်ပါတယ်။) Size - 2.4GB, 1.2GB, 772MB Quality - 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 2H 11Min Genre - Action, Adventure, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by Ye Khant Min

Drama
6.6 2004 131 mins
National Treasure
On the Doll
4.9

“ငါ့ကိုသက်သေထွက်ဆိုခုံပေါ်တင်ပြီး မေးကြတယ်။ ရှေ့နေက အရုပ်တစ်ရုပ်ယူလာပြီး မင်းကိုထိကိုင်ခဲ့တဲ့နေရာကို ပြပေးလို့ပြောတယ်။ အရုပ်ရဲ့ ကျား၊မ အင်္ဂါရှိနေသင့်တဲ့နေရာက လုံးဝကိုဟောင်းနွမ်းစုတ်ပြတ်နေတာ။ ဒီနေရာကို ကလေးဘယ်လောက်များများကများ ထိကိုင်ပြီးညွှန်ပြခဲ့ရလို့ ဒီနေရာက ဒီလိုဟောင်းနွမ်းစုတ်ပြတ်နေရတာလဲ။ အဲဒီလိုနဲ့ သူငါ့ကို ဘယ်ကိုကိုင်ခဲ့မှန်း ဘယ်သူ့ကိုမှမပြောဖြစ်တော့ဘူး။” (Jaron) IMDb 5.3/10 ရှိပြီး sex industry မှာကျင်လည်နေကြသူတို့ရဲ့ဘဝတွေကို ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်။ ငယ်စဉ်အရွယ်မှာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုခံခဲ့ရတဲ့ကလေးတွေကို သူတို့ဘက်ကနေ ကာကွယ်မှု ရပ်တည်မှုအပြည့်အဝမပေးနိုင်တဲ့အခါ ဘာတွေဖြစ်ကုန်မလဲ .. လူလူချင်း အနိုင်ကျင့်အသုံးချပြီး စီးပွါးရှာနေတဲ့လူလောဘသားတွေရဲ့လူမဆန်မှုတွေ .. စတာတွေကိုရိုက်ကူးထားပြီး Brittany Snow, Josh Janowicz, Clayne Crawford, Shanna Collins တို့က အဓိကပါဝင်သရုပ်ဆောင်ထားပြီး အသုံးအနှုန်းကြမ်းကြမ်းတွေလည်းပါတာမို့ PG-13 သတ်မှတ်ထားပါတယ်။ File size…3.17GB / 1.54GB Quality…1080p Blu Ray /  720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lai Laii & Kaung Khant Win

Horror • Thriller
4.9 2007 102 mins
On the Doll
The Passenger
5.4

The Passenger (2021) ခရီးသည်တွေ တင်လာတဲ့ ဗန်ကား တစ်စီးဟာ တောင်တက်လမ်းတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိသွားခဲ့ပါတယ်။ ညကြီးမိုးချုပ် ဖြစ်တဲ့အပြင် လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိ၊ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရတာကြောင့် သူတို့ကားပေါ်တင်လာပြီး အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြဿနာကတော့ အဲ့ဒီမှာ စတော့တာပါပဲ။ ခရီးသည်တွေလည်း သူတို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာဟာ တစ်ခုခု လွဲမှားသွားပြီဆိုတာသိလိုက်ပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်လို့မရတော့ပါဘူး။ သူတို့ ကားပေါ်တင်လာခဲ့တဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးလဲ? အဲ့ဒီအမျိုးသမီးနဲ့ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ? ကားပေါ်ပါလာတဲ့ ခရီးသည်တွေကော ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.4GB, 541MB, 253MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Horror Translated by Poant Encoded by Kinnov

Crime • Drama • Horror • Thriller
5.4 2021
The Passenger
Nosferatu the Vampyre
7.4

Nosferatu the Vampyre (1979) ~ IMDb – 7.4/10, RT – 95%, Meta – 79% ~ မြို့ကြီးပြကြီးက အိမ်ခြံမြေအကျိုးဆောင် ဂျိုနသန်ဟာကာတစ်ယောက် ထရန်ဆဲလ်ဗေးနီးယားဒေသအထိ ခရီးဝေးထွက်ပြီး ငွေကြေးရှင်တောသူဌေးတစ်ယောက်ကို အိမ်ရောင်းရင်း အကျိုးဆောင်ခ မြက်မြက်လေးရဖို့ ကြိုးစားရာကနေ မရဏတိမ်တိုက်တစ်ခုကို သူ့ဘဝတင်မကဘဲ သူနေထိုင်ရာမြို့ဆီပါ ခေါ်ဆောင်လာမိသလို ဖြစ်သွားရတဲ့ ဒီ ဒရက်ကူလာဇာတ်လမ်းကိုတော့ ကလေးရော၊ ခွေးရော၊ ကလေးရဲ့ဘွားတော်ကြီးပါ ကြားဖူးကြပါလိမ့်မယ်။ ပုံနှိပ်စာရွက်တွေကနေ ဖန်သားပြင်ရော ပိတ်ကားပေါ်ပါ အကြိမ်ကြိမ်အထပ်ထပ် ပြန်တင်ခြင်းခံထားရပြီးဖြစ်တဲ့ ဒီဇာတ်ကြောင်းက ခုကားမှာ ဘာထူးခြားနေလဲဆိုရင်တော့ ဒရက်ကူလာရဲ့ ပထမဆုံးရုပ်ရှင်ဗားရှင်း ဖြစ်ပေမဲ့ ဝတ္ထုမူပိုင်ခွင့်မရလို့ နာမည်ပြောင်းရိုက်ခဲ့ရတဲ့တိုင် သူကိုယ်တိုင်က ရုပ်ရှင်သမိုင်းအပေါ် လွှမ်းမိုးမှုကြီးသွားခဲ့တဲ့ ၁၉၂၂ ခုနှစ်ထွက် ဂျာမန်ရုပ်ရှင် Nosferatu ဇာတ်လမ်းကိုရော၊ Bram Stoker ရဲ့ မူရင်းဝတ္ထုကိုပါ အခြေခံထားတာပါပဲ။ ဒီရုပ်ရှင်ကိုရိုက်တဲ့ Werner Herzog က New German Cinema က ပိုင်အိုးနီးယားတစ်ယောက်ပါ။ ပိုင်အိုးနီးယားပီပီ သူများနဲ့မတူတဲ့ ရိုက်ကူးတင်ဆက်ပုံ ဟန်ပန်တွေကြောင့်လည်း နာမည်ကြီးပါတယ်။ သူကိုယ်တိုင် ဇာတ်ညွှန်းပါ ရေးသားထားတာပါ။ Herzog ဟာ ဒီဇာတ်လမ်းကို တင်ပြရာမှာ ခြောက်ဖို့လှန့်ဖို့ထက် ဒရက်ကူလာကို လူ့သွေးအပြင် အချစ်မေတ္တာပါ ငတ်နေသလို နည်းနည်းလူသားဆန်အောင် ဖန်တီးပြထားတာမို့ မျောပြီး လိုက်မဖီးလ်ဖြစ်ရင်တောင်မှ မင်းသမီးက တော်တော်လှတာဆိုတော့ Vlad ကြီးကို ကိုယ်ချင်းကတော့ စာမိပါလိမ့်မယ်။ Nosferatu ကို 1922 မှာ ပထမဆုံးအကြိမ်ရိုက်ခဲ့ပြီး ကလပ်စစ်ရုပ်ရှင်အဖြစ် တော်တော်အောင်မြင်ခဲ့သလို Herzog ရဲ့ အခုဗားရှင်းကလည်း သူ့ဟာနဲ့သူ ပြိုင်ဘက်ကင်းပါပဲ။ ဒီဘက်ခေတ်မှာကတော့ The VVitch, The Lighthouse, The Northman စတဲ့ကားတွေနဲ့ လူသိများခဲ့တဲ့ ဒါရိုက်တာ Robert Eggers ကလည်း ပြန်ရိုက်ဖို့ ရှိပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 760MB Quality – 1080p, 720p IMDb Rating – 7.4/10 Format – mp4 Duration – 1H 47Min Genre – Drama, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

Drama • History
7.4 1979 107 mins
Nosferatu the Vampyre
Spirited Away: Live on Stage-org
7

Spirited Away: Live on Stage-org(2022)) ************************************* ဒီကားက live on stage ဆိုလို့ပျင်းစရာကောင်းတယ်လို့ထင်ရင် မှားသွားပါလိမ့်မယ်… Spirited Away ဆိုတဲ့Animeလေးကို လူတိုင်းမစိမ်းကြဘူးထင်ပါတယ်။ အခုကားလေးကတော့ အဲဒီ Anime ကို ပြဇာတ်ရိုက်ထားတဲ့သဘောပါ.. နယ်ဘက်ပြောင်းနေဖို့ထွက်ခဲ့ကြတဲ့ ချီဟီရိုတို့မိသားစုလေး လမ်းခရီးမှာ ညကြီးမိုးချုပ်လမ်းမှားသွားပြီး လှိုဏ်ခေါင်းတစ်ခုကိုတွေ့လိုက်ရပါတယ်။ အဲဒီလှိုဏ်ခေါင်းကတစ်ဆင့် တခြားဘက်ထွက်လိုက်တဲ့အခါမှာတော့ အပန်းဖြေဥယျာဉ်လို နေရာကြီးတစ်ခုတွေ့လိုက်ရပါတယ်။ စားပွဲပေါ်မှာတည်ခင်းထားတဲ့စားကောင်းသောက်ဖွယ်တွေကို ချီဟီရို့အဖေနဲ့အမေက ခွင့်ပြုချက်မတောင်းဘဲအငမ်းမရစားမိလိုက်တဲ့အခါ ဝက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။ တကယ်တော့ သူတို့ရောက်သွားတဲ့နေရာက ဝိဉာဉ်တွေ၊ နတ်ဘုရားတွေ အပန်းဖြေကြတဲ့ တစ်ဖက်ကမ္ဘာကတည်းခိုခန်းသဘောမျိုးပါ။ မိဘတွေဝက်အဖြစ်ပြောင်းသွားပြီး ဝိဉာဉ်ကမ္ဘာထဲယောင်လည်လည်ဖြစ်နေတဲ့ချီဟီရို့ဆီ ဟခုလို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ရောက်လာပြီး အကူအညီပေးပါတော့တယ်.. ဟခုဆိုတာကရော သူနဲ့ဘယ်လိုပတ်သတ်လို့ကူညီပေးတာလဲ၊ ချီဟီရိုကရော သူ့မိဘတွေကိုကယ်တင်နိုင်ပါ့မလား.. လူသားတွေကမ္ဘာဆီကိုရော ပြန်သွားနိုင်ပါ့မလား.. File Size :(2.9GB)(1.2GB) and (255MB) Quality :WEB-DL 1080P, 720p Format…mp4 Duration…02:38:00 Genre : Adventure, Family, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae

7 2022 175 mins
Spirited Away: Live on Stage-org
The Painted Wall of Liaozhai
5.9

လူသားနဲ့မိစ္ဆာတို့ရဲ့အချစ်ဇာတ်လမ်းလေးတွေကြိုက်တဲ့ CMပရိသတ်ကြီးအတွက် တစ်မူထူးခြားတဲ့ နံရံဆေးရေးပန်းချီထဲကကမ္ဘာကိုခေါ်သွားပါရစေ…… သရဲတစ္ဆေစတဲ့ပရလောကသားတွေပျော်မွေ့တဲ့ သရဲပွဲတော်လို့ခေါ်တဲ့(၇)လပိုင်း(၁၅)ရက်နေ့မှ ာမိစ္ဆာမတစ်ယောက်ဟာ ထကြွသောင်းကျန်းနေပါတယ် မိစ္ဆာမကိုနှိမ်နင်းဖို့နတ်ဇာမဏီကရောက်ပြီး နှစ်ဦးသားတိုက်ခိုက်ကြပါတော့တယ်။ မိစ္ဆာမကိုမသတ်နိုင်တဲ့အဆုံး နတ်ဇာမဏီကသူ့ကိုယ်သူစတေးပြီး မိစ္ဆာမကိုနံရံဆေးရေးပန်းချီထဲမှာချုပ်နှောင်းထားလိုက်ပါတယ်။ ဒီလိုနဲ့နှစ်တွေကြာလာတဲ့အခါ နံရံပန်းချီရဲ့သက်ဝင်မှုကြောင့် ပန်းချီဆရာလေးတွေကလာရောက်စူးစမ်းရင်း နံရံပန်းချီထဲကကမ္ဘာထဲကိုရောက်သွားကြပါတယ်။ ပန်းချီဆရာလေးတွေရောက်သွားတဲ့ကမ္ဘာကနတ်ဘုံလား မိစ္ဆာဘုံလား…… နံရံဆေးရေးပန်းချီထဲကကမ္ဘာထဲမှာ ဘယ်လိုမှော်ဆန်တဲ့အရာတွေနဲ့ကြုံတွေ့ကြမလဲ…… လူသားပန်းချီဆရာလေးနဲ့ မိစ္ဆာမလေးတို့ရဲ့အချစ်ဇာတ်လမ်းကရောဘယ်လိုအဆုံးသတ်မလဲ……

5.9 2023
The Painted Wall of Liaozhai
[21+] Paranormal Sexperiments
5.1

Blair Williams ကိုတော့ သိမယ်ထင်ပါတယ် သူရဲ့ ဟန်ပန်နဲ့ ခန္ဓာကိုယ်အချိုးစားကြောင့် နာမည်ကြီးပါတယ် အခု သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားလေးတစ်ကားပါ သူမှာ အမွေရထားတဲ့ အိမ်ကြီးတစ်လုံး ရှိပါတယ် ဒေသတွင်းမှာတော့ သရဲခြောက်တဲ့အိမ်ကြီးဆိုပြီး နာမည်ဆိုးနဲ့ကျော်ကြားပါတယ် သူမ အိမ်ထဲဝင်ဝင်ချင်းမှာပဲ ထူးဆန်းတဲ့ပန်းချီကားကိုတွေ့ရင်ပဲ ကြက်သီးမွေးညင်းထပါတော့တယ် တကယ်တော့ အဲဒီဓာတ်ပုံထဲကလူက သူပူးကပ်ရမဲ့ သူ့ကိုစောင့်ဆိုင်းနေပြီး ငရဲတံခါးဖွင့်ချင်နေသူပါ ဒါပေမဲ့ ပူးပြီးချင်းမှာပဲ သူ့မှာ လိင်ဆန္ဒကို အရင်ခံစားချင်တဲ့ အတွေး ဝင်လာချိန်မှာတော့ DS fans တွေအကြိုက်ဖြစ်လို့ တင်ဆက်လိုက်ပါတယ်

5.1 2016 81 mins
[21+] Paranormal Sexperiments
Sherina’s Adventure
7.8

Sherinas Adventure 2000 အညွှန်း ဒီတစ်ခေါက် အင်ဒို musical ကားလေးကတော့ ၂၀၀၀ ခုနှစ်ကာလမှာ ထွက်ရှိခဲ့ပြီး ဘတ်ဂျက် ရူပီအာ ၂ ဘီလီယံရင်းနှီးထားကာ ရုံတင်ငွေ ရူပီအာ ၁၀ ဘီလီယံပြန်လည်ရရှိခဲ့တာကြောင့် မနည်းတဲ့ပမာဏလို့ဆိုရမှာပါ။ (မြန်မာငွေ ၁ကျပ် = ၀.၁၃ ရူပီအာ) ကုလားကားတွေမှာပဲ ကတာကြည့်ရတာ ရိုးနေပြီလား ။ ဒီအင်ဒို musical ကားလေးကတော့ တမျိုးတဖုံရသလေးပေးစေမှာတော့ အမှန်ပါပဲ။ ရှယ်ရီနာဆိုတဲ့ ကလေးမလေးက ဖျတ်လတ်တက်ကြွပြီး ဘယ်နေရာရောက်ရောက် ရောက်ရာနေရာမှာ အပေါင်းအသင်းဝင်ဆံ့‌တဲ့ ကလေးတစ်ယောက်ပါ။ ဖြစ်ချင်တော့ သူ့အဖေက နယ်ဘက်က စိုက်ခင်းတစ်ခုကို အလုပ်ပြောင်းလိုက်ရပြီး ရှယ်ရီနာတစ်ယောက် နယ်ဘက်ကို ရောက်လာပါတယ်။ ရှယ်ရီနာတစ်ယောက် ကျောင်းအသစ်ကို ပြောင်းလာတဲ့အခါမှာ အုပ်စုဖွဲ့အနိုင်ကျင့်နေတဲ့ ကျောင်းသားတစ်စုကို သွားတွေ့ပြီး ထိပ်တိုက်ရင်ဆိုင်ပါတော့တယ်။ အဲကျောင်းသားတွေရဲ့ခေါင်းဆောင် (ဆဒမ်) က ရှယ်ရီနာအဖေလုပ်နေတဲ့ စိုက်ခင်းပိုင်ရှင်ရဲ့ သားဖြစ်နေတဲ့အခါမှာတော့…… ဆိုးသွမ်းနေတဲ့ ဆဒမ်ရဲ့ နောက်ကွယ်ကအကြောင်းတွေက ဘာဖြစ်မလဲ။ ရှယ်ရီနာ နဲ့ ဆဒမ်တို့ရဲ့ အတိုက်အခံတွေကရော ပြေလည်သွားမှာလား။ သီချင်းမြူးမြူးလေးတွေနဲ့တူတူ မင်းသမီးလေးရဲ့ ချစ်စရာကောင်းပြီး သာယာနာပျော်ဖွယ်ရှိလှတဲ့ အသံလေးနဲ့တူတူ ကခုန်လိုက်ရအောင်လားနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kaung Set ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Drama Quality…. 1080p | 720p File size… 2.2GB | 1.1GB Format… mp4 Duration…. 1h 52min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung Set Encoder ….. Aaron

7.8 2000
Sherina’s Adventure
Mystic Singer
7

Sinden Gaib 2024 ကပ်ပါလာသူတစ်ဦး Imdb 7.5 အင်ဒိုကားတွေကြောက်ဖို့ကောင်းပြီဆို တော်ရုံကားက လိုက်မမီကြဘူးဆိုတာ ဒီကားကြည့်ရင်းသိနိုင်ပါတယ် ဒီကားကဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးထားတာဆိုတော့ အပြင်မှာတကယ်ဖြစ်ခဲ့တာပါလားဆိုတဲ့အသိက ပိုပြီးတော့ ချောက်‌ချားစေမှာပါ အာယူတို့အဖွဲ့က သဘာဝလွန်တွေကို လိုက်လံရိုက်ကူးတဲ့ရိုက်ကူးရေးအဖွဲ့သားတွေပါ ဒီတစ်ခါသူတို့ရိုက်ကူးတဲ့နေရာက ဝါတူကန်ဒန်ဆိုတဲ့ကျွန်းလေးပေါ့ အဲဒီမှာအဖွဲ့သားထဲကတစ်ယောက်က ပစ္စည်းတစ်ခုကိုယူလိုက်မိတယ် ယူပြီးပြီးချင်းပဲ ဇာတ်ဆောင်ဖြစ်တဲ့အာယူက ဂျာဗန်သီချင်းနဲ့ အကကိုစကပါတော့တယ် ဒီဇာတ်လမ်းရဲ့အဓိက ဆွဲဆောင်သူက ဒီအကပါပဲ ကျောချမ်းစရာကောင်းလောက်အောင် လက်တစ်ဆစ်ချိုးအကတွေ ကွေးကောက်နေအောင်ကတဲ့ ကြက်သီးထစရာကကွက်တွေက ကြည့်ရှုသူတွေကိုပါ အသည်းယားလာစေမှာပါ ဒီလိုရုတ်တရက် မျက်ဖြူကြီးလန်ပြီး ထကတော့ အပူးခံရပြီဆိုတာအဖွဲ့သားတွေက သိကြပါတယ် ရိုက်ကူးရေးကိုရပ် အိမ်ကိုချက်ချင်းပြန်လာကြပြီး အာယူသတိပြန်ရလာတော့ ကိုယ့်မွေးရပ်မြေကိုပြန်လာကြတာပေါ့ ဒါပေမဲ့မပြီးဆုံးခဲ့တာကတော့ ကပ်ပါလာသူတစ်ယောက်ပါ အာယူ့အိမ်ထဲမှာ အရိပ်အယောင်တွေတွေ့ပေမဲ့ တကယ်လက်တွေ့ကြုံလာတဲ့နေ့က ကျောင်းစည်းဝေးပွဲတစ်ခုမှာပေါ့ ဒီကြောက်စရာအကကိုထကရင်း အစုလိုက်အပြုံလိုက်သရဲပူးကပ်ခံရပြီး အုတ်အော်သောင်းတင်းတွေဖြစ်လာချိန်မှာတော့ ။။ သူတို့ဘယ်လိုဖြေရှင်းသွားမလဲ ဘယ်လိုထိတ်လန့်စရာတွေက ရှေ့ဆက်သူတို့ကိုစောင့်မျှော်နေမယ်ဆိုတာကိုတော့။။ ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Alex ~ ToMo တို့ပဲဖြစ်ပါတယ် )

7 2024
Mystic Singer
Big City Greens the Movie: Spacecation
6.4

Big Ciy Greens The Movie (2024) နာမည်အတော်အတန်ရှိရဲ့ စီးရီးအတွက် သီးသန့်ထုတ်ထားတဲ့ မူဗီပါ။ ပုံစံကတော့ The Simpsonsလိုပုံစံမျိုးကို လိုက်တုထားတယ်ပြောရမလားပဲ။ ဒါပေမဲ့ ဒီမှာကတော့ မိသားစုထဲက ပြဿနာလေးတွေနဲ့ အာကာသခရီးနဲ့ကိုပဲ အဓိကပုံဖော်ထားတာပါ။ ဘစ်စီးတီးဆိုတဲ့ မြို့ကြီးတစ်မြို့ရှိတယ်။ ကမ္ဘာ့လူဦးရေးအများဆုံးမြို့ကြီးတဲ့။ အဲဒီမြို့ကြီးရဲ့ အစွန်မှာ ဂရင်းမိသားစုဆိုတဲ့ မိသားစုတစ်ခုရှိတယ်။ သူတို့က ခြံလုပ်ငန်းနဲ့ အသက်မွေးကြတဲ့ တောင်သူတွေပေါ့။ နှစ်တိုင်း သူတို့က မြို့ပေါ်ကို ကုန်စိမ်းတွေပို့ရင်း အပန်းဖြေခရီးထွက်ကြတယ်။ အာကာသစခန်းတစ်ခုရဲ့စီအီးအိုဆီ ကုန်သွားပို့ရင်း အာကာသထဲ သွားရဖို့အကြောင်းဖန်လာတဲ့အကြောင်းပေါ့။ အကြောင်းဖန်လာပုံကတော့ အာကာသစခန်းက အာကာသထဲ လူတွေအတွက်ဟိုတယ်ဖွင့်ထားသလို စားဖို့သောက်ဖို့အတွက်လည်း အာကာသထဲ လယ်တွေယာတွေစိုက်ထားတယ်။ စက်ရုပ်တွေနဲ့ပဲ လုပ်ဖို့စီစဉ်ထားပေမဲ့ စက်ရုပ်တွေက ချို့ယွင်းချက်ဖြစ်ပြီး မရိတ်နိုင်နေလို့ လူတွေလွှတ်ဖို့ အကြောင်းဖန်လာတာပါပဲ။ အာကာသယာဉ်မှူးကို လယ်စိုက်တတ်အောင်သင်ပေးရတာထက် လယ်သမားကို အာကာသယာဉ်မှူးလုပ်ပေးရတာ ပိုလွယ်တယ်ဆိုတဲ့ အယူအဆကိုလက်ကိုင်ထားတဲ့ စီးအိုစီကြီးက သူတို့မိသားစုကို အာကာသထဲလွှတ်လိုက်ရာကနေ ဘာတွေဆက်ဖြစ်မလဲ ရယ်တစ်ဝက်ရင်ဖိုတစ်ဝက်နဲ့ ကြည့်ရမယ့် ကြည့်ကောင်းတဲ့ကာတွန်းကားလေးပါပဲ။ အညွှန်းနဲ့ဘာသာပြန်ကတော့ W ပဲ ဖြစ်ပါတယ် Genre….. Animatino, Comedy, Family Quality…. 1080p | 720p File size… 1.4GB | 740MB Format… mp4 Duration…. 1h 22min Subtitle…. Myanmar Subtitle (Hardsub) Translator ….. W Encoder ….. Aaron

6.4 2024
Big City Greens the Movie: Spacecation
Utsavam
7.1

Utsavam (2024) “ဘဝပြဇာတ်ခုံ” ရိုးရာပြဇာတ်ကပြခြင်းကို အခြေခံရိုက်ကူးထားတဲ့ တေလဂူး ဒရာမာရုပ်ရှင်လေးကို တင်ဆက်လိုက်ပါတယ် ခရစ်ရှနာက ပြဇာတ်မျိုးရိုးကနေ ပေါက်ဖွားလာတဲ့သူ.. သူ့ရဲ့ အဖေက တစ်ချိန်ကဆုတံဆိပ်များစွာ ရရှိခဲ့တဲ့ သဘင်သည်ကြီးတစ်ယောက် ဒါပေမဲ့ တိုးတက်လာတဲ့ခေတ် ပြဇာတ်ဆိုတာကို ဘယ်သူမှတန်ဖိုးမထားတော့တဲ့ ကာလမှာ သူတို့အနုပညာလည်း မှေးမှိန်လာခဲ့တယ် ရိုးရာအနုပညာအတွက် စိတ်ဆန္ဒပြင်းပြတဲ့ ခရစ်ရှနာက သူ့ချစ်သူကောင်မလေး ရာမာနဲ့အတူ အဖေဖြစ်သူရဲ့ လမ်းညွှန်မှုနောက်ကိုလိုက်ပြီး ခေတ်သစ်ကမ္ဘာမှာ ပျောက်ကွယ်လုနီးဖြစ်တဲ့ ရိုးရာဓလေ့၊ သဘင်အနုပညာကို ဘယ်လိုပြန်အသက်သွင်းဖို့ ကြိုးစားမလဲ ဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

7.1 2024
Utsavam
My Divorce Party

ဇန်ဟာ သူ့ယောက်ျားဖြစ်သူ တိုနီနဲ့ ကွာရှင်းဖို့အကြောင်းဖန်လာပြီး စိတ်ထောင်းကိုယ်ကြေဖြစ်နေလို့ သူ့အခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဆမန်သာ၊ ရန်၊ ဝင်ဒီနဲ့ အစ်စဘယ်လာတို့နဲ့အတူ ကန္တာရဘက်ကို စိတ်ပြေလက်ပျောက် ခရီးထွက်လာပါတော့တယ်။ တစ်ဖက်မှာ အစ်စဘယ်လာကလည်း မင်္ဂလာဆောင်တော့မှာဖြစ်ပြီး သူ့ခင်ပွန်းလောင်းနဲ့ တိုနီက ဘော်ဒါကောင်းတွေဖြစ်လို့ သတို့သားအရံလုပ်ဖို့ ဖိတ်ထားပြီးသားဖြစ်လို့ အစ်စဘယ်လာအနေနဲ့ ဇန်ကို သတို့သမီးအရံလုပ်ခိုင်းရင် ကွာရှင်းတော့မဲ့ လင်မယားကို မီးလောင်ရာလေပင့်ပေးသလို ဖြစ်နေမှာမို့ အခက်တွေ့နေပြီး ဇန်ကို မင်္ဂလာဆောင်ကိစ္စ မပြောသေးပဲ ထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအချိန်မှာ ပိုဆိုးတာက ဇန်က သူ့စုထားတဲ့ ဒေါ်လာတစ်သိန်းကို ကွာရှင်းပြီးသွားရင် တိုနီကို တစ်ဝက်ပေးရမှာဖြစ်လို့ မပေးချင်တဲ့အတွက် ကန္တာရထဲကို ယူလာပြီး သုံးဖြုန်းပစ်ဖို့ လုပ်ပါတော့တယ်။ ဒီအချိန်မှာ သူတို့ သူငယ်ချင်းငါးယောက် ကန္တာရထဲက သူစိမ်းပြင်ပြင်ကြားမှာ ဒေါ်လာတစ်သိန်းနဲ့ ဘယ်လို ငါးပါးမှောက်ကြမလဲဆိုတာက အခွီတလိုင်းကြည့်ရမှာဖြစ်လို့ လက်မနှေးပဲ အခုသာ ကြည့်လိုက်ကြပါတော့ဗျာ။ File size…(1.6 GB)/(960 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:56:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Matteo

0 2024
My Divorce Party
Stand By Me
5.8

သွေးမတော်သားမတော်ဘဲ ကိုယ်တိုင်ကလည်း ပြည့်စုံနေတာ မဟုတ်ဘဲ လူတစ်ယောက်ကို မေတ္တာထားနိုင်မလား။ ဒီရုပ်ရှင်လေးက ဖြစ်ရပ်မှန်အဖြစ်အပျက်ကို ပြန်ရိုက်ကူးထားတဲ့ရုပ်ရှင်ပဲ ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ထဲမှာ ဒီလိုကလေးတွေ ရှိနေပါတယ်။ အဖေရော အမေရော သက်ရှိထင်ရှား ရှိနေပေမဲ့ အုပ်ထိန်းသူမရှိတဲ့ လမ်းဘေးရောက်ကလေးတွေပေါ။ မာလျန်ကလည်း အဲလိုကလေးအဖြစ်နဲ့ ကြီးပြင်းလာသူ ဖြစ်ပါတယ်။ အရည်အချင်း တစ်စုံတစ်ရာမရှိတဲ့သူ့အတွက် တစ်ခုတည်းသော သက်မွေးဝမ်းကြောင်းနည်းက ပစ္စည်းတွေ ခိုးပြီး ပြန်ရောင်းရတာပေါ့။ တစ်နေ့မှာ အဘိုးအဘွားကမချစ် မိဘက ပစ်ထားပြီး ရပ်ကွက်ထဲမှာ အနိုင်ကျင့်ခံနေရသူ ရွှမ်းရွှမ်းနဲ့တွေ့ခဲ့ပြီး သူက ပစ္စည်းခိုး ကလေးကို ပစ္စည်းပြန်ရောင်းခိုင်းနဲ့ အပေးအယူတည့်သွားပါတယ်။ ဘဝတူတဲ့ သူတို့နှစ်ယောက်က သွေးမတော်ပေမဲ့ မိသားစုလို အချင်းချင်း မှီခိုနေထိုင်ပြီး သံယောဇဉ် ရှိသွားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကို ဒုစရိုက်အဖွဲ့အစည်း တစ်ခုက သတိထားမိသွားတဲ့အခါမှာတော့ သူတို့ရဲ့ သာယာမှုမရှိတဲ့ဘဝမှာ ကံဆိုးမိုးတွေ ရွာသွန်းလာခဲ့တာပေါ့။ TFboys အဖွဲ့ဝင် Karry Wang က အဓိကဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ထားပြီး ဇာတ်ပို့တွေကလည်း အားလုံးရင်းနှီးပြီးသား သရုပ်ဆောင်ကောင်းတွေပဲ ဖြစ်လို့ ဒီရုပ်ရှင်ကိုတော့ ကြည့်သင့်တဲ့ရုပ်ရှင်ကားအဖြစ် ညွှန်းလိုက်ပါတယ်။

5.8 2024
Stand By Me
Chivalrous
6

ဒီတစ်ခါ တင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ကျုံမင်းဆက်ကို ပြန်လည်တည်ထောင်ဖို့ ကြိုးပမ်းတဲ့ ဇာတ်လမ်းပုံစံလေးပါ ဇာတ်ကြောင်းလေးကတော့…ကျုံမင်းဆက်က ဘုရင်ဝမ်မှာ ထူးချွန်လှတဲ့ အကြံပေးလေးယောက်ရှိပါတယ် အဲ့ဒီအကြံပေးလေးယောက်ထဲမှာတော့ နန်ကုံရှီဆိုတဲ့အကြံပေးက အထူးချွန်ဆုံးပါ အဲ့အပြင် နန်ကုံရှီရဲ့ ဦးလေးဟာလည်း စစ်ပွဲတိုင်း အောင်ပွဲရတဲ့ စစ်နတ်ဘုရားတစ်ယောက်ဖြစ်ပါတယ် ဒါပေမဲ့သူဟာ စစ်ပွဲတစ်ခုမှာ ဒဏ်ရာအပြင်းအထန်ရပြီး ကျုံမင်းဆက်ကို ပြန်တည်ထောင်ဖို့ရာအတွက် လိုအပ်တဲ့ ရတနာတွေကို ဝှက်ထားတဲ့ မြေပုံ ရွှမ်ဝူအမိန့်စာကို နန်ကုံရှီကို စောင့်ရှောက်ဖို့ အပ်နှံထားခဲ့ပါတယ် နောက်ပိုင်းနန်ကုံရှီမိသားစုရဲ့ မျိုးဆက်တွေဟာ ဒီတာဝန်ကြီးကို အရေးကြီးတာဝန်တစ်ခုအဖြစ်သတ်မှတ်ပြီး ရွှမ်ဝူအမိန့်စာကို လက်ဆင့်ကမ်းသယ်ဆောင်ခဲ့ကြပါတယ် အဲ့ဒီနန်ကုံမိသားစုရဲ့ မျိုးဆက် နန်ကုံယွီဟာ နောက်ဆုံးမင်းဆက်ရဲ့ သမီးတော် မင်းသမီး ယုံနင်ကို ကာကွယ်ပြီး ရွှမ်ဝူအမိန့်စာနဲ့ နိုင်ငံတော်ကို ပြန်လည်ထူထောင်ဖို့ ကြိုးစားနေသူပါ တချို့လူတွေဟာလည်း ရတနာတွေကို တပ်မက်ပြီး ရွှမ်ဝူ အမိန့်စာကို မက်မောလာကြပြီး နန်ကုံရှီမိသားစုကို အကြိမ်ကြိမ်တိုက်ခိုက်ခဲ့ကြပါတယ် တစ်ဖက်မှာလည်း စစ်နတ်ဘုရားရဲ့ မျိုးဆက်ဖြစ်တဲ့ မော့ရှောင်ဟောင်ဟာ တစ်ကိုယ်တည်း ဝေါ်လုံချိုင့်ဝှမ်းမှာသိုင်းပညာကိုသာ ကျင့်ကြံနေခဲ့သူပါ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ဆရာက သူ့အတွက် အမိန့်သုံးခု ချန်ထားခဲ့တာ သိလိုက်ရပါတယ် ပထမအမိန့်ကတော့ မင်းသမီးကို ကာကွယ်ပြီး မိသားစုကြီးလေးစုကြားက ပဋိပက္ခကို ဖြေရှင်းဖို့ဖြစ်ပြီး ဒုတိယနဲ့ တတိယအမိန့်ကိုတော့ ဒီဇာတ်လမ်းလေးမှာ စိတ်ဝင်စားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါနော် Filesize : 1.83 GB / 969 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6 2020
Chivalrous
The Tenant

Dava ဆိုတဲ့ Apartment ​လေးတစ်ခုဟာထူးဆန်းတဲ့အ​ကြောင်းအရာ​​တွေ သရဲ​တ​စ္ဆေ​တွေနဲ့ငှားသူမရှိဘဲ​ခြောက်ကပ်ပြီးတိုက်ပျက်ကြီးတစ်ခုလိုလိုင်း​ပေါ်မှာ​တော်​တော်​လေးနာမည်ကြီး​နေပါတယ်။ ဒီအ​ကြောင်းအရာ​တွေကအမှန်တကယ် ဟုတ်မဟုတ် စုံစမ်းဖို့အတွက် “မာ့ခ်” ဆိုတဲ့​ကောင်​လေးဟာ အခန်းငှားဖိုအတွက်​ရောက်ရှိလာပါတယ်။ ဒါ​ပေမဲ့ ဒီတိုက်ခန်းဟာလူတိုင်းအတွက်မဟုတ်ဘဲ “အိမ်ထိန်းအန်တီထိဒါ” ရဲ့ခွင့်ပြုချက်ရမှသာငှားရမ်းခွင့်ရှိတာဖြစ်ပါတယ်။ ဒီတိုက်ခန်းလွတ်​တွေရဲ့လစဥ်​ကြေး​ပေး​ဆောင်မှုဟာ ​ငွေ​အ​​မြောက်အများပေး​ချေရန်မလိုဘဲ အလဲအလှယ်တစ်ခုနဲ့သာ​အခန်းခကိုပေး​ချေရမှာဖြစ်ပါတယ်။ “မာ့ခ်” ဟာအစ်မဖြစ်သူရဲ့ထူးဆန်းစွာဆုံးပါးမှုအ​ကြောင်းစုံစမ်းရန်အတွက် Dava Apartment ကို​ရောက်ရှိလာခဲ့ပါတယ်။ Dava Apartment မှာ​နေထိုင်သူ မိသားစုဝင်​တွေဟာထူးဆန်း​မှုတွေ လျှိုု့ဝှက်ချက်​တွေနဲ့​နေထိုင်​နေကြသူ​တွေဖြစ်ပြီး ညဘက်​ရောက်တိုင်းထူးဆန်းတဲ့အသံ​တွေအပြင် စကားများရန်ဖြစ်သံများလည်းမကြာခဏကြား​နေရတာဖြစ်ပါတယ် ။ ဒီ​တော့ Dava Apartment အတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေဟာ တကယ်ပဲသရဲ​တ​စ္ဆေ​ခြောက်လှန့်ခြင်းနဲ့သက်ဆိုင်​နေမလား၊ ဒါမှမဟုတ် ဒီထက်ပိုတဲ့နက်နဲလျှို့ဝှက်ချက်​တွေရှိ​နေမလား၊ ပြီး​တော့ “မာ့ခ်” ​ရော အစ်မဖြစ်သူရဲ့​သေဆုံးရခြင်းအ​ကြောင်းအရာ​တွေနဲ့ Dava တိုက်ပျက်ကြီးအတွင်းဖြစ်ပျက်​နေတဲ့အ​ကြောင်းအရာ​တွေကိုစုံစမ်း​ဖော်ထုတ်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ်ဖြစ်တဲ့ ” The Tenant ” ဆိုတဲ့ movie ​လေးမှာ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1 GB)/(605 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:27:00 Genre… Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Elena Translated by CM Team

0 2024
The Tenant